အခန်း (၁၄၃-၁၄၄)
Vol. 15 Ch. 143-144
Chapter 143 + 144
~
အခန်း ၁၄၃ + ၁၄၄
~
ချင်းမင်တောင်ခြေ၏ တောင်ဘက်...
" လုပ်..လုပ်.... မြန်မြန်လုပ်ကြ.. "
တာအိုသီလရှင်လင်းလင်းက သူမ၏ တပည့်များကို ပစ္စည်းမြန်မြန် ထုတ်ပိုးရန် အော်ဟစ်နေလေသည် ။
တာအိုသီလရှင် လင်းလင်းသည် အမြဲတည်ငြိမ်အေးချမ်းနေသူ ဖြစ်သော်လည်း ယခုအခါတွင်မတော့ အလောတကြီးဖြစ်နေပြီး သူမ၏ တပည့်များကို အဆက်မပြတ် တိုက်တွန်းနေသည် ။
" ဆရာတော်လင်းလင်း.. ခရီးရှည်ကြီး ထွက်မလို့လား.. ဘာလို့ ကျောင်းစောင့်ဖို့ တပည့်တစ်ယောက်တောင် မထားခဲ့တာလဲ.. "
ဘုရားကျောင်းသို့ အမွှေးတိုင်ပူဇော်ရန်လာသော ဘုရားဖူးတစ်ဦးက ဝင်ပေါက်တွင် ခရီးသွားရန်ထွက်လာသော လင်းလင်းတို့ အဖွဲ့နှင့် ထိပ်တိုက်တိုးမိသဖြင့် အံ့အားသင့်သွားပြီး မေးလိုက်၏ ။
" ဘာ လို့ ကျောင်းစောင့်ဖို့ လိုမှာလဲ.. မင်းက အောင်မြင်မှု နတ်ဘုရားမကို ယုံယုံကြည်ကြည်နဲ့ ဆုတောင်းဖို့ပဲ လိုတယ်.. ဘုရားကျောင်းမှာ သီလရှင်တွေ ရှိတာ မရှိတာက အရေးမကြီးပါဘူး.. "
တာအိုသီလရှင် လင်းလင်းသည် ပုံမှန်ဆိုလျှင် လှုပ်ရှားမှုများ နှေးကွေးလှပြီး ရင်းနှီးသော ဘုရားဖူးများနှင့် ဆုံလျှင် စကားအကြာကြီး ပြောတက်ပေသည် ။ ယနေ့တွင်တော့ သူမ အလောတကြီး ဖြစ်နေ၏ ။
"မကြာသေးခင်ကကိစ္စကြီးကြီးမားမား တစ်ခု ဖြစ်လာတော့မယ်လို့ ငါအာရုံခံမိ နေတယ်.. ငါလို အဆင့်နိမ့်ကျင့်ကြံသူတစ်ယောက်က အင်မော်တယ်ဂိတ် ကိုးခုနဲ့ ပက်သက်တဲ့ ကိစ္စမှာ ဝင်ပြီး ပက်သက်မိလို့မဖြစ်ဘူး.. "
"ဒီနေ့ခေတ်မှာ ယုံကြည်မှု စွမ်းအားကသာ ကြီးကျယ်တဲ့အောင်မြင်မှုဆီကို လျှောက်လှမ်းနိုင်တော့မှာ.. ရှေးခေတ်ကျင့်ကြံသူတွေရဲ့ ရှေးဟောင်းနည်းလမ်းအတိုင်းပဲ ကျင့်ကြံနေရင် နောက်ကျကျန်ခဲ့တော့မယ်.. "
လင်းလင်းက ခပ်တိုးတိုး ရေရွတ်လိုက်ပြီး ဘုရားကျောင်းအပြင်သို့ အမြန်ထွက်သွားလိုက်သည် ။
" အားကျန်း ..ဘာလို့ ထိုင်နေတာလဲ.. ငါ့ ပို့ချနေတဲ့အချိန် မင်း အိပ်ငိုက်တာကတစ်မျိုး.. ဒီလောက် အရေးကြီးတဲ့ အချိန်မှာ ထိုင်နေစရာ လိုသေးလို့လား.. မင်းလည်း တစ်နေ့တစ်နေ့ ဘာတွေ လုပ်နေတာလဲကို မသိတော့ဘူး... "
" အားကျန်း ဘာလို့ ဒီလောက်အထိ မြန်မြန် လျှောက်နေတာလဲ.. နောက်မှာ မင်းရဲ့ ညီမလေး စန်းရွှယ် ပြတ်ကျန်ခဲ့တာကို သတိမထားမိဘူးလား.. "
" အားကျန်း.. စန်းရွှယ်ကို ကူညီလိုက်ပါအုံး ..မင်းရဲ့ ညီမလေးက အမြင်အာရုံ ချို့တဲ့နေတော့ မြန်မြန်မလျှောက်နိုင်ဘူး .."
