← Chapters

ကြွယ်ပြရတာကို ကြိုက်တဲ့ သခင်လေးကျောက်

Vol. 10 Ch. 91

ကြွယ်ပြရတာကို ကြိုက်တဲ့ သခင်လေးကျောက်

Vol. 10 Ch. 91

သခင်လေးကျောက်ရဲ့ မိဘနှစ်ပါးလုံးက စောစီးစွာ ကွယ်လွန်သွားခဲ့ကြပြီး ဘီလီယမ်ချီသည့် အမွေများကို ချန်ထားရစ်ခဲ့သည်။

သူကိုယ်တိုင်ကလည်း သူ့ရဲ့ ပလေးဘွိုင်းဆန်တဲ့ အကျင့်စရိုက်ကို ဖုံးကွယ်မထားဘဲ သူ၏ ကြွယ်ဝမှုများကို ကြွားဝါ၍ လှပသည့် အမျိုးသမီးများအပေါ် စိတ်ဝင်စားမှုကို ပြသလေ့ရှိသည်။

ကောလဟာလများအရတော့ သခင်လေးကျောက်နှင့် အီစီကလီလုပ်ဖူးသည့် လှပသည့် အမျိုးသမီး စထွင်မာလေးများမှာ တစ်ယောက်ပြီးတစ်ယောက် ကြမ္မာငင်သွားကြရလေ့ရှိ၏။

သူတို့တွေ မည်သို့သော အရာမျိုးနှင့် ကြုံတွေ့ခဲ့ရလဲဆိုတာတော့ မည်သူကမျှ မသိကြချေ။

ကြည့်ရှုသူတို့ သိကြသည်မှာ ထိုမိန်းကလေးများ အားလုံး အင်တာနက်ပေါ်ကနေ အပြီးတိုင် ဆုတ်ခွာပြီ ဖြစ်ကြောင်း ကြေညာလာခဲ့ကြခြင်းပင်။

သူတို့ထဲ တစ်ယောက်က အိုတာခု အကဇုန်ထဲရှိ သန်းနှင့်ချီသည့် ဖန်များကို ပိုင်ဆိုင်ထားသည့် မိန်းမပျိုလေးတစ်ယောက်ပင်။

အဆိုပါ ကံဆိုးသွားခဲ့သည့် စထွင်မာနှင့် ကျိုးမုန့်မုန့်၏ အခြေအနေကို တွဲလျက် မြင်ယောင်မိတော့ ကြည့်ရှုသူများမှာ လက်သည်တရားခံက သခင်လေးကျောက်ဖြစ်မည်ကို သေချာသွားကြသည်။

သခင်လေးကျောက်က ပိုးပန်းသည့်နည်းလမ်း မအောင်မြင်တော့ ဆိုးယုတ်အောက်တန်းကျသည့် နည်းလမ်းများဖြင့် ကျိုးမုန့်မုန့်ကို ထောင်ချောက်ဆင်လာခဲ့သည်။

သူ ယခုလို အလုပ်မျိုး လုပ်တာကလည်း ပထမဆုံးအကြိမ် မဖြစ်နိုင်။ အမျိုးသမီး စထွင်မာ တော်တော်များများက သူ၏ ထောင်ချောက်ထဲ ကျရောက်ခဲ့ပြီး ဖြစ်လောက်၏။

မျက်တောင်တစ်ခတ်အတွင်းမှာပဲ ပရိတ်သတ်အများအပြားက သခင်လေးကျောက်ရဲ့ လိုက်စထွင်းထဲသို့ စုပြုံဝင်ရောက်လာကြသည်။

တစ်ချိန်တည်းတွင် သခင်လေးကျောက်ကလည်း သူ နိုင်ငံခြားက မှာယူထားသည့် အဆင့်အတန်းမြင့် ဝိုင်နီတစ်လုံးကို ထုတ်ပြ၍ သူ၏ ကြွယ်ဝမှုအကြောင်း ကြွားဝါပြနေသည်။

ယွမ် တစ်သိန်းပေးရသည့် ဝိုင်နီတစ်ပုလင်း။

ထည့်သည့်ခွက်ကလည်း နိုင်ငံခြားက လက်မှုအနုပညာရှင်တို့ သူတို့လက်နှင့် သေချာ အနုစိတ်ကျကျ ဖန်တီးထားသည့် ဝိုင်ခွက်။

ဤ ဝိုင်ခွက်များက အဆင့်အတန်းမြင့် ဝိုင်နီတစ်သေတ္တာထက်ပင် ပို၍ ဈေးကြီးသေးသည်။

သူ့မီးဖိုချောင်ကြီး တစ်ခုလုံးက ဇိမ်ခံပစ္စည်းတို့ဖြင့် ပြည့်နှက်လို့နေသည်။

“ လူချမ်းသာတစ်ယောက်ရဲ့ ဘဝကြီးက ပျင်းရိငြီးငွေ့စရာ ကောင်းလွန်းတယ် ….”

