← Chapters

အခန်း (၁၁၈-၁၁၉)

Vol. 8 Ch. 118-119

အခန်း (၁၁၈-၁၁၉)

Vol. 8 Ch. 118-119

အပိုင်း ( 118 )

တိုက်ပွဲကွင်းပြင်ကို ခြယ်လှယ်ခြင်း၊ ရှုကျိုး၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအား ၄

“ အခုလက်ရှိ အချိန်မှာ ငါက သွေးကြောမှတ် ၆ခုကိုပဲ ဖွင့်ထားရသေးတယ်၊ ဒါပင်မဲ့ ငါ့ရဲ့ စွမ်းအားက သွေးကြောမှတ် ၁၃ခု ဖွင့်ထားတဲ့လူတွေနဲ့ ယှဥ်လို့ရနေပြီ “

သွေးကြောမှတ် ၁၃ခုထပ် ပိုဖွင့်ထားသည့် လူများအတွက်ကား …….

ရှုကျိုးသည် ထိုကဲ့သို့သော လူများနှင့် မကြုံတွေ့ရသေးသောကြောင့် အသေအချာ မသိသေးပေ။

“ ဆွစ်ရှ်!! “

နောက်ထပ် ခုတ်ပိုင်းချက်တစ်ချက်နှင့်အတူ ရှုကျိုးသည် မီးခိုးရောင် ချပ်ဝတ်တန်ဆာဝတ် လူငယ်တစ်ဦး၏ ဝမ်းဗိုက်ကို ထိုးဖောက်လိုက်ကာ သူ့အား ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားစေခဲ့ပြီး၊ မတိုက်ခိုက်နိုင်တော့အောင် ပြုလုပ်လိုက်သည်။

“ ဘယ်လောက်ရှိပြီလဲ? “ ရှုကျိုးသည် လီတျယ်ကို လှည့်ကြည့်ကာ မေးလိုက်သည်။

“ ၁၈၊ ဒါက ၁၈ခုမြောက်ပဲ “ လီတျယ်၏မျက်နှာသည် အံ့ဩတုန်လှုပ်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

သူတို့သည် အဖွဲ့ ၁၈ဖွဲ့ကို ဆက်တိုက် အနိုင်ယူတိုက်ခိုက်ခဲ့ကြသည်။

ဒီလူက တော်တော်ကြီးကို စွမ်းတာပဲ !!

“ ညီအစ်ကိုရေ၊ ငါတို့က ခဏလောက် မနားသင့်ဘူးလား? “ လီတျယ်သည် ရုတ်တရက် ဇက်ပုကာ ပြောလာခဲ့သည် “ တကယ်လို့ ငါတို့ကသာ ဒီအတိုင်းဆက်သွားနေမယ်ဆိုရင် တစ်ခြားအဖွဲ့တွေက ငါတို့ကို တိုက်ခိုက်ဖို့အတွက် ပူးပေါင်းသွားလိမ့်မယ်လို့ ငါခံစားနေရတယ် “

သူပြောသည်မှာ မှန်ကန်နေခဲ့သည်။

ရှုကျိုးမှ ဆက်တိုက် အမဲလိုက်နေသည့်အချိန်တွင် တစ်ခြားသော အဖွဲ့များကလည်း ၎င်းကို သတိပြုမိလာကြပြီ ဖြစ်သည်။

“ ဒီလူ၊ သူက အဖွဲ့ပေါင်း တစ်ဒါဇင်ကျော်ကို ဖယ်ထုတ်ခဲ့ပြီးပြီလား? “

“ ဘယ်မျိုးသားစုက မျိုးဆက်လဲ? သူက တော်တော်ကြီးကို ကြမ်းတာပဲ “

“ အစွမ်းအထက်ဆုံး လူတွေကြားမှာ ဒီတစ်ယောက်ကို ငါမမှတ်မိဘူး ဖြစ်နေတယ် “

ပတ်ပတ်လည်ရှိ စက်ရုပ်များဖြင့် တိုက်ခိုက်နေကြသော လူများသည် ရှုကျိုးကို သတိပြုမိသွားကြသည်။

ရှုကျိုးမှာ ဤဧရိယာရှိ အဖွဲ့အားလုံးကို ရှင်းထုတ်ပစ်ခဲ့သောကြောင့် သူ့အား သတိမပြုမိရန်မှာ ခက်ခဲလှသော အရာတစ်ခု ဖြစ်သည်။

သို့သော် ရှုကျိုးကို မည်သူမှ မသိကြသောကြောင့် လူတိုင်း အံ့အားသင့်သွားကြသည်။

ထိပ်တန်းပါရမီရှင်များသည် တစ်ဦးနှင့်တစ်ဦး သိကြလေသည်၊ အရှေ့ပိုင်းပြည်နယ်ဖြစ်စေ၊ တောင်ပိုင်းပြည်နယ်ဖြစ်စေ၊ တစ်ခြားသော မြို့ကြီးများမှ ဖြစ်စေ သူတို့သည် တစ်ဦးနှင့် တစ်ဦး အဆက်အသွယ် ရှိကြသည်။

သို့သော် ရှုကျိုးကိုကား မည်သူမှ မမြင်ဖူးကြချေ။

“ သူဘယ်သူလဲဆိုတာက ကိစ္စ မရှိပါဘူး၊ ငါက သူနဲ့ တိုက်ခိုက်မယ် “

“ သူ့ကို အနိုင်ယူပြီးတော့ ပထမနေရာ ရအောင်လုပ်မယ် “

မကြာခင်မှာပင် ပါရမီရှင်များ၏ မျက်လုံးများထဲတွင် တိုက်ပွဲဆာလောင်စိတ်များ ပေါ်ပေါက်လာခဲ့သည်။

