← Chapters

အခန်း (၉၉-၁၀၀)

Vol. 7 Ch. 99-100

အခန်း (၉၉-၁၀၀)

Vol. 7 Ch. 99-100

အပိုင်း ( 99 )

လမ်းဆုံးကြီးလား? လူသား ခန္ဓာကိုယ်၏ လျှို့ဝှက်ဆန်းကြယ်မှု !!

အိပ်ခန်းထဲသို့ ပြန်ရောက်လာခဲ့ပြီးသည့်နောက်တွင် ရှုကျိုးသည် အဆိုပါလင့်ကို စိတ်အားထက်သန်စွာဖြင့် ဖွင့်ကြည့်နေတော့သည်။

စကားဝှက်များကို ဆက်တိုက် ရိုက်နှိပ်ခဲ့ပြီးသည့်နောက်တွင်

ရုတ်တရက် ဆိုသလိုပင် ရှေးဟောင်းစာအုပ်စင်တစ်ခုသည် သူ၏မျက်လုံးများရှေ့တွင် ပေါ်လာခဲ့သည်။

“ ဒါတွေက ရှားမိသားစုရဲ့ အဖိုးတန် သိုင်းပညာတွေလား? “ ရှုကျိုး၏ မျက်လုံးများ တောက်ပသွားခဲ့သည်။

သူသည် အလျင်အမြန် စူးစမ်းလေ့လာနေတော့သည်။

ပထမဦးဆုံးအနေဖြင့် စာအုပ်စင်တစ်ခုလုံးကို ခြုံငုံသုံးနေတော့သည်။

“ ကျင့်ကြံရေး နည်းစနစ်တွေကို အမျိုးအစားသုံးခုအဖြစ် ခွဲခြားထားတာလား? ” ရှုကျိုးသည် မိတ်ဆက်စာကြောင်းကို ဖတ်ရှုနေခဲ့သည် “ တတိယအဆင့် ကျင့်ကြံရေးနည်းစနစ်၊ ဆဌမအဆင့် ကျင့်ကြံရေးနည်းစနစ်နဲ့ နဝမအဆင့် ကျင့်ကြံရေးနည်းစနစ်လား? “

ရှုကျိုးအသက်ရှု ကြပ်သွားခဲ့သည်။

တတိယအဆင့် ကျင့်ကြံရေး နည်းစနစ်သည် တတိယအဆင့်အထိ လေ့ကျင့်နိုင်သည့် စွမ်းရည်ကို ကိုယ်စားပြုနေလျက်ရှိ၏။

နဝမအဆင့် ကျင့်ကြံရေး နည်းစနစ်ကမူ နဝမအဆင့်အထိ လေ့ကျင့်နိုင်သည့် စွမ်းရည်ကို ကိုယ်စားပြုနေ၏။

နဝမအဆင့် ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း?

အထွတ်အထိပ် အဆင့်စွမ်းအားပင် !!!

၎င်းသည် လူသားကျင့်ကြံရေး နည်းစနစ်များ၏ အမြင့်ဆုံးသော အဆင့်ဖြစ်သည်။

မိတ်ဆက်အကြောင်းအရာကို ဖတ်ရှုခဲ့ပြီးသည့်နောက်တွင် ရှုကျိုးသည် တွေဝေတုံ့ဆိုင်းမနေဘဲ နဝမအဆင့် ကျင့်ကြံရေး နည်းစနစ်များ၏လင့်ကို တိုက်ရိုက်နှိပ်လိုက်သည်။

သူဤနေရာသို့ ရောက်နေခဲ့ပြီဖြစ်သောကြောင့် ကျင့်ကြံရေး နည်းစနစ်၏ အမြင့်ဆုံးသော အဆင့်ကို သေချာပေါက် ကြည့်ရှုရမည် ဖြစ်သည်။

စာမျက်နှာကို ဖွင့်လိုက်ပြီးသည့်နောက်တွင် ချက်ချင်းဆိုသလိုပင် စာအုပ်များ ပေါ်ပေါက်လာခဲ့သည်။

( ဖုန်းလည်းပြောသေးတယ် စာမျက်နှာတွေလည်း ပါတယ်ဆိုပြီး ရှုပ်သွားမှာစိုးလို့၊ pageဆိုတာက itပညာရှင်တွေ သုံးတဲ့ အသုံးအနှုန်းပါ သူတို့က web, app စတာတွေကို ရေးတဲ့အခါ ဘယ်pageမှာ ဘာတွေ ရေးထားတယ်၊ ဘာပါတယ်စသည်ဖြင့်ပေါ့၊ errorရှာရပြင်ရလွယ်အောင် pageလို့သုံးကြပါတယ်၊ ကျွန်တော်တို့ကတော့ setting, profileကို သွားမယ်လို့ပဲပြောတတ်ကြပါတယ်၊ သူတို့ကတော့ setting page အဲ့လိုမျိုး ခေါ်ကြပါတယ် )

“ နဝမအဆင့် ကျင့်ကြံရေး နည်းစနစ်၊ တကယ်ကြီးကို ငါးအုပ်တောင် ရှိနေတာလား? “ ရှုကျိုးသည် အံ့ဩတုန်လှုပ်သွားတော့သည်။

ရှားမိသားစုဆီမှာ နဝမအဆင့် ပညာရှင် ၅ယောက်ရှိနေတာများလား?

