အခန်း (၉၅-၉၆)
Vol. 7 Ch. 95-96
အပိုင်း ( 95 )
အဆင့်တူတွေ အကုန်လုံးကို တိုက်မယ် !! ၃
သူဖွင့်လိုက်သော မျက်နှာပြင်သည် လျူမိသားစု၏ တိုက်ရိုက်မျိုးဆက်၏ အတွင်းပိုင်း စကားပြောအဖွဲ့ ဖြစ်သည်။
( မက်ဆင်ဂျာ စကားပြောအဖွဲ့လို ဟာပါ )
ဤအဖွဲ့သည် လူငယ်မျိုးဆက်များက ဖန်တီးထားခြင်းဖြစ်ပြီး၊ မည်သည့်သက်ကြီးပိုင်း အကြီးအကဲမှ မပါဝင်ခဲ့ပေ။
ထိုအချိန်တွင် လျူမိသားစု တိုက်ရိုက်မျိုးဆက်၏ အဖွဲ့ဝင်တစ်စုသည် အပူတပြင်း ဆွေးနွေးနေကြလျက်ရှိသည်။
လျူတျန်မုသည် အကြောင်းအရာကို တစ်ချက်ကြည့်လိုက်ကာ အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည် “ လျူဟီ သေပြီလား? “
သူသည် ထိုကိစ္စကို လုံးဝ စိတ်မဝင်စားပေ။
တိုက်ရိုက်မျိုးဆက်များက ဤမျှ လှုပ်လှုပ်ရှားရှား ဖြစ်နေရသည့် အကြောင်းအရင်းကား ထိုကိစ္စကြောင့် မဟုတ်ဘဲ လျူဟီ၏ ဖခင်၊ လျူဟိုင်ဖုန်းကြောင့် ဖြစ်သည်။
သားဖြစ်သူ၏ သေခြင်းတရားအကြောင်းကို ကြားသိခဲ့ရပြီးသည့်နောက်တွင် လျူဟိုင်ဖုန်းသည် ဒုတိယမျိုးဆက် တိုက်ရိုက်အဖွဲ့ဝင်တစ်ဦးထံသို့ စောဒကသွားတက်ခဲ့သည်။
ရလဒ်အနေဖြင့် အလိုရှိသည့် ရလဒ်ကို မရခဲ့ဘဲ၊ အရှက်တကွဲ အကျိုးနည်း မောင်းထုတ်ခံခဲ့ရလေသည်။
ထို့နောက်တွင် လျူဟိုင်ဖုန်းသည် လျူဟီ၏ သေဆုံးမှုအတွက် တရားမျှတမှုရှာဖွေရန် ပြဿနာများ စတင် ပြုလုပ်နေတော့၏၊ မကြာခင်မှာပင် လျူမိသားစုဘက်မှ ဖိနှိပ်လာခဲ့ရာ နေရာမှာပင် သွေးထွက်သံယို ဖြစ်ကာ အရိုးများ ကျိုးပဲ့ပျက်စီးသွားခဲ့သည်။
“ အရူး “
လျူတျန်မုသည် စကားဝိုင်းထဲရှိ အကြောင်းအရာများကို ကြည့်ကာ ခေါင်းတခါခါ ဖြစ်သွားခဲ့သည်။
“ မျိုးဆက်ခွဲက အဖွဲ့ဝင်တစ်ယောက်က အပြင်လူတွေကြောင့် ဒီလောက်တောင် ရှက်ဖို့ကောင်းတဲ့ အနေအထားမျိုးနဲ့ အသတ်ခံလိုက်ရတာကို၊ စောဒကတက်ရဲနေသေးတာလား? တကယ့်အရူးပဲ “
လျူတျန်မုသည် လျူဟိုင်ဖုန်း၏ အပြုအမူများကို လှောင်ပြောင်နေတော့သည်။
တစ်စုံတစ်ဦး၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရခြင်းသည် ထိုလူ၏ ညံ့ဖျင်းမှုနှင့် စွမ်းရည်ကင်းမဲ့ခြင်းကို မီးမောင်းထိုးပြနေခဲ့ခြင်း ဖြစ်သည်။
အဖေဖြစ်တဲ့သူက ကောင်းကောင်းမအုပ်ထိန်းဘဲနဲ့၊ လျူမိသားစုကို မျက်နှာပျက်ရအောင် လုပ်ခဲ့တယ်၊ အဲ့တာနဲ့တင် သူ့ကို အပြစ်ပေးသင့်နေပြီ။
ဒါကိုတောင် သူက တိုက်ရိုက်မျိုးဆက်ဆီ ပြေးလာပြီးတော့ စောဒကတက်ရဲနေသေးတာလား?
