← Chapters

အခန်း (၁၄၁-၁၄၂)

Vol. 15 Ch. 141-142

အခန်း (၁၄၁-၁၄၂)

Vol. 15 Ch. 141-142

Chapter 141+142

~

အခန်း ၁၄၁+၁၄၂

~

" ချွင်..ချွင်..ချွင်.."

သာယာငြိမ့်ညောင်းသော ခေါင်းလောင်းသံလေးများ ပဲ့တင်ထပ်နေဆဲဖြစ်ပြီး တာအိုဝတ်ရုံ ဝတ်ဆင်ထားသော အစေခံများက ယာဂုဇွန်းကြီးများနှင့် ခပ်၍ အနားတွင် ဝိုင်းအုံနေကြသူများကို စတင် ဝေငှတော့သည် ။

ဂျုံယာဂုသည် သာမန်ယာဂုသာဖြစ်ပြီး ဝမ်းမဟာစေရန်အတွက်သာ လုံလောက်ပေသည် ။

သို့ရာတွင် ခက်ခဲကြမ်းတမ်းလှသော ခေတ်တွင်နေထိုင်ကြသူများအတွက် ဤဆန်ပြုတ်တစ်ပန်းကန်က အသက်ကယ် အစားအစာဖြစ်ပြီး အဆုံးမရှိ ကျေးဇူးတင်ခြင်းကို ခံရပေလိမ့်မည် ။

ထို့အပြင် ထိုအစားအစာအတွက် နေ့စဥ် တောင်ပေါ်သို့တက်ပြီး ဘုရားဝတ်ပြုရုံ ၊ အမွှေးတိုင်ထွန်းရုံသာ လုပ်ရသည်ဖြစ်၍ အပမ်းမကြီးလှပေ ။

ပင်ပင်ပန်းပန်း လယ်ယာလုပ်ကိုင်ရပြီး ငတ်ပြတ်နေသော ဘဝဖြင့် နှိုင်းယှဥ်ပါက မိုးနှင့်မြေလို ကွာခြားနေ၏ ။

" မတွန်းနဲ့.. မတွန်းနဲ့.. လူတိုင်းအတွက် အလုံအလောက်ရှိတယ်.. တန်းစီပြီး တစ်ယောက်ချင်းစီယူကြ.. "

ယာဂုဝေနေသော အစေခံကျင့်ကြံသူက ဟော်ဟစ်ပြီးနောက် မျက်ခုံးတွန့်ကွေးသွားပြီး ပါးစပ်နှင့် နှာခေါင်းကို လက်ဖြင့် အမြန်ပိတ်လိုက်၏ ။

ဆန်ပြုတ်လာယူကြသူများမှာ အဆင်းရဲဆုံး မြို့ခံများသာ ဖြစ်ကြသည် ။ ထိုသူတို့၏ နေထိုင်မှု အခြေအနေက သိပ်မကောင်းပေ ။ ထို့အပြင် နေ့ခင်းအချိန်လည်း ဖြစ်သည့်အပြင် လူအများ ဝိုင်းအုံနေကြ၍ အနံ့အသက်က ဆိုးရွားလှချေသည် ။

လူအများ၏ ချွေးနံ့ ၊ ချိုင်းနံ့ ၊ ခြေထောက်နံ့ နှင့် အနံ့ ပေါင်းစုံ ရောနှောထားသော လူအုပ်ကြီး၏ အလယ်သို့ ရောက်နေ၍ မူးမေ့မတက်ပင် ခံစားနေရသည် ။

သို့သော်လည်း မည်မျှပင် ရွံ့ရှာဖွယ် ကောင်းစေကာမူ ဘုရားကျောင်းမှ ပေးအပ်ထားသော တာဝန်ဖြစ်၍ သူ အံကြိတ်ပြီး ပြီးမြောက်​အောင် လုပ်ဆောင်ရပေမည် ။

ခြေဆွံ့နေသော အဘိုးကြီးက သူ၏ ချိုင်းထောက်ကို အားပြု၍ လူအုပ်အတွင်းတွင် ရှေ့သို့ တိုးရန် ​ကြိုးစားနေ၏ ။

သို့ရာတွင် အသက်ကြီးနေသည့်အပြင် ခြေတစ်ဖက်ပါ ဆွံ့နေ၍ အမြန်မတိုးနိုင်ချေ ။ သူ့အလှည့်သို့ ရောက်ခါနီးတွင် ဆန်ပြုတ် အကပ်အသပ်သာ ကျန်တော့ပြီး လူအနည်းငယ်သာ ကျန်ရစ်တော့၏ ။

