အခန်း (၈၀၆-၈၁၀)
Vol. 54 Ch. 806-810
Chapter 806
"အမ်...."
"ဒီဝိုင်ရနံ့က နည်းနည်းတော့ စိတ်ဝင်စားဖို့ကောင်းတယ်"
ကျောက်ဂူ၏မျက်လုံးအကြည့် ရွေ့လျားသွားကာ သူ အနည်းငယ်အံ့အားသင့်သွားသည်။
ဤအစုတ်အပြတ်နေရာတွင် သူသည် အချိန်အတော်ကြာ လှည့်လှည်သွားလာနေခဲ့သည့်တိုင် သူ့၏အမြင်အာရုံကို ဖမ်းစားနိုင်သောအရာဟူ၍ တစ်ခုတစ်လေကိုမျှ မတွေ့ခဲ့ချေ။သို့ရာတွင် ယခုလက်ရှိချိန်၌ မွှေးပျံ့သောဝိုင်ရနံ့ကို အနံ့ခံမိမည်ဟု သူ မျှော်လင့်မထားမိချေ။
ဤသည်မှာ အံ့အားသင့်ဖွယ်ကောင်းသော ကိစ္စတစ်ရပ်ပင်။
သူသည် အလျှင်အမြန်အရှိန်မြှင့်ကာ ဝိုင်ရနံ့ထွက်ပေါ်နေသောနေရာသို့ ဦးတည်၍ အပြေးသွားလိုက်သည်။
သဲကန္တာရကြီးအတွင်း၌....
ခွေးတို့တစ်သိုက်သည် ဝိုင်အရက်အိုး အလွတ်တစ်လုံးကို ရှာဖွေပြီးနောက် စတင်၍လှုပ်ရှားလိုက်ကြ၏။
ထို့နောက် မည်သည့်စကားတစ်ခွန်းမျှမဆိုပဲ ဝက်ဝံနက်ကြီးသည် ရီဖုန်း၏ဝိုင်အရက်အိုးကိုကောက်ကိုင်ကာ ဝိုင်အရက်အိုးအလွတ်အတွင်းသို့ လောင်းထည့်လိုက်သည်။
"ဂရုစိုက်ကြဦး...မဖိတ်စေနဲ့...အဲ့ဒီဝိုင်အရက်တွေကို တစ်စက်လေးတောင် မဖိတ်စေနဲ့"
ဝိုင်အရက်အိုးအတွင်းတွင်ရှိနေသော လုပမ်ဝေ၏မေးရိုးများ အထက်အောက်လှုပ်ရှားသွားကာ အော်ဟစ်၍သတိပေးသည်။
"မင်းတို့ ငါ့ကို အပြင်ထုတ်ပေးတာကတင် ငါတို့ကို သခင် အမဲဖျက်ဖို့လုံလောက်နေပြီ....တကယ်လို့ သူလုပ်ထားတဲ့ ဝိုင်အရက်တွေ အလေအလွင့်ဖြစ်သွားတာကိုသာ သူ သိသွားဘာနဲ့ သူ့ရဲ့ကပ်စေးနည်းတဲ့ စိတ်နေသဘောထားနဲ့ဆိုရင် ငါတို့ကို အပြတ်ရှင်းလိမ့်မယ်"
"ဟုတ်ကဲ့ပါ...အစ်ကိုကြီး ငါ နားလည်ပါတယ်"
ဝက်ဝံနက်တို့တစ်သိုက်၏ခန္ဓာကိုယ်များ တုန်ရီသွားကာ အလျှင်အမြန်ခေါင်းညိတ်လိုက်ကြသည်။
သူတို့အားလုံးသည် သတိကြီးစွာထားနေသော အခြေအနေအောက်တွင် သူတို့သည် ဝိုင်အရက်များကို စတင်၍လောင်းထည့်လိုက်ကြ၏။
လေထုအတွင်း၌....
မဖိတ်ကြားထားသော ဧည့်သည်ဖြစ်သည့် ကျောက်ဂူရောက်ရှိနေကာ သူ၏မျက်လုံးအကြည့်သည် သဲကန္တာရကြီးပေါ်ရှိ ခွေးတို့တစ်သိုက်ထံသို့ ကျရောက်နေသည်။
"ခွေးတစ်ကောင် ကင်းခြေများတစ်ကောင် ဝက်ဝံတကောင်နဲ့ စိတ်ဝိညာဉ်တစ်ကောင်...ဒါက နတ်ဆိုးသားရဲသုံးကောင်နဲ့စိတ်ဝိညာဉ်တစ်ကောင် ပေါင်းစပ်ထားတဲ့ အံ့အားသင့်ဖို့ကောင်းတဲ့ အစုအဖွဲ့ပါလား"
ကျောက်ဂူ၏မျက်နှာပေါ်၌ အထင်အမြင်သေးသောအရိပ်အယောင်တစ်ရပ် ထင်ဟပ်လာသည်။
"ဒါပေမဲ့ အဲ့ဒီဝိုင်ရနံ့ကတော့ အရမ်းမွှေးတယ်"
"ဒါ့ပြင် အဲဒီဝိုင်အိုးထဲမှာ လူခေါင်းတစ်လုံးကိုစိမ်ထားတာနဲ့ တူနေတယ်မဟုတ်လား"
"စိတ်ဝင်စားစရာပဲ"
"ငါ ဒါကို သဘောကျတယ်"
ထိုအကြောင်းကိုတွေးတောရင်း ကျောက်ဂူသည် သူ၏အရှိန်အဝါကို ထုတ်ဖော်လိုက်ကာ တစ်ချိန်တည်းမှာပင် မောက်မာထောင်လွှားစွာဖြင့် သူ၏ခေါင်းကို မော့လိုက်၏။
"ဟေ့ မင်းတို့ကောင်တွေ နားထောင်စမ်း...မင်းတို့ရဲ့လက်ထဲက ဝိုင်အရက်အိုးကို ယူလာခဲ့ကြစမ်း"
ကျောက်ဂူက အမိန့်ပေးသောလေသံဖြင့် အော်ဟစ်လိုက်သည်။
အကြောင်းအရင်းမှာ နတ်ဆိုးသားရဲသုံးကောင်နှင့်စိတ်ဝိညာဥ်တစ်ကောင်တို့ ပေါင်းစည်းထားသည့် အံ့အားသင့်ဖွယ်ကောင်းသော အစုအဖွဲ့သည် သူ၏အရှိန်အဝါကို ခံစားမိသည်နှင့် နာခံရိုကျိုးစွာဖြင့် သူ့ထံသို့ ဝိုင်အရက်အိုး ယူဆောင်လာမည်ဟု သူ ယုံကြည်ထားသောကြောင့်ပင်။
ဝိုင်အရက်အိုးကို ပြောင်းထည့်နေသော ဝက်ဝံနက်ကြီးသည် ထိုအော်သံ၏နှောက်ယှက်ခြင်းကိုခံရသဖြင့် သူ၏လက် အနည်းငယ်တုန်ရီသွားကာ ဝိုင်အရက်တစ်စက်ဖိတ်စင်သွားသည်။
"ဒီသောက်ရူးက ဘယ်နေရာကနေ ရောက်လာတာလဲ"
ဝက်ဝံနက်ကြီးက မေးမြန်းလိုက်သည်။
"အဲ့ဒီကောင်ကို ဂရုမစိုက်နဲ့...ဝိုင်အရက်ပြောင်းထည့်နေတာကိုပဲ အာရုံစိုက်စမ်းပါ"
"မင်း အောက်ကိုနည်းနည်းနှိမ့်ပြီး ထည့်ပါလား ...အဲ့ဒီလောက် အမြင့်ကြီးကနေထည့်ရင် အလွယ်တကူဖိတ်သွားနိုင်တယ်"
ကင်းခြေများကလည်း အော်ဟစ်လေသည်။
အစမှအဆုံးထိ မည်သူကမျှ ကျောက်ဂူကို မကြည့်ကြချေ။
ကျောက်ဂူသည် ကြက်သေသေသွားလေ၏။
ဤတုံ့ပြန်မှုကြောင့် သူ အလွန်ဒေါသထွက်သွားသည်။
ဤကဲ့သို့ ဝေးလံခေါင်သီသော နေရာစုတ်တစ်နေရာတွင်ရှိနေသည့် နိမ့်ကျသောအမှိုက်ကောင်တစ်သိုက်သည် သူ့အား မြင်တွေ့သည်တိုင် ဒူးထောက်ခြင်းမရှိသည့်အပြင် သူ့အား လျစ်လျူရှုထားကြသည်။
ဤကိစ္စကို သူ သည်းမခံနိုင်ချေ။
"သေလမ်းရှာနေတာလား..."
ကျောက်ဂူက သူ၏လက်ကို ဝှေ့ယမ်းလိုက်ပြီးနောက် စွမ်းအားများ တစ်လိမ့်လိမ့်ထွက်ပေါ်လာကာ ရှည်လျားသော အပြာရောင်မြွေတစ်ကောင်အဖြစ် သိပ်သည်းသွားသည်။ထိုမြွေသည် သွေးနီရောင်ပါးစပ်ကြီးကိုဖြဲဟကာ ချက်ချင်းတိုက်ခိုက်လေ၏။
အပြာရောင်မြွေသည် အစွမ်းထက်သောလေပြင်းတစ်ရပ်ကို သယ်ဆောင်လာသဖြင့် လေဟာနယ်ကို တိုက်ရိုက်ထွင်းဖောက်သွားပြီး ဝက်ဝံနက်တို့တစ်သိုက်ထံဦးတည်၍ ဝါးမြိုရန်ဟန်ပြင်လိုက်သည်။
ဤရုတ်တရက်တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရချိန်တွင်....
ဝက်ဝံနက်တို့တစ်သိုက်သည် အမှုမဲ့အမှတ်မဲ့ဖြင့် နံဘေးတစ်ဖက်သို့ ရှောင်တိမ်းလိုက်ကြသည်။
သို့ရာတွင် သူတို့ လွတ်မြောက်သွားသည့်တိုင်....
ဝိုင်အရက်အိုး လောင်းထည့်နေခြင်းအား ရုတ်တရက် ရပ်တန့်နိုင်ခဲ့ခြင်းမရှိချေ။
လေပြင်းများဖြင့်တိုက်ခိုက်မှုကြောင့် ဝိုင်အရက်များသည် လမ်းကြောင်းအနည်းငယ်တိမ်းစောင်းသွားပြီး အောက်တွင်ရှိနေသော ဝိုင်အရက်အိုးအဝနှင့် လွဲချော်သွားသည်။
ဝိုင်အရက်ဇွန်းဝက်ခန့် မြေပြင်ပေါ်သို့ ပြုတ်ကျသွားလေပြီ။
ဤမြင်ကွင်းကိုကြည့်ပြီး....
ဝက်ဝံနက်၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
ခွေး၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားကာ....
စိတ်ဝိညာဉ်ဘုရင်သည် အသိစိတ်ကင်းလွတ်လုနီးပါးဖြစ်သွားပြီး....
ကင်းခြေများသည် အလွန်ထိတ်လန်ကြောက်ရွံသွားပေ၏။
"အမ်...."
တိုက်ခိုက်မှုကိုပြုလုပ်ခဲ့သော ကျောက်ဂူသည် ဤမြင်ကွင်းကိုမြင်တွေ့ချိန်တွင် သူ၏မျက်နှာ ချက်ချင်းသုန်မှုန်သွားသည်။
ဤသည်မှာ သာမန်ကာလျှံကာတိုက်ခိုက်မှုတစ်ခုဖြစ်သော်လည်း ဤနတ်ဆိုးသားရဲများသည် လွယ်လင့်တကူရှောင်တိမ်းနိုင်မည်ဟု သူ မျှော်လင့်မထားမိချေ။
ဤသည်မှာ သူ၏မျှော်လင့်ချက်ထက် များစွာပို၍ကျော်လွန်နေသည်။
သို့ရာတွင် မည်သည်ကြောင့်ဟု မသိရသော်လည်း...
သူ၏မသိစိတ်မှနေ၍ တစ်စုံတစ်ခုမှားယွင်းနေသည်ကို ခံစားမိသည်။
ဤခံစားချက်မှာ ပတ်ဝန်းကျင်နေရာတဝိုက်ရှိ လေထုကို တောင့်တင်းအေးခဲသွားသည့်အလားပင်။
နောက်ထပ်အချိန်အခိုက်အတန့်တွင်...
