← Chapters

အခန်း (၇၇၁-၇၇၅)

Vol. 52 Ch. 771-775

အခန်း (၇၇၁-၇၇၅)

Vol. 52 Ch. 771-775

Chapter 771

ထိုအလင်းစက်သည် ထွက်ပေါက်နေရာကိုဖြတ်ကျော်သွားချိန်ထိ အနည်းငယ်မျှ ရပ်တန့်သွားခြင်းမရှိချေ။

ထိုအလင်းစက်သည် ရီဖုန်းကိုကိုယ်စားပြုခြင်းဖြစ်ပေ၏။

လျှိုယွမ်နှင့်ဝမ်ယီယွင်တို့သည် ကြက်သေသေနေကာ တစ်ယောက်ကိုတစ်ယောက်စူးစိုက်ကြည့်ပြီး သူတို့ထံတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။

ဤနေရာတွင် မည်သည့်ကိစ္စများ ဖြစ်ပျက်နေသနည်း....

သူတော်စင်တောင်နန်းတော်မှ ဝင်္ကပါများသည် အင်အားကောင်းသူ ရင်ဆိုင်လျှင် အားကောင်းကာ အင်အားနည်းသူ ရင်ဆိုင်လျှင် အားပျော့သည် မဟုတ်လော...

မည်သည်ကြောင့် ရီဖုန်းသည် စမှတ်နေရာမှအဆုံးသို့ ချက်ချင်းရောက်ရှိသွားသနည်း...

ထိုဝင်္ကပါများ အလုပ်မလုပ်ခြင်း ဖြစ်သလော....

ယခင်နှစ်များတွင် အကယ်၍ တစ်စုံတစ်ယောက်သည် ပထမအဆင့်ကို ပထမဆုံးနေရာမှ ဖြတ်ကျော်နိုင်ခဲ့သည့်တိုင် ရက်ပေါင်းနှစ်ဆယ်ကျော်ခန့် ကြာမြင့်သည်။

သူတို့နှစ်ယောက်သည် ယခင်က သူတို့ပြောဆိုခဲ့သော စကားများကို အမှတ်ရချိန်၌ သူတို့၏မျက်နှာများ ရုတ်တရက် ပူနွေးသွားသည်။

သို့ရာတွင် ဤသည်မှာ သူတို့အတွက် ထိတ်လန့်ကြောက်ရွံဖွယ်အကောင်းဆုံးကိစ္စ မဟုတ်သေးချေ။သူတို့အား ပို၍စိတ်ရှုပ်ထွေးစေသောကိစ္စမှာ ဘိုးဘေးသန်းချောင်သည် ထွက်ပေါက်၌ ကိုယ်တိုင်ကိုယ်ကျစောင့်ကြပ်နေသည့်အချက်ပင်။

ရီဖုန်းသည် သူ့အားဖြတ်သန်းသွားသည့်တိုင် သူသည် ဟန့်တားခြင်းမပြုခဲ့သလော....

သူတို့နှစ်ယောက်သည် မေးခွန်းထုတ်လိုသောအမူအယာဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။

သူတို့နှစ်ယောက်ထံတွင် သံသယများဖြင့်ပြည့်နှက်နေစဥ်မှာပင် လျှိုယွမ်သည် တစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိသွားသဖြင့် ထပ်မံ၍ အံ့အားတသင့်အော်ဟစ်လိုက်သည်။

"ကြည့်လိုက်အုံး"

"ဘိုးဘေးကိုညွှန်ပြတဲ့ အမှတ်အသားက အားနည်းသွားပြီ"

လျှိုယွမ်က ထိတ်လန့်တကြားပြောဆိုသည်။

ဝမ်ယီယွင်သည်လည်း ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် ထိတ်လန့်တုန်လှုပ်သွားပေ၏။

အမှန်တကယ်ကိုပင်....

ဘိုးဘေးသန်းချောင်ကိုကိုယ်စားပြုသော အလင်းစက်သည် အစောပိုင်းက အကောင်းပကတိဖြစ်သော်လည်း ယခုလက်ရှိချိန်၌ အားနည်းပြီး မှိတ်တုတ်မှိတ်တုတ်ဖြစ်နေကာ အချိန်မရွေးငြိမ်းသေသွားတော့မည်အလားပင်။

အကြောင်းအရင်းမှာ ဤကြယ်မြေပုံသည် သူတော်စင်တောင်နန်းတော်နှင့် ချည်နှောင်ထားသဖြင့် မြေပုံပေါ်ရှိအလင်းစက်များ၏ပြင်းအားသည် သူတော်စင်တောင်နန်းတော်အတွင်းရှိ လူတစ်ယောက်စီ၏အခြေအနေကို အလိုအလျောက်ထင်ဟပ်စေသည်။

"ဘိုးဘေး တခုခုဖြစ်သွားတာတော့ မဟုတ်လောက်ဘူးမလား"

လျှိုယွမ်က တုန်ရီနေသောအသံဖြင့် မေးမြန်းသည်။

ထိုစကားကိုကြားချိန်တွင် ဝမ်ယီယွင်သည်လည်း အနည်းငယ်ထိတ်လန့်တုန်လှုပ်သွားပေ၏။

ကံကောင်းထောက်မစွာဖြင့် ဘိုးဘေးသန်း​ချောင်ကို ကိုယ်စားပြုသော အမှတ်အသားသည် အနည်းငယ်အားနည်းသွားသော်လည်း ပျက်ပြယ်သွားခြင်းမရှိချေ။

ထိုမြင်ကွင်းကိုကြည့်ပြီး....

သူတို့နှစ်ယောက်သား စိတ်သက်သာရာရသွားကာ သ​က်ပြင်းရှိုက်လိုက်ကြသည်။

"ဒါဆိုရင် ငါတို့ ဘာဆက်လုပ်သင့်လဲ"

လျှိုယွမ်က ထပ်မံ၍မေးမြန်းသည်။

"ဘိုးဘေးရဲ့အမှတ်အသားအရ အကဲဖြတ်ကြည့်ရင် အပြောင်းအလဲတစ်ခုရှိနေနိုင်တယ်...နင် ဒီနေရာမှာ စောင့်ကြည့်နေလိုက်....ငါက ဘိုးဘေးကျန်းရှင်းဆီကိုသွားပြီး အကြောင်းကြားလိုက်မယ်"

ဝမ်ယီယွင်က ချက်ချင်းဆိုသလိုပင် ဆုံးဖြတ်ချက်ချလိုက်သည်။

ထို့နောက် သူတို့နှစ်ယောက်သည် ချက်ချင်းလူခွဲလိုက်ကြ၏။

တချိန်တည်းမှာပင် ပထမအဆင့်၏ထွက်ပေါက်နေရာ၌ရှိနေသော ဘိုးဘေးသန်း​ချောင်သည် နေရာမှာပင် သတိလစ်မေ့မြောသွားခဲ့သည်။

မူလက ရီဖုန်းဖြတ်သန်းသွားသောအချိန်၌ သူ မည်သို့မျှ မခံစားရချေ။

သို့ရာတွင် ရီဖုန်းဖြတ်သန်းသွားပြီးချိန်၌ ကျန်ခဲ့သော နောက်ချန်လေးစီးကြောင်းသည် သန်းချောင်ကို ထိတ်လန့်တုန်လှုပ်သွားစေခဲ့သည်။

သူသည် အစစ်အမှန်အင်မော်တယ် အဆင့်ဆယ့်သုံးကျင့်ကြံသူတစ်ယောက်ဖြစ်သဖြင့် လေစီးကြောင်းတစ်ကြောင်းဖြင့် ဤကဲ့သို့ ဖြစ်သွားမည်မဟုတ်ချေ။

သို့ရာတွင်...

ရီဖုန်း၏အရှိန်နှုန်းသည် အဆင့်တစ်ခုသို့ရောက်ရှိသွားချိန်၌ ရိုးရှင်းသောလေစီးကြောင်းတွင် သိသာသောပြောင်းလဲမှုများ ဖြစ်ပွားလာခဲ့သည်။

ဤဘိုးဘေးအိုကြီး ကံမကောင်းသည့်အတွက် ရီဖုန်းကို အပြစ်မတင်သင့်ချေ။

ပင်မလမ်းကြောင်းကို လမ်းကြောင်းတစ်ကြောင်းဟု ခေါ်ဆိုသော်လည်း အမှန်အားဖြင့် ကြီးမားသော နေရာလွတ်နယ်မြေတစ်ခုဖြစ်သည်။ဘိုးဘေးသန်း​ချောင်း ထိုင်နေသောနေရာသာလျှင် လူတိုင်းအတွက် လမ်းဆုံးသို့ရောက်ရှိနိုင်သည့် တစ်ခုတည်းသောထွက်ပေါက်ဖြစ်သည်။

ထိုအကြောင်းအရင်းကြောင့်....

တခြားတပည့်များသည် လေစီးကြောင်း၏သက်ရောက်ခြင်းကို မခံရဘဲ ဘိုးဘေးသန်းချောင်သာ ခံလိုက်ရသည်။

တချိန်တည်းမှာပင် ရီဖုန်းသည် ဒုတိယအဆင့်သို့ ဝင်ရောက်သွားလေ၏။

ဒုတိယအဆင့်တွင် ရီဖုန်းသည် မန်မန်ကိုစီးနင်းကာ အဆုံးသတ်သို့ တိုက်ရိုက်ထွက်သွားနိုင်မည်ဟု တွေးထင်ခဲ့သည်။သို့ရာတွင် ဒုတိယအဆင့်သည် ဖြောင့်တန်းသောလမ်းကြောင်းတစ်ခုမဟုတ်ဘဲ ဝင်္ကပါတစ်ခုအလား အကွေ့အကောက်အလွန်များသည်ကို သူ ရှာဖွေတွေ့ရှိမိသည်။

မန်မန်၏အရှိန်နှုန်းဖြင့်ဆိုပါက ရီဖုန်းသည် သူနောက်သို့ပြန်လှည့်မရဘဲ သူ၏ခေါင်းနှင့်နံရံ ဝင်တိုက်မိမည်ကို စိုးရိပ်ထိတ်လန့်နေမိသည်။

ထို့ကြောင့် ရီဖုန်းသည် မန်မန်ကိုမစီးတော့ဘဲ စနစ်မှ သူ့အား ဆုလာဘ်အဖြစ်ပေးထားခဲ့သော ဓားပျံကိုဆင့်ခေါ်လိုက်သည်။

မှောင်မည်းနေသောလမ်းကြောင်းအတွင်း၌ ရီဖုန်းသည် ဓားပျံကိုစီးနင်းကာ မြေပြင်နှင့်နီးကပ်စွာပျံသန်းရင်း ရံဖန်ရံခါလှုပ်လှုပ်ရွရွဖြစ်နေသည်။

ထိုကြောင့် ရီဖုန်းက သူ၏လက်ကိုဝှေ့ယမ်းကာ ဒယ်အိုးတစ်လုံးကို ဆင့်ခေါ်လိုက်သည်။

ဤဒယ်အိုးကို သူ ပင်ကျင်းမြို့အတွင်း၌ နေထိုင်စဥ်အချိန်က သူကိုယ်တိုင် ပြုလုပ်ထားခြင်းဖြစ်ကာ ထိုအရာ၏အလေးချိန်နှင့်ပါဝင်ပစ္စည်းများကိုလည်း သူကိုယ်တိုင် ရွေးချယ်ထားခဲ့သည်။

အတိုချုပ်ပြောရလျှင် ဤဒယ်အိုးသည် သူ့ထံတွင်ရှိသော တခြားလက်နက်များထက် ပို၍ကောင်းမွန်သည်။

အကယ်၍ အန္တရာယ်များနှင့်ရင်ဆိုင်ရပါက ထိုအရာဖြင့် သူ တိုက်ခိုက်နိုင်သည့်အပြင် မြှားကဲ့သို့လက်နှက်ပုန်းများဖြင့် ရင်ဆိုင်ရလျှင်လည်း ဒိုင်းအဖြစ်အသုံးပြုနိုင်ပေမည်။

"အမ် ..."

ထိုအချိန်မှာပင် ရီဖုန်းသည် မလှမ်းမကမ်းအကွာ၌ အသိုက်တစ်ခုကို ရှာဖွေတွေ့ရှိမိသည်။

ထိုအသိုက်အတွင်း၌...

ဘောလုံးတစ်လုံးစာအရွယ်အစားခန့်ရှိသော ကြီးမားသည့်ဥတစ်လုံးရှိနေသည်။

ရီဖုန်းသည် ရုတ်တရက် ထိုအရာကို လိုချင်သွားပေ၏။သူသည် အင်မော်တယ်နယ်မြေသို့ ရောက်ရှိလာစဥ်ကတည်းက ဥများကို မစားရသေးချေ။

ထို့ပြင် အဆာမခံနိုင်သူတစ်ယောက်ဖြစ်သော ရီဖုန်းသည် ယှဥ်ပြိုင်ပွဲကွင်းပြင်အတွင်းသို့ ဝင်ရောက်ခဲ့စဥ်ကတည်းက နာရီပေါင်းများစွာကြာအောင် အစားမစားရသေးပေ။

ထို့​နောက် သူ၏လက်အတွင်းရှိ ဒယ်အိုးကို တစ်ချက်ပြန်ကြည့်လိုက်သည်။

ဤသည်မှာ အခုံးနှင့်အခွက် ဆုံတွေ့သည့်အလား ပြီးပြည့်စုံသောအရာပင်။

အရာအားလုံးအဆင်သင့်ဖြစ်နေသဖြင့် ရီဖုန်းသည် သိုလှောင်အိတ်အတွင်းမှ ထင်းတချို့ကိုထုတ်ယူလိုက်သည်။ထို့နောက် သူသည် ကျောက်တုံးနှစ်တုံးပေါ်သို့ ဒယ်အိုးတင်ကာ မီးမွှေးလိုက်၏။

သူသည် ဒယ်အိုးကို အပူ​ပေးပြီးနောက် ဆီထည့်လိုက်သည်။

ထို့နောက် သူသည် ဥကို နံဘေးရှိကျောက်တုံးနှင့် ညင်သာစွာထု၍ ဥခွံကိုကြေမွှသွားစေသည်။ဥမှအဖြူရည်နှင့်အနှစ်များ လျောကျလာကာ ဒယ်အိုးတစ်ခုလုံးအနှံ့ ပြည့်နှက်သွားတော့သည်။

ရီဖုန်းသည် ဆားအနည်းငယ်ဖြူးပြီးနောက် ဒယ်အိုးကိုလှန်လိုက်မှောက်လိုက်လုပ်ကာ ကြီးမားသောဥကြော်ကို ရရှိသွားလေပြီ။

"ဒါက အရသာရှိတယ်"

သူသည် မြေပဲတစ်ပန်းကန် အမဲခြောက်နှစ်ပြားနှင့် ဝိုင်တစ်အိုးကိုထုတ်ယူကာ နံရံကိုမှီ၍ ပျော်ရွှင်စွာစားသောက်နေတော့သည်။

"အရမ်းကောင်းတယ်...."