" ဆန်ပြုတ်.. ဆရာကြီး.. ကျုပ်ကို ဆန်ပြုတ်နည်းနည်းလောက် ပေးပါအုံး.. "

အဘိုးကြီးက စိုးရိမ်တကြီး အော်လိုက်၏ ။

သို့သော်လည်း ရှေ့တွင်ရပ်နေသော လူအုပ်ကြီးက မည်သည့် တုန့်ပြန်မှုမ မရှိချေ ။ သူ့အား မည်သူမှ ဂရုမစိုက်ကြ ။

နောက်ဆုံး သူ့အလှည့်သို့ ရောက်ချိန်တွင်တော့ ဆန်ပြုတ်အရေကျဲ ပန်းကန်တစ်ဝက်သာ ရလိုက်တော့၏ ။

" ဒါ.. ဒါ မနည်းလွန်းဘူးလား.. ဆရာကြီး ကျုပ်ကို နည်းနည်းလောက် ပိုပေးပါလား.."

အဘိုးကြီးက ခဏတုန့်ဆိုင်းနေပြီးမှ ကျင့်ကြံသူအစေခံကို ကြည့်ပြီး တောင်းပန်လိုက်သည် ။

" မကျေနပ်သေးဘူးလား.. "

သန်မာသော အစေခံကျင့်ကြံသူက စိတ်မရှည်ဖြစ်သွားလေသည် ။

ရွှမ်ထျန်းဂိုဏ်း၏ အစေခံကျင့်ကြံသူများမှာ သန်မာသော သိုင်းပညာရှင်များသာ ဖြစ်ကြပြီး အင်မော်တယ်လမ်းစဥ်ကို လျှောက်လှမ်းချင်၍သာ အစေခံ လာလုပ်နေကြခြင်းဖြစ်သည် ။ သူတို့သာ သာမန်လောကီတွင် ကျင်လည်မည် ဆိုပါက ရာထူးရာခံများနှင့် ဂုဏ်သိက္ခာ ကြီးမားသည့် အရာရှိများ ဖြစ်လာမည်ပင် ။

" မင်းက မြို့ခံမှ ဟုတ်ရဲ့လား.. ဒါမှမဟုတ် လာကုန်းဆင်းတဲ့ အပြင်လူလား.. "

သန်မာသော အစေခံက မျက်မှောင်ကြုတ်ပြီး မေးလိုက်၏ ။

" ဒေသခံ မှတ်ပုံတင် ပါလား.. "

" ပါတယ်ဗျ.. ပါတယ်..ပါတယ်.."

အဘိုးကြီးက ချက်ချင်းပင် ဂုဏ်ယူနေသော အပြုံးဖြင့် မှတ်ပုံတင် သစ်သားပြားကို အိတ်ထောင်များထဲတွင် ရှာလေတော့သည် ။

သို့ရာတွင် အိတ်ထောင်များအားလုံး ရှာကြည့်သော်လည်း မတွေ့သဖြင့် သူက ရှက်ရွှံ့ဟန်ဖြင့် ပြုံးလိုက်ပြီး...

" အင်မော်တယ်ဆရာကြီး.. ကျွန်တော့ မှတ်ပုံတင်က အိမ်မှာ မေ့ကျန်ခဲ့တယ် ထင်တယ်.. ဟဲဟဲ.. အသက်ကြီး လာ​တော့ မှတ်ညဏ်တွေက သိပ်မကောင်းတော့ဘူး.. "

" ကျွန်တော်က တကယ်မြို့ခံ အစစ်ပါ.. နေ့တိုင်း ဘုရားကျောင်းကို သွားပြီး နတ်ဘုရားတွေကို ပူဇော်တယ်.. ဒီနေ့မှ ဘာလို့ မေ့ခဲ့တာလဲ မသိဘူး.. "

အဘိုးကြီးက ပြုံး၍ ပြောနေသော်လည်း သူ၏ နှလုံးသားထဲတွင်မူ မေ့တက်သည့် သူ့ကိုယ်သူ ကျိန်ဆဲနေလေ၏ ။ သူ့စိတ်ထဲတွင် သက်ပြင်းချလိုက်ပြီး တွေးလိုက်သည် ။

' ငါ ဟိုအရေမရ အဖတ်မရကောင်တွေနဲ့ လေမပေါသင့်ဘူး.. အချိန်တွေ အလကားဖြုန်းသလို ဖြစ်သွားတယ် ..ဟူး.. ဆန်ပြုတ်တောင် ကံကောင်းလို့ ရလိုက်သေးတာ..'

