ဂိုဏ်းနှစ်ခု၏ မဟာမိတ်ဖွဲ့ခြင်း နှင့် ဂိုဏ်းတံခါး ဖွင့်လှစ်ခြင်း။
Vol. 12 Ch. 180
တောင်ပိုင်းနယ်စပ် သူတော်စင်မလေးသည် စကားမဆိုခဲ့ပေ..။ သူမ၏ အကြည့်များမှာမူ သိသိသာသာပင် အေးစက် တည်မာသွား၏..။ ထိုအခိုက်၊ မြွေအဘွားက အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး ဆိုသည်..။
“နင်တို့က သေပြီလို့ ပြောရုံနဲ့...ငါတို့က ယုံရမယ်... ဒီလိုလား...။ ...တကယ် ဟုတ်၊ မဟုတ် ဘယ်သူက သိနိုင်မှာတဲ့လဲ...။ ...ပြီးတော့... တကယ်လို့ ဒီလူက သေသွားခဲ့တယ် ဆိုဦးတော့... ခင်ဗျားတို့ မိစ္ဆာဂိုဏ်းမှာ... ဒီအဆိပ်စွမ်းအားကို ပိုင်ဆိုင်တဲ့ တခြားလူတွေ ရှိနေမလား... ဘယ်သူက အတပ်သိနိုင်မှာလဲ...”
ဤသို့ အရေးကြီးသော အခိုက်အတန့်တွင်... မိမိတို့၏ အမှားကို ဝန်ခံရန်မှာ သဘာဝအတိုင်း မဖြစ်နိုင်တော့ပေ..။ သို့မဟုတ်ပါက... လာမည့် စေ့စပ်ညှိနှိုင်းမှုများတွင်... အလွန်အမင်း... လက်အောက်ကျသော အခြေအနေသို့... ရောက်ရှိသွားပေလိမ့်မည်..။
ထို့အပြင်... ဤကိစ္စသည်... မြွေအဘွားနှင့် အနည်းငယ် ပတ်သက်နေသည်...။ ...နောက်ဆုံးတော့... သူမသည်... အဆိပ်စွမ်းအားကို... ရှာဖွေ... တွေ့ရှိခဲ့သူ... ဖြစ်ပြီး... ယခု... လူမှား... သွားသည်ဟု... ပြောလိုက်ပါက... သူမတွင်... တာဝန်... ရှိသွားပေလိမ့်မည်...။
'သရဲ မျက်နှာဖုံး' သည်... မြွေအဘွားအား... လျစ်လျူရှုလိုက်ပြီး... တောင်ပိုင်းနယ်စပ် သူတော်စင်မလေးကိုသာ... စူးစိုက်ကြည့်လျက်... စကားဆက်လေသည်...။
“သူတော်စင်မလေးက... ဒီစွမ်းအားကို... ကျုပ်တို့ မြင့်မြတ်တဲ့ ဂိုဏ်းတော်က... အကြီးအကဲ ဝမ်ရဲ့... သီးသန့် စွမ်းအားတစ်ခု ဖြစ်တယ်လို့... ခွဲခြား သတ်မှတ်ပြီးမှတော့... သူ... အစစ်အမှန်သိုင်းဂိုဏ်းကို... တစ်ခေါက်... သွားရောက်ခဲ့ဖူးတာကိုလည်း... သိထားသင့်ပါတယ်...။ ...အဲ့ဒီ တစ်ခေါက်ကလွဲရင်... သူ... သူ့ကိုယ်သူ... ဘယ်တုန်းကမှ... လူသိမခံခဲ့ဖူးဘူး...”
“အဲ့ဒီ... သွားရောက် လည်ပတ်မှု... အတွင်းမှာပဲ... အကြီးအကဲ ဝမ်... ကျဆုံးသွားခဲ့တာပါ...။ ...ကျုပ်တို့မှာ... ခင်ဗျားတို့ကို... လိမ်လည် လှည့်ဖြားစရာ... အကြောင်း... မရှိပါဘူး...။ ...အခြေအနေက... အခု... အရမ်း ရှင်းလင်းနေပါပြီ...။ ...တစ်စုံတစ်ယောက်က... အကြီးအကဲ ဝမ်... အဖြစ်... ဟန်ဆောင်ပြီး... ခင်ဗျားတို့ရဲ့... ချင် ပြည်နယ် အခြေစိုက်စခန်းကို... ဖျက်ဆီးခဲ့တာ...။ ...ကျုပ်တို့ကြားထဲမှာ... သွေးကြွေးတစ်ခု... ဖြစ်လာအောင်... တမင်တကာ... လှုံ့ဆော်ခဲ့တာ...။ ...ကျုပ်တို့သာ... ဒီအတိုင်း... ဆက်ပြီး... ရန်ဖြစ်နေမယ်ဆိုရင်... တခြားသူတွေ... အတွက်ပဲ... အကျိုးရှိသွားစေလိမ့်မယ် နော်...”
