ကိုးလေးက စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်လား။ အစစ်အမှန်သိုင်းဂိုဏ်း၏ ခြေလှမ်းသစ်များ(၂)
Vol. 12 Ch. 171
~ယနေ့ လော့ဝမ်ထျန်း နှင့် နင်ချီ ကို အတူတူ ခေါ်လိုက်ခြင်းသည်... အားလုံးကို ဖွင့်ချ ပြောဆိုရန်ပင် ဖြစ်သည်..။ အကြောင်းမူကား၊ လော့ဝမ်ထျန်းသည် အစစ်အမှန်သိုင်းဂိုဏ်း ဂိုဏ်းချုပ် ဖြစ်လာပြီ ဖြစ်သောကြောင့်... သူ အရာအားလုံးကို သိရှိရန် အရည်အချင်း ရှိသွားခဲ့ပြီ ဖြစ်၏..။
ဤသည်မှာ နင်ချီ နှင့် တာအိုဆရာလုံရှန်းတို့ ဆွေးနွေးတိုင်ပင်ပြီးမှ ရရှိလာသော ရလဒ်တစ်ခုပင် ဖြစ်လေသည်..။
လော့ဝမ်ထျန်း၏ ရင်ထဲ၌ တုန်လှုပ်မှု လှိုင်းလုံးများ ရိုက်ခတ်သွား၏..။ ထို့နောက် သူက လေးလေးနက်နက် ဆိုသည်..။
“တပည့် နားလည်ပါပြီ...”
သူသည် နင်ချီအား ကြောက်ရွံ့လေးစား မှုတစ်မျိုးဖြင့် ကြည့်လိုက်မိသည်..။
ထိုအခိုက်အတန့်၌၊ သူ ယခင်က နားမလည်နိုင်ခဲ့သော အရာများကို ရုတ်တရက် သဘောပေါက်သွားတော့သည်..။
...အတိတ်က နင်ချီ အပေါ် ထားရှိခဲ့သော မျက်နှာသာပေးမှုများ အားလုံးသည်... သက်သက်ညှာတာမှု သက်သက်မျှသာ မဟုတ်ဘဲ... လမ်းစဉ် စောင့်ရှောက်သူ တစ်ဦးကို အလျင်အမြန် ပျိုးထောင်ပေးရန်လည်း ဖြစ်ပါပေ၏...။
...ပြိုင်ဘက်ကင်း ခန္ဓာကျင့်စဉ်... အစစ်အမှန်သိုင်း ခန္ဓာကျင့်စဉ်...။
တာအိုဆရာလုံရှန်းက လီလင် ကို ပိအန်း ခန္ဓာကျင့်စဉ် လေ့ကျင့်စေခဲ့သည့် အကြောင်းရင်းကို လော့ဝမ်ထျန်း ချက်ချင်း သဘောပေါက်လိုက်သည်..။
...ဒါက နင်ချီဟာ အစစ်အမှန်သိုင်း သိုင်းသားတော် ကိုးပါး ဆိုတဲ့ နယ်ပယ်ကိုတောင် ကျော်လွန်သွားခဲ့လို့ပါလား...။
သူတို့ဆရာက... အတိတ်မှာ ဘာကြောင့် လူတိုင်းကို နင်ချီ၏ ကျင့်ကြံခြင်း နယ်ပယ်အပေါ် အာရုံစိုက်လွန်းခြင်း မရှိစေချင်ခဲ့သည်ကိုလည်း သူ နားလည်သွားခဲ့သည်..။
“ကိုးလေး... မင်းက တကယ်ကို နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ထားနိုင်တာပဲ...”
