အစစ်အမှန်သိုင်း မျိုးဆက်သစ် နှင့် မူလအမြုတေ နယ်ပယ်သို့ တက်လှမ်းခြင်း။
Vol. 12 Ch. 176
သူ... တခြားသူတွေကို အပြစ်မတင်ပါ...။ ...အရာအားလုံးက... သူ့အမှားနှင့် သူသာ ဖြစ်သည်...။
သူ သက်ပြင်းတစ်ချက်ကို ခပ်ပြင်းပြင်း ရှိုက်ထုတ်လိုက်သည်..။
ချင်ယွင်သည် အခြားသော သတင်းအချက်အလက် အပိုင်းအစများကို လှန်လှော ကြည့်ရှုလိုက်၏..။
...ကောင်းကင်ဘုံလူသား အဆင့်စာရင်းကို အသစ်ပြင်ဆင်ပြီး... စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်က အဆင့် သုံးဆယ့်ခြောက်မှာ ရပ်တည်နေတယ်...။
...မိုးကြိုးတုန်ဟီး ဓားမအရှင်က စိန်ခေါ်ခဲ့ပေမဲ့... စစ်မှန်သူ ကောင်းကင်ဘုံဓားသခင် လက်ထဲမှာ ကြေမွသွားခဲ့တယ်...။
...ပြီးတော့ သူက... အစစ်အမှန်သိုင်း ဓားကျောက်စာတိုင်ကို တည်ထောင်ခဲ့တယ်...။ ...ဖြစ်နိုင်တာက... စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်ဟာ... ကောင်းကင်ဘုံလူသား အဆင့်စာရင်းရဲ့ ထိပ်ဆုံး အယောက်နှစ်ဆယ် စာရင်းဝင် အစွမ်းကို ပိုင်ဆိုင်ထားတာလား...။
...ပြီးတော့ အစ်ကိုကြီးက... ဂိုဏ်းချုပ် ဖြစ်လာခဲ့ပြီ...။
...
ချင်ယွင်သည် အစီရင်ခံစာများကို တစ်ခုပြီးတစ်ခု ဖတ်ရှုနေရင်း... သူ၏ မျက်ခွံများက... အဆက်မပြတ်... တွန့်ကနဲ တွန့်ကနဲ ဖြစ်နေသည်..။
နောက်ဆုံးတွင်... သူသည်... ညစ်ညမ်းသော လေပူတစ်လုတ်အား မှုတ်ထုတ်လိုက်ရာ..အစောပိုင်း စိုးရိမ်ပူပန်မှုများစွာကို... သက်သာရာ ရသွားစေခဲ့သည်..။
တစ်နှစ်ကျော်ကြာပြီးမှ... အစစ်အမှန်သိုင်းဂိုဏ်း၏ သတင်းကို... ပြန်လည် ကြားသိရခြင်း ဖြစ်ပြီး... ၎င်းသည်... မိမိ ထင်ထားသည်ထက်... ပို၍ ကောင်းမွန်နေခဲ့၏..။
စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်၏... မထင်မှတ်ထားသော... အစွမ်းသတ္တိကြောင့်... မိစ္ဆာဂိုဏ်းသည်... အစစ်အမှန်သိုင်းဂိုဏ်းကို... လွယ်လွယ်ကူကူ... ပစ်မှတ်ထားနိုင်တော့မည် မဟုတ်...။
...ထို့အပြင်... ယခုအခါ... အစစ်အမှန်သိုင်းဂိုဏ်း၏ နောက်ကွယ်တွင်... မြို့စောင့်မြောက်ပိုင်းဘုရင်၏... အရိပ်အယောင်များပါ... ထပ်မံ ရှိနေခဲ့ပြီ...။
ချင်ယွင်၏ ရင်ထဲ၌... အနည်းငယ်... စိတ်ပျက် အားငယ်သလို... ခံစားလိုက်ရသည်..။
အစစ်အမှန်သိုင်းဂိုဏ်း... တစ်ဆင့်ပြီးတစ်ဆင့်... ကြီးထွားလာသည်ကို... မြင်တွေ့နေရသော်လည်း... သူကိုယ်တိုင်က... ၎င်း၏... အစိတ်အပိုင်း တစ်ခု... မဟုတ်ခဲ့ပါတကား...။
သူ၏ မျက်ခုံးများ... တွန့်ချိုးသွားပြီး... သူ၏ မျက်နှာအမူအရာသည်... ရုတ်တရက်... အေးစက် တည်မာသွားသည်..။
တံခါးဖွင့်သံ ထွက်ပေါ်လာပြီး... 'သရဲ မျက်နှာဖုံး' ... အတွင်းသို့... ခြေချ ဝင်ရောက်လာခဲ့ခြင်းတည်း..။
ချင်ယွင်... ရိုသေစွာ... မတ်တပ်ရပ်လိုက်သည်...။
“ဒုတိယ ဂိုဏ်းချုပ် 'သရဲ မျက်နှာဖုံး' ကို... ဂါရဝပြုပါတယ်...”
