← Chapters

အခန်း (၁၁၄-၁၁၅)

Vol. 8 Ch. 114-115

အခန်း (၁၁၄-၁၁၅)

Vol. 8 Ch. 114-115

အပိုင်း ( 114 )

သိုင်းပညာ တက္ကသိုလ်ပဲ၊ ကျောင်း မဟုတ်ဘူး !! ၆

ပထမအဆင့်သို့ မတက်ရသေးသည့် လူများ၏ အမူအရာများသည် ပို၍ ရုပ်ဆိုးသွားကြသည်။

ဤကဲ့သို့သော အခြေအနေမျိုးအောက်တွင် တစ်နာရီမျှ တောင့်ခံထားခြင်း !!

သူတို့၏ အခြေအနေသည် အလွန်ပင် အန္တရာယ်ရှိနေပြီ ဖြစ်သည်။

ကျိုးရှုယွင်သည် လူသစ်များ၏ အမူအရာများကို လျစ်လျူရှုကာ ဆက်ပြောလာခဲ့သည် “ ပြီးတော့ အကဲဖြတ်မှုကာလအတွင်းမှာ တစ်ခြား အဖွဲ့တွေကို အနိုင်ယူတာက အကျိုးပြု အမှတ်တွေ ရလိမ့်မယ်

“

“ အကဲဖြတ်မှု ပြီးသွားရင်တော့ အကျိုးပြု အမှတ်တွေပေါ်မှာ အခြေခံပြီးတော့ အဆင့်သတ်မှတ်မယ် “

“ ပထမအဆင့် ချိတ်တဲ့အဖွဲ့က ဆုကြေးအနေနဲ့ အကျိုးပြု အမှတ် ၁၀၀ရမယ် “

၎င်းကို ပြောနေရင်းဖြင့် သူသည် ထပ်ဖြည့်ပြောလာခဲ့သည် “ ဒီကွမ်ဟန် သိုင်းပညာ တက္ကသိုလ်မှာ ငွေကြေးအဖြစ် အကျိုးပြုအမှတ်တွေကို အသုံးပြုတယ်၊ အကျိုးပြုအမှတ် ၁မှတ်က ယွမ် ၁သောင်းနဲ့ညီမျှတယ် “

အကျိုးပြုအမှတ် ၁၀၀ကား ယွမ်၁သန်းပင် ဖြစ်သည် !!!

ထိုစကားလုံးများနှင့်အတူ လူအုပ်ကြီးထဲတွင် ရှိနေခဲ့သည့် ယခင်က တင်းမာမှုများ ချက်ချင်းပျောက်ကွယ်သွားပြီး၊ အားလုံး၏ မျက်လုံးများသည် လောဘများဖြင့် တောက်ပလာခဲ့သည်။

သူတို့သည် အကျိုးပြုအမှတ်များကို ဂရုမစိုက်ကြပေ၊ သူတို့အလေးထားသည့် အရာမှာ နံပတ်၁ဆိုသည့် ဂုဏ်ပုဒ်ပင် ဖြစ်သည်။

လက်ရှိ လူ၃၀၀ကြားတွင် အဖွဲ့ပေါင်း ၁၀၀ကျော်ရှိနေမည်ဖြစ်ပြီး၊ တစ်ဦးချင်းစီတိုင်းသည် နိုင်ငံတစ်ဝှမ်းလုံးမှ ပါရမီရှင်များ ဖြစ်နေခဲ့သည်။

ထိုလူများကြားထဲတွင် ပထမနေရာ ရရှိခြင်းသည် တစ်နိုင်ငံလုံးတွင် ပထမဖြစ်သည်ဟု တစ်မျိုးတစ်ဖုံ အဓိပ္ပါယ်ရနေခဲ့သည်။

ဤအချိန်တွင် တိုက်ပွဲကွင်းပြင်၌ တိုက်ခိုက်လိုစိတ်များ တောက်လောက်နေခဲ့ပြီ ဖြစ်သည်။

သူတို့အားလုံးသည် ထိပ်တန်းပါရမီရှင်များသာ ဖြစ်ကြသောကြောင့် ပထမနေရာကိုသာ အလိုရှိကြသည်။

လူအများစု၏ ချီ-သွေးများ စတင်၍ မြင့်တက်လာခဲ့ပြီ ဖြစ်သည်။

ကျိုးရှုယွင်သည် လူတိုင်းကို ကြည့်ကာ ပညာသားပါပါဖြင့် စကားပြောလာခဲ့သည် “ မင်းတို့ကို ထပ်ပြီးတော့ သတိပေးရဦးမယ်၊ မင်းတို့ရဲ့ အဖွဲ့သားတွေကို မစွန့်ပစ်ကြနဲ့ “

ဝှစ် !!!

