ဆရာ၀န်တစ်ယောက်ကို အကြံပြုချင်တယ်
Vol. 10 Ch. 99
လီဝေ့ ရူးနှမ်းနေသည့် လူတစ်ယောက်နှယ် မြို့သို့ ဒုန်းစိုင်းပြေးသည်။
ကျောင်းဂိတ်က တင်းကြပ်စွာ ပိတ်စို့ထားခဲ့ပြီး ကျောင်းက ကလေးတွေအကုန်လုံး ထွက်ခွာကုန်ကြပြီ ဖြစ်၏။
လီဝေ့ တစ်ညလုံး မြို့ထဲ လိုက်ရှာသော်လည်း သူ့ညီလေးကို မတွေ့ခဲ့ရပေ။
နောက်တစ်နေ့ … ကျောင်းက ဆရာနှင့် ရဲအရာရှိတစ်ဦးက လီဝေ့ကို ကူပြီး ရှာဖွေပေးသည်။
တစ်ပတ်ကြာပြီးနောက် လူတိုင်းလည်း ရွေးချယ်စရာ မရှိပါဘဲ လီဝေ့ရဲ့ ညီလေးကို လူကုန်ကူးသမားတွေ ပြန်ပေးဆွဲသွားခဲ့ပြီဟူသော အချက်ကို လက်ခံလိုက်ရတော့သည်။
သူ့မိဘများက အဆိုပါ ထိုးနှက်ချက်ကို မခံနိုင်ခဲ့။ နှစ်အနည်းငယ်ကြာပြီးနောက်တွင် ကွယ်လွန်သွားခဲ့သည်။
လီဝေ့မှာ ဆေးရုံကုတင်တွင် လဲလျောင်းနေရင်း မျက်ရည်တို့ အဆက်မပြတ် စီးကျနေသည်။
အကယ်၍ သူ့အမှားကြောင့်သာ မဟုတ်ဘူးဆိုပါက သူ့ညီလေးမှာ ထို လူကုန်ကူးသမားများ၏ ပြန်ပေးဆွဲခြင်းကို ခံခဲ့ရမှာ မဟုတ်ချေ။
ထိုသို့ဆိုပါက သူ့မိဘများလည်း နာမကျန်းစိတ်နှင့် ကွယ်လွန်သွားခဲ့မှာ မဟုတ်ချေ။
ကပ်ဘေးဒုက္ခများအားလုံးကို စတင်ခဲ့သူက သူသာ ဖြစ်သည်ဟု လီဝေ့ ခံစားရ၏။
သူ့ မိဘနှစ်ပါး မရှိတော့သည့် အိမ်ထဲ ၊ တစ်ကိုယ်တည်း အထီးကျန် တစ်ကောင်ကြွက်ဖြစ်စွာ မတ်တပ်ရပ်ရင်း သူ စဉ်းစား တွေးလေလေ၊ ပိုပြီး စိတ်ဖိစီးရလေလေ ဖြစ်၏။
လောကကြီးထဲ သူ ဆက်ပြီး အသက်ရှင်သန်နေစရာ အကြောင်းပြချက် ၊ ရည်ရွယ်ချက်တို့ မရှိတော့ဘူးဟု ထင်သည်။ ရှင်သန်နေလည်း အလကားပဲလို့ သူ ထင်သည်။
ထို့ကြောင့် ဂုန်လျှော်ကြိုးတစ်ချောင်းနှင့် ဗလာကျင်းသည့် နေရာတစ်ခုသို့ သွား၍ သူ့ကိုယ်သူ ဆွဲကြိုးချသည်။
ကောင်းကင်က လီဝေ့ကို လက်မလျှော့ဘဲ ရှိနေလိမ့်ဦးမည်ဟု ထင်မှတ်မထားခဲ့။
ဖြတ်သွားဖြတ်လာ မသန်စွမ်း ဒုက္ခိတတစ်ယောက်က သူ့ကို ကယ်တင်သွားခဲ့သည်။
သူ့ကိုယ်သူ ဆွဲကြိုးချ စီရင်ရသည့် အကြောင်းပြချက်ကို နားထောင်ပြီးနောက်တွင် ကြင်နာသည့် ဖြတ်သွားဖြတ်လာ မသန်စွမ်းက လီဝေ့ကို သင်္ခါရသဘောတရား ဘာညာတွေ တရားမဟော။
