← Chapters

အခန်း (၈၃၆-၈၄၀)

Vol. 56 Ch. 836-840

အခန်း (၈၃၆-၈၄၀)

Vol. 56 Ch. 836-840

Chapter 836

"ဒါက...."

ဂိုဏ်းအတွင်း၌...

ကွမ်လင်းတို့လူစုသည် ထိတ်လန့်တုန်လှုပ်စွာဖြင့်အော်ဟစ်လိုက်ကြတာ သူတို့ရှေ့ရှိမြင်ကွင်းကိုကြည့်ပြီး မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။

မည်သည့်စိတ်ဝိညာဥိခန္ဓာကိုယ်မျိုးသည် စိတ်ဝိညာဉ်လှေပျံ၏တိုက်ခိုက်မှုများကို လျစ်လျူရှုနိုင်သည့်အပြင် အမြှောက်များ၏ပစ်ခတ်မှုစွမ်းအားများကိုပင် ဝါးမြိုနိုင်သနည်း။

ဤအချိန်၌ ဂိုဏ်းတစ်ဂိုဏ်းလုံးအတွင်း၌ ဖရိုဖရဲဖြစ်သွားကာ အံ့အားတသင့်ရေရွတ်သံများဖြင့် ပြည့်နှက်နေသည်။

သူတို့သည် ထိတ်လန့်ကြောက်ရွံ့မှုကို ခံစားနေရလေ၏။

အထူးသဖြင့် ဖုန်းယွင်ဂိုဏ်းသည် သူတို့သည် သူတို့ အလွန်ဂုဏ်ယူဝံ့ကြွားခဲ့ရသော တိုက်ခိုက်မှုကြီး လွယ်လင့်တကူ ပျက်စီးသွားသည်ကို မြင်တွေ့ချိန်၌ သူတို့၏စိတ်ပိုင်းဆိုင်ရာများ ပြိုလဲသွားတော့သည်။

"မင်း...မင်းက ဘယ်သူလဲ"

ကုန်းပတ်ပေါ်တွင် မတ်တတ်ရပ်နေသော ကျိုးစုန်က ထိတ်လန့်တုန်လှုပ်နေသောအမူအယာဖြင့် မေးမြန်းသည်။

"ဒီအရှင် ဘယ်သူလဲဆိုတာသိဖို့ မင်းက အရည်အချင်းမမီဘူး"

ညလေးညှင်းကင်းခြေများက အေးစက်တင်းမာစွာ ပြောဆိုသည်။

"ငါ့ကို ခုလောက်ထိအများကြီး အမြှောက်တွေနဲ့ပစ်ခတ်ခဲ့တာက မင်းရဲ့အလှည့်ပဲ.. အခုက ငါ့ရဲ့အလှည့်ရောက်လာပြီ မဟုတ်လား"

ထိုအသံကျရောက်လာသည်နှင့်အတူ ကင်းခြေများထံမှနေ၍ တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော အရှိန်အဝါတစ်ရပ် ထွက်ပေါ်လာသည်။

သူ၏ခန္ဓာကိုယ်သည် တဖြည်းဖြည်း ကြီးထွားလာကာ အလွန်ကြီးမားသော ဖိအားအရှိန်အဝါတစ်ရပ်ကို ထုတ်လွှတ်လိုက်သည်။

ဤကဲ့သို့ဖိအားအရှိန်အဝါသည် ကျိုးစုန်တို့လူစု၏ခန္ဓာကိုယ်များကို ဇော​ချွေးများဖြင့် ရွှဲနစ်သွားစေသည်။

"တာအိုနယ်ပယ်...အနည်းဆုံးတော့ သူက တာအိုနယ်ပယ် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက်ပဲ"

ကုန်းပတ်ပေါ်တွင်ရှိနေသော တစ်စုံတစ်ယောက်က ထိတ်လန့်တကြားအော်ဟစ်လိုက်သည်။

တာအိုနယ်ပယ် ကျင့်ကြံသူ.....

အံ့အားသင့်ဖွယ် မရှိတော့ချေ။

ကျိုးစုန်၏ခြေထောက်များ ဒယိမ်းဒယိုင်ဖြစ်သွားသည်။

သူတို့၏စိတ်ဝိညာဥ်လှေပျံကို လျစ်လျူရှုထားသူမှာ တာအိုနယ်ပယ်ဆရာကြီးတစ်ယောက်သာ ဖြစ်နေပါက အရာအားလုံး အဆုံးသတ်သွားပေမည်။

ထိုကြောင့် တိုက်ခိုက်ရန်အတွက် သူ၏ယုံကြည်ချက်များ ချက်ချင်းပျောက်ဆုံးသွားကာ အလျင်စလိုအော်ဟစ်လိုက်၏။

"စီနီယာ...စီနီယာ...ခုဏက ငါ မဆင်မခြင်လုပ်ခဲ့မိပါတယ်...စီနေရာက ခွင့်လွှတ်ပေးမယ်ဆိုရင် ငါတို့ဖုန်းယွင်ဂိုဏ်းက စီနီယာကို အရမ်းကျေးဇူးတင်မိမှာပါ"

"ဟမ့် တကယ်လို့ မင်းက အရှုံးပေးချင်တယ်ဆိုရင်တောင် ဒါက မဖြစ်နိုင်တော့ဘူး"

ကင်းခြေများက အေးစက်စက်နှာတချက် မှုတ်လိုက်သည်။

ကင်းခြေများသည် သူ့အား အခွင့်အရေးတစ်ခုမျှမပေးသည်ကိုကြည့်ပြီး ကျိုးစုန်၏မျက်နှာ သုန်မှုန်သွားသည်။

"စီနီယာ....မင်းက ထိပ်သီးအစွမ်းထက်ဆရာကြီးတစ်ယောက်ပါ...ဒီလိုအပြုအမူမျိုးနဲ့ ဂျူနီယာတွေကို အနိုင်ကျင့်တဲ့သတင်းသာ ပြန့်သွားရင် စီနီယာကို တခြားသူတွေက လှောင်ပြောင်ရယ်မောကြမှာ မကြောက်ဘူးလား"

ကျိုးစုန်က သုန်မှုန်နေသောမျက်နှာဖြင့် ပြောဆိုသည်။

ဤအချိန်အခိုက်အတန့်တွင် သူ့အတွက် တစ်ခုတည်းသောနည်းလမ်းမှာ ထိုကင်းခြေများ၏စိတ်ကို လှုံဆော်ရန်ပင်။မည်သို့ပင်ဆိုစေကာမူ မွန်းစတားအိုကြီးတချို့သည် သူတို့၏ဂုဏ်သိက္ခာနှင့်ပတ်သက်ပြီး အာရုံစိုက်လေ့ရှိသည်။

သူသည် မူလက ဤလှုံ့ဆော်မှုကို ကင်းခြေများ၏စိတ်အာရုံအား ဆွဲဆောင်နိုင်ရန် အသုံးပြုခဲ့ခြင်းဖြစ်သည်။

သို့ရာတွင် ကင်းခြေများသည် အမှန်တကယ်ကို စိတ်လှုပ်ရှားသွားမည်ဟု သူ မျှော်လင့်မထားမိ​ချေ။

ထို့ပြင် သူ၏ခန္ဓာကိုယ်ပေါ်ရှိ အရှိန်အဝါ ပို၍ပြင်းထန်လာသည်။

"မင်းပြောသွားတဲ့စကားတွေက နည်းနည်းတော့ အဓိပ္ပာယ်ရှိတဲ့ပုံပဲ"

ကင်းခြေများက အလေးအနက်ထားသော မျက်နှာအမူအယာဖြင့် ပြောဆိုသည်။

"ငါက အစ်ကိုကြီးရဲ့ညီငယ်တစ်ယောက်ဖြစ်နေမှတော့ မင်းတို့လို အမှိုက်ကောင်တွေကို အနိုင်ကျင့်လိုက်ရင် ရှက်ဖို့ကောင်းသွားမယ် မဟုတ်လား...."