တိုက်ရိုက်မျိုးဆက်တွေက မင်းအတွက် လက်စားချေပေးမယ်များ ထင်နေတာလား?
တကယ့်ကောင်ပဲ !!
မျိုးဆက်ခွဲမှ လူတစ်ဦး အသတ်ခံလိုက်ရခြင်းသည် မည်သည့်အရာမှ မဟုတ်သကဲ့သို့ တိုက်ရိုက်မျိုးဆက်များအပေါ်သို့ မည်သည့်အကျိုးသက်ရောက်မှုမှ ရှိနေလိမ့်မည် မဟုတ်ပေ။
အကယ်၍ တိုက်ရိုက်မျိုးဆက်ကသာ ကူညီ၍ လက်စာချေပေးမည်ဆိုပါက၊ တိုက်ရိုက်မျိုးဆက်များ မျက်နှာပျက်သွားရလိမ့်မည် ဖြစ်သည်။
တစ်ခြားသော အဓိက မိသားစုကြီးများ၏ ဟာသလုပ်ခြင်းကို ခံသွားရမည် ဖြစ်သည်။
ထိုစဥ် စကားပြောအဖွဲ့သည် လှုပ်လှုပ်ရွရွ ဖြစ်နေခဲ့သည်။
“ အဲ့ကလေး လျူဟီက ပင်မမိသားစုကိုတောင် ရောက်မလာခဲ့ဘဲ၊ ကျောင်းကျိုးလို နေရာသေးသေးလေးကို သွားပြီးတော့ သူ့ကိုယ်သူ အသေခံလိုက်တယ်၊ ဟာသကြီးဟေ့ ~~ “
“ လျူဟိုင်ဖုန်းကလည်း တကယ့်အရူးပဲ၊ ဒီလိုရှက်ဖို့ကောင်းတဲ့ဟာမျိုးကို ဘယ်လိုလုပ်ပြီးတော့ ပြောထွက်ရဲရတာလဲ၊ တကယ်လို့ တစ်ခြားမိသားစုတွေကသာ သိသွားမယ်ဆိုရင် ငါတို့လျူမိသားစုရဲ့ မျက်နှာက ဘယ်ကိုရောက်သွားမှာလဲ? “
“ တကယ်လို့ ငါသာဆိုရင်တော့ သူ့ကို သတ်ဖို့အတွက် ကြေးစားသိုင်းပညာရှင် ငှားနေလိုက်ပြီ၊ သန့်သန့်ရှင်းရှင်းပဲပေါ့၊ ဘယ်သူက သိသွားမှာမို့လို့လဲ? “
“ မျိုးဆက်ခွဲက မျိုးဆက်ခွဲပဲလေ၊ အရည်အချင်း မရှိ၊ ဦးနှောက်လည်း မရှိနဲ့ “
“ ဒါပင်မဲ့ လျူဟီသေခဲ့ရတဲ့ နည်းလမ်းကတော့ တကယ်ကြီးကို ရှက်ဖို့ကောင်းတယ်ဟ၊ ဒူးထောက်ရင်းနဲ့ သေသွားရတာက လျူမိသားစုအတွက်တောင် ပထမဦးဆုံးပဲတဲ့ “
“ သူ့ကို သတ်ခဲ့တဲ့လူရဲ့ နာမည်က ဘယ်သူ၊ ရှုကျိုးလား? ကြားတာတော့ သူက ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်ရဲ့ အထူးခေါ်ယူခွင့်ကို ရသွားတယ်ဆို ဟုတ်တယ်မလား? “