'သရဲ မျက်နှာဖုံး' က... သူ၏ လက်ကို ဝှေ့ယမ်းလိုက်၏..။
“ဟီးဟီး..”
သူ၏ ရယ်သံမှာ... အနည်းငယ်... နိမ့်ကျပြီး... နက်ရှိုင်းနေသည်...။
“မင်း... အခု... သူတော်စင် ဆက်ခံသူ အတွက်... ရွေးချယ်သူလောင်း... ဖြစ်နေပြီပဲ...။ ...ငါ့ကို တွေ့တဲ့အခါ... အရင်လို... ပြုမူနေစရာ... မလိုတော့ပါဘူး...”
ချင်ယွင်၏ အတွင်းစိတ်က... တည်ငြိမ်နေသော်လည်း... သူ၏ မျက်နှာအမူအရာကမူ... လေးနက်သွားသည်...။
“စည်းကမ်း အရ... လုပ်ဆောင်ရမယ့် အရာတွေကိုတော့... ပစ်ပယ်လို့ မဖြစ်ပါဘူး...။ ...ဒုတိယ ဂိုဏ်းချုပ်ရဲ့... လမ်းညွှန်မှုသာ မရှိခဲ့ရင်... ချင်ယွင်... ဒီနေ့... ဒီလို အခွင့်အရေးတွေ... ရလာမှာ မဟုတ်ပါဘူး...။ ...ကျွန်တော်သာ... သူတော်စင် ဆက်ခံသူ... ဖြစ်လာခဲ့ရင်တောင်... ဒုတိယ ဂိုဏ်းချုပ်ရဲ့... ကျေးဇူးတရားတွေကို... အမြဲတမ်း... အမှတ်ရနေမှာပါ...”
'သရဲ မျက်နှာဖုံး' က... ပြုံးလိုက်သည်...။ သူ၏ မျက်လုံးများထဲတွင်... ကျေနပ်မှု အရိပ်အယောင်တစ်ခု... ယှက်သန်းသွား၏..။
...သူသည်... စားပွဲပေါ်မှ... စာရွက်စာတမ်းများကို... လှမ်းကြည့်လိုက်ပြီး... ဘာရယ်မဟုတ်... ပေါ့ပေါ့ဆဆ... မေးလိုက်သည်...။
“အစစ်အမှန်သိုင်းဂိုဏ်းရဲ့... သတင်းအချက်အလက်တွေကို... ဖတ်နေတာလား...”
ထိုမေးခွန်းအား ကြားလိုက်ရသောအခါ ချင်ယွင်၏... နှလုံးသားသည်... ဒိတ်ခနဲ... ခုန်သွား၏..။ ...သူက... သဘာဝကျကျ... ပြန်လည် ဖြေကြားလိုက်သည်...။
“ဟုတ်ကဲ့...။ ...သွေးမိစ္ဆာကန်မှာ... တစ်နှစ်ကျော်ကြာ... နေခဲ့ရတဲ့... အတောအတွင်းမှာ... ဒုတိယ ဂိုဏ်းချုပ်ရဲ့... ညွှန်ကြားချက်တွေကို... မေ့ပစ်ဖို့... တစ်ခါမှ... မတွေးဝံ့ခဲ့ပါဘူး...”