" ဘာလဲ.. မင်းမှာ မှတ်ပုံတင် မရှိဘူးလား.. "

အစေခံကျင့်ကြံသူက စက်ဆုပ်ရွံ့ရှာဟန်ဖြင့် အဘိုးကြီး ကိုင်ထားသော ဆန်ပြုတ်ပန်းကန်ကို ဆွဲလုလိုက်၏ ။

ဆန်ပြုတ်ပန်းကန် အလုခံလိုက်ရသဖြင့် အဘိုး​ကြီး ကြောင်အသွားသည် ။

" ဂိုဏ်းတူအကို ..ဒီလို လုပ်တာ သိပ်မကောင်းဘူးနော်.. "

အနားရှိ အစေခံ ကျင့်ကြံသူတစ်ယောက်က ဝင်၍ ဖြန်ဖြေသည် ။

" ငါ လုပ်တာ မမှားဘူး.. ဒါ အင်မော်တယ်ဂိတ်က ချမှတ်ထားတဲ့ စည်းမျဥ်းတွေပဲလေ.. ငါတို့ ချိုးဖောက်လို့ မဖြစ်ဘူး.. "

သန်မာသော အစေခံကျင့်ကြံသူက တည်ငြိမ်စွာ ပြောလိုက်သည် ။

ခြေဆွံ့နေသော အဘိုးကြီး၏ မျက်နှာက ဖြူဖျော့လာပြီး တဖြည်းဖြည်း ပြာနှမ်းလာ၏ ။ ဤသို့သော အခြေအနေမျိုးကို သူ ပထမဆုံး ကြုံဖူးခြင်းဖြစ်သည် ။

သူ အသက်ရှူကျပ်လာသဖြင့် မျက်နှာနီရဲလာပြီး ခြေမခိုင်တော့သဖြင့် အောက်သို့ ထိုင်ချလိုက်ရတော့သည် ။

' ဟ..ဘာလုပ်တာလဲဟ .."

ထိုအစေခံကျင့်ကြံသူ၏ မျက်နှာက ရုတ်ချည်းပြောင်းလဲသွားသည် ။ အင်မော်တယ်ဂိတ်သည် ဂုဏ်သတင်းအလေးထားပေ၏ ။ ယခု ဤသို့ ထိုင်ချလိုက်သဖြင့် လူအများက ဝိုင်းကြည့်နေကြသည် ။

သူက နှင်ထုတ်ရန် ပြင်လိုက်သော်လည်း သူ၏ မျက်နှာအမူအရာက တောင့်တင်းသွား၏ ။

မိုးကောင်းကင်ပေါ်မှ သက်တံ့ တစ်စင်း ထိုးစင်းကျလာပြီး အောက်သို့ ရောက်လျှင် အသက်လတ်ပိုင်းအရွယ် အနီရောင် တာအိုဝတ်ရုံကို ဝတ်ဆင်ထားသော ကျင့်ကြံသူတစ်​ယောက်အဖြစ် ပြောင်းလဲ သွားသည် ။

" ဟာ.. အဲ့တာ အင်မော်တယ် ချီယန်ကြီး.."

" အိုး.. ငါသိတယ်.. ဘုရားကျောင်းခန်းမထဲက နတ်ဘုရားကမ္မည်း ပြားရှိတဲ့ အင်မော်တယ်ပဲ ..သူ ကမ္ဘာပေါ်ကို ဘာလို့ ဆင်းလာတာပါလိမ့်.. "

" အဲ့တာဆို အင်မော်တယ် အစစ်အမှန်ကြီးပေါ့.. "

ဆင်းသက်လာသော အင်မော်တယ်ချီရန်ကို ကြည့်ပြီး လူအုပ်ကြီးက ရုတ်ရုတ်သဲသဲ ဖြစ်သွားကာ ဆွေးနွေးနေကြ၏ ။

သာမန် ကိုးကွယ်သူများသည် ရွှမ်ထျန်းဂိုဏ်းမှ ကျင့်ကြံသူအားလုံးကို အင်မော်တယ် သို့မဟုတ် ကောင်းကင်အရှင်ဟု ခေါ်ဆိုကြသော်လည်း ကမ္မည်းပြား တည်ရှိသည့် အင်မော်တယ် ဆိုသည်က ကွဲပြားကြောင်း သူတို့သိပေသည် ။

