အခန်း (၈၀၁-၈၀၅)
Vol. 54 Ch. 801-805
Chapter 801
အချိန်တစ်ညကုန်ဆုံးသွားပြီးနောက်....
ရီဖုန်းသည် ပင်ပန်းနွမ်းနယ်လာပေ၏။
သို့ရာတွင် သူသည် အလွန်စိတ်ကျေနပ်မှုကို ခံစားနေရသည်။
ငါးဆားနယ်ဘဝနှင့် အပျင်းတစ်နေခြင်းသည် အပြစ်ကြီးတစ်ခုကို ကျူးလွန်ခြင်းဖြစ်ကြောင်း သူ ပထမဆုံးအကြိမ် ရှာဖွေတွေ့ရှိခဲ့သည်။
နတ်ဆိုးအလောင်းများပေါ်တွင် တစ်ရက်ခန့်လဲလျောင်းပြီးနောက် ရီဖုန်းသည် ဓားတစ်လက်ကိုကိုင်၍ အလောင်းမျောလွင့်တောင်တောင်ကြားထံသို့ ရောက်ရှိလာခဲ့သည်။
အလောင်းမျောတောင်ကြားဟူသည်မှာ ရီဖုန်း ပေးအပ်ထားသောနာမည်ပင်။
အလောင်းမျောလွင့်တောင်ကြားအတွင်း၌ ရီဖုန်းသည် စက်တစ်လုံးအလား ဓားကိုစတင်၍ အဆက်မပြတ်ဝှေ့ယမ်းလိုက်သည်။
သူ၏ဓားချက်အောက်တွင် မရေမတွက်နိုင်သောနတ်ဆိုးများ သေဆုံးသွားခဲ့လေ၏။
ဤနတ်ဆိုးများသည် ပထမဆုံးအကြိမ် သူသတ်ဖြတ်ခဲ့သောအကောင်နှင့် တူညီကာ လူသားပုံသဏ္ဍာန် ကတုံးပြောင်နှင့်ကွေးကောက်နေသောခြေလက်များရှိသည်။သူတို့၏လှုပ်ရှားမှုများသည် အလွန်လျှင်မြန်ပြီး ခြေလေးချောင်းပင့်ကူတစ်ကောင်အလားပင်။
ဤသည်ကြောင့် ရီဖုန်းသည် ထိုနတ်ဆိုးများကို တွားသွားနတ်ဆိုးဟု အမည်ပေးလိုက်သည်။
တွားသွားနတ်ဆိုးများကို ရီဖုန်းသည် အချိန်ခုနစ်ရက်ခန့်ကြာအောင် သတ်ဖြတ်ခဲ့သည်။
ခုနစ်ရက်ကြာမြင့်ပြီးနောက် တွားသွားနတ်ဆိုးများကို သတ်ဖြတ်ခြင်းမှရရှိသော အတွေ့အကြုံရမှတ်များသည် ရီဖုန်းအား ကျင့်ကြံဆင့်နှစ်ဆင့် မြင့်တက်သွားစေခဲ့သည်။
ဤခံစားချက်သည် ရီဖုန်းအား အလွန်ရူးသွပ်သွားစေသော်လည်း အလောင်းမျောလွင့်တောင်ကြားအတွင်း၌ တွားသွားနတ်ဆိုးများနည်းပါးလာကြောင်း သူ ရှာဖွေတွေ့ရှိမိသည်။
ဤသည်ကြောင့် ရီဖုန်းသည် နတ်ဆိုးများကိုဆွဲခေါ်ရန် စတင်၍လုပ်ဆောင်လိုက်၏
အလောင်းမျောလွင်တောင်ကြား၏ပတ်ဝန်းကျင်တွင် ကျင်လည်ကျက်စားနေသော နတ်ဆိုးများ၏ဒေါသကို ဆွဲဆောင်ခြင်းဖြင့် ရီဖုန်းသည် အချိန်နာရီဝက်ခန့် သူ၏ဓားကိုဝှေ့ယမ်း၍သတ်ဖြတ်ရန် လုံလောက်ခဲ့သည်။
နာရီဝက်ခန့်ကြာအောင် သတ်ဖြတ်ပြီးနောက် ရီဖုန်းသည် ပြင်ပသို့ထွက်ကာ တွားသွားနတ်ဆိုးများကို ဆွဲဆောင်ခဲ့လေ၏။
သို့ရာတွင် သူ နတ်ဆိုးများကို ဆွဲခေါ်လိုက်သည့်အချိန်တိုင်း သူ၏သတ်ဖြတ်ချိန် ပို၍နည်းပါးလာကာ အစပိုင်းကလောက် ပျော်ရွှင်ဖွယ်မကောင်းတော့ချေ။
တချိန်တည်းမှာပင် သူ့၏ကျင့်ကြံဆင့်မြင့်တက်လာသည်နှင့်အမျှ တွားသွားနတ်ဆိုးများကိုသတ်ဖြတ်ခြင်းမှ သူ ရရှိသောအတွေ့အကြုံရမှတ်များသည်လည်း များစွာလျော့နည်းသွားကြောင်း ရှာဖွေတွေ့ရှိမိသည်။
ရီဖုန်းသည် နတ်ဆိုးများကိုသတ်ဖြတ်ရာ၌ စိတ်နစ်မြုပ်နေချိန်တွင် အဝေးရှိ နတ်ဆိုးသုတ်သင်ရေးမဟာမိတ်အဖွဲ့၏ခန်းမ၌ လူများဖြင့် ပြည့်နှက်နေသည်။
သူတို့၏ရှေ့၌ အလောင်းတလောင်းကို ချထားလေ၏။
ဤအလောင်းတွင် မနှစ်မြို့ဖွယ်မျက်နှာကြီးရှိကာ ဆံပင်တချောင်းမျှမရှိဘဲ ခြေလက်လေးချောင်းလုံး ကွေးကောက်နေကာ ခြေလေးချောင်းပင့်ကူတစ်ကောင်အလား လဲလျောင်းနေသည်။
"ဒီနတ်ဆိုးက အရမ်းအစွမ်းထက်တယ်..."
"ဒါ့ပြင် အရမ်းအရမ်း သန်မာအားကောင်းတယ်"
ထိုအလောင်း၏နံဘေးတွင်ရှိနေသော ချန်းရှင်းနှင့်ဟွမ်ကျန်းတို့၏ မျက်နှာများထက်တွင် တည်ကြည်လေးနက်သောအမူအယာများရှိနေသည်။သူတို့သည် ထိတ်လန့်ကြောက်ရွံစွာဖြင့် ထိုအလောင်းကို ထပ်ခါတလဲလဲစစ်ဆေးလိုက်ကြ၏။
"ငါတို့တွေက ဒီသတင်းကို ကြားတဲ့အချိန်မှာ ဒါက သာမန်အစစ်အမှန်အင်မော်တယ်အဆင့် နတ်ဆိုးတကောင်လို့ပဲ တွေးထင်ခဲ့ကြတယ်....ဒါပေမဲ့ ငါတို့တွေ အဲ့ဒီနေရာကိုရောက်သွားတဲ့အချိန်ကျမှ ဒီနတ်ဆိုးက အရမ်းအစွမ်းထက်တယ်ဆိုတာ နားလည်သဘောပေါက်ခဲ့တယ်...အတိုချုပ်ပြောရရင် ငါတို့ထဲကဘယ်သူကမှ ဒီနတ်ဆိုးကိုယှဥ်ပြိုင်နိုင်မှာမဟုတ်ဘူး...ငါတို့နှစ်ယောက်က ဆေးလုံးတွေကိုငုံပြီးတော့ အတူပူးပေါင်းတိုက်ခိုက်ခဲ့ရတယ်...ဒီနတ်ဆိုးကိုမောပန်းအောင်လုပ်ပြီးမှ ငါတို့ အနိုင်ရခဲ့တယ်"
ထိုစကားကိုကြားချိန်တွင်....
လူများအားလုံး၏မျက်နှာများပေါ်တွင် တည်ကြည်လေးနက်မှုအရိပ်အယောင်များ ထင်ဟပ်လာသည်။
တစ်ခုသိထားရမည်မှာ ချန်းရှင်နှင့်ဟွမ်ကျန်းတို့သည် နယ်စပ်အစောင့်များဖြစ်ရန် အရည်အချင်းပြည့်မီသူများပင်။နယ်မြေကြီးကိုးခုလုံးတွင် နယ်စပ်အစောင့်ဖြစ်ရန် အရည်အချင်းပြည့်မီသူဟူ၍ လူနည်းစုသာရှိသည်။
သို့ရာတွင် ယခုလက်ရှိချိန်၌ ကြုံရာကျပန်းထွက်ပေါ်လာသော နတ်ဆိုးတစ်ကောင်ကိုပင် ချန်းရှင်းနှင့်ဟွမ်ကျန်းတို့ ပူးပေါင်းတိုက်ခိုက်မှသာ အနိုင်ယူနိုင်ခဲ့သည်။
"အခုကြည့်ရသလောက်တော့ အခြေအနေက တကယ့်ကို ပြင်းထန်လာတဲ့ပုံပဲ"
နတ်ဆိုးသုတ်သင်ရေးမဟာမိတ်အဖွဲ့၏ ခေါင်းဆောင်ဖြစ်သော ကျန်းလောင်က တည်တည်လေးနက်သော မျက်နှာအမူအယာဖြင့် ပြောဆိုသည်။
"ဒီလိုမျိုး အစွမ်းထက်တဲ့နတ်ဆိုးတွေက ငါတို့နဲ့အဝေးမှာ ရှိနေသင့်တယ်"
"ဒီလိုနတ်ဆိုးမျိုးတွေ အများကြီးရှိမနေဖို့ ငါ မျှော်လင့်မိတယ်"
ခန်းမအတွင်း၌ရှိနေသော လူများအားလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။
သို့ရာတွင် သူတို့၏မျက်နှာများပေါ်ရှိ စိတ်မအေးသောအရိပ်အယောင်များ ပျက်ပြယ်သွားခြင်းမရှိချေ။
သူတို့သည် အနက်ရောင်မြူခိုးများဖြင့်ပြည့်နှက်နေသော နေရာအတွင်းသို့ ခြေချဝံ့ခြင်းမရှိချေ။ထိုကြောင့် သူတို့သည် ပြင်ပသို့ထွက်လာသော နတ်ဆိုးများကိုသာ အမဲလိုက်၍သတ်ဖြတ်နိုင်သည်။
သို့ရာတွင် အနက်ရောင်မြူခိုးများအကြား၌ မည်မျှထိများပြားသော နတ်ဆိုးများ ရှိနေသည်ကို သူတို့ တွေးတောနိုင်ခြင်းမရှိချေ။
ဤနတ်ဆိုးထက် ပို၍အစွမ်းထက်သော နတ်ဆိုးများရှိမရှိကိုလည်း သူတို့ မသိနိုင်ပေ။
"သတင်းပို့ပါတယ်"
ထိုအချိန်မှာပင် သတင်းပို့ဆက်သားတစ်ယောက် ရောက်ရှိလာသည်။
"ခေါင်းဆောင်နဲ့အကြီးအကဲတို့ကို သတင်းပို့ပါတယ်...နတ်ဆိုးအမျိုးအစားအသစ်တကောင်က စိတ်ဝိညာဥ်နယ်မြေထဲကနေ ထွက်လာခဲ့တယ်"
"အခုအချိန်မှာ အဲ့ဒီနတ်ဆိုးက အင်မော်တယ်နယ်မြေရဲ့လင်းရှန်ကုန်းမြေကို ရောက်နေပြီးတော့...အင်မော်တယ်နယ်မြေရဲ့ပထမအဆင့်ဂိုဏ်းတစ်ဂိုဏ်းဖြစ်တဲ့ ထျန်းဟိုင်ဂိုဏ်းမှာရှိတဲ့ လူတွေအားလုံးကို သတ်ဖြတ်သွားခဲ့တယ်...ကူညီထောက်ပံ့ဖို့သွားတဲ့ တခြားပထမအဆင့်ဂိုဏ်းက လူတွေအားလုံးလည်း အသတ်ခံရလုနီးပါးပဲ"
"အဲ့ဒီနတ်ဆိုးရဲ့ခွန်အားက ပထမအဆင့်ဂိုဏ်းတွေ ဖြေရှင်းနိုင်တာထက် ကျော်လွန်းနေတယ်...ဒါကြောင့် အဲ့ဒီနတ်ဆိုးကိုသုတ်သင်နိုင်ဖို့အတွက် နတ်ဆိုးသုတ်သင်ရေးမဟာမိတ်အဖွဲ့ရဲ့ဌာနချုပ်ကို အကူအညီတောင်းခံနေကြတယ်"
"ဘာ..."
လူအိုကြီးကျန်းနှင့်တခြားလူများ၏ မျက်နှာများထက်တွင် တည်ကြည်လေးနက်မှုအရိပ်အယောင်များ ထင်ဟပ်လာကာ တဖြည်းဖြည်း သုန်မှုန်သွားကြသည်။
ဤှသည်မှာ အမှန်တကယ်ကို သူတို့ စိုးရိမ်ထိတ်လန့်နေသော ကိစ္စပင်။
"ရှေ့ကိုတိုးခဲ့စမ်း...အဲ့ဒီနတ်ဆိုးက ဘယ်လိုပုံစံရှိလဲ...ဒီတစ်ကောင်နဲ့ အတူတူပဲလား"
ချန်းရှင်းက အလျှင်အမြန်မေးမြန်းသည်။
သတင်းပို့ဆက်သားသည် ထိုအလောင်းကိုကြည့်ပြီးနောက် သူ၏ခေါင်းကို အလျှင်အမြန်ခါယမ်းပြီး ပြောဆိုသည်။
"လက်အောက်ခံဂိုဏ်းတွေကပို့တဲ့ မှတ်တမ်းရုပ်ပုံတွေအရဆိုရင် အဲ့ဒီနတ်ဆိုးက ဒီတစ်ကောင်နဲ့မတူဘူး"
"ဒီကျောက်စိမ်းပြားကို တစ်ချက်ကြည့်ကြည့်ပါအုံး"
သတင်းပို့ဆက်သားထံမှ မှတ်တမ်းတင်ကျောက်စိမ်းပြားကို ယူဆောင်ပြီးနောက် အင်မော်တယ်စွမ်းအားများ တလိမ့်လိမ့်ထွက်လာခြင်းနှင့်အတူ လူများအားလုံး၏မျက်လုံးများရှေ့၌ ပုံရိပ်တစ်ခုထွက်ပေါ်လာသည်။
ဤမှတ်တမ်းကို ဖွင့်လိုက်သည်နှင့် တပြိုင်နက်တည်း နတ်ဆိုးတကောင်၏ပုံရိပ် လူးလွန့်နေကာ သူ၏မျက်နှာသည် မနှစ်မြို့ဖွယ်ကောင်းပြီး သူ၏အကြီးမားဆုံးထူးခြားချက်မှာ ဖောင်းကားနေသောခန္ဓာကိုယ်နှင့်ခြေလက်များပင်။
"ဒါက တကယ့်ကို မျိုးစိတ်အသစ်တစ်ခုပဲ"
လူအိုကြီးကျန်း၏မျက်နှာ တည်ကြည်လေးနက်သွားသည်။
ပထမအဆင့်ဂိုဏ်းတစ်ဂိုဏ်းတွင် အနည်းဆုံးအနေဖြင့် အစစ်အမှန်အင်မော်တယ် ဒဿမအဆင့် အင်မော်တယ်တစ်ယောက် စီမံအုပ်ချုပ်သည်။ဤနတ်ဆိုးသည် ပထမအဆင့်ဂိုဏ်းတစ်ဂိုဏ်းကို လွယ်လင့်တကူဖျက်ဆီးနိုင်သဖြင့် သူ၏ခွန်အားသည် အနိမ့်ဆုံးအနေဖြင့် သူတို့ရှေ့ရှိမှော်သားရဲအလောင်း၏ခွန်အားဖြင့် တူညီနေကြောင်း ညွှန်ပြနေသည်။
ထို့ပြင် ထိုနတ်ဆိုး၏ခွန်အားသည် ပို၍ပင် မြင့်မားနေနိုင်သည်။
"ရှုံးထန်း...မင်းက လူတချို့ကိုဦးဆောင်ပြီးတော့မဟာမိတ်အဖွဲ့မှာနေခဲ့တော့...ကျန်တဲ့သူတွေက ငါနဲ့အတူ လင်းရှန်ကုန်းမြေကို သွားမယ်"
လူအိုကြီးကျန်းက ချက်ချင်းအမိန့်ပေးလိုက်သည်။
ထို့နောက် သူသည် ကျင့်ကြံသူများကိုဦးဆောင်၍ လင်းရှန်ကုန်းမြေထံသို့ မရပ်မနားအပြေးသွားလိုက်သည်။
နတ်ဆိုးသုတ်သင်ရေးမဟာမိတ်အဖွဲ့သည် လင်းရှန်ကုန်းမြေသို့ ရောက်ရှိလာပြီးနောက် အသစ်ထွက်ပေါ်လာသောနတ်ဆိုးနှင့် တိုက်ခိုက်ကြလေ၏။
ဤတိုက်ပွဲအတွင်းတွင်....
