← Chapters

အခန်း (၁၀၁-၁၀၂)

Vol. 7 Ch. 101-102

အခန်း (၁၀၁-၁၀၂)

Vol. 7 Ch. 101-102

အပိုင်း ( 101 )

လမ်းဆုံးကြီးလား? လူသား ခန္ဓာကိုယ်၏ လျှို့ဝှက်ဆန်းကြယ်မှု !! ၃

ဤအချိန်တွင် ရှုကျိုးသည် အနည်းငယ် စိတ်ဓာတ်ကျနေခဲ့ပြီ ဖြစ်သည်။

ခွန်ပန်ကျင့်ကြံရေး နည်းစနစ်ထံတွင်လည်း ဤကဲ့သို့သော အခြေအနေမျိုး ရှိနေလိမ့်မည်ဟု မဖော်ပြထားခဲ့ပေ။

ဤဖြစ်ရပ်မှာ အလွန်အမင်း ရှားပါးနေသည့်ပုံပင်။

“ ဆရာ့ကို သွားရှာတာပေါ့ကွာ “

မကြာခင်မှာပင် ရှုကျိုးသည် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။

သူသည် ကိုယ်လက်သန့်စင်၍ နံနက်စာကို အမြန်စားကာ ကျောင်းသို့ ထပ်မံ၍ ထွက်ခွာသွားတော့သည်။

…

လင်းဂျန် ပထမအထက်တန်းကျောင်း

ကျောင်းအုပ်ရုံးခန်း

ချောင်ရုံနှင့် ကျောင်းအုပ်ကြီးတို့သည် ရှုကျိုး၏ ပြောစကားများကို နားထောင်ကာ တလေးတနက် ဖြစ်သွားကြသည်။

သူတို့နှစ်ဦးစလုံးသည် တစ်ဦးကိုတစ်ဦး ကြည့်နေကြတော့သည်။

တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်တွင် ကျောင်းအုပ်ကြီးမှ ဖြည်းဖြည်းချင်း ပြောလာခဲ့သည် “ မင်းပြောတာက ပထမအဆင့်ကို ရောက်လာခဲ့ပြီးတဲ့နောက်မှာ တစ်နေ့လုံး လေ့ကျင့်နေခဲ့ပြီး၊ သားရဲအူတိုင် အခု၃၀ကျော်ကို သုံးခဲ့တာတောင်မှ သွေးကြောမှတ်ရဲ့ နေရာကို မရှာနိုင်သေးဘူး ဟုတ်လား? “

ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည်။

၎င်းကို မြင်တွေ့လိုက်ရသောအခါတွင် ကျောင်းအုပ်ကြီးသည် မည်သည့်စကားမှ မပြောဘဲ ချောင်ရုံကို တစ်ချက်ကြည့်လိုက်သည်။

ချောင်ရုံမှ ချက်ချင်း ပြောလာခဲ့သည် “ ရှုကျိုး မင်းက သာမန်သားရဲအူတိုင်ကို စားလို့မရဘူး၊ နဂါးမျိုးနွယ်စုရဲ့ သားရဲအူတိုင်တွေကို သုံးဖို့ လိုအပ်တယ် “

“ နဂါးမျိုးနွယ်စုရဲ့ သားရဲအူတိုင်လား? “ ရှုကျိုး မှင်သက်သွားတော့သည်။

“ ဘာလို့လဲဆိုတော့ မင်းရဲ့ စွမ်းရည်က မသေမျိုး နဂါးခန္ဓာလေ “ ချောင်ရုံမှ တွေးတောစဥ်းစားကာ ပြောပြလာခဲ့သည် “ အဲ့ဒီစွမ်းရည်က မင်းရဲ့ ခန္ဓာကိုယ် တည်ဆောက်မှုပုံစံကို သာမန်လူတွေထပ် ပိုပြီးတော့ သန်မာသွားစေခဲ့တယ် “

“ အဲ့တာကြောင့်ပဲ မသေမျိုးနဂါးခန္ဓာရဲ့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်က တော်တော်ကြီးကို အစွမ်းထက်ပြီးတော့ နယ်ပယ်တူမှာ ပြိုင်ဘက်ကင်းတယ်လို့ အရင်တုန်းက ငါပြောခဲ့ဖူးတာပေါ့၊ အကြောင်းအရင်းကတော့ အဲ့တာကြောင့်ပဲ “

ရှုကျိုးသည် အနည်းငယ် စိတ်ရှုပ်ထွေးသွားခဲ့သည် “ ဘာလို့ နဂါးမျိုးနွယ်စုရဲ့ သားရဲအူတိုင် ဖြစ်နေရတာလဲ? “

“ မင်းနားမလည်ဘူးလား? “ ချောင်ရုံမှ ပြုံးပြလာခဲ့သည် “ မင်းရဲ့ ခန္ဓာကိုယ် တည်ဆောက်မှုပုံစံက နဂါးမျိုးနွယ်စုနဲ့ တူနေလိမ့်မယ်၊ အဲ့တာကြောင့် မင်းရဲ့ သွေးကြောမှတ်တွေကလည်း သူတို့လိုပဲ ဖြစ်နေလိမ့်မယ် “

“ ဆိုတော့ နဂါးမျိုးနွယ်စုရဲ့ သားရဲအူတိုင်တွေကပဲ မင်းရဲ့ သွေးကြောမှတ်တွေကို ရှာတွေ့အောင် ကူညီပေးနိုင်လိမ့်မယ် “

၎င်းကို ကြားလိုက်ရသောအခါတွင် ရှုကျိုး၏ မျက်ဝန်းများ အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။

ဆရာဖြစ်သူ၏ စကားများအရ သူသည် တစ်ခြားသော စွမ်းရည်တစ်ခုခုကို အမှတ်ရသွားခဲ့သည်။

သားရဲ စွမ်းရည် !!