" ဆရာ.. "
အားကျန်းဟု ခေါ်သော ကျင့်ကြံသူအမျိုးသမီးက စိတ်ပျက်လက်ပျက် အကူအညီမဲ့ဟန်ဖြင့်...
" ဂျူနီယာ ညီမလေး စန်းရွှယ်က ကျင့်ကြံသူ ဖြစ်နေပြီလေ..မျက်စိမမြင်တဲ့ သာမန်လူသားမှ မဟုတ်တာ.. သူကောင်းကောင်း လမ်းလျှောက်နိုင်နေတာပဲကို ကျွန်မအကူအညီမှ မလိုတော့တာ.. "
" ပြီးတော့ စန်းရွှယ်ရဲ့ မျက်လုံးတွေကို ဘာလို့ ဖွင့်မကြည့်ခိုင်းသေးတာလဲ.. သူ့ကြည့်ရတာ ရှင်းရှင်းလင်းလင်း မြင်နိုင်..."
ထိုစကားများ ထွက်လာသည့်အခိုက် ပြင်ညီ လမ်းပေါ်တွင် လျှောက်လာသော ချောင်စန်းရွှယ်က ယိုင်ထိုးသွားပြီး လဲကျခါနီး ဖြစ်သွား၏ ။
အားကျန်း၍ ပြေး၍ ကူညီရန် ပြင်လိုက်သော်လည်း သူမ၏ ဘေးတွင်ရှိသော ဝဝဖိုင့်ဖိုင့် သီလရှင်လင်းလင်းမှာ ချက်ချင်း ပျောက်ကွယ်သွားပြီး ချောင်စန်းရွှယ်၏ ဘေးတွင် ပြန်ပေါ်လာကာ သူမ၏ ခန္ဓာကိုယ်ကို လက်တစ်ဖက်ဖြင့် ထိန်းပေးလိုက်သည် ။
" ဟမ့် ကျင့်ကြံသူတစ်ယောက် လုပ်နေပြီးတော့ မြေပြင်ပေါ်မှာတောင် လမ်းဖြောင့်အောင် မလျှောက်နိုင်ဘူး ..သူ လဲကျတာက ဘာများဖြစ်သွားမှာမို့လဲ ဆရာကလည်း ဘက်လိုက်တာ တအားသိသာတယ်.. "
ကျန်ကျင့်ကြံသူ အမျိုးသမီးများက လှောင်ပြောင် လိုက်ကြ၏ ။
" တော်ပြီ.. တော်ပြီ.. "
" မင်းတို့အားလုံး အိပ်တာလျော့ရင် ငါပိုပြီး ဂရုစိုက်ပေးမှာပေါ့.. ဒီလို အပျင်းကြီးတဲ့ ဝက်တစ်အုပ်ကို ငါ ဘယ်လို ရှာတွေ့ထားတာလဲ မသိဘူး.. "
တာအိုသီလရှင်လင်းလင်းက ပုခုံးတွန့်၍ ငြီးတွားလိုက်ပြီး ချောင်စန်းရွှယ်၏ ပွင့်နေသော ကျောက်စိမ်းအဖြူရောင် ဘယ်ဘက်မျက်လုံးကို ကြည့်လိုက်သည် ။
" ဒါတွေက သာမန်လူတွေ ပိုက်ဆိုင်နိုင်တဲ့ အရာမဟုတ်ဘူး.. မင်းကျင့်ကြံတာ အချိန်နည်းသေးတော့ မျက်လုံး ဖွင့်မကြည့်နဲ့အုံး.. "
ချောင်စန်းရွှယ်သည် သူမ မျက်လုံးစပွင့်စဥ်ကတည်းက သူမမြင်နေရသည်က တခြားသူများနှင့် မတူညီကြောင်း နားလည်ခဲ့ပေသည် ။
သူမ မြင်နေရသော မြေပြင်ညီသည် နက်ရှိုင်းသော ချိုင့်ဝှမ်း ဖြစ်နိုင်သလို တောင်တန်းများသည်လည်း ပင်လယ် သမုဒ္ဒရာများ ဖြစ်နေနိုင်၏ ။