နယ်မြေကြီးကိုးခုမှ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများ၏စိတ်ဓာတ်များ အောက်ခြေထိရောက်အောင် ကျဆင်းသွားခဲ့သည်။
အစစ်အမှန်အင်မော်တယ် အဆင့်နှစ်ဆယ့်ကျင့်ကြံသူ အယောက်နှစ်ဆယ်ကျော်မှ ဝိုင်းရံ၍တိုက်ခိုက်ခဲ့သည့်တိုင် ထိုနတ်ဆိုးသည် သေဆုံးမသွားရုံသာမက သူ့၏သာမန်ကာလျှံကာလှုပ်ရှားမှုတစ်ခုဖြင့် ထိုကျင့်ကြံသူများအနက်မှ တစ်ဝက်ခန့်သေဆုံးသွားခဲ့သည်။
နတ်ဆိုးသုတ်သင်ရေးမဟာမိတ်အဖွဲ့မှနေ၍ ဤနတ်ဆိုး၏ခွန်အားသည် အစစ်အမှန်အင်မော်တယ် အဆင့်လေးဆယ်ထက်ကျော်လွန်နေသည်ဟု ကောက်ချက်ချလိုက်သည်။
ဤသတင်းများ ထွက်ပေါ်လာသောအချိန်တွင် နယ်မြေကြီးကိုးခုလုံး စိတ်ပျက်အားငယ်မှုများဖြင့် လွှမ်းခြုံသွားတော့သည်။
ဤခွန်အားအဆင့်သည် အမှန်တကယ်ကို ကြောက်မက်ဖွယ်ကောင်းပေ၏။
အကြောင်းအရင်းမှာ နတ်ဆိုးသုတ်သင်ရေးမဟာမိတ်အဖွဲ့တစ်ခုလုံး၌ အစစ်အမှန်အင်မော်တယ် အဆင့်လေးဆယ်ထက် ကျော်လွန်သောခွန်အားကို ပိုင်ဆိုင်ထားသူဟူ၍ မည်သူတစ်ဦးတစ်ယောက်မျှ ရှိမနေသောကြောင့်ပင်။
ဆုံးရှုံးမှုများကို လျှော့ချနိုင်ရန်အလို့ငှာ နတ်ဆိုးသုတ်သင်ရေးမဟာမိတ်အဖွဲ့သည် ထိုနတ်ဆိုးကိုသတ်ဖြတ်ရန်အတွက် ဝင်္ကပါများခင်းကျင်းခြင်း ဝိုင်းရံပိတ်ဆို့ခြင်း ထောင်ချောက်ဆင်ခြင်းစသည့် နည်းလမ်းအမျိုးမျိုးကို အသုံးပြုခဲ့သည်။
သို့ရာတွင် အကျိုးသက်ရောက်မှုသည် အလွန်နည်းပါးပြီး ထိုနည်းလမ်းများသည် နတ်ဆိုးကို ထိခိုက်ဒဏ်ရာရရှိရုံသာ ဖြစ်စေခဲ့သည်။
ကျုံးထျန်းမြို့....
ဤသည်မှာ အရိပ်ကျွန်းနှင့် အနီးကပ်ဆုံးနေရာတွ င်တည်ရှိနေသည့် မြို့ပင်။
ရီဖုန်းသည် လူစည်ကားသော စားသောက်ဆိုင်တစ်ဆိုင်အတွင်း၌ထိုင်နေကာ ဝိုင်အရက်ကိုတစ်ငုံငုံ၍သောက်ပြီး လူအများ၏စကားပြောဆိုနေမှုများကိုနားထောင်ကာ မျက်မှောင်တင်းတင်းကြပ်ကြပ်ကြုတ်လိုက်သည်။
အစစ်အမှန်အင်မော်တယ် အဆင့်လေးဆယ်...
ဤကဲ့သို့ ပစ္စည်းကောင်းလေးတစ်ခုကို သူ့အလွတ်မပေးနိုင်ချေ။
သို့ရာတွင် ထိုနတ်ဆိုးသည် သူ့ထက် အဆင့်ခုနစ်ဆင့် ပို၍မြင့်နေသည်။အကယ်၍ သူသည် ထိုနတ်ဆိုးနှင့်ရင်ဆိုင်ရပါက သူ၏အသက်ဆုံးရှုံးသွားနိုင်ချေရှိသည်။
ကြည့်ရသည်မှာ သူသည် တွားသွားနတ်ဆိုးများကို ဆက်လက်၍သတ်ဖြတ်ရမည့်ပုံပင်။သူသည် တွားသွားနတ်ဆိုးများကို သတ်ဖြတ်ပြီးနောက် ကျင့်ကြံဆင့်အနည်းငယ် ပို၍မြင့်တက်လာချိန်မှသာ ထိုနတ်ဆိုးကိုရှာဖွေသည်က ပို၍ကောင်းမွန်ပေမည်။
သူသည် တည်ငြိမ်စွာဖြင့် အဆင့်မြှင့်တင်ပြီးမှသာ ထိုနတ်ဆိုးကို လွယ်လင့်တကူရင်ဆိုင်နိုင်ပေမည်။
ရီဖုန်းသည် မှောင်စပျိုးနေသော မိုးကောင်းကင်ယံကိုကြည့်ပြီး မန်မန်ကိုစီး၍ အရိပ်ကျွန်းသို့ပြန်ခဲ့သည်။မနက်မိုးလင်းလာချိန်တွင် ရီဖုန်းသည် ဓားတစ်လက်ကိုကိုင်၍ ပြန်လည်ထွက်ခွာခဲ့လေ၏။
ဤတစ်ကြိမ်တွင်...
သူသည် အလောင်းမျောလွင့်တောင်ကြားထံသို့ မသွားတော့ဘဲ နတ်ဆိုးများကိုသတ်ဖြတ်ရန်အတွက် နေရာသစ်များကိုရှာဖွေရန် ရွေးချယ်လိုက်သည်။
အကြောင်းအရင်းမှာ သူ တွားသွားနတ်ဆုံးများကို ဆက်လက်၍ သတ်ဖြတ်နေပါက ဖြစ်ပေါ်လာမည့်အမှန်တရားကို သိရှိသွားသောကြောင့်ပင်။
အလောင်းမျောလွင့်တောင်ကြားအတွင်း၌ တွားသွားနတ်ဆိုးများ ရှိနေနိုင်သော်လည်း သူ ထိုအရာများကို သတ်ဖြတ်ခြင်းဖြင့် အတွေ့အကြုံရမှတ်အမြောက်အများ ရရှိတော့မည်မဟုတ်ချေ။
ဤသည်မှာ သူ၏ခွန်အားကို အလဟဿဖြုန်းတီးခြင်းပင်။
သူသည် တွားသွားနတ်ဆိုးနှင့်တူညီသော တခြားနတ်ဆိုးများကိုရှာဖွေ၍ သတ်ဖြတ်လိုသည်။ထိုအချိန်မှာပင် လမ်းတဝက်၌ သူသည် ထူးဆန်းသောနတ်ဆိုးတစ်ကောင်နှင့် ဆုံတွေ့ရလေ၏။
ဤကဲ့သို့နတ်ဆိုးမျိုးကို ရီဖုန်းသည် ယခင်က တစ်ကြိမ်တစ်ခါမျှ မြင်တွေ့ခဲ့ဖူးခြင်းမရှိချေ။
ထိုနတ်ဆိုးသည် အလွန်ကြီးမားပြီး ဖောင်းကားနေသောခြေလက်များရှိသော်လည်း သူ၏ခွန်အားနှင့်အရှိန်နှုန်းသည် တွားသွားနတ်ဆိုးများထက် ပို၍မြင့်မားသည်။
သူသည် ဓားချက်အနည်းငယ်ကိုခုတ်ပိုင်းကာ ထိုနတ်ဆိုးကို အစိတ်စိတ်အမွှာမွှာဖြစ်အောင် ဖြတ်တောက်လိုက်သည်။
"ဒီနတ်ဆိုးက တွားသွားနတ်ဆိုးထက် ပိုပြီးသန်မာအားကောင်းတယ်"
"ဒါကြောင့် ငါရတဲ့ အတွေ့အကြုံရမှတ်တွေက တွားသွားနတ်ဆိုးတွေကိုသတ်တာထက် ပိုများတယ်...တကယ်လို့ ငါက ဒီလိုနတ်ဆိုးမျိုးတွေကိုသတ်ပြီး အတွေ့အကြုံရမှတ်တွေ ရှာနိုင်မယ်ဆိုရင် တွားသွားနတ်ဆိုးတွေကို ထောင်နဲ့ချီပြီးသတ်တာထက် ပိုကောင်းလိမ့်မယ်"
ရီဖုန်းက ဖောင်ကားနတ်ဆိုး၏ခြေထောက်ကိုမြှောက်ကာ တချက်ကြည့်လိုက်သည်။ဤဖောင်းကားနတ်ဆိုး၏ပုံပန်းသွင်ပြင်ကြောင့် သူသည် ရုတ်တရက် တစ်စုံတစ်ခုကို အမှတ်ရသွားကာ အမှုမဲ့အမှတ်မဲ့ဖြင့် ထိုနတ်ဆိုးကို မန်ဒိုနတ်ဆိုးဟု အမည်ပေးလိုက်၏။
ထိုအချိန်မှာပင် သူ၏သိုလှောင်လက်စွပ်အတွင်းရှိ ကျောက်စိမ်းပြား လင်းလက်သွားသည်။
သူသည် သိုလှောင်လက်စွပ်ကိုဖွင့်ပြီးနောက် ထိုကျောက်စိမ်းပြားကို ထုတ်ယူလိုက်သည်။
ဤကျောက်စိမ်းပြားကို ရီဖုန်းသည် ကျုံးထျန်းမြို့မှ ဝယ်ယူလာခဲ့ခြင်းဖြစ်ကာ အင်မော်တယ်နယ်မြေ၏အကြီးမားဆုံးကုန်သည်အဖွဲ့အစည်းဖြစ်သော ချင်းထျန်းကုန်သည်အဖွဲ့မှ ထုတ်လုပ်ထားခြင်းဖြစ်သည်။
ထိုကျောက်စိမ်းပြားအား ဝယ်ယူသူများသည် အသက်ဘေးမှရှောင်ရှားနိုင်ရန်အတွက် နယ်မြေကြီးကိုးခုအတွင်း၌ ကျင်လည်ကျက်စားနေသော နတ်ဆိုးများ၏သတင်းများကို ကြိုတင်၍ရရှိနိုင်သည်။
ပွင့်ပွင့်လင်းလင်းပြောဆိုရလျှင် ဤကျောက်စိမ်းပြားသည် သူ၏အတိတ်ဘဝအတွင်းရှိ သတင်းစာများနှင့် တူညီသည်။
ရီဖုန်းသည် ကျောက်စိမ်းပြားကိုကြည့်ပြီး အလွန်သဘောကျသွားသဖြင့် အင်မော်တယ်သလင်းကျောက်ငါးသိန်းဖြင့် ဝယ်ယူခဲ့လေ၏။
ယခုလက်ရှိချိန်၌...
ကျောက်စိမ်းပြားအတွင်းတွင် နောက်ဆုံးရသတင်းတစ်ပုဒ် ထွက်ပေါ်လာသည်။
"အစစ်အမှန်အင်မော်တယ် အဆင့်လေးဆယ်နတ်ဆိုးကို တားဆီးဟန့်တားဖို့ ပြင်ဆင်ခဲ့တဲ့နတ်ဆိုးသုတ်သင်ရေးမဟာမိတ်အဖွဲ့ရဲ့အစီအစဥ်တွေ ထပ်ပြီးကျရှုံးသွားပြီ...နတ်ဆိုးသုတ်သင်ရေးအဖွဲ့ရဲ့အကြီးအကဲဆယ်ယောက်မှာ နှစ်ယောက်သေဆုံးသွားပြီးတော့ အဖွဲ့ခေါင်းဆောင် ဒဏ်ရာအပြင်းအထန်ရသွားတယ်"
"အမ်....ဒါက အရမ်းကြောက်ဖို့ကောင်းတဲ့ နတ်ဆိုးတကောင်ပါလား"
"ငါက မန်ဒိုနတ်ဆိုးတွေကို သတ်ဖြတ်တာ ပိုကောင်းလိမ့်မယ်...အဲ့ဒီနတ်ဆိုးက တွားသွားနတ်ဆိုးတွေထက် နည်းနည်းလေးပဲ ပိုအားကောင်းတယ်"
ရီဖုန်း၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားသည်။
သူသည် သူ၏လက်အတွင်းရှိ မန်ဒိုနတ်ဆိုး၏ခြေထောက်ကို အလျှင်အမြန်လွှတ်ပစ်ပြီး တခြားမန်ဒိုနတ်ဆိုးတကောင်ကို တိတ်တဆိတ်စောင့်ကြည့်ပြီးနောက် သူတို့၏အသိုက်ထံသို့ အလျှင်အမြန်နောက်ယောင်ခံလိုက်ခဲ့တော့သည်။
Chapter 802
ဤသည်မှာ ဧရာမသင်္ချိုင်းကြီးတခုပင်။
ယခင်က ဤနေရာတွင် ဂိုဏ်းတစ်ဂိုဏ်း၏စစ်ပွဲဖြစ်ပွားခဲ့ကာ မရေမတွက်နိုင်သောအရိုးများ ရှိနေသည်။
ရီဖုန်းသည် ဤနေရာ၌ မရေမတွက်နိုင်သော မန်ဒိုသားရဲများသည် ဆောင့်ကြောင့်ထိုင်ကာ သူတို့၏ခေါင်းများကို အောက်သို့ငုံပြီး မြေကြီးအတွင်းမှအရိုးများကို တူးထုတ်၍ ကိုက်ဝါးနေသည်အား မြင်တွေ့မိသည်။
ရီဖုန်း၏နှုတ်ခမ်းထောင့် နားရွက်သို့ တက်ချိတ်တော့လုမတတ် မြင့်တက်သွားသည်။
ဤသည်မှာမရေမတွက်နိုင်သော အတွေ့ကြုံရမှတ်များမှနေ၍ သူ့အား လက်ယပ်ခေါ်နေသည့်အလားပင်။
လူတယောက်နှင့်ဓားတစ်လက်တို့သည် စတင်၍လှုပ်ရှားလိုက်ကြ၏။
ထိုလှုပ်ရှားမှုကိုကြားချိန်၌ မန်ဒိုနတ်ဆိုးအမြောက်အများသည် ရီဖုန်းထံ ဦးတည်၍ တဟုန်ထိုးပြေးဝင်လာကြသည်။
ရီဖုန်းက သူ၏ဓားကို အဆက်မပြတ် ဝှေ့ယမ်းနေသည်။
ဝှစ်....ဝှစ်....ဝှစ်....
