အခန်း (၇၇၆-၇၈၀)
Vol. 52 Ch. 776-780
Chapter 776
ရီဖုန်းသည် မည်သည်ကြောင့် ပထမအဆင့်၌ တိုက်ရိုက်ကူးပြောင်းသွားသည်ကို နောက်ဆုံး၌ သူတို့ နားလည်သဘောပေါက်သွားခဲ့သည်။
မည်သည်ကြောင့် သန်းချောင်၏အမှတ်အသား အားနည်းသွားကာ ရီဖုန်းကို တစ်စုံတစ်ခုမျှ ပြုလုပ်နိုင်ခြင်းမရှိခဲ့သည့် ကိစ္စကိုလည်း သူတို့ နားလည်သဘောပေါက်သွားလေပြီ။
ကျန်းရှင်း၏မျက်နှာ ဖြူရော်သွားသည်။
တချိန်တည်းမှာပင် သူ၏နှလုံးခုန်နှုန်းလျှင်မြန်သွားကာ သူသည် ဒယိမ်းဒယိုင်ဖြင့် နောက်သို့ခြေလှမ်းအနည်းငယ်ခန့်ဆုတ်လိုက်သည်။
သူ၏စိတ်နှလုံးသားကို....
လျှပ်စီးမိုးကြိုးများဖြင့် ရိုက်ခတ်ခံရသည်အလားပင်....
သူ၏စွမ်းအား ပို၍သန်မာအားကောင်းလေလေ ဤကိစ္စများကို ပြုလုပ်ရန်အတွက် မည်ကဲ့သို့စွမ်းအားမျိုးရှိရန် လိုအပ်သည်ကို သူ ပို၍သိရှိလေလေပင်။
အတိုချုပ်ပြောဆိုရလျှင်....
ဤကဲ့သို့စွမ်းအားမျိုးသည် သူ့အား ကူကယ်ရာမဲ့ခံစားရစေသည်။
အကယ်၍ ဤကဲ့သို့လူတစ်ယောက်သည် ထန်းပဂိုဏ်းကိုတိုက်ခိုက်ရန် ရွေးချယ်ခဲ့ပါက ဂိုဏ်းထံတွင် မည်သည့်ခုကာကွယ်နိုင်မူမျှ မရှိမည့်အပြင် သူတို့ပုန်းအောင်းရန်ပင် အရည်အချင်းပြည့်မီမည်မဟုတ်ချေ။
မည်သို့ပင်ဆိုစေကာမူ....
သူတို့ အစဉ်အမြဲ ဂုဏ်ယူဝံကြွားရသော သူတော်စင်တောင်နန်းတော်သည် ဤလူ၏မျက်လုံးအတွင်း၌ အသေးအမွှားသာဖြစ်ပေမည်။
ထို့ပြင် သူတို့၏ထန်းပဂိုဏ်းသည်....
ဤဆရာကြီးအပေါ် ယဉ်ကျေးသိမ်မွေ့စွာ ဆက်ဆံခဲ့ခြင်းမရှိချေ။
သူသည် သူတော်စင်တောင်နန်းတော်၏မဟာဝင်္ကပါကြီးကို အပြည့်အဝအသက်သွင်းကာ ရီဖုန်း၏အသက်ကိုရယူမည်ဟုပင် အော်ဟစ်ကြုံးဝါးခဲ့သည်။
ဤအချိန်အခိုက်အတန့်တွင် ပတ်ဝန်းကျင်နေရာတဝိုက်လုံး တိတ်ဆိတ်ငြိမ်သက်နေကာ စိတ်ပျက်အားငယ်မှုအရိပ်အရောင်များ ရစ်သိုင်းလွှမ်းခြုံနေသည့်
ထိုအချိန်မှာပင်...
လူအများထံမှနေ၍ အံ့အားတသင့်ရေရွတ်သံများ ထပ်မံ၍ထွက်ပေါ်လာသည်။
ထိုအံ့အားတသင့်ရေရွတ်သံများ ထွက်ပေါ်လာပြီးနောက် ရီဖုန်းသည် ဒုတိယအဆင့်ရှိ ထွက်ပေါက်နေရာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သူတို့အားလုံး မြင်တွေ့လိုက်ရသည်။
ထိုမြင်ကွင်းကိုကြည့်ပြီး...
ကျန်းရှင်း၏နှလုံးခုန်နှုန်း အလွန်လျှင်မြန်သွားသည်။
တစ်ဖက်လူ၏အလွန်မြင့်မားသောခွန်အားမှ ဖိအားအရှိန်အဝါအောက်တွင် သူ၏ခြေထောက်ရှိဖိနပ်၌ အဆီများဖြင့် စွန်းထင်းလာသည်။
သို့ရာတွင်...
သူသည် ဤနေရာမှနေ၍ ထွက်ပြေးသွားနိုင်ခြင်းမရှိချေ။
ဤကဲ့သို့ကိစ္စမျိုးရှိနေသဖြင့် သူ စောင့်ကြည့်နေသည်က အကောင်းဆုံးဖြစ်ပေမည်။
အကယ်၍ ဤဆရာကြီးသည် ဝင်္ကပါကိုအပြည့်အဝ အသက်သွင်းလိုက်သည့်ကိစ္စအား စုံစမ်းလိုပါက ဤတာဝန်ကို သူတစ်ယောက်တည်း ယူရပေမည်။
ကြယ်မြေပုံပေါ်၌ ရီဖုန်းသည် ဒုတိယအဆင့်ရှိ ကူးပြောင်းရေးထွက်ပေါက်မှနေ၍ လျှောက်လှမ်းလာသည်။
လူများအားလုံး၏မျက်လုံးအကြည့်များသည် တတိယအဆင့်ရှိ ကူးပြောင်းရေးဝင်္ကပါ ဝင်ပေါက်ပေါ်သို့ စူးစိုက်၍ကျရောက်သွားပေ၏။
မကြာမီမှာပင်...
အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသော လူငယ်တစ်ယောက် ထွက်ပေါ်လာသည်။
သူသည် ရုပ်ရည်ချောမောခံ့ညားပြီး လွတ်လပ်ပေါ့ပါးနေကာ သူ၏ခန္ဓာကိုယ်တွင် မည်သည့်အရှိန်အဝါမျှ ရှိမနေချေ။
ဤကဲ့သို့ သဘာဝသို့ပြန်လည်ရောက်ရှိနေသောပုံပန်းသွင်ပြင်သည် လူများအားလုံး၏မျက်လုံးသူငယ်အိမ်များကို ကျဉ်းမြောင်းသွားစေသည်။
သူသည် အမှန်တကယ်ကို...
ထိပ်သီးဆရာကြီးတစ်ယောက်ပင်။
ရီဖုန်းသည် သန့်စင်ခြင်းတစ်ရာဂိုဏ်းမှလူဖြစ်ကြောင်း လက်အောက်ခံဂိုဏ်းများမှလူများအားလုံးလည်း သိရှိသွားလေပြီ။
ထို့ကြောင့် ယခုလက်ရှိနေရာတွင်ရှိနေသူများအားလုံးသည် ရီဖုန်း၏သရုပ်မှန်နှင့်ပတ်သက်ပြီး အံ့အားသင့်သွားခြင်းမရှိချေ။
"အော်...သူတို့အားလုံးက ငါ့ရှေ့ကနေ ထွက်လာနိုင်ကြတာလား"
ရီဖုန်းက လူအုပ်ကြီးကိုကြည့်ကာ တီးတိုးရေရွတ်လိုက်သည်။
ကြည့်ရသည်မှာ သူသည် ဒုတိယအဆင့်၌ အချိန်များစွာ ဖြုန်းတီးခဲ့ပုံပင်။
သို့ရာတွင် သူ ဂရုမစိုက်ချေ။
သူသည် ပထမနေရာကိုရရှိရန် ပါဝင်ယှဥ်ပြိုင်ခြင်းမဟုတ်ချေ။သူ ဤနေရာသို့ လာရောက်ကစားခြင်းသာဖြစ်သည်။ရှီချင်းဝူ တံခါးပိတ်ကျင့်ကြံရာမှထွက်လာကာ ကြွင်းကျန်သောအင်မော်တယ်သလင်းကျောက်များကို သူ ရရှိသည်နှင့် သူ့အတွက် စိတ်ကျေနပ်စရာဖြစ်ပေမည်။
ထိုကြောင့်....
ရီဖုန်းသည် လူများအားလုံး၏ရှေ့သို့ ဦးတည်၍ လျှောက်လှမ်းသွားလိုက်သည်။
သို့ရာတွင် လူများအားလုံးသည် သူ့အား ထူးဆန်းသောမျက်လုံးအကြည့်များဖြင့်ကြည့်ကာ အလွန်အမင်းတိတ်ဆိတ်ငြိမ်သက်နေမည်ဟု သူ မျှော်လင့်မထားမိချေ။
ရီဖုန်းက မျက်မှောင်ကြုတ်ကာ သူ၏နှာခေါင်းကို ပွတ်လိုက်သည်။
ဤသည်မှာ သူ့အတွက် အလွန်အမင်း စိတ်မသက်မသာခံစားရစေသည်။
လူများအားလုံးသည် ဤပုံစံအတိုင်း သူအားကြည့်နေဆဲဖြစ်သည်ကို မြင်တွေ့သဖြင့် ပြောဆိုလိုက်သည်။
"မင်းတို့က ငါ့ကို ဘာလို့ကြည့်နေကြတာလဲ ....တိုက်ခိုက်ရေးကြိုးဝိုင်းထဲမှာ ယှဉ်ပြိုင်ဖို့အတွက် ငါ့ကို စောင့်နေကြတာလား"
"ဘယ်လို ယှဉ်ပြိုင်ရမှာလဲ..."
