တာအို ဝါဒ၏ နဝမမြောက်ဂိုဏ်း... သို့တည်းမဟုတ်... အသုံးချခံ ကစားစရာတစ်ခု...။
Vol. 12 Ch. 179
~အကယ်၍... အခက်အခဲ တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက... အခြား ထိပ်တန်း တာအိုဂိုဏ်းများက... လက်ပိုက်ကြည့်နေကြမည် မဟုတ်ပေ..။
သူတို့သည်... တိုက်ခိုက်ရေး နှင့် ခုခံရေး နှစ်ခုစလုံးတွင်... မဟာမိတ်များ ဖြစ်ကြရာ... ဤအချက်က... အစစ်အမှန်သိုင်းဂိုဏ်း၏ လုံခြုံရေးကို... နောက်ထပ် အဆင့်တစ်ခု... တိုးမြှင့်ပေးလိုက်သကဲ့သို့ ဖြစ်၏..။
ဟုတ်ပါသည်..။ အခြား တာအိုဂိုဏ်းများက... အစစ်အမှန်သိုင်းဂိုဏ်းအား... ထိပ်တန်း ဂိုဏ်းများ၏ အဆင့်ထဲသို့... ချောချောမွေ့မွေ့... ဝင်ရောက်ခွင့် ပြုလိုက်ကြခြင်းမှာ... ဤအချက်ကြောင့်... တစ်စိတ်တစ်ပိုင်း... ပါဝင်နေသည်...။
...စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်... တစ်ယောက်က... ပေးစွမ်းနိုင်သော... လုံခြုံရေးသည်... အလွန်... ကြီးမားလှသည် မဟုတ်ပါလား...။ ...သြဇာ သက်သက်... ခြိမ်းခြောက်မှု သက်သက်... အဖြစ်နှင့်ပင်... ၎င်းသည်... သိသာ ထင်ရှားသော... အမြတ်တစ်ခု... ဖြစ်နေခဲ့သည်...။
နင်ချီသည်လည်း... ဤအချက်ကို... သဘာဝအတိုင်း... သတိပြုမိပါသည်...။
...သူ့ကို... ဒိုင်းသဖွယ်... အသုံးချချင်နေကြတာပဲ' ... ဆိုသည့် အချက်ကိုပေါ့...။ ...သို့သော်... ကိစ္စမရှိပါ...။ ...ဒီအဆင့်မှာတော့... ဒီလိုမျိုး... အပေးအယူ လုပ်လိုက်ရတာက... အစစ်အမှန်သိုင်းဂိုဏ်း အတွက်... ပိုပြီး... တန်တန်ရာရာ... ဖြစ်နေသေးသည်...။
လော့ဝမ်ထျန်း (အစ်ကိုကြီး) တို့... ဘက်မှ... တာအိုပြည်နယ်သို့... ချောမွေ့သော... ခရီးစဉ်တစ်ခု... ဖြစ်နေသည်မှလွဲ၍... အစစ်အမှန်သိုင်းတောင်သည်လည်း... အရှိန်အဟုန်ဖြင့်... တိုးတက်နေခဲ့သည်...။
...ရှုံးရှီ (အစ်ကိုနှစ်) ... နှင့်... အသစ် ခန့်အပ်လိုက်သော... အကြီးအကဲများစွာတို့၏... ပူးပေါင်း ကြိုးပမ်းမှုများအောက်တွင်... အစစ်အမှန်သိုင်းတောင်သည်... သိသိသာသာ... ပြောင်းလဲသွားခဲ့ချေပြီ...။
...ခန်းမဆောင်များ... မြေပြင်မှ... ထိုးထွက် ပေါ်ပေါက်လာပြီး... တောင်စောင်းရှိ... နေရာ... အနှံ့အပြားသို့... တဖြည်းဖြည်း... တိုးချဲ့... သွားလေသည်...။
တပည့်များသည်လည်း... ကျမ်းစာဆောင်မှ... သိုင်းပညာရပ်များကို... လဲလှယ် ရယူကြပြီး... လုံ့လဝီရိယ... ကြိုးစား... လေ့ကျင့်နေကြသည်...။
...'ငါလည်း... တစ်နေ့... ထွန်းလင်း တောက်ပပြမယ်'... ဆိုသည့်... မှန်ကန်သော... အခွင့်အရေးကို... စောင့်ဆိုင်းနေကြတော့၏..။
ထို့မျှမကသေး၊...