သူ၏ ရှင်းလင်းချက်အား ကြားလိုက်ရသော အခါလူတိုင်း၏ မျက်လုံးများတွင်... အေးစက်သော... အလင်းရောင်များ... ပေါ်ထွက်လာပြီး... လှည့်ဖြားခံရခြင်း... အပေါ်... ဒေါသများ ဆူပွက်သွားကြသည်..။
ချင်ယွင်၏ နှလုံးသားသည်... တုန်ခါသွား၏..။
...'သရဲ မျက်နှာဖုံး' က... ကောင်းကင်ဘုံလူသား ငါးယောက်... အစစ်အမှန်သိုင်းဂိုဏ်းကို... ညဘက်... ဝင်တိုက်ခဲ့သည့်... အဖြစ်အပျက်... နှင့်... အကြီးအကဲ ဝမ်... ပါဝင်ပတ်သက်ခဲ့ပုံကို... ထပ်မံ... ထည့်သွင်း...ပြောကြားလိုက်သော
ကြောင့်... ဖြစ်သည်...။ ...သူ...... သိစိတ်အရ ခံစားလိုက်မိသည်မှာ...
ဤကိစ္စသည်... အစစ်အမှန်သိုင်းဂိုဏ်းနှင့်... ပတ်သက်နေနိုင်သည်... ဟူ၍...။
...ဒါက... ချင်ယွင်.. မြင်တွေ့လိုသည့်... အရာ... မဟုတ်ခဲ့ပါ...။ ...မိစ္ဆာဂိုဏ်း... နှင့်... တောင်ပိုင်းနယ်စပ် မဟာမိတ်အဖွဲ့... ကဲ့သို့သော... ဧရာမ... အဖွဲ့အစည်းကြီးများ... ကြားတွင်... ညပ်နေရခြင်းသည်... လုံးဝ... ကောင်းသော... အရာ... မဟုတ်ပေ...။
တောင်ပိုင်းနယ်စပ် သူတော်စင်မလေးသည်... နောက်ဆုံးတွင်... စကား... ပြောလာခဲ့သည်...။ ...သူမ၏... နူးညံ့သော... မျက်ခုံးများကို... ပင့်လိုက်ရင်း...
“ဒါပေမဲ့... ကျွန်မတို့... ကြားထားတာက... ရှင်တို့ရဲ့... လေးစားရပါသော... ဂိုဏ်းတော်က... အကြီးအကဲ ဝမ်...။ ...'မြို့စောင့်မြောက်ပိုင်းဘုရင်' ... လက်ထဲကနေ... အသက်ရှင်... လွတ်မြောက်... သွားခဲ့တယ်... ဆို...”
ဤအကြောင်းကို... ပြောမိသည်နှင့်... 'သရဲ မျက်နှာဖုံး' သည်... ချက်ချင်းပင်... အနည်းငယ်... စိတ်တိုသွားဟန်... ပေါက်သွား၏..။
“ဟွန်း...။ ...'မြို့စောင့်မြောက်ပိုင်းဘုရင်' က... သိပ်ကို... ကောက်ကျစ်... လှတယ်...။ ...အကြီးအကဲ ဝမ်ကို... ပြင်းပြင်းထန်ထန်... ဒဏ်ရာ... ရအောင်... လုပ်ပြီးတဲ့နောက်... သူက... ပေါ်ပေါ်တင်တင်... လိုက်မရှာဘဲ... တိတ်တဆိတ်... နောက်ယောင်ခံ... လိုက်ခဲ့တာ...။ ...အကြီးအကဲ ဝမ်... အမောဖြေနေတုန်း..ရုတ်တရက်... ဝင်တိုက်ပြီး... ရက်ရက်စက်စက်... သတ်ပစ်လိုက်တာပဲ...။ ...ကျုပ်တို့... အဲ့ဒီတုန်းက... တောင်တန်းတွေ... ကြားထဲမှာ... သူ့ရဲ့... မူပိုင်...အစွမ်းထက်... သိုင်းကွက်... 'ကောင်းကင်ကို ဖိနှိပ်ခြင်း လက်သီးသိုင်း'ရဲ့... ခြေရာလက်ရာတွေ... ရှာတွေ့ခဲ့တယ်လေ...”