ပို၍ထူးဆန်းသည်မှာ သူမ၏မျက်လုံးများထဲတွင် ဤမြင်ကွင်းများသည် အဆက်မပြတ်ပြောင်းလဲနေခြင်းဖြစ်သည်။ မနက်ခင်းတွင် သူမမျက်လုံးဖွင့်လိုက်သောအခါ တောင်စောင်းများသည် မြစ်ချောင်းများကဲ့သို့မြင်နေရသော်လည်းသော်လည်း ညဘက်တွင် သူမမျက်လုံးဖွင့်လိုက်သောအခါ တောင်စောင်းများသည် နက်ရှိုင်းသော ချိုင့်ဝှမ်းများဖြစ်လာသည်။
သူမ၏ ထူးဆန်းသော မျက်လုံးများကို ယခုအထိ သူမ နားမလည်နိုင်သေးပေ ။
" ဟုတ်ကဲ့ပါ ဆရာ.. "
ချောင်စန်းရွှယ်က နာခံမှုရှိစွာ မျက်လုံးပြန်မှိတ်လိုက်ပြီး လမ်းလျှောက်လာခဲ့၏ ။
သူတို့ တစ်ဖွဲ့လုံး ဆက်လျှောက်လာပြီး သိပ်မကြာမီပင် အဝေးမှ မြင်းခွာသံများကို ကြားလိုက်ရပြီး တဖြည်းဖြည်းပိုနီးလာလေသည် ။
အမျိုးသမီး ကျင့်ကြံသူများက လမ်းမဘေးတွင်ရှိသော မျက်ခင်းပြင်ပေါ်သို့ ရှောင်တိမ်းပေးလိုက်ပြီး မြင်းများကို မြန်ဆန်စွာ ဒုန်းစိုင်းစီးလာကြသော ခရီးသွားများကို စောင့်ကြည့်နေကြသည် ။
ချောင်စန်းရွှယ်သည် တစ်စုံတစ်ရာကို ခံစားမိလိုက်၍ သူမ ဆရာ၏ စကားကို လျစ်လျှူရှုကာ မျက်လုံးကို တိတ်တဆိတ် ဖွင့်ကြည့်လိုက်မိပြန်၏ ။
လျင်မြန်စွာပြောင်းလဲနေသော မြင်ကွင်းတွင်၊ သူမသည် တောက်ပသောအဝတ်အစားများဝတ်ဆင်ထားသော လူငယ်တစ်ဦးနှင့် ဒေါသကြီးသောမြင်းတစ်ကောင် ဒုန်းစိုင်းပြေးလာသောကြောင့် လမ်းမပေါ်တွင် ဖုန်မှုန့်များ ပြန့်ကျဲနေသည်ကို မြင်လိုက်ရသည်။
လူငယ်လေးသည် ခါးတွင် ဓားရှည်တစ်ချောင်း ချိတ်ဆွဲထားပြီး ပန်းရောင်နှုတ်ခမ်းနှင့် သွားဖြူဖြူများ ၊ တောက်ပသော မျက်လုံးနှင့် အရပ်ရှည်ပြီး သန်မာသော ခန္ဓာကိုယ် အားလုံးပေါင်းစပ်၍ ကြည့်လျှင် စစ်မြေပြင် သူရဲကောင်းဆန်သော စရိုက်လက္ခဏာ ထပ်ဟပ်နေ၏ ။
ထိုလူငယ်က မြင်းကို ဒုန်းစိုင်းပြီး စီးသွားသဖြင့် ခဏအတွင်း သူမ၏ မြင်ကွင်းမှ ပျောက်ကွယ်သွားတော့သည် ။
" မမ.. ခုနက ဖြတ်သွားတဲ့ .."