အစစ်အမှန်သိုင်းဂိုဏ်းက... နောက်လတွင်... တပည့်သစ်များ... အများအပြား... ခေါ်ယူမည်... ဆိုသည့်... သတင်းသည်... လုံးဝ...ဟိုးလေးတကျော် ဖြစ်သွားခဲ့လေပြီ...။
...လူများစွာတို့သည်... စိတ်အားထက်သန်စွာ... စောင့်ဆိုင်းနေကြပြီး... အစစ်အမှန်သိုင်းမြို့တော်သို့... စောစီးစွာ... ရောက်ရှိနေကြပြီ...။ ...အများစုမှာ... ဓားသမားများ... သို့မဟုတ်... ဓားတာအိုကို... လိုက်စား... လိုလားကြသော... သိုင်းပညာရှင်များ... ဖြစ်ကြသည်...။
...အစစ်အမှန်သိုင်း ဓားကျောက်စာတိုင်က... မယုံနိုင်လောက်အောင်... ဆွဲဆောင်မှု... ရှိနေသည်လေ...။
သူတို့ ကြားထားသည်မှာ... အစစ်အမှန်သိုင်း ဓားကျောက်စာတိုင်ကို... နားလည် သဘောပေါက်ရန်... ကြိုးစားသူ... အလွန်... များပြားလွန်းသောကြောင့်... ... ဂိုဏ်းချုပ်အသစ်... လော့ဝမ်ထျန်းက... ဓားကျောက်စာတိုင်အား... လေ့လာ... နားလည်ရန်... အချိန်... နှင့်... အရေအတွက်ကို... ထပ်မံ... ထိန်းချုပ်ရန်... စီစဉ်နေပြီး... အချို့သော... စံနှုန်းများကိုပင်... သတ်မှတ်နိုင်ဖွယ်... ရှိသည်... ဟူ၍...။
ဤသို့သော... အခြေအနေတွင်... သဘာဝအတိုင်း... အစစ်အမှန်သိုင်းဂိုဏ်းသို့... ဝင်ရောက်ခြင်းသည်... အကောင်းဆုံး... ဖြစ်သည်...။ ...အနီးဆုံး... နေရာမှ... အကျိုးကျေးဇူးကို... ပထမဆုံး... ခံစားရခြင်း... ဆိုသည့်... အခြေခံသဘောတရားကို... လူတိုင်း... နားလည်ကြပ်သည်...။
ရှုံးရှီ နှင့် အခြားသူများမှာမူ... ပျော်ရွှင်မှု နှင့် စိုးရိမ်မှုတို့... ရောထွေးနေကြသည်...။
...လူကြိုက်များလေလေ... ပါရမီရှင်တွေ... စုဆောင်းမိဖို့... အခွင့်အရေး... ပိုများလေလေ... ဖြစ်ပေမဲ့... တစ်ဖက်မှာလည်း... မသမာသည့်... ရည်ရွယ်ချက်တွေ... ဒါမှမဟုတ်... မကောင်းသော... စိတ်ထားတွေ... ရှိသည့်... လူတွေကို... ဆွဲဆောင်မိနိုင်ခြေ... ပိုများလာစေသည်လေ...။ ...အထူးသဖြင့်... အများစုက... အစစ်အမှန်သိုင်း ဓားကျောက်စာတိုင်... နဲ့... ကျမ်းစာဆောင်က... သိုင်းပညာတွေ... အတွက်... လာကြတာ... မဟုတ်ပါလား...။
...'ဂိုဏ်းကို... တကယ်... သစ္စာခံမှာထက်... ပညာ... ခိုးသင်ချင်တဲ့... ကောင်တွေ... ပါလာရင်... ဘယ်လိုလုပ်မလဲ'...။
ဤအဆုံးသတ် အတွက်...။
သူတို့သည်... စိစစ်... ရွေးချယ်မှု... နည်းလမ်း... အချို့ကို... တွေးတောထားခဲ့ကြသော်လည်း... လုံလောက်သော... လုံခြုံမှု... မရှိသေးဟု... ခံစားနေရဆဲ... ဖြစ်သည်...။
ဤအကြောင်းကို... ကြားသိရသောအခါ... နင်ချီ၏... စိတ်ထဲတွင်... အတွေးအခေါ်... တစ်ခု... တဖြည်းဖြည်း... ပုံပေါ်လာခဲ့သည်...။
...