ထိုသို့ပြောဆိုပြီးနောက် ကင်းခြေများက ကျိုးစုန်ကို ကြည့်လိုက်သည်။

"မင်း ပြောတဲ့အထဲမှာ အမှန်တရားတချို့ရှိနေတာကြောင့် ငါက မင်းကို အခွင့်အရေးတစ်ခုပေးဖို့ ရည်ရွယ်ထားတယ်"

ထိုစကားကိုကြားချိန်၌ ကျိုးစုန်တို့လူစုသည် အလွန်ပျော်ရွှင်သွားလေ၏။

သို့ရာတွင် နောက်ထပ်ထွက်ပေါ်လာသော စကားတစ်ခွန်းသည် သူတို့အား ရေခဲလှိုဏ်ဂူကြီးအတွင်းသို့ ကျရောက်သွားစေသည့်အလားပင်။

"ဒါကြောင့် ငါက တခြားဘာတစ်ခုကိုမှ မသုံးတော့ဘဲနဲ့ ငါ့ရဲ့လက်တစ်ဖက်ကိုပဲ အသုံးပြုမယ်"

ကင်းခြေများက ပြောဆိုသည်။

ကျိုးစုန်၏မျက်နှာ ရှုံမဲ့သွားလေ၏။

ကင်းခြေများသည် အမှန်တကယ်ကို ကတိတည်သူတစ်ယောက်ပင်။

လက်တစ်ဖက်ကိုသာ အသုံးပြုမည်ဟု ပြောဆိုခဲ့သဖြင့် အမှန်တကယ်ကိုပင် သူ၏လက်တစ်ဖက်တည်းကိုသာ အသုံးပြုခဲ့သည်။

ကျိုးစုန်ထံတွင် တုံ့ပြန်ရန်အတွက် အချိန်မရရှိခဲ့ချေ။သူသည် မိုးကောင်းကင်ယံသို့ ကြည့်လိုက်ချိန်၌ သူ၏စိတ်ဝိညာဥ်လှေပျံပေါ်သို့ စွမ်းအားလှိုင်းကိုးဆယ့်ကိုးလှိုင်းကျလာသည်ကို မြင်တွေ့မိသည်။

ဘုန်း...ဘုန်း....ဘုန်း....

ပေါက်ကွဲသံများထွက်ပေါ်လာပြီးနောက်...

ဤစွမ်းအားလှိုင်းကိုးဆယ့်ကိုးလှိုင်းသည် စိတ်ဝိညာဥ်လှေပျံကို ပုံပျက်ပန်းပျက်ဖြစ်သွားသည်အထိ ဖျက်ဆီးရန် လုံလောက်သည်။ဖုန်းယွင်ဂိုဏ်းမှလူများသည် အနည်းငယ်မျှ ခုခံကာကွယ်နိုင်စွမ်းမရှိသဖြင့် ထိုစွမ်းအားလှိုင်းများအောက်တွင် စိတ်ဝိညာဥ်လှေပျံကြီး တစ်စစီကြေမွှပျက်စီးသွားတော့သည်။

စိတ်ဝိညာဥ်လှေပျံပေါ်တွင်ရှိနေသော ဖုန်းယွင်ဂိုဏ်းမှလူများသည် ဒယ်အိုးပူတလုံးပေါ်ရှိပုရွက်ဆိတ်များအလား အလျှင်အမြန်ပြေးထွက်ကာ မိုးကောင်းကင်ယံအတွင်းသို့ ပျံသန်းသွားသည်။

"ပြေးကြ...ပြေးကြတော့..."

"ကယ်ကြပါ...ငါ့ကိုကယ်ပါအုံး..."

ဤအချိန်အခိုက်အတန့်တွင် စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်သောအသံများ ထွက်ပေါ်လာသည်။

မဟာအကြီးအကဲကျိုးစုန်ကမူ လေထုအတွင်း၌ ပျံသန်းနေသည်မှာ သူ့၏ခြေထောက်များမှ မီးပွားများပွင့်ထွက်တော့လုမတတ်ပင်။

ဤကင်းခြေများသည် အားကောင်းပြီး အမှန်တကယ်ကို တုန်လှုပ်ချောက်ချားဖွယ် ကောင်းပေ၏။

သူ အလျှင်အမြန် ထွက်ပြေးရုံသာ တတ်နိုင်ပေမည်။

"ဟမ့်..."

"တာအိုနယ်ပယ်ကျင့်ကြံသူဆိုတာ ဘယ်လိုအမှိုက်မျိုးလဲ"

ကင်းခြေများသည် အေးစက်စက်နှာတစ်ချက်မှုတ်ပြီး ကောင်းကင်တိမ်တိုက်ဂိုဏ်း၏တံခါးမကြီးကို ကြည့်လိုက်သည်။

"ဟေး...မင်း ပုန်းနေတာ အချိန်အတော်ကြာနေပြီ....ဒါက မလုံလောက်သေးဘူးလား"

မေးခွန်းထုတ်လိုက်သောအသံတစ်သံ ထွက်ပေါ်လာသည်။

ကင်းခြေများ၏မျက်လုံးအကြည့်သည် လေဟာနယ်ကို တိုက်ရိုက်ထွင်းဖောက်သွားကာ ဂိုဏ်းအတွင်းရှိ ကွမ်လင်းသို့လူစုထံသို့ ကျရောက်သွားသည်။

ကွမ်လင်းတို့လူစု၏ခန္ဓာကိုယ်များ တုန်ရီနေကာ စကားပြောဆိုနိုင်ခြင်း မရှိတော့ချေ။

"ငါတို့....ငါတို့ ဘာလုပ်ကြမလဲ"

အကြီးအကဲတစ်ယောက်က တုန်တုန်ရီရီဖြင့် မေးမြန်းသည်။

"ငါလည်း မသိဘူး"

ကွမ်လင်းသည်လည်း ခြေမကိုင်မိလက်မကိုင်မိ ဖြစ်နေသည်။

ကင်းခြေများတစ်ကောင်သည် မည်သည်ကြောင့်ဟုမသိရဘဲ ရုတ်တရက် ထွက်ပေါ်လာကာ အလွန်သန်မာအားကောင်းသည်။သူ မည်သည့်အရာအား ပြုလုပ်လိုသည်ကို မည်သူက သိနိုင်မည်နည်း။

