အခန်း (၁၉၀၃-၁၉၀၄)
Vol. 131 Ch. 1903-1904
အခန်း(၁၉၀၃)
ရှေးဟောင်း အငွေ့အသက်များ ထုတ်လွှတ်နေသည့် တောင်တန်းကြီး ရှေ့သို့ ပုံရိပ်နှစ်ခုသည် ကောင်းကင်ယံကနေ ဆင်းသက်လာခဲ့သည်။
ထိုပုံရိပ်နှစ်ခုမှာ တခြားသူများ မဟုတ်ပေ။
ကျန်းချန် နှင့် သူ ကျွန်ပြုထားသည့် အစေအပါးရွှယ်ဟန်တို့ပင် ဖြစ်သည်။
လုချန်ချင်း နှင့် တိုက်ခိုက်ပြီးနောက်တွင် ကျန်းချန်သည် သူ၏ ရှေ့မှ တောင်တန်းဆီသို့ အလျင်အမြန် သွားရောက်ခဲ့သည်။
သူ၏ ခန္ဓာကိုယ်ကနေ အထွတ်အထိပ် နတ်အလင်းတန်း ထွက်ပေါ်နေခြင်းကြောင့် လမ်းခရီးတစ်လျောက်လုံးရှိ ပြိုင်ပွဲဝင်များသည် အထွတ်အထိပ် နတ်အလင်းတန်းကို မြင်တွေ့သည်နှင့် နောက်ဆုတ်သွားခဲ့ကြသည်။
ထို့ကြောင့် ကျန်းချန်သည် ခရီးတစ်လျှောက်လုံး မည်သည့်အတားအဆီးနှင့်မှ မကြုံတွေ့ခဲ့ရသလောက်ပင်။
လမ်းပိတ်ဆို့နေသည့် သားရဲတစ်ကောင်၊ နှစ်ကောင်ခန့်ကို ရံဖန်ရံခါ တွေ့ကြုံရသော်လည်း ရွှယ်ဟန်က အလွယ်တကူပင် ဖြေရှင်းပေးခဲ့သည်။
“အတော်ကြီးမားတဲ့ ရှေးဟောင်း တောင်တန်းကြီးပါလား”
ကျန်းချန်က နဂါးကြီးတစ်ကောင် ကဲ့သို့ ဖြစ်နေသော သူ၏ ရှေ့မှ ရှေးဟောင်းတောင်တန်းကို ကြည့်ကာ မချီးကျူးဘဲ မနေနိုင်ခဲ့ပေ။
သူက ခမ်းနားထည်ဝါသော တောင်တန်းနှင့် မြစ်များစွာကို မြင်တွေ့ခဲ့ဖူးသော်လည်း ထိုအထဲတွင် သူ့အရှေ့မှ တောင်တန်းနှင့်နှိုင်းယှဥ်နိုင်သော တောင်တန်း အနည်းငယ်မျှသာ ရှိသည်။
ဤတောင်တန်းသည် တစ်ချိန်က စန်းယိုနယ်မြေတွင် နာမည်ကျော်ကြားခဲ့သော နေရာတစ်ခု ဖြစ်ပြီး စန်းယိုနယ်မြေမှ ထိပ်တန်း အင်အားစုတစ်ခု၏ တည်နေရာ ဖြစ်နိုင်ခြေ အလွန်များသည်ဟု ကျန်းချန် ခံစားမိခဲ့သည်။
“သခင်.. ကျွန်တော် ဒီနေရာကို ရင်းနှီးနေသလို ခံစားရတယ်”
ကျန်းချန်က သူ့ရှေ့မှ တောင်တန်းကို ကြည့်နေစဥ်မှာပင် ရွှယ်ဟန်၏ စကားသံက ကျန်းချန်၏ နားထဲတွင် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ကျန်းချန်၏ မျက်ဝန်းများက ရုတ်တရက် လေးနက်သွားခဲ့၏။
သူ၏ နံဘေးမှ ရွှယ်ဟန်သည် အသက်ရှင်စဥ်က စန်းယိုနတ်ကျောင်း၏ အဆင့်မြင့် နယ်မြေနတ်ဘုရားတစ်ပါး ဖြစ်ခဲ့သည်။
ရွှယ်ဟန်က အချိန်ကြာမြင့်စွာကတည်းက ကျဆုံးသွားခဲ့ပြီး သေမျိုးမဟုတ်သည့် ပုံစံဖြင့် ပြန်လည် မွေးဖွားလာခဲ့သော်လည်း သူ၏ ဘဝအကြောင်းကို တစ်စိတ်တစ်ပိုင်းမျှသာ မှတ်မိခဲ့သည်။
ယခု ရွှယ်ဟန်က ဤနေရာကို အလွန်ရင်းနှီးနေသည်ဟု ခံစားရသောကြောင့် ရွှယ်ဟန်နှင့် အတော်လေး ပတ်သက်မှုရှိမည်မှာ သေချာ၏။
“ဒါက စန်းယိုနတ်ကျောင်းရဲ့ တည်နေရာများ ဖြစ်နေမလား”
