တာအို ဝါဒ၏ နဝမမြောက်ဂိုဏ်း... သို့တည်းမဟုတ်... အသုံးချခံ ကစားစရာတစ်ခု...။
Vol. 12 Ch. 178
~သိုင်းသူတော်စင် နယ်ပယ်နှင့် ပတ်သက်လာလျှင်... နင်ချီတွင်... အခုလက်ရှိ... ဘာ အယူအဆမှ မရှိသေးပါ...။ ...ဂန္ထဝင် ကျမ်းစာပေါင်းများစွာထဲတွင်... သိုင်းသူတော်စင်အကြောင်း မှတ်တမ်းတင်ထားတာက... အလွန်အမင်း... ရှားပါးလှသည်...။
...ရရှိနိုင်သော... သတင်းအချက်အလက်... အစအနလေးများကလည်း... မရှင်းမလင်း... ရှုပ်ရှုပ်ထွေးထွေးတွေချည်း...။
...ဒါကြောင့်... နင်ချီအတွက်... သိုင်းသူတော်စင် တစ်ယောက်၏... အစွမ်းသတ္တိကို... ခန့်မှန်းကြည့်ဖို့... လုံးဝ... မဖြစ်နိုင်ဘူး ဖြစ်နေသည်...။
ဒါက... ကောင်းကင်ဘုံလူသားနယ်ပယ်နှင့်... လုံးဝ... ကွာခြားနေ၏..။ ...ကောင်းကင်ဘုံလူသား အဆင့်စာရင်းက... ထိပ်ဆုံး... ပညာရှင် သုံးယောက်ကို... သူ... တစ်ခါမှ... မမြင်ဖူးသေးပေမဲ့... အနည်းဆုံးတော့... သူ့စိတ်ထဲမှာ... ယေဘုယျ... အကြမ်းဖျင်း... သဘောတရား တစ်ခုတော့... ရှိနေပါသေးသည်...။
...ဘာပဲပြောပြော... သာမန်လူတွေအတွက်... ကောင်းကင်ဘုံလူသားနယ်ပယ်၏... ကန့်သတ်ချက်က... ဒီလောက်ပါပဲ...။
...အနှစ်သာရ၊ ချီစွမ်းအင် နှင့် စိတ်ဝိညာဉ်... ပန်းသုံးပွင့်... ပြည့်စုံခြင်းကို... ရောက်ရှိပြီး... သိုင်းပညာ လျှို့ဝှက်သိုင်းနည်းစနစ် တချို့ကို... ကျွမ်းကျင်သွားရုံနှင့်... ကံကြမ္မာကို... အများကြီး... ဆန့်ကျင် ဖီဆန်ဖို့... မဖြစ်နိုင်ဘူးလေ...။
...သတိထားတဲ့ အနေနဲ့... ငါ... ကောင်းကင်ဘုံလူသားနယ်ပယ်မှာ... ခရီးတစ်ခုလောက်ထိ... လျှောက်လှမ်းပြီးတော့မှ... သိုင်းသူတော်စင် တစ်ယောက်နဲ့... ယှဉ်ပြိုင် တိုက်ခိုက်ဖို့... စဉ်းစားသင့်တယ်...။
ခေါင်းကို ခါယမ်းလိုက်ရင်း... နင်ချီသည်..သူ အတွေးလွန်နေပြီဟု... ခံစားလိုက်ရသည်..။
...အနည်းဆုံးတော့... အခုလောလောဆယ်... သိုင်းသူတော်စင် တစ်ယောက်၏... တည်ရှိမှုကို... အလွန်အကျွံ... စိုးရိမ်နေဖို့... မလိုအပ်သေးပါ...။ ...မဟာယန်၏... သိုင်းသူတော်စင်တွေတောင်... ရာစုနှစ်တစ်ခါလောက်မှ... တစ်ကြိမ်... ပေါ်လာတာ... မဟုတ်ပါလား...။
...သိုင်းသူတော်စင်သာ... ပေါ်မလာသရွေ့... သူ၏... လက်ရှိ... အစွမ်းသတ္တိနှင့်... အခြေခံအားဖြင့်... ရှုံးပွဲမရှိ... အနိုင်ယူလို့ မရနိုင်သူ... ဖြစ်နေပြီပဲ...။