ရီဖုန်းသည် စိတ်ကျေနပ်စွာဖြင့် နာရီဝက်ခန့်ကြာအောင် စားသောက်ပြီးနောက် မတ်တတ်ထရပ်လိုက်သည်။

ထို့နောက် သူ၏လက်ဖြင့် သူ့ဗိုက်ကိုပုတ်ကာ ခါးဆန့်ပြီး အစောပိုင်းက သူ ထုတ်ယူခဲ့သောပစ္စည်းများကို သိုလှောင်လက်စွပ်အတွင်းသို့ ပြန်ထည့်လိုက်၏။

ထိုအချိန်မှာပင် သူ့အား ရှီချင်းဝူပေးခဲ့သည့် အင်မော်တယ်သလင်းကျောက်နှစ်သိန်းကို တွေးတောမိသဖြင့် တစ်ချက်ပြန်ကြည့်လိုက်သည်။

သို့ရာတွင် သူ သိုလှောင်လက်စွပ်အတွင်းသို့ ကြည့်ပြီးနောက် ထိတ်လန့်သွားသည်။

"ငါ့ရဲ့ငွေအိတ် ဘယ်ရောက်သွားတာလဲ"

ရီဖုန်း၏မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားကာ ထိတ်လန့်တကြားအော်ဟစ်လိုက်သည်။

ယခင်က ရှီချင်းဝူသည် အင်မော်တယ်သလင်းကျောက်နှစ်သိန်းကို သိုလှောင်အိတ်အတွင်းသို့ထည့်၍ သူ့အားပေးခဲ့သည်။ထိုသိုလှောင်အိတ်၏အရွယ်အစားသည် ငွေအိတ်တစ်အိတ်နှင့် ကွဲပြားခြားနားခြင်းမရှိချေ။

"မဟုတ်သေးဘူး....ငါ အဲ့ဒီအိတ်ကို သိုလှောင်လက်စွပ်ထဲထည့်လိုက်တယ်ဆိုတာကို ငါ ရှင်းရှင်းလင်းလင်းမှတ်မိတယ်"

ရီဖုန်းသည် ထိုကိစ္စကို ဂရုတစိုက်စဥ်းစားတွေးတောလိုက်၏။

သူသည် ပထမအဆင့်၌ရှိနေစဥ်တွင် သိုလှောင်လက်စွပ်အတွင်းမှ မန်မန်ကိုလွှတ်ပေးခဲ့သည့်အပြင် ဓားပျံတစ်လက်ကိုလည်း ထုတ်ယူခဲ့သည်။ထို့ကြောင့် သူ တစ်စုံတစ်ခုကို ထုတ်ယူလိုက်သောအချိန်တွင် ငွေအိတ်ထွက်ကျသွားခြင်းဖြစ်ပေမည်။

အင်မော်တယ်သလင်းကျောက်နှစ်သိန်းအကြောင်းကို တွေးတောမိချိန်၌ ရီဖုန်းသည် ယှဥ်ပြိုင်ပွဲနှင့်ပတ်သတ်ပြီး ဂရုမစိုက်နိုင်တော့ချေ။သူသည် နောက်သို့ချာခနဲပြန်လှည့်ကာ ပထမအဆင့်ထံသို့ အပြေးပြန်ခဲ့တော့သည်။

ရီဖုန်းထွက်သွားပြီးနောက် မကြာမီမှာပင် စူးရှကျယ်လောင်သော ဟိန်းဟောက်သံတစ်သံက ဒုတိယအဆင့်တစ်ခုလုံးအနှံ့ ပျံ့နှံ့သွားသည်။

ငှက်သေတစ်ကောင်နှင့်တူညီသည့် အမွှေးမပါသော ပိန်လှီလှီငှက်တစ်ကောင် ဤနေရာ၌ ထွက်ပေါ်လာသည်။ထိုငှက်သည် မြေပြင်ပေါ်ရှိ ဥခွံများကိုကြည့်ပြီး အလွန်ဒေါသထွက်သွားသည်။

"ငါ့ရဲ့ဥကို ဘယ်ကောင်စားပစ်တာလဲ"

သူ၏ပါးစပ်မှနေ၍ ဒေါသတကြီးအော်ဟစ်ကြုံးဝါးသံတစ်သံ ထွက်ပေါ်လာသည်။

စုန်းငှက်တစ်ကောင်ဖြစ်သော သူ၏ဝိသေသလက္ခဏာများသည် သူ့ကျင့်ကြံခြင်းစွမ်းအားများအားလုံး၏ရင်းမြစ်ဖြစ်ပြီး သူနှင့်ဥကို ခွဲခြား၍မရချေ။

သူသည် ပထမဆုံး ထိုဥမှနေ၍ ငှက်တစ်ကောင်ပေါက်ဖွားစေကာ ထိုငှက်၏ဥာဏ်ရည် စတင်ဖွံ့ဖြိုးလာပြီးနောက် အရှင်လတ်လတ်ဝါးမြိုရပေမည်။ထို့နောက် သူ၏အစာအိမ်အတွင်း၌ ထိုငှက်ကို အရှင်လတ်လတ်သန့်စင်ပြီးမှသာ သူ၏ကျင့်ကြံဆင့်ကို မြင့်တက်စေပေမည်။

ဤလုပ်ငန်းစဉ်သည် အလွန်ရက်စက်ကြမ်းကြုတ်သည်မှာ သိသာထင်ရှားလှ၏။

ထို့ကြောင့် သာမန်လူသားများသည် ဤကဲ့သို့စုန်းငှက်တစ်ကောင်နှင့် ရင်ဆိုင်လိုခြင်းမရှိချေ။ဤလမ်းလွဲသော သက်ရှိမျိုးစိတ်တစ်ခုကို လူသားများ မြင်တွေ့သည်နှင့် တိုက်ရိုက်ဖျက်ဆီးလေ့ရှိသည်။

ဤကဲ့သို့စုန်းငှက်တစ်ကောင်ကို ထန်းပဂိုဏ်း၌ စာချုပ်ချုပ်ဆိုထားသောသားရဲအဖြစ်ထားမည်ဟု မည်သူမျှ မျှော်လင့်ထားမိမည်မဟုတ်ပေ။

သိုရာတွင် မည်သို့ပင်ဆိုစေကာမူ စုန်းငှက်တစ်ကောင်အတွက် သူ၏ဥကိုစားလိုက်ခြင်းသည် သူ၏အနာဂတ်ကျင့်ကြံဆင့်စွမ်းအားများကို ဆုံးရှုံးသွားစေခြင်းနှင့် တူညီသည်။

"လူသား ငါ မင်းကိုသတ်မယ်..."

"မင်း ဘာကောင်ကြီးပဲဖြစ်နေနေ ငါ မင်းကို သတ်မယ်"

ရီဖုန်း၏ အနည်းငယ်ကြွင်းကျန်ခဲ့သောအရှိန်အဝါမှတစ်ဆင့် စုန်းငှက်သည် သူ့အားသတ်ဖြတ်ရန် အလျှင်အမြန် ထွက်ခွာသွားတော့သည်။

ထိုအချိန်တွင် ရီဖုန်းသည် ပထမအဆင့်၏ထွက်ပေါက်သို့ ပြန်လည်ရောက်ရှိနေလေပြီ။သူသည် ပထမအဆင့်၏အဆုံးသတ်၌ ရပ်တန့်ခဲ့သည်ကို အမှတ်ရသဖြင့် မြေပြင်ပေါ်၌ အလျှင်အမြန်ရှာဖွေလိုက်သည်။

သို့ရာတွင် သူ၏ငွေအိတ်ကို ရှာမတွေ့ချေ။

သူသည် အနည်းငယ်စဉ်းစားတွေးတောပြီးနောက် သူ၏သိုလှောင်လက်စွပ်ကိုဖွင့်ပြီး မန်မန်ကိုဆင့်ခေါ်၍ စမှတ်နေရာသို့ပြန်သွားရန် ဆုံးဖြတ်လိုက်သည်။

အင်မော်တယ်သလင်းကျောက်နှစ်သိန်း...

အကယ်၍ တစ်စုံတစ်ယောက်မှ ထိုအရာကိုကောက်ယူသွားလျှင် သူ မည်သို့ပြုလုပ်ရမည်နည်း....

ဤသည်မှာ သူ ပင်ပင်ပန်းပန်းရှာဖွေထားရသော ငွေကြေးများပင်...

ထိုအကြောင်းကိုတွေးတောရင်း...

ရီဖုန်းသည် မန်မန်ကိုစီးကာ အမြန်ဆုံးအရှိန်ဖြင့် စမှတ်သို့ပြန်သွားရန် အမိန့်ပေးလိုက်သည်။

မလှမ်းမကမ်းအကွာတွင် ထွက်ပေါက်နေရာ၌ရှိနေကာ သတိလစ်မေ့မျောနေသော သန်းချောင်သည် ရုတ်တရက်နှိုးထားလာပေ၏။

"ဘာပြဿနာရှိလို့လဲ

"ဘာအကြောင်းပြချက်မှမရှိဘဲနဲ့ ငါ ဘာလို့မေ့လဲသွားတာလဲ"

သန်းချောင်သည် ထိတ်လန့်တုန်လှုပ်နေပေ၏။ သူသည် ပြင်းထန်သောဒဏ်ရာများကို ရရှိထားသည့်အလား သူ၏ခန္ဓာကိုယ်တစ်ခုလုံး အလွန်အမင်းနာကျင်နေသည်။

သို့ရာတွင် မည်သူကမျှ သူ့အားတိုက်ခိုက်ခြင်းမရှိသည်မှာ သိသာထင်ရှားသည်။

အကယ်၍ တစ်စုံတစ်ယောက်သည် သူ့အားအမှန်တကယ် တိုက်ခိုက်ခဲ့ပါက....

သူ၏အစစ်အမှန်အင်မော်တယ် အဆင့်ဆယ့်သုံး ကျင့်ကြံဆင့်စွမ်းအားဖြင့် ထိုလူအားရှာမတွေ့ရန်မှာ မဖြစ်နိုင်​ချေ။

"ဖြစ်နိုင်တာတော့ ငါက ဒီလမ်းကြောင်းထဲက ပုံရိပ်ယောင်ဝင်္ကပါရဲ့ရိုက်ခတ်တာကို ခံရတာများလား"

အချိန်အတော်ကြာ စဉ်းစားတွေးတောပြီးနောက် သန်းချောင်သည် ဤအကြောင်းအရင်းတစ်ခုကိုသာ စဉ်းစားမိလေ၏။

"ကြည့်ရတာတော့ ငါတို့ထန်းပဂိုဏ်းရဲ့သူတော်စင်တောင်နန်းတော်က တကယ့်ကိုကြောက်ဖို့ကောင်းတဲ့ပုံပဲ...ဒီနေရာမှာရှိတဲ့ ဝင်္ကပါတွေကို အပြည့်အဝအသက်သွင်းမထားတာတောင်မှ ငါကိုယ်တိုင်တောင် ဂရုစိုက်ပြီး နေနေရတယ်"

"ဒီလို အစွမ်းထက်တဲ့ဝင်္ကပါတွေကိုခင်းကျင်းထားတာကြောင့် သံမဏိနံရံတွေနဲ့ ကာဆီးထားသလို ခိုင်ခံ့မာကြောတဲ့ မြေအောက်နန်းတော်မျိုးရှိတဲ့ ငါတို့ထန်းပဂိုဏ်းက သိုင်းပညာနယ်မြေထဲမှာ ပြိုင်ဘက်ကင်းပဲ"

"ဒီလိုမျိုး အစွမ်းထက်တဲ့ မြေအောက်နန်းတော်ဝင်္ကပါတွေအောက်မှာ ရီဖုန်းလို့ခေါ်တဲ့ကောင် ဘာလုပ်နေလဲ....သူက ပင်ပင်ပန်းပန်းကြိုးစားရမှာ မဟုတ်ဘူးလား...ငါ ဒီနေရာမှာစောင့်နေတာကို အချည်းနှီးဖြစ်အောင် သူ မလုပ်သင့်ဘူး"

သန်းချောင်သည် ထိုအကြောင်းကိုတွေးတောရင်း သူ၏နှုတ်ခမ်းထောင့် မြင့်တက်သွားသည်။

သို့ရာတွင် နောက်ထပ်အချိန်အခိုက်အတန့်မှာပင်....

သူ့၏နားနံဘေးမှာနေ၍ လေပြင်းတစ်ရပ် ဖြတ်သန်းသွားကာ....

သူ မြေပြင်ပေါ်သို့လဲကျသွားကာ ထပ်မံ၍သတိလစ်မေ့မျောသွားတော့သည်။

Chapter 772

သူတော်စင်တောင်နန်းတော်အတွင်း၌ ထိုကိစ္စများဖြစ်ပွားနေသည့် တစ်ချိန်တည်းမှာပင် ပြင်ပ၌...

ကြယ်မြေပုံ၏ရှေ့တွင်...

လျှိုယွမ်နှင့်ဝမ်ယီယွင်တို့သည် လူအိုကြီးတစ်ယောက်၏နံဘေး၌ ရိုသေလေးစားစွာ မတ်တတ်ရပ်နေကြ၏။

ထိုလူအိုကြီးသည် ဝမ်ယီယွင်၏သတင်းပို့မှုကြောင့် ရောက်ရှိလာသော ကျန်းရှင်းပင်။

"ဘိုးဘေးကျင်း...ဘိုးဘေးသန်းချောင်က ဘာဖြစ်သွားတာလဲ...ရီဖုန်းက ဘယ်လိုလုပ်ပြီးတော့ ဝင်္ကပါတွေကိုလျစ်လျူရှုပြီး ထွက်ပေါက်ကနေ တိုက်ရိုက်ကြီး ဖြတ်ကျော်သွားနိုင်တာလဲ"

ဝမ်ယီယွင်က အနည်းငယ်စိုးရိမ်ပူပန်စွာသောလေသံဖြင့် ပြောဆိုသည်။

"လူအိုကြီးသန်းရဲ့ပြဿနာက ရီဖုန်းကြောင့်ဖြစ်မယ်လို့ မင်းက ပြောခဲ့တယ်..ဒါက မဖြစ်နိုင်ဘူး...သူက ပထမအဆင့်ကို မြန်မြန်ဆန်ဆန် ဖြတ်သန်းသွားနိုင်တယ်ဆိုပေမယ့် သူ ဘယ်လောက်အစွမ်းထက်တယ်ဆိုတာ ပြသဖို့မလုံလောက်ဘူး...ဘယ်လိုပဲဖြစ်ဖြစ် အခုချိန်မှာ မဟာဝင်္ကပါကြီးကို အပြည့်အဝအသက်မသွင်းရသေးဘူး...အခြေခံအရပြောရရင် သူက နည်းလမ်းတချို့ကို အသုံးပြုပြီးတော့ ဟာကွက်တွေကနေ ဖြတ်ကျော်သွားတာ ဖြစ်နိုင်တယ်"

ကျန်းရှင်က သူ၏ခေါင်းကိုငုံကာ စဉ်းစားတွေးတောလိုက်၏။

"ဒါဆို ဘိုးဘေးသန်းချောင်ရဲ့ပြဿနာက ရီဖုန်းကြောင့် ဖြစ်လာတာ မဟုတ်ဘူးဆိုရင်...သူက ဘာဖြစ်သွားတာလဲ"

ဝမ်ယီယွင်က မေးမြန်းသည်။

"လူအိုကြီးသန်းက...."

