← Chapters

အခန်း (၁၁၀-၁၁၁)

Vol. 8 Ch. 110-111

အခန်း (၁၁၀-၁၁၁)

Vol. 8 Ch. 110-111

အပိုင်း ( 110 )

သိုင်းပညာ တက္ကသိုလ်ပဲ၊ ကျောင်း မဟုတ်ဘူး !! ၂

“ ဝုန်းးးး !! “

နွားခေါင်းဗီဇပြောင်း သားရဲသည် မြေပြင်ပေါ်သို့ ဖြည်းညှင်းစွာ ပြိုလဲသွားခဲ့သည်။

သေဆုံးသွားခဲ့ပြီ ဖြစ်သော်လည်း၊ ၎င်းသည် သူ၏ပြိုင်ဘက်၏ ခွန်အားက မည်သည့်အတွက်ကြောင့် ထိုမျှ ကြီးမားနေရလဲဆိုသည်ကို နားမလည်နိုင် ဖြစ်သွားခဲ့သည်။

ရွှေတောင်ပံ T-Rexကြီးသည် ၎င်း၏ တောင်ပံများကို ပြန်ရုတ်လိုက်ပြီး၊ မြေပြင်ပေါ်သို့ ဆင်းသက်လာခဲ့သည်။ ထို့နောက်တွင် ၎င်း၏ခြေသည်းများကို မြှောက်ကာ နွားခေါင်းသားရဲ၏ နှလုံးကို ထုတ်ယူလိုက်သည်။

တလှုပ်လှုပ် ခုန်နေသည့် သားရဲနှလုံးတစ်ခု ဆွဲထုတ်ခံလိုက်ရသည်။

“ ဝေါင်းးးး ~~ “

ရွှေတောင်ပံ T-Rexကြီး၏ မျက်လုံးများထဲတွင် ပျော်ရွှင်မှု အရိပ်အငွေ့များ ဖြစ်ပေါ်လာခဲ့သည်။

ပထမအဆင့် အဆင့်၅သားရဲနှလုံး နောက်တစ်ခု ထပ်ရပြန်ပြီ !!

၎င်းသည် အဆိုပါ သားရဲနှလုံးကို သယ်ဆောင်၍ ကျားပျံ မျိုးနွယ်စု၏ ပိုင်နက်ထဲသို့ လျင်မြန်စွာ ပျံသန်းသွားတော့သည်။

“ နောက်ဆိုရင် ကျားပျံ မျိုးနွယ်စု ပိုင်နက်ထဲကို သားရဲတွေ ပိုရောက်လာတော့မှာပဲ “ ရှုကျိုးသည် အနည်းငယ် စိတ်ညစ်သွားခဲ့သည်။

ယခုလေးတင် မြင်တွေ့ခဲ့ရသော ဖြစ်ရပ်သည် ပထမဦးဆုံး ဖြစ်ရပ် မဟုတ်ပေ။

လွန်ခဲ့သော တစ်လအတွင်းတွင် ရွှေတောင်ပံ T-Rexကြီးသည် သွေးတောင်ပံ ကျားပျံမျိုးနွယ်စု၏ ပိုင်နက်ထဲတွင် အတော်လေး အေးအေးချမ်းချမ်း နေထိုင်နေခဲ့ရသည်။

သို့သော် လွန်ခဲ့သော ရက်အနည်းငယ်ခန့်မှစ၍ ဗီပြောင်းသားရဲများသည် ဟိုဟိုဒီဒီမှ ပေါ်ပေါက်လာခဲ့သည်။

၎င်းမှာ ကောင်းမွန်သော လက္ခဏာ မဟုတ်ပေ။

ယခုလက်ရှိ အချိန်အထိ ကျူးကျော်ဝင်ရောက်လာသူများသည် အဆင့်နိမ့်သားရဲများသာ ဖြစ်သည်။

သို့သော် အချိန်ကြာလာသည်နှင့်အမျှ ဒုတိယအဆင့် (သို့) ထို့အထက်မှ ဗီဇပြောင်းသားရဲများ ပေါ်လာမည်ဖြစ်ပြီး၊ ရှုကျိုးသည် ရွေးချယ်စရာ မရှိဘဲ ထွက်သွားရမည် ဖြစ်သည်။

“ ဒီအလောင်းတွေကို မြန်မြန်စားရမယ် “ ဟုရွှေတောင်ပံ T-Rexကြီးမှ ဆုံးဖြတ်လိုက်သည်။

နတ်ဆိုးတစ်ထောင် လှိုဏ်ဂူသည် အန္တရာယ်များဖြင့် ပြည့်နှက်နေသည့် မငြိမ်းချမ်းသော နေရာတစ်ခု ဖြစ်သည်။

ငြိမ်းချမ်း တိတ်ဆိတ်ခဲ့သော အချိန်များသည် သွေးတောင်ပံ ကျားပျံမျိုးနွယ်စု၏ ပိုင်နက်ကာကွယ်မှုကြောင့် ရရှိခဲ့ခြင်း ဖြစ်သည်။