ဒါမှမဟုတ် နဝမအဆင့် ပညာရှင်တစ်ယောက်ကပဲ နည်းစနစ် ၅ခုကို တီထွင်ခဲ့တာလား?

ရှုကျိုးသည် တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ အဆိုပါ နည်းစနစ်ငါးခုစလုံးကို အကြမ်းဖျင်း ကြည့်ရှုလိုက်သည်။

ထို့နောက်တွင် ဆဌမအဆင့်နှင့် တတိယအဆင့် ကျင့်ကြံရေး နည်းစနစ်များကို ဆက်လက်၍ ကြည့်ရှုနေခဲ့သည်။

အဆိုပါ အမျိုးအစားနှစ်ခုထံတွင် အရေအတွက် အများအပြား ရှိနေခဲ့ပြီး၊ အနည်းဆုံး ရာနှင့်ချီ၍ ရှိနေခဲ့သည်။

အကျဥ်းချုံး လေ့လာစူးစမ်းခဲ့ပြီးသည့်နောက်တွင် ရှုကျိုးသည် ကျင့်ကြံရေးနည်းစနစ် အမျိုးအစား သုံးခုကြားရှိ ကွာခြားချက်များကို နားလည်သွားခဲ့ပြီ ဖြစ်သည်။

“ နဝမအဆင့်ပဲဖြစ်ဖြစ်၊ ဆဌမအဆင့်ပဲဖြစ်ဖြစ်၊ တတိယအဆင့်ပဲဖြစ်ဖြစ်၊ လူတိုင်းက အဲ့တာတွေကို လေ့ကျင့်လို့ရတယ် “

ရှုကျိုးမှ တွေးတောစဥ်းစားနေတော့သည် “ နဝမအဆင့် ကျင့်ကြံရေး နည်းစနစ်တွေက လေ့ကျင့်ဖို့ တော်တော်ကြီးကို ခက်တယ်၊ ဒါပင်မဲ့ တကယ်လို့ အောင်မြင်သွားမယ်ဆိုရင် အဆင့်တူထဲမှာ အစွမ်းဆုံး တိုက်ခိုက်ရေး စွမ်းအားကို ရသွားမှာ “

ကျင့်ကြံရေး နည်းစနစ်၏ အဆင့် ပိုမြင့်လေလေ၊ လေ့ကျင့်ရခက်ခဲလေလေဖြစ်သည်၊ ထို့ကြောင့် လူတစ်ဦးသည် မိမိတတ်နိုင်သလောက်သာ လုပ်သင့်ပေသည်။

မကြာခင်မှာပင် ရှုကျိုးသည် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။

သူသည် နဝမအဆင့် ကျင့်ကြံရေး နည်းစနစ်ကို ရွေးချယ်မည် ဖြစ်သည်။

ရှုကျိုးသည် စိတ်နှလုံးသား သန်မာအားကောင်းသော လူတစ်ဦး ဖြစ်သည်။

သူသည် အနိုင်ရခြင်းကို ခုံမင်သည့်လူတစ်ဦး မဟုတ်ပေ၊ သို့သော် ဤလမ်းကြောင်းပေါ်သို့ ရောက်လာခဲ့ပြီ ဖြစ်သောကြောင့် သူသည် အစွမ်းအထက်ဆုံး လူတစ်ဦး ဖြစ်ချင်နေသည်။

အသန်မာဆုံး ဖြစ်လာမှသာလျှင် သူကာကွယ်ပေးချင်သည့် လူများကို ကာကွယ်နိုင်မည်ဖြစ်ကာ၊ သူအလိုရှိသည့် အရာများကို ရယူနိုင်မည် ဖြစ်သည်။

ရှုကျိုးသည် နဝမအဆင့် ကျင့်ကြံရေး နည်းစနစ်များရှိရာ စာမျက်နှာကို ပြန်ဖွင့်ကာ စာအုပ်၅အုပ်ထဲမှ စတင်၍ ရွေးချယ်နေတော့သည်။

တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်တွင် သူ၏ ရွေးချယ်မှုကို ပြုလုပ်နိုင်သွားသည်။

“ နဝမအဆင့် ကျင့်ကြံရေးနည်းစနစ် -- ခွန်ပန် “

ငါးမှ နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားသကဲ့သို့ ခွန်ပန်သည် ၎င်း၏တောင်ပံများကို ဖြန့်ကာ ကောင်းကင်ဘုံကို ဟိန်းဟောက်နေလျက်ရှိသည်။

၎င်းမှာ အတွေးပုံရိပ်တစ်ခုမျှသာ ဖြစ်သည်။

ရှုကျိုး၏ ဆုံးဖြတ်ချက်နှင့်အတူ သူ၏ဖုန်းထဲတွင် အကြောင်းကြားချက်တစ်ခု ပေါ်လာခဲ့သည်။

“ ရှားမိသားစု၏ လျှို့ဝှက်နည်းစနစ်၊ Aအဆင့်နှင့် ၎င်း၏ အထက်အဆင့် အဖွဲ့ဝင်များသာ ကြည့်ခွင့်ရှိသည်၊ ၎င်းကို ဖြန့်ဝေခြင်းမှ တင်းတင်းကြပ်ကြပ်တားမြစ်ထားသည်၊ အပြစ်ကျူးလွန်သူများသည် အညှာအတာမရှိ အသတ်ခံရမည် “

