← Chapters

မြို့စောင့်မြောက်ပိုင်းဘုရင်၏ လျှို့ဝှက်စာ နှင့် ဂိုဏ်းချုပ် ဆက်ခံသူ

Vol. 12 Ch. 169

မြို့စောင့်မြောက်ပိုင်းဘုရင်၏ လျှို့ဝှက်စာ နှင့် ဂိုဏ်းချုပ် ဆက်ခံသူ

Vol. 12 Ch. 169

~“ဒီလောကကြီးမှာ... သိုင်းသူတော်စင် သိုင်းနည်းစနစ် မရှိတော့ဘူး...။” ...ဒါ... ဒါဆို သိုင်းသူတော်စင် သိုင်းနည်းစနစ်တွေအားလုံး အဆက်ပြတ်သွားပြီလို့ ဆိုလိုတာလား...။ ဘာလို့ အဆက်ပြတ်သွားရတာလဲ...။ တစ်ယောက်ယောက်ကများ ဖျက်ဆီးလိုက်တာလား...။ ဒါမှမဟုတ်... တခြားအကြောင်းတစ်ခုခု ရှိနေတာလား...။

တာအိုဆရာလုံရှန်းသည် သူ့ဘာသာသူ တိုးတိုးရေရွတ်လိုက်၏..။ သူ၏ နှလုံးသားက တည်ငြိမ်နေနိုင်စွမ်း မရှိတော့ပါ...။

လောကကြီးမှာ သိုင်းသူတော်စင်တွေ ရှိနေတာ အမှန်ပဲ..။ မဟာယန်၏ သိုင်းသူတော်စင်က သက်သေပဲ..။ ဒါပေမဲ့... မြို့စောင့်မြောက်ပိုင်းဘုရင်က သိုင်းသူတော်စင် ဖြစ်ဖို့ဆိုရင်... လမ်းသစ်တစ်ခုကို ကိုယ်တိုင် ထွင်းဖောက်ရမယ်လို့ ပြောခဲ့တယ်...။

...မဟာယန် သိုင်းသူတော်စင်၏ လမ်းကြောင်းက ဖြတ်သန်းလို့ မရတဲ့ လမ်းများ ဖြစ်နေသလား...။ ...ဒါမှမဟုတ်... တစ်စုံတစ်ယောက်က တခြားသူတွေကို သိုင်းသူတော်စင် အဖြစ် မတက်လှမ်းစေချင်လို့... သိုင်းသူတော်စင် သိုင်းနည်းစနစ်တွေအားလုံးကို တမင်တကာ ဖျက်ဆီးပစ်ခဲ့တာလား...။

တာအိုဆရာလုံရှန်း၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားသည်..။

သူ၏ ရင်ထဲ၌ ပို၍ပင် ထိတ်လန့်စရာကောင်းသော ခန့်မှန်းချက်တစ်ခု ရှိနေသေးသော်လည်း... နှုတ်မှ ထုတ်ဖော် မပြောခဲ့ပါ..။

...မဟာယန် သိုင်းသူတော်စင်ဟာ လောကကြီးကို နှစ်ပေါင်းနှစ်ထောင်ကြာ ကြီးစိုး ထားခဲ့တာ...။ ...ဖြစ်နိုင်တာက... သူက ဒီစကြဝဠာ တစ်ခုလုံးကို တစ်ဦးတည်း ပိုင်ဆိုင်ဖို့ ကြံရွယ်နေပြီး... တခြားသူတွေကို သိုင်းသူတော်စင်

အဆင့်ကို မရောက်အောင် တားဆီးနေတာ ဖြစ်နိုင်မလား...။

နင်ချီသည် သူ၏ဆရာ့ မျက်လုံးထဲမှ အကြည့်ကို မြင်လိုက်ရုံမျှဖြင့်... သူ ဘာတွေ တွေးနေသည်ကို အတပ်သိ လိုက်၏..။

အမှန်တကယ်တော့... သူ၏ ကနဦး အတွေးများကလည်း တာအိုဆရာ လုံရှန်းနှင့် ထပ်တူပင် ဖြစ်ခဲ့သည်..။

