← Chapters

အခန်း (၁၂၀)

Vol. 8 Ch. 120

အခန်း (၁၂၀)

Vol. 8 Ch. 120

အပိုင်း ( 120 )

ဘက်ပေါင်းစုံကို ရှင်းလင်းခြင်း၊ မာနကြီးသော ပါရမီရှင်များကို ဆုံးမသူ !! ၂

သူသည် သူ၏လက်မောင်းကို ဆုပ်ကိုင်ကာ ရေရွတ်ပြောဆိုနေတော့သည် “ ဒီလူက ………. ရူးနေတာလား? “

ရှုကျိုးသည် သူ၏ဓားကို သိမ်းကာ အမူအရာကင်းမဲ့နေသော မျက်နှာထားဖြင့် မတ်တပ်ရပ်နေခဲ့သည်။

သူသည် ကြီးမားသော စွမ်းအားများကို ယခုလေးတင် ထုတ်သုံးခဲ့ရသည်၊ သူသည် ထိုမျှ များပြားသော စွမ်းအားများကို ပထမဦးဆုံးအကြိမ်အဖြစ် ထုတ်သုံးလိုက်ခြင်း ဖြစ်သည်။

ယခင်က သူဖယ်ရှားခဲ့သည့် အဖွဲ့များသည် အသေးစားဒဏ်ရာလေးများသာ ရရှိသွားခဲ့သည်။

လျူယောင်တုန် တစ်ဦးတည်းကသာလျှင် သေလုမြောပါး ဖြစ်သွားခဲ့ခြင်း ဖြစ်သည်။

“ ဝှစ် !! “

ကောင်းကင်ပေါ်မှ နည်းပြဆရာတစ်ဦး ဆင်းလာခဲ့ပြီး၊ သူသည် သနားဖွယ်ကောင်းသော အခြေအနေသို့ ရောက်ရှိနေသည့် လျူယောင်တုန်ကို မကာ အေးစက်စွာ ပြောလာခဲ့သည် “ကျရှုံးတယ် “

ထို့နောက်တွင် သူသည် လျူယောင်တုန်နှင့်အတူ အဝေးသို့ ပျံသန်းသွားတော့သည်။

ထိုနှစ်ဦး ထွက်သွားသည်နှင့်တစ်ပြိုင်နက် အနောက်မှ လီတျယ်သည် ရှုကျိုးကို လိုက်မှီလာခဲ့သည်။

“ ညီအစ်ကိုရေ၊ မင်းပြေးတာက တော်တော် မြန်တာပဲ ……… “ လီတျယ်မှ အမောတကော အော်ဟစ်လာတော့သည်။

သူသည် လမ်းတစ်လျှောက်လုံးတွင် ရှုကျိုးနောက်သို့ လိုက်လာခဲ့သည်၊ သို့သော် ရှုကျိုးသည် အလွန် မြန်ဆန်နေခဲ့ပြီး၊ သူလိုက်မမှီတော့လုနီးပါး ဖြစ်သွားခဲ့ရသည်။

လီတျယ်သည် နည်းပြဆရာ ခေါ်သွားသည့် ပုံရိပ်ကို လှမ်းကြည့်ကာ အံ့ဩတုန်လှုပ်သွားခဲ့သည်။

“ လျူမိသားစုရဲ့ တိုက်ရိုက်မျိုးဆက် လျူယောင်တုန်က အဲ့လိုမျိုး ဖယ်ထုတ်ခံလိုက်ရတယ်ပေါ့ “

လီတျယ်သည် လေးစားမှုများ၊ အံ့ဩတုန်လှုပ်မှုများ ပြည့်နှက်နေသော အကြည့်ဖြင့် ရှုကျိုးကို ကြည့်လာခဲ့သည် “ အစ်ကိုကြီး၊ မင်းက တော်တော်ကြမ်းတာပဲကွ “