ဝက်ဝံနက်ကြီး၏လက်အတွင်းရှိ ဝိုင်အရက်အိုးအတွင်းမှနေ၍ ဦးခေါင်းခွံတစ်လုံးကသူ၏အပေါ်မေးရိုးနှင့်အောက်မေးရိုးကိုလှုပ်ပြီး အော်ဟစ်လိုက်သည်အား သူ မြင်တွေ့မိသည်။
"အိုး ဘုရားရေ"
"သေစမ်း"
"ဇွန်းဝက်လောက် မှောက်ကျသွားပြီ...တကယ်လို့ ကပ်စေးနည်းတဲ့သခင်သာ ဒီကိစ္စကိုသိသွားရင် ဘယ်လိုလုပ်ကြမလဲ"
"ချင်...အဲ့ဒီကောင်ကို ငါ့အတွက် ရိုက်လိုက်စမ်း"
လုပမ်ဝေက ဒေါသတကြီးအော်ဟစ်လိုက်သည်။
ကျောက်ဂူသည် မည်သည့်ကိစ္စများ ဖြစ်ပျက်သွားသည်ကို နားမလည်နိုင်သေးမီမှာပင် အရိပ်တစ်ရိပ်က သူ၏ခေါင်းထက်သို့ ပျံ့လွင့်လာသည်။
ကြီးမားသော ခွေးလက်ဝါးကြီးတစ်ဖက်သည် မိုးကောင်းကင်ယံမှ ကျဆင်းလာကာ....
ဖြောင်း....
မည်သည့်ခုခံကာကွယ်နိုင်မှုမျိုးမျှမရှိဘဲ ကျောက်ဂူသည် ခွေးလက်ဝါး၏ရိုက်နှက်ခြင်းကိုခံရပြီး မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။
မြေပြင်ပေါ်သို့ လဲကျသွားသော ကျောက်ဂူသည် ခွေးတို့တစ်သိုက်ကိုကြည့်ပြီး သူ၏ပါးစပ်မှသွေးတစ်လုတ်အန်ထွက်လာက သူ့ထံတွင် မယုံကြည်နိုင်သောအမူအယာတစ်ရပ် ရှိနေသည်။
မည်သည်ကြောင့်....
မည်သည်ကြောင့် ဖြစ်နိုင်မည်နည်း....
ဤကဲ့သို့ အစုတ်အပြတ်နေရာတစ်နေရာတွင်...
သူသည် ခွေးတစ်ကောင်၏လက်ဝါးရိုက်ချက်ကြောင့် မြေပြင်ပေါ်သို့ လဲကျသွားခဲ့သလော...
သူ အလွန်ဒေါသထွက်နေသဖြင့်....
သူ၏ခန္ဓာကိုယ်မှ အစွမ်းထက်သောအရှိန်အဝါတစ်ရပ်ထွက်ပေါ်လာကာ သူ၏မရီဒါန်းများအားလုံးအတွင်းရှိ စွမ်းအားများ အလျှင်အမြန်ရွေ့လျားသွားသည်။
မိုးကောင်းကင်ယံအတွင်း၌ တိမ်များထူထပ်သိပ်သည်းလာကာ....
မြေပြင် အနည်းငယ်တုန်ခါသွားပြီး ကျောက်တုံးများနှင့်ကန္တာရပင်အမြောက်အများသည် အမှုန်အမွှားများအဖြစ်သို့ ပြောင်းလဲသွားလေ၏။
ဤအချိန်အခိုက်အတန့်တွင်...
ကျောက်ဂူ၏လွှမ်းမိုးမှုအောက်၌ လောကကြီးတခွင်လုံး ရုတ်တရက် ပြောင်းလဲသွားသည့်အလားပင်။
သူ၏ဒေါသများကို အနည်းငယ်မျှ ထိန်းချုပ်ထားနိုင်ခြင်း မရှိတော့ချေ။
"မင်းတို့လို နိမ့်ကျတဲ့ပုရွက်ဆိတ်ကောင်တွေကများ...မင်းတို့ တန်ကြေးပြန်ပေးဆပ်ရအောင် ငါ လုပ်ပြမယ်"
ရေခဲတမျှအေးစက်သော အသံတစ်သံ ထွက်ပေါ်လာပြီးနောက် ကျောက်ဂူ၏လက်အတွင်း၌ အစွမ်းထက်သော တိုက်ခိုက်မှုတစ်ရပ် သိပ်သည်းသွားသည်။
သို့ရာတွင် ထိုစကားလုံးများ ကျရောက်လာချိန်မှာပင်...
ဝက်ဝံနက်ကြီးသည် ရုတ်တရက် သူ့၏ခေါင်းဖြင့် ဝင်ဆောင့်လေရာ ကျောက်ဂူ၏ခေါင်းပေါ်သို့ တိုက်ရိုက်ကျရောက်သွားသည်။
ဤအချိန်အခိုက်အတန့်မှာပင် ကျောက်ဂူ၏ပြိုင်ဘက်ကင်းအရှိန်အဝါသည်လည်း ပျောက်ကွယ်သွားခဲ့သည်။
သူသည် မြေပြင်ပေါ်သို့ ကျွန်းထိုးမှောက်ခုံပြုတ်ကျလာကာ သူ၏ခေါင်း မူးဝေသွားပြီး သူ၏မျက်နှာပေါ်တွင် သံသယများဖြင့် ပြည့်နှက်နေသည်။
သူ အသိပြန်မဝင်သေးမီမှာပင် မိုးကောင်းကင်ယံမှနေ၍ တင်ပါးကြီးတစ်ခု ကျဆင်းလာကာ သူ့ပေါ်သို့ ရောက်ရှိလာသည်။
ဤရိုက်ချက်ကြောင့် သူ၏ခန္ဓာကိုယ်တွင်းအင်္ဂါများအားလုံး ပွင့်ထွက်သွားလုနီးပါးပင်။
ထို့နောက် ကြီးမားသောဝက်ဝံနက်ကြီးသည် သူ့အား ကိုင်မကာ လေထုအတွင်းသို့ ပစ်လွှတ်လိုက်၏။
ထို့နောက် ဝက်ဝံနက်ကြီးသည် နောက်ပြန်ကန်ချက်တစ်ချက်ဖြင့် သူ့အား ကန်ကျောက်ကာ မြေကြီးအတွင်းသို့ နစ်ဝင်သွားစေသည်။
သူ အလွန်မူးဝေနေသဖြင့် တုံ့ပြန်နိုင်ခြင်းမရှိသေးမီမှာပင် ကင်းခြေများတစ်ကောင်သည် မြေကြီးများကိုတူး၍ သူ့အားဆွဲထုတ်လေ၏။ ထို့နောက် ကင်းခြေများ၏ခြေချောင်းပေါင်းသုံးရာကျော် ကျရောက်လာကာ ကျောက်ဂူသည် ဆိုးဆိုးရွားရွားရိုက်နှက်ခြင်း ခံလိုက်ရတော့သည်။
တခြားတစ်ဖက်တွင်ရှိနေသော စိတ်ဝိညာဉ်ဘုရင်သည်လည်း သူ့အား စိတ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုတစ်ခု ပြုလုပ်ခဲ့သည်။
ဤသို့ဖြင့် နာရီဝက်ခန့်ကြာမြင့်ပြီးနောက် ကျောက်ဂူသည် ဝေဝါးနေသောမျက်လုံးများဖြင့် မြေပြင်ပေါ်၌လဲလျောင်းကာ အော့အန်နေရတော့သည်။
သူ၏ပါးစပ်မှ အဖြူရောင်အမြုပ်များထွက်နေကာ သူသည် ညည်းတွားနေလေ၏။
"အမေ...ငါ အိမ်ကိုလွမ်းတယ်"
ဤသို့ဖြင့်....
ရက်အနည်းငယ်ကြာ ကုန်ဆုံးသွားပြီးနောက်...
အရိပ်ကျွန်း၏သောင်ပြင်ပေါ်တွင် လုပမ်ဝေနှင့်ခွေးတို့လေးကောင်သည် ပျင်းရိငြီးငွေ့စွာဖြင့် နေဝင်ချိန်ကို စောင့်ကြည့်နေကြသည်။
သူတို့၏ခြေထောက်များအောက်တွင် သစ်သားစည်ကြီးငါးစည်ရှိနေသည်။
ကျောက်ဂူ၏ခေါင်း ဖူးယောင်နေကာ သူ၏နားရွက်များ ယောင်ကားနေပြီး သူ၏မျက်လုံးတစ်စုံအောက်၌ အနက်ရောင်အကွင်းကြီးနှစ်ကွင်း ရှိနေသည်။သူသည် မြေပြင်ပေါ်၌ဒူးထောက်ကာ ထိုသက်ရှိငါးကောင်၏ခြေထောက်များကို ပွတ်သပ်၍ဆေးကြောပေးနေရသည်။
"မင်း အစာစားမထားဘူးလား...ငါ့ရဲ့ခြေထောက်တွေကိုဆေးပေးဖို့ မင်းကိုခိုင်းခဲ့တယ်...ဒါပေမဲ့ နှစ်ရက်ကြာတာတောင် မင်းက ငါ့ရဲ့ခြေထောက်တွေကို ဆေးလို့မပြီးသေးဘူး"
"အမှိုက်ကောင်..."
ကင်းခြေများက ကျောက်ဂူကို ကန်ထုတ်လိုက်သည်။
ဝါးး...
ကျောက်ဂူ၏မျက်လုံးအတွင်း၌ မျက်ရည်စများစိုစွတ်လာကာ သူ၏စိတ်နှလုံးသားအတွင်း၌ ညည်းတွားလိုက်သည်။
ဦးလေးကင်းချေများ...
ဒါက ငါ နှေးတာမဟုတ်ဘူး...
မင်းရဲ့ခြေထောက်တစ်ချောင်းကို ငါ ဆေးကြောပေးပြီးရင်တောင် နောက်တစ်ချောင်းက အမြဲတမ်းရှိနေတယ်...
သို့ရာတွင် သူသည် စကားပြောဆိုရန် အလွန်ကြောက်ရွံ့နေသဖြင့် ထိုသက်ရှိများ၏ခြေထောက်များကို လုံ့လစိုက်ထုတ်ပြီး ဆေးကြောသန့်စင်ပေးရန်သာ တက်နိုင်ပေမည်။
ခွေးက နေကာမျက်မှန်တပ်ထားပြီး စကားမပြောသော လုပမ်ဝေကို တစ်ချက်ကြည့်လိုက်သည်။သူ၏အကိုကြီးသည် အလွန်ချောမောခန့်ညားသည်ဟု စဥ်းစားတွေးတောပြီးနောက် သူက ပြောဆိုလိုက်၏။
"ငါ့ရဲ့အစ်ကိုကြီး ပြောတဲ့အတိုင်းဆိုရင် မင်းက ဝိုင်အရက်အတွက် လျော်ကြေးပေးရမယ်"
"တကယ်တော့ ငါတို့က ကျိုးကြောင်းဆီလျော်တဲ့လူတွေပါ...ဒါကြောင့် မင်း အများကြီးပေးဖို့မလိုဘူး...မင်းကြောင့်ဖိတ်သွားတဲ့ ဝိုင်အရက်ဇွန်းတစ်ဝက်ကို ပြန်လျော်ပြီးတာနဲ့ မင်း သွားလို့ရပြီ"
"လျော်ကြေး လျော်ကြေးလား...."
"ငါ ပေးမှာပေါ့..."
ကျောက်ဂူသည် ကြက်အစာကောက်သည့်အလား သူ၏ခေါင်းကိုညိတ်လိုက်၏။ နောက်ဆုံး၌ သူ၏စိတ်နှလုံးသားအတွင်းတွင် မျှော်လင့်ချက်အလင်းရောင် အနည်းငယ်ရရှိလာလေပြီ။
ဤသည်မှာ ဝိုင်အရက်ဇွန်းဝက်သာ မဟုတ်လော...