သူ့ကို အပင်စိုက်သည့် နေရာတစ်ခုသို့ ခေါ်လာသည်။
ဤနေရာတွင် အပင်သေးသေးလေးများ စိုက်နေကြသည့် လူအားလုံးက မသန်စွမ်း ဒုက္ခိတများ ဖြစ်ကြသည်။
ကြင်နာတတ်သည့် ဖြတ်သွားဖြတ်လာက ဒီရဲ့ အပင်စိုက်လုပ်ငန်းကို ပိုင်ဆိုင်တာ ဖြစ်ပြီး လီဝေ့ကို သေချာလေး ကြည့်ခိုင်းသည်။
လူတိုင်းတွင် ခက်ခဲကြမ်းတမ်းသည့် ကံကြမ္မာတို့ ရှိခဲ့သည်။
သို့တိုင် … လူတိုင်းက အရှုံးမပေးဘဲ ဆက်လက်ရှင်သန်နေကြဆဲ ဖြစ်၏။
တစ်ချို့က ကလေးဘဝတွင် ပုံစံ ချို့ယွင်းသွားခဲ့ပြီး တစ်ချို့က မကြားနိုင်၊ မပြောနိုင်သည့် အင်္ဂါရပ်တို့ဖြင့် မွေးဖွားလာခဲ့ကြသည်။ တစ်ချို့တွင် ခြေထောက်၊ လက်မောင်းတို့ မရှိကြ။
အကယ်၍ ဆိုးရွားသည့် ကံကြမ္မာကြောင့် အဆုံးစီရင်ကြေးဆိုပါက ဤစက်ရုံ တစ်ခုလုံးရှိ လူတိုင်းက လီဝေ့ထက်ပိုပြီး အဆုံးစီရင်ဖို့ ကောင်းသည်။
နှာတရှုံ့ရှုံ့ ဖြစ်နေသည့် လီဝေ့ကို ကြည့်ရင်း ချန်ယွီ့ ပြောလိုက်၏။ “ အဲ့ဒီအခိုက်အတန့်မှာ ခင်များ လုံးဝ ရှောခ့်ရသွားခဲ့တယ် ….”
“ ခင်များရဲ့ လုပ်ရပ်ကြောင့် အပြစ်ရှိစိတ် ခံစားနေရတယ်ဆိုပေမယ့် ခင်များ မသေချင်ဘူး ..”
“ ခြံပိုင်ရှင်က ခင်များကို ခေါ်ပြီး နေစရာနဲ့ စားစရာပေးတယ် … ပြီးတော့ ခင်များရဲ့ လုပ်အားခအတွက် လစာလည်းပေးတယ် …”
“ မသန်စွမ်းတွေနဲ့ အတူကြာကြာ ယှဉ်တွဲနေထိုင်ပြီးတဲ့နောက်မှာ သူတို့ရဲ့ ခက်ခဲကြမ်းတမ်းတဲ့ ဘဝအခြေအနေကို ခင်များ နက်နက်ရှိုင်းရှိုင်း နားလည်လာရတယ် ….”
လီဝေ့၏ စိတ်ခံစားချက်တို့ ရှုပ်ထွေးနေခဲ့သည်။
နက်နက်ရှိုင်းရှိုင်း နားလည်သူမှသာ မသန်စွမ်းသူများ ရှင်သန်ဖို့ ဘယ်လောက်တောင် ခက်ခဲကြမ်းတမ်းသလဲဆိုတာကို နားလည်နိုင်ကြလိမ့်မည်။
“ ငါ့သူဌေးပြောတာ ငါတို့နိုင်ငံမှာ မသန်စွမ်းတွေ သန်းနဲ့ချီပြီး ရှိတယ်တဲ့ …”
“ လူဆယ်ယောက်မှာ တစ်ယောက်က မသန်စွမ်းဖြစ်နေတာနဲ့ ညီမျှတယ် ….”
“ ဒါပေမယ့် မင်းသူတို့ကို လမ်းပေါ်မှာ မြင်ရဲခဲတယ် ….”
