← Chapters

ကိုးလေးက စစ်မှန်သူကောင်းကင်ဘုံဓားသခင်လား။ အစစ်အမှန်သိုင်းဂိုဏ်း၏ ခြေလှမ်းသစ်များ။

Vol. 12 Ch. 170

ကိုးလေးက စစ်မှန်သူကောင်းကင်ဘုံဓားသခင်လား။ အစစ်အမှန်သိုင်းဂိုဏ်း၏ ခြေလှမ်းသစ်များ။

Vol. 12 Ch. 170

~အစစ်အမှန်သိုင်း ကျင့်ကြံကွင်း၌…

တပည့်များအားလုံး စုရုံးနေကြ၏..။ သူတို့သည် ရှေ့ဆုံးမှ လူနှစ်ဦး... တာအိုဆရာလုံရှန်း နှင့် လော့ဝမ်ထျန်း တို့ကို စိတ်လှုပ်ရှားစွာ စူးစိုက်ကြည့်နေကြသည်..။

ယနေ့သည် အစစ်အမှန်သိုင်းဂိုဏ်းအတွက် အလွန်အရေးကြီးသော နေ့တစ်နေ့ ဖြစ်ပေသည်..။ ၎င်းသည် မျိုးဆက်သစ်ကို လက်ဆင့်ကမ်းခြင်း နှင့် ဖွံ့ဖြိုးတိုးတက်ခြင်းကို ဖော်ညွှန်းနေ၏..။

တာအိုဆရာလုံရှန်းသည် ဖြူစင်သော တာအိုဝတ်ရုံကို ဝတ်ဆင်ထားရာ... သေမျိုး ကမ္ဘာမှ လွတ်မြောက်နေသူ

တစ်ဦးပမာ ထင်မှတ်ရသည်..။ သူ၏ မျက်ဝန်းများထဲတွင် နက်ရှိုင်းသော ခံစားချက်များ ပြည့်နှက်နေ၏..။

ရုတ်တရက် သူ နောက်ပြန်လှည့်ကြည့်လိုက်သည်..။ သူလျှောက်လှမ်းခဲ့သော လမ်းအား မြင်ယောင်နေမိသကဲ့သို့ပင်..။

အစစ်အမှန်သိုင်းဂိုဏ်းသည် ဆယ်စုနှစ်များစွာအတွင်း တိုးတက်လာခဲ့ပြီး... ယခုအခါ ကမ္ဘာတစ်လွှား ကျော်ကြားသော ထိပ်တန်းဂိုဏ်းတစ်ခု ဖြစ်လာခဲ့လေပြီ..။

သို့ဖြစ်သော်ငြားလည်း... ကြိုးစားအားထုတ်မှုများကား လိုအပ်နေဆဲ ဖြစ်သည်..။

အစစ်အမှန်သိုင်း အမွေအနှစ် မှတ်တမ်းများအရ... အတိတ်၏ ဂုဏ်ကျက်သရေရှိသော အစစ်အမှန်သိုင်းဂိုဏ်းတွင်... သိုင်းသူတော်စင် တစ်ပါးပင် ပေါ်ထွန်းခဲ့ဖူးပြီး... ဤလောကကြီးကို အဆုံးစွန်ထိ တောက်ပစေခဲ့ဖူးလေ၏..။

ထို့နောက် သူ၏အကြည့်သည် တဖြည်းဖြည်း တည်ကြည်လေးနက်သွားပြီး... သူ၏ တပည့်ကြီးအား ကြည့်လိုက်သည်..။

“ဝမ်ထျန်း…ဒီနေ့... ငါ အစစ်အမှန်သိုင်းဂိုဏ်းကို မင်းဆီ တရားဝင် အပ်နှံလိုက်ပြီ...။ မင်းရဲ့ တာဝန်ကို အမြဲတမ်း သတိရရမယ်...။ ပြီးတော့ အစစ်အမှန်သိုင်းဂိုဏ်းကို ရှေ့ဆက်ဖို့ ဦးဆောင်သွားရမယ်...။ မင်း... လုပ်နိုင်မလား...”