သူ၏ပိုင်ဆိုင်မှုများတွင် မရေမတွက်နိုင်သောရတနာများ ရှိနေလေရာ ဤအရာများအနက်မှမည်သည့်အရာတစ်ခုကိုမဆို သူ ထုတ်ပေးလျှင်ပင် ကောင်းကင်အဆင့်၌ ရှိနေပေ၏။
Chapter 807
စိတ်ဝိညာဉ်လောက၏အစွန်းအဖျား၌...
ကြီးမားသော စိတ်ဝိညာဉ်လှေပျံကြီးသည် လေထုအတွင်း၌ လှည့်ပတ်၍ပျံသန်းနေဆဲပင်။
နယ်မြေကြီးကိုးခုမှလူများအတွက် ဤသည်မှာ သူတို့အားလုံး၏စိတ်နှလုံးသားများအတွင်း၌ ဓားတစ်လက်ချိတ်ဆွဲခံထားရသည်နှင့် တူညီနေသည်။
ဤလူများ ရောက်ရှိလာမှုသည် နယ်မြေကြီးကိုးခု၏တည်ငြိမ်မှုကိုချိုးဖျက်ပြီး နယ်မြေကြီးကိုးခုမှ လူများအားလုံး၏အသိအမြင်များကို ပြောင်းပြန်လှန်ခဲ့သည်။
နတ်ဆိုးသုတ်သင်ရေး မဟာမိတ်အဖွဲ့ဌာနချုပ်...
လူအိုကြီးကျန်းတို့လူစုသည် စည်းဝေးခန်းမအတွင်း၌ စုဝေးနေကြ၏။
မကြာမီမှာပင် ချန်းရှင်းက သတင်းပို့သည်။
"လက်အောက်ခံလူတွေရဲ့ သတင်းပို့မှုအရဆိုရင် ဒီရက်အနည်းငယ်အတွင်းမှာ ပိုင်ကျင်းတို့လူစုက နယ်မြေကြီးကိုးခုထဲမှာ ပြဿနာတွေ အများကြီးရှာခဲ့တယ်"
"ဥပမာအနေနဲ့ပြောမယ်ဆိုရင် ထုံကျိုးကုန်းမြေရဲ့ပထမအဆင့်အင်အားစုတစ်စုက သူတို့ထဲကလူတစ်ယောက်ရဲ့ လုယက်တာကိုခံခဲ့ရတယ်"
"ကန်တုံနယ်မြေထဲမှာရှိတဲ့ ဂိုဏ်းတစ်ဂိုဏ်းက ဘိုးဘေးတစ်ယောက်ရဲ့မြေးမလေးကိုလည်း အဲ့ဒီခွေးကောင်တွေထဲကတစ်ကောင်က အတင်းအကြပ်ဆွဲခေါ်သွားခဲ့တယ်"
"တခြားကိစ္စတွေကိုတော့ ငါ မပြောချင်တော့ဘူး ...အတိုချုပ်ပြောရမယ်ဆိုရင် သူတို့က သူတို့ရဲ့ခွန်အားကိုမှီခိုပြီးတော့ ဆိုးရွားတဲ့ကိစ္စတွေကို ကျူးလွန်နေတဲ့ လူရမ်းကားတွေပဲ"
ထိုစကားကိုအဆုံးသတ်ပြီးနောက် ချန်းရှင်း၏မျက်နှာပေါ်၌ ရွံရှာစက်ဆုပ်သောအမူအယာတစ်ရပ် ထင်ဟပ်လာကာ သူက တည်ကြည်လေးနက်စွာ ပြောဆိုသည်။
"ဒါကြောင့် လူအိုကြီးကျန်း...ငါတို့တွေက သူတို့ကို နယ်မြေကြီးကိုးခုကိုခွဲပေးဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်လောက်ဘူး"
လူအိုကြီးကျန်းသည် သူ၏မျက်လုံးများကိုပိတ်ထားရာမှ တဖြည်းဖြည်းဖွင့်လိုက်သည်။
သူသည် တိုက်ရိုက်တုံ့ပြန်ခြင်း မရှိသော်လည်း အချိန်တခဏကြာခန့် ဆိုင်းငံပြီးနောက် လူအုပ်ကြီးကိုကြည့်ပြီး မေးခွန်းထုတ်လိုက်သည်။
"ဒီရက်အနည်းငယ်ကြာပြီးတဲ့နောက်မှာ မင်းတို့အားလုံးလည်း အများကြီးစိတ်တည်ငြိမ်သွားလောက်ပြီ.. ဒီကိစ္စတွေကိုလည်း တော်တော်များများ စုံစမ်းပြီးသွားပြီဆိုမှတော့ ပိုင်ကျင်းပြောသွားတဲ့စကားတွေကို မင်းတို့ ဘယ်လိုထင်ကြလဲ"
ထိုစကားကိုကြားချိန်၌ ခန်းမတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားကာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး မည်သူမျှ စကားမပြောကြချေ။
"ရှုံးထန်း...မင်း ဘယ်လိုထင်လဲဆိုတာ ငါ့ကို ပြောစမ်း"
လူအိုကြီးကျန်းက နာမည်တပ်၍ မေးမြန်းလိုက်သည်။
"ဟုတ်ကဲ့"
ရှုံးထန်း၏မျက်နှာပေါ်တွင် ဆိုးရွားသောအမူအယာတစ်ရပ်ရှိနေကာ သူသည် ထိုင်ရာမှနေ၍မတ်တတ်ထရပ်လိုက်၏။အချိန်တခဏကြာခန့် စဥ်းစားတွေးတောပြီးနောက် သူက သက်ပြင်းတစ်ချက်ရှိုက်ပြီး ပြောဆိုသည်။
"ဒီရက်အနည်းငယ်အတွင်းမှာ ငါက နေရာစုံကိုသွားပြီးတော့ သတင်းအချက်အလက်တွေအများကြီးကို စစ်ဆေးခဲ့တယ်"
"အစကတော့ ငါတို့ရဲ့နားလည်သဘောပေါက်မှုအရဆိုရင် နယ်မြေကြီးကိုးခုကို စတင်တည်ထောင်ခြင်း မပြုသေးတဲ့အချိန်မှာ ဒီလောကကြီးက မတည်ရှိခဲ့ဘူး...ဒါပေမဲ့ နယ်မြေကြီးကိုးခုကို မတည်ထောင်သေးခင်မှာပဲ လူသားတွေနေထိုင်ခဲ့တယ်ဆိုတဲ့ မှတ်တမ်းတချို့နဲ့ဒဏ္ဍာရီတွေကို ငါ ရှာတွေ့ခဲ့တယ်"
"ပြောရမယ်ဆိုရင် နယ်မြေကြီးကိုးခုက အရင်က ဒီလိုပုံစံမျိုး မဟုတ်ဘူး"
"ဒါက ဗလာဟင်းလင်းဖြစ်နေတဲ့ နယ်မြေကြီးတစ်ခုဆိုပေမယ့် အရင်ကတည်းက တည်ရှိနေခဲ့တယ်"
"ဒါ့ပြင် ငါက နယ်မြေကြီးကိုးခုကိုတည်ထောင်ခဲ့တဲ့ အကြွင်းအကျန်တွေထဲက ယူဆချက်တွေကို လမ်းကြောင်းအမျိုးမျိုးကနေ စုံစမ်းစစ်ဆေးခဲ့တယ်...အဲ့ဒီအရာတွေထဲက အများစုက အတုအယောင်တွေဖြစ်နေတယ်"
ဤစကားကိုကြားချိန်တွင် ခန်းမအတွင်းတွင်ရှိနေသော လူများအားလုံး၏မျက်နှာအမူအယာများ ပျက်ယွင်းသွားသည်။
"မင်း ရလဒ်ကိုပဲ ပြောလိုက်တော့"
လူအိုကြီးကျန်းက ပြောဆိုသည်။
"ရလဒ်ကတော့ ပိုင်ကျင်းပြောသွားတဲ့စကားတွေက အမှန်ဖြစ်နေနိုင်တယ်"
ရှုံးထန်းက ပျက်ယွင်းနေသော မျက်နှာအမူအယာဖြင့် ဆက်လက်၍ပြောဆိုလိုက်၏။
"ငါတို့အားလုံးက လှောင်ပိတ်ခံရပြီးတော့ ကြီးပြင်းလာတဲ့လူတွေလို့ ငါ ဝန်မခံချင်ပေမယ့် ...အဲ့ဒီကိစ္စက အမှန်ဖြစ်နေမှာကို ငါ စိုးရိမ်မိတယ်...ငါတို့ရဲ့အရင်အသိအမြင်တွေအားလုံးက အမှားတွေပဲ"
"ခန်းမသခင်ရှုံးထန်း ပြောသွားတာတွေက အမှန်ပါပဲ"
ချန်းရှင်းကလည်း ရှေ့သို့ထွက်လာပြီး ထောက်ခံလိုက်သည်။
"ငါ ပြန်ရောက်လာတဲ့အချိန်မှာ မှတ်တမ်းတွေအများကြီးကို စစ်ဆေးခဲ့တယ်...ဒါက ရှုံးထန်းပြောသွားတာတွေနဲ့ အတူတူပဲ"
လူအိုကြီးကျန်း၏မျက်နှာပေါ်တွင် မည်သည့်အမူအယာမှ ရှိမနေချေ။
သူသည် တခြားလူများကို ကြည့်လိုက်၏။
"မင်းတို့အားလုံးကရော ဘယ်လိုထင်လဲ"
သူတို့အားလုံးသည် ထိုစကားများကိုကြားချိန်၌ သူတို့၏မျက်နှာအမူအယာများရှုပ်ထွေးသွားကာ စကားပြောဆိုရန် ချီတုံချတုံဖြစ်နေကြသည်။
သူတို့ရရှိခဲ့သောအဖြေသည်လည်း ထပ်တူထပ်မျှ ဖြစ်နေသည်မှာ သိသာထင်ရှားလှ၏။
အကြောင်းအရင်းမှာ ဤကိစ္စမျိုးသည် ဖြစ်လေ့ဖြစ်ထမရှိသဖြင့် သူတို့သည် အမှန်တရားကို တစ်ကြိမ်တခါမျှ စဉ်းစားတွေးတောခဲ့ဖူးခြင်း မရှိသောကြောင့်ပင်။
ယခုအချိန်၌ သူတို့သည် ဤကိစ္စကို အတည်ပြုရန် မဖြစ်မနေလိုအပ်လာသောကြောင့် စုံစမ်းစစ်ဆေးခဲ့ကြသည်။ရလဒ်သည် သူတို့၏ယခင်အသိအမြင်များနှင့် လုံးလုံးလျားလျား ကွဲပြားခြားနားနေပေ၏။
မည်သို့ပင်ဆိုစေကာမူ...
အကယ်၍ ရှေးဟောင်းခေတ်ကာလမှ ထိပ်သီးတည်ရှိမှုကြီးရှစ်ယောက်ထံတွင် အလွန်ကြီးမားသောစွမ်းအားများ ရှိနေလျှင်ပင် ဤကဲ့သို့ကြီးမားကျယ်ပြန်သော နယ်မြေကြီးတစ်ခုတွင် အရိပ်အယောင်များ မကျန်ခဲ့ရာမှာမဖြစ်နိုင်ချေ။
"ဒါဆိုရင် ရလဒ်ကတော့ ပိုင်ကျင်းပြောသွားတဲ့စကားတွေက အမှန်တွေပဲ...ငါတို့က အဲ့ဒီထိပ်သီးတည်ရှိမှုကြီးတွေ မွေးမြူထားခဲ့တဲ့လူတွေသက်သက်ပဲ"
လူအိုကြီးကျန်းက သုန်မှုန်နေသောမျက်နှာဖြင့် ဤရလဒ်ကို အတည်ပြုလိုက်သည်။
အချိန်တခဏကြာခန့် စဉ်းစားတွေးတောပြီးနောက် လူအိုကြီးကျန်းက ပြောဆိုသည်။
"ခုလတ်တလောရက်တွေမှာ ငါက ချန်းရှင်းတို့နှစ်ယောက် ထန်းလန်တောင်တန်းကနေ ယူဆောင်လာပြီးတော့ ယစ်ပလ္လင်ပေါ်မှာထားခဲ့တဲ့ စိတ်ဝိညာဥ်ရည်တွေကို သယ်ပြီးတော့ အနက်ရောင်မြူခိုးတွေကြားကို သွားခဲ့တယ်"
"ဘာ..."