ချောင်စန်းရွှယ်က သူမ၏ အနီးတွင်ရှိသော စီနီယာအမတစ်ယောက်၏ အင်္ကျီလက်စကို ဆွဲပြီးမေးလိုက်၏ ။ ထိုဖြတ်သွားသူကို သူမ ရင်နှီးသည်ဟု ခံစားနေမိပေသည် ။
" အဖြူရောင် အဝတ်အစားနဲ့လူက ချောလားဟင်.. "
" ဟမ်..."
အမျိုးသမီးကျင့်ကြံသူက ဆွံ့အသွားပြီး အဝေးမှ မြင်းစီးနေသော အဘိုးကြီး၏ နောက်ကျောကို လှမ်းကြည့်မိလိုက်သည် ။
သူမသည် သေချာမကြည့်လိုက်ရသော်လည်း ဆံပင်များ ဖြူနေသော အဘိုးကြီးတစ်ယောက်ဖြစ်မှန်းတော့ မြင်လိုက်ရသေး၏ ။ ဤမျှ အိုမင်းနေလေရာ ရုပ်ရည်ချော မချော မည်သို့ အရေးပါတော့မည်နည်း ။
' ဟူး..ငါ့ ညီမလေးက သနားစရာ.. ဘာတွေ မြင်နေပြန်ပြီလဲ မသိဘူး.. '
ထိုအမျိုးသမီးကျင့်ကြံသူသည် ခဏတာ စဥ်းစားပြီးနေက် အမှန်အတိုင်း မပြောရန် ဆုံးဖြတ်လိုက်၏ ။ ခဏတာ တွေ့ရသော သူစိမ်းဖြစ်သဖြင့် အမြင်အာရုံ ချို့တဲ့နေသော စန်းရွှယ်ကို ပျော်ရွှင်သွားစေရန် အနည်းငယ် လျော့ပေါ့ ပြောလိုက်သည် ။
" အဲ့လူက အသက်နည်းနည်း ကြီးနေပေမဲ့ အရမ်းချောတာပဲ.. သူသာ ဒီထက် အသက်ပိုငယ်ရင် မမ ဂိုဏ်းကနေထွက်ပြီး သူ့နောက်ကို လိုက်သွားမှာ.. "
ချောင်စန်းရွှယ်၏ ခြေလှမ်းများ တုန့်ဆိုင်းသွားပြီး မျက်လုံးများ ပြူးကျယ်နေသည် ။ သူမ နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်မိသည် ။ ဤစီနီယာအမက စိတ်ပုံမှန် ဟုတ်ပုံမရပေ ။
……….
" ကျား...ကျား..."
