← Chapters

ICU ကနေ ဆက်သွယ်လာခြင်း

Vol. 10 Ch. 96

ICU ကနေ ဆက်သွယ်လာခြင်း

Vol. 10 Ch. 96

ချမ်းသာတဲ့ သူဌေးသမီးလေးကို လက်ထဲ အပြီအပိုင် ဆုပ်ကိုင်ထားပြီးနောက်တွင် ပျော်ရွှင်တဲ့ ဘဝ ရဲ့ အာရုံက တခြား မိန်းကလေးများထံ ရောက်ရှိသွားသည်။

သူ့ တက္ကသိုလ် ဒုတိယနှစ်တွင် မိန်းကလေးတစ်ဦးကို အတင်း ကိုယ်ဝန် ဖျက်ချခိုင်းခဲ့သည်။

သူမမှာ တစ်သက်လုံး ကိုယ်ဝန်မဆောင်နိုင်လုနီးပါး ဖြစ်သွားခဲ့ရလေသည်။

သူ့ကြောင့်နှင့် အတင်းအကြပ် ကိုယ်ဝန်ဖျက်ချလိုက်ရသည့် အခြား မိန်းကလေး တစ်ဦးလေး ရှိသေး၏။

ထိုကောင်မလေးမှာ လုံးဝ သည်းမခံနိုင်တော့ဘဲ သူ့မကောင်းကြောင်းများကို ကျောင်းတွင် ဖော်ထုတ်ဖို့ လုပ်သည်။

သို့သော် ပျော်ရွှင်တဲ့ဘဝက ထိုအချင်းအရာအတွက် ပြင်ဆင်ထားပြီး ဖြစ်၏။

ချမ်းသာတဲ့ သူ့ကောင်မလေးရဲ့ ပိုက်ဆံကို သုံးပြီး လက်ပါးစေများ ဝယ်ယူကာ တက္ကသိုလ်ဝန်းအတွင်း ထိုမိန်းကလေး၏ ဂုဏ်သိက္ခာကို ဖျက်စီးခိုင်းခဲ့သည်။

“ စောက်ငရဲပဲ …. မကောင်းတဲ့ကောင်နဲ့ မကောင်းတဲ့ကောင်မ …. လိုက်လည်းလိုက်ဖက်တဲ့ နှစ်ယောက်ပဲ ….”

“ ဒီအစ်ကိုကြီးက လွန်ခဲ့တဲ့ နှစ် ၂၀ ကတည်းကရင် စိတ်ကစားနည်းတွေကို ကောင်းကောင်းကျွမ်းနေပြီ …. မကောင်းတဲ့ကောင်တွေကြားထဲမှာတောင် တကယ့်ကို စီနီယာပဲ ….”

“ သူ့ အနာဂတ် တစ်ခုလုံး အခက်အခဲ အဖုအထစ်တွေနဲ့ ကြုံပါစေလို့ ဆုတောင်းတယ် ….”

“ လမ်းသွားရင်း မြွေပွေးကိုက်၊ လမ်းကူးရင်း ကားတိုက် ၊ ခလုတ်တိုက်ပြီး ချော်လဲ ခေါင်းကွဲ …. ဒင်း အသေဆိုးနဲ့ သေပါစေလို့ ငါကျိန်တယ် …”

ချန်ယွီ့ ပြောသည့်အတိုင်းဆိုပါက ပျော်ရွှင်တဲ့ဘဝရဲ့ တက္ကသိုလ်သက်တမ်း လေးနှစ်တာ ကာလတွင် ကောင်မလေး တစ်ဒါဇင်ကျော်ခန့်မှာ ကစားပြီး စွန့်ပစ်ခံခဲ့ရသည်။

ကောင်မလေး တစ်ယောက်ပင် မထားဖူးကြသည့် FA အပေါင်းမှာတော့ ထိုအကြောင်းကို တွေးမိပြီး စိတ်နာစွာဖြင့် ကျိန်စာတိုက်နေကြတော့၏။

သို့သော် ပျော်ရွှင်တဲ့ဘဝကတော့ ရှက်ရွံ့ခြင်း မရှိသည့်အပြင် သူ့ကိုယ်သူပင် နက်နက်ရှိုင်းရှိုင်း ဂုဏ်ဆာနေခဲ့သည်။