ရှုကျိုးကား အလွန်အစွမ်းထက်နေခဲ့သည်။

သို့သော် ထိုအကြောင်းပြချက်ကြောင့်ပင် တစ်ခြားလူများက သူ့အား စိန်ခေါ်ချင်နေကြသည်။

မကြာခင်မှာပင် ပုံရိပ်တစ်ခုသည် ရှေ့သို့ ပျံသန်းလာခဲ့ပြီး၊ ရှုကျိုးဆီသို့ တူတစ်လက်ဖြင့် အကြမ်းပတမ်း လွှဲရမ်းလာခဲ့သည်။

လီတျယ်သည် ၎င်းကို မြင်တွေ့သွားကာ အံ့ဩတုန်လှုပ်သွားပြီး ချက်ချင်းအော်ပြောလာခဲ့သည် “ သတိထား !! အဲ့တာက လျူယောင်တုန်ပဲ၊ သူက သွေးကြောမှတ် ၁၅ခု ဖွင့်ထားပြီးပြီ “

“ သွေးကြောမှတ် ၁၅ခုလား? “ ရှုကျိုး၏ မျက်လုံးများ တောက်ပသွားခဲ့သည်။

သွေးကြောမှတ် ၁၅ခုဆိုသည်မှာ ကျောင်းသူကျောင်းသား အသစ်များကြားတွင် ထိပ်တန်းအဆင့်ဖြစ်သည်။

ယခုလက်ရှိအချိန်မတိုင်ခင်အထိ ရှုကျိုးသည် သူ၏အကွက်သုံးကွက်ကို တောင့်ခံနိုင်သည့်လူနှင့် မတွေ့ရသေးပေ။

ဒီတစ်ယောက်ကရော ထိုက်တန်တဲ့ ပြိုင်ဘက် ဖြစ်နေပါ့မလား?

နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် ရှုကျိုးသည် သူ၏ဆေဘာအား အရှေ့သို့ လွှဲရမ်းလိုက်ရာ၊ ဆေဘာအရိပ်များသည် လေပေါ်ရှိ လျူယောင်တုန်ကို တိုက်ခိုက်သွားတော့သည်။

…

နံရံပေါ်၌ လူတော်တော်များများသည် ရှုကျိုး၏ ပုံရိပ်ကို သတိပြုမိသွားကြသည်။

“ အဲ့ဒီကလေး၊ သူ့နာမည်က ဘာလဲ? သူက ဘယ်လိုလုပ် ဒီလောက်တောင် ကြမ်းနေရတာလဲ? “

“ သူ့ကို ဘယ်သူမှ မသိကြဘူး၊ သူက နေရာသေးသေးလေးက လာတဲ့လူ ဖြစ်နေနိုင်တယ်၊ ဒီနှစ်အတွက် မြင်းနက်တစ်ကောင် ဖြစ်နိုင်တယ် “

“ သူက ဒီနှစ်ရဲ့ ပထမနေရာကို တက်လှမ်းနိုင်မှာလား? “

“ ပြောဖို့ခက်တယ်၊ ဒီနှစ်မှာက တော်တော်လေးကို စွမ်းတဲ့ ပြိုင်ပွဲဝင်တွေ ရှိနေသေးတယ် “

“ မြန်မြန်ကြည့်ကြ၊ သွေးကြောမှတ် ၁၅ခုအထက် ဖွင့်ထားတဲ့ တစ်ယောက်ယောက်က သူ့ကို တိုက်ခိုက်နေပြီ “

ကွမ်ဟန် သိုင်းပညာ တက္ကသိုလ်မှ စီနီယာများသည် တိုက်ပွဲကို အသေအချာ အာရုံစိုက်နေကြသည်။

လျူယောင်တုန် လှုပ်ရှားလာသည်ကို မြင်လိုက်ရသောအခါတွင် အားလုံး၏ မျက်လုံးများ တောက်ပသွားခဲ့သည်။

သွေးကြောမှတ် ၁၅ခု၊ ကျောင်းသူကျောင်းသား အသစ်များကြားမှ ထိပ်တန်း ပါရမီရှင် !!

မြင်းနက်မှ ထိုကဲ့သို့သော လူတစ်ဦးကို ကိုင်တွယ်နိုင်ဦးမည်လား?

သူ ဤနေရာတွင် လဲပြိုသွားမည်လား(သို့) ပြိုင်ဘက်ကို ချနင်း၍ အထက်သို့ တက်သွားမည်လား?

အားလုံးသည် စိတ်အားထက်သန်စွာဖြင့် စောင့်မျှော်နေကြတော့သည်။

မလှမ်းမကမ်းရှိ လျူတျန်မုမှ ရုတ်တရက် စကားပြောလာခဲ့သည် “ အဲ့ဒီရှုကျိုးက တကယ်ကို မမျှော်လင့်ထားခဲ့မိဘူး၊ မင်းတို့အားလုံးက သူ့ကို သတိပြုမိသွားတာက အံ့ဩစရာတော့ မဟုတ်တော့ဘူးပဲ “

ချင်ဖုန်းသည် သူ့ကို ကြည့်ကာ စိတ်ရှုပ်ထွေးသွားခဲ့သည် “ မင်းက ရယ်နိုင်သေးတာလား? မင်းရဲ့ ဝမ်းကွဲက ရှုကျိုးနဲ့တွေ့နေပြီးတော့ ဆိုးဆိုးဝါးဝါး အရိုက်ခံရတော့မှာလေ “