သို့သော်... မကြာမီမှာပင်... သူ ပို၍ နက်နက်နဲနဲ တွေးခေါ်လိုက်မိသည်..။

...အရင်က... ကျွမ်းချန် ဆီကနေ 'စိမ်းပြာဓား သိုင်းသူတော်စင်' ၏ အမွေအနှစ်ကို သူ လက်ခံရရှိခဲ့တုန်းက... အမွေအနှစ်ထဲက သိုင်းသူတော်စင် အပိုင်းက ပျောက်ဆုံးနေခဲ့တယ်...။ တစ်ယောက်ယောက်က ဖျက်ဆီးလိုက်သလိုပဲ...။ ဒါပေမဲ့... အဲ့ဒီမှာ မှတ်ချက်တစ်ခု အပိုပါလာသေးတယ်...။ သိုင်းသူတော်စင် ဖြစ်ဖို့ဆိုရင်... ကောင်းကင်နဲ့မြေကြီးရဲ့ စွမ်းအားကို ကိုယ့်အတွက် အသုံးပြုနိုင်အောင် စုပ်ယူရမယ် ဆိုပြီးတော့...။

...ဒါကသာ မဟာယန် သိုင်းသူတော်စင်၏ လက်ချက်ဆိုရင်... သမိုင်းတစ်လျှောက်က သိုင်းသူတော်စင် အမွေအနှစ်တွေအားလုံးထဲက သိုင်းသူတော်စင် အပိုင်းကို ဖျက်ဆီးပစ်နိုင်တဲ့ စွမ်းရည် သူ့မှာ ရှိနေလို့လား...။ ...ဘာလို့ အမွေအနှစ် စ်ခုလုံးကို အစတည်းက မဖျက်ဆီးပစ်ခဲ့တာလဲ...။ .. ဘာလို့ ဒီလို မလိုအပ်တဲ့ မှတ်ချက် တစ်ခုကို အပိုထည့်ထားခဲ့ရတာလဲ...။

...ဒါ့အပြင်... မဟာယန် သိုင်းသူတော်စင်ကသာ လောကကြီးကို တစ်ဦးတည်း ပိုင်ချင်တယ်ဆိုရင်... 'ကောင်းကင်ဘုံလူသား အထွတ်အထိပ်' အဆင့်က လူတွေကို တိတ်တဆိတ် ရှင်းပစ်လိုက်လို့ ရတာပဲ...။ ...ဘာလို့ သူတို့ကို ဆက်ပြီး ကြီးထွားခွင့်... ရှေ့ဆက်ရမယ့် လမ်းကို ရှာဖွေခွင့် ပေးထားရတာလဲ...။

နင်ချီသည် ၎င်းမှာ အနည်းငယ် ယုတ္တိမတန်ဟု ခံစားလိုက်ရသည်..။

...ဒါတွေက မဟာယန် သိုင်းသူတော်စင်၏ လက်ချက် မဟုတ်ခဲ့ဘူးဆိုရင်... ဘယ်သူကများ ဒီသိုင်းသူတော်စင် သိုင်းနည်းစနစ်တွေကို ဖျက်ဆီးပစ်ခဲ့တာလဲ...။

သို့နှင့် သူသည် ထိုတွေးဆချက်များကို နှုတ်မှ ထုတ်ဖော် ပြောလိုက်သည်..။

တာအိုဆရာလုံရှန်း တိတ်ဆိတ်သွားသည်..။

“မင်း အခုလို ပြောလာမှ...ဆရာ ရုတ်တရက် ခံစားမိလာတယ်...။ အရင်က ငါလက်ခံရရှိခဲ့တဲ့ အစစ်အမှန်သိုင်း အမွေအနှစ်က မပြည့်စုံခဲ့တာ မဟုတ်ဘဲ... ဖြစ်နိုင်ရင်... အစစ်အမှန်သိုင်း အမွေအနှစ်ထဲက သိုင်းသူတော်စင် သိုင်းနည်းစနစ်တွေကိုတောင် တစ်စုံတစ်ယောက်က ဖျက်ဆီးပစ်ခဲ့တာ ဖြစ်နိုင်လောက်တယ်...”

သူသည် ထိတ်လန့်တုန်လှုပ်ဖွယ် အတွေးတစ်ခုကို ထုတ်ဖော်ပြောလိုက်ပြီးမှ... ခေါင်းခါလိုက်သည်..။

ဒါက သူ၏ တွေးဆချက်မျှသာ ဖြစ်သည်..။ ...ဖြစ်နိုင်တာက... အစစ်အမှန်သိုင်း အမွေအနှစ်ဟာ ကောင်းကောင်း ထိန်းသိမ်းထားနိုင်ခဲ့သော ရှားရှားပါးပါး သိုင်းသူတော်စင် သိုင်းနည်းစနစ်တွေထဲက တစ်ခု ဖြစ်နေနိုင်သေးတာပဲ...။

“ဒါပေမဲ့... ဘာလို့လဲ...”