ထို့နောက်၌ လျှို့ဝှက်သဘောတူညီချက် တစ်ခုသည် ဖုန်းမျက်နှာပြင်တွင် ပေါ်လာခဲ့သည်။

၎င်းကို လက်မှတ်ရေးထိုးပြီးမှသာလျှင် ဆက်လက်၍ ဖတ်ရှုနိုင်မည် ဖြစ်သည်။

အကြိမ်ပေါင်းများစွာ ဂရုတစိုက် လေ့လာဖတ်ရှု၍ မည်သည့် ပြဿနာမှ မရှိဘူးဆိုသည်ကို အတည်ပြုခဲ့ပြီးသည့်နောက်တွင် ရှုကျိုးသည် ၎င်းကို လက်မှတ်ရေးထိုးလိုက်သည်။

…

ထို့နောက်တွင် ရှုကျိုးသည် နောက်ထပ် ၁၀မိနစ်အသုံးပြုကာ ရှားမိသားစု၏ တစ်ခြားသော တိုက်ခိုက်ရေး နည်းစနစ်များကို လေ့လာနေတော့သည်။

ဤတစ်ကြိမ်၌ ရှုကျိုးသည် တိုက်ခိုက်ရေး နည်းစနစ်တစ်ချို့အား သူဖတ်ခွင့်မရှိဘူးဆိုသည်ကို အံ့ဩဖွယ်ရာ သိရှိခဲ့ရလေသည်။

“ ကြည့်ရတာတော့ Aအဆင့် အဖွဲ့ဝင်တွေဆီမှာတောင် လုပ်ပိုင်ခွင့် အပြည့်မရှိသလိုပဲ “ ရှုကျိုးမှ တွေးတောစဥ်းစားနေတော့သည် “ အဲ့ဒီတိုက်ခိုက်ရေး နည်းစနစ်တွေက Sအဆင့် အဖွဲ့ဝင်တွေအတွက် သီးသန့်ထင်တယ် “

သူသည် ၎င်းကို စိတ်ထဲထားမနေခဲ့ပေ၊ အဘယ့်ကြောင့်ဆိုသော် သူသဘောကျသည့် တိုက်ခိုက်ရေး နည်းစနစ်တစ်ခုကို တွေ့ထားခဲ့ပြီ ဖြစ်သောကြောင့် ဖြစ်သည်။

“ကောင်းကင်ဖြိုခွင်း ဆေဘာနည်းစနစ် “

ရှုကျိုးသည် တောက်ပသော မျက်လုံးများဖြင့် ရေရွတ်ပြောဆိုနေခဲ့သည် “ ချီ-သွေးစွမ်းအင် အားလုံးကို ဆေဘာတိုက်ခိုက်မှုတစ်ခုတည်းတွင် စုစည်းကာ ကောင်းကင်ကို ဖြိုခွင်းပြီး မြေပြင်ကို ပိုင်းခြားနိုင်သည့် အစွမ်းထက် တိုက်ခိုက်ရေး စွမ်းအား ပိုင်ဆိုင်ထားတဲ့ တိုက်ခိုက်ရေး နည်းစနစ်၊ ချီ-သွေး စွမ်းအင် ပေါများကြွယ်ဝသူများအတွက် သင့်လျော်သည် “

၎င်းသည် ရှုကျိုးအတွက် အံဝင်ခွင်ကျဖြစ်နေခဲ့သည်။

အုတ်မြစ်ကို တတိယအကြိမ်အထိ တည်ဆောက်ခဲ့ပြီးသည့်နောက်တွင် ရှုကျိုး၏ ချီ-သွေးသည် သာမန်လူများထပ် အဆပေါင်းများစွာ ပို၍ အားကောင်းနေခဲ့ပြီ ဖြစ်သည်။

ဤကောင်းကင် ဖြိုခွင်း ဆေဘာသိုင်းသည် သူ့အတွက် အလွန်သင့်တော်လှပေသည်။

“ ခွန်ပန်ကျင့်ကြံရေး နည်းစနစ်နဲ့ ကောင်းကင်ဖြိုခွင်း ဆေဘာနည်းစနစ် “ ရှုကျိုးသည် တိတ်တဆိတ် တွေးတောနေခဲ့သည် “ ငါက ဒီနှစ်ခုကို အရင်လေ့ကျင့်မယ် “

လောဘကြီးခြင်းသည် ကျရှုံးမှုထံသို့ ဦးတည်သွားလိမ့်မည် ဖြစ်သည်။

ထို့အပြင် အကယ်၍ ၎င်းတို့ကသာ သူနှင့် ကောင်းကောင်း မကိုက်ညီပါက သူသည် တစ်ခြား နည်းစနစ်တစ်ခုကို မြန်ဆန်စွာ ပြောင်းလဲလေ့ကျင့်နိုင်မည် ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ရှားမိသားစု၏ စာကြည့်တိုက်သည် သူ့အတွက် အမြဲဖွင့်လှစ်ပေးထားလျက်ရှိသည်။