“ အဲ့လိုလား? ငါကတော့ အဲ့လို ဖြစ်မယ်လို့ မထင်ဘူး “

လျူယောင်တုန်မှ အသာအယာ ပြုံးသွားခဲ့သည် “ လျူယောင်တုန်က သွေးကြောမှတ် ၁၅ခု ဖွင့်ထားတယ်၊ သူက ကျောင်းသူကျောင်းသား အသစ်တွေကြားမှာ အထွတ်အထိပ်အဆင့်ပဲ။ ရှုကျိုးက သူ့နဲ့ရင်ဆိုင်ရတာက နံရံကို ကြက်ဥနဲ့ ပေါက်နေတာပဲ “

ချင်ဖုန်းသည် သူ့ကိုကြည့်ကာ အေးအေးဆေးဆေး ပြောလိုက်သည် “ ရှုကျိုးက သေချာပေါက် ရှုံးလိမ့်မယ်လို့ မင်းက ဘယ်လိုသိတာလဲ? “

“ ရှုကျိုး ရှုံးလိမ့်မယ်လို့ ငါပြောတာ မဟုတ်ဘူး “

လျူတျန်မုသည် အဓိပ္ပါယ်ပါပါ ပြောလာခဲ့သည် “ ဒါပင်မဲ့ လျူယောင်တုန်နဲ့ တိုက်ပွဲက သူ့ရဲ့ စွမ်းအားကို တော်တော်များများ ကုန်သွားစေလိမ့်မယ်၊ အဲ့ဒီအချိန်ကျရင် သူက နောက်လာမဲ့ စက်ရုပ် ၃၀၀ကို ကိုင်တွယ်နိုင်ပါ့ဦးမလား? “

ယနေ့တွင် ပေါ်မလာသေးသည့် စက်ရုပ်အခု ၃၀၀ ကျန်ရှိနေစဲ ဖြစ်သည်။

အကယ်၍ သူသာ စွမ်းအင် ကုန်ခမ်း၍ ပင်ပန်းနေမည်ဆိုပါက စက်ရုပ်များ ပေါ်လာသည့်အချိန်တွင် သေချာပေါက် ဖယ်ထုတ်ခံလိုက်ရမည် ဖြစ်သည်။

လျူတျန်မုသည် ရှုကျိုးကို ငုံ့ကြည့်ကာ အသာအယာ ခေါင်းခါနေတော့သည် “ သူ့ရဲ့အစွမ်းက ကောင်းပါတယ်၊ ဒါပင်မဲ့ ကံတရားကတော့ နည်းနည်းလေး ဆိုးနေတယ် “

ချင်ဖုန်းမှာလည်း မည်သည့်စကားမှ ထပ်မပြောလာတော့ပေ၊ သူသည် စိုးရိမ်ပူပန်နေသော အကြည့်ဖြင့် အောက်ဘက်သို့ ငုံ့ကြည့်နေတော့သည်။

လျူတျန်မု ပြောတဲ့အတိုင်း တကယ်ကြီးဖြစ်လာမှာလား?

…

ဝုန်းးးးးးး !!

တိုက်ပွဲကွင်းပြင်၌ ရှုကျိုးနှင့် လျူယောင်တုန်တို့ စီးချင်းထိုးနေလျက်ရှိသည်။

ဆေဘာအလင်းတန်းများ လင်းလက်နေခဲ့သည်၊ ဆေဘာတစ်ချက်ချင်းစီတိုင်းသည် ကီလိုဂရမ် ၄၀၀၀ ပါဝင်သည့် ကြီးမားသော အားတစ်ရပ်ကို သယ်ဆောင်ထားကာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ပေါက်ကွဲထွက်နေခဲ့သည်။

ဝုန်းးး !!

ဘုန်းးးး !!

ဝုန်းးးးးး !!

တိုက်ခိုက်မှု တစ်ခုချင်းစီတိုင်းသည် လျူယောင်တုန်၏ လက်မောင်းများကို ထုံကျင်သွားစေခဲ့ပြီး၊ သူ၏အမူအရာကို အနည်းငယ် ပြောင်းလဲသွားစေခဲ့သည်။

“ ဒီလူ၊ သူ့ရဲ့ ချီ-သွေးက ဘာလို့ ဒီလောက်တောင် အားကောင်းနေရတာလဲ? “ လျူယောင်တုန် အံကြိတ်နေရတော့သည်၊ သူသည် သွေးကြောမှတ် ၁၅ခု ဖွင့်ထားခဲ့ပြီးပြီ ဖြစ်သည်၊ သို့သော် ယခုလက်ရှိအချိန်တွင် သူ၏ချီ-သွေးသည် တစ်ဖက်လူနှင့် မယှဥ်နိုင်သည့်ပုံပင်။

“ တောင်တစ်ထောင် တူ !!! “ ရုတ်တရက်ဆိုသလိုပင် လျူယောင်တုန်၏ မျက်လုံးများ စူးရှသွားခဲ့သည်။

သူသည် ကြီးမားသော တူကြီးကို ကိုင်ဆောင်ကာ အရိပ်တိုက်ခိုက်မှုများကဲ့သို့ ၎င်းအား ရှုကျိုးထံသို့ လွှဲရမ်းချလိုက်သည်။

၎င်းမှာ လျူမိသားစု၏ ထိပ်တန်း တိုက်ခိုက်ရေး နည်းစနစ်ဖြစ်ပြီး သူသည် ၎င်းကို ပထမအဆင့်အထိ ကျွမ်းကျင်တတ်မြောက်ထားခဲ့ပြီးပြီ ဖြစ်သည်။

“ ဘမ်းးး “

တိုက်ခိုက်မှုတစ်ခုသည် လေထုကို ဖြိုခွင်း၍ ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်ခုကို ပေါ်ထွက်လာစေခဲ့ကာ ရှုကျိုးကို ကြမ်းကြမ်းတမ်းတမ်း ထုချေလာခဲ့သည်။

ရှုကျိုးကား တည်ငြိမ်နေစဲဖြစ်ပြီး၊ စက်ရုပ်၏ တိုက်ခိုက်မှုကို ခုခံ၍ သူ၏ ဆေဘာကို လွှဲရမ်းလိုက်သည်။

ဝှစ် !!