ဤကဲ့သို့ ထိပ်သီးတည်ရှိမှုကြီးတစ်ယောက်ကို ကောင်းကောင်းမွန်မွန် မဆက်ဆံနိုင်ပါက ဂိုဏ်းတစ်ဂိုဏ်းလုံးကို ပျက်စီးသွားစေနိုင်သော အဓိကကိစ္စကြီးတစ်ခု ဖြစ်သွားပေမည်။

သို့ရာတွင် စုရှောင်ယွီသည် သူမ၏နီမြန်းသောနှုတ်ခမ်းလေးများကို ဖုံးအုပ်ကာ ရယ်မောနေမည်ဟု သူတို့ မျှော်လင့်မထားမိချေ။

Chapter 837

"စုရှောင်ယွီ... မင်း ဘာလို့ ရယ်နေတာလဲ"

ကွမ်လင်း၏မျက်နှာ သုန်မှုန်နေသည်။

ယခုအချိန်၌ မည်ကဲ့သို့ပြုလုပ်ရမည်ကို သူမ မသိရှိသလော....

ဤကဲ့သို့ ထိသီးအစွမ်းထက်တည်ရှိမှုကြီးနှင့် ရင်ဆိုင်ရချိန်တွင် ဂိုဏ်းအတွင်းသို့ဝင်ရန် ဖိတ်ခေါ်လျှင် မကောင်းသည့်အပြင် သေချင်ယောင်ဆောင်နေလျှင်လည်း မကောင်း​ချေ။ဤကဲ့သို့ သူတို့အားလုံး ကျားတစ်ကောင်ကို စီးနင်းနေရသကဲ့သို့ ခံစားနေရချိန်တွင် ဤမိန်းကလေးသည် ရယ်မောနေနိုင်ပေ၏။

"ဆရာ့ရဲ့စိတ်လှုပ်ရှားနေတဲ့ပုံကို ကြည့်ပြီး ငါက ရယ်နေတာပါ"

စုရှောင်ယွီက ပြောဆိုသည်။

"မင်း...မင်းက တဖက်လူရဲ့ခွန်အားကို မသိတာကြောင့် မင်း စိတ်မလှုပ်ရှားတာမဟုတ်လား"

ကွမ်လင်းက သင်ခန်းစာတစ်ခုကို သင်ကြားပေးသည်။

"အဲ့ဒီလို မူရင်းဇစ်မြစ်မသိရတဲ့ လူစားမျိုးကို ကိုင်တွယ်တဲ့နေရာမှာ နည်းနည်းလောက် သတိလက်လွတ်ဖြစ်သွားတာနဲ့ ကိစ္စကြီးတစ်ခု ဖြစ်သွားနိုင်ပြီးတော့ ဘေးကပ်ဆိုးကြီးတစ်ခုတောင် ဆိုက်ရောက်လာနိုင်တယ်....မင်းလိုမိန်းကလေးတစ်ယောက်က ထိတ်လန့်ကြောက်ရွံ့မှုနဲ့အကျပ်အတည်းကို နည်းနည်းလေးတောင် အာရုံမခံတတ်ဘူး...အရင်တုန်းက ငါ မင်းကို အရမ်းချစ်မြတ်နိုးပြီးတော့ အလိုလိုက်ခဲ့မိတာတွေအားလုံးက ငါ့ရဲ့အပြစ်ပဲ"

ကွမ်လင်းက ဝမ်းနည်းကြေကွဲစွာ ပြောဆိုသည်။

"အဟိ...."

စုရှောင်ယွီက သူမ၏ပါးစပ်ကိုဖုံးအုပ်ပြီး ရယ်မောလိုက်ကာ သူမကိုကြည့်ရသည်မှာ ပို၍ပင်စိတ်ကြီးဝင်နေပုံရသည်။

"ဆရာက ဘာလို့ ဒီလောက်ထိ စိတ်လှုပ်ရှားနေတယ်ဆိုတာ ငါ တကယ်မသိတော့ဘူး...သူတို့က ငါ ဖိတ်ခေါ်ထားတဲ့ဧည့်သည်တွေ ဖြစ်ပြီးတော့ ငါ့ကိုအရမ်းချစ်တဲ့ အစ်ကိုတွေပဲ"

ကွမ်လင်းသည် ဆက်လက်၍ ဆူပူကြိမ်းမောင်းရန် ဟန်ပြင်လိုက်စဉ်မှာပင် ရုတ်တရက်တစ်စုံတစ်ခုကို နားလည်သဘောပေါက်သွားသဖြင့် စုရှောင်ယွီကို ဆုပ်ကိုင်ပြီး မေးမြန်းလိုက်သည်။

"မင်း...မင်း ခုဏက ဘာပြောလိုက်တာလဲ"

"ငါ ပြောခဲ့တာက...သူတို့က ငါ ဖိတ်ခေါ်ထားတဲ့ဧည့်သည်တွေပဲ....ဘယ်လိုလုပ်ပြီးတော့ သူတို့က ကောင်းကင်တိမ်တိုက်ဂိုဏ်းကို ဖျက်ဆီးမှာလဲ"

စုရှောင်ယွီက မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး မေးမြန်းသည်။

စုရှောင်ယွီ၏စကားများကြောင့် ချက်ချင်းဆိုသလိုပင် ကွမ်လင်း၏မျက်လုံးများ ပြူးကျယ်သွားကာ သူ၏နှုတ်ခမ်းများ တုန်ရီသွားသည်။

"ရှောင်ယွီ...ရှောင်ယွီလေး...မင်း ဆိုလိုတာ...မင်း ဆိုလိုတာက..."

ကွမ်လင်း၏စကား အဆုံးမသတ်သေးမီမှာပင် စုရှောင်ယွီက တည်ကြည်လေးနက်စွာဖြင့် ခေါင်းညိတ်ပြလေ၏။

"ဒါဆိုရင် မင်းပြောခဲ့တဲ့ သစ်သားရေပုံးတစ်ရာက..."

ကွမ်လင်းသည် တီးတိုးရေရွတ်လိုက်ပြီးနောက် ကင်းခြေများ၏ခြေထောက်များကို တွေးတောမိကာ သူ၏စိတ်နှလုံးသားအတွင်း၌ ချက်ချင်းအတည်ပြုနိုင်ခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ သူတို့၏ခြေထောက်များကို ဆေးကြောရန် မည်သူက ရေပုံးတစ်ရာလိုအပ်မည်နည်း....

"ဟား ဟား ဟား....."