ဆုံးဖြတ်ချက်ချခဲ့ပြီးသည့်နောက်၌ ရှုကျိုးသည် တိုက်ခိုက်ရေး နည်းစနစ် စာမျက်နှာကို စိတ်အားထက်သန်စွာဖြင့် ဖွင့်လှစ်လိုက်ပြီး၊ ယခင်က သိမ်းထားခဲ့သည့် ခွန်ပန် ကျင့်ကြံရေး နည်းစနစ်ကို စတင်၍ လေ့လာဖတ်ရှုနေတော့သည်။

…

အချိန်များ ကုန်ဆုံးသွားခဲ့ပြီး၊ မျက်စိတစ်မှိတ်အတွင်းမှာပင် နှစ်နာရီ ကုန်ဆုံးသွားခဲ့ပြီ။

“ ဖူးးးး “

ရှုကျိုးသည် သူ၏ဖုန်းကို ပိတ်လိုက်ပြီး၊ လေးလေးပင်ပင် အသက်ရှူထုတ်လာခဲ့သည်။

သူသည် အလွန်လေးနက်စွာ ဖတ်ရှုခဲ့ခြင်း ဖြစ်သည်၊ နှစ်နာရီ ကြာခဲ့ပြီးသည့်နောက်၌ ပထမအဆင့်ပြီးသည့်နောက်တွင် ရှိနေသည့် ကျင့်ကြံရေး လမ်းကြောင်းကို ရှင်းရှင်းလင်းလင်း နားလည်သွားခဲ့ပြီ ဖြစ်သည်။

“ ဆိုတော့ ပထမအဆင့်လို့ ခေါ်နေကြတဲ့ဟာက သွေးကြောမှတ်တွေကို ဖွင့်တာပေါ့ “

ရှုကျိုးမှ တွေးတော စဥ်းစားနေတော့သည် “ ပွင့်ဟသွားတဲ့ သွေးကြောမှတ်တိုင်းက လက်သီးထိုးချက်အားကို အနိမ့်ဆုံးအနေနဲ့ ၁၀၀ကီလိုဂရမ်အထိ တိုးမြှင့်ပေးနိုင်တယ် “

“ ပထမအဆင့်နဲ့ ဒုတိယအဆင့်ကြားမှာ သွေးကြောမှတ် ၁၀၀ကျော် ဖွင့်ရမယ် “

လူအများစုသည် ထိုမျှပမာဏအထိ မဖွင့်လှစ်နိုင်ကြပေ။

စာအုပ်၏ မိတ်ဆက်အရ E-C အဆင့် စွမ်းရည်ပိုင်ရှင်များသည် သွေးကြောမှတ် ၁၀-၃၀အထိသာ ဖွင့်နိုင်ကြသည်။

Bအဆင့် စွမ်းရည် ပိုင်ရှင်များကမူ သွေးကြောမှတ် ၅၀အထိ ဖွင့်နိုင်ကြသည်။

Aအဆင့် စွမ်းရည် ပိုင်ရှင်များမှာ သွေးကြောမှတ် ၈၀အထိ ဖွင့်လှစ်နိုင်ကြသည်။

Sအဆင့် စွမ်းရည် ပိုင်ရှင်များကမူ သွေးကြောမှတ် ၁၀၀ကျော်အထိ ဖွင့်လှစ်နိုင်ကြသည်။

“ ပထမအဆင့်ကို ရောက်လာပြီးတဲ့နောက်မှာ မတူညီတဲ့ စွမ်းရည်တွေကြားက ကွာဟချက်က ပိုပိုပြီးတော့ ကြီးလာပြီ “

ရှုကျိုးသည် အံ့ဩတုန်လှုပ်နေသကဲ့သို့ တစ်ချိန်တည်းမှာပင် ကံကောင်းသည်ဟု ခံစားနေခဲ့ရသည်၊ ကံကောင်းထောက်မစွာဖြင့် သူ့ထံတွင် Sအဆင့် စွမ်းရည် ရှိနေခဲ့သည်။

“ ဒါပင်မဲ့ ……. “ ရှုကျိုးသည် တစ်ခဏခန့် ရပ်တန့်သွားခဲ့သည် “ သွေးကြောမှတ်တွေကို ဖွင့်ရတာက သားရဲအူတိုင်တွေ လိုအပ်တာလား? “

ထိုအချက်နှင့်ပတ်သက်၍ ခွန်ပန် ကျင့်ကြံရေး နည်းစနစ်သည် ရှင်းရှင်းလင်းလင်း ရှင်းပြထားခဲ့သည်။

လူသားတို့သည် သွေးကြောမှတ်များ ဖွင့်လှစ်ရာတွင် သားရဲအူတိုင်များကို လမ်းညွှန်တစ်ခု(သို့) ကြားခံတစ်ခုအဖြစ် လိုအပ်ကြသည်။

အဘယ့်ကြောင့်ဆိုသော် သားရဲအူတိုင်များထံတွင် ချီ-သွေး စွမ်းအင်များသာ ပါဝင်နေခြင်း မဟုတ်ဘဲ သွေးကြောမှတ်စွမ်းအင်များပါ ပါဝင်နေသောကြောင့် ဖြစ်သည်။

သားရဲအူတိုင်များသည် သွေးကြောမှတ်များကို ဖွင့်လှစ်ရာတွင် ကြီးကြီးမားမား ကူညီပေးနိုင်လေသည်။