အစစ်အမှန်သိုင်းဂိုဏ်း... လှုပ်ရှား... စည်ကားနေချိန်...၊
အဖြူရောင် ပြည်နယ်၌..
ဤနေရာသည်... မဟာယန် နိုင်ငံတော်၌... တောင်တစ်သိန်း နှင့်... အနီးဆုံး... နေရာ... ဖြစ်သည်...။ ...တောင်တန်းများ... ပြည်နယ်အနှံ့... ဆန့်တန်းလျက်... ရှိပြီး... ပြည်နယ်သူ... ပြည်နယ်သား... အများအပြားသည်... တောင်တန်းများကို... အမှီပြုကာ... အသက်မွေး... နေထိုင်ကြသည်...။
...အမဲလိုက်ခြင်းကို... ကျွမ်းကျင်ကြသဖြင့်... ပြင်းထန်သော... ရိုးရာဓလေ့များ... ဖြစ်ပေါ်လာစေပြီး... သိုင်းပညာရှင်... အမြောက်အမြား... ပေါ်ထွက်လာခဲ့လေသည်...။
မတ်စောက်သော... တောင်ထိပ်တစ်ခုတွင်... မထင်မှတ်ဘဲ... ဇိမ်ခံ... နန်းတော်... တစ်ခု တည်ရှိနေခဲ့သည်...။
ဤသည်မှာ... မိစ္ဆာဂိုဏ်း၏... ခံတပ်တစ်ခု... ဖြစ်၏..။
ချင်ယွင်၊ 'သရဲ မျက်နှာဖုံး' နှင့် အခြားသူများ... ဤနေရာတွင်... စောင့်ဆိုင်းနေခဲ့သည်မှာ... ကြာပြီ... ဖြစ်သည်...။
...ယနေ့သည်... တောင်ပိုင်းနယ်စပ် မဟာမိတ်အဖွဲ့နှင့်... ထိုင်ပြီး... စေ့စပ်ညှိနှိုင်းရမည့်... နေ့... ဖြစ်သည်...။
...ဟုတ်ပါသည်..။ ...အကယ်၍... စကားပြောဆိုမှုများ... အဆင်မပြေခဲ့လျှင်... တိုက်ပွဲ... ဖြစ်ပွားလာနိုင်သေးသည်...။
...ထို့ကြောင့်... မိစ္ဆာဂိုဏ်း၏... ပညာရှင်... အများအပြား... လုံးဝ... သတိ... လျှော့မထားကြပေ...။
ထိုအခိုက်အတန့်၌ 'သရဲ မျက်နှာဖုံး' က... ချင်ယွင်ထံသို့... ကောက်ကျစ်စဉ်းလဲသော... အပြုံးဖြင့်... တိတ်တဆိတ်... စကား... လှမ်းပြောလိုက်သည်...။
“တောင်ပိုင်းနယ်စပ် သူတော်စင်မလေးက... ပြိုင်ဘက်ကင်း... အလှပဂေးလေး... ဖြစ်ပြီး... ထူးခြားတဲ့... သိုင်းပညာ... ပါရမီ... ရှိတယ်လို့... ဆိုကြတယ်...။ ... ကောင်လေး..မင်း…ကလည်း... ရုပ်ရည်... မဆိုးပါဘူး...။ ...မင်းသာ... သူ့ကို... သိမ်းသွင်း... နိုင်ခဲ့ရင်... သူတော်စင် ဆက်ခံသူ... ရာထူး... အတွက်... သံသယ... ရှိစရာ... မလိုတော့ဘူးကွ...။ ...မြင့်မြတ်တဲ့ ဂိုဏ်းတော်ရဲ့... အနာဂတ်... ဂိုဏ်းချုပ်... ရာထူးတောင်မှ... သေချာပေါက်... မင်း... အတွက်... ဖြစ်လာမှာ...”
