အခန်း (၉၇-၉၈)
Vol. 7 Ch. 97-98
အပိုင်း ( 97 )
နောက်ဆုံးတော့ အဆင့်တက်သွားခဲ့ပြီ !! ပထမအဆင့် သိုင်းပညာရှင် !! ၂
“အဲ့တံခါးက တော်တော်ကြီးကို မြင့်တာပဲ “ ရှုကျိုးသည် အသက်ကို ဖြည်းညှင်းစွာ ရှူရှိုုက်နေတော့သည်၊ ယခုလေးတင် သူသည် အဆင့်တက်မှု ကျရှုံးတော့မည်ဟု ထင်နေခဲ့ခြင်း ဖြစ်သည်။
အဆိုပါ တံခါး၏ အမြင့်သည် သူမျှော်မှန်းထားသည်ထပ် များစွာ ပို၍ မြင့်မားနေခဲ့သည်။
ရှုကျိုးသည် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားတော့သည်၊ ပထမအဆင့်ကို တက်ရတာက တစ်ခြားလူတွေအတွက်လည်း ဒီလောက်ကြီးအထိ ခက်တာလား?
သူက အုတ်မြစ်တည်ဆောက်တာကို သုံးကြိမ်တောင် လုပ်ခဲ့တာလေ၊ ဒီ့ထပ် ပိုလွယ်နေသင့်တယ် မဟုတ်ဘူးလား?
“ ဘာပဲဖြစ်ဖြစ်ပါလေ “ ရှုကျိုး၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည် “ နောက်ဆုံးတော့ ငါက ပထမအဆင့် သိုင်းပညာရှင် ဖြစ်သွားခဲ့ပြီ “
ဤအချိန်တွင် ရှုကျိုးသည် အမှန်တကယ် အပျော်လွန်နေခဲ့ပြီ ဖြစ်သည်။
၎င်းမှာ သေးငယ်သော ခြေလှမ်းတစ်ခုမျှသာ ဖြစ်သည်။ သို့သော် ၎င်းသည် နှစ်ဝက်မျှ ကြိုးစားအားထုတ်နေခဲ့ရသည့် သူ၏ကြိုးစားအားထုတ်မှု ဖြစ်သည်။
ပထမအဆင့်သို့ မရောက်သေးသည့် လူများကို သိုင်းပညာများဟု မည်သူကမှ ခေါ်ကြလိမ့်မည် မဟုတ်ပေ၊ ထို့အစား သိုင်းပညာသင် ကျောင်းသားကျောင်းသူဟုသာ ခေါ်ဆိုလေ့ရှိကြသည်။
ပထမအဆင့်သို့ ရောက်ရှိသွားသည်နှင့်တစ်ပြိုင်နက် သိုင်းပညာရှင်ဟု ခေါ်ဆိုနိုင်ပြီ ဖြစ်သည်။
ယခုတွင် ရှုကျိုးသည် သိုင်းပညာရှင်တစ်ဦး ဖြစ်သွားခဲ့ပြီ ဖြစ်သည်။
သူသည် စနစ်၏မျက်နှာပြင်ကို ဖွင့်လိုက်သည်။
[ ချီ-သွေး + ၀.၅ ကယ်လိုရီ ]
[ အဆင့် +၅% ]
အိမ်ရှင် : ရှုကျိုး
ချီ-သွေး : ၁၇၀.၅ ကယ်လိုရီ
စိတ်ဝိညာဥ်စွမ်းအား : 35 Hz
ကိုယ်ပွား : ရွှေတောင်ပံ T-Rex
အဆင့် : ပထမအဆင့် အဆင့် ၅ ( ၉၀% )
အသားတင် အလေးချိန် : ၁၆၀၈.၅ ကီလိုဂရမ်
စွမ်းရည် : တစ်ရက်လျှင် ၃၀ ကီလိုဂရမ် ရရှိခြင်း၊ အရာအားလုံး ဝါးမြိုနိုင်ခြင်း၊ ကိုက်ဖြတ်ဆုတ်ဖြဲခြင်း ( ac )၊ ခုန်ဆင်းခြင်း ( pas )