သူက မချိပြုံး ပြုံးလိုက်သော်လည်း... စိတ်ထဲတွင်တော့ ပို၍ စိတ်လှုပ်ရှားလာခဲ့သည်..။
ကိုးလေး၏ ပါရမီဖြင့်... တစ်နေ့နေ့တွင် ကောင်းကင်ကြီးကို ထောက်မပေးမည့် မဏ္ဍိုင်တစ်ရပ် ဖြစ်လာလိမ့်မည်ဟု သူ တွေးလိုက်မိ၏..။
ဤသို့သော ပုဂ္ဂိုလ်တစ်ဦးက အစစ်အမှန်သိုင်း မျိုးဆက်ကို စောင့်ရှောက်နေမည် ဆိုလျှင်... ပို၍ တည်ငြိမ် လုံခြုံပေလိမ့်မည်..။ ...လမ်းစဉ် စောင့်ရှောက်သူ၏ အာဏာက ဂိုဏ်းချုပ်ထက် မြင့်မားနေသည့် ကိစ္စကိုတော့...လော့ဝမ်ထျန်း လုံးဝ ဂရုမစိုက်ခဲ့ပါ..။
တာအိုဆရာလုံရှန်း ကဲ့သို့ပင်... သူသည် အစစ်အမှန်သိုင်းဂိုဏ်း ထာဝရ ရှင်သန် ကြီးထွားရေးကိုသာ မျှော်လင့်ခဲ့သည်..။
လော့ဝမ်ထျန်းက ဆက်လက် ပြောဆိုသည်..။
“ကိုးလေး... အနာဂတ်မှာ မင်း ဘာပဲ လိုအပ်လိုအပ်... အစ်ကိုကြီးကိုသာ ပြောပါ...။ ငါတို့ ဂိုဏ်းတစ်ဂိုဏ်းလုံးရဲ့ အင်အားကို သုံးပြီးတော့... မင်းကို အစစ်အမှန်သိုင်းဂိုဏ်းရဲ့ မဏ္ဍိုင်တစ်ရပ် အမြန်ဆုံး ဖြစ်လာအောင် လုပ်ပေးမယ်...”
ယနေ့ နင်ချီ၏ သရုပ်မှန်ကို ဖွင့်ဟလိုက်ခြင်းသည်... အနာဂတ်တွင် နင်ချီ အတွက် ချောမွေ့သော လမ်းတစ်ခုကို ခင်းပေးရန်... နှင့်... အရင်းအမြစ်အားလုံးကို အစွမ်းကုန် ထောက်ပံ့ပေးရန်... သူ့ကို ခွင့်ပြုလိုက်ခြင်း ဖြစ်သည်ဟု သူ ခံစားလိုက်ရသည်..။
သူ တွန့်ဆုတ်မနေဘဲ... ချက်ချင်းပင် သူ၏ ရပ်တည်ချက်ကို ဖော်ပြလိုက်၏..။
...ဒါက လိုအပ်သည်ဟု လော့ဝမ်ထျန်း ထင်ပါသည်...။
ပြောပြောဆိုဆို သူ၏ စကားများ ကျဆင်းသွားသည်နှင့်...တာအိုဆရာ
လုံရှန်း နှင့် နင်ချီ တို့သည် ရယ်မောလိုက်ကြသည်..။ အထူးသဖြင့် တာအိုဆရာလုံရှန်း၏ မျက်လုံးများက... လော့ဝမ်ထျန်းအား... အပြစ်ကင်းစင်သော ကလေးငယ် တစ်ဦးကို ကြည့်နေသကဲ့သို့သော အကြည့်မျိုးဖြင့် ကြည့်နေလေ၏..။
လော့ဝမ်ထျန်း ကြောင်သွားသည်..။ သူ ဘာလုပ်ရမှန်း မသိ ဖြစ်သွားပြီး... တုံ့တုံ့ဆိုင်းဆိုင်းဖြင့် ဆိုလိုက်သည်..။
“ဆရာ... တပည့်... တစ်ခုခု မှားပြောမိလို့လား...”
တာအိုဆရာလုံရှန်းက အားရပါးရ ရယ်မောလိုက်သည်..။
“ကိုးလေးက... သူက အစတည်းက... ငါတို့ အစစ်အမှန်သိုင်းဂိုဏ်းရဲ့ မဏ္ဍိုင် ဖြစ်နေခဲ့တာ ကြာလှပြီ...”