ချင်ယွင်ခမျာ... စကား... မပြောနိုင်... ဖြစ်သွားသည်...။
...'သေစမ်း... ငါ့ကို... ဘာ... ထင်နေလဲ'...။
သူ... သိလိုက်သည်မှာ... ဤ... ဒုတိယ ဂိုဏ်းချုပ်သည်... မိတ်ဆက်... ပွဲစားလုပ်ခြင်းကို... အလွန်... နှစ်သက်... နေသည်...။ ..ယခင်ကလည်း... သူ့အား... ဒုတိယ ဂိုဏ်းချုပ်... လင်ရွှယ်ရွှမ်၏... သမီး... လင်ရူဟွာကို... သိမ်းသွင်းရန်... လိုလားခဲ့ပြီး... ယခု... သူ့အား... တောင်ပိုင်းနယ်စပ် သူတော်စင်မလေးကို... သိမ်းသွင်းရန်... တိုက်တွန်းနေပြန်လေပြီ...။
..ဒီလူက... လူတိုင်း... သူ့ကို... ချစ်ခင်ကြလိမ့်မည်ဟု... တကယ်... ထင်နေလေသလား...။
လင်ရူဟွာ... အကြောင်း... ပြောရလျှင်... သူ... အနည်းငယ်... စိတ်ပျက်မိသည်...။
...ဤ... တစ်ယောက်၏... သတင်းအချက်အလက်ကို... လေးလေးနက်နက်... စုံစမ်း... ကြည့်သောအခါ... ဒုတိယ ဂိုဏ်းချုပ်၏... သမီးသည်... အမြဲတမ်း... မထင်မှတ်ဘဲ... ပေါ်လာလိုက်... ပျောက်သွားလိုက်... ဖြစ်နေပြီး... လပေါင်းများစွာ... သို့မဟုတ်... နှစ်ဝက်လောက်... ပျောက်ကွယ်သွားတတ်ကာ... သူမ... ဘာတွေ... လုပ်နေမှန်း... မသိရ...။
...မိစ္ဆာဂိုဏ်း အတွင်း၌... ကောလာဟလ... တစ်ခု... ရှိနေသည်မှာ... သူမသည်... သူမ၏... ချစ်သူနှင့်... တိတ်တဆိတ်... တွေ့ဆုံရန်... သွားရောက်ခြင်း... ဖြစ်သည်...။
...တစ်စုံတစ်ယောက်က... ဒုတိယ ဂိုဏ်းချုပ်၏... သမီး... 'မန်ဒရင်း ဘဲစုံတွဲ ကျောက်စိမ်းဆွဲသီး’ ... တစ်ခုကို... ပွတ်သပ်နေပြီး... သူမ၏... မျက်လုံးများက... ခံစားချက်များဖြင့်... ပြည့်နှက်နေသည်ကို... မြင်တွေ့ခဲ့ဖူးသည်... တဲ့...။
...ဒါဆို...ငါ့ကို... စနိုက်ကြော်... ခိုင်းနေတာလား...။ ...'သောက်ကျိုးနည်း... ငါ့... အဖြစ်ကလည်း...'...။
...ဒါပေမဲ့... လွန်ခဲ့တဲ့... ဆယ်ရက်က... လင်ရူဟွာ၏... မထီမဲ့မြင်... အကြည့်... တစ်ချက်ကို... လှစ်ခနဲ... တွေ့လိုက်ရခြင်းက... သူ့ကို... ယခုအချိန်ထိ... စိတ်ရှုပ်ထွေး... ပဟေဠိ... ဖြစ်စေတုန်းပင်...။
...သူမက... သူ့ကို... မနှစ်သက်ဘူး... ဆိုရင်တောင်... ဒီလို... အကြည့်မျိုးနဲ့... ကြည့်ဖို့... လိုအပ်လို့လား...။
အတွေးများကို... ဖယ်ရှားပစ်ရန်... ခေါင်းခါလိုက်ပြီး... ချင်ယွင်က... အလေးအနက်... ကိစ္စများ... ဘက်သို့... လှည့်လိုက်သည်...။
“ဒုတိယ ဂိုဏ်းချုပ်... ကျေးဇူးပြုပြီး... နောက်မနေပါနဲ့...။ ...တောင်ပိုင်းနယ်စပ် သူတော်စင်မလေးက... တောင်ပိုင်းနယ်စပ် မဟာမိတ်အဖွဲ့ရဲ့... အနာဂတ်... မဏ္ဍိုင်... တစ်ဦးပါ...။ ...သူက... ဘယ်လိုလုပ်... အပြင်လူ... တစ်ယောက်ကို... လက်ထပ်နိုင်မှာလဲဗျာ...”