အကယ်၍ ကျားပျံခေါင်းဆောင်ကြီး သေသွားပြီဆိုသည်ကို တစ်ခြားသော သားရဲများက သိသွားမည်ဆိုပါက ဤနေရာသည် ဆက်လက်၍ ငြိမ်းချမ်းနေတော့မည် မဟုတ်ပေ။

“ ရွှပ် ………….. ဂျွတ် !! ~~ “

ရွှေတောင်ပံ T-Rexကြီးသည် ကျားပျံခေါင်းဆောင်းကြီး၏ အလောင်းကို ရွှေ့ပြောင်းကာ ဆက်လက်၍ စားသောက်နေတော့သည်။

…

[ ချီ-သွေး + ၀.၅ ကယ်လိုရီ ]

[ အဆင့် + ၁% ]

ရှုကျိုး၏ မူလကိုယ်ထံသို့ အကျိုးအမြတ်များ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

အနွေးစီးကြောင်းတစ်ခုသည် ရှုကျိုး၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာခဲ့သည်၊ သို့သော် ဤတစ်ကြိမ်တွင် နွေးထွေးကာ သက်တောင့်သက်သာ ရှိရမည့်အစား နာကျင်မှုများသာ ဖြစ်ပေါ်လာခဲ့သည်။

ရှုကျိုးသည် ၎င်းကြောင့် မအံ့ဩသွားခဲ့ပေ၊ ချီ-သွေးစွမ်းအင်များသည် အကန့်အသတ်သို့ ထပ်မံ၍ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

အနွေးဓာတ် တိုးလာသည်နှင့်အမျှ နာကျင်မှုမှာလည်း လိုက်ပါ၍ ပြင်းထန်လာခဲ့သည်။

ရှုကျိုး၏ ခန္ဓာကိုယ်တစ်ခုလုံး ပူပြင်း နီရဲသွားတော့သည်။

“ ဖိနှိပ်စမ်း !!! “ယခင်တစ်ကြိမ်ကကဲ့သို့ပင် ရှုကျိုးသည် တူညီသော နည်းလမ်းကို အသုံးပြုကာ ချီ-သွေးအားလုံးကို ဖိနှိပ်လိုက်သည်။

ရှုကျိုးသည် တစ်စုံတစ်ခုကို ယောင်ဝါးဝါး အာရုံခံမိလာခဲ့သည်။

ဆယ့်တစ်ခုမြောက် သွေးကြောမှတ် ပေါ်လာတော့မည် ဖြစ်သည်။

…

ဘေးတစ်ဘက် အိပ်ရာပေါ်ရှိ လီတျယ်သည် သူ၏မျက်လုံးများကို ရုတ်တရက် ဖွင့်လာခဲ့ပြီး၊ ရှုကျိုးကို အံ့ဩတကြီးဖြင့် ကြည့်လာခဲ့သည်။

“ ဒီချီ-သွေး စွမ်းအင်လှိုင်း ……… “ လီတျယ်၏ မျက်လုံး သိသိသာသာ ပြူးကျယ်သွားခဲ့သည်။

ဆယ့်ငါးခုမြောက် သွေးကြောမှတ်ကို ဖွင့်နေတာလား?

အဲ့ထပ်တောင် ပိုနိုင်သေးတယ် !!

အရှေ့ပိုင်းပြည်နယ် လီမိသားစု၏ တိုက်ရိုက်မျိုးဆက်တစ်ဦးအနေဖြင့် လီတျယ်၏ အရည်အချင်းသည် ထူးထူးခြားခြား ထူးချွန်မနေခဲ့ပေ၊ သို့သော် သူသည် တစ်ခြားလူများနှင့် ကောင်းစွာ သိကျွမ်းနေခဲ့သည်။

သူသည် သူတို့၏ အဆင့်များတွင် ပြိုင်ဘက်ကင်းသည့် ပါရမီရှင်တစ်ချို့ကိုပင် မြင်တွေ့ခဲ့ပြီးပြီ ဖြစ်သည်။

အဆိုပါ ပါရမီရှင်များမှ ပေးစွမ်းသည့် ခံစားချက်သည် ဤအချိန်တွင် ရှုကျိုးထုတ်လွှတ်နေသည့် အရာနှင့် များစွာတူညီနေခဲ့သည်။

“ ပြင်ပခရိုင်ကနေ ဒီလိုထိပ်တန်း ပါရမီရှင်တစ်ယောက် ပေါ်လာနိုင်တာလား? “

ထိုအချိန်တွင် လီတျယ် အံ့ဩတုန်လှုပ်သွားခဲ့သည်။

၁၀မိနစ်ကြာခဲ့ပြီးသည့်နောက်တွင်

ရှုကျိုးသည် ချီ-သွေးစွမ်းအင်လှိုင်းကို ပြန်၍ ရုတ်သိမ်းလိုက်ပြီး၊ မျက်လုံးများကို ဖွင့်၍ လီတျယ်ကို ကြည့်ကာ ပြုံးပြလိုက်သည် “ ကျောင်းသားလီ၊ ဘာဖြစ်တာလဲ? “