ထိုအရာကလည်း ကောင်မလေးရဲ့ ချမ်းသာတဲ့ မိဘများက ပျော်ရွှင်တဲ့ဘဝ သူတို့ သမီးလေးနှင့် တိတ်တိတ်လေး တွဲနေတာကို မသိခင် အချိန်ထိပင်။

သူတို့က လူလွှတ်၍ နောက်ခံကို စစ်ဆေးခိုင်းလိုက်သည့်အခါ သူတို့ သမီးလေးရဲ့ကောင်လေး လုပ်ခဲ့ဖူးသည့် ကိစ္စရပ်များအားလုံး ဘူးပေါ်သလို ပေါ်လာသည်။

ချက်ချင်းပဲ သူတို့သမီးလေးကို နိုင်ငံခြားသို့ ပညာတော်သင်လွှတ်ကာ ပျော်ရွှင်တဲ့ ဘဝကိုတော့ လူမိုက်များဖြင့် မှတ်သားလောက်သည်အထိ နှစ်နာရီကျော်ကြာ သင်ခန်းစာ ပေးခိုင်းခဲ့သည်။

ပျော်ရွှင်တဲ့ ဘဝလည်း နှစ်ဝက်လောက်အထိ ဆေးရုံတက်လိုက်ရ၏။

ထို့နောက် ချမ်းသာတဲ့ကောင်မလေးရဲ့ မိဘများက သူတို့ရဲ့ အဆက်အသွယ်တွေကို အသုံးချပြီး အကြောင်းအရင်းမဲ့ အတန်းပျက်မှုကြောင့်ဟု ဆိုကာ ကျောင်းထုတ်ခိုင်းလိုက်သည်။

“ အဲ့လိုတွေ ကြုံတွေ့ခဲ့ရတာတောင် ခင်များက ခင်များရဲ့ မြာပွေတတ်တဲ့ စရိုက်ကို ဘယ်တော့မှ မပြောင်းလဲဘူး ….”

“ သင်ခန်းစာ ပေးခံခဲ့ရပြီးတဲ့နောက်မှာ ခင်များက ကိုယ့်ကိုယ်ကို အနည်းနဲ့ အများ ထိန်းသိမ်းပြီး ဘယ်လိုမျက်နှာဖုံးမျိုး တပ်ဆင်ရမလဲဆိုတာ သိလာတယ် ….”

“ တခြားလူတွေရှေ့မှာဆိုရင် ခင်များက မိန်းမကို ငုံထားမတတ် ချစ်တဲ့ ခင်ပွန်းကောင်း ၊ ပြီးတော့ အလုပ်ကြိုးစားတတ်တဲ့ အလုပ်သမားကောင်းတစ်ယောက် ….”

“ သူတို့နောက်ကွယ်ကျရင်တော့ ခင်များက နေချင်သလိုနေတယ် … ကဲချင်သလို ကဲတယ် ….”

ဘုတ် …

ချန်ယွီ့ စကားကို နားထောင်ပြီးနောက်တွင် သက်လတ်ပိုင်း အမျိုးသားက ကြမ်းပြင်သို့ ပြုတ်ကျသွားခဲ့သည်။

အချိန်အတော်ကြာသည်ထိတိုင် ပြန်မထလာတော့ချေ။

“ သူ သတိလစ်သွားတာများလား ….”

“ ဟုတ်လောက်တယ် …”

“ ဒီလို မကောင်းတဲ့ကောင်က မိုးကြိုးပစ်ပြီး သေသွားရမှာ … ဦးထုပ်စိမ်းဆောင်းခံလိုက်ရတာ နည်းတောင်နည်းသေးတယ် …”

“ သူ့မိန်းမ လုပ်တာတော်တယ် …..”

“ မကောင်းတာတွေ လုပ်ခဲ့ရင် မကောင်းတဲ့အရာတွေက ကိုယ့်ဆီ တဖြည်းဖြည်းချင်း ပြန်ရောက်လာမှာပဲ ….”

“ ဒီနေ့ကတော့ သူ ဝဋ်လည်တဲ့နေ့လို့ ထင်တယ် ….”

“ ယုတ္တိရှိတယ် … ငါ့အထင် ကံဆိုးတဲ့ တတိယလူနာလည်း ခဏနေကျရင် ဒေါက်တာချန်ရဲ့ ဖော်ထုတ်တာ ခံရလောက်တယ် ….”