"ငါက ငါ့ရဲ့ပြိုင်ဘက်ကို ဆန္ဒရှိသလို ရွေးချယ်လို့ရလား"
"တခြားစည်းမျဉ်းတစ်ခုခု ရှိသေးလား"
ရီဖုန်း၏မေးခွန်းများကို မည်သူကမျှ တုံ့ပြန်အဖြေပေးခြင်းမရှိချေ။
ဤသည်မှာ သူ့အား ပို၍စိတ်မသက်မသာဖြစ်သွားစေသည်။ဤကဲ့သို့ စိတ်မသက်မသာဖြစ်စေသောအခြေအနေမျိုးအောက်တွင် သူသည် ထိုင်ရမလိုထရမလိုဖြစ်နေကာ မည်ကဲ့သို့လုပ်ဆောင်ရမည်ကို မသိတော့ချေ။
"တကယ်လို့ ငါ ဆန္ဒရှိသလိုရွေးချယ်လို့ရတယ်ဆိုရင်...မင်း...ငါတို့နှစ်ယောက် ယှဉ်ပြိုင်ကြမလား"
ရီဖုန်းသည် လူတစ်ယောက်ကို သာမန်ကာလျှံကာကြည့်ကာ မေးမြန်လိုက်သည်။
ထိုစကားကိုကြားချိန်တွင်....
ထိုလူ၏မျက်လုံးများ ပြူးကျယ်သွားကာ သူ၏ခန္ဓာကိုယ်မှ ဇောချွေးများ ယိုစီးကျလာပြီး သူသည် မြေပြင်ပေါ်၌ ဒူးထောက်လိုက်၏။
"အမ်...."
"ဒါက အရှုံးကိုဝန်ခံတာလား
ရီဖုန်းက မျက်မှောင်ကြုတ်လိုက်သည်။သူ၏အသိအမြင်အရ အင်မော်တယ်ကျင့်ကြံသူများသည် အလွန်မောက်မာဝံ့ကြွားပြီး ထိတ်လန့်ကြောက်ရွံ့ဖွယ်ကောင်းသည် မဟုတ်လော။မည်သည်ကြောင့် ဤလူသည် အလွန်သူရဲဘောကြောင်နေသနည်း။
အမှုမဲ့အမှတ်မဲ့ဖြင့် သူ ထပ်မံ၍ တချက်ကြည့်လိုက်သည်။
သူ၏အကြည့် ဖြတ်သန်းကျရောက်သွားသည်နှင့် လူများအားလုံး တိတ်ဆိတ်ငြိမ်သက်သွားကာ နောက်သို့ထပ်ခါတလဲလဲ ဆုတ်လိုက်ကြသည်။ထိုလူများ၏မျက်နှာများသည် ဝက်အသည်းအလား ပြာနှမ်းသွားကာ ရီဖုန်း၏ရွေးချယ်ခြင်းခံရမည်ကို ထိတ်လန့်ကြောက်ရွံ့နေကြသည်။
"မင်းတို့ ငါ့ကို ဘာလို့ ဒီလောက်ထိကြောက်နေကြတာလဲ"
"ငါက ကြောက်ဖို့ကောင်းတဲ့ပုံ ပေါက်နေလို့လား"
ရီဖုန်းက မျက်မှောက်ကြုတ်လိုက်သည်။
ဖြစ်နိုင်သည်မှာ သူ၏ကျင့်ကြံဆင့်သည် အစစ်အမှန်မော်တယ်၏အထက် အဆင့်ခြောက်ဆယ်သို့ ရောက်ရှိနေသည်ကို သူတို့ သိရှိသွားကြသလော....
"ဒါဆိုရင် မင်း...."
ရီဖုန်းက တခြားလူတစ်ယောက်ကို ရွေးချယ်လိုက်သည်။
ထိုလူသည် အချိန်တစ်ခဏကြာခန့် ကြက်သေသေသွားပြီးနောက် သူ၏မျက်လုံးများနီမြန်းသွားကာ မျက်ရည်များယိုစီးကျတော့လုမတတ်ပင်။
ငါ့ရဲ့အဘိုးလေးရေ....
မင်းက ထန်းပဂိုဏ်းရဲ့အစောင့်အရှောက်သားရဲတွေကိုတောင် အနိုင်ယူခဲ့တာလေ...ဘာလို့ မင်း ငါ့ကို ဒီလိုကြီး စူးစိုက်ကြည့်နေတာလဲ...
ထိုအကြောင်းကိုတွေးတောရင်း ထိုလူ၏ခြေထောက်ပျော့ခွေသွားကာ မျက်ဖြူလန်သွားပြီး မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။သူ့အား တခြားလူများမှ ဆွဲဆိတ်၍နှိုးသည့်တိုင် သူ နိုးထလာခြင်းမရှိတော့ချေ။
ရီဖုန်းသည် ပို၍ပင် စိတ်ရှုပ်ထွေးသွားပေ၏။
ထိုအချိန်မှာပင် ကျန်းရှင်ကရှေ့သို့တိုးလာကာ ရီဖုန်းအား ရိုသေလေးစားစွာ ဦးညွှတ်အရိုအသေပြုလိုက်သည်။
"ကျန်းရှင်းက စီနီယာကို အရိုအသေပြုပါတယ်"
သူသည် ခေါင်းငုံ့ထားကာ သူ၏ကိုယ်နေဟန်ထားကို အလွန်အမင်းနှိမ့်ချထားလေ၏။သူ၏နောက်တွင်ရှိသော ဝမ်ယီယွင်နှင့်လျှိုယွမ်တို့ကလည်း ရီဖုန်းကို ဦးညွှတ်အရိုအသေပြုလိုက်သည်။
"မင်းက ဘယ်သူလဲ"
ရီဖုန်းက ကြောင်တောင်တောင်အမူအယာဖြင့် ထိုလူအိုကြီးကို ကြည့်လိုက်သည်။
"စီနီယာရီ....ဒါက ကျွန်မတို့ထန်းပဂိုဏ်းရဲ့ဘိုးဘေးကျန်းရှင်းပါ"
ဝမ်ယီယွင်က သူမ၏ခေါင်းကိုမော့ကာ အလျှင်အမြန်ရှင်းပြသည်။
"အော်...."
ရီဖုန်း၏မျက်လုံး အနည်းငယ်တောက်ပသွားသည်။
ဤလူအိုကြီးသည် ထန်းပဂိုဏ်းမှဘိုးဘေးတစ်ယောက်ပင်။
ထန်းပဂိုဏ်းမှ ဘိုးဘေးတစ်ယောက်ကိုယ်တိုင် သူ့အား လာရောက်တွေ့ဆုံသလော...
ကြည့်ရသည်မှာ ထန်းပဂိုဏ်းမှလူများသည် ရူးသွပ်မိုက်မဲပုံမရချေ။
တချို့လူများသည် သူ၏အစစ်အမှန်အင်မော်တယ်အထက် အဆင့်ခြောက်ဆယ်ကို မြင်တွေ့နိုင်ပုံရသည်။
ဤလူများသည် သူ့အား အလွန်ထိတ်လန့်ကြောက်ရွံ့နေသည်မှာ အံ့အားသင့်ဖွယ်မရှိတော့ချေ။ကြည့်ရသည်မှာ သူတို့သည် သူ၏ခွန်အားကို အမှန်တကယ် ထွင်းဖောက်မြင်နိုင်ပုံပင်။
ရီဖုန်းသည် သူ့ကိုယ်သူ အနည်းငယ်မာန်တက်သွားမိသည်။
တစ်ချိန်တုန်းက သူသည် ပင်ကျင်းမြို့၌ သိုင်းပညာခန်းမတခုဖွင့်ကာ ငွေကြေးရှာဖွေခဲ့ရသော လူတစ်ယောက်ပင်။
ယခုအချိန်၌...
ဂိုဏ်းတစ်ဂိုဏ်း၏ဘိုးဘေးတစ်ယောက်ကပင် သူ၏ရှေ့၌ မတ်တတ်ရပ်ကာ သူ့အား စီနီယာဟု ခေါ်ဆိုနေသည်။
သို့ရာတွင်....
ထိုလူအိုကြီးကို တစ်ချက်ကြည့်ပြီးနောက် ရီဖုန်း၏မာန်တက်နေမှုများ ချက်ချင်းပျောက်ကွယ်သွားတော့သည်။
အကြောင်းအရင်းမှာ ဤလူအိုကြီး၏ခွန်အားသည် အလွန်ဆိုးဝါးသောကြောင့်ပင်။သူ့ထံ၌ ကျင့်ကြံဆင့်အနည်းငယ်သာ ရှိပုံရသည်။
လူအိုကြီးသည် အလွန်အမင်း အားနည်းပေ၏။
ဤကဲ့သို့အားနည်းသော ဂိုဏ်းတစ်ဂိုဏ်းသည် သူ့အား အလွန်ယဉ်ကျေးသိမ်မွေ့စွာ ဆက်ဆံနေသောကြောင့် သူ့အတွက် မာန်တက်စရာကိစ္စတစ်ခုမဟုတ်တော့ချေ။
တစ်ဖက်လူသည် သူ့အား အလွန်ယဉ်ကျေး သိမ်မွေ့စွာဆက်ဆံနေသောကြောင့် သူသည် အပြုံးမျက်နှာကို ဖြတ်ရိုက်လိုခြင်းမရှိလေရာ ယဥ်ကျေးသိမ်မွေ့စွာ တုံ့ပြန်လိုက်သည်။
"အခုကြည့်ကြည့်တော့မှ မင်းက ထန်းပဂိုဏ်းရဲ့ဘိုးဘေးပဲ...ဒီလောက်ထိ ယဉ်ကျေးနေဖို့ မလိုပါဘူး"
ထိုသို့ပြောဆိုပြီးနောက်....