“ တစ်ခါတစ်လေကျတော့လည်း ဆင်းရဲတဲ့ သာမန်လူတွေလို နေချင်မိသား … ဒါပေမယ့် ငါ့အခြေအနေက ခွင့်မပြုတာတော့ ဆိုးလွန်းတယ် …”

သခင်လေးကျောက်က ပိုးထည် ညအိပ်ဝတ်စုံနှင့် သားရေညှပ်ဖိနပ်ကို စီးနင်းထားပြီး ဝိုင်နီပုလင်းကို ချဲ့ကားသည့် အမူအရာဖြင့် ဖွင့်နေခဲ့၏။

ထို့နောက် အနည်မပါအောင် ညင်သာစွာ လောင်းထည့်ရင်း ခွက်ကို မွေ့လိုက်သည်။

ဟူယွီပလတ်ဖောင်းရှိ စထွင်မာများတွင် စတိုင်ပုံစံ မျိုးစုံနေအောင် ရှိသည်။ သူကတော့ သူ၏ ကြွယ်ဝမှုကို ပွင့်ပွင့်လင်းလင်း ကြွားဝါပြသည့် ပထမဆုံးသော စထွင်မာပင်။

လိုက်စထွင်းတစ်ခုစီက အနည်းဆုံး ယွမ် နှစ်သိန်းမှ သုံးသိန်းအထိ ကုန်ကျတတ်ပြီး ၊ တစ်ခါတစ်ရံ ယွမ် ခြောက်သိန်း သို့မဟုတ် ခုနစ်သိန်းအထိ ရှိတတ်၏။

သခင်လေးကျောက်က သူ့လိုက်စထွင်းထဲရှိ ကြည့်ရှုသူ အရေအတွက်ကိုကြည့်လိုက်ပြီး ကျော်ကြားမှုက ဆက်တိုက်မြင့်တက်လာနေသည်ကို သတိပြုမိသွားခဲ့သည်။

“ ဆင်းရဲသားတွေက အမြဲတမ်း ဆင်းရဲသားတွေပါပဲ … မင်းတို့က မတတ်နိုင်ကြဘူး … အဲ့တော့လည်း သူများတွေ အရသာခံတာကို မျက်စိအစာကျွေးရင်း ကြည့်ကြပေါ့ …”

“ ဟင်း … ဘဝကြီးက သောက်ရမ်း ပျင်းဖို့ ကောင်းလိုက်တာကွာ ….”

သခင်လေးကျောက်က သူ့ကိုယ်သူ ချမ်းသာလွန်း၍ စိတ်ပျက်နေသည့်ပုံစံ ဖမ်းနေခဲ့သည်။

“ ငိုးမသားကျောက် … မင်းတော့ သေပြီပဲ …”

“ မင်း ငါ့မုန့်မုန့်ကို ဘယ်လိုတောင် ထိခိုက်အောင် လုပ်ဝံ့နေတာ … ငါတို့မင်းကို ချက်ချင်း ဘွိုင်းကော့တယ် …”

“ မုန့်မုန့်က မင်းအချစ်ကို ငြင်းဆန်တာနဲ့ပဲ မင်းက သူ့ကို သတ်ချင်တယ်ပေါ့ … ခွေးမသား … မင်း နှလုံးသားတစ်ခုလုံး မည်းညှစ်နေတဲ့အကောင်…”

“ ချက်ချင်း အရှုံးပေးလိုက်တော့ .. မဟုတ်လို့ကတော့ ရဲကို ဖုန်းဆက်ပြီး ဖမ်းခိုင်းလိုက်မယ် …”

“ အမှိုက် … မကောင်းတဲ့ကောင် … တစ်ခုခုပြောစမ်း … မင်း ဆွံ့အနေတာလား … လျှာအခိုးခံလိုက်ရလို့လား …”