လော့ဝမ်ထျန်း၏ ခန္ဓာကိုယ်သည် တုန်ခါသွား၏..။

သူ အလွန် စိတ်လှုပ်ရှားနေမိသော်လည်း... တစ်ချိန်တည်းမှာပင် ဖိအားများစွာ ခံစားနေရသည်..။

ဂိုဏ်းချုပ်အဖြစ် ဆက်ခံရမည့် ကိစ္စကို တာအိုဆရာလုံရှန်းက ယခင်ကတည်းက ထုတ်ဖော် ပြောဆိုခဲ့ဖူး၏..။ သူသည် ကောင်းကောင်း မစွမ်းဆောင်နိုင်မည်ကို အမြဲတမ်း စိုးရိမ်ခဲ့သည်..။

သို့သော်... ယခုအခါ... သူ့ဆရာ၏ ဆန္ဒကို ဖြည့်ဆည်းပေးရန်... သူ၏ အစွမ်းရှိသမျှကို အားလုံး ပုံအောရန် နောက်ဆုံးတွင် ဆုံးဖြတ်ချက် ချလိုက်နိုင်ပြီ ဖြစ်သည်..။

သူ၏ ယခင် စိုးရိမ်ပူပန်မှုများမှာ ထင်သလောက် အရေးမကြီးတော့ကြောင်း သူ သဘောပေါက်သွားလေသည်..။ 'မြူဖြူ နယ်ပယ်' တွင် ရှိနေသည့် အနေအထားဖြင့်... ဂိုဏ်းချုပ်တစ်ယောက်၏ တာဝန်ကို ထမ်းဆောင်ရန်မှာ... မဖြစ်နိုင်သည့် ကိစ္စတော့ မဟုတ်ပါ...။ သူ ဆက်လက် တိုးတက်နေဦးမည်သာ..။ 'ကျောက်စိမ်းအရည် မူလအမြုတေ' အဆင့်သို့ အဆင့်ချိုးဖြတ်နိုင်ရန်မှာ အချိန်အတိုင်းအတာတစ်ခုသာ ဖြစ်သည်..။

'အိပ်မက် ကျင့်စဉ်' ကို လေ့ကျင့်ပြီးနောက်... တပည့်ရင်း အများစု၏ ကျင့်ကြံမှု တိုးတက်နှုန်းမှာ... ထိတ်လန့်ဖွယ် အရှိန်အဟုန်ဖြင့် မြင့်တက်လာခဲ့သည်..။ နင်ချီ ပေးအပ်ခဲ့သော ကျင့်ကြံခြင်း သိုင်းနည်းစနစ်သည် မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို သူတို့ နားလည်သွားကြ၏..။ ၎င်းသည် သမားရိုးကျ ကျင့်ကြံခြင်း မှတ်တမ်းများကို ချိုးဖျက်ပစ်နိုင်

လောက်သည်အထိ ဖြစ်သည်..။

ဤအချက်အပြင်... တာအိုဆရာလုံရှန်း နှင့် စစ်မှန်သူ ကောင်းကင်ဘုံဓားသခင် တို့က အခြေခံ အထောက်အပံ့များ ပေးနေသေးသဖြင့်...လော့ဝမ်ထျန်းမဖို့ စိုးရိမ်စရာ အခြားအရာ မရှိတော့ပါချေ..။

နောက်ဆုံးတွင်တော့... 'ကောင်းကင်ဘုံလူသားနယ်ပယ်' သို့ တက်လှမ်းသွားပြီ ဖြစ်သော တာအိုဆရာလုံရှန်းသည် ကျင့်ကြံရန် အချိန် ပိုမို လိုအပ်လာသည်..။ သူသည် နောက်ကွယ်မှ ပုန်းကွယ်နေခြင်းမျှသာ ဖြစ်ပြီး... ကိစ္စရပ်များမှ လုံးဝ အနားယူသွားခြင်း မဟုတ်ပါ..။