“ဒီနေ့... ပြောဆိုမှုတွေက... အဓိကအားဖြင့်... နောက်ကွယ်က... ကြိုးကိုင်သူကို... ဖော်ထုတ်ဖို့... ရည်ရွယ်ပါတယ်...။ ...မဟုတ်လို့... ငါတို့... တောင်ပိုင်းနယ်စပ် မဟာမိတ်အဖွဲ့နဲ့... ဆက်ပြီး... တိုက်ခိုက်နေမယ်... ဆိုရင်... တခြားသူတွေ... အတွက်... အကျိုးရှိသွားစေမှာ... မဟုတ်ဘူးလား...”
'သရဲ မျက်နှာဖုံး' ၏... မျက်နှာအမူအရာသည်... လေးနက်သွားပြီး... ခနဲ့တဲ့တဲ့... ရယ်လိုက်သည်...။
“တောင်ပိုင်းနယ်စပ် မဟာမိတ်အဖွဲ့က... သူတို့... လျှို့ဝှက်ပြီး... လုပ်ဆောင်ခဲ့တယ်လို့... ထင်နေကြတာ...။ ...ဒါပေမဲ့... 'သွေးဘုရင် ကူ' ... မွေးမြူ... ခဲ့တဲ့... ကိစ္စကို... ငါတို့... ရှာတွေ့ခဲ့ပြီးပြီ...။ ...ငါတို့... ရှာတွေ့နိုင်မှတော့... သဘာဝအတိုင်း... တခြားသူတွေ... လည်း... ရှာတွေ့နိုင်တာပဲ...”
ထိုသို့ ပြောဆိုသည်ကို ကြားလိုက်ရသောအခါ ချင်ယွင်... မျက်လုံးများ... မှေးကျဉ်းလိုက်သည်...။
“ဂိုဏ်းချုပ်.. ဆိုလိုတာ... 'မဟာယန် တော်ဝင်နန်းတော်' ... ကို... လား...”
ထို... စကား... အဆုံးမှာပင်...။
လူတိုင်း... အဝေးဆီမှ... လေဟာနယ်သို့... လှမ်းကြည့်လိုက်ကြသည်...။
...ဖုံးကွယ်မထားသော... လှုပ်ခတ်မှုများက... သူတို့ကို... တိတ်တဆိတ်... သတိ... တိုးမြှင့်လိုက်စေသည်...။
...ဧရာမ... ကင်းခြေများကြီး... တစ်ကောင်... ကောင်းကင်ကို... ဖြတ်၍... အရှိန်ပြင်းစွာ... ပျံသန်းလာသည်ကို... သူတို့... တွေ့လိုက်ရသည်...။
...ကောင်းကင်ဘုံလူသားနယ်ပယ်... ကျင့်ကြံသူ... အများစု... ပျံသန်းနေသည်ထက်ပင်... ပို၍... လျင်မြန်လှသည်...။
...၎င်း၏... အပေါ်တွင်... အစွမ်းထက်သော... အရှိန်အဝါ... ပိုင်ဆိုင်သည့်... ပုံရိပ်... အများအပြား... ရပ်နေကြ၏..။
...ခေါင်းဆောင်ဖြစ်သူမှာ... အနက်ရောင်... ပဝါ... ဖြင့်... မျက်နှာဖုံး... တပ်ဆင်ထားပြီး... မိုးမခ... ပင်ကဲ့သို့... သွယ်လျလျ... ရှိကာ... မျက်လုံးများက... အေးစက်... တည်ငြိမ်... နေလေသည်...။
...နောက်တွင်... မြွေအဘွား... နှင့်... အခြား... အကြီးအကဲ... နှစ်ဦး ဖြစ်၏...။
ချင်ယွင်... သူ၏... မျက်လုံးများကို... အနည်းငယ်... မှေးမှိတ်လိုက်သည်...။ ...ဤ... တောင်ပိုင်းနယ်စပ် သူတော်စင်မလေးထံမှ... ခြိမ်းခြောက်မှု... အရိပ်အယောင်... တစ်စ... ကို... သူ... ခံစားမိနေသည်...။
ပျံသန်းနေသော... ကင်းခြေများကြီးသည်... တောင်ထိပ်ပေါ်သို့... ဆင်းသက်လာသည်...။
'သရဲ မျက်နှာဖုံး' ၏... မျက်လုံးများ... အရောင်... လက်သွားပြီး... သူတို့အား... ကြိုဆိုရန်... အားရပါးရ... ရယ်မောလိုက်သည်...။
“ဟဲဟဲဟဲ…တောင်ပိုင်းနယ်စပ် သူတော်စင်မလေးက... ထောင်စုနှစ်အတွင်း... တစ်ခါ... ပေါ်ထွန်းတဲ့... ပြိုင်ဘက်ကင်း... ပါရမီရှင်... တစ်ဦးလို့... သတင်းမွှေးနေတာ... ...။ ...ဒီနေ့... တွေ့မြင်ရမှပဲ... ကောလာဟလတွေက... အမှန်... ဖြစ်နေမှန်း... သိတော့တယ် နော်...”