သူတို့နှစ်ဦးစလုံး စိတ်ရှုပ်ထွေးသွားကြသည်..။

ဘာပဲဖြစ်ဖြစ်... အားကိုးစရာ ကျင့်စဉ်သိုင်းနည်းစနစ် ရှိ၊ မရှိ ဆိုတာက လုံးဝ ကွဲပြားခြားနားသော ကိစ္စရပ်တစ်ခု ဖြစ်သည်..။

ဥပမာ... ကောင်းကင်ဘုံလူသားနယ်ပယ် ကိုပဲ ကြည့်..။ တစ်စုံတစ်ယောက်က 'ချီစွမ်းအင် အနှစ်သာရ နယ်ပယ်' အထိ ကျင့်ကြံနိုင်ခဲ့ပေမဲ့... ကျင့်ကြံဖို့ အထောက်အကူပြုမည့် 'ကောင်းကင်ဘုံလူသား လျှို့ဝှက်ကျမ်း' သာ မရှိလျှင်... သူတို့ဟာ ကိုယ့်အသက်တောင် ကုန်သွားသော်လည်း... အဆင့်တက်နိုင်မှာ မဟုတ်ချေ။ ...... အဆင့်တက်ဖို့ နည်းလမ်းကို မျက်စိစုံမှိတ်ပြီး ရှာဖွေ စူးစမ်းနေရသလို ဖြစ်သွား၍ပင်...။

အခု... လောကကြီးမှာ သိုင်းသူတော်စင် သိုင်းနည်းစနစ်တွေ မရှိတော့ပေ..။ ဆိုလိုသည်မှာ... 'ကောင်းကင်ဘုံလူသား အထွတ်အထိပ်' အဆင့်က ပုဂ္ဂိုလ်တွေဟာ... ရှေ့ဆက်ရမည့် လမ်းကို ကိုယ်တိုင် စူးစမ်းရှာဖွေရတော့မည်..။

သိုင်းသူတော်စင် နယ်ပယ်ကို ရောက်ဖို့ အဆင့် ချိုးဖြတ်နည်းလမ်းကို အတင်း ဖန်တီးယူရတော့မည်..။ ဒါက... သိုင်းပညာ လမ်းကြောင်း၏ နောက်ထပ် နယ်ပယ်တစ်ခုကို ရှေ့ဆောင်လမ်းပြ ပြုရတာနှင့် အတူတူနီးပါးပင်..။ လူသားမျိုးနွယ်၏ လမ်းကြောင်းကို နောက်ကြောင်းပြန် လျှောက်နေရသလိုပင်..။ ...နောက်ထပ် နယ်ပယ်၏ နာမည်က 'သိုင်းသူတော်စင်' ဟု ခေါ်သည် ဟူ၍ ကြိုသိထားရုံလေးပဲ...။

ဘယ်လောက်တောင် ခက်ခဲမလဲဆိုတာ တွေးကြည့်၍ ရသည်..။

ကနဦး လူသားမျိုးနွယ်က သိုင်းသူတော်စင် နယ်ပယ်ကို ရှာဖွေဖို့ အချိန် ဘယ်လောက် ကြာခဲ့သနည်း ဆိုတာကိုတော့ နင်ချီ မသိပေ..။

... သို့သော် ဒါက တိုတောင်းသည့် အချိန်တော့ မဖြစ်နိုင်ပေ..။

သိုင်းသူတော်စင် သိုင်းနည်းစနစ်တွေ ရှိနေဦးတောင်မှ... ကောင်းကင်ဘုံလူသားနယ်ပယ်ကနေ သိုင်းသူတော်စင် အဆင့်ကို တက်ဖို့က အလွန်တရာ ခက်ခဲပြီး... ရာစုနှစ် အနည်းငယ်အတွင်းမှာ တစ်ယောက်တောင် ပေါ်ထွက်လာခဲ့တာ မဟုတ်ပေ..။

အခု... သိုင်းသူတော်စင် သိုင်းနည်းစနစ်တွေ မရှိတော့ဘဲ... ဒါက ငရဲမီးကျလောက်အောင် ပိုပြီး ခက်ခဲသွားပြီ..။

တာအိုဆရာလုံရှန်းက အကြောင်းရင်းကို သဘောပေါက်သွားသည်..။

“နှစ်ပေါင်းနှစ်ထောင်အတွင်းမှာ သိုင်းသူတော်စင် အသစ် တစ်ယောက်မှ ပေါ်မလာတာ အံ့ဩစရာ မရှိတော့ဘူး...”