ထိုစကားလုံးများ ပြောခဲ့ပြီးသည့်နောက်တွင် သူနှင့် များစွာသော နည်းပြဆရာ၊ ဆရာများသည် တိုက်ပွဲကွင်းပြင်၏ အထက်ကောင်းကင်ယံသို့ ပျံတက်သွားကြသည်။

ဝှစ်၊ ဝှစ်၊ ဝှစ် !!

တစ်ချိန်တည်းမှာပင် လေတိုးသံ အမြောက်အများ ပေါ်ထွက်လာခဲ့သည်။

ပုံရိပ်အများအပြားသည် တိုက်ပွဲကွင်းပြင်ဆီသို့ ပျံသန်းလာကြသည်၊ စီနီယာ ကျောင်းသားကျောင်းသူ အများစုနှင့် နည်းပြဆရာ၊ ဆရာမများသည် လူသစ်လေးများ၏ ဌာနအကဲဖြတ်မှုက စတော့မည်ဆိုသည်ကို သိထားကြသည်။

…

တိုက်ပွဲကွင်းပြင်၌

“ ဒီအကဲဖြတ်မှုမှာ ငါတို့က တစ်ခြားအဖွဲ့တွေကို တကယ်ကြီး တိုက်ခိုက်နိုင်လိမ့်မယ်လို့ ငါမထင်ထားခဲ့မိဘူး “ လီတျယ်သည် တအံ့တဩ ဖြစ်နေလျက်ရှိသည်။

ရှုကျိုးမှ သူ့ကို ကြည့်လာခဲ့သည် “ အရင်တုန်းက အဲ့လိုမလုပ်ခဲ့ရဘူးလား? “

“ ဒါပေါ့ဟ “ လီတျယ်မှ ပြန်ဖြေလာခဲ့သည် ‌” အရင်နှစ်တွေတုန်းကဆိုရင် အဲ့လိုစည်းမျဥ်းစည်းကမ်းမျိုး မရှိခဲ့ဘူး “

“ အရင်နှစ်တွေတုန်းကဆိုရင် အသက်ရှင်သန်နိုင်စွမ်းက တစ်ခုတည်းသော လိုအပ်ချက်ပဲ။ ကံတရားက နည်းနည်းလောက် ကောင်းနေမယ်ဆိုရင်တောင်မှ အဆုံးထိ တောင့်ခံသွားနိုင်တယ် “

“ ဒါပင်မဲ့ အခုကတော့ …….. အဆင့်သတ်မှတ်ချက် စည်းမျဥ်းကို ကြေညာလိုက်တော့ တစ်ဖွဲ့ချင်းစီတိုင်းက ရန်သူတွေ ဖြစ်သွားကြတော့မှာ “

လီတျယ်သည် သက်ပြင်းတချချ ဖြစ်နေတော့သည် “ အခုတော့ အခွင့်ကောင်းစောင့်မဲ့ နည်းဗျူဟာအတွက် အခွင့်အရေး လုံးဝ မရှိတော့ဘူး “

“ ပြီးတော့ အဆင့်သတ်မှတ်ချက်ကလည်း နောက်ဆက်တွဲ ဌာနခွဲခြားမှုနဲ့ ဆိုင်နေလိမ့်မယ်ထင်တယ် “

“ အမြင့်ပိုင်းကလူတွေကပဲ အစွမ်းထက် ဌာနတွေဆီကို ဝင်နိုင်မှာ၊ အဲ့လိုမှ မဟုတ်ဘူးဆိုရင် သူတို့က အားနည်းတဲ့ ဌာနတွေကို သွားရလိမ့်မယ် “

၎င်းကို ကြားလိုက်ရသောအခါတွင် ရှုကျိုးသည် အသေအချာ နားလည်သွားခဲ့သည်။

အဆင့်သတ်မှတ်ချက်အကြောင်းကို ကြားလိုက်ရတုန်းက လူတိုင်း မငြိမ်မသက် ဖြစ်သွားကြတာက အံ့ဩစရာတော့ မဟုတ်တော့ဘူးပဲ။

လူတိုင်းက နံပတ်၁ဖြစ်ချင်နေကြတာကိုး !!