"လူအိုကြီးကျန်း...မင်း ဘာလို့ဒီလိုလုပ်တာလဲ"
"မင်း အဆင်ပြေရဲ့လား"
တခြားသူများအားလုံး စိုးရိမ်ပူပန်တကြီး မေးမြန်းလိုက်ကြသည်။
"အဲ့ဒီစိတ်ဝိညာဉ်ရည်တွေကြောင့် ငါ အဆင်ပြေခဲ့တယ်"
လူအိုကြီးကျန်းက သူ၏လက်ကိုဝှေ့ယမ်းပြီး ပြောဆိုသည်။
ထိုစကားကိုကြားချိန်တွင် တခြားလူများအားလုံးသည် စိတ်သက်သာရာရသွားကာ သက်ပြင်းရှိုက်လိုက်ကြ၏။ထို့နောက် သူတို့သည် သိချင်စိတ်ပြင်းပြစွာဖြင့် အလျှင်အမြန်မေးမြန်းလိုက်သည်။
"လူအိုကြီးကျန်း...အဲ့ဒီအနက်ရောင်မြူခိုးတွေကြားမှာ မင်း ဘာတွေကိုမြင်ခဲ့လဲ"
လူအိုကြီးကျန်းက မျက်မှောက်ကြုတ်လိုက်သည်။သူ၏မျက်နှာပေါ်တွင် ကူကယ်ရာမဲ့မှုများမလိုလားမှုများဖြင့် ပြည့်နှက်နေကာ တည်ကြည်လေးနက်စွာ ပြောဆိုသည်။
"ငါက အဲ့ဒီနေရာမှာ ဖောင်ကားသားရဲသုံးကောင်ကို တွေ့ခဲ့ရတယ်"
"ဘာ..."
လူအိုကြီးကျန်း၏စကားများ ကျရောက်လာသောအချိန်တွင် လူအများထံမှနေ၍ ထိတ်လန့်တကြားရေရွတ်သံများ ထွက်ပေါ်လာသည်။
"ငါက အနက်ရောင်မြူခိုးတွေကြားက နေရာငယ်လေးတစ်ခုကိုပဲ သွားခဲ့နိုင်တယ်...တကယ်လို့ ငါက အနက်ရောင်မြူခိုးတွေရဲ့နက်ရှိုင်းတဲ့နေရာကို ဝင်သွားမယ်ဆိုရင် ပိုင်ကျင်းပြောခဲ့သလိုပဲ အဲ့ဒီနတ်ဆိုးတွေအများကြီးရှိနေတာကို တွေ့ရနိုင်တယ်"
လူအိုကြီးကျန်းက ထပ်မံ၍ပြောဆိုသည်။
လူအိုကြီးကျန်း၏စကားများသည် သူတို့အားလုံး၏ခေါင်းထက်သို့ မိုးကြိုးလှိုင်းတစ်လှိုင်း ကျရောက်သွားသည့်အလားပင်။သူတို့အားလုံး၏မျက်နှာအမူအယာများ ပျက်ယွင်းသွားကာ တချို့ဆိုလျှင် ထိုင်ခုံများပေါ်၌ ခြေပစ်လက်ပစ်လဲကျသွားတော့သည်။
ဤသတင်းအချက်အလက်သည် မည်သည့်အရာအား ညွှန်ပြခြင်းဖြစ်သနည်း။
ဤသည်မှာ သူတို့သည် ပိုင်ကျင်း၏တောင်းဆိုချက်ကို လက်ခံရတော့မည်ဟု ဆိုလိုနေခြင်းပင်။
Chapter 808
လဝက်ကြာမြင့်ပြီးနောက်...
စိတ်ဝိညာဥ်နယ်မြေ၏နံဘေးရှိ လေထုအတွင်း၌ ရပ်တန့်ထားသော စိတ်ဝိညာဉ်လှေပျံပေါ်တွင်...
အဖြူရောင်ဝတ်ဆင်ထားသော ပိုင်ကျင်းသည် ဤနေရာသို့ရောက်ရှိလာသော လူအိုကြီးကျန်းတို့လူစုကိုကြည့်ပြီး အနည်းငယ်မျှ အံ့အားသင့်သွားပုံမရချေ။
"မင်းတို့'စဉ်းစားပေးပြီလား"
ပိုင်ကျင်းက မေးမြန်းသည်။
လူအိုကြီးကျန်းတို့လူစုသည် သူတို့၏ခေါင်းများကို အောက်သို့ငုံထားလေ၏။
ဤလဝက်အချိန်ကာလအတွင်းတွင် သူတို့၏စိတ်နှလုံးသားအတွင်း၌ ပြင်းပြင်းထန်ထန်ရုန်းကန်ခဲ့ကြပြီးနောက် ဤဆုံးဖြတ်ချက်ကို ချီတုံချတုံဖြင့်ချနိုင်ခဲ့သည်။သူတို့သည် နယ်မြေကြီးကိုးခုကို ဆက်လက်၍ထိန်းသိမ်းထားနိုင်ရန်အတွက် ပိုင်ကျင်းတို့လူစု၏တောင်းဆိုချက်ကို သဘောတူရပေမည်။
အကြောင်းအရင်းမှာ တစတစပျံ့နှံ့လာသော အနက်ရောင်မြူခိုးများဖြစ်စေ ထိုအနက်ရောင်မြူခိုးများအတွင်းတွင်ရှိနေသော နတ်ဆိုးများဖြစ်စေ သူတို့ ကိုင်တွယ်ဖြေရှင်း၍မရနိုင်သော အရာများဖြစ်နေသောကြောင့်ပင်။
"ငါတို့မှာ တောင်းဆိုချက်နှစ်ချက်ရှိတယ်"
လူအိုကြီးကျန်းက သူ၏ခေါင်းကိုမော့ပြီး အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။
"တကယ်လို့ ဒီတောင်းဆိုချက်တွေကို လက်မခံဘူးဆိုရင် ငါတို့ သဘောတူမှာမဟုတ်ဘူး"
"မင်းတို့ ပြောကြည့်ပါ"
ပိုင်ကျင်းသည် ထိုင်ခုံပေါ်၌ထိုင်ကာ တည်ငြိမ်သောအမူအယာဖြင့် လက်ဖက်ရည်တစ်အိုးကို ဖျော်စပ်နေသည်။
"ပထမအချက်ကတော့ အင်မော်တယ်နယ်မြေတစ်ခုလုံးကို မင်းတို့ဆီ ငါတို့ ပေးနိုင်တယ်... ဒါပေမဲ့ အင်မော်တယ်မြေရဲ့ပြင်ပမှာရှိနေတဲ့ စိတ်ဝိညာဉ်နယ်မြေ ကန်တုံနယ်မြေစတဲ့ နယ်မြေတွေမှာတော့ မင်းတို့ရဲ့လူတွေကို အရေအတွက်များများ အခြေချခွင့်မပြုနိုင်ဘူး"
"ငါ သဘောတူတယ်...မင်း ဆက်ပြောပါ"
ပိုင်ကျင်းက လက်ဖက်ရည်အိုးကိုမကာ အတွင်းသို့တချက်ကြည့်ပြီး ပေါ့ပေါ့ပါးပါးပြောဆိုသည်။
"ဒုတိယအချက်ကတော့ ငါတို့က အင်မော်တယ်နယ်မြေရဲ့ဒေသခံတွေကို ငါတို့နဲ့အတူ ထွက်သွားဖို့ခေါ်သွားမယ်...ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒီနယ်မြေက သူတို့ရဲ့ဇာတိဖြစ်နေပြီးတော့ သူတို့ရဲ့အခြေခံအုတ်မြစ်တွေက ရှိနေတာကြောင့် ....ထွက်သွားဖို့ ဆန္ဒမရှိတဲ့ ဒေသခံတွေကို အင်မော်တယ်နယ်မြေမှာပဲ နေခွင့်ပြုရမယ်...မင်းတို့ရဲ့လူတွေက သူတို့ကို ထိခိုက်နစ်နာအောင်လုပ်ခွင့် မပြုနိုင်ဘူး"
လူအိုကြီးကျန်းက ပြတ်ပြတ်သားသားပြောဆိုသည်။
ထို့နောက် သူတို့သည် လက်ဖက်ရည်ဖျော်စပ်နေသော ပိုင်ကျင်းကိုကြည့်ပြီး သူ၏တုံ့ပြန်မှုကို စောင့်ဆိုင်းလိုက်၏။
"ဒါက ပြဿနာမရှိပါဘူး"
ပိုင်ကျင်းသည် သူ၏လက်ဖက်ရည်ဖျော်စပ်ခြင်းအပေါ် ဂရုတစိုက်လေ့လာနေဆဲဖြစ်ပြီး သာမန်ကာလျှံကာ တုံ့ပြန်အဖြေပေးသည်။
လူအိုကြီးကျန်းတို့လူစု၏ မျက်နှာအမူအယာများ ပျက်ယွင်းသွားသည်။
ဤသည်မှာ လူအများ၏ဘဝနှင့် သက်ဆိုင်သောကိစ္စပင်။
လူအများ၏စိုးရိမ်ကြောင့်ကြမှုများနှင့် ပတ်သက်သည့်ကိစ္စကို ဤကဲ့သို့ ပေါ့ပေါ့တန်တန်လုပ်နေသောကြောင့် သူတို့အားလုံး စိတ်မသက်မသာခံစားနေရသည်။
"မင်းတို့ ဒီနေရာမှာ ဘာလို့ ဆက်ပြီးနေနေကြတာလဲ...မင်းတို့ စကားပြောပြီးပြီဆိုရင်လည်း သွားကြတော့လေ"
လက်ဖက်ရည်ဖျော်စပ်ရန် စိတ်အားထက်သန်နေသော ပိုင်ကျင်းသည် နေရာ၌မတ်တပ်ရပ်နေဆဲဖြစ်သော လူအိုကြီးကျန်းတို့လူစုကိုကြည့်ပြီး သူ၏ခေါင်းကိုမော့၍ပြောဆိုသည်။
"မင်း မင်းမှာ ပြောစရာတစ်ခုခု မရှိတော့ဘူးလား"
လူအိုကြီးကျန်းက မျက်မှောင်ကြုတ်ပြီးမေးမြန်းသည်။
"ဘယ်လိုပဲဖြစ်ဖြစ် ဒါက အသေးအမွှားကိစ္စတစ်ခု မဟုတ်ဘူး"
"အော် ကောင်းပြီလေ"
ထိုစကားကိုကြားချိန်၌ ပိုင်ကျင်းသည် အချိန်တခဏကြာခန့် စဉ်းစားတွေးတောပြီးနောက် ပြောဆိုလိုက်၏။
"ပြောစရာရှိတာတွေအားလုံးကို ပြောပြီးပြီပဲ ..ဘာမှ ထပ်ပြောဖို့ မလိုတော့ဘူး"
"တကယ်လို့ ငါ မဖြစ်မနေပြောရမယ်ဆိုရင် မင်းတို့က အဲ့ဒီကိစ္စတွေကို မြန်မြန်စီစဉ်သင့်တယ်... အချိန်တွေကုန်တာ အရမ်းမြန်တယ်...ငါက ဒီလက်ဖက်ရည်အိုးကို ဖျော်စပ်လို့ပြီးတာနဲ့ ကူးပြောင်းရေးဝင်္ကပါတစ်ခုကို စပြီးတည်ဆောက်တော့မယ်"
"ဒါကြောင့် မင်းတို့အားလုံး သွားကြတော့"
ပိုင်ကျင်းက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
လူအိုကြီးကျန်းတို့လူစုသည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်သော်လည်း သူတို့ထံ၌ ရွေးချယ်စရာမရှိတော့သဖြင့် ထွက်ခွာခဲ့ကြတော့သည်။
မည်သို့ပင်ဆိုစေကာမူ အခြေအနေများသည် ကောင်းမွန်ခြင်းမရှိလှချေ။
လူအိုကြီးကျန်းတို့လူစု ထွက်ခွာသွားပြီးနောက် ပိုင်ကျင်းသည် သူဖျော်စပ်ထားသော လက်ဖက်ရည်ကိုသောက်ပြီး သူ၏မျက်လုံးများ မှေးစင်းသွားသည်။
"ကောင်းလိုက်တဲ့ လက်ဖက်ရည်"
ပိုင်ကျင်းက လက်ဖက်ရည်ကို တစ်ငုံငုံ၍သောက်ပြီးနောက် သူ့၏နောက်ရှိလူတစ်ယောက်ကို လက်ဝှေ့ယမ်းပြလေသည်။
"သခင်လေး"
အနက်ရောင်ဝတ်ရုံဝတ်လူက သူ၏ခေါင်းကိုအောက်သို့ငုံပြီး ပြောဆိုသည်။
"လုပ်ငန်းတွေစပြီး ဆောင်ရွက်ဖို့အတွက် ပြန်လာဖို့ ကျောက်ဂူနဲ့တခြားလူတွေဆီကို စာပို့လိုက်စမ်း"
ပိုင်ကျင်းက ပေါ့ပေါ့ပါးပါးပြောဆိုသည်။
"ဟုတ်ကဲ့"
အနက်ရောင်ဝတ်စုံဝတ်လူသည် ထိုစကားကိုကြားချိန်တွင် အနီရောင်ကျောက်စိမ်းပြားတစ်ခုကို ခြေမွှဖျက်ဆီးပြီး သတင်းများကို အလျှင်အမြန်ပေးပို့လိုက်သည်။
အချိန်သုံးရက်အတွင်းတွင်...
