← Chapters

သဘောကောင်းတဲ့ လူတစ်ယောက်ရဲ့ နောင်တ

Vol. 10 Ch. 97

သဘောကောင်းတဲ့ လူတစ်ယောက်ရဲ့ နောင်တ

Vol. 10 Ch. 97

ဤသည်ကို ကြားတော့ လီဝေ့ရဲ့ မျက်နှာအရောင်များ ဖြူဖျော့ ဆုတ်ယုတ်သွားခဲ့သည်။

“ ဒုဥက္ကဌတွေ … ဒါမှမဟုတ် ငါ့အုပ်စုထဲက ဒါရိုက်တာ တစ်ယောက်ယောက်လောက်ကများ ငါ့ ဆန္ဒတွေကို အမွေ မဆက်ခံပေးနိုင်ဘူးလား …”

ကြည့်ရှုသူများမှာ နှာမွှန်လာကြ၏။

လီဝေ့၏ ဦးဆောင်မှုအောက်တွင် ရွှင်ပျော်ပျော်အုပ်စုက မသန်စွမ်း အမြောက်အများကို ခေါ်ယူ အလုပ်ပေးထားခဲ့ပြီး လူမှုအသိုင်းအဝိုင်းထဲရှိ မသန်စွမ်း အမြောက်အများ၏ ပြဿနာကို ဖြေရှင်းပေးနိုင်ခဲ့သည်။

လီဝေ့က သိုသိုသိပ်သိပ်သာ နေတတ်သည့် လူတစ်ယောက်ဖြစ်သည်။ ထို့ကြောင့်လည်း သူ့ကုမ္ပဏီက TV သတင်း ကြေညာချက်များတွင် ပေါ်လာခဲသည်။

အကယ်၍ လွန်ခဲ့တဲ့ ၂ နှစ်တုန်းက ရွှင်ပျော်ပျော် အုပ်စုအကြောင်း တင်ဆက်ပေးသည့် စထွင်မာ တစ်ချို့၏ ဗွီဒီယိုများကြောင့်သာ မဟုတ်ပါက …

လူအများစုမှာ ဤသို့‌သော ပရဟိတ ကုမ္ပဏီတစ်ခုက နိုင်ငံထဲ ရှိနေတာကို သိကြမှာတောင် မဟုတ်ပေ။

ယခု … ကုမ္ပဏီရဲ့ခေါင်းဆောင်၊ လီဝေ့က ပြင်းထန်သည့် ရောဂါဝေဒနာကို ခံစားနေရပြီး ရှင်သန်နိုင်ဦးမည့် အချိန်သက်တမ်းကလည်း သိပ်မကျန်တော့ချေ။

သူ မသေခင် စိတ်မချနိုင်သည့် အရာတစ်ခုက သူ့ကျန်းမာရေး ပြန်လည်ကောင်းမွန်လာနိုင်ခြင်း ရှိမရှိလည်း မဟုတ်၊ သူ့ လက်ထဲရှိတဲ့ ကြွယ်ဝမှုတွေကို အမွေခွဲဝေပေးရေးလည်း မဟုတ်၊ ထိုအစား သူ့ကုမ္ပဏီ ဝန်ထမ်းများကို ဖြစ်၏။ ခက်ခဲကြမ်းတမ်းသည့် ဘဝကို ဖြတ်သန်းရသည့် မသန်စွမ်း ဒုက္ခိတ ဝန်ထမ်းများပင်။

“ ရွှတ် … လူကောင်းတွေက ဘာလို့ ဆုချမခံရတာလဲ ….”

ဤကွန်းမန့်တက်လာပြီးနောက် များပြားသည့်ကွန်းမန့်များ စကားပြောခန်းထဲ ပြည့်နှက်လာသည်။

“ ကောင်းတာလုပ်တဲ့လူက ကောင်းကျိုးခံစားရမယ်ဆိုတာ ငါယုံကြည်ခဲ့တယ် … ဒါပေမယ့် ငါအခု ဆက်ပြီး မယုံကြည်နိုင်တော့ဘူး …”

“ လူကောင်းတစ်ယောက်က သူတို့ရဲ့ ကောင်းကျိုးအသီးအပွင့်တွေ မခံစားနိုင်ခင် အခက်အခဲပေါင်း ၉၀၀ ကျော်ကို ကျော်ဖြတ်ရတယ် ….”