"ရှောင်ယွီလေး...ဒီဆရာက မင်းကို နှစ်တွေအများကြီးကြာအောင် ဂရုတစိုက် သင်ကြားပေးခဲ့တာ တကယ့်ကို ထိုက်တန်တယ်"

ကွမ်လင်းသည် အဆက်မပြတ် ရယ်မောနေတာ ဘောလုံးတစ်လုံးကိုညှစ်လိုက်သည့်အလား သူ၏မျက်နှာမှကြွက်သားများ ရှုံတွနေသည်။သူသည် အလွန်အမင်းစိတ်လှုပ်ရှားနေသဖြင့် စုရှောင်ယွီ၏မျက်နှာလေးကိုကိုင်ပြီး တစ်ချက်နမ်းလိုက်၏။

"ဆရာရဲ့တံ့တွေးနံ့က အရမ်းဆိုးတာပဲ...ဆရာက တည်တည်တန့်တန့်မနေဘဲနဲ့ ဘာလို့ ဒီလိုတွေလုပ်နေတာလဲ"

စုရှောင်ယွီသည် ရွံရှာသောအမူအယာဖြင့် သူမ၏ပါးပြင်ပေါ်မှ တံ့တွေးများကိုသုတ်ပြီး အော်ဟစ်လေသည်။

"ဟီး ဟီး...ဒါက ဆရာ အရမ်းပျော်သွားလို့ပါ...ဒီနှစ်တွေအတွင်းမှာ ဆရာ ဂုဏ်ယူဝံ့ကြွားရဆုံး ကိစ္စတစ်ခုက မင်းကို ဂရုတစိုက်သင်ကြားပေးခဲ့တာပဲ"

ကွမ်လင်းက သူ၏လက်နှစ်ဖက်ကို ပွတ်သပ်၍ပြောဆိုကာ သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ထင်ဟပ်နေသည်။

စုရှောင်ယွီသည် ဤကဲ့သို့ ထိပ်သီးအစွမ်းထက်တည်ရှိမှုကြီးများနှင့် မိတ်ဆွေဖွဲ့နိုင်မည်ဟု သူ တစ်ကြိမ်တစ်ခါမျှ တွေးထင်မထားခဲ့ချေ။

ဤသည်မှာ အမှန်တကယ်ကို ဂုဏ်ယူဝံကြွားဖွယ် ကိစ္စတစ်ရပ်ပင်။

"ဟွန့် ဆရာ...ဆရာ ခုဏက ပြောတာတော့ အဲ့ဒီလို မဟုတ်ပါဘူး"

စုရှောင်ယွီက မကျေမနပ်ပြောဆိုသည်။

"အရင်က...အရင်က မင်းကို ရယ်စရာပြောခဲ့တာလေ"

ကွမ်လင်းက အလျှင်အမြန်ရှင်းပြကာ အပြုံးနှင့်ပြောဆိုလိုက်၏။

"တကယ်လို့ မင်း ငါ့ကိုမယုံဘူးဆိုရင်.. ငါက နေ့တိုင်း မင်းရဲ့အောင်မြင်မှုတွေကို ချီးမွမ်းခဲ့လားဆိုတာ အခုလက်ရှိနေရာမှာ ရှိနေတဲ့ မင်းရဲ့ဦးလေးတွေအားလုံးကို မေးလို့ရတယ်"

စုရှောင်ယွီက သံသယအပြည့်ဖြင့် အကြီးအကဲများအားလုံးကို ဝေ့ဝိုက်၍ကြည့်လိုက်သည်။

ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် အကြီးအကဲများသည် အလျှင်အမြန် ပြုံးရယ်လိုက်ကြကာ တညီတညွတ်တည်း တုံ့ပြန်လိုက်ကြသည်။

"အိုက်ယိုး...အမှန်ပဲ... ဒီကိစ္စက အမှန်ပဲ"

"ငါ ထပ်မေးမယ်...ငါက ရှောင်ယွီလေးကို အမြဲတမ်း တပည့်ကောင်းလေးလို့ ချီးမွမ်းတယ်မဟုတ်လား"

ကွမ်လင်းက ဆက်လက်၍ ပြောဆိုသည်။

စုရှောင်ယွီက သူမ၏ခေါင်းကို ထပ်မံ၍ တိမ်းစောင်းကြည့်လေသည်။

အကြီးအကဲများသည် ထပ်မံ၍ တညီတညွတ်တည်း ခေါင်းညိတ်ပြလိုက်၏။

"ဟုတ်တယ်...ဟုတ်တယ်...ဒါက အမှန်ပဲ..."

"ငါ နောက်ဆုံးတစ်ခွန်း ထပ်မေးမယ်...ငါတို့အားလုံးက ရှောင်ယွီလေးအတွက် အမြဲတမ်း ဂုဏ်ယူနေကြတယ်မဟုတ်လား"

ကွမ်လင်းက ထပ်မံ၍မေးမြန်းသည်။

စုရှောင်ယွီက သူမ၏ခေါင်းကို ထပ်မံ၍တိမ်းစောင်းကြည့်သည်။

တခြားအကြီးအကဲများသည်လည်း သူတို့၏ခေါင်းများကို တစ်ပြိုင်နက်တည်း ထပ်မံ၍ညိတ်လိုက်ကြ၏။

"အမှန်ပဲ...အမှန်ပဲ..."

"ဒီလောက်ဆိုရင် ရပြီ..."

စိတ်ကျေနပ်သွားသော စုရှောင်ယွီက ခေါင်းညိတ်ပြပြီး ပြောဆိုသည်။

"ဒါဆိုရင် ဆရာတို့က ဘာလို့ ငါ့ရဲ့အစ်ကိုတွေကို ဂိုဏ်းထဲဝင်ဖို့ မဖိတ်ခေါ်သေးတာလဲ"

"ဖိတ်ခေါ်မှာပေါ့...ငါ အခုချက်ချင်း ဖိတ်ခေါ်လိုက်မယ်"

ကွမ်လင်းက စိတ်အားထက်သန်စွာဖြင့် ပြောဆိုသည်။

ဤကဲ့သို့ ထိပ်သီးအစွမ်းထက်တည်ရှိမှုကြီးများနှင့် ဆက်ဆံရေးတစ်ခုရှိလာရန်မှာ ဆယ်စုနှစ်များကြာသည့်အထိ လူပျိုကြီးဖြစ်နေကာ လောကကြီးတခွင်လုံးတွင်ရှိနေသော ယောက်ျားများအားလုံးသေဆုံးသွားပြီး သူ တစ်ယောက်တည်း ကျန်ရှိနေသည်ကို ရှာဖွေတွေ့ရှိလိုက်ရသည့်အလားပင်။

ရုတ်ချည်းဆိုသလိုပင် ကောင်းကင်တိမ်တိုက်ဂိုဏ်း၏ တံခါးမကြီးကိုဖွင့်၍ ကွမ်လင်း၏ဦးဆောင်မှုအောက်၌ အကြီးအကဲများမှအစေခံများအထိ လူထောင်နှင့်ချီ၍ ပြင်ပသို့ထွက်ကာ ဧည့်သည်များအား ဆီးကြိုလိုက်ကြသည်။

ထိုနောက် ကင်းချေများနှင့်စိတ်ဝိညာဉ်ဘုရင်တို့ကို ကောင်းကင်တိမ်တိုက်ဂိုဏ်းအတွင်းသို့ ရိုသေလေးစားစွာ ခေါ်ဆောင်ခဲ့ကြသည်။