နင်ချီက သူ၏... ရုပ်ခန္ဓာကိုယ်ကို... ဆက်လက်... ခံစားကြည့်လိုက်သည်...။
...မူလအမြုတေ နယ်ပယ်၏... အာဟာရ ဖြည့်တင်းမှု... တုံ့ပြန်ချက်ကို... ရရှိပြီးနောက်... ၎င်းသည်... နောက်ထပ်... အဆင့်တစ်ခု... တက်လှမ်းသွားခဲ့ပြန်ပြီ...။
..သာမန်... မူလအမြုတေ နယ်ပယ်... ကျင့်ကြံသူတွေ... ဒီအဆင့်ကို... ရောက်သည့်အခါ... တုံ့ပြန်ချက်တွေ... ရရှိကြတာ... မှန်ပေမဲ့... သူတို့၏... တုံ့ပြန်မှု... အကျိုး
သက်ရောက်မှုတွေက... ယေဘုယျအားဖြင့်... သာမန်လောက်ပင်...။
...အများဆုံး... စွမ်းအားကို... ခံနိုင်ရည်ရှိအောင်... ထိန်းသိမ်းထားသောအခါ အဆင့်လောက်ပဲ...။ ...သူတို့၏... တိုက်ခိုက်ရေး စွမ်းအား... အများစုက... ချီစွမ်းအင် ကနေပဲ... လာနေကြသည်သာ...။
...သို့သော်... နင်ချီကတော့... မတူညီပါလေ...။ ...ကျယ်ပြန့်လှသည့်... ချီစွမ်းအင် အနှစ်သာရတွေက... သူ၏... ရုပ်ခန္ဓာကိုယ်ကို... ကန့်သတ်ချက်တွေကို... အဆက်မပြတ်... ချိုးဖျက်စေခဲ့ပြီး... လွန်ခဲ့သော.. အချိန်အတော်ကြာကတည်းက... မယုံနိုင်စရာ... အဆင့်တစ်ခုကို... ရောက်ရှိနေခဲ့ပြီးလေပြီ...။ ...အနှစ်သာရ ပန်းပွင့်ကို... အထူးပြု... ကျင့်ကြသော... ဗုဒ္ဓဘာသာဂိုဏ်းက... 'ဝဇီရ' တွေတောင်...နင်ချီ့ကို... ယှဉ်နိုင်မှာ... မဟုတ်ပါ...။
နင်ချီ လက်သီးကို... ပေါ့ပေါ့ပါးပါး... ဆုပ်လိုက်သည်...။ ...ချီစွမ်းအင်ကို... မသုံးဘဲနှင့်တောင်... တောင်ကြီးတွေကို... ဖြိုချပစ်နိုင်သလို... ခံစားလိုက်ရ၏..။
ရုပ်ခန္ဓာ၏... အားကောင်းလာမှုသည်... အစွမ်းသတ္တိ... တိုးမြှင့်မှု... သက်သက်မျှသာ... မဟုတ်ပေ...။ ၎င်းသည်... လူ့ခန္ဓာကိုယ်၏... အခြေခံအုတ်မြစ်ကို... ကြွယ်ဝစေခြင်း... နှင့်... သက်စောင့်စွမ်းအင်... ကြီးထွားလာခြင်း... ဖြစ်သည်...။
သူ၏ သက်တမ်း... ထပ်မံ... တိုးလာသည်ကို... ခံစားမိပါသည်...။ ...ဖြစ်နိုင်တာက... နှစ်ပေါင်း... တစ်ထောင်ကျော်... သွားချေပြီ...။ ...ထူးထူးခြားခြား... ဖြစ်နိုင်တာက... ကောင်းကင်ဘုံလူသားနယ်ပယ်... တောင်မှ... ရောက်ရှိဖို့... ခက်ခဲသော.. အမြင့်တစ်ခု... ဖြစ်ပါလိမ့်မည်...။
...အရှင်းလင်းဆုံး... ထင်ရှားသည့်... သက်သေကတော့...။ ...သူ၏... ဉာဏ်အလင်း... စွမ်းရည်...။ ...သူ၏... လက်ရှိ... ဘဝ... စွမ်းအား... ကန့်သတ်ချက်မှာ... ထပ်မံ... မြင့်တက်လာခဲ့ပြန်ပြီ...။