အင်မော်တယ် ချီယန်က အဘိုးကြီးအား လက်ညိုးဖြင့် ညွှန်ပြလိုက်လျှင် မြေပြင်ပေါ်တွင် ထိုင်နေသော အဘိုးကြီးက တဖြည်းဖြည်း လေပေါ်သို့ မြှောက်လာပြီး မတ်တပ်ရပ်ပြီးသား ဖြစ်သွား၏ ။

ထို့နောက် ချီယန်က နောက်သို့လှည့်ကာ ဆန်ပြုတ်ခွက် လုယူခဲ့သော အစေခံကို ဆူပူလိုက်သည် ။

" ငါ အရင်တည်းက ပြောထားတယ်လေ..ဆန်ပြုတ်တစ်ခွက်ဆိုတာ သာမန်လူတွေအတွက် အသက်ကယ် အစားအစားပဲ အရမ်းအရေးပါတယ်ကွ.. အသေးအဖွဲ့ကိစ္စလို့ သဘောထားပြီး ပေါ့ပေါ့ဆဆ လုပ်လို့မဖြစ်ဘူး .."

" နောက်ထပ် ဆန်ပြုတ်အိုးတွေ ယူလာပြီး အကုန်လုံးကို တစ်ခွက်စီ ထပ်ထည့်ပေးလိုက်.. "

အင်မော်တယ် ချီယန်က ပြောလိုက်သည်နှင့် သန်မာသော အစေခံ ကျင့်ကြံသူက ဦးညွှတ်ပြီး တောင်းပန်လိုက်၏ ။ အင်မော်တယ်တစ်ပါး၏ စကားကို သူမည်သို့ ပြန်ခံပြောရဲ ပါမည်နည်း ။

များမကြာမီပင် အစေခံကျင့်ကြံသူများက ဆန်ပြုတ်အိုးကြီး တစ်လုံးသယ်လာပြီး ထပ်မံဝေပေးလိုက်ကြသည် ။

ခြေဆွံ့နေသော အဘိုးကြီးသည်လည်း ဆန်ပြုတ်ပြစ်ပြစ်ခွက်အပြည့် ရလိုက်၍ ပျော်ရွှင်စွာ ထွက်ခွါသွားတော့သည် ။

သူ ထွက်ခွါ မသွားမီ အင်မော်တယ်ချီယန်အား အကြိမ်ကြိမ်ဦးညွှတ်ကာ ကျေးဇူးတင်ကြောင်း ပြောခဲ့သေး၏ ။

" အင်မော်တယ် ချီယန်က ကြင်နာတက်တဲ့ နှလုံးသား ပိုင်ဆိုင်ထားတာပဲ.. အဘိုးကြီးတစ်ယောက် ဆန်ပြုတ်တစ်ပန်းကန် ရဖို့အတွက်တောင် ကမ္ဘာပေါ်ကို ဆင်းလာတယ်.. "

" အဆက်မပြတ် ဖြစ်နေတဲ့ ကပ်ဘေးတွေနဲ့ အစားအစာ ပြတ်လတ်မှုတွေမှာ အင်မော်တယ် နတ်ဘုရားတွေရဲ့ ရွှမ်ထျန်းဂိုဏ်းသာ မရှိရင် ငါတို့ အသက်ရှင်နိုင်မှာ မဟုတ်ဘူး.. "

လူအများ၏ ချီးကျူးစကားကို ချီယန်က အသာအယာပြုံးရုံသာ ပြုံးပြီး တုန့်ပြန်လိုက်သည် ။

ထို့နောက် ချီယန်က ကောင်းကင်ပေါ်သို့ ပျံတက်သွားပြီး တိမ်များ အကြားတွင် ပျောက်ကွယ် သွားတော့သည် ။

သူက တိမ်များအထက်တွင်ရပ်ကာ အောက်တွင်ရှိသောမြို့ကို ငုံ့ကြည့်လိုက်၏ ။ သူ၏ မျက်နှာထက်တွင် ရှိသော အပြုံးမှာ ပျောက်ကွယ်သွားပြီး အလိုမကျမှု တစ်စွန်းတစ်စ ပေါ်ထွက်နေသည် ။