"ရှောင်ယွီလေး..မင်း အနိုင်ကျင့်ခံနေရတယ်ဆိုတဲ့ စာတစ်စောင်ကို ပို့လိုက်တယ်လို့ အစ်ကိုကြီးက ပြောတယ်.. ဒါကြောင့် ငါတို့ညီအစ်ကိုနှစ်ယောက် ဒီနေရာကို လာခဲ့တာပဲ...အခု ဘယ်လိုဖြစ်သွားပြီလဲ....မင်းကို အနိုင်ကျင့်တဲ့ကောင်တွေက ဘယ်မှာလဲ....ငါ့ကို မြန်မြန်ပြောစမ်း...ငါက မင်းကိုကူညီပြီးတော့ အဲ့ဒီကောင်တွေကို ဖြေရှင်းပေးမယ်"

ညလေးညှင်းကင်းခြေများက ပြောဆိုသည်။

"အစ်ကိုကင်းချေများ...ငါ့ကို အနိုင်ကျင့်ခဲ့တာက နင် ခုဏက မောင်းထုတ်လိုက်တဲ့လူတွေပဲ"

စုရှောင်ယွီက ပြောဆိုလိုက်၏။

"အမ် ခုဏက လူတစ်စုလား"

ကင်းခြေများ၏မျက်ခုံး မြင့်တက်သွားသည်။

"ဟုတ်တယ်...အဲ့ဒါက သူတို့ပဲ"

စုရှောင်ယွီက ပြောဆိုသည်။

"ငါ ပေါ့ဆသွားတယ်..ငါက သူတို့ကို တကယ်ကြီး လွှတ်ပေးလိုက်မိတယ်...ငါ ဘယ်လိုလုပ်ပြီးတော့ ဒီလိုကိစ္စမျိုးကို လုပ်ခဲ့မိတာလဲ"

ကင်းခြေများက စိတ်အနှောက်အယှက်ဖြစ်သွားသောလေသံဖြင့် ပြောဆိုလေ၏။

"အစ်ကိုကင်းချေများ...နင့်ကိုယ်နင် အပြစ်တင်ဖို့မလိုပါဘူး...နင်က သူတို့ကို မောင်းထုတ်ပြီးပြီလေ"

စုရှောင်ယွီက ပြောဆိုသည်။

"အဲဒီလိုလုပ်လို့ ဘယ်ဖြစ်မှာလဲ"

ကင်းခြေများက အလေးအနက်ထားသောမျက်နှာအမူအယာဖြင့် ပြောဆိုသည်။

"ဘယ်လိုပဲဖြစ်ဖြစ် ဒါက ကိစ္စကြီးတစ်ခုပဲ...မင်းကို အနိုင်ကျင့်တဲ့လူတွေကို သင်ခန်းစာကောင်းကောင်းပေးဖို့ အစ်ကိုကြီးက ငါ့ကို မှာလိုက်တယ်"

"ဒါပေမဲ့ သူတို့အားလုံးက ထွက်ပြေးသွားပြီလေ"

စုရှောင်ယွီက ပြောဆိုသည်။

"တကယ်လို့ သူတို့ ထွက်ပြေးသွားရင်တောင်...ငါက သူတို့ကို ပြန်ခေါ်မယ်"

ကင်းခြေများ၏မျက်နှာအမူအယာ တည်ကြည်လေးနက်နေကာ သူ၏ခြေထောက်များအကြားမှ ခြေထောက်တစ်ချောင်းသည် ရုတ်တရက် လေဟာနယ်အတွင်းသို့ ထွင်းဖောက်သွားပေ၏။

အဝေးတစ်နေရာရှိ လေဟာနယ်အတွင်း၌....

ကျိုးစုန်၏ခန္ဓာကိုယ်တွင် ချွေးများရွဲနေပြီး သူ၏မျက်လုံးမှ မျက်ရည်များ ယိုစီးကျနေသည်။သူ၏ခြေထောက်များဖြင့် လေထုကိုကန်​ကျောက်ကာ အလျှင်အမြန်ပျံသန်းနေသဖြင့် မီးပွားများပင် ဖြာထွက်နေသည်။

"ဟမ့် တာအိုနယ်ပယ်..တာအိုနယ်ပယ်ကျင့်ကြံသူ... ဟုတ်တယ်မလား"

"ငါတို့ရဲ့နောက်မှာလည်း တာအိုဂိုဏ်းတစ်ဂိုဏ်းရှိတယ်...ဒီနေ့ ငါက အဲ့ဒီကိစ္စကို တေးမှတ်ထားမယ်...နောငိအနာဂတ်ကျရင် ငါက ဒီကိစ္စအတွက် ဆယ်ဆ အဆတစ်ရာပြန်ယူမယ်"

ကျိုးစုန်က ရက်စက်ကြမ်းကြုတ်သောအမူအယာဖြင့် ရေရွတ်လိုက်သည်။ထိုအချိန်မှာပင် ရုတ်တရက် လေဟာနယ်ကြီး ကွဲထွက်သွားကာ ကင်းခြေများ၏ခြေထောက်တစ်ချောင်းက သူ့ ကိုဖမ်းဆုပ်ပြီး လေဟာနယ်အက်ကွဲကြောင်းအတွင်းသို့ ဆွဲခေါ်သွားသည်ကို သူ ရှာဖွေတွေ့ရှိမိသည်။

ဘန်း....

ထိုနောက်မှနေ၍ ကျိုးစုန်သည် စုရှောင်ယွီ ကွမ်လင်းနှင့်တခြားလူများ၏ခြေထောက်များအနီးသို့ ပစ်ချခြင်းခံလိုက်ရသည်။

ဤအချိန်အခိုက်အတန့်တွင် အနည်းငယ်စိတ်လှုပ်ရှားနေသော စုရှောင်ယွီမှလွဲ၍ ကွမ်လင်းတို့လူစုသည် ရူးသွပ်လုနီးပါး ဖြစ်နေလေပြီ။

ဤသည်မှာ အောက်သို့ပစ်ချခံရပြီးနောက် အသိဝင်လာခဲ့သော ကျိုးစုန်သည်လည်း ထပ်တူထပ်မျှပင်။

ဤသည်မှာ....ဤသည်မှာ မည်ကဲ့သို့ နည်းလမ်းမျိုးဖြစ်သနည်း....

သူ ထွက်ပြေးခဲ့သည်မှာ အချိန်မည်မျှကြာမြင့်နေပြီ ဖြစ်သနည်း....

သူ ယခုချက်ချင်း ပြန်လည်ဖမ်းဆီးခံရသလော....

Chapter 838

သာမန်တာအိုနယ်ပယ်ကျင့်ကြံသူများသည် ဤမျှထိ အစွမ်းမထက်နိုင်သည် မဟုတ်လော...

ဤကဲ့သို့ ထိပ်သီးဆရာကြီးတစ်ယောက်သည် မည်သည့်နေရာမှ ထွက်ပေါ်လာသနည်း...