တောင်ပိုင်းနယ်စပ် သူတော်စင်မလေး၏... အကြည့်သည်... ချင်ယွင်၏... ဆံပင်ဖြူများပေါ်တွင်... ခဏမျှ... တည်ငြိမ်စွာ... ရှိနေခဲ့သည်...။
..အနည်းငယ်... အံ့ဩသွားပုံ... ပေါက်၏..။ ...ထို့နောက်... 'သရဲ မျက်နှာဖုံး' ... ကို... ကြည့်လိုက်သည်...။
“နန်ရှန်က... ဒုတိယ ဂိုဏ်းချုပ်ရဲ့... ချီးကျူးစကားနဲ့... မထိုက်တန်ပါဘူး...။ ...ရှင်တို့ရဲ့... ဂိုဏ်းတော်ကလည်း... အလားတူ... ပါရမီရှင်တွေနဲ့... ပြည့်နှက်နေတာပဲ...။ ...'မဟာယန်' နဲ့... နှစ်ပေါင်း... တစ်ထောင်... ကြာအောင်... ရင်ဆိုင်... တိုက်ခိုက်နိုင်တာ... အံ့ဩစရာ... မရှိပါဘူး...”
နှစ်ဦးသား... အပြန်အလှန်... ချီးကျူး... ပြောဆိုနေကြသည်...။ ...တင်းမာမှု... အရိပ်အယောင်... တစ်စုံတစ်ရာ... မပြကြ...။
...နှစ်ဖက်... နောက်ကွယ်မှ... ပညာရှင်... အများအပြားမှာမူ... လေးနက်... တည်ကြည်နေကြသည်...။ ...၎င်းသည်... အပေါ်ယံ... ဟန်ပန်မျှသာ... ဖြစ်ကြောင်း... သူတို့... သိကြသည်...။
...သဘောတူညီမှု... တစ်စုံတစ်ရာ... မရရှိခဲ့ပါက... ကြီးမားသော... တိုက်ပွဲကြီး... တစ်ခု... ဖြစ်ပွားလာနိုင်သေးသည်...။
“ကျေးဇူးပြုပြီး... ကြွပါ...”
'သရဲ မျက်နှာဖုံး' က... ခပ်ဖွဖွ... ရယ်မောလိုက်သည်..။
တောင်ပိုင်းနယ်စပ် သူတော်စင်မလေးသည်... မျက်နှာ... မပျက်သွားဘဲ... ခန်းမဆောင်ကြီး... အတွင်းသို့... ခြေချ... ဝင်ရောက်သွားသည်...။
...'သတ္တိ... ရှိသားပဲ'...။
'သရဲ မျက်နှာဖုံး' ၏... ချီးကျူးစကားကို... ကြားသောအခါ... တောင်ပိုင်းနယ်စပ် သူတော်စင်မလေးက... တည်ငြိမ်စွာ... ဆိုသည်...။
“ကျွန်မ.. ဒီနေ့... လာခဲ့တာ... တောင်ပိုင်းနယ်စပ်... နဲ့... မိစ္ဆာဂိုဏ်း... ကြားက... ပဋိပက္ခကို... ဖြေရှင်းဖို့ပဲ...။ ...ဒါကြောင့်... တည့်တိုးပဲ... ပြောကြရအောင်...”