သူ၏မျက်လုံးများက ပိတ်ထားခဲ့သော်လည်း တစ်စုံတစ်ဦးမှ သူ့အား စိုက်ကြည့်နေသည်ဆိုသည်ကို သူအာရုံခံမိနေခဲ့သည်။

ထို့အပြင် သူသည် ၁၀မိနစ်တိတိ စိုက်ကြည့်ခံနေခဲ့ရခြင်း ဖြစ်သည်။

လီတျယ်သည် သူ၏လက်ကို ဝေ့ရမ်း၍ ပေါ့ပေါ့ပါးပါး ပြောလာခဲ့သည် “ ဘာမှ မဟုတ်ပါဘူး၊ ညီအစ်ကိုရေ၊ မင်းက တော်တော်လေး ချောတယ်နော် “

ရှုကျိုး၏ အမူအရာ မည်းမှောင်သွားတော့သည်၊ ၁၀မိနစ်တိတိ စိုက်ကြည့်နေခဲ့တာက ချောတယ်လို့ ပြောဖို့အတွက်လားဟ?

လီတျယ်သည် တစ်စုံတစ်ခုကို နားလည်သွားခဲ့ပြီး အမြန်ချောင်းဟန့်ကာ ပြောလာခဲ့သည် “ အထင်မလွဲပါနဲ့၊ ငါ့ရဲ့ လိင်စိတ်တိမ်းညွတ်မှုက ပုံမှန်ပါပဲ “

“ ငါက မင်းရဲ့ ချီ-သွေးစွမ်းအင်လှိုင်းကို လေ့လာနေရုံလေးပါပဲ၊ မင်းက သွေးကြောမှတ် ဆယ့်ငါးခု ဖွင့်ပြီးသွားလောက်ပြီလေ၊ ဟုတ်တယ်မလား? “

“ မဟုတ်ဘူး “ ရှုကျိုးမှ ခေါင်းခါပြလိုက်သည်။

“ မဟုတ်ဘူးလား? “ လီတျယ်သည် အနည်းငယ် စိတ်ပျက်လက်ပျက် ဖြစ်သွားခဲ့သည် “ နှမြောစရာပဲ၊ တကယ်လို့ မင်းကသာ သွေးကြောမှတ် ဆယ့်ငါးခု ဖွင့်ထားမယ်ဆိုရင် လူသစ်တွေရဲ့ ထိပ်တန်းအဖွဲ့ထဲမှာ နေလို့ရပြီ “

“ ထိပ်တန်းအဖွဲ့လား? “ ရှုကျိုး၏ မျက်လုံးများ အနည်းငယ် လှုပ်ခတ်သွားခဲ့သည်။

“ သွေးကြောမှတ် ဆယ့်ငါးခုက အလှည့်အပြောင်းတစ်ခုလေ “ လီတျယ်မှ ပြောပြလာခဲ့သည် “ ကျောင်းသားကျောင်းသူ အများစုက သွေးကြောမှတ် နှစ်ခု၊ သုံးခုလောက်ပဲ ဖွင့်ထားကြတာ “

“ နည်းနည်းလေး ပိုစွမ်းတဲ့လူတွေကတော့ ဆယ်ခုကျော်ကျော် ဖွင့်ထားကြတယ် “

“ ၁၅ခုထပ် ပိုဖွင့်ထားတဲ့ လူတွေကတော့ ထိပ်တန်းအဖွဲ့ပေါ့ကွာ “

လီတျယ်မှ သက်ပြင်းချလာခဲ့သည် “ တကယ်လို့ မင်းကသာ သွေးကြောမှတ် ၁၅ခုကို ဖွင့်နိုင်မယ်ဆိုရင်၊ မင်းရဲ့ ဌာနအကဲဖြတ်မှုက လုံခြုံသွားပြီ “

သူ၏စကားများကို ကြားလိုက်ရပြီးသည့်နောက်တွင် ရှုကျိုးမှာလည်း နားလည်သွားခဲ့သည်။

ကြည့်ရတာတော့ ကွမ်ဟန် တက္ကသိုလ်က သာမန်နဲ့ ထူးခြားဆိုပြီးတော့ အဆင့်ခွဲထားတဲ့ပုံပဲ။

“ သွေးကြောမှတ် ဆယ့်ငါးခုလား? ထိပ်တန်းအဖွဲ့လား? “ ရှုကျိုး၏ မျက်လုံးများ တောက်ပသွားခဲ့သည်။