" အဲ့ကျွန်တွေက လူတွေနဲ့ ဘယ်လို ဆက်ဆံရမလဲဆိုတာ မသိကြဘူး.. နာနာလေး ရိုက်ပေးသင့်တယ်.. "

" မြို့ခံတွေက အကောင်းဆုံး ယုံကြည်သူတွေပဲ.. လူတိုင်းက ယုံကြည်မှုစွမ်းအား ပေးနိုင်တာကြောင့် ဘယ်သူ့ကိုမှ လျစ်လျှူရှု မထားသင့်ဘူး.. "

အင်မော်တယ်လမ်းစဥ်သည် လေ့ကျင့်ရန် အချိန်လိုအပ်ပေ၏ ။ ကျင့်ကြံသူများသည် သာမန်လူများထက် သက်တမ်းများစွာ ပိုရှည်သော်လည်း အဆင့်မတက်နိုင်လျှင် သက်တမ်းကုန်ဆုံးပြီးနောက် သေရအုံးမည်ဖြစ်သည် ။

ထို့ကြောင့် ယုံကြည်မှုစွမ်းအား ပေးစွမ်းနိုင်သော ကိုးကွယ်ယုံကြည်သူများသည် အင်မော်တယ်ကျင့်ကြံသူများအတွက် ပို၍ အရေးပါလာခဲ့၏ ။

ကျင့်ကြံသူ ချီယန်သည် အဆင့်နိမ့်ဆုံး နတ်ဘုရားရာထူး ရထားသော်လည်း ယုံကြည်မှုစွမ်းအား များအကြောင်းကို ကောင်းကောင်းနားလည်လေသည် ။

' တောင်ခြေမှာ ယုံကြည်သူတွေအတွက် မြို့တည်ပေးထားတာက ယုံကြည်မှုစွမ်းအား တော်တော်လေး တိုးလာတာပဲ.. '

ချီယန်က ထိုသို့ တွေးမိပြီး ပြုံးလိုက်၏ ။

" ဂိုဏ်းတူအကိုက ဒီအကြောင်းတွေ တော်တော်လေး နားလည်တယ်ထင်တယ် .. ညီငယ်လေးကိုလည်း လမ်းညွှန်ပေးပါဦး..."

ချင်းယန်ဆိုသည့် ကျင့်ကြံသူက မေးလိုက်သည် ။ သူသည် မကြာသေးမီက ရာထူးတိုးမြှင့် ခံထားရသူဖြစ်ပြီး ချီယန်၏ နောက်ဆုံးနေရာကို ဝင်ယူထားသူဖြစ်သည် ။

" ဒီလမ်းစဥ်က တကယ်တော့ ဟန်ချက်ညီမှုကို အလေးပေးတယ်.. "

ချီယန်က ပြုံး၍ ရှင်းပြလိုက်သည် ။

" ဒီ ယန်အင်ပါယာကြီးက ဖရိုမရဲ ဖြစ်နေရမယ်.. ဒါပေမဲ့ နည်းနည်းပဲ ဖရိုဖရဲ ဖြစ်လို့မရသလို အရမ်းကြီးလည်း ဖရိုဖရဲ ဖြစ်လို့မရဘူး..

" လောကီ လူ့လောကမှာ လူတွေက ဒုက္ခခံစားနေပြီး သူတို့ရဲ့ နှလုံးသားထဲမှာ ရှင်းမပြနိုင်တဲ့ ကျပ်တည်းတဲ့ ဝေဒနါကို ခံစားနေတယ်​ဆိုရင် နှစ်သိမ့်မှုရနိုင်ဖို့အတွက် နတ်ဘုရားတွေကို အမွှေးတိုင်ထွန်းညှိပြီး ပူဇော်ကြလိမ့်မယ်.. ဒါက စိတ်ဝိညာဥ် ချီ ပြီးတော့ နောက်ထပ် ကျင့်ကြံနိုင်တဲ့ ယုံကြည်မှူစွမ်းအားတွေ ရလာတာပေါ့.. "

" လူတိုင်းက ပျော်ရွှင်နေကြရင် နတ်ဘုရားတွေကို ဘယ်ကိုးကွယ်ချင်တော့မလဲ.. "

တာအိုကျင့်ကြံသူ ချင်းယန်က ညဏ်အလင်းရသွားသည့်နှယ် ခေါင်းကို တဆက်ဆက်ညိတ်လိုက်သည် ။

" ဂိုဏ်းတူအကိုရဲ့ အသိအမြင်က တကယ်ကို နက်နဲလှပါတယ်.. "

" ဒါဆို ကမ္ဘာကြီးတစ်ခုလုံး ရှုပ်ထွေးနေရင်ရော ဘာဆက်လုပ်ရမှာလဲ.. "

ချီယန်က ရယ်လိုက်ပြီး...