“ခင်ဗျားတို့... မယုံဘူး... ဆိုရင်... ကျုပ်နဲ့... အတူ... လိုက်ပြီး... စစ်ဆေး... ကြည့်နိုင်တယ်...”
မြွေအဘွား၏... မျက်လုံးများသည်... လေးလံ... သွားပြီး ပြောလာသည်...။
“နင်... ဆိုလိုတာက... 'မြို့စောင့်မြောက်ပိုင်းဘုရင်' ... က... ဒီအကြံကို... အကောင်အထည်... ဖော်ခဲ့တယ်... ပေါ့...။ ...ဒါပေမဲ့... သူက... အကြီးအကဲ ဝမ်ရဲ့... သီးသန့်... အဆိပ်စွမ်းအားကို... ဘယ်လိုလုပ်... ပိုင်ဆိုင်နိုင်မှာလဲ...။ ...ချင်းပြည်နယ်... အခြေစိုက်စခန်းက... စွမ်းအား... ခြေရာတွေက... အတု... ဖြစ်နိုင်စရာ... အကြောင်း... မရှိဘူး...”
သူမ... အနည်းငယ်... သံသယ... ရှိနေဆဲ... ဖြစ်သော်လည်း... သူမ၏... နှလုံးသားက... အများစုကို.. ယုံကြည်သွားခဲ့ပြီ... ဖြစ်သည်...။
...မိစ္ဆာဂိုဏ်းက... အကြီးအကဲ ဝမ်... ကျဆုံးသွားသည့်... နေရာသို့... လိုက်ကြည့်ရန်... အဆိုပြု... လာခဲ့သည်ကို... ထောက်ရှု... ၍... ဖြစ်သည်...။ ...အချိန်... ဤမျှ... ကြာမြင့်သွားခဲ့ပြီ... ဖြစ်သော်လည်း... သူတို့... သူမအား... လိမ်ညာနေခြင်း... ဟုတ်၊ မဟုတ်... သူမ... ဆုံးဖြတ်နိုင်သေးသည်...။
'သရဲ မျက်နှာဖုံး' သည်... သက်ပြင်းကို... ခပ်ပြင်းပြင်း... ရှိုက်ထုတ်လိုက်သည်...။
“အခု... ကြည့်ရတာတော့... ဒီလို... ဖြစ်နိုင်လောက်ပါတယ်...။ ...ဖြစ်နိုင်တာက... 'မြို့စောင့်မြောက်ပိုင်းဘုရင်' က... အကြီးအကဲ ဝမ်ကို... သတ်ပြီးတဲ့နောက်... အကြီးအကဲရဲ့...မူပိုင်အစွမ်းထက်...... သိုင်းကွက်ကို... ရသွားခဲ့တာ...။ ...ပြီးတော့... အဲ့ဒါကို... အသုံးချပြီး... ကျုပ်တို့ကြားထဲ... ပဋိပက္ခ... ဖြစ်အောင်... လှုံ့ဆော်ခဲ့တာ...။ ...ဘာပဲပြောပြော...ကျုပ်တို့သာ... သေရေးရှင်ရေး... တိုက်ပွဲ... စ... ဖြစ်ခဲ့ရင်... အပျော်ဆုံး... ဖြစ်နေမှာက... 'မဟာယန်' ပဲ... ဖြစ်လိမ့်မယ်...”
'သရဲ မျက်နှာဖုံး’သည်... အမှန်တရားနှင့်... နီးစပ်လာပြီဟု... ခံစားလိုက်ရသည်...။
ချင်ယွင်၏... မျက်လုံးများ... တောက်ပ... သွားသည်...။
...သူ့မှာ... အခြား... သံသယတွေ... ရှိနေသေးသော်လည်း... ၎င်းတွင်... အစစ်အမှန်သိုင်းဂိုဏ်း... ပါဝင်... ပတ်သက်နေသည်ဟု... ခံစားမိသောကြောင့်... ထုတ်ဖော်... ပြောဆိုရန်... ဆန္ဒ... မရှိခဲ့ပါ...။
...'သေစမ်း... ငါ့ဂိုဏ်းကို... လွှဲပြောလို့... မဖြစ်ဘူး...။ ...ငါ... ဘာမှ... မသိချင်ယောင်... ဆောင်ထားမှ'...။
သို့သော်... တောင်ပိုင်းနယ်စပ် သူတော်စင်မလေးသည်... ဖြည်းညင်းစွာ... ခေါင်းခါလိုက်ပြီး... ဆိုသည်...။
“မဟုတ်ဘူး...။ ...ဖြစ်နိုင်တာက... ကျွန်မတို့... တွေးခေါ်ပုံ... ပြောင်းသင့်တယ်...”