နောက်ဆက်တွဲ တိုက်ပွဲများက အလွန်ပြင်းထန်နေမည်မှာ သေချာလှသည်။

ထို့အပြင် သူတို့သည် ဇီဝစက်ရုပ် ၆၀၀ကိုပါ ဤတိုက်ပွဲများကြားတွင် ရင်ဆိုင်ရဦးမည် ဖြစ်သည်။

၎င်းသည် အခက်အခဲကို များစွာကြီးမားသွားစေမည် ဖြစ်သည်။

“ ရှုကျိုးရေ “ လီတျယ်မှ စိုးရိမ်တကြီးဖြင့် ပြောလာခဲ့သည် “ ငါတို့က ထိပ်ဆုံး ၁၀ယောက်ထဲကို ရောက်နိုင်လိမ့်မယ်လို့ မင်းထင်လား? “

“ ထိပ်ဆုံးဆယ်ယောက်လား? “ ရှုကျိုးသည် သူ၏ဦးခေါင်းကို အသာအယာ ခါရမ်းပြလိုက်သည်။

သူ၏ ရည်မှန်းချက်သည် ပထမနေရာသာလျှင် ဖြစ်သည်။

“ အဆင့်အတွက် ပြိုင်ဆိုင်မှုက မြန်မြန်ဆန်ဆန် ဖြစ်လာမှာ မဟုတ်ဘူး “ ရှုကျိုးမှ တွေးတော စဥ်းစားနေတော့သည် “ အကဲဖြတ်မှုစတာနဲ့ လူအများစုက စက်ရုပ်တွေကိုပဲ အရင်ကိုင်တွယ်ကြမှာ “

လီတျယ်မှ ပေါ့ပေါ့ပါးပါး ပြန်ပြောလာခဲ့သည် “ စက်ရုပ်တွေက ပထမအဆင့် အလယ်လောက်ပါပဲ၊ အန္တရာယ် အရမ်း မရှိသင့်ပါဘူး “

ဤနေရာရှိ လူအများစုသည် ပထမအဆင့် အစောပိုင်းတွင်သာ ရှိနေကြသေးသော်လည်း အဆင့်ကျော်၍ မတိုက်ခိုက်နိုင်သော လူမှာ လက်ချိုးရေ၍ပင် ရလောက်ပေသည်။

ရှုကျိုးသည် လေပေါ်ရှိ ဆရာ၊ ဆရာများကို ကြည့်ကာ အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်၊ သူသည် ဤအကဲဖြတ်မှုက ဤမျှလောက် ရိုးရှင်းနေလိမ့်မည် မဟုတ်ဘူးဟု ခံစားနေခဲ့ရသည်။

သေနိုင်ခြေ ၁%က အလကား ပြောထားတာတော့ မဟုတ်လောက်ဘူး။

“ ဟူးးးး “

ထိုအချိန်တွင် တိုက်ပွဲကွင်းပြင်ထဲရှိ စက်ရုပ်များသည် စတင်၍ ရွေ့လျားလာကြသည်။

စက်ရုပ်နှစ်ရုပ်သည် ရှုကျိုးတို့ထံသို့ ပြေးဝင်လာခဲ့သည်။

ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခုသည် သူတို့ကို လွှမ်းခြုံလာခဲ့သည်၊ ထိုအချိန်တွင် ရှုကျိုးနှင့် လီတျယ်တို့နှစ်ဦးစလုံးသည် သူတို့က Sအဆင့် စွမ်းရည်ရှိသည့် အလယ်အလတ် ပထမအဆင့် သိုင်းပညာရှင်တစ်ဦးနှင့် အမှန်တကယ် ရင်ဆိုင်နေရသကဲ့သို့ ခံစားသွားရသည်။

နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲမှ ပထမအဆင့် အဆင့်၅ သားရဲ (သို့) ထို့ထပ်အဆင့်မြင့်သည့် သားရဲများကပင် ထိုကဲ့သို့သော ဖိအားမျိုးကို မပေးစွမ်းနိုင်ခဲ့ပေ။

Sအဆင့် စွမ်းရည်သည် လူသားမျိုးနွယ်စု၏ အထွတ်အထိပ်အဆင့်ကို ကိုယ်စားပြုသည်၊ ၎င်းကို အစွမ်းဆုံး တိုက်ခိုက်ရေး နည်းစနစ်များ၊ ချီ-သွေးနှင့် တစ်ခြားအရာများနှင့် ပေါင်းစည်းလိုက်မည်ဆိုပါက သေးငယ်သော နယ်ပယ်လေးတစ်ခု ကွာဟမှုကပင် တွင်းနက်ကြီးကဲ့သို့ ကြီးမားသွားလိမ့်မည် ဖြစ်သည်။