ထိုသို့တွေးမိလျှင် ကျန်းချန်၏ မျက်ဝန်းများသည် လင်းလက်လာခဲ့သည်။
“သခင်.. ကျွန်တော်နှင့် အကျွမ်းတဝင်ရှိတဲ့ အရှိန်အဝါ တစ်ခုက တောင်တန်းရဲ့ အနက်ရှိုင်းဆုံး နေရာကနေ ကျွန်တော့်ကို ခေါ်နေသလိုမျိုး ခံစားနေရတယ်.. အဲဒီနေရာကို သခင် သွားကြည့်ချင်လား”
ရွှယ်ဟန်၏ အသံက ကျန်းချန်၏ နားထဲတွင် တစ်ဖန် ထွက်ပေါ်လာခဲ့သည်။
“လမ်းပြပါ”
ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်ပြီး လေးနက်သော အသံဖြင့် ပြောလိုက်သည်။
ဤနေရာက စန်းယိုနတ်ကျောင်း၏ တည်နေရာ ဖြစ်သည်မှာ သေချာလုနီးပါးပင်။
ရွှယ်ဟန်ကို ဆင့်ခေါ်သည့် အရှိန်အဝါက မည်သည့် အရာမှန်း ကျန်းချန် မသိသော်လည်း ကျန်းချန်က ထိုအရာကို စူးစမ်းလိုခဲ့သည်။
ကျန်းချန်၏ အမိန့်ပေးသံကိုကြားလျှင် ရွှယ်ဟန်သည် အပိုစကားများ ပြောမနေတော့ဘဲ ကျန်းချန်ကို တောင်တန်း၏ အနက်ရှိုင်းဆုံး နေရာသို့ အလျင်အမြန်ပင် ဦးဆောင်သွားခဲ့သည်။
သူတို့နှစ်ယောက်က လမ်းတစ်လျှောက်တွင် ပျံသန်း၍ သွားခဲ့ကြ၏။
သိပ်မကြာခင်မှာပင် သူတို့သည် ပထမဆုံး စုစည်းခဲ့သည့် အထွတ်အထိပ် နတ်အလင်းတန်းနှင့် အတော်လေး နီးကပ်လာခဲ့သည်။
သူတို့၏ ပန်းတိုင်သည် အထွတ်အထိပ် နတ်အလင်းတန်းရှိသည့် နေရာ ဖြစ်နိုင်ဖွယ် ရှိသည်ဟု ကျန်းချန် ခံစားမိခဲ့၏။
တစ်နည်းဆိုရသော် ဤနေရာသည် စန်းယိုနတ်ကျောင်း၏ တည်နေရာသာ အမှန်တကယ် ဖြစ်ခဲ့လျှင် အထွတ်အထိပ် နတ်အလင်းတန်းကို ပထမဆုံး စုစည်းခဲ့သူသည် စန်းယိုနတ်ကျောင်း၏ တည်နေရာသို့ ရောက်ရှိနေသည်မှာ ဖြစ်နိုင်၏။
သို့သော်လည်း အထွတ်အထိပ် နတ်အလင်းတန်းကို ပထမဆုံး စုစည်းနိုင်သူသည် မဟာမြေရိုင်းနတ်ဂိုဏ်းမှ မိုကျင့်လဲ့ ဖြစ်နိုင်ကြောင်း တွေးလိုက်မိသောအခါ ကျန်းချန်သည် လျင်မြန်စွာပင် စိတ်သက်သာရာ ရသွားခဲ့သည်။
စန်းယိုနယ်မြေ၏ အခြေအနေနှင့် ပတ်သက်၍ မဟာမြေရိုင်းနတ်ဂိုဏ်းထက် နားလည်သည့်သူ မဟာမြေရိုင်း နယ်မြေတစ်ခုလုံးတွင် လုံးဝ မရှိနိုင်ပေ။
မဟာမြေရိုင်းနတ်ဂိုဏ်းတွင် မိုကျင့်လဲ့၏ အဆင့်အတန်းအရ စန်းယိုနယ်မြေ၏ အခြေအနေကို ရှင်းလင်းစွာ သိထားမည်မှာ သေချာသလောက်ပင်။
ထို့ကြောင့် မိုကျင့်လဲ့က စန်းယိုနတ်ကျောင်း၏ တည်နေရာကို ပထမဆုံး တွေ့ရှိသူ ဖြစ်သည်မှာ အံ့သြစရာတော့ မဟုတ်ချေ။
ကျန်းချန်က ရွှယ်ဟန်နှင့် အတူ တောင်တန်း၏ အတွင်းပိုင်းသို့ ပျံသန်း၍ လာနေသော အချိန်တွင် စန်းယိုနတ်ကျောင်း၏ တည်နေရာ အပြင်ဘက်ရှိ လေထုထဲတွင် စည်းတံဆိပ်ကို အားဖြည့်နေသော မိုကျင့်လဲ့သည် အခြားသော အထွတ်အထိပ် နတ်အလင်းတန်း တစ်ခုက သူ့ ထံသို့ အလျင်အမြန် ချဥ်းကပ်လာမှန်း ချက်ချင်းဆိုသလို ခံစားမိခဲ့သည်။