ယခင်က စိတ်ဝိညာဉ်လှေပျံပေါ်မှထွက်သွားသောလူများသည် တစ်ယောက်ပြီးတစ်ယောက် အလျှင်အမြန် ပြန်လည်ရောက်ရှိလာကြ၏။
ပိုင်ကျင်းသည် ဤနေရာ၌ အစမှအဆုံးတိုင်စောင့်ဆိုင်းနေကာ သူ၏မျက်လုံးကိုစုံမှိတ်ပြီး ကျင့်ကြံနေသည်။
"ကျောက်ဂူတစ်ယောက် ကျန်နေသေးတာလား...သူက ဘယ်ရောက်နေတာလဲ"
ပိုင်ကျင်းက ရုတ်တရက် မေးမြန်းလိုက်သည်။
တခြားလူများသည် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသော်လည်း မည်သူကမျှ တုံ့ပြန်အဖြေပေးနိုင်ခြင်းမရှိချေ။
ပိုင်ကျင်းသည် မည်သူ့ထံမှ အဖြေမရရှိသည်ကိုကြည့်ပြီး ပြောဆိုလိုက်၏။
"ခဏလောက် ထပ်စောင့်ကြရအောင်...ဘယ်လိုပဲဖြစ်ဖြစ် ကူးပြောင်းရေးဝင်္ကပါတစ်ခုကို ခင်းကျင်းမယ်ဆိုရင် လူတစ်ယောက် လျော့နည်းနေတာက အောင်မြင်မှုနှုန်းကို ပိုပြီးလျော့ပါးသွားစေနိုင်တယ်...တရက်နှစ်ရက်လောက်စောင့်လိုက်တာက ဘာမှမဖြစ်ဘူး"
သို့ရာတွင်...
ဤစောင့်ဆိုင်းခြင်းသည် နောက်ထပ်လဝက်ခန့် ကြာမြင့်သွားမည်ဟု မည်သူတစ်ဦးတစ်ယောက်မျှ မျှော်လင့်မထားမိချေ။
ဤလဝက်အချိန်အတွင်းတွင် နယ်မြေကြီးကိုးခုမှလူများသည် အလျှင်အမြန်ရွှေ့ပြောင်းနေကြ၏။အင်မော်တယ်နယ်မြေရှိ မရေမတွက်နိုင်သော ဒေသခံများသည် ဝင်္ကပါနယ်မြေနှင့်တခြားနယ်မြေများထံသို့ဘစတင်၍ပြောင်းရွှေကြသည်။အမှန်အားဖြင့် လူအမြောက်အများသည် အင်မော်တယ်နယ်မြေအတွင်း၌ဆက်နေရန် ရွေးချယ်ကြသည်။
သို့ရာတွင် ကျောက်ဂူကမူ ယခုချိန်ထိ ပြန်မလာသေးချေ။
ပိုင်ကျင်းက မျက်မှောင်ကြုတ်ပြီး အမိန့်ပေးလိုက်သည်။
"သူ့ကို ချက်ချင်းပြန်လာခဲ့ဖို့ အရေးပေါ်အမိန့်ပေးလိုက်စမ်း"
Chapter 809
ထိုအရေးပေါ်အမိန့်ကို ထုတ်ပြန်ပြီးနောက်...
နောက်ထပ်ခုနစ်ရက်တိုင်တိုင် ဆက်လက်၍စောင့်ဆိုင်းသည်တိုင် ကျောက်ဂူ၏အရိပ်အယောင်ကို မမြင်တွေ့ရချေ။
ယခင်ကရက်နှစ်ဆယ်ကျော်နှင့် နောက်ထပ်တစ်လနီးပါးခန့် အချိန်အတောအတွင်းတွင် ကျောက်ဂူသည် တခြားလူများနှင့် လုံလုံလျားလျားအဆက်အသွယ်ပြတ်နေပေ၏။ဤတစ်ကြိမ်တွင် သူတို့အားလုံးသည် ထိုင်စောင့်မနေနိုင်တော့ဘဲ မည်သို့ဖြစ်ပျက်သွားခဲ့သည်ကို မှန်းဆနေကြတော့သည်။
"ကျောက်ဂူက မတော်တဆတစ်ခုခု ဖြစ်နေတာများလား"
တစ်စုံတစ်ယောက်က မှန်းဆ၍ပြောဆိုသည်။
"မဟုတ်ရင် သူက စာတစ်စောင်ကိုတောင် ပြန်မပို့ဘဲ နေမှာမဟုတ်ဘူး"
"မင်း အတွေးလွန်နေပြီ"
တခြားလူတယောက်က ကူကယ်ရာမဲ့စွာဖြင့် ပြောဆိုသည်။
"ဒီလိုမျိုး ဝေးလံခေါင်းသီတဲ့ နေရာတစ်ခုမှာ ကျောက်ဂူက ဘာဖြစ်နိုင်မှာမလို့လဲ...နယ်မြေကြီးကိုးခုထဲမှာရှိတဲ့ လူတွေအားလုံး စုပေါင်းပြီတော့ တိုက်ခိုက်ရင်တောင် သူ့ကို ဘာမှလုပ်နိုင်မှာမဟုတ်ဘူး"
ထိုစကားကိုကြားချိန်တွင် တခြားလူများအားလုံးသည် သဘောတူညီသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကြ၏။
သူတို့အနက်မှအများစုသည် ဤရက်များအတွင်း၌ နယ်မြေကြီးကိုးခုအတွင်းတွင် လှည့်လည်သွားလာခဲ့သည်။ထိုကြောင့် သူတို့သည် နယ်မြေကြီးကိုးခုမှလူများ၏ ခွန်အားနှင့်ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း သိရှိထားသည်။
လူအင်အားအမြောက်အများဖြင့် စုပေါင်း၍တိုက်ခိုက်လျှင်ပင် ကျောက်ဂူကို တစ်စုံတစ်ခုမျှ ပြုလုပ်နိုင်မည်မဟုတ်ချေ။
ဤသည်မှာ ချဲ့ကားပြောဆိုခြင်းမဟုတ်ဘဲ နှစ်ဖက်စလုံးသည် အဆင့်တူ၌ရှိမနေခြင်းပင်။
"ဖြစ်နိုင်တာတော့ နယ်မြေကြီးကိုးခုထဲမှာ ကြောက်ဖို့ကောင်းတဲ့နေရာတချို့ ရှိနေတာကြောင့်....ကျောက်ဂူက အဲ့ဒီထဲမှာ လှောင်ပိတ်မိနေပြီးတော့ ထွက်မလာနိုင်တာများလား"
တစ်စုံတစ်ယောက်က ခန့်မှန်းလိုက်သည်။
"ဒါက မဖြစ်နိုင်ဘူး"
တခြားလူများအားလုံး သူတို့၏ခေါင်းများကို ခါလိုက်ကြသည်။
"ဒီနေရာက ပိတ်လှောင်ခံထားရတဲ့ နေရာတစ်ခုဖြစ်နေမှတော့...ကျောက်ဂူကို လှောင်ပိတ်မိစေလောက်တဲ့အထိ ကြောက်ဖို့ကောင်းတဲ့နေရာမျိုး ရှိမနေနိုင်ဘူး"
"ဒါဆိုရင် သူကိုယ်တိုင်က ငါတို့ကို မဆက်သွယ်ချင်တာများ ဖြစ်နေမလား"
တစ်ချို့လူများက ထိုခန့်မှန်းချက်ကို ထုတ်ဖော်ပြောဆိုလိုက်ကြသည်။
ဤခန့်မှန်းချက်သည် လူအမြောက်အများ၏ထောက်ခံမှုကို ချက်ချင်းရရှိသွားခဲ့သည်။
အကြောင်းအရင်းမှာ ကျောက်ဂူနှင့်ပိုင်ကျင်းတို့သည် သင့်မြတ်ခြင်းမရှိဘဲ ဆန့်ကျင်ဘက်ဖြစ်နေသည်ကို သူတို့အားလုံး သိရှိထားသောကြောင့်ပင်။သူသည် ပိုင်ကျင်းကို စိတ်မကျေမနပ်ဖြစ်နေသဖြင့် သူတို့အား ရည်ရွယ်ချက်ရှိရှိ လျစ်လျူရှုထားခြင်းဖြစ်ပေမည်။
တိကျသေချာစွာဖြင့်...
သူတို့သည် ပိုင်ကျင်းကို အနည်းနှင့်အများ သဘောမကျကြချေ။သူတို့အားလုံးသည် အင်အားစုကြီးများမှ လာသောလူများပင်။သူတို့၏အရည်အချင်းများနှင့်ခွန်အားများသည် တူညီသောအဆင့်၌ရှိနေလေရာ မည်သည်ကြောင့် ပိုင်ကျင်းကို ခေါင်းဆောင်လုပ်ခွင့်ပြုနိုင်မည်နည်း။
အကယ်၍ ဤကိစ္စတွင် မည်သည့်အကျိုးအမြတ်မျှ ပါဝင်ပတ်သက်နေခြင်းမရှိပါက သူတို့သည် ပိုင်ကျင်းကို အစိတ်စိတ်အမွှာမွှာဆုတ်ဖြဲပြီးဖြစ်ပေမည်။
"ကူးပြောင်းရေးဝင်္ကပါကို တည်ဆောက်ကြရအောင်"
ပိုင်ကျင်းသည် ယခုအချိန်ထိ သတင်းမရရှိသေးသော ကျောက်ဂူအကြောင်းကို ပြောဆိုခြင်းမပြုတော့ဘဲ အမိန့်ပေးလိုက်သည်။
စိတ်ဝိညာဉ်လှေပျံသည်...
လေထုအတွင်း၌ အရှိန်ကုန်မြှင့်၍ ဖြတ်သန်းသွားပြီးနောက်....