“ လျူယောင်တုန်၊ မင်းကလည်း ကွမ်ဟန် သိုင်းပညာ တက္ကသိုလ်မှာ ဝင်ခွင့်ရထားတာမလား? မင်းက သူနဲ့ တွေ့မှာပဲ “
“ စိတ်မပူစမ်းပါနဲ့ကွာ၊ သူက ငါ့ရဲ့လျူမိသားစုက လူတစ်ယောက်ကို သတ်ခဲ့တာ၊ ငါက အဲ့ကောင်ကို အလွယ်တကူ လွှတ်ပေးထားမှာ မဟုတ်ဘူး “
“ ဟက်၊ ကျောင်းကျိုးရဲ့ နံပတ်၁လား? ကျောင်းကျိုးရဲ့ နံပတ်၁က အရှေ့ပိုင်းပြည်နယ်နဲ့ ထိုက်တန်လားဆိုတာကို ကြည့်လိုက်ကြတာပေါ့ကွာ “
“ … “
လျူတျန်မုသည် စကားပြောခန်းကို ကြည့်၍ ခေါင်းကို အသာအယာ ခါရမ်းကာ ဖုန်းကို ပိတ်ထားလိုက်တော့သည်။
ဒီကောင်တွေက ကျောင်းကျိုးက နံပတ်၁ ရှုကျိုးဆိုတဲ့ကောင်ကိုတောင် စိတ်ဝင်စားနေကြတာပဲ။
အာရုံစိုက်ဖို့ လိုနေလို့လား?
သေးငယ်တဲ့နေရာတစ်ခုက ဉာဏ်ကြီးရှင်ဆိုတဲ့လူတွေက ကျောင်းကျိုးမှာ ဘာမှမဟုတ်ဘူး။
လျူတျန်မုသည် သူ၏ခေါင်းကို ခါရမ်း၍ သားရဲဘုရင်၏ နှလုံးကို ထုတ်ယူလိုက်သည်။
“ သားရဲဘုရင်ရဲ့ နှလုံး “ လျူတျန်မု၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်တည်လာခဲ့သည် “ ဒါနဲ့ဆိုရင် ငါက တတိယအဆင့်ကို မကြာခင်မှာပဲ ရောက်သွားတော့မှာ “
“ အဲ့ဒီအချိန်ကျရင် ချင်ဖုန်းကတောင် ငါ့ကို ယှဥ်နိုင်မှာ မဟုတ်လောက်တော့ဘူး “
နေပါဦး၊ ငါက တစ်ခုခုကို မေ့နေတဲ့ပုံပဲ။
အဲ့ကောင်မလေးနှစ်ယောက်ကို ဆယ်သန်းပေးမယ်လို့ ကတိပေးတာပဲ။
ပိုက်ဆံမှ မရှိတာ၊ ရှိမှ ဖြေရှင်းမယ်ကွာ။
ပြီးတော့ အဲ့တာက ငါလုယူခဲ့တာလေ၊ ငါ့ရဲ့ စွမ်းရည်ကြောင့် ရခဲ့တာလေ၊ ဘာလို့ ပိုက်ဆံပေးနေရမှာလဲ?
ထို့နောက်တွင် လျူတျန်မုသည် သူ၏မျက်လုံးများကို မှိတ်ကာ စတင်၍ လေ့ကျင့်နေတော့သည်။
…………………………………………………………………………………………………………..
အပိုင်း ( 96 )
နောက်ဆုံးတော့ အဆင့်တက်သွားခဲ့ပြီ !! ပထမအဆင့် သိုင်းပညာရှင် !!