“ချီးပဲ”
မိုကျင့်လဲ့က စိတ်ထဲကနေ တိတ်တဆိတ် ကျိန်ဆဲလိုက်သည်။
သူ၏ မျက်နှာက ချက်ချင်းဆိုသလိုပင် မကြည်မလင် ဖြစ်သွားခဲ့၏။
သူ၏ ခန့်မှန်းချက်အရ အထွတ်အထိပ် နတ်အလင်းတန်းကို စုစည်းနိုင်ခဲ့သူ နောက်တစ်ဦးသည် လုချန်ချင်း နှင့် ကျူစစ်ကျွင်း တို့ထဲမှ တစ်ဦးဦး ဖြစ်နိုင်ဖွယ်ရှိသည်။
ထိုနှစ်ဦးသည် အထွတ်အထိပ် နတ်အလင်းတန်းကို ပထမဆုံးစုစည်းနိုင်သူမှာ သူဖြစ်ကြောင်း ခန့်မှန်းနိုင်လောက်၏။
လုချန်ချင်းဖြစ်စေ၊ ကျူစစ်ကျွင်း ဖြစ်စေ ထိုနှစ်ဦးထဲမှ မည်သူက ဒုတိယမြောက် အထွတ်အထိပ် နတ်အလင်းတန်းကို စုစည်းနိုင်သူ ဖြစ်စေကာမူ ၎င်းတို့သည် ပထမဆုံး စုစည်းနိုင်သူ ဖြစ်သည့် သူ့ထံသို့ လာရောက်ရန် ရွေးချယ်ကြလိမ့်မည်မဟုတ်ပေ။
သို့သော်လည်း ယခုအခါတွင် အထွတ်အထိပ် နတ်အလင်းတန်းသည် သူ့ထံသို့ အမှန်တကယ်ပင် ချဥ်းကပ်လာနေခဲ့သည်။
“ဘာတွေဖြစ်နေတာလဲဟ.. အထွတ်အထိပ် နတ်အလင်းတန်းကို စုစည်းထားတဲ့သူက လုချန်ချင်း နဲ့ ကျူစစ်ကျွင်း မဟုတ်ဘူးလား”
ထိုနှစ်ယောက် မဟုတ်ဘဲ တခြားသူများ ဆိုလျှင်လည်း သူ့ထံသို့ ချဥ်းကပ်လာရန် မဖြစ်နိုင်ပေ။
၎င်းက စန်းယိုနတ်ကျောင်း၏ အမွေအနှစ် အတွက် လာရောက်ခြင်း ဖြစ်နိုင်ပါသလော။
သိထားရမည့်အချက်မှာ ယနေ့ မဟာမြေရိုင်းနယ်မြေ တစ်ခုလုံးတွင် ဤလျှို့ဝှက်နယ်မြေက စန်းယိုနယ်မြေ ဖြစ်ကြောင်း သိထားသူ အနည်းငယ်မျှသာ ရှိသည်။
စန်းယိုနတ်ကျောင်း၏ တည်နေရာနှင့် ပတ်သက်၍ သူတို့ မဟာမြေရိုင်းနတ်ဂိုဏ်းမှာ ပင်လျှင် အဆင့်မြင့် ပုဂ္ဂိုလ် အနည်းငယ်မျှသာ သိထားခဲ့ကြ၏။
ထို့ကြောင့် အထွတ်အထိပ် နတ်အလင်းတန်းကို စုစည်းသူက မည်သူပင် ဖြစ်နေပါစေ၊ ဤနေရာသည် စန်းယိုနတ်ကျောင်း၏ တည်နေရာမှန်း သိရှိရန်မှာ လုံးဝ မဖြစ်နိုင်ပေ။
“ငါ စည်းတံဆိပ်ကို အရင်ဆုံး အားဖြည့်ပြီးမှပဲ အထွတ်အထိပ် နတ်အလင်းတန်းကို စုစည်းခဲ့သင့်တယ်”
မိုကျင့်လဲ့က စိတ်ထဲတွင် တိတ်တဆိတ် ရေရွတ်လိုက်ပြီး သူ့ထံသို့ အလျင်အမြန် ချဥ်းကပ်လာသော အထွတ်အထိပ် နတ်အလင်းတန်းကို ချက်ချင်းဆိုသလို လျစ်လျူရှုလိုက်သည်။
ထို့နောက်တွင် သူက ဆန်းကြယ်သော လက်ဟန်များကို ပိုမိုလျင်မြန်စွာ ပြုလုပ်လိုက်၏။
သို့မှသာ အထွတ်အထိပ် နတ်အလင်းတန်းကို စုစည်းသူ သတိမပြုမီ စည်းတံဆိပ်ကို အပြီးသတ် အားဖြည့်နိုင်မည် မဟုတ်ပါလား။
ထိုသို့မဟုတ်လျှင် နောက်ဆက်တွဲ ပြဿနာများလာမည်ကိုလည်း စိုးရိမ်ရ၏။