နှင်းဖြူကဲ့သို့ တောက်ပသည့် ဆေဘာအလင်းတန်းသည် ကြယ်မြစ်တစ်ခုကဲ့သို့ လည်ထွက် လှုပ်ရှားလာခဲ့သည်။

တောင်ဖြိုခွဲ ဆေဘာသိုင်း၏ စတုတ္ထအဆင့် !!

ယခုလက်ရှိ ရှုကျိုးသည် ယခင်က ရှုကျိုးနှင့် တူမနေတော့ပေ၊ တောင်ဖြိုခွဲ ဆေဘာနည်းစနစ်၏ စတုတ္ထအဆင့်မှာလည်း ယခင်ကထပ် များစွာ ပိုမို အားကောင်းနေခဲ့ပြီ ဖြစ်သည်။

ချောင်ရုံ ပြောထားသည့်အတိုင်းပင် တောင်ဖြိုခွဲဆေဘာသိုင်းသည် တစ်ချို့သော အဆင့်မြင့် တိုက်ခိုက်ရေး နည်းစနစ်များနှင့် ယှဥ်နိုင်မည် ဖြစ်သည်။

စွမ်းအားသည် အလွန် ကြောက်မက်ဖွယ်ကောင်းလှပေသည်။

“ ဝုန်းးးး !!

ဆေဘာနှင့် တူတို့ တိုက်မိသွားခဲ့သည်။

ချက်ချင်းဆိုသလိုပင် ကြီးမားသော ပေါက်ကွဲထွက်လာခဲ့သည်။

ကျယ်လောင်သော အသံနှင့်အတူ ကြီးမားသော တူကြီး လွင့်ထွက်သွားခဲ့သည်။

လျူယောင်တုန်၏ အမူအရာ ပြောင်းလဲသွားခဲ့သည်၊ တောက်ပသော ဆေဘာအလင်းတန်းတစ်ခုသည် သူ၏မျက်ကွင်းထဲသို့ လျင်မြန်စွာ ရောက်ရှိလာခဲ့ပြီး၊ သူ၏ပုခုံးဆီသို့ လျင်မြန်စွာ နိမ့်ဆင်းသွားခဲ့သည်။

ဆွစ်ရှ် !!

ဆေဘာအလင်းတန်း ခုတ်ချသွားခဲ့ပြီ ဖြစ်သည်။

အရေးကြီးသော အခိုက်အတန့်တွင် လျူယောင်တုန်၏ ခန္ဓာကိုယ်သည် ရုတ်တရက် လှုပ်ရှားသွားခဲ့သည်၊ သို့သော် ဆေဘာအလင်းတန်းနှင့် ထိမိသွားစဲဖြစ်ပြီး၊ သူ၏ပခုံးမှ သွေးများ ချက်ချင်း ဖြာထွက်လာခဲ့သည်။

သူ၏ အမူအရာ ပြောင်းလဲသွားပြီး၊ လှည့်ထွက်ကာ ချက်ချင်း ပြေးသွားတော့သည်။

လျူယောင်တုန် ထွက်ပြေးသွားမှုနှင့်အတူ သူ့ကို တိုက်ခိုက်နေသာ စက်ရုပ်သည် သူ၏အဖော်ဘက်သို့ လှည့်ကာ ချက်ချင်း တိုက်ခိုက်လိုက်သည်။

“ လျူယောင်တုန် !! “ ချက်ချင်းဆိုသလိုပင် လျူယောင်တုန်၏ အသင်းဖော်မှ အော်ပြောလာခဲ့သည်။

ထိုအဖွဲ့သား၏ အမူအရာ ပြောင်းလဲသွားတော့သည်၊ လျူယောင်တုန်က ငါ့ကို ထားခဲ့ပြီးတော့ တကယ်ကြီး ထွက်ပြေးသွားတာလား?

သူသည် အတော်လေး အားနည်းနေခဲ့ပြီဖြစ်သောကြောင့် စက်ရုပ်နှစ်ရုပ်အား မည်ကဲ့သို့ ကိုင်တွယ်နိုင်တော့မည်နည်း?

လျူယောင်တုန်ကမူ မည်သည့်အရာကိုမှ ဂရုမစိုက်ဘဲ ဆက်လက်၍ ပြေးလွှားနေခဲ့သည်။

ပြေးလွှားနေရင်းဖြင့် အော်ပြောနေတော့သည် “ အဲ့လူက အနည်းဆုံးအနေနဲ့ သွေးကြောမှတ် အခု၂၀လောက် ဖွင့်ထားတယ်။ သူ့ကို ဝိုင်းတိုက်ကြ !! အဲ့လိုမှ မဟုတ်ဘူးဆိုရင် ပထမနေရာအကြောင်းကို မေ့လိုက်ကြတော့ “

အစပိုင်းတွင် ရှုကျိုးသည် သူ့နောက်သို့ လိုက်သွားရန် မရည်ရွယ်ထားခဲ့ပေ၊ သို့သော် ထိုစကားကို ကြားလိုက်ရသောအခါတွင် သူ၏အမူအရာသည် ချက်ချင်း အေးစက်သွားခဲ့သည်။

“ ဝှစ် !! “

နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် သူ၏ပုံရိပ်သည် လေထဲတွင် ရုတ်တရက် ပျောက်ကွယ်သွားကာ လျူယောင်တုန်နောက်သို့ လိုက်သွားတော့သည်။