ရှုကျိုးသည် မည်သည့်အရာကိုမှ မသိသည့် အသစ်ကလေးတစ်ဦး မဟုတ်တော့ပေ။

သူသည် တစ်ချို့သော အထူးစွမ်းရည်များ အကြောင်းကို သင်ယူနားလည်ထားခဲ့ပြီးပြီ ဖြစ်သည်။

ဥပမာအားဖြင့် သားရည်စွမ်းရည် ရှိနေမည်ဆိုပါက သင်သည် ထိုမျိုးနွယ်စု၏ သားရဲအူတိုင်များကိုသာ သုံးစွဲနိုင်မည် ဖြစ်သည်။

ထို့အပြင် သင်ဖွင့်လှစ်ရမည့် သွေးကြောမှတ်များသည် လူသားတို့၏ သွေးကြောမှတ်များ မဟုတ်တော့ဘဲ သားရဲကဲ့သို့သော သွေးကြောမှတ်များ ဖြစ်သွားမည် ဖြစ်သည်။

ပုံမှန်အားဖြင့် သားရဲကဲ့သို့သော သွေးကြောမှတ်များကို လူသားတို့၏ ခန္ဓာကိုယ်တွေ မြင်ရခဲလှသည်။

သားရဲ စွမ်းရည်ပိုင်ဆိုင်ကြသည့် လူများသည် သူတို့၏ သွေးကြောမှတ်များကို ခက်ခက်ခဲခဲ ရှာဖွေရလေ့ရှိသည်။

ထို့ကြောင့်ပင် သားရဲစွမ်းရည်ပိုင်ရှင်များသည် ဒုတိယအဆင့်သို့ပင် မရောက်ရှိကြခြင်း ဖြစ်သည်။

ဤအချိန်တွင် ရှုကျိုးသည် ဟွမ်ယွင်ရွယ်နှင့် ယွမ်ဟောင်တို့ ဖြန့်ခဲ့သည့် ကောလဟာလကို ရုတ်တရက် မှတ်မိသွားခဲ့သည်။

အဲ့တာက ကောလဟာလ မဟုတ်တာများလား?

“ ဆရာ “ ရှုကျိုးသည် ချောင်ရုံကို ကြည့်ကာ လေးလေးနက်နက် ပြောဆိုလိုက်သည် “ ကျွန်တော့်ဆီမှာ သားရဲစွမ်းရည် ရှိနေတာလား? “

ချောင်ရုံ အံ့အားသင့်သွား‌တော့သည်။

မကြာခင်မှာပင် သူသည် ခေါင်းခါကာ ပြုံးပြလာခဲ့သည် “ သေချာပေါက် မဟုတ်ဘူးပေါ့၊ ငါပြောထားခဲ့ပြီးသားလေ၊ မင်းရဲ့ စွမ်းရည်က ထိပ်တန်း Sအဆင့်စွမ်းရည်၊ မသေမျိုး နဂါးခန္ဓာပဲ “

“ ကျောင်းအုပ်ကြီးကလည်း အဲ့တာကို အာမခံပေးလို့ရတယ် “

ဘေးနားရှိ ကျောင်းအုပ်ကြီးမှာလည်း ခေါင်းငြိမ့်ပြလာခဲ့သည်။

“ ဒါဆိုရင် ကျွန်တော့်စွမ်းရည်က သားရဲစွမ်းရည်နဲ့ ဘာလို့ တူနေရတာလဲ? “ ရှုကျိုးသည် စိတ်ရှုပ်ထွေးနေသော အမူအရာဖြင့် မေးမြန်းလာခဲ့သည်။

ပြောနေရင်းဖြင့် သူသည် ယခင်က အဆင့်တက်ခဲ့သည့် အချိန်တွင် ဖြစ်ပွားခဲ့သည့် ကိစ္စကို ပြန်လည်အမှတ်ရသွားခဲ့သည် “ ပထမအဆင့်ကို ဖြတ်ကျော်နေတုန်းကလည်း အတားအဆီးက တော်တော်ကြီးကို မြင့်မားနေတယ်လို့ ခံစားနေခဲ့ရတယ်၊ တကယ်လို့ ကျွန်တော်ရဲ့ ချီ-သွေးစွမ်းအင်ကသာ အားမကောင်းဘူးဆိုရင် သေချာပေါက် ကျရှုံးသွားမှာ “

“ သားရဲစွမ်းရည် ရှိတဲ့ လူတွေရဲ့ အဆင့်ထိုးဖောက်မှုက ပုံမှန်လူတွေထပ် ပိုခက်တာကို ကျွန်တော် မှတ်မိပါတယ် “

ရှုကျိုးသည် စကားပိုပြောလေလေ၊ သူ့ထံတွင် သားရဲစွမ်းရည် ရှိနေသည်ဟု ပိုခံစားလာရလေလေ ဖြစ်နေခဲ့သည်။