ဆက်ခံသူ 'သရဲ မျက်နှာဖုံး' သည်... ချင်ယွင်အား... ခဏမျှ... စိုက်ကြည့်နေပြီးမှ... ရုတ်တရက်... အားရပါးရ... ရယ်မော
လိုက်တော့သည်...။
“မြင့်မြတ်တဲ့ ဂိုဏ်းတော်က... အခု... အစစ်အမှန် သိုင်းဂိုဏ်းအပေါ်... ထားရှိတဲ့... သဘောထားကို... ပြောင်းလဲဖို့... ဆုံးဖြတ်ချက် အသစ်တစ်ခု... ချမှတ်လိုက်ပြီ...”
ချင်ယွင်က... စကား... မပြောသေး...။
'သရဲ မျက်နှာဖုံး' က... သူ့ဘာသာသူ... ဆက်လက် ပြောနေသည်...။
“မင်း... အခု... ရွေးချယ်သူလောင်း... သူတော်စင် ... သုံးယောက်ထဲက... တစ်ယောက်... ဖြစ်နေပြီ...။ ...ဒါပေမဲ့... 'ရွေးချယ်သူလောင်း' ဆိုတဲ့... စကားလုံးကို... ဖယ်ရှားပစ်နိုင်မလား... ဆိုတာကတော့... ကမ္ဘာနဲ့ ချီပြီး... ကွာခြားသွားနိုင်တယ်...။ ...မင်းရဲ့... အဓိက ပြိုင်ဘက်တွေက... အခု... ရှန်ထျန်းရှင်းရဲ့... အုပ်စုက... 'ယဲ့ခွမ်' ... နဲ့... ဒုတိယ အကြီးအကဲရဲ့... အုပ်စုက... 'ဝေ့လိုင်' ... တို့ပဲ...”
“မင်းမှာ... မဟာအကြီးအကဲရဲ့... မျက်နှာသာပေးမှု... ရှိနေပေမဲ့... မင်းရဲ့... အခြေခံအုတ်မြစ်က... တိမ်လွန်းတယ်...။ ...ရာထူးအတွက်... ယှဉ်ပြိုင်ဖို့ဆိုရင်... မင်း... သိသိသာသာ... ကြီးမားတဲ့... အောင်မြင်မှုတွေ... ရအောင်... လုပ်ဖို့ လိုအပ်တယ်...”
“ပထမဆုံး အနေနဲ့... မင်းသာ... အစစ်အမှန်သိုင်းဂိုဏ်းကို... ငါတို့... မြင့်မြတ်တဲ့ ဂိုဏ်းတော်ရဲ့... လုပ်ငန်းတွေမှာ... ပါဝင်လာအောင်... စည်းရုံး သိမ်းသွင်းနိုင်ခဲ့မယ်ဆိုရင်... ဒါဟာ...မနည်းတဲ့ ပံ့ပိုးမှုကြီး... ဖြစ်လာလိမ့်မယ်...။ ...မြင့်မြတ်တဲ့ ဂိုဏ်းတော်က... စစ်မှန်သူ ကောင်းကင်ဘုံဓားသခင် နဲ့... အစစ်အမှန်သိုင်း ဓားကျောက်စာတိုင်ကို... အလွန်အမင်း... အလေးထားနေကြတာ...”