“ ဟားဟား …. မင်းက သေချာလှချည်လားကွ ကိုယ့်လူ ….”

“ သခင်လေးကျောက်က ဖမ်းခံလိုက်ရတယ် … ပြီးတော့ ဒီ မကောင်းတဲ့ကောင်ကလည်း သတိလစ်သွားတယ် …. ကံဆိုးတဲ့ တတိယလူဆိုရင် ဘယ်လိုဖြစ်သွားမလဲ မှန်းကြည့်လိုက် …..”

ကြည့်ရှုသူများ ဤအကြောင်း ဆွေးနွေးနေစဉ် ချန်ယွီ့က သူ့မောက်စ်ကို ထိန်းချုပ်၍ ခေါ်ဆိုမှုကို ဖျက်သိမ်းလိုက်သည်။

သူ့ နှလုံး တစ်ချက်တုန်ခါသွား၏။ ပြီးနောက် သူ့အမူအရာကလည်း ရှုပ်ထွေးလာသည်။

“ အဟွတ် အဟွတ် အဟွတ် ….”

တတိယလူ ဝင်ရောက်လာခဲ့သည်။

ကြည့်ရှုသူများအားလုံးမှာ မယုံကြည်နိုင်မှုကြောင့် မျက်လုံးများ ပြူးကျယ်သွားခဲ့၏။

လိုက်စထွင်းထဲ ခေါ်ဆိုလာသူက ဆေးပစ္စည်းကိရိယာမျိုးစုံ ထားရှိသည့် လူနာခန်း တစ်ခုထဲတွင် ရှိနေကြောင်း ဖော်ပြနေသည်။

ဆေးကျောင်းသားများ၊ ဆရာဝန် အလုပ်ကို လုပ်ကိုင်နေကြသည့် ကြည့်ရှုသူများမှာ ထိုလူက အထူးကြပ်မတ် ကုသဆောင်ထဲ ရှိနေသည်ကို ပြောနိုင်ကြသည်။

နှလုံးခုန်သည့်စက်က ပြသနေသည်မှာ ခေါ်ဆိုလာသူက အင်မတန် အားနည်းပြီး ကုသနိုင်စွမ်းကို ကျော်လွန်သည့် ဝေဒနာတစ်ခုကို ခံစားနေရကြောင်း ပြောပြနေလျက်ရှိ၏။

“ သူ့ နာမည်က ဘာလို့ [လယ်သမားရဲ့ သား ] လဲ … အပေါစားဆန်လိုက်တာ ….”

“ လယ်သမားရဲ့သားက ဘယ်လိုလုပ်ပြီး အပေါစားဆန်တယ် ဖြစ်ရမှာ …. မင်းတို့ ဘိုးဘေးတွေ သမိုင်းကို ပြန်ကြည့်ရင် ကျေးလက်နယ်ဘက်က မဟုတ်တဲ့လူ ဘယ်သူရှိလို့ ….”

“ ငါ့အထင် သူကမှ ဒေါက်တာချန်ဆီ အကူအညီတောင်းသင့်တဲ့လူပဲ ….”

“ ၁၀၀ ရာခိုင်နှုန်းထောက်ခံတယ် ….”

ခေါ်ဆိုလာသူ၏ အခြေအနေက ဤသို့ ဖြစ်လာလိမ့်မည်လို့ တကယ့်ကို ထင်မထားခဲ့ပေ။

ချန်ယွီ့ရဲ့ အမာခံဖန်များက သူ့လိုက်စထွင်းများကို တစ်ခုတစ်လေမျှပင် မလွတ်ဖူးကြဘဲ ကြည့်ရှုသူ အသစ်များသည်ပင် သူ့ လိုက်စထွင်း မှတ်တမ်းဟောင်းများကို ကြည့်ပြီးသူများ ဖြစ်ကြ၏။

ချန်ယွီ့ရဲ့ ဧည့်သည်များက နယ်ပယ်မျိုးစုံ၊ ဘဝအခြေအနေမျိုးစုံက လူများဖြစ်ကြသည်။

သို့သော် သူတို့တွေ တစ်ခါမှ မမြင်ဖူးသည့်လူက ဆေးရုံရောက်နေသည့် လူနာဖြစ်၏။

ဆေးရုံကုတင်တွင် လဲလျောင်းနေသည့် ဧည့်သည်က အတော်လေး အရွယ်အိုသည်။ သူ့မျက်နှာက လောကဓံ အထုအထောင်းမျိုးစုံကို ဖြတ်သန်းဖူးသည့် မျက်နှာမျိုးဖြစ်ပြီး ခန္ဓာကိုယ်ကလည်း ချည့်နဲ့ အားအင်ဆုတ်ယုတ်နေ၏။ သူ့ ဆံပင်တွေအားလုံးလည်း မရှိတော့ပေ။

