အခန်း (၈၂၆-၈၃၀)
Vol. 56 Ch. 826-830
Chapter 826
"ရော့...ဒါက နင့်ရဲ့တပည့်တံဆိပ်ပြား..."
စုရှောင်ယွီက သူမကိုစောင့်ဆိုင်းနေသော ပိုင်မီထံသို့ တပည့်တံဆိပ်ပြားကို ပစ်ပေးလိုက်သည်။
ကောင်းကင်တိမ်တိုက်ဂိုဏ်း၏ တပည့်တံဆိပ်ပြားကိုကြည့်ပြီး ပိုင်မီထံတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။
စုရှောင်ယွီသည် ဤကိစ္စကို အမှန်တကယ် လုပ်ဆောင်နိုင်ခဲ့ပေ၏။
"မိန်းကလေးစုကို ကျေးဇူးတင်ပါတယ်.... မိန်းကလေးစုက ငါ့ကို မီးပုံကြားကနေ ကယ်တင်ခဲ့တယ်...ပိုင်မီမှာ ဘာမှပြန်ပေးဆပ်စရာမရှိဘူး...ဒါကြောင့် ပိုင်မီက မိန်းကလေးစုရဲ့အစ်ကိုကြီးကို သေသေချာချာ လုပ်ကျွေးပြုစုပါ့မယ်"
ပိုင်မီက ရိုးသားဖြူစင်စွာဖြင့် သူမ၏ခေါင်းကို အောက်သို့ငုံပြီး ပြောဆိုသည်။
အကြောင်းအရင်းမှာ အကယ်၍ သူမသည်တခြားလူတစ်ယောက်ထဲ၌ အစေခံရမည်ဆိုလျှင်ပင် ဝမ်ချန်းယု၏လက်အတွင်းသို့ ရောက်ရှိသွားကာ အသက်ကင်းမဲ့ရသည်ထက် ပို၍ကောင်းမွန်မည်ဖြစ်သောကြောင့်ပင်။
"နင် မှတ်ထားရမှာက ငါ့အစ်ကိုကြီးအရိုးစုရဲ့စကားကို နားထောင်ရမယ်...ဒါက နင့်အတွက် အခွင့်အရေးကြီးတစ်ခုပဲ"
စုရှောင်ယွီက အလေးအနက်ထားသောလေသံဖြင့် ရှင်းပြသည်။
ပိုင်မီက ခါးသည်းသောအပြုံးနှင့် ခေါင်းညိတ်ပြလိုက်၏။
သူမသည် ဝမ်ချန်းယု၏လက်အတွင်းမှ ယာယီလွတ်မြောက်သွားခဲ့ကာ အခြေအနေသည် များစွာပို၍ကောင်းမွန်သွားသဖြင့် စုရှောင်ယွီကိုအလွန်ကျေးဇူးတင်မိသော်လည်း သူမသည် တခြားလူတယောက်အတွက် အစေခံပေးရပေမည်သာဖြစ်သည်။
မည်သည့်နေရာတွင် စုရှောင်ယွီပြောဆိုနေသော အခွင့်အရေး ရှိနိုင်မည်နည်း...
သူမသည် မျှော်လင့်ချက်တစ်ခုတစ်လေမျှ မထားဝံ့သော်လည်း စုရှောင်ယွီ၏အကိုကြီးအရိုးစုသည် လူကောင်းတယောက်ဖြစ်ရန် သူမ ဆုတောင်းနေမိသည်။
ပိုင်မီသည် သပ်သပ်ရပ်ရပ်ဖြစ်အောင် ဝတ်စားပြင်ဆင်ပြီးနောက် သူမတို့နှစ်ယောက်သည် နတ်ဆိုးစုဝေးခြင်းလွင်ပြင်ထံသို့ ဦးတည်၍ ထွက်ခွာခဲ့လေ၏။
ထို့နောက် သူမတို့နှစ်ယောက်သည် အနက်ရောင်မြူခိုးများ၏အစွန်အဖျားနေရာသို့ ရောက်ရှိလာသည်။
ဤအစွန်အဖျားနေရာတွင်...
မြစ်တစ်စင်း စီးဆင်းနေသည်။
ဤမြစ်အတွင်း၌ အနက်ရောင်မြူခိုးများ ပျံ့နှံ့လာမှုကို တားဆီးနိုင်ရန်အတွက် တားမြစ်ဝင်္ကပါအမြောက်အများကို ခင်းကျင်းထားသည်။
စုရှောင်ယွီသည် အနည်းငယ်မျှ စဉ်းစားတွေးတောခြင်းမပြုဘဲ မြစ်အတွင်းသို့ ခုန်ချလိုက်သည်။
"ဒါက...."
စုရှောင်ယွီ၏နောက်တွင်ရှိနေသော ပိုင်မီသည် သူမ၏နှုတ်ခမ်းကိုဖုံးအုပ်ကာ သူမထံမှနေ၍ အံ့အားတသင့်ရေရွတ်လိုက်သော အသံတစ်သံ ထွက်ပေါ်လာသည်။
"နင် ဘာဖြစ်လို့လဲ..."
စုရှောင်ယွီက နောက်သို့ပြန်လှည့်ကြည့်ပြီး မေးမြန်းသည်။
"စု...မိန်းကလေးစု...နင်က ဒီအတိုင်းဖြတ်သွားမလို့လား"
ပိုင်မီက မယုံကြည်နိုင်စွာဖြင့် မေးမြန်းလေ၏။
"ဟွန့်....ဒါက မြစ်လေးတစ်စင်းပဲလေ...နင် ဒီနေရာကို လာခဲ့တော့...ဘာမှ စိုးရိမ်နေဖို့မလိုဘူး"
စုရှောင်ယွီသည် ရီဖုန်း၏လှုပ်ရှားမှုများကို အမှတ်ရသွားကာ သူမ၏လက်ကို ဝှေ့ယမ်းပြီးပေါ့ပေါ့ပါးပါးပြောဆိုလိုက်သည်။
"ဒါကို မြစ်လေးတစ်စင်းပဲလို့ ပြောလိုက်တာလား"
ပိုင်မီသည် ပါးစပ်အဟောင်းသား ဖြစ်သွားလေ၏။
စုရှောင်ယွီ၏စကားကို နားထောင်ရသည်မှာ....
ဤသည်မှာ လူသားတစ်ယောက် ပြောဆိုသောစကား ဟုတ်ပါသလော....
"ဒါက ကိစ္စကြီးတစ်ခု မဟုတ်ဘူး...ဒီနေရာကို လာခဲ့တော့"
စုရှောင်ယွီက ပေါ့ပေါ့ပါးပါးပြောဆိုသည်။
ပိုင်မီက အံ့တင်းတင်းကြိတ်လိုက်သည်။ယခုအချိန်၌ အရာအားလုံးသည် လမ်းဆုံးသို့ ရောက်ရှိနေပြီဖြစ်သောကြောင့် ပိုင်မီသည် မည်သည့်ကိစ္စကိုမျှ ဂရုမစိုက်တော့ချေ။
ထို့ပြင် စုရှောင်ယွီထံ၌ သူမကို ထိခိုက်နာကျင်အောင်လုပ်လိုသော ရည်ရွယ်ချက်မျိုး ရှိပုံမရချေ။
ပိုင်မီသည် စိတ်ဆုံးဖြတ်ပြီးနောက် ပေါ့ပေါ့ပါးပါးဖြင့် မြစ်အတွင်းသို့ ခုန်ချလိုက်၏။
မြစ်ကိုဖြတ်ကူးပြီးနောက် အကန့်အသတ်မရှိသော အနက်ရောင်အမှောင်ထုကြီးရှိနေကာ သူမ၏လက်ချောင်းများကိုပင် သူမ ပြန်မမြင်နိုင်တော့ချေ။
"မိန်းကလေးစု နင်က ဒီနေရာမှာ မြင်နိုင်တာလား"
ပိုင်မီက ကူကွယ်ရာမဲ့စွာဖြင့် မေးမြန်းသည်။
"အင်း ဒါက နည်းနည်းတော့ မှောင်နေတယ်။
စုရှောင်ယွီသည် မိုးကောင်းကင်ယံကိုမော့ကြည့်ပြီးနောက် သူမ၏သိုလှောင်လက်စွပ်အတွင်းမှ မီးတုတ်တစ်ချောင်းကို ထုတ်ယူလိုက်သည်။
ရုတ်ချည်းဆိုသလိုပင် မီးအလင်းရောင်တောက်ပလာပြီးနောက် ပတ်ဝန်းကျင်ရှိ မြူခိုးများအားလုံး ပျက်ပြယ်သွားလေ၏။
ပိုင်မီက သူမ၏နီမြန်းသောနှုတ်ခမ်းများကို တဖန်ထပ်၍ ဖုံးအုပ်လိုက်သည်။
"မိန်းကလေးစု...ဒါက ဘယ်လိုရတနာမျိုးလဲ...ဒီပစ္စည်းက အနက်ရောင်မြူခိုးတွေကိုတောင် တကယ်ကြီး ပျက်ပြယ်သွားစေတာလား"
ပိုင်မီက အံ့အားတသင့် မေးမြန်းလိုက်သည်။
"ဒါက မီးတုတ်လေ"
စုရှောင်ယွီ၏နှုတ်ခမ်းထောင့် မြင့်တက်သွားကာ သူမ၏လက်ကိုနောက်ပစ်ပြီး ပေါ့ပေါ့ပါးပါးပြောဆိုသည်။
"မီးတုတ်လား..."