“ ဘာကြောင့်ဆို မတူကွဲပြားတဲ့ မျက်လုံးအကြည့်တွေနဲ့ ကြည့်ခံရမှာကို သူတို့ကြောက်လို့ပဲ … ပြီးတော့ ဘယ်သူကမှလည်း မသန်စွမ်းတွေကို အလုပ်မခေါ်ချင်ကြဘူး …”
“ မသန်စွမ်းတွေကို လူအဖွဲ့အစည်းကြီးက ပစ်ပယ်ထားကြတယ် … ပြီးတော့ သူတို့ရဲ့ ဖြစ်တည်မှုကို သာမန်လူတွေ ရှေ့မှာ ပြသဖို့ဆိုတာ တကယ်ပဲ ခက်ခဲတယ် …”
လီဝေ့က ဆက်ပြီး ရှင်းပြသည်။ “ သူတို့တွေကို ကြည့်ရင်း … ငါ့ကိုယ်ငါ သိပ်သေးမွှားသလို ခံစားမိတယ် … သူတို့ရဲ့ စိတ်ဓာတ် ၊ သိပ်ကြီးမြတ်လွန်းတယ် ….”
“ လူတစ်ယောက်က ဘဝတစ်ခုရလာရင် တစ်ခုခုတော့ လုပ်ရမှာပဲလေ ….”
“ သိပ်မကြာခင် ငါ သင်ယူခဲ့တဲ့ အရည်အချင်းတွေကို ယူဆောင်ပြီး တောင်းပိုင်းကို သွားတယ် … အဲ့မှာ ငါ့ရဲ့ ပထမဆုံး ရွှေအိုးကြီးကို ပြုလုပ်နိုင်ခဲ့တာပဲ ….”
“ အဲ့ကနေစပြီး ငါ့ကုမ္ပဏီကို စတင်တယ် … ဒီနေ့လို ရွှင်ပျော်ပျော်အုပ်စုရယ်လို့ ဖြစ်လာတဲ့ အထိပဲ …”
ဆယ်စုနှစ် တစ်ခုကျော် ကြာခဲ့ပြီး … လီဝေ့ရဲ့ အတိတ်မှတ်ဉာဏ်များကလည်း ရှင်းလင်းသထက် ရှင်းလင်းလာခဲ့သည်။
မရေမတွက်နိုင်သည့် မသန်စွမ်းများကို သူ ကူညီပေးခဲ့သည်။ သို့သော် သူ့ကိုယ်သူတော့ မကူညီနိုင်ခဲ့။
သူ့ညီလေးကို ရှာဖွေသည့် လုပ်ငန်းစဉ် ဘယ်တော့မှ မရပ်တန့်သွားခဲ့ချေ။ သို့ပါသော်လည်း သူ့ညီလေးအကြောင်း မည်သည့် သတင်းအချက်အလက်မျှ မရရှိခဲ့ပေ။
သူ့ နှလုံးသားထဲ ဆယ်စုနှစ်များစွာ ဖိနှိပ်ထားခဲ့သည့် စကားလုံးများကို ပြောဆိုပြီးနောက် လီဝေ့ သူ့တစ်ကိုယ်လုံး သက်တောင့်သက်သာ ဖြစ်သွားသည့်နှယ် ခံစားလိုက်ရသည်။
“ ဒေါက်တာချန် … တကယ်လို့ လူကြီးမင်းလီက အသည်းကင်ဆာ နောက်ဆုံးအဆင့်မဟုတ်ဘူးဆိုရင် သူ့မှာ ရှိနေတဲ့ရောဂါက ဘာရောဂါလဲ ….”
လီဝေ့ ပြောပြသည့် သူ့ဘဝအကြောင်းထဲ နက်ရှိုင်းစွာ နစ်မြောနေသည့် ရှောင်နာ့မှာ ရုတ်ချည်း အသိစိတ် ပြန်ကပ်လာသည်။
လီဝေ့ရဲ့ ဘဝဇာတ်လမ်းများကြောင့် သူမ စိတ်ထဲ ထိခိုက်ခံစားနေခဲ့ရပြီး အရေးကြီးဆုံး မေးခွန်းကို မေးဖို့ မေ့နေခဲ့သည်။
ရှောင်နာ့ရဲ့ မေးခွန်းကို ကြားပြီးတော့မှ ကြည့်ရှုသူများလည်း သိချင်လာခဲ့ကြ၏။
ကင်ဆာနောက်ဆုံးအဆင့်က မှားယွင်း အကဲဖြတ်မိတာဆိုတော့ … လီဝေ့မှာ တကယ် ရှိနေတဲ့ ရောဂါက ဘာဖြစ်မလဲ ….