ဘေးရှိ ဆေးမှတ်တမ်းက ဤလူမှာ အသက် ၅၆ နှစ်ရှိပြီ ဖြစ်ကြောင်း ပြသနေသည်။

နာမည်က လီဝေ့ဖြစ်ပြီး အသည်းကင်ဆာ နောက်ဆုံး အဆင့်ဖြစ်၏။

“ အဟွတ် အဟွတ် အဟွတ် … “

ပြင်းထန်သည့် ချောင်းဆိုးသံနှင့်အတူ နာ့စ်တစ်ဦးက ကင်မရာရှေ့တွင် ထွက်ပေါ်လာသည်။

သူမက လီဝေ့ကို ထနိုင်စေရန်အတွက် ညင်သာစွာ ကူညီပေးလိုက်၏။

“ ဒေါက်တာချန် …..” လီဝေ့က အားနည်းစွာ ပြောသည်။ “ မင်္ဂလာပါ …”

“ မင်္ဂလာပါ ….” ချန်ယွီ့ ခွန်းတုံ့ပြန်လိုက်၏။

“ ဒေါက်တာချန် … ငါ …. အဟွတ် အဟွတ် အဟွတ် …..”

စကားလုံး အနည်းငယ် ပြောပြီးနောက်တွင် လီဝေ့က ပြင်းထန်စွာ စတင်ချောင်းဆိုးလာသည်။

“ ရှင့်ခန္ဓာကိုယ်က အချိန်အကြာကြီး စကားပြောနိုင်တဲ့အထိ မကျန်းမာသေးဘူးလေ …” ဘေးရှိ နာ့စ်က သူ့ကို ပြောလိုက်ပြီး “ တစ်ခုခု ပြောချင်တာရှိရင် ကျွန်မ ရှင့်ကိုယ်စား ပြောပေးမယ် ….”

“ မဟုတ်ဘူး …. ဒါ ငါ့ကိစ္စ …. ဒေါက်တာချန်အပေါ် ငါ့ရဲ့ လေးစားမှုကို ဖော်ပြဖို့ ငါကိုယ်တိုင် ပြောရမယ် ….”

လီဝေ့က လက်ကို ခက်ခက်ခဲခဲ မြှောက်၍ နာ့စ်၏ ကြင်နာမှုကို ငြင်းပယ်လိုက်သည်။

“ ကောင်းကင်က ငါ့အပေါ် ကြင်နာတယ် …. ငါ မသေခင်လေးမှာ ငါ့ရဲ့ နောက်ဆုံး ဆန္ဒကို ဖြည့်ဆည်းနိုင်ဖို့ ဒီလို ကံကောင်းတဲ့ အခွင့်အရေးမျိုး ပေးလာခဲ့တယ် ….”

“ သူ ဘယ်သူလဲ ငါသိတယ် …. သူက ရွှင်ပျော်ပျော် အုပ်စုရဲ့ ဥက္ကဌပဲ ….”

“ စောက်ကျိုးနည်း … ငါက သူတို့ချင်း နာမည်တူတာလားပေါ့ ….”

“ သူက သူ့ နှစ်စဉ် ဝင်ငွေရဲ့ အကျိုးအမြတ် သုံးပုံတစ်ပုံကို မသန်စွမ်း ဒုက္ခိတတွေဆီ အမြဲလှူဒါန်းပေးနေတဲ့ စီးပွားရေးလုပ်ငန်းရှင်မလား ….”

“ ငါ ကြားမိတာတော့ သူ့ ဝန်ထမ်း ၆၀ ရာခိုင်နှုန်းလောက်က မသန်စွမ်းတွေတဲ့ ….”

“ ဒီလောက် ကြင်နာတတ်တဲ့ လူကောင်းတစ်ယောက်မှာ အသည်းကင်ဆာက ဘာလို့ လာရှိရတာလဲ ….”

