ကိုးလေးက စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်လား။ အစစ်အမှန်သိုင်းဂိုဏ်း၏ ခြေလှမ်းသစ်များ။
Vol. 12 Ch. 173
~အစစ်အမှန်သိုင်းဂိုဏ်း၏ ကြီးမားသော လှုပ်ရှားမှုသည် ချင် ပြည်နယ်မှတဆင့် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပြီး၊ ထို့နောက် အခြားနေရာများသို့ အရှိန်အဟုန်ဖြင့် သတင်းပျံ့သွားတော့သည်..။
လူများစွာသည် အစစ်အမှန်သိုင်းဂိုဏ်း ဂိတ်တံခါး ဖွင့်လှစ်သည့်အကြောင်း ကြားသိရသောအခါ... စိတ်လှုပ်ရှားသွားကြ၏..။ အချို့သော ရည်မှန်းချက်ကြီးသည့် လူငယ်များမှာ ညတွင်းချင်းပင် ခရီးထွက်ခွာလာခဲ့ကြပြီး... မိုင်ပေါင်းထောင်ချီ ခရီးနှင်ခဲ့ကြလေသည်..။
ချီစွမ်းအင် အနှစ်သာရ နယ်ပယ်မှ ပညာရှင်အချို့သည်လည်း အစစ်အမှန်သိုင်းဂိုဏ်းသို့ အလယ်လမ်းမှ ဝင်ရောက်နိုင်ကြောင်း သိရှိသောအခါ... စိတ်များ လှုပ်ရှားလာကြသည်..။ သို့ဖြစ်သော်ငြားလည်း... အလယ်လမ်းမှ ဝင်ရောက်ခြင်းအတွက် စံနှုန်းများမှာ ပိုမို တင်းကျပ်ပြီး... ပြိုင်ဆိုင်မှုမှာ ပို၍ ပြင်းထန်ကာ... အဓိက အမာခံအဆင့်သို့ တက်လှမ်းခွင့်ကို ဖြတ်တောက်ခံရသလောက် ဖြစ်နေစေဦးတောင်... ဂိုဏ်းမရှိ၊ ဂဏ မရှိ ဖြစ်နေခြင်းထက်မူ... များစွာ သာလွန်နေသေးသည်...။
လော့ဝမ်ထျန်း၏ အစီအမံများ အောက်တွင်...။ အစစ်အမှန်သိုင်းဂိုဏ်းသည် ပိုမို၍ တက်ကြွ လန်းဆန်းသော ရှင်သန်မှုများဖြင့် ထွန်းလင်း တောက်ပလာခဲ့၏..။
အစစ်အမှန်သိုင်းတောင်၏ နေ့ရက်တိုင်းသည် ပြောင်းလဲမှုများဖြင့် ပြည့်နှက်နေတော့သည်..။
နောက်ဆုံးအကြိမ် ဤကဲ့သို့ ကြီးမားသော လှုပ်ရှားမှုကြီး ဖြစ်ခဲ့သည်မှာ... တာအိုဆရာလုံရှန်း၏ ကောင်းကင်ဘုံလူသား ပွဲတော်ကြီး၌ ဖြစ်သည်..။
သို့သော်... ယခု တစ်ကြိမ်သည် ထိုအခါကထက်ပင် ပို၍ ကြီးကျယ်ခမ်းနားလေ၏..။
အဆောက်အအုံများစွာကို ပြန်လည် စီမံကိန်းချလာရပြီး... လုပ်ငန်းဆောင်တာ ဧရိယာများအဖြစ် ပိုင်းခြားလာကြသည်..။ ဥပမာအားဖြင့်... သာမန် တာအိုကျမ်းစာများနှင့် တန်ဖိုး သိပ်မရှိသော သိုင်းပညာများကို သိုလှောင်ရန်အတွက် အသစ် တည်ဆောက်လိုက်သော သိုင်းကျမ်းဆောင်မျိုး ဖြစ်ပါ၏..။