တစ်ချို့ ဉာဏ်လျင်ကြသည့် ကြည့်ရှုသူများက ချန်ယွီ့၏ လိုက်စထွင်း အစကတည်းကရင် လီဝေ့၏ မေးခွန်းကို ဖြေဆိုသည့် စကားဖြေဆိုပုံကို ပြန်လည်မြင်ယောင်ကြည့်ကြသည်။
တကယ်လို့ သူသာ မရှိတော့ရင် သူ့ရဲ့ ဆန္ဒကို အမွေဆက်ခံပြီး ရွှင်ပျော်ပျော်အုပ်စုကို တာဝန်ဆက်ယူပေးနိုင်မယ့်လူ ရှိလား …
ချန်ယွီ့အဖြေကတော့ … ရှိသည်။
လီဝေ့ကလွဲပြီး ဘယ်သူမှ တာဝန်ယူနိုင်မှာ မဟုတ်ချေ။
ကြည့်ရှုသူများမှာ ထိုစကား နောက်ကွယ်ရှိ အဓိပ္ပာယ်ကို စပြီး စိတ်ကူးယဉ်ကြည့်ကြသည်။
သူတို့ကတော့ အမွေဆက်ခံနိုင်မည့်လူ ရှိမရှိဟူ၍ တွေးခဲ့ကြ၏။ သို့သော် ယခု ပြန်တွေးကြည့်မှ ထိုစကား အဓိပ္ပာယ်က လီဝေ့ မသေဘဲ သူ့ ကုမ္ပဏီကို ဆက်လက် ဦးဆောင်နိုင်မည့် အဓိပ္ပာယ်ကို ဖော်ဆောင်နေသည်။
စကားပြောခန်းထဲရှိ ကွန်းမန့်များကို ကြည့်ရင်း သူ့လိုက်စထွင်းထဲတွင် အေးဆေးတည်ငြိမ်သည့် အမူအရာကို ထိန်းသိမ်းထားသည့် ချန်ယွီ့မှာ မနေနိုင်ဘဲ ရယ်မောချင်လာခဲ့၏။
ဤကြည့်ရှုသူများက လိုက်စထွင်းကို အသက်ဝင်အောင် တကယ်လည်း လုပ်နိုင်ကြသည်။
“ ကဲ ကဲ … လူတိုင်း တိတ်ကြမယ် …”
ကွန်းမန့်မျာက လျင်မြန်စွာ လျော့နည်းသွားခဲ့သည်။
“ ငါ အစောတုန်းက ပြောခဲ့တဲ့အတိုင်းပဲ ဒီလူနာရဲ့ အခြေအနေက အတော်လေး ထူးခြားတယ် ….” ချန်ယွီ့ ပြောလိုက်ပြီး “ သူ့ရောဂါ အခြေအနေက အသည်းကင်ဆာနဲ့ အတော်လေးဆင်တယ် …”
“ နာ့စ် … မင်းတို့ ဆေးရုံရဲ့ ဆေးစစ်မှတ်တမ်းတွေ အရဆိုရင် အသည်းရဲ့ ဘယ်ဘက်ခြမ်းမှာ ဧရာမ အသားပို အကျိတ်ကြီး ရှိနေတယ်မလား ….”
ရှောင်နာ့ အလျင်အမြန် ခေါင်းညိတ်လိုက်၏။
“ စစ်ဆေးမှု ရလဒ်တွေက သူ့ အသည်းဘယ်ဘက်ခြမ်းမှာ ကိုးစင်တီမီတာလောက်ရှိတဲ့ အသားပိုကြီး ရှိတယ်လို့ ပြောတယ် ….”