“ ငါ့မိဘတွေဆိုလည်း မသန်စွမ်းတွေ …. တကယ်လို့ ရွှင်ပျော်ပျော် အုပ်စုကြောင့်သာ မဟုတ်ရင် ငါ့ကို ကျောင်းထားပေးဖို့ ပိုက်ဆံရှာနိုင်မှာ မဟုတ်ဘူး ….”

“ ငါ အခုလေးတင် ရွှင်ပျော်ပျော်အုပ်စုအကြောင်း အင်တာနက်မှာ ရှာလိုက်တာ … သူတို့ရဲ့ လုပ်ရပ်တွေကို ဖတ်မိတော့ ငါ ငိုနေမိပြီ ….”

“ ကောင်းကင်က ကန်းနေတာပဲ … လူကောင်းတစ်ယောက်အပေါ် လုပ်ရပ်လွန်းတယ် ….”

ရွှင်ပျော်ပျော်အုပ်စုကို နိုင်ငံထဲ ပရဟိတ ကုမ္ပဏီ တစ်ခု အဖြစ် လူသိများသည်။ ၎င်း တည်ထောင်ချိန် အစပိုင်းတွင် မသန်စွမ်း အမြောက်အများကို ခေါ်ယူခန့်အပ်၍ အလုပ်ပေးခဲ့ပြီး ဤနှစ်များတစ်လျှောက်တွင်လည်း ရွှင်ပျော်ပျော် အုပ်စုက မသန်စွမ်း ဝန်ထမ်းပေါင်း တစ်သောင်းကျော်ကို ခေါ်ယူခဲ့သည်။

ယင်းက မသန်စွမ်း အလုပ်သမား ပြဿနာကို ဖြေရှင်းပေးရုံမျှမက နောက်မျိုးဆက်သစ်များ ပျိုးထောင်ပေးသည့် ပြဿနာကိုလည်း ဖြေရှင်းပေးနိုင်ခဲ့သည်။

ရွှင်ပျော်ပျော်အုပ်စုက အနှီ မသန်စွမ်း ဝန်ထမ်းများအတွက် နေရာစရာအိမ်နှင့် သူတို့ သားသမီးများအတွက် ကျောင်းထားစရိတ်စကတို့ကို ဖြေရှင်းပေးခဲ့သည်။

အပြင်ကမ္ဘာက ရွှင်ပျော်ပျော်အုပ်စုရဲ့ သူဌေးမှာ လီဝေ့ဟု အမည်တွင်ကြောင်းသာ သိသည်။ ဘာကြောင့်လဲဆိုတော့ လီဝေ့က သိုသိုသိပ်သိပ်သာ နေတတ်ပြီး သူ့ကိုယ်သူ အများရှေ့တွင် သိပ်ပြီး ကိုယ်ယောင်ပြလေ့ မရှိသောကြောင့်ပင်။

ဒုဥက္ကဌ သို့မဟုတ် ဒါရိုက်တာတစ်ဦးဦးကသာ အမြဲတမ်း လီဝေ့ရဲ့ အင်တာဗျူးများကို ဖြေဆိုပြီး သက်ဆိုင်ရာ ပွဲတော်များတွင် တက်ကြွ လှုပ်ရှားလေ့ရှိသည်။

တခြားသော စီအီးအိုများ ယာယီ ပရဟိတ လုပ်တာက သူတို့ကိုယ်ပိုင် အကျိုးစီးပွားအတွက် ဖြစ်ပြီး ... သို့သော် ရွှင်ပျော်ပျော် အုပ်စုကတော့ မသန်စွမ်းများကို အမြဲတမ်း ကူညီပေးသည်။ သူတို့ရဲ့ သဘောထားခံယူချက်က ဘယ်တော့မှ ပြောင်းလဲမသွားခဲ့ချေ။

ကြည့်ရှုသူများမှာ ချန်ယွီ့က သေချာပေါက် သူ့ရောဂါကို ကုသပေးနိုင်သည်ဟု လီဝေ့အား နှစ်သိမ့်စကားများ ဆိုလာခဲ့ကြသည်။

ရွှင်ပျော်ပျော်အုပ်စုက မသန်စွမ်း ဝန်ထမ်းအများစုကို ခေါ်ယူ အလုပ်ခန့်အပ်ခဲ့ရုံမျှမက သူတို့ ဂုဏ်သိက္ခာ၏ မဏ္ဍိုင်ကျောရိုးကြီးလည်း ဖြစ်သည်။