သူသည် သွေးကြောမှတ် ခြောက်ခုသာလျှင် ဖွင့်ထားရသေးသော်လည်း သူ၏စွမ်းအားသည် ထို့ထပ်များစွာ သာလွန်နေခဲ့ပြီ ဖြစ်သည်။

သူသည် သူနှင့် သွေးကြောမှတ် ဆယ့်ငါးခုဖွင့်ထားသည့် ပါရမီရှင်နှင့် နှိုင်းယှဥ်လိုက်မည်ဆိုပါက မည်ကဲ့သို့ ဖြစ်နေမလဲဆိုသည်ကို သိချင်သွားခဲ့သည်။

“ ညီအစ်ကိုရေ “ ထိုအချိန်တွင် လီတျယ်မှ ရုတ်တရက် စကားပြောလာခဲ့သည် “ မင်းရဲ့ လေသံကို အကဲခတ်ကြည့်ရသလောက်ဆိုရင် မင်းက ကျောင်းကျိုးကမလား? “

“ ငါက ကျောင်းကျိုးကလေ “ ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည်။

“ ကျောင်းကျိုးမှာ တားမြစ်နယ်မြေတစ်ခု ရှိတယ်ဆိုတာကို ငါမှတ်မိပါသေးတယ် “

လီတျယ်သည် တွေးတွေးဆဆဖြင့် ပြောလာခဲ့သည် “ မကြာသေးခင်တုန်းက အဲ့ဒီတားမြစ်နယ်မြေဖွင့်ပွဲမှာ အရှေ့ပိုင်းပြည်နယ် လျူမိသားစုက တစ်ယောက်ယောက် သေသွားတယ်တဲ့၊ အဲ့ဒီအချိန်တုန်းက ‌တော်တော်လေး ရုတ်ရုတ်သဲသဲ ဖြစ်သွားတယ်လို့ ငါကြားခဲ့ရတယ် “

ရှုကျိုးသည် အနည်းငယ် အံ့ဩသွားခဲ့သည်၊ လျူဟီအကြောင်းကို ပြောနေတာလား?

အဲ့ကိစ္စက အရှေ့ပိုင်းပြည်နယ်အထိ ပျံ့နေတာလား?

“ အို့ ဟုတ်သားပဲ “ လီတျယ်၏ မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားခဲ့သည်။

“ မင်းရဲ့အစွမ်းနဲ့ဆိုရင် မင်းကလည်း အဲ့တားမြစ်နယ်မြေထဲကို သွားမှာပဲ၊ မင်းပထမရခဲ့လား? “

“ ပထမနေရာက ငါပဲလေ “ ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည်။

အမှန်တိုင်းပြောရမည်ဆိုပါက သူသည် အနည်းငယ် ကူရာကယ်ရာမဲ့နေသကဲ့သို့ ခံစားနေခဲ့ရသည်။

ကျောင်းကျိုး၏ ချန်ပီယံတစ်ဦးသည် ကွမ်ဟန် သိုင်းပညာ တက္ကသိုလ်တွင် မည်သည့်ကျော်ကြားမှုမှ ရှိမနေခဲ့ချေ။

နတ်ဆိုးတစ်ထောင် လှိုဏ်ဂူသည် ကျောင်းကျိုး၏ နာမည်အကြီးဆုံး တားမြစ်နယ်မြေဖြစ်ပြီး၊ ၎င်းကို ဖွင့်လှစ်ခဲ့သည့် အချိန်တိုင်းတွင် နေရာအနှံ့မှ ပါရမီရှင်များကို ဆွဲဆောင်နိုင်ခဲ့လေသည်။

နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲတွင် ပထမနေရာ ရယူနိုင်ခြင်းသည် ကျောင်းကျိုး သိုင်းပညာရှင်အသိုင်းအဝိုင်းတွင် အတော်လေး ကျော်ကြားသွားမည် ဖြစ်သည်။

အစောပိုင်း အချိန်များအတွင်းက သူသည် လီတျယ်အား သူ၏အမည်ကို ပြောပြခဲ့သော်လည်း သူသည် သူ့ကို လုံးဝမမှတ်မိခဲ့ပေ။

ဤအချိန်တွင် ရှုကျိုးသည် အဆိုပါ ထိပ်တန်းပါရမီရှင်များက ကျောင်းကျိုး၏ နံပတ်၁အား လုံးဝဂရုမစိုက်ဘူးဆိုသည်ကို နားလည်သွားခဲ့သည်။

၎င်းမှာ ကျောင်းကျိုးက နောက်ကျကျန်နေခဲ့ခြင်းကြောင့်သာလျှင် မဟုတ်ဘဲ၊ ကျောင်းကျိုးသည် အချိန်အတော်ကြာသည်အထိ ထိပ်တန်းပါရမီရှင်များကို မွေးထုတ်မပေးနိုင်ခဲ့သောကြောင့် ဖြစ်သည်။

အဖိုးတန် ပါရမီရှင်တစ်ဦး ပေါ်လာခဲ့ပြီး၊ ပြိုင်ဘက်အားလုံးကို ဖိနှိပ်ထားခဲ့မည်ဆိုပါက ကျောင်းကျိုးသည် တစ်ဖန်ပြန်၍ တောက်ပလာလိမ့်မည် ဖြစ်သည်။

………………………………………………………………………………………………………………..