“'မြင့်မြတ်တဲ့ ဂိုဏ်းတော်' ပါ...”
'သရဲ မျက်နှာဖုံး' က... အလေးအနက်... ထောက်ပြသည်...။
တောင်ပိုင်းနယ်စပ် သူတော်စင်မလေးက... သဘောတူခြင်း... ကန့်ကွက်ခြင်း... မပြုဘဲ... ဤအပေါ်၌... အချိန်... ဖြုန်းမနေလိုတော့ပေ...။
ချင်ယွင်သည်... ရှေ့သို့... ခြေတစ်လှမ်း... တိုးလိုက်ပြီး... တည်ငြိမ်စွာ... ဆိုသည်...။
“ကျွန်တော်တို့... ပြဿနာ... ဖြေရှင်းဖို့... ဒီကို... လာကြမှတော့... သူတော်စင်မလေး... လည်း... ရိုးသားမှုနဲ့... လာခဲ့လိမ့်မယ်လို့... ထင်ပါတယ်...။ ...ပြီးခဲ့တဲ့... နှစ်ဝက်... အတွင်းမှာ... ခင်ဗျားတို့... တောင်ပိုင်းနယ်စပ် မဟာမိတ်အဖွဲ့ရဲ့... ပညာရှင်တွေက... ကျွန်တော်တို့... မြင့်မြတ်တဲ့ ဂိုဏ်းတော်ကို... အကြိမ်ပေါင်း... များစွာ... တိုက်ခိုက်ခဲ့တယ်...။ ...အခြေစိုက်စခန်း... အသေး... ခုနစ်ခု... နဲ့... ဌာနခွဲ... နှစ်ခု... တိုက်ခိုက်... ခံခဲ့ရတယ်...။ ...ရလဒ်... အနေနဲ့... ကျွန်တော်တို့... မြင့်မြတ်တဲ့ ဂိုဏ်းတော်က... ကောင်းကင်ဘုံလူသား... အကြီးအကဲ... နှစ်ယောက်... သေဆုံးခဲ့ပြီး... လေးယောက်... ဒဏ်ရာ... ရခဲ့တယ်...။ ...မရေမတွက်နိုင်တဲ့... ချီစွမ်းအင်... အနှစ်သာရ... အတွင်းစွမ်းအင်... သိုင်းပညာရှင်တွေ... သေဆုံး... ဒဏ်ရာ... ရခဲ့ကြတယ်...။ ...ခင်ဗျားတို့... ဘယ်လို... လျော်ကြေး... ပေးဖို့... စီစဉ်ထားပါသလဲ...”
သူ၏... စကား... အဆုံးတွင်...။ ...မိစ္ဆာဂိုဏ်း... အဖွဲ့ဝင်များထံမှ... သတ်ဖြတ်လိုသော... အရှိန်အဝါများ... ရုန်းကြွလာသည်...။
တောင်ပိုင်းနယ်စပ် သူတော်စင်မလေးက... လှုပ်ရှားခြင်း... မရှိ...။
မြွေအဘွားကမူ... အထင်တသေး... ရယ်မော... ပြန်လည် ချေပလိုက်သည်...။
“နင်တို့... မိစ္ဆာဂိုဏ်း... ပဲ... ဆုံးရှုံးမှုတွေ... ရှိခဲ့တာလား...။ ...ငါတို့... တောင်ပိုင်းနယ်စပ်... လည်း... အလားတူ... သိသိသာသာ... ဆုံးရှုံးမှုတွေ... ရှိခဲ့တာပဲ...။ ...ကောင်းကင်ဘုံလူသား... အကြီးအကဲ... လေးယောက်... သေဆုံးပြီး... သုံးယောက်... ဒဏ်ရာ... ရခဲ့တယ်...။ နင်တို့ထက်... ပိုများတဲ့... ချီစွမ်းအင်... သိုင်းပညာရှင်တွေ... သေဆုံးခဲ့ရတယ်...။ ..နင်တို့ကရော... ဘယ်လို... လျော်ကြေး... ပေးဖို့... စီစဉ်ထားလဲ...”