ရီဖုန်းသည် သူ၏လက်ကို ညင်သာစွာမြှောက်ကာ ကျန်းရှင်းကို တွဲထူလိုက်၏။
ဤသည်ကြောင့် ကျန်းရှင်း၏ခန္ဓာကိုယ် တုန်ရီသွားကာ သူ၏နှလုံးခုန်နှုန်းများ လျှင်မြန်လာသည်။သူ၏မျက်လုံးအတွင်း၌ ကျေးဇူးတင်မှုအရိပ်အယောင်များ ဖြတ်ပြေးသွားပေ၏။
သူသည် မူလက သူ၏အပြစ်အတွက် ရီဖုန်းအား တောင်းပန်လိုခဲ့သည်။
သို့ရာတွင် ရီဖုန်းသည် ဝင်္ကပါ၏အကြောင်းနှင့်ပတ်သက်ပြီး မည်သည့်ကိစ္စကိုမျှ ပြောဆိုခြင်းမပြုသည့်အပြင် သူ့အား အလွန်ယဉ်ကျေးသိမ်မွေ့စွာဆက်ဆံမည်ဟု သူ မျှော်လင့်မထားမိချေ။
ဤသည်မှာ သူအား အလွန်အမင်း ဝမ်းသာပျော်ရွှင်သွားစေသည်။
"ဒါဆိုရင် ငါက ဒီယှဥ်ပြိုင်ပွဲကို ဆက်ပြီးယှဉ်ပြိုင်ဖို့လိုသေးလား"
ရီဖုန်းက မေးမြန်းသည်။
"စီနီယာက ယှဉ်ပြိုင်ဖို့ မလိုတော့ပါဘူး"
ကျန်းရှင်းက အလျှင်အမြန်ပြောဆိုသည်။
"အင်း ဒါက အရမ်းကောင်းတယ်"
ရီဖုန်း၏မျက်နှာပေါ်၌ ပျော်ရွှင်မှုအရိပ်အယောင်များ ထင်ဟပ်လာသည်။သူသည် ငွေကြေးမရနိုင်သောယှဉ်ပြိုင်ပွဲကို အနည်းငယ်မျှစိတ်မဝင်စားချေ။
"ဒါဆိုရင် ငါ ထွက်သွားတော့မယ်...ငါက ဘယ်လိုထွက်သွားရမှာလဲ"
ရီဖုန်းသည် သူ မည်သည့်လမ်းကြောင်းမှ ထွက်သွားရမည်ကို မသိရှိသဖြင့် မေးမြန်းလိုက်သည်။
"အမ် ဒါက...စီနီယာ လာခဲ့တဲ့လမ်းကြောင်းအတိုင်း ဒုတိယအဆင့်ကနေ ပထမအဆင့်ကို ပြန်သွားလို့ပဲရမယ်"
ကျန်းရှင်းက ပျက်ယွင်းနေသောမျက်နှာအမူအယာဖြင့် ပြောဆိုသည်။အကြောင်းအရင်းမှာ သူတော်စင်တောင်နန်းတော်အတွင်းရှိ ဘေးကင်းလုံခြုံရေးအစီအမံများအရ မဟာဝင်္ကပါကြီးကို အပြည့်အဝအသက်သွင်းပြီးသည်နှင့် တိုက်ခိုက်ရေးအနေအထားသို့ ရောက်ရှိသွားသောကြောင့်ပင်။ဤကဲ့သို့အနေအထားတွင် ကူးပြောင်းရေးဝင်္ကပါများအားလုံးကို ပိတ်ထားသောအခြေအနေ၌ ရှိနေသည်။ထို့ကြောင့် သူတို့သည် ပထမအဆင့်နှင့်ဒုတိယအဆင့်သို့သာ သွားလာနိုင်ပေ၏။
မဟာဝင်္ကပါကြီးကို မပိတ်သရွေ့ ဤအတိုင်းသာ သွားလာနိုင်ပေမည်။
သို့ရာတွင် သူတော်စင်တောင်နန်းတော်၏မဟာဝင်္ကပါကြီးကို အသက်သွင်းရသည်မှာ လွယ်ကူသော်လည်း ပိတ်ရန်မှာ အလွန်ခက်ခဲသည်။
အနည်းဆုံးအနေဖြင့် လက်ရှိနေရာတွင်ရှိနေသော သူနှင့်အကြီးအကဲများ ပူးပေါင်းလျှင်ပင် လုပ်ဆောင်နိုင်စွမ်းမရှိချေ။သူတို့သည် မြေအောက်နန်းတော်အတွင်း၌ရှိနေသော သန်းချောင် ပြန်ထွက်လာချိန်ကို စောင့်ဆိုင်းကာ အတူပူးပေါင်းပြီးမှသာ ထိုမဟာဝင်္ကပါကြီးကိုပိတ်နိုင်ပေမည်။
"ကောင်းပြီလေ"
ရီဖုန်းက ခေါင်းညိတ်ပြကာ ထွက်ခွာရန်ဟန်ပြင်လိုက်သည်။သို့ရာတွင် လူများအားလုံး မလှုပ်မယှက်ဖြစ်နေသည်ကိုကြည့်ပြီး သူ၏ခေါင်းကို နောက်သို့ပြန်လှည့်ကြည့်ကာ မေးမြန်းလိုက်၏။
"မင်းတို့က မသွားကြဘူးလား"
"ငါတို့....မသွားသေးဘူး...."
လူများအားလုံးသည် သူတို့၏လက်များကို ပျာပျာသလဲခါယမ်းကာ အပြုံးနှင့်ပြောဆိုလိုက်သည်။
သူတို့သည် ကူကယ်ရာမဲ့စွာဖြင့် ဆဲဆိုလိုစိတ်များ ပေါက်ဖွားလာခဲ့သည်။
'မင်းက လွတ်လွတ်လပ်လပ်ဝင်ထွက်နိုင်တယ်လေ...ဒါပေမဲ့ ငါတို့က မလုပ်နိုင်ဘူး'
"ကောင်းပြီလေ...ဘယ်လိုပဲဖြစ်ဖြစ် ငါက လမ်းကိုမှတ်မိတယ်...ငါတစ်ယောက်တည်းပဲ သွားတော့မယ်"
ရီဖုန်းက ခေါင်းညိတ်ပြကာ တတိယအဆင့်ရှိထွက်ပေါက်နေရာသို့ လျှောက်လှမ်းသွားလိုက်သည်။ခြေလှမ်းအနည်းငယ်ခန့်လှမ်းပြီးနောက် သူသည် တစ်စုံတစ်ခုကို အမှတ်ရသွားသဖြင့် ရပ်တန့်လိုက်သည်။
"ဒါနဲ့ ငါ အစောပိုင်းက ဒုတိယအဆင့်ကနေ သားရဲငယ်လေးတချို့ကို ဖမ်းလာခဲ့တယ်...ငါ သူတို့ကို အသုံးမပြုချင်တော့ဘူး..သူတို့ကိုကြည့်ရတာ အရသာရှိမယ့်ပုံလည်း မပေါ်တာကြောင့် ငါ မလိုချင်တော့ဘူး...ဒါကြောင့် ငါ သူတို့ကို ဒီနေရာမှာပဲ ထားခဲ့တော့မယ်...ကျေးဇူးပြုပြီးတော့ ဒီသားရဲတွေကို ငါ့အတွက် ဖြေရှင်းပေးပါအုံး"
ထိုသို့ပြောဆိုပြီးနောက်....
ရီဖုန်းက သူ၏သိုလှောင်လက်စွပ်ကို ဖွင့်လိုက်သည်။
ထို့နောက် ဝက်များအလား ကြိုးဖြင့်ချည်နှောင်ခြင်းခံထားရသော အစစ်အမှန်အင်မော်တယ်အဆင့် မှော်သားရဲများကို ရီဖုန်းက မြေပြင်ပေါ်သို့ပစ်ချလိုက်၏။
"နှုတ်ဆက်ပါတယ်..."
Chapter 777
ထိုသို့ပြုလုပ်ပြီးနောက်....
ရီဖုန်းသည် တတိယအဆင့်၏ထွက်ပေါက်နေရာမှ ထွက်ခွာသွားတော့သည်။
လူအုပ်ကြီးသည် ကြောင်စီစီအမူအယာဖြင့် ထိုမြင်ကွင်းကို စူးစိုက်၍ကြည့်နေကြ၏။
ကြယ်မြေပုံမှတစ်ဆင့် သူသည် ဒုတိယအဆင့်ကို အလွန်လျှင်မြန်စွာဖြတ်ကျော်သွားပြီး ပထမအဆင့်သို့ ရောက်ရှိသွားသည်ကို မြင်တွေ့မိသည်။
အချိန်အနည်းငယ်ခန့် ကြာမြင့်ပြီးနောက်...
လူများအားလုံးသည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ဝက်များအလား မြေပြင်ပေါ်၌ချည်နှောင်ခြင်းခံထားရသည့် ထန်းပဂိုဏ်း၏အစောင့်အရှောက်မှော်သားရဲများကို ကြည့်လိုက်သည်။
ဆရာကြီးသည် အစောပိုင်းက မည်သည့်အရာကို ပြောဆိုသွားခြင်း ဖြစ်သနည်း...
ဤမှော်သားရဲများကို...
အရသာမရှိလောက်ဟု ဆိုသလော....
သို့ရာတွင် ကျန်းရှင်းသည် ထိတ်လန့်တုန်လှုပ်နေသည့်တိုင် နီမြန်းနေသောမျက်လုံးတစ်စုံဖြင့် မှော်သားရဲတစ်စုကို ကြည့်လိုက်သည်။
ထို့နောက် သူသည် ရီဖုန်းထွက်ခွာသွားသောနေရာသို့ ဦးတည်၍ တည်ကြည်လေးနက်စွာ ဦးညွှတ်အရိုအသေပြုလိုက်သည်။
"ငါ့ရဲ့အမိန့်ကို ထုတ်ပြန်လိုက်စမ်း...လွန်ခဲ့တဲ့ဆယ်နှစ်အတွင်းမှာ ငါတို့ထန်းပဂိုဏ်းကရခဲ့တဲ့ အရင်းအမြစ်တစ်ဝက်...မဟုတ်သေးဘူး ...ခုနစ်ဆယ်ရာခိုင်နှုန်းကို သန့်စင်ခြင်းတစ်ရာဂိုဏ်းဆီ ပေးပို့ရမယ်"
ကျန်းရှင်းက ချက်ချင်းအမိန့်ထုတ်ပြန်လိုက်သည်။
သူ၏အမိန့်သည် အလွန်လျှင်မြန်စွာဖြင့် ပြင်ပသို့ပျံ့နှံ့သွားသည်။
သူတို့သည် ယခုလက်ရှိအချိန်၌ သူတော်စင်တောင်နန်းတော်၏ပြင်ပသို့ မထွက်နိုင်သော်လည်း သတင်းများကိုမူ လွတ်လွတ်လပ်လပ်ပေးပို့နိုင်သည်။
ထို့ကြောင့် ကျန်းရှင်၏လှုပ်ရှားမှုကို ယခုလက်ရှိနေရာတွင်ရှိနေသည့် တခြားဂိုဏ်းမှလူများသည်လည်း သတိပြုမိသွားပေ၏။
ရုတ်ချည်းဆိုသလိုပင်...