"ပစ္စည်းကောင်းလေး တစ်ခုပဲ"
ပိုင်မီသည် ကူကယ်ရာမဲ့စွာဖြင့် ထိုပစ္စည်းကို အလွန်သဘောကျနှစ်ခြိုက်သွားသည်။
"ဒါက ကိစ္စကြီးတစ်ခု မဟုတ်ဘူး...ငါ့နောက်ကနေ လိုက်ခဲ့တော့"
စုရှောင်ယွီသည် မီးတုတ်ကိုကိုင်ကာ သူမ၏ခေါင်းကိုမော့ပြီး ရှေ့သို့ဆက်လက်၍ လျှောက်လှမ်းသွားတော့သည်။
သူမ၏နောက်တွင်ရှိနေသော ပိုင်မီသည် ရံဖန်ရံခါ၌ ပတ်ဝန်းကျင်ကို သတိကြီးစွာထား၍ ကြည့်နေပြီး ရံဖန်ရံခါ၌ စုရှောင်ယွီကို လေးစားကြည်ညိုသောအကြည့်ဖြင့် ကြည့်နေလေ၏။
ထိုမြင်ကွင်းကိုကြည့်ပြီး စုရှောင်ယွီသည် သူမ၏ရင်သားသေးသေးလေးကိုကို ပို၍ကော့လိုက်သည်။
ဤသည်မှာ ဆရာကြီးတစ်ယောက်၏ပုံစံမျိုး မဟုတ်လော...
ဤခံစားချက်သည် အလွန်ကောင်းမွန်ပေ၏။
အထူးသဖြင့် မရေမတွက်နိုင်သောဂိုဏ်းများမှ တပည့်များသည် နတ်ဆိုးများကို တိုက်ခိုက်နိုင်ရန် နတ်ဆိုးစုဝေးခြင်းလွင်ပြင်၌ စောင့်ဆိုင်းနေသောပုံရိပ်ကို သူမ တွေးသောမိချိန်တွင် ဤကိစ္စ၏ လက်သည်တရားခံဖြစ်သော သူမအား ပို၍ရယ်မောမိစေသည်။
လောကကြီးအတွင်းရှိ လူများကို သူမ၏လက်ဝါးအတွင်းသို့ ထည့်ထားရသည့်အလား နည်းဗျူဟာမျိုးသည် အမှန်တကယ်ကိုကောင်းမွန်ပေ၏။
သူမသည် နတ်ဆိုးတစ်ကောင်ကိုသာ သတ်ဖြတ်ခဲ့သော်လည်း....
ဆရာကြီး၏နောက်၌ ကြံရာပါတစ်ယောက်အဖြစ် ရှိနေခဲ့သည်မဟုတ်လော....
သူမတို့နှစ်ယောက်သည် အနက်ရောင်မြူခိုးများကို ဖြတ်ကျော်ပြီးနောက် အရိပ်ကျွန်းအတွင်းသို့ ဝင်ရောက်ခဲ့တော့သည်။
အရိပ်ကျွန်းသို့ ရောက်ရှိသည်နှင့်....
ကြီးကျယ်ခမ်းနားသည့် စိတ်ဝိညာဥ်စွမ်းအားများက ပိုင်မီ၏ခန္ဓာကိုယ်ကို လွမ်းခြုံသွားသည်။
ပိုင်မီက သူမသည် ဤကဲ့သို့ကြီးကျယ်ခမ်းနားသော စိတ်ဝိညာဉ်စွမ်းအားများကို သူမ၏ဘဝတလျှောက်အတွင်း၌ တစ်ကြိမ်တခါမျှ ခံစားခဲ့ဖူးခြင်းမရှိဟု ကျိန်ပြောဝံ့သည်။အသက်ရှူချိန်အနည်းငယ်အတွင်းမှာပင် သူမ၏ခွန်အားများ သိသိသာသာမြင့်တက်လာသည်ကို သူမ ခံစားမိလေ၏။
အနက်ရောင်မြူခိုးများအတွင်းတွင် ဤကဲ့သို့သုခဘုံတစ်ခု ရှိနေမည်ဟု သူမ တစ်ကြိမ်တစ်ခါမျှ တွေးထင်ထားမိခြင်းမရှိချေ။
"ကောင်လေး...သွတ်သွက်လေးလုပ်စမ်း....တကယ်လို့ မင်း ဒီနေ့မစင်ပုံးသုံးဆယ်ကို မသယ်နိုင်ဘူးဆိုရင် ငါ မင်းကို သတ်ပစ်မယ်"
နံဘေးတစ်ဖက်တွင် လုသရှန်းသည် သူ၏လက်အတွင်း၌ ကြာပွတ်ရှည်တစ်ချောင်းကို ကိုင်ထားကာ ခါးထောက်ပြီး လူငယ်တစ်ယောက်ကို ဆူပူကြိမ်းမောင်းနေသည်။
ပိုင်မီသည် ထိုနေရာသို့ အမှုမဲ့အမှတ်မဲ့ဖြင့် တစ်ချက်ကြည့်လိုက်ပြီးနောက် သူမ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားသည်။
အကြောင်းအရင်းမှာ ဤအချိန်အခိုက်အတန့်၌ ဆံပင်များဖရိုဖရဲဖြစ်နေပြီး မစင်ပုံးတစ်စုံကို သယ်ဆောင်ထားကာ ကြာပွတ်ဖြင့်ညွှန်၍ အမိန့်ပေးခိုင်းစေခြင်းကို ခံနေရသောလူငယ်အား သူမ မှတ်မိသွားသောကြောင့်ပင်။
ဤသည်မှာ ကျောက်ဂူပင်။
သူသည် တာအိုဂိုဏ်းတစ်ဂိုဏ်း၏ တိုက်ရိုက်တပည့်များအနက်မှတစ်ယောက်ပင်။
သူမ၏အဆင့်အတန်းသည် မြင့်မားခြင်းမရှိသော်လည်း ပျံသန်းခြင်းစိတ်ဝိညာဉ်ဂိုဏ်း၏လအတွင်းစည်းတပည့်တစ်ယောက် ဖြစ်သဖြင့် နာမည်ကျော်ကြားသော လူအမြောက်အများကို သိရှိထားသည်။မည်သို့ပင်ဆိုစေကာမူ ဂိုဏ်းများအကြားတွင် တွေ့ဆုံပွဲကြီးများကို မကြာခဏ ပြုလုပ်လေ့ရှိပေ၏။
ကျောက်ဂူသည် မည်သည်ကြောင့် ဤနေရာသို့ ရောက်ရှိနေသနည်း။
သူမ၏စိတ်နှလုံးသားအတွင်း၌ လှိုင်းထန်သွားသည်။
ကျောက်ဂူ ပျောက်ဆုံးနေသည်ဟု သတင်းများထွက်ပေါ်ခဲ့သည် မဟုတ်လော။ကျောက်ဂူ၏တာအိုဂိုဏ်းမှနေ၍ သူ့အား ပြင်းပြင်းထန်ထန်ရှာဖွေနေခဲ့သော်လည်း သူသည် မည်သည်ကြောင့် ဤနေရာသို့ရောက်ရှိနေကာ မစင်များကို သယ်နေသနည်း။
သူမ ဤကိစ္စကို မယုံကြည်နိုင်ချေ။
တာအိုဂိုဏ်း၏တိုက်ရိုက်တပည့်တစ်ယောက်ဖြစ်သော သူ၏ပါရမီအရည်အချင်းနှင့်ခွန်အားသည် လူငယ်မျိုးဆက်သစ်များအကြား၌ အကောင်းဆုံးပင်၏ဤကဲ့သို့ မောက်မာထောင်လွှားသော လူငယ်တယောက်သည် မည်သည်ကြောင့် သူ့ကိုယ်သူနှိမ့်ချ၍ ဤနေရာ၌ မစင်များသယ်နေသနည်း။
Chapter 827
ဤနေရာ၌ မည်သည့်ကိစ္စများ ဖြစ်ပွားနေသနည်း။
သို့ရာတွင်...
သူမသည် မည်သည်ကြောင့် ဤကဲ့သို့ ဖြစ်ပျက်နေသည်ကို ရှာဖွေဖော်ထုတ်နိုင်ခြင်း မရှိသေးမီမှာပင် ကျောက်ဂူ၏ခန္ဓာကိုယ်မှနေ၍ အစွမ်းထက်သောအရှိန်အဝါတစ်ရပ် ရုတ်တရက် ပွင့်အံ့ထွက်လာသည်ကို သူမ သတိပြုမိသွားသည်။
"ငါက ဒီရက်တွေအတွင်းမှာ လုံလောက်တဲ့အထိ သည်းခံပြီးပြီ"
"အချိန်အကြာကြီး ပြင်းပြင်းထန်ထန်ကြိုးစားပြီးတဲ့နောက်မှာ နောက်ဆုံးတော့ ငါက အခွင့်အရေးတစ်ခုကို ရှာဖွေတွေ့ရှိခဲ့တယ်"
"ဒီနေရာမှာရှိတဲ့ စိတ်ဝိညာဉ်စွမ်းအားတွေက အရမ်းသန်မာအားကောင်းတာကြောင့်...ပုံမှန်အတိုင်းဆိုရင် နှစ်တစ်ရာကြာရင်တောင် ချိုးဖျက်နိုင်မှာမဟုတ်တဲ့ ကျင့်ကြံဆင့်နယ်ပယ်ကို ငါ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့တယ်"
"ဟား ဟား ဟား...ဒီလိုဖြစ်လာမယ်လို့ ငါ မျှော်လင့်မထားမိဘူး"
"ဒါတွေအားလုံးက မင်းကို ကျေးဇူးတင်ရမယ်"
"ဒါပေမယ့် ငါ့ရဲ့အခုလက်ရှိခွန်အားက အရိုးစုကောင်ရဲ့လက်ထဲကနေလွတ်ဖို့ မလုံလောက်သေးဘူးဆိုတာ ငါ သိတယ်...ဒါကြောင့် ငါက ကိုယ့်ကိုယ်ကိုယ်နှိမ့်ချပြီးတော့ မြေးလိမ္မာလေးတစ်ယောက်လို နေထိုင်ခဲ့ရတယ်...ဒါပေမဲ့ ထူးဆန်းတာတစ်ခုက အဲ့ဒီအရိုးစုကောင်က ငါ့ကိုဂရုမစိုက်တော့ဘဲနဲ့ မင်းလိုအမှိုက်တစ်ကောင်ရဲ့လက်ထဲကို လွှဲပြောင်းပေးခဲ့တယ်"
"ငါက အဲ့ဒီအရိုးစုကောင်ရဲ့လက်ထဲကနေ ထွက်မပြေးနိုင်ပေမယ့်...ငါက ဘာလို့ မင်းရဲ့လက်ထဲကနေ ထွက်မပြေးနိုင်ရမှာလဲ"
"ဟား ဟား ဟား..."