သူ၏စိတ်အတွင်း၌ စနစ်၏အဆက်မပြတ်ထွက်ပေါ်လာသောအသံကို ကြားရပြီးနောက် မကြာမီမှာပင် ရီဖုန်းသည် ရူးသွပ်သောအခြေအနေသို့ ဝင်ရောက်သွားလေ၏။
မိုက်တယ်...
ဒါက အရမ်းမိုက်တယ်...
ရီဖုန်းက သူ၏ဓားချက်များ အလွန်ပြင်းထန်နေသောကြောင့် ဝမ်းသာပျော်ရွှင်သွားသည်။
ညအချိန်အရောက်တွင် သူသည် မန်ဒိုနတ်ဆိုးပေါင်းသုံးသောင်းကျော်ကို သတ်ဖြတ်ကာ သူ၏ကျင့်ကြံဆင့်သည် တစ်ဆင့်ခွဲခန့်မြင့်တက်လာလေပြီ။
ထို့နောက် ရီဖုန်းသည် သူ၏ပင်ပန်းနွမ်းနယ်နေသောခန္ဓာကိုယ်ကို တရွတ်တိုက်ဆွဲ၍ မန်မန်ကိုစီးကာ အရိပ်ကျွန်းသို့ပြန်ခဲ့သည်။
သူသည် စားသောက်ပြီးနောက် အချိန်အတော်ကြာ အိပ်စက်လိုက်သည်။ထို့နောက် သူ ပြန်နိုးလာချိန်တွင် ရေချိုးလိုက်၏။
ကြေးမုံမှန်အတွင်းရှိ သူ၏ပုံရိပ်ကိုကြည့်ပြီး သူ့ထံ၌ ရှင်းပြရန်မစွမ်းသော ယုံကြည်ချက်မျိုး ရှိလာသည်။
သောက်ရမ်းချောတယ်...
ညအချိန်အရောက်တွင် ရီဖုန်းသည် မန်ဒိုနတ်ဆိုးများစုဝေးနေသော နေရာဖြစ်သည့် အလောင်းတောင်ကုန်းသို့ အလျှင်အမြန်သွားလိုက်သည်။
အမှန်အားဖြင့် အလောင်းတောင်ကုန်းဟူသည်မှာ ရီဖုန်းပေးထားသော နာမည်ပင်။
ထို့ပြင် ဤကိစ္စအတွက် ရီဖုန်းက မြေပုံတစ်ခုကို ပြင်ဆင်ထားခဲ့သည်။
နေအိမ်...အရိပ်ကျွန်း
အလောင်းမျောလွင့်တောင်ကြား...တွားသွားနတ်ဆိုး
အလောင်းတောင်ကုန်း....မန်ဒိုနတ်ဆိုး
ရီဖုန်းသည် နောင်အနာဂတ်တွင် ချွတ်ချော်တိမ်းစောင်းမှုများ မဖြစ်စေရန်အတွက် အမှတ်အသားများပြုလုပ်ခဲ့သည်။
ယနေ့ညတွင် ရီဖုန်းသည် မန်ဒိုနတ်ဆိုးအကောင်သုံးသောင်းကျော်ကို ထပ်မံ၍သတ်ဖြတ်ခဲ့သည်။
ရီဖုန်း အရိပ်ကျွန်းသို့ပြန်၍ အနားယူနေစဉ်တွင်...
လင်းရှန်ကုန်းမြေ၌ မဟာမိတ်အဖွဲ့မှလူများ ရုန်းကန်နေရဆဲပင်။
နတ်ဆိုးသုတ်သင်ရေးမဟာမိတ်အဖွဲ့၏ခေါင်းဆောင်မှုအောက်တွင် ထိပ်သီးကျင့်ကြံသူများသည် မဟာမိတ်အဖွဲ့၏ဘိုးဘေးများနှင့်ပူးပေါင်း၍ ဖောင်းကားနတ်ဆိုးနှင့် ပြင်းထန်သောတိုက်ပွဲများကို တိုက်ခိုက်ခဲ့ကြသည်။
သို့ရာတွင် သူတို့သည် ဖောင်းကားနတ်ဆိုးနှင့်ပတ်သက်ပြီး မည်သည့်အရာကိုမျှ လုပ်ဆောင်နိုင်ခြင်းမရှိဆဲပင်။
"လူအိုကြီးကျန်း...ငါတို့တွေ ဒီတိုင်းဆက်သွားနေရင် အခြေအနေကောင်းပါ့မလား"
မူလက မဟာမိတ်အဖွဲ့တွင်ကျန်နေခဲ့သော ရှုံးထန်းသည် စစ်ကူပေးရန်အတွက် ဤနေရာသို့ အလျှင်အမြန်ရောက်ရှိလာခဲ့သည်။သူသည် ဒဏ်ရာအပြင်းအထန်ရရှိထားပြီး ပြန်လည်ကောင်းမွန်လာခြင်းမရှိသေးသော လူအိုကြီးကျန်းကိုကြည့်ပြီး ပျက်ယွင်းနေသောမျက်နှာအမူအယာဖြင့် ပြောဆိုလိုက်၏။
"အကြွင်းမဲ့ခွန်အားနဲ့ ရင်ဆိုင်ရတဲ့အချိန်မှာ ထောင်ချောက်တွေ အကွက်ချကြံစည်မှုတွေအားလုံးက ဘာမှအသုံးမဝင်ဘူး"
လူအိုကြီးကျန်းသည် သူ၏တောင်ဝှေးကိုအားပြု၍ မတ်တတ်ရပ်နေကာ သူ၏မျက်နှာပေါ်၌ အားနည်းမှုအရိပ်အယောင်များ ရှိနေသည်။
အကယ်၍ ဤကဲ့သို့ ဖောင်းကားနတ်ဆိုးတစ်ကောင်တည်းဖြစ်ပါက နယ်မြေကြီးကိုးခုလုံး အတူတကွပူးပေါင်း၍တိုက်ခိုက်သည်နှင့် ထိုနတ်ဆိုး သေဆုံးသွားနိုင်သည်။
အဓိကသော့ချက်မှာ နတ်ဆိုးချီများပျံ့နှံ့နေသော နယ်မြေကြီးလေးခုအတွင်းတွင် အမျိုးအမည်မသိရသောနတ်ဆိုးများ မည်မျှထိများများ ပုန်းအောင်းနေသည်ကို မသိနိုင်ခြင်းပင်။
ဤသည်မှာ သူတို့အတွက် စိတ်ပျက်ဖွယ်အကောင်းဆုံးကိစ္စ မဟုတ်သေးချေ။
ထို့ထက်ပို၍ စိတ်ပျက်ဖွယ်ကောင်းသည်မှာ သူတို့သည် နယ်မြေကြီးလေးခုအတွင်း၌ အနက်ရောင်မြူခိုးများ ပျံ့နှံ့လာမှုကို ယာယီပိတ်ဆို့ဟန့်တားနိုင်ခဲ့သော်လည်း ဤသည်မှာ ယာယီသာဖြစ်နေခြင်းပင်။
ပြောရမည်ဆိုလျှင်...
နယ်မြေကြီးရှစ်ခုကိုဖန်တီးခဲ့သော ထိပ်သီးတည်ရှိမှုကြီးရှစ်ယောက် ချန်ထားခဲ့သည့်နယ်နိမိတ်နံရံများကပင် အနက်ရောင်မြူခိုးများကို ပိတ်ဆို့ဟန့်တားနိုင်ခဲ့ခြင်းမရှိချေ။မည်သည်ကြောင့် အစစ်အမှန်အင်မော်တယ် အဆင့်သုံးဆယ်ကျော်တွင်သာရှိနေသော အနာဂတ်မျိုးဆက်မှ သူတို့သည် ဤအနက်ရောင်မြူခိုးများ ပျံ့နှံ့လာမှုကို တားဆီးဟန့်တားနိုင်မည်နည်း။
"သတင်းပို့ပါတယ်"
ထိုအချိန်မှာပင် စိတ်ဝိညာဥ်နယ်မြေကို ချိတ်ပိတ်ရာ၌ တာဝန်ယူထားသော လူတစ်ယောက်သည် စိုးရိမ်ပူပန်တကြီးအမူအယာဖြင့် ပျံသန်းလာလေ၏။
ထိုလူကိုမြင်တွေ့ချိန်တွင် အကြီးအကဲကျန်း၏စိတ်နှလုံးအတွင်း၌ ဆိုးရွားသောနိမိတ်တစ်ခု ရရှိလာသည်။
အမှန်တကယ်ကိုပင်...
သူ မေးခွန်းတစ်ခုကိုမျှ မမေးရသေးမီမှာပင် ထိုလူက အင်မော်တယ်အနှစ်သာရများ ရောယှက်နေသောအသံဖြင့် အော်ဟစ်လိုက်သည်။
"အရှင်တို့ကို သတင်းပို့ပါတယ်..စိတ်ဝိညာဉ်နယ်မြေထဲမှာ ကြီးမားတဲ့လှုပ်ရှားမှုတစ်ခု ရှိနေတယ်...ဒါက တိတ်ဆိတ်ငြိမ်သက်နေတဲ့ အရာတစ်ခုက ပွင့်အံ့ထွက်လာတော့မလိုပဲ"
"ဘာ...."
ကျန်းလောင်၏နှလုံးခုန်နှုန်း လျင်မြန်သွားကာ ချက်ချင်းအမိန့်ပေးလိုက်သည်။
"လာကြစမ်း...အဲ့ဒီနေရာကို သွားကြည့်ဖို့အတွက် ငါနဲ့အတူ လိုက်ခဲ့ကြစမ်း"
နတ်ဆိုးသုတ်သင်ရေးမဟာမိတ်အဖွဲ့သည် မူလကတည်းက စိတ်ဝိညာဉ်နယ်မြေနှင့်အနီးတွင်ရှိနေသောကြောင့် အလှမ်းကွာဟခြင်းမရှိချေ။
အကြောင်းအရင်းမှာ အစစ်အမှန်အင်မော်တယ် အဆင့်လေးဆယ် နတ်ဆိုးသားရဲသည် ဤစိတ်ဝိညာဥ်နယ်မြေအတွင်းမှ လွတ်ထွက်လာကာ လင်းရှန်ကုန်းမြေအတွင်းသို့ ဝင်ရောက်လာခဲ့သောကြောင့်ပင်။
မကြာမီမှာပင် နတ်ဆိုးသုတ်သင်ရေးအဖွဲ့မှလူများသည် စိတ်ဝိညာဉ်နယ်မြေ၏အစွန်အဖျားသို့ ရောက်ရှိလာပေ၏။
ဤအစွန်အဖျားနေရာသို့အရောက်တွင် လူအိုကြီးကျန်းတို့လူစုသည် သတင်းပို့လာသောလူ၏စကားများ မှန်ကန်သည်ကို ခံစားမိသည်။
စိတ်ဝိညာဥ်နယ်မြေအတွင်း၌ ကြီးမားသောလှိုင်းလုံးကြီးတစ်လုံးရှိနေကာ အလွန်လျှင်မြန်သောအရှိန်ဖြင့် သူတို့ရှိနေသောနေရာသို့ ဦးတည်၍ရွေ့လျားလာကြောင်း သူတို့ ရှင်းရှင်းလင်းလင်း အာရုံခံမိသည်။
ဤသည်မှာ မည်သည့်အရာဖြစ်ကြောင်း သူတို့ မြင်တွေ့နိုင်ခြင်းမရှိသော်လည်း လှုပ်ရှားမှုသက်သက်ဖြင့်ပင် သူတို့အား ထိတ်လန့်တုန်လှုပ်မှုကို ခံစားရစေသည်။
လူများအားလုံး တိတ်ဆိတ်ငြိမ်သက်သွားကာ သူတို့၏မျက်နှာများ သုန်မှုန်နေသည်။
ဤလှုပ်ရှားမှုသည် မည်သည့်အရာဖြစ်သည်ကို သူတို့အားလုံး သိလိုကြသည်။
ဤသည်မှာ အမျိုးအမည်မသိရသော အားလှိုင်းတစ်ရပ် ဖြစ်သလော...
သို့မဟုတ် နတ်ဆိုးတကောင် ဖြစ်နေသလော....
အကယ်၍ နတ်ဆိုးတကောင်ဆိုပါက ဤကဲ့သို့ ခွန်အားနှင့်အရှိန်အဟုန်ရှိနေသည်မှာ မည်ကဲ့သို့ အမျိုးအစားမျိုး ဖြစ်သနည်း...
သူတို့အားလုံး စောင့်ဆိုင်းနေစဉ်မှာပင် စိတ်ဝိညာဉ်နယ်မြေအတွင်းရှိ လှုပ်ရှားမှုများ သူတို့နှင့် တစတစပို၍နီးကပ်လာသည်ကို ရှင်းရှင်းလင်းလင်းခံစားမိသည်။
သူတို့အနက်မှလူအများစုထံတွင် ဇောချွေးများဖြင့် ရွှဲနစ်နေသည်။
လူအိုကြီးကျန်းသည် သူ၏တောင်ဝှေးကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားကာ သူ၏ပိန်ပါးသောခန္ဓာကိုယ်မှနေ၍ ထူထပ်သိပ်သည်းသော အင်မော်တယ်အနှစ်သာရစွမ်းအားများကို ထုတ်လွှတ်ထားသည်။
ဘုန်း...
ကျယ်လောင်သော မြည်ဟီးသံနှင့်အတူ...