အဘယ့်ကြောင့်ဆိုသော် ဖြစ်ရပ်များက အလွန်တူညီနေသောကြောင့် ဖြစ်သည်။

“ အဲ့တာ ဆင်တူယိုးမှား ဖြစ်နေတာပဲ၊ မတူဘူး “

ချောင်ရုံသည် ရှုကျိုးကို ကြည့်ကာ ပြုံးပြလာခဲ့သည် “ အတားအဆီးက ပိုမြင့်လေလေ၊ မင်းရဲ့ အလားအလာကို ပိုကောင်းလေလေပဲ။ အဲ့တာက သားရဲစွမ်းရည်ကြောင့် မဟုတ်ဘူး “

“ သားရဲအူတိုင်အတွက်ကတော့ …… “

ချောင်ရုံသည် တစ်ခဏခန့် တွေးတော စဥ်းစားနေခဲ့ပြီးမှ ဆက်လက်၍ စကားပြောလာခဲ့သည် “ လွန်ခဲ့တဲ့ နှစ်ပေါင်း၃၀၀လောက်တုန်းက လက အနီရောင်ဖြစ်သွားခဲ့ပြီး၊ ကမ္ဘာကြီးက ဗီဇပြောင်းသွားတယ်၊ သတ္တဝါတွေ အားလုံးထဲမှာ လူသားတွေကလွဲပြီး ကျန်တဲ့ကောင်တွေ အကုန်လုံးက ဗီဇပြောင်းသွားပြီးတော့ သိုင်းပညာလမ်းကြောင်းပေါ်ကို ရောက်သွားကြတယ် “

“ ပထမမျိုးဆက် နိုးထသူတွေက လူသားတွေက ဘာလို့ မကျင့်ကြံနိုင်ရတာလဲဆိုတာကို တွေးတော စဥ်းစားခဲ့ကြတယ် “

“ လေ့လာမှုတွေ လုပ်ခဲ့ပြီးတဲ့နောက်မှာတော့ လူသားတွေက တစ်ခြားမျိုးစိတ်တွေနဲ့ မတူဘူးဆိုတာကို သူတို့ ရှာတွေ့သွားကြတယ် “

“ တစ်ခြားမျိုးစိတ်တွေက သူတို့ရဲ့ သွေးကြောမှတ်တွေကို အလွယ်တကူ ရှာဖွေနိုင်ကြတယ်၊ ဒါပင်မဲ့ လူသားတွေရဲ့ သွေးကြောမှတ်တွေကတော့ နက်နက်ရှိုင်းရှိုင်း ပုန်းကွယ်နေပြီးတော့ ရှာဖို့အတွက် အကူအညီတွေ လိုအပ်ခဲ့တယ် “

“ သားရဲအူတိုင်တွေ၊ တိတိကျကျပြောရမယ်ဆိုရင်တော့ သွေးကြောမှတ် စွမ်းအားပါဝင်တဲ့ သားရဲအူတိုင်တွေက လူသားတွေကို ကူညီနိုင်တယ် “

“ ပြီးတော့ လူသားတွေရဲ့ သွေးကြောမှတ်တွေက တော်တော်ကြီးကိုများတယ်၊ ဒီနေ့အထိတော့ ထောင်နဲ့ချီပြီးတော့ ရှာတွေ့ထားခဲ့ပြီး၊ တစ်ခြားမျိုးစိတ်တွေ အားလုံးကို ဖိနှိပ်ထားခဲ့တယ် “

“ အဲ့တာကြောင့် သားရဲမျိုးနွယ်စုတိုင်းရဲ့ သားရဲအူတိုင်တွေက လူသားတွေရဲ့ သွေးကြောမှတ်တွေကို ရှာတဲ့နေရာမှာ ကူညီပေးနိုင်ကြတယ် “

ချောင်ရုံမှ လေးလေးနက်နက် စကားပြောလာခဲ့သည် “ ဒါပင်မဲ့ သားရဲစွမ်းရည်ပိုင်ရှင်ကတော့ အဲ့တာတွေနဲ့ လုံးဝမတူဘူး၊ သူတို့က သူတို့ဖွင့်လှစ်နိုင်တဲ့ သွေးကြောမှတ်တွေပဲ ပါတဲ့ သားရဲတွေလို မွေးလာခဲ့ကြတာ “

( သွေးကြောမှတ် အကန့်အသတ်နဲ့ မွေးလာတာမျိုးပါ )

၎င်းကို ကြားလိုက်ရသောအခါတွင် ရှုကျိုးသည် ပို၍ စိတ်ရှုပ်ထွေးသွားခဲ့သည် “ အဲ့တာဆိုရင် ကျွန်တော့်ရဲ့ သွေးကြောမှတ်တွေက အကန့်အသတ်ရှိနေတာလား? “

“ သေချာပေါက် မဟုတ်ဘူးပေါ့ “

ချောင်ရုံမှ ပြုံးပြလာခဲ့သည် “ ငါပြောပြီးသွားပြီလေ၊ မင်းဆီမှာ သားရဲစွမ်းရည် ရှိနေတာ မဟုတ်ဘူး၊ ဆင်တူယိုးမှား ဖြစ်နေတဲ့ စွမ်းရည်တစ်ခု ရှိနေတာ “