ဆင့်ကဲ ပြောင်းလဲမှုဖြစ်စဥ် : အလေးချိန်က မျိုးစိတ်အကန့်အသတ်သို့ ရောက်ရှိသွားသောအခါတွင် ဆင့်ကဲပြောင်းလဲမည်
ကိုယ်ပိုင် ဟင်းလင်းပြင် နေရာလွတ် : ၁၀၀၀ ကုဗမီတာ
…
“ ချီ-သွေးက ၀.၅ ကယ်လိုရီ တိုးလာတာလား? “ ရှုကျိုး မအံ့ဩသွားခဲ့ပေ။
အုတ်မြစ်တည်ဆောက်ခြင်းကို တတိယအကြိမ်မြောက် ပြုလုပ်ခဲ့ပြီးသည့်နောက်တွင်၊ ချီ-သွေးစွမ်းအင်များသည် အကန့်အသတ်အထိ ပေါင်းစည်းသွားခဲ့သည်။
ယခုလက်ရှိ ချီ-သွေးစွမ်းအင် ၁ကယ်လိုရီတိုင်းသည် ယခင်ကထပ် အဆပေါင်းများစွာ သာလွန်နေခဲ့ပြီ ဖြစ်သည်။
သို့သော် ရှုကျိုးသည် အဆင့်တက်လာခဲ့ပြီးသည့်နောက်မှာပင် သူ၏ချီ-သွေးစွမ်းအင် တစ်ခုတည်းကသာလျှင် တိုးတက်လာခဲ့ခြင်း မဟုတ်ဘူးဟု ခံစားနေခဲ့ရသည်။
သူသည် ၎င်းကို တိတ်တဆိတ် အာရုံခံနေတော့သည်။
အဆင့်ထိုးဖောက်ခြင်းမှ ရရှိသည့် အကျိုးရလဒ်များသည် ဆက်လက်၍ ပေါ်ပေါက်နေစဲဖြစ်သည်။
အရိုးများဖြစ်စေ၊ ကြွက်သားများဖြစ်စေ (သို့) အရေပြားဖြစ်စေ၊ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် အတွင်းမှအပြင်အထိ အသွင်ကူးပြောင်းနေခဲ့သည်။
ရှုကျိုးသည် တိတ်တဆိတ်သာ စောင့်ဆိုင်းနေတော့သည်။
၁၀မိနစ်ကုန်သွားသည့်နောက်တွင်
“ ဖူးးးး “
ရှုကျိုးသည် အသက်ကို ဖြည်းညှင်းစွာ ရှူထုတ်လာခဲ့ပြီး၊ ချီ-သွေးစွမ်းအင်လှိုင်းများသည် သူ၏ခန္ဓာကိုယ်ထဲသို့ ပြန်လည်တိုးဝှေ့ဝင်ရောက်လာခဲ့သည်။
ပထမအဆင့်သို့ ရောက်လာသည့် လူများကိုသာ သိုင်းပညာရှင်များဟု မည်သည့်အတွက်ကြောင့် ခေါ်ဆိုရသလဲဆိုသည်ကို သူနားလည်သွားခဲ့ပြီ ဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် သိုင်းပညာရှင်များသည် သာမန်လူများနှင့် လုံးဝကွဲပြားနေသောကြောင့် ဖြစ်သည်။
ရှုကျိုးသည် မတ်တပ်ထရပ်၍ မှန်ဆီသို့ လမ်းလျှောက်လာခဲ့ရာ၊ သူ၏ပုံရိပ်က ပို၍ အရပ်ရှည်လာကာ တောင့်တောင့်တင်းတင်း ဖြစ်လာခဲ့ပြီး၊ သူ့မျက်နှာပုံစံမှာလည်း ပို၍ကြည်လင် ပြေပြစ်လာခဲ့သည်။
ယခင်က မျက်နှာသည် အပြစ်ကင်းကာ ကလေးရုပ်ပေါက်နေခဲ့သည်၊ သို့သော် ယခုတွင်ကား ၎င်းသည် ပို၍ သန့်စင် ခံ့ညား ချောမောလာခဲ့ပြီ ဖြစ်သည်။