နင်ချီ၏ မျက်လုံးများက တဖျပ်ဖျပ် လင်းလက်သွား၏..။

“ဖြစ်နိုင်တာက... ဒီကိစ္စကို လူတစ်ယောက်တည်း လုပ်ခဲ့တာ မဟုတ်ဘဲ... 'အုပ်စုတစ်စု' ဒါမှမဟုတ်... တခြား အင်အားစု တစ်ခုခုက လုပ်ခဲ့တာ ဖြစ်နိုင်မလား...”

သူ အရင်က မြို့ငယ်လေးတစ်မြို့မှာ တွေ့ခဲ့သည်ြ မျက်မမြင် အဘိုးအိုကို ပြန်သတိရမိသည်..။ အဲ့ဒီအဘိုးအိုက သူ့ကို သိုင်းသူတော်စင် ကိစ္စတွေမှာ သိပ် နက်နက်ရှိုင်းရှိုင်း မစူးစမ်းဖို့ သွယ်ဝိုက် သတိပေးခဲ့သည်...။ သိုင်းသူတော်စင်တွေဟာ မကောင်းဆိုးဝါးဆန်သော အငွေ့အသက်တွေ ရှိနေသလိုမျိုး သတိပေးခဲ့ခြင်း ဖြစ်ပါသည်...။

သူ အမှန်တရားနှင့် တဖြည်းဖြည်း ပိုနီးကပ်လာပြီလို့ ခံစားလိုက်ရသည်..။

“တော်သေးတာပေါ့... 'သိုင်းနည်းစနစ်တွေ' ပဲ ပျောက်ဆုံးနေတာ ဆိုတော့...”

နင်ချီက တချက်ပြုံး လိုက်သည်..။

နားလည်နိုင်စွမ်းနှင့် ပတ်သက်လာရင်... သူ ဘယ်သူ့ကိုမှ မကြောက်ပေ..။

...ဒါက သိုင်းသူတော်စင် သိုင်းနည်းစနစ်တွေ မရှိတော့တာပဲ...။ သူ ကိုယ်တိုင် ဖန်တီးရုံပဲ ရှိ၏...။ တခြားသူတွေအတွက်တော့... ဒါက မိုးကောင်းကင်ကို တက်ရသလောက် ခက်ခဲနိုင်သော်လည်း... သူ့အတွက်တော့... ဒါက တကယ့်ကို ကိစ္စကြီးကြီးမားမား မဟုတ်ပါပေ...။

...ငါ ကောင်းကင်ဘုံလူသားနယ်ပယ်ကို ရောက်တာနဲ့... သိုင်းသူတော်စင် သိုင်းနည်းစနစ်တွေကို ကြိုပြီး ဖန်တီးဖို့ စလုပ်ရမယ်...။ ...ဒါပေမဲ့... ငါ သိုင်းသူတော်စင် သိုင်းနည်းစနစ်တွေ ဖန်တီးနိုင်ခဲ့ရင်တောင်... သတိကြီးကြီးနဲ့ လျှို့ဝှက်ထားရမယ်...။ အမှန်တရားကို အပြည့်အဝ နားမလည်မချင်းတော့... သတိနဲ့နေမှ ဖြစ်မယ်...။

နင်ချီ အမြဲတစေ ခံစားနေရသည်..။

...သိုင်းသူတော်စင် နယ်ပယ်၏ အလွန်မှာ... ပိုပြီး နက်နဲသည့် လျှို့ဝှက်ချက်တွေ ရှိနေသေးသည် ဟူ၍...။

အထူးသဖြင့်...ယခု လောကကြီးမှာ ရှိနေသည့် တစ်ဦးတည်းသော သိုင်းသူတော်စင်... မဟာယန် သိုင်းသူတော်စင်နှင့်