ကျန်းရှင်းက မျက်မှောင်ကြုတ်ကာ အချိန်တခဏကြာခန့် စဉ်းစားတွေးတောပြီးနောက် ပြောဆိုသည်။

"လူအိုကြီးသန်းရဲ့ရောဂါဟောင်း ပြန်ထလာတာကြောင့်ပဲဖြစ်မယ်....ဒါကြောင့် သူ့ရဲ့ရောဂါဟောင်း ပြန်ထလာတဲ့အချိန်မှာ သူ့ရဲ့စွမ်းအားတွေကို ထိန်းညှိဖို့ ကြိုးပမ်းနေတာကြောင့် ...လမ်းတလျှောက်လုံးပျံသန်းလာတဲ့ ရီဖုန်းကို ဂရုမစိုက်နိုင်တာဘဲဖြစ်မယ်"

"အမ်...."

"ဘိုးဘေးသန်းချောင်ရဲ့ရောဂါဟောင်း ပြန်ထလာတယ်ဆိုရင် ကျွန်တော်တို့က မြန်မြန်အထဲကိုဝင်ပြီး တချက်သွားကြည့်တာ ပိုမကောင်းဘူးလား"

လျှိုယွမ်က စိုးရိမ်ပူပန်သောမျက်နှာအမူအယာဖြင့် ပြောဆိုသည်။

"သူတော်စင်တောင်နန်းတော်ရဲ့ဝိသေသလက္ခဏာတွေကို မင်း မသိတာလည်း မဟုတ်ဘူး"

ကျန်းရှင်း၏မျက်နှာ သုန်မှုန်းသွားကာ ပြောဆိုသည်။

"လူအိုကြီးသန်းကိုယ်တိုင် ထွက်မလာချင်ဘူးဆိုရင် ဘယ်သူက အထဲကို ဝင်သွားနိုင်မှာလဲ"

ဝမ်ယီယွင်သည် သူမ၏ပါးစပ်ကို ဖွင့်ဟလိုက်သော်လည်း စကားပြောဆိုနိုင်ခြင်းမရှိချေ။

သူတော်စင်တောင်နန်းတော်အတွင်းမှ ဝင်္ကပါများသည် အင်အားကောင်းသူ ရင်ဆိုင်ရလျှင်အားကောင်းပြီး အားနည်းသူရင်ဆိုင်ရလျှင် အား​ပျော့သည်မှာ အမှန်တရားပင်။ရီဖုန်း မည်သည်ကြောင့် အလျှင်အမြန်ဖြတ်ကျော်သွားနိုင်သည်ကို သူမ နားမလည်သော်လည်း တခြားလူများ ထွက်လာရန်မှာမူ အချိန်အတော်ယူရပေမည်။ဘိုးဘေးနှစ်ယောက်ပင်လျှင် ချွင်းချက်မရှိချေ။

ပြောရမည်ဆိုလျှင် သူတော်စင်တောင်နန်းတော်၏ ယခုလက်ရှိ အခြေအနေအောက်တွင် အကယ်၍ ကျန်းရှင်းကိုယ်တိုင်ဝင်ရောက်သွားလျှင်ပင် ပင်မလမ်းကြောင်း၏မိုင်တစ်ရာကျော်အကွာအဝေးကို ဖြတ်ကျော်ရန် အချိန်ဆယ်ရက်မှနေ၍ လဝက်ခန့်ထိ ကြာမြင့်ပေမည်။

ထိုအချိန်ကျပါက အခြေအနေအားလုံး ပြောင်းလဲသွားပြီးဖြစ်ပေမည်။

အမှန်အားဖြင့် အတွင်းလူများသည် သူတော်စင်တောင်နန်းတော်အတွင်းသို့ ဝင်ရောက်နိုင်ပေ၏။သို့ရာတွင် သူတို့သည် မြေအောက်နန်းတော်၏ဘေးကင်းလုံခြုံသောအပိုင်းဖြစ်သော ယှဥ်ပြိုင်ပွဲ၏တတိယအဆင့် ကျင်းပသည့် နေရာသို့သာ တိုက်ရိုက်ဝင်ရောက်နိုင်သည်။

ပထမအဆင့်တွင်မူ လမ်းကြောင်းအမြောက်အများရှိနေသဖြင့် အကယ်၍ သူတို့ကိုယ်တိုင် ဝင်သွားလျှင်ပင် လမ်းတလျှောက်ရှိ ဝင်္ကပါများကို ချိုးဖျက်ရန်လိုအပ်သည်။

ဤသည်မှာ သူတော်စင်တောင်နန်းတော်၏ပုံစံကို ရေးဆွဲစဥ်ကတည်းက ဘေးကင်းလုံခြုံမှုနှင့်တိကျသေချာမှုတို့ရရှိရန် ရည်ရွယ်ထားခြင်းဖြစ်သည်။

အမှန်အားဖြင့် နောက်ထပ်နည်းလမ်းတစ်ခုလည်း ကျန်ရှိနေသည်။ဤသည်မှာ သူတော်စင်တောင်နန်းတော်တစ်ခုလုံး၏ဝင်္ကပါများကို ပိတ်ဆို့လိုက်ရန်ပင်။

သို့ရာတွင် သူတော်စင်တောင်နန်းတော်၏ဝင်္ကပါများကို ပိတ်လိုက်ခြင်းသည် ယှဥ်ပြိုင်ပွဲအား အချိန်စော၍ အဆုံးသတ်လိုက်သည်နှင့် တူညီသွားပေမည်။

မည်သို့ပင်ဆိုစေကာမူ ဘိုးဘေးသန်း​ချောင် ဘေးကင်းလုံခြုံစေရန်အတွက် ယှဥ်ပြိုင်ပွဲကိုစော၍အဆုံးသတ်ရန်မှာ ပြဿနာမရှိချေ။သို့ရာတွင် အဓိကသော့ချက်မှာ သူတော်စင်တောင်နန်းတော်၏ဝင်္ကပါများကို ဆန္ဒရှိသည့်အတိုင်း ပိတ်၍မရခြင်းပင်။

အနည်းဆုံးအနေဖြင့် ထိုဝင်္ကပါများအားပိတ်ဆို့ရန် ကျန်းရှင်းတစ်ယောက်တည်းဖြင့် လုပ်ဆောင်နိုင်ခြင်းမရှိဘဲ သန်းချောင်၏အကူအညီကို လိုအပ်သည်။

ထိုကြောင့် ဤသည်မှာ ယခုအချိန်၌ လမ်းဆုံးသို့ရောက်ရှိနေသော ပြဿနာတစ်ရပ်ပင်။

သူတို့အားလုံး စိုးရိမ်ပူပန်နေစဉ်မှာပင် လျှိုယွမ်၏မျက်လုံးများ ရုတ်တရက်တောက်ပသွားကာ အော်ဟစ်လိုက်သည်။

"ကြည့်လိုက်အုံး...ဘိုးဘေးသန်းချောင်ရဲ့အမှတ်အသား ပြန်ကောင်းသွားပြီ"

ထိုစကားကိုကြားချိန်တွင်...

သူတို့အားလုံးသည် ကြယ်မြေပုံထံသို့ စူးစိုက်၍ကြည့်လိုက်ကြ၏။

အမှန်တကယ်ကိုပင်....

ဘိုးဘေးသန်းချောင်ကို ကိုယ်စားပြုသောအမှတ်အသား ပြန်လည်ကောင်းမွန်သွားလေပြီ။

ထိုမြင်ကွင်းကိုကြည့်ပြီး ကျန်းရှင်း၏နှုတ်ခမ်းထောင့် အနည်းငယ်မြင့်တက်သွားသည်။

"သန်းချောင်ရဲ့ရောဂါဟောင်း ပြန်ထလာတာ သေချာတယ်....ဒါပေမဲ့ ကြည့်ရတာတော့ သူက ဒီကိစ္စကို ဖြေရှင်းနိုင်ခဲ့တဲ့ပုံပဲ...ငါတို့တွေက သူ့ကို စိုးရိမ်ပူပန်ဖို့ မလိုတော့ဘူး"

"ဟုတ်ကဲ့..."

လျှိုယွမ်နှင့်ဝမ်ယီယွင်တို့နှစ်ယောက်သည် အပြုံးနှင့်ပြောဆိုလိုက်ကြ၏။

နောက်ထပ်အချိန်အခိုက်အတန့်တွင်...

အစောပိုင်းကပြုံးနေသော လူနှစ်ယောက်၏မျက်နှာများ သိသိသာသာ ပျက်ယွင်းသွားသည်။

အစောပိုင်းက ဒုတိယအဆင်သို့ ရောက်ရှိနေပြီဖြစ်သော ရီဖုန်းသည် နောက်သို့ပြန်လှည့်ကာ ပထမအဆင့်၏ထွက်ပေါက်နေရာသို့ ပြန်လည်ရောက်ရှိသွားသည်ကို မြင်တွေ့ရသဖြင့် သူတို့ အံ့အားသင့်သွားသည်။

ထို့နောက် ဝှစ်ခနဲဆိုသလိုပင်....

ရီဖုန်းကိုကိုယ်စားပြုသော အမှတ်အသားသည် စမှတ်နေရာသို့ ပြန်လည်ရောက်ရှိသွားပေ၏။

ဤအမှတ်အသားသည် သန်း​ချောင်ကို ဖြတ်ကျော်သွားချိန်၌ အနည်းငယ်မျှရပ်တန့်သွားခြင်းမရှိချေ။

သူတို့ ပို၍လက်သင့်မခံနိုင်သောအချက်မှာ ဘိုးဘေးသန်းချောင်၏အမှတ်အသား တဖန်ပြန်၍ မှေးမှိန်သွားခြင်းပင်။

"ဘိုးဘေးကျန်း ဒါက ဘာတွေဖြစ်နေတာလဲ"

လျှိုယွမ်သည် ထိတ်လန့်တုန်လှုပ်သွားကာ ဂရုတစိုက်စဉ်းစားတွေးတောသော်လည်း အဖြေရှာမရသဖြင့် မေးမြန်းလိုက်သည်။

"မင်းက ငါ့ကို မေးတယ်...ငါက ဘယ့်သူကို ပြန်မေးရမှာလဲ"

ကျန်းရှင်း၏မျက်နှာသုန်မှုန်သွားကာ ဤကိစ္စကို သူ စဉ်းစားတွေးတောနိုင်ရန် အလွန်အမင်းခက်ခဲနေသည်။

ယခုကဲ့သို့အခြေအနေမျိုးအောက်၌ သူသည် သူတော်စင်တောင်နန်းတော်အတွင်းတွင် မည်သည့်ကိစ္စများ ဖြစ်ပျက်နေသည်ကို မသိနိုင်ချေ။

"အမ်....ဘိုးဘေးကျန်း ရီဖုန်းရဲ့အမှတ်အသားကို တစ်ချက်ကြည့်လိုက်အုံး"

ထိုအချိန်မှာပင် လျှိုယွမ်က ထိတ်လန့်တကြားအော်ဟစ်လိုက်သည်။

"စုန်းငှက်ကလည်း ပထမအဆင့်ထဲကို ဝင်သွားပြီ"

"အဲ့ဒီနေရာမှာ ဘယ်လိုကိစ္စတွေ ဖြစ်နေတာလဲ"

"စာချုပ်ချုပ်ထားတဲ့သားရဲတွေကို ဒုတိယအဆင့်ကနေ ပထမအဆင့်ကိုမသွားဖို့ တားမြစ်ထားတာမဟုတ်လား"

ကျန်းရှင်းက မျက်မှောင်တင်းတင်းကြုတ်ထားကာ သူ၏မျက်နှာပေါ်တွင် ဒေါသများဖြင့် ပြည့်နှက်နေသည်။

စုန်းငှက်သည် ပထမအဆင့်လမ်းကြောင်းအတွင်း၌ ထင်ရာစိုင်းသောင်းကျန်းနေသည်ကို သူ မြင်တွေ့မိလေ၏။

အမျိုးမျိုးသောဝင်္ကပါများ၏ တားဆီးဟန့်တားထားမှုကြောင့် စုန်းငှက်သည် အဆုံးသတ်နေရာမှစမှတ်နေရာသို့ ရောက်ရှိသွားသည်။ထို့နောက် ထိုငှက်သည် စမှတ်နေရာမှနေ၍ အလယ်ဗဟိုသို့ တဟုန်ထိုးပျံသန်းသွားသည်။

"လူသား...."

"သောက်ရေးမပါတဲ့ လူသား...ငါ ဒီနေရာကနေထွက်နိုင်တာနဲ့ မင်းကိုသတ်မယ်"

စုန်းငှက်သည် ပထမအဆင့်လမ်းကြောင်း၏နေရာအနှံ့အပြား၌ ရီဖုန်းကို ရှာဖွေနေခဲ့သည်။သို့ရာတွင် သူသည် ရီဖုန်း၏အရိပ်အယောင်ကိုပင် မမြင်တွေ့ရသဖြင့် ပို၍ဒေါသထွက်သွားပေ၏။

ထို့ပြင် သူသည် ဝင်္ကပါများကို ထိတွေ့မိသဖြင့် အဟန့်အတားဖြစ်နေလေရာ သူ့အား ပို၍စိတ်ပျက်လက်ပျက် ဖြစ်သွားစေသည်။

"လူသားတွေ....သေစမ်း...."

သူသည် ယှဉ်ပြိုင်သူတစ်ယောက် သူ၏ရှေ့သို့ ရောက်ရှိလာသည်ကို မြင်တွေ့ချိန်၌ သူ၏ကြက်သွေးရောင်လက်သည်းများဖြင့် ထိုလူ့ထံဦးတည်ပြီး ကုတ်ဆွဲလိုက်သည်။

"အမ်...."

"ပထမအဆင့်မှာ ဝင်္ကပါတွေကိုပဲ ဖြတ်ကျော်ရမယ်လို့ ပြောထားတာ မဟုတ်ဘူးလား.. ဘယ်လိုလုပ်ပြီးတော့ ဒီလိုမျိုးအစွမ်းထက်တဲ့ နတ်ဆိုးသားရဲတစ်ကောင် ရှိနေတာလဲ"

အသက်အန္တရာယ်နှင့် ရင်ဆိုင်ရချိန်၌ ထိုတပည့်သည် ယှဉ်ပြိုင်ပွဲအကြောင်းကို ထပ်မံ၍ဂရုစိုက်နိုင်ခြင်း မရှိတော့ချေ။သူသည် ချက်ချင်းဆိုသလိုပင် ကျောက်စိမ်းပြားကိုခြေမွှဖျက်ဆီးကာ ပြင်ပသို့ထွက်ခဲ့တော့သည်။

စုန်းငှက်သည် လူသားများကိုမသတ်နိုင်လေလေ ပို၍ဒေါသထွက်လေလေပင်။သူသည် လူသားတစ်ယောက်၏အငွေ့အသက်ကို အနံ့ခံမိသည်နှင့် လိုက်လံသတ်ဖြတ်တော့သည်။

ဤအချိန်အခိုက်အတန့်တွင်....