“ ပထမအဆင့် သိုင်းပညာရှင်ဖြစ်လာပြီးတဲ့နောက်မှာ ငါရုတ်တရက်ကြီး ရင့်ကျက်သွားတဲ့ပုံပဲ “ ရှုကျိုးသည် မှန်ထဲတွင် ရှိနေသည့် ချောမောသော လူငယ်လေးကို ကြည့်ကာ အနည်းငယ် အံ့ဩသွားခဲ့သည်။
၎င်းသည် အသက် ၁၅နှစ်မှ ၁၈နှစ်သို့ ရုတ်တရက် ရောက်ရှိသွားကာ ဘက်ပေါင်းစုံ ကြီးထွားလာခြင်းနှင့် တူညီနေလျက်ရှိသည်။
ရုပ်ရည်အသွင်အပြင် ပြောင်းလဲမှုများအပြင် ရှုကျိုးသည် သူ၏ ခွန်အားနှင့် အမြန်နှုန်းတို့ကလည်း သိသိသာသာ ပြောင်းလဲသွားသည်ဟု ခံစားနေခဲ့ရသည်။
အကယ်၍ ယခင်ကသာဆိုပါက သူ၏အရင်ဘဝမှ လက်ဝှေ့ချန်ပီယံများသည် သူ၏ခွန်အားဖြင့် ယှဥ်ပြိုင်နိုင်မည် ဖြစ်သည်။
ယခုတွင်ကား ရှုကျိုးသည် သာမန်လူသားတို့၏ နယ်ပယ်မှ လုံးဝကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။
သာမန်လူများက မည်မျှပင် လေ့ကျင့်နေခဲ့ပါစေ၊ သူ့အား လုံးဝ ယှဥ်နိုင်တော့မည် မဟုတ်ပေ။
၎င်းအား တိုက်ပွဲများတွင် အမှန်တကယ် မြင်တွေ့လာရလိမ့်မည် ဖြစ်သည်။
“ ဒေါက် ဒေါက် ဒေါက် “
“ ဝင်လာခဲ့ပါ “
လီရို့ရှီသည် တံခါးကို တွန်းဖွင့်၍ ဝင်လာခဲ့ကာ စိုးရိမ်ပူပန်နေသော မျက်နှာထားဖြင့် ရှုကျိုးကို ကြည့်လာခဲ့သည် “ ပထမအဆင့်ကို ရောက်သွားပြီလား? “
“ ဟမ် “ ရှုကျိုးသည် ခေါင်းငြိမ့်ကာ ပြုံးပြလိုက်သည် “ အခု ငါ ပထမအဆင့် သိုင်းပညာရှင် ဖြစ်သွားပြီ “
“ အစ်မ၊ တကယ်လို့ နောင်အနာဂတ်မှာ တစ်ယောက်ယောက်က နင့်ကို အနိုင်ကျင့်တယ်ဆိုရင်၊ ငါ့ကို ပြောလိုက်၊ ငါသူတို့ကို ဆုံးမပေးမယ် “
ပထမအဆင့်သို့ ရောက်ရှိသွားခြင်းကြောင့် ရရှိလာခဲ့သည့် အကျိုးအမြတ်များက သူထင်ထားသည်ထပ် ပိုကောင်းနေသာကြောင့် ရှုကျိုးသည် ဤအချိန်တွင် အလွန်ပျော်ရွှင်နေခဲ့ပြီ ဖြစ်သည်။
ထိုစကားကို ကြားလိုက်ရသောအခါတွင် လီရို့ရှီသည် မနေနိုင်တော့ဘဲ သူ့အား မျက်စောင်းထိုးလာခဲ့သည်။
ရှုကျိုး၏ အရှိန်အဝါက သိသိသာသာ ပြောင်းလဲသွားသည်ကို သတိပြုမိသွားသည့် အချိန်မှသာလျှင် သူမသည် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ ကြည့်ရတာတော့ သူက အရင်ကထပ် ပိုပြီးတော့ ရင့်ကျက်လာတဲ့ပုံပဲ။