ပတ်သက်ပြီး သတိထားဖို့ လိုအပ်သည်..။

...သိုင်းသူတော်စင် သိုင်းနည်းစနစ်တွေအားလုံးကို မဟာယန် သိုင်းသူတော်စင် တစ်ယောက်တည်းက ဖျက်ဆီးပစ်ဖို့ ခက်ခဲလောက်သည်ဟု နင်ချီ ခံစားမိပေမဲ့... သူ ရှိနေတာကြီးက... အမြဲတမ်း စိတ်ထဲ၌ ထူးဆန်းသကဲ့သို့ ထင်နေရသည်...။

ဆရာတပည့် နှစ်ယောက် ဆက်လက် ဆွေးနွေးခဲ့ကြသည်..။

နောက်ဆုံးတော့... သူတို့နှစ်ယောက်လုံး... ဒီကိစ္စအပေါ်မှာ စွမ်းအင်တွေ အများကြီး မသုံးဘဲ... သိုသိုသိပ်သိပ် နေထိုင် လုပ်ဆောင်သွားတာက အကောင်းဆုံးလို့ ခံစားမိကြသည်..။

နင်ချီသည် သက်ပြင်းတစ်ချက်ကို ခပ်ဖွဖွ မှုတ်ထုတ်လိုက်ပြီး... သူ၏ အတွေးစ အားလုံး ကို ဘေးဖယ်ထားလိုက်သည်..။

ထို့နောက်... လျှို့ဝှက်စာ၏ နောက်တစ်ပိုင်းကို ဂရုတစိုက် ဖတ်ရှုလိုက်၏..။

ဤ ထူထဲသော စာလွှာထပ်ကြီးက လျှို့ဝှက်စာ၏ အဓိက ကိုယ်ထည် ဖြစ်သည်..။ ၎င်းတွင် မြို့စောင့်မြောက်ပိုင်းဘုရင်၏ အမှတ်သညာဖြစ်သော အစွမ်းထက် သိုင်းကွက်... ကောင်းကင်ကို ဖိနှိပ်ခြင်း လက်သီးသိုင်း ကို မှတ်တမ်းတင်ထားသည်..။

ရှင်းနေသည်ပငိ.။ မြို့စောင့်မြောက်ပိုင်းဘုရင်က သူသိထားသော သိုင်းသူတော်စင် သတင်းအချက်အလက်တွေက စစ်မှန်သူ ကောင်းကင်ဘုံဓားသခင် ကို ကျေနပ်စေမှာ မဟုတ်ကြောင်း ခံစားမိ၍... သူ၏ အစွမ်းထက် သိုင်းကွက်ကိုပါ ပူးတွဲ ပေးလိုက်တာ ဖြစ်လေသည်...။ ဒါက စေတနာ အပြည့်အဝ ပါတာကို ပြနေသည်...။

ဒီလို လျှို့ဝှက်စာမျိုးကတော့... ကောင်းကင်ဘုံလူသားနယ်ပယ် ပညာရှင် နှစ်ယောက်ကို အစောင့်အရှောက်အဖြစ် သုံးဖို့ ထိုက်တန်ပါ၏...။

နင်ချီသည် မမှိတ်မသုန်ကြည့် နေမိသည်..။

သူ၏ မျက်လုံးများထဲတွင် အံ့ဩမှု အရိပ်အယောင်များ ယှက်သန်း ဖြစ်ပေါ် လာပြီး... အနည်းငယ် ခေါင်းညိတ်လိုက်မိသည်..။

မြို့စောင့်မြောက်ပိုင်းဘုရင်ဟာ ပြိုင်ဘက်ကင်း ပါရမီရှင် ဟူသော ဂုဏ်ပုဒ်နှင့် တကယ် ထိုက်တန်ပါပေသည်..။

သူ ဖန်တီးခဲ့သော ကောင်းကင်ကို ဖိနှိပ်ခြင်း လက်သီးသိုင်း က တကယ်ကို အနှစ်သာရ ရှိလှသည်...။ နင်ချီ အတွက် ကြီးမားသော ဉာဏ်အလင်းတွေ ရရှိစေသည်...။ အထူးသဖြင့်... ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားကို အသုံးပြုပြီး ဖိနှိပ် ချိပ်ပိတ်စော အသုံးချပုံတွေပင်...။