စခရင်ပေါ်တွင် ဆက်တိုက် မြင့်တက်လာနေသည့် ဆဲရေးသည့် ကွန်းမန့်များကို မြင်တော့ သခင်လေးကျောက်၏ မျက်နှာထက်ရှိ ဘဝင်ခိုက်နေသည့် အပြုံးတို့ ရုတ်ချည်း ရပ်တန်းသွားသည်။

“ ဒီ စောက်ငမွဲတွေက ဘာလာထကြောင်နေတာ … မင်းတို့ကောင်တွေ မနာလိုလွန်းလို့ မင်းတို့ရဲ့ အာသီသတွေကို ဒီလို ကြမ်းတမ်းတဲ့စကားလုံးတွေနဲ့ အာသာဖြေနေကြတယ်ပေါ့ ဟုတ်လား …”

သခင်လေးကျောက်က ပြန်လည်ချေပတော့မယ့် အချိန်မှာပဲ ကွန်းမန့်တော်တော်များများတွင် ကျိုးမုန့်မုန့်ရဲ့ နာမည် ပါနေသည်ကို သတိပြုမိလိုက်သည်။

“ မင်းတို့ စောက်ကောင်တွေ စောက်ပေါက်ကို ပိတ်ထားကြ …”

သခင်လေးကျောက် စားပွဲခုံကို ကြမ်းတမ်းစွာ ရိုက်နှက်လိုက်သည်။ ဘာတွေ ဖြစ်နေလဲ သူ နားလည်သွားခဲ့ပြီ ဖြစ်၏။

“ ငါ ဘယ်တုန်းက မုန့်မုန့်ကို ထိခိုက်အောင် လုပ်ခဲ့ဖူးလို့ … ငါ ပြောလိုက်မယ် … အသရေဖျက်တယ်ဆိုတာ တရားစွဲလို့ရတဲ့အထိ ကြီးမားတဲ့ ပြစ်မှုကွ …”

“ ငိုးမကျောက် … ဟန်ဆောင်စမ်း … မင်းဆက်ပြီး ဟန်ဆောင်စမ်း ….”

“ မကောင်းတဲ့ကောင်တွေကြားထဲမှာ နင်က ရွံစရာအကောင်းဆုံး မကောင်းတဲ့ကောင်ပဲ ….”

“ နင် သူများကို ဒီလိုနည်းနဲ့ ထိခိုက်အောင် လုပ်တယ်ဆိုတာ ယုံတောင် မယုံနိုင်ဘူး … နင် အရှက်တရားမရှိတဲ့ မျိုးမစစ် …”

“ စောက်ကောင် … မင်း မှန်မှန် ပြောစမ်း …. မင်း တခြား စထွင်မာမလေးတွေကိုလည်း ဒီနည်းလမ်းတွေနဲ့ပဲ နှုတ်ထွက်ကုန်အောင် လုပ်ခဲ့တာမလား ….”

“ မင်း မုန့်မုန့်ကို လက်ဆောင်ပေးခဲ့တဲ့ လူသားအရိုး လက်ကောက်ကို ဒေါက်တာချန် ဖော်ထုတ်လိုက်ပြီကွ ….”

ဟူယွီ ပလက်ဖောင်းတွင် ဒေါက်တာ တော်တော်များများရှိသည်။

သို့သော် ဒေါက်တာချန်လို့ ခေါ်သည့် တစ်ယောက်ကတော့ ချန်ယွီ့တစ်ဦးတည်းသာ ရှိ၏။

ချန်ယွီ့၏ ရေပန်းစားမှုတို့ ပေါက်ကွဲထွက်လာသည်နှင့် …

ဒေါက်တာချန်ဆိုသည့် အသုံးအနှုန်းက သူ့တစ်ဦးတည်းအတွက် အထူးသီးသန့် ဖြစ်လာသည်။

တခြားသော မျိုးရိုးနာမည် ချန်နှင့် ဒေါက်တာများကို ပရိတ်သတ်များက မျိုးရိုးနာမည် မထည့်ပါဘဲ ဒေါက်တာဟုသာ ခေါ်ဝေါ်ကြသည်။

ဒေါသထွက်နေသည့် ကြည့်ရှုသူများက သခင်လေးကျောက်ကို ရှင်းပြခွင့် ၊ ဒါမှမဟုတ် ငြင်းဆန်ခွင့် မပေးကြ။ သူတို့ရဲ့ စကားလုံးတွေနဲ့ပဲ ဆက်တိုက် တိုက်ခိုက်နေခဲ့ကြသည်။