သူက ချစ်စရာ ကောင်လေးဖြစ်ခဲ့ဖူးတယ်၊ အခုတော့ လူချောတစ်ယောက် ဖြစ်လာပြီပဲ။
ရုပ်ရည်ကား ဒုတိယဦးစားပေးမျှသာ ဖြစ်သည်။ လီရို့ရှီကို အံ့အားအသင့်ဆုံး ဖြစ်သွားစေခဲ့သည့် အရာကား ရှုကျိုး၏ ချီ-သွေးစွမ်းအင်လှိုင်းက သာမန် ပထမအဆင့် သိုင်းပညာရှင်များထပ် များစွာ အားကောင်းနေခြင်း ဖြစ်သည်။
“ အစ်မ၊ နင်က ငါ့မျက်နှာကို ဘာလို့ စိုက်ကြည့်နေတာလဲ? “ ရှုကျိုးသည် သူ၏မျက်နှာကို ထိတွေ့နေတော့သည်။
လီရို့ရှီ၏ ပါးပြင်လေးများသည် အနည်းငယ် ရှက်သွေးဖြာနီမြန်းသွားခဲ့ပြီး တစ်စုံတစ်ခုကို နားလည်သွားပုံရကာ၊ သူမ၏အကြည့်ကို ပြန်ရုတ်သိမ်းသွားတော့သည်။
ရှုကျိုးမှာ ကောင်လေးတစ်ဦး မဟုတ်တော့ဘဲ၊ အမျိုးသားတစ်ဦး ဖြစ်လာခဲ့ပြီဖြစ်သောကြောင့် ထိုကဲ့သို့ စိုက်ကြည့်နေခြင်းမှာ အမှန်တကယ် မသင့်တော်လှပေ။
မကြာခင်မှာပင် သူမသည် ခါတိုင်းကဲ့သို့ အေးစက်စက် ပြန်ဖြစ်သွားကာ၊ ပြောလာခဲ့သည် “ နင်က ငါ့ကို ပထမအဆင့် နှောင်းပိုင်းသိုင်းပညာရှင်တစ်ယောက်ရဲ့ ခံစားချက်မျိုး ပေးနေတယ် “
“ ပထမအဆင့် နှောင်းပိုင်းလား? “ ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည်။
သူသည်လည်း သူ၏ ယခုလက်ရှိစွမ်းအားက အလွန်ကြောက်မက်ဖွယ်ကောင်းသည်ဟု ခံစားနေခဲ့ရသည်။
ရှုကျိုးသည် သူ၏လက်သီးများကို ဆုပ်ကာ ကြံ့ခိုင်သော ကြွက်သားများကို လီရို့ရှီအရှေ့တွင် ပြသနေတော့သည်။
လီရို့ရှီသည် အနည်းငယ်မျှ ကူရာကယ်ရာမဲ့သွားတော့သည်၊ ဒီကောင်က တစ်ခါလေး ချီးကျူးလိုက်တာနဲ့ ပိုပြီးတော့ ရောင့်တက်လာတာပဲ။
“ ကြည့်ရတာတော့ ငါက မြန်မြန် ပိုစွမ်းလာဖို့ လိုနေတဲ့ပုံပဲ “ လီရို့ရှီမှ တိတ်တဆိတ် ပြောနေလျက်ရှိသည်။
သူမသည် ကျန်းလန်ကဲ့သို့ ပြိုင်ဆိုင်လိုစိတ်များသည့် ကောင်မလေး မဟုတ်ပေ၊ သို့သော် ရှုကျိုးက သူမထပ် သာလွန်သွားသည်ကို မြင်တွေ့လိုက်ရသောအခါတွင် သူမ၏စိတ်ထဲတွင် ထိုကဲ့သို့ မဖြစ်စေချင်သည့် စိတ်ဆန္ဒလေးများ အနည်းငယ် ဖြစ်တည်လာခဲ့သည်။
သူမသည် အစ်မကြီး ဖြစ်သည်၊ မောင်လေး၏ ကျော်တက်ခြင်းကို မည်ကဲ့သို့ ခံနိုင်လိမ့်မည်နည်း?