“ သူ့ရဲ့ ဆုလဒ်ကိုတောင် မရနိုင်ခင်မှာဘဲ လောကကြီးထဲက ထွက်သွားရတော့မယ် ….”

“ ဟင်း … ကောင်းတာလုပ်တိုင်းလည်း ကောင်းကျိုးခံစားရတာ မဟုတ်ဘူးပဲ ….”

မရေမတွက်နိုင်သည့် ကြည့်ရှုသူများက မမျှတသည့် ကောင်းကင်ကို စပြီး စောဒကတက်ကြသည်။ လူကောင်းတစ်ယောက်က စောစီးအနားယူသွားရသည့်အပေါ် သူတို့တွေ မကျေမချမ်း ဖြစ်နေကြ၏။

အခြားတစ်ဖက်ရှိ မကောင်းမှု ဒုစရိုက်မှန်သမျှကို ကျူးလွန်နေကြသူများကတော့ ကံကံ၏ အကျိုးကို မခံစားရဘဲ သက်တောင့်သက်သာနှင့် လွတ်လပ်သည့် ဘဝကို ရရှိနေကြသည်။ သူတို့ကတော့ အင်မတန့် အင်မတန် သက်ဆိုးရှည်ကြ၏။ အထူးသဖြင့် နှလုံးသားမဲ့သည့် လူကုန်ကူးသမားများပင်။

အကယ်၍ ငရဲကသာ လူခေါ်ချင်ပါက ထို ခွေးသူတောင်းစား မျိုးမစစ်များကို ခေါ်ယူသင့်သည်။ လူကောင်းတွေချည်း ရွေးခေါ်သည့် ယမမင်းကြီးလည်း ကန်းနေလို့ပဲ ဖြစ်၏။

စကားပြောခန်းထဲရှိ ကွန်းမန့်များကို ဖတ်ရင်း လီဝေ့၏ မျက်လုံးတို့ထဲ ခံစားချက်များဖြင့် ပြည့်နှက်သွားသည်။

“ လူကြီးမင်း …” ချန်ယွီ့က တည်ငြိမ်စွာ ပြောဆိုလိုက်၏။ “ ခင်များ ဖျားနာရတဲ့ အကြောင်းအရင်းက နေ့တိုင်းနေ့ အလုပ်တွေပဲ အလွန်အကျွံ လုပ်ခဲ့လို့ပဲ ….”

“ ခင်များရဲ့ ခန္ဓာကိုယ် မသက်မသာ ဖြစ်လာတဲ့ အခါတိုင်း ဘယ်တော့မှ အလေးမနက် မထားဘူး ….”

“ ခင်များ အခု နောင်တရနေပြီလား ….”

လီဝေ့က အပြုံးတစ်ခုကို အားတင်း လုပ်ယူလိုက်သည်။

“ ငါတို့ ဘဝကြီးက ဆယ်စုနှစ် အနည်းငယ်လောက်ပဲ ရှင်သန်နိုင်တာ … အဓိပ္ပာယ်ရှိတဲ့ ၊ အကျိုးရှိတဲ့ အလုပ်တွေ လုပ်ခဲ့တာနဲ့တင် တန်နေပါပြီ …”

“ ငါ့လုပ်ရပ်တွေအတွက် နောင်တရလားဆိုတော့ …..”

လီဝေ့က သူ့ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်သည်။

“ လွန်ခဲ့တဲ့ နှစ်ဝက်လောက်တုန်းက ငါ့အသည်း တော်တော်လေး မသက်မသာဖြစ်တယ် …”

“ ငါ့ဝန်ထမ်းက ငါ့ကို‌ ဆေးရုံမှာ စစ်ဆေးကြည့်ပြီး ခဏလောက် အားမွေးဖို့ ပြောတယ် ….”