သူ၏ ရယ်သံများထဲတွင်... အဆုံးမရှိသော ခံစားချက်များနှင့် ကျေနပ်မှုများ... ထို့အတူ... သက်သာရာ ရသွားမှု အချို့ပါ ရောနှော ပါဝင်နေသည်..။
ဒီအချိန်တွေ တစ်လျှောက်လုံး... နင်ချီ၏ သရုပ်မှန်ကို သူ တစ်ယောက်တည်းသာ သိရှိခဲ့သည်..။ ယခု... နောက်ဆုံးတွင်... ဤအကြောင်းကို မျှဝေခံစားမည့်သူ တစ်ယောက် ထပ်ရှိလာခဲ့ပြီ ဖြစ်၍... သူ... ဖော်မပြနိုင်သော ပျော်ရွှင်မှုတစ်ခုကို ခံစားလိုက်ရတော့သည်..။
လော့ဝမ်ထျန်းသည် လုံးဝ ကြက်သေသေသွား၏..။ အတွေးပေါင်း ထောင်သောင်းနှင့်... ရေတွက်မရသော စိတ်ကူးများ ပေါ်ထွက်လာခဲ့သော်လည်း... သူ ၎င်းတို့အား တစ်ခုပြီးတစ်ခု ပယ်ချပစ်လိုက်သည်..။
တာအိုဆရာလုံရှန်းက သူ့ကို ဆက်လက်၍ ခေါင်းစားခွင့် မပေးတော့ဘဲ... ပြုံးလျက် ဆိုလိုက်သည်..။
“ဖြစ်နိုင်တာက... မင်း... သူ့ရဲ့ တခြား သရုပ်မှန်တစ်ခုကို ပိုပြီး ရင်းနှီးနေလိမ့်မယ်...”
လော့ဝမ်ထျန်း၏ အသက်ရှူသံများ မြန်ဆန်လာပြီး... ခန့်မှန်းချက်တစ်ခု ပေါ်ထွက်လာသည်..။ သူ၏ မျက်လုံးများက အလိုအလျောက် ပြူးကျယ်သွား၏..။
“စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်...”
တာအိုဆရာလုံရှန်း၏ စကားအဆုံးတွင်... သူ လုံးဝ အံ့အားသင့်သွားသည်..။ သူ၏ တစ်ကိုယ်လုံး ကျောက်ရုပ်တစ်ရုပ်ပမာ ဖြစ်သွား၏..။ ...ဦးနှောက်ကို မိုးကြိုးအပစ်ခံလိုက်ရသလို... မူးဝေပြီး ရှုပ်ထွေးသွားတော့သည်...။
“ကိုးလေးက... စီနီယာ ထျန်းကျန့်...။ ...ဒါ... ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ...”
လော့ဝမ်ထျန်းသည်... လုံးဝ မယုံကြည်နိုင် ဖြစ်နေသည်..။
...အကယ်၍သာ... ဒီစကားကို တခြားသူတစ်ယောက်ယောက်က ပြောခဲ့မည်ဆိုလျှင်... သူ ဒါကို လုံးလုံးလျားလျား အဓိပ္ပာယ်မရှိသည့် စကားလို့ ပယ်ချပစ်လိုက်မှာ သေချာတသည်...။... သို့သော် ဒါက သူ အလေးစားရဆုံး ဆရာ ကိုယ်တိုင် ပြောနေတာ ဖြစ်ပြီး... နင်ချီကတောင် ဆရာ့ဘေးမှာ ပြုံးနေသေးသည်...။
ဤ ထိတ်လန့်ဖွယ် သတင်းကို ချေဖျက်ရန် သူ အတော်ပင် ကြိုးစားနေရသည်..။ ...ဒါက သူ ဂိုဏ်းချုပ်အဖြစ် တာဝန်ယူပြီးကတည်းက... အပေါက်ကွဲဆုံး သတင်း ဖြစ်မှာ သေချာပြီး... တခြားကိစ္စတွေ အားလုံးက... ဒါနှင့် ယှဉ်လိုက်လျှင်... အရေးမပါတော့သလိုပင်...။
တာအိုဆရာလုံရှန်း နှင့် နင်ချီ တို့ကတော့... လော့ဝမ်ထျန်း ဤအဖြစ်မှန်ကို ချေဖျက် လက်ခံနေသည်ကို... ပြုံးလျက်သာ ကြည့်နေကြလေ၏..။
အချိန်အတော်ကြာပြီးနောက်...။ လော့ဝမ်ထျန်းသည် နောက်ဆုံးတွင် သတိပြန်ဝင်လာတော့သည်..။
သူက မချိပြုံး ပြုံးလျက် ခေါင်းခါလိုက်သည်..။
“ကိုးလေး... မင်း... မင်း တကယ်ပဲ... မင်းအစ်ကိုကြီးရဲ့ ဝိညာဉ်ကို လန့်ထွက်သွားအောင် လုပ်လိုက်တာပဲကွာ...”