တချို့လူများသည် ပျော်ရွှင်နေကြပြီး လူတစ်ယောက်ကမူ စိုးရိမ်ပူပန်နေသည်။

စိုးရိမ်ပူပန်နေသည်မှာ ကျိုးစုန်ပင်။တစ်ဖက်သတ်အနိုင်ကျင့်သည့် တာဝန်တစ်ခုဖြစ်ပုံရသော ကိစ္စတွင် ဤကဲ့သို့ မွန်းစတားအိုကြီးတစ်ကောင်နှင့် ရင်ဆိုင်ကြုံတွေ့ရမည်ဟု သူ တကြိမ်တစ်ခါမျှ တွေးထင်မထားမိချေ။

ပျော်ရွှင်နေသူများမှာ မည်သူများ ဖြစ်သည်ကို ပြောဆိုရန်မလိုတော့ချေ။

ကွမ်လင်းတို့လူစုသည် အဆက်မပြတ် ရယ်မောနေကြ၏။

ဤဆရာကြီးပြောသည့် စကားများကို နားထောင်ခြင်းဖြင့် သူတို့နှစ်ယောက်သည် ကောင်းကင်တိမ်တိုက်ဂိုဏ်းအား ကူညီပေးရန် အထူးသီးသန့် ခရီးထွက်လာခဲ့ခြင်းပင်။

ကွမ်လင်းသည် ဤထိပ်သီးဆရာကြီး၏တုန်လှုပ်​ချောက်ချားဖွယ်ကောင်းသောခွန်အားကိုကြည့်ပြီး အစောပိုင်းက အလွန်မောက်မာထောင်လွှားနေကာ ယခုအချိန်၌ ခွေးတစ်ကောင်ကဲ့သို့ဖြစ်နေသော ကျိုးစုန်ကို တဖန်ထပ်၍ ကြည့်လိုက်သည်။

ရုတ်ချည်းဆိုသလိုပင် ကွမ်လင်း၏လမ်းလျှောက်ပုံ အနည်းငယ်ဆောင့်ကြွားကြွားနိုင်စ ပြုလာသည်။

ကင်းခြေများသည် ကျိုးစုန်ကို အနည်းငယ်မျှ စိတ်ဝင်စားခြင်းမရှိသဖြင့် ကောင်းကင်တိမ်တိုက်ဂိုဏ်းထံသို့ လွှဲပြောင်းပေးလိုက်သည်။

"အစ်ကိုကြီးကင်း​ခြေများနဲ့ အစ်ကိုကြီးစိတ်ဝိညာဉ်ဘုရင်တို့ကို ကျေးဇူးတင်ပါတယ်"

စုရှောင်ယွီက ဝမ်းသာပျော်ရွှင်စွာဖြင့် ပြောဆိုသည်။

"အစ်ကိုကြီး...နင်က ခြေထောက်တွေဆေးရတာကို ကြိုက်တယ်ဆိုတာ ငါ သိတယ်...ဒါကြောင့် နင် ဒီနေရာကိုရောက်လာမှတော့ နင့်ရဲ့ခြေထောက်တွေကို ဆေးပေးဖို့ ငါက စီစဉ်ထားတယ်"

သူမသည် ထိုစကားကိုကြည့်ရင်း ကွမ်လင်းကိုကြည့်လိုက်သည်။

"ဆရာ နင် အခုထိ ငါ ပြင်ဆင်ခိုင်းထားတဲ့အရာတွေကို အဆင်သင့် မဖြစ်သေးဘူးလား"

"ဒါက...."

ကွမ်လင်း၏စိတ်နှလုံးသား တုန်ရီသွားကာ သူ့၏လက်ကို ဝှေ့ယမ်းလိုက်သည်။

"ရေပုံးတစ်ရာက ဘာလုပ်ရမှာလဲ..ငါက ရေပုံးတစ်ထောင် ပြင်ဆင်ပေးမယ်...ခြေချောင်းတစ်ချောင်းစီအတွက် ရေပုံးတစ်ပုံးပဲ"

နွေးထွေးသောအငွေ့အသက်များအောက်တွင် ထောင်နှင့်ချီသော အမျိုးသမီးတပည့်များသည် ကြီးမားသောလုပ်ငန်းကြီးကို စတင်လိုက်ကြ၏။

ထိုနောက် ကြီးမားသောစားသောက်ပွဲကြီးတခုကို ဆင်နွှဲကြသည်။

ဖုန်းယွင်ဂိုဏ်း၌....

အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသော ဝမ်ချန်းယုသည် မြက်ဖျာပေါ်၌ ပလ္လင်ခွေထိုင်နေသည်။ သူ၏မျက်နှာသည် အနည်းငယ်နာမကျန်းဖြစ်နေပုံရပြီး သူ၏မျက်လုံးအကြည့် ရွေ့လျားသွားသည်။သူသည် အသံပင်​ပျောက်လုနီးပါးဖြစ်နေသော အမျိုးသမီးတပည့်နှစ်ယောက်ထံမှ အကြည့်လွှဲကာ တံခါးထံသို့ ကြည့်လိုက်သည်။

တံခါး၏ပြင်ပတွင် ဖုန်းယွင်ဂိုဏ်း၏ဂိုဏ်းချုပ် ခြေလှမ်းကျဲကြီးများနှင့် အလျင်စလိုလျှောက်လှမ်းလာသည်။သူသည် အခန်းအတွင်းသို့ဝင်လာပြီးနောက် ဒူးထောက်လိုက်၏။

ဤကိစ္စသည် အရေးပေါ်ဖြစ်နေလျင်ပင် ဝမ်ချန်းယုမှ စကားပြောဆိုနိုင်ပြီဟု မဆိုသေးခင် သူ စကားပြောဆိုဝံ့ခြင်းမရှိချေ။

ဝမ်ချန်းယုသည် အလျင်လိုခြင်းမရှိဘဲ သူ၏လက်ဝါးသည် မိန်းကလေးနှစ်ယောက်ပေါ်သို့ ကျရောက်သွားသည်။မိန်းကလေးနှစ်ယောက် လုံးလုံးလျားလျား တိတ်ဆိတ်ငြိမ်သက်သွားမှသာ သူ၏လက်ကို ဖြည်းညှင်းစွာဝှေ့ယမ်းလိုက်၏။

"မင်း ပြောတော့..."

"သခင်လေးချီ...တစ်ခုခု ဖြစ်သွားခဲ့တယ်"

ဖုန်းယွင်ဂိုဏ်းချုပ်၏မျက်နှာအမူအယာ အနည်းငယ်ပျက်ယွင်းနေပြီး ကျိုးစုန်တို့အဖွဲ့၏ရလဒ်များနှင့်ပတ်သက်ပြီး တစ်ခုပြီးတစ်ခု အသိပေးလိုက်သည်။

ထိုကိစ္စများကိုနားထောင်ပြီးနောက် ဝမ်ချန်းယုကိုကြည့်ရသည်မှာ ဒေါသထွက်နေပုံမရချေ။

ထိုအစား သူ၏မျက်နှာပေါ်တွင် ရွှင်မြူးသောအရိပ်အယောင်တစ်ရပ် ထင်ဟပ်နေသည်။

"ငါ ဒီကိစ္စကို ငါကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းလိုက်မယ်....မင်း ဒီနေရာကနေ ထွက်သွားတော့"

ဝမ်ချန်းယုက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

"ဟုတ်ကဲ့..."