“ အဲ့တုန်းကတည်းက ငါ့မှာ အတော်လေး ပြင်းထန်တဲ့ ဝေဒနာ တစ်ရပ် ခံစားနေရပြီဆိုတာ ငါ ခန့်မှန်းပြီးသား ….”

“ ဘာလို့ဆို တကယ်လို့ အသေးအမွှားလေးပဲ ဖြစ်တာဆိုရင် ဒီလောက် အချိန်အကြာကြီး ဖြစ်နေစရာအကြောင်းမှ မရှိတာ ….”

“ ဒါပေမယ့် နည်းလမ်းမရှိဘူး … ငါ ကုမ္ပဏီကို ထားမသွားနိုင်သလို ထားသွားလို့လည်း မရဘူး ….”

လွန်ခဲ့တဲ့ လအနည်းငယ် ကာလကို ပြန်မြင်ယောင်ရင်း လီဝေ့ စိတ်ခံစားချက်တို့ ပြင်းထန်လာရသည်။

ထိုအချိန်တုန်းက အုပ်စုမှာ နိုင်ငံခြား ကုမ္ပဏီအမြောက်အများ၏ ဖိအားပေးမှုကို ရင်ဆိုင်နေရချိန် ဖြစ်သည်။

အကယ်၍ သူသာ သတိလက်လွတ် ပြုမူမိပါက အုပ်စုတစ်ခုလုံး ဝါးမျိုးခံရနိုင်သည့် အခြေအနေအောက်သို့ ကျရောက်နေသည်။

အုပ်စု၏ တည်ထောင်သူ တစ်ဦး ၊ တာဝန်ရှိသူ တစ်ဦးအနေဖြင့် လီဝေ့ သူ့ ရပ်တည်ချက်ကို ပြရမည်။ သူက လူတိုင်းအတွက် ခွန်အားဖြစ်စေရမည်။

တစ်နေ့ သူ ရုံးခန်းထဲ အလုပ်လုပ်ရင်း ရုတ်တရက် သတိလစ်သွားခဲ့သည့် အခါမှသာ သူ့ဝန်ထမ်းများ၏ အကူအညီဖြင့် ဆေးရုံသို့ ရောက်လာခဲ့ခြင်းပင်။

၎င်းနောက် ချက်ချင်းပဲ ကြောက်မက်ဖွယ်ရာ သတင်းကြီး တစ်ခုက ရောက်လို့လာသည်။

လီဝေ့ရဲ့ ရောဂါဆန်းစစ်မှုက အသည်းကင်ဆာဟု ပြသနေပြီး ရောဂါ အခြေအနေကလည်း နောက်ဆုံးအဆင့် ဖြစ်သည်။

ထိုအချိန်၌ လီဝေ့မှာ အသက်ကို မောဟိုက်စွာ ရှူရှိုက်နေရသည်။ ဘေးရှိ နာ့စ်က ချက်ချင်းပဲ အောက်စီဂျင်မာ့စ် တပ်ပေးလိုက်၏။

သူမက လီဝေ့ရဲ့ နားထဲသို့ စကား တီးတိုးပြောလိုက်သည်။

“ နောက်ဆက်တွဲကို ကျွန်တော် ခင်များကိုယ်စား ပြောပေးမယ် …” ချန်ယွီ့ ကမ်းလှမ်းလိုက်သည်။

လီဝေ့ ခေါင်းညိတ်ပြလိုက်၏။

အသည်းကင်ဆာကို ကုသနေစဉ်အတွင်း လီဝေ့ ပြင်းထန်သည့် နာကျင်မှု ဝေဒနာကို ခံစားခဲ့ရသည်။

ကြင်နာတတ်သည့် နာ့စ်ဖြစ်သူ ရှောင်နာ့က လီဝေ့နှင့် မကြာခဏ စကားလာပြောပြီး သူ့နာကျင်မှုများကို လျော့ပါးစေသည်။