သူတော်စင်တောင်နန်းတော်မှနေ၍ ရာနှင့်ချီသော အရေးပေါ်သတင်းပို့မှုများ ထွက်ပေါ်လာကာ အရပ်ဒေသအသီးသီးသို့ ပျံ့နှံ့သွားသည်။
"ထွက်လာပြီ...သူ ထွက်လာပြီ...သူက ပထမဆုံးပဲ"
"အိုး ဘုရားရေ...သူက နှစ်ရက်တောင် တောင့်မခံနိုင်ခဲ့ဘူး....အတိတ်က မှတ်တမ်းတွေအရဆိုရင် အဆိုးဆုံးလူတစ်ယောက်တောင် ခုနစ်ရက်လောက်တောင့်ခံနိုင်ခဲ့တယ်"
"ဒါက တကယ့်ကို အရှက်ရစရာပဲ"
သူတော်စင်တောင်နန်းတော်၏ ပြင်ပ၌ရှိနေသော ကျန်းကျိုးနှင့်ကျန်းယိုတို့သည် ရီဖုန်းထွက်လာသည်ကို မြင်တွေ့ချိန်တွင် သူတို့၏မျက်လုံးသူငယ်အိမ်များ ကျဉ်းမြောင်းသွားပေ၏။
"သူ ထွက်လာပြီ"
"မြန်မြန်လေး ပြေးမှရမယ်...ပထမဆုံးထွက်လာတဲ့သူကို ဘယ်သူမှ မမြင်သရွေ့ ငါတို့အတွက် အရှက်ရစရာတွေ ဖြစ်လာမှာမဟုတ်ဘူး"
"အမှန်ပဲ...ငါတို့က အဲ့ဒီအရှက်ရမှုကို သည်းခံနိုင်မှာမဟုတ်ဘူး...ဒါကြောင့် မြန်မြန်ပြန်ကြရအောင်"
ထိုကြောင့် ရီဖုန်း ထွက်လာသည်နှင့်...
ကျန်းရှင်းသည်လက်ယာဘက် ကျန်းယိုသည်လက်ဝဲဘက်မှ အပြေးသွားကာ ရီဖုန်းအား ဆုပ်ကိုင်ပြီး အဝေးသို့ထွက်ပြေးခဲ့တော့သည်။
ထန်းပဂိုဏ်းမှလူများ ထွက်မလာမီ သူတို့သည် သင်္ဘောပြန်ပျံသို့တက်ကာ သန့်စင်ခြင်းတစ်ရာဂိုဏ်းသို့ အမြန်ပြန်ခဲ့ကြ၏
တချိန်တည်းမှာပင် ကျန်းကျိုးနှင့်ကျန်းယိုတို့သည် ထိုသတင်းများကို သန့်စင်ခြင်းတစ်ရာဂိုဏ်းသို့ ပြန်လည်ပေးပို့လိုက်သည်။
ဤသည်မှာ သူတို့သည် မဟာအကြီးအကဲဘက်မှလူများ ဖြစ်နေသောကြောင့်မဟုတ်ချေ။သို့ရာတွင် ရှီချင်းဝူသည် တံခါးပိတ်ကျင့်ကြံနေသဖြင့် ယခုအချိန်၌ ဂိုဏ်း၏အခွင့်အာဏာအကြီးမားဆုံးသူသည် မဟာအကြီးအကဲ ဖြစ်နေပေ၏။
"နှစ်ရက်အတွင်းမှာ အပြင်ကို ပြန်ထုတ်ခံလိုက်ရတယ်"
"ဒါက အရမ်းမြန်တာပဲ"
"ဘယ်လောက်တောင် ရှက်ဖို့ကောင်းလိုက်လဲ"
မဟာအကြီးအကဲက မျက်မှောင်ကြုတ်ကာ အမိန့်ပေးလေသည်။
"ဒီသတင်းကို ဂိုဏ်းတစ်ဂိုဏ်းလုံးသိသွားအောင် ချက်ချင်းထုတ်ပြန်ကြော်ညာလိုက်စမ်း"
"ယှဥ်ပြိုင်ပွဲမှာ ဂိုဏ်းချုပ်ရဲ့ခင်ပွန်းလောင်းက ပြိုင်ပွဲကနေပထမဆုံးထွက်လာပြီးတော့ အချိန်နှစ်ရက်ပဲ တောင့်ခံနိုင်ခဲ့တယ်...ဒါက ထန်းပဂိုဏ်းရဲ့ယှဥ်ပြိုင်ပွဲကျင်းပခဲ့တဲ့ သမိုင်းတစ်လျှောက် မှတ်တမ်းတစ်ခုကို ချိုးဖျက်လိုက်တာပဲ"
ထိုအမိန့်ကိုထုတ်ပြန်ပြီးနောက် မဟာအကြီးအကဲ၏နှုတ်ခမ်းထောင့် အနည်းငယ်မြင့်တက်သွားသည်။
ဤနည်းလမ်းဖြင့် ရီဖုန်းသည် သန့်စင်ခြင်းတစ်ရာဂိုဏ်း၌ဆက်နေရန် မျက်နှာရှိအုံးမည်ဟု သူ မယုံကြည်ချေ။
တပည့်အမြောက်အများ၏ ကဲ့ရဲ့ပြစ်တင်ခြင်းများအောက်တွင် ရှီချင်းဝူသည် ကြီးမားသောဖိအားအောက်သို့ ကျရောက်သွားပေမည်။
ဂုဏ်သတင်းကြီးမားသောဂိုဏ်းချုပ်သည် ဤကဲ့သို့ အသုံးမကျသောအမှိုက်ကောင်တစ်ကောင်ဖြင့် လက်ထပ်မည်မှာ ကိစ္စကြီးတစ်ရပ်ပင်။
ဤသတင်းသာ ပြင်ပသို့ပျံ့နှံ့သွားပါက သန့်စင်ခြင်းတစ်ရာဂိုဏ်းအတွက် အရှက်ရစရာကိစ္စတစ်ရပ် ဖြစ်လာပေမည်။
ဤအစီအစဉ်ကို စွန်းကျီမေးက မဟာဗျူဟာမြောက်သည်ဟု ယူဆသည်။
စွန်းကျီမေး၏အထောက်အပံ့ဖြင့် နေ့တဝက်မပြည့်မီမှာပင် ရီဖုန်းသည် နှစ်ရက်အတွင်း၌ ယှဉ်ပြိုင်ပွဲမှ ပထမဆုံးထွက်ခွာခဲ့ရကာ ထန်းပဂိုဏ်း၏ယှဉ်ပြိုင်ပွဲတစ်လျှောက် မှတ်တမ်းသစ် တင်နိုင်ခဲ့သော သတင်းသည် ဂိုဏ်းတစ်ဂိုဏ်းလုံးအနှံ့ ပျံ့နှံ့သွားတော့သည်။
နှစ်ရက်ကြာမြင့်ပြီးနောက်...
ရီဖုန်းတို့လူစုသည် ထန်းပဂိုဏ်းသို့ ပြန်လည်ရောက်ရှိလာပေ၏။
သူတို့သည် တံခါးမကြီးသို့အရောက်တွင်...
"မဟာအကြီးအကဲ...ရီဖုန်းတို့ ပြန်လာပြီ"
"တပည့်တွေလည်း အဲ့ဒီနေရာကို အပြေးသွားနေကြတယ်"
လက်အောက်ငယ်သားတစ်ယောက်က မဟာအကြီးအကဲထံသို့ သတင်းပို့သည်။
"အရမ်းကောင်းတယ်"
မဟာအကြီးအကဲသည် စားပွဲကိုပုတ်ကာ ထိုင်ခုံမှနေ၍ မတ်တတ်ထရပ်ပြီး သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခုထင်ဟပ်နေသည်။
"ငါတို့လည်း တစ်ချက်သွားကြည့်ကြရအောင်"
ထိုသို့ပြောဆိုပြီးနောက် သူသည် အကြီးအကဲတချို့ကိုဆွဲခေါ်ကာ ဂိုဏ်း၏တံခါးမကြီးထံသို့ ဦးတည်၍ပျံသန်းသွားပြီး တောင်ထိပ်၌ဆင်းသက်လိုက်သည်။
ဤနေရာမှကြည့်ပါက...
သူတို့သည် ဂိုဏ်းတစ်ဂိုဏ်းလုံးကို အကြည့်တစ်ချက်ဖြင့် တွေ့မြင်နိုင်သည်။
"နောက်ထပ်ကတော့...အဲ့ဒီကောင် ဘယ်လို ရယ်စရာဖြစ်အောင် လုပ်မလဲဆိုတာ ကောင်းကောင်းကြည့်ကြရအောင်"
"ငါ သူ့ကို ကြည့်ချင်တယ်...လှောင်ပြောင်သရော်မှုတွေအများကြီးရဲ့အောက်မှာ သူ ဘယ်လိုခေါင်းမော့နိုင်မှာလဲ"
စွန်းကျီမေးက သူ၏မုတ်ဆိတ်ကိုပွတ်သပ်ကာ သု၏မျက်နှာပေါ်၌ ဂုဏ်ယူဝံ့ကြွားသောအမူအယာတစ်ရပ် ရှိနေသည်။
အချိန်တခဏကြာမြင့်ပြီးနောက်...
ရီဖုန်း စုပိုင် ကျန်းကျိုးနှင့်ကျန်းယိုတို့သည် ဂိုဏ်း၏တံခါးမကြီးထံသို့ ရောက်ရှိလာပေ၏။
သူတို့လေးယောက်သည် ဂိုဏ်းအတွင်းသို့ ဝင်ရောက်ပြီးနောက်...
အပျော်တမ်းကြည့်ရန်ရောက်ရှိလာသော တပည့်အမြောက်အများ၏ စူးဝါးသောအကြည့်များဖြင့် ဆုံတွေ့မိလေ၏။
ထို့နောက်...