“ ယီးပဲ ... မင်းတို့လို ကောင်တွေနဲ့ စောက်ဖတ်လုပ်ပြီး စကားမပြောချင်ဘူး …”

ဒေါသထွက်သွားသည့် သခင်လေးကျောက်ကတော့ သူ့ လိုက်စထွင်းကို ပိတ်ရန် ရွေးချယ်လိုက်သည်။

အနည်းငယ်ကြာအောင် တွေးတောပြီးနောက် ချန်ယွီ့ လိုက်စထွင်းထဲသို့ ဝင်ရောက်လိုက်သည်။

“ ဒေါက်တာချန် … သူ ဒီကို ရောက်နေပြီ …”

ကျိုးမုန့်မုန့် ရှော့ခ်ရသွားခဲ့သည်။

ဘီလီယမ်ချီသည့် မိဘအမွေများကို ဆက်ခံထားသည့်အတွက် သခင်လေးကျောက်တွင် ငွေဆိုသည့်အရာက အပေါဆုံးဟု ပြော၍ရသည်။

သူ လိုက်စထွင်းထဲသို့ ရောက်လာသည်နှင့် ပိုက်ဆံသုံးထားသည့် ကွန်းမန့်တို့ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။

သူ့နာမည်က ချန်ယွီ့ကို လက်ဆောင်ပေး၊ မုန့်ဖိုးပေးသည့် ဖန်များစာရင်းထဲ ထွက်ပေါ်လာခဲ့သည်။

“ ချန် … ငါ မင်းကို တစ်ခါမှလည်း မစော်ကားခဲ့ဖူးပါဘူး … ဘာလို့ ငါ့ကို နာမည်ဖျက်တာလဲ …”

“ မင်းငါ့ကို အပေါ်ခေါ်ရဲလား ပြောစမ်း … သတ္တိရှိတယ်ဆို အပေါ်ခေါ်လိုက်…”

သခင်လေးကျောက်က ချက်ချင်းပဲ အထူးကွန်းမန့်နှစ်ခုကို ပို့လိုက်သည်။

တစ်ချိန်တည်းတွင် ချန်ယွီ့က သခင်လေးကျောက်၏ တောင်းဆိုလွှာကို လက်ခံရရှိလိုက်၏။

လိုက်စထွင်းကို လူအမြောက်အများက ချိတ်ဆက်ပြောဆိုနိုင်သည့်အတွက် လူသုံးယောက် ဆက်သွယ် ပြောဆိုဖို့ဆိုသည်မှာ မပြောပလောက်သည့် ကိစ္စလေးပင်။ ခပ်ဖျော့ဖျော့ပြုံးရင်း ချန်ယွီ့ လက်ခံသည် ဆိုသည့် ခလုတ်ကို နှိပ်လိုက်သည်။

နောက်တစ်စက္ကန့်၌ သခင်လေးကျောက်၏ ရုပ်ပုံက ကြည့်ရှုသူများ အားလုံး၏ စခရင်ထက်တွင် ထွက်ပေါ်လာသည်။

သခင်လေးကျောက်က သူ့ရဲ့ ဇိမ်ခံပစ္စည်းတို့ အပြည့်ဖြစ်နေသည့် မီးဖိုချောင်ထဲ မတ်တပ်ရပ်နေကာ လက်ထဲတွင်လည်း ဝိုင်တစ်ခွက်ကို ကိုင်ထားသည်။

သူက တခြားလက်တစ်ဖက်ဖြင့် စခရင်ကို လက်ညှိုးထိုး၍

“ ချန် … ငါက မတော်မတရား ချောက်ချခံရတာကို အမုန်းဆုံးပဲ … မင်း ဒီနေ့ ရှင်းအောင် မလုပ်ဘူးဆိုရင် မနက်ဖြန် ငါ့ရှေ့နေတွေဆီကနေ အနည်းဆုံး ပို့စာ ဆယ်စောင် ရောက်လာမယ်လို့ အာမခံတယ် … “ သခင်လေးကျောက်က သူ့ကြွယ်ဝမှုအား ကြွားဝါရသည်ကို နှစ်သက်ရုံမျှမကဘဲ လျှာကလည်းကြမ်းသလို ၊ စရိုက်ကလည်း ကြမ်းသည်။