ဖုန်းယွင်ဂိုဏ်းချုပ်သည် တိတ်ဆိတ်ငြိမ်သက်နေကာ မည်သည့်စကားကိုမျှ ထပ်မံ၍မပြောဆိုဝံ့တော့သဖြင့် အလျင်စလိုပြန်လည်ထွက်ခွာသွားတော့သည်။

ဖုန်းယွင်ဂိုဏ်းချုပ် ထွက်ခွာသွားပြီးနောက် ဝမ်ချန်းယုက သူ၏ခေါင်းကို အနည်းငယ်မော့လိုက်သည်။

"ကင်းခြေများတစ်ကောင်..."

"စိတ်ဝိညာဉ်ခန္ဓာကိုယ်တစ်ကောင်...."

"ဒါက တကယ့်ကို စိတ်ဝင်စားစရာပဲ"

"ဒါပေမဲ့ နယ်မြေကြီးကိုးခုကို လျှော့တွက်လို့မရဘူး...ဘယ်လိုပဲဖြစ်ဖြစ် ဒီနေရာက သူတော်စင်တွေ ပြန်လည်မွေးဖွားတဲ့ နေရာတစ်နေရာပဲ"

စန်ရှန်းဂိုဏ်း...

တာအိုဂိုဏ်းကြီးသုံးဂိုဏ်းအနက်မှ တစ်ဂိုဏ်းဖြစ်သော စန်ရှန်းဂိုဏ်း၌...

ဤဂိုဏ်းအတွင်းတွင် သွားလာလှုပ်ရှားနေသော တပည့်များသည်သူတို့၏စွမ်းအားကို ပေါ်လွင်အောင် ထုတ်ဖော်ပြသထားကြသည်။

ဂိုဏ်းအတွင်း၌ရှိနေသော အဆောက်အအုံများထံ၌ပင် ကိုယ်ပိုင်ဖိအားအရှိန်အဝါ ရှိပုံရသည်။

ပင်မခန်းမ၌...

ပြင်းထန်သောအရှိန်အဝါများရှိသည့် ရာနှင့်ချီသောလူများသည် ပလ္လင်ခွေထိုင်နေကြ၏။

အလင်းတန်းတစ်တန်းသည် မိုးကောင်းကင်ယံကိုဖြတ်သန်းလာကာ ပင်မခန်းမအတွင်းသို့ ကျရောက်သွားသည်။

ထိုမြင်ကွင်းကိုကြည့်ပြီး ပင်မခန်းမအတွင်းတွင် ရှိနေသောလူများအားလုံး သူတို့၏မျက်လုံးများကို ဖွင့်လိုက်ကြသည်။

ထိုအလင်းတန်းသည် သတင်းစကားတစ်ခုအသွင် ပြောင်းလဲသွားပြီး လူများအားလုံး၏စိတ်အတွင်းသို့ ရောက်ရှိသွားကာ ဤအချိန်အခိုက်အတန့်၌ အသံတစ်သံကို ကြည်လင်ပြတ်သားစွာ ကြားရလေ၏။

"ကင်းခြေများတစ်ကောင်....စိတ်ဝိညာဉ်ခန္ဓာကိုယ်တစ်ကောင်...သူတို့က တာအိုနယ်ပယ်မှာ ရှိနေနိုင်တယ်"

လူတစ်ယောက်က စိတ်အားထက်သန်သောလေသံနှင့် ပြောဆိုသည်။

"ဒါက အပြောင်းအလဲတစ်ခုပဲ"

"အမှန်ပဲ....ကျောက်ဂူ ​ပျောက်နေတာကလည်း သူတို့နဲ့ဆက်စပ်နေတယ်လို့ ငါ ယူဆမိတယ်"

လူအိုကြီးတစ်ယောက်က တုံ့ပြန်အဖြေပေးသည်။

ပထမလူကြီးသည် အချိန်တခဏကြာခန့် စဉ်းစားတွေးတောပြီးနောက် ပြောဆိုသည်။

"ကျောက်ဂူက သုံးဘဝကျောက်တုံးရဲ့ရွေးချယ်ခံတစ်ယောက်ပဲ....သူ့ရဲ့အနာဂတ်က အကန့်အသတ်မရှိဘူး"

"ဝမ်ချန်းယုက စွမ်းအားကြီးမားတဲ့လူတစ်ယောက် ပြန်ဝင်စားတာပဲ...အတိတ်ဘဝမှာ သူ့ကို ပြီးပြည့်စုံတဲ့ တာအိုကျင့်ကြံသူတစ်ယောက်လို့ ပြောနိုင်တယ်...သူက တာအိုနယ်ပယ် ဒုတိယအဆင့်ကို တက်လှမ်းတော့မယ့် လူတစ်ယောက်ပဲ"

"ငါတို့ ဒီနေရာကိုလာတဲ့ အစစ်အမှန်ရည်ရွယ်ချက်က ဒီနေရာမှာ သူတော်စင်တွေ ပြန်ဝင်စားတယ်ဆိုတာ တွက်ချက်နိုင်ခဲ့လို့ပဲ"

"အဲ့ဒီလူတွေက အရမ်းအစွမ်းမထက်ဘူးဆိုပေမယ့် သူတို့က ဝမ်ချန်းယုရဲ့လမ်းမှာ ပိတ်ဆို့ဟန့်တားနေတယ်...တကယ်လို့ ကျောက်ဂူ ပျောက်နေတာက သူတို့နဲ့ တကယ်ကြီးဆက်စပ်နေတယ်ဆိုရင် ဒီအပြောင်းအလဲက နည်းနည်းတော့ကြီးမားတဲ့ပုံပဲ...ဒါက နောင်တစ်ချိန်မှာ ပြဿနာတွေ ဖြစ်လာနိုင်တယ်"

"တကယ်လို့ ငါတို့က ဒီကိစ္စကို လွှတ်ထားလိုက်ရင်...သူတော်စင်တွေရဲ့တိုက်ပွဲက ငါတို့အတွက် အနှောင့်အယှက်တွေ ဖြစ်လာနိုင်တယ်"

"သူတို့ကို အလေးအနက်ထားဖို့ မထိုက်တန်ပေမယ့် အဲ့ဒီယင်ကောင်ငယ်လေးတွေကအရမ်းစိတ်အနှောက်အယှက်ပေးတယ်"

ထိုစကားကိုပြောဆိုရင်း ထိုလူ၏မျက်လုံးအတွင်း၌ အလင်းတန်းတစ်တန်းထင်ဟပ်လာကာ ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။

"သူတို့ကို ရှင်းလိုက်တော့...."