လူများအားလုံး ထုံကျင်သွားမှုကို ခံစားရသည်။
စိတ်ဝိညာဉ်နယ်မြေအတွင်းမှနေ၍ အလွန်ကြီးမားသော အရာဝတ္ထုကြီးတစ်ခု တိုးထွက်လာကာ မိုးကောင်းကင်ယံအတွင်း၌ ထွက်ပေါ်လာပြီး ကြီးမားသောအရိပ်ကြီးသည် မြေပြင်ကိုလွှမ်းခြုံသွားလေ၏။
မြေပြင်ပေါ်၌ မတ်တတ်ရပ်နေသော မဟာမိတ်အဖွဲ့မှလူများအားလုံး မိုးကောင်းကင်ယံကိုမော့ကြည့်ပြီးနောက် ကြက်သေသေသွားကြသည်။
အကြောင်းအရင်းမှာ စိတ်ဝိညာဥ်နယ်မြေမှ တိုးထွက်လာသည့်အရာသည် နတ်ဆိုးတစ်ကောင်လည်းမဟုတ် အားလှိုင်းတစ်ရပ်လည်းမဟုတ်ဘဲ ကြီးမားသောစိတ်ဝိညာဉ်လှေပျံကြီး ဖြစ်နေသောကြောင့်ပင်။
ထိုစိတ်ဝိညာဉ်လှေပျံ၏ကိုယ်ထည်တစ်ခုလုံးသည် ကြေးနီရောင်ရှိကာ ထိုအရာ၏မျက်နှာပြင်ပေါ်တွင် ထူထပ်သိပ်သည်းသော သင်္ကေတအက္ခရာများ ရေးထွင်းထားသည်။
ပုံသဏ္ဍာန်အရဖြစ်စေ ဖွဲ့စည်းတည်ဆောက်ပုံအရဖြစ်စေ ထိုစိတ်ဝိညာဥ်လှေပျံသည် အလွန်ပြီးပြည့်စုံပေ၏။ထိုအရာ၏ ပတ်ဝန်းကျင်၌ ကျင်းနက်ကြီးများလည်းရှိနေကာ တောက်ပသောအလင်းရောင်များ ဖြာထွက်နေသည်။ထိုစိတ်ဝိညာဉ်လှေပျံအတွင်းမှနေ၍ အစွမ်းထက်သောအားလှိုင်းတစ်ရပ်သည် အချိန်မရွေး တိုက်ခိုက်တော့မည့်အလား အလွန်တုန်လှုပ်ချောက်ချားဖွယ်ကောင်းသည်။
"ဒါ...ဒါက ဘာကြီးလဲ"
ရှုံးထန်းသည် အလွန်ထိတ်လန့်သွားကာ အထစ်ထစ်အငေါ့ငေါ့လေသံဖြင့် မေးမြန်းသည်။
"စိတ်ဝိညာဉ်နယ်မြေကို အနက်ရောင်မြူခိုးတွေက သိမ်းပိုက်သွားပြီ မဟုတ်လား...ဘယ်လိုလုပ်ပြီးတော့ အဲ့ဒီနေရာကနေ စိတ်ဝိညာဥ်လှေပျံတစ်စီး ထွက်လာတာလဲ"
လူအိုကြီးကျန်းသည် ပါးစပ်အဟောင်းသားဖြစ်နေကာ သူ၏မျက်နှာပေါ်တွင် ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေသည်။သူ၏အသိပညာဗဟုသုတနှင့်ပင် ဤကိစ္စကို မည်ကဲ့သို့ ရှင်းပြရမည်အား သူ မသိတော့ချေ။
"ကြည့်လိုက်အုံး....ကုန်းပတ်ပေါ်မှာ လူတွေရှိနေတယ်"
ကျန်းရှင်းက မိုးကောင်းကင်ယံအတွင်းရှိ စိတ်ဝိညာဥ်လှေပျံကို လက်ညှိုးညွှန်ပြပြီး ပြောဆိုသည်။
သူတို့အားလုံး မော့ကြည့်လိုက်သောအချိန်တွင် စိတ်ဝိညာဉ်လှေပျံပေါ်၌ ဆယ်နှင့်ချီသော ငယ်ရွယ်သည့် အမျိုးသားများနှင့်အမျိုးသမီးများ မတ်တတ်ရပ်နေသည်ကို မြင်တွေ့မိသည်။
သူတို့သည် စိတ်ဝိညာဥ်လှေပျံ၏ဦးပိုင်း၌ မတ်တတ်ရပ်နေကာ လောကကြီးတစ်ခုလုံးကို ငုံကြည့်နေပုံရသည်။
ထိုအချိန်မှာပင်.....
စိတ်ဝိညာဉ်လှေပျံ၏အောက်တွင် ဖောင်းကားသားရဲတစ်ကောင် ထွက်ပေါ်လာသည်။ဤသည်မှာ ကျန်းလောင်တို့လူစု အကောင်းဆုံးအင်အားစိုက်ထုတ်ခဲ့သည့်တိုင် ဖြေရှင်းနိုင်ခြင်းမရှိသော နတ်ဆိုးပင်။ဤစိတ်ဝိညာဥ်လှေပျံ၏လှုပ်ရှားမှုကို သတိပြုမိသွားသဖြင့် ဖောင်းကားနတ်ဆိုး ရောက်ရှိလာခြင်းဖြစ်ပေမည်။
ဤနတ်ဆိုးထွက်ပေါ်လာမှုသည် လူတစ်စု၏စိတ်အာရုံကို ချက်ချင်းဆွဲဆောင်သွားခဲ့သည်။
အဖြူရောင်ဝတ်စုံဝတ်လူငယ်များအနက်မှ တစ်ယောက်၏မျက်လုံးများ အနည်းငယ်ကျဉ်းမြောင်းသွားကာ သူသည် မိုးကောင်းကင်ယံထံသို့ ခြေလှမ်းတလှမ်းခြင်းချပြီး မြေပြင်ပေါ်သို့ ဆင်းသက်လိုက်၏။
သူသည် အထင်အမြင်သေးသောအမူအယာဖြင့် ဖောင်းကားနတ်ဆိုးကိုကြည့်ကာ သူ၏လက်ညှိုးကို အနည်းငယ်မြှောက်လိုက်သည်။
အလွန်စူးရှသော အလင်းတန်းတစ်တန်း လေထုကိုဖြတ်သန်းသွားပြီးနောက်....
လူအိုကြီးကျန်းတို့လူစုသည် နယ်မြေကြီးကိုးခုလုံးမှ လူများအားလုံးကို အစွမ်းအစမဲ့သကဲ့သို့ခံစားရသော ဖောင်းကားနတ်ဆိုးကို ထိုလူငယ်လေး၏လက်ညှိုးမှ အလင်းတန်းထွင်းဖောက်သွားပြီး သေဆုံးသွားကြောင်း မြင်တွေ့လိုက်ရသဖြင့် ထိတ်လန့်တုန်လှုပ်သွားသည်။
"ဒါက...."
လူအိုကြီးကျန်းတို့လူစု၏မျက်လုံးများ ပြူးကျယ်သွားကာ သူတို့၏ဦးရေပြားများ ထုံကျင်လာသည်ကို ခံစားမိသည်။
သူတို့ရှေ့ရှိမြင်ကွင်းသည် သူတို့၏အသိအမြင်များကို ပြောင်းပြန်လှန်လိုက်သည့်အလားပင်။
အစစ်အမှန်အင်မော်တယ် အဆင့်လေးဆယ်နတ်ဆိုးတစ်ကောင်ကို လက်ညှိုးတစ်ချောင်းတည်းဖြင့် သတ်ဖြတ်နိုင်ခဲ့သောကိစ္စသည် ယခင်က သူတို့ စဉ်းစားတွေးတောကြည့်ဝံ့ဖူးခြင်းမရှိသည့် တစ်စုံတစ်ခုပင်။
ဤလူများသည် မည်သူများ ဖြစ်သနည်း....
သူတို့သည် မည်သည်ကြောင့် အလွန်သန်မာအားကောင်းနေသနည်း...
သူတို့ ထိတ်လန့်တုန်လှုပ်နေစဉ်မှာပင် ထိုလူငယ်ထံမှနေ၍ ကြီးမားသောနတ်ဘုရားစိတ်အာရုံတစ်ခု ထုတ်လွတ်လိုက်သည်ကို ရှင်းရှင်းလင်းလင်း သတိပြုမိသွားသည်။
ထို့နောက်မှနေ၍....
လူငယ်၏မျက်လုံးတစ်စုံသည် လူအိုကြီးကျန်းတို့ထံသို့ အခိုင်အမာကျရောက်လာပေ၏။
"ဒီနယ်မြေထဲမှာ မင်းတို့ထဲကဘယ်သူက နောက်ဆုံးဆုံးဖြတ်ချက် ချနိုင်တဲ့လူလဲဆိုတာ ငါ မသိဘူး...ကျေးဇူးပြုပြီးတော့ အဲ့ဒီလူက ငါတို့နဲ့ဆွေးနွေးဖို့အတွက် စိတ်ဝိညာဥ်လှေပေါ်ကို လာခဲ့ပါ"
လူငယ်သည် ထိုစကားကိုပြောဆိုပြီးနောက် စိတ်ဝိညာဉ်လှေပျံထံသို့ ပြန်လည်၍လျှောက်လှမ်းသွားတော့သည်။
"လူအိုကြီးကျန်း...သူတို့က ဘာကိုဆိုလိုတာလဲ"
ရှုံးထန်းက မေးမြန်းသည်။
"ငါတို့ သွားကြမလား...ဒါမှမဟုတ် မသွားဘဲနေကြမလား"
လူအိုကြီးကျန်းသည် အချိန်တခဏကြာခန့် စဉ်းစားတွေးတောပြီးနောက် ခေါင်းညိတ်ပြကာ စိတ်ဝိညာဥ်လှေပျံပေါ်သို့သွားရန် သဘောတူညီလိုက်သည်။
"လူအိုကြီးကျန်း...ထပ်ပြီးစဉ်းစားပါအုံး"
ချန်းရှင်းက အလျှင်အမြန်ပြောဆိုသည်။
"သူတို့က မင်းကို လှည့်စားရင် ဘယ်လိုလုပ်ကြမလဲ"
"ငါတို့က သူတို့လှည့်စားတာကို ခံရဖို့အတွက် ထိုက်တန်လို့လား...တကယ်လို့ သူတို့က ငါတို့ကို တစ်ခုခုလုပ်ချင်တယ်ဆိုရင်တောင် လှည့်စားဖို့လိုလို့လား"
လူအိုကြီးကျန်းသည် မျက်မှောင်ကြုတ်ထားကာ ဤအချိန်အခိုက်အတန့်တွင် သူ၏စိတ်နှလုံးသားအတွင်း၌ သံသယအမြောက်အများရှိနေသည်။
"လူအိုကြီးကျန်း...ငါ့အထင်တော့ ငါ မင်းနဲ့အတူအဖော်လိုက်ခဲ့တာ ပိုကောင်းလိမ့်မယ်"
ရှုံးထန်းက ပြောဆိုသည်။
"မလုပ်နဲ့...လူအိုကြီးကျန်းနဲ့အတူ ငါနဲ့ချန်းရှင်းတို့ လိုက်သွားလိုက်မယ်"
ဟွမ်ကျန်းက ပြောဆိုသည်။
"အစ်ကိုရှုံးထန်း...တကယ်လို့ တစ်ခုခုဖြစ်လာမယ်ဆိုရင် နတ်ဆိုးသုတ်သင်ရေးမဟာမိတ်အဖွဲ့မှာ မင်းမရှိလို့ မဖြစ်ဘူး"
သို့ရာတွင်...
သူတို့အားလုံး တိုင်ပင်ဆွေးနွေးနေစဉ်မှာပင် အသံစကားတစ်ခွန်းက သူတို့အားလုံး၏နားများအတွင်းသို့ တိုက်ရိုက်ဝင်ရောက်လာသည်။
"မင်းတို့အားလုံး အတူတူလာခဲ့ကြပါ"
Chapter 803
"အဲ့ဒီလူတွေက ငါတို့ရဲ့စကားတွေကို ခိုးပြီးနားထောင်နေတာလား"
ဟွမ်ကျန်းသည် ရုတ်တရက် ဒေါသထွက်သွားလေ၏။
"အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့"
လူအိုကြီးကျန်းက အလျှင်အမြန်ဟန့်တားပြီး ပြောဆိုသည်။
"ခွန်အားရှိတဲ့လူတွေက ရိုသေလေးစားခံရတယ်....တစ်ဖက်လူတွေရဲ့ခွန်အားနဲ့ဆိုရင် ငါတို့ကလန်ကသူတို့ကို စီနီယာလို့ ခေါ်ရလိမ့်မယ်...ငါတို့ ဘာလုပ်နေတာလဲဆိုတာကို သူတို့ သိဖို့အတွက်က သူတို့ရဲ့နတ်ဘုရားစိတ်အာရုံတွေကို ထုတ်လွှတ်လိုက်ရုံလေးပဲ"
"တစ်ဖက်လူတွေက ငါတို့ကို ဖိတ်ခေါ်နေမှတော့ ငါတို့ အတူတူသွားကြစို့"
လူအိုကြီးကျန်းက တောင်ဝှေးကိုအားပြု၍ ပထမဆုံးလျှောက်လှမ်းသွားသည်။
အကြောင်းအရင်းမှာ အကယ်၍ တစ်ဖက်လူများသည် သူတို့အား ထိခိုက်နစ်နာစေလိုပါက သူတို့ စိတ်ဝိညာဥ်လှေပျံပေါ်သို့မတတ်လျှင်ပင် ရလဒ်သည် အတူတူထွက်လာမည်အား သူ သိရှိပြီးဖြစ်သောကြောင့်ပင်။
နတ်ဆိုးသုတ်သင်ရေးမဟာမိတ်အဖွဲ့ရှိ လူများအားလုံးသည် လူအိုကြီးကျန်း၏နောက်သို့လိုက်ကာ စိတ်ဝိညာဥ်လှေပျံပေါ်သို့ တက်လိုက်ကြသည်။
စိတ်ဝိညာဉ်လှေပေါ်သို့တက်ပြီးနောက် လူအိုကြီးကျန်းတို့လူစုသည် အတူတကွမတ်တတ်ရပ်ကာ တစ်ဖက်လူများကို ကြည့်လိုက်၏။
သူတို့၏ရှေ့တွင် လူငယ်အမျိုးသားနှင့်အမျိုးသမီးများ ဆယ်ယောက်ကျော်ရှိနေကာ ထိုလူများ၏စွမ်းအားများကို သူတို့ ထွင်းဖောက်တွေ့မြင်နိုင်ခြင်းမရှိချေ။
ထို့ထက်ပို၍ ကြောက်မက်ဖွယ်ကောင်းသည်မှာ ထိုလူငယ်များ၏နံဘေးပတ်ဝန်းကျင်၌ မတ်တတ်ရပ်နေသော အစောင့်များသည် သူတို့အား အလွန်နက်နဲသိမ်မွေ့သောခံစားချက်ကို ရရှိစေသောအချက်ပင်။
"မင်းတို့က ပြင်ပနယ်မြေကနေ လာတဲ့လူတွေလား"
လူအိုကြီးကျန်း၏မှုန်ဝါးနေသောမျက်လုံးတစ်စုံ အနည်းငယ်ရွေ့လျားသွားကာ မေးမြန်းလိုက်သည်။
"ပြင်ပနယ်မြေလား...."