"ကြည့်လိုက်စမ်း...သူက ယှဉ်ပြိုင်ပွဲကနေ ပထမဆုံးထွက်လာတဲ့လူပဲ"
"အမှန်ပဲ...သူက မှတ်တမ်းကို ချိုးဖျက်ခဲ့တယ်လို့ ငါ ကြားထားတယ်"
အတင်းအဖျင်းပြောဆိုသောအသံများ တစ်သံပြီးတစ်သံထွက်ပေါ်လာကာ တိုင်ပင်ဆွေးနွေးမှုအမြောက်အများလည်း ရှိလာသည်။
ထိုမြင်ကွင်းကိုကြည့်ပြီး...
စွန်းကျီမေး၏အပြုံး ပို၍ပီပြင်ထင်ရှားလာသည်။
"ဒီနေ့ ဂိုဏ်းချုပ်ရဲ့ခင်ပွန်းလောင်းဖြစ်ဖို့က မလွယ်ဘူးဆိုတာ ငါ မင်းကို နားလည်သွားစေချင်တယ်"
သို့ရာတွင်...
ရီဖုန်းသည် လက်နှစ်ဖက်ကိုပူးဆုပ်ကာ တပည့်များအား အပြုံးဖြင့်နှုတ်ဆက်လိုက်မည်ဟု သူ မျှော်လင့်မထားမိချေ။
"ဟား ဟား ဟား...မင်းတို့အားလုံးက အရမ်းယဉ်ကျေးလွန်းနေပြီ"
"ဒီလောက်ကြီး စိတ်အားထက်သန်ဖို့ မလိုပါဘူး"
"ငါ့ကိုလာကြိုတဲ့အတွက် မင်းတို့အားလုံးကို ကျေးဇူးတင်ပါတယ်"
"မင်းတို့အားလုံး ပင်ပန်းသွားကြပြီ"
ရီဖုန်းသည် သူ၏လက်ကိုဝှေ့ယမ်းကာ တပည့်များကို ကျေးဇူးတင်စကားပြောဆိုပြီးနောက် စိတ်ကျေနပ်မှုကို ခံစားနေရသည်။
အပြန်လမ်း၌ သူသည် ယှဉ်ပြိုင်ပွဲမှပထမဆုံးထွက်လာကာ အချိန်နှစ်ရက်ဖြင့် အောင်မြင်အောင်ပြုလုပ်နိုင်ခဲ့သည့် မှတ်တမ်းကို ရယူနိုင်ခဲ့ကြောင်း စုပိုင်ဆီမှ ကြားသိခဲ့ရသည်။
ဤသည်မှာ ထန်းပဂိုဏ်း၏ယှဉ်ပြိုင်ပွဲတလျှောက်တွင် စံချိန်ချိုးခဲ့ခြင်း ဖြစ်ပေ၏။
ဤသတင်းသည် ဂိုဏ်းထံသို့ အလွန်လျှင်မြန်စွာ ရောက်ရှိနေမည်ဟု သူ မျှော်လင့်မထားမိချေ။
"အမ်..."
ထိုမြင်ကွင်းကိုကြည့်ပြီး စွန်းကျီမေး၏မျက်နှာအမူအယာ တောင့်တင်းသွားသည်။
ဤကောင်လေးသည် အရှက်မရှိသလော...
လူအမြောက်အများမှနေ၍ သူ့အား ကဲ့ရဲ့ပြစ်တင်နေသည်ကို သူ မမြင်တွေ့သလော...
မည်သည်ကြောင့် သူသည် ကျေးဇူးတင်စကား ပြောဆိုနေသနည်း...
Chapter 778
ဤအချိန်အခိုက်အတန့်တွင် စွန်းကျီမေးသည် ကြက်သေသေနေလေ၏။
ဤသည်မှာ ယခုကဲ့သို့ အရှက်မဲ့သောလူတစ်ယောက်ကို သူ မြင်တွေ့ရသည့် ပထမဆုံးအကြိမ်ပင်။
ဤကိစ္စသည် သူ့အား အလွန်အမင်း စိတ်မသက်မသာခံစားရစေသည်။
သူသည် ရီဖုန်း ခေါင်းမမော့နိုင်စေရန်အတွက် နောက်ကွယ်မှနေ၍ မြောက်များစွာသောကြိုတင်ပြင်ဆင်မှုများကို ပြုလုပ်ခဲ့သည်မဟုတ်လော....
သို့ရာတွင် ယခုလက်ရှိမြင်ကွင်းသည် သူ ဝါဂွမ်းကိုထိုးနှက်ခဲ့ရသည့်အလား ခံစားနေရသည်။
ဤသို့ဖြင့် တစ်လျှောက်လုံး ထိန်းသိမ်းထားခဲ့သည့် သူ၏မျက်နှာပေါ်မှအပြုံး ပျောက်ကွယ်သွားတော့သည်။
"ဟမ့်..."
"သွားကြစို့..."
မဟာအကြီးအကဲက မျက်မှောင်ကြုတ်ကာ သုန်မှုန်နေသောမျက်နှာဖြင့် ထွက်ခွာသွားတော့သည်။
အကြီးအကဲခန်းမသို့ ပြန်ရောက်ပြီးနောက် သူ ထိုင်လိုက်သောအချိန်မှာပင် လက်အောက်ငယ်သားတစ်ယောက် ရောက်ရှိလာပြီး သတင်းပို့သည်။
"မဟာအကြီးအကဲကို သတင်းပို့ပါတယ်...ထန်စန်းဂိုဏ်း ပိုင်ရှင်းဂိုဏ်း လော့ရီဘုရားကျောင်း ထန်းရန်ဂိုဏ်းနဲ့ တခြားဂိုဏ်းသုံးဆယ်ကျော်ကအကြီးအကဲတွေ ရောက်လာပါတယ်"
အစေခံတယောက်က မြေပြင်ပေါ်၌ဒူးထောက်ကာ အလျှင်အမြန်ပြောဆိုသည်။
"ဘာ...."
မူလက မဟာအကြီးအကဲသည် ရီဖုန်းအား မည်ကဲ့သို့ ရင်ဆိုင်ဖြေရှင်းရမည်ကို စဉ်းစားတွေးတောနေခဲ့သည်။သို့ရာတွင် သူသည် ထိုသတင်းကိုကြားချိန်၌ ချက်ချင်းမတ်တတ်ထရပ်လိုက်၏။
သူ့ထံ၌ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။
ထန်စန်းဂိုဏ်း ပိုင်ရှင်းဂိုဏ်း လော့ရီဘုရားကျောင်းဟု ဆိုသလော...
ဂိုဏ်းသုံးဆယ်ကျော်မှအကြီးအကဲများသည် သူ့အားတွေ့ရန် ရောက်ရှိလာသလော....
မည်သည့်ကိစ္စများ ဖြစ်ပျက်နေသနည်း...
ဤသည်ကြောင့် မဟာအကြီးအကဲသည် မျက်မှောင်ကြုတ်လိုက်ကာ အလွန်စိတ်လှုပ်ရှားသွားသည်။
လော့ရီဘုရားကျောင်း ထန်စန်းဂိုဏ်း တခြားဂိုဏ်းတချို့သည် ထန်းပဂိုဏ်း၏လက်အောက်ခံဂိုဏ်းများဖြစ်သော်လည်း ထိုဂိုဏ်းများ၏အင်အားသည် သန့်စင်ခြင်းတစ်ရာဂိုဏ်းထက် များစွာပို၍သန်မာအားကောင်းသည်။
ပြောရမည်ဆိုလျှင် ဤှသည်မှာ သူ၏ဂိုဏ်းနှင့် အဆင့်တူ၌ရှိမနေချေ။
ယခုအချိန်၌ သူတို့သည် အတူတကွပူးပေါင်း၍ သန့်စင်ခြင်းတစ်ရာဂိုဏ်းသို့ ရောက်ရှိလာကာ သူ့အား တွေ့ဆုံခွင့်တောင်းနေကြသည်။ဤသည်မှာ မည်သည့်အကြောင်းအရင်းကြောင့် ဖြစ်သနည်း။
စွန်းကျီမေးသည် တခြားအကြီးအကဲများကို အလျှင်အမြန်ဆင့်ခေါ်လိုက်၏။
ထို့နောက် သူတို့အားလုံးသည် စိတ်မအေးစွာဖြင့် ပင်မခန်းမထံသို့ဦးတည်၍ အပြေးသွားလိုက်ကြတော့သည်။
ပင်မခန်းမသို့ သူတို့ရောက်ရှိစဉ်တွင် တခြားဂိုဏ်းများမှအကြီးအကဲအယောက်သုံးဆယ်ကျော်ခန့် သူတို့အား စောင့်ဆိုင်းနေသည်ကို မြင်တွေ့မိသည်။
"ဟား ဟား ဟား...စွန်းကျီမေးက အကြီးအကဲတို့အားလုံးကို ကြိုဆိုပါတယ်"
စွန်းကျီမေးက သူ၏ကိုယ်နေဟန်ထားကို အတင်းအကြပ် တည်ငြိမ်အောင်ထိန်းသိမ်းကာ ထိုအကြီးအကဲများအားလုံးကို နှုတ်ဆက်လိုက်၏။
သို့ရာတွင် အမှန်အားဖြင့် မတူကွဲပြားသောဂိုဏ်းများမှ အကြီးအကဲအယောက်သုံးဆယ်ကျော်နှင့် ရင်ဆိုင်ရခြင်း၌ သူ၏အပြုအမူများမှတဆင့် သူ၏စိတ်နှလုံးသားအတွင်းတွင် တုန်လှုပ်ချောက်ချားနေကြောင်း ပြသနေဆဲပင်။
စွန်းကျီမေးသည် သူ၏ခန္ဓာကိုယ်ကို အနည်းငယ်ကွေးညွတ်ထားကာ သူ၏စိတ်နှလုံးသားအတွင်း၌ အေးချမ်းမှုမရှိသည်ကို မီးမောင်းထိုးပြနေသည်။
မည်သို့ပင်ဆိုစေကာမူ ဂိုဏ်းသုံးဆယ်ကျော်မှအကြီးအကဲများ အတူပူးပေါင်း၍ သူ၏သန့်စင်ခြင်းတစ်ရာဂိုဏ်းသို့ ရောက်ရှိလာသည်မှာ မကြုံစဖူးကိစ္စတစ်ရပ်ပင်။
ဤသို့ရောက်ရှိလာရသည့် အကြောင်းအရင်းကို သူ မသိရှိချေ။
သို့ရာတွင်...