…
ရှုကျိုးကား များများစားစား တွေးတောမနေခဲ့ပေ၊ သူ၏အစွမ်းများ သိသိသာသာ မြင့်တက်လာခဲ့သောကြောင့် အလွန်ပျော်ရွှင်နေခဲ့လေသည်။
“ ကျိုးလေး၊ ရို့ရှီ၊ ပြန်ရောက်နေကြပြီလား? “
ထိုအချိန်တွင် ရှုတျန်ဟိုင်သည် အိပ်ခန်းထဲမှ လမ်းလျှောက်ထွက်လာခဲ့သည်။
လီယန်ဖင်းမှာလည်း သူ့နောက်မှ လိုက်ပါလာခဲ့သည်၊ နှစ်လတိတိ မတွေ့ခဲ့ရသောကြောင့် အဆိုပါ စုံတွဲသည် ရှုကျိုးနှင့် လီရို့ရှီတို့ကို မြင်တွေ့ရသည့်အတွက် ဝမ်းသာပီတိဖြစ်သွားကြသည်။
“ ဟုတ်၊ ကျွန်တော်တို့ ပြန်ရောက်နေပြီ “ ရှုကျိုးနှင့် လီရို့ရှီတို့သည် အခန်းထဲမှ ထွက်လာကြသည်။
လီရို့ရှီသည် ယမန်နေ့ကတည်းက သူမတို့ ပြန်ရောက်ပြီဖြစ်ကြောင်းကို အသိပေးထားခဲ့ပြီးပြီ ဖြစ်သည်၊ သို့သော် မိဘနှစ်ပါးသည် ညနက်မှ ပြန်ရောက်လေ့ရှိသောကြောင့် ယခုမှသာလျှင် တွေ့ဆုံရခြင်း ဖြစ်သည်။
“ ရှောင်ရှီ၊ သမီးရဲ့ မောင်လေးကို ဂရုစိုက်ရဲ့လား? “ ဟု လီယန်ဖင်းမှ မေးမြန်းလာခဲ့သည်။
“အမေ၊ စိတ်မပူပါနဲ့ “ လီရို့ရှီ ပြန်မဖြေနိုင်ခင်မှာပင် ရှုကျိုးမှ ပြုံးစစဖြင့် ဝင်ပြောလာခဲ့သည် “ ကျွန်တော်က အစ်မရဲ့ အကာအကွယ်ကို ထပ်မလိုတော့ပါဘူး။ ကျွန်တော်က ပထမအဆင့် သိုင်းပညာရှင်တစ်ယောက် ဖြစ်သွားပြီ “
ရှုတျန်ဟိုင်နှင့် လီယန်ဖင်းနှစ်ဦးစလုံး အံ့အားသင့်သွားကြသည်။
သူတို့သည် သာမန်လူနှစ်ဦးသာ ဖြစ်သည်၊ သို့သော် သူတို့သည် သိုင်းပညာရှင်လောက၏ သဘောတရားများကို ကောင်းစွာသိရှိထားကြသည်။
အထက်တန်း ပထမနှစ်တွင် ပထမအဆင့် သိုင်းပညာရှင်တစ်ဦး ဖြစ်သွားခြင်း !!!
၎င်းမှာ အလွန်ရှားပါးလွန်းလှသော ဖြစ်ရပ်တစ်ခု ဖြစ်သည်။
……………………………………………………………………………………………………
အပိုင်း ( 98 )
နောက်ဆုံးတော့ အဆင့်တက်သွားခဲ့ပြီ !! ပထမအဆင့် သိုင်းပညာရှင် !! ၃
ဘေးတစ်ဖက်ရှိ လီရို့ရှီ၏ မျက်နှာပေါ်တွေင် ခပ်ရေးရေး အပြုံးတစ်ခု ပေါ်ပေါက်လာခဲ့သည် “ အမေ၊ သူက ပထမအဆင့် သိုင်းပညာရှင် ဖြစ်သွားရုံတင် မဟုတ်ဘူး၊ ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်ရဲ့ အထူးဝင်ခွင့်ကိုပါ ရထားသေးတယ် “
“ ဘာ !!! “
ဤတစ်ကြိမ်တွင် ရှုတျန်ဟိုင်နှင့် လီယန်ဖင်းတို့နှစ်ဦးစလုံး အံ့ဩတုန်လှုပ်သွားကြသည်။
နောက်ထပ် ၁၀မိနစ်အတွင်းတွင် အဆိုပါ စုံတွဲသည် ရှုကျိုးအား မေးခွန်းပေါင်းများစွာကို အံ့ဩတကြီးဖြင့် မေးမြန်းလာကြပြီး၊ ရှုကျိုးမှ တစ်ခုချင်းစီ ပြန်ဖြေပေးနေခဲ့ရလေသည်။
…
မိဘများကို ရှင်းပြပြီးသည့်နောက်တွင် ရှုကျိုးသည် ပျင်းရိစွာ အကြောဆန့်လိုက်ပြီး၊ သူ၏အခန်းသို့ ပြန်ကာ လေ့ကျင့်ရန် ပြင်ဆင်လိုက်သည်။
“ တင်း တောင် ~~~ “