တာအိုရှာဖွေခြင်း ကျောင်းတော် အနီးရှိ မူလ သိုင်းကျမ်းဆောင်၌မူ... ပိုမို တန်ဖိုးကြီးမားသော အထွတ်အထိပ် သိုင်းကွက်များ၊ လျှို့ဝှက် သိုင်းနည်းစနစ်များ... ထို့အပြင် နင်ချီ ဖတ်ရှုလိုသော တာအိုကျမ်းစာများကို ထားရှိလေသည်..။
နင်ချီသည် စစ်မှန်သူ ကောင်းကင်ဘုံဓားသခင် ဖြစ်ကြောင်း (လော့ဝမ်ထျန်း) သိရှိထားပြီးဖြစ်ရာ... ဤကျမ်းစာဆောင်၏ လုံခြုံရေးအတွက် သူ အပြည့်အဝ စိတ်ချနေတော့၏..။
အစစ်အမှန်သိုင်းဂိုဏ်းသည် နေ့စဉ်နှင့်အမျှ ကြီးပွား တိုးတက်လာ၏..။ ဤအခြေအနေကို မြင်ရသဖြင့်... နင်ချီ၏ နှလုံးသားသည်လည်း ပျော်ရွှင် ကျေနပ်နေမိသည်..။ စိတ်ခံစားချက် ရှုထောင့်မှ ပြောရလျှင်... မိမိ၏ ဂိုဏ်း နေ့စဉ် ကြီးထွားလာသည်ကို မျက်ဝါးထင်ထင် မြင်တွေ့နေရခြင်းက... သူ့အား အတွင်းစိတ်မှ ကျေနပ်မှုကို ပေးစွမ်းနိုင်လေသည်..။
အခြား ရှုထောင့်များမှ ကြည့်လျှင်လည်း... အစစ်အမှန်သိုင်းဂိုဏ်း ကြီးထွားလာခြင်းသည်... ပိုမို အစွမ်းထက်သော ပုဂ္ဂိုလ်များ ပေါ်ထွက်လာခြင်းကို ဆိုလိုပြီး... ထိုသူတို့က... သူ့အတွက် များပြားလှသော အရင်းအမြစ်များကို သဘာဝအတိုင်း ပိုမို စုဆောင်း ပေးနိုင်ပေလိမ့်မည်..။
...ဂိုဏ်းတစ်ခု ဆိုသည်မှာ ကြီးမားသော အဖွဲ့အစည်းတစ်ခု ဖြစ်သည်...။ ၎င်းသည်... တပည့်များက လမ်းညွှန်မှုအားလုံးကို ရယူပြီး... အရာအားလုံးကို ထောက်ပံ့ပေးရသည့်... တစ်ဖက်သတ် ဆက်ဆံရေးမျိုး ဘယ်သောအခါမှ မဟုတ်ခဲ့ပါ...။ တပည့်များ သန်မာလာသည်နှင့်
တစ်ပြိုင်နက်... သူတို့သည်လည်း ဂိုဏ်းအတွက် ပြန်လည် ပံ့ပိုးကူညီရန် လိုအပ်သည်သာ...။
ထူးဆန်းသော အသီးအနှံများ၊ ရှားပါး ပန်းများ၊ ပုံတူရှား ကျမ်းများ၊ ထူးခြားသော လျှို့ဝှက် သိုင်းနည်းစနစ်များ၊ တာအိုကျမ်းစာများ...။
ဤအရာများသည် သဘာဝအတိုင်း လေထဲမှ ပျံဝဲ ကျဆင်းလာခြင်း မဟုတ်ပေ..။