ပိုင်ကျင်းမှလွဲ၍ လူငယ်များအားလုံး၏မျက်နှာများထက်တွင် အထင်အမြင်သေးသောအပြုံးများ ထင်ဟပ်လာကာ အေးစက်စက်နှာတစ်ချက်မှုတ်ပြီး နံဘေးတစ်ဖက်သို့ လျှောက်လှမ်းသွားသည်။
"ပြင်ပနယ်မြေ...မင်းတို့မှာ မှားယွင်းတဲ့ အယူအဆတွေ ရှိနေတာပါလား"
ပိုင်ကျင်း၏မျက်နှာ တည်ငြိမ်နေကာ သူက ပေါ့ပေါ့ပါးပါးလေသံဖြင့် ပြောဆိုသည်။
"ငါတို့က တူညီတဲ့လောကကြီးမှာ နေနေတဲ့လူတွေပဲ...မင်းတို့ ဘာလို့ ဒီလိုပြောတာလဲ"
လူအိုကြီးကျန်းက မျက်မှောင်ကြုတ်ကာ သူ၏လက်နှစ်ဖက်ကိုပူးဆုပ်၍ ပြောဆိုသည်။
"စီနီယာ....မင်း ရယ်စရာပြောနေတာလား"
"ငါတို့ရဲ့နယ်မြေကြီးကိုးခုနဲ့ အဆင့်နိမ့်ဘုံတွေအများကြီး စုပေါင်းပြီးတော့ ကမ္ဘာကြီးတခုဖြစ်လာတယ်...ဒါက ရှေးဟောင်းခေတ်အချိန်ကာလကတည်းက ဒီအတိုင်း ရှိနေခဲ့တာပဲ"
ကျန်းလောင်က ပြတ်ပြတ်သားသားလေသံဖြင့် ပြောဆိုသည်။တချိန်တည်းမှာပင် ဤသည်မှာ ဒဏ္ဍာရီတစ်ခုသာဖြစ်နိုင်ကြောင်း သူ၏စိတ်နှလုံးသားအတွင်းမှ သိရှိထားသည်။
ပိုင်ကျင်းသည် စကားများစွာပြောဆိုခြင်းမရှိဘဲ သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
အင်မော်တယ်အနှစ်သာရစွမ်းအားများ တလိမ့်လိမ့်ထွက်ပေါ်လာပြီးနောက် လူအိုကြီးကျန်းတို့လူစု၏ရှေ့၌ ပုံရိပ်ယောင်ကားချပ်တစ်ခု ထွက်ပေါ်လာသည်။
ဤပုံရိပ်ယောင်ကားချပ်ပေါ်၌....
အပြာရောင်မြေသားစက်လုံးကြီးတစ်လုံး လေဟာနယ်အတွင်း၌ လှည်ပတ်ပျံသန်းနေသည်။
"ဒါကို ဂြိုလ်တစ်လုံးလို့ ခေါ်တယ်...ဒါက ငါတိုရဲ့ကမ္ဘာကြီးပဲ...မင်းတို့မြင်နေရတဲ့ မီးခိုးရောင်တွေက ကုန်းမြေဖြစ်ပြီးတော့ အပြာရောင်တွေက ရေပြင်တွေပဲ"
"ငါတို့က ဒီနေရာကနေ လာခဲ့တယ်"
ပိုင်ကျင်းက ကုန်းမြေနေရာများအနက်မှ တစ်နေရာကို ထောက်ပြလိုက်သည်။
"မင်းတို့ကတော့..."
ပိုင်ကျင်း၏လက်ဝါးအတွင်းမှ အလင်းတန်းများဖြာထွက်လာကာ ပင်လယ်သမုဒ္ဒရာတစ်စင်းနှင့်နီးကပ်သော ကုန်းမြေ၏ထောင့်တစ်နေရာသို့ ကျရောက်သွားသည်။
"မင်းတို့ရဲ့တည်နေရာက ဒီနေရာမှာရှိနေတဲ့ ကျွန်းငယ်လေးတစ်ကျွန်းပဲ"
ထိုသို့ပြောဆိုပြီးနောက် ပိုင်ကျင်းသည် သူ့အတွက် လက်ဖက်ရည်တစ်ခွက်ကို သူကိုယ်တိုင်ငှဲ့သောက်ကာ အရသာခံလိုက်သည်။
လူအိုကြီးကျန်းတို့လူစုသည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ စိတ်မအေးသောအခြေအနေသို့ ကျရောက်နေသည်။
အကြောင်းအရင်းမှာ ဤလူငယ်၏စကားများသည် သူတို့၏အမြင်သုံးပါးလုံးကို ပြောင်းပြန်လှန်လိုက်သောကြောင့်ပင်။
သူတို့၏ကမ္ဘာကြီးသည် ကမ္ဘာတစ်ခုမဟုတ်ဟုဆိုသလော....
ထို့ပြင် ဤသည်မှာ အစစ်အမှန်ကမ္ဘာကြီးပေါ်ရှိ ကျွန်းငယ်တစ်ကျွန်းသာ ဖြစ်နေသလော...
မည်သည်ကြောင့် ဖြစ်နိုင်မည်နည်း....
သူတို့အားလုံးသည် မယုံကြည်နိုင်မှုကြောင့် သူတို့၏ခေါင်းများကို ခါယမ်းလိုက်ကြသည်။
"ငါတို့ကို စိတ်ရှုပ်ထွေးအောင်လုပ်ဖို့ မကြိုးစားနဲ့...ငါ့ကို ပြောစမ်း...မင်းတို့က ဒီနေရာကို ဘာလာလုပ်တာလဲ"
ဟွမ်ကျန်းက ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
ပိုင်ကျင်းသည် လက်ဖက်ရည်ကိုအရသာခံ၍သောက်ပြီးနောက် သူ၏လက်အတွင်းရှိလက်ဖက်ရည်ခွက်ကို ဝှေ့ယမ်းလိုက်သည်။ဟွမ်ကျန်းသည် ချက်ချင်းဆိုသလိုပင် စူးရှနာကျင်စွာအော်ဟစ်ကာ စိတ်ဝိညာဉ်လှေပျံပေါ်မှ လွင့်ထွက်သွားတော့သည်။
"ငါ့ကို အော်ပြောတဲ့လူတွေကို ငါ မကြိုက်ဘူး"
"သူက အသတ်ခံရသင့်တယ်....ဒါပေမဲ့ ငါတို့ရဲ့တိုင်ပင်ဆွေးနွေးမှုမှာ ကောင်းမွန်တဲ့ရလဒ်တွေ ရလာဖို့အတွက် သူ့ရဲ့အသက်ကို ချမ်းသာပေးလိုက်မယ်"
"တကယ်တော့ ငါက ဘာအကျိုးအမြတ်မှမရှိဘဲနဲ့ အသက်ချမ်းသာမပေးတတ်ဘူး"
ပိုင်ကျင်း၏မျက်နှာပေါ်၌ အမူအယာကင်းမဲ့နေကာ သူ၏လက်အတွင်း၌ သိုလှောင်လက်စွပ်တစ်ကွင်းကိုကိုင်ထားသည် ဤ သိုလှောင်လက်စွပ်သည် ဟွမ်ကျန်း၏လက်စွပ်ပင်။
သူသည် ဟွမ်ကျန်း၏အမှတ်အသားကို လွယ်လင့်တကူဖျက်ဆီးကာ အတွင်းသို့ကြည့်လိုက်သည်။
သိုလှောင်လက်စွပ်အတွင်းရှိ ပစ္စည်းများကိုကြည့်ပြီးနောက် သူသည် မျက်မှောင်တစ်ချက်ကြုတ်ကာ သူ၏မျက်နှာပေါ်၌ အထင်အမြင်သေးသောအရိပ်အယောင်များ ထင်ဟပ်လာသည်။
ကျန်းလောင်တို့လူစု၏အမြင်အရ ဤလက်စွပ်အတွင်းမှအရာများသည် အလွန်အဖိုးတန်သောရတနာများဖြစ်သော်လည်း ပိုင်ကျင်းသည်အမူအယာကင်းမဲ့စွာဖြင့် ထိုအရာများအားလုံးကို တစ်ခုပြီးတစ်ခု ဖျက်ဆီးလိုက်သည်။
အဆုံးသတ်၌ သူသည် စိတ်မရှည်သောအမူအယာဖြင့် သိုလှောင်လက်စွပ်တစ်ကွင်းလုံးကို ဖျက်ဆီးလိုက်ကာ 'နယ်မြေကြီးကိုးခု'၏ မိတ်ဆက်စာအုပ်ကိုသာ ချန်ထားခဲ့သည်။
ထို့နောက် သူသည် နောက်ထပ်လက်ဖက်ရည်တစ်ခွက်ကိုထပ်မံ၍ငှဲ့ကာ ထိုမိတ်ဆက်စာအုပ်ကို ဖတ်နေလေ၏။
ဟွမ်ကျန်း အဆင်ပြေသည်ကိုကြားချိန်တွင် လူအိုကြီးကျန်းတို့လူစုသည် အနည်းငယ်စိတ်သက်သာရာရသွားသကဲ့သို့ ခံစားမိသည်။သို့ရာတွင် ပိုင်ကျင်းသည် ဟွမ်ကျန်း၏ပိုင်ဆိုင်မှုများကို တစ်ခုပြီးတစ်ခုဖျက်ဆီးလိုက်သည့်အပြင် သူ စကားပြောဆိုသောလေသံကို နားထောင်ပြီးနောက် သူတို့အားလုံး စိတ်သက်တောင့်သက်သာမဖြစ်သကဲ့သို့ ခံစားရသည်။
သို့ရာတွင် အကြွင်းမဲ့ခွန်အားနှင့် ရင်ဆိုင်ရချိန်၌ သူတို့အားလုံး စောဒကတက်နိုင်ခြင်းမရှိချေ။
သူတို့ရှေ့ရှိ ပျောက်ကွယ်မသွားသေးသော ပုံရိပ်ယောင်ကားချပ်ကိုကြည့်ပြီး သူတို့အားလုံး၏စိတ်များ ရှုပ်ထွေးနေကာ ပိုင်ကျင်းပြောဆိုသွားသောစကားများကို မယုံကြည်နိုင်ကြချေ။
"ငါက အတင့်ရဲပြီး မေးပါရစေ...မင်းရဲ့ကျင့်ကြံဆင့်နယ်ပယ်က ဘယ်အဆင့်မှာ ရှိနေလဲ"
ကျန်းလောင်က စကားလုံးလမ်းကြောင်းပြောင်း၍ မေးမြန်းလိုက်သည်။
"အော်..."
စာအုပ်ကိုကြည့်နေသော ပိုင်ကျင်းက သူ၏ခေါင်းကိုမော့၍ ပြောဆိုသည်။
"မင်းတို့ဒီနေရာမှာ သတ်မှတ်ထားတဲ့အတိုင်းဆိုရင် ငါ့ရဲ့ကျင့်ကြံဆင့်က အစစ်အမှန်အင်မော်တယ် ကိုးဆယ့်ကိုးဆင့်ကို ကျော်လွန်နေပြီ"
"ဘာ..."
ဤတစ်ကြိမ်တွင် လူအိုကြီးကျန်းတို့လူစုသည် သူတို့၏အောက်မေးရိုးများ အောက်သို့ပြုတ်ကျလုမတက် ထိတ်လန့်တုန်လှုပ်သွားသည်။လူအိုကြီးကျန်းသည် တုန်တုန်ရီရီဖြင့် သူ၏တောင်ဝှေးကို ဆုပ်ကိုင်လိုက်၏။
"မင်း...မင်း...မင်းက နတ်ဘုရားတစ်ပါးလား"
လူအိုကြီးကျန်းက ထိတ်လန့်တုန်လှုပ်စွာဖြင့် မေးမြန်းလိုက်သည်။
ပိုင်ကျင်းက ပြုံးလိုက်သည်။ဤသည်မှာ သူ ပထမဆုံးအကြိမ် ပြုံးလိုက်ခြင်းပင်။
"မင်းတို့ ပုံရိပ်ယောင်ကားချပ်ကို ထပ်ပြီးကြည့်လိုက်အုံး"
"ဒီဂြိုလ်ရဲ့နောက်မှာ တခြားဂြိုလ်တွေ ရှိနေတယ်"
ကျန်းလောင်လို့လူစုသည် ပုံရိပ်ယောင်ကားချပ်ကိုကြည့်လိုက်ကြရာ အမှန်တကယ်ကိုပင် ဤဂြိုလ်၏နောက်၌ တခြားဂြိုလ်အမြောက်အများရှိနေသည်ကို မြင်တွေ့မိသည်။
"အဲဒီဂြိုလ်တွေက တကယ်တော့ မင်းတို့ညအချိန်မှာ မြင်နေရတဲ့ ကြယ်တွေပဲ"
"ဒီဂြိုလ်တွေကို စုပေါင်းပြီးတော့ စကြာဝဠာလို့ခေါ်တယ်"
ထိုသို့ပြောဆိုပြီးနောက် ပိုင်ကျင်းသည် မြေပုံကိုအောက်သို့ချကာ မိုးကောင်းကင်ယံထံသို့မော့ကြည့်လိုက်သည်။
"နတ်ဘုရားက ဒီစကြာဝဠာရဲ့အလွန်မှာ ရှိနေတယ်"
"ငါတို့ရဲ့ဂြိုလ်ပေါ်မှာ ဘယ်သူက နတ်ဘုရားလို့ခေါ်ရဲလဲ...ဘယ်သူက နတ်ဘုရားလို့ ခေါ်ခံရဖို့ထိုက်တန်လို့လဲ"
"မင်းတို့ပြောနေတဲ့ အစစ်အမှန်အင်မော်တယ် အဆင့်ကိုးဆယ့်ကိုး ကျင့်ကြံသူတွေက ဘာကောင်တွေမလို့လဲ...ဒါက ငါ အပိုပြောတာမဟုတ်ဘူး...မင်းတို့ ကျင့်ကြံဆင့်နယ်ပယ်တွေလို့ ယူဆထားတဲ့အရာတွေတောင် မင်းတို့ဟာမင်းတို့ သတ်မှတ်ထားကြတာ မဟုတ်လား"
ထိုစကားလုံးများ ကျရောက်လာချိန်တွင်....
လူအိုကြီးကျန်းတို့လူစုသည် လျှပ်စီးမိုးကြိုးဖြင့်ရိုက်ခတ်ခံရသည့်အလား တောင့်တင်းသွားသည်။
ဤသည်မှာ သူတို့၏မူလအသိအမြင်များကို တဖန်ထပ်၍ ပြောင်းပြန်လှန်လိုက်သည့်အလားပင်။
"မဖြစ်နိုင်ဘူး...ဒါက မဖြစ်နိုင်ဘူး"
လူအိုကြီးကျန်းက သူ၏ခေါင်းကိုခါယမ်း၍ ပြောဆိုသည်။
"ငါတို့ရဲ့နယ်မြေကြီးကိုးခုကို ထိပ်သီးတည်ရှိမှုကြီးရှစ်ယောက်က ဖန်တီးခဲ့တာ....ငါတို့ရဲ့ ကျင့်ကြံဆင့်နယ်ပယ် သတ်မှတ်ချက်တွေကလည်း ထိပ်သီးတည်ရှိမှုကြီးရှစ်ယောက်ကနေ လက်ဆင့်ကမ်းဆင်းသက်လာခဲ့တယ်...အစစ်အမှန်အင်မော်တယ် ကိုးဆယ့်ကိုးဆင့်ကို ကျော်လွန်ပြီးတဲ့နောက်မှာ သူတို့က အထက်ဘုံကို တက်လှမ်းသွားကြပြီ...ဒါက မင်းတို့လိုလူငယ်လေးတွေ သိနိုင်တဲ့ ကိစ္စတစ်ခုမဟုတ်ဘူး...ဘယ်လိုလုပ်ပြီးတော့ မင်းတို့က ဒီစကားတွေကို ပြောနိုင်ရတာလဲ"
"ထိပ်သီးတည်ရှိမှုကြီးရှစ်ယောက်...လင်းကျိုး ..ချန်ယု...."