"မစင်သယ်တဲ့လူကြီး...မင်းက နံစော်နေတဲ့ ခွေးမသားကြီးပဲ....မင်းလို ပုရွက်ဆိတ်တစ်ကောင်က ငါ့ကိုလာပြီး အမိန့်ပေးရဲတယ်...မင်းက တော်တော်လေး သတ္တိကောင်းတာပဲ"
"ဒီအချိန်အတောအတွင်းမှာ ငါ့ရဲ့ဒေါသတွေကို ဖွင့်ထုတ်ဖို့ နေရာမရှိတာကြောင့် ငါ အရမ်းမွန်းကြပ်နေခဲ့တယ်...ဒါကြောင့် လူအိုကြီး မင်းက ငါကျောက်ဂူရဲ့ဒေါသကို အရင်ဆုံးခံစားရမယ်"
ကျောက်ဂူသည် စကားပို၍ပြောလေလေ ပို၍စိတ်လှုပ်ရှားလေလေပင်။သူ၏ခန္ဓာကိုယ်ပေါ်ရှိ အရှိန်အဝါသည်လည်း တစတစပို၍ကြီးမားလာကာ အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားပြီး ဖိအားအရှိန်အဝါတစ်ရပ် ထွက်ပေါ်လာသည်။
"အရမ်းသန်မာတာပဲ...."
ပိုင်မီက ထိတ်လန့်တုန်လှုပ်စွာဖြင့် ကျောက်ဂူကိုကြည့်လိုက်၏။
သူမတို့နှစ်ယောက်လုံးသည် လူငယ်မျိုးဆက်သစ်များဖြစ်သော်လည်း ခွန်အားခြင်း မိုးနှင့်မြေတမျှ ကွဲပြားခြားနားနေသည်။ဤသည်မှာ တာအိုဂိုဏ်းမှ တပည့်တစ်ယောက်၏စွမ်းအား ဖြစ်သလော....
ဤနေရာ၌ မည်သည့်ကိစ္စမျိုး ဖြစ်ပျက်ခဲ့ကာ မည်ကဲ့သို့ နားလည်မှုလွဲခြင်းမျိုး ရှိနေသည်အား သူမ မသိရှိသော်လည်း သူမ၏ရှေ့ရှိ မစင်သယ်သောဦးလေးကြီးသည် သေခါနီးအရွယ်သို့ရောက်ရှိနေပြီဖြစ်ကြောင်း သူမ တွေ့မြင်မိသည်။
တလိမ့်လိမ့်ထလာသော အရှိန်အဝါများအောက်တွင် ကျောက်ဂူ၏မျက်နှာသည် မနှစ်မြို့ဖွယ်ကောင်းလာကာ အံ့တင်းတင်းကြိတ်ပြီး ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသောစွမ်းအားဖြင့် လက်ဝါးတစ်ချက်ရိုက်ထုတ်လိုက်သည်။
ဤလက်ဝါးရိုက်ချက်အတွင်းတွင်...
ဤနေရာ၌ သူ ခံစားခဲ့ရသော အရှက်ဒေါသများအားလုံး ရောယှက်နေသည်။
"မစင်သယ်တဲ့လူအိုကြီး...သေစမ်း..."
ကျောက်ဂူက သရော်တော်တော် ပြောဆိုလိုက်သည်။သူ၏အရှိန်အဝါသည် အလွန်အမင်းအစွမ်းထက်ကာ သူ၏မျက်လုံးအတွင်း၌ လုသရှန်းသည် သေလူတစ်ယောက်သာဖြစ်ပေ၏။
သို့ရာတွင်...
လုသရှန်းသည် အမူအယာကင်းမဲ့စွာဖြင့် ကျောက်ဂူကို တစ်ချက်သာကြည့်သည်။
သူ့၏နှုတ်ခမ်းဖြင့် ကျွတ်တစ်ချက်စုပ်လိုက်ခြင်းနှင့်အတူ....
သူ၏မျက်နှာပေါ်၌ စိတ်မရှည်သော အမူအယာတစ်ရပ် ထင်ဟပ်လာကာ သူ၏လက်တစ်ဖက်ဖြင့် မစင်ဇွန်းကြီးကို ဝှေ့ယမ်းလိုက်သည်။
ထိုမစင်ဇွန်းကြီးသည် ကျောက်ဂူ၏ခေါင်းကို တိုက်ရိုက်ထိမှန်သွားလေ၏။
အစောပိုင်းက အရှိန်အဟုန်အပြည့်ရှိနေသော ကျောက်ဂူ၏ ကြီးကျယ်ခမ်းနားသော လှုပ်ရှားမှုများအားလုံးသည် လေလျော့သွားသော ပူဖောင်းတစ်လုံးအလားပင်။သူ၏မျက်နှာပေါ်တွင် မစင်များပေကျံသွားကာ သူ့၏မျက်လုံးရှေ့၌ ကြယ်များလများကို မြင်တွေ့လိုက်ရပြီး မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။
"အမှိုက်ကောင်...မင်းက ဒီအကြီးအကဲလုကို ဘယ်လိုစကားတွေ ပြောနေတာလဲ...မင်းရဲ့ခြေထောက်သုံးချောင်းအတွက်ပဲ မင်း စိတ်ပူစမ်း...ဒီကျွန်းပေါ်မှာရှိတဲ့ အဒေါ်ကြီးတယောက်ကိုတောင် မင်းက ရိုက်နိုင်မှာမဟုတ်ဘူး...ဒီနေရာကိုလာပြီးတော့ မင်းက ဘာတွေ ဟန်ရေးပြနေတာလဲ"
ဘုန်း.....
ထိုစကားကိုပြောဆိုပြီးနောက် ဆိုက်လွန်မစင်ပုံးကြီးတစ်စုံသည် မြေပြင်ပေါ်၌လဲကျနေသော ကျောက်ဂူ၏မျက်နှာအနီးသို့ ကျရောက်လာပေ၏။
"ငါ မင်းသယ်တဲ့အရေအတွက်ကို မှတ်ထားမယ်"
"မစင်ပုံးသုံးရာ..."
"တကယ်လို့ မင်း ဒီနေ့ ဒီအလုပ်ကို မပြီးဘူးဆိုရင် ငါက မင်းကို ပင်လယ်ထဲပစ်ချပြီး ငါးစာကျွေးပစ်မယ်"
လုသရှန်းသည် ကျောက်ဂူကို မျက်စောင်းတစ်ချက်ထိုးကြည့်ပြီးပြောဆိုကာ သူ့အားလျစ်လျူရှု၍ ထွက်ခွာသွားတော့သည်။
မြေပြင်ပေါ်၌...
ကျောက်ဂူ၏ပါးစပ်မှနေ၍ အဖြူရောင်အမြှုပ်များ ထွက်နေသည်။
သူ၏မျက်လုံးအတွင်း၌ မယုံကြည်နိုင်မှုများ မလိုလားမှုများနှင့် ပြည့်နှက်နေသည်။ သူ၏စိတ်နှလုံးသားအတွင်းရှိ စိတ်ပျက်အားငယ်မှုများသည် ဖော်ပြရန်မစွမ်းသော အဆင့်တစ်ခုသို့ ရောက်ရှိသွားလေပြီ။
သူသည် အချိန်ကြာမြင့်စွာ နှိမ့်ချ၍နေထိုင်ခဲ့ပြီးနောက် တိတ်တဆိတ် ကျင့်ကြံဆင့်ချိုးဖျက်နိုင်ခဲ့သည်။သူသည် အရိုးစု၏အဝေးသို့ ထွက်လာနိုင်ခဲ့သဖြင့် ရှားပါးသော အခွင့်အရေးတစ်ခုကိုရှာဖွေတွေ့ရှိခဲ့လေ၏။သို့ရာတွင် သူသည် မစင်များကိုသယ်ဆောင်သော လူအိုကြီးတစ်ယောက်၏လက်အတွင်း၌ ရှုံးနိမ့်ရမည်ဟု သူ မျှော်လင့်မထားမိချေ။
ထို့ပြင် မစင်ခတ်သော ဇွန်းတစ်ဇွန်းဖြင့် ရိုက်နှက်ခံရမှုအောက်တွင် သူသည် ယခုကဲ့သို့ အခြေအနေမျိုးသို့ ရောက်ရှိသွားခဲ့သလော။
သူသည် မူးဝေနေသည့်ကြားမှ....
သူ၏နံဘေးရှိ ဆိုက်လွန်မစင်ပုံးကြီးတစ်စုံကိုကြည့်ပြီး သတိလစ်မေ့မျောသွားတော့သည်။
နံဘေးတစ်ဖက်တွင်ရှိနေသော ပိုင်မီသည် ဤကိစ္စများအားလုံးကို မြင်တွေ့လိုက်ရသဖြင့် ရူးသွပ်လုနီးပါးဖြစ်နေသည်။
အားနည်းပုံရသော မစင်သယ်သည့်လူအိုကြီးသည် အမှန်အားဖြင့် အလွန်အစွမ်းထက်သူတစ်ယောက် ဖြစ်နေသလော...