တခြားဂိုဏ်းများမှအကြီးအကဲများသည် စွန်းကျီမေးထက်ပင် ပို၍ယဉ်ကျေးနေပေ၏။
စွန်းကျီမေး၏နှုတ်ဆက်စကားကို ကြားချိန်တွင် တခြားဂိုဏ်းများမှ အကြီးအကဲများအားလုံး တပြိုင်နက်တည်း မတ်တတ်ထရပ်လိုက်ကြသည်။
"အိုး...အကြီးအကဲစွန်း...မင်း ဘာလုပ်တာလဲ"
"မင်းက ဘာလို့ အရမ်းယဉ်ကျေးနေတာလဲ"
အကြီးအကဲအယောက်သုံးဆယ်ကျော်သည် မဟာအကြီးအကဲထံသို့ အပြေးသွားကာ မျက်နှာချိုသွေးလိုက်ကြသည်။
ဤမြင်ကွင်းကြောင့်...
စွန်းကျီမေးသည် ရုတ်တရက် ထိတ်လန့်တုန်လုပ်သွားပေ၏။
ဤသည်မှာ...
မည်သည့်ကိစ္စများ ဖြစ်ပျက်နေသနည်း...
ထိုလူများအကြားတွင် တချို့သည် ယခင်က သူနှင့် ဆက်ဆံခဲ့ဖူးသည်.အထူးသဖြင့် သူ၏သန့်စင်ခြင်းတစ်ရာဂိုဏ်းထက် ပို၍သန်မာအားကောင်းသော ဂိုဏ်းများမှလူများသည် သာမန်အားဖြင့် သူ့ကိုမြင်တွေ့သည်နှင့် နှာခေါင်းရှုံ့ကာ အကြည့်လွှဲသွားကြ၏။
သို့ရာတွင်....
ဤအကြီးအကဲများ၏ ယခုလုပ်ရပ်များကြောင့် စွန်းကျီမေး ပို၍ပင်စိတ်ရှုပ်ထွေးသွားသည်။
ရိုးရှင်းစွာနှုတ်ဆက်ပြီးနောက် အကြီးအကဲအယောက်သုံးဆယ်ကျော်သည် သိုလှောင်လက်စွပ်များကိုထုတ်ကာ ယဉ်ကျေးသိမ်မွေ့စွာဖြင့် လက်ဆောင်ပေးကြသည်။
"အကြီးအကဲစွန်း..."
"ဒါက ငါတို့ဂိုဏ်းကနေ မနှစ်က လျှို့ဝှက်နယ်မြေတစ်ခုကိုသွားတဲ့အချိန်မှာ ရခဲ့တဲ့အကျိုးအမြတ်တွေထဲကတစ်ခုပဲ...ဒီသိုလှောင်လက်စွပ်ထဲမှာ ပစ္စည်းကောင်းတွေ အများကြီးပါတယ်"
"လူအိုကြီးစွန်း...ဒါက ငါတို့ဂိုဏ်းရဲ့အကြီးအကဲတွေ လျှို့ဝှက်ပြီးတော့ဖော်စပ်ထားခဲ့တဲ့ ဆေးလုံးပဲ...ငါတို့ဂိုဏ်းရဲ့ ဆေးပညာရှင်တွေမှာ အခြေခံတချို့ရှိတယ်ဆိုတာ မင်း သိတယ်မဟုတ်လား"
"အကြီးအကဲစွန်း...ဒီသိုလှောင်လက်စွပ်ကို ကျေးဇူးပြုပြီးတော့ လက်ခံပေးပါအုံး"
အကြီးအကဲအယောက်သုံးဆယ်ကျော်သည် နှိမ့်ချရို့ကျိုးစွာဖြင့် ပြောဆိုကာ သူတို့၏လက်များအတွင်းရှိ သိုလှောင်လက်စွပ်များကို ပေးလိုက်ကြသည်။
ထိုသိုလှောင်လက်စွပ်များအတွင်း၌ ရတနာများဖြင့် ပြည့်နှက်နေသည်ကိုကြည့်ပြီး စွန်းကျီမေးသည် ထိတ်လန့်တုန်လှုပ်သွားပေ၏။သူ စကားမပြောဆိုရသေးမီမှာပင် ထိုအကြီးအကဲများအားလုံးသည် သူ၏တုံ့ပြန်မှုကိုမစောင့်ဘဲ နှုတ်ဆက်စကားပြောဆိုကြသည်။
"ဟား ဟား ဟား....အကြီးအကဲစွန်း ငါ အရင်ဆုံးထွက်သွားတော့မယ်"
ထိုသို့ပြောဆိုပြီးနောက်...
သူတို့သည် စွန်းကျီမေးကို အနည်းငယ်မျှ ဂရုမစိုက်ဘဲ ထွက်ခွာသွားကြ၏။
မည်သို့ပင်ဆိုစေကာမူ သူတို့သည် စကားများများပြောဆိုလေလေ ပို၍အသုံးမဝင်လေလေဖြစ်မည်ကို သူတို့၏စိတ်နှလုံးသားများအတွင်းမှ နားလည်သဘောပေါက်ထားသည်။
သူတို့သည် သူတို့၏အတွေးများကို ဖော်ပြရန်သာလိုအပ်ပြီး အပိုစကားများပြောဆိုရန် မလိုအပ်ချေ။
Chapter 779
ထိုအကြီးအကဲများအားလုံး ထွက်ခွာသွားပြီးနောက်....
စွန်းကျီမေးတို့လူစုသည် မှင်သက်နေကြဆဲပင်။
"ဘာတွေ ဖြစ်နေတာလဲ"
စွန်းကျီမေးသည် သူ၏လက်အတွင်းရှိဟသိုလှောင်လက်စွပ်များကိုကြည့်ပြီး သူ၏မျက်နှာပေါ်၌ ပျော်ရွှင်မှုအရိပ်အယောင်များ ရှိမနေချေ။သူ့ထံ၌ သံသယများဖြင့် ပြည့်နှက်နေသည်။
မည်သို့ပင်ဆိုစေကာမူ...
ဤလူများမှနေ၍ သူ့အား ရတနာများပေးခြင်းမှာ အကြောင်းအရင်းတစ်ခု ရှိနေပေသည်။
အကြောင်းအရင်းမရှိဘဲ ထိုသူများထံမှ မျက်နှာသာရရန်မှာ မည်သို့မျှ မဖြစ်နိုင်ချေ။
သို့ရာတွင် သူတို့သည် မည်သို့ပင်စဉ်းစားတွေးတောပါစေ မည်သည့်ကိစ္စများ ဖြစ်ပျက်နေသည်ကို မှန်းဆ၍မရချေ။
ထိုအချိန်မှာပင်...
ပြင်ပ၌စောင့်ဆိုင်းနေသော လက်အောက်ငယ်သားများသည် စိုးရိမ်ပူပန်တကြီးအမူအယာများဖြင့် ခန်းမအတွင်းသို့ ပြေးဝင်လာကြ၏။
"ဘာထပ်ဖြစ်ပြန်ပြီလဲ..."
စွန်းကျီမေးက ကူကယ်ရာမဲ့စွာဖြင့် မေးမြန်းသည်။
"မဟာအကြီးအကဲ...ဟူးလန်ဂိုဏ်း ချင်းမန်ဂိုဏ်း လင်းပိုင်ဂိုဏ်း ကျန်းကျီဂိုဏ်း ဖေးလင်ဂိုဏ်းနဲ့ တခြားဂိုဏ်းငါးဆယ်ကျော်ကို ကိုယ်စားပြုတဲ့ အကြီးအကဲတွေက ဂိုဏ်းတံခါးမကြီးရဲ့အပြင်မှာ ရောက်နေကြတယ်"
ထိုလက်အောက်ငယ်သား၏အသံသည် တုန်ရီနေပေ၏။
သူသည် ဂိုဏ်း၏တံခါးမကြီးကို စောင့်ကြပ်သည်မှာ နှစ်ပေါင်းများစွာကြာမြင့်နေပြီဖြစ်သော်လည်း ဂိုဏ်းအမြောက်အများမှအကြီးအကဲများ အတူစုဝေး၍ ရောက်ရှိလာသည်ကို တစ်ကြိမ်တခါမျှ မမြင်တွေ့ဖူးချေ။
"ဘာ...."