မိုကျင့်လဲ့က စည်းတံဆိပ်ကို အားဖြည့်ရန် အစွမ်းကုန် ကြိုးစားနေချိန်မှာပင် အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့သည်။
မသိလိုက် မသိဘာသာဖြင့်ပင် နာရီဝက် ဟူသော အချိန်ကာလသည် လျင်မြန်စွာပင် ကုန်လွန်သွားခဲ့၏။
ကျန်းချန်သည်လည်း ရွှယ်ဟန်၏ ဦးဆောင်မှုအောက်တွင် ထိုနေရာသို့ ရောက်ရှိလာခဲ့သည်။
သူက အနည်းငယ် လှမ်းကြည့်လိုက်ရုံဖြင့် လေထု အထက်တွင် တင်ပျဥ်ခွေ၍ ထိုင်နေသော မိုကျင့်လဲ့နှင့် မိုကျင့်လဲ့၏ အရှေ့မှ နယ်မြေတစ်ခုကို ခပ်ရေးရေး တွေ့လိုက်ရ၏။
တောင်ထိပ်ပေါ်ရှိ အခြေအနေကိုမြင်လျှင် ကျန်းချန်၏ မျက်ဝန်းများက ရုတ်တရက် ကျဥ်းမြောင်းသွားခဲ့သည်။
ဤတောင်ထိပ်ပေါ်တွင် အထူး နယ်မြေတစ်ခုကို ချိတ်ပိတ်ထားပုံရ၏။
သူ၏ခန့်မှန်းချက်သာ မမှားလျှင် ထိုနေရာသည် စန်းယိုနတ်ကျောင်း၏ တည်နေရာ ဖြစ်နိုင်ဖွယ် ရှိသည်။
“သခင်.. ကျွန်တော်ခံစားရတဲ့ အရှိန်အဝါက အဲဒီနေရာကပဲ.. ဒီအရှိန်အဝါက အရမ်းကို အားကောင်းလွန်းတယ်.. ကျွန်တော်အသက်ရှင်စဥ်ကထက် အဆများစွာ ပိုပြီး အားကောင်းမယ်လို့ ထင်တယ်”
သူ၏ရှေ့မှ တောင်ကို စူးစိုက်ကြည့်ရင်း ရွှယ်ဟန်၏ မျက်ဝန်းများတွင် အလင်းများဖြင့် တောက်ပနေခဲ့သည်။
ရွှယ်ဟန်၏ စကားကိုကြားလျှင် ကျန်းချန်၏ စိတ်နှလုံးသည် တုန်လှုပ်သွားခဲ့၏။
ရွှယ်ဟန်သည် အသက်ရှင်စဥ်က နတ်ဘုရင် အဆင့် အင်အားစု၏ အဆင့်မြင့် နယ်မြေနတ်ဘုရား တစ်ပါး ဖြစ်သည်။
စည်းတံဆိပ် ခတ်ထားသော နယ်မြေထဲမှ အရှိန်အဝါသည် ရွှယ်ဟန် အသက်ရှင်စဥ်ကထက်ပင် များစွာ ပို၍ အားကောင်းသည် ဆိုလျှင် ထိုသူက မည်မျှပင် ကြောက်မက်ဖွယ်ရာကောင်းမည်မှာ တွေးနေစရာပင် မလိုအပ်တော့ပေ။
ရုတ်တရက် ကျန်းချန်သည် တစ်စုံတစ်ရာကို တွေးမိသွားခဲ့ပြီး စည်းတံဆိပ်ခတ်ထားသော နယ်မြေကို ကြည့်နေသည့် သူ၏ မျက်ဝန်းများတွင် မယုံကြည်နိုင်လောက်အောင် အံ့သြထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
“စန်းယိုနတ်ဘုရင်ကို ဒီနေရာမှာ စည်းတံဆိပ်ခတ်ပြီး ထိန်းသိမ်းထားတာများလား”
အခန်း(၁၉၀၃)ပြီး၏။
အခန်း(၁၉၀၄)
“ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
ကျန်းချန်က တအံ့တသြဖြင့် ကြည့်လိုက်မိသည်။
မဟာမြေရိုင်းနယ်မြေတွင် စန်းယိုနယ်မြေ ပျောက်ကွယ်သွားသည်မှာ နှစ်သန်းပေါင်း တစ်ရာ ကျော်လွန်သွားခဲ့ပြီ ဖြစ်၏။
ယေဘုယျအားဖြင့် နတ်ဘုရင်အဆင့်၏ သက်တမ်းသည် နှစ်သန်းပေါင်း တစ်ရာထက် မကျော်လွန်ပေ။
စန်းယိုနတ်ဘုရင်သည် ထိုခေတ်ကနေ ယနေ့အထိ မည်ကဲ့သို့ ရှင်သန်နိုင်ပါမည်နည်း။