ချန်ယွီ့ အောင်မြင်ကျော်ကြားပြီး ရေပန်းစားချိန်တွင် ရှောင်နာ့လည်း လိုက်စထွင်းအဟောင်းတစ်ချို့ကို လီဝေ့အတွက် ဖွင့်ပြပြီး ဝေဒနာတစ်ချို့ကို သက်သာစေသည်။

ကြည့်ရှုပြီးနောက် လီဝေ့သည်လည်း အများနည်းတူ အတွေးတစ်ခုကို တွေးတောမိသည်။

ချန်ယွီ့က ဆန်းကြယ်ပြီး ထူးကဲသာလွန်သည့် အစွမ်းအစတို့အား ပိုင်ဆိုင်ထားသည်။ ထို့ကြောင့်ပဲ ချန်ယွီ့က သူ့ ဘဝနောက်ဆုံးအခိုက်အတန့်တွင် သူ့ကို ညွှန်ပြပေးနိုင်ပါစေဟု ဆုတောင်းခဲ့၏။

သူ မရှိတော့သည်နှင့် သူ့အုပ်စုကို ဆက်ခံပေးနိုင်မည့်သူကို ချန်ယွီ့က ကိုယ်စား ရွေးချယ်ပေးဖို့ မျှော်လင့်နေခဲ့သည်။

“ ခင်များ ကုမ္ပဏီက မသန်စွမ်း ဝန်ထမ်းတွေ အပြင်ကို ….” ချန်ယွီ့ ဖြည်းညင်းစွာ ဆိုလိုက်ပြီး “ ခင်များရဲ့ ညီကလည်း ခင်များ စိတ်အပူဆုံး ကိစ္စတစ်ခုပဲ ဟုတ်တယ်မလား …”

သူ ထိုစကားလုံးများ ပြောလိုက်သည်နှင့် နှလုံးခုန်နှုန်းကို စောင့်ကြည့်သည့် စက်တွင် ပြင်းထန်သည့် အတက်အကျတို့ ဖြစ်ပေါ်လာသည်။

“ ဒေါက်တာချန် … ရှင် အမှတ်မှားနေတာလား ….”

ရှောင်နာ့က လီဝေ့ကို နှစ်သိမ့်ပေးနေရင်း လီဝေ့က တစ်ဦးတည်းသော သားဖြစ်ကာ မည်သည့် ညီအစ်ကိုမောင်နှမမျှ မရှိကြောင်း ပြောပြသည်။

ဤသည်ကိုလည်း ဆေးရုံဝင်ခွင့် စာရွက်စာတမ်းထဲတွင် ထိုအတိုင်း ရှင်းလင်းစွာ ရေးထားလေသည်။

“ မဟုတ်ဘူး … သူ့မှာ ညီတစ်ယောက် ရှိသေးတယ် …”

“ ဒီတိုင်း … သူ ငယ်ငယ်တုန်းက သူ့ညီကို လူကုန်ကူးသမားတွေက ဖမ်းသွားခဲ့လို့ပဲ ….” ချန်ယွီ့က တည်ငြိမ်သည့်အမူအရာဖြင့် ခွန်းတုံ့ပြန်လိုက်၏။

ထိုစကားကို ကြားတော့ ရှောင်နာ့ ကြက်သေသေသွားခဲ့သည်။

နှလုံးခုန်နှုန်းကို စောင့်ကြည့်တဲ့ စက်ကလည်း တစ်ဖန်ပြန်ပြီး အသံမြည်လာသည်။

ဆိုလိုသည်က ချန်ယွီ့ ပြောသည့် စကားတို့ မှန်ကန်သည် ဟူ၍ပင်။

လီဝေ့တွင် လူကုန်ကူးသမားများ ပြန်ပေးဆွဲသွားတာ ခံလိုက်ရသည့် ညီလေးတစ်ယောက် ရှိခဲ့ဖူးသည်။

“ လူကုန်ကူးသမားတွေကို မျိုးဖြုတ် တိုက်ဖျက်ဖို့လို့ ပြောရင် သဘောမတူတဲ့လူ ရှိမယ်မထင်ဘူး ….”