ပြောပြောဆိုဆိုပင်... 'သရဲ မျက်နှာဖုံး' က... ချင်ယွင်၏... ပခုံးကို... ပုတ်လိုက်သည်..။
သို့သော်... ချင်ယွင်သည်... သူ၏ မျက်လုံးများကို... ပုတ်ခတ် ပုတ်ခတ်... လုပ်လိုက်ပြီးနောက်... အနည်းငယ်မျှသာ... ခေါင်းညိတ်ပြလိုက်ပြီး... 'ကျွန်တော်... အစွမ်းကုန်... ကြိုးစားကြည့်ပါ့မယ်...' ဟု... ဆိုလိုက်လေ၏..။
...သို့သော်... သူ၏... ရင်ထဲမှာတော့... သိနေခဲ့သည်...။
...ဒါ... လုံးဝ... မဖြစ်နိုင်ဘူး... ဆိုတာကို...။
သူ နားလည်ထားသည်...။ ...သူ့ဆရာက... မိစ္ဆာဂိုဏ်းကို... ဘယ်တော့မှ... သစ္စာခံမှာ... မဟုတ်ဘူး... ဆိုသည်ကို...။
ထိုစဉ် 'သရဲ မျက်နှာဖုံး' က... ဆက်လက် ပြောသည်...။
“ဒုတိယ အချက်က... မင်း... လင်ရွှယ်ရွှမ်ရဲ့... အုပ်စုထဲက... ကြားနေ ပုဂ္ဂိုလ်တွေကို... စည်းရုံးဖို့... လိုအပ်တယ်...။ ...သူ့သမီး... လင်ရူဟွာကို... မင်း... သိတယ်မလား...။ ...မင်းသာ...ရူဟွာရဲ့... မျက်နှာသာပေးမှုကို... ရယူနိုင်ခဲ့ရင်... လင်ရွှယ်ရွှမ်... မင်းကို... ထောက်ခံဖို့... ခက်ခဲတော့မှာ... မဟုတ်ဘူး...။ ...ငါ... ဒီအကြောင်းကို... လင်ရွှယ်ရွှမ်နဲ့... အကြိမ်အနည်းငယ်... ဆွေးနွေးခဲ့ပြီးပြီ...။ ...သူလည်း နည်းနည်း...သဘောတူခဲ့တယ်...။ ...ဒါကတော့... မင်းရဲ့... အရည်အချင်းတွေ အပေါ်မှာ... မူတည်နေပြီ...”
ထိုသို့ကြားသိလိုက်ရသောအခါ ချင်ယွင်သည်... အနည်းငယ်... အံ့အားသင့်သွားပြီး... ခေါင်းညိတ်လိုက်သည်...။
“ကျွန်တော်... ကြိုးစားကြည့်ပါ့မယ်...”
“ဒါ့အပြင်... မင်း... သာမန် အချိန်တွေမှာ... ပိုပြီးတော့... စွမ်းဆောင်ရည်တွေ... ပြသဖို့... လိုအပ်တယ်...။ ...အခြေခံအုတ်မြစ်... တိမ်တဲ့အတွက်... မင်း... ပိုပြီးတောင်... ကြိုးစား အလုပ်လုပ်ဖို့... လိုအပ်လိမ့်မယ်…”
ဟု 'သရဲ မျက်နှာဖုံး' က... ထပ်မံ မှာကြားလိုက်သည်...။
“ဒုတိယ ဂိုဏ်းချုပ်ရဲ့... အကြံဉာဏ်တွေအတွက်... ကျေးဇူးတင်ပါတယ်...”
ချင်ယွင်က... သူ၏... ကျေးဇူးတင်မှုကို... ဖော်ပြလိုက်သည်..။
...ဖြစ်နိုင်လျှင်... သူသည်... သဘာဝအတိုင်း... မိစ္ဆာဂိုဏ်း၏... သူတော်စင် ဆက်ခံသူ... ဖြစ်ချင်မိသည်...။
...အကြောင်းမူကား... ၎င်းက... သူ့အား... ပိုမို များပြားသော... အရင်းအမြစ်များကို... ရရှိစေနိုင်ပြီး... ဒဏ္ဍာရီလာ... သိုင်းသူတော်စင်... တစ်ပါး... ဖြစ်လာရန်... အခွင့်အလမ်းကိုပင်... ရရှိစေနိုင်သောကြောင့်တည်း...။
လက်ရှိတွင်... အစစ်အမှန်သိုင်းဂိုဏ်း၏... အောင်မြင်မှုကို... မျှော်လင့်နေခြင်းအပြင်... ချင်ယွင်၏... အကြီးမားဆုံး... ပန်းတိုင်မှာ... အဆက်မပြတ်... ပိုမို... အားကောင်းလာရန်... ဖြစ်သည်...။
...သူသည်... အမြဲတမ်း... ပြိုင်ဆိုင်လိုစိတ်... ပြင်းထန်သူ... ဖြစ်သည်...။ ...မဟုတ်လျှင်... သူ၏... သက်တမ်း တစ်ခုလုံးကို... သွေးမိစ္ဆာကန်ထဲတွင်... လောင်းကြေးထပ်ခဲ့မည်... မဟုတ်ပေ...။
“စကားမစပ်... မကြာသေးခင်က... ကိစ္စတစ်ခု... ရှိနေတယ်...။ ...မင်း... ငါနဲ့အတူ... လိုက်ပြီး... ဖြေရှင်းပေးတာ... အကောင်းဆုံးပဲ...”