အပိုင်း ( 111 )

သိုင်းပညာ တက္ကသိုလ်ပဲ၊ ကျောင်း မဟုတ်ဘူး !! ၃

ထို့နောက်တွင် လီတျယ်သည် ရှုကျိုးနှင့် တစ်ခဏခန့် စကားဆက်ပြောနေခဲ့သည်။

သို့ရာတွင် ရှုကျိုးသည် စကားပြောဆိုခြင်းကို များစွာ စိတ်မဝင်စားပေ။

အကျဥ်းချုံး ပြောဆိုခဲ့ပြီးသည့်နောက်တွင် သူသည် စကားဝိုင်းကို အဆုံးသတ်လိုက်သည်။

…

မိန်းကလေး အဆောင်၌

လီရို့ရှီသည် သူမ၏ ခရီးဆောင်အိတ်နှင့်အတူ အခန်းထဲသို့ ဝင်လာခဲ့သည်။

အထဲရှိ အိပ်ရာတစ်ခုပေါ်တွင် နှစ်လိုဖွယ်ကောင်းသည့် ရုပ်ရည်ရှိသော ကောင်မလေးတစ်ဦးသည် သူမ၏မျက်လုံးများကို မှိတ်ကာ တရားထိုင်နေခဲ့သည်။

လီရို့ရှီဝင်လာသည်ကို အာရုံခံမိသွားသောအခါတွင် သူမသည် သူမ၏မျက်လုံးများကို ဖွင့်ကာ ကြည့်လာခဲ့သည်။

မကြာခင်မှာပင် သူမသည် လီရို့ရှီ၏နယ်ပယ်ကို အာရုံခံမိသွားပြီး၊ သူမ၏မျက်လုံးများထဲတွင် စိတ်ပျက်သွားသည့် အရိပ်အငွေ့များ ဖြစ်ပေါ်လာခဲ့သည်။

“ ဟယ်လို “ ဟုကောင်မလေးမှ ပြောလာခဲ့သည်။

“ ငါက အရှေ့ပိုင်းပြည်နယ် ရှုမိသားစုက ရှုစီယုပါ။ နင်ကရော? “

“ ကျောင်းကျိုးက လီရို့ရှီပါ “

“ ကျောင်းကျိုးလား? “ ရှုစီယု၏ မျက်ဝန်းများ အနည်းငယ် မှေးကျဥ်းသွားခဲ့သည်၊ ထို့နောက်တွင် သူမသည် ခေါင်းငြိမ့်ပြလာခဲ့ပြီး မည်သည့်စကားကိုမှ ထပ်မပြောလာတော့ပေ။

သူမသည် လီရို့ရှီက ပထမအဆင့် သိုင်းပညာရှင်ပင် မဟုတ်ဘူးဆိုသည်ကို သိနေခဲ့သည်။

ပြီးတော့ သူမက ကျောင်းကျိုးလို နေရာသေးသေးလေးကနေ ရောက်လာတယ်။ ကြည့်ရတာတော့ သူမက ဒီနှစ်လူသစ်တွေကြားထဲက အားအနည်းဆုံး တစ်ယောက်ဖြစ်နေတဲ့ပုံပဲ။

မကြာခင်မှာပင် ရှုစီယုသည် သူမ၏မျက်လုံးများကို မှိတ်သွားတော့သည်။

လီရို့ရှီမှာလည်း သူမ၏ အတွေးများကို ဂရုမစိုက်ပေ၊ သူမသည် သူမ၏ အိပ်ရာပေါ်သို့ အေးဆေးတည်ငြိမ်သော မျက်နှာထားဖြင့် ထိုင်ချလိုက်ပြီး၊ မျက်လုံးလေးများကို မှိတ်ကာ စတင်၍ လေ့ကျင့်နေတော့သည်။

…

နောက်အခန်းတစ်ခန်း၌

“ ရှားရှီယောက်လား? “ ကျန်းလန်သည် သူမ၏ အခန်းဖော်ကို တအံ့တဩဖြင့် ကြည့်နေတော့သည်။

“ နင်က? “ ရှားရှီယောက် ဇဝေဇဝါ ဖြစ်သွားတော့သည်။

“ ငါ့နာမည်က ကျန်းလန်ပါ “

“ ကျန်းလန်? “ ရှားရှီယောက်သည် ဇဝေဇဝါ ဖြစ်နေသေးစဲဖြစ်သည်။

ကျန်းလန်မှ ဆက်ပြောပြလာခဲ့သည် “ ငါက ကျန်းမိသားစုကပါ “

“ ကျန်းမိသားစုကလား? “ ရှားရှီယောက် နားလည်သွားတော့သည် “ နင်က ကျောင်းကျိုးကလား? “

“ ဟုတ်တယ် “ ကျန်းလန်မှ ခေါင်းငြိမ့်ပြလာခဲ့ပြီး၊ မည်သည့်စကားမှ ထပ်မပြောတော့ဘဲ သူမ၏အိပ်ရာဆီသို့သာ လျှောက်လှမ်းသွားတော့သည်။