“ သားရဲအူတိုင်တွေရဲ့ တန်ဖိုးက တော်တော်ကြီး မြင့်နေတာက အံ့ဩစရာတော့ မဟုတ်တော့ဘူးပဲ “ ရှုကျိုး နားလည်သွားတော့သည် “ သားရဲအူတိုင်တွေက သိုင်းပညာရှင်တွေအတွက် မရှိမဖြစ် လိုအပ်တာကိုး “

သို့ရာတွင် ယခုလက်ရှိအချိန်၌ သူ့ထံတွင် မည်သည့်သားရဲအူတိုင်မှ ရှိမနေခဲ့ပေ။

ကိုယ်ပွားထံတွင် အနည်းငယ် ရှိနေနိုင်သော်လည်း၊ ၎င်းတို့ကို ပေးပို့နိုင်မည် မဟုတ်ချေ။

သူသည် သားရဲအူတိုင်များကို ငွေသုံးကာ ဝယ်ရတော့မည့်ပုံပင်။

“ ရှောင်ရှီကို မိကျောင်းသားရဲ ဥနှစ်လုံး ရောင်းခိုင်းထားတဲ့ ငွေတွေကို ငါမရသေးဘူး၊ ပြီးတော့ သတ်ဖြတ်ခြင်းစာရင်းရဲ့ ဆုကြေးတွေကိုလည်း မရသေးဘူး “ ရှုကျိုးမှ တိတ်တဆိတ် တွေးတောနေတော့သည် “ ငွေတွေရောက်လာတဲ့အထိ စောင့်ရတော့မှာပဲ “

…………………………………………………………………………………………………………….

အပိုင်း ( 100 )

လမ်းဆုံးကြီးလား? လူသား ခန္ဓာကိုယ်၏ လျှို့ဝှက်ဆန်းကြယ်မှု !! ၂

ထို့နောက်တွင် သူသည် မတ်တပ်ထရပ်၍ အခန်းထဲမှ ထွက်လာကာ အစားစားရန် ရည်ရွယ်လိုက်သည်။

တင်း တောင် !!!

သူလမ်းလျှောက်ထွက်လာသည့် အချိန်တွင် သူ့ဖုန်းထံမှ အချက်ပေးသံများ အော်မြည်လာခဲ့သည်။

[ သင့်အကောင့်သည် အဖွဲ့ချုပ် ဒဂ်ါး ၁၈၀၀၀၀ကို လက်ခံရရှိထားပါသည် ]

[ သင့်အကောင့်သည် အဖွဲ့ချုပ် ဒဂ်ါး ၁၄၄၀၀၀၀ကို လက်ခံရရှိထားပါသည် ]

[ သင့်အကောင့်သည် အဖွဲ့ချုပ် ဒဂ်ါး ၁၀၀၀၀၀၀ကို လက်ခံရရှိထားပါသည် ]

“ … “ ရှုကျိုး မှင်သက်သွားခဲ့သည်။

ထို့နောက်တွင် သူ၏မျက်နှာပေါ်တွင် အံ့အားသင့်နေသည့် အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

နတ်ဆိုးအကြောင်းပြောလျှင် နတ်ဆိုးပေါ်လာတတ်သည်ဆိုသည့် စကားမှာ မှန်ကန်နေသည့်ပုံပင်။

၁၈၀၀၀၀နှင့် ၁၄၄၀၀၀၀တို့သည် သူ၏လစဥ်ထောက်ပံ့ကြေးနှင့် မိကျောင်းသားရဲဥများ ရောင်းချမှုအတွက် ရှားမိသားစုမှ လွှဲပြောင်းပေးလာခဲ့ခြင်း ဖြစ်သည်။

၁၀၀၀၀၀၀ကား သတ်ဖြတ်ခြင်းစာရင်းပေါ်တွင် အဆသ့်၁ချိတ်ခဲ့သည့်အတွက် စစ်တပ်မှ ဆုကြေးပေးလာခဲ့ခြင်း ဖြစ်သည်။

သူ့အကောင့်ထဲရှိ ၂သန်းကျော်နေသည့် ငွေပမာဏကို မြင်လိုက်ရသောအခါတွင် ရှုကျိုးသည် စိတ်ကျေနပ်စွာဖြင့် ပြုံးနေတော့သည်။

နောက်ဆုံးတော့ ငါ့မှာ ငွေရှိလာပြီပဲ !!

သူသည် သားရဲအူတိုင်များကို ချက်ချင်း သွားမဝယ်ဘဲ နေ့လည်စာ အရင်စားရန်သာ ဆုံးဖြတ်လိုက်သည်။

…

ဧည့်ခန်းထဲသို့ ဝင်လာခဲ့သော အခါတွင် လီရို့ရှီသည် ထမင်းစားစားပွဲတွင် ထိုင်နေကာ၊ သူမ၏နေ့လည်စာကို စားသောက်နေလျက်ရှိသည်။

“ အစ်မ “ ရှုကျိုးမှ ပေါ့ပေါ့ပါးပါး မေးမြန်းလိုက်သည် “ နင့်ရဲ့ သတ်ဖြတ်ခြင်းစာရင်းက ဆုကြေး ရောက်လာပြီလား? “

“ မနေ့က ရောက်တယ် “ လီရို့ရှီမှ အေးစက်စွာ ပြန်ပြောလာခဲ့သည်။

ရှုကျိုး အံ့ဩသွားတော့သည်၊ အစ်မဟာက မနေ့ကတည်းက ရောက်လာခဲ့တာလား?