" အဲ့တာက ပိုပြီး လွယ်တယ်လေ.. "

" စစ်ပွဲတွေ ..သဘာဝ ဘေးအန္တရာယ်တွေနဲ့ အစားအစာအငတ်ဘေးကြောင့် လူဦးရေ အရမ်းကျဆင်းသွားရင်လဲ အဆင်မပြေတော့ဘူးလေ.. အဲ့တာကြောင့် ချင်းမင်လို မြို့လေးတွေ ထူထောင်ထားတာပေါ့.. အထူးသဖြင့် ယုံကြည်သူတွေအတွက် ခိုလှုံရာ နေရာတစ်ခုရအောင်.. "

" ခြေဆွံ့နေတဲ့ အဘိုးကြီးတစ်ယောက်ရှိတယ်.. သူ့ကြည့်ရတာ အိမ်ခြေရာမဲ့ တစ်ယောက်လိုပဲ.. အဲ့လိုလူကို ဆန်ပြုတ် တစ်ပန်းကန်ပေးလိုက်ရင် ငါတို့ကို နတ်ဘုရားလို ကိုးကွယ်လိမ့်မယ်.. လူတွေက ငတ်မနေဘူးဆိုရင် နတ်ဘုရားတွေကို နှလုံးသားထဲကနေ ကိုးကွယ်မှာ မဟုတ်ဘူး.. "

ချင်းယန်သည် ထိုစကားကို ကြားပြီး​နောက် သေချာစဥ်းစားကြည့်ပြီးမှ..

" အမွှေးတိုင်စွမ်းအား ရဖို့က ဒီလောက် အသေးစိတ်လုပ်ရမယ်လို့ ကျုပ် ထင်မထားမိဘူး.. "

အင်မော်တယ် ချီယန်က ပြုံးလိုက်ပြီး...

" ငါတို့အင်မော်တယ်တွေက ယန်အင်ပါယာကို ဖိနှိပ်ထားတာ နှစ်လေးဆယ်ရှိပြီ ..ဒါတွေက ဒီနှစ်လေးဆယ်အတွင်း အင်မော်တယ်ဂိတ်က ရှာဖွေတွေ့ရှိခဲ့တယ့် အတွေ့အကြုံတွေနဲ့ အတွေးအမြင်တွေပေါ့. "

ယန်အင်ပါယာနန်းတော်၏ အုပ်ချုပ်မှုအောက်ရှိ မြို့ရွာများသည် ကြီးလေးသည့်အခွန်ကြောင့် ဒုက္ခရောက်နေကြပြီး နတ်ဘုရားများကို ပိုမို အားကိုး လာကြ၏ ။

အစစ်အမှန်ယုံကြည်သူများသည် ချင်းမင်ကဲ့သို့ ကျင့်ကြံသူများ အုပ်ချုပ်သော မြို့များတွင် ခိုလှုံခွင့် ရကြ၏ ။

ဤနှစ်ခုကို နှိုင်းယှဉ်ကြည့်လျှင် ပြည်သူများ၏ မကျေနပ်ချက်များသည် မဟာယန် အင်ပါယာတရားရုံးကို တိုက်ရိုက်ရည်ရွယ်ကြောင်း ထင်ရှားပြီး အင်မော်တယ်ဂိတ်မှာမူ ကောင်းမွန်သောဂုဏ်သတင်းကို ရရှိနိုင်မည်ဖြစ်သည်။ ၎င်းသည် ခဲတစ်လုံးဖြင့် ငှက်နှစ်ကောင် ပစ်ခြင်းပင် ။

ထို့နောက် တာအိုကျင့်ကြံသူနှစ်ဦးဖြစ်သော ချီယန်နှင့် ချင်းယန်တို့သည် ရယ်မော၍ စကားပြောနေကြပြီး သက်တန့်ရောင်အလင်းများ အဖြစ်သို့ပြောင်းကာ အင်မော်တယ်ဂိုဏ်းရှိရာသို့ ပြန်သွားကြတော့သည် ။