ထိုကဲ့သို့သော အလယ်အလတ် ပထမအဆင့် သိုင်းပညာရှင်တစ်ဦးသည် အထွတ်အထိပ် ပထမအဆင့် သာမန်သိုင်းပညာရှင်တစ်ဦးနှင့် ညီမျှနေပြီ ဖြစ်သည်။

“ အစ်ကိုကြီးရေ !!! ဘုရားသခင်ရေ !!! “ လီတျယ်သည် တောင့်မခံနိုင်တော့ဘဲ အော်ဟစ်လာတော့သည် “ ကယ်ပါဦး !!! “

“ ဆွစ်ရှ် !!! “

ရှုကျိုးသည် နောက်ကို ဆုတ်၍ ထန်ဓားကို ကိုင်ကာ ရုတ်တရက် ဆွဲထုတ်လိုက်သည်။

“ သတ် !!! “ သူသည် ကျယ်လောင်စွာ ကြုံးဝါးလာခဲ့သည်၊ တောက်ပသော ဓားအလင်းတန်းတစ်ခုသည် အံ့ဩဖွယ်ကောင်းသည့် ချီ-သွေးစွမ်းအင်များကို သယ်ဆောင်ကာ အရှေ့ဘက်သို့ ခုတ်ပိုင်းသွားခဲ့သည်။

……………………………………………………………………………………………………..

အပိုင်း ( 115 )

တိုက်ပွဲကွင်းပြင်ကို ခြယ်လှယ်ခြင်း၊ ရှုကျိုး၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအား

ခလမ်း !!

ရှုကျိုးမှ သူ၏ဓားကို လွှဲရမ်းလိုက်ရာ စက်ရုပ်နှစ်ရုပ်နှင့် တိုက်မိသွားခဲ့ပြီး၊ အံ့ဩဖွယ်ကောင်းသည့် ထိတွေ့မှုကို ဖြစ်ပေါ်သွားစေခဲ့သည်။

ကြောက်မက်ဖွယ်ကောင်းသော ချီ-သွေးစွမ်းအင်လှိုင်းသည် အပူလှိုင်းတစ်ခုအဖြစ် အပြင်ဘက်သို့ ပျံလွင့်သွားခဲ့သည်။

တိုက်ခိုက်မှု ပြီးဆုံးသွားသည့်နောက်တွင် ရှုကျိုးခန္ဓာကိုယ်သည် နောက်ဘက်သို့ ပြန်ဆုတ်သွားခဲ့ရသည်။

“ တော်တော်စွမ်းတယ် “ ရှုကျိုး၏ အကြည့်သည် လေးနက်လာခဲ့သည်။

အဆိုပါ စက်ရုပ်များသည် သူတွေးထင်ထားထပ် ပို၍ များစွာအားကောင်းနေခဲ့သည်။

သို့ရာတွင် သူ၏စွမ်းအားဖြင့်သာဆိုပါက အဆိုပါ အလယ်အလတ် ပထမအဆင့်စက်ရုပ်နှစ်ရုပ်ကို အနိုင်မယူနိုင်သော်လည်း ၎င်းတို့ကို တစ်နာရီမျှ ထိန်းထားရန်မှာ လုံးဝ ပြဿနာ မဟုတ်ပေ။

“ ဒါပင်မဲ့ ……. “ ရှုကျိုးသည် ဘေးပတ်ပတ်လည်ကို ကြည့်ရှုနေတော့သည်။

တစ်ခြားသော အဖွဲ့များမှာလည်း တိုက်ပွဲများကို ရင်ဆိုင်နေရပြီ ဖြစ်သည်။

တစ်ဖွဲ့ချင်းစီတိုင်းသည် စက်ရုပ်နှစ်ရုပ်ကို ရင်ဆိုင်နေခဲ့ရသည်။

၎င်းမှာ လူသုံးရာနှင့် စက်ရုပ်သုံးရာချင်း ယှဥ်ပြိုင်တိုက်ခိုက်နေရခြင်း ဖြစ်သည်။

သို့ရာတွင် ဌာနမှူးသည် စက်ရုပ် ၆၀၀ရှိသည်ဟု ပြောထားခဲ့သည်။

“ ကျန်တဲ့ ၃၀၀က မပေါ်လာသေးတာလား? “ ရှုကျိုးသည် တိတ်တဆိတ် တွေးတောမှန်းဆနေခဲ့သည်၊ ကျန်ရှိနေသည့် စက်ရုပ်များက အချိန်မရွေးပေါ်လာနိုင်သောကြောင့် သူသတိထားနေရမည် ဖြစ်သည်။