“ မင်းရဲ့ သွေးကြောမှတ်တွေ သေချာပေါက်ကို အခု ၁၀၀ကျော်နေလိမ့်မယ်လို့ ငါယုံကြည်တယ် “

“ နဂါးမျိုးနွယ်စုရဲ့ သားရဲအူတိုင်တွေကို အရင်သုံးကြည့်လိုက်ပါ၊ ငါပြောတာ မှန်တယ်ဆိုတာကို မင်းသိလာပါလိမ့်မယ် “

ရှုကျိုးသည် တွေးတွေးဆဆဖြင့် ခေါင်းငြိမ့်ပြလာခဲ့သည်။

ဤအချိန်တွင် သူသည် အဆိုပါ နည်းလမ်းကို စမ်းသပ်ရုံသာ တတ်နိုင်တော့လေသည်။

“ ကောင်းပါပြီ‌၊ ဒါဆိုရင် ကျွန်တော် သွားတော့မယ်နော် ဆရာ “ ဟုရှုကျိုးမှ ပြောလာခဲ့သည်။

ချောင်ရုံမှ ခေါင်းငြိမ့်ပြလာခဲ့သည်။

ရှုကျိုး ထွက်သွားခဲ့သည့်နောက်တွင် ချောင်ရုံနှင့် ကျောင်းအုပ်ကြီးတို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး အမူအရာများ လေးနက်သွားကြသည်။

ဤအချိန်တွင် သူတို့သည် ရှုကျိုးက ပထမအဆင့်သို့ ရောက်ရှိသွားသောကြောင့် အံ့အားသင့်နေရန် အချိန်မရပေ။

အဘယ့်ကြောင့်ဆိုသော် ဖြေရှင်းရမည့် အဓိက ပြဿနာကြီး တစ်ခု ရှိနေသောကြောင့် ဖြစ်သည်။

ကျောင်းအုပ်ကြီးကပင် အဆိုပါ ပြဿနာအား မည်ကဲ့သို့ ကိုင်တွယ်ဖြေရှင်းရမလဲဆိုသည်ကို မသိပေ။

ကျောင်းအုပ်ကြီးသည် လေးပင်စွာ သက်ပြင်းချနေခဲ့ပြီး ချောင်ရုံကိုကြည့်ကာ စကားပြောလာခဲ့သည် “ သူက သွေးကြောမှတ်ရှာတာမှာ အောင်မြင်သွားမယ်လို့ မင်းထင်လား? “

“ ငါလည်း မသိဘူး “ ချောင်ရုံမှ ခေါင်းခါပြလာခဲ့သည်။

“ ဒါဆိုရင် မင်းက ခုနကလေးတင် ယုံကြည်ချက်တွေ ဘာလို့ရှိနေခဲ့ရတာလဲ? “ ကျောင်းအုပ်ကြီးမှ မေးမြန်းလာခဲ့သည်။

ချောင်ရုံမှ ရယ်ရယ်မောမောဖြင့် ပြန်ပြောလာခဲ့သည် “ ဒီကလေးက အံ့ဩစရာတစ်ခုကို လုပ်ပြနိုင်လိမ့်မယ်လို့ ငါယုံတယ်လေ၊ တကယ်တော့ သူက အဲ့လိုအရာတစ်ခုကို ဖန်တီးပြခဲ့ပြီးပြီလေ၊ ဟုတ်တယ်မလား? “

ကျောင်းအုပ်ကြီးသည် မည်သည့်စကားကိုမှ ထပ်မပြောလာတော့ပေ။

အဘယ့်ကြောင့်ဆိုသော် ချောင်ရုံပြောသည့် စကားမှာ မှန်ကန်နေခဲ့ပြီး၊ ရှုကျိုးကိုယ်တိုင်ကပင် အံ့ဩစရာ တစ်ခု ဖြစ်နေသောကြောင့် ဖြစ်သည်။

သားရဲစွမ်းရည် ပိုင်ဆိုင်ထားသော လူတစ်ဦးသည် နှစ်ဝက်မပြည့်ခင်အချိန်မှာပင် ချီ-သွေး ၇၀ကယ်လိုရီမျှသာ ရှိနေရာမှ ပထမအဆင့်အထိ ရောက်ရှိသွားခဲ့လေသည်။

ထိပ်တန်း လူသားစွမ်းရည် ပိုင်ရှင်များကပင် ထိုကဲ့သို့ အောင်မြင်အောင် မလုပ်ဆောင်နိုင်ကြပေ။

သို့သော် ……

“ သားရဲစွမ်းရည်ပိုင်ရှင်က ပထမအဆင့်ကို ရောက်လာပြီးတဲ့နောက်မှာ တကယ်ပဲ လမ်းဆုံးသွားခဲ့ပြီလေ “

“ ဒီကလေးက နောက်ထပ် အံ့ဩဖွယ်ရာတစ်ခုကို နောက်တစ်ခါ ဖန်တီးနိုင်ပါ့မလား? “

ကျောင်းအုပ်ကြီးသည် လေးလေးနက်နက် မျက်မှောင်ကြုတ်သွားခဲ့သည်၊ သားရဲစွမ်းရည် ပိုင်ရှင်များသည် သွေးကြောမှတ် နှစ်ခု၊ သုံးခုမျှကိုသာ ဖွင့်နိုင်လေ့ရှိတတ်သည်။