ယခင်က... မြို့စောင့်မြောက်ပိုင်းဘုရင်က နင်ချီ၏ ရှေ့မှာ ကောင်းကင်ကို ဖိနှိပ်ခြင်း လက်သီးသိုင်းကို သုံးပြခဲ့ဖူးပြီး... နင်ချီက အနည်းငယ် လေ့လာ မှတ်သားထားခဲ့ဖူးသည်..။

သို့သော်.. ကောင်းကင်ကို ဖိနှိပ်ခြင်း လက်သီးသိုင်း တစ်ခုလုံးကို ာခုလို မြင်လိုက်ရမှ... ထိုနေ့က မြို့စောင့်မြောက်ပိုင်းဘုရင်ဟာ သူ၏ နက်နဲမှုတွေထဲက အစိတ်အပိုင်းတစ်ခုကိုပဲ သုံးပြခဲ့မှန်း နင်ချီ သိလိုက်ရတော့သည်..။

“ကောင်းကင်ကို ဖိနှိပ်ခြင်း လက်သီးသိုင်း... တကယ့်ကို ပြိုင်ဘက်ကင်းတဲ့ လက်သီးသိုင်းကွက်ပဲ...”

နင်ချီသည် သူ၏ ချီးကျူးစကားကို နှမြောမနေခဲ့ပါ..။

တာအိုဆရာလုံရှန်းက ပြုံးလျက် ခေါင်းညိတ်လိုက်သည်..။

သူ ကြည့်ဖို့ မလိုအပ်ဘူးဟု ခံစားမိ၏..။ နင်ချီက သူ့ကို လှမ်းပေးသည့်တိုင်... သူ မယူခဲ့ပါ..။ ...အရင်က သိုင်းသူတော်စင် သတင်းအချက်အလက်ကိုတော့ နောက်တစ်ယောက် သိသွားလို့လည်း ဘာမှ မထိခိုက်နိုင်ပေ...။ သို့ရာတွင်... ဒီ ကောင်းကင်ကို ဖိနှိပ်ခြင်း လက်သီးသိုင်း က... မြို့စောင့်မြောက်ပိုင်းဘုရင်၏ အစွမ်းထက် သိုင်းကွက် ဖြစ်ပြီး... စစ်မှန်သူ ကောင်းကင်ဘုံဓားသခင် နှင့် အလဲအလှယ် လုပ်ထားခြင်း ဖြစ်သည်...။ သူကတော့... ဒီလောက်ထိ မျက်နှာပြောင်တိုက်ပြီး ယူကြည့်မှာ မဟုတ်ပါ...။

နင်ချီလည်း အတင်းမတိုက်တွန်းတော့ပေ..။

သူက ကောင်းကင်ဘုံလူသား လျှို့ဝှက်သိုင်းနည်းစနစ် အချို့ကို စုစည်းနေပြီးသား ဖြစ်သည်..။ နောက်ပိုင်းကျမှ ဆရာ့ကို သင်ပေးလိုက်မည်...။

၎င်းတို့က ကောင်းကင်ကို ဖိနှိပ်ခြင်း လက်သီးသိုင်း ထက် မနိမ့်ကျပါ...။ ပိုပြီး အစွမ်းထက်တာတွေကို... နင်ချီက နှမြောတွန့်တိုနေတာ မဟုတ်ပါ...။

တာအိုဆရာလုံရှန်း အခုလောလောဆယ် လေ့လာနိုင်ဦးမှာ မဟုတ်မှာကို စိုးရိမ်လို့သာ ဖြစ်ပါသည်...။

“နောက်ထပ် ရက်အနည်းငယ်ကြာရင်... ကျွန်တော် 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' ကို တိတ်တဆိတ် ပေါ်လာခိုင်းပြီး ဆယ့်တစ် လေးကို သင်ကြားပေးခိုင်း

လိုက်ပါ့မယ်...။ ဆရာ... မြို့စောင့်မြောက်ပိုင်းဘုရင် စိတ်အေးသွားအောင်... ကျွန်တော့်ကို အကြောင်းပြန်ပေးပါ...”