...ဒီခံစားမှုက... တကယ်ကို... ကြက်သီးထစရာ... ကောင်းတာပဲ...။
နင်ချီက... ရိုးရိုးသားသား... ချီးကျူးလိုက်မိသည်..။ ...တိုက်ခိုက်ရေး စွမ်းအား... တိုးတက်လာသည်က... သာမန်... ကိစ္စလေးတစ်ခု...။ ...သူ့ကို... တကယ်... စွဲမက်စေတာက... အကြိမ်တိုင်း... ဘဝ၏... ကျော်လွန်မှုကို... ခံစားရသည်ပင်...။ ...အဲ့ဒီကနေ... ရရှိသော... ကြည်နူး... ကျေနပ်မှု... ခံစားချက်က... မည်သည့်အရာနှင့်မှ... နှိုင်းယှဉ်၍... မရပါချေ...။
...နောက်... 'စိတ်ဝိညာဉ် သန့်စင်ခြင်း သိုင်းနည်းစနစ်' ကို... ပိုကောင်းအောင်... အာရုံစိုက်... လုပ်ဆောင်ရမည်...။ ...ဒါက... 'အသခ်ျေ ဖြစ်ရပ်ဆန်းကြယ် လျှို့ဝှက်မှတ်တမ်း' ထဲက... အကြောင်းအရာပဲ...။ ...အရင်ကတော့... ငါ... ဒါကို... ပြီးပြည့်စုံတယ်လို့... ခံစားခဲ့ရပေမဲ့... အခုတော့... တိုးတက်ဖို့... နေရာ... ရှိနေသေးတာကို... ငါ... မြင်နေရပြီ...။ ...'စိတ်ဝိညာဉ်' ကို... မူလအမြုတေ... ထဲကို... တစ်ဆင့်ပြီးတစ်ဆင့်... ပေါင်းစည်းထည့်သွင်းပြီး... ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားကို... အမှန်တကယ်... ထိန်းချုပ်နိုင်ဖို့... လိုတယ်...။
သူ၏ မျက်လုံးများတွင်... မျှော်လင့်ချက်များ... ယှက်သန်းနေသည်..။
..ယခု... 'ကောင်းကင်နှင့် လူသား... တစ်သားတည်း ဖြစ်ခြင်း' ... နှင့်... 'အမြုတေ အတု ကောင်းကင် ပေါင်းစည်းခြင်း သိုင်းနည်းစနစ်' ... လိုမျိုး... လျှို့ဝှက်သိုင်းနည်းစနစ်... အမျိုးမျိုးကို... သုံးနေပေမဲ့... ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားကို... အချိန်မတိုင်ခင်... ကြိုပြီး... မြင်တွေ့ခွင့်... ရခဲ့ပြီးပြီ...။ …
... နောက်ဆုံးတော့…ထိုအရာများက နည်းလမ်းအမျိုးမျိုးကနေ... ကြားခံ... လုပ်ဆောင်ပေးထားခြင်းပါ...။
...အမြဲတမ်း... ဖိနပ်ပေါ်ကနေ..ယားသည့် နေရာကို... ကုတ်နေရသလို... ခံစားချက်မျိုး... ပေးနေသည်လေ...။ (ဘာသာပြန်သူ မှတ်ချက်...။ "scratching an itch through boots" - 隔靴搔痒 (gé xuē sā yǎng) - တိုက်ရိုက် မထိရောက်ဘဲ သွယ်ဝိုက်သော နည်းလမ်းဖြင့်သာ လုပ်ဆောင်နိုင်၍ အားမလိုအားမရ ဖြစ်ရခြင်း။)