ရုတ်တရက်ဆိုသလိုပင် အိမ်တံခါးဘက်မှ အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
ရှုကျိုးမှ လမ်းလျှောက်သွား၍ တံခါးဖွင့်လိုက်ရာ စက်ရုပ်ကောင်မလေး ရှောင်ရှီသည် တံခါးဝတွင် ကြီးမားသောအထုပ်တစ်ထုပ်ကို ကိုင်ကာ မတ်တပ်ရပ်နေသည်ကို မြင်တွေ့သွားခဲ့သည်။
“ ဆရာ “ ရှောင်ရှီမှ ပြောလာခဲ့သည် “ ဒါက အရင်နှစ်လအတွက် ဆရာ့ရဲ့ ကျင့်ကြံရေး အရင်းအမြစ်တွေပါ၊ ဆရာက အချိန်မှီ မယူနိုင်ဘူးဆိုတော့ ကျွန်မကပဲ ယူပေးထားပါတယ် “
ရှုကျိုးသည် အနည်းငယ် အံ့ဩသွားကာ အထုပ်ကို ယူလိုက်သည်။
၎င်းကို ဖွင့်ကြည့်လိုက်သောအခါ၌ အထဲတွင် ပုလင်းနှင့် အိုးပေါင်းများစွာ ပါရှိနေခဲ့သည်။
“ ကျင့်ကြံရေး ဆေးရည်တွေလား? “ ရှုကျိုးသည် အနည်းငယ် မှင်သက်သွားခဲ့သည်။
ကံဆိုးစွာဖြင့်ပင် သူ၏ ကိုယ်ပွားသည် ဤနေရာတွင် ရှိမနေသောကြောင့် ၎င်းတို့ကို သောက်သုံးလိုက်မည်ဆိုပါက အလေအလွင့် ဖြစ်သွားလိမ့်မည် ဖြစ်သည်။
ထိုအချိန်တွင် သူသည် ၎င်းတို့က ရှားမိသားစုမှ ဖြန့်ဝေပေးခြင်း ဖြစ်ကြောင်းကို နားလည်သွားခဲ့သည်။
ရှားမိသားစု၏ Aအဆင့် အဖွဲ့ဝင်များသည် ကျင့်ကြံရေး အရင်းအမြစ် ၁.၅သန်းနှင့် ငွေသား ၁သန်းတို့ကို နှစ်စဥ်ရရှိကြသည်။
၎င်းမှာ ပထမအဆင့်သို့ မရောက်သေးသည့် လူများအတွက် ဖြစ်သည်။
ဟုတ်သားပဲ၊ အခုဆိုရင် ငါက ပထမအဆင့် သိုင်းပညာရှင်ဖြစ်သွားပြီလေ၊ ငါ့ရဲ့ ထောက်ပံ့ကြေးက ပိုမြင့်လာသင့်ပြီမလား?
“ ရှောင်ရှီ၊ ငါက ပထမအဆင့် သိုင်းပညာရှင် ဖြစ်လာပြီ “ ရှုကျိုးမှ မေးမြန်းလိုက်သည် “ ထောက်ပံ့ရေးက အဆင့်မြင့်သွားမှာလား? “
၎င်းကို ကြားလိုက်ရသောအခါတွင် ရှောင်ရှီ၏ ကြည်လင်သော မျက်လုံးလေးများထဲမှ အနီရောင် ရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့သည်။
၎င်းသည် ရှုကျိုး၏ ကိုယ်ခန္ဓာတစ်ခုလုံးကို စစ်ဆေးကြည့်ရှုလာခဲ့သည်။
တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်၌
“ ဆရာ၊ ရှင်က ပထမအဆင့် သိုင်းပညာရှင် ဖြစ်လာပြီပဲ “ ရှောင်ရှီမှ ခေါင်းငြိမ့်ပြလာခဲ့သည် “ နောက်လကနေစပြီးတော့ ရှင့်ရဲ့ ထောက်ပံ့ကြေးတွေက ပထမအဆင့် သိုင်းပညာရှင်အဖြစ် အဆင့်မြင့်သွားပါလိမ့်မယ် “
“ ပထမအဆင့် သိုင်းပညာရှင်အတွက် ထောက်ပံ့ရေးက ဘာတွေပါလဲ? “
“ ရှားမိသားစု ရဲ့ Aအဆင့် အဖွဲ့ဝင် ပထမအဆင့် သိုင်းပညာရှင်တွေက ကျင့်ကြံရေး အရင်းအမြစ် ၃သန်းနဲ့ ငွေသား ၂သန်းကို နှစ်တိုင်းရပါတယ် “ ဟု ရှောင်ရှီမှ ပြောပြလာခဲ့သည် “ ပြီးတော့ ရှားမိသားစုရဲ့ အဖိုးတန်သိုင်းပညာတွေကိုလည်း လေ့ကျင့်လို့ရပါတယ် “
ရှုကျိုး၏ မျက်လုံးများ တောက်ပလာတော့သည်။
ရှားမိသားစု၏ အဖိုးတန် သိုင်းပညာများ !!!