ငါ့ဟာက ဘာလို့ ဒီလောက်ကြာနေရတာလဲ?

ငါက ပထမရတာလေ၊ အရင်ရောက်သင့်တာ မဟုတ်ဘူးလား?

ရှုကျိုးသည် သူ၏စိတ်ထဲတွင် တိတ်တဆိတ် စောဒကတက်နေတော့သည်၊ ထို့နောက်တွင် သူသည် တစ်စုံတစ်ခုကို ရုတ်တရက် မှတ်မိသွားပြီး မေးမြန်းလာခဲ့သည် “ လျူတျန်မုက သူကတိပေးထားတဲ့ ဆယ်သန်းကို ပေးလား? “

“ မပေးဘူး “ လီရို့ရှီမှ ခေါင်းခါပြလာခဲ့သည်။

ရှုကျိုး အနည်းငယ် မျက်မှောင်ကြုတ်သွားတော့သည်၊ ဒီကောင်က စစ်တပ်ထပ်တောင် ပိုပြီးတော့ နှေးကွေးနေတာလား?

“ ဒီကောင်က သူ့အကြွေးတွေကို မပေးဘဲ ရှောင်နေချင်တာလား? “ ရှုကျိုးမှ မကျေမနပ်ဖြင့် ပြောလာခဲ့သည်။

သားရဲဘုရင်၏ နှလုံးကို ဆယ်သန်းဖြင့် လဲလှယ်ရခြင်းကပင် ကြီးကြီးမားမား ဆုံးရှုံးနေခဲ့ပြီ ဖြစ်သည်။

လီရို့ရှီမှ သူမ၏ဦးခေါင်းလေးကို ခါယမ်းပြလာခဲ့သည် “ သူသည် ငွေပေးဖို့ ဘယ်တုန်းကမှ မရည်ရွယ်ထားခဲ့တာ ဖြစ်နိုင်တယ် “

လျူမိသားစု၏ တိုက်ရိုက်မျိုးဆက် လျူတျန်မုထံတွင် ငွေဆယ်သန်း ရှားပါးနေမည်လား?

အကယ်၍ သူသာ ပေးချင်သည်ဆိုပါက ပေးခဲ့ပြီးသည်မှာ ကြာနေခဲ့ပြီ ဖြစ်ပြီး၊ ဤမျှလောက်အထိ ကြာနေခဲ့လိမ့်မည် မဟုတ်ပေ။

ရှုကျိုး၏ မျက်ဝန်းများ သိသိသာသာ ကျဥ်းမြောင်းသွားတော့သည်၊ ဒီကောင်က တော်တော်ကြီးကို အရှက်မရှိတာပဲ။

“ လျူတျန်မု …… “ ရှုကျိုးသည် စိတ်ထဲတွင် ရေရွတ်နေခဲ့သည်။

သားရဲဘုရင်၏ တရားဝင်ဈေးနှုန်းသည် သန်း၈၀ ဖြစ်သည်။

၎င်းကို ရောင်းချမည်ဆိုပါက အနည်းဆုံးအနေဖြင့် သန်း၁၀၀ (သို့) ထို့ထပ်ပို၍ပင် ရရှိမည် ဖြစ်သည်။

ရှုကျိုးသည် နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲတွင် အသက်ကို ဆုံးရှုံးရလုနီးပါး ဖြစ်ခဲ့သည်၊ သို့သော် ထိုမျှများပြားသော ငွေပမာဏကို မရရှိခဲ့ပေ။

ဤအချိန်တွင် ရှုကျိုး၏ စိတ်ဆုံးဖြတ်ချက်သည် ပို၍ခိုင်မာသွားခဲ့သည်၊ ဒီကောင်က ငါ့ဆီမှာ အကြွေး သန်း၁၀၀တင်နေတယ်၊ အနှေးနဲ့အမြန်ဆိုသလို မင်းပြန်ဆပ်ကိုဆပ်ရမယ် !!

…

နေ့လည်စာစားခဲ့ပြီးသည့်နောက်တွင်

ရှုကျိုးသည် သူ၏အခန်းထဲသို့ ပြန်သွားကာ သားရဲအူတိုင်များကို ဝယ်ယူရန်အတွက် ရှားမိသားစု၏ အတွင်းပိုင်း ဈေးစာမျက်နှာကို ချက်ချင်း ဖွင့်ကြည့်နေတော့သည်။

ပထမအဆင့် အဆင့်၁ သားရဲအူတိုင် တစ်ခုလျှင် ယွမ် ၁ထောင်ကျသင့်မည် ဖြစ်သည်။

၎င်းမှာ ယခုလက်ရှိ ရှုကျိုးအတွက် လုံးဝဈေးကြီးမနေတော့ပေ။

သူသည် အခု ၁၀၀ ဝယ်ယူလိုက်တော့သည်။

၁၀မိနစ်ကြာခဲ့ပြီးသည့်နောက်တွင်

ရှောင်ရှီသည် သားရဲအူတိုင် အခုတစ်ရာကို သူ၏တံခါးဝဆီသို့ လာရောက်ပို့ဆောင်လာခဲ့သည်။

“ မြန်မြန် သွားတော့ “ ရှုကျိုးသည် အထုပ်ကို ယူလိုက်ပြီး ချက်ချင်း လက်ဝေ့ယမ်းပြလိုက်သည်။