နောက်ဘက်ရှိ လီတျယ်မှာလည်း အသည်းအသန် ပြေးလိုက်သွားတော့သည်။

ရှေ့ဘက်ရှိ လျူယောင်တုန်သည် ရှုကျိုး လိုက်လာသည်ကို သတိပြုမိသွားပြီး၊ ချက်ချင်း အော်ပြောလာခဲ့သည် “ ငါက လွတ်မြောက်ပြီးသားကို၊ မင်းက ဆက်လိုက်နေသေးတာလား? “

ရှုကျိုးကား အေးအေးစက်စက် အမူအရာသာ ဖြစ်နေခဲ့ပြီး၊ မည်သည့်စကားမှ မပြောခဲ့ပေ၊ ငါဘာလို့ မင်းကို လိုက်ဖမ်းနေရလဲဆိုတာကို မင်းက တကယ်ကြီး မသိတာလား?

ရှုကျိုးမှ ဆက်၍ လိုက်လာနေသည်ကို မြင်လိုက်ရသောအခါတွင် လျူယောင်တုန်၏ မျက်နှာ ဖြူဖျော့သွားခဲ့သည်၊ သူ၏ခြေထောက်များသည် ဝေဝေဝါးဝါး ဖြစ်သွားခဲ့ကာ အရှိန်တင်၍ ပြေးထွက်သွားတော့သည်။

သူသည် အလွန်မြန်ဆန်သော ခြေလှမ်းသိုင်းကို လေ့ကျင့်ထားသည်မှာ သိသာလှပေသည်။

တစ်ခဏအထိ ရှုကျိုးကပင် အမှီမလိုက်နိုင်ခဲ့ပေ။

လူနှစ်ဦးသည် တိုက်ပွဲကွင်းပြင်ထဲတွင် စိန်ပြေးလိုက်တမ်း ကစားနေခဲ့ပြီး၊ မိန်းကလေးများ ဧရိယာထဲသို့ ရောက်မှန်းမသိ ရောက်လာကြတော့လေသည်။

ထိုအချိန်၌

ကျန်းလန်နှင့် ရှားရှီယောက်တို့သည် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေလျက်ရှိပြီး၊ ရှားရှီယောက်၏ အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည် “ ဘာတွေ ဖြစ်နေတာလဲ? ယောကျာ်းတစ်ယောက်က ငါတို့ဘက်ကို ရောက်လာတာလား? “

ယောကျာ်းလေးများနှင့် မိန်းကလေးများသည် တစ်သီးတစ်ခြားစီ ခွဲထားခဲ့ခြင်း ဖြစ်သည်။

သို့သော် ယခုတွင်ကား ယောကျာ်းတစ်ယောက်သည် မိန်းကလေးတို့၏ နယ်မြေထဲသို့ ဖောက်ဝင်လာခဲ့ပြီ ဖြစ်သည်။

ကျန်းလန်၏ အမူအရာမှာလည်း ပြောင်းလဲသွားခဲ့သည်၊ ဘယ်လူက မိန်းကလေးတွေရဲ့ နေရာထဲကို ပြေးဝင်လာတာလဲ၊ ကောင်မလေးတွေ ဝိုင်းရိုက်မှာကို မကြောက်ဘူးလား?

သူမ၏ခေါင်းလေးကို လှည့်၍ ကြည့်လိုက်သောအခါတွင် သူမ၏ လှပသော မျက်နှာလေးသည် ချက်ချင်းဆိုသလို အမူအရာ ပြောင်းလဲသွားခဲ့သည်။

…………………………………………………………………………………………………………………..

အပိုင်း ( 119 )

ဘက်ပေါင်းစုံကို ရှင်းလင်းခြင်း၊ မာနကြီးသော ပါရမီရှင်များကို ဆုံးမသူ !!

“ အဲ့တာက …….. လျူယောင်တုန်မလား? “ ကျန်းလန်သည် သူ့ကို မှတ်မိနေခဲ့သည်။

ကျန်းမိသားစုသည် လျူမိသားစုနှင့် စီးပွားရေးအရ ပက်သတ်ဆက်နွယ်မှုတစ်ချို့ ရှိသည်။

ထို့ကြောင့် ကျန်းလန်သည် လျူမိသားစုမှ လျူဟီ၊ လျူတျန်မုနှင့် လျူယောင်တုန်တို့ကဲ့သို့ တစ်ချို့သော အဖွဲ့ဝင်များနှင့် ဆက်ဆံခဲ့ရပြီး၊ ထိုလူအားလုံးကို မြင်တွေ့ဖူးနေခဲ့သည်။

ကျန်းလန်သည် လျူယောင်တုန်က သွေးကြောမှတ် ၁၅ခု ဖွင့်ထားခဲ့ပြီးပြီဆိုသည်ကို သိထားခဲ့သည်။

၎င်းမှာ သူမထပ် များစွာ အစွမ်းထက်နေခြင်း ဖြစ်သည်။

အခု လျူယောင်တုန်က အမဲလိုက်ခံနေရတာလား?

ကျန်းလန်၏ အမူအရာ လေးနက်သွားခဲ့သည်၊ လျူယောင်တုန်ကို ဘယ်သူကလိုက်ဖမ်းနေတာလဲ?

သူမသည် သူမ၏နောက်သို့ လှည့်ကြည့်ရန် ပြင်လိုက်သည့် အချိန်၌ ရုတ်တရက်ဆိုသလို ………..

ခလမ်း !!