၎င်းကို မြင်လိုက်ရသောအခါတွင် ရှားရှီယောက်မှာလည်း စကားဆက်မပြောလာတော့ပေ။

ကျောင်းကျိုးသည် အင်အားနည်းသော ပြည်နယ်လေးတစ်ခု ဖြစ်သည်။

ကျန်းမိသားစုမှာ မဆိုးလှသော်လည်း ရှားမိသားစုနှင့် ယှဥ်မည်ဆိုပါက ၎င်းမှာ မှိန်ဖျော့သွားမည် ဖြစ်သည်။

ရှားမိသားစု၏ တိုက်ရိုက်သမီးပျိုတစ်ဦးအနေဖြင့်၊ သူမသည် ထိုကဲ့သို့သော နေရာသေးသေးလေးမှ လူများနှင့် ထိတွေ့ဆက်ဆံသည်မှာ ရှားပါးလွန်းလှပေသည်။

ထိပ်တန်းပါရမီရှင်များ၏ အသိုင်းအဝိုင်းများထဲတွင် ကျောင်းကျိုးအကြောင်းကို ဖော်ပြခဲ ပြောဆိုခဲလှသည်။

သို့သော် ရှားရှီယောက်သည် တစ်စုံတစ်ခုကို ရုတ်တရက် မှတ်မိသွားခဲ့သည်။

“ ကျန်း “ ရှားရှီယောက်မှ ရုတ်တရက် စကားပြောလာခဲ့သည် “ ငါကြားထားတာကတော့ ဒီနှစ်ကျောင်းကျိုးရဲ့ နံပတ်၁၊ ရှုကျိုးလို့ခေါ်တဲ့လူကလည်း ကွမ်ဟန် သိုင်းပညာ တက္ကသိုလ်ကို ရောက်လာတယ်ဆို။ နင်သူ့ကိုသိလား? “

“ သိတယ် “ ကျန်းလန်မှ ခေါင်းငြိမ့်ပြလာခဲ့သည်။

ရှားရှီယောက်၏ မျက်လုံးများ တောက်ပသွားပြီး သိလိုစိတ်ဖြင့် ဆက်မေးလာခဲ့သည် “ သူ့ရဲ့ စွမ်းအားကို နင်သိလား? “

“ သူက ပထမအဆင့်ကို ရောက်ခါစ ဖြစ်နေလောက်ပြီ “ ဟုကျန်းလန်မှ ပြောပြလာခဲ့သည်။

“ ပထမအဆင့်ကို ရောက်ခါစလား? “ ရှားရှီယောက်သည် ခေါင်းတငြိမ့်ငြိမ့် ဖြစ်သွားခဲ့ပြီး၊ သူမ၏နှုတ်ခမ်းများသည် အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားခဲ့သည်။

အဖေက ငါ့ကို တကယ်ကြီး လှည့်စားနေတာပဲ။

ပထမအဆင့်ကို ရောက်လာခါစ လူတစ်ယောက်က အစ်ကို့ကို ဘယ်လိုလုပ် ယှဥ်နိုင်မှာလဲ?

ရှားရှီယောက်သည် သူမ၏ဦးခေါင်းကို တိတ်တဆိတ် ခါရမ်းနေခဲ့ပြီး၊ မည်သည့်စကားကိုမှ ထပ်မပြောလာတော့ဘဲ သူမ၏အိပ်ရာဘက်သို့သာ လှည့်သွားတော့သည်။

ထိုအချိန်တွင် ကျန်းလန်သည် သူမ၏လက်သီးလေးများကို အသာအယာ ဆုပ်မိသွားခဲ့သည်။

“‌ ကျောင်းကျိုး ………. “ တစ်ခဏခန့် တိတ်ဆိတ်နေခဲ့ပြီးသည့်နောက်၌ သူမသည် စိတ်ထဲတွင် တိတ်တဆိတ် သက်ပြင်းချနေတော့သည်။

သူမသည် ကျန်းမိသားစု၏ ထင်ရှားသော တိုက်ရိုက်သမီးပျိုးတစ်ဦးဖြစ်သော်လည်း တစ်ဖက်လူသည် သူမ၏အမည်ကို လုံးဝမကြားဖူးခဲ့ဘဲ၊ သူမမိသားစု၏ အမည်ကို ပြောလိုက်မှသာလျှင် မှတ်မိသွားခဲ့သည်။