ပိုင်ကျင်းက စာအုပ်ကိုပြန်ဖွင့်ကာ သူ၏လက်ညှိုးဖြင့်ထောက်ပြီး တီးတိုးရေရွတ်လိုက်သည်။
"ဒါကြောင့် ဒီနာမည်တွေကိုကြည့်ရတာ ငါ အရမ်းရင်းနှီးနေတာပဲ...အခုကြည့်ကြည့်တော့မှ ဒါက သူတို့ ဖြစ်နေတာပါလား"
"သူတို့က....ငါတို့နယ်မြေရဲ့ဂိုဏ်းတစ်ဂိုဏ်းက အပြင်စည်းတပည့်တွေပဲ ..တကယ်လို့ ငါ ခန့်မှန်းတာမှန်မယ်ဆိုရင် မင်းတို့က သူတို့လှည့်စားတာကို ခံခဲ့ရတာပဲ"
"သူတို့ရဲ့ခွန်အားတွေနဲ့ကိုက်ညီတဲ့ ရည်ရွယ်ချက်ကိုပြောမယ်ဆိုရင် သူတို့လိုအပ်တာက မင်းတို့ရဲ့ယုံကြည်မှုစွမ်းအားတွေ ဖြစ်နေမှာကို ငါ စိုးရိမ်မိတယ်"
"ငါတို့လှည့်စားခံရတာလို့ မင်း ပြောလိုက်တာလား"
လူအိုကြီးကျန်း၏မျက်နှာသည် လျှပ်စီးမိုးကြိုးဖြင့် ရိုက်ခတ်ခံရသည့်အလား ဖြူရော်သွားသည်။
တခြားလူများသည်လည်း မယုံကြည်နိုင်ကြချေ။
သို့ရာတွင် လက်ရှိနေရာ၌ရှိနေသူများအနက် မည်သူတစ်ဦးတစ်ယောက်မျှ အရူးမဟုတ်ချေ။
ဤကိစ္စများသည် အခြေအမြစ်မရှိဘဲ ထွက်ပေါ်လာနိုင်ခြင်းမရှိပေ။ထိုသို့မဟုတ်ပါက ပိုင်ကျင်းတို့လူစုသည် ဤကိစ္စများကို သူတို့အား ပြောဆိုနိုင်မည် မဟုတ်ချေ။
ဤတစ်ကြိမ်၌ သူတို့အားလုံး အလွန်စိတ်ရှုပ်ထွေးသွားသည်။
တစ်ဖက်တွင် သူတို့ငယ်ရွယ်စဉ်ကလေးဘဝမှ အရွယ်ရောက်သည်အထိ နက်ရှိုင်းစွာအမြစ်တွယ်ခဲ့သော အသိအမြင်များရှိနေသည်။
တခြားတစ်ဖက်တွင် သူတို့သည် ပိုင်ကျင်း၏စကားများအတွင်း၌ ဟာကွက်အနည်းငယ်ကိုပင် ရှာမတွေ့ခဲ့ချေ။
"တကယ်လို့ မင်းတို့မယုံဘူးဆိုရင် ဒီအကြောင်းကို စဉ်းစားကြည့်စမ်း...ငါတို့တွေက ဘယ်လိုလုပ်ပြီးတော့ တူညီတဲ့ဘာသာစကားကို ပြောနိုင်တာလဲ"
ပိုင်ကျင်းက အေးအေးလူလူလေသံဖြင့် ပြောဆိုသည်။
ထိုစကားလုံးများ ကျရောက်လာချိန်တွင် လူအိုကြီးကျန်းတို့လူစုသည် နေရာမှာပင် ကြက်သေသေသွားလေ၏။
ထို့နောက် သူတို့အားလုံး အလွန်အမင်းထိတ်လန့်တုန်လှုပ်သွားသည်။
အကယ်၍ တူညီသောလောကအတွင်းတွင် ရှိမနေပါကာ မည်သည်ကြောင့် တူညီသောဘာသာစကားမျိုး ရှိနေသနည်း။
"မဟုတ်ဘူး...မဟုတ်ဘူး...ဒါက မဖြစ်နိုင်ဘူး"
"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"
အကြီးအကဲကျန်းတို့လူစု၏မျက်နှာများပေါ်တွင် စိတ်မအေးသောအမူအယာများ ရှိနေသည်။သူတို့၏ယုံကြည်ချက်များကို ပြင်းထန်စွာထိခိုက်သွားသဖြင့် သူတို့၏စိတ်နှလုံးသားကို ထိုးနှက်ခံရသည့်အလား ခံစားနေရသည်။
"ပိုင်ကျင်း...မင်း ဘာလို့ ဒီလောက်ထိ ရှည်ရှည်ဝေးဝေးပြောနေတာလဲ...သူတို့ ယုံယုံမယုံယုံ ဘာအရေးကြီးလို့လဲ"
ထိုအချိန်မှာပင် တခြားလူငယ်တယောက် လျှောက်လှမ်းလာကာ စိတ်မရှည်စွာဖြင့်ပြောဆိုသည်။
"ငါတို့ ဒီနေရာကိုလာတာက နယ်မြေတစ်ခုရှာဖို့ပဲ...ဒီရေတွင်းအောက်ခြေက ဖားသူငယ်တွေကို သိပ္ပံအသိပညာတွေ သင်ပေးဖို့မဟုတ်ဘူး"
ထိုသို့ပြောဆိုပြီးနောက် ထိုလူငယ်သည် လူအိုကြီးကျန်းတို့လူစုကိုကြည့်ကာ ပြောဆိုသည်။
"အခုချိန်ကနေစပြီးတော့ ဒီနယ်မြေတွေအားလုံးကို ငါတို့ လွှဲပြောင်းယူမယ်...မင်းတို့ဒေသခံတွေ အသက်ရှင်သန်နိုင်ဖို့အတွက် နယ်မြေငယ်လေးတစ်ခုပေးမယ်...မင်းတို့က ဒါကို ချွင်းချက်မရှိ လက်ခံရမယ်"
"မဖြစ်နိုင်ဘူး"
လူအိုကြီးကျန်း၏မျက်နှာ အေးစက်တင်းမာသွားသည်။
ဤသည်မှာ သူတို့အား ပြောင်ပြောင်တင်းတင်း ရန်စစော်ကားခြင်းမဟုတ်လော...
"မဖြစ်နိုင်ဘူးလား"
"လူအိုကြီး...မင်း ခုထိ အခြေအနေကို မသိသေးဘူးလား"
ထိုလူငယ်က သရော်တော်တော်ပြောဆိုသည်။
"မင်းတို့ နယ်မြေကြီးကိုးခုလို့ ခေါ်နေတဲ့ နေရာတွေက လူတွေအားလုံး ပေါင်းလိုက်ရင်တောင်...ခုဏက ပိုင်ကျင်းသတ်လိုက်တဲ့ အဆင့်နိမ့်နတ်ဆိုးကိုတောင် ရင်မဆိုင်နိုင်မှာကို ငါ စိုးရိမ်မိတယ်...မင်းက ငါ့ရဲ့စကားကို ငြင်းဆန်ဖို့အတွက် ယုံကြည်ချက်တွေ ဘယ်နေရာက ရလာတာလဲ"
Chapter 804
"မင်း...."
ကျန်းလောင် ရှုံးထန်းနှင့်တခြားလူများသည် ဒေါသတကြီးဖြင့် စကားပြောဆိုလိုက်သောလူငယ်ကို စူးစိုက်၍ကြည့်လိုက်သည်။
"ကျောက်ဂူ...မင်း ဘာလို့ ဒီလောက်ထိ စိတ်မရှည်ဖြစ်နေတာလဲ"
တခြားတစ်ဖက်တွင်ရှိနေသော ပိုင်ကျင်းက အေးအေးလူလူလေသံဖြင့် ပြောဆိုသည်။
"တကယ်လို့ မင်းက သူတို့ရဲ့အသိအမြင်တွေကို ပြောင်းလဲချင်တယ်ဆိုရင် နည်းနည်းတော့စိတ်ရှည်ဖို့လိုတယ်...မင်း ဘာလို့ လက်ဖက်ရည်တစ်ခွက်သောက်ပြီး စောင့်မနေတာလဲ"
"ဟမ့် ပိုင်ကျင်း....ငါ့ရှေ့မှာလာပြီး သူတော်ကောင်းယောင်ဆောင်မနေစမ်းနဲ့...မင်း စိတ်ရှည်တယ်ဆိုရင်လည်း သူတို့နဲ့အတူအဖော်လုပ်ပြီး ဆက်ပြောနေတော့...ငါ့မှာ အချိန်ပိုမရှိဘူး"
ကျောက်ဂူက အေးစက်စက်နှာတစ်ချက်မှုတ်ပြီး ပြောဆိုသည်။
"ဒီတကြိမ်မှာ ငါက နေရာသစ်ကို ကောင်းကောင်းလေး သွားကြည့်ချင်တယ်...ငါက ကောင်းတာတစ်ခုခုကို ရှာတွေ့ကောင်းရှာတွေ့နိုင်မှာပါ"
ထိုစကားကိုပြောပြီးနောက် ကျောက်ဂူ၏နှုတ်ခမ်းထောင့် မြင့်တက်သွားကာ စိတ်ဝိညာဉ်လှေပျံပေါ်မှ ပျံသန်းသွားတော့သည်။
ထိုမြင်ကွင်းကိုကြည့်ပြီး ကြွင်းကျန်သော လူငယ်အမျိုးသားနှင့်အမျိုးသမီးများသည်လည်း ကျောက်ဂူ၏နောက်သို့ လိုက်လံ၍ပျံသန်းသွားကြသည်။
"ကျွတ် ကျွတ်...ဒီနေရာက တကယ့်ကို အားနည်းတာပဲ"
"တကယ်လို ငါ လက်ဝါးတချက်ရိုက်ထုတ်လိုက်ရင်တောင် ဒီနေရာမှာရှိတဲ့ လူတွေအများကြီး သေသွားမှာကို ငါ စိုးရိမ်မိတယ်"
"ဟား ဟား ဟား...ဒါဆိုရင်လည်း မင်း ကြိုးစားကြည့်လေ"
"ဒါပေမဲ့ ဒီနေရာရဲ့လေထုက တကယ့်ကိုလတ်ဆတ်တယ်"
"ငါက လေကောင်းလေသန့်နဲ့ ပတ်သက်ပြီးတော့ ဂရုမစိုက်ဘူး...ဒါပေမဲ့ ငါက အသုံးဝင်တဲ့ လူသားဆေးမီးဖိုလေးတွေရှိမရှိ ရှာချင်တယ်"
ထိုမြင်ကွင်းကိုကြည့်ပြီး ကျန်းလောင်တို့လူစုသည် စိုးရိမ်ပူပန်သွားကာ ထိုလူငယ်များအား ဟန့်တားလိုကြသည်။သို့ရာတွင် သူတို့၏ခွန်အားဖြင့် ထိုလူငယ်များကို ဟန့်တားရန်နေနေသာသာ လူငယ်များ၏အရှိန်အဝါများကိုပင် အာရုံခံနိုင်ခြင်းမရှိချေ။ကျောက်ဂူတို့သည် အရိပ်အယောင်ပင် မကျန်ရှိတော့ဘဲ ပျောက်ကွယ်သွားလေ၏။
"မင်းတို့ စိုးရိမ်ပူပန်ဖို့ မလိုဘူး"
"အကြောင်းကတော့ တကယ်လို့ မင်းတို့က သူတို့ကို တားဆီးချင်တယ်ဆိုရင်တောင်...မင်းတို့ တားဆီးနိုင်မှာ မဟုတ်လို့ပဲ"
ပိုင်ကျင်းက ပေါ့ပေါ့ပါးပါးပြောဆိုသည်။
"မင်းတို့တွေက ဘာလိုချင်တာလဲ"
လူအိုကြီးကျန်းက သုန်မှုန်နေသောမျက်နှာဖြင့် ပြောဆိုလိုက်၏။
"ငါ ပြောပါ့မယ်...မင်းတို့ စိတ်ရှည်ရှည်ထားကြစမ်းပါ"
ပိုင်ကျင်းသည် လက်ဖက်ရည်တစ်အိုးကို ထပ်မံ၍ဖျော်စပ်ပြီးနောက် တစ်ချိန်တည်းမှာပင် သူက ဖြည်းညှင်းသောလေသံဖြင့် ပြောဆိုသည်။
"ငါလည်း အဲ့ဒီကောင်တွေကို မကြိုက်ဘူး...သူတို့ထဲမှာ ငါက စိတ်အရှည်ဆုံးလူပဲ"
"ဒါကြောင့် ငါက ဒီနေရာမှာကျန်ခဲ့ပြီးတော့ မင်းတို့ရဲ့သံသယတွေကို တစ်ခုပြီးတစ်ခု ဖြေရှင်းပေးမယ်"
လူအိုကြီးကျန်းတို့လူစုသည် ပိုင်ကျင်းကို ကြည့်လိုက်ကြ၏။
"ငါ မင်းတို့ကို အရင်ဆုံးရှင်းပြချင်တာကတော့ အစစ်အမှန်ကျင့်ကြံဆင့်နယ်ပယ်တွေရဲ့အကြောင်းပဲ"
"အစစ်အမှန်ကျင့်ကြံဆင့်နယ်ပယ်က ပဉ္စမလူသားနယ်ပယ်နဲ့စတင်တယ်...အဲ့ဒီပဉ္စမလူသားနယ်ပယ်ကို နယ်ပယ်ကြီးငါးခု ပိုင်းခြားထားတယ်....အဲ့ဒီနယ်ပယ်ရဲ့အထက်မှာတော့ ကပ်ဘေးကိုးကြိမ်နယ်ပယ်ရှိတယ်...ကပ်ဘေးကိုးကြိမ်နယ်ပယ်ရဲ့အထက်ကတော့ တာအိုကြေးမုံနယ်ပယ်ပဲ"
လက်ဖက်ရည်ကို တစ်ငုံငုံ၍သောက်ပြီးနောက် ပိုင်ကျင်းက နယ်မြေကြီးကိုးခုမိတ်ဆက်စာအုပ်ကို တဖန်ထပ်၍ဖွင့်လိုက်သည်။
"ပဉ္စမလူသားနယ်ပယ်ဆိုတာ...မင်းတို့က အခြေခံခန္ဓာကိုယ်သန့်စင်ခြင်းတွေကို ကျော်ဖြတ်ပြီးတဲ့နောက်မှာ မင်းတို့က ပဉ္စမလူသားနယ်ပယ်ကို ရောက်သွားပြီ...ပဉ္စမလူသားနယ်ပယ်ကို အဆင့်ငါးဆင့် ပိုင်းခြားထားတယ် ...အဲ့ဒီပဉ္စမလူသားနယ်ပယ်က မင်းတို့သတ်မှတ်ထားတဲ့အရာဆိုရင် လူသားအင်မော်တယ်နယ်ပယ်လို့ခေါ်တဲ့အရာထက် မပိုဘူး...ဒါက ငါ ယေဘူယျအနေနဲ့ ပြောတာပဲ"
"ကပ်ဘေးကိုးကြိမ်နယ်ပယ်...ဒါက စုစုပေါင်း ကပ်ဘေးကိုးကြိမ်ကို ကျော်ဖြတ်ရပြီးတော့ နယ်ပယ်ကြီးကိုးခုရှိတယ်...မင်းတို့ရွှမ်အင်မော်တယ်လို့ခေါ်တဲ့အရာတွေက ပထမကပ်ဘေးနယ်ပယ် ပထမအဆင့်ဖြစ်နိုင်တယ်...ဒါကြောင့်မင်းတို့ ရွှမ်အင်မော်တယ်ရဲ့ကောင်းကင်ဘုံကပ်ဘေးလို့ခေါ်တဲ့အရာက ပထမကပ်ဘီးနယ်ပယ်ရဲ့သေးငယ်တဲ့ ကောင်းကင်ဘုံကပ်ဘေးတစ်ခုပဲ ....ဒီကပ်ဘေးနယ်ပယ်ထဲမှာ မင်းတို့သတ်မှတ်ထားတဲ့ ရွှမ်မော်တယ်ကနေ အစစ်အမှန်အင်မော်တယ်ကိုးဆယ့်ကိုးဆင့်ထိပါနေတယ်...ဒါကြောင့် အစစ်အမှန်အင်မော်တယ် ကိုးဆယ့်ကိုးဆင့်အရောက်မှာ ကောင်းကင်ဘုံနတ်ဘုရားကပ်ဘေးလို့ မင်းတို့ပြောနေတဲ့အရာက တကယ်တော့ ကပ်ဘေးနယ်ပယ် ဒုတိယအဆင့်ပဲ...မင်းတို့ရဲ့ကျင့်ကြံဆင့်နယ်ပယ်တွေက လမ်းလွဲနေတဲ့သတ်မှတ်ချက်တွေကို အခြေခံထားတာပဲ... တခြားစကားပြောင်းပြီး ပြောရမယ်ဆိုရင် ဒါကဒုတိယကပ်ဘေးနယ်ပယ်ပဲ ရှိသေးတယ်...ဒါကြောင့် မင်းတို့ရဲ့မျက်လုံးထဲမှာ ဒုတိယကပ်ဘေးနယ်ပယ်ကို ဖြတ်ကျော်သွားနိုင်တဲ့ ကျင့်ကြံသူတွေကို နတ်ဘုရားလို့ ခေါ်နေကြတာပဲ"
ထိုသို့ပြောဆိုပြီးနောက် ပိုင်ကျင်း၏မျက်နှာပေါ်တွင် အဓိပ္ပါယ်တချို့ရှိသောအပြုံးမျိုး ထင်ဟပ်လာသည်။
"ကပ်ဘေးနယ်ပယ်ပြီးတဲ့နောက်မှာ တာအိုကြေးမုံနယ်ပယ်ရှိတယ်...တာအိုကြေးမုံနယ်ပယ်ကို နယ်ပယ်ကြီးလေးခု ခွဲခြားထားတယ်...တာအိုထိတွေ့ခြင်း တာကိုပေါင်းစပ်ခြင်း တာအိုပေါင်းစည်းခြင်းနဲ့ တာအိုသက်သေထူခြင်းတို့ပဲ"
"ဒီကျင့်ကြံဆင့်နယ်ပယ်တွေကိုတော့ ငါက မင်းတို့ကိုရှင်းပြဖို့ မလိုလောက်ဘူး...ဘယ်လိုပဲဖြစ်ဖြစ် ဒါတွေက မင်းတို့နဲ့အလှမ်းကွာဟတယ်"
ပိုင်ကျင်း၏ရှင်ပြချက်များကို နားထောင်ပြီးနောက်...