ထို့အပြင် တစ်ခြားအဖွဲ့များ၏ ချောင်းမြောင်းတိုက်ခိုက်မှုများကိုလည်း သတိထားရဦးမည် ဖြစ်သည်။

“ ငါ့အတွက် ပတ်ဝန်းကျင်ကို စောင့်ကြည့်ထားပေး “ ရှုကျိုးမှ လီတျယ်ကို ပြောလိုက်သည်။

အစောပိုင်း အချိန်များအတွင်း ချီ-သွေးစွမ်းအင်လှိုင်းလေးကပင် ထိုကောင်၏ ခြေထောက်များကို အားနည်းသွားစေခဲ့သောကြောင့် ရှုကျိုးသည် သူ့ထံမှ တိုက်ခိုက်ရေး စွမ်းအားများ ထွက်လာလိမ့်မည်ဟု မည်သို့မျှ မျှော်လင့်မနေတော့ပေ၊ သူသာ ဝင်ပါမည်ဆိုပါက ချက်ချင်း အသတ်ခံလိုက်ရနိုင်လေသည်။

လီတျယ်မှ အလျင်အမြန် ခေါင်းငြိမ့်ပြလာခဲ့သည် “ ငါသိပြီ “

ရှုကျိုးသည် မည်သည့်စကားမှ ထပ်မပြောတော့ဘဲ သူ၏ဓားကို မြှောက်ကာ အရှေ့ဘက်သို့ ထပ်မံ၍ ပြေးတက်သွားတော့သည်။

…

မိန်းကလေးများဘက်၌

“ သတ် !! “ လီရို့ရှီမှ အေးစက်စွာ ကြုံးဝါးလာခဲ့ပြီး သူမ၏ဓားကို လွှဲရမ်းလိုက်ရာ တောက်ပသော ဓားအလင်းတန်းတစ်ခုသည် ဇီဝစက်ရုပ်ကို ခုတ်ပိုင်းသွားခဲ့သည်။

သူမဘေးနားရှိ ချောမောလှပသော ကောင်မလေးတစ်ဦးမှာလည်း အနည်းငယ် အံ့ဩသွားခဲ့သည်။

“ သူက ပထမအဆင့်ကိုတောင် မရောက်သေးဘူး မဟုတ်ဘူးလေ၊ ဘယ်လိုလုပ်ပြီးတော့ ဒီလောက်တောင် စွမ်းနေရတာလဲ? “ ရှုစီယုသည် တိတ်တဆိတ် အံ့ဩမှင်သက်သွားခဲ့သည်။

Sအဆင့် စွမ်းရည်ပိုင်ရှင်ဖြစ်သည့် သူမသည် ပထမအဆင့်သို့ ရောက်ရှိနေခဲ့ပြီး၊ သွေးကြောမှတ် ဆယ့်နှစ်ခု ဖွင့်ပြီးခဲ့ပြီ ဖြစ်ကာ အတော်အတန် အစွမ်းထက်နေခဲ့ပြီ ဖြစ်သည်။

သူမသည် လီရို့ရှီက သူမကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေလိမ့်မည်ဟု ထင်နေခဲ့သည်၊ သို့သော် တစ်ဖက်လူ၏ အစွမ်းသည် သူမကို အနည်းငယ် ထိတ်လန့်သွားစေခဲ့သည်၊ အကယ်၍ အမှန်တကယ် တိုက်ခိုက်ရမည်ဆိုပါက သူမသည် သေချာပေါက် အနိုင်ရမည်ဟု ပြောနိုင်တော့မည် မဟုတ်ပေ။

“ ကောင်းတယ် “

ရှုစီယုသည် ဝမ်းသာအားရ ဖြစ်သွားခဲ့ကာ တစ်ကိုယ်တည်း တွေးတောနေတော့သည် “ တကယ်လို့ သူမနဲ့ငါသာ ပူးပေါင်းလိုက်မယ်ဆိုရင် ထိပ်ဆုံး ၁၀နေရာအတွက် ဝင်ပြိုင်လို့ရပြီ၊ ပထမနေရာအတွက်ကတော့ …….. မတွေးတာပဲ ပိုကောင်းပါတယ်လေ “