တစ်ချို့သည် သွေးကြောမှတ်တစ်ခုကိုပင် မဖွင့်နိုင်ကြပေ။

ကျောင်းအုပ်ကြီးသည် လင်းဂျန် ပထမ အထက်တန်းကျောင်းမှ ထူးချွန်ပြောင်မြောက်စွာ ထွက်သွားသည့် ရှုကျိုးက အဆုံးတွင် မှေးမှိန်ပျောက်ကွယ်သွားရမည်ကို မမြင်တွေ့ချင်ခဲ့ပေ။

အရေးအကြီးဆုံး အရာကား ရှုကျိုးသည် ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်သို့ သွားရတော့မည် ဖြစ်သည်။

သူသည် နိုင်ငံတစ်ဝှမ်းလုံးမှ ထိပ်တန်း ပါရမီရှင်များနှင့် ရင်ဆိုင်ရတော့မည် ဖြစ်သည်။

အကယ်၍ ပထမအဆင့်တွင်သာ ပိတ်မိနေမည်ဆိုပါက အဆိုပါ ထိုးနှက်ချက်သည် ရှုကျိုးအတွက် ကြီးကြီးမားမား အကျိုးသက်ရောက်သွားလိမ့်မည် ဖြစ်သည်။

………………………………………………………………………………………………………………

အပိုင်း ( 102 )

အချုပ်အနှောင်များကို ရိုက်ချိုးခြင်း၊ မကြုံစဖူး ဖြစ်ရပ်ထူး !!!

ရှုကျိုးသည် အိမ်သို့ ပြန်ရောက်လာခဲ့ပြီးသည့်နောက်တွင် ရှားမိသားစု၏ ဈေးစာမျက်နှာကို ချက်ချင်း ဖွင့်ကြည့်ကာ လေ့လာနေတော့သည်။

မကြာခင်မှာပင် ရှုကျိုး၏ မျက်လုံးများ တောက်ပသွားခဲ့သည်။

“ မန် နဂါးငယ်၏ သားရဲအူတိုင် : ပထမအဆင့် အဆင့်၉၊ ဈေးနှုန်း : ၃၀၀၀၀၀ “

“ သုံးသိန်းလား? “ ရှုကျိုး အံ့ဩသွားတော့သည်။

ဈေးတော်တော် မြင့်တာပဲ၊ ဒါပင်မဲ့ နားလည်ပေးလို့ရပါတယ်။ နဂါးဆိုတာက ဒဏ္ဍာရီလာသားရဲကောင် ရှားပါး မျိုးစိတ်ပဲကို။

ဒါပင်မဲ့ ဒီမန်နဂါးဆိုတာက …….

နဂါးမျိုးနွယ်စုရဲ့ သွေးမျိုးဆက် ပါတယ်ဆိုရုံလောက်ပဲနဲ့ တူတယ်၊ အစစ်အမှန် နဂါးလည်း မဟုတ်ဘူး၊ ပြီးတော့ အရွယ်တောင် မရောက်သေးတဲ့ နဂါးငယ်လေးလေ။

အဲ့တာကိုတောင် သုံးသိန်းနဲ့ ရောင်းလို့ရတာလား?

ရှုကျိုး မျက်မှောင်ကြုတ်သွားတော့သည်၊ သူသည် ၎င်းကို သိမ်းထားလိုက်ပြီး၊ ဆက်လက်၍ ရှာဖွေနေတော့သည်။

သို့သော် သူသည် ပိုကြည့်လေလေ ပို၍ အံ့အားသင့်သွားရလေလေ ဖြစ်သွားခဲ့သည်။

သုံးသိန်းပေးရသည့် မန်နဂါးသားရဲအူတိုင်သည် အမှန်တကယ်ပင် ဈေးနှုန်း အချိုသာဆုံး ဖြစ်နေခဲ့သည်။

ရှားမိသားစုထံတွင် သန့်စင်သော နဂါးမျိုးနွယ်စု၏ သားရဲအူတိုင်များ မရှိပေ။

သို့သော် နဂါးမျိုးနွယ်စု၏ မျိုးဆက်ခွဲများပင် ရှိနေခဲ့ပြီး၊ ၎င်းတို့၏ ဈေးနှုန်းများသည် ကြောက်မက်ဖွယ်ကောင်းလှသည်အထိ မြင့်မားနေခဲ့သည်။

ဥပမာအားဖြင့် တတိယအဆင့် အဆင့်၁ ရွှေမျက်လုံး ရေနဂါးသားရဲအူတိုင်သည် သန်း၂၀ပေါက်ဈေးရှိသည်။

တတိယအဆင့် အဆင့်၂ မှော်သံမဏိ နဂါး၏ သားရဲအူတိုင်ကမူ သန်း၃၀တန်ကြေးရှိသည်။

ဈေးအကြီးဆုံး အရာသည် စတုတ္ထအဆင့် အဆင့်၉ ကောင်းကင်လောင်ကျွမ်း မီးနဂါး၏ သားရဲအူတိုင်ဖြစ်ပြီး၊ သန်း၈၀၀ တန်ကြေးရှိနေခဲ့လေသည်။