အညိုရောင် အသားရည်ရှိသည့် ကောင်မလေးတစ်ဦးမှ အရှေ့ဘက်သို့ ဓားဖြင့် ထိုးလာခဲ့ရာ ချက်ချင်းဆိုသလိုပင် ကျန်းလန်၏ အဖြူရောင် ချပ်ဝတ်တန်ဆာကို ထိမှန်သွားခဲ့သည်။

ကျန်းလန်သည် နာကျင်မှုများဖြင့် နောက်ပြန်ဆုတ်သွားခဲ့ရသည်။

“ ကျန်းလန် “ အသားညိုညို ကောင်မလေးသည် တည်ငြိမ်စွာ စကားပြောလာခဲ့သည် “ ငါနဲ့ တိုက်ခိုက်တာကို အာရုံများရဲနေတယ်ပေါ့? “

ကျန်းလန်သည် နောက်ပြန်လာခဲ့ပြီး၊ မည်သည့်စကားမှ မပြောဘဲ အေးစက်စက် အမူအရာဖြင့်သာ ရှိနေကာ သူမ၏လှံဖြင့် ပြိုင်ဘက်ကို အကြမ်းပတမ်း ထိုးချလိုက်သည်။

အဆိုပါ အသားညိုညို ကောင်မလေးသည် သွေးကြောမှတ် ၈ခု ဖွင့်ထားခဲ့ပြီး သူမထပ် သွေးကြောမှတ် ၅ခု ပိုသာနေခဲ့သော်လည်း၊ ကျန်းလန်သည် ဟာကွက်မပေါ်ဘဲ သူမနှင့် တိုက်ခိုက်နေနိုင်ခဲ့သည်။

“ တကယ်လို့ ဒဏ်ရာတွေ ကုဖို့အတွက် လဝက်လောက် အချိန်မယူခဲ့ရဘူးဆိုရင်၊ ငါက အနည်းဆုံးတော့ သွေးကြောမှတ် ၁၀ခုလောက် ဖွင့်နိုင်မှာ၊ အဲ့လိုမှ မဟုတ်ဘူးဆိုရင် …….. “ ကျန်းလန်၏ မျက်လုံးများသည် စူးရှထက်မြက်နေခဲ့သည် “ နင့်ကို အနိုင်ယူဖို့ဆိုတာက တစ်ကွက်တည်းနဲ့ လုံလောက်တယ် “

ဝုန်းးး !!

သူမမှ လှံဖြင့် ထိုးလိုက်ရာ လှံထိပ်ဖျားသည် အသားညိုညို ကောင်မလေးဆီသို့ ဒုံးကျည်တစ်စင်းကဲ့သို့ ကြမ်းတမ်းမြန်ဆန်စွာ ရောက်ရှိသွားခဲ့သည်။

…

တစ်ချိန်းတည်းမှာပင် ကျန်းလန်၏ အသင်းဖော်ဖြစ်သည့် ရှားရှီယောက်မှာလည်း တစ်ခြားလူတစ်ဦးဖြင့် တိုက်ခိုက်နေလျက်ရှိသည်။

သူမသည် ရှုကျိုးကို တစ်ချက်ကြည့်ကာ တိတ်တဆိတ် အံ့ဩတုန်လှုပ်သွားခဲ့သည်။

“ သူက ကျောင်းဂိတ်ပေါက်ဝမှာ တွေ့ခဲ့တဲ့ လူမလား? “

ရှားရှီယောက် အံ့အားသင့်သွားခဲ့သည် “ ဒီလူက ……….. လျူယောင်တုန်ကို တကယ်ကြီး အနိုင်ယူခဲ့တာလား? သူက အဲ့လောက်တောင် သန်မာတယ်ပေါ့ !! “

…

တိုက်ပွဲကွင်းပြင်သည် အလွန်ကျယ်ဝန်းလှပြီး၊ ရှုကျိုးနှင့် လျူယောင်တုန်တို့သည် မိန်းကလေးများ နယ်မြေတစ်လျှောက် လျင်မြန်စွာ ပြေးလွှားသွားလာနေကြသည်။

“ မင်းက ငါ့ကို တကယ်ကြီး သတ်ချင်နေတာလား? “

အရှေ့ဘက်ရှိ လျူယောင်တုန်မှ ပြေးနေရင်းဖြင့်‌ အော်ပြောလာခဲ့သည် “ အဲ့ဒီစွမ်းအားနဲ့ဆိုရင် မင်းက တစ်ခြားအဖွဲ့တွေ အများကြီးကို ရှင်းပြီးသွားလောက်ပြီ “

ရှုကျိုးကား အေးစက်စက် အမူအရာဖြင့် သူ့ကို လျစ်လျူရှုထားခဲ့သည်။

သူသည် လိုက်ဖမ်းရန် မရည်ရွယ်ထားခဲ့ပေ၊ သို့သော် တစ်ဖက်လူ၏ စကားလုံးများကြောင့် ထိုလူ့ကို သူကိုယ်တိုင် ကိုင်တွယ်ရန် ဆုံးဖြတ်ချက်ချလိုက်သည်။

သူတို့နှစ်ဦးကြားရှိ တိုက်ပွဲသည် လျူယောင်တုန်မှ အစပြု၍ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

မချနိုင်သည့် အချိန်တွင် သူသည် ရှုကျိုးကို ချုံခိုတိုက်ရန်အတွက် တစ်ခြားလူများကိုပင် လှုံ့ဆော်ခဲ့သေးသည်။

၎င်းအား ရှုကျိုးသည် အလွယ်တကူ လွှတ်ပေးလိုက်မည် မဟုတ်ပေ။

ထို့အပြင် လျူယောင်တုန်သည် လျူမိသားစုမှ တစ်စုံတစ်ယောက် ဖြစ်ပုံရသည်၊ ထို့ကြောင့် သူသည် ထိုကောင့်ကို သေချာပေါက် လိုက်ဖမ်းရမည် ဖြစ်သည်။