သူ၏ ကြားဝင်စွက်ဖက်မှု လိုအပ်သည့် အခြေအနေမျိုး ကြုံလာလျှင်... တာအိုဆရာလုံရှန်းက လက်ပိုက်ကြည့်နေမည် မဟုတ်သည်မှာ သေချာပါသည်..။

လော့ဝမ်ထျန်း လုပ်ရန် လိုအပ်သည်မှာ... ဂိုဏ်း၏ ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များကိုသာ အာရုံစိုက် ကိုင်တွယ်ရန် ဖြစ်၏..။

သူသည် ဤကိစ္စများတွင် အလွန် ကျွမ်းကျင်သူ ဖြစ်သည်..။ တစ်နည်းဆိုရသော်... ပြီးခဲ့သော ဆယ်စုနှစ်အတွင်း... လော့ဝမ်ထျန်းတွင် ဂိုဏ်းချုပ်၏ ဘွဲ့အမည် မရှိခဲ့သော်လည်း... ဂိုဏ်းချုပ်တစ်ဦး၏ တာဝန်များကိုမူ ထမ်းဆောင်နေခဲ့ပြီး ဖြစ်သည်..။

၎င်းသည်ပင်လျှင် တာအိုဆရာလုံရှန်းက လော့ဝမ်ထျန်းကို သူ၏ နေရာ ဆက်ခံရန် ရွေးချယ်ခဲ့သည့် အကြောင်းရင်း ဖြစ်လေသည်..။

အစစ်အမှန်သိုင်းဂိုဏ်းသည် ဆက်လက် ဖွံ့ဖြိုးတိုးတက်နေရမည်..။

လော့ဝမ်ထျန်းသည် သက်ပြင်းတစ်ချက်ကို ရှိုက်ထုတ်လိုက်ပြီး... သူ၏ အတွင်းစိတ်မှ အတွေးများစွာကို ဖိနှိပ်လိုက်သည်..။ ထို့နောက်... လေးနက်တည်ကြည်စွာ ကျေညာလိုက်၏..။

“တပည့်... တပည့်ရဲ့ တစ်ဘဝတာ စွမ်းအင်အားလုံးကို ပေးဆပ်ပြီး... ဆရာ့ရဲ့ ယုံကြည်မှုကို အလွဲသုံးစား မလုပ်မိစေရပါဘူး...”

တာအိုဆရာလုံရှန်း၏ မျက်လုံးများထဲတွင် မျက်ရည်များ ဝေ့တက်လာသည်..။ သူသည် ဂိုဏ်းချုပ်၏ တာအို သရဖူကို လော့ဝမ်ထျန်း၏ ဦးခေါင်းထက်သို့ တင်လိုက်ပြီး... ဂိုဏ်းချုပ်၏ တာအိုဝတ်ရုံကိုပါ ဆင်မြန်းပေးလိုက်၏..။

ထို့နောက်... သူက ဩဇာရှိသော အသံဖြင့် ကျယ်လောင်စွာ ကြေညာလိုက်တော့သည်..။

“ဒီနေ့ကစပြီး... လော့ဝမ်ထျန်းဟာ အစစ်အမှန်သိုင်းဂိုဏ်းရဲ့ ဒုတိယမျိုးဆက် ဂိုဏ်းချုပ် ဖြစ်သွားပြီ...။ မင်းတို့အားလုံး... ဂိုဏ်းချုပ်ရဲ့ လမ်းညွှန်မှုအောက်မှာ စည်းလုံးညီညွတ်စွာနဲ့ အစစ်အမှန်သိုင်းဂိုဏ်းကို ပြန်လည် နိုးထစေရမယ်...”

တပည့်များသည်လည်း စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်သွားကာ... လေးစားစွာ ဦးညွှတ်လိုက်ကြပြီး... ဟစ်ကြွေးလိုက်ကြသည်..။

“ဂိုဏ်းချုပ်အသစ်ကို ဂါရဝပြုပါတယ်...”

