ချောင်မူသည် အင်မော်တယ်များနှင့် သိုင်းပညာရှင်များ ယှဥ်တွဲနေထိုင်ကြသော ကမ္ဘာတစ်ခုတွင် ပြန်လည်ရှင်သန် နိုင်သော ရတနာ တစ်ခုနှင့် နိုးထလာခဲ့၏။ သူ ပြန်လည် ရှင်သန်လာတိုင်း အသက်ပိုကြီးလာသော်လည်း သိုင်းပညာရပ်များကို ပိုမို ကျွမ်းကျင်လာခဲ့သည်။ သူသေလေ အသက်ကြီးလေ ပိုသန်မာလေပင်။ သူရဲကောင်းဆန်သော သေဆုံးခြင်းက ပြန်လည်ရှင်သန်လာချိန်တွင် ပို၍ သန်မာလာမည်ဖြစ်သည်။ သူ သေရန် နည်းအမျိုးမျိုး ရှာဖွေနေပြီး အမြဲ အန္တရာယ်ကြားထဲသို့ တိုးဝင်နေခဲ့သည်။ ငယ်ရွယ်သူ တစ်ယောက်ကို သတ်မိသည်နှင့် လက်စားချေရန် အဘိုးကြီးတစ်ယောက် ပေါ်လာသည်ကို ရန်သူများ ထိတ်လန့်သွားကြ၏။ ပြိုင်ဘက်ကင်း အင်မော်တယ် မိသားစု၏ ဒဏ္ဍာရီက ကမ္ဘာကြီးတွင် ပြန့်နှံ့လာခဲ့သည်။ "ချောင်မိသားစုက မိသားစု တစ်ဆက်ပြီး တစ်ဆက် သစ္စာစောင့်သိပြီး ဖြောင့်မတ်တဲ့ သူရဲကောင်းတွေကွ... သူတို့က မကောင်းမှုကို ဖယ်ရှားကြတယ်... အသက်ထက် ဂုဏ်သိက္ခာကို ဂရုစိုက်ကြပြီး ကမ္ဘာကြီးကို ဦးဆောင် ကာကွယ်မယ့်သူတွေ..." "တစ်ချိန်တုန်းက သူ့သားက ငါ့ကို ကာကွယ်ရင်း အသက်ပေးသွားတာ... သူ့အဖေ အထီးကျန်ဝမ်းနည်းပြီး အသက်ဆက်ရှင်နေရတာကို ငါမကြည့်ရက်တော့ဘူး..." "ချောင် မိသားစုက လူတွေက မကောင်းတဲ့ ဘုရင်ကို လုပ်ကြံဖို့ ကြိုးစားရင် အသက်ပေးသွားကြတာ... ဘုရင်က မကြောက်ဘူးလား... ချောင်မိသားစုက အသက်တစ်ထောင်ကျော် ဘိုးဘေးကြီး ပေါ်လာတော့မယ်..." "နတ်ဘုရားတွေနဲ့ ဗုဒ္ဓတွေ ဆင်းသက်လာတာလား... သူတို့က ချောင်မိသားစု ဘိုးဘေးကြီးကို ဘာလို့ ဆရာကြီးလို့ ခေါ်နေကြတာလဲ... ချောင်မိသားစုမှာ ဘိုးဘေး ဘယ်နှယောက်ရှိတာလဲ... သူတို့ ဘယ်ကနေ ပေါ်ပေါ်လာတာလဲ..." မရေမတွက်နိုင်အောင် သေဆုံးပြီးနောက်... ချောင်မူ သူ့ကိုယ်သူ သတိထားမိသွားသောအခါ ... သူ နှစ်သန်းပေါင်းများစွာ အသက်ရှင်သန်ခဲ့ပြီး အလွန်စွမ်းအားကြီးမားကာ လူသားမျိုးနွယ်၏ ဘိုးဘေး ဖြစ်လာကြောင်း သိလိုက်ရသည်။