ပထမအဆင့်လမ်းကြောင်းတွင်ရှိနေသော တပည့်များသည် တစ်ယောက်ပြီးတစ်ယောက် ပြင်ပသို့ထွက်လာကြ၏။

ရီဖုန်းကမူ တိုက်တိုက်ဆိုင်ဆိုင်ဖြင့် သူ၏ငွေအိတ်ကို စမှတ်နေရာ၌ ပြန်တွေ့ခဲ့သည်။ထို့ကြောင့် သူသည် ငွေအိတ်ကိုပြန်လည်၍ကောက်ယူပြီး မန်မန်ကိုစီးနင်းကာ ထွက်ပေါက်နေရာသို့ ထွက်ခွာခဲ့တော့သည်။

ထွက်ပေါက်အနီးသို့ ရောက်ရှိလာချိန်တွင် သူသည် ခပ်အုပ်အုပ်ညည်းတွားသံတစ်သံကို ကြားမိလေ၏။ထို့ကြောင့် သူသည် ရပ်တန့်ကာ ပတ်ဝန်းကျင်ကိုဝေ့ဝိုက်၍ကြည့်လိုက်သော်လည်း မည်သည့်အရာကိုမျှ ရှာမတွေ့သဖြင့် ဒုတိယအဆင့်ထံသို့ ပျံသန်းခဲ့တော့သည်။

သူ ဒုတိယအဆင့်သို့ ပြန်လည်ရောက်ရှိသွားပေ၏။

"ဒါက ရှုပ်ကုန်ပြီ....တကယ့်ကို ရှုပ်ကုန်ပြီ....ဘယ်လိုမျိုး သောက်ရေးမပါတဲ့ကိစ္စတွေ ဖြစ်နေတာလဲ"

ပြင်ပတွင် ကြယ်မြေပုံမှတဆင့် မြေအောက်နန်းတော်အတွင်းရှိ ဖရိုဖရဲဖြစ်နေမှုများကိုကြည့်ပြီး ကျန်းရှင်းသည် ထိုနေရာသို့ ပြေးဝင်သွားမိတော့လုမတတ်ပင်။

ရီဖုန်းသည် ပထမအဆင့်နှင့်ဒုတိယအဆင့်ကို ကူးပြောင်းသွားလာနေသော်လည်း သန်းချောင်သည် မည်သည့်ကိစ္စများ ဖြစ်ပွားနေသည်ကို မသိခဲ့ချေ။ပထမအဆင့်၌မရှိသင့်သော စုန်းငှက်သည် ထွက်ပေါ်လာခဲ့ကာ သတ်ဖြတ်ရန်အတွက် နေရာအနှံအပြား၌ တပည့်များကို ရှာဖွေနေခဲ့သည်။

ယှဉ်ပြိုင်ပွဲအတွင်း၌ ပါဝင်ယှဉ်ပြိုင်သော တပည့်များသည် ဤအချိန်အတန့်၌ ဆယ်ယောက်လျှင်ရှစ်ယောက် ပြင်ပသို့ထွက်လာကြ၏။

ဤကိစ္စသည် ပို၍ဆိုးရွားလာသဖြင့် ထန်းပဂိုဏ်းအတွင်းမှ အဆင့်မြင့်အကြီးအကဲအားလုံးနီးပါး ဤနေရာသို့ ရောက်ရှိလာကြသည်။သူတို့သည် ကြယ်မြေပုံပေါ်ရှိ ဖရိုဖရဲဖြစ်နေမှုများကိုကြည့်ကာ သူတို့၏မျက်နှာများ သုန်မှုန်သွားပြီး မည်ကဲ့သို့ပြုလုပ်ရမည်ကို မသိတော့ချေ။

"အင်း...."

"ငါတို့တွေက သူတော်စင်တောင်နန်းတော်ရဲ့ တတိယအဆင့်ကနေ ကြိုပြီးစောင့်ကြစို့"

ကျန်းရှင်းသည် သူ၏လက်ကို တစ်ချက်ဝှေ့ယမ်းလိုက်ခြင်းနှင့်အတူ ကြယ်မြေပုံကို ပြန်လည်သိမ်းဆည်းလိုက်၏။ထို့နောက် သူသည် တခြားလူများကိုဦးဆောင်ကာ သူတော်စင်တောင်နန်းတော်၏ တတိယအဆင့်သို့သွားနိုင်သည့် ကူးပြောင်းရေးဝင်္ကပါအတွင်းသို့ ဝင်ခဲ့တော့သည်။

"ငါတို့လည်း လိုက်မယ်"

တခြားဂိုဏ်းများမှလူများသည်လည်း အလျဝင်အမြန်လိုက်ပါလာကြ၏။မည်သို့ပင်ဆိုစေကာမူ တတိယအဆင့်ယှဉ်ပြိုင်ပွဲကို ထိုနေရာ၌ ကျင်းပမည့်ဖြစ်သည်။လက်အောက်ခံဂိုဏ်းများမှလာသော သူတို့သည်လည်း ထိုတိုက်ပွဲကို စောင့်ကြည့်လိုပေ၏။

ထန်းပဂိုဏ်းသည် ဤကူးပြောင်းရေးဝင်္ကပါနှင့်ပတ်သက်ပြီး တခြားလူများ သိရှိသွားမည်ကို စိုးရိမ်ခြင်းမရှိချေ။

အကြောင်းအရင်းမှာ အစစ်အမှန်သေရေးရှင်ရေးအခြေအနေနှင့် ကြုံတွေ့ရပါကာ ဂိုဏ်းမှတပည့်များအားလုံး သူတော်စင်တောင်နန်းတော်အတွင်းသို့ ဝင်ပြီးသည်နှင့် ကူးပြောင်းရေးဝင်္ကပါများအားလုံးကို ဖျက်ဆီးပစ်မည်ဖြစ်သောကြောင့်ပင်။ထိုအချိန်ကျပါက ရန်သူများသည် သူတော်စင်တောင်နန်းတော်၏ ပထမအဆင့်နှင့်ဒုတိယအဆင့်ကို ဖြတ်ကျော်၍သာ ဝင်ရောက်နိုင်ပေမည်။

ထို့ပြင် အကယ်၍ သူတော်စင်တောင်နန်းတော်အတွင်းရှိ ဝင်္ကပါများကို အပြည့်အဝအသက်သွင်းလိုက်ပါက သူတို့သည် ဝင်္ကပါကို ပြန်မပိတ်မခြင်း မည်သူတစ်ဦးတစ်ယောက်​မျှ ဝင်ရောက်နိုင်မည်မဟုတ်ပေ။

ထိုကြောင့် ဤနေရာကို သံမဏိနံရံကြီးဟု ခေါ်ဆိုကြသည်။

"ငါတို့ ဘာလုပ်ကြမလဲ"

ထောင့်တစ်နေရာတွင်ရှိနေသော ကျန်းကျိုးနှင့်ကျန်းယိုတို့သည် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြ၏။

"မင်း သွားချင်ရင်သွား...ငါ မသွားဘူး"

ကျန်းကျိုး၏မျက်နှာသည် တင်းမာခက်ထန်နေကာ နောက်ဆုံးအဆင့်သတ်မှတ်ချက်ကို စဉ်းစားတွေးသောမိသဖြင့် ထိုအရာကို သူ ရင်ဆိုင်လိုခြင်းမရှိချေ။

"ဒါဆိုရင် ငါလည်း မသွားတော့ဘူး"

ကျန်းယိုကလည်း ပြတ်ပြတ်သားသားခေါင်းညိတ်ပြလေ၏။

...

မြေအောက်နန်းတော်၏ တတိယအဆင့်သည် ပထမအဆင့်နှင့်မတူညီဘဲ အလွန်ရိုးရှင်းသည်။

သို့ရာတွင် ဤသည်မှာ အစစ်အမှန်မြေအောက်နန်းတော်ပင်။

ဤနေရာတွင် ရှင်းကျီခန်းမ ရှန်ပင်းခန်းမ စည်းဝေးခန်းမ ပင်မခန်းမနှင့် ထန်းပဂိုဏ်းတစ်ဂိုဏ်းလုံးအတွင်းရှိ တပည့်များ၏အဆောင်များ တည်ရှိသည်။

သူတို့လူစု ယခုလက်ရှိရောက်ရှိနေသော အရံခန်းမပင်လျှင် အလွန်အမင်းကျယ်ဝန်းသော နေရာတစ်ခုဖြစ်သည်။

ဤခန်းမ၏အလယ်၌....

ကြီးမားသော တိုက်ခိုက်ရေးကွင်းပြင်တစ်ခုရှိနေသည်။

ဤအချိန်အခိုက်အတန့်တွင် တိုက်ခိုက်ရေးကွင်းပြင်ပေါ်၌ တပည့်အမြောက်အများ မတ်တတ်ရပ်နေသည်။ထိုတပည့်များသည် ယှဉ်ပြိုင်ပွဲအတွင်း၌ ပါဝင်ယှဉ်ပြိုင်ပြီးနောက် ကျောက်စိမ်းပြားကိုချိုး၍ ထွက်လာကြသောလူများပင်။

မည်သို့ပင်ဆိုစေကာမူ ကူးပြောင်း၍ထွက်လာသဖြင့် သူတို့အား အရှုံးသမားဟု သတ်မှတ်ပြီးဖြစ်သော်လည်း ယှဉ်ပြိုင်ပွဲကိုဆက်မကြရဟု တားဆီးဟန့်တားထားခြင်းမရှိ​ချေ။ထို့ကြောင့် သူတို့သည် တတိယအဆင့်သို့ တိုက်ရိုက်ရောက်ရှိလာကြ၏။

"မင်းတို့တွေ....မင်းတို့တွေက ဘာလို့ အပြင်ကိုထွက်လာကြတာလဲ"

လက်အောက်ခံဂိုဏ်းများမှလူများသည် သူတို့၏တပည့်များ ဤနေရာသို့ ရောက်ရှိနေသည်ကိုမြင်တွေ့ချိန်၌ စိတ်ပျက်သွားကြသည်။အကြောင်းအရင်းမှာ ဤတပည့်များသည် ယှဉ်ပြိုင်ပွဲ၌ ရှုံးနိမ့်သွားပြီဖြစ်သောကြောင့်ပင်။

"ဆရာ...ပထမအဆင့်မှာ အစစ်အမှန်အင်မော်တယ်အဆင့် နတ်ဆိုးသားရဲတစ်ကောင် ရှိနေတယ်...အဲ့ဒီကောင်က မြင်မြင်သမျှလူတွေအားလုံးကို လိုက်ပြီးသတ်နေတယ်...တကယ်လို့ တပည့်တို့တွေ ထွက်မလာဘူးဆိုရင် အဲ့ဒီနေရာမှာ သေရလိမ့်မယ်"

"အမှန်ပဲ...အကြီးအကဲ အဲ့ဒီအစစ်အမှန်အင်မော်တယ် နတ်ဆိုးသားရဲက ကျွန်တော်တို့ကို တကယ်ကြီးသတ်ချင်နေတာ...."

"ပထမအဆင့်မှာ နတ်ဆိုးသားရဲတွေ မရှိဘူးလို့ ပြောထားတာမဟုတ်လား...ဘယ်လိုလုပ်ပြီး ခုလိုဖြစ်လာတာလဲ...ဒါက တပည့်တို့ ထုတ်ပယ်ခံရအောင် တမင်သက်သက်လုပ်တာများလား"

ဤအချိန်အခိုက်အတန့်တွင် တပည့်များသည် သူတို့၏ဂိုဏ်းများမှအကြီးအကဲများထံသို့ တိုင်တန်းနေကြသည်။

လက်အောက်ခံဂိုဏ်းများမှအကြီးအကဲများသည် စူးဝါးသောမျက်လုံးအကြည့်များဖြင့် ကျန်းရှင်းထံသို့ ကြည့်လိုက်ကြ၏။

ကျန်းရှင်း၏မျက်နှာသုန်မှုန်နေသော်လည်းသူသည် မည်သည့်စကားတစ်ခွန်းကိုမျှ ပြောဆိုခြင်းမပြုချေ။ကျန်းရှင်းက သူ၏လက်ကို တစ်ချက်ဝှေ့ယမ်းကာ ကြယ်မြေပုံကိုဖြန့်လိုက်သည်။

လူများအားလုံးသည် သူတို့၏ခေါင်းများကိုမော့ကာ ကြယ်မြေပုံကို စူးစိုက်၍ကြည့်လိုက်ကြသည်။

ယခုအချိန်၌ ကြယ်မြေပုံတစ်ခုလုံးပေါ်တွင် တပည့်အမြောက်အများ မကျန်ရှိတော့ချေ။

ကြွင်းကျန်သော တပည့်အနည်းစုသည်လည်း အချိန်တိုအတွင်းမှာပင် တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြသည်။အကြောင်းအရင်းမှာ သူတို့သည် စုန်းငှက်နှင့် ရင်ဆိုင်ကြုံတွေ့ရသောကြောင့်ပင်။

ဤအချိန်အခိုက်အတန့်၌....

ပထမအဆင့်တစ်ခုလုံးတွင် အလွန်အမင်းသောင်းကျန်းနေသော စုန်းငှက်အပြင် သတိလစ်မေ့မျောနေသော သန်းခေါင်သာ ကြွင်းကျန်ရစ်တော့သည်။

ထိုမြင်ကွင်းကိုကြည့်ပြီး လက်အောက်ခံဂိုဏ်းများမှ အကြီးအကဲများသည် ဤယှဉ်ပြိုင်ပွဲ၌ အပြောင်းအလဲတစ်ခု ဖြစ်ပွားသွားကြောင်း သိရှိလိုက်သည်။ထို့ကြောင့် သူတို့၏ပါးစပ်များကိုပိတ်လိုက်ကြကာ မကျေနပ်သည့် စကားတစ်ခွန်းကိုမျှ မဆိုဝံ့ကြတော့ချေ။

"မင်းတို့မှာ သံသယတွေ ရှိနေတယ်ဆိုတာ ငါ သိတယ်....ဒါပေမဲ့ ငါ့ရဲ့သံသယကလည်း မင်းတို့ထက် မလျော့ဘူး"

ကျန်းရှင်းက ထိုအကြီးအကဲများအားလုံးကို ဝေ့ဝိုက်ကြည့်ပြီးနောက် ပြောဆိုသည်။

"တကယ်လို့ ငါတို့က ဒီကိစ္စရဲ့အမှန်တရားကို ဖော်ထုတ်ချင်တယ်ဆိုရင် သူ ထွက်လာတဲ့အချိန်ထိ စောင့်ရလိမ့်မယ်"

လူများအားလုံး အံ့အားသင့်သွားသည်။

သူ ထွက်လာသောအချိန်ကို စောင့်ရမည်ဟု ဆိုသလော....