ထိုလူအိုကြီးသည် အချိန်တစ်ခဏအတွင်း၌ ကျောက်ဂူကို အနိုင်ယူနိုင်ခဲ့သလော...
"မိန်းကလေးစု....ခုဏတွေ့ခဲ့တဲ့ လူအိုကြီးက ဒီကျွန်းရဲ့ပိုင်ရှင်လား"
ပိုင်မီက ကူကယ်ရာမဲ့စွာဖြင့် မေးမြန်းသည်။
ကျွန်းပိုင်ရှင်လား...နင် အတွေးလွန်နေပြီ...သူက မစင်သယ်တဲ့အဖွဲ့ရဲ့အကြီးအကဲပဲ"
စုရှောင်ယွီက ပေါ့ပေါ့ပါးပါးပြောဆိုသည်။
ပိုင်မီသည် သူမ၏လည်ချောင်းများ ခြောက်ကပ်သွားသည်ကို ခံစားမိလေ၏။
ဤမျှထိအစွမ်းထက်သော လူတစ်ယောက်သည် အမှန်အားဖြင့် မစင်သယ်သူတစ်ယောက် ဖြစ်နေသလော...
သူမသည် မသိစိတ်မှနေ၍ စုရှောင်ယွီကိုင်ထားသောမီးတုတ်နှင့် အနက်ရောင်မြူခိုးများအကြား၌ ပုန်းကွယ်နေသောကျွန်းအကြောင်းကို တွေးတောမိသည်။ထို့နောက် သူမ ရုတ်တရက် အသိစိတ်ပြန်ဝင်လာသည်။ဤကျွန်းပေါ်ရှိ အရာရာတိုင်းသည် ထူးဆန်းနေပုံရပေ၏။
သို့ရာတွင် ထိုကဲ့သို့ တွေးတောမိခြင်းနှင့်အတူ သူမ စိတ်မအေးစပြုလာသည်။
အစ်ကိုကြီးအရိုးစုဆိုသူသည်လည်း ဤနေရာမှလူ ဖြစ်ပေမည်။သူ၏အဆင့်အတန်းနှင့်ခွန်အားသည် ဤကျွန်းပေါ်၌ ထူးခြားနေနိုင်သည် မဟုတ်လော...
ထိုသို့ဆိုပါက သူမသည် ဝံပုလွေအသိုက်အတွင်းမှထွက်လာကာ ကျားတစ်ကောင်၏ပါးစပ်အတွင်းသို့ ဝင်ရောက်သွားခြင်းမဟုတ်လော...
သူမ စိတ်မသက်မသာခံစားနေရစဉ်မှာပင် မိုးကောင်းကင်ယံမှနေ၍ ပုံရိပ်အမြောက်အများ ဆင်းသက်လာသည်။
သူမအား ပထမဆုံး ဆွဲဆောင်သွားနိုင်ခဲ့သည်မှာ...
အသစ်စက်စက် ခွာမြင့်ဖိနပ်တစ်စုံ...
အနည်းငယ်ပြဲနေသော အဖြူရောင်ဖင်ကြပ်ဘောင်းဘီရှည်တစ်ထည်....
Chapter 828
သူ၏နံဘေးတွင် မတ်တတ်ရပ်၍ ခြေနှစ်ချောင်းဖြင့်လမ်းလျှောက်နေသော ခွေးတစ်ကောင် ကင်းခြေများတစ်ကောင် ဝက်ဝံနက်တစ်ကောင်နှင့် လေထုအတွင်းတွင် မျောလွင့်နေသော စိတ်ဝိညာဉ်တစ်ကောင် ရှိနေသည်။
ခွေးနှင့်ဝက်ဝံနက်တို့၏လက်များအတွင်းတွင် ကန်စွန်းနွယ်ပန်းစည်းတစ်ခုစီကို ကိုင်ထားလေ၏။
"ငါ ဆန်ကုန်မြေလေး လုပမ်ဝေက ငါ့ရဲ့ညီငယ်လေးတွေနဲ့အတူ ညီမငယ်လေးကို လာကြိုတာပါ....ညီမငယ်လေးကို ကြိုဆိုပါတယ်"
ထိုသို့ပြောဆိုပြီးနောက် လုပမ်ဝေသည် သူ၏လက်ကို သူ၏ရင်ဘတ်ပေါ်သို့တင်ကာ အလွန်အမင်း လူကြီးလူကောင်းဆန်သော အမူအယာမျိုးကို ပြုလုပ်လိုက်သည်။
ထိုမြင်ကွင်းကိုကြည့်ပြီး နံဘေးတွေရှိနေသော ခွေနှင့်ဝက်ဝံနက်ကြီးတို့သည် သူတို့၏လက်များအတွင်းရှိ ကန်စွန်းနွယ်ပန်းစည်များကို ပိုင်မီထံသို့ လက်ကမ်းပေးလိုက်၏။
ဤသည်မှာ စုရှောင်ယွီ ပြောဆိုနေသော အစ်ကိုကြီးအရိုးစု ဖြစ်သလော...
ပိုင်မီ စိတ်လှုပ်ရှားသွားသည်။
ဤပန်းစည်းများ၏ပုံစံနှင့် လုပမ်ဝေ၏အဝတ်အစားများသည် အနည်းငယ် ကိုးယိုးကားရားဆန်နေသော်လည်း လုပမ်ဝေ၏ လူကြီးလူကောင်းဆန်သော အပြုအမူများသည် သူမအား အထင်ကြီးမှုကို ပေးစွမ်းနိုင်ပေ၏။
သူမ ဤနေရာသို့ ရောက်လာချိန်တွင် ဝမ်ချန်းယုကဲ့သို့ လူစားမျိုးမဟုတ်သရွေ့ အကိုကြီးအရိုးစုဆိုသူကို အစေခံတယောက်အဖြစ် လုပ်ကျွေးပြုစုမည်ဟု တွေးတောထားခဲ့သည်။
သို့ရာတွင် လုပမ်ဝေသည် ထိုကဲ့သို့လူစားမျိုး မဟုတ်ရုံသာမက သူသည် ဆက်ဆံရလွယ်ကူပြီး သူမအား တမင်သက်သက် လာရောက်ကြိုဆိုမည်ဟု သူမ တစ်ကြိမ်တစ်ခါမျှ မျှော်လင့်မထားမိချေ။
ဤသည်ကြောင့်...
သူမသည် အလွန်အမင်းကံကောင်းခဲ့ကာ ဤနေရာသို့လာရန် မှန်ကန်သောရွေးချယ်ချက်ကို ပြုလုပ်နိုင်ခဲ့သည်။
"ဒီအစေခံက အရှင်တို့ကို အရိုအသေပြုပါတယ်"
ပိုင်မီက အလျင်စလို ဦးညွှတ်အရိုအသေပြုလိုက်သည်။
"မိန်းကလေး...ဒီလိုမျိုး အလေးအနက်ထားဖို့ မလိုပါဘူး...မင်းက ဒီနေရာကို အခုမှ ရောက်ဖူးတာမဟုတ်လား...ဒီဆန်ကုန်မြေလေးက မင်းကို ကျွန်းပေါ်က နေရာတွေ လိုက်ပြပေးမယ်"
ထိုသို့ပြောဆိုပြီးနောက် လုပမ်ဝေက ဖိတ်ခေါ်သည့်အမူအယာကို ပြုလုပ်လိုက်သည်။
တစ်ချိန်တည်းမှာပင် သူသည် ခွေးတို့တစ်သိုက်ကို မျက်စောင်းထိုးလိုက်၏။
ထိုမြင်ကွင်းကိုကြည့်ပြီး အောင်းချင်တို့တစ်သိုက်သည် အရိပ်အယောင်ပင်မကျန်ရှိတော့ဘဲ ပျောက်ကွယ်သွားတော့သည်။
ပိုင်မီသည် လုပမ်ဝေ၏နောက်သို့လိုက်ပြီး ခြေနှစ်လှမ်းခန့်သာ လှမ်းရသေးသောအချိန်မှာပင် မြေပြင်ပေါ်၌ လဲကျနေသော ကျောက်ဂူကြောင့် သူမ၏ခြေလှမ်းများကို ရပ်တန့်လိုက်သည်။
"ဒီအမှိုက်ကောင်က ဘယ်နေရာကနေ ရောက်လာပြီးတော့ ဒီဆန်ကုန်မြေလေးရဲ့လမ်းကို ပိတ်ရဲတာလဲ"
လုပမ်ဝေသည် ကျောက်ဂူအား တစ်ချက်ကန်ကာ လွင့်ထွက်သွားစေသည်ကိုကြည့်ပြီး ပိုင်မီသည် ထိတ်လန့်တုန်လှုပ်သွားကာ ပါးစပ်အဟောင်းသားဖြစ်သွားလေ၏။
"မိန်းကလေး ငါ တောင်းပန်ပါတယ်...ငါက အဲ့ဒီအမှိုက်ကောင်ကို ရှင်းထုတ်လိုက်ပြီ"
လုပမ်ဝေက နူးညံ့ညင်သာစွာ ပြောဆိုသည်။
"ဒါက အဆင်ပြေပါတယ်"
ပိုင်မီသည် အပေါ်ယံ၌ တည်ငြိမ်နေသော်လည်း သူမ၏စိတ်နှလုံးသားအတွင်း၌ ဗြောင်းဆန်နေသည်။ဤကန်ချက်တစ်ချက်တည်းဖြင့် အစောပိုင်းက သူမ တွေ့ဆုံခဲ့သော မစင်သယ်သည့်လူအိုကြီးပင်လျှင် လုပမ်ဝေကို ယှဉ်ပြိုင်နိုင်ခြင်းမရှိမည်အား သူမ စိုးရိမ်မိသည်။
သူတို့နှစ်ယောက်သည် ကမ်းစပ်တလျှောက် တိတ်ဆိတ်ငြိမ်သက်စွာ လမ်းလျှောက်နေကြ၏။
"အဲ့ဒီနေရာကို ကြည့်လိုက်အုံး"
ရုတ်တရက် လုပမ်ဝေက ကဗျာတစ်ပုဒ်ကိုရွတ်ဆိုလိုက်သည်။
"တောင်တန်းတွေ စိမ်းလန်းပြီးတော့
ရေပြင်က ပြာလဲ့နေတယ်
ဘယ်နေရာကိုပဲကြည့်ကြည့်
လောကကြီးရဲ့အစစ်အမှန်အလှတရားရှိနေတယ်..."