“ သန်း ၈၀၀ ….. “ ရှုကျိုးမှ တိတ်တဆိတ် ရေရွတ်ပြောဆိုနေတော့သည် “ ငါက အဲ့လောက် ပိုက်ဆံ အများကြီးကို ဘယ်အချိန်မှ ရမှာလဲ? “

သူသည် သူ၏ဦးခေါင်းကို ခါယမ်း၍ မန်နဂါးသားရဲအူတိုင်ကို ပြန်ကြည့်နေတော့သည်။

ဒီတစ်ခုကိုပဲ ဝယ်လိုက်ကြတာပေါ့ကွာ။

ရှုကျိုးသည် ဤတစ်ကြိမ်တွင် ပမာဏ အမြောက်အများ မဝယ်ယူခဲ့ဘဲ၊ ၎င်း၏အကျိုးသက်ရောက်မှုကို စမ်းသပ်ကြည့်ရန်အတွက် သားရဲအူတိုင်တစ်ခုသာလျှင် ဝယ်ယူလိုက်သည်။

ငါးမိနစ် ကုန်ဆုံးသွားသည့်နောက်တွင်

ရှောင်ရှီသည် မန်နဂါးငယ်၏ သားရဲအူတိုင်ကို ပေးပို့လာခဲ့သည်။

အဆိုပါ သားရဲအူတိုင်နှင့်အတူ ရှုကျိုးသည် သူ၏အခန်းဆီသို့ပြန်ကာ ထပ်မံ၍ တင်ပျဥ်ခွေထိုင်နေတော့ပြန်သည်။

“ အောင်မြင်မလား၊ ကျရှုံးမလားဆိုတာကတော့ ဒီကြိုးစားမှုအပေါ်မှာ မူတည်နေပြီ “ ရှုကျိုးသည် အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းလိုက်ပြီး၊ အဆိုပါ သားရဲအူတိုင်ကို တစ်ခါတည်း မျိုချလိုက်တော့လေသည်။

ဝုန်းးးးးးး ~~~

ချက်ချင်းဆိုသလိုပင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်များ ပေါက်ကွဲထွက်လာခဲ့သည်။

အဲ့တာက နဂါးမျိုးနွယ်စုရဲ့ သားရဲအူတိုင်ဖြစ်နေတာ အံ့ဩစရာ မဟုတ်တော့ဘူးပဲ၊ ဒီစွမ်းအားတွေက ပထမအဆင့် အဆင့်၅သားရဲအူတိုင် တစ်ချို့ထပ်တောင် ပိုပြီးတော့ အားကောင်းနေသေးတယ်။

ရှုကျိုးသည် လေးဖင့်မနေဝံ့ဘဲ၊ ခွန်ပန်နည်းစနစ်ကို လျင်မြန်စွာ အသက်သွင်းလိုက်ပြီး ခန္ဓာကိုယ်ထဲရှိ သွေးကြောမှတ်များကို စတင်၍ ရှာဖွေနေတော့သည်။

၁၀မိနစ်၊ မိနစ် ၂၀၊ နာရီဝက် ……….

နဂါးသားရဲအူတိုင်တွင် ပါဝင်နေသည့် သွေးကြောမှတ်စွမ်းအင်များသည် အလွန်ကြီးများများပြားနေခဲ့သည်။

နာရီဝက်တိတိ အချိန်ယူခဲ့ပြီးမှသာလျှင် ၎င်းကို အပြည့်အဝ ချေဖျက်နိုင်သွားသည်။

“ ဖူးးးး “

ရှုကျိုးသည် မှုန်းမှိုင်းနေသော အမူအရာဖြင့် သူ၏မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်ဟလာခဲ့သည်။

ကျရှုံးနေတုန်းပဲ။

ဘာသွေးကြောမှတ်ကိုမှ ရှာမတွေ့သေးဘူး။

“ သားရဲအူတိုင် မလုံလောက်လို့များလား? “ ရှုကျိုးသည် စဥ်းစားခန်း ဖွင့်နေရတော့သည် “ ဒါမှမဟုတ် ဒီမန်နဂါးလေးရဲ့ သွေးမျိုးဆက်က လုံလုံလောက်လောက် မသန့်ရှင်းလို့များလား? “

သူသည် တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့သည်။

နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် ရှုကျိုးသည် အံကိုကြိတ်၍ ရှားမိသားစု၏ ဈေးစာမျက်နှာဆီသို့ ပြန်ဝင်သွားကာ၊ မန်နဂါးသားရဲအူတိုင် သုံးခု ထပ်မံ၍ မှာယူလိုက်သည်။

၎င်းတို့ကို ရရှိသည်နှင့်တစ်ပြိုင်နက် သူသည် ဆက်လက်၍ လေ့ကျင့်နေတော့သည်။

သူသည် သူက မည်သည့်သွေးကြောမှတ်ကိုမှ မဖွင့်နိုင်ဘူးဆိုသည်ကို မယုံကြည်ခဲ့ပေ။

မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်ထပ်နာရီဝက် ကုန်ဆုံးသွားခဲ့သည်။

ဒုတိယမြောက် မန်နဂါးသားရဲအူတိုင်မှာလည်း အပြည့်အဝ စုပ်ယူခံလိုက်ရပြီ ဖြစ်သည်။

ရှုကျိုးသည် သူ၏မျက်လုံးများကို ကူရာကယ်ရာမဲ့စွာဖြင့် ထပ်ဖွင့်လာခဲ့သည်။

“ ဘာတွေ ဖြစ်နေတာလဲကွာ? “

ဤအချိန်တွင် ရှုကျိုးသည် အလွန်အမင်း စိတ်ညစ်နေခဲ့ပြီ ဖြစ်သည်။

ငါက သွေးကြောမှတ်တစ်ခုကိုတောင် တကယ်မဖွင့်နိုင်တော့ဘူးလား?