ထိုအချိန်ကျမှသာ လူများအားလုံးသည် ကြယ်မြေပုံမှတဆင့် ဒုတိယအဆင့်တွင် လူတစ်ယောက် အမှန်တကယ်ရှိနေကြောင်း ရှာဖွေတွေ့ရှိခဲ့ကြသည်။

Chapter 773

"အဲ့ဒီလူက ဒုတိယအဆင့်ကို ဘယ်အချိန်တုန်းက ရောက်သွားတာလဲ"

"အမှန်ပဲ...ယှဉ်ပြိုင်ပွဲစတာ ဘယ်လောက်ကြာသေးလို့လဲ....သူက ဘယ်လိုလုပ်ပြီးတော့ ဒုတိယအဆင့်ကို အရမ်းမြန်မြန်ကြီးရောက်သွားတာလဲ"

"ယှဉ်ပြိုင်ပွဲစတာ နေ့တစ်ဝက်ပဲကြာသေးတယ်....သူက နေ့တစ်ဝက်နဲ့ ပထမအဆင့်ကို ဖြတ်ကျော်သွားနိုင်ခဲ့တယ်....ဒါက ဘယ်လိုတောင်မြန်တဲ့ အရှိန်နှုန်းလဲ...မင်းတို့ သိကြလား....အရင်က ယှဉ်ပြိုင်ပွဲတွေရဲ့မှတ်တမ်းတွေအရဆိုရင် ပထမအဆင့်ကိုဖြတ်ကျော်နိုင်တဲ့ အမြန်ဆုံးအရှိန်နှုန်းက ရက်နှစ်ဆယ်ကြာတယ်"

"အဲ့ဒီလူက ဘယ်သူလဲ....သူက ဘယ်ဂိုဏ်းရဲ့တပည့်လဲ"

ဤအချိန်အခိုက်အတန့်တွင် လက်အောက်ခံဂိုဏ်းများမှအကြီးအကဲများသည် ကြယ်မြေပုံ၏ ဒုတိယအဆင့်တွင်ရှိနေသော အမှတ်အသား၏လှုပ်ရှားမှုများကို ကြည့်ကာ အံ့အားသင့်သွားပြီး မယုံကြည်နိုင်စွာ ပြောဆိုနေကြသည်။

လျှိုယွမ်က ထိုအကြီးအကဲများကို တစ်ချက်ကြည့်ပြီးနောက် သရော်တော်တော်ပြုံးလိုက်သည်။

'မင်းတို့က အခုမှအံ့အားသင့်နေကြတာလား...တကယ်လို့ အဲ့ဒီလူက ဒုတိယအဆင့်ကိုရောက်ပြီးမှ....ပထမအဆင့်ကို ပြန်သွားပြီးတော့ ....ဒုတိယအဆင့်ကို ပြန်ရောက်လာတယ်ဆိုတာကိုသာ မင်းတို့သိသွားရင် မင်းတို့ရဲ့အောက်မေးရိုးတွေ ပြုတ်ကျတဲ့အထိအံ့အားသင့်နေကြလိမ့်မယ်'

အချိန်တစ်ခဏကြာခန့် အံ့အားသင့်တုန်လှုပ်သွားပြီးနောက် ယှဉ်ပြိုင်ပွဲကွင်းပြင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။

လူများအားလုံး ကြယ်မြေပုံကို ကြည့်လိုက်ကြ၏။

သူတော်စင်နန်းတော်၏ဒုတိယအဆင့်သည်လည်း ပထမအဆင့်နှင့်တူညီစွာ ဝင်္ကပါများကို တစ်ဝက်သာအသက်သွင်းထားသောအခြေအနေ၌ ရှိနေသည်။

ထိုဝင်္ကပါများသည် ကျင့်ကြံသူများ၏အာရုံငါးပါးကို ပိတ်ဆို့ထားသော တံတိုင်းများနှင့်တူညီနေသဖြင့် လူများအား အစစ်အမှန်လမ်းကြောင်းကို ရှာတွေ့နိုင်ရန်ခက်ခဲစေသည်။

ထို့ပြင် ဒုတိယအဆင့်၌ နတ်ဆိုးသားရဲများ၏အသိုက်များ တည်ရှိနေသည်။ထိုမှော်သားရဲများအနက် အားနည်းသောသားရဲများရှိသည့်အပြင် အလွန်အားကောင်းသောသားရဲများလည်းရှိသည်။

အကယ်၍ တစ်စုံတစ်ယောက်သည် ဒုတိယအဆင့်ကိုဖြတ်ကျော်လိုပါက မှန်ကန်သောလမ်းကြောင်းကို ရှာဖွေနိုင်ရန် လိုအပ်သည်။တစ်ချိန်တည်းမှာပင် ထိုလူသည် အစွမ်းထက်သော နတ်ဆိုးသားရဲများနှင့် ရင်ဆိုင်ရခြင်းမရှိအောင် ရှောင်တိမ်းရပေမည်။

အမှန်အားဖြင့် ထိုလူသည် အစွမ်းထက်သောမှော်သားရဲတစ်ကောင်ဖြင့် ရင်ဆိုင်ရပါက သူ သတိလက်လွတ်နေမိသည်နှင့် သေဆုံးသွားနိုင်ချေ မြင့်မားသည်။

ထို့ကြောင့် ဒုတိယအဆင့်မှထွက်နိုင်ရန်အတွက် တစ်စုံတစ်ယောက်ထံတွင် ကံကြမ္မာ၏ထောက်ပံ့မှု ရှိနေရန်လည်း လိုအပ်သည်။

မည်သို့ပင်ဆိုစေကာမူ အင်မော်တယ်အဆင့်သို့ရောက်အောင် ကျင့်ကြံပြီးနောက် ခွန်အားကိုပြသရာတွင် ကံကြမ္မာကောင်းသည်လည်း အရေးကြီးသောအချက်အဖြစ် ပါဝင်လာသည်။

ဝင်္ကပါများကို အပြည့်အဝအသက်သွင်းမထားသောအဆင့်မှာပင် တစ်စုံတစ်ယောက်သည် ဒုတိယအဆင့်အားဖြတ်ကျော်နိုင်ရန် အလွန်ခက်ခဲသည်။အကယ်၍ ဤဝင်္ကပါများအားလုံးကို အသက်သွင်းလိုက်ပါက သတ်ဖြတ်ခြင်းဝင်္ကပါများအတွင်းရှိ လုပ်ဆောင်ချက်များအားလုံး အသက်ဝင်လာကာ နတ်ဆိုးသားရဲများအားလုံးလည်း နိုးထလာပြီး ပြင်းထန်သောအခြေအနေတစ်ခုသို့ ကျရောက်သွားပေမည်။

အချိန်များ တရွေ့ရွေ့ကုန်ဆုံးလာကာ...

ကျန်းရှင်းသည် စကားတစ်ခွန်းမျှ ပြောဆိုခြင်းမပြုချေ။

တခြားမည်သူတစ်ဦးတစ်ယောက်ထံမျှလည်း စကား​သံတစ်သံ ထွက်မလာ​ချေ။

လူများအားလုံးသည် ရီဖုန်းထွက်လာမည့်အချိန်ကို စောင့်ဆိုင်းနေကြ၏။

"သောက်ချေးပဲ"

နောက်ဆုံး၌ အချိန်အတော်ကြာစောင့်ဆိုင်းပြီးနောက် သည်းမခံနိုင်တော့သောကျန်းရှင်းက ညစ်ညမ်းသောစကားတစ်ခွန်းကို ရေရွတ်လိုက်သည်။

ရီဖုန်းသည် မကြာမီမှာပင်ထွက်လာမည်ဟု သူ တွေးထင်ခဲ့သည်။သို့ရာတွင် ရီဖုန်းသည် တစ်နေ့လုံး နေရာတစ်နေရာတွင် ဆယ်ကြိမ်ကျော်ခန့်လှည့်ပတ်သွားလာနေကာ ထွက်မလာဘဲနေမည်ဟု သူ မျှော်လင့်မထားမိချေ။

ကျန်းရှင်၏မျက်နှာ သုန်မှုန်သွားသည်။

'ငါယိုးမသား မင်းက ပထမအဆင့်တုန်းက ခုန်ကူးသွားသလို မြန်တယ်လေ'

'အခု ဒုတိယအဆင့်ရောက်တော့ လူတွေအားလုံးက မင်းထွက်လာမှာကို စောင့်နေကြတယ်...ဒါပေမဲ့ မင်းက နေရာတစ်နေရာတည်းကို အကြိမ်အများကြီးပတ်ပြီး ကြောင်တောင်တောင်လုပ်နေတယ်'

ကျန်းရှင်းသည် အလွန်ဒေါသထွက်နေသောကြောင့် သူ၏မုတ်ဆိတ်များ တုန်ခါနေကာ နောက်ဆုံး၌ သူ ထပ်မံ၍သည်းမခံနိုင်တော့ချေ။သူက ကျယ်လောင်စွာအော်ဟစ်လိုက်သည်။

"သူ့အတွက် အခက်အခဲတွေကို နှိမ့်ပေးလိုက် ဒါမှမဟုတ်ရင် ဝင်္ကပါတွေကိုဖယ်ရှားလိုက်ရမလား"

နံဘေးတစ်ဖက်တွင်ရှိနေသော....

ဝမ်ယီယွင်နှင့်တခြားလူများသည် သူတို့၏ခေါင်းများကို အောက်သို့ငုံထားကာ စကားမပြောဝံ့ကြချေ။

ကျန်းရှင်း၏နှုတ်ခမ်း မဲ့ရွဲ့သွားသည်။

အမှန်အားဖြင့် ဤသည်မှာ သူ ဒေါသထွက်နေခြင်းကြောင့် အဓိပ္ပါယ်မရှိသောစကားကို ပြောဆိုမိခြင်းဖြစ်ကြောင်း သူသည်လည်း သိရှိထားသည်။

သူတော်စင်တောင်နန်းတော်မှ ဝင်္ကပါများကို ဖွင့်လှစ်ပြီးသရွေ့ဝင်္ကပါများနှင့်နေရာများအားလုံးကို ထိန်းချုပ်ခြင်းနှင့်ပြောင်းလဲခြင်းတို့အား မပြုလုပ်နိုင်တော့ချေ။ထိုဝင်္ကပါများ၏လုပ်ဆောင်ချက်အတိုင်းသာ သူတို့အားလုံး လိုက်နာဆောင်ရွက်ရသည်။

ဤသို့ပြုလုပ်ရခြင်းမှာ တစ်ရက်တွင် ထန်းပဂိုဏ်းအတွက် ဘေးကပ်ဆိုးကြီးကျရောက်လာခြင်းမှ ဟန့်တားနိုင်ရန်အတွက်ပင်။အကြောင်းအရင်းမှာ ဂိုဏ်းတစ်ကိုင်းလုံး ဆုတ်ခွာပြီးနောက် ဤနေရာ၌ နေထိုင်ပါက လူများအကြားတွင် သူလျှိုများရှိနေနိုင်သည်။

အကယ်၍ သူလျှိုများသည် ဝင်္ကပါကိုပြုပြင်ပြောင်းလဲကာ ရန်သူများကို အတွင်းသို့ဝင်ခွင့်ပြုလိုက်ပါက သူတော်စင်တောင်နန်းတော်၏တည်ရှိမှုသည် အဓိပ္ပါယ်ရှိတော့မည်မဟုတ်ပေ။

ဤစည်းမျဉ်းများကို ပြောင်းလဲ၍မရသောကြောင့် ဝင်္ကပါကိုဖွင့်လှစ်ပြီးသည်နှင့် အပြည့်အဝအသက်သွင်းခြင်း အပြည့်အဝပိတ်ခြင်းတို့မှလွဲ၍ တခြားမည်သည့်အရာကိုမျှ ပြုပြင်ပြောင်းလဲနိုင်မည် မဟုတ်ချေ။

ထို့ကြောင့် သူတို့ထံတွင် ရွေးချယ်စရာမရှိတော့ဘဲ ရီဖုန်းထွက်လာမည့်အချိန်ကို စောင့်ဆိုင်းရုံသာ တတ်နိုင်တော့သည်။

သူတို့သည် ကြယ်မြေပုံကို စူးစိုက်၍ကြည့်နေကြကာ ရီဖုန်း အလျှင်အမြန်ထွက်လာရန် မျှော်လင့်နေကြ၏။

ရီဖုန်းသည် ဒုတိယအဆင့်လမ်းကြောင်းတလျှောက် လျှောက်လှမ်းလာကာ အဆုံးသတ်နေရာနှင့် နီးကပ်နေလေပြီ။

သို့ရာတွင် သူတို့ စိတ်သက်သာရာရသွားပြီး သက်ပြင်းရှိုက်လိုက်သောအချိန်မှာပင် ရီဖုန်းသည် ထပ်မံ၍တစ်ပတ်ပတ်လိုက်သည်ကို ရှာဖွေတွေ့ရှိမိလေ၏။

သူတို့အား ပို၍စိတ်အနှောင့်အယှက်ဖြစ်စေသောကိစ္စမှာ သူ ဖြတ်သန်းသွားသည့်နေရာများတွင်ရှိသော စာချုပ်ချုပ်ဆိုထားသည့်သားရဲများ၏ ကိုယ်စားပြုအမှတ်အသားများအားလုံး ပျောက်ကွယ်သွားခြင်းပင်။

ထို့နောက် သူသည် ဆက်လက်၍ လှည့်ပတ်လျှောက်လှမ်းနေဆဲပင်။

အချိန်များကုန်ဆုံးလာကာ ရီဖုန်းသည် ဒုတိယအဆင့်၏လက်ဝဲဘက်အစွန်မှ လက်ယာဘက်အစွန်ထိ လျှောက်လှမ်းနေသည်ကို လူများအားလုံး မြင်တွေ့လိုက်ရသည်။

လက်ယာဘက်အစွန်သို့အရောက်တွင် သူသည် လက်ဝဲဘက်အစွန်သို့ တဖန်ပြန်၍ လျှောက်လှမ်းသွားလေ၏။

သူသည် အစစ်အမှန်ထွက်ပေါက်နေရာသို့ ရောက်မလာရုံသက်သက်ပင်။

ထို့ပြင် သူ၏လမ်းကြောင်းတလျှောက်၌ရှိနေသော မှော်သားရဲများအားလုံး၏အမှတ်အသားများပျောက်ကွယ်သွားသည်။

ထိုမြင်ကွင်းကိုကြည့်ပြီး....

ကြယ်မြေပုံမှနေ၍ တခြားအစစ်အမှန်အင်မော်တယ်အဆင့် နတ်ဆိုးသားရဲများ၏အမှတ်အသားများ ပျောက်ကွယ်သွားသည်ကို မြင်တွေ့ချိန်တွင် ကျန်းရှင်းသည် တဖန်ထပ်၍ ဆဲရေးတိုင်းထွာလိုက်တော့သည်။

"သောက်ချေးပဲ...အဲ့ဒီခွေးကောင်က ဒါ့ကို ရည်ရွယ်ချက်ရှိရှိ လုပ်နေတာလား"

ကျန်းရှင်းက အော်ဟစ်လိုက်သည်။

"ဘိုးဘေး ဒေါသမထွက်ပါနဲ့....စိတ်ထိန်းပါအုံး"

အကြီးအကဲများသည် ကျန်းရှင်းကို ထပ်ခါတလဲလဲဖြောင့်ဖျကာ သူ့အား နှစ်သိမ့်ရန်အတွက် စကားကောင်းများကို ပြောဆိုလိုက်ကြတော့သည်။

"ဘိုးဘေး ဘာမှမစိုးရိမ်ပါနဲ့....သေသွားတဲ့နတ်ဆိုးသားရဲတွေထဲက အများစုက အစစ်အမှန်အင်မော်တယ်နယ်ပယ်ကို မရောက်သေးဘူး....အစစ်အမှန်အင်မော်တယ်နယ်ပယ်ကိုရောက်သွားတဲ့ နတ်ဆိုးသားရဲတချို့ကလည်း စည်းမျဉ်းကိုမလိုက်နာတဲ့အပြင် ယဥ်ပါးအောင်လုပ်ဖို့ အရမ်းခက်ခဲတယ်...သူတို့သေသွားတာက ပြဿနာကြီးတစ်ခု မဟုတ်ပါဘူး"

"ဒါ့ပြင် အဲ့ဒီကောင်တွေက နတ်ဆိုးသားရဲတွေပဲလေ....ငါတို့က သူတို့ကိုဖမ်းဆီးပြီးတော့ သူတော်စင်တောင်နန်းတော်ရဲ့ဒုတိယအဆင့်မှာ အကျဉ်းချထားခဲ့တာ မဟုတ်လား"

အကြီးအကဲများသည် ပျာပျာသလဲ ဖြောင့်ဖျလိုက်ကြ၏။

သို့ရာတွင် ကျန်းရှင်းသည် ဒေါသထွက်နေဆဲပင်။

ဤကိစ္စများကို သူ မည်သည်ကြောင့် မသိရှိဘဲနေမည်နည်း....