ရိုးရိုးသားသား ပြောရလျှင်...။ လူတိုင်းက နင်ချီ၏ ကျင့်ကြံမှုအကြောင်းကို အရင်က တိတ်တဆိတ် ဆွေးနွေးခဲ့ကြဖူးသည်..။
....သို့ရာတွင်.. အားလုံးက... ခုနစ်နှစ်ကြာ ကျင့်ကြံပြီးနောက်... နင်ချီသည် 'အတွင်းစွမ်းအင် ကြီးမားသော အောင်မြင်မှု' အဆင့်... အများဆုံး 'အတွင်းစွမ်းအင် အထွတ်အထိပ်' နယ်ပယ်သို့ ရောက်ရှိနေနိုင်သည်ဟု တွက်ဆခဲ့ကြသည်...။ ဒါကပင်လျှင်... ချဲ့ကားလွန်းသော ခန့်မှန်းချက် တစ်ခု ဖြစ်နေခဲ့ပြီ...။
သူတို့ထဲမှာ... ယဲ့ချင်းဟယ်က... နင်ချီဟာ 'မြူဖြူ နယ်ပယ်' ထဲကိုတောင် ရောက်နေလောက်ပြီလို့ ပြောခဲ့သော်လည်း... လူတိုင်းက ဒါကို အနည်းငယ် ပိုလွန်းသည်ဟု ထင်ခဲ့ကြသည်..။
...ခုနစ်နှစ်တည်းနှင့်..။ ...သမိုင်းတစ်လျှောက်က သိုင်းသူတော်စင်တွေတောင်... ဒီလို ကျင့်ကြံမှု အရှိန်အဟုန်မျိုး မရှိခဲ့ပါပေ...။
သို့သော်လည်း... ယနေ့...။ နင်ချီ၏ နောက်ထပ် သရုပ်မှန် တစ်ခုမှာ စစ်မှန်သူ ကောင်းကင်ဘုံဓားသခင် ဖြစ်သည်ဟု တာအိုဆရာလုံရှန်းထံမှ ကိုယ်တိုင် ကြားလိုက်ရပြီးနောက်... လော့ဝမ်ထျန်း၏ လောကအမြင်သည် အနည်းငယ် တုန်ခါသွားခဲ့ရသည်..။
... ဒါက တကယ်ကို အံ့ဩစရာ ကောင်းလွန်းလှသည်...။
...ခုနစ်နှစ်တည်းနှင့်...။ ..ကိုးလေးဟာ... ပြိုင်ဘက်ကင်း ပါရမီရှင်တွေတောင်... နှစ်ပေါင်း ရာချီ ကြာသည့်တိုင် မရောက်နိုင်ခဲ့သည့် အမြင့် တစ်ခုကို... ရောက်ရှိသွားခဲ့ပြီပေါ့...။
ဤ ကြောက်မက်ဖွယ်ကောင်းသော အချိန် နှိုင်းယှဉ်ချက်ကို တွေးကြည့်ရုံမျှဖြင့်... သူ အနည်းငယ် အသက်ရှူ ကျပ်သွားသလို ခံစားလိုက်ရသည်..။
ထိုအခိုက်အတန့်၌၊ သူ၏ ရင်ထဲမှ သံသယများစွာသည်လည်း ဖြေရှင်းပြီးသား ဖြစ်သွားလေသည်..။
နင်ချီက အနည်းငယ် အားနာသလို ဆိုသည်..။
“အစ်ကိုကြီး... ကျွန်တော်... ဒါကို တမင်တကာ ဖုံးကွယ်ထားခဲ့တာ မဟုတ်ပါဘူး...”
သူ၏ စကား မဆုံးမီမှာပင်...။ လော့ဝမ်ထျန်းက ကြားဖြတ် ပြောလိုက်သည်..။ သူ၏ မျက်ဝန်းများက ရိုးသားမှုများဖြင့် ပြည့်နှက်နေ၏..။
“ကိုးလေး... ငါ နားလည်ပါတယ်...။ ဒီရွေးချယ်မှုက မမှားခဲ့ပါဘူး...။ ...ငါတောင် ထင်မိသေးတယ်... မင်းနဲ့ ဆရာ... ဒီနေ့... ငါ့ကို မပြောပြခဲ့သင့်ဘူးလို့...”