အချိန်ကိုက် ဆိုသလိုပင် သူသည် နောက်ဆက်တွဲ ကျင့်ကြံရေး နည်းစနစ်များ မရှိဘဲ ပထမအဆင့်သို့ အဆင့်တက်လာခဲ့လေသည်။
“ ရှောင်ရှီ၊ ငါက ရှားမိသားစုရဲ့ အဖိုးတန် သိုင်းပညာရပ်တွေကို ဘယ်နေရာမှာ ကြည့်လို့ရလဲ? “ ရှုကျိုးသည် အလောတကြီး မေးမြန်းလိုက်သည်။
တီ တောင် !!!
သူ၏ စကားပြီးဆုံးသွားသည်နှင့် တစ်ပြိုင်နက် သူ၏ဖုန်းထဲသို့ အကြောင်းကြားစာတစ်ခု ဝင်လာခဲ့သည်။
“ ဆရာ “ ရှောင်ရှီမှ ပြုံးပြလာခဲ့သည် “ ကျွန်မက ရှင့်ဆီကို ရှားမိသားစုရဲ့ စာကြည့်တိုက်အတွက် လျှို့ဝှက်လင့်ကို ပို့ပေးပြီးသွားပါပြီ၊ ကိုယ့်ဘာသာ စစ်ဆေးကြည့်လို့ရပါတယ် “
ရှုကျိုးသည် ဝမ်းသာအားရ ခေါင်းငြိမ့်ပြလိုက်သည်။
ရှားမိသားစုက Aအဆင့် အဖွဲ့ဝင်တွေအတွက် ပေးထားတဲ့ ဝန်ဆောင်မှုတွေက တကယ်ကို ရှယ်ဘဲဟေ့ !!
ဒီစက်ရုပ်မလေးဆို မျက်စိပဒါသဖြစ်တယ်။
သူသည် သူ၏လက်ကို ဝေ့ယမ်းကာ ရှောင်ရှီကို ထွက်သွားခိုင်းရန် ပြင်ဆင်လိုက်သည်။
“ ခဏနေဦး “ အေးစက်စက် အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
လီရို့ရှီ ပေါ်လာခဲ့ပြီး၊ သူမ၏ လှပသော မျက်လုံးလေးများဖြင့် ရှုကျိုးကို စိုက်ကြည့်လာခဲ့သည်၊ ဒီကောင်က ရှောင်ရှီလို့ခေါ်ရတာကို သဘောကျနေတာလား?
ရှုကျိုးသည် တစ်စုံတစ်ခုကို နားလည်သွားခဲ့ပြီး၊ ရှောင်ရှီကို အမြန်ပြောလိုက်သည် “ ရှောင်ရှီ၊ မင်းရဲ့နာမည်ကို ပြောင်းလိုက်၊ မင်းကို အဲ့လိုထပ်မခေါ်တော့ဘူး “
“ ဆရာ၊ ရှောင်ရှီရဲ့ နာမည်ကို သတ်မှတ်ပြီးတာနဲ့ ပြန်ပြင်လို့မရပါဘူး “
“ … “
“ အစ်မ၊ ငါ့အမှား မဟုတ်ဘူးနော် “ ရှုကျိုးသည် ကူရာကယ်ရာမဲ့စွာဖြင့် လီရို့ရှီကို ကြည့်လိုက်သည်။
လီရို့ရှီသည် သူမ၏နှုတ်ခမ်းလေးများကို ကိုက်လိုက်ပြီး မျက်မှောင်ကြုတ်သွားခဲ့သည်၊ တစ်ယောက်က ရှောင်ရှီလို့ခေါ်တယ်၊ တစ်ယောက်ကကျ ဆရာတဲ့။
ပြီးတော့ သူက ငါနဲ့တောင် တူနေတယ်၊ ငါ တစ်ယောက်ယောက်ကို ရိုက်ချင်နေပြီနော် !!