သို့ရာတွင် မည်သို့ပင်ဆိုစေကာမူ နောင်အနာဂတ်တွင် အကယ်၍ မတော်တဆကိစ္စတစ်ရပ် ဖြစ်ပွားလာပါက ထိုနတ်ဆိုးသားရဲများသည် ရန်သူများကို အနည်းငယ်ဟန့်တားနိုင်ပေမည်။

"အဲ့ဒီအရှင် အမြန်ထွက်လာပါစေလို့ ငါ ဆုတောင်းမိတယ်"

လျှိုယွမ်က သူ၏နဖူးပေါ်ရှိ ​ချွေးများကိုသုတ်ကာ ရေရွတ်လိုက်သည်။

ကံကောင်းထောက်မစွာဖြင့်....

အမျိုးမျိုးသော ဖြောင့်ဖျစကားများအောက်တွင် ကျန်းရှင်းသည်လည်း အနည်းငယ်စိတ်သက်သာရာရသွားခဲ့သည်။

"ထားလိုက်တော့....သူက ငါတို့ဂိုဏ်းရဲ့ အစစ်အမှန်အင်မော်တယ်နယ်ပယ် အစောင့်အရှောက်မှော်သားရဲတွေကို မထိသရွေ့ ပြဿနာမရှိဘူး"

ကျန်းရှင်းက ပြောဆိုသည်။

"ဘိုးဘေးပြောတဲ့စကားက အမှန်ပါပဲ"

ဘိုးဘေး စိတ်လျှော့သွားသည်ကို မြင်တွေ့ချိန်တွင် ထန်းပဂိုဏ်းရှိအကြီးအကဲများအားလုံး စိတ်သက်သာရရာသွားကြသည်။

သို့ရာတွင် နောက်ထပ်အချိန်အခိုက်အတန့်မှာပင်....

အစောပိုင်းကမှ စိတ်သက်သာရသွားခဲ့သော ထန်းပဂိုဏ်း၏အကြီးအကဲများအားလုံး သူတို့၏စိတ်နှလုံးသားအတွင်းမှ တုန်လှုပ်ချောက်ချားမှုကို ခံစားလိုက်ရသည်။

ရီဖုန်း၏လမ်းကြောင်း....

သူသည် အမှန်တကယ်ကိုပင် အစောင့်အရှောက်မှော်သားရဲတစ်ကောင်ထံသို့ ဦးတည်၍လျှောက်လှမ်းနေပေ၏။

"မဖြစ်နိုင်ဘူး...သူက ဘယ်လိုလုပ်ပြီး ​အဲ့ဒီနေရာကို ရောက်သွားတာလဲ...မသွားနဲ့..."

လူများအားလုံးသည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ တိတ်တဆိတ်ဆုတောင်းလိုက်ကြသည်။

သို့ရာတွင် သူတို့အားလုံး၏ဆုတောင်းနေမှုများနှင့် ဆန့်ကျင်ဘက်ဆန်သောကိစ္စများ ဖြစ်ပွားလာခဲ့သည်။

ရီဖုန်း၏အမှတ်အသားနှင့် ဂိုဏ်း၏အစောင့်အရှောက်သားရဲများအနက်မှတစ်ကောင်ဖြစ်သော ပိုင်ဝေမြင့်မြတ်ကျားသားရဲ၏အမှတ်အသား တွေ့ဆုံသွားသည်ကို သူတို့ မြင်တွေ့မိလေ၏။

အသက်တစ်ရှိုက်စာ မပြည့်မီမှာပင်...

ပိုင်ဝေမြင့်မြတ်ကျားသားရဲ၏အမှတ်အသား မရှိတော့ချေ။

"ဘာ...."

"ဒါက...."

ထိုမြင်ကွင်းကိုကြည့်ပြီး ကျန်းရှင်း၏မျက်ခွံများ တဆတ်ဆတ်တုန်သွားကာ သူ အလွန်အမင်းဒေါသထွက်သွားလေ၏။

ဘုန်း....

ဘုန်း...

ဘုန်း....

ဘုန်း...

ဒေါသများ၏အောက်တွင် သူ မတ်တတ်ရပ်နေသောနေရာအား ဗဟိုပြု၍ ပတ်ဝန်းကျင်ရှိမြေပြင်တပြင်လုံး တုန်ခါသွားသည်။

"အဲ့ဒီခွေးကောင်က ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာပဲဖြစ်မယ်....ပိုင်ဝေမြင့်မြတ်ကျားသားရဲက ငါ့ရဲ့သားရဲ...ဒါက ငါ့ရဲ့သားရဲပဲ"

ကျန်းရှင်းက ဒေါသတကြီး အော်ဟစ်လိုက်သည်။

သူ၏နံဘေးတွင်ရှိနေသော လူများအားလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။

လက်အောက်ခံဂိုဏ်းများမှ လူများကမူ စကားမပြောနိုင်သောအဆင့်ထိ ထိတ်လန့်ကြောက်ရွံ့နေသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။

တစ်ဖက်တွင် သူတို့သည် ကျန်းရှင်း၏ဒေါသကိုထိတ်လန့်ကြောက်ရွံနေကာ တခြားတစ်ဖက်တွင် ဒုတိယအဆင့်ရှိလူသည် ထန်းပဂိုဏ်း၏ပိုင်ဝေမြင့်မြတ်ကျားသားရဲကို ရှင်းလင်းခဲ့သဖြင့် တုန်လှုပ်ချောက်ချားနေကြသည်။

"ဘိုးဘေး....ဒေါသကိုထိန်းပါအုံး...ဒေါသမထွက်ပါနဲ့"

လျှိုယွမ်က အလျှင်အမြန်နှစ်သိမ့်ပေးလေသည်။

"အဲ့ဒီလူရဲ့လမ်းကြောင်းက အတည်တကျမရှိဘူးဆိုတာ ဘိုးဘေးလည်း မြင်တာပဲ...ဘယ်လိုပဲဖြစ်ဖြစ် သူက ရည်ရွယ်ချက်ရှိရှိလုပ်တာမဖြစ်နိုင်ဘူး....ဒါက တိုက်ဆိုင်မှုတစ်ခုပဲဖြစ်မှာပါ"

"အမှန်ပဲ ဘိုးဘေး ...သူက ငါတို့ဂိုဏ်းကနေ စာချုပ်ချုပ်ထားတဲ့သားရဲတွေနဲ့ ဆုံတွေ့ရတယ်ဆိုပေမယ့် သူ့ရဲ့လမ်းကြောင်းက လှည့်ပတ်နေတာ....တကယ်လို့ သူကသာ ရည်ရွယ်ချက်ရှိရှိလုပ်မယ်ဆိုရင် လှည့်ပတ်နေမှာမဟုတ်ဘူး...အဲ့ဒီအစောင့်အရှောက်သားရဲတွေဆီကိုပဲ တန်းတန်းမတ်မတ်သွားလိမ့်မယ်"

ဝမ်ယီယွမ်က နှစ်သိမ့်ပေးသည်။

လူအများ၏နှစ်သိမ့်ပေးမှုအောက်တွင်....

ကျန်းရှင်းသည် အနည်းငယ်စိတ်သက်သာရာရသွားကာ နောက်ဆုံး၌ သူ၏ဒေါသများ လျော့နည်းသွားသည်။

သို့ရာတွင် နောက်ထပ်အချိန်အခိုက်အတန့်၌ ရီဖုန်း၏လမ်းကြောင်းသည် တိုက်တိုက်ဆိုင်ဆိုင် ဖြင့် ဂိုဏ်း၏အစောင့်အရှောက်သားရဲ နောက်တစ်ကောင်ထံသို့ တန်းတန်းမတ်မတ်လျှောက်လှမ်းသွားသည်ကို မြင်တွေ့မိလေ၏။

ရောင်စုံရက်စက်ကြမ်းကြုတ်သားရဲ၏အမှတ်အသား ပျောက်ကွယ်သွားသည်။

ထို့နောက် ရီဖုန်းသည် နောက်ထပ်ဂိုဏ်း၏အစောင်အရှောက်သားရဲ တစ်ကောင်ထံသို့ လျှောက်လှမ်းသွားသည်။

ရွှေနွားရိုင်း....

ပျောက်ကွယ်သွားလေပြီ။

ထို့နောက် ရီဖုန်းသည် တခြားတကောင်ထံသို့ ထပ်မံ၍လျှောက်လှမ်းသွားလေ၏။

အချိန်တိုအတွင်းမှာပင် ထန်းပဂိုဏ်း၏အစောင့်အရှောက်မှော်သားရဲများအနက် အမှတ်အသားငါးခု ပျောက်ကွယ်သွားခဲ့သည်။

"သောက်ချေးပဲ...ဒါက ရည်ရွယ်ချက်ရှိရှိလုပ်တာမဟုတ်ဘူးလို့ မင်းတို့ ပြောအုံးမှာလား"

ကျန်းရှင်းသည် ကြယ်မြေပုံကိုလက်ညှိုးညွှန်ပြကာ ဆဲဆိုလိုက်၏။သူ၏ခန္ဓာကိုယ်မှနေ၍ ဒေါသအရှိန်အဝါများ ဖြာထွက်လာကာ သူက တုန်ရီနေသောအသံဖြင့် အော်ဟစ်လိုက်သည်။

"သူ့ကို သတ်မယ်....ငါ သူ့ကို သတ်မှရမယ်"

ကျန်းရှင်၏မျက်လုံးအတွင်းမှ မျက်ရည်များ ယိုစီးကျတော့လုမတတ်ပင်။

ထိုအကြီးအကဲများသည် ထန်းပဂိုဏ်းအတွက် ဤအစောင့်အရှောက်သားရဲများ မည်မျှထိအရေးပါသည်ကို သိရှိမည်မဟုတ်ချေ။

သို့ရာတွင် ဘိုးဘေးတယောက်ဖြစ်သော သူ့အနေဖြင့် ကောင်းစွာသိရှိထားသည်။

ဤသည်မှာ သူတို့ထန်းပဂိုဏ်းမှ နှစ်ပေါင်းများစွာကြာအောင် ပင်ပင်ပန်းပန်းကြိုးစား၍ ပျိုးထောင်ခဲ့ရသော အစောင့်အရှောက်မှော်သားရဲများပင်။

"မင်းတို့အားလုံး ငါ့ရဲ့အမိန့်ကိုနားထောင်ပြီးတော့ ငါ့အတွက် ကောင်းမှုကုသိုလ်တစ်ခု လုပ်ပေးကြစမ်း....ငါက သူတော်စင်တောင်နန်းတော်ရဲ့ဝင်္ကပါတွေအားလုံးကို အသက်သွင်းတော့မယ်"

"ဒီဝင်္ကပါတွေကို အသက်သွင်းပြီးတာနဲ့ မင်း ဘယ်အချိန်ထိ လှည့်ပတ်ပြေးနိုင်အုံးမလဲဆိုတာ ငါ စောင့်ကြည့်မယ်"

ထိုသို့ပြောဆိုပြီးနောက် ကျန်းရှင်က ချက်ချင်းလှုပ်ရှားလိုက်သည်။

ဤအချိန်အခိုက်အတန့်တွင် သူသည် ရီဖုန်း၏အရေခွံကိုခွာ၍ အရိုးအရွတ်များကိုခုတ်ထစ်ရန် မစုံစမ်းနိုင်တော့ချေ။

Chapter 774

"ဒီသောက်ရေးမပါတဲ့ ဝင်္ကပါတွေကတော့"

"ဘယ်အချိန်ကျမှ အဆုံးသတ်မှာလဲ"

လမ်းတလျှောက်၌ ရီဖုန်းက စိတ်မရှည်စွာဖြင့် ဆဲဆိုနေသည်။

သူ့ကိုကြည့်ရသည်မှာ ယခင်က ယွင်ယောင်ယောင်နှင့်အတူ လျှို့ဝှက်နယ်မြေအတွင်းရှိ ဝင်္ကပါအတွင်း၌ ပိတ်မိနေခဲ့သောကိစ္စကို အမှတ်ရသဖြင့် ထိတ်လန့်ကြောက်ရွံနေပုံပင်။

ထိုအချိန်တုန်းက...

အကယ်၍ သူထံတွင် အမဲ​ခြောက်အမြောက်အ​များ ရှိမနေပါက သူ အစာရေစာငတ်မွတ်၍ သေဆုံးသွားပေမည်။

ထို့ကြောင့် ဤနေရာမှနေ၍ မည်သည့်အချိန်မှ ထွက်သွားနိုင်မည်ကို မသိသော ရီဖုန်းသည် သတိကြီးစွာထား၍ ပြင်ဆင်လိုက်၏။သူသည် လမ်းတလျှောက်၌ မြင်မြင်သမျှ နတ်ဆိုးသားရဲများအားလုံးကို ရှင်းလင်းခဲ့သည်။

ထိုမျှသာမက သူသည် လတ်ဆတ်သောအရသာကိုထိန်းသိမ်းပြီး အချိန်မရွေးစားသုံးနိုင်ရန်အလို့ငှာ နောက်ပိုင်း၌ သူ ကြုံတွေ့ရသော နတ်ဆိုးသားရဲငယ်များကို သတ်ဖြတ်ခြင်းမပြုတော့ချေ။သူသည် ထိုနတ်ဆိုးသားရဲများအားလုံးကို အရှင်လတ်လတ်ဖမ်းဆီးကာ ကြိုးနှင့်ချီပြီး သိုလှောင်လက်စွပ်အတွင်းသို့ ထည့်သွင်းထားခဲ့သည်။

ဤသို့ပြုလုပ်ထားသဖြင့်...

အကယ်၍ သူသည် ပြင်ပသို့ အချိန်တိုအတွင်း၌ ထွက်နိုင်ခြင်းမရှိလျှင်ပင် သူ၏အသက် ရှင်သန်နိုင်ရန်အတွက် အာမခံချက်တစ်ခုကို ရရှိလေပြီ။

သူတော်စင်တောင်နန်းတော် တတိယအဆင့်၏အလယ်ဗဟို၌....