“ဝှစ် !! “

ရှုကျိုးသည် တစ္ဆေတစ်ကောင်ကဲ့သို့ ပြေးလွှားကာ လျူယောင်တုန်ကို လိုက်ဖမ်းနေလျက်ရှိသည်။

မလှမ်းမကမ်းတွင်

လီရို့ရှီသည် အနီရောင် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည့် ကောင်မလေးဖြင့် အပြင်းအထန် တိုက်ခိုက်နေလျက်ရှိသည်။

ရုတ်တရက်ဆိုသလိုပင် သူမ၏ အမူအရာ ပြောင်းလဲသွားခဲ့ပြီး၊ ခေါင်းလှည့်ကြည့်လာခဲ့သည်။

“ ရှုကျိုးလား? “ လီရို့ရှီသည် အနည်းငယ် အံ့ဩသွားခဲ့သည် “ သူက ဒီကိုဘာလာလုပ်တာလဲ? “

ပြိုင်ဘက်သည် သူမအာရုံပျက်သွားသည့် အချိန်ကို အခွင့်ကောင်းယူ၍ ဓားဖြင့် ရုတ်တရက် တိုက်ခိုက်လာခဲ့ရာ ၎င်းသည် လီရို့ရှီ၏ ပခုံးကို ထိုးဖောက်သွားခဲ့သည်။

“ ဟေးး !! “

သူမဘေးနားရှိ ရှားစီယုမှ အော်ပြောလာခဲ့သည် “ အာရုံများမနေနဲ့ “

သူမသည် လီရို့ရှီကို တစ်ချက်ကြည့်လိုက်ပြီး၊ ဤကြမ်းတမ်းသည့် တိုက်ခိုက်သူက ရောက်ရှိလာသည့် လူနှစ်ဦးကို မြင်လိုက်ရသည့် အခါတွင် မည်သည့်အတွက်ကြောင့် စိတ်သဘောထားပြောင်းသွားရလဲဆိုသည်ကို တွေးတော စဥ်းစားနေတော့သည်။

အဲ့ထဲက တစ်ယောက်က သူမရဲ့ကောင်လေးများလား?

ရှားစီယုသည် ရှုကျိုးနှင့် လျူယောင်တုန်ကို ကြည့်ကာ တိတ်တဆိတ် တွက်ချက်နေတော့သည်။

…

ရှုကျိုးနှင့် လျူယောင်တုန်တို့သည် ပြေးရင်းလွှားရင်းဖြင့် ယောကျာ်းလေးများ နယ်မြေထဲသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

“ ဆွစ်ရှ် !! “

ရှုကျိုးမှ ဓားကို လွှဲရမ်းလိုက်ရာ ဓားအလင်းတန်း တောက်ပလာခဲ့ပြီး လျူယောင်တုန်၏ နောက်ကျောကို ခုတ်ပိုင်းသွားခဲ့သည်။

ဖူးးး

လျူယောင်တုန်၏ ကျောပြင်သည် သွေးများဖြင့် စိုရွှဲသွားခဲ့ပြီး၊ ပါးစပ်အပြည့် သွေးတစ်လုပ် အန်လာခဲ့သည်၊ သို့သော် နှေးကျသွားရမည့်အစား သူ၏အမြန်နှုန်းသည် ပိုမို မြန်ဆန်သွားခဲ့သည်။

သူသည် သူ၏ အဆင့်မြင့် ခြေလှမ်းသိုင်းကို အသုံးချ၍ မျက်စိတ်တစ်မှိတ်အတွင်းမှာပင် သူနှင့် ရှုကျိုးကြားရှိ အကွာအဝေးကို ပို၍ ကျယ်ဝန်းသွားစေခဲ့သည်။

ရှုကျိုးသည် ဆက်လက်၍ လိုက်ဖမ်းနေခဲ့ပြီး အေးစက်စွာ အော်ပြောလိုက်သည် “ မြန်မြန်အညံ့ခံလိုက်၊ အဲ့လိုမှ မဟုတ်ရင် ရက်စက်တဲ့အတွက် ငါ့ကို အပြစ်မတင်နဲ့ “

“ ရှားဟောက်ချန်း !! ကျောက်ချီဖုန်း !! ဟွမ်ဝမ်လုံ !! “

လျူယောင်တုန်မှ အော်ပြောနေခဲ့သည် “ ဒီလူက ရူးနေပြီ၊ သူက ငါ့ကို လိုက်သတ်နေတယ်၊ တကယ်လို့ မင်းတို့က ငါ့ကို မကူညီဘူးဆိုရင်၊ မင်းတို့အလှည့်ကို ရောက်လာလိမ့်မယ် “

သူသည် အဖယ်ထုတ်မခံရချင်ပေ။

လျူမိသားစု၏ တိုက်ရိုက်မျိုးဆက်တစ်ဦး အနေဖြင့် လူသစ် အကဲဖြတ်မှုတွင် ဖယ်ထုတ်ခံရခြင်းမှာ မပေါ်လာခဲ့ဖူးသော ကိစ္စတစ်ရပ်ဖြစ်ပြီး လွန်စွာ ရှက်ဖွယ်ကောင်းသွားမည် ဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့် သူသည် အဓိက မိသားစုကြီးများ၏ မျိုးဆက်များကို သိနေခဲ့ပြီး၊ သူတို့၏ အကူအညီကို လှမ်းတောင်းလိုက်သည်။

“ ဒီခွေးရူးက အနည်းဆုံးအနေနဲ့ သွေးကြောမှတ် အခု၂၀လောက် ဖွင့်ပြီးသွားပြီ “ လျူယောင်တုန်မှ ဆက်လက်၍ အော်ပြောလာခဲ့သည် “ မြန်မြန်ပူးပေါင်းကြ “