ချန်ယွီ့ စကားကို သက်သေပြရန်အတွက် ရှောင်နာ့က စားပွဲဘေးရှိ ဆေးဓာတ်မှန်ကို ယူပြလိုက်သည်။
“ အသားပိုက စပယ်ရှစ်လစ်တွေကို အသည်းကင်ဆာဆိုပြီး ယူဆသွားစေတယ် …”
“ တကယ်လို့သာ ဆက်ပြီး စစ်ဆေးကုသမှုတွေ လုပ်မယ်ဆိုရင် ဒါက အသည်းကင်ဆာမဟုတ်ဘူးဆိုတာ စပယ်ရှယ်လစ်တွေ ပြောနိုင်တယ် …”
“ ဒါပေမယ့် လူနာက ဆက်ပြီး နက်နက်ရှိုင်းရှိုင်း စစ်ဆေးဖို့ ငြင်းဆန်နေတော့ အစောပိုင်း စစ်ဆေးမှုပြီးတာနဲ့တင် ကုသမှု ခံယူတယ် …”
“လူနာရဲ့ ဆန္ဒကို လေးစားတဲ့အနေနဲ့ ဆေးရုံကလည်း ဓာတုကုထုံးတွေ၊ သွေးကြောစို့တာတွေ စတဲ့ ဝေတဲ့ဒနာသက်သာစေတဲ့ ကုသနည်းတွေနဲ့ပဲ ကုသပေးတယ် …”
“ အနာနဲ့ ဆေးတည့်မှပဲ ရောဂါက ပျောက်နိုင်မှာ … တကယ်လို့ မမှန်ဘူးဆိုရင် ရလဒ်က အတော်ကြောက်ဖို့ကောင်းတယ် ….”
ချန်ယွီ့က အားအင်ဆုတ်ယုတ်နေသည့် လီဝေ့ကို ကြည့်လိုက်သည်။ နောက်ဆုံးတော့ ကြည့်ရှုသူများအမှာ လီဝေ့က အဘယ်ကြောင့် သေခါနီး ဖြစ်နေလဲဆိုတာကို နားလည်သွားခဲ့ကြသည်။
လီဝေ့က အချိန်မရွေး အသက်ထွက်သွားနိုင်သည့် လူနာတစ်ယောက် သွင်ပြင် ဖြစ်နေသည်က မှားယွင်းသည့် ဆေးနှင့် မှားယွင်းသည့် ကုသမှုကို ခံယူမိသောကြောင့်ပင်။
စိတ်ဖိစီးနေသည့် အခြေအနေကိုပါ ထပ်ပေါင်းထည့်လိုက်တော့ သူ့ ခန္ဓာနှင့် စိတ်က လုံးဝ ကယ်မရတော့ချေ။
ထိုအခြေအနေ၌ အသက် ၂၀ အရွယ်ရှိသည့် လူငယ်လေးပင် ပိုကောင်းနိုင်မှာ မဟုတ်ရာ အသက် ငါးဆယ်ကျော် ဖြစ်သည့် လီဝေ့ဆိုလို့ကတော့ ဆိုဖွယ်ရာပင် မရှိတော့ချေ။
“ ဒါဆို ဒေါက်တာတွေက အသားပိုကြောင့် အသည်းကင်ဆာဆိုပြီး မှားယွင်းအကဲဖြတ်မိတာလို့ ယူဆလိုက်ရမလား …”
ရှောင်နာ့က ခေတ္တ အတွေးနက်နေပြီးနောက် စကားဆက်လိုက်သည်။ “ ဒါပေမယ့် ဒီရဲ့ အသည်းမှာ ရှိတဲ့ အသားပိုက ခန္ဓာကိုယ်အပေါ် သက်ရောက်မှု တစ်ချို့ မယူလာနိုင်ဘူးလား …”
ရှောင်နာ့က အရေးကြီးသည့် မေးခွန်းကို မေးလာခဲ့သည်။
အသည်းကင်ဆာ နောက်ဆုံးအဆင့် မဟုတ်ဘူးဆိုသည့် အချက်ကို စစ်ထုတ်ပြီးသော်လည်း လီဝေ့၏ ခန္ဓာကိုယ်ထဲတွင် ကိုးစင်တီမီတာရှိသည့် အသားပိုတစ်ခု ရှိနေသေးသည်။
ထိုကဲ့သို့သော ကြီးမားလှသည့် အသားပိုကြီး ရှိနေသည်ဖြစ်ရာ အခြေအနေကလည်း အရေးမသာနိုင်ပေ။
အထူးသဖြင့် ဤမျှ ကြာအောင် ကြန့်ကြာနေပြီးနောက်တွင် အသားပို၏ အခြေအနေက ပိုပြီး ဆိုးရွားလာလောက်သည်။
အကယ်၍ အချိန်မီ မကိုင်တွယ်ဘူးဆိုပါက လီဝေ့ရဲ့အသက်က အန္တရာယ် ရှိနိုင်သည်။
“ အင်း … အဲ့လိုပဲ ….”