ကျန်းရှင်းဦးဆောင်သော အကြီးအကဲများသည် အတူတကွပူးပေါင်းကာ သူတော်စင်တောင်နန်းတော်ကိုထိန်းချုပ်သည့် ကျောက်စိမ်းပြားကိုထုတ်ယူလိုက်သည်။

ဤအချိန်အခိုက်အတန့်တွင် ကျန်းရှင်း၏ခန္ဓာကိုယ်မှ ဒေါသအရှိန်အဝါများ ထွက်ပေါ်နေပေ၏။

"ဘိုးဘေး ...ငါတို့ရဲ့စွမ်းအားတွေ အတူစုပေါင်းပြီးတော့ ဝင်္ကပါကြီးကို အပြည့်အဝအသက်သွင်းရမှာလား...ဘာလို့ ဝင်္ကပါကြီးကို ပိတ်မပစ်တာလဲ.. ဒါဆိုရင် ငါတို့က ဒုတိယအဆင့်ကိုသွားပြီးတော့ သူ့ကိုရှာနိုင်လိမ့်မယ်....ဘိုးဘေးသန်းချောင်လည်း အထဲမှာ ရှိနေတယ်လေ...ဘယ်လိုအခြေအနေတွေရှိနေလဲဆိုတာ ငါတို့ မသိရသေးဘူး"

နံဘေးတဖက်မှနေ၍ လျှိုယွမ်က မေးမြန်းသည်။

"ဟမ့်...ဒီဝင်္ကပါကို အပြည့်အဝအသက်သွင်းလို့ရတယ်ဆိုပေမယ့် ပိတ်ချင်တိုင်း ပိတ်လို့ရတယ်လို့ မဆိုလိုဘူး....မင်းတို့ရဲ့စွမ်းအားတွေ ထောက်ပံ့ပေးတာလောက်နဲ့ ငါ့မှာ ဒီဝင်္ကပါကြီးကိုပိတ်နိုင်တဲ့ အရည်အချင်း မရှိဘူး"

ကျန်းရှင်းက သုန်မှုန်နေသောမျက်နှာဖြင့် ပြောဆိုသည်။

သူတော်စင်တောင်နန်းတော်ကို တည်ဆောက်ရာ၌ ကဏ္ဍပေါင်းစုံမှနေ၍ စဉ်းစားခဲ့သည်။

ထိုကြောင့် မဟာဝင်္ကပါကြီးကို အသက်သွင်းရာ၌ အနည်းငယ်လွယ်ကူသော်လည်း ပြန်ပိတ်ရန်အတွက်ခက်ခဲသည်။

ထိုသို့မဟုတ်ပါက အကယ်၍ အစစ်အမှန်သေရေးရှင်ရေးအခြေအနေတစ်ခုနှင့် ကြုံတွေ့ရပြီး ဝင်္ကပါကြီးကိုအသက်သွင်းရန် လူအမြောက်အများရှိမနေပါက သူတော်စင်တောင်နန်းတော်၏တည်ရှိမှုသည် အလဟဿဖြစ်သွားမည်မဟုတ်လော။

"ဒါပေမဲ့....ဒါပေမဲ့ မဟာဝင်္ကပါကြီးကို အပြည့်အဝအသက်သွင်းလိုက်မယ်ဆိုရင် ဘိုးဘေးသန်း​ချောင် အန္တရာယ်ရှိနိုင်တယ်မဟုတ်လား"

ဝမ်ယီယွင်က ကူကယ်ရာမဲ့စွာဖြင့် မေးမြန်းသည်။

"ဘာမှမစိုးရိမ်ကြနဲ့...မဟာဝင်္ကပါကြီးကို အပြည့်အဝ အသက်သွင်းလိုက်တာနဲ့ အထဲမှာရှိနေတဲ့ လူအိုကြီးသန်းက အာရုံခံမိလိမ့်မယ်...သူ မဆင်မခြင်မလုပ်သရွေ့ သူအပေါ်ကို ဘာသက်ရောက်မှုမှ ရှိမှာမဟုတ်ဘူး"

ကျန်းရှင်းက ပြောဆိုသည်။

"ဒါ့ပြင် လူအိုကြီးသန်းရဲ့လက်ထဲမှာ ကူးပြောင်းရေးကျောက်စိမ်းပြားရှိနေတယ်...သူက အချိန်မရွေး အပြင်ကို ပြန်ထွက်လာနိုင်တယ်"

ကျန်းရှင်းသည် ရှင်းပြနေရင်း ကြယ်မြေပုံပေါ်တွင်ရှိနေသည့် ရီဖုန်း၏အမှတ်အသားကို ကြည့်လိုက်သည်။ရီဖုန်းသည် ဂိုဏ်း၏အစောင့်အရှောက်မှော်သားရဲ နောက်တစ်ကောင်ထံသို့ လျှောက်လှမ်းသွားနေပေ၏။ ကျန်းရှင်းသည် ရုတ်တရက် စိုးရိမ်ပူပန်စပြုလာသည်။

"မင်းတို့ ဘာလုပ်နေကြတာလဲ...ဝင်္ကပါကြီးကို အပြည့်အဝအသက်သွင်းဖို့အတွက် မင်းတို့ရဲ့စွမ်းအားတွေ ငါ့ဆီကို ပေးပို့ကြစမ်း"

ကျန်းရှင်းက အော်ဟစ်လိုက်သည်။

ထိုမြင်ကွင်းကိုကြည့်ပြီး တခြားလူများသည် အချိန်မဆွဲဝံ့တော့သဖြင့် မှော်မန္တန်များကို အလျှင်အမြန်ရွတ်ဆိုကာ သူတို့၏စွမ်းအားများကို အလယ်တွင်ရှိနေသော ကျန်းရှင်းထံသို့ပေးပို့လိုက်ကြသည်။

ကျန်းရှင်း၏စွမ်းအားနှင့် အကြီးအကဲများ၏ စွမ်းအားများ တသားတည်းစုပေါင်းသွားကာ သူတော်စင်တောင်နန်းတော်ကို ထိန်းချုပ်သော ကျောက်စိမ်းပြားပေါ်သို့ ကျရောက်သွားသည်။

ရုတ်ချည်းဆိုသလိုပင်....

သူတော်စင်တောင်နန်းတော်တခွင်လုံးမှာနေ၍ မြေပြင်တုန်ခါသွားသောအသံများ ထွက်ပေါ်လာသည်။

သူတော်စင်တောင်နန်းတော်၏မဟာဝင်္ကပါကြီး အပြည့်အဝအသက်ဝင်သွားလေပြီ။

ဒုတိယအဆင့်လမ်းကြောင်းအတွင်းတွင် သတ်ဖြတ်ခြင်းဝင်္ကပါများ ပုံရိပ်ယောင်ဝင်္ကပါများ လျှို့ဝှက်ဝင်္ကပါများနှင့်အရံဝင်္ကပါများ မရေမတွက်နိုင်အောင်ရှိနေသည်။ထိုဝင်္ကပါများအားလုံးကို တပြိုင်နက်တည်း အသက်သွင်းလိုက်သဖြင့် လုပ်ဆောင်ချက်များအားလုံး အသက်ဝင်လာခဲ့သည်။

ဤဝင်္ကပါများ၏အောက်တွင် ဒုတိယအဆင့်တွင်ရှိနေသော တစုံတစ်ယောက်အတွက် ခြေလှမ်းတစ်လှမ်းတိုင်း အန္တရာယ်များသည်ဟု ဆိုနိုင်ပေ၏။

ဝင်္ကပါများ သို့မဟုတ် စက်ယန္တရားများအနက်မှ မည်သည့်အရာတစ်ခုကိုမဆို ထိတွေ့မိသည်နှင့် သူ့အား သတ်ဖြတ်နိုင်သည့်အရာများမှနေ၍ စောင့်ဆိုင်းနေပေမည်။

ဤသည်မှာ အဆုံးသတ်မဟုတ်သေးချေ။

ဒုတိယဆင့်တွင်ရှိနေသည့် စာချုပ်ချုပ်ဆိုထားသော သားရဲများအားလုံးလည်း နိုးထလာလေပြီ။

ထိုနေရာတွင် သူတို့၏အသိုက်များ ရှိနေရုံသာမက သူတို့ကိုယ်တိုင်သည်လည်း မဟာဝင်္ကပါကြီး၏အစိတ်အပိုင်းတစ်ခုပင်။ဤသည်ကြောင့် ထိုနတ်ဆိုးသားရဲများ နိုးထလာသည့်တိုင် သူတို့သည် ဒုတိယအဆင့်မှ ဝင်္ကပါများ၏တိုက်ခိုက်ခြင်းကို ခံရမည်မဟုတ်ပေ။

တစ်ချိန်တည်းမှာပင်....

ထိုမှော်သားရဲများသည် အမဲလိုက်နေသည့်အလား သားကောင်ကိုရှာဖွေကြပေမည်။

ဒုတိယအဆင့်၌ အစစ်အမှန်အင်မော်တယ်နယ်ပယ် မှော်သားရဲအမြောက်အများရှိနေသည်။

ဤကဲ့သို့အစီအမံများအောက်တွင် ဤနေရာသို့ဝင်ရောက်လာသော မည်သူတစ်ဦးတစ်ယောက်မဆို အသက်ရှင်သန်နိုင်ရန် အခွင့်အရေးမရှိဟု ဆိုနိုင်သည်။မည်သို့ပင်ဆိုစေကာမူ သူတော်စင်တောင်နန်းတော်သည် ထန်းပဂိုဏ်း၏ဝှက်ဖဲတစ်ချပ်ဖြစ်သဖြင့် ဖြတ်ကျော်ရန် လွယ်ကူမည်မဟုတ်ချေ။

အစပထမတွင် ကျန်းရှင်းသည် ရီဖုန်းနှင့်ပတ်သက်ပြီး မုန်းတီးမှုနှင့်ရန်ငြိုးများ ရှိမနေပေ။ထို့ကြောင့် သူသည် ရီဖုန်းကို သတ်ဖြတ်လိုခြင်းမရှိချေ။

ဆန့်ကျင်ဘက်အနေဖြင့် သူသည် သန်းချောင်အား စေလွှတ်၍စမ်းသပ်စေခဲ့ခြင်းမှာ ရီဖုန်းအား လက်အောက်ခံအဖြစ် သိမ်းသွင်းနိုင်ရန်ပင်။

သို့ရာတွင်...

ဤကောင်လေးသည် မည်သည်ကြောင့် အလွန်မုန်းတီးဖွယ်ကောင်းအောင် လှုပ်ရှားနေသနည်း။

ဂိုဏ်း၏အစောင့်အရှောက်သားရဲ အမြောက်အများ ပျောက်ကွယ်သွားခဲ့သည်။

ရီဖုန်းအား ထိန်းချုပ်ခြင်းမပြုပါက သူ၏ထန်းပပဂိုဏ်းမှမှော်သားရဲများအားလုံး အမြစ်ပြတ်သုတ်သင်ခြင်းခံရပေမည်။

သူတော်စင်တောင်နန်းတော်ကို အပြည့်အဝအသက်သွင်းပြီးနောက် တတိယအဆင့်တွင်ရှိနေသော လူများအားလုံး ကြယ်မြေပုံကိုကြည့်လိုက်ကြ၏။

ထိုအချိန်မှာပင်...

ဒုတိယအဆင့်၌လျှောက်လှမ်းနေသော ရီဖုန်း၏အမှတ်အသား ရပ်တန့်သွားသည်။

ဤမြင်ကွင်းကိုကြည့်ပြီး.....

ကျန်းရှင်း၏နှုတ်ခမ်းထောင့် အနည်းငယ်မြင့်တက်သွားသည်။

'မင်း မှတ်ပီလား'

'မင်း ရှေ့ဆက်သွားလေ'

'မင်းက လှည့်ပတ်ပြီးသွားတဲ့နေရာမှာ အရမ်းအရည်အချင်းရှိတာ မဟုတ်လား...မင်း ဘယ်လိုဆက်ပြီးလှည့်ပတ်သွားမလဲဆိုတာ ငါ စောင့်ကြည့်နေမယ်'

ယခုအချိန်၌ သူတော်စင်တောင်နန်းတော်ကို အပြည့်အဝအသက်သွင်းလိုက်သဖြင့် ရီဖုန်းသည် ရှေ့သို့ဆက်၍ အနည်းငယ်မျှရွေ့လျားနိုင်တော့မည် မဟုတ်ချေ။ကျန်းရှင်းသည် သူ၏ဂိုဏ်း၌ ကြွင်းကျန်သော နတ်ဆိုးသားရဲများနှင့်အစောင့်အရှောက်မော်သားရဲများအကြောင်းကို ​တွေးတောပြီး အလွန်အမင်းစိတ်သက်သာရာရသွားသည်။

သို့ရာတွင်...

သူ မသိရှိသောကိစ္စမှာ...

ဤအချိန်အခိုက်အတန့်တွင် ရီဖုန်းသည် လှည့်ပတ်၍လျှောက်လှမ်းပြီးနောက် ညည်းတွားကာနေရာတစ်နေရာ၌ ဆောင့်ကြောင့်ထိုင်လိုက်၏။

သူ အနည်းငယ်မျှ ရှေ့ဆက်မသွားနိုင်ဟု ဆိုသလော....

ဤသည်မှာ မဟုတ်ချေ။

ဝင်္ကပါများရှိသည်ဟု ဆိုသလော....

ရီဖုန်းသည် ထိုအရာများကို မြင်တွေ့ခြင်းပင် မရှိချေ။

သူ ချေးပါနေခြင်းပင်....

ဤသည်မှာ ဘုရင်တစ်ပါး၏စည်းစိမ်ကို ခံစားရသည်နှင့် တူညီသည်မဟုတ်လော....

***ဦးပေါ်ဦးလျှောက်ထုံးထဲကလို လောကမှာ ဇိမ်အရှိဆုံးအရာ လုပ်နေခြင်းမည်၏***

Chapter 775

တစ်ချိန်တည်းမှာပင်....

ကြယ်မြေပုံမှတဆင့် ဒုတိယအဆင့်တွင်ရှိနေသော မှော်သားရဲများအားလုံး ရီဖုန်းရှိနေသောနေရာသို့ဦးတည်၍ ရွေ့လျားသွားသည်ကို လူများအားလုံး မြင်တွေ့မိသည်။

"ဘိုးဘေး...ဒါက...."