အကယ်၍ လီရို့ရှီသာ တွေ့သွားမည်ဆိုပါက သူမသည် သူ၏တင်ပါးကို ထပ်မံ၍ ကန်ကျောက်လာနိုင်သည်။

အိပ်ခန်းထဲသို့ ပြန်ရောက်လာခဲ့ပြီးသည့်နောက်တွင် ရှုကျိုးသည် တင်ပျဥ်ခွေထိုင်၍ အထုပ်ကို ဖြည်ချလိုက်သည်။

ထို့နောက်တွင် သားရဲအူတိုင်တစ်ခုကို မြိုချကာ ခွန်ပန်ကျင့်ကြံရေး နည်းစနစ်ကို စတင်၍ လည်ပတ်စေလိုက်သည်။

“ ဝုန်းးးး “

သားရဲအူတိုင်သည် သန့်စင်သော စွမ်းအင်များအဖြစ် ပြောင်းလဲသွားကာ ရှုကျိုး၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားခဲ့သည်။

ခွန်ပန် နည်းစနစ်၏ လည်ပတ်မှုအောက်တွင် သားရဲအူတိုင်ထဲရှိ သွေးကြောမှတ်စွမ်းအင်သည် စတင်၍ အသက်ဝင်လာခဲ့ပြီ ဖြစ်ပြီး၊ ရှုကျိုး၏ ခန္ဓာကိုယ်ထဲသို့ ပျံ့နှံ့ရောက်ရှိသွားခဲ့သည်။

ရှုကျိုးသည် သူ၏ ပထမဦးဆုံးသော သွေးကြောမှတ်ကို စတင်၍ ဖွင့်လှစ်နေတော့သည်။

…

ကျင့်ကြံရာတွင် သုံးစွဲရသည့် အချိန်များသည် ကြာရှည်ကာ ပျင်းရိဖွယ်ကောင်းနေခဲ့သည်။

မသိလိုက်ခင်မှာပင် ညနေစောင်းသွားခဲ့ပြီ ဖြစ်သည်။

အိပ်ခန်းထဲရှိ ရှုကျိုးသည် စိတ်ရှုပ်ထွေးနေသော အမူအရာဖြင့် သူ၏မျက်လုံးများကို ဖွင့်လာခဲ့သည်။

“ ထူးဆန်းတယ်၊ ငါက သားရဲအူတိုင် ဆယ်ခုတောင် မြိုချပြီးသွားပြီလေ “ ရှုကျိုးမှ မျက်မှောင်ကြုတ်ကာ တွေးတောစဥ်းစားနေခဲ့သည် “ ငါက ပထမသွေးကြောမှတ်ရဲ့ နေရာကို ဘာလို့ မရှာနိုင်ရသေးတာလဲ? “

သူသည် ပထမသွေးကြောမှတ်ကို လုံးဝ ရှာမတွေ့သေးပေ။

သွေးကြောမှတ်များ၏ တည်နေရာသည် လူပေါ်မူတည်၍ အမျိုးမျိုး ကွဲပြားခြားနားနေခဲ့သည်။

လူတစ်ဦးသည် သားရဲအူတိုင်၏ အစွမ်းကို အသုံးပြု၍ သွေးကြောမှတ်များကို ရှာဖွေနိုင်သည်။

သို့သော် ရှုကျိုးသည် တစ်နေ့လုံး ရှာဖွေနေခဲ့သော်လည်း မည်သည့် သွေးကြောမှတ်ကိုမှ ရှာမတွေ့ခဲ့ပေ။

“ တစ်ခုခုတော့ မှားနေပြီ “ ရှုကျိုး၏ မျက်ဝန်းများ သိသိသာသာ ကျဥ်းမြောင်းသွားခဲ့သည်။

ပုံမှန်အားဖြင့် သွေးကြောမှတ်များ ရှာဖွေခြင်းမှာ အလွန် လွယ်ကူရိုးရှင်းလွန်းလှသည်။ လူအများစုသည် ၎င်းတို့ကို တစ်နာရီ(သို့) နှစ်နာရီအတွင်း ရှာဖွေတွေ့ရှိ သွားတတ်လေသည်။

တကယ့်စိန်ခေါ်မှုကား သွေးကြောမှတ်ကို ဖွင့်ရခြင်းပင် ဖြစ်သည်။

သို့သော် သူသည် ၎င်းကိုပင် ရှာမတွေ့သောကြောင့် မည်ကဲ့သို့ ဖွင့်လှစ်နိုင်မည်နည်း?