“စည်းလုံးညီညွတ်စွာနဲ့ အစစ်အမှန်သိုင်းဂိုဏ်းကို ပြန်လည် နိုးထစေရမယ်...”

ကောင်းကင်ယံတွင် နှင်းပွင့်များက တဖွဲဖွဲ ကျဆင်းနေသော်ငြား... ၎င်းတို့သည် အစစ်အမှန်သိုင်း တပည့်များ၏ စိတ်အားထက်သန်မှုကို မငြိမ်းသတ်နိုင်ခဲ့ပေ..။

အကယ်၍... ယခင် သမိုင်းများကို ထည့်မတွက်ဘူးဆိုလျှင်... အစစ်အမှန်သိုင်းဂိုဏ်းသည် အမှန်တကယ်တွင် အလွန် နုပျိုသော ဂိုဏ်းတစ်ခုသာ ဖြစ်သေးသည်။

တပည့်များက မိမိတို့ကိုယ်ကိုသာ စဉ်းစားကြသည်..။ သို့သော်... အငြင်းပွားမှုများစွာ မရှိပေ..။ အဘယ်ကြောင့်ဆိုသော်... အများစုကြီးက ဂိုဏ်းအတွက် မိမိတို့၏ ကြိုးစားအားထုတ်မှုများကို မြှုပ်နှံရန်... မိမိကိုယ်ကို စတေးရန်အထိပင်... ဆန္ဒရှိနေကြသောကြောင့် ဖြစ်သည်..။

နင်ချီသည် ဤမြင်ကွင်းကို ကြည့်ရင်း... ဖော်မပြနိုင်သော ခံစားချက်တစ်ခုသည် နှလုံးသားထဲတွင် တသိမ့်သိမ့်ခံစား နေရသည်..။

သူ တောင်ပေါ် ရောက်နေခဲ့သည်မှာ ဆယ်နှစ်တိုင်ခဲ့ပြီ…။

သူ၏ဆရာ့ဂိုဏ်းအတွင်းမှ ပထမဆုံး ဂိုဏ်းချုပ်နေရာ အပြောင်းအလဲကို မျက်မြင်ကိုယ်တွေ့ ကြုံရခြင်း ဖြစ်၏..။ ...အနာဂတ်မှာ ဒီလို အဖြစ်အပျက်မျိုးတွေ အကြိမ်များစွာ ဖြစ်ပေါ်လာနိုင်သေးပေမဲ့... ဒီတစ်ကြိမ်ကတော့... သူ့အတွက် အရေးကြီးဆုံးပါပဲ...။

...အကြောင်းကတော့... ဒီထဲမှာ သူ့ဆရာနှင့် သူ့စီနီယာ အစ်ကိုကြီးတို့ ပါဝင်နေလို့ပါပဲ...။

နင်ချီသည် အစစ်အမှန်သိုင်း လမ်းစဉ် စောင့်ရှောက်သူ ဖြစ်ပြီး... အစစ်အမှန်သိုင်း၏ လုံခြုံရေးကို ကာကွယ်ပေးရမည်..။ သူ၏ အစ်ကိုကြီးက ဂိုဏ်းချုပ်အသစ် ဖြစ်လာပြီး... ဂိုဏ်း၏ ဖွံ့ဖြိုးတိုးတက်မှုကို ဦးဆောင်လိမ့်မည်...။ ဒါဟာ အလွန် ကောင်းမွန်လှသည်..။

တပည့်ရင်းတိုင်းသည် စစ်မှန်စွာ ပျော်ရွှင်နေကြ၏..။ လော့ဝမ်ထျန်းသည် သူ၏ ရာထူးနှင့် မထိုက်တန်ဟု မည်သူမျှ မတွေးကြပေ..။ သူမှလွဲ၍... အစစ်အမှန်သိုင်းဂိုဏ်းတွင် အခြား မည်သူမျှ... ဂိုဏ်းချုပ် ဖြစ်ရန် ပို၍ အရည်အချင်း မပြည့်မီကြတော့ပေ..။