……………

စားပွဲပေါ်တွင် ဝူချီကျန်းက မာကျောသောအဖုံးပါ စာအုပ်တစ်အုပ်ကို တင်ပြီး စားပွဲပေါ်သို့ ပုတ်လိုက်သည်။

" ကျုပ်တို့ အလုပ်စရတော့မယ်.. ဒီ လျှို့ဝှက်ကျင့်စဥ်ကို အရင်ကြည့်ချင်လား.. "

ချောင်မူက စာအုပ်အဖုံးကို တစ်ချက်ကြည့်လိုက်သည် ။ ဤသည်က သူရင်းနှီးနေသော ခန္ဓာပြောင်းကျင့်စဥ်သာ ဖြစ်နေ၏ ။

" ခင်ဗျားဆီမှာ ရှိတဲ့ ကျင့်စဥ်က အစောပိုင်းအဆင့်ပဲ ရှိသေးတာ.. "

ဝူချီကျန်းက ပြုံးလိုက်ပြီး ..

" ခန္ဓာပြောင်းကျင့်စဥ်လို့ ခေါ်တဲ့ ဒီအံ့ဖွယ်ကျင့်စဥ်က သိုင်းသူတော်စင် ကိုယ်တိုင် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ဖန်တီးခဲ့တာ.. ဒါပေမဲ့ အဲ့တာက အစောပိုင်းအဆင့်အထိပဲ ကျင့်လို့ရသေးတယ်.. ဝူကျိအသင်းမှာ လဲလှယ်လို့ ရတဲ့ ကျင့်စဥ်ကလည်း အတူတူပဲ.. "

" ဒါပေမဲ့ သိပ်မကြာသေးခင်က ဒီကျင့်စဥ်တိုးတက်လာခဲ့ပြီး စိတ်ဝိညာဥ်နဲ့ ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်ရင် လိုသလို ပုံစံပြောင်းလို့ ရသွားပြီ.. "

" ဒါ.. သိုင်းသူတော်စင် ပေးခိုင်းလိုက်တာလား.. "

ချောင်မူက မျက်လုံးမှေးစင်းကာ ပြောလိုက်သည် ။

" ကျုပ် ပေးတာလို့ ပြောလို့ ရပါတယ်.. "

ဝူချီကျန်းက ဆက်ရှင်းမပြတော့ဘဲ သူ့အကြည့်က တစ်နေရာသို့ ရွှေ့သွား​ပြီး စကားလမ်းကြောင်း ပြောင်းလိုက်သည် ။

" ခုနက လမ်းမပေါ် ပေါ်လာတာ အင်မော်တယ် ချီယန်မှတ်လား.. "

" ချီယန်.. ငါအဲ့နာမည်ကို မှတ်မိတယ်.. "

ချောင်မူသည်လည်း အတွေးထဲတွင် နစ်မျောသွားပြီး ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်သည် ။

ဟဲရန်မြို့တွင် သူမီးရှို့ခံရစဥ်က ဘုရားကျောင်းအတွင်းရှိ ထိုနာမည် ပါသော ကမ္မည်းပြားကို မြင်ခဲ့ဖူး၏ ။

" အင်း.."

ဝူချီကျန်းက မျက်လုံးမှိတ်လိုက်ပြီး...

" လျီု့ဝှက်ကြယ်သံတမန်ဆီက ရတဲ့ သတင်းအရဆိုရင် တာအိုကျင့်ကြံသူ ချီယန်နဲ့ ချင်းယန်က ဧကရာဇ်ကို ဘုရားကျောင်းအထိ ခေါ်လာဖို့ တာဝန်ယူထားတယ်တဲ့.. "

" ချီယန်က ဒီမှာ ပေါ်လာတယ်ဆိုတော့ ဧကရာဇ်လည်း ရောက်နေပြီလို့ ဆိုရမယ်.. "

ထိုအခိုက် ဝူကျိအသင်း၏ လျှို့ဝှက်ကြယ်သံတမန်က အနားသို့ ချဥ်းကပ်လာပြီး ...

" အရှင်ချီကျန်း.. အသင်းဝင်တစ်ယောက်က ဧကရာဇ်ရဲ့ တည်နေရာနဲ့ ပက်သက်တဲ့ သဲလွန်စ ရှာတွေ့ထားတယ်ဆိုတဲ့ လျှို့ဝှက် အစီရင်ခံစာ ရထားပါတယ်.. "

All Chapters