ရှုကျိုးသည် လျူမိသားစုတွင် ဖြစ်ပွားနေခဲ့သည့် ဖြစ်ရပ်များကို မသိပေ။
သူသည် တစ်ညလုံး အိပ်စက်အနားယူနေခဲ့ပြီး နောက်တစ်နေ့ နံနက်ခင်း ၈နာရီမှ နိုးထလာခဲ့သည်။
ကိုယ်လက်သန့်စင်ကာ အစားစားခဲ့ပြီးသည့်နောက်တွင် ရှုကျိုးသည် လေ့ကျင့်ရန်အတွက် သူ၏အခန်းသို့ ပြန်သွားတော့သည်။
“ ကိုယ်ပွားကလည်း စားဖို့လိုအပ်မှာ၊ အဲ့ကောင်က တော်တော်လေးကို ဆာနေလောက်ပြီ “ ရှုကျိုးသည် ၎င်းကို တိတ်တဆိတ် အာရုံခံမိနေခဲ့သည်။
သူတို့သည် မိုင်ထောင်နှင့်ချီ၍ ကွာဝေးနေခဲ့သော်လည်း ရွှေတောင်ပံ T-Rexကြီးထံတွင် ဖြစ်ပေါ်နေသည့် ဆာလောင်မှုကို သူခံစားနေနိုင်ခဲ့သည်။
တကယ်ကိုပင် ရွှေတောင်ပံ T-Rexကြီးသည် ယမန်နေ့တစ်နေ့လုံး မည်သည့်အရာကိုမှ မစားသောက်ခဲ့ရပေ။
၎င်းသည် အသားတုံးများ သယ်ယူရွှေ့ပြောင်းခြင်းဖြင့်သာ အလုပ်များနေခဲ့ခြင်း ဖြစ်သည်။
တစ်ဖက်ရှိ ရှုကျိုးကမူ ကိုယ်ပွားက စားသောက်နေသောကြောင့် သူ၏ချီ-သွေး စွမ်းအင်များ ဆက်လက်၍ တိုးပွားလာမည်ကို တွေးပူရင်းဖြင့် အိပ်ပျော်သွားခဲ့လေသည်။
ပထမအဆင့် အကြောင်း တွေးမိသွားသောအခါတွင် ရှုကျိုးသည် အနည်းငယ် တုံ့ဆိုင်းသွားခဲ့သည်။
ငါက အုတ်မြစ်တည်ဆောက်ခြင်းကို သုံးခါတောင် လုပ်ပြီးသွားပြီလေ၊ ပထမအဆင့်ကို တိုက်ရိုက် ထိုးဖောက်လိုက်သင့်လား?
ဒါမှမဟုတ် ဒီအဆင့်မှာပဲ ခဏလောက် ဆက်နေသင့်လား?
ရှုကျိုးသည် အကန့်အသတ်သို့ ရောက်ရှိနေပြီဖြစ်ပြီး၊ ကိုယ်ပွားမှ စားသောက်လိုက်သည်နှင့်တစ်ပြိုင်နက် သူ၏ချီ-သွေးစွမ်းအင်များကို ထပ်မံ၍ ဖိနှိပ်ထားရန် ဖြစ်နိုင်တော့မည် မဟုတ်ပေ။
အုတ်မြစ်တည်ဆောင်ခြင်းကို သုံးကြိမ်မျှ ပြုလုပ်ခဲ့ပြီးသည့်နောက်တွင် ချီ-သွေးစွမ်းအင်အတွက် ရှုကျိုး ခန္ဓာကိုယ်၏ ခံနိုင်ရည်အားသည် အကန့်အသတ်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
ချီ-သွေးများ ဆက်လက်၍ တိုးပွားလာခြင်းသည် ပြင်းထန်သော အကျိုးဆက်များကို ဖြစ်ပေါ်သွားစေနိုင်မည် ဖြစ်သည်။
“ အုတ်မြစ်တည်ဆောက်ခြင်းကို သုံးခါလုပ်လိုက်တာက အကန့်အသတ်ကို ရောက်သွားပြီ “
ရှုကျိုးသည် တိတ်တဆိတ် တွေးတော စဥ်းစားနေတော့သည် “ ဒီနေ့မှာပဲ ငါက ပထမအဆင့်ကို ရောက်သွားလောက်တယ် “
တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်၌ ရှုကျိုးသည် အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းနေတော့သည်၊ သူ၏မျက်လုံးများထဲတွင်မူ စိတ်ပိုင်းဖြတ်ထားသည့် အရိပ်အငွေ့များ ဖြစ်ပေါ်နေခဲ့သည်။
သူသည် ပထမအဆင့်သို့ တက်လှမ်းရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်သည် !!