“ ဆရာ၊ ရှင်က ခြိမ်းခြောက်ခံနေရတယ်လို့ ထောက်လှမ်းမိပါတယ်၊ ဒီပြဿနာကို ကျွန်မ ဖြေရှင်းပေးရမလားရှင့်? “ ရှောင်ရှီမှ မျက်စိတစ်ဖက် မှိတ်ပြကာ ပြောလာခဲ့သည်။
ရှုကျိုး၏ အမူအရာ မည်းမှောင်သွားတော့သည်၊ ငါ့ရဲ့ ပြဿနာက သိပ်မကြီးသေးဘူးလို့များ ထင်နေတာလားဟ?
“ ဒီနေရာမှာ မင်းလုပ်စရာ ဘာမှ မရှိတော့ဘူး၊ ပြန်တော့ “ ရှုကျိုးသည် သူ၏လက်ကို ဝေ့ယမ်းပြလိုက်သည်။
ရှောင်ရှီ ထွက်ခွာသွားသည့်နောက်တွင် သူသည် လီရို့ရှီကို ထပ်ကြည့်လိုက်ပြီး၊ ချောင်းဟန့်၍ ပြောပြနေတော့သည် “ အစ်မ၊ နင်က လှပပြီး ကြင်နာတတ်တဲ့ ကောင်မလေးလေ၊ နင်က ဒီလိုကိစ္စသေးသေးလေးတွေကို စိတ်ထဲမထားသင့်ဘူးလေ၊ ဟုတ် …………. “
ဘမ်းးးး !!!
လီရို့ရှီသည် သူ၏တင်ပါးကို သူမ၏ ရှည်လျားသေးသွယ်သည့် ခြေထောက်လေးဖြင့် ခပ်ပြင်းပြင်း ကန်လာခဲ့ပြီး၊ ထို့နောက်တွင် သူမ၏ နီရဲရဲ နှုတ်ခမ်းလေးများကို ကိုက်ကာ ဒေါသတကြီး လှည့်ထွက်သွားတော့သည်။
ရှုကျိုးသည် ကူရာကယ်ရာမဲ့နေသော အမူအရာဖြင့် သူ၏တင်ပါးကို ပွတ်နေတော့သည်။
ခြေထောက်သေးသေးလေးကလည်း အားပြင်းလိုက်တာကွာ။
ငါက တော်တော်လေး အစွမ်းထက်လာပင်မဲ့ ကြည့်ရတာတော့ သူမက ငါ့ကို သိပ်မလေးစားသေးဘူးထင်တယ်။
အနည်းဆုံးတော့ ငါက ပထမအဆင့် သိုင်းပညာရှင် ဖြစ်နေပြီလေ။
ရှုကျိုးသည် ကိုယ့်ကိုကိုယ် ဟာသလုပ်နေတော့သည်၊ ထို့နောက်တွင် သူ၏ဖုန်းကို စိတ်အားထက်သန်စွာဖြင့် ကြည့်နေတော့သည်။
“ ရှားမိသားစုရဲ့ အဖိုးတန် သိုင်းပညာတွေ “
တောင်ပိုင်းပြည်နယ်တွင် ထင်ရှားသော မိသားစုတစ်ခုဖြစ်သည့် ရှားမိသားစုထံတွင် နဝမအဆင့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦး ရှိခဲ့ဖူးလေသည်။
သူတို့၏ အခြေခံအုတ်မြစ်က အတော်လေး နက်ရှိုင်းနေမည်မှာ သိသာလှပေသည်။
ရှားမိသားစု၏ အဖိုးတန် သိုင်းပညာရပ်များသည် အလွန်တန်ဖိုးကြီးလှပြီး၊ ထိပ်တန်းနည်းစနစ်များပင် ပါဝင်နေလိမ့်မည် ဖြစ်သည်။
ဤအချိန်တွင် ရှုကျိုးသည် ၎င်းတို့ကို အတော်လေး မျှော်လင့်မိနေတော့သည်။
…………………………………………………………………………………………………………….