"ဂိုဏ်းငါးဆယ်ကျော်ကလူတွေ ထပ်ရောက်လာတာလား"
ဤတစ်ကြိမ်တွင် ယခုလက်ရှိနေရာ၌ရှိနေသည့် စွန်းကျီမေးနှင့်တခြားလူများအားလုံး ထိတ်လန့်တုန်လှုပ်သွားသည်။
သူတို့သည် ပို၍ပင် စိုးရိမ်ပူပန်သွားလေ၏။
ဂိုဏ်းသုံးဆယ်ကျော်မှလူများပြန်ထွက်သွားကာ ဂိုဏ်းငါးဆယ်ကျော်မှလူများ ထပ်မံ၍ရောက်ရှိလာသော်လည်း မည်သည့်ကိစ္စများ ဖြစ်ပျက်နေသည်ကို သူတို့ မသိရသေးချေ။
သို့ရာတွင် သူတို့သည် ဤကိစ္စနှင့်ပတ်သက်ပြီး များစွာစဉ်းစားတွေးတောနိုင်ခြင်း မရှိတော့ချေ။မည်သို့ပင်ဆိုစေကာမူ ဂိုဏ်းငါးဆယ်ကျော်မှအကြီးအကဲများသည် ပြင်ပ၌ စောင့်ဆိုင်းနေပေ၏။
သူတို့သည် ထိုအကြီးအကဲများအနက်မှ တစ်ယောက်နှစ်ယောက်ခန့်ကို အပြစ်ပြု၍ရနိုင်သည်။
သို့ရာတွင် ထိုအကြီးအကဲအယောက်ငါးဆယ်ကျော်ကိုမူ သူတို့ လျစ်လျူရှုမထားဝံ့ချေ။
ထိုကြောင့် သူတို့သည် ထိုအကြီးအကဲများကို ကြိုဆိုရန်အတွက် ပြင်ပသို့ အလျှင်အမြန်ထွက်လိုက်ကြ၏။
ဂိုဏ်း၏တံခါးမကြီးထံသို့ ရောက်ရှိချိန်တွင် စွန်းကျီမေးတို့လူစုသည် ထိုအကြီးအကဲများအား နှုတ်ဆက်ရန် ဟန်ပြင်လိုက်သည်။
သို့ရာတွင် သူတို့ စကားပြောဆိုရန် အချိန်မရခဲ့ချေ။
ထိုအကြီးအကဲများအနက်မှ တစ်ယောက်က ပထမဆုံးပြောဆိုသည်။
"အကြီးအကဲစွန်း...မင်းက အရမ်းယဉ်ကျေးလွန်းနေပြီ...မင်းကိုယ်တိုင် ဘာလို့ အပြင်ကိုထွက်လာတာလဲ...ငါတို့ဘာသာ ဝင်လာမှာပေါ့"
"အဲ့ဒီလိုလုပ်လို့ ဘယ်ဖြစ်မလဲ...မင်းတို့အားလုံး ရောက်လာမှတော့ ငါက ဘယ်လိုလုပ်ပြီး မင်းတို့ကို လျစ်လျှူရှုထားနိုင်မှာလဲ"
စွန်းကျီမေးက အလျင်စလိုပြောဆိုသည်။
"ဘာလို့မရရမှာလဲ"
တို့အကြီးအကဲက ပျာပျာသလဲတုံ့ပြန်လေ၏။
"ညီငယ်လေးတွေက အစ်ကိုကြီးတစ်ယောက်ဆီကို လာတွေ့တဲ့အချိန်မှာ....အစ်ကိုကြီးက ဆီးကြိုနှုတ်ဆက်ဖို့ မလိုဘူးလေ"
"ဒါက အမှန်ပဲ....ဒီညီငယ်လေးတွေက အစ်ကိုကြီးကိုလာတွေ့တာပါ...အစ်ကိုကြီးက အရမ်းယဉ်ကျေးလွန်းနေပြီ"
တခြားလူများအားလုံးကလည်း သံယောင်လိုက်ကြသည်။
ဤစကားများကြောင့် စွန်းကျီမေးတို့လူစု ထိတ်လန့်တုန်လှုပ်သွားကာ သူတို့၏ခေါင်းများကို ခါယမ်းလိုက်ကြသည်။
သူတို့၏မျက်နှာများပေါ်တွင် မေးခွန်းထုတ်လိုသောအရိပ်အယောင်များ ထင်ဟပ်နေပေ၏။
သူတို့ကိုသူတို့ ညီငယ်လေးများဟု သုံးနှုန်းလိုက်သလော....
ထိုအကြီးအကဲများသည် ယခင်က သူတို့၏နှာခေါင်းများ မိုးသို့ထိလုမတက် မာန်မာနထောင်လွှားသည်မဟုတ်လော....
"အကြီးအကဲတို့...မင်းတို့က ငါ့ရဲ့သန့်စင်ခြင်းတစ်ရာဂိုဏ်းကို ဖျက်ဆီးမလို့လား...မင်းတို့ အဲ့ဒီလိုတော့ မလုပ်လောက်ဘူးမဟုတ်လား"
စွန်းကျီမေးက မျက်မှောင်ကြုတ်ကာ ထိတ်လန့်တကြားပြောဆိုသည်။
"အစ်ကိုကြီးစွန်း...မင်း ဒီလိုပြောလိုက်တဲ့အတွက် ငါတို့ အရမ်းဝမ်းနည်းသွားပြီ"
စွန်းကျီမေး၏စကားကိုကြားချိန်တွင် ထိုအကြီးအကဲများအားလုံး၏ မျက်နှာများပေါ်၌ ကြေကွဲဝမ်းနည်းမှုအရိပ်အယောင်များ ထင်ဟပ်လာသည်။
"ဒါက အမှန်ပဲ...မင်းက သိုသိုသိပ်သိပ်နေချင်တယ်ဆိုတာကို ငါတို့ နားလည်ပေးနိုင်ပါတယ်... ဒါပေမဲ့ မင်းက အရမ်းသိုသိပ်လွန်းနေတယ်"
"ဒီလိုအရည်အချင်းမျိုးနဲ့အပြုအမူမျိုးက ငါတို့ကို တကယ်ပဲအရှက်ရစေတယ်"
"အမှန်ပဲ အမှန်ပဲ...ဟန်ဆောင်နေတာကို ရပ်လိုက်ပါတော့...ငါတို့အားလုံး သိပြီးပြီ"
ထိုအကြီးအကဲများ၏စကားလုံးများကြောင့် စွန်းကျီမေးတို့လူစု ပို၍ပင်ဇဝေဇဝါဖြစ်သွားလေ၏။
သူတို့သည် မည်သည့်အရာကို သိရှိထားသနည်း...
မည်သည့်ကိစ္စ ဖြစ်သနည်း...
ထို့ပြင် သူသည် မည်သည့်အရာအား ဟန်ဆောင်နေခြင်းဖြစ်သနည်း...
သူ စိတ်ရှုပ်ထွေးနေစဉ်မှာပင်...
အကြီးအကဲအယောက်ငါးဆယ်ကျော်သည် သူ ရင်းနှီးကျွမ်းဝင်ပြီးဖြစ်သော ကိစ္စများကို ဆက်တိုက်လုပ်ဆောင်ခဲ့ကြသည်။
သိုလှောင်လက်စွပ်အကွင်းငါးဆယ်ကျော်သည် စွန်းကျီမေး၏လက်အတွင်းသို့ ရောက်ရှိလာပေ၏။
သန့်စင်ခြင်းတစ်ရာဂိုဏ်းမှ စွန်းကျီမေးတို့လူစုသည် ပို၍ကြက်သေသေသွားကြပြီးနောက် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။ဤသည်မှာ မည်ကဲ့သို့ကိစ္စများ ဖြစ်ပျက်နေသနည်းဟု တစ်ယောက်ကိုတစ်ယောက် မေးမြန်းလိုသည့်အလားပင်။
စွန်းကျီမေးသည် ဤကိစ္စကို မြိုသိပ်မထားနိုင်တော့သဖြင့် ဖွင့်ဟ၍မေးမြန်းလိုက်သည်
"မင်းတို့အားလုံး...ဘာတွေဖြစ်သွားတာလဲဆိုတာ ငါ့ကို ပြောပြနိုင်မလား"
"ဘာလို့ မင်းတို့က ရုတ်တရက်ကြီး...."
သို့ရာတွင် သူ၏စကားလုံးများ တစ်ဝက်တစ်ပျက်သို့အရောက်မှာပင် တစ်စုံတစ်ယောက် ထပ်မံ၍ရောက်ရှိလာသည်။
ကြီးမားသောသင်္ဘောပျံကြီးတစ်စီး ပျံသန်းလာသည်ကို သူတို့အားလုံး မြင်တွေ့မိလေ၏။
ထိုသင်္ဘောပျံကိုမြင်တွေ့ချိန်၌ စွန်းကျီမေးတို့လူစု၏မျက်လုံးများ ပြူးကျယ်သွားကာ အကြီးအကဲအယောက်ငါးဆယ်ကျော်ကို လျစ်လျူရှုပြီး အလျင်စလိုဆီးကြိုနှုတ်ဆက်လိုက်ကြသည်။
Chapter 780
သိသားထင်ရှားစွာဖြင့်....
ဤသည်မှာ ထန်းပဂိုဏ်းမှ ရောက်ရှိလာခြင်းပင်။
ဦးဆောင်သူမှာ ဖန်ချောင်ဟု အမည်ရသည့် ထန်းပဂိုဏ်း၏အကြီးအကဲတစ်ယောက်ပင်။
သင်္ဘောပျံပေါ်မှာဆင်းသက်ပြီးနောက် သူသည် ပတ်ဝန်းကျင်ကို တည်ကြည်လေးနက်စွာကြည့်ကာ သူ၏အဝတ်အစားများကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြုပြင်လိုက်သည်။
ဘိုးဘေးကျန်းရှင်းသည် သူတော်စင်တောင်နန်းတော်၌ ရှိနေဆဲဖြစ်သော်လည်း သူ့ထံသို့အသံပေးပို့၍ အမိန့်ပေးထားခဲ့သည်။ဤအမိန့်အရ သူသည် လွန်ခဲ့သောဆယ်နှစ်အတွင်း ထန်းပဂိုဏ်းမှရရှိခဲ့သည့် အကျိုးအမြတ်များ၏ခုနစ်ဆယ်ရာခိုင်နှုန်းကို သန့်စင်ခြင်းတစ်ရာဂိုဏ်းထံသို့ ပေးပို့ရပေမည်။ထို့ပြင် ဘိုးဘေးသည် တခြားကိစ္စများကိုလည်း သူ့အား အလေးအနက်ထား၍ ရှင်းပြထားလေ၏။
ဘိုးဘေး၏အလေးအနက်ထားမှုမှတဆင့် ဤခရီးစဉ်၏အရေးပါပုံကို သူ သိရှိထားသည်။
ထို့ကြောင့် သူသည် အနည်းငယ်မျှ ပေါ့ပေါ့ဆဆမနေဝံ့ချေ။
သူသည် ဤနေရာသို့ ရောက်မလာမီက တည်ကြည်လေးနက်မှုကို ပြသရန်အတွက် သူ၏ခန္ဓာကိုယ်ကို ရေချိုးသန့်စင်ခဲ့သည်။
"အကြီးအကဲဖန်..."
စွန်းကျီမေးက အလျှင်အမြန် ဆီးကြိုနှုတ်ဆက်သည်။
ဤသည်မှာ ရှားပါးသောကိစ္စတစ်ရပ်ပင်။
ဤသည်ကြောင့် သူ အလွန်အမင်းအံ့အားသင့်ကာ ထိတ်လန့်တုန်လှုပ်နေသည်။
ပတ်ဝန်းကျင်နေရာတဝိုက်တွင်ရှိနေသော တခြားလူများအားလုံးသည်လည်း အကြီးအကဲဖန်ချောင်ကို ဦးညွှတ်အရိုအသေပြုလိုက်ကြ၏။
သို့ရာတွင် စွန်းကျီမေးနှင့်နှိုင်းယှဉ်ပါက သူတို့သည် ဤသို့ဖြစ်လာမည်ကို အနည်းနှင့်အများ မျှော်လင့်ထားပြီးဖြစ်သည်။
"အကြီးအကဲစွန်း...."