ချောင်မူသည် မျက်နှာဖုံးကို ဝတ်ဆင်ထားကာ ဝူချီကျန်းနှင့် လျှို့ဝှက်ကြယ်သံတမန်တို့ဖြင့် အတူ လမ်းမပေါ်တွင် မြင်းပြိုင်စီးနေသဖြင့် ဖှုန်မှုန့်များ ပေကျံနေလေ၏ ။
လမ်းတွင် ဘုန်းကြီးများနှင့် တာအိုကျင့်ကြံသူများကို သူတို့တွေ့ခဲ့ကြသော်လည်း ဂရုမစိုက်ခဲ့ချေ ။
တာအိုကျင့်ကြံသူ တစ်ယောက်သည် တာအိုဝတ်ရုံ ဝတ်ဆင်ထားသော်လည်း ကျင့်ကြံသူအစစ်ဟု မသတ်မှတ်နိုင်ပေ ။ သူတို့သည် လူလိမ်များ ၊ တာအိုဂိုဏ်းများမှ ကျင့်ကြံသူများနှင့် ရှေးခေတ်သိုင်းလောကမှ ကြွင်းကျန်ရစ်သော ဂိုဏ်းဝင်များသာ ဖြစ်နိုင်ပေသည် ။
ထို့ကြောင့် သူတို့၏ အာရုံအား မဟာယန်ဧကရာဇ်၏ အပေါ်၌သာ စူးစိုက်ထားသည် ။
" လျှို့ဝှက်ကြယ်သံတမန်.. မင်းရဲ့ သတင်းက ယုံကြည့် ရရဲ့လား.. "
ဝူချီကျန်းက လေးနက်ဟန်ဖြင့် မေးလိုက်သည် ။
သူ၏ မျက်လုံးဖြင့် အင်မော်တယ် ချီယန်ပေါ်လာသည်ကို မျက်မြင်တွေ့ခဲ့ရသော်လည်း အရေးကြီးကိစ္စဖြစ်၍ သေချာအောင် အတည်ပြုနိုင်မှ ဖြစ်ပေမည် ။
ဤသတင်းသာ သေချာပါက သိုင်းသူတော်စင်ထံသို့ ချက်ချင်းအကြောင်းကြားပြီး ယုံဟဲဧကရာဇ်အား လုပ်ကြံရမည် ဖြစ်သည် ။
အင်မော်တယ်ဂိတ်သည် အလင်းထဲတွင် ရှိသော်လည်း ဝူကျိအသင်းက အမှောင်ထဲမှသာ လှုပ်ရှားရသည် ။ သူတို့ လုပ်ကြံမည့် သတင်းအား ရွှမ်းထျန်အင်မော်တယ် ဂိုဏ်းသာ သိသွားပါက အခွင့်အရေး ရှိတော့မည် မဟုတ်ချေ ။
သို့သော်လည်း ဝူချီကျန်းသည် ဧကရာဇ်အား မြင်ရပါက အောင်မြင်စွာ လုပ်ကြံနိုင်ပြီး လွတ်မြောက်အောင် ထွက်ပြေးနိုင်မည်ဟု ယုံကြည်ချက် အပြည့်ရှိသည် ။
ကြယ်သံတမန်က...