သွေးကြောမှတ် ၁၅ခု ဖွင့်ထားသည့် ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ဦးသည် ရှုကျိုး၏ အနိုင်ပိုင်းခြင်းကို ခံလိုက်ရသည်။

၎င်းမှာ သူတို့ ဖယ်ထုတ်လိုက်သည့် ၁၉ခုမြောက် အသင်းဖြစ်သည်။

ကွင်းပြင်တစ်ခုလုံးတွင် ပထမဖြစ်သည်။

မည်သူကမှ သူတို့ကို မကျော်နိုင်ပေ။

လီတျယ်သည် ရှုကျိုးကို ကြည့်ကာ ဒူးထောက် ပူဇော်မိလုနီးပါး ဖြစ်နေခဲ့သည်။

ရှုကျိုးသည် သူအတွေးများကို လျစ်လျူရှုထားကာ ပေါ့ပေါ့ပါးပါး ပြောလာခဲ့သည် “ ဆက်လုပ်မယ် “

နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် ရှုကျိုးသည် အရှေ့ဘက်သို့ ထပ်မံ၍ ပြေးသွား‌တော့သည်။

လီတျယ်မှ သူ၏နောက်သို့ အမြန်လိုက်သွားတော့သည်။

…

မလှမ်းမကမ်းရှိ ရှားဟောက်ချန်း၊ ကျောက်ချီဖုန်းနှင့် တစ်ခြားလူများသည် ရှုကျိုး၏ နောက်ကျောကို လေးနက်နေသော အမူအရာများဖြင့် ကြည့်နေကြသည်။

“ အဲ့လူက ကြောက်ဖို့ကောင်းတဲ့ ပြိုင်ဘက်ပဲ “ ကျောက်ချီဖုန်းမှ ရေရွတ်ပြောဆိုလာခဲ့သည်။

လျူယောင်တုန်သည် သွေးကြောမှတ် ၁၅ခု ဖွင့်ထားသည့် လူများကြားထဲမှ ပထမဦးဆုံး ထုတ်ပယ်ခံလိုက်ရသည့် လူဖြစ်သည်။

သွေးကြောမှတ် ၁၅ခုကား အချိုးအကွေ့တစ်ခု ဖြစ်သည်။

သွေးကြောမှတ် ၁၀ခုကို ဖွင့်ရန်အတွက် အနည်းဆုံးအနေနှင့် တစ်လခွဲ(သို့) နှစ်လအထိ အချိန်ယူရပေသည်။

သွေးကြောမှတ် ၁၅ခုအတွက်ကား သုံးလအချိန်ယူရမည် ဖြစ်သည်။

လူသစ်အများစုသည် သွေးကြောမှတ် ၁၀ခုအောက်သာ ဖွင့်ထားနိုင်ကြပြီး၊ တစ်ချို့သည် မကြာခင်မှ အဆင့်တက်လာကြသည့် ပထမအဆင့် သိုင်းပညာရှင်လေးများ ဖြစ်သည်။

သွေးကြောမှတ် ၁၅ခုကို ဖွင့်ထားခြင်းသည် လွန်ခဲ့သောသုံးလကတည်းက ပထမအဆင့်သို့ ရောက်ရှိနေပြီဟု ဆိုလိုနေခြင်း ဖြစ်သည်။

ကွမ်ဟန် သိုင်းပညာ တက္ကသိုလ်သို့ ရောက်လာကြသည့် လူအားလုံးသည် ထိပ်တန်း ပါရမီရှင်များဖြစ်ပြီး၊ တစ်ခြားလူများကို တစ်လခန့် ဦးဆောင်ထားနိုင်ခြင်းကပင် အံ့ဩဖွယ်ကောင်းနေခဲ့ပြီ ဖြစ်သည်။