ထိုစကားအား ပြောဆိုသောအခါ'သရဲ မျက်နှာဖုံး' ၏... အကြည့်သည်... တဖြည်းဖြည်း... အေးစက်လာသည်...။
“အရင်က... တောင်ပိုင်းနယ်စပ် မဟာမိတ်အဖွဲ့က... ငါတို့ကို... အကြောင်းပြချက်... မရှိဘဲ... တိုက်ခိုက်ခဲ့တယ်...။ ...ဒါပေမဲ့... အခု... ငါတို့... မြင့်မြတ်တဲ့ ဂိုဏ်းတော်ရဲ့... နက်ရှိုင်းတဲ့... အမြစ်အမြစ်တွေ... နဲ့... ပြင်းထန်တဲ့... လက်တုံ့ပြန်မှုတွေကို... တွေ့ကြုံခံစားလိုက်ရပြီးတဲ့နောက်မှာ... သူတို့က... ထိုင်ပြီး... စေ့စပ်ညှိနှိုင်းဖို့... သတင်းစကား... ပို့လာခဲ့တယ်...”
သူသည်... အဖြစ်အပျက်၏... နောက်ခံ သမိုင်းကြောင်းကို... အတိုချုံး... ရှင်းပြလိုက်ပြီး... ထပ်ဖြည့်လိုက်သည်...။
“ဒီကိစ္စက... ထူးဆန်းနေတယ်...။ ...တောင်ပိုင်းနယ်စပ် မဟာမိတ်အဖွဲ့နဲ့... သေခြင်းရှင်ခြင်း... တိုက်ပွဲတွေ... ဖြတ်သန်းပြီးတဲ့နောက်... ငါတို့... တခြား တစ်စုံတစ်ယောက်ရဲ့... ထောင်ချောက်ထဲကို... ကျသွားသလို... ခံစားနေရတယ်...။ ...ဒီ စေ့စပ်ညှိနှိုင်းမှုက... အဓိက... အကြောင်းရင်းကို... ရှာဖွေဖို့... အကောင်းဆုံး... အခွင့်အရေးပဲ...။ ...တောင်ပိုင်းနယ်စပ် မဟာမိတ်အဖွဲ့က..မိုက်မိုက်မဲမဲ.... ပြုမူခဲ့ပေမဲ့... ငါတို့က... တခြားသူတွေကို... ဘာအကျိုးအမြတ်မှ... အလကား... ရသွားအောင်တော့... ခွင့်ပြုလို့... မဖြစ်ဘူး...”
ချင်ယွင်သည်... ဖြည်းညင်းစွာ... ခေါင်းညိတ်လိုက်ပြီး... ပြန်လည် ဖြေကြားလိုက်သည်...။
“တောင်ပိုင်းနယ်စပ်က... သူတော်စင်မလေးလား...။ ...ကျွန်တော်လည်း... တွေ့ဖူးချင်မိပါတယ်...”
...
နင်ချီသည်... သူက... အကြီးအကဲ ဝမ် အဖြစ်... ဟန်ဆောင်ပြီး... ချင်းပြည်နယ်ရှိ... တောင်ပိုင်းနယ်စပ် မဟာမိတ်အဖွဲ့၏... အခြေစိုက် စခန်းကို... ရှင်းလင်း သုတ်သင်ခဲ့ခြင်းက... အင်အားစု နှစ်ခုကြား... ကြာရှည်သော... သွေးကြွေးတစ်ခုကို... ဖြစ်ပေါ်စေခဲ့ပြီး... ယခုအခါ... သူတို့... စေ့စပ်ညှိနှိုင်းရန်... စဉ်းစားနေကြသည်အထိ... ဖြစ်သွားသည်ကို... မသိရှိသေးပေ...။
...သူ့မှာ... တက်ရောက်ရန်... ပို၍... အရေးကြီးသော... ကိစ္စရပ်များ... ရှိနေခဲ့သည်...။
လွန်ခဲ့သော... လဝက်ခန့်က...။ သူသည်... သူ၏... ဒသမမြောက်... သွေးကျောက်စမ်း ဆေးလုံးကို... သောက်သုံးခဲ့ပြီး... ဖြစ်သည်...။