" ကျုပ်ကို လျှို့ဝှက် အစီရင်ခံစာပို့တဲ့ အဘိုးကြီး မိုက ဝူကျိအသင်းမှာ အသင်းဝင်ဖြစ်နေတာ နှစ်နှစ်ဆယ်ကျော်ပြီ.. သူ့အသက်က ၆၀ ကျော်ဆိုတော့ ကလေးတစ်ယောက်လို ထင်ရာမြင်ရာ သတင်းပို့လိမ့်မယ် မထင်ဘူး.. ဒီနှစ်တွေတလျောက် သူလုပ်တာကိုင်တာ အတော်လေး စေ့စပ်သေချာတဲ့သူပါ.. "
" ချင်းမင်တောင်တန်းအနီး ကျားမြို့မှာ ယန်ဧကရာဇ်နဲ့ တူတဲ့သူကို တွေ့ခဲ့ရတယ်လို့ သူသတင်းပို့ထားတယ်.. "
" ဒီသတင်းက အရမ်းအရေးကြီးလို့ သူ့အထက်ခေါင်းဆောင်က ကျုပ်ဆီကို ချက်ချင်း သတင်းပို့လိုက်တာပဲ.. "
ချင်းမင်တောင်တန်းသည် နန်ကျိုးပြည်နယ်နှင့် ကပ်လျက်တွင် တည်ရှိသော်လည်း ထိုတောင်တန်းများ၏ အကျယ်အဝန်းကို မည်သူမှ မသိပေ ။
ချင်းမင်တောင်တန်းများ၏ နက်ရှိုင်းသော နေရာများတွင် သားရဲများ ပေါများလှပြီး လူအနည်းသာ ဝင်၍ စပ်စုရဲကြ၏ ။
ရွှမ်ထျန်းဂိုဏ်း၏ အဓိက ဂိုဏ်းကြီးသည် ချင်းမင်တောင်တန်း၏ နက်ရှိုင်းသော နေရာတစ်ခုတွင် ရှိသည်ဟု ဆိုကြသော်လည်း အတည်ပြုနိုင်ခဲ့သူ မရှိချေ ။
တောင်ထိပ်ရှိ ချင်းယွင် ဘုရားကျောင်းနှင့် တောင်ခြေရှိ ချင်းမင်မြို့တို့အပြင် တောင်တန်း၏ အခြားနေရာများ၌ ယန်မြို့ကဲ့သို့ မြို့ငယ်များ တည်ရှိပြီး လူဦးရေ မနည်းပါးလှပေ ။
ချင်းယွင်ဘုရားကျောင်းသည် ကိုးကွယ်ယုံကြည်သူများ လာနိုင်ရန်အတွက် ချင်းမင်တောင်တန်း၏ အပြင်တွင် တည်ခဲ့သည်ဟု ဆိုနိုင်ပေသည် ။
ယခုအခါတွင်မတော့ ချောင်မူနှင့် တခြားသူများသည် သဲလွန်စပေါ်လာသော ကျားမြို့ထံသို့ အပြင်းနှင်နေကြ၏ ။
ကျားမြို့သည် ယန်မြို့ထက် ပိုကြီးပြီး မြို့ရိုးများ ခိုင်ခံ့သည့်အပြင် တံခါးဝ၌ ဂိတ်စောင့်များ ရှိနေသော်လည်း ချောင်မူတို့ အဖွဲ့က အေးအေးဆေးဆေး ဝင်လာနိုင်ခဲ့သည် ။
" အရှင်ချီကျန်း ..မိုမင်ကျိ ရဲ့အိမ်က မြို့မြောက်ဘက်မှာပါ.. သူက ကိုယ်ပိုင်ဂိုဏ်းထောင်ထားပြီး အင်မော်တယ်ဂိတ်တွေလို နာမည်မျိုး တောက်ပသောလဂိုဏ်းလို့ နာမည်ပေးထားတယ်.. သူက ဒီမြို့မှာ တပည့်အများကြီးရှိတဲ့ ထင်ရှားတဲ့သူ ဆိုတော့ သူ့ဆီကို အရင်သွားလိုက်ရင် ကောင်းမလား.. "
" တောက်ပသောလဂိုဏ်းလား.. "
ချောင်မူ ထိုနာမည်အား ရင်းနှီးသည်ဟု ခံစားမိလိုက်၏ ။ သူ သေချာပြန်စဥ်းစားကြည့်လျှင် ငယ်ရွယ်စဥ်က အဖြစ်အပျက်တစ်ခုကို ပြန်သတိရမိသွားပေသည် ။