"အစ်ကိုကြီးအရိုးစုက ကဗျာစပ်တဲ့နေရာမှာ အရမ်းတော်တာပဲ"
ပိုင်မီက အလျှင်အမြန် ချီးမွမ်းစကားပြောဆိုသည်။
"မိန်းကလေး...ဒါက အရမ်းချီးမွမ်းရာကျနေပြီ...ငါက တော်တဲ့လူတစ်ယောက် မဟုတ်ပါဘူး...ငါက ကဗျာတွေနဲ့ပတ်သက်ပြီးတော့ တစ်ခုနှစ်ခုကိုပဲ သိထားတာပါ"
လုပမ်ဝေသည် ယဉ်ကျေးသိမ်မွေ့စာပြုံးပြကာ ပိုင်မီနှင့်ဘေးချင်းယှဥ်၍ လမ်းလျှောက်နေရင်း သူ၏လက်ကို နောက်သို့ပစ်လိုက်သည်။
သူ့၏နောက်တွင် ခွေးတစ်ကောင် အလျှင်အမြန်ရောက်ရှိလာကာ ပန်းစည်းတစ်စီးကို လုပမ်ဝေ၏လက်အတွင်းသို့ ထည့်ပေးလေ၏။
"မိန်းကလေး ဒါက မင်းအတွက်ပါ"
လုပမ်ဝေက အံ့အားသင့်ဖွယ်တစ်ခုကို ပြုလုပ်လိုက်သော အမူအယာဖြင့် ပြောဆိုသည်။
"အရှင်အရိုးစုကို ကျေးဇူးတင်ပါတယ်"
ပိုင်မီက ထိုပန်းများကို သူမ၏လက်နှစ်ဖက်ဖြင့် ယူဆောင်လိုက်သည်။
"ဆက်သွားရအောင်...ဒီဆန်ကုန်မြေလေးက မင်းကို ကျွန်းတစ်ကျွန်းလုံးအနှံ့ လိုက်ပြပေးမယ်"
လုပမ်ဝေက နူးညံ့ညင်သာစွာပြောဆိုကာ သူ၏လက်နှစ်ဖက်ကို အထက်အောက်ပွတ်နေပြီး အနည်းငယ်စိတ်အေးသောအမူအယာမျိုး ရှိနေသည်။နောက်ဆုံး၌ သူသည် ပိုင်မီ၏ပုခုံးကို ထိတို့လိုက်၏။
ပိုင်မီသည် ငြင်းဆန်ခြင်းမရှိသည်ကိုကြည့်ပြီး သူ၏လက်သည် သူမ၏ပခုံးပေါ်သို့ ညင်သာစွာကျဆင်းသွားတော့သည်။
ပိုင်မီ၏ခန္ဓာကိုယ် မသိမသာတုန်ရီသွားကာ အနည်းငယ်ရှက်ရွံ့သွားသော်လည်း သူမသည် ငြင်းဆန်ခြင်းမပြုချေ။
ဤအရှင်အရိုးစု၏စွမ်းအားသည် မည်မျှထိကြီးမားသည်ကို သူမ တွေးတောကြည့်နိုင်စွမ်းပင် မရှိချေ။
လုပမ်ဝေသည် ပိုင်မီ၏ပခုံးကိုဖက်ကာ သူ၏ခေါင်းကိုမော့ပြီး သူ၏ရင်ဘတ်ကိုကော့လိုက်သည်။
ဤပုံစံဖြင့် လုပမ်ဝေနှင့်ပိုင်မီတို့သည် ကျွန်းတစ်ကျွန်းလုံးအနှံ့ ၁၈ပတ်ခန့်ပတ်ပြီး စကားများစွာပြောဆိုခဲ့ကြသည်။
"မိန်းကလေး...ဒီဆန်ကုန်မြေလေးက ဒီနေ့ အရမ်းပျော်တယ်"
"ဒါက ငါ့ရဲ့လက်ဆောင်ငယ်လေးတစ်ခုပါ...မိန်းကလေးကကျေးဇူးပြုပြီးတော့ဒါကိုလက်ခံပေးပါ။
ထိုသို့ပြောဆိုပြီးနောက် လုပမ်ဝေက အရိုးစတစ်စကို ထုတ်ပေးလေသည်။
"မင်း ပြန်ရောက်တာနဲ့...ဒီအရာကို သန့်စင်လိုက်ပါ"
"ဒီဆန်ကုန်မြေလေးက မိန်းကလေး နောက်တစ်ကြိမ်ထပ်ရောက်လာမယ့်အချိန်ကို စောင့်မျှော်နေပါ့မယ်"
"ငါက မင်းကို စောင့်နေမယ်"
သူမ၏လက်အတွင်းရှိ အရိုးစကိုကြည့်ပြီးနောက် လုပမ်ဝေ၏ရှင်းပြချက်သည်သူမ၏စိတ်အတွင်း၌ ပဲ့တင်ထပ်နေသည်။ပိုင်မီသည် ထိုအရာကို အလေးအနက်ထား၍ ယူဆောင်လာခဲ့သော်လည်း ဤအရိုးစသည် သူမအတွက် မည်သည့်အရာအား ဆောင်ကျဉ်းပေးနိုင်မည်ကို သူမ မသိရှိချေ။
သို့ရာတွင် သူမ၏စိတ်ခံစားချက်များ ကောင်းမွန်နေသည်။
မူလက သူမ တွေ့ကြုံရတော့မည့် အခြေအနေနှင့် နှိုင်းယှဉ်ပါက ဤသည်မှာ အမှန်တကယ်ကို ကောင်းမွန်ပေ၏။
အရှင်အရိုးစုသည် သူမအား ပြန်လာရန် တောင်းဆိုခဲ့သော်လည်း ဤနေရာ၌ ကျေးကျွန်တစ်ယောက် သို့မဟုတ် အစေခံတယောက်အဖြစ်ဖြင့် သူမကို နေထိုင်ခိုင်းမည့်ပုံ မရချေ။
ထို့ကြောင့် သူမ အလွန်အမင်းစိတ်လှုပ်ရှားသွားသည်။
အချိန်တခဏကြာပြီးနောက် သူမနှင့်စုရှောင်ယွီတို့သည် ကောင်းကင်တိမ်တိုက်ဂိုဏ်းသို့ ပြန်လာခဲ့ကြ၏။
ဂိုဏ်းသို့ သူမတို့ ပြန်လည်ရောက်ရှိလာသောအချိန်မှာပင် ကွမ်လင်းသည် စုရှောင်ယွီထံသို့ အပြေးရောက်လာကာ အလေးအနက်ထားသောမျက်နှာအမူအယာဖြင့် ပြောဆိုသည်။
"ရှောင်ယွီလေး...ငါတို့က ပိုင်မီကိုခေါ်ထားတာကြောင့် ဖုန်းယွင်ဂိုဏ်းကနေ စာတစ်စောင်ပို့လိုက်တယ်ဆိုတာ မင်း သိလား"
"အဲ့ဒီစာအရဆိုရင် သူတို့က ငါတို့ရဲ့ဂိုဏ်းဆီကို လူတစ်ယောက် လွှတ်လိုက်လိမ့်မယ်..ငါ့အထင်တော့ ဒါက အတွင်းစည်းတပည့်တစ်ယောက် ဖြစ်နေနိုင်တယ်....ငါတို့ကောင်းကင်တိမ်တိုက်ဂိုဏ်းက သူတို့နဲ့ ပြဿနာမတက်ချင်ဘူး...ငါတို့က ဖုန်းယွင်ဂိုဏ်းကို လျှော့တွက်ခဲ့မိတယ်"
"တကယ်လို့ ငါတို့က ဖုန်းယွင်ဂိုဏ်းနဲ့ရန်သူတွေဖြစ်သွားမယ်ဆိုရင် အကျိုးဆက်ကို ငါတို့ တောင့်ခံနိုင်မှာမဟုတ်ဘူး...သူတို့မှာ စိတ်ဝိညာဥ်လှေပျံနှစ်စီးရှိနေတယ်"
"ဒါကြောင့် ငါ မင်းကိုအခုပြောချင်တာက...ငါက ပိုင်မီကို ကာကွယ်ပေးဖို့အတွက် အကောင်းဆုံးကြိုးစားမယ်...ဒါပေမဲ့ တကယ်လို့ ဖုန်းယွင်ဂိုဏ်းက တစ်ယောက်ယောက်ကို လွှတ်ပြီးတော့ဖိအားပေးလာမယ်ဆိုရင် ငါ ဘာမှတတ်နိုင်မှာမဟုတ်ဘူး"
"အကြောင်းကတော့ သာမန်အရည်အချင်းပဲရှိတဲ့ အတွင်းစည်းတပည့်တစ်ယောက်အတွက်နဲ့ ဖုန်းယွင်ဂိုဏ်းကို အတိုက်အခံလုပ်ဖို့ဆိုတာ မတန်လို့ပဲ"
Chapter 829
ဤအချိန်အခိုက်အတန့်တွင်...