တပည့်များက အပြင်မှ ရိတ်သိမ်း ယူဆောင်လာခဲ့ပြီး... ထို့နောက် ဂိုဏ်းကို ပံ့ပိုးကာ... သူတို့ ရှာဖွေနေသော သိုင်းပညာများနှင့် ပိုမို သင့်လျော်သော အရင်းအမြစ်များကို ပြန်လည် လဲလှယ် ရယူကြခြင်းသာ ဖြစ်သည်..။
ထို့ကြောင့်... နင်ချီသည်... လော့ဝမ်ထျန်း၏ ပံ့ပိုးမှု စနစ်ကို ပြန်လည် သန့်စင်လိုက်ခြင်းအား... အလွန် အကျိုးရှိသော လုပ်ရပ် တစ်ခု ဖြစ်သည်ဟု ယုံကြည်မိလေ၏..။
...ဟုတ်ပါသည်...။ အမှန်တကယ်တွင်... ၎င်းသည် လော့ဝမ်ထျန်း တစ်ဦးတည်း၏ လုပ်ဆောင်မှုတော့ မဟုတ်ခဲ့ပါ...။ အစောဆုံး... ယခင် အစစ်အမှန်သိုင်း မက်မွန်ပွဲတော် နှစ်ခု ကျင်းပစဉ်ကတည်းက... ဆရာတူ အစ်ကိုများစွာတို့သည် ပြုပြင် ပြောင်းလဲမှု၏ အသေးစိတ် အချက်အလက်များကို စတင် ဆွေးနွေးခဲ့ကြပြီး ဖြစ်သည်...။
ထို အကြံပြုချက် အများစုမှာလည်း... နင်ချီ ထံမှ အရင်းခံခဲ့ခြင်း ဖြစ်သည်...။ ယခုမူ... ၎င်းကို လော့ဝမ်ထျန်းက အကောင်အထည် ဖော်လိုက်ခြင်းမျှသာ..။
ဂိုဏ်းချုပ်အသစ်၏ ဤသို့ ပြတ်သားသော ခြေလှမ်းများသည်... သူ၏ ဂုဏ်သိက္ခာကို သဘာဝအတိုင်း ပိုမို မြင့်တက်စေလိမ့်မည် ဖြစ်သည်..။
အကယ်၍... လော့ဝမ်ထျန်းထံတွင် ယခု အားနည်းချက် တစ်ခုခု ရှိနေသေးသည် ဆိုလျှင်...၊၎င်းမှာ... သူ၏ ကျင့်ကြံမှုအဆင့် မမြင့်မားသေးခြင်းပင် ဖြစ်သည်..။ သူသည် 'မြူဖြူ နယ်ပယ်' သို့ တက်လှမ်း ရောက်ရှိခဲ့သည်မှာ လွန်ခဲ့သော နှစ်နှစ်ကမျှသာ ဖြစ်ပြီး... မူလ ကျင့်ကြံခြင်း အရှိန်အဟုန်အတိုင်းဆိုလျှင်... 'ကျောက်စိမ်းအရည် နယ်ပယ်' သို့ ရောက်ရှိရန်... ဆယ်နှစ် သို့မဟုတ်... နှစ်ပေါင်း နှစ်ဆယ်ပင် ကြာမြင့်နိုင်လေသည်..။
...နင်ချီ ဖန်တီးထားသော လျှို့ဝှက် သိုင်းနည်းစနစ်များ နှင့် ဆေးလုံးများ၏ အကူအညီ ရှိသည့်တိုင်... နှစ်နှစ်တည်းဖြင့် 'ကျောက်စိမ်းအရည်' အဆင့်သို့ တက်လှမ်းရန်မှာ မဖြစ်နိုင်သေးပေ...။ ...နောက်ဆုံးတော့... နင်ချီ ကိုယ်တိုင်ပင်လျှင်... 'မြူဖြူ နယ်ပယ်' မှ 'ကျောက်စိမ်းအရည် နယ်ပယ်' သို့ သွားရန်... တစ်နှစ်တိတိ အချိန်ယူခဲ့ရသည် မဟုတ်ပါလား...။