သို့သော် ထိုစကားများကိုကြားလိုက်ရသော်လည်း တစ်ခြားသူများသည် တည်တည်ငြိမ်ငြိမ်ဖြင့် အေးစက်စက် စိုက်ကြည့်၍ စောင့်ကြည့်ရုံသာ စောင့်ကြည့်နေကြပြီး မည်သူမှ ရှေ့မထွက်လာခဲ့ပေ။

ကျောက်ချီဖုန်းဟု အမည်ရသည့် လူငယ်လေးမှ အော်ပြောလာခဲ့သည် “ လျူယောင်တုန်၊ မင်းကိုယ်မင်း ကယ်တင်တော့ “

အကဲဖြတ်မှုပြိုင်ပွဲတွင် လူတိုင်းက ပြိုင်ဘက်များ ဖြစ်သည်။

သူတို့သည် လျူယောင်တုန်က အနှေးနှင့် အမြန်ဆိုသလို ဖယ်ထုတ်ခံရရန် မျှော်လင့်နေကြသည်။

ရှုကျိုးကို စုပေါင်း တိုက်ခိုက်ခြင်းအတွက်ကား ………

ပို၍ပင် မဖြစ်နိုင်သော အရာတစ်ခု ဖြစ်သည်။

အားလုံးသည် ကိုယ်ပိုင်မာနရှိသည့် ပါရမီရှင်များ ဖြစ်ကြပြီး၊ အကယ်၍ ရှုကျိုးက သွေးကြောမှတ် အခု၂၀ကို အမှန်တကယ် ဖွင့်ထားမည်ဆိုလျှင်တောင်မှ သူတို့သည် သူ့ကို တိုက်ခိုက်ရန်အတွက် ပူးပေါင်းကြမည် မဟုတ်ပေ။

တစ်ဦးချင်း တိုက်ခိုက်ခြင်းကသာလျှင် တရားမျှတပေသည်။

အုပ်စုဖွဲ့ တိုက်ခိုက်ခြင်းကား စွမ်းရည်(သို့) အရည်အချင်းတစ်ခု မဟုတ်ပေ။

ထို့အပြင် သွေးကြောမှတ် ၁၅ခုထပ် ပိုဖွင့်ထားသော လူများသည် သူတို့က ပထမနေရာကို ရယူနိုင်လိမ့်မည်ဟု ယုံကြည်ချက် ရှိနေကြသည်။

သူတို့သည် သွေးကြောမှတ် အခု၂၀ ဖွင့်ထားသည့်လူတစ်ဦးကို ကြောက်နေကြမည် မဟုတ်ပေ။

တစ်ခြားလူများ၏ သဘောထားကိုမြင်တွေ့လိုက်ရသောအခါတွင် လျူယောင်တုန်၏ အမူအရာသည် အလွန်ရုပ်ဆိုးသွားခဲ့သည်။

သူသည် နောက်ဘက်ရှိ ရှုကျိုးကို အော်ပြောလိုက်သည် “ ငါ အရှုံးပေးတယ်၊ လိုက်နေတာကို ရပ်လိုက်တော့ !! “

ရှုကျိုးကား တိတ်ဆိတ်နေစဲပင် ဖြစ်ပြီး၊ သူ၏အမူအရာသည် ပို၍အေးစက်လာခဲ့သည်။

ခွေးရူးလို့ ခေါ်ခဲ့ပြီးတော့ သက်ညှာပေးဖို့ မျှော်လင့်နေတာလား?

“ ဝှစ် !! “

ရှုကျိုး၏ ပုံရိပ်သည် ရုတ်တရက် မြန်ဆန်လာခဲ့ကာ လျူယောင်တုန်နှင့် နီးကပ်သွားခဲ့သည်။

ကြယ်မြစ်ကဲ့သို့ တောက်ပသော ဓားအလင်းတန်းတစ်ခု ပေါ်ထွက်လာခဲ့သည်။

လျူယောင်တုန်၏ အမူအရာသည် သိသိသာသာ ပြောင်းလဲသွားခဲ့ပြီး၊ သူ၏ခြေလှမ်းသိုင်းကို အကန့်အသတ်အထိ အသုံးပြုလိုက်ရာ ဓားချက်ကို ပွတ်ကာသီကာ ရှောင်တိမ်းသွားနိုင်ခဲ့သည်။

နောက်ထပ်စက္ကန့်ပိုင်းမျှ အကြာတွင် နဂါးငွေ့တန်းကဲ့သို့သော အဖြူရောင် အလင်းတန်းတစ်ခုသည် သူ၏မြင်ကွင်းထဲတွင် လျှင်မြန်စွာ ကြီးမားကျယ်ပြန့်လာခဲ့သည်။

“ ဝုန်းးးးး !!!!!!!!! “

ကြယ်ရောင်များ ပျံလွင့်သွားခဲ့ပြီး၊ လက်တစ်ဖက်သည် လေထုထဲသို့ ပျံတက်သွားကာ သွေးများ နေရာအနှံ့ ပြန့်ကျဲသွားခဲ့သည်။

လျူယောင်တုန်၏ မျက်နှာသည် ကြောက်မက်ဖွယ်ကောင်းလောက်သည်အထိ ဖြူဖျော့သွားခဲ့ပြီး၊ ခန္ဓာကိုယ် တစ်ခုလုံး တုန်ရင်သွားကာ အောက်ဘက် ၁၀မီတာရှိ အကွာ မြေပြင်ပေါ်သို့ လဲပြိုသွားတော့သည်။

…………………………………………………………………………………………………………………………

All Chapters