ကောင်းကင်တိမ်တိုက်ဂိုဏ်းသို့ ပြန်လည်ရောက်ရှိလာသော ပိုင်မီသည် သူမ၏အခန်းအတွင်း၌ ပလ္လင်ခွေထိုင်လိုက်၏။
ထို့နောက် သူမ၏နူးညံသေးသွယ်သောလက်ကို အနည်းငယ်မြှောက်လိုက်သည်။
သူမ၏လက်ချောင်းများပေါ်တွင် ဗောက်များနှင့်တူသော အဖြူရောင်အမြုပ်တစ်ခု ရှိနေသည်။
ဤသည်မှာ လုပမ်ဝေမှနေ၍ သူမကို ပေးလိုက်သော အရိုးစပင်။
"ဒါကို ယူသွားပြီးတော့ သန့်စင်လိုက်ပါ"
လုပမ်ဝေ၏စကားသည် သူမ၏စိတ်အတွင်း၌ ပဲ့တင်ထပ်နေဆဲပင်။
သူမ၏လက်အတွင်းရှိ ဤသေးငယ်သောအရာလေးသည် မည်သည့်အရာအား ဆိုလိုကြောင်းသူမ မသိရှိသော်လည်း လုပမ်ဝေကဲ့သို့ ဆရာကြီးတစ်ယောက်က သူမအား ပေးအပ်ထားခြင်းဖြစ်သည်။ထို့ကြောင့် သူမသည် များစွာတွေဝေတုံ့ဆိုင်းနေခြင်းမရှိတော့ဘဲ သူမ၏စွမ်းအားများကို အနည်းငယ်နှိုးဆွကာ အရိုးစကို ရစ်သိုင်းလွှမ်းခြုံလိုက်သည်။
ထိုအရိုးစသည် အနည်းငယ်တုန်ခါသွားပြီးနောက် ပိုင်မီ၏လက်အတွင်းမှ ပျောက်ကွယ်သွားလေ၏။
နောက်ထပ်အချိန်အခိုက်အတန့်တွင် ထိုအရိုးစသည် သူမ၏လက်ဖဝါးရိုးကို တိုက်ရိုက်လာရောက်ထိတွေ့ကြောင်း ပိုင်မီက ရှင်းရှင်းလင်းလင်းခံစားမိသည်။
သူမ၏လက်ဖဝါးရိုးသည် ချက်ချင်းဆိုသလိုပင် ရွှေရောင်သို့ ပြောင်းလဲသွားပေ၏။
ထို့နောက် ထိုရွှေရောင်သည် သူမ၏လက်ချောင်းထိပ်များမှနေ၍ လက်ချောင်းရိုးများဆီသို့ စတင်၍ပျံ့နှံ့သွားသည်။
တစ်နာရီ၏လေးပုံတစ်ပုံခန့် ကြာမြင့်ပြီးနောက် သူမ၏လက်ချောင်းတစ်ချောင်းလုံးမှအရိုးများ ရွှေရောင်သို့ ပြောင်းလဲသွားသည်။
တစ်နာရီကြာပြီးနောက် သူမ၏လက်တစ်ဖက်လုံးမှအရိုးများ ရွှေရောင်သို့ ပြောင်းလဲသွားပေ၏။
ပိုင်မီ၏မျက်နှာပေါ်တွင် ထိတ်လန့်တုန်လှုပ်မှု မယုံကြည်နိုင်မှုတို့ဖြင့် ပြည့်နှက်နေသည်။
သူမသည် မြက်ဖျာ၏နံဘေးတွေရှိနေသော ဓားအိမ်ကိုကြည့်ပြီး သူမ၏လက်ဝါးနှင့် ညင်သာစွာထိတွေ့လိုက်သည်။
ဒင်....
ကြည်လင်သော အသံတစ်သံ ထွက်ပေါ်လာပြီးနောက် သာလွန်ထူးကဲသောပစ္စည်းများဖြင့် ပြုလုပ်ထားသော ဓားအိမ်သည် သူမ၏လက်ချောင်းများနှင့် ထိတွေ့သွားသောနေရာကို ဗဟိုပြု၍ ပင့်ကူအိမ်အလား သေးငယ်သောအက်ကွဲကြောင်းလေးများအဖြစ် ကွဲထွက်သွားသည်။
"ဒါက..."
ဤမြင်ကွင်းကြောင့် ပိုင်မီသည် ထိတ်လန့်တုန်လှုပ်သွားပြီး ပါးစပ်အဟောင်းသားဖြစ်သွားကာ မယုံကြည်နိုင်စွာဖြင့် သူမ၏လက်ချောင်းများကို စူးစိုက်၍ကြည့်လိုက်သည်။
သူမ၏ဓားအိမ်သည် မှော်လက်နက်တစ်ခုမဟုတ်သော်လည်း အဆင့်မြင့်အရည်အသွေးရှိသော ပစ္စည်းများဖြင့် ပြုလုပ်ထားကာ သာမန်သံမဏိများ ကြေးနီများ သံများ မဟုတ်ချေ။
သို့ရာတွင် ယခုအချိန်၌ သူမ၏လက်ဖြင့် ညင်သာစွာထိတွေ့လိုက်ရုံဖြင့် ဓားအိမ်သည် မည်သည်ကြောင့် အက်ကွဲသွားသနည်း။
ဤသည်မှာ မည်ကဲ့သို့ စွမ်းအားမျိုး ဖြစ်သနည်း။
လုပမ်ဝေသည် သူမအား ကြီးမားသောအခွင့်အရေးတစ်ခု ပေးအပ်လိုက်သည်ကို သူမ ချက်ချင်းနားလည်သဘောပေါက်သွားသည်။ဤအခွင့်အရေးသည် သူမ တွေးတောထားသည်ထက် ပို၍ကြီးမားကာ သူမအား အသစ်တဖန်ပြန်လည်မွေးဖွားသကဲ့သို့ ဖြစ်သွားစေရန် လုံလောက်သည်။
သူမ၏ခန္ဓာကိုယ်တစ်ခုလုံးအနှံ့ ရွှေရောင်များ ဆက်လက်၍ ပျံ့နှံ့လာသည်ကိုကြည့်ပြီး သူမသည် မျက်လုံးကိုစုံမှိတ်ကာ သူမ၏စိတ်လှုပ်ရှားနေမှုများကို ထိန်းချုပ်ပြီး စိတ်တည်ငြိမ်ခြင်းအခြေအနေသို့ ဝင်ရောက်လိုက်သည်။
အချိန်နှစ်ရက် ကုန်ဆုံးသွားပြီးနောက်...
ကောင်းကင်တိမ်တိုက်ဂိုဏ်းအတွင်း၌ ကြီးမားသောစွမ်းအားများဖြင့် ပြည့်နှက်နေသည်။
ထိုစွမ်းအားသည် အလွန်ထူးဆန်းကာ လူအများသည် ထိုအရာ၏မူရင်းဇစ်မြစ်ကို ရှာဖွေနိုင်ခြင်းမရှိချေ။
သို့ရာတွင် အချိန်များကုန်လွန်လာသည်နှင့်အမျှ ထိုစွမ်းအားသည် တစတစပို၍ကြီးမားလာကာ မမြင်နိုင်သော ဖိအားအရှိန်အဝါတစ်ရပ်အဖြစ်သို့ ရောက်ရှိလာသည်။
ဤဖိအားအရှိန်အဝါသည် အစွမ်းထက်သောစွမ်းအားမျိုး မဟုတ်ဘဲ လူများ၏ရိုးတွင်းခြင်ဆီကို ဖိနှိပ်ထားနိုင်ခြင်းနှင့် တူညီသည်။
ဂိုဏ်းအတွင်းရှိ တပည့်များသာမက ဂိုဏ်းချုပ်ကွမ်လင်းနှင့်တခြားအကြီးအကဲများသည်လည်း ဤဖိအားအရှိန်အဝါကို ရှင်းရှင်းလင်းလင်းခံစားမိလေ၏။
ဤခံစားချက်မျိုးကို ရှင်းရှင်းလင်းလင်းပြောဆိုရပါက ကြောင်တကောင်၏အသိုက်အတွင်း၌ ကျားတစ်ကောင် မွေးဖွားလာသည့်အလားပင်။
ဤသည်မှာ သွေးအတွင်းမှ ဖိနှိပ်ချုပ်ကိုင်နိုင်မှု.... သဘာဝအလျောက် ဖိနှိပ်ချုပ်ကိုင်နိုင်မှုပင်။
အတိုချုပ်ပြောဆိုရလျှင် ဤဖိအားအရှိန်အဝါကို ကောင်းကင်တိမ်တိုက်ဂိုဏ်း၏အကာအကွယ်ဝင်္ကပါကြီးပင် ဟန့်တားနိုင်ခြင်း မရှိတော့ချေ။အကယ်၍ ဤဖိအားအရှိန်အဝါသည် အချိန်အတော်ကြာ ဆက်လက်၍ပျံ့နှံ့နေပါက တခြားလူများ၏အာရုံစိုက်မှုကို ခံရမည်အား ဂိုဏ်းအတွင်းရှိလူများအားလုံး စိုးရိမ်ပူပန်နေကြသည်။
ထိုကြောင့် ကောင်းကင်တိမ်တိုက်ဂိုဏ်းအတွင်းရှိ လူများသည် အမှန်တရားကိုရှာဖွေရင်း ထင်ကြေးအမျိုးမျိုး ပေးနေကြသည်။
လူတချို့သည် ကောင်းကင်တိမ်တိုက်ဂိုဏ်းအတွင်း၌ ပုန်းကွယ်နေသော ရှေးဟောင်းနယ်မြေတစ်ခု ရှိနေသည်ဟု ခန့်မှန်းကြသည်။
လူတချို့ကမူ ကောင်းကင်တိမ်တိုက်ဂိုဏ်းအတွင်းတွင် ပြန်လည်မွေးဖွားလာတော့မည် ပြိုင်ဘက်ကင်းရတနာတစ်ပါး ရှိနေသည်ဟု ထင်ကြေးပေးကြလေ၏။