လူအိုကြီးကျန်း ရှုံးထန်းနှင့်တခြားလူများသည် ကြက်သေသေသွားလေ၏။
သူတို့၏မျက်နှာများပေါ်တွင် မယုံကြည်မှုများ ထင်ဟပ်နေသည်။အကယ်၍ ဤကိစ္စသာအမှန်ဖြစ်ပါက သူတို့၏ဘုံသည် အလွန်သေးငယ်သောနေရာလေးတစ်နေရာပင်။
"မင်းတို့ယုံယုံမယုံယုံ ဒါက မင်းတို့ရဲ့ကိစ္စပဲ"
ပိုင်ကျင်းက ပေါ့ပေါ့ပါးပါးအပြုံးနှင့် ပြောဆိုသည်။
"ငါက မင်းတို့ကို အနက်ရောင်မြူခိုးတွေရဲ့မူရင်းဇစ်မြစ်နဲ့ပတ်သက်ပြီးတော့ ပြောပြမယ်"
"ဒါက စကြာဝဠာထဲကနေ ပြုတ်ကျလာတဲ့ ညစ်ညမ်းစေတဲ့ လက်ပြတ်တစ်ချောင်းကြောင့် ဖြစ်လာတာပဲ...တိမ်တိုက်ကြယ်နယ်မြေတစ်ခုလုံးမှာ နေရာအနည်းစုကလွဲပြီးတော့ တခြားနေရာတွေအားလုံးက အနက်ရောင်မြူခိုးတွေရဲ့တိုက်စားတာကို ခံရတယ်"
ပိုင်ကျင်းက ပေါ့ပေါ့ပါးပါးပြောဆိုသည်။
"ငါတို့ ဒီကိစ္စကို သိထားပြီးပြီ...မင်း ထပ်ပြောဖို့မလိုတော့ဘူး"
လူအိုကြီးကျန်းက သူ၏ခေါင်းကိုမော့ကာ ချေပပြောဆိုသည်။
ပိုင်ကျင်းက ပေါ့ပေါ့ပါးပါးအပြုံးနှင့် တုံ့ပြန်သည်။
"မင်းတို့ ဒီကိစ္စကိုသိတယ်ဆိုတာ အံ့အားသင့်စရာမရှိဘူး...ဒါပေမဲ့ ဒီကိစ္စကို မင်းတို့ ဘာလို့သိနေတာလဲဆိုတာ တွေးကြည့်ခဲ့ဖူးလား"
လူအိုကြီးကျန်းတို့လူစုသည် ကြက်သေသေသွားလေ၏။
သူတို့သည် ဤကိစ္စကို တိတိကျကျမသိရှိထားဘဲ ဒဏ္ဍာရီတစ်ပုဒ်အဖြစ်သာ ကြားဖူးခဲ့ခြင်းဖြစ်သည်။
"ဒါက မင်းတို့ရဲ့အရှင်သခင်တွေက မင်းတို့ကိုသိစေချင်လို့ပဲ"
ပိုင်ကျင်းက ပြောဆိုသည်။
"အကြောင်းအရင်းကိုတော့ ပြောဖို့ခက် တယ်...ဒါပေမဲ့ မင်းတို့လက်လျှော့သင့်တယ်လို့ငါ တွေးမိတာကြောင့် ငါက မင်းတို့ကို အမှန်တရားတွေ နည်းနည်းပြောပြခဲ့တာပဲ"
"မဟုတ်ဘူး...တကယ်လို့ မင်းပြောတဲ့အတိုင်းဆိုရင် ထိပ်သီးတည်ရှိမှုကြီးရှစ်ယောက်က အသက်ရှင်နေတုန်းပဲ ဖြစ်နေမှာမဟုတ်လား"
ရှုံးထန်းက ထိုအချက်ကိုဆုပ်ကိုင်၍ ချေပလိုက်သည်။
"ငါတို့နယ်မြေကြီးကိုးခုကို လွန်ခဲ့တဲ့ နှစ်သန်းနဲ့ချီအကြာက ဖန်တီးခဲ့တာ...အဲ့ဒီလိုဆိုရင် သူတို့က နှစ်သန်းနဲ့ချီပြီးတော့ အသက်ရှင်သန်နိုင်တယ်လို့ ဆိုလိုနေတယ်မဟုတ်လား"
"အဲ့ဒီထက်တောင် ပိုပြီးအသက်ရှည်နေနိုင်တယ်"
ပိုင်ကျင်းက ပြောဆိုသည်။
"လင်းကျိုး ချန်းယုနဲ့တခြားလူတွေက နာမည်ကျော်ကြားတဲ့ တည်ရှိမှုကြီးတွေပဲ...သူတို့က မင်းတို့နယ်မြေကြီးကိုးခုလို့ခေါ်တဲ့နေရာကို ဖန်တီးခဲ့တဲ့အချိန်မှာ သူတို့ရဲ့ကျင့်ကြံဆင့်က တာအိုပေါင်းစပ်ခြင်းနယ်ပယ်မှာ ရှိနေတယ်"
"တာအိုပေါင်းစပ်ခြင်းနယ်ပယ်ကနေ တာအိုပေါင်းစည်းခြင်းနယ်ပယ်ကို တက်လှမ်းဖို့အတွက် လိုအပ်တာက ယုံကြည်မှုစွမ်းအားပဲ...ဒါကြောင့် သူတို့တွေက နယ်မြေကြီးကိုးခုကိုဖန်တီးခဲ့တယ်...ဒါ့ပြင် သူတို့က မင်းတို့ကို ပိတ်လှောင်ထားဖို့အတွက် နယ်နမိတ်နံရံကိုလည်း ဖန်တီးခဲ့တယ်"
"ဒါပေမဲ့ ဒီနယ်နမိတ်နံရံတွေက မင်းတို့ကို လှောင်အိမ်တစ်ခုထဲမှာ လှောင်ပိတ်ထားသလို ဖြစ်သွားတယ်ဆိုပေမယ့် မင်းတို့ကို ကာကွယ်ပေးထားတယ်လို့လည်း ပြောလို့ရတယ်...အဲ့ဒီလိုမဟုတ်ရင် ဒီနေရာကို တခြားလူတွေက သိမ်းပိုက်သွားတာ အချိန်အတော်ကြာနေလိုက်ပြီ"
ထိုစကားကိုပြောဆိုရင်း ပိုင်ကျင်းသည် သူ၏လက်အတွင်းရှိစာအုပ်ကိုပိတ်ကာ လူအိုကြီးကျန်းတို့လူစုကို ထပ်မံ၍ကြည့်လိုက်သည်။
"ငါတို့ ဒီနေရာကို ဘာအတွက် လာရလဲဆိုတာကတော့..."
"အနက်ရောင်မြူခိုးတွေကြောင့်ပဲ...အကန့်အသတ်ရှိနေတဲ့ နယ်မြေတွေနဲ့အရင်းအမြစ်တွေက လူတွေအများကြီး အသက်ရှင်သန်ဖို့နဲ့နေထိုင်ဖို့အတွက် မလုံလောက်ဘူး..ဒါကြောင့် လူတွေနေထိုင်လို့ရတဲ့ နေရာသစ်တွေကိုရှာဖို့က ထိပ်သီးဦးစားပေးကိစ္စ ဖြစ်လာခဲ့တယ်"
"ဒါကြောင့် အဲ့ဒီကိစ္စက ငါတို့ရဲ့တာဝန်ဖြစ်လာခဲ့တာပဲ....ငါတို့က လွန်ခဲ့တဲ့ဆယ်နှစ်ကျော်အကြာတုန်းက ခရီးစထွက်ခဲ့ပြီးတော့ ပျက်စီးနေတဲ့စိတ်ဝိညာဥ်လှေပျံရဲ့အကူအညီနဲ့ အနက်ရောင်မြူခိုးတွေကြားမှာ ဦးတည်ရာမဲ့ ရှာဖွေခဲ့ရတယ် ...ဒီနေ့ ငါတို့က မင်းတို့ကို ရှာတွေ့တဲ့အချိန်အထိပဲ"
"ငါတို့ ဒီနေရာကို ရှာတွေ့ခဲ့တာကြောင့် ငါတို့နှစ်ဖက်လုံးအတွက် အကျိုးကျေးဇူးရနိုင်တဲ့ အခြေအနေတစ်ခု ဖြစ်သွားပြီ"
"ငါတို့က နယ်မြေသစ်တစ်ခုကို ရှာတွေ့ခဲ့တယ်...မင်းတို့ကတော့ အကာအကွယ်ပေးခံရမယ်"
ထိုသို့ပြောဆိုပြီးနောက် ပိုင်ကျင်းက ပေါ့ပေါ့ပါးပါးအကြည့်ဖြင့် လူအိုကြီးကျန်းတို့လူစုကို ကြည့်လိုက်သည်။
"ဒါက ကျူးကျော်မှုတစ်ခုဖြစ်နေတယ်လို့ မင်း မထင်ဘူးလား"
ကျန်းလောင်က သုန်မှုန်နေသောမျက်နှာအမူအယာဖြင့် မေးမြန်းသည်။
"ဒါက မင်းတို့ ဘယ်လို နားလည်သဘောပေါက်လဲဆိုတာပေါ် မူတည်တယ်"
ပိုင်ကျင်းက တုံ့ပြန်သည်။
"ငါတို့ငြင်းဆန်ရင် ဘာဖြစ်လာမှာလဲ"
ရှုံးထန်းက တည်ကြည်လေးနက်စွာဖြင့် မေးမြန်းသည်။
"မင်းတို့ ငြင်းလို့ရမှာ မဟုတ်ဘူး"
ပိုင်ကျင်းက သူ၏ခေါင်းကိုမော့၍ ပြောဆိုသည်။
"ကျောက်ဂူရဲ့စကားတွေက နားဝင်မချိုဘူးဆိုပေမယ့် သူ ပြောတာမမှားဘူး"
"မင်းတို့ရဲ့နိမ့်ပါးတဲ့စွမ်းအားတွေနဲ့ ဘယ်လိုပဲဖြစ်ဖြစ် မင်းတို့ရဲ့နယ်မြေကြီးကိုးခုကို ထိန်းသိမ်းထားနိုင်မှာမဟုတ်ဘူး...နယ်နမိတ်နံရံရဲ့ချိတ်ပိတ်ထားမှုရှိနေရင်တောင် နှစ်ဝက်အတွင်းမှာ ပြိုလဲပျက်စီးသွားလိမ့်မယ်"
"ငါ ခုဏကသတ်ခဲ့တဲ့ နတ်ဆိုးအကြောင်းကိုပဲ ပြောကြရအောင်...တကယ်လို့ မင်းတို့နယ်မြေကြီးကိုးခုမှာရှိတဲ့ ကျင့်ကြံသူတွေ စုပေါင်းလိုက်ရင်တောင် အဲ့ဒီကောင်လိုတစ်ကောင်ကိုပဲ သတ်နိုင်မှာကို ငါ စိုးရိမ်မိတယ်...ဒါပေမဲ့ အဲ့ဒီနတ်ဆိုးတွေရဲ့အရေအတွက်က အကန့်အသတ်မရှိဘူး"
"ဒါကြောင့် ငါတို့က မင်းတို့ကို ဖိအားမပေးပေမယ့်....မင်းတို့ ဒီကိစ္စကို လက်ခံရလိမ့်မယ်"
"အမှန်တော့ ငါတို့လည်း ဒီနယ်မြေကိုလိုအပ်နေတယ်"
"အကြောင်းကတော့ မင်းတို့နယ်မြေက နိမ့်ပါးနေတယ်ဆိုပေမယ့် အနည်းဆုံးတော့ လူသားတွေအသက်ရှင်ဖို့ ဖြစ်နိုင်သေးတယ်"
လူအိုကြီးကျန်းတို့လူစု၏မျက်နှာအမူအယာများ ပျက်ယွင်းသွားသည်။
သူတို့သည် နေရာမှာပင်မတ်တတ်ရပ်နေကာ မည်ကဲ့သို့ပြုလုပ်ရမည်ကို မသိတော့ချေ။
ယနေ့တွင် ပိုင်ကျင်းပြောဆိုခဲ့သော စကားများ၏သက်ရောက်မှုသည် အလွန်ကြီးမားသဖြင့် သူတို့သည် အချိန်အတော်ကြာသည့်တိုင် မည်ကဲ့သို့ ချေဖျက်ရမည်ကို မသိတော့ချေ။
အချိန်အတော်ကြာပြီးနောက်...