၎င်းသည် ပြိုင်ဘက်ကင်းသော ကျင့်ကြံရေး အမြန်နှုန်းဖြင့် ငယ်စဥ်ကတည်းက နိုင်ငံတစ်ဝှမ်းလုံးတွင် ထိပ်တန်းဖြစ်နေခဲ့ခြင်းကို ဆိုလိုသည်။

ကျောက်ချီဖုန်းနှင့် ရှားဟောက်ချန်းတို့သည် ထိုကဲ့သို့သော လူမျိုး ဖြစ်သည်။

ယခင်က ရှုကျိုးမှ အဖွဲ့ ဆယ့်၁၈ဖွဲ့ကို ဖယ်ထုတ်လိုက်ခြင်းသည် သူတို့အတွက် ကလေးကစားသည်နှင့် တူညီနေခဲ့သည်။

သို့သော် ယခုတွင်ကား လျူယောင်တုန်ပါ ဖယ်ရှားခံလိုက်ရပြီ ဖြစ်သောကြောင့် သူတို့သည် ရွေးချယ်စရာ မရှိတော့ဘဲ ၎င်းကို အလေးအနက် ထားလာရပြီ ဖြစ်သည်။

ထိုအခိုက်အတန့်တွင် ကျောက်ချီဖုန်းသာလျှင် မဟုတ်ဘဲ ရှားဟောက်ချန်းကပါ ရှုကျိုး၏ နောက်ကျောကို တစ်ခြားတစ်ဖက်မှ စိုက်ကြည့်နေလျက်ရှိသည်။

“ အဲ့လူက ကျောင်းဂိတ်ပေါက်ဝမှာတုန်းက တွေ့ခဲ့တဲ့ လူမလား? “

ရှားဟောက်ချန်းသည် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည် “ ထူးဆန်းတယ်၊ သူက ငါ့ကို ရင်းနှီးတဲ့ ခံစားချက်တစ်ခုကို ပေးနေခဲ့တယ်၊ ဒါပင်မဲ့ ငါက သူနဲ့ မတွေ့ဖူးဘူးဆိုတာ သိသာပါတယ် “

“ အဲ့တာများ ……….. “

တစ်စုံတစ်ခုကို တွေးမိသွားပြီး ရှားဟောက်ချန်း၏ မျက်လုံးများ ရုတ်တရက် ကျဥ်းမြောင်းသွားခဲ့သည်။

ခွန်ပန်နည်းစနစ်လား?

ရှုကျိုးလား?

သို့သော် အဆိုပါ ဖြစ်နိုင်ခြေသည် သူ့အား ပို၍ မယုံကြည်နိုင် ဖြစ်သွားစေခဲ့သည်။

ကျောင်းကျိုးကဲ့သို့ နေရာသေးသေးလေးမှ ပါရမီရှင်တစ်ဦးသည် အရှေ့ပိုင်းနဲ့ တောင်ပိုင်းပြည်နယ်တို့၏ ထိပ်တန်း ပါရမီရှင်များကို မည်ကဲ့သို့ ယှဥ်နိုင်လိမ့်မည်နည်း?

ထိုကဲ့သို့သော ဖြစ်ရပ်မျိုးသည် တစ်ကြိမ်တစ်ခါမှ မဖြစ်ပေါ်လာခဲ့ဖူးချေ။

ထို့အပြင် ရှုကျိုးပြသခဲ့သည့် စွမ်းအားသည် သွေးကြောမှတ် ၁၅ခုထပ် သိသိသာသာ မြင့်မားနေခဲ့သည်။

ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက သူသည် လျူယောင်တုန်ကို အလွယ်တကူ အနိုင်ယူနိုင်ခဲ့မည် မဟုတ်ပေ။

“ တကယ်လို့ အဲ့လူသာ ဖြစ်နေမယ်ဆိုရင်တော့ …… “ ရှားဟောက်ချန်းသည် တစ်ကိုယ်တည်း တွေးတော စဥ်းစားနေခဲ့သည် “ ကျောင်းကျိုးကတော့ တကယ်ကို နာမည်ကြီးလာတော့မှာပဲ …… ဒါပင်မဲ့ အဲ့တာက ရှားမိသားစုအတွက်လည်း ကောင်းချီးတစ်ခု ဖြစ်သွားလိမ့်မယ် “