သို့သော်လည်း ရွှယ်ဟန်၏ ခံစားမှုအရ နန်းတော်ထဲတွင် စည်းတံဆိပ်ခတ် ခံထားရသူသည် သူအသက်ရှင်စဥ်ကထက်ပင် ပိုမို၍ အစွမ်းထက်သည်ဟု ဆိုနေခဲ့သည်။
ယင်းက စန်းယိုနတ်ဘုရင်မှလွဲလျှင် မည်သူဖြစ်နိုင်ပါမည်နည်း။
ကျန်းချန်က စိတ်ထဲမှ ထိတ်လန့်မှုကို ထိန်းချုပ်လိုက်ပြီး အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်ကာ လေထုထဲတွင် တင်ပျဥ်ခွေ၍ ထိုင်နေသည့် မိုကျင့်လဲ့ကို လှမ်းကြည့်လိုက်သည်။
မိုကျင့်လဲ့၏ လက်ဟန်များက အဆက်မပြတ် ပြောင်းလဲနေခဲ့ပြီး လျှို့ဝှက်ဆန်းကြယ်သော စွမ်းအင်များကို ထုတ်လွှတ်ကာ တောင်ထိပ် အထက်ရှိ နေရာလွတ်မုန်တိုင်း ထဲသို့ ပေါင်းစပ်နေခဲ့သည်။
“ဒီကောင်က စည်းတံဆိပ်ကို အားဖြည့်နေတာလား”
သူ၏ရှေ့မှ မြင်ကွင်းကို မြင်လျှင် ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။
မိုကျင့်လဲ့သည် မဟာမြေရိုင်းနတ်ဂိုဏ်း၏ လူငယ်မျိုးဆက်ထဲတွင် အသန်မာဆုံး နံပါတ်(၁) ပါရမီရှင် ဖြစ်သည်။
ထိုကဲ့သို့သော လူက ဤနေရာသို့ လာရောက်ပြီး စည်းတံဆိပ်ကို အားဖြည့်နေသည်မှာ မဟာမြေရိုင်းနတ်ဂိုဏ်း၏ စီစဥ်မှုဖြစ်ကြောင်း သက်သေပြရန် လုံလောက်နေချေပြီ။
မဟာမြေရိုင်းနတ်ဂိုဏ်းသည် ဤနေရာတွင် မည်သူ့ကို စည်းခတ်၍ ပိတ်ထားပါသနည်း။
စန်းယိုနတ်ဘုရင်မှ လွဲလျှင် မဟာမြေရိုင်းနတ်ဂိုဏ်းက စည်းတံဆိပ်ဖြင့် ပိတ်ဆို့ထားရလောက်သည် အထိ အစွမ်းထက်သူ တစ်ဦးတစ်လေကိုမှ ကျန်းချန် မတွေးနိုင်ခဲ့ပေ။
“ဒုတိယမြောက် နတ်အလင်းတန်းကို စုစည်းနိုင်ခဲ့တဲ့သူက လုချန်ချင်းနဲ့ ကျူစစ်ကျွင်းတို့ မဟုတ်ဘဲ မင်း ဖြစ်နေလိမ့်မယ်လို့ ငါတကယ် မမျှော်လင့်ထားမိဘူး.. မင်းဒီနေရာကို လာခဲ့တာက ငါ့ဆီကို ဦးတည်ပြီး လာခဲ့တာလား”
ထိုအချိန်တွင် မိုကျင့်လဲ့၏ အသံက ကျန်းချန်၏ နားထဲတွင် ထွက်ပေါ်လာခဲ့သည်။
ကျန်းချန်က မိုကျင့်လဲ့ကို အဖြေမပေးခဲ့ပေ။
သူက မိုကျင့်လဲ့နှင့် ပေ၁၀၀ အကွာရှိ နေရာသို့ တိုက်ရိုက်ရောက်ရှိလာပြီးမှ မိုကျင့်လဲ့ကို ပြောလိုက်သည်။
“ငါ့ ခန့်မှန်းချက်သာ မမှားဘူးဆိုရင် ဒီနေရာက စန်းယိုနတ်ကျောင်းရဲ့ တည်နေရာ မဟုတ်လား”
“မင်းဘယ်လိုသိတာလဲ”
မိုကျင့်လဲ့၏ မျက်ဝန်းများက ရုတ်တရက် ကျဥ်းမြောင်းသွားခဲ့သည်။
စန်းယိုနတ်ကျောင်း၏ တည်နေရာကို မဟာမြေရိုင်းနတ်ဂိုဏ်း၏ အဆင့်မြင့် ပုဂ္ဂိုလ်များမှ လွဲလျှင် မည်သူမှ မသိကြပေ။
လုချန်ချင်း နှင့် ကျူစစ်ကျွင်း တို့ကို ကျော်လွန်ကာ ဒုတိယမြောက် အထွတ်အထိပ် နတ်အလင်းတန်းကို စုစည်းနိုင်သည့် ဤလျှို့ဝှက်ဆန်းကြယ် ပါရမီရှင်သည် မည်သူနည်း။