“ ဒီ လူကုန်ကူးသမားတွေကို ရှေးခေတ် အပြစ်ပေးနည်းနဲ့ အပြစ်ပေးသင့်တယ် …”

“ လူကုန်ကူးတဲ့ လုပ်ရပ်ကို နောက်ကွယ်ကနေ ထိန်းချုပ်နေတဲ့ အဓိက တရားခံနဲ့ သူ့ကြံရာပါတွေ အားလုံးကို ချက်ချင်း သုတ်သင်ပစ်သင့်တယ် …”

“ ငါတို့ရဲ့ လက်ရှိ ဥပဒေက လူကုန်ကူးသမားတွေအပေါ် တအား သက်ညှာလွန်းနေတယ် ….”

“ ဥက္ကဌလီကလည်း လူကုန်ကူးသမားတွေကြောင့် နစ်နာခဲ့ရတဲ့လူ ဖြစ်လိမ့်မယ်လို့ ထင်မထားမိဘူး …”

“ အခုတော့ လူကောင်းတွေက ကောင်းကျိုးခံစားရမယ်ဆိုတဲ့ အရာကြီးကို ထပ်ပြီး မယုံနိုင်တော့တာ ပိုသေချာသွားပြီ …”

ကြည့်ရှုသူများက လူကုန်ကူးသမားများကို အမျိုးမျိုး ကျိန်ဆဲနေကြစဉ် လီဝေ့ရဲ့ မျက်လုံးတို့က မျက်ရည်များဖြင့် ပြည့်နှက်နေသည်။

“ လူကြီးမင်းလီ … ရှင့်ရဲ့ ညီလေးက တကယ်ပဲ လူကုန်ကူးသမားတွေ ခေါ်သွားတာကို ခံခဲ့ရတာလား ….”

ရှောင်နာ့က ဂရုတစိုက်နှင့် မေးမြန်းလိုက်၏။

လီဝေ့ မျက်ရည်ရွှမ်းသည့် မျက်လုံးတို့ဖြင့် ခေါင်းညိတ်ပြီး ထဖို့ ရုန်းကန်လိုက်သည်။

သူ့ အောက်ဆီဂျင်မာ့စ်ကို ဖြုတ်ဖို့ လက်ဆန့်တန်းလိုက်၏။

“ ဒီရဲ့လူနာ … ကျေးဇူးပြုပြီး စိတ်ကို ငြိမ်ငြိမ်ထားပါ …”

ချန်ယွီ့က လက်ကို ဝှေ့ယမ်း၍ လီဝေ့ကို အိပ်ရာထဲမှာပဲ နေသင့်ကြောင်း ညွှန်ပြလိုက်သည်။

“ ခင်များက ခင်များရဲ့ ရောဂါကြောင့် မသေနိုင်ဘူးဆိုပေမယ့် တကယ်လို့ တအား စိတ်လှုပ်ရှားလွန်းရင် အန္တရာယ် ရှိနိုင်သေးတယ် ….”

ဤစကားက လူတိုင်းထံသို့ မိုးကြိုးပစ်ခွင်းလိုက်သလိုပါပင်။

ဥက္ကဌလီနှင့် သူနာပြု ရှောင်နာ့တို့မှာ အံ့အားသင့်သွားခဲ့ကြ၏။

လိုက်စထွင်းထဲရှိ ကြည့်ရှုသူများကလည်း ထပ်တူထပ်မျှ ရှုပ်ထွေးသွားခဲ့ကြသည်။

“ ဒေါက်တာချန်က ဘာကို ပြောချင်နေတာ ….”

“ တကယ်လို့ ငါတို့သာ သူ့စကားကို စာတစ်တံပေတစ်တံနဲ့ ယူဆကြည့်မယ်ဆိုရင်တော့ ……”

“ ငါ နားလည်ပြီ … ဒေါက်တာချန်က ဥက္ကဌလီကို ကုသပေးတော့မှာ ….”