သူမစကားကြောင့် လူတိုင်း... ကြောင်... အ... သွားကြသည်...။
ထို့နောက်မှာတော့... သူတို့သည်... တောင်ပိုင်းနယ်စပ် သူတော်စင်မလေး၏... မိုးကြိုး... ပစ်ချလိုက်သကဲ့သို့သော... စကားလုံးများကို... ကြားလိုက်ရတော့သည်...။
“အကြီးအကဲ ဝမ်ကို... သတ်ခဲ့တဲ့... 'မြို့စောင့်မြောက်ပိုင်းဘုရင်' ... ကလည်း... အတု... တစ်ယောက်... ဖြစ်နေခဲ့မယ်... ဆိုရင်ရော...”
'သရဲ မျက်နှာဖုံး' ၏... မျက်ဝန်းများသည်... ပြင်းထန်စွာ... ကျုံ့ဝင်... သွားတော့သည်...။
တောင်ပိုင်းနယ်စပ် သူတော်စင်မလေးသည်... သူမ၏... သွယ်လျသော... ကျောက်စိမ်း... လက်ချောင်းလေးများဖြင့်... စားပွဲခုံကို... စည်းချက်ကျကျ... ခေါက်နေရင်း...
“ဒီလို... တွေးကြည့်ရအောင်...။ ...တခြားသူတွေရဲ့... စွမ်းအားတွေကို... တုပ... အတုခိုးရာမှာ... အလွန်အမင်း... ကျွမ်းကျင်တဲ့... လူ... တစ်ယောက်... ရှိတယ်... ဆိုပါစို့...။ ...ပြီးတော့... သူ့ရဲ့... အစွမ်းက... အလယ်အလတ်တန်းစား... ဒါမှမဟုတ်... ကောင်းကင်ဘုံလူသား အဆင့်စာရင်းရဲ့... ထိပ်ပိုင်း... နားမှာ... ရှိနေတယ်...။ ...သူက... အကြီးအကဲ ဝမ်ကို... သတ်ဖို့... 'မြို့စောင့်မြောက်ပိုင်းဘုရင်' ... အဖြစ်... အရင်ဆုံး... ဟန်ဆောင်... ခဲ့ပြီး... ...အဲ့ဒီနောက်... 'အကြီးအကဲ ဝမ်' ... အဖြစ်... ဟန်ဆောင်ပြီး... ကျုပ်တို့ရဲ့... ချင်းပြည်နယ်... အခြေစိုက်စခန်းကို... ဖျက်ဆီး... သွားခဲ့တာ... ဆိုရင်... ဖြစ်နိုင်ခြေ... အလွန်... များတယ်...”
“ပြီးတော့... ဒီလို... လူ... တစ်ယောက်က... 'မဟာယန် တော်ဝင်နန်းတော်' ... ကနေ... လာတာ... ဖြစ်နိုင်သလို... တခြား... နေရာတွေကနေ... လာတာလည်း... ဖြစ်နိုင်တယ်...”
သူမ.က.. အရိပ်အမြွက်... ထောက်ပြလိုက်သည်...။
'သရဲ မျက်နှာဖုံး' သည်... ချက်ချင်း... သဘော... ပေါက်သွားပြီး... လေးနက်စွာ... ဆိုသည်...။
“သူတော်စင်မလေး... ဆိုလိုတာက... 'အစစ်အမှန်သိုင်းဂိုဏ်း' ... ကို... လား...”