ကျောင်းကျိုးသည် ရန်ပြည်ထောင်၏ ပြည်နယ်ဆယ့်နှစ်ခုကြားတွင် သိမ်ငယ်သေးနုပ်နေခဲ့သည်။

သူမသည် ကျောင်းကျိုးတွင် ထင်ရှားကျော်ကြားခဲ့သည်၊ သို့သော် ကွမ်ဟန် သိုင်းပညာ တက္ကသိုလ်တွင်မူ လူအနည်းစုကသာလျှင် သူမကို မှတ်မိနေခဲ့သည်။

“ ကျောင်းကျိုး “ ကျန်းလန်သည် သူမ၏လက်သီးလေးများကို ဆုပ်ကာ၊ ခိုင်မာစွာ စိတ်ဆုံးဖြတ်လိုက်သည် “ တစ်နေ့မှာ ကျောင်းကျိုးရဲ့နာမည်ကို တစ်နိုင်ငံလုံးက သိသွားအောင် ငါလုပ်ပြမယ် “

…

နောက်တစ်နေ့ နံနက်ခင်း ၈နာရီတွင်

“ ရှုကျိုး !! ထတော့ “

ရှုကျိုးအိပ်နေသည့် အချိန်တွင် လီတျယ်မှ အားကြိုးမာန်တက် လှုပ်နှိုးလာခဲ့သည် “ လူစုရမဲ့ အချိန်ရောက်ပြီ “

“ လူစုတာလား? “ ရှုကျိုးသည် အိပ်ငိုက်နေစဲဖြစ်သည်၊ သူသည် တစ်ညလုံး လေ့ကျင့်ထားခဲ့သောကြောင့် အနည်းငယ် မောပန်းနွမ်းနယ်နေခဲ့သည်။

“ ဌာနအကဲဖြတ်မှုက စတော့မယ် “

၎င်းကို ကြားလိုက်ရသောအခါတွင် ရှုကျိုး၏ မျက်လုံးများ ချက်ချင်း ပွင့်ဟလာခဲ့သည်။

“ စနေပြီလားဟ? “ ရှုကျိုး၏ အမူအရာ လေးနက်သွားတော့သည်။

လီတျယ်သည် ခေါင်းငြိမ့်ပြ၍ လေသံတိုးတိုးလေးဖြင့် ပြောလာခဲ့သည် “ လူသစ်တွေ အကုန်လုံး ရောက်လာတာနဲ့၊ အကဲဖြတ်မှု စမှာ။ ဗဟိုရင်ပြင်မှာ ချက်ချင်းလူစုဖို့အတွက် အကြောင်းကြားတဲ့စာကို ငါအခုလေးတင် ရထားတယ် “

“ သိပြီ “ ရှုကျိုးသည် အသက်ကို ပြင်းပြင်းရှရှ ရှူရှိုက်၍ အိပ်ရာထဲမှ အမြန်ထလာခဲ့ပြီး၊ ရေမိုးချိုးကာ လီတျယ်နှင့်အတူ ထွက်သွားတော့သည်။

ထိုအချိန်တွင် တစ်ခြားလူများကလည်း သူတို့၏ သက်ဆိုင်ရာ အခန်းများစီမှ အတွဲလိုက် ထွက်လာခဲ့ကြသည်။

သို့ရာ၌ ထိုလူများကြားတွင် ပြောဆိုဆက်ဆံမှု အနည်းမျှသာ ရှိနေခဲ့သည်။

အခန်းတိုင်းတွင် အနည်းငယ် ပိုစွမ်းသော လူနှင့် အားနည်းသည့်လူတစ်ဦးကို တွဲပေးထားခဲ့သည်။

တက္ကသိုလ်၏ ပထမနေ့ရက်တွင် မည်သူကမှ တစ်ဦးနှင့်တစ်ဦး သိကြလိမ့်မည် မဟုတ်ပေ။ ပိုစွမ်းသည့်လူများသည် အားနည်းသည့် လူများနှင့် စကားပြောရန်အတွက် သူတို့ကိုယ်သူတို့ နှိမ့်ချလိမ့်မည် မဟုတ်သကဲ့သို့ အားနည်းသည့်လူတို့လည်း ပိုစွမ်းသည့်လူများကို အရှက်အကွဲခံပြီး စကားပြောလိမ့်မည် မဟုတ်ပေ။

လူတိုင်းမှာ သက်ဆိုင်ရာ နယ်မြေများမှ ပါရမီရှင်များ ဖြစ်ကြသောကြောင့် မာနကိုယ်စီ ရှိနေခဲ့ကြသည်။

“ ဟမ်? “ ကော်ရစ်တာမှ လမ်းလျှောက်ထွက်လာရင်းဖြင့် ရှုကျိုး၏ အကြည့်သည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

မလှမ်းမကမ်းတွင် လူငယ်လေးတစ်ဦးသည် ကော်ရစ်တာ၏ ဝင်ပေါက်မှ လမ်းလျှောက်လာနေလျက်ရှိသည်။