ထိုစဥ် မိုင်ပေါင်းထောင်နှင့်ချီ၍ ကွာဝေးသော နတ်ဆိုးတစ်ထောင် လှိုဏ်ဂူ
သွေးတောင်ပံ ကျားပျံမျိုးနွယ်စု၏ ပိုင်နက်
“ အာဝူးးးး “
ရွှေတောင်ပံ T-Rexကြီးသည် မူလကိုယ်၏ ဆန္ဒကို အာရုံခံမိသွားကာ စိတ်ကျေနပ်စွာဖြင့် ဟိန်းဟောက်နေတော့သည်။
ထို့နောက်တွင် ၎င်းသည် အာဏာရှင် နဂါးကြီးတစ်ကောင်က သူ၏သားကောင်ကို တွေ့သွားသကဲ့သို့၊ ကျားပျံမျိုးနွယ်စု ခေါင်းဆောင်ကြီး၏ အလောင်းထံသို့ စိတ်အားထက်သန်စွာဖြင့် ပြေးသွားတော့သည်။
ကျားပျံမျိုးနွယ်စု၏ ခေါင်းဆောင်ကြီးသည် အသားတုံးများအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
“ ဂလု ဂလု ~~~ “
ရွှေတောင်ပံ T-Rexကြီးသည် ၎င်း၏သွေးစွန်းနေသည့် မေးရိုးကြီးကို ဖွင့်ဟ၍ အသားတုံးတစ်တုံးကို မြိုချနေတော့သည်။
ချက်ချင်းဆိုသလိုပင် သန့်စင်သော စွမ်းအားများသည် ဆူနာမီတစ်ခုကဲ့သို့ ရွှေတောင်ပံ T-Rexကြီး၏ ခန္ဓာကိုယ် အတွင်းပိုင်းတွင် မုန်တိုင်းထန်လာတော့လေသည်။
…
တစ်ဖက်ရှိ ရှုကျိုးကမူ မြေပြင်ပေါ်တွင် တင်ပျဥ်ခွေထိုင်၍ ချီ-သွေးစွမ်းအင်များ မြင့်တက်လာမည်ကို တိတ်တဆိတ် စောင့်ဆိုင်းနေလျက်ရှိသည်။
ရုတ်တရက်ဆိုသလိုပင် သူ၏မျက်လုံးများ တောက်ပသွားခဲ့သည်။
“ လာပြီ !! “
ပူနွေးသော အနွေးစီးကြောင်းတစ်ခုသည် သူ၏ခန္ဓာကိုယ်ထဲတွင် အထက်အောက် စုံချည်ဆန်ချည် လှည့်ပတ်သွားလာနေတော့သည်။
ရှုကျိုးသည် အချိန်ဖြုန်းမနေတော့ဘဲ၊ သူ၏မျက်လုံးများကို မှိတ်ကာ အခြေခံ ကျင့်ကြံရေး နည်းစနစ်ကို စတင်၍ လေ့ကျင့်နေတော့သည်။
အခြေခံ ကျင့်ကြံရေး နည်းစနစ်သည် ရန်ပြည်ထောင်မှ တရားဝင် ခွင့်ပြုကြေညာပေးထားသည့် ကျင့်ကြံရေး နည်းစနစ်တစ်ခု ဖြစ်သည်။