...သူကိုယ်တိုင်... ကောင်းကင်ဘုံလူသားနယ်ပယ်ကို... တကယ်... ခြေချ... ဝင်ရောက်သွားသည့် အခါ... ကောင်းကင်နှင့်မြေကြီး၏ စွမ်းအား... အနှစ်သာရကို... ရှင်းရှင်းလင်းလင်း... ထိတွေ့နိုင်မည်...။ ...ထိုအချိန်ကျမှ... ယခင်က... စမ်းသပ်ချက်တွေ... တွေးဆချက်တွေ... တချို့ကို... လုပ်ဆောင်ခွင့်... ရလိမ့်မည်...။ ...သိုင်းသူတော်စင် နယ်ပယ်နဲ့... ပတ်သက်၍လည်း... သူ့မှာ... စိတ်ကူးတချို့... ရှိနေလေပြီ...။ ...အတည်ပြု... စစ်ဆေးဖို့သာ.. စောင့်နေပါ၏...။
...ထိုမျှမက..... မူလ သွေးမျိုးဆက်... နှင့်... ဆယ်လေး (ကျွမ်းချန်) ရဲ့... မူလ ဓားအရိုး...။
၎င်းတို့အား ...ကောင်းကင်ဘုံလူသားနယ်ပယ်ကို... ရောက်ပြီးသည့်နောက်မှာ... ပိုပြီး... နက်နက်ရှိုင်းရှိုင်း... စူးစမ်း... လေ့လာမှုတွေ... လုပ်ကြည့်၍... ရနိုင်လောက်ပါသည်...။
နင်ချီ၏ နှုတ်ခမ်းများ... အနည်းငယ်... ကွေးတက်သွားသည်...။ ...သူ... မျက်လုံးများကို... ဖြည်းညင်းစွာ... မှိတ်လိုက်ပြီး... ဉာဏ်အလင်း လက်ဖက်ပင်... ဘေးတွင်... သူ၏... တွေးတောဆင်ခြင်မှုများကို... ဆက်လက်... ပြုလုပ်နေတော့သည်...။
...
အချိန်များ... တဖြည်းညင်းစွာ... ဖြတ်သန်းသွားသည်...။
လော့ဝမ်ထျန်း (အစ်ကိုကြီး) တို့... ဘက်က... တာအိုပြည်နယ်ကနေ... သတင်းအချက်အလက်... ပြန်ပို့လာသည်...။ ...အရာအားလုံး... ချောချောမွေ့မွေ့... ဖြစ်နေလေ၏...။ ...တကယ်တော့... မယုံနိုင်စရာ... ကောင်းလောက်အောင်... ချောမွေ့နေခဲ့ခြင်းပါ...။
ရှင်းနေသည်ပဲ...။ အစစ်အမှန်သိုင်းဂိုဏ်းက... လူတွေ... စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်... တစ်ယောက်က... ဆောင်ကြဉ်းလာသည့်... ဩဇာလွှမ်းမိုးမှုကို... အတော်လေး... လျှော့တွက်ထားခဲ့ကြခြင်းပါ...။
...စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်ဟာ... ကောင်းကင်ဘုံလူသား အဆင့်စာရင်း၏ ထိပ်ဆုံး... အယောက်နှစ်ဆယ် စာရင်းဝင်... အစွမ်းသတ္တိကို... ပိုင်ဆိုင်ထားသည်ဟု သံသယ... ရှိနေကြသည်...။
...ဒါ... ဘာအဓိပ္ပာယ်လဲ...။
...တာအို ဝါဒ၏... ဝှက်ထားသော... နက်နဲမှုတွေကို... ထည့်တွက်လျှင်တောင်... ဒါဟာ... တာအို ပညာရှင်တွေထဲမှာ... ထိပ်ဆုံး... ငါးယောက် စာရင်းထဲ... ဝင်ဖို့... လုံလောက်၏..။ ...မျက်နှာပြင်ပေါ်မှာ... ဆိုရင်တောင်... ထိပ်ဆုံး... သုံးယောက်ပဲ...။