လူအိုကြီးကျန်း၏မျက်နှာပေါ်တွင် စိတ်ရှုပ်ထွေးနေသော အမူအယာတစ်ရပ်ထင်ဟပ်လာကာ မေးမြန်းလိုက်သည်။
"တကယ်လို့ ငါတို့က မင်းတို့ပြောတာတွေကို သဘောတူလိုက်မယ်ဆိုရင် ဘာဆက်ဖြစ်မှာလဲ"
"ဒါက ရိုးရှင်းပါတယ်"
ပိုင်ကျင်းက ပေါ့ပေါ့ပါးပါးပြောဆိုသည်။
"ငါတို့က ကူးပြောင်းရေးဝင်္ကပါတစ်ခုကို တည်ဆောက်ပြီးတော့ ငါတို့ရဲ့နယ်မြေမှာရှိတဲ့ လူတွေ ဒီနေရာဆီ ရွှေ့ပြောင်းလာလိမ့်မယ်...ငါတို့ရဲ့လူတွေက ဒီနေရာမှာ စခန်းချပြီးတော့ အုပ်ချုပ်လိမ့်မယ်"
"ငါတို့နယ်မြေကလူတွေ နေရာထိုင်ခင်အလုံအလောက်ရပြီးတော့ မလိုလားအပ်တဲ့ပြဿနာတွေ ဖြစ်မလာဖို့အတွက် မင်းတို့က နယ်မြေကြီးကိုးခုရဲ့သုံးပုံနှစ်ပုံကို ငါတို့အတွက် လက်လွှတ်ပေးရမယ်...ဒါဆိုရင် ငါတို့ကတစ်ဖက်နဲ့တစ်ဖက် မနှောင့်ယှက်ဘဲ ငြိမ်းငြိမ်းချမ်းချမ်းနေနိုင်လိမ့်မယ်"
"တကယ်တော့ ငါတို့က အနက်ရောင်မြူခိုးတွေကို ပိုင်းခြားထားနိုင်တဲ့ နယ်နမိတ်ဝင်္ကပါတစ်ခုကိုလည်း အသစ်ပြန်ပြီးတည်ဆောက်နိုင်တယ်... ဒါ့ပြင် ငါတို့မှာ နတ်ဆိုးသုတ်သင်ရေးအထူးအဖွဲ့ရှိနေတာကြောင့် နတ်ဆိုးတွေကိုသတ်ဖြတ်ပြီးတော့ မင်းတို့နယ်မြေကြီးကိုးခုကလူတွေကို ဘေးကင်းလုံခြုံအောင် ကာကွယ်ပေးနိုင်လိမ့်မယ်"
Chapter 805
"မရဘူး...နယ်မြေကြီးကိုးခုရဲ့သုံးပုံနှစ်ပုံကို ပေးရမယ်ဆိုရင် နယ်မြေကြီးကိုးခုလို့ ဆက်ပြီးခေါ်နိုင်တော့မှာမဟုတ်ဘူး"
လူအိုကြီးကျန်းက သုန်မှုန်နေသောမျက်နှာဖြင့် ပြောဆိုသည်။
"မင်းတို့ရဲ့စိတ်တွေ ပြောင်းလဲသွားမှာပါ"
ပိုင်ကျင်းက ပေါ့ပေါ့ပါးပါးပြုံးပြီးနောက် သူ့၏လက်အတွင်းရှိ နယ်မြေကြီးကိုးခုမိတ်ဆက်စာအုပ်သည် ပြာမှုန်များအဖြစ်သို့ ပြောင်းလဲသွားလေ၏။ထို့နောက် သူ၏လက်ဝါးကို တချက်ဝှေ့ယမ်းလိုက်ခြင်းနှင့်အတူ အားလှိုင်းတစ်ရပ် ထွက်ပေါ်လာသည်။
လူအိုကြီးကျန်းတို့လူစုသည် ရုတ်တရက် သူတို့ခုခံရန်မစွမ်းသော အားလှိုင်တစ်ရပ်မှနေ၍ သူတို့အား စိတ်ဝိညာဥ်လှေပျံပေါ်မှ တွန်းထုတ်လိုက်သည်ကို ခံစားမိသည်။
သူတို့အားလုံး မြေပြင်ပေါ်သို့ရောက်ရှိလာပြီးနောက် အသံပေးပို့ခြင်းစကားတစ်ခွန်းက သူတို့၏နားများအတွင်းသို့ ဝင်ရောက်လာသည်။
"ငါက နောက်တကြိမ် မင်းတို့ ငါ့ဆီလာတွေ့မယ့်အချိန်ကို စောင့်နေမယ်"
သူ၏အသံ၌ ပြင်းထန်သောယုံကြည်ချက်များ ရှိနေသည်။
"ယီးပဲ..."
ချန်းရှင်းတို့လူစု၏ မျက်နှာအမူအယာများ သုန်မှုန်သွားကာ သူတို့၏လက်သီးများကို တင်းတင်းကြပ်ကြပ်ဆုပ်ထားပြီး သူတို့ထံတွင် မလိုလားမှုများဖြင့် ပြည့်နေသည်။
"အကြီးအကဲကျန်း...ငါတို့ ဘာလုပ်ကြမလဲ"
ရှုံထန်းက ကူကယ်ရာမဲ့စွာဖြင့် မေးမြန်းသည်။
"ငါတို့တွေ အရင်ဆုံး မဟာမိတ်အဖွဲ့ရဲ့ဌာနချုပ်ကို ပြန်ကြစို့"
လူအိုကြီးကျန်း၏မျက်နှာပေါ်တွင် ပင်ပန်းနွမ်းနယ်မှုအရိပ်အယောင်များ ထင်ဟပ်လာကာ သူက စိတ်ပျက်လက်ပျက်ဖြင့် ပြောဆိုသည်။
အရိပ်ကျွန်း၌...
ရီဖုန်းသည် ညစဥ်ညတိုင်း ပြင်ပသို့ထွက်ကာနတ်ဆိုးများကို သတ်ဖြတ်နေသဖြင့် တခြားအရေးကိစ္စများကို အာရုံမစိုက်နိုင်တော့ချေ။
ထိုကြောင့် ခြံဝန်းအတွင်း၌...
ပြတင်းပေါက်ဘောင်ပေါ်တွင် ထောင်ထားသော ဆေးဝိုင်အိုးတစ်အိုးကို မည်သူကမျှ ဂရုမစိုက်ကြချေ။
တစ်...
နှစ်...
သုံး...
လေး....
တံခါးကြားမှနေ၍ ခေါင်းလေးလုံး ပြူထွက်လာသည်။
အာ့ဘား အာ့ဘား...
ဝိုင်အရက်အိုးအတွင်းတွင်ရှိနေသော ဦးခေါင်းခွံသည် အောက်မေးရိုးနှင့်အပေါ်မေးရိုးကို ကျယ်လောင်စွာဟထားကာ စိတ်လှုပ်ရှားမှုများဖြင့်ပြည့်နှက်နေသည်။
ထိုမြင်ကွင်းကိုကြည့်ပြီး အရိပ်လေးရိပ်သည် တံခါးမှာနေ၍ ထိုနေရာသို့ အလျှင်အမြန်လျှောက်လှမ်းသွားလိုက်သည်။
ရှူး...
ခွေးက သူ၏လက်ဝါးကိုမြှောက်ကာ နောက်တွင်ရှိနေသော ပုံရိပ်များကို မျက်စပစ်လိုက်၏။
ကြွင်းကျန်သောသတ္တဝါများသည် ခေါင်းညိတ်ပြပြီးနောက် ခွေး၏နောက်သို့လိုက်ကာ ဝိုင်အရက်အိုး၏နံဘေးသို့ လျှောက်လှမ်းသွားလိုက်သည်။
"အစ်ကိုခွေး...ငါတို့ ဘာလုပ်သင့်လဲ"
ညလေးညှင်းကင်းခြေများက မေးမြန်းသည်။
"ငါက ဒီဝိုင်အရက်အိုးထဲကနေ အစ်ကိုကြီးကိုကယ်ဖို့အတွက် နည်းလမ်းတစ်ခုရှာရမယ်"
ခွေးက တည်ကြည်လေးနက်စွာ ပြောဆိုသည်။
"ဒါဆိုရင် ငါတို့ ဘာလုပ်ကြမလဲ"
ကင်းခြေများက ကူကယ်ရာမဲ့စွာဖြင့် မေးမြန်းသည်။
"ငါ ဒီဝိုင်အရက်အိုးကို ခွဲလိုက်ရမလား"
နံဘေးတစ်ဖက်တွင်ရှိနေသော ဝက်ဝံနက်ကြီးက အပြစ်ကင်းစင်သောလေသံဖြင့် မေးမြန်းလိုက်၏။
"မင်းအစ်မကို ခွဲလိုက်ပါလား"
ခွေးသည်ခုန်ထပြီး ဝက်ဝံနက်ကြီး၏ခေါင်းကို ကန်လိုက်သည်။
"မင်း ဘယ်လိုတောင် တွေးလိုက်တာလဲ...ဒါက သခင်ကိုယ်တိုင်လုပ်ထားတဲ့ ဝိုင်အရက်အိုးပဲ ...မင်းက ဒါကိုခွဲမယ်လို့ ပြောလိုက်တာလား...မင်း တကယ်ကြီး သေချင်နေတာလား"
ခွေးက ပြောဆိုသည်။
"အစ်ကိုခွေး...ငါ မှားသွားတယ်...ငါ မှားသွားပါတယ်"
ဝက်ဝံနက်ကြီးသည် သူ၏ခေါင်းကိုကုတ်ကာ ကူကယ်ရာမဲ့စွာဖြင့် ပြုံးလိုက်သည်။
"လာကြစမ်း...အစ်ကိုကြီးကို သခင့်ရဲ့မျက်လုံးအောက်ကနေ ထုတ်ပေးဖို့ဆိုတာ မဖြစ်နိုင်ဘူး ...နည်းလမ်းတစ်ခုပဲ ရှိတော့တယ်...ငါတို့က ဒီဝိုင်အရက်အိုးကိုခိုးပြီးတော့ အဝေးကိုသယ်သွားရမယ်"
ခွေးက တီးတိုးပြောဆိုသည်။ထို့နောက် ဝိုင်အရက်အိုးကို သူ၏လက်နှစ်ဖက်ဖြင့် ကောက်ယူကာ သူ၏နောက်ခြေထောက်ကို မြေပြင်ပေါ်၌ ညင်သာစွာထောက်ပြီး ခြံဝန်းအတွင်းသို့ ထွက်လာခဲ့တော့သည်။
"ပြေးကြ....ပြေးကြစို့...."
ခြံဝန်းအတွင်းသို့ ရောက်ရှိလာပြီးနောက် ခွေးက အလျင်စလိုအော်ဟစ်လိုက်သည်။
"အကိုခွေး...ဘယ်နေရာကို သွားရမှာလဲ"
စိတ်ဝိညာဥ်ဘုရင်သည် ရှေ့ဆုံးမှနေ၍ လမ်းကိုစူးစမ်းရှာဖွေနေရာမှ အော်ဟစ်လိုက်၏။
"မင်း ဘယ်နေရာကိုပဲသွားသွား ပြဿနာမရှိဘူး...ဒီနေရာကနေ ထွက်ပြေးပြီးမှ ထပ်ပြောကြမယ်"
"ကောင်းပြီလေ"
ခွေးတို့တစ်သိုက်သည် အလွန်လျှင်မြန်စွာ ပျံသန်းခဲ့ကြပြီးနောက် မည်မျှထိ ဝေးကွာသောနေရာသို့ သူတို့ပြေးလာခဲ့သည်ကိုပင် မသိကြတော့ဘဲ သဲကန္တာရကြီးတစ်ခုအတွင်းသို့ ရောက်ရှိလာခဲ့သည်။
"ဒီနေရာလောက်ဆိုရင် ရပြီ"
ခွေးက အလျှင်အမြန်ပြောဆိုသည်။ထို့နောက် ဝိုင်အရက်အိုးကို အောက်သို့ချကာ သူတို့လေးကောင်လုံး ဝိုင်းရံ၍ နည်းလမ်းတစ်ခုကိုစတင်၍စဉ်းစားလိုက်သည်။
"ငါ အကြံရပြီ"
ခွေးသည် အံ့တင်းတင်းကြိတ်ပြီးနောက် သူ၏လက်ဝါးကို ဝိုင်အရက်အိုးအတွင်းသို့ထည့်ကာ ဦးခေါင်းခွံကိုကိုင်၍ အထက်သို့ဆွဲထုတ်လိုက်သည်။
သို့ရာတွင် ဦးခေါင်းခွံသည် ဝိုင်အရက်အိုး၏အဝထက် ကြီးနေသည့်အပြင် ခွေး၏လက်ဝါးလည်း ရှိနေသောကြောင့် မည်သို့မျှ ဆွဲထုတ်၍မရချေ။
အချိန်တခဏကြာခန့် ကြိုးစားပြီးနောက် ခွေး၏ခန္ဓာကိုယ်တစ်ခုလုံး ချွေးများရွှဲနစ်သွားကာ လက်လျှော့အရှုံးပေးလိုက်သည်။
"အစ်ကိုခွေး အခုအချိန်မှာ နည်းလမ်းတစ်ခုပဲရှိတော့တယ်"
နံဘေးတစ်ဖက်တွင်ရှိနေသော ကင်းခြေများက ပြောဆိုသည်။
"ငါတို့တွေက သခင့်ရဲ့ဝိုင်အရက်တွေကို အရင်ဆုံးသွန်ထုတ်လိုက်မယ်...ပြီးတော့မှ အစ်ကိုကြီးကို ကယ်ကြရအောင်"
"အကြံကောင်းပဲ"
ခွေးသည် သူ၏လက်ချောင်းများကိုချိုးပြီးနောက် ကင်းခြေများပြောသည့်အတိုင်း လုပ်ဆောင်ရန်ဆုံးဖြတ်လိုက်သည်။
ဤအချိန်အခိုက်အတန့်တွင် ဝိုင်ရနံ့သည် သဲကန္တရကြီးအနီး၌ ပြည့်နှက်သွားတော့သည်။
"ဟမ့် ဒီလိုမျိုး စုတ်ပြတ်သက်နေတဲ့နေရာတစ်ခုမှာ ဘာမှလည်း စိတ်ဝင်စားစရာမရှိဘူး"
မိုးကောင်းကင်ယံအတွင်း၌ ကျောက်ဂူသည် ဖြတ်သန်းသွားသော ကျင့်ကြံသူနှစ်ယောက်ကို ရိုက်သတ်ပြီးနောက် စိတ်မရှည်သောအမူအယာဖြင့် ဆက်လက်၍ပျံသန်းလာသည်။
ရုတ်တရက် သူ၏မျက်လုံးအကြည့် ရွေ့လျားသွားသည်။
ပြင်းထန်သောဝိုင်ရနံ့သည် သူ၏နှာခေါင်းဝကို လာရောက်ရိုက်ခတ်လေ၏။