နင်ချီက ပြုံးလျက် ပြောလိုက်သည်..။

မြို့စောင့်မြောက်ပိုင်းဘုရင်၏ သတင်းအချက်အလက်နှင့်

သိုင်းပညာကို လက်ခံရရှိပြီးမှတော့... သူကလည်း ကတိဖျက်မှာ မဟုတ်ပါလေ..။

ထိုအခါ တာအိုဆရာလုံရှန်းကလည်း ပြုံးလျက် ခေါင်းညိတ်လိုက်သည်..။

သူက မြို့စောင့်မြောက်ပိုင်းဘုရင် စေလွှတ်လိုက်သော တပည့်၏

လက်ဆောင် အကြောင်းကိုပါ ပြောပြလိုက်ရာ... နင်ချီ အလွန်အမင်း ဝမ်းသာသွား၏..။

ဒါက တကယ့်ကို အချိန်ကိုက် ရွာချလိုက်သည့် မိုးတစ်ပေါက်ပါပဲ..။

သူက 'အစစ်အမှန် နက်ရှိုင်းဂိုဏ်း' ၏ တာအိုကျမ်းစာတွေကို အပြည့်အဝ နားလည် သဘောပေါက်သွားခဲ့ပြီ...။

မြို့စောင့်မြောက်ပိုင်းဘုရင် စံအိမ်တော်က တာအိုကျမ်းစာတွေက... သူ၏ အခြေခံအုတ်မြစ်ကို ပိုပြီး တိုးမြှင့်ပေးနိုင်ဦးမှာ သေချာသည်...။

...

လဝက်ခန့် ကြာသောအခါ...။

မြို့စောင့်မြောက်ပိုင်းဘုရင် စံအိမ်တော်မှ ပုံတူကူးထားသော တာအိုကျမ်းစာများ အစစ်အမှန်သိုင်းတောင် သို့ ရောက်ရှိလာသည်..။ ထပ်နေသော အချို့ကို ဖယ်ထုတ်ပြီးသည့်တိုင်... အနည်းဆုံး စာအုပ်ပေါင်း နှစ်ထောင်ကျော် ရှိလေသည်..။

ပြောရမည် ဆိုလျှင်...

မြို့စောင့်မြောက်ပိုင်းဘုရင်က တကယ်ကို ရက်ရောလွန်းသည်...။

မြို့စောင့်မြောက်ပိုင်းဘုရင် စံအိမ်တော်၏ အခြေခံအုတ်မြစ်ကလည်း တကယ်ကို နက်ရှိုင်းလှ၏..။ ယခုလို စာအုပ် စုဆောင်းမှုမျိုးက... တချို့သော တာအိုဂိုဏ်းကြီးတွေထက်တောင် မနိမ့်ကျပေ...။

နင်ချီသည် ကျမ်းစာများ ဖတ်ရှုခြင်းနှင့် ဉာဏ်အလင်း ရှာဖွေခြင်းဆိုသော ဖြည့်ဖြည့်တင်းတင်း ဘဝထဲတွင် နောက်တစ်ကြိမ် နစ်မြုပ်သွားပြန်သည်..။

သူ၏ ချီစွမ်းအင်များက နေ့တစ်နေ့ထက် တစ်နေ့ ပိုမို အားကောင်း သိပ်သည်းလာပြီး... နောက်ဆုံးအဆင့် ပြောင်းလဲခြင်းဆီသို့ ပိုမို နီးကပ်လာခဲ့သည်..။

ဤကာလအတွင်း...၊

နင်ချီသည် ပုံသဏ္ဌာန်မဲ့ ချီခန္ဓာ တစ်ခုကို ဖန်တီးလိုက်ပြီး... တောင်ကုန်း အနောက်ဘက်တွင် လီလင် ကို ကောင်းကင်ဘုံဓားသိုင်းကွက် ၏ ရှေ့ပြေး ဓားလမ်းကြောင်း လျှို့ဝှက်သိုင်းနည်းစနစ် အချို့ကို သင်ကြားပေးခဲ့သည်..။

လီလင်သည် ဝမ်းသာလွန်း၍ ခုန်ပေါက်မိလေ၏..။

သူ မကြာသေးမီက စိတ်အနည်းငယ် ရှုပ်ထွေးနေခဲ့သည်..။ သူ၏ ပါရမီကလည်း ထူးခြား ပြောင်မြောက်သော်ငြား... ကျွမ်းချန်၏ မူလ ဓားအရိုး နှင့် နှိုင်းယှဉ်လိုက်လျှင်... သူက အနည်းငယ်တော့ နိမ့်ကျနေသေးသည်..။