ထိုမြင်ကွင်းကိုကြည့်ပြီး ဝမ်ယီယွင်က ကူကယ်ရာမဲ့စွာဖြင့် မေးမြန်းသည်။

"တကယ်လို့ ဒီလိုလုပ်မယ်ဆိုရင် အဲ့ဒီလူ သေသွားလိမ့်မယ်"

"ဘယ်လိုပဲဖြစ်ဖြစ် သူနဲ့ကျွန်မတို့အကြားမှာ ဘာရန်ငြိုးရန်စမှမရှိဘူး....ဆက်နွယ်မှုအရပြောမယ်ဆိုရင် သူက ကျွန်မတို့ဂိုဏ်းရဲ့လက်အောက်ခံဂိုဏ်းကလူ ဖြစ်နေတုန်းပဲ"

ရီဖုန်းသည် ယခင်က ဒုတိယအဆင့်အတွင်းရှိ မှော်သားရဲတချို့ကို သတ်ဖြတ်နိုင်ခဲ့သော်လည်း ဤသည်မှာ ဝင်္ကပါကြီးကို အပြည့်အဝအသက်မသွင်းမီကဖြစ်သည်။

ယခုအချိန်၌ ဝင်္ကပါကြီးကို အပြည့်အဝအသက်သွင်းလိုက်သဖြင့် ရီဖုန်းသည် ယခင်နှင့်တူညီစွာလုပ်ဆောင်နိုင်မည်ဟု သူတို့ တွေးထင်ထားခြင်းမရှိချေ။ပြောရမည်ဆိုလျှင် ဒုတိယအဆင့်အတွင်း၌ သူ သေဆုံးသွားနိုင်သည်။

ထိုစကားကိုကြားချိန်တွင်....

ကျန်းရှင်း၏မျက်နှာ သုန်မှုန်သွားသည်။

"ငါက သူ့ကိုသတ်ဖို့ ရည်ရွယ်ချက်မရှိဘူး"

"ဒါပေမဲ့ တကယ်လို့ ငါက ဝင်္ကပါကြီးကို အပြည့်အဝအသက်မသွင်းဘူးဆိုရင် အဲ့ဒီလူက ဒုတိယအဆင့်မှာရှိတဲ့ မှော်သားရဲတွေအားလုံးကို သတ်သွားလိမ့်မယ်"

"အဲ့ဒီအခြေအနေမျိုးကို ငါ မလိုချင်ဘူး"

"သူ အသက်သေတာရှင်တာကတော့ သူ့ရဲ့ကံကြမ္မာပေါ် မူတည်တယ်"

"တကယ်လို့ သူက လူအိုကြီးသန်းချောင်ထွက်လာတဲ့အထိ တောင့်ခံနိုင်မယ်ဆိုရင် ငါတို့က ဝင်္ကပါကြီးကိုပိတ်လိုက်တာနဲ့ သူ အသက်ရှင်သန်နိုင်လိမ့်မယ်"

ကျန်းရှင်းက သ​က်ပြင်းတစ်ချက်ရှိုက်လိုက်သည်။သူ၏စိတ်နှလုံးသားအတွင်း၌ အလွန်အမင်းစိတ်ရှုပ်ထွေးနေသည်။

မည်သို့ပင်ဆိုစေကာမူ ရီဖုန်းသည် အစစ်အမှန်အင်မော်တယ် အဆင့်ဆယ့်နှစ်၌ရှိနေနိုင်သော ကျင့်ကြံသူတစ်ယောက်ပင်။

သူ ဒေါသထွက်နေစဉ်‌၌ အမှန်တကယ်ကိုပင် ရီဖုန်းအား အရေခွံခွာလိုခဲ့သည်။သို့ရာတွင် သူ စိတ်တည်ငြိမ်သွားကာ ပြန်လည်တွေးတောကြည့်ချိန်၌ ဤသည်မှာ သူ မြင်တွေ့လိုသောကိစ္စတစ်ရပ်မဟုတ်ချေ။

အချိန်များ တရွေ့ရွေ့ကုန်ဆုံးသွားကာ....

ဒုတိယအဆင့်တွင်ရှိနေသော မှော်သားရဲအမြောက်အများသည် ရီဖုန်းထံသို့ တစတစချဉ်းကပ်သွားသည်ကို ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်သည်။

အဆုံးသတ်၌ ရီဖုန်းသည် ထိုမှော်သားရဲများ၏ဝိုင်းရံခြင်းကို ခံလိုက်ရ၏။

"သူ တောင့်ခံထားနိုင်ပါစေလို့ ငါ မျှော်လင့်မိတယ်"

ကျန်းရှင်းက စိတ်ခံစားချက်အပြည့်ဖြင့် သက်ပြင်းရှိုက်လိုက်သည်။

ထို့နောက် သူ အနည်းငယ်အကြည့်လွှဲလိုက်၏။

တခြားလူများ၏မျက်နှာအမူအယာများသည်လည်း အနည်းငယ်ရှုပ်ထွေးနေသည်။ဤအချိန်အခိုက်အတန့်တွင် ရီဖုန်းသည် ဒုတိယအဆင့်၌ မရေမတွက်နိုင်သော ဝင်္ကပါများအကြား၌ရှိနေကာ မှော်သားရဲအမြောက်အများ၏ဝိုင်းရံခြင်းကို ခံထားရသည်အား တွေးတောသဖြင့် သူတို့အားလုံး တုန်လှုပ်ချောက်ချားနေသည်။

လူအများစုသည် သူတို့၏ခေါင်းများကို တိမ်းစောင်းထားကာ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက် ဤကဲ့သို့နည်းလမ်းဖြင့် ကြွေလွင့်သွားမည်ကိုကြည့်ရန် မဝံ့မရဲဖြစ်နေကြသည်။

သို့ရာတွင် ကြယ်မြေပုံပေါ်သို့ အာရုံစူးစိုက်၍ကြည့်နေသော လူတချို့ရှိနေဆဲပင်။

ဂတ်… ဂတ် ....

ရုတ်ချည်းဆိုသလိုပင် ဘဲခြောက်အော်သံကဲ့သို့အော်သံတစ်သံ ထွက်ပေါ်လာပေ၏။

ထို့နောက်....

ဒုတိယမြောက်အသံ တတိယမြောက်အသံ စတုတ္ထမြောက်အသံစသဖြင့် အံ့အားတသင့်ရေရွတ်လိုက်သော အသံအမြောက်အများ ထွက်ပေါ်လာသည်။

အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်သော အသံမျိုးစုံသည် အဆက်မပြတ်ထွက်ပေါ်လာပေ၏။

"ဘာတွေဖြစ်နေတာလဲ"

ကျန်းရှင်းက မျက်မှောင်ကြုတ်လိုက်သည်။

သို့ရာတွင် သူ၏နံဘေး၌ရှိနေသော လျှိုယွမ်သည် ထိတ်လန့်တုန်လှုပ်စွာဖြင့် ကြယ်မြေပုံကိုလက်ညှိုးညွှန်ပြကာ တုန်ရီနေသောအသံဖြင့်အော်ဟစ်လိုက်သည်ကို သူ ရှာဖွေတွေ့ရှိမိသည်။

"ကြည့်လိုက်အုံး...ဘိုးဘေး ကြည့်လိုက်အုံး"

"ဘာဖြစ်နေတာလဲ....ဒါက ဘယ်လိုအပြုအမူလဲ"

အနည်းငယ်စိတ်ရှုပ်ထွေးနေသော အခြေအနေ၌ရှိနေသော ကျန်းရှင်းသည် လျှိုယွမ်ကို ဒေါသတကြီးစူးစိုက်ကြည့်လိုက်သည်။လျှိုယွမ်သည် တုန်တုန်ရီရီဖြစ်နေသည်ကို သူ မြင်တွေ့မိသဖြင့် သူ၏အကြည့်သည် ကြယ်မြေပုံပေါ်သို့ ထပ်မံ၍ကျရောက်သွားတော့သည်။

အမ်....

သူ၏ပါးစပ်မှနေ၍ ကျယ်လောင်သော ထိတ်လန့်တကြားအော်သံတစ်သံ ထွက်ပေါ်လာသည်။သူသည် နေရာ၌ ခုန်ပေါက်လိုက်ကာ သူ၏ဆံပင်များ ထောင်ထသွားသည်။

အကြောင်းအရေးမှာ ကြယ်မြေပုံမှတဆင့် အစောပိုင်းက ရီဖုန်း၏နံဘေးပတ်လည်တွင် ဝိုင်းရံထားသည့် မှော်သားရဲများ၏အမှတ်အသားများအားလုံး ပျောက်ကွယ်သွားသည်ကို သူ မြင်တွေ့လိုက်ရသောကြောင့်ပင်။

ပြောရမည်ဆိုလျှင် ဤအချိန်အခိုက်အတန့်၌ ဒုတိယအဆင့်တစ်ဆင့်လုံးတွင် လူတစ်ယောက်တည်းသာ ကြွင်းကျန်တော့သည်။

ဤသည်မှာ မည်သည့်အရာကို ဆိုလိုခြင်းဖြစ်သနည်း...

ဆိုလိုသည်မှာ အချိန်တိုအတွင်းတွင် ရီဖုန်းသည် ဒုတိယအဆင့်၌ရှိနေသည့် ထန်းပဂိုဏ်း၏မှော်သားရဲများအားလုံးကို ရှင်းလင်းလိုက်ခြင်းပင်။

ထိုမှော်သားရဲများအကြားတွင် ဂိုဏ်းမှအကြီးအကဲများထက် ပို၍အစွမ်းထက်သော အစောင့်အရှောက်မှော်သားရဲများလည်း ရှိနေသည်။

"သောက်ချေးပဲ...."

"ငါ သူ့ကို သွားသတ်မယ်"

သူ၏ဂိုဏ်းတစ်ဂိုဏ်းလုံးမှ မှော်သားရဲများအားလုံး ရှင်းလင်းခံလိုက်ရသည်ကို သိရှိသွားချိန်၌ ကျန်းရှင်သည် သူ၏ဒေါသများကို ထပ်မံ၍ထိန်းချုပ်မထားနိုင်တော့ချေ။

တစ်ခုသိထားရန်မှာ...

ဤမှော်သားရဲများအားလုံးကို မွေးမြူရန်အတွက် ဂိုဏ်းမှနေ၍ အရင်းအမြစ်အမြောက်အများ အသုံးပြုထားရသည်။

တစ်ချိန်တည်းမှာပင် မှော်သားရဲများ၏တည်ရှိမှုသည် ထန်းပဂိုဏ်းအတွက် အစွမ်းထက်သောတိုက်ခိုက်ရေးစွမ်းအားကို ပေးစွမ်းနိုင်ပေ၏။

"ဘိုးဘေး စိတ်အေးအေးထားပါ...စိတ်ထိန်းထားပြီးတော့ စောင့်ကြည့်ပါအုံး"

လျှိုယွမ်က ကူကယ်ရာမဲ့စွာဖြင့် အော်ဟစ်လိုက်သည်။

"ဘာကို စိတ်ထိန်းရမှာလဲ...ငါက ဘာကို စိတ်ထိန်းရမှာလဲ....မင်း မမြင်ဘူးလား...ငါတို့ဂိုဏ်းက မှော်သားရဲတွေ အကုန်သေသွားပြီလေ"

ဒေါသထွက်နေသောကျန်းရှင်းသည် ဘိုးဘေးတစ်ယောက်၏ကြီးကျယ်ခမ်းနားမှုနှင့် အပြုအမူများ အပြည့်အဝဆုံးရှုံးသွားခဲ့သည်။ သူ၏စိတ်အခြေအနေသည် ရူးသွပ်လုနီးပါးဖြစ်နေသဖြင့် လမ်းဘေးရှိဟင်းသီးဟင်းရွက်စျေးတွင် အော်ငေါက်နေသောအဒေါ်ကြီးတစ်ယောက်အလား ညစ်ညမ်းသောစကားများကို အဆက်မပြတ်ပြောဆိုနေသည်။

သို့ရာတွင် သူသည် အော်ငေါက်နေရင်း မသိစိတ်မှနေ၍ လျှိုယွမ်ညွှန်ပြသောနေရာသို့ ကြည့်လိုက်မိသည်။

ဤအကြည့်တချက်ကြောင့်...

အစောပိုင်းက သတ်ဖြတ်မည်ဟု ဒေါသတကြီးအော်ဟစ်နေသော ကျန်းရှင်းသည် နှင်းရိုက်ခံရသောခရမ်းသီးတစ်လုံးအလား ရုတ်တရက်ညှိုးနွမ်းသွားသည်။

အကြောင်းအရင်းမှာ ရီဖုန်းသည် ဒုတိယအဆင့်ရှိ စာချုပ်ချုပ်ဆိုထားသောမှော်သားရဲများအားလုံးကို သတ်ဖြတ်ပြီးနောက် ဆက်လက်၍လှည့်ပတ်သွားလာနေသည်ကို သူ မြင်တွေ့ရသောကြောင့်ပင်။

ကျန်းရှင်းသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် ကြယ်မြေပုံကို စူးစိုက်၍ကြည့်လိုက်၏။

သူ၏နံဘေးတွင်ရှိနေသော တခြားလူများသည်လည်း ထပ်တူထပ်မျှပင်။

တစ်ချိန်တည်းမှာပင် သူတို့၏စိတ်နှလုံးသားများအတွင်း၌ မေးခွန်းအမြောက်အများ ထွက်ပေါ်လာသည်။သူတို့အားလုံး အလွန်အမင်းစိတ်ရှုပ်ထွေးနေပေ၏။

ရီဖုန်းသည် ဝင်္ကပါများကို လျစ်လျူရှုကာ အချိန်တိုအတွင်း၌ မှော်သားရဲအမြောက်အများကို သတ်ဖြတ်ပြီးသည့်တိုင် မည်သည်ကြောင့် ဒုတိယအဆင့်၌ ဆက်လက်၍ လှည့်ပတ်သွားလာနေသနည်း...

သူတော်စင်တောင်နန်းတော်၏မဟာဝင်္ကပါကြီးသည် အလှပြသက်သက် ဖြစ်နေသလော...

မဟုတ်ချေ...

ဤှသည်မှာ မည်သို့မျှ မဖြစ်နိုင်​ချေ။

သူတော်စင်တောင်နန်းတော်သည် ထန်းပဂိုဏ်း၏အကြီးမားဆုံးဝှက်ဖဲတချပ်ပင်။ထိုနေရာအတွင်းရှိ ဝင်္ကပါများနှင့်စက်ယန္တရားများသည် အကြွင်းမဲ့စစ်မှန်ပေ၏။တတိယအဆင့်ရှိ တိုက်ခိုက်ရေးကွင်းပြင်အတွင်းသို့ ထွက်လာသော တပည့်များသည် ထိုအရာကို ကိုယ်တိုင်ကိုယ်ကျရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။သို့ရာတွင် သူတို့ရင်ဆိုင်ခဲ့ရသည်မှာ အပြည့်အဝအသက်သွင်းမထားသော မဟာဝင်္ကပါကြီးပင်။

ထို့ကြောင့် ဤဝင်္ကပါနှင့်စက်ယန္တရားများအားလုံးသည် အစစ်အမှန်ဖြစ်နေကာ....

ရီဖုန်းထံတွင် လွယ်လင့်တကူ ဖြတ်ကျော်နိုင်စွမ်းရှိနေသောကြောင့်....

ဤအချိန်အခိုက်အတန့်တွင်

လူများအားလုံးသည် ကိစ္စတစ်ခုကို နားလည်သဘောပေါက်သွားပေ၏။

ဤသည်မှာ ရီဖုန်းသည် အလွန်အမင်း သန်မာအားကောင်းခြင်းပင်။

သူသည် ဝင်္ကပါများနှင့်စက်ယန္တရားများအားလုံးကို ဂရုမစိုက်ဘဲ သူတော်စင်တောင်နန်းတော်၏တည်ရှိမှုကို လျစ်လျူရှုထားနိုင်သည်အထိ သန်မာအားကောင်းသည်။

All Chapters