သို့သော်... နင်ချီထံတွင် အဖြေ ရှိနေခဲ့သည်..။ သူသည် လော့ဝမ်ထျန်းအား လျှို့ဝှက်ကတ်ပြား အချို့ကို ပေးအပ်ထား၏..။ ဥပမာ... သူ ဖန်တီးခဲ့သော 'ချီစွမ်းအင် ကပ်တွယ်ခြင်း သိုင်းနည်းစနစ်' ကဲ့သို့ ဖြစ်သည်...။ အရေးကြီးသော အခိုက်အတန့်များတွင်... ၎င်းက လော့ဝမ်ထျန်းအား... အံ့ဩဖွယ် တိုက်ခိုက်ရေး စွမ်းအားကို ထုတ်လွှတ်နိုင်စေမည် ဖြစ်ပြီး... အခြားသူများကိုလည်း လှည့်စားနိုင်ပေလိမ့်မည်..။
...သက်သေပြရန် အခွင့်အရေး တစ်ကြိမ်သာ လိုအပ်ပြီး... ထိုအခါ... ဂိုဏ်းချုပ်၏ အစွမ်းအစကို မည်သူမျှ မေးခွန်းထုတ်ရဲတော့မည် မဟုတ်ပေ...။
...နောက်ထပ် နှစ်အနည်းငယ်မျှသာ စောင့်ဆိုင်းရန် လိုအပ်သည်...။ သူ၏ ကျင့်ကြံမှုအဆင့် ထပ်မံ တက်လှမ်းသွားပြီး... 'ကျောက်စိမ်းအရည် နယ်ပယ်' သို့မဟုတ် 'မူလအမြုတေ နယ်ပယ်' သို့ ရောက်ရှိသွားသည်နှင့်... ပြင်ပ အင်အားစုများအပေါ် မှီခိုနေရန် မလိုအပ်တော့ပေ...။... ဒါက ရှောင်လွှဲမရသော အဖြစ်တရား တစ်ခု ဖြစ်၏..။
နင်ချီသည် အရှိန်မြှင့် ကျင့်ကြံခြင်းအတွက် လျှို့ဝှက် သိုင်းနည်းစနစ်များစွာ ဖန်တီးထားခဲ့သော်ငြားလည်း... ၎င်းတို့အား... တစ်နှစ် သို့မဟုတ် နှစ်နှစ်တည်းဖြင့် နယ်ပယ်များစွာကို အလျင်အမြန် ကျော်ဖြတ်ပြီး... 'ကောင်းကင်ဘုံလူသား' အဆင့်သို့ ရောက်ရှိစေရန်မှာ... မဖြစ်နိုင်ပေ...။
၎င်းသည် ကျင့်ကြံခြင်း၏ အခြေခံမူများကို ဆန့်ကျင်နေ၏..။ ...အကြောင်းမူကား... နင်ချီ ကိုယ်တိုင်ပင်လျှင်... 'ချီစွမ်းအင် အနှစ်သာရ နယ်ပယ်' တွင်... ဖြည်းဖြည်းချင်း... တစ်ဆင့်ပြီး တစ်ဆင့်... စုဆောင်း
တည်ဆောက်ခဲ့ရသည် မဟုတ်ပါလော...။
နင်ချီ ဖန်တီးခဲ့သော လျှို့ဝှက် သိုင်းနည်းစနစ်များစွာကြောင့်ပင်... လော့ဝမ်ထျန်း နှင့် အခြားသူများ၏ ကျင့်ကြံခြင်း အရှိန်အဟုန်သည်... ယခုအခါ သမားရိုးကျ စံနှုန်းများကို ချိုးဖျက်နေပြီ ဖြစ်သည်..။ သတ္တမမြောက် တပည့် စုန့်ချန် နှင့် ဆဋ္ဌမမြောက် တပည့် စွန်းချွမ်းဟိုင် ကဲ့သို့သော တပည့်များသည်... အသက် သုံးဆယ်ကျော်တွင်... 'မြူဖြူ နယ်ပယ်' သို့ ရောက်ရှိခဲ့ကြပြီး... တာအိုဆရာလုံရှန်း ထက်ပင် ပိုမို လျင်မြန်နေခဲ့သည်...။