ဖန်ချောင်သည် လက်အောက်ခံဂိုဏ်းများမှအကြီးအကဲအမြောက်အများ သူ့အား ဦးညွှတ်အရိုအသေပြုနေသည်ကို မြင်တွေ့ချိန်၌ သူ့၏ခြေလှမ်းများ အနည်းငယ်တုံ့နှေးသွားသည်။သို့ရာတွင် သူသည် တခြားအကြီးအကဲများကိုမကြည့်ဘဲ သန့်စင်ခြင်းတစ်ရာဂိုဏ်း၏အကြီးအကဲများကိုသာ အနည်းငယ်ဦးညွှတ်အရိုအသေပြု၍ နှုတ်ဆက်လိုက်သည်။
"ဒီနေ့ အကြီးအကဲဖန်းက လက်အောက်ခံဂိုဏ်းဖြစ်တဲ့ ငါတို့ဂိုဏ်းဆီကို ဘာလို့ရောက်လာတာလဲမသိဘူး"
စွန်းကျီမေးက အံ့အားသင့်တုန်လှုပ်နေသောလေသံဖြင့် မေးမြန်းသည်။
"ငါ ဒီနေရာကိုလာတာ ပေးစရာတစ်ခုရှိလို့ပါ"
"ဘိုးဘေးရဲ့ညွှန်ကြားချက်အရ အရင်ဆယ်နှစ်မှာ ငါတို့ထန်းပဂိုဏ်းကရခဲ့တဲ့ အကျိုးအမြတ်တွေအားလုံးရဲ့ခုနစ်ဆယ်ရာခိုင်နှုန်းကို မင်းတို့ဂိုဏ်းဆီ လာပေးတာပါ"
ထိုစကားဆုံးသည်နှင့် ဖန်ချောင်သည်လည်း တခြားအကြီးအကဲများနှင့်တူညီစွာ သိုလှောင်လက်စွပ်အမြောက်အများကို ထုတ်ပေးလေ၏။
ထိုသိုလှောင်လက်စွပ်တကွင်းစီအတွင်း၌ အမျိုးမျိုးသောရတနာများဖြင့် ပြည်နှက်နေသည်။
"အမ်...ဒါက...."
"ခုနစ်ဆယ်ရာခိုင်နှုန်းလား...."
စွန်းကျီမေး ပို၍စိတ်ရှုပ်ထွေးသွားသည်။
ယခင်က ဂိုဏ်းပေါင်းသုံးဆယ် ထို့နောက် ဂိုဏ်းပေါင်းငါးဆယ်အပြင် ယခုလက်ရှိအချိန်၌ အဆင့်မြင့်ဂိုဏ်းမှပင် ရတနာများ လာပေးနေသလော....
ဤသည်မှာ အလွန်ထူးဆန်းပေ၏။
မည်သည့်ကိစ္စများ ဖြစ်ပျက်နေသနည်း....
"ဘာလို့ပေးတာလဲ"
စွန်းကျီမေးက တဲ့တိုးမေးမြန်းလိုက်သည်။
"အကြောင်းကတော့ ဘိုးဘေးရဲ့အမိန့်ကြောင့်ပဲ"
ဖန်ချောင်က ရိုသေလေးစားစွာ တုံ့ပြန်သည်။
စွန်းကျီမေးသည် မျက်ဖြူလန်သွားတော့လုမတတ်ပင်။
ဤသည်မှာ မည်ကဲ့သို့ အဓိပ္ပါယ်မရှိသည့်စကားမျိုး ဖြစ်သနည်း...
"အကြီးအကဲစွန်း...မင်း ဒီလိုလုပ်ဖို့မလိုပါဘူး...ဒီလိုကိစ္စမျိုးကို ထုတ်ဖော်ပြောဖို့ အရမ်းခက်ခဲတယ်ဆိုတာ ငါ သိတယ်...ဒါကြောင့် ငါ ဒီတကြိမ်လာခဲ့တာက ဘာကိုမှ စုံစမ်းစစ်ဆေးဖို့ မဟုတ်ဘူး...ငါတို့ရဲ့သဘောထားကို ဖော်ပြရုံသက်သက်ပဲ"
ဖန်ချောင်သည် စွန်းကျီမေးကိုတစ်ချက်ကြည်ကာ ပြောဆိုသည်။စွန်းကျီမေး၏စိတ်အတွင်း၌ မည်သည့်ကိစ္စများရှိနေသည်ကို သူ နားလည်သဘောပေါက်သည့်အလား နူးညံ့ညင်သာသောလေသံဖြင့် ရှင်းပြသည်။
မည်သည့်အရာကို သူ နားလည်သည်ဟု ဆိုသလော....
စွန်းကျီမေးသည် မည်သို့မျှ နားလည်သဘောပေါက်နိုင်စွမ်း မရှိတော့ချေ။
သူသည် မိန်းကလေးတစ်ယောက်၏ အရှက်ရစေသောအရာကို မြင်တွေ့လိုက်ရသည့်အလား ထိတ်လန့်တုန်လှုပ်နေသည်။
"နှုတ်ဆက်ပါတယ်"
ဖန်ချောင်သည် ထပ်မံ၍စကားပြောဆိုခြင်းမပြုတော့ဘဲ နှုတ်ဆက်ကာ ထွက်ခွာခဲ့တော့သည်။
သူ ဤနေရာသို့မလာမီ ဘိုးဘေးကျန်းရှင်းမှ အလေးအနက်ထား၍ ရှင်းပြပြီးဖြစ်သည်။
ထို့ကြောင့် သူသည် မည်သည့်အရာကိုမျှ မေးမြန်းစုံစမ်းမည်မဟုတ်ပေ။
ပစ္စည်းများကိုပို့ဆောင်ပြီးနောက် သူ ထွက်ခွာခဲ့ရပေမည်။သူသည် ထန်းပဂိုဏ်းမှပေးပို့လိုက်သော အရာများနှင့်ပတ်သက်ပြီး မည်သည့်အကျိုးအမြတ်မျိုးကိုမျှ ပြန်လည်ရယူမည်မဟုတ်ချေ။
စွန်းကျီမေးသည် နောက်မှအလျင်အမြန်ပြေးလိုက်ကာ မေးမြန်းလေ၏။
သို့ရာတွင် ဖန်ချောင်သည် သူ့အား အနည်းငယ်မျှ စကားပြောဆိုလိုခြင်းမရှိသည်ကို သူ ရှာဖွေတွေ့ရှိမိသည်။ထို့ကြောင့် စွန်းကျီမေးသည် အလွန်အမင်းရှက်ရွံသွားကာ ထပ်မံ၍မေးမြန်းဝံ့ခြင်းမရှိတော့ချေ။
သူသည် ဖန်ချောင် ထွက်ခွာသွားသည်ကို ရိုသေလေးစားစွာ နှုတ်ဆက်ရုံသာ တက်နိုင်တော့သည်။
"အကြီးအကဲဖန်ကို နှုတ်ဆက်ပါတယ်"
စွန်းကျီမေးက ရိုသေလေးစားသောအသံဖြင့်အော်ဟစ်လိုက်သည်။
အကြောင်းအရင်းမှာ ဤကဲ့သို့အရေးပါသောလူများ ရောက်ရှိလာခြင်းကြောင့် ဤအချိန်အခိုက်အတန့်တွင် တပည့်အမြောက်အများ စောင့်ကြည့်နေကြသည်။ထို့ကြောင့် စွန်းကျီမေးသည် အကြီးအကဲဖန်ချောင်ကို လမ်းမပိတ်စေရန်အတွက် ထိုတပည့်များကို အလျှင်အမြန်နှင်ထုတ်လိုက်၏။
ဤအချိန်အခိုက်အတန့်တွင် ဂိုဏ်း၏တံခါးမကြီး၌ တပည့်များဖြင့် ပြည့်နှက်နေသည်။
သူတို့သည် ရှေ့သို့ထွက်လာပြီး လမ်းမပိတ်ဝံ့တော့ချေ။
သို့ရာတွင်...
ဤအချိန်အခိုက်အတန့်၌ ဂိုဏ်း၏ပြင်ပမှနေ၍ အစေခံတပည့်လေးတစ်ယောက်သည် အထုတ်လေးတစ်ထုတ်ကိုကိုင်၍ အတွင်းသို့ဝင်ရောက်လာမည်ဟု စွန်းကျီမေး မျှော်လင့်မထားမိချေ။
"အင်း...."
"ငါ့ရဲ့သခင်လေးက တစ်ချိန်လုံး မြေပဲစားဖို့ကိုတွေးနေတာ...အခု ငါက သခင်လေးအတွက် ဝယ်လာခဲ့ပြီ...သူ အရမ်းပျော်သွားလိမ့်မယ်"
ထိုအစေခံတပည့်လေးသည် တီးတိုးရေရွတ်နေကာ တခြားမည်သူတစ်ဦးတစ်ယောက်ကိုမျှ ဂရုမစိုက်ချေ။
"အမ်..."
အစေခံတပည့်လေးတစ်ယောက်မှ လမ်းပိတ်ထားသည်ကို မြင်တွေ့ချိန်၌ စွန်းကျီမေး၏မျက်နှာ သုန်မှုန်သွားသည်။
"ဂိုဏ်းကအကြီးအကဲတွေတောင် လမ်းဖယ်ပေးနေကြတယ်....ဒီအစေခံတပည့်က ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ"
စွန်းကျီမေးက အော်ဟစ်လိုက်သည်။
သို့ရာတွင် ထိုအစေခံတပည့်လေးသည် သူ၏စကားများကို ကြားပုံမရချေ။သူသည် အဆက်မပြတ်တီးတိုးရေရွတ်နေကာ ဂိုဏ်း၏တံခါးမကြီးထံသို့ ဦးတည်၍လျှောက်လှမ်းသွားသည်။
"သေချင်နေတာလား"
စွန်းကျီမေးသည် ဤမြင်ကွင်းကိုမြင်တွေ့ချိန်၌ ဒေါသထွက်သွားကာ ရှေ့သို့ပျံသန်းသွားသည်။
Thank For Reading.