ချန်ယွီ့က အသားပိုအကြောင်း ထပ်ပြောလာခဲ့သည်။
အသားပိုက အသည်းနှင့် တင်းကြပ်စွာ ဆက်နွယ်နေသည်။
ရှည်ကြာသည့် ကြန့်ကြာမှုကြောင့် အသားပိုက အသည်းကို ဖုံးအုပ်သည်အထိ ကြီးထွားလာခဲ့သည်။
ထို့ကြောင့် ရောဂါဆန်းစစ်သည့် စပယ်ရှယ်လစ်တို့က ကနေဦး စစ်ဆေးစမ်းသပ်မှုအပြီးတွင် အသည်းကင်ဆာဟု ကောက်ချက်ချလိုက်ကြခြင်းပင်။
“ ငါလည်း ပြည်သူ့ဆေးရုံမှာ အလုပ်သင်ဆင်းနေတာ … တကယ်လို့ အဲ့ဒီအတိုင်းသာဆို ဆေးရုံက အတော်ဆုံး စပယ်ရှယ်လစ်တောင် မှားယွင်းပြီး အကဲဖြတ်နိုင်တယ် … ဒေသခံ ဆေးရုံလေး တစ်ခုဆိုလို့ကတော့ ပြောမနေနဲ့တော့ …”
ပိုက်ဆံသုံးထားသည့် အထူးကွန်းမန့်တစ်ခုက ပေါ်လာခဲ့သည်။
ပြီးသည့်နောက် … များပြားလှသည့် ကျည်ဆံကွန်းမန့်တို့က စခရင်ထက်တွင် ထွက်ပေါ်လာသည်။
အဆိုပါက ကွန်းမန့်များအားလုံးက ဆရာဝန်များဖြစ်ကြပြီး အားလုံးနီးပါးက တူညီစွာ မန့်ထားကြသည်။
စပယ်ရှယ်လစ် တစ်ယောက်က မည်မျှ အတွေ့အကြုံ များပြားနေပါစေ ၊ ဧရာမ အသားပိုကြီး တစ်ခုက အသည်းတစ်ခုလုံး ဖုံးအုပ်နေချိန်တွင် ရောဂါကို မှားယွင်း အကဲဖြတ်မိသည့် အဖြစ်မျိုး ဖြစ်နိုင်လေသည်။
အကယ်၍ သူတို့သာ သေချင်ချင်သည်ဆိုပါက ထပ်ပြီး တိကျသည့် စစ်ဆေးကုသမှုတို့ လုပ်ဖို့ လိုအပ်သည်။
CT စကန်ကို အသုံးပြုပြီး 3d ပုံစံဖြင့်သာ အသားပိုက ကင်ဆာ ဟုတ်မဟုတ် ဆိုတာကို အတည်ပြုနိုင်လိမ့်မည်။
“ ဒေါက်တာချန် … ငါ တကယ်ပဲ ပြန်သက်သာလာနိုင်မှာလား …”
လီဝေ့၏ မျှော်လင့်ချက်တို့က ချန်ယွီ့၏ စကားနှင့် စကားပြောခန်းထဲရှိ ကွန်းမန့်များကြောင့် ပြန်လည်ရှင်သန်လာခဲ့ရသည်။
“ ကျွန်တော်ကတော့ ခင်များရဲ့ အသားပို ဖယ်ရှားတဲ့ ခွဲစိတ်မှုမှာ ခင်များတို့ ဆေးရုံက ဒေါက်တာ ဝမ်ခမ်းနဲ့ ရက်ချိန်းလုပ်ပြီး ကုသဖို့ အကြံပေးချင်တယ် …”