...မည်သို့ဆိုစေကာမူ... ကောင်းကင်ဘုံလူသား အဆင့်စာရင်း၏... ထိပ်ဆုံး... အယောက်နှစ်ဆယ်မှာ... နေရာ... သုံးဆယ် ရာခိုင်နှုန်းလောက်က... မဟာယန်... တော်ဝင်နန်းတော်က... သိမ်းပိုက်ထားပြီးသား...။ ...ကျန်သည့်... သိုင်းဂိုဏ်းတွေကို... ခွဲဝေပေးလိုက်သည့် အခါ... ဘယ်လောက်များ... ရှိနိုင်မည်နည်း...။ ...မျက်နှာပြင်ပေါ်မှာ... တာအို ဝါဒမှာ... ကောင်းကင်ဘုံလူသား အဆင့်စာရင်း၏... ထိပ်ဆုံး... အယောက်နှစ်ဆယ် စာရင်းထဲမှာ... အားကောင်းသည့်... ပြိုင်ဘက်... နှစ်ယောက်ပဲ... ရှိလေ၏...။
ဤသို့သော... အခြေအနေများအောက်တွင်...။ စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်... တစ်ယောက်၏... အလေးချိန်သည်... သဘာဝအတိုင်း... လုံလောက်နေခဲ့သည်...။
...စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်၏... သက်တမ်းက... မရှည်ကြာတော့ဘူး... ဆိုလျှင်တောင်... အနည်းဆုံး... ဆယ်စုနှစ်... အနည်းငယ်... ကျန်နေသေသည်...။ ...ပြီးတော့... ဒီ... ဆယ်စုနှစ်တွေ... အတွင်းမှာ... တာအိုဂိုဏ်းတစ်ခု... အတွက်... ထိပ်တန်း အဆင့်... အနေအထားတစ်ခုကို... ထိန်းသိမ်းထားဖို့... မခက်ခဲလှပါ...။
...'အစစ်အမှန် နက်ရှိုင်း ဂိုဏ်း' ၏... ခိုင်မာတဲ့... ထောက်ခံမှုကို... ရရှိထားတာအပြင်...။ ...အစစ်အမှန်သိုင်းဂိုဏ်းကို... လောက၏... နဝမမြောက်... ထိပ်တန်း... တာအိုဂိုဏ်း... အဖြစ်... တိုက်ရိုက်... အသိအမှတ်... ပြုလိုက်ကြသည်...။
...လောက၏... ထိပ်တန်း... တာအိုဂိုဏ်းများ၏... အဆင့်ထဲကို... ဝင်ရောက်သွားခဲ့ပြီ...။
...ထို့အပြင်... လော့ဝမ်ထျန်း... ပြောထားသေးသည်က... အစစ်အမှန်သိုင်းဂိုဏ်း၏... တည်ထောင်မှု... သမိုင်း... တိုတောင်းတာ... နှင့်.. အလယ်အလတ်အဆင့်... အခြေခံအုတ်မြစ်... တိမ်တာကို... ထည့်မတွက်ဘူးဆိုလျှင်... နောက်ထပ်... နှစ်နေရာလောက်... တက်သွားနိုင်သေးတယ်...ဟူ၍ပင်...။
သို့သော်ငြား ယခုလို အခြေအနေမှာတောင်... သူတို့... အရမ်း... ကျေနပ်နေကြပါပြီ...။
စာထဲမှာ... လော့ဝမ်ထျန်းက... တိတ်တဆိတ်... ပြောထားသေးသည်...။
...တာအိုဆရာလုံရှန်း... အလွန်အမင်း... ဝမ်းမြောက်နေပြီး... ထူးထူးခြားခြား... သူ့ (လော့ဝမ်ထျန်း) ကို... သောက်ဖို့... ဆွဲခေါ်နေခဲ့တယ်တဲ့...။
...ဒါက... နင်ချီကို... အနည်းငယ်... ပြုံးမိစေပါသည်...။