ယခု...။ သူသည်... နောက်ဆုံးတွင်... သူ၏... ကန့်သတ်ချက်သို့... ရောက်ရှိသွားခဲ့ပြီ... ဖြစ်သည်...။
...ဘုန်း... ဘုန်း...။
နင်ချီ၏... အတွင်းပိုင်းမှ...ပေါက်ကွဲသံ... သဲ့သဲ့... ထွက်ပေါ်လာသည်...။ ...အကယ်၍သာ... သူက... တိတ်ဆိတ်ခြင်း သိုင်းနည်းစနစ်ကို... အသုံးပြုပြီး... ၎င်းကို... ဖုံးကွယ်မထားခဲ့ပါလျှင်... ယိုစိမ့် ထွက်ပေါ်လာသော... မည်သည့်... အရှိန်အဝါကမဆို... ပတ်ဝန်းကျင်ရှိ... လူများကို... ထိတ်လန့်... တုန်လှုပ်သွားစေမည်... ဖြစ်သည်...။
နင်ချီသည်... မိမိကိုယ်ကို... အတွင်းမှ... စူးစမ်း လေ့လာလိုက်သည်...။ ကျောက်စိမ်းအရည် ပင်လယ်သည်... အဆုံးအစ မရှိ... ကျယ်ပြန့်နေသယောင်...။
...ဒန်တျန်ကို... ပြည့်လျှံနေပြီး... အလွန်အမင်း... နက်ရှိုင်းကာ... အောက်ခြေကိုပင်... မြင်နိုင်စွမ်း... မရှိ...။ ...ပေါ့ပေါ့ဆဆ... လှုပ်ရှားမှုတိုင်းသည်ပင်... ကြီးမားလှသော... စွမ်းအားများဖြင့်... လိုက်ပါ... ဖြစ်ပေါ်နေသည်...။
နင်ချီ... စဉ်းစား... သုံးသပ်လိုက်သည်...။ ...သူ၏... လက်ရှိ အခြေအနေတွင်... သူသည်... ကောင်းကင်ဘုံလူသား အဆင့်စာရင်းမှ... ထိပ်ဆုံး ဆယ်ယောက်... အမြီးပိုင်းနှင့်... နှိုင်းယှဉ်နိုင်သော... အစွမ်းသတ္တိကို... သံသယဖြစ်ဖွယ်... မရှိ... ပိုင်ဆိုင်ထားပြီ... ဖြစ်သည်...။ ဤ... အရေအတွက်... ပြောင်းလဲမှု... ဖြစ်စဉ်အတွင်း... သူ၏... အစွမ်းသတ္တိသည်လည်း... သိသိသာသာ... တိုးတက်လာခဲ့သည်...။
...ယခုမူ... အရည်အသွေး... ပြောင်းလဲမှု... တစ်ခု... ဖြစ်ပေါ်ရန်... နီးကပ်နေပြီ... ဖြစ်သည်...။
တာအိုရှာဖွေခြင်း ကျောင်းတော်... အတွင်း၌... နင်ချီ... တစ်ဦးတည်းသာ... ရှိနေသည်...။
သူ... တင်ပလ္လင်ခွေ... ထိုင်နေစဉ်... ဉာဏ်အလင်း လက်ဖက်ပင်မှ... အညွန့် အဖူးလေးများသည်... သင်းပျံ့သော... ထူးခြားသည့်... ရနံ့တစ်ခုကို... ထုတ်လွှတ်နေပြီး... ၎င်းက... နင်ချီ၏... စိတ်အခြေအနေကို... ပိုမို... တည်ငြိမ်... အေးချမ်းသွားစေသည်...။
“ပြောင်းဲလမယ်...”
...အတွေးတစ်ချက်ဖြင့်... အရာအားလုံး... နေရာတကျ... ဖြစ်သွားလေပြီ...။
ဒန်တျန်... အတွင်း၌...။
...တစ်ချိန်က... မြင့်မားစွာ... တည်ရှိနေခဲ့သော... "နေမင်းကြီး" သည်... ကြေမွ... ပျက်စီးသွားပြီး... ပြုတ်ကျသွားကာ... ချီစွမ်းအင်များက... ပင်လယ်ကြီး... အတွင်းသို့... ပြန်လည်... ဝင်ရောက်သွားတော့သည်...။