သူ ယန်မြို့၌ ကျင်လည်စဥ်အခါက ကုံးယန်သည် ကျန်းချန်ဟူသော အစီမ်းရောင်ဓားသမား၏ ဓားသိုင်းကို သတိထားမိသွားပြီး တောက်ပသော လဂိုဏ်းကို အလည်လာမည်ဟု ခြိမ်းခြောက်ခဲ့သည် ။
ထိုဂိုဏ်းသည်လည်း ကျားမြို့တွင် ရှိသောဒေသခံဂိုဏ်းဖြစ်သဖြင့် အတူတူပင် ဖြစ်ရမည်ပင် ။
' တောက်ပသောလဂိုဏ်းခေါင်းဆောင်ကလည်း ဝူကျိအသင်းဝင်ပဲလား.. '
' ကုံးယန်က သိနေတာမဆန်းဘူး သူတို့က ဝူကျိအသင်းဝင်ခြင်း အတူတူပဲကို.. '
ချောင်မူက တွေးလိုက်၏ ။ ဝူကျိအသင်းသည် သိုင်းသူတော်စင်ကိုယ်တိုင် ထူထောင်ထားသော ဂိုဏ်းဖြစ်ပြီး သိုင်းလောကရှိမည်သည့် ဂိုဏ်းထက်မဆို အသင်းသားဦးရေ ပို၍ များသည် ။
ဤကိစ္စသည် မဟာယန်ဧကရာဇ်နှင့် ပက်သက်သော အရေးကြီးကိစ္စ ဖြစ်သဖြင့် ချောင်မူတို့အဖွဲ့သည် အချိန်မဆွဲဘဲ တောက်ပသောလဂိုဏ်းရှိရာသို့ ရောက်လာကြ၏ ။
တောက်ပသောလဂိုဏ်းဟု ခေါ်သောဂိုဏ်းသည် အဝင်တံခါး၏ အထက်တွင် တောက်ပသောလဂိုဏ်းဟု ဆိုင်းဘုတ်အကြီးကြီး ချိတ်ဆွဲထားသော ခြံဝင်းကျယ်ကြီး ဖြစ်သည် ။
မိုမင်းကျိသည် ကျားမြို့တွင် အရေးပါသူတစ်ဦးဖြစ်ပြီး မြို့စားမင်းကိုယ်တိုင်ပင် အလေးထားဆက်ဆံရသူ ဖြစ်ဦး ဖြစ်ချေ၏ ။
ဝင်ပေါက်တွင် အပြာရောင်ဝတ်စုံဖြင့် အစောင့်များ ရပ်နေကြပြီး ကြယ်သံတမန်က အကျိုးအကြောင်းပြောလိုက်လျှင် အထဲသို့ ဦးဆောင်ပြီး ခေါ်လာကြသည် ။
ခြံဝင်းထဲသို့ အနည်းငယ် ဝင်ရောက်ပြီးနောက် ဝူချီကျန်းက ရပ်တန့်လိုက်ပြီး...
" ကြယ်သံတမန်.. မိုမင်ကျိက စိတ်ချရတယ်ဆိုတာ သေချာရဲ့လား.. "
ကြယ်သံတမန်သည်လည်း ထိုအချိန်တွင် နှုတ်ဆိတ်နေတော့သည် ။
တောက်ပသော လဂိုဏ်းသည် ဂိုဏ်းကြီးတစ်ခုဖြစ်သော်လည်း ယခုအချိန်တွင် တိတ်ဆိတ်နေပြီး လူမပြောနှင့် ခွေးတစ်ကောင် ကြောင်တမြီးမျှပင် မမြင်ရပေ ။ မည်သည့်အသံမှ မကြားရဘဲ တိတ်ဆိတ်နေလေ၏ ။
' ဝူကျိအသင်းရဲ့ နှစ်နှစ်ဆယ် အသင်းဝင်ဖြစ်ခဲ့တဲ့ မိုမင်ကျိ ရဲ့ လက်ချက်တော့မဖြစ်နိုင်ဘူး..ငါတို့သာ ယန်ဧကရာဇ်အကြောင်း သဲလွန်စ မရဘဲ ကျင့်ကြံသူတွေရဲ့ ထောင်ချောက်ထဲ ရောက်သွားမယ်ဆိုရင် အကုန်ရှုပ်ထွေး ကုန်တော့မယ်.. "
ချောင်မူက စိတ်ထဲတွင် တွေးတောရင်း သက်ပြင်းချလိုက်၏ ။