ထိုအရာဖြတ်သန်းသွားသော မည်သည့်နေရာတွင်မဆို ရုပ်ရင်းဆန်ခတ်ဖြစ်ပွားသွားခဲ့သည်။
အကြောင်းအရင်းမှာ ဤစိတ်ဝိညာဥ်လှေပျံသည် နယ်မြေကြီးကိုးခုကို ကြီးမားစွာလှုပ်ခတ်သွားစေခဲ့သည်မှာ သံသယဖြစ်ဖွယ်မရှိသောကြောင့်ပင်။အထူးသဖြင့် အင်မော်တယ်နယ်မြေအတွင်းရှိ လူများနှင့်အင်အားစုများအတွက်ဖြစ်ပေ၏။
တဟုန်ထိုးမောင်းနှင်လာသော စိတ်ဝိညာဥ်လှေပျံသည် နောက်ဆုံး၌ အင်မော်တယ်နယ်မြေ၏ဗဟိုချက်အရောက်တွင် ရပ်တန့်သွားခဲ့သည်။
"ငါတို့ လုပ်ငန်းစကြရအောင်"
ပိုင်ကျင်းက ပေါ့ပေါ့ပါးပါးပြောဆိုပြီးနောက် မြေပြင်ပေါ်သို့ဆင်းသက်ကာ ဗဟိုချက်အကျဆုံးနေရာ၌ မတ်တတ်ရပ်လိုက်သည်။
"သူက တကယ့်ကို သူ့ကိုယ်သူ ဆရာကြီးလို့ ထင်နေတာပါလား"
အရပ်ရှည်ပြီး ဆွဲဆောင်မှုကောင်းသော မိန်းကလေးတယောက်သည် သူမ၏လက်ကိုပိုက်ထားပြီး သူမ၏နှုတ်ခမ်းများကိုစူကာ အထင်အမြင်သေးစွာဖြင့် ပြောဆိုသည်။
"နင် စကားလျှော့ပြောတာ ပိုကောင်းလိမ့်မယ်"
သူမ၏နံဘေးတွေရှိနေသော တခြားမိန်းကလေးတစ်ယောက်က တီးတိုးပြောဆိုသည်။
"ငါတို့ ဒီနေရာကို လာတဲ့အချိန်တုန်းက...ငါတို့ရဲ့ဂိုဏ်းတွေအားလုံးမှာရှိတဲ့ အကြီးအကဲတွေက ပိုင်ကျင်းရဲ့စကားကို နားထောင်ရမယ်လို့ ငါတို့ကို ပြောထားခဲ့တယ်...ဒါကြောင့် ငါတို့တွေ ဘာပြဿနာမှမဖြစ်အောင် သူ့ရဲ့စကားကို နားထောင်ရလိမ့်မယ်"
"ဟွန့်"
ဆွဲဆောင်မှုရှိသောမိန်းကလေးသည် မကျေမချမ်းဖြင့် နှာတစ်ချက်မှုတ်ပြီးနောက် တခြားလူများ၏နောက်သို့လိုက်ကာ သတ်မှတ်ထားသောနေရာ၌ မတ်တတ်ရပ်လိုက်သည်။
အချိန်တခဏကြာပြီးနောက် ပိုင်ကျင်းကိုဗဟိုပြု၍ တခြားလူများအားလုံးသည် စက်ဝိုင်းပုံသဏ္ဍာန်အတိုင်း မတ်တတ်ရပ်လိုက်ကြ၏။
တစ်ချိန်တည်းမှာပင် သူတို့အားလုံးသည် သူတို့၏လက်များအတွင်း၌ အနီရောင်အဆောင်လက်ဖွဲ့တစ်ခုစီကို ကိုင်ထားကြသည်။
"မင်းတို့ထဲကအများစုက ငါ့ကို မကျေမနပ်ဖြစ်နေတယ်ဆိုတာ ငါ သိတယ်...ငါက ဒီကိစ္စကို စိတ်ထဲမထားပေမဲ့ ငါ မင်းတို့ကို သတိပေးချင်တယ်"
"ကိစ္စတွေကို လုပ်ဆောင်တဲ့အချိန်မှာ မင်းတို့အားလုံး အကောင်းဆုံး ကြိုးစားရလိမ့်မယ်...ငါတို့ရဲ့ထိပ်သီးဦးစားပေးကိစ္စကို ပျက်စီးအောင် မလုပ်နဲ့"
သူသည် ထိုစကားကိုပြောဆိုပြီးနောက် မျက်နှာအမူအယာကင်းမဲ့စွာဖြင့် လက်ရှိနေရာတွင်ရှိနေသူများအားလုံးကို ကြည့်လိုက်သည်။ထို့နောက် သူ၏လက်အတွင်းရှိ အဆောင်လက်ဖွဲ့အတွင်းသို့ ပြင်းထန်သောစွမ်းအားလှိုင်းတရပ်ကို ထည့်သွင်းလိုက်ရာ အလင်းတန်းတစ်တန်းက မိုးကောင်းကင်ယံအတွင်း၌ ချက်ချင်းတောက်ပလာသည်။
တခြားလူများသည် မျက်နှာအမူအယာ အနည်းငယ်ပျက်ယွင်းနေသော်လည်း သူတို့လုပ်ဆောင်ရမည့်ကိစ္စကို အချိန်ဆွဲဝံ့ခြင်းမရှိသဖြင့် အဆောင်လက်ဖွဲ့များကို အလျှင်အမြန်အသက်သွင်းလိုက်သည်။
ရုတ်ချည်းဆိုသလိုပင် မိုးကောင်းကင်ယံအတွင်းသို့ အလင်းတန်းအမြောက်အများ ပျံ့လွင့်သွားသည်။အဓိကအားဖြင့် ပိုင်ကျင်း၏အလင်းတန်းအနီးသို့ တခြားအလင်းတန်းများစုဝေးသွားကာ မိုးကောင်းကင်ယံအတွင်း၌ ကြီးမားသော သင်္ကေတအမှတ်အသားကြီးတစ်ခုအဖြစ် ဖွဲ့စည်းသွားသည်။
ထို့နောက် ဤသင်္ကေတအမှတ်အသားသည် အံ့အားသင့်ဖွယ်ကောင်းသော ပုံစံတစ်မျိုးအဖြစ်သို့ ပြောင်းလဲသွားကာ အပြာရောင်မိုးကောင်းကင်ကို အတင်းအကြပ်ဆုတ်ဖြဲပြီး ကြောက်မက်ဖွယ်ကောင်းသော အက်ကွဲကြောင်းကြီးတစ်ခုကို ဖြစ်ပေါ်လာစေသည်။
ဤအက်ကွဲကြောင်းသည် အောက်ခြေကင်းမဲ့နေပြီး မည်သည့်နေရာသို့ ဦးတည်နေသည်အား မည်သူမျှမသိနိုင်ချေ။
အက်ကွဲကြောင်း၏အောက်တွင်ရှိနေသော ပိုင်ကျင်းက သူ၏ခေါင်းကို အနည်းငယ်မော့လိုက်သည်။
"ကောင်းပြီလေ...မင်းတို့ သွားချင်တဲ့နေရာ သွားလို့ရပြီ...အဝေးကြီးတော့ မသွားကြနဲ့...လဝက်အချိန်အတွင်းမှာ ငါတို့ရဲ့နယ်မြေမှာကျန်နေတဲ့လူတွေ ဒီနေရာကို ကူးပြောင်းလာလို့ရပြီ"
ထိုသို့ပြောဆိုပြီးနောက် ပိုင်ကျင်းသည် တခြားလူများ၏တုံ့ပြန်မှုကို စောင့်ဆိုင်းခြင်းမရှိတော့ချေ။သူသည် အရင်ဆုံး စိတ်ဝိညာဥ်လှေပျံပေါ်သို့ပြန်ကာ ထိုင်ခုံပေါ်၌ထိုင်ပြီး လက်ဖက်ရည်တစ်အိုးကို ဖျော်စပ်လိုက်သည်။
ဝေးလံခေါင်သီသော နယ်စပ်တစ်နေရာ၌...
လူအိုကြီးကျန်းတို့လူစုသည် မိုးကောင်းကင်ယံအတွင်းရှိ အက်ကွဲကြောင်းကြီးကိုကြည့်ပြီး သူတို့၏ခေါင်းများကို ခါယမ်းလိုက်ကြသည်။သူတို့၏မျက်နှာအမူအယာများသည် နှိုင်းယှဉ်ပြစရာမရှိသည်အထိ ရှုပ်ထွေးနေပေ၏။
"ဒီကိစ္စက စတင်လာခဲ့ပြီ"
"နောင်အနာဂတ်မှာ ဘာတွေဖြစ်လာမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး"
"ငါက နယ်မြေကြီးကိုးခုရဲ့ အပြစ်သားတစ်ယောက် ဖြစ်မလာဖို့ကိုပဲ မျှော်လင့်မိတယ်"
Chapter 810
လဝက်ကြာမြင့်ပြီးနောက်...
အင်မော်နယ်မြေ၏ဗဟိုချက်နေရာရှိမိုးကောင်းကင်ကို ဆုတ်ဖြဲခံထားရသော အက်ကွဲကြောင်းကြီးထံမှ လှုပ်ရှားမှုတစ်ခု ထွက်ပေါ်လာခဲ့သည်။
"ဟား ဟား ဟား...ဒါက ငါတို့အသက်ရှင်သန်နိုင်ဖို့အတွက် ရှာတွေ့ခဲ့တဲ့ နယ်မြေသစ်လား"
"ဟား ဟား ဟား...ဘယ်လောက်တောင် လတ်ဆတ်တဲ့ လေကောင်းလေသန့်လဲ"
"ငါ ဒီနေရာကိုရောက်လာတာနဲ့ သွေးဆာပြီးတော့ သတ်ချင်လာတယ်"
"ဒီနေရာက လူတွေကိုကြည့်ရတာ အရမ်းအားနည်းမယ့်ပုံပဲ...ဟီး ဟီး ဟီး..."
"အဲ့ဒါကိုမလုနဲ့...ငါ အဲ့ဒီနေရာကို လိုချင်တယ်...ဟား ဟား ဟား"
"အဲ့ဒီတောင်က အခု ငါ့အပိုင်ဖြစ်သွားပြီ"
"အစ်ကိုကြီးတို့ ကြည့်လိုက်အုံ... မင်းတို့ရဲ့ရှေ့မှာ မြို့တစ်မြို့ရှိနေတယ်...ငါတို့ တစ်ချက်လောက် သွားကြည့်ကြရအောင်...အဲ့ဒီမြို့ထဲမှာ ကောင်းတာလေးတစ်ခုခု ရှိနေနိုင်တယ်"
ဤအချိန်အခိုက်အတန့်တွင်
ဝမ်းသာအားရအော်ဟစ်သံများနှင့် ဆူညံသံများ ထွက်ပေါ်လာခြင်းနှင့်အတူ မိုးကောင်းကင်ယံအတွင်းရှိ အက်ကွဲကြောင်းမှနေ၍ လူများတစ်ယောက်ပြီးတစ်ယောက် ထွက်လာသည်။
ပထမဆုံးလူထွက်လာပြီးနောက် ဒုတိယလူ တတိယလူစသဖြင့် တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြသည်။နောက်ဆုံး၌ အက်ကွဲကြောင်းအတွင်းမှနေ၍ အလွန်များပြားသောလူများ ထွက်လာကာ အင်မော်တယ်နယ်မြေ၏အရပ်ဒေသအသီးသီးသို့ ပျံသန်းသွားတော့သည်။
ထိုလူများသည် သူတို့၏ခွန်အားကိုအမှီပြု၍ မီးရှို့ခြင်း သတ်ဖြတ်ခြင်းနှင့်လုယက်ခြင်းစသည့် ဆိုးရွားသောကိစ္စများကို စတင်၍ ကျူးလွန်ကြသည်။
ဤကဲ့သို့မြင်ကွင်းတစ်ခုသည် နယ်စပ်ကိုဖြတ်ကျော်လာသော ကျိုင်းကောင်များအလားပင်။
ဤကူးပြောင်းလာခြင်းသည် လဝက်ကျော်ကြာမြင့်ခဲ့ပြီးနောက် သန်းရာနှင့်ချီသောလူများ ဤနေရာသို့ ရောက်ရှိလာသည်။
ဤသည်မှာ ကူးပြောင်းလာခြင်း အဆုံးသတ်သွားပြီဟု လူများအားလုံး တွေးတောနေစဉ်မှာပင် အက်ကွဲကြောင်းကြီးကို လျှပ်စီးမိုးကြိုးများ လွှမ်းခြုံသွားသည်။
ဤသည်မှာ ပထမဆုံးအသုတ် ကူးပြောင်းလာခြင်းပင်။
နယ်မြေကိုလုယက်ပြီးနောက် ဂိုဏ်းများ၏အဆင့်အတန်းခွဲခြားထားမှုအရ ပထမဆုံးရောက်ရှိလာသည်မှာ ကပ်ဘေးအဆင့်ဂိုဏ်းများမှလူများပင်။ယေဘုယျအားဖြင့် ကပ်ဘေးအဆင့်ဂိုဏ်းဟု ခေါ်ဆိုခဲ့ရသောဂိုဏ်းများတွင် အနိမ့်ဆုံးအနေဖြင့် သူတို့၏ဂိုဏ်းများအတွင်း၌ အဆင့်မြင့်ကပ်ဘေးနယ်ပယ်ကျင့်ကြံသူများ ရှိကြသည်။
နယ်မြေကြီးကိုးခု၏မူလက ကျင့်ကြံဆင့်သတ်မှတ်ချက်ကို ဥပမာယူ၍ကြည့်ပါက အကယ်၍ အစစ်အမှန်အင်မော်သစ် အဆင့်ကိုးဆယ့်ကိုး၌ ရှိနေလျှင်ပင် ဒုတိယအဆင့်ကပ်ဘေးနယ်ပယ်၌သာရှိသည်။ထို့ကြောင့် ပြောရမည်ဆိုလျှင် ကပ်ဘေးအဆင့်ဂိုဏ်းများသည် နယ်မြေကြီးကိုးခုမှ မည်သည့်အင်အားစုကိုမဆို လွယ်လင့်တကူခြေမွှဖျက်ဆီးနိုင်သော စွမ်းအားရှိသည်။
ကပ်ဘေးအဆင့်ဂိုဏ်းများ၏အထက်တွင်မူ တာအိုအဆင့်ဂိုဏ်းများရှိသည်။
တာအိုအဆင့်ဂိုဏ်းများတွင်မူ အနည်းဆုံးအနေဖြင့် တာအိုကြေးမုံအဆင့်ကျင့်ကြံသူများ ရှိပေ၏။
အက်ကွဲကြောင်းကြီးအတွင်းမှနေ၍...