ထိုလူက စန်းယိုနတ်ကျောင်း၏ တည်နေရာကို အဘယ်ကြောင့် သိနေရပါသနည်း။
ဤနေရာသို့ လာရောက်ရခြင်း၏ အဓိကရည်ရွယ်ချက်က မည်သည့် ရည်ရွယ်ချက် ဖြစ်နိုင်ပါသနည်း။
ကျန်းချန်က သူ၏ နံဘေးမှ ရွှယ်ဟန်ကို ညွှန်ပြကာ ပြောလိုက်သည်။
“သူက ငါမကြာသေးခင်က ထိန်းချုပ်ခဲ့တဲ့ အစေအပါးပဲ.. သူ မသေခင်က စန်းယိုနတ်ကျောင်းရဲ့ အဖွဲ့ဝင် တစ်ယောက် ဖြစ်ခဲ့တယ်”
“ဒါဆို မင်းက ဒီနေရာကို စန်းယိုနတ်ကျောင်းရဲ့ အမွေအနှစ်တွေကို ရှာဖွေဖို့အတွက် ရောက်လာတာလား”
မိုကျင့်လဲ့၏ မျက်ဝန်းများက ရုတ်တရက် ကျဥ်းမြောင်းသွားခဲ့ပြီး မျက်နှာထက်တွင် သတိထားနေသော အမူအရာများ ဖြစ်ပေါ်လာခဲ့၏။
ကျန်းချန်၏ နံဘေးရှိ ဖုတ်ကောင်က နယ်မြေနတ်ဘုရား အဆင့်နှင့်ပင် နှိုင်းယှဥ်နိုင်သော ခွန်အားရှိနေပြီ ဖြစ်မှန်း မိုကျင့်လဲ့ ခံစားမိခဲ့သည်။
ယင်းအပြင် ထိုဖုတ်ကောင်သည် အသက်ရှင်စဥ်က မှတ်ဥာဏ်အချို့ကိုပင် ပြန်လည် ရရှိထားခဲ့သည်။
ထိုအတွက်ကြောင့် သူ့ရှေ့မှ လျှို့ဝှက်ဆန်းကြယ်သောလူသည် ဤနေရာက စန်းယိုနတ်ကျောင်း၏ တည်နေရာဖြစ်ကြောင်း သိရှိနိုင်ခြင်းမှာ မထူးဆန်းတော့ပေ။
“နတ်ဘုရင်အဆင့် အင်အားစုရဲ့ အမွေအနှစ်က အရမ်းကို ရှားပါးတယ်လေ.. ဒါကြောင့် စူးစမ်းကြည့်ဖို့ ဒီနေရာကို ရောက်လာရတာပဲ”
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး ချက်ချင်းဆိုသလိုပင် မိုကျင့်လဲ့ကို ကြည့်ကာ ပြောလိုက်သည်။
“မင်းက စည်းတံဆိပ်ကို အားဖြည့်ပေးနေတာ ဆိုတော့ အတွင်းမှာ ပိတ်ထားတဲ့သူက စန်းယိုနတ်ဘုရင် ဖြစ်မယ်လို့ ငါထင်တယ်”
“ဟုတ်တယ်.. စန်းယိုနတ်ဘုရင်ကို ငါတို့ မဟာမြေရိုင်းနတ်ဂိုဏ်းက ဒီထဲမှာ စည်းတံဆိပ်ခတ်ပြီး ပိတ်ထားတာပဲ”
မိုကျင့်လဲ့က ခေါင်းညိတ်လိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။
“မင်းအနေနဲ့ စန်းယိုနတ်ကျောင်းရဲ့ နယ်မြေထဲ မဝင်ဖို့ ငါအကြံပေးချင်တယ်.. မတော်တဆ စန်းယိုနတ်ဘုရင် လွတ်မြောက်သွားခဲ့လျှင် အကျိုးဆက်တွေက မှန်းဆလို့တောင် မရဘူး”
သူ့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် ဤနေရာရှိ အခြေအနေကို ရှင်းလင်းစွာ နားလည်ထား၍ မိုကျင့်လဲ့သည် ဆက်လက် ဖုံးကွယ်ထားရန် စိတ်မကူးတော့ပေ။
သူ့အနေဖြင့် စန်းယိုနတ်ကျောင်း၏ အမွေအနှစ်ကို စူးစမ်းရှာဖွေလိုသည့် ထိုလူငယ်၏ စိတ်ကူးကို စွန့်လွှတ်အောင် နည်းလမ်း ရှာရပေလိမ့်မည်။
သို့မဟုတ်လျှင် ထိုလူငယ်နှင့် အစေအပါး ဖြစ်သည့် ဖုတ်ကောင်ကို သူတစ်ယောက်တည်းဖြင့် အလွယ်တကူ တားဆီးနိုင်မည် မဟုတ်ချေ။