အဝေးတစ်နေရာတွင်...၊

ချင်းပြည်နယ်မှ ထင်ရှားသော ပုဂ္ဂိုလ်အချို့ကို ဤအခမ်းအနားအား တက်ရောက် ကြည့်ရှုရန် ဖိတ်ကြားထားသည်..။ ထိုသူများထဲတွင် အစစ်အမှန်သိုင်း ဓားကျောက်စာတိုင်၌ တရားထိုင်နေသော ဓားသမားများလည်း ပါဝင်၏..။ သူတို့သည် အစစ်အမှန်သိုင်းဂိုဏ်း၏ အံ့ဩဖွယ် စည်းလုံး ညီညွတ်မှုကို တွေ့မြင်လိုက်ရပြီး... လေးစား အားကျမှုများဖြင့် ပြည့်နှက်သွားကြသည်...။

...ထောင်စုနှစ်ချီသော အမွေအနှစ်ကို ဆက်ခံမည့် ပြိုင်ဘက်ကင်း ဂိုဏ်းတစ်ဂိုဏ်းသည်... သူတို့၏ မျက်စိရှေ့တွင် မွေးဖွားလာတော့မည်...။

ဤသို့သော စည်းလုံးညီညွတ်မှုဖြင့်... မအောင်မြင်ဘဲ နေရန် ခက်ခဲလှသည်..။

အချို့လူများ အတွေးပေါက်သွားကြသည်..။

လော့ဝမ်ထျန်း ဂိုဏ်းချုပ်အဖြစ် ဆက်ခံပြီးနောက်... ကြီးမားသော လှုပ်ရှားမှုများ ပြုလုပ်မည် ဖြစ်ပြီး... အစစ်အမှန်သိုင်းဂိုဏ်းသည်လည်း ချဲ့ထွင်လာနိုင်ဖွယ်ရှိသည်ဟု... သတင်းအချို့ကို သူတို့ ကြားသိထားပြီး ဖြစ်သည်..။

အကယ်၍... သူတို့သာ အစစ်အမှန်သိုင်းဂိုဏ်းသို့ ယခု ဝင်ရောက်နိုင်ခဲ့လျှင်... ဒါဟာ သေချာပေါက် အခွင့်အရေးကောင်း တစ်ခု ဖြစ်ပေလိမ့်မည်..။

...

တောက်ပအလင်း သိုင်း ခန်းမဆောင်..။

အတွင်း၌ လော့ဝမ်ထျန်း၊ တာအိုဆရာလုံရှန်း နှင့် နင်ချီ တို့ သုံးဦးတည်းသာ ရှိနေကြသည်..။

လော့ဝမ်ထျန်းသည် စိတ်ထဲ၌ အနည်းငယ် ရှုပ်ထွေးနေ၏..။ မူလက... သူသည် တာအိုဆရာလုံရှန်းနှင့် လာမည့်ရက်များအတွက် သူ၏ အစီအစဉ်များကို ဆွေးနွေးလိုခဲ့သည်..။

ဂိုဏ်းချုပ်တာဝန်ကို အခုမှ ယူထားရသည်ဖြစ်ရာ... သူက ရည်မှန်းချက်တွေ ပြည့်နေပြီး... အာရုံစိုက်ခံနေရချိန်မှာ ကြီးကြီးမားမား တစ်ခုခု လုပ်ပြချင်ခဲ့သည်..။ မထင်မှတ်ဘဲ... တာအိုဆရာလုံရှန်းက နင်ချီ ကိုပါ ခေါ်လိုက်လေသည်..။