အပေါ်သို့ ရောက်လာသည်နှင့် ချက်ချင်းဆိုသလို ချန်ယွီ့ကို အော်ဟစ်တော့၏။

ချန်ယွီ့ကို တောင်းပန်ဖို့ ပြောဆိုလာသည့် အပြင် ချန်ယွီ့က တောင်းပန်စာ တစ်စောင်ရေးပြီး သူ့လိုက်စထွင်းတွင် တစ်လ ပင်းထောက်ထားမှာကိုလည်း လိုချင်သည်။

“ မင်းက ငါ့ကို တောင်းပန်ဖို့ပဲ ဆက်တိုက် ပြောနေတယ် …” ချန်ယွီ့ အေးအေးလူလူ ပြောလိုက်ပြီး “ ငါက ဘာကိစ္စနဲ့ တောင်းပန်ရမှာ …”

“ ဒါပေါ့ … လက်ကောက်ကိစ္စကြောင့်ပဲပေါ့ …”

သခင်လေးကျောက်က တုံ့ဆိုင်းခြင်း မရှိ ခွန်းတုံ့ပြန်လာသည်။

“ အဲ့လက်ကောက်က လူသား အရိုးနဲ့ လုပ်ထားတာ မဟုတ်ဘူး … အရည်အသွေးမြင့် ဆင်စွယ်နဲ့ လုပ်ထားတဲ့ဟာ …”

“ ငါ နိုင်ငံခြား သွားဖြစ်တုန်းက လေလံအိမ်မှာ ဝယ်ခဲ့တဲ့ဥစ္စာ … အဲ့ဒါလေးကို ယွမ်ငါးသိန်းတောင် ပေးရတယ် …”

“ မင်းက အဲ့တာကို လူသားအရိုးနဲ့ လုပ်ထားပါတယ် ဆိုပြီး ပြောနေတယ် … တကယ်လို့ ဒါက စော်ကားတာ မဟုတ်ဘူးဆိုရင် ဘာလဲ … “

သူ့စကားလုံးများကို ကြားတော့ ချန်ယွီ့ မည်သည့်တုံ့ပြန်မှုမျှ မလုပ်ချေ။ ထိုအစား ကျိုးမုန့်မုန့်ကို ကြည့်လိုက်သည်။

“ ဒီရဲ့လူနာ … မင်း စောနက ပစ်လိုက်တဲ့ လက်ကောက်ကို ပြန်ကောက်ပြီး သေချာကြည့်လို့ရအောင် ကင်မရာအနား ကပ်ပြလိုက်ပါ…”

ကျိုးမုန့်မုန့် ကြောက်ရွံ့နေသည့်တိုင် သူမ၏ သတ္တိများကို ဖျစ်ညှစ်ပြီး ကြမ်းပြင်ပေါ် ကျနေသည့် လက်ကောက်ကို ကောက်ယူလိုက်သည်။

မကြာမီ ကျိုးမုန့်မုန့်က လက်ကောက်ကို ကင်မရာအနားသို့ ကပ်ပြလာသည်။

သခင်လေးကျောက်က တစ်ချက်ကြည့်ပြီး ပြောလိုက်၏။ “ ဟုတ်တယ် … ဒါ ငါ မမလေးကျိုးကို သိပ်မကြာခင်တုန်းက လက်ဆောင်ပေးခဲ့တဲ့ ဆင်စွယ်လက်ကောက်ပဲ …”

“ လူသားအရိုးနဲ့ လုပ်ထားတဲ့ဟာ မဟုတ်ဘူး … မမလေးကျိုး … မင်း ဒီ မျိုးမစစ် လိမ်ညာတာကို မခံနဲ့ …”

ကျိုးမုန့်မုန့် နှုတ်ခမ်းကိုက်လိုက်၏။

သခင်လေးကျောက်၏ စကားလုံးများထဲတွင် ယုံကြည်မှုတို့ ပြည့်လျှံနေသည်။ သူမ မည်သို့ပင် ကြည့်ရှုပါစေ သူ့မျက်နှာထက်တွင် မသင်္ကာစရာ မည်သည့်အရိပ်အယောင်ကိုမျှ မမြင်တွေ့ရချေ။