သူတို့က နိုင်ငံခြား ကုမ္ပဏီများ ဝယ်ယူဖို့ ကမ်းလှမ်းလာတာကို ထပ်ခါတလဲလဲ ငြင်းပယ်ခဲ့ပြီး ချိုသာသည့် ဈေးနှုန်းဖြင့် အရည်အသွေး မြင့်မားကောင်းမွန်သည့် ထုတ်ကုန်များကိုသာ ဆက်လက် ထုတ်လုပ်နေခဲ့၏။

အဆိုပါ အကြောင်းအရင်းတို့ကြောင့်ပဲ ဈေးကွက်ထဲတွင် လက်ဝါးကြီးအုပ်ထားသည့် နိုင်ငံခြား ကုမ္ပဏီ အမြောက်အများ၏ မျက်လုံးထဲတွင် ရွှင်ပျော်ပျော်အုပ်စုက အသားထဲ နစ်ဝင်နေသည့် စူးတစ်ချောင်း ဖြစ်လာသည်။

ဖိအား အမျိုးမျိုးက ရွှင်ပျော်ပျော်အုပ်စုအပေါ် ကျရောက်ခဲ့သော်လည်းပဲ သူတို့တွေ မယိမ်းယိုင်သွားခဲ့။ ဧရာမ ကြီးမားလှသည့် ဒိတ်ဒိတ်ကျဲ နိုင်ငံခြား ကုမ္ပဏီကြီးများနှင့် ရင်ဆိုင်ရသည့် အခါ၌ပင် သူတို့၏ ခံယူချက်ကို မပြောင်းလဲခဲ့ပေ။

သူတို့ တစ်စွန်းတစ်စ ကြားဖူးသည်ကတော့ ကုမ္ပဏီက ၎င်းတို့၏ အရေးမသာသည့် အခြေအနေများကြောင့် မသန်စွမ်း ဝန်ထမ်းများကို လျော့ချပစ်တာမျိုး ၊ ဒါမှမဟုတ် လခလျှော့ပစ်တာမျိုး မလုပ်ခဲ့ပေ။

ကုမ္ပဏီက သူတို့အားလုံးကို အတိတ်တွင် ဆက်ဆံခဲ့သည့် ပုံစံအတိုင်းပဲ ဆက်ဆံခဲ့သည်။

“ တိတ်မယ် …”

ချန်ယွီ့က စားပွဲကို ခပ်သာသာ ခေါက်လိုက်သည်။

“ ဒီရဲ့လူနာ … ကျေးဇူးပြုပြီး ခင်များရဲ့ ပြဿနာကို ပြောပါ ….”

“ ကျေးဇူးတင်ပါတယ် ဒေါက်တာချန် ….”

လီဝေ့ချန်က ဖျစ်ညှစ်ပြုံးလိုက်သည်။

“ ဒေါက်တာတွေ ပြောတာကတော့ ငါ့မှာ ရှင်ဖို့ သုံးလပဲ ကျန်တော့တယ် ပြောတယ် … ပြီးတော့ …. ငါကလည်း သေရမှာ ကြောက်တဲ့ လူစားမျိုးထဲ မပါဘူး … ငါ စိတ်မချတာက ငါ့ကုမ္ပဏီမှာရှိတဲ့ မသန်စွမ်း ဝန်ထမ်းတွေကိုပဲ …”

“ တစ်နေ့ … ငါမရှိတော့တဲ့ အချိန်ကျရင် အုပ်စုက ဒီခုလို အတိုင်းပဲ ပရဟိတ အလုပ်တွေ ဆက်ပြီး လုပ်နေမလား ငါမသေချာဘူး ….”

“ ငါ လာခဲ့တာက ... ဒေါက်တာချန်ကို အကူအညီတောင်းချင်လို့ပါ …. ငါသေပြီးသွားရင် အုပ်စုကို ဘယ်သူများ တာဝန်ယူပေးနိုင်မလဲ ….”

“ ဘယ်သူကများ မသန်စွမ်းတွေကို ဆက်ပြီးတော့ ကူညီပေးဖို့ ဆန္ဒရှိမလဲ ….”

ချန်ယွီ့ ဖြည်းညင်းစွာ ပြောလိုက်သည်။

“ ခင်များကလွဲရင် …. ဘယ်သူမှ မရှိဘူး ….”

All Chapters