အကယ်၍သာ... သူတို့သည်... မိမိတို့၏ အသက်အရွယ်ကို ဖုံးကွယ်မထားခဲ့လျှင်... အံ့အားသင့်သော အကြည့်များစွာကို ဆွဲဆောင်မိလိမ့်မည်မှာ... သေချာပေသည်...။
...ပိုမို လျင်မြန်စွာ တက်လှမ်းရန်... သာမန် ကျင့်ကြံခြင်း နည်းလမ်းဖြင့်... ဤသည်ထက် ပိုမို မြန်ဆန်နိုင်တော့မည် မဟုတ်...။ ...ကောင်းကင်ဘုံမှ ပစ္စည်းများနှင့် မြေပြင်မှ ရတနာများကို မျိုချနိုင်သည့် အခွင့်အရေးကြီးမျိုး ရရှိမှသာ... သို့မဟုတ်... မိမိ၏ အနှစ်သာရကို ထိခိုက်ခံကာ... သက်တမ်းကို မီးရှို့ပြီး... ကြီးထွားမှုကို အရှိန်မြှင့်မှသာ... ဖြစ်နိုင်ပေမည်...။ ...သို့သော်... ထိုသို့ ပြုလုပ်ခြင်းမှာ... လုံးဝ မတန်ပေ...။
နင်ချီ ခေါင်းခါလိုက်သည်..။ သူရော... သူ၏ ဆရာတူ အစ်ကိုများပါ... ဤအရာကို မလိုအပ်ကြပေ..။ သက်တမ်းကို လောင်ကျွမ်းစေပြီး ကျင့်ကြံမှုကို အရှိန်မြှင့်ခြင်းသည်... ကျင့်ကြံသူတို့အတွက်... နောက်ပြန်ဆုတ်သွားခြင်းပင် ဖြစ်သည်..။
မိမိ၏ ကျင့်ကြံခြင်း ရည်ရွယ်ချက်မှာ... အသက်ရှည်ရှည် နေထိုင်ရေး နှင့်... အနှောင်အဖွဲ့ကင်းသော လွတ်လပ်မှုကို ရှာဖွေရန် ဖြစ်သည်...။ ...ယခု... အရာအားလုံး အဆင်ပြေနေပြီ ဖြစ်ရာ... တစ်ဆင့်ပြီး တစ်ဆင့်... ရှေ့ဆက် သွားခြင်းသည်သာ... အကောင်းဆုံး ဖြစ်ပေလိမ့်မည်...။
...အနာဂတ်မှာ... ငါ 'ကောင်းကင်ဘုံလူသားနယ်ပယ်' ဒါမှမဟုတ် 'သိုင်းသူတော်စင် နယ်ပယ်' ကို တက်လှမ်းသွားတဲ့အခါ... ငါ့ရဲ့ သိုင်းပညာ လမ်းကြောင်းကို ပြန်လည် စုစည်း သန့်စင်သင့်တယ်...။ ...ဖြစ်နိုင်ရင်... ကျင့်ကြံမှု အရှိန်အဟုန်ရဲ့ ကန့်သတ်ချက်တွေကို... ထပ်ပြီး မြှင့်တင်နိုင်လောက်တယ်...။
...ယခု အချိန်အတွက်တော့... နင်ချီသည်... သူ၏ စွမ်းအင်များကို... မိမိကိုယ်တိုင် အပေါ်၌သာ ပိုမို အာရုံစိုက်ထားရဦးမည် ဖြစ်သည်..။
သူ မျက်လုံးများကို မှိတ်လိုက်ကာ နဝမမြောက် သွေးကျောက်စိမ်း ဆေးလုံးကို ဝါးစားလိုက်တော့သည်..။
...'မူလအမြုတေ နယ်ပယ်' သို့ တက်လှမ်းရန်... ပို၍ နီးကပ်လာခဲ့ပြီ ဖြစ်ပါသည်...။