သူ၏ မျက်နှာထားက တင်းမာသွားသည်..။ ...ထိတ်လန့် ကြောက်ရွံ့ဖွယ် ကောင်းလောက်အောင်... ကြောက်မက်ဖွယ်ကောင်းသော ဤပါရမီမျိုးကိုသာ... ရန်သူများ သိရှိသွားခဲ့လျှင်... သူတို့ သေချာပေါက် အိပ်မပျော်နိုင်ကြတော့ဘဲ... နင်ချီကို ရှင်းပစ်ဖို့ နည်းလမ်းပေါင်းစုံ ကြံစည်လာကြလိမ့်မည်...။ ဤသည်မှာ... နင်ချီ ကိုယ်တိုင်အတွက်ရော... အစစ်အမှန်သိုင်းဂိုဏ်း၏ အနာဂတ်အတွက်ပါ... အလွန်အမင်း အန္တရာယ် ကြီးမားလှသည်..။
တာအိုဆရာလုံရှန်းက လက်ကာပြလိုက်သည်..။
“စိုးရိမ်စရာ မရှိပါဘူး...။ ငါတို့နှစ်ယောက်တည်း သိတာပဲ...။ လျှို့ဝှက်ထားလိုက်ရုံပါပဲ...။ ဂိုဏ်းချုပ် ဆက်ခံသူတစ်ယောက်အနေနဲ့... သဘာဝအတိုင်း... ဒီအရာတွေကို မင်းကို ပြောပြထားသင့်တယ်လေ...။ ဒါမှ... အနာဂတ်မှာ... ကိစ္စတချို့အတွက် ငါ မရှိတော့တဲ့အခါ... မင်းနဲ့ ကိုးလေး... အချင်းချင်း ညှိနှိုင်းလို့ မရတာမျိုး မဖြစ်တော့မှာ...”
နင်ချီကလည်း ပြုံးလျက် ခေါင်းညိတ်လိုက်သည်..။
“ဟုတ်ပါတယ်... အစ်ကိုကြီး... စိုးရိမ်ဖို့ မလိုပါဘူး...”
ဤသည်မှာ သူနှင့် တာအိုဆရာလုံရှန်းတို့ ဆွေးနွေးတိုင်ပင်ခဲ့ကြသည့် ရလဒ် ဖြစ်သည်..။ အချို့အရာများမှာ တစ်သက်လုံး ဖုံးကွယ်ထားရန် မဖြစ်နိုင်ချေ..။ လော့ဝမ်ထျန်း၏ အကျင့်စရိုက်မှာ သံသယရှိစရာ မလိုပါပေ..။
အရေးအကြီးဆုံးမှာ... နင်ချီ၏ လက်ရှိ ခွန်အား သည်လည်း... တဖြည်းဖြည်း အားကောင်းလာပြီ ဖြစ်ရာ... သူ့ကို သတိထားရစေမည့် အလွန် နည်းပါးသော လူအချို့မှလွဲ၍... အခြားသူများက... သူ့အပေါ် ခြိမ်းခြောက်မှု တစ်စုံတစ်ရာ မပြုနိုင်တော့ပေ..။
လော့ဝမ်ထျန်းသည် သက်ပြင်းတစ်ချက် ရှိုက်ထုတ်လိုက်၏..။ ဤ အံ့အားသင့်ဖွယ် သတင်းကို... သူ ခုထိ ချေဖျက်နေရဆဲ ဖြစ်သော်လည်း... သူ၏ ရင်ထဲမှ စိတ်လှုပ်ရှားမှုများကမူ... တဖြည်းဖြည်း မြင့်တက်လာခဲ့ပြီ ဖြစ်သည်..။
...ဒီလို မိစ္ဆာတစ်ကောင်လို ပါရမီရှင် ဂျူနီယာညီလေး တစ်ယောက် ရှိနေတာ... တွေးကြည့်ရုံနဲ့တင်... စိတ်လှုပ်ရှားစရာ ကောင်းလှပါပြီ...။
...အစစ်အမှန်သိုင်း လမ်းစဉ် စောင့်ရှောက်သူ...။ ...စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်...။