သူမသည် သူမ၏ လုပ်နိုင်စွမ်းကို အသေအချာ နားလည်နေခဲ့သည်၊ သူမသည် သွေးကြောမှတ် အခု၂၀ဖွင့်ထားသည့် ပါရမီရှင်များနှင့် ယှဥ်ပြိုင်နိုင်လိမ့်မည် မဟုတ်ပေ။

ယခုနှစ် လူသစ်များကြားရှိ စစ်မှန်သည့် ထိပ်တန်း ပါရမီရှင်များသည် သွေးကြောမှတ် ၁၅ခုနှင့်အထက် ဖွင့်ထားခဲ့သည့်လူများသာ ဖြစ်သည်။

…

တစ်ခြားတစ်ဖက်၌ ကျန်းလန်သည် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေလျက်ရှိသည်၊ ထိုအချိန်တွင် သူမ၏မျက်လုံးများသည် မကျေမနပ် ဖြစ်နေသည့် အရိပ်အငွေ့များဖြင့် စွန်းထင်းနေခဲ့သည်။

ကွမ်ဟန် သိုင်းပညာ တက္ကသိုလ်ထဲသို့ ဝင်လာခဲ့သည့်အချိန်မှစ၍ သူမ၏ ယုံကြည်မှုများ ပြင်းပြင်းထန်ထန် ယိမ်းယိုင်သွားခဲ့ရသည်။

ကျောင်းကျိုးမှ လာသည့် လူများကို မည်သူကမှ ဂရုမစိုက်ကြသကဲ့သို့ ကျန်းမိသားစု၏ တိုက်ရိုက်မျိုးဆက် သမီးပျိုဆိုသည့် ဂုဏ်ပုဒ်ကိုလည်း မည်သူကမှ မမှတ်မိခဲ့ကြပေ။

သို့သော် ကျန်းလန်သည် သူမက တစ်ခြားလူများထပ် အားနည်းနေသည်ဟု မည်သည့်အချိန်ကမှ မတွေးခဲ့ဖူးပေ။

သူမ၏ စွမ်းအားသည် ဆေးများဖြင့် တည်ဆောက်ထားခြင်း မဟုတ်ဘဲ များစွာသော တိုက်ပွဲများဖြင့် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

“ သေစမ်း !! “ ကျန်းလန်သည် စိတ်ပိုင်းဖြတ်ထားသည့် မျက်ဝန်းတစ်စုံဖြင့် ကြုံးဝါးလာခဲ့သည်။

သူမ၊ ကျန်းလန်သည် ကျောင်းကျိုးမှာလည်း ထူးချွန် ထက်မြက်သော ပါရမီရှင်များ ထုတ်လုပ်ပေးနိုင်သည်ဆိုသည်ကို သက်သေပြမည် ဖြစ်သည်။

ကြောက်မက်ဖွယ်ကောင်းသည့် ချီ-သွေးစွမ်းအင်များသည် သူမ၏လှံတံမှ တဟုန်ထိုး တိုးထွက်လာခဲ့သည်။

“ ဒီကောင်မလေး “ သူမဘေးနားရှိ ရှားရှီယောက်မှာ အံ့ဩတုန်လှုပ်သွားခဲ့သည် “ ဒီလောက်တောင် ကြမ်းတာလား? “

ရှားရှီယောက်သည် သွေးကြောမှတ် ၁၀ခုကို ဖွင့်ထားခဲ့ပြီးပြီ ဖြစ်သည်၊ ၎င်းမှာ သိပ်မများလှပေ၊ သို့သော် လူသစ်လေးများကြားတွင် ၎င်းသည် သာမန်၏ အထက်အဆင့်တွင် ရှိနေသည်ဟု ယူဆ၍ရပေသည်။

ကျန်းလန်ကမူ သွေးကြောမှတ် ၃ခုသာလျှင် ဖွင့်ရသေးသည်။

သွေးကြောမှတ် ၇ခု ကွာဟနေခြင်းသည် ကီလိုဂရမ် ၇၀၀ ကွာဟနေခြင်း ဖြစ်သည်။

အစပိုင်းတွင် ရှားရှီယောက်သည် ကျန်းလန်ကို များစွာ ဂရုမစိုက်ပေ၊ သို့သော် ယခုတွင်ကား သူမသည် သူမကို အလေးအနက် ထားလာခဲ့ပြီ ဖြစ်သည်။