...ဒါက သူသည် ဂိုဏ်းချုပ် ဖြစ်လာ၍ အဆင့်အတန်း ကွာသွားသည်ဟု ခံစားမိလို့တော့ မဟုတ်ပါ...။ ...သို့သော်... တခြား ဆရာတူအစ်ကိုတွေ တစ်ယောက်မှ မခေါ်ဘဲ... နင်ချီ တစ်ယောက်တည်းကိုပဲ ခေါ်လိုက်တာက... လော့ဝမ်ထျန်းကို အနည်းငယ် အံ့အားသင့်စေခဲ့သည်...။

သို့သော်... တာအိုဆရာလုံရှန်း၏ ပထမဆုံး စကားများက သူ့ကို နေရာမှာပင် ကြက်သေ

သေသွားစေခဲ့သည်..။

တာအိုဆရာလုံရှန်းက ပြုံးလျက် ဆို၏..။

“ကိုးလေးက... အစစ်အမှန်သိုင်း လမ်းစဉ် စောင့်ရှောက်သူ ပဲကွယ့်..”

“ ဗျာ…လမ်းစဉ် စောင့်ရှောက်သူ...”

လော့ဝမ်ထျန်း၏ မျက်လုံးများ မေးခွန်းများဖြင့် ပြည့်သွားသည်..။

တာအိုဆရာလုံရှန်းက စတင် ရှင်းပြတော့သည်..။

“အစစ်အမှန်သိုင်း လမ်းစဉ် စောင့်ရှောက်သူ ဆိုတာ... အစစ်အမှန်သိုင်း အမွေအနှစ်ကို ကာကွယ် စောင့်ရှောက်ရသူပဲ...။ သူက ဆရာတို့ဂိုဏ်းရဲ့ ပြိုင်ဘက်ကင်း အစစ်အမှန်သိုင်း ခန္ဓာကျင့်စဉ် ကို ကျင့်ကြံနိုင်တဲ့ တစ်ဦးတည်းသောသူ ဖြစ်တယ်...။ ပြီးတော့... ဆက်တိုက် ဖြစ်လာမယ့် ဂိုဏ်းချုပ်တွေကပဲ လမ်းစဉ် စောင့်ရှောက်သူရဲ့ သရုပ်မှန်ကို သိခွင့်ရှိတယ်...။ တစ်ခု မှတ်ထားရမှာက... အနာဂတ်မှာ ဘယ်သူပဲ ဂိုဏ်းချုပ် ဖြစ်နေပါစေ... လမ်းစဉ် စောင့်ရှောက်သူ အားလုံးရဲ့ အောက်မှာ ရှိနေတယ်...။ အရေးကြီးတဲ့ အခိုက်အတန့်တွေမှာ... သူက ဂိုဏ်းချုပ်ကို ဖြုတ်ချနိုင်တဲ့ အာဏာတောင် ရှိတယ်...။ လမ်းစဉ် စောင့်ရှောက်သူရဲ့ သရုပ်မှန်ကိုတော့... လွယ်လွယ်နဲ့ ဖွင့်မပြောရဘူး...”

သူသည် တဝက်က နောက်နေသလို၊ တဝက်က အတည်ပေါက် ပြောနေသလို ဖြစ်သည်..။

တာအိုဆရာလုံရှန်းသည် လော့ဝမ်ထျန်း၏ စိတ်ဓာတ်ကို သဘာဝအတိုင်း နားလည်ပြီးသား ဖြစ်သည်..။

သို့သော်... အနာဂတ်တွင်... မိမိ၏ မူလရည်ရွယ်ချက်ကို မထိန်းသိမ်းနိုင်တော့သော အခြားသူ တစ်ဦးဦးကသာ တာဝန်ယူလာခဲ့လျှင်... ထိုကဲ့သို့သော အချိန်များ၌... လမ်းစဉ် စောင့်ရှောက်သူသည် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်လာမည် ဖြစ်ပြီး... အကျပ်အတည်းများကို ရှောင်လွှဲကာ... အမှန်တရားကို ပြန်လည် ထိန်းကျောင်းပေးနိုင်ပေလိမ့်မည်..။

All Chapters