ထိုအခါ တောင်ပိုင်းနယ်စပ် သူတော်စင်မလေးသည်... ဖြည်းညင်းစွာ... ခေါင်းညိတ်လိုက်သည်...။
“ဟုတ်တယ်...။ ...အကြီးအကဲ ဝမ်က... အစစ်အမှန်သိုင်းဂိုဏ်းကို... ဖျက်ဆီးဖို့... သွားခဲ့ရင်း... တိုက်ခိုက်... ခံခဲ့ရတာ...။ ...အကျိုးအမြတ်... ရှုထောင့်ကနေ... ကြည့်ရင်... အစစ်အမှန်သိုင်းဂိုဏ်းက... သံသယ... ရှိစရာ... အကောင်းဆုံးပဲ...။ ..ရှင်တို့... သူတို့ရဲ့... အစွမ်းသတ္တိ... ကြောင့်... ဒီအချိန်... တစ်လျှောက်လုံး... သူတို့ကို... လျစ်လျူရှု... ထားခဲ့ကြတာ...။ ...ပွင့်ပွင့်လင်းလင်း... ပြောရရင်... ကျွန်မတို့ရဲ့... တောင်ပိုင်းနယ်စပ်... ချင်းပြည်နယ်... အခြေစိုက်စခန်း... ပျက်စီးသွားတာကလည်း... အစစ်အမှန်သိုင်းဂိုဏ်းနဲ့... ဆက်စပ်နေခဲ့တာပဲ...”
“တိုက်ရိုက်... သက်သေ... မရှိပေမဲ့... ဒီလို... ထူးဆန်းတဲ့... အဖြစ်အပျက်တွေက... အစစ်အမှန်သိုင်းဂိုဏ်းနဲ့... ထပ်ခါ... ထပ်ခါ... ဆက်စပ်... နေတာက... သူတို့ကို... သံသယ... မဝင်ဘဲ... နေဖို့... ခက်ခဲ... စေတယ်...”
ချင်ယွင်သည်... သူ၏... ခေါင်းကို... အနည်းငယ်... ငုံ့ထားလိုက်သည်...။
...သူ၏... ရင်ထဲတွင်... အရိပ်မည်းကြီး... တစ်ခု... ဖုံးလွှမ်းသွားပြီး... သူ၏... လက်များကို... လက်အင်္ကျီ... အတွင်း၌... ကျစ်ကျစ်ပါအောင်... ဆုပ်ထားလိုက်မိ၏..။
...'မဖြစ်ဘူး...။ ...ဒါ... တကယ်ကြီး... ဆရာ့ဂိုဏ်းကို... ပစ်မှတ်ထား... နေကြပြီ...။ ...ငါ... ဘာလုပ်ရမလဲ...။ ...ငါ... ဘာမှ... ဝင်ပြောလို့... မဖြစ်ဘူး'...။
မြွေအဘွားက... အနည်းငယ်... တွန့်ဆုတ်သွားသည်...။
“ဒါပေမဲ့... အဲ့ဒီနေ့က... ကျုပ်တို့... 'ကောင်းကင်ဘုံဓားသခင်' ရဲ့... ဓားစိတ်ဆန္ဒကို... ကိုယ့်မျက်စိနဲ့... တပ်အပ်... တွေ့ခဲ့ရတာပါ...။ ...သူက...အစစ်အမှန်... ဓားသမား... တစ်ယောက်ပါ...”
တောင်ပိုင်းနယ်စပ် သူတော်စင်မလေးက... မေးခွန်း... ထုတ်လိုက်သည်...။
“ဒါက... တခြား... တစ်ယောက်... ဖြစ်ခဲ့မယ်... ဆိုရင်ရော...။ ...အစစ်အမှန်သိုင်းဂိုဏ်းမှာ... 'ကောင်းကင်ဘုံဓားသခင်' ... တစ်ယောက်တည်းပဲ... ရှိရမယ်လို့... ဘယ်... စည်းမျဉ်းကမှ... မပြောထားဘူးလေ...။ ...ဖြစ်နိုင်တာက... နောက်ကွယ်မှာ... ပုန်းကွယ်နေတဲ့... ပိုပြီး... အစွမ်းထက်တဲ့... ပညာရှင်... တစ်ယောက်... ရှိနေနိုင်တာပဲ...”
လူတိုင်း... ဤ... အတွေးအခေါ်... အပေါ်... စဉ်းစား... တွေးတော... နေကြသည်...။ ...သူတို့... တွေးလေလေ... ပိုပြီး... ဖြစ်နိုင်ခြေ... ရှိလာသလို... ထင်လာလေလေ... ဖြစ်သည်...။
“ကျွန်မ.. အစစ်အမှန်သိုင်းဂိုဏ်းကို... အရင်က... သံသယ... ဝင်ခဲ့ဖူးပေမဲ့... နောက်ပိုင်း... ပယ်ချ... လိုက်မိတယ်...။ ...ဒါပေမဲ့... အခု...ရှင်... ပြောသမျှ... အရာတွေနဲ့... ပေါင်းစပ်... လိုက်တဲ့အခါ... အစစ်အမှန်သိုင်းဂိုဏ်း... အပေါ်... သံသယ... ဝင်စရာက... ပိုပြီး... တိုးလာခဲ့ပြီ...”