“ ကျန်းလန် “ ရှားရှီယောက်မှ တိုက်ခိုက်နေရင်းဖြင့် စကားပြောလာခဲ့သည် “ ထိပ်ဆုံး ၁၀ယောက်ထဲကို အတူတူ သွားချင်လား? “

ကျန်းလန်သည် သူမကို တစ်ချက်မျှ ငေးကြည့်လာခဲ့သည် “ ထိပ်ဆုံး ၁၀ယောက်လား? “

“ ငါတို့ရဲ့ စွမ်းအားနဲ့ဆိုရင် အမြင့်ဆုံးအနေနဲ့ ထိပ်ဆုံး ၁၀ယောက်ထဲပဲ ဝင်နိုင်မှာ “ ရှားရှီယောက်မှ ပြောလာခဲ့သည် “ အမြင့်ပိုင်းကို သွားဖို့ဆိုတာက လုံးဝမဖြစ်နိုင်ဘူး “

ဤအကဲဖြတ်မှုတွင် ထိပ်တန်း ပါရမီရှင်များစွာ ပါဝင်နေသည်ဆိုသည်ကို သူမ သိနေခဲ့သည်။

ဥပမာအားဖြင့် ရှားဟောက်ချန်း၊ လျူယောင်တုန်၊ ကျောက်ချီဖုန်း ……..

ထိုလူများသည် သွေးကြောမှတ် ၁၅ခုနှင့်အထက် ဖွင့်ထားကြသည့် လူများဖြစ်သည်။

ထိုလူများကို ကျော်တက်ရန်မှာ ဖြစ်နိုင်ခြေရှိသော အရာ မဟုတ်ပေ။

ကျန်းလန်သည် မည်သည့်စကားမှ ထပ်မပြောတော့ပေ၊ ထိပ်ဆုံး ၁၀ယောက်ထဲသို့ ဝင်ခြင်းကပင် အတော်လေး ခက်ခဲနေပြီဆိုသည်ကို သူမ သိနေခဲ့သည်၊ သို့သော် သူမသည် ကြိုးစားကြည့်ချင်နေစဲ ဖြစ်သည်။

သို့ရာတွင် အဆင့်များအတွက် မည်သူကမှ အလောတကြီး မပြိုင်ဆိုင်လာခဲ့ပေ။

အကဲဖြတ်မှုသည် စတင်ရုံသာ ရှိသေးပြီး၊ အဖွဲ့အများစုသည် သက်ဆိုင်ရာ စက်ရုပ်များကို ခုခံတိုက်ခိုက်နေရသောကြောင့် တစ်ခြားသော အသင်းများကို တိုက်ခိုက်ရန် အချိန်မရှိသေးပေ။

အသင်းများ တည်ငြိမ်သွားပြီး၊ အားလပ်ချိန် ရလာသည်နှင့်တစ်ပြိုင်နက် ပါရမီရှင်တို့၏ တိုက်ပွဲများ ပေါ်ပေါက်လာမည် ဖြစ်သည်။

…

တိုက်ပွဲကွင်းပြင်၌ ရှုကျိုးအပါအဝင် ကျောင်းသူကျောင်းသားအသစ် အကုန်လုံးသည် ကြမ်းတမ်းသော တိုက်ပွဲများကို ရင်ဆိုင်နေခဲ့ရသည်။

ယခုအချိန်အထိ မည်သူကမှ တစ်ခြားသော အသင်းများကို မတိုက်ကြသေးပေ။

သူတို့အားလုံးသည် စက်ရုပ်များကို တိုက်ခိုက်နေကြသည်။

သို့ရာတွင် မည်သူကမှ ပေါ့ပေါ့ဆဆ မနေဝံ့ကြပေ။

စက်ရုပ်များကို အသာအယာ ထိန်းထားနိုင်သည်နှင့် တစ်ပြိုင်နက် လူများက တစ်ခြားသော အဖွဲ့များကို ပစ်မှတ်ထားလာမည်ဆိုသည်ကို လူတိုင်းက သိနေခဲ့ကြသည်။