“ ဟုတ်သား … ဒေါက်တာချန်က အဲ့ဒီအရာတွေကိုတောင် ကိုင်တွယ်နိုင်တာ အသည်းကင်ဆာကို ကုသနိုင်တယ်ဆိုတာကလည်း သာမန်ပဲလေ …”

“ လူကောင်းတွေက ကောင်းကျိုးခံစားရတယ်ဆိုတာ ငါ ပြန်ယုံသွားပြီ ….”

“ အပေါ်ကကောင် … မင်းဟာကလည်း မျောက်သစ်ကိုင်းကူးတာ ကျနေတာပဲ … တစ်ခုတည်းကိုပဲ ဇောက်ချ ဆုပ်ကိုင်ထားလို့ မရဘူးလား …..”

ချန်ယွီ့က လီဝေ့ကို ကုသပေးမည်ဟု မှန်းဆပြီးနောက် လိုက်စထွင်းထဲရှိ လေထုမှာ စောနကကဲ့သို့ အုံ့မှိုင်းလေးလံနေခြင်း မရှိတော့ချေ။

လူတိုင်း ပျော်ရွှင်နေကြ၏။

သူနာပြု ရှောင်နာ့ကလည်း ချန်ယွီ့ရဲ့ဖန်ပင်။ ထို့ကြောင့် သူမလည်း ဝမ်းသာနေခဲ့သည်။

“ ဒေါက်တာချန် … ရှင့်မှာ တကယ်ပဲ လူကြီးမင်းလီကို ကူညီပေးနိုင်မယ့် နည်းလမ်းရှိတာလား ….”

ရှောင်နာ့က ချန်ယွီ့ကို အလျင်စလို မေးလာသည်။

ချန်ယွီ့က လီဝေ့ကို ဆေးတစ်မျိုးမျိုး ပို့ပေးလာမှာများလား …

ဒါမှမဟုတ် ချန်ယွီ့ကိုယ်တိုင် ဆေးရုံလာပြီး လီဝေ့ရဲ့ ရောဂါကို ကိုယ်တိုင်ကိုယ်ကျ ကုပေးမှာများလား …..

“ မင်းတို့ထင်နေတာတွေ တစ်ခုမှ မဟုတ်ဘူး ….”

ချန်ယွီ့ ခေါင်းယမ်းရင်း ရှင်းပြလိုက်၏။

“ ငါက လူနာကို ရောဂါကြောင့် မသေဘူးလို့ ပြောတာနဲ့ပဲ ငါက သူ့ကို ကုပေးမယ်လို့ မဆိုလိုဘူးလေ ….”

“ ဘာကြောင့်ဆိုတော့ သူက အသည်းကင်ဆာ နောက်ဆုံးအဆင့် ရောဂါသည်မဟုတ်ဘူး … သူ့မှာ အစကတည်းကကို အသည်းကင်ဆာမရှိတာ …”

“ အသည်းကင်ဆာ မဟုတ်ဘူးပေါ့ ….”

ရှောင်နာ့ အံ့အားသင့်သွားခဲ့သည်။

ဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ …

လီဝေ့ ဆေးရုံစစတက်တုန်းကတည်းက စပြီး ကျွမ်းကျင်ဆရာဝန်များ စုပေါင်း၍ တိုင်ပင်ဆွေးနွေး ကုသမှုကို ရရှိခဲ့သည်။ အသည်းကင်ဆာ နောက်ဆုံးအဆင့် ဖြစ်သည်မှာ သံသယ ရှိဖို့ မလိုချေ။

အသည်းကင်ဆာက မြင်တွေ့နေကျ သာမန် ရောဂါ တစ်ခုဖြစ်ပြီး သာမန်ဖြစ်လွန်း၍ သာမန်ဆရာဝန်များပင် လွယ်လင့်တကူ လျင်မြန်စွာ ဆန်းစစ်ပေးနိုင်သည်။

All Chapters