နှစ်ဖက်... အဖွဲ့အစည်း၏... ပဋိပက္ခသည်... ပိုမို... ပြင်းထန်လာပြီး... အဆက်မပြတ်... မြင့်တက်လာကာ... တဖြည်းဖြည်း... ထိန်းချုပ်မရ... ဖြစ်လာခဲ့သည်...။
...ထို့ကြောင့်ပင်... နှစ်ဖက်လုံး... ထိုင်ပြီး... စေ့စပ်ညှိနှိုင်းရန်... လိုလားခဲ့ကြခြင်း... ဖြစ်သည်...။
...ဆက်လက်... တိုက်ခိုက်နေခြင်းသည်... အကျိုးကျေးဇူး... တစ်စုံတစ်ရာ... မရှိတော့ချေ...။
ထိုစဉ် ချင်ယွင်... စကား... ပြောရန်... ပြင်လိုက်သည်...။
သို့သော်... 'သရဲ မျက်နှာဖုံး' က... မျက်မှောင်... ကြုတ်လိုက်ပြီး... ဆိုသည်...။
“ခဏ...။ ...ချင် ပြည်နယ်က...ကျုပ်တို့ရဲ့... အခြေစိုက်စခန်း... အသေးလေးတွေ... ဖျက်ဆီး... ခံခဲ့ရတုန်းက... ခင်ဗျားတို့... ဆိုလိုတာက... အဲ့ဒါ... ခင်ဗျားတို့... တောင်ပိုင်းနယ်စပ် မဟာမိတ်အဖွဲ့ရဲ့... လက်ချက်... မဟုတ်ခဲ့ဘူး... ပေါ့...”
တောင်ပိုင်းနယ်စပ် သူတော်စင်မလေး၏... မျက်လုံးများ... အရောင်... လက်သွားသည်...။
“ရှင်တို့... ဆိုလိုတာက... ချင် ပြည်နယ်က...ကျွန်မတို့... တောင်ပိုင်းနယ်စပ်ရဲ့... အခြေစိုက်စခန်းကို... အရိုး... တစ်စ... မကျန်... ရှင်းလင်း... သုတ်သင်... ခဲ့တာ... ရှင်တို့... မိစ္ဆာဂိုဏ်း... မဟုတ်ခဲ့ဘူး... ပေါ့...”
သူမ၏... နောက်မှ... မြွေအဘွားသည်... သူ၏... မျက်လုံးများကို... မမှေးမှိတ်ဘဲ... မနေနိုင်တော့ပေ...။
...သူတို့သည်.. သူမ၏... လည်ပင်းမှ... မြွေပြာလေးနှင့်... ဆက်သွယ်မှု... ရှိခဲ့ပြီး... ထို့နောက်... တစ်ဖန်... ချင်းပြည်နယ်... အခြေစိုက်စခန်းကို... ဖျက်ဆီးခဲ့သော... အစိမ်းရောင်... စွမ်းအား... တစ်ခု၏... စွမ်းအားကို... တုပ... ပြခဲ့ကြသည်...။
မိစ္ဆာဂိုဏ်း... အဖွဲ့ဝင်များ... အားလုံး... အံ့အားသင့်... သွားကြသည်...။
'သရဲ မျက်နှာဖုံး' သည်... မတ်တပ်... ထရပ်လိုက်ပြီး... ပြတ်သားစွာ... ပြောလိုက်သည်...။
“ဒါ... တကယ်တော့...ကျုပ်တို့... မြင့်မြတ်တဲ့ ဂိုဏ်းတော်က... အကြီးအကဲ... တစ်ယောက်ရဲ့... သီးသန့်... သိုင်းကွက်... မှန်တယ်...။ ...ဒါပေမဲ့...”
'သရဲ မျက်နှာဖုံး’..
... ခဏ... ရပ်တန့်လိုက်ကာ ဆက်ပြောလိုက်သည်...။
“သူက... သေ... သွားပြီ...”
တစ်ခဏမျှ...
ခန်းမဆောင်ကြီး... တစ်ခုလုံး... ငြိမ်ကျသွားသည်...။ ...လူတိုင်း... သည် ထိုမခြေအနေ... နှင့်... ၎င်းက... ဘာကို... ဆိုလိုသည်ကို... သဘော... ပေါက်... သွားကြသောကြောင့်... ဖြစ်သည်...။