“ ဒီရဲ့ လက်ကောက်က လူသားအရိုးနဲ့လား ဆင်စွယ်နဲ့ လုပ်ထားတာလား သက်သေပြချင်တယ်ဆို အလွယ်လေးပါ …” ချန်ယွီ့ ပြုံးလိုက်ပြီး “ နာမည်ရှိတဲ့ ရှေးဟောင်း ပစ္စည်းရောင်းတဲ့ဆိုင်ကို ရှာပြီး သူတို့ရဲ့ ရာဖြတ်ကို တစ်ချက်ကြည့်ခိုင်းလိုက် … ဒါဆို ဆင်စွယ်နဲ့လား လူသားအရိုးနဲ့လား သိပြီပဲလေ …”

“ အိုး … ဟုတ်သားပဲ … အဲ့လိုဆို အတည်ပြုလို့ လွယ်သွားပြီ …”

ကျိုးမုန့်မုန့် ရုတ်ချည်း ဉာဏ်အလင်းပွင့်သွားသည့်နှယ် ခံစားလိုက်ရသည်။ ဤအရေးနှင့် ပတ်သက်၍ အချင်းများစရာ မလိုတော့ချေ။

ကျိုးမုန့်မုန့် သူမ ဖုန်းကို ထုတ်၍ သူမ နေရာအနီးတစ်ဝိုက်ရှိ အကြီးမားဆုံး ရှေးဟောင်းပစ္စည်းအရောင်းဆိုင်ကို ရှာဖွေပြီး သူမ ပစ္စည်းကို အကဲဖြတ်ပေးရန်အတွက် ရာဖြတ်တစ်ဦးကို ပိုက်ဆံပေးလိုက်သည်။

နာရီဝက်ကြာပြီးနောက် ရလဒ် ထွက်ပေါ်လာသည်။

ရာဖြတ်၏ လေ့လာဆန်းစစ်မှု အရ ၊ လက်ကောက်က ဆင်စွယ်နှင့် ပြုလုပ်ထားတာ မဟုတ်။ တကယ့်ကို လူသားအရိုးနှင့် ပြုလုပ်ထားတာ ဖြစ်သည်။

“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ….”

သခင်လေးကျောက်မှာ မိုးကြိုးပစ်ခံလိုက်ရသည့်နှယ် တောင့်တင်းသွားခဲ့သည်။

အထောက်အထား စစ်ဆေးသည့် ဖြစ်စဉ် တစ်ရပ်လုံးက ကင်မရာအရှေ့တွင် ဖြစ်သွားခဲ့တာ ဖြစ်ပြီး အကုန်လုံးလည်း တိုက်ရိုက်မြင်တွေ့နေရသည်။

အတုအယောင် ပြုလုပ်သည်မျိုး လုံးဝ မဖြစ်နိုင်ချေ။

“ အစကနေ အဆုံးထိ မင်း အထင်လွဲနေတာ တစ်ခု ရှိတယ်…” ချန်ယွီ့ ရှင်းပြလိုက်သည်။ “ ငါက ဒီလက်ကောက်က လူသားအရိုးတွေနဲ့ လုပ်ထားတယ်လို့ပဲ ပြောတာ .. မင်း ကျိုးမုန့်မုန့်ကို ထိခိုက်နစ်နာစေလိုတယ်လို့ တစ်ခါမှ မပြောခဲ့ဖူးဘူး …”

ချန်ယွီ့ စကားကို နားထောင်ပြီးနောက် ကြည့်ရှုသူများမှာ ဖြစ်ပျက်ခဲ့သည့် အရာများကို တစ်ခုပြီး တစ်ခု ပြန်လည်မြင်ယောင်ကြည့်လိုက်သည်။

အမှန်တကယ်လည်း ချန်ယွီ့က ဤလက်ကောက်ကို လူသားအရိုးနှင့် ပြုလုပ်ထားသည်ဟုပဲ ပြောခဲ့သည်။ လူသားအရိုးက မုန့်မုန့်နှလုံးသားထဲရှိ မကောင်းသည့် အတွေးများကို မီးစာလောင်းထည့်ပေးပြီး ထို့ကြောင့်ပဲ စိတ်ဓာတ်ကျမှုကြောင့် ကိုယ့်ကိုယ်ကို အဆုံးစီရင်လိုနေခြင်းပင်။

သခင်လေးကျောက်က ကျိုးမုန့်မုန့်ကို ထိခိုက်နစ်နာစေလိုကြောင်း စကားတစ်ခွန်းမှ မပြောခဲ့ချေ။

All Chapters