ထိုအချိန်တွင် အရက်စက်ဆုံး သတ်ဖြတ်မှုများ စတင်မည် ဖြစ်သည်။

…

တိုက်ပွဲ ကွင်းပြင်၏ နံရံများပေါ်၌

အရိပ်များသည် နံရံများပေါ်သို့ ခုန်တက်လာကြသည်။

ထိုလူများထဲမှ လူအများစုသည် တက္ကသိုလ် ကျောင်းသားကျောင်းသူများ ဖြစ်ကြပြီး၊ တိုက်ပွဲများကို ကြည့်ရှုရန်အတွက် နံရံပေါ်သို့ တက်လာကြခြင်း ဖြစ်သည်။

ထိုအချိန်တွင် နံရံပေါ်ရှိ လူတစ်ဦးသည် တိုးညှင်းစွာ ရယ်မောလာခဲ့သည် “ ဒီနှစ် ဌာနခွဲဝေမှုက ဒီ အလယ်အလတ် ပထမအဆင့် စက်ရုပ်တွေကို တိုက်ရတဲ့အထိ ရိုးရှင်းနေလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး၊ အရင်နှစ်ကဆိုရင် ငါတို့က ဒုတိယအဆင့် သားရဲတွေကို တိုက်ခိုက်ခဲ့ရတာ “

“ ဟုတ်ပကွာ၊ အရင်နှစ်က တိုက်ပွဲကတော့ တကယ်ကို ရက်စက်တယ်၊ တကယ့် သတ်ဖြတ်ပွဲကြီးပဲ “

“ မင်းတို့နှစ်ကောင် လစ်ကြစမ်းပါကွာ၊ အရင်နှစ်က မင်းတို့က ကြောက်လွန်းလို့ သေးပေါက်ချတဲ့ကောင်တွေလေ၊ ဘာကို တိုက်ပွဲနေတာလဲ? “

အစောပိုင်း အချိန်က လူနှစ်ဦး၏ အမူအရာများ မည်းမှောင်သွားခဲ့ပြီး၊ ထိုလူများထဲမှ တစ်ဦးမှ စကားပြောလာခဲ့သည် “ မင်းတို့ ဂျူနီယာတွေက ဟိတ်ကြီးဟန်ကြီးတွေ သိပ်ပြောတတ်တာပဲ၊ အဲ့ဒီအချိန်တုန်းက မင်းတို့ရဲ့ ဝင်ခွင့်အကဲဖြတ်မှုက ပထမအဆင့် အဆင့်၉ကောင်လေးတွေပဲကွ၊ ဒုတိယအဆင့်လောက် မကြမ်းဘူး “

“ ပထမအဆင့် အဆင့်၉လား? “ ရယ်မောသံ တစ်သံ ထွက်ပေါ်လာခဲ့သည် “ အဲ့တာက နတ်သားရဲသွေးပါတဲ့ ပထမအဆင့် အဆင့်၉လေ ဘယ်လိုလုပ်ပြီးတော့ အဆင့်တူနိုင်မှာလဲဟ? “

လူတိုင်း တိတ်ဆိတ်ငြိမ်သက်သွားပြီး၊ စကားပြောလာသည့် လူကို လှည့်ကြည့်လိုက်ကြသည်။

သိပ်မဝေးသော နေရာတွင်

ချင်ဖုန်းသည် သူ၏လက်များကို နောက်ပစ်၍ ဖြည်းဖြည်းချင်း လမ်းလျှောက်လာကာ ပေါ့ပေါ့ပါးပါး ပြောဆိုလာခဲ့သည် “ ငါတို့နှစ်တုန်းကလည်း သေဆုံးမှုတွေ ရှိခဲ့တာပဲ “

လူအုပ်ကြီးသည် သူ့ကို ကြည့်လာခဲ့ကာ မျက်လုံးများ ကျဥ်းမြောင်းသွားကြသည်။

“ အဲ့တာက အစစ်အမှန် သိုင်းပညာဌာနက ချင်ဖုန်းပဲ “

“ အစစ်အမှန် သိုင်းပညာဌာန ………. သူနဲ့ သွားမရှုပ်တာ ပိုကောင်းလိမ့်မယ်၊ အဲ့လိုမှ မဟုတ်ဘူးဆိုရင် အရူးတစ်စုက မင်းတို့ကို ကျိန်ဆဲဖို့ ထွက်လာကြလိမ့်မယ် “

“ သူနဲ့ ဝေးရာကို သွားကြ၊ အစစ်အမှန် သိုင်းပညာဌာနက အဲ့လူတွေကို ငါတို့ စော်ကားလို့ မရဘူး “

…………………………………………………………………………………………………………

All Chapters