“နတ်ဘုရင်အဆင့်မှာ သက်တမ်း နှစ်သန်းတစ်ရာ ရှိတယ်.. စန်းယိုနတ်ကျောင်းက လွန်ခဲ့တဲ့ နှစ်သန်း တစ်ရာကျော်က မဟာမြေရိုင်းနတ်ဂိုဏ်းရဲ့ ဖျက်ဆီးခြင်းကို ခံခဲ့ရတာ မဟုတ်လား.. ဘာလို့ စန်းယိုနတ်ဘုရင်က အခုအချိန်အထိ ရှင်သန်နေတာလဲ”
ကျန်းချန်၏ မျက်ဝန်းထဲတွင် အံ့အားသင့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
“နတ်ဘုရင်အဆင့်ရဲ့သက်တမ်းက နှစ်သန်းတစ်ရာထက် မပိုပေမဲ့ စန်းယိုနတ်ဘုရင်ကတော့ မတူဘူး.. ငါတို့ မဟာမြေရိုင်းနတ်ဂိုဏ်းရဲ့ မှတ်တမ်းတွေအရ ဆိုရင် စန်းယိုနတ်ဘုရင်က အင်မော်တယ် ကောင်းကင်နတ်ဘုရား ကျင့်စဥ်လို့ ခေါ်တဲ့ ကျင့်စဥ်တစ်ခုကို ကျင့်ကြံခဲ့ပြီး မသေနိုင်တဲ့ စွမ်းရည်ကို ပိုင်ဆိုင်ထားခဲ့တယ်.. ငါတို့ မဟာမြေရိုင်းနတ်ဂိုဏ်းရဲ့ ပထမမျိုးဆက် နတ်ဘုရင်က စန်းယိုနတ်ဘုရင်ရဲ့ ခန္ဓာကိုယ်နဲ့ စိတ်ဝိညာဥ်ကို အကြိမ်ပေါင်း များစွာ ဖျက်ဆီးခဲ့ပေမဲ့ စန်းယိုနတ်ဘုရင်က သူ့ရဲ့ ခန္ဓာကိုယ်ကို အလျင်အမြန်ပဲ ပြန်လည်ဖွဲ့စည်းနိုင်ခဲ့တယ်.. အဲဒီလို ပြန်လည် ဖွဲ့စည်းပြီးတိုင်းမှာလည်း သူ့ရဲ့ခွန်အားက ပိုပြီးတော့ သန်မာလာခဲ့တယ်.. အဲဒီနောက်မှာတော့ ပထမမျိုးဆက် မဟာမြေရိုင်းနတ်ဘုရင်က ရွေးချယ်စရာ မရှိတော့ဘဲ စန်းယိုနတ်ဘုရင်ကို စည်းတံဆိပ်ခတ်ပြီး ထိန်းသိမ်းဖို့ပဲ တတ်နိုင်ခဲ့တော့တယ်”
မိုကျင့်လဲ့က သူသိထားသည့် လျှို့ဝှက်ချက်ကို ပြောပြလိုက်သည်။
မိုကျင့်လဲ့၏ စကားကိုကြားလျှင် ကျန်းချန်သည် အလွန်အမင်း အံ့အားသင့်သွားခဲ့၏။
“လောကမှာ ဒီလို ကောင်းကင်ကို ဆန့်ကျင်နေတဲ့ ကျင့်စဥ်တွေရှိသေးတယ်လား”
“ငါလည်း ဒီလိုကျင့်စဥ်တွေ ရှိမယ်လို့ မယုံကြည်ခဲ့ဘူး.. ဒါပေမဲ့ ဒါက တကယ့် အဖြစ်မှန်ပဲ”
မိုကျင့်လဲ့က ခါးသီးစွာ ပြုံး၍ ပြောလိုက်သည်။
“စန်းယိုနတ်ဘုရင်ကိုသာ သတ်ဖြတ်နိုင်တယ် ဆိုရင် ငါတို့ မဟာမြေရိုင်းနတ်ဂိုဏ်းက ဒီနေရာမှာ ပိတ်ဆို့ပြီး နှစ်တစ်ထောင် ပြည့်တိုင်းမှာ လူလွှတ်ပြီး စည်းတံဆိပ်ကို အားဖြည့်စေမှာလဲ”
ထိုစကားကို ကြားလျှင် ကျန်းချန်က နှုတ်ဆိတ်သွားခဲ့သည်။
မဟာမြေရိုင်းနတ်ဂိုဏ်းက စန်းယိုနတ်ကျောင်းကို တိုက်ခိုက်ခဲ့သည့် အဓိက အကြောင်းရင်းမှာ စန်းယိုနတ်ကျောင်းသည် မဟာမြေရိုင်းနတ်ဂိုဏ်း၏ အာဏာကို ခြိမ်းခြောက်နေသောကြောင့်ပင်။
မဟာမြေရိုင်းနတ်ဂိုဏ်းကို အကြီးမားဆုံး ခြိမ်းခြောက်နိုင်သူမှာ သံသယဖြစ်ဖွယ်ရာမရှိ စန်းယိုနတ်ဘုရင်ပင် ဖြစ်သည်။