ဓားတာအို အပေါ်မှာ ပြင်းပြင်းပြပြ ချစ်မြတ်နိုးစိတ် ရှိနေလို့သာ... သူ ကျွမ်းချန်၏ ခြေလှမ်းများကို အမီလိုက်နိုင်ဖို့ ကြိုးစားနေရသော်လည်း... ခက်ခဲလှသည်..။ ...သည့်တိုင်အောင် သူ့စိတ်ထဲ၌ သက်သာမကင်း ဖြစ်နေခဲ့သည်...။

သို့ရာတွင်.. အခု... စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်၏ လမ်းညွှန်မှုနှင့်အတူ... သူ အရာအားလုံး ပိုပြီး လွယ်ကူလာတာကို တွေ့ရှိလိုက်ရသည်..။

သို့သော်... စစ်မှန်သူ ကောင်းကင်ဘုံဓားသခင် နှင့် ဤသို့ ရင်းရင်းနှီးနှီး ထိတွေ့ဆက်ဆံနေရချိန်တွင်... သူ့စိတ်ထဲ၌ လေးစားမှု ပိုတိုးလာသော်လည်း... အတွင်းစိတ်ထဲမှာတော့... သူက ကိုယ့်ဆရာက ပိုကောင်းသည်ဟု မကူညီနိုင်ဘဲ ခံစားနေရသည်..။

...အကြောင်းရင်းကတော့... စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်က... အရမ်းကို တင်းမာပြီး အေးစက်လွန်းနေ၍ပါပင်...။

...သူ၏ ဓားတာအိုက ပြိုင်ဘက်ကင်းသလောက်... လီလင်ကတော့ သူ့ဆရာ သင်ကြားပေးသည့် ပုံစံကိုပဲ ပိုပြီး နှစ်သက်မိပါသည်...။

အတွင်းစိတ်ထဲတွင် အတော်ကြာ စဉ်းစားပြီးနောက်... လီလင်သည် သူ၏အဖေက သူ့ကို ဓားတာအို သင်ပေးဖို့ စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်ကို 'ရင်းနှီးမြှုပ်နှံ' ပြီး ငှားရမ်းခဲ့သည့်အကြောင်း ကျွမ်းချန်ကို တိတ်တဆိတ် မျှဝေ ပြောပြလိုက်သည်..။

ကျွမ်းချန်သည် အနည်းငယ် အားကျမိသော်လည်း... လီလင် အတွက် စစ်မှန်စွာ ဝမ်းမြောက်ပေးခဲ့သည်..။

ဆရာတူ ညီအစ်ကိုနှစ်ယောက်သည် အလွန် ရင်းနှီးကြပြီး... ဖြူစင်သော ပြိုင်ဆိုင်မှုသာ ရှိကြကာ... မနာလိုဝန်တိုမှု မရှိကြပေ..။

တာအိုဆရာလုံရှန်းသည် ထိုမြင်ကွင်းကို ကျေနပ်သော မျက်လုံးများဖြင့် ကြည့်နေ၏..။

သူ့ရှေ့မှာ ချင်ယွင် ဆိုသော ဥပမာ ရှိခဲ့ပြီးဖြစ်သောကြောင့်... သူသည် ယခုအခါ သူ၏တပည့်များ၏ ဤကဲ့သို့သော အခြေအနေများအပေါ်တွင် အလွန် ဂရုစိုက် အာရုံထားနေလေသည်..။

—------

အချိန်များက လျင်မြန်စွာ ကုန်ဆုံးသွားသည်..။

နင်ချီက အဋ္ဌမမြောက် သွေးကျောက်စိမ်း ဆေးလုံးကို သောက်သုံးလိုက်ချိန်တွင်..

နှစ်ကုန်ပိုင်းသို့ ရောက်ရှိလာခဲ့သည်..။

အစစ်အမှန်သိုင်းဂိုဏ်းတွင်လည်း ကြီးမားသော အဖြစ်အပျက် တစ်ခု ဖြစ်ပေါ်ခဲ့သည်..။

တာအိုဆရာလုံရှန်းက သူ၏ နေရာကို လွှဲပြောင်းပေးလိုက်ပြီး... လော့ဝမ်ထျန်းက အစစ်အမှန်သိုင်းဂိုဏ်း၏ ဂိုဏ်းချုပ် နေရာကို ဆက်ခံခဲ့လေသည်..။

All Chapters