အစပထမတွင် ကပ်ဘေးအဆင့်ဂိုဏ်းများ အစုလိုက်အပြုံလိုက် ရောက်ရှိလာပြီးနောက် ဒုတိယအသုတ်နှင့်တတိယအသုတ်များလည်း တဖွဲဖွဲရောက်ရှိလာသည်။
နောက်ဆုံး၌...
ရက်အနည်းငယ်ကုန်ဆုံးသွားချိန်တွင် အက်ကွဲကြောင်းမှနေ၍ တာအိုချီများ ထွက်ပေါ်လာသည်။
ဤသည်မှာ အစစ်အမှန်အစွမ်းထက်သော ဂိုဏ်းအင်အားစုများ ရောက်ရှိလာခြင်းပင်။
သူတို့သည် ထိပ်သီးတည်ရှိမှုကြီးများဟု ခေါ်ဆိုခံရရန် ထိုက်တန်ပေ၏။
ကပ်ဘေးအဆင့်ဂိုဏ်းများနှင့် တာအိုအဆင့်ဂိုဏ်းများမှလူများ ကြိုတင်၍ရောက်ရှိလာခြင်းကြောင့် နယ်မြေကြီးကိုးခုလုံးကို ရုန်းရင်းဆန်ခတ်ဖြစ်နေစေသည်။
မရေမတွက်နိုင်သောလူများ၏ ဘဝများ အနာဂတ်များနှင့်ကံကြမ္မာများ ပြောင်းလဲသွားခဲ့သည်။
ဤလူများ၏ရောက်ရှိလာမှုသည် နယ်မြေကြီးကိုးခုအတွက် အကျိုးကျေးဇူးများ မရရှိသည်တော့မဟုတ်ချေ။
ပြင်ပလောကနှင့် ဆက်နွယ်နေသောလမ်းကြောင်း ပွင့်သွားသည့် ပထမဆုံးနေ့မှစ၍ နယ်မြေကြီးကိုးခုလုံးအတွင်းရှိ အချုပ်အနှောင်များ ပျက်စီးသွားခဲ့သည်။
နယ်မြေကြီးကိုးခုလုံးအတွင်းရှိ လူအမြောက်အများသည် ယခင်က သူတို့ အကြိမ်ပေါင်းများစွာကြိုးပမ်းခဲ့ဖူးသော ကျင့်ကြံဆင့်နယ်ပယ်အတွက် အတားအဆီးများ ပျောက်ကွယ်သွားကြောင်း ခံစားမိသည်။
ဤသည်မှာ အထူးသဖြင့် အင်မော်တယ်မြစ်ကုန်းမြေကဲ့သို့ အဆင့်နိမ့်ဘုံများအတွက် ပို၍မှန်ကန်သည်။
အကြောင်းအရင်းမှာ အခြေခံအားဖြင့် ဤအဆင့်နိမ့်ဘုံများ အင်မော်တယ်နယ်မြေနှင့်တခြားနယ်မြေများအားလုံးသည် ယွမ်ရှင်းလောက၏အပိုင် ဖြစ်သောကြောင့်ပင်။သို့ရာတွင် ထိုနယ်မြေများအားလုံးကို ထိပ်သီးအစွမ်းထက်တည်ရှိမှုကြီးရှစ်ယောက်မှ အချုပ်အနှောင်များဖြင့် လှောင်ပိတ်ထားခဲ့သည်။
အကယ်၍ အင်မော်တယ်နယ်မြေပေါ်တွင် အချုပ်အနှောင်အလွှာတစ်ထပ်ရှိသည်ဆိုပါက ထိုအောက်ဘုံများကို အချုပ်အနှောင်အလွှာသုံးလွှာဖြင့် လွှမ်းခြုံထားသည်။
ထို့ကြောင့်....
မူလက အောက်ဘုံများတွင်ရှိနေသော လူများသည် သိုင်းအင်ပါယာနယ်ပယ်ကိုချိုးဖျက်ပြီးနောက် အင်မော်တယ်အဖြစ်သို့ တက်လှမ်းကာ အင်မော်တယ်နယ်မြေအတွင်းသို့ ဝင်လောက်နိုင်ရန် အလွန်ခက်ခဲသည်။
အင်မော်တယ်နယ်မြေတွင်လည်း အစစ်အမှန်အင်မော်တယ် အဆင့်ကိုးဆယ့်ကိုးသို့ ရောက်ရှိရန်မှာ မဖြစ်နိုင်သလောက်နီးပါးပင်။
အကြောင်းအရင်းမှာ အကယ်၍ တစ်စုံတစ်ယောက်သည် ဤကျင့်ကြံဆင့်နယ်ပယ်ကို ချိုးဖျက်လိုက်ပါက အချုပ်အနှောင်ကို ချိုးဖျက်လိုက်သည်နှင့်ညီမျှကာ ထိပ်သီးအစွမ်းထက်တည်ရှိမှုကြီးရှစ်ယောက် စီစဉ်ထားသောလှောင်အိမ်ကို ချိုးဖျက်ခြင်းပင်။ဤသည်မှာ ထိပ်သီးတည်ရှိမှုကြီးရှစ်ယောက်မှ ခွင့်ပြုနိုင်သောတစုံတစ်ခု မဟုတ်ချေ။
ယေဘုယျကျကျပြောဆိုရလျှင် ပြင်ပလောကမှလူများရောက်ရှိလာခြင်းကြောင့် ထိုအချုပ်အနှောင်များ ကျိုးပျက်သွားလေရာ နယ်မြေကြီးကိုးခုမှလူများအတွက်လည်း ကောင်းချီးတစ်ခုကို ရရှိလာခဲ့သည်။
သို့ရာတွင် မူလက သန်းရာနှင့်ချီသောလူများ၏ ကြည်ညိုလေးစားခြင်းကိုခံရသော ထိပ်သီးတည်ရှိမှုကြီးရှစ်ယောက်သည် ယခုချိန်၌ လူများအားလုံး၏ဆဲဆိုခြင်းကို ခံရသည့်လူများ ဖြစ်သွားလေပြီ။
လူအများသည် သူတို့၏ရုပ်ထုများကို မြင်တွေ့ရချိန်၌ ရိုသေလေးစားစွာဖြင့် ဒူးထောက်ခြင်းမပြုတော့ဘဲ ရွံရှာစပ်ဆုပ်စွာဖြင့် တံတွေးထွေးကြသည်။
...
ဤသို့ဖြင့်....
မျက်တောင်တခတ်စာအတွင်းမှာပင် အချိန်တစ်နှစ် ကုန်ဆုံးသွားလေပြီ။
အရိပ်ကျွန်း၌....
ကျွန်းပေါ်တွင်ရှိနေသော လူများအားလုံးသည် ငြိမ်းငြိမ်းချမ်းချမ်းနှင့်တင်းတိမ်ရောင်ရဲ့စွာ အလုပ်လုပ်ကိုင်နေကြပြီး အဆက်မပြတ်လှုပ်ရှားသွားလာနေကြသည်။
လူအိုကြီးများနှင့်အဒေါ်ကြီးများသည် ကျားကစားနေကြတာ တချို့ကမူ သူတို့၏ဖိနပ်များကို ချုပ်နေကြသည်။မစင်သယ်ယူသောသူများသည်လည်း မစင်သယ်နေကြကာ ငါးဖမ်းသူများသည်လည်း ဆက်လက်၍ငါးဖမ်းနေကြပြီး သူတို့၏ဘဝများသည် အနည်းငယ်မျှ ပြောင်းလဲသွားခြင်းမရှိပေ။
ရီဖုန်းကမူ သူ၏လက်အတွင်းရှိမြေပုံ အလွန်အမင်းတိုးတက်လာခဲ့သည်။
အလောင်းမျောလွင့်တောင်ကြားရှိ တွားသွားနတ်ဆိုးများမှစတင်၍ အလောင်းတောင်ကုန်းမှ မန်ဒိုနတ်ဆိုးတို့ရှိကာ နောက်ပိုင်းတွင် အပျက်အစီးကုန်းမြေ၌ သူ ရှာတွေ့ခဲ့သော ချော်ရည်နတ်ဆိုးများနှင့် မြစ်တချို့အတွင်းတွင်ရှိနေသော ခေါင်းနှစ်လုံးရေနတ်ဆိုးများပါဝင်သည်။
ထိုကြောင့် တစ်နှစ်တာအချိန်ကာလအတွင်းတွင် ရီဖုန်းသည် ထိုမှော်သားရဲများကို သတ်ဖြတ်ခြင်းအပြင် တခြားနေရာများသို့ တစ်ကြိမ်တစ်ခါမျှ သွားခဲ့ခြင်းမရှိပေ။
အစပထမတွင် သူ့၏ကျင့်ကြံဆင့်နယ်ပယ်သည် အစစ်အမှန်အင်မော်တယ် အဆင့်သုံးဆယ့်တစ်၌ရှိနေသည်။ယခုအချိန်တွင် သူ၏အတွေ့အကြုံရမှတ်များနှင့် အဆင့်မြှင့်တင်လိုက်မှုကြောင့် အစစ်အမှန်အင်မော်တယ် အဆင့်ခုနစ်ဆယ့်တစ်သို့ ရောက်ရှိသွားပေ၏။
သို့ရာတွင် ရီဖုန်းသည် အစစ်အမှန်အင်မော်တယ် အဆင့်ခုနစ်ဆယ့်တစ်သို့အရောက်တွင် နတ်ဆိုးများကိုသတ်ဖြတ်ခြင်းကြောင့် သူ၏ကျင့်ကြံဆင့် အမြောက်အများတိုးတက်မလာတော့သည်အား ရှာဖွေတွေ့ရှိခဲ့သည်။
အမှန်အားဖြင့် အရေးကြီးဆုံးအချက်မှာ ရီဖုန်းသည် ခေါင်းနှစ်လုံးရေနတ်ဆိုးကို တွေ့ခဲ့ရပြီးနောက် ထို့ထက်ပို၍ အဆင့်မြင့်သောနတ်ဆိုးများကို ရှာမတွေ့တော့ခြင်းပင်။
ဤသည်ကြောင့် ရလဒ်အနေဖြင့် ရီဖုန်းသည် ထိုနတ်ဆိုးများကို အမဲလိုက်ခဲ့သော်လည်း သူ၏ကျင့်ကြံဆင့် မြင့်မားလာသည်နှင့်အမျှ နတ်ဆိုးများကိုအမဲလိုက်ခြင်းမှ သူရရှိသော အတွေ့အကြုံရမှတ်များ တစတစပို၍နည်းပါးလာသည်။
ရံဖန်ရံခါ၌ နတ်ဆိုးများစုဝေးချိန်ရရှိရန်အတွက် ရီဖုန်းသည် အိမ်၌ရက်အနည်းငယ်ကြာ အနားယူပြီးမှသာ ထိုနေရာသို့သွား၍ ရိတ်သိမ်းရသည်။
ရက်အနည်းငယ်ကြာ စောင့်ဆိုင်းပြီးနောက်....