ငါက ပထမအဆင့်မှာပဲ ပိတ်မိနေတာ့မှာများလား?

အားအနည်းဆုံး ပထမအဆင့် လူများကပင် သွေးကြောမှတ် ၁၀ခု ဖွင့်နိုင်ခဲ့သည်ကို သိထားရမည် ဖြစ်သည်။

သူကသာ မည်သည့်သွေးကြောမှတ်ကိုမှ မဖွင့်နိုင်ခဲ့ပါက၊ ပထမအဆင့်၏ အစောပိုင်းအဆင့်တွင်သာ အမြဲတမ်း ပိတ်မိသွားတော့မည် ဖြစ်သည်။

ရှုကျိုး၏ အမူအရာသည် ဝေခွဲမရ ဖြစ်နေခဲ့ပြီး၊ အချိန်အတော်ကြာသည်အထိ စဥ်းစားနေခဲ့သော်လည်း မည်သည့်နည်းလမ်းကိုမှ မရှာနိုင်ခဲ့ပေ။

“ ထားလိုက်ပါလေ “

မကြာခင်မှာပင် ရှုကျိုးသည် တွေးတော စဥ်းစားနေခြင်းကို ရပ်တန့်ကာ၊ ကိုယ့်ကိုကိုယ် စကားပြောနေတော့သည် “ တကယ်လို့ ငါက သွေးကြောမှတ်တွေကို မဖွင့်နိုင်ဘူးဆိုရင်တောင်မှ ဘာမှ ဖြစ်သွားမှာ မဟုတ်ဘူး “

ရှုကျိုးသည် အကောင်းမြင်စိတ်ရှိသူတစ်ဦး ဖြစ်သည်။

ထို့အပြင် စိတ်ပျက်အားလျော့နေရမည့် အချိန် မရောက်လာသေးပေ။

အနည်းဆုံးအနေဖြင့် သူ့ထံတွင် ကိုယ်ပွားတစ်ခု ရှိနေခဲ့သည်။

၎င်းသည် သူ၏ချီ-သွေး စွမ်းအင်များကို အဆက်မပြတ် တိုးမြှင့်ပေးနေမည် ဖြစ်သည်။

အကယ်၍ ၎င်းကသာ အလုပ်မဖြစ်ခဲ့ဘူးဆိုပါက သူသည် သူ၏ကိုယ်ပွားကို ဆက်လက်၍ ကြီးထွားခွင့်ပြုလိုက်မည် ဖြစ်သည်၊ သူ၏ ချီ-သွေးစွမ်းအင်များက ၁ထောင် ကယ်လိုရီ၊ ၁သောင်း ကယ်လိုရီသို့ ရောက်ရှိသွားသည်နှင့် တစ်ပြိုင်နက် သူသည် အရာအားလုံးကို ချေမှုန်းနေနိုင်ဦးမည် ဖြစ်သည်။

သို့ရာတွင် သူ၏ခန္ဓာကိုယ်သည် မြင့်မားလာသည့် ချီ-သွေးစွမ်းအင်များကို ခံနိုင်ရည်ရှိရန် လိုအပ်မည် ဖြစ်သည်။

“ ချီ-သွေးကို တိုးတက်အောင် လုပ်မယ် “ ရှုကျိုး၏ မျက်လုံးများ စူးရှနေခဲ့သည်၊ အကယ်၍ သူက သွေးကြောမှတ်များကို မဖွင့်နိုင်ဘူးဆိုပါက၊ သူ၏ချီ-သွေးများကို ဆက်လက်၍ တိုးတက်စေလိုက်မည် ဖြစ်သည်။

ဘာဖြစ်မလဲဆိုတာကို ကြည့်လိုက်ကြတာပေါ့ကွာ !!

ထိုစဥ် မိုင်ပေါင်းထောင်နှင့်ချီ၍ ဝေးကွာသော နေရာရှိ ရွှေတောင်ပံ T-Rexကြီးသည် ၎င်း၏ တစ်နေ့တာ စားသောက်မှုကို စတင်နေခဲ့ပြီ ဖြစ်သည်။

…

နာရီဝက်ကုန်ဆုံးသွားသည့်နောက်၌

[ ချီ-သွေး + ၀.၅ ကယ်လိုရီ ]

[ အဆင့် + ၅% ]

အိမ်ရှင် : ရှုကျိုး

ချီ-သွေး : ၁၇၁.၅ ကယ်လိုရီ

စိတ်ဝိညာဥ် : 35Hz

ကိုယ်ပွား : ရွှေတောင်ပံ T-Rex

အဆင့် : ပထမအဆင့် အဆင့်၅ ( ၁၀၀% )