ထိုအချိန်တွင် ရှားဟောက်ချန်း၏ စိတ်ခံစားချက်များ ရှုပ်ထွေးသွားခဲ့သည်။

…

ထိုစဥ် နံရံများပေါ်၌

ချင်ဖုန်း၏ မျက်နှာသည် တလက်လက် တောက်ပနေခဲ့သည် “ လျူတျန်မု၊ ကြည့်ရတာတော့ မင်းရဲ့ ဝမ်းကွဲက အဲ့လောက်ကြီးလည်း မဟုတ်ပါဘူးကွာ၊ ဟုတ်တယ်မလား? “

လျူတျန်မု၏ အမူအရာမှာလည်း သိပ်ကောင်းမနေခဲ့ပေ။

“ ဒီသောက်ရူးကတော့ !! “ တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်တွင် သူသည် မနေနိုင်တော့ဘဲ ကျိန်ဆဲလာခဲ့သည်။

ချင်ဖုန်းသည် ထိုစကားကို မငြင်းပယ်လိုက်ပေ၊ လျူယောင်တုန်သည် တကယ့် အရူးဖြစ်သည်။

“ တကယ်လို့ သူကသာ လျှောက်အော်မနေဘူးဆိုရင် ရှုကျိုးက သူ့နောက်ကို လိုက်ချင်မှ လိုက်မှာ “

ချင်ဖုန်းမှ လှောင်ပြောင်လာခဲ့သည် “ ဒါပင်မဲ့ အဲ့သောက်ပေါလေးကတော့ ရှုကျိုးကို တိုက်ခိုက်ဖို့အတွက် တစ်ခြားလူတွေကိုပါ စည်းရုံးနေခဲ့တယ် “

“ အခုတော့ ကြည့်စမ်းပါဦး၊ အကူအညီ မရတဲ့အပြင် ဆွဲဖြဲပါ ခံလိုက်ရတယ် “

“ လျူမိသားစုက ကျရှုံးနေပြီပဲ “ ချင်ဖုန်းသည် သူ၏ဦးခေါင်းကို ခါ၍ စနောက်လာခဲ့သည် “ ဝင်ခွင့်စာမေးပွဲလေးတောင် မအောင်ဘူးကွာ “

လျူတျန်မုသည် မည်သည့်စကားမှ မပြောလာခဲ့သော်လည်း အလွန်စိတ်ပျက်သွားခဲ့သည်။

ဤသည်မှာ လျူမိသားစု၏ တိုက်ရိုက်မျိုးဆက်တစ်ဦးက ဝင်ခွင့်စာမေးပွဲကို မအောင်မြင်သည့် ပထမဦးဆုံး အကြိမ်ဖြစ်သည်။

ထိုကဲ့သို့သော အခြေအနေမျိုးသည် ယခင်နှစ်များအတွင်းက မည်သို့မျှ မဖြစ်ပွားခဲ့သော ဖြစ်ရပ်တစ်ခုဖြစ်သည်။

အရှေ့ပိုင်းပြည်နယ်ရှိ မိသားစုကြီးတစ်ခု ဖြစ်သည့်အလျောက် လျူမိသားစုမှ တိုက်ရိုက်မျိုးဆက်တိုင်းသည် ဂရုတစိုက် ပြုစုပျိုးထောင်ခံခဲ့ရပြီး၊ ငယ်စဥ်ကတည်းက ရွယ်တူများထပ် သာလွန်နေခဲ့သည်။

လျူယောင်တုန်ကို ဥပမာယူပါလေ၊ သူ့အား ထိပ်တန်းပါရမီရှင်တစ်ဦးအဖြစ် သတ်မှတ်နိုင်လေသည်။