ကောင်းကင်တိမ်တိုက်ဂိုဏ်းသည် အမှန်တရားကို ဆက်လက်၍ရှာဖွေနေစဉ်တွင် ဂိုဏ်း၏တံခါးမကြီးရှေ့သို့ ကြီးမားသောစိတ်ဝိညာဥ်လှေပျံတစ်စီး ရောက်ရှိလာကာ လေထုအတွင်း၌ ရပ်တန့်လိုက်၏။
ထိုစိတ်ဝိညာဥ်လှေပျံတွင် နက်နဲသိမ်မွေ့သော သင်္ကေတအက္ခရာများကို ရေးထွင်းထားသည်။ လှေပျံ၏ကိုယ်ထည်ပေါ်ရှိ အနက်ရောင်အပေါက်ကြီးများမှနေ၍ လူအများအား မမြင်နိုင်သော ဖိအားအရှိန်အဝါတစ်ရပ်ကို ပေးစွမ်းနိုင်သည်။ထိုစိတ်ဝိညာဉ်လှေပျံ၏အမြင့်မားဆုံးနေရာ၌ အလံတစ်ခုကို လွင့်ထူထားကာ လေထုအတွင်း၌ လူးလွန့်နေသည်။
ထိုအလံပေါ်တွင် 'ဖုန်းယွင်'ဟူသောစာလုံးကို နဂါးနှင့်ဖီးနစ်များကခုန်နေသည့်အလား ကြီးကျယ်ခမ်းနားစွာ ပန်းထိုးထားသည်။
ဤသည်မှာ ဖုန်းယွင်ဂိုဏ်းမှလာသည့် စိတ်ဝိညာဉ်လှေပျံဖြစ်သည်မှာ သိသာထင်ရှားသည်။
ဖုန်းယွင်ဂိုဏ်း၏ကြီးကျယ်ခမ်းနားစွာ ရောက်ရှိလာမှုနှင့် ရင်ဆိုင်ရချိန်တွင် ကွမ်လင်းသည် လျစ်လျူရှုမထားဝံ့ချေ။ထို့ကြောင့် သူသည် အကြီးအကဲတချို့ကိုခေါ်ဆောင်၍ ရောက်ရှိလာသူများအား ကြိုဆိုရန် တံခါးမကြီးထံသို့ သွားလိုက်သည်။
စိတ်ဝိညာဉ်လှေပျံပေါ်၌ လူအိုကြီးတစ်ယောက်မတ်တတ်ရပ်နေကာ ကွမ်လင်းတို့လူစုကို ငုံကြည့်လေ၏။
"မင်းတို့ကောင်းကင်တိမ်တိုက်ဂိုဏ်းက တော်တော်လေးအတင့်ရဲတာပါလား....ဘယ်လိုသတ္တိမျိုးနဲ့ ငါတို့ဖုန်းယွင်ဂိုဏ်းက ဝရန်းထုတ်ထားတဲ့ တရားခံတယောက်ကို ကွယ်ဝှက်ထားရဲတာလဲ"
ထိုလူအိုကြီး စကားပြောဆိုလိုက်သောအချိန်တွင် အစွမ်းထက်သော ဖိအားအရှိန်အဝါတစ်ရပ်က သူ၏ခန္ဓာကိုယ်မှ တိုက်ရိုက်ဆင်းသက်လာသည်။
ကွမ်လင်းတို့လူစုသည် နှိမ့်ချသောသဘောထားဖြင့် တံခါးဝထိ သွားရောက်ကြိုဆိုခဲ့သည့်တိုင် ထိုလူအိုကြီးသည် ကောင်းကင်တိမ်တိုက်ဂိုဏ်းကို အနည်းငယ်မျှ အလေးအနက်မထားချေ။
Chapter 830
"အကြီးအကဲပြောသွားတဲ့ စကားတွေအားလုံးက နားလည်မှုလွဲမှားတာလေးတစ်ခုပါ"
ကွမ်လင်းက သူ၏ခေါင်းကိုမော့ပြီး အပြုံးနှင့်ပြောဆိုသည်။
သူသည် ဂိုဏ်းတစ်ဂိုဏ်း၏ခေါင်းဆောင်ဖြစ်သည့်တိုင် အဆင့်မြင့်ကပ်ဘေးနယ်ပယ် အကြီးအကဲတစ်ယောက်နှင့် ရင်ဆိုင်ရချိန်တွင် ဤကဲ့သို့ နှိမ်ချသည့်ကိုယ်နေဟန်ထားကို ပြုလုပ်ရပေမည်။
"နားလည်မှုလွဲတာလား...."
ထိုအကြီးအကဲက အေးစက်တင်းမာစွာ ပြုံးလိုက်သည်။
"ပိုင်မီကို ငါတို့ဖုန်းယွင်ဂိုဏ်းက လိုက်ဖမ်းနေတယ်ဆိုတာကို မင်း သိထားတာတောင် မင်းက သူ့ကို တပည့်တစ်ယောက်အနေနဲ့ ခေါ်ယူထားသေးတယ်... ဒါက ကွယ်ဝှက်ပေးထားတာ မဟုတ်ဘူးလား"
"အကြီးအကဲရဲ့စကားတွေက အရမ်းပြင်းထန်လွန်းတယ်...ငါတို့က ပိုင်မီနဲ့မင်းတို့ဂိုဏ်းရဲ့ကြားက ဆက်ဆံရေးကို မသိခဲ့ဘူး...တကယ်လို့ ငါတို့က အစကတည်းက ကြိုသိခဲ့မယ်ဆိုရင် အခုလိုကိစ္စတွေ ဖြစ်လာမှာမဟုတ်ဘူး"
ကွမ်လင်းက အပြုံးနှင့် ပြောဆိုသည်။
"ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် သူက ငါတို့ကောင်းကင်တိမ်တိုက်ဂိုဏ်းကို ဝင်ပြီးတော့ အတွင်းစည်းတပည့်တစ်ယောက် ဖြစ်နေပြီ... ငါ ကွမ်လင်းက သူ ကျူးလွန်ခဲ့တဲ့ပြစ်မှုတွေအတွက် ဖြည့်ဆည်းပေးချင်ပါတယ်...ဒါကြောင့်မင်းတို့ဂိုဏ်းက သူ့ကို အလွတ်ပေးနိုင်မလားဆိုတာ ငါ သိချင်မိတယ်"
"ဟမ့် မင်းက သူ့ကိုယ်စား အမှားကိုဖြည့်ဆည်းပေးရအောင် မင်းမှာ ဘာအရည်အချင်းရှိလို့လဲ"
ထိုအကြီးအကဲသည် အေးစက်တင်းမာစွာပြောဆိုကာ အနည်းငယ်မျှ ယဉ်ကျေးခြင်းမရှိချေ။
ကောင်းကင်တိမ်တိုက်ဂိုဏ်း၏အကြီးအကဲများအားလုံး မျက်နှာအမူအယာပျက်ယွင်းသွားသော်လည်း ဖုန်းယွမ်ဂိုဏ်းကို တိုက်ခိုက်ဝံ့ခြင်းမရှိချေ။
"ဒါဆိုရင် မင်းတို့ဂိုဏ်းက သူ့ကို အလွတ်ပေးအောင် ငါတို့က ဘာတွေလုပ်ပေးဖို့ လိုအပ်လဲ"
ကွမ်လင်းက သူ၏ခေါင်းကိုမော့ပြီး မေးမြန်းသည်။
"သူ့ကို အလွတ်ပေးရမှာလား...ငါက သူ့ကို အလွတ်ပေးမယ်လို့ ပြောမိလို့လား"
ထိုအကြီးအကဲက အေးစက်တင်းမာသော မျက်နှာအမူအယာဖြင့် ပြောဆိုသည်။
"ငါတို့ ဒီနေ့ မင်းတို့ကောင်းကင်တိမ်တိုက်ဂိုဏ်းကိုလာတဲ့ အကြောင်းအရင်းက သူ့ကို ပြန်ပြီးလက်လွှဲပေးဖို့ လာပြောတာပဲ"
ကွမ်လင်း၏မျက်နှာအမူအယာ ပျက်ယွင်းသွားသည်။
"အကြီးအကဲက ငါတို့ဂိုဏ်းကို မျက်နှာသာမပေးနိုင်ဘူးလား"
ကွမ်လင်းက မေးမြန်းသည်။
"မျက်နှာသာ ပေးရမှာလား....ငါက ဘာလို့ မင်းတို့ကို မျက်နှာသာပေးရမှာလဲ"
စိတ်ဝိညာဥ်လှေပျံပေါ်တွင် မတ်တတ်ရပ်နေသော အကြီးအကဲထံမှ မောက်မာထောင်လွှားစွာပြောဆိုသော အသံတစ်သံ ထွက်ပေါ်လာကာ သူသည် ကွမ်လင်းတို့လူစုကို အနည်းငယ်မျှအရေးစိုက်ပုံမရချေ။
"ဒါဆိုရင် အကြီးအကဲက ငါ့ရဲ့မေတ္တာရပ်ခံချက်ကို လိုက်လျောမပေးနိုင်ဘူးဆိုမှတော့...လူကို လွှဲပြောင်းမပေးနိုင်တဲ့အတွက် ငါ့ကို ခွင့်လွှတ်ပေးပါ"
ကွမ်လင်းသည်လည်း သူ၏သဘောထားကို ပြောင်းလဲလိုက်၏။
သူ စကားကောင်းများ ပြောဆိုနေလျှင်ပင် အသုံးမဝင်သောကြောင့် သူ ခက်ထန်ရုံသာ တက်နိုင်ပေမည်။
"ဘယ်လိုပဲဖြစ်ဖြစ် ဘာကိစ္စပဲရှိနေနေ သူက ငါတို့ကောင်းကင်တိမ်တိုက်ဂိုဏ်းရဲ့ တပည့်တစ်ယောက် ဖြစ်နေပြီ...ဒါကြောင့် ဂိုဏ်းချုပ်တစ်ယောက်အနေနဲ့ ငါက ငါ့ရဲ့တပည့်ကို ကာကွယ်ရမယ်"
"လွှဲပြောင်းမပေးနိုင်ဘူးတဲ့လား...."