အသားတင် အလေးချိန် : ၁၆၆၈.၅ ကီလိုဂရမ်

စွမ်းရည် : နေ့စဥ် ၃၀ ကီလိုဂရမ် ရရှိခြင်း ( အကန့်အသတ် )၊ အရာအားလုံး ဝါးမြိုနိုင်ခြင်း၊ ကိုက်ဖြတ်ဆုတ်ဖြဲခြင်း( ac )၊ ခုန်ဆင်းခြင်း( pas )

ဆင့်ကဲ ပြောင်းလဲမှုဖြစ်စဥ် : အလေးချိန်က မျိုးစိတ် အကန့်အသတ်သို့ ရောက်ရှိသွားသောအခါတွင် ဆင့်ကဲပြောင်းလဲမည်

ကိုယ်ပိုင် ဟင်းလင်းပြင် နေရာလွတ် : ၁၀၀၀ ကုဗမီတာ

…

“ အဆင့်၆ကိုတောင် ရောက်တော့မှာလား? “ ရှုကျိုး အံ့အားသင့်သွားခဲ့သည်။

သူသည် တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ ကိုယ်ပွားကို ထိန်းချုပ်ကာ သားရဲအူတိုင်များကို ဆက်လက်၍ စားသောက်နေတော့သည်။

ယခင်က တတိယအကြိမ်မြောက် အုတ်မြစ်တည်ဆောက်ခြင်းကို ပြုလုပ်ခဲ့ပြီးသည့်နောက်တွင် အဆင့်ထိုးဖောက်ရန် ရည်ရွယ်ချက် မရှိသောကြောင့် မစားရသေးဘဲ ကျန်နေခဲ့သည့် ပထမအဆင့် အဆင့်၄ သားရဲအူတိုင် အခု၂၀ကျန်နေသေးသည်။

ယခုတွင် ရှုကျိုးသည် ပထမအဆင့်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သောကြောင့် ၎င်းတို့ကို ချန်ထားရန် လိုတော့မည် မဟုတ်ပေ။

“ ဆက်လုပ်မယ် !! “ ရှုကျိုးမှ တွေးတော ဆင်ခြင်နေခဲ့သည် “ ချီ-သွေးရဲ့ အကန့်အသတ်က ဘယ်နားမှာလဲဆိုတာကို ကြည့်လိုက်ကြတာပေါ့ကွာ “

ထိုအချိန်တွင် နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲရှိ ရွှေတောင်ပံ T-Rexကြီးသည် ၎င်း၏ မေးရိုးကြီးများကို ဖွင့်၍ အဆိုပါ သားရဲအူတိုင် အခု၂၀ကို တစ်ပြိုင်နက် မျိုချပစ်လိုက်သည်။

ဝုန်းးးး !!!

ချက်ချင်းဆိုသလိုပင် ကြီးမားသော စွမ်းအင်များ ပေါက်ကွဲထွက်လာခဲ့သည်။

ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းလုံးများသည် ရွှေတောင်ပံ T-Rexကြီး၏ ခန္ဓာကိုယ်ကို လှုပ်ခါသွားစေခဲ့သည်။

၎င်း၏ အရှိန်အဝါသည် တဟုန်ထိုး မြင့်တက်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် တစ်ဖက်ရှိ ရှုကျိုးထံသို့ များပြားသော အကျိုးကျေးဇူးများ ပြန်လည်ရောက်ရှိလာခဲ့သည်။

အံ့ဩဖွယ်ကောင်းလောက်အောင် အစွမ်းထက်သည့် ချီ-သွေး စွမ်းအင်များသည် သူ၏ခန္ဓာကိုယ် အနှံ့အပြားသို့ ရောက်ရှိလာခဲ့ပြီး သူ၏သွေးကြောများကို ဖောင်းပွလာစေခဲ့သည်။

အဆိုပါ စွမ်းအားများသည် ပထမအဆင့်ကိုပင် ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။

“ အမ် အို့ “ ရှုကျိုး၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့သည် “ ကြည့်ရတာတော့ ငါက ကိုယ့်ကိုကိုယ် အထင်ကြီးမိသွားတဲ့ပုံပဲ “

သူသည် ထိုမျှများပြားသော သားရဲအူတိုင်များကို တစ်ကြိမ်တစ်ခါမှ မဝါးမြိုခဲ့ဖူးချေ။

ပုံမှန်အားဖြင့် သူသည် တစ်ခုချင်းစီသာ သုံးစွဲလေ့ရှိခဲ့သည်။

ပထမအဆင့် အဆင့်၄ သားရဲအူတိုင် အခု၂၀ထဲတွင် ပါဝင်သည့် စွမ်းအားများသည် အလွန်ကြောက်မက်ဖွယ်ကောင်းလှသည်။

ဝုန်းးးး ဝုန်းးးး ဝုန်းးးးးး !!

ရှုကျိုး၏ ခန္ဓာကိုယ် အတွင်းပိုင်းတွင် ပေါက်ကွဲသံများ အဆက်မပြတ် အော်မြည်နေခဲ့ပြီး၊ သွေးများ ဆူပွက်၍၊ အရေပြားများ ကွဲအက်ကာ သွေးကြောများ ပေါက်ထွက်သွားခဲ့သည်။

ရောက်ရှိလာခဲ့သည့် ချီ-သွေးစွမ်းအင်များသည် အလွန်အားကောင်း ပြင်းထန်နေခဲ့သည်။

…………………………………………………………………………………………………………….

All Chapters