“'မြို့စောင့်မြောက်ပိုင်းဘုရင်' ... ခြေရာ... လမ်းကြောင်းကို... စုံစမ်း... နေတာကို... ကျွန်မတို့... လက်မလွှတ်နိုင်ဘူး...။ ...ဒါပေမဲ့... အလားတူပဲ... အစစ်အမှန်သိုင်းဂိုဏ်းကိုလည်း.. လျစ်လျူရှု... ထားလို့... မဖြစ်တော့ဘူး...”
တောင်ပိုင်းနယ်စပ် သူတော်စင်မလေး၏... အသံသည်... ခန်းမဆောင်ကြီး... အတွင်း၌... ရှင်းလင်းစွာ... ပဲ့တင်... ထပ်သွားသည်...။
'သရဲ မျက်နှာဖုံး' သည်... သက်ပြင်း... ခပ်ဖွဖွ... ချလိုက်ပြီး... လက်ခုပ်... တီးလိုက်မိသည်...။
“တောင်ပိုင်းနယ်စပ်ရဲ့... အနာဂတ်... ခေါင်းဆောင်... ဆိုတာနဲ့... ထိုက်တန်ပါပေတယ်...။ ...ဒီလောက်... အသေးစိတ်ပြီး... ထက်မြက်တာ...။ ...တကယ်... မျက်စိ... ဖွင့်ပေးလိုက်တာပဲ...။ ...သူတော်စင်မလေး...ကျုပ်တို့... မြင့်မြတ်တဲ့ ဂိုဏ်းတော်မှာ... မွေးဖွား... မလာခဲ့တာ... တကယ်... နှမြောစရာ... ကောင်းပါတယ်...”
ဤသို့... ပြောလိုက်ရင်း... သူသည်... တစ်ချိန်လုံး... နှုတ်ပိတ်နေခဲ့သော... ချင်ယွင်အား... အနည်းငယ်... မကျေမနပ်... ဖြစ်ဟန်ဖြင့်... လှမ်းကြည့်လိုက်လေ၏..။
...'ဒီ သောက်ကလေး...။ ...သူတော်စင်မလေးလောက်တောင်... အသုံးမကျဘူး...။ ...ငါ... သူ့ကို... နေရာ... ပေးထားတာ... တန်ရော... တန်ရဲ့လား'...။
...ဤ... သံတမန်ရေးရာ... အပြန်အလှန်... ဖလှယ်မှု... အားလုံးကို... အဓိကအားဖြင့်... တောင်ပိုင်းနယ်စပ် သူတော်စင်မလေးကသာ... ဦးဆောင်... သွားခဲ့ခြင်း... ဖြစ်သည်...။
“သူတော်စင်မလေးရဲ့... ရှုထောင့်... အတိုင်းဆိုရင်... ကျုပ်တို့... ဘာ... ဆက်လုပ်သင့်လဲ...”
သူ့မေးခွန်းအား တောင်ပိုင်းနယ်စပ် သူတော်စင်မလေးက... ခပ်ဖွဖွ... ပြုံးလိုက်သည်...။
“စီနီယာ ‘သရဲ မျက်နှာဖုံး' ... ဂိုဏ်းချုပ်... ကိုယ်တိုင်... စိတ်ကူးတစ်ခု... ရှိနေပြီးသား... မဟုတ်ဘူးလား...။ ...မဟာမိတ်... ဖွဲ့ကြတာပေါ့ရှင့်...”
“အရင်က... အဖြစ်အပျက်တွေကို... 'မဟာယန်' က... စီစဉ်... ခဲ့တာဆိုရင်... ကျွန်မတို့... သဘာဝအတိုင်း... ပူးပေါင်းပြီး... လက်တုံ့ပြန်ရမှာပေါ့...။ ...တကယ်လို့... ဒါက... အစစ်အမှန်သိုင်းဂိုဏ်းရဲ့... လက်ချက်... အမှန်... ဖြစ်နေခဲ့တယ်... ဆိုရင်တော့... အခွင့်အရေး... ရှာပြီး... အစစ်အမှန်သိုင်းဂိုဏ်းကို... အတူတူ... ဖျက်ဆီး... ပစ်ကြမယ်...။ ...ပြီးမှ... 'မဟာယန်' ကို... ပူးတွဲ... ခုခံ... ကြတာပေါ့…”