“ ငါ့ရဲ့စွမ်းရည်ကြောင့်များ ဖြစ်နေမလား? “ ရှုကျိုးမှ စဥ်းစားခန်းဖွင့်နေတော့သည်။

သူ၏ Sအဆင့် စွမ်းရည်သည် ကြီးမားသော ကျင့်ကြံရေး အရင်းအမြစ်ပမာဏကို လိုအပ်သည်။

ယခင်က အဆင့်သုည အခြေအနေမှာပင် သူသည် အကျိုးသက်ရောက်မှု ရှိရန်အတွက် အရင်းအမြစ် ပမာဏ အများအပြား သုံးစွဲခဲ့ရသည်။

ယခုတွင်ကား အဆင့်တက်သွားခဲ့ပြီ ဖြစ်သောကြောင့် လိုအပ်ချက်မှာ ပို၍ မြင့်မားသွားနိုင်လေသည်။

“ ကိုယ်ပွားကရော သွေးကြောမှတ်စွမ်းအားကို ထောက်ပံ့ပေးနိုင်မလားပဲ? “ ရှုကျိုးမှ တွေးတော စဥ်းစားနေခဲ့သည်။

ထို့နောက်တွင် သူ၏မျက်လုံးများကို မှိတ်လိုက်သည်။

တစ်ချိန်တည်းမှာပင် နတ်ဆိုးတစ်ထောင် လှိုဏ်ဂူ ကျားပျံမျိုးနွယ်စု၏ ပိုင်နက်

ရွှေတောင်ပံ T-Rexကြီးသည် ၎င်း၏စားသောက်မှုကို စတင်နေခဲ့ပြီ ဖြစ်သည်။

မကြာခင်မှာပင် သန့်စင်သော ချီ-သွေးစွမ်းအင်များ ပြန်လည်ရောက်ရှိလာခဲ့သည်။

[ ချီ-သွေး + ၀.၅ ကယ်လိုရီ ]

[အဆင့် +၅% ]

“ ချီ-သွေးက နောက်ထပ် ၀.၅ကယ်လိုရီ တိုးလာပြီ “

သို့သော် ဤတစ်ကြိမ်တွင် ရှုကျိုးသည် လုံးဝမပျော်ရွှင်သွားခဲ့ပေ၊ ထို့အစား ပို၍ စိုးရိမ်ပူပန် သွားခဲ့သည် “ ဒါပင်မဲ့ ဘယ်သွေးကြောမှတ်ကိုမှ အာရုံခံလို့ မရသေးဘူး “

ဘာတွေ ဖြစ်နေတာလဲ?

ကိုယ်ပွားကတောင် ဒီပြဿနာကို မဖြေရှင်းပေးနိုင်တော့ဘူးလား?

ချီ-သွေးများ တိုးတက်လာခဲ့ပြီး၊ ခွန်အားက သိသိသာသာ တိုးတက်လာသည်ဟု ခံစားနေခဲ့ရသော်လည်း ရှုကျိုးသည် ၎င်းက အနှစ်သာရမရှိသည့် ဟောင်းလောင်းပေါက်ကြီး ဖြစ်နေသည်ဟု ခံစားနေခဲ့ရသည်။

သွေးကြောမှတ်များကို မဖွင့်လှစ်နိုင်ခြင်းသည် ဒုတိယအဆင့်ကို မရောက်နိုင်ဘူးဟု ဆိုလိုနေခြင်းပင် ဖြစ်သည်။

လမ်းဆုံးကြီး ဖြစ်သွားခဲ့ပြီ ဖြစ်သည်။

ရှုကျိုး၏ စိတ်နှလုံးသား တင်းကြပ်လေးလံသွားခဲ့သည်၊ ဘာတွေ ဖြစ်နေတာလဲကွာ?

မည်သို့ပင်ဆိုစေကာမူ သူသည် အရှုံးပေးဘဲ သားရဲအူတိုင်များကို ဆက်လက်၍ မြိုချနေတော့သည်။

သူသည် သွေးကြောမှတ်များကို တွေ့အောင် ရှာမည် ဖြစ်သည်။

…

အချိန်များ ကုန်ဆုံးသွားခဲ့ပြီး၊ တစ်ညတာကျော်လွန်သွားခဲ့သည်။

ရှုကျိုးသည် နီရဲနေသော မျက်လုံးများဖြင့် သူ၏ မျက်လုံးများကို ဖွင့်လာခဲ့သည်၊ သို့သော် သူ၏မျက်နှာသည် အလိုမရှိသည့် အမူအရာတစ်ခုဖြင့် ပြည့်နှက်နေခဲ့သည်။

တစ်ညတာ ကျော်လွန်သွားခဲ့ကာ၊ သားရဲအူတိုင် အခု၃၀ကျော် မြိုချခဲ့ပြီးပြီ ဖြစ်သော်လည်း သူသည် မည်သည့် သွေးကြောမှတ်ကိုမှ ရှာမတွေ့ခဲ့ပေ။

“ ဘာမှားနေတာလဲကွာ? “ ရှုကျိုးသည် ဇဝေဇဝါ ဖြစ်သွားခဲ့သည်။

ပုံမှန်အားဖြင့် လူများသည် သားရဲအူတိုင်တစ်ခုဖြင့်သာ သူတို့၏ သွေးကြောမှတ်များကို ရှာဖွေတွေ့ရှိ သွားတတ်လေသည်။

သို့သော် သူသည် သားရဲအူတိုင် အခု၃၀ကျော် သုံးစွဲခဲ့ပြီးပြီ ဖြစ်သော်လည်း၊ မည်သည့်အရာကိုမှ ရှာမတွေ့ခဲ့ပေ။

………………………………………………………………………………………………………………

All Chapters