၎င်းအား အဆင့်မရှိသော အခြေအနေမှ ပထမအဆင့်သို့ ရောက်ရှိသည်အထိ လေ့ကျင့်နိုင်ပေသည်။
ဤအချိန်တွင် ရှုကျိုးသည် အဆိုပါ နည်းစနစ်ကို လှည့်ပတ် အသက်သွင်းနေခဲ့သောကြောင့်၊ သူ၏ခန္ဓာကိုယ်ထဲရှိ ချီ-သွေးများ မြင့်တက်လာခဲ့သည်။
“ ဝုန်းးးး !! “
အစွမ်းထက် ချီ-သွေး စွမ်းအင်လှိုင်းတစ်ခု ထိုးဆင်းလာခဲ့သည်။
ရှုကျိုး၏ အရှိန်အဝါသည် တစ်လွှာချင်းမြင့်တက်လာလျက်ရှိသည်။
သူ၏ အသိစိတ်ထဲ၌ သူ၏ဦးခေါင်းအထက်တွင် တံခါးပေါက်တစ်ခု ရှိနေခဲ့သည့်ပုံပင်။
သူသည် သူ၏ချီ-သွေးစွမ်းအင်အားလုံးကု ဆင့်ခေါ်ကာ အဆိုပါ တံခါးကို ရိုက်ချိုးနေတော့သည်၊ ၎င်းက ကျိုးပျက်သွားသည်နှင့်တစ်ပြိုင်နက် သူသည် ပထမအဆင့် နယ်ပယ်ထဲသို့ ရောက်ရှိသွားမည် ဖြစ်သည်။
၎င်းကား စိတ်အတွေးကြောင့် ဖြစ်ပေါ်လာသောအရာဖြစ်သည်။ ရှုကျိုး၏ ချီ-သွေးစွမ်းအားက အဆိုပါ တံခါး၏ အမြင့်ကို ကျော်လွန်သွားသည့် အချိန်တွင် သူ၏ အဆင့်ထိုးဖောက်မှုက အောင်မြင်သည်ဟု သတ်မှတ်ရမည် ဖြစ်သည်။ လက်တွေ့ဘဝ၌ ထိုကဲ့သို့သော တံခါးမျိုး မရှိပေ။
“ ဝုန်းးးး !! “
ရှုကျိုး၏ အရှိန်အဝါသည် အထက်သို့ ဆက်လက်၍ မြင့်တက်နေသေးစဲဖြစ်သည်။
၁၀မိနစ်၊ မိနစ် ၂၀ …………
တဖြည်းဖြည်းဖြင့် ရှုကျိုး၏ နဖူးပေါ်တွင် ချွေးများစို့လာခဲ့ပြီ ဖြစ်သည်။
“ အဲ့တံခါးက ငါထင်ထားတာထပ်တောင် ပိုမြင့်နေတာပဲ “ ရှုကျိုး မျက်မှောင်ကြုတ်သွား၏။
သူ၏ ချီ-သွေးစွမ်းအင်များသည် ဆက်လက်၍ မြင့်တက်နေသေးစဲဖြစ်သည်၊ သို့သော် ထိုတံခါး၏ အမြင့်သို့ လုံးဝ မရောက်ရှိခဲ့ပေ။
ထိုအချိန်တွင် ရှုကျိုးသည် စိုးရိမ်စိတ် အနည်းငယ် ဝင်လာခဲ့ပြီ ဖြစ်သည်၊ အဆင့်တက်တာ ကျရှုံးတော့မှာလား?