ကွမ်လင်း၏စကားကိုကြားချိန်တွင် ဖုန်းယွင်ဂိုဏ်းမှအကြီးအကဲ၏မျက်နှာအမူအယာ အေးစက်တင်းမာသွားကာ သူ၏သွားကြားမှပြောဆိုလိုက်သော အသံတစ်သံ ထွက်ပေါ်လာသည်။
"ကြည့်ရတာတော့ မင်းတို့ ကောင်းကင်တိမ်တိုက်ဂိုဏ်းက ကောင်းကောင်းမွန်မွန်မနေချင်တော့ဘဲနဲ့ တိုက်ခိုက်ချင်တယ်ပုံပဲ"
ကွမ်လင်းသည် ထိုအကြီးအကဲကို မော့ကြည့်လိုက်သော်လည်း စကားပြောဆိုခြင်းမပြုချေ။
သူသည်လည်း လောင်းကြေးထပ်နေခြင်းပင်။ အကယ်၍ သူ ခက်ထန်စွာပြောဆိုလိုက်ပါက ဖုန်းယွင်ဂိုဏ်းမှ မည်သို့တုံ့ပြန်မည်ကို သူ သိရှိလိုသည်။
သို့ရာတွင် ဖုန်းယွင်ဂိုဏ်းသည် သူတို့၏ဂိုဏ်းအပေါ် ကြောက်ရွံခြင်းမရှိသည်မှာ သိသာထင်ရှားလှ၏။
"ငါက မင်းတို့ကို နောက်ဆုံးအခွင့်အရေးတစ်ခုပေးမယ်....မင်းတို့ ပိုင်မီကို ပြန်ပေးမှာလား မပေးဘူးလား...."
အကြီးအကဲသည် ထိုစကားများကို ပြောဆိုပြီးသည်နှင့် တစ်ချိန်တည်းမှာပင် သူ၏လက်ကိုတစ်ချက်ဝှေ့ယမ်းလိုက်သည်။
ရုတ်ချည်းဆိုသလို စိတ်ဝိညာဥ်လှေပျံပေါ်တွင်ရှိနေသော အနက်ရောင်အမြှောက်ပြောင်းဝများသည် ကောင်းကင်တိမ်တိုက်ဂိုဏ်း၏တံခါးမကြီးထံသို့ တိုက်ရိုက်ချိန်ရွယ်လိုက်၏။
ထိုအမြှောက်များကို အသက်သွင်းလိုက်သည်နှင့် မမြင်နိုင်သော ဖိအားအရှိန်အဝါတစ်ရပ်က ကောင်းကင်တိမ်တိုက်ဂိုဏ်းကို လွှမ်းခြုံသွားသည်။
စစ်ပွဲအရိပ်အရောင်များ နီးကပ်သွားလေပြီ။
ကွမ်လင်း၏မျက်ခုံးသည် ဘောလုံးတစ်လုံးကဲ့သို့ တွန့်ကွေးနေသည်။
ဤသည်မှာ သူ ထပ်မံ၍လောင်းကြေးထပ်လိုက်ခြင်းပင်။
ထို့ပြင်....
ဤသည်မှာ ကြီးမားသော လောင်းကြေးထပ်ခြင်းပင်။
ဤကိစ္စလေးအတွက်ဖြင့် ဖုန်းယွင်ဂိုဏ်းသည် သူ၏ကောင်းကင်တိမ်တိုက်ဂိုဏ်းကို အမြှောက်နှင့် အမှန်တကယ်ပစ်ခတ်မည်မပစ်ခတ်မည်ကို သူ လောင်းကြေးထပ်ရန်လိုအပ်သည်။
ဤအမြှောက်အား ပစ်ခတ်လိုက်သည်နှင့် နှစ်ဖက်စလုံးသည် နောက်ဆုတ်၍မရတော့သောတိုက်ပွဲကို စတင်လိုက်ပြီဟု ဆိုလိုခြင်းပင်။
ထိုအချိန်ကျပါက ဖုန်းယွင်ဂိုဏ်းသည် ရပ်တန့်တော့မည် မဟုတ်ချေ။
ထို့ပြင် ဂိုဏ်း၏တံခါးမကြီးကို အမြှောက်များဖြင့် ပစ်ခတ်ခြင်းခံရသော ကောင်းကင်တိမ်တိုက်ဂိုဏ်းသည်လည်း လက်လျှော့တော့မည် မဟုတ်ချေ။
သိသာထင်ရှားစွာဖြင့်....
ဖုန်းယွင်ဂိုဏ်းသည်လည်း နောက်ဆုံးအခြေအနေမဟုတ်ပါက အမြှောက်များကို ပစ်ခတ်လိုခြင်းမရှိချေ။မည်သို့ပင်ဆိုစေကာမူ ကောင်းကင်တိမ်တိုက်ဂိုဏ်း၏ဂုဏ်သိက္ခာကို ဖျက်ဆီးခြင်းအတွက် ပေးဆပ်ရမည့်တန်ကြေးကိုလည်း သူတို့ဘက်မှ ထည့်သွင်းစဉ်းစားရန် လိုအပ်သည်။
ဤသို့ဖြင့် ကောင်းကင်တိမ်တိုက်ဂိုဏ်း၏ တံခါးမကြီးရှေ့၌ အခြေအနေများ တင်းမာနေသည်။
နှစ်ဖက်စလုံးသည် ထိပ်တိုက်ရန်စောင်နေသော အခြေအနေသို့ ရောက်ရှိသွားပေ၏။
တံခါးမကြီးရှေ့၌ တစ်ဖက်နဲ့တစ်ဖက် ရန်စောင်နေကြစဉ်တွင် ကောင်းကင်တိမ်တိုက်ဂိုဏ်းအတွင်းရှိ အစွမ်းထက်သော ဖိအားအရှိန်အဝါသည် အဆုံးစွန်ဆုံးအဆင့်သို့ ရောက်ရှိနေလေပြီ။
အခန်းအတွင်း၌ ပလ္လင်ခွေထိုင်နေသော ပိုင်မီသည် သူမ၏ခန္ဓာကိုယ်အတွင်းရှိအရိုးများအားလုံး နောက်ဆုံးအပြောင်းအလဲကို ကြုံတွေ့နေရပြီဖြစ်ကြောင်း သတိပြုမိသည်။
နောက်ဆုံး၌....
အချိန်တခဏအကြာတွင် ပိုင်မီ၏ခန္ဓာကိုယ်မှနေ၍ အရှိန်အဝါအသစ်တစ်ရပ် ထွက်ပေါ်လာသည်။
ဤအချိန်အခိုက်အတန့်တွင် သူမသည် မမြင်နိုင်သော ဖိအားအရှိန်အဝါတစ်ရပ်ကို အလိုအလျောက်ထုတ်လွှတ်မိလေ၏။
ယခင်နှင့်နှိုင်းယှဥ်ပါက ဤသည်မှာ သူမ၏ပါရမီအရည်အချင်းဆိုင်ရာ လုံးလုံးလျားလျား ပြောင်းလဲသွားခြင်းပင်။
သူမ၏ခန္ဓာကိုယ်အတွင်းရှိ အရိုးများအားလုံး ရွှေရောင်သို့ ပြောင်းလဲသွားလေပြီ။
ပိုင်မီ၏အရိုးသန့်စင်ခြင်း ပြီးဆုံးသွားသော အချိန်အခိုက်အတန့်မှာပင် ဂိုဏ်းအတွင်း၌ စွမ်းအားလှုပ်ခတ်မှုအရင်းအမြစ်ကို ရှာဖွေနေသော အကြီးအကဲများ၏မျက်လုံးများ ရုတ်တရက် တောက်ပသွားသည်။ထို့နောက် သူတို့၏မျက်လုံးများအတွင်းတွင် မယုံကြည်နိုင်သောအရိပ်အယောင်များ ဖြတ်ပြေးသွားပေ၏။
"မြင့်မြတ်ရွှေအရိုးလား...."
"အိုး ဘုရားရေ...တစ်ယောက်ယောက်က မြင့်မြတ်ရွှေအရိုးကို နိုးထစေနိုင်ခဲ့ပြီ...."
"ဒါက အမှန်ဖြစ်နိုင်ပါ့မလား...တကယ့်ကို မယုံကြည်နိုင်စရာပဲ"
"အဲ့ဒါက ဘယ်သူလဲ"
"သူက ဘယ်သူလဲဆိုတာ မြန်မြန်သွားကြည့်ကြရအောင်"
ဤအချိန်အခိုက်အတန့်တွင် ကောင်းကင်တိမ်တိုက်ဂိုဏ်းအတွင်း၌ အလွန်အမင်းဖရိုဖရဲဖြစ်နေသည်။
သင်္ချိုင်းသို့ ခြေတစ်ဖက်လှမ်းနေကာ သူတို့၏ဇနီးမယားများ သေဆုံးသွားချိန်ကပင် ပြင်ပသို့ ထွက်မလာခဲ့ကြသော လူအိုကြီးများသည်လည်း ဤအချိန်အခိုက်အတန့်တွင် ပြေးထွက်လာကြသည်။
ခြေထောက်ပြတ်နေသော အကြီးအကဲတစ်ယောက်ပင်လျှင် ဤအချိန်အခိုက်အတန့်တွင် လေထုအတွင်းသို့ ခုန်တက်ကာ ပေါင်တိုလေးတစ်စုံနှင့် လေထုအလယ်၌ကန်ကျောက်ရင်း အပြေးသွားနေသည်။
သူတို့အားလုံးသည် ပိုင်မီ၏အခန်းထံသို့ ချွင်းချက်မရှိ တဟုန်ထိုးအပြေးသွားနေကြ၏။