သူ၏အသက်အရွယ်ဖြင့် ပထမအဆင့်သို့ ရောက်ရှိနေကာ သွေးကြောမှတ် ၁၅ခု ဖွင့်ထားနိုင်ခြင်းသည် ရွယ်တူများစွာထပ် အပြတ်အသက် သာလွန်နေခဲ့ပြီ ဖြစ်သည်။

သို့သော် ……

“ ဟမ့် “

လျူတျန်မုသည် ပေါ့ပေါ့ပါးပါး လှောင်ပြောင်လာခဲ့သည် “ ဒီရှုကျိုးက ငါ့ကို တကယ် အံ့ဩသွားစေခဲ့တယ်၊ ဒါပင်မဲ့ သူက လျူယောင်တုန်ကို အကြာကြီး လိုက်ဖမ်းနေခဲ့ရတာလေ၊ အခုဆိုရင် သူက တော်တော်လေး ပင်ပန်းနေလောက်ပြီ ဟုတ်တယ်မလား? “

“ စက်ရုပ် ၃၀၀ရောက်လာတဲ့ အချိန်ကျရင် သူက တိုက်ခိုက်နိုင်ဦးမှာလား? “

လျူတျန်မုသည် ဆော့ကစားလိုသည့် အပြုံးတစ်ခုကို ထုတ်ဖော်ပြသလာခဲ့သည် “ သူကရော သူ့ရဲ့ အသင်းဖော်ကို စွန့်ပစ်လိုက်မှာလား? “

ချင်ဖုန်းသည် စကားမပြောလာခဲ့ပေ၊ သူသည်လည်း ၎င်းကို အသေအချာ မသိပေ။

စာမေးပွဲပြီးဆုံးရန်အတွက် မိနစ် ၂၀အထိ အချိန်ကျန်နေသေးသည်။

ချင်ဖုန်းသည် သိပ်မကြာခင်မှာပဲ စက်ရုပ် အခု ၃၀၀ ပေါ်လာလိမ့်မည်ဟု မှန်းဆမိနေခဲ့သည်။

အဲ့ဒီအချိန်ကျရင် ရှုကျိုးက တောင့်ခံနိုင်ပါ့မလား?

တကယ်လို့ သူက သူ့ရဲ့ အဖွဲ့သားကို စွန့်ပစ်မယ်လို့ ရွေးချယ်လိုက်မယ်ဆိုရင် …….

ချင်ဖုန်းသည် စိတ်ရှုပ်ထွေးနေသော ခံစားချက်ဖြင့် မျက်မှောင်ကြုတ်နေတော့သည်။

…

ထိုအချိန်၌ ရှုကျိုးသည် ကွင်းပြင်ထဲတွင် ဆက်တိုက် ရွေ့လျားသွားလာနေခဲ့သည်။

ဓားအလင်းတန်းများ တောက်ပနေကာ အဖွဲ့ပေါင်းများစွာ ရှင်းထုတ်ခံနေခဲ့ရသည်။

၂၀၊ ၂၁၊ ၂၂ ………..

ရှုကျိုး၏ ဓားသည် မြှောက်လိုက် ကျလိုက်ဖြစ်နေလျက်ရှိပြီး၊ သူ့ကြောင့်ပင် တစ်ဖွဲ့ပြီး တစ်ဖွဲ့ ထုတ်ပယ်ခံနေခဲ့ရသည်။

တိုက်ပွဲကွင်းပြင်၌ တစ်ခြားလူများသည် အပြင်းအထန် တိုက်ပွဲဝင်နေလျက်ရှိသည်၊ ထို့အတူ ထိပ်တန်း ပါရမီရှင်များမှာလည်း တစ်ခြားအဖွဲ့များကို ဖယ်ထုတ်ရှင်းလင်းနေခဲ့သည်။

………………………………………………………………………………………………

All Chapters