မဟုတ်လောက်ပါဘူး၊ ငါက အုတ်မြစ်တည်ဆောက်တာကို သုံးခါတောင် လုပ်ခဲ့ပြီးသွားပြီလေ၊ ငါ့ရဲ့ ချီ-သွေးစွမ်းအားက ရွယ်တူတွေထပ် အများကြီး သာနေပြီ။
တကယ်လို့ ငါသာ ကျရှုံးသွားမယ်ဆိုရင် ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်သူကမှ အဆင့်တက်နိုင်တော့မှာ မဟုတ်ဘူး။
ရှုကျိုးသည် ကိုယ့်ကိုကိုယ် အားပေးကာ အဆင့်ထိုးဖောက်ရန်အတွက် ချီ-သွေးစွမ်းအင်များကို ဆက်၍ စုဆောင်းနေတော့သည်။
…
လီရို့ရှီသည် ရှုကျိုး၏ တံခါးဝဆီသို့ ရောက်လာခဲ့ပြီး၊ အထဲမှ ထွက်ပေါ်နေသည့် အရှိန်အဝါကို သတိပြုမိသွားကာ သူမ၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
“ အဲ့တာက ………. “
သူမသည် အနည်းငယ် အံ့ဩသွားခဲ့သည် “ ပထမအဆင့်ကို အဆင့်တက်နေတာလား? “
လီရို့ရှီသည် တံခါးရှေ့တွင် ရပ်နေလျက်ရှိပြီး၊ သူမ၏ အေးစက်စက် မျက်နှာလေးပေါ်တွင် စိတ်ခံစားချက် အရိပ်အငွေ့လေးများ ဖြစ်ပေါ်လာခဲ့သည်။
ငပျော့လေးဟု သူမ ပြောခဲ့ဖူးသည့်လူသည် သူမထပ်ပင် သာလွန်နေခဲ့ပြီ ဖြစ်သည်။
သူမသည် အုတ်မြစ်တည်ဆောက်ခြင်း ဒုတိယအဆင့်တွင်သာ ရှိနေစဲဖြစ်ပြီး၊ ပထမအဆင့်သို့ ရောက်ရှိရန်အတွက် အချိန်ပိုယူရဦးမည် ဖြစ်သည်။
ရှုကျိုးကား သူ၏အဆင့်ထိုးဖောက်မှုကို စတင်၍လုပ်ဆောင်နေခဲ့ပြီ ဖြစ်သည်။
“ ဒါပင်မဲ့ ဒီကောင်က အုတ်မြစ်တည်ဆောက်ခြင်း ဒုတိယအဆင့်ကို ရောက်လာတာ ဘယ်လောက်မှ မကြာသေးဘူးလေ၊ ဟုတ်တယ်မလား? “
လီရို့ရှီသည် တွေးတောစဥ်းစားနေတော့သည် “ အခု အဆင့်တက်တာက နည်းနည်း မြန်လွန်းနေတယ် မဟုတ်ဘူးလား? “
…
မျက်စိတစ်မှိတ်အတွင်းမှာပင် နာရီဝက်ကုန်ဆုံးသွားခဲ့သည်။
ရှုကျိုးကား အဆင့်ထိုးဖောက်နေစဲ ဖြစ်သည်။
သို့ရာ၌ ဤအချိန်တွင် သူသည် သူ၏ ချီ-သွေးက အဆိုပါ တံခါးနှင့် ပိုပို၍ နီးကပ်လာပြီဟု ခံစားနေခဲ့ရပြီ ဖြစ်သည်။
“ ရောက်တော့မယ်၊ နည်းနည်းလေးပဲ လိုတော့တယ် “
ရှုကျိုးမှ အံကြိတ်ပြီး ဆက်လက်၍ ကြိုးစားလိုက်ရာ၊ သူ၏ချီ-သွေးစွမ်းအင်အားလုံး ဆူပွက်လာခဲ့ပြီး၊ သူ၏ အရှိန်အဝါမှာလည်း ထပ်မံ၍ မြင့်တက်လာခဲ့ကာ အဆိုပါတံခါးဆီသို့ ပြေးတက်သွားတော့သည်။
…
အပြင်ဘက်ရှိ လီရို့ရှီသည် အဆိုပါ အရှိန်အဝါကို ခံစားလိုက်ရကာ၊ စိုးရိမ်တကြီး ဖြစ်သွားတော့သည် “ ဒီအရှိန်အဝါက ………. ပထမအဆင့် သိုင်းပညာရှင်တွေထပ်တောင် တော်တော်ကြီးကို အားကောင်းနေပြီလေ “