ရှားဟောက်ချန်းမှာလည်း ရှုကျိုးကို သတိပြုမိသွားကာ ပြန်ကြည့်လာခဲ့သည်။

“ အဲ့လူက ကျောင်းဂိတ်ပေါက်ဝတုန်းက လူမလား? “ ရှားဟောက်ချန်းသည် သူ၏အကြည့်ကို လျင်မြန်စွာ ပြန်ရုတ်သိမ်းလိုက်သည်။

ကွမ်ဟန် သိုင်းပညာ တက္ကသိုလ်ထဲသို့ ရောက်လာခဲ့သည့်အချိန်မှစ၍ သူသည် အားကောင်းသော ပြိုင်ဘက်အများအပြားကို မြင်တွေ့ခဲ့ရလေသည်။

သူတို့နှင့် နှိုင်းယှဥ်လိုက်မည်ဆိုပါက ရှုကျိုးသည် အနည်းငယ် သာမန်ဆန်နေခဲ့သည်။

ရှားဟောက်ချန်းသည် အနည်းငယ် အားနည်းသည့် လူငယ်လေးတစ်ဦးကို အဖော်ပြုကာ အေးဆေးတည်ငြိမ်သော အမူအရာဖြင့် အဆောင်ထဲမှ လမ်းလျှောက်ထွက်လာခဲ့ပြီး၊ သူ၏ခြေလှမ်းများသည် တည်ငြိမ်ကာ ယုံကြည်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

ရှုကျိုးသည် သူ့ကို ကြည့်နေရင်းဖြင့် အတွေးနက်သွားတော့သည် “ ဒီလူ့ကို ရင်းနှီးနေတယ်လို့ ဘာလို့ ခံစားနေရတာလဲ? “

သူ၏ အာရုံငါးပါးသည် အလွန်စူးရှထက်မြက်နေခဲ့သောကြောင့် တစ်စုံတစ်ခုက အနည်းငယ် ထူးဆန်းနေသည်ကို ခံစားမိနေခဲ့သည်။

“ အဲ့လူက ခွန်ပန်နည်းစနစ်ကို လေ့ကျင့်ထားတာများလား? “ ရှုကျိုးကား တိတ်တဆိတ် ရေရွတ်ပြောဆိုနေတော့သည်။

“ သူ့ကြည့်ရတာတော့ ရှားမိသားစုက တိုက်ရိုက်မျိုးဆက် တစ်ယောက် ဖြစ်နေတဲ့ပုံပဲ “

ဘေးနားရှိ လီတျယ်သည် သူ့ကို မှတ်မိသွားကာ ပြောပြလာခဲ့သည် “ ရှားဟောက်ချန်းပဲ၊ ငါကြားထားတာကတော့ သူက သွေးကြောမှတ် အခု၂၀ဖွင့်ပြီးသွားပြီတဲ့ “

“ အခု၂၀လား? “ ရှုကျိုး၏ စိတ်နှလုံးသားသည် အနည်းငယ် တုန်ရင်သွားခဲ့သည်။

ဆိုတော့ သူက ရှားမိသားစုကလူ တကယ်ဖြစ်နေတာပေါ့၊ ကြည့်ရတာတော့ ခွန်ပန်နည်းစနစ်ကို လေ့ကျင့်ထားတဲ့ပုံပဲ။

သွေးကြောမှတ် အရေအတွက်သည် သူ့ထပ်ပို၍ များပြားနေခဲ့သည်၊ သို့သော် စွမ်းအားကမူ သူ့ထပ် ပိုနေမည် မဟုတ်ပေ။

အဘယ့်ကြောင့်ဆိုသော် သူသည် တစ်ခြားလူများ မလုပ်ဆောင်နိုင်သည့် တတိယအကြိမ်မြောက် အုတ်မြစ်တည်ဆောက်ခြင်းကို ပြုလုပ်ထားခဲ့သောကြောင့် ဖြစ်သည်။

သို့ရာတွင် ရှုကျိုးသည် ၎င်းကို သူတစ်ဦးတည်းကသာ ပြုလုပ်ထားနိုင်သည်ဟု လုံးဝသေချာမနေခဲ့ပေ။ ကွမ်ဟန် သိုင်းပညာ တက္ကသိုလ်တွင် ပါရမီရှင် အများအပြား ရှိနေသောကြောင့် အုတ်မြစ်တည်ဆောက်ခြင်းကို တတိယအကြိမ်အထိ ပြုလုပ်ထားသည့် လူများကို နောက်ပိုင်းတွင် တွေ့ကောင်းတွေ့ရနိုင်ပေသည်။

“ သွားကြစို့ “ ဟုရှုကျိုးမှ ပြောလာခဲ့သည်။

လူနှစ်ဦးသည် ဗဟိုရင်ပြင်သို့ ဆက်သွားနေကြတော့သည်။

……………………………………………………………………………………………………………..

All Chapters