...သူ့ဆရာရဲ့... နှစ်ရှည်လများ... ဆန္ဒကို... သူ...ကောင်းကောင်းကြီး... သိတာပေါ့...။
...အခုက... အစ... ပဲ... ရှိသေးတယ်...။ ...အစစ်အမှန်သိုင်းဂိုဏ်း... လောက၏... နံပါတ်တစ်... တာအိုဂိုဏ်း... ဖြစ်လာဖို့...။ ...ပြီးတော့... လောက၏... နံပါတ်တစ်... သိုင်းဂိုဏ်း... ဖြစ်လာဖို့... ဆိုတာ... အချိန်... ပဲ... လိုတော့တာ...။
နင်ချီလည်း... အလွန်... ကျေနပ်သွားသည်...။
...လောက၏... နဝမမြောက်... တာအိုဂိုဏ်း... ဖြစ်လာခြင်းဟာ... အပေါ်ယံ... ပုံပန်းသဏ္ဌာန်... အတွက်... သက်သက်... မဟုတ်ပါချေ...။
...လက်ဆုပ်လက်ကိုင်... ပြနိုင်သော... အကျိုးအမြတ်တွေ... ရှိနေခဲ့သည်...။
ပထမဆုံး... အချက်က... တာအိုကျမ်းစာများ...။ ...တာအို ဝါဒ၏... အစိတ်အပိုင်း... တစ်ခု... အဖြစ်...။ ...လောက၏... ထိပ်တန်း... တာအိုဂိုဏ်း... ကိုးခုက... တာအိုကျမ်းစာ... တချို့ကို... မျှဝေ... သုံးစွဲကြလိမ့်မည်...။ ...ထူးခြားသည့်... လျှို့ဝှက်... စုစည်းမှုတွေ... မရှိပေမဲ့... အရေအတွက်... သက်သက်... နှင့်တင်... အစစ်အမှန်သိုင်းဂိုဏ်း၏... ကျမ်းစာ... စုစည်းမှုကို... ကြီးမားစွာ... ကြွယ်ဝစေဖို့... လုံလောက်ပေသည်...။
...ထပ်ပေါင်း... ပြောရလျှင်... မြို့စောင့်မြောက်ပိုင်းဘုရင်... ကူးယူ... ပေးပို့လိုက်သည့်... တာအိုကျမ်းစာတွေလည်း... ရောက်နှင့်နေပြီ...။ ...နင်ချီ့ အထင်အရ... သူ... ကောင်းကင်ဘုံလူသားနယ်ပယ်... အဆင့်... အတွင်းမှာ... ဖတ်စရာ... တာအိုကျမ်းစာ... မရှိမှာကို... စိုးရိမ်စရာ... မလိုတော့ပါချေ..။
ယခုအခါ... တာအိုကျမ်းစာတွေကို... ပို... ပို... မြန်မြန်... ဖတ်နိုင်လာသည်..။
...ပထမ... အချက်က... နင်ချီ၏... ဉာဏ်အလင်းက... တည်ငြိမ်စွာ... မြင့်တက်နေ၍...။
...ဒုတိယ... အချက်က... သူ၏.. အခြေခံအုတ်မြစ်က... ပို... ပို... နက်ရှိုင်း... လာ၍...။
...ပြီးတော့... သူက... အပေါ်ယံ... နည်းနည်း... ဖြစ်သော... တာအိုကျမ်းစာ... တချို့၏... အနှစ်သာရကို... လျင်မြန်စွာ... နားလည်... သဘောပေါက်နိုင်ပြီး... သူ့ကိုယ်ပိုင်... အသုံးပြုနိုင်သည့်. စွမ်းရည်တွေ... အဖြစ်... ပြောင်းလဲပစ်နိုင်လေသည်..။
ဒုတိယ... အချက်ကတော့... ထိပ်တန်း... တာအိုဂိုဏ်းတွေ... ကြားက... အပြန်အလှန်... ဖလှယ်မှုများတည်း...။