ရီဖုန်းသည် သူ၏ဓားကိုကိုင်ကာ အရိပ်ကျွန်းမှထွက်လာပြီး အခြေခံအကျဆုံးနတ်ဆိုးများ ပေါက်ဖွားရာနေရာဖြစ်သည် အလောင်းမျောလွင့်တောင်ကြားထံသို့ ရောက်ရှိလာခဲ့သည်။
ရီဖုန်း ဤနေရာသို့ ရောက်ရှိလာချိန်တွင် မူလက တောင်ကြားနေရာ ပျောက်ကွယ်သွားကာ ထိုနေရာတွင် တောင်ကုန်းတစ်လုံးက အစားထိုးနေရာဝင်ယူထားခဲ့သည်။
အကြောင်းအရင်းမှာ ဤတောင်ကြားတွင် တွားသွားနတ်ဆိုးများ၏အလောင်းများ စုပုံသွားသောကြောင့်ပင်။
"ဒီကောင်တွေကို ရက်တွေအများကြီး ထားထားတာတောင် အကောင်ရေနည်းနည်းပဲရှိနေပါလား..."
ရီဖုန်းက သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။
သို့ရာတွင် မည်သို့ပင်ဆိုစေကာမူ ခြင်တစ်ကောင်တွင်လည်းအသားပါသဖြင့် ဤနတ်ဆိုးများကို သတ်ဖြတ်ခြင်းဖြင့် သူ၏အတွေ့အကြုံရမှတ်များ အနည်းငယ်တိုးလာပေမည်။
ဤနေရာ၌ စုဝေးနေသော တွားသွားနတ်ဆိုးများအားလုံးကို ရီဖုန်းက သတ်ဖြတ်ပြီးနောက် သူ၏လက်နှစ်ဖက်ကိုခါပြီး အေးအေးလူလူထွက်လာခဲ့သည်။ထို့နောက်သူသည် အရိပ်ကျွန်းသို့ပြန်၍ လုသရှန်းနှင့်တို့ဟူးသည်အဒေါ်ကြီးတို့ကြားမှ အချစ်အမုန်းဆက်ဆံရေးနှင့်ပတ်သက်သည့် အတင်းအဖျင်းများကို နားထောင်နေတော့သည်။
သို့ရာတွင်...
လွန်ခဲ့သော ရက်အနည်းငယ်အတွင်း၌ အရိပ်ကျွန်းတွင် များစွာပြောင်းလဲခြင်းမရှိသော်လည်း အင်မော်တယ်နယ်မြေအတွင်း၌ လောကကြီးတခွင်လုံး တုန်ခါသွားလုမတတ် အပြောင်းအလဲများစွာ ဖြစ်ပွားသွားခဲ့သည်။
မူလက အစစ်အမှန်အင်မော်တယ်များသည် အင်မော်တယ်နယ်မြေအတွင်း၌ ထင်ရာစိုင်းနိုင်သောလူများဖြစ်သော်လည်း ယခုအချိန်၌ အသေးအမွှားများဖြစ်သွားလေပြီ။
တိကျသေချာစွာဖြင့်...
ဤအချိန်အခိုက်အတန့်တွင် အင်မော်တယ်နယ်မြေ၌ ကျင့်ကြံဆင့်များကို အစစ်အမှန်အင်မော်တယ်နယ်ပယ်ဟု မခေါ်ဆိုတော့ဘဲ ပထမအဆင့်ကပ်ဘေးနယ်ပယ်မှအစပြု၍ ခေါ်ဆိုတော့သည်။
ကပ်ဘေးနယ်ပယ်ကျင့်ကြံသူများအနက် အဆင့်မြင့်ကပ်ဘေးနယ်ပယ်ကျင့်ကြံသူများသည် ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်နိုင်သော တည်ရှိမှုကြီးများပင်။သို့ရာတွင် ဤအချိန်အခိုက်အတန့်၌ ပထမအဆင့်ကပ်ဘေးနယ်ပယ်ကျင့်ကြံသူများကို နေရာအနှံ့အပြား၌ မြင်တွေ့နိုင်သည်။
အင်မော်တယ်နယ်မြေအတွင်း၌ အကြီးမားဆုံးပြောင်းလဲမှုမှာ အခွင့်အာဏာခွဲဝေခြင်းပင်။
အင်မော်တယ်နယ်မြေ၏မူလအင်အားစုကြီးများသည် တောင်များပြိုလဲသွားသည့်အလား တစ်ခုပြီးတစ်ခု ပျက်စီးသွားခဲ့ကာ အထက်ဆင့်အင်မော်တယ်ကုန်းမြေများသည်လည်း အရိပ်အယောင်မကျန်ရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။မူလက အထက်ဆင့်သုံးဆင့်မှကုန်းမြေအရှင်များသည် နေလအင်မော်တယ်နယ်ပယ်နှင့်ကြယ်အင်မော်တယ်နယ်ပယ်တို့၌ ရှိနေသည်။ သို့ရာတွင် ယခုအချိန်၌ သူတို့သည် ဂိုဏ်းအင်အားစုများ၌ အပြင်စည်းအကြီးအကဲများ အဖွဲ့ခေါင်းဆောင်များသာ ဖြစ်လာခဲ့သည်။
ထိုသို့ဆိုသည့်တိုင် သူတို့သည် နယ်မြေကြီးကိုးခုမှလူများ ဖြစ်နေသဖြင့် ခွဲခြားဆက်ဆံခြင်းခံရသည်။
ဤအင်မော်တယ်နယ်မြေများနှင့်ဂိုဏ်းများနေရာတွင် အစားထိုးနေရာဝင်ယူခဲ့သည်မှာ အဓိကအားဖြင့် ကပ်ဘေးအဆင့်ဂိုဏ်းများပင်။
ကပ်ဘေးအဆင့်ဂိုဏ်းများ၏ အထက်တွင်မူ နယ်မြေများကို အညီအမျှပိုင်းခြား၍ယူထားသော အဓိကဂိုဏ်းကြီးသုံးဂိုဏ်းရှိနေသည်။
အရိပ်ကျွန်း၏အနက်ရောင်မြူခိုးနယ်စပ်ရှိ အနီးပတ်ဝန်းကျင်၌....
ဤနေရာနှင့် မိုင်ပေါင်းတစ်ထောင်ခန့် ဝေးကွာသောနေရာများသည် အနက်ရောင်မြူခိုးများနှင့်နီးကပ်နေသော်လည်း ခြောက်ကပ်သွားခြင်းမရှိသောကြောင့် အင်မော်တယ်နယ်မြေ၏သက်ဝင်လှုပ်ရှားဆုံးနေရာများအနက်မှ တစ်နေရာ ဖြစ်လာခဲ့သည်။
ဤသို့ဖြစ်ရခြင်းမှာ ထိုနေရာသည် အနက်ရောင်မြူခိုးများနှင့်အလွန်နီးကပ်စွာ တည်ရှိနေသောကြောင့်ပင်။
ယခုအချိန်၌ အနက်ရောင်မြူခိုးများသည် တိမ်တိုက်ကြယ်နယ်မြေတခုလုံး၌ စိမ့်ဝင်နေသည်။သို့ရာတွင် ဂိုဏ်းကြီးများသည် အနက်ရောင်မြူခိုးများအကြား၌ ယခင်ကဲ့သို့ ခက်ခဲနေခြင်းမရှိတော့ဘဲ နေရာဒေသအမျိုးမျိုးတွင်ကျင့်ကြံနိုင်ကြသည်။သူတို့သည် တပည့်များကိုအတွေ့အကြုံရရှိစေရန်အတွက် နေရာတချို့ကို ရှာဖွေထားကြလေ၏။
ထို့ကြောင့် နတ်ဆိုးများအမြောက်အများရှိနေသည့် အနက်ရောင်မြူခိုးထူထပ်သိပ်သည်းသောနေရာများသည် အဓိကဂိုဏ်းကြီးများမှတပည့်များ အတွေ့အကြုံရှာရန်အတွက် အကောင်းဆုံးနေရာများ ဖြစ်လာခဲ့သည်။
သူတို့သည် အတွေ့အကြုံရရှိနိုင်သည့်အပြင် နတ်ဆိုးများကိုလည်း သတ်ဖြတ်နိုင်သဖြင့် သူတို့အတွက် ကောင်းမွန်သောကိစ္စတစ်ရပ်ပင်။
ထို့ထက်ပို၍အရေးကြီးသောကိစ္စမှာ ဂိုဏ်းအင်အားစုများ၏ လက်အောက်တွင်ရှိနေသော တပည့်များအားလုံး၌ တာဝန်တစ်ခုရှိနေသောကြောင့်ပင်။
ထိပ်သီးတပည့်များမှစတင်၍ အပြင်စည်းတပည့်များအထိ နှစ်စဉ်နှစ်တိုင်း နတ်ဆိုးများကိုသတ်ဖြတ်ရမည့် တာဝန်များရှိနေသည်။
ဤသည်မှာ သူတို့သည် နယ်မြေကြီးကိုးခုမှလူများအတွက် ရည်ရွယ်၍လုပ်ဆောင်နေခြင်းမဟုတ်ချေ။အကြောင်းအရင်းမှာ ဤကဲ့သို့ ပတ်ဝန်းကျင်တစ်ခုတွင် အဓိကဂိုဏ်းကြီးများသည် အောင်မြင်မှုရရှိရန်အတွက် တချို့ကိစ္စများကိုလုပ်ဆောင်ရန် လိုအပ်သောကြောင့်ပင်။
ဤကဲ့သို့တွန်းအားများအောက်တွင် ဂိုဏ်း၏တာဝန်များကို အောင်မြင်နိုင်ရန်အလို့ငှာ တပည့်များသည် အနက်ရောင်မြူခိုးနယ်မြေနှင့် တဖြည်းဖြည်းနီးကပ်လာကြသည်။
သို့ရာတွင်...
ယခုလက်ရှိအခြေအနေသည် တစ်စုံတစ်ခုမှားယွင်းနေသည့်အလား လမ်းများပေါ်၌ အော်ဟစ်ဆဲဆိုနေသော တပည့်များဖြင့် ပြည့်နှက်နေသည်။
"သောက်ချေးပဲ...ဒီအနက်ရောင်မြူခိုးတွေက အတုတွေများလား...ငါ ဒီနေရာမှာ စောင့်နေတာ အချိန်အတော်ကြာနေပြီ...ဒါပေမဲ့ နတ်ဆိုးတစ်ကောင်တောင်မှ ရောက်မလာခဲ့ဘူး...ဘာတွေဖြစ်နေတာလဲ"
"ညီအစ်ကို စကားလျှော့ပြောပါ....မင်း ဒီနေရာကိုရောက်တာ ရက်နည်းနည်းပဲကြာသေးတယ်...ငါ ဒီနေရာမှာ ထိုင်စောင့်နေတာ တစ်လလောက်ကြာနေပြီ...ငါက အဆင့်နိမ့်နတ်ဆိုးတစ်ကောင်ကိုပဲ တွေ့ရသေးတယ်"
တခြားတပည့်တစ်ယောက်ကလည်း ကူကယ်ရာမဲ့စွာဖြင့် ညည်းတွားလေသည်။
"မင်း ဒီနေရာမှာ တစ်လလောက်ထိုင်နေတာက အဆင်ပြေတယ် မဟုတ်လား"
ယခင်က စကားပြောဆိုလိုက်သောတပည့်က ပြောဆိုသည်။
"အနည်းဆုံးတော့ မင်းက ဒီတစ်နှစ်ရဲ့တာဝန်ကိုအောင်မြင်အောင် လုပ်နိုင်သေးတယ်"
"ဘယ်သောက်ရေးမပါတဲ့ကောင်က ငါတို့ဂိုဏ်းကလုပ်ရမယ့်တာဝန်တွေကို လုပြီးလုပ်သွားခဲ့တာလဲ"
ထိုတပည့်သည် သူ၏လက်ကိုမြှောက်ကာ ကျိန်ဆဲလိုက်၏။
"သူ့ရဲ့အမေကို လူသုံးသောင်းလောက် တက်ခွပါစေ...အဲ့ဒီကောင်လည်း ဂိုဏ်းစစ်ပွဲထဲမှာ မချိမဆန့်ခံစားရပြီးတော့ သေသွားပါစေ"
Thank For Reading.