“ သူက ဘာလို့ အဆင့်မတက်သွားရသေးတာလဲ? “
လီရို့ရှီ၏ နှစ်လိုဖွယ်ကောင်းသည့် မျက်နှာလေးပေါ်တွင် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာခဲ့သည်။
ပထမအဆင့်သို့ အဆင့်ထိုးဖောက်ခြင်းသည် အန္တရာယ်များကို သယ်ဆောင်ထားလေ့ရှိသည်။
သူမသည် ပြင်ပသိုင်းပညာရှင် တော်တော်များများက အဆင့်ထိုးဖောက်ရန် ကြိုးစားနေခဲ့သည့် အချိန်တွင် ခန္ဓာကိုယ်များ ပေါက်ကွဲထွက်သွားကာ ကုသ၍ မရနိုင်လောက်သော ကိုယ်တွင်းအဂ်ါဒဏ်ရာများ ရရှိတတ်သည်ဟု ကြားခဲ့ရဖူးသည်။
ခန္ဓာကိုယ် ပေါက်ကွဲသွားရခြင်း၏ အကြောင်းအရင်းမှာ နယ်ပယ်ထိုးဖောက်နေစဥ်တွင် ချီ-သွေးစွမ်းအင်များ ဆက်လက်၍ မြင့်မားလာသောကြောင့် ဖြစ်သည်။
ခန္ဓာကိုယ်က အဆိုပါ စွမ်းအင်များကို တောင့်မခံနိုင်တော့ပါက ခန္ဓာကိုယ် ပေါက်ကွဲထွက်သွားမည် ဖြစ်သည်။
ရှုကျိုး၏ ချီ-သွေးစွမ်းအင်များသည် အလွန်မြင့်မားသော အဆင့်တစ်ခုအထိ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
ထိုအခိုက်အတန့်တွင် လီရို့ရှီသည် ရှုကျိုး၏ အခန်းရှေ့တွင် သူမ၏ ဖြူဝင်းသော လက်သီးလေးများကို ဆုပ်ကာ စိုးရိမ်ပူပန်စွာဖြင့် မတ်တပ်ရပ်နေခဲ့သည်။
…
အထဲရှိ ရှုကျိုးသည် အဆင့်ထိုးဖောက်ရေး လုပ်ငန်းကို ဆက်လက် လုပ်ကိုင်နေစဲဖြစ်သည်။
၁၀မိနစ်၊ မိနစ်၂၀၊ နာရီဝက် ……
နောက်ထပ် နာရီဝက် ထပ်မံ၍ ကုန်ဆုံးသွားခဲ့ပြန်သည်။
ရုတ်တရက်ဆိုသလိုပင် ရှုကျိုး၏ အရှိန်အဝါ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။
၎င်းသည် တရကြမ်း မြင့်တက်လာနေခဲ့သည်။
“ ဝုန်းးးးးး !!! “
အဆုံးတွင် ချီ-သွေးစွမ်းအင်များသည် အတားအဆီးကို ကျော်ဖြတ်သွားပြီး၊ သူ၏အရှိန်အဝါတစ်ခုလုံး မြင့်တက်လာကာ အစွမ်းထက် ချီ-သွေးစွမ်းအင် လှိုင်းလုံးများ ဖြစ်ပေါ်လာတော့သည်။
“ ဆွစ်ရှ် ~~~ “
ရှုကျိုးသည် သူ၏မျက်လုံးများကို ရုတ်တရက် ဖွင့်ဟလာခဲ့သည်။
သူသည် အခြေခံ ကျင့်ကြံရေး နည်းစနစ် လည်ပတ်နေခြင်းကို ရပ်တန့်လိုက်သည်၊ သို့သော် သူ၏အရှိန်အဝါသည် ဆက်လက်၍ အားကောင်းလာနေစဲပင် ဖြစ်သည်။
၎င်းမှာ အဆင့်တက်သွားပြီးသည့်နောက်တွင် ရရှိလာသည့် အကျိုးအမြတ်များ ဖြစ်သည်။
…………………………………………………………………………………………………………