စန်းယိုနတ်ဘုရင်ကိုသာ သတ်ဖြတ်လိုက်မည် ဆိုလျှင် နောင်လာမည့် ပြဿနာများကို ရှောင်ရှားနိုင်မည် ဖြစ်ပြီး မဟာမြေရိုင်းနတ်ဂိုဏ်း အနေဖြင့် ဤနေရာတွင် စည်းတံဆိပ်ခတ်ပိတ်ဆို့ရန် အပင်ပန်းခံနေစရာပင် လိုအပ်မည် မဟုတ်ပေ။
ထိုအတွက်ကြောင့် ပထမမျိုးဆက် မဟာမြေရိုင်း နတ်ဘုရင်က စန်းယိုနတ်ဘုရင်ကို သတ်ဖြတ်၍ မရခဲ့သည်မှာ ဖြစ်နိုင်ဖွယ် ရှိသည်။
“မင်း စည်းတံဆိပ်ကိုပဲ ဆက်ပြီး အားဖြည့်ပါ.. ငါမင်းကို တိုက်ခိုက်မှာမဟုတ်ဘူး”
မဟာမြေရိုင်းနတ်ဂိုဏ်းက စန်းယိုနတ်ဘုရင်ကို ဤနေရာတွင် စည်းတံဆိပ်ခတ်ကာ ပိတ်ဆို့ထားသည့် အတွက် ကျန်းချန်သည် စန်းယိုနတ်ကျောင်း၏ အမွေအနှစ်ကို ရှာဖွေရန် ရည်ရွယ်ချက် မရှိတော့ပေ။
ထို့အပြင် ဤနေရာရှိ စည်းတံဆိပ်ခတ်မှုကို မဟာမြေရိုင်းနတ်ဂိုဏ်း၏ ပထမမျိုးဆက် နတ်ဘုရင်က စီစဥ်ခဲ့ခြင်း ဖြစ်၍ ထိုစည်းတံဆိပ်ကို ချိုးဖျက်ရန်မှာ မလွယ်ကူလောက်ပေ။
ပြောနေစရာ မလိုလောက်အောင်ပင် စည်းတံဆိပ်သာ ပျက်စီးသွားပြီး စန်းယိုနတ်ဘုရင် ထွက်ပေါ်လာခဲ့လျှင် မဟာမြေရိုင်း နယ်မြေတစ်ခုလုံးသည် ကသောင်းကနင်း ဖြစ်သွားပေလိမ့်မည်။
ထို့အပြင် စန်းယိုနတ်ဘုရင် ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် သူတို့ကို မတိုက်ခိုက်ဘဲ နေမည်မဟုတ်ပေ။
စန်းယိုနတ်ဘုရင်၏ ခွန်အားဖြင့်သာ ဆိုလျှင် သူတို့ကို သတ်ဖြတ်ရန်မှာ ကြက်နှင့်ခွေးကို သတ်ဖြတ်သကဲ့သို့ပင် လွယ်ကူနေလိမ့်မည် မဟုတ်ပါလား။
သူ၏ ဘေးကင်းရေးအတွက် ကျန်းချန်သည် စန်းယိုနတ်ဘုရင်က စည်းတံဆိပ်ကို ချိုးဖျက်ကာ ထွက်လာမည်ကို သဘာဝကျစွာပင် မလိုလားခဲ့ပေ။
“ကျေးဇူးအများကြီးတင်ပါတယ်”
ကျန်းချန်၏ စကားကိုကြားလျှင် မိုကျင့်လဲ့၏ တင်းကျပ်နေသောနှလုံးသားသည် အနည်းငယ် ပြေလျော့သွားခဲ့သည်။
ကံကောင်းစွာဖြင့် အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် စန်းယိုနတ်ကျောင်း၏ အမွေအနှစ်ကို စူးစမ်းရန် အတင်းအကျပ် မလုပ်ဆောင်ခဲ့ပေ။
သို့မဟုတ်ပါက ယနေ့တွင် သူသည် အမှန်တကယ် ပြဿနာတက်ပေလိမ့်မည်။
မည်သို့ပင် ဖြစ်စေကာမူ မိုကျင့်လဲ့သည် သူ၏ သတိကို လုံးဝ လျော့မချခဲ့ပေ။
သူက စည်းတံဆိပ်ကို ဆက်လက် အားဖြည့်နေသော်လည်း ကျန်းချန်၏ လှုပ်ရှားမှုတိုင်းကို သတိပြုနေခဲ့၏။
ထိုအချိန်မှာပင် သူ၏ ရှေ့မှ အခြေအနေသည် ရုတ်တရက်ပြောင်းလဲသွားခဲ့သည်။
စည်းတံဆိပ်ခတ်ထားသော စန်းယိုနတ်ကျောင်း၏ နယ်မြေက အနည်းငယ် တုန်ခါသွားခဲ့သည်။
ယင်းနောက်တွင် ထူးဆန်းသော အော်ဟစ်သံ တစ်သံသည် ထိုနယ်မြေကနေ ထွက်ပေါ်လာခဲ့သည်။
အခန်း(၁၉၀၄)ပြီး၏။