Chapter 839

"ရှစ်ဟို ရှစ်ယွမ်...မင်းတို့နှစ်ယောက် အတူတူသွားလိုက်ကြစမ်း"

ထိုလူကြီးက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

ခန်းမအတွင်း၌ထိုင်နေသော ကျင့်ကြံသူများအနက်မှ အနက်ရောင်ဝတ်စုံဝတ်လူနှစ်ယောက် တိတ်ဆိတ်ငြိမ်သက်စွာ မတ်တတ်ထရပ်ပြီး ရှေ့သို့ထွက်လာသည်။

"ပထမဆုံးအနေနဲ့ အဲ့ဒီကင်းခြေများနဲ့စိတ်ဝိညာဥ်ခန္ဓာကိုယ်တို့ကို သေသေချာချာရှင်းထုတ်ရမယ်"

"ဒုတိယအချက်အနေနဲ့ တကယ်လို့ မင်းတို့က ကျောက်ဂူပျောက်နေတာနဲ့ ပတ်သက်ပြီးတော့ သတင်းတစ်ခုခုရရင် သူ့ကို ရှာခဲ့ရမယ်"

"တတိယအချက်အနေနဲ့ တကယ်လို့အပြောင်းအလဲတစ်ခု ရှိနေပြီးတော့ မူမမှန်တဲ့နေရာတွေ မူမမှန်တဲ့လူတွေကို မြင်တွေ့ရမယ်ဆိုရင် မင်းတို့က သူတော်စင်တွေပြန်ဝင်စားတဲ့လူတွေကို ရှာရမယ်"

အနက်ရောင်ဝတ်စုံဝတ်လူနှစ်ယောက်သည် ခေါင်းညိတ်လိုက်ပြီးနောက် နေရာမှပျောက်ကွယ်သွားတော့သည်။

နောက်တစ်နေ့၌...

ကောင်းကင်တိမ်တိုက်ဂိုဏ်းမှလူများ၏ ရိုသေလေးစားစွာ ခြံရံမှုအောက်တွင် ညလေညှင်းကင်းခြေများနှင့် စိတ်ဝိညာဉ်ဘုရင်တို့သည် ဂိုဏ်းမှထွက်ခွာသွားရန် အဆင်သင့်ဖြစ်နေလေပြီ။

"အရှင်တို့နှစ်ယောက်...ကျေးဇူးပြုပြီးတော့ အရှင်အရိုးစုကို ပြောပေးပါ...ငါ့ရဲ့ကျင့်ကြံဆင့်နယ်ပယ် တည်ငြိမ်သွားတာနဲ့ ငါက အရိပ်ကျွန်းကိုပြန်လာပြီးတော့ သူ့ကို လုပ်ကျွေးပြုစုပါ့မယ်"

ဂိုဏ်း၏တံခါးမကြီးထံသို့ အရောက်တွင် ပိုင်မီက ဒူးထောက်ပြီး ရိုသေလေးစားစွာ ပြောဆိုသည်။

ယခုလက်ရှိအချိန်၌ သူမ ရရှိထားသောအရာရာတိုင်းကို မည်သူက ပေးအပ်ထားခြင်းဖြစ်ကြောင်း သူမ ကောင်းစွာသိရှိထားသည်။

ထိုကြောင့် သူမသည် မြင့်မြတ်ရွှေအရိုးကို နိုးထနိုင်ခဲ့ခြင်းအတွက် ဂုဏ်ယူဝံ့ကြွားနေခြင်းမရှိချေ။လုပမ်ဝေသည် သူမအား ဤရုပ်ခန္ဓာကိုယ်အမျိုးအစားကို လွယ်လင့်တကူပေးနိုင်ကာ လွယ်လင့်တကူပြန်ရုပ်သိမ်းနိုင်ကြောင်း သူမ ကောင်းစွာသိရှိထားပေ၏။

"မိန်းကလေးပိုင်...ကျေးဇူးပြုပြီးတော့ မတ်တတ်ရပ်လိုက်ပါ"

ကင်းခြေများက သူ၏လက်ကိုဝှေ့ယမ်းလိုက်ရာ အားလှိုင်းတရပ်က ပိုင်မီကို ညင်သာစွာတွဲထူပေးသည်။

"မိန်းကလေးပိုင်မှာ ဒီလိုစိတ်မျိုးရှိနေတာ အရမ်းကောင်းတယ်...ဒီကိစ္စကို အစ်ကိုကြီးသိသွားရင် အရမ်းပျော်သွားမှာ သေချာတယ်...အစကတော့ အစ်ကိုကြီးက ဒီနေရာကို သူကိုယ်တိုင် လာဖို့ပဲ...ဒါပေမဲ့ အစ်ကိုကြီးမှာ လုပ်စရာကိစ္စတစ်ခုရှိနေတာကြောင့် သူကိုယ်တိုင် မလာနိုင်ခဲ့ဘူး"

"ဒါပေမဲ့ အစ်ကိုကြီးက ပြောလိုက်တယ်...သူက အစ်ကိုခွေးဆီကနေ ငါတို့ကို မင်းအတွက် ခွေးစာနှစ်ခု ယူလာခွင့်ပြုလိုက်တယ်"

"မင်း မြန်မြန်ယူလိုက်အုံး"

ကင်းခြေများသည် ခွေးစာနှစ်ခုကိုထုတ်ယူကာ ပိုင်မီထံသို့ လက်ကမ်းပေးလိုက်သည်။

"အရှင်တို့ရဲ့လက်ဆောင်အတွက် ကျေးဇူးတင်ပါတယ်"

ပိုင်မီသည် ထိုအရာကို ဂရုတစိုက်ယူလိုက်ကာရတနာတစ်ပါးအလားပင်။

တခြားတစ်ဖက်တွင်ရှိနေသော ကွမ်လင်း၏မျက်လုံးများ ပြူးကျယ်သွားသည်။

"ဒါ...ဒါက..."

ဤဆရာကြီးနှစ်ယောက်၏နောက်တွင် အစ်ကိုကြီးတစ်ယောက် ရှိနေသလော....

ပိုင်မီမှနေ၍ လုပ်ကျွေးပြုစုမည်ဟု ဆိုလိုက်သလော...

ကွမ်လင်းသည် ရုတ်တရက် တစ်စုံတစ်ခုကို အမှတ်ရသွားပေ၏။ယခင်က စုရှောင်ယွီသည် ဂိုဏ်းအသီးသီးမှ အမျိုးသမီးတပည့်များကို ဖိတ်ခေါ်၍ သူ၏အစ်ကိုကြီးကို အစေခံရန် အလိုရှိခဲ့သည်မဟုတ်လော။

ထိုအချိန်တုန်းက ဤကိစ္စအတွက်ဖြင့် စုရှောင်ယွီသည် လူအမြောက်အများကို အပြစ်ပြုခဲ့သည်။ကွမ်လင်းပင်လျှင် ဤကိစ္စသည် အလွန်ရိုင်းပျမှုတစ်ခုဟု တွေးထင်ခဲ့လေ၏။ယခုအချိန်၌ သူ ပြန်လည်တွေးတောကြည့်ချိန်တွင် ဤသည်မှာ ရိုင်းပျမှုတစ်ခုမဟုတ်ပဲ အံ့အားသင့်ဖွယ်ကောင်းသော ကောင်းချီးတစ်ခု ဖြစ်နေသည်။

အကြောင်းအရင်းမှာ အစပထမကတည်းက ပိုင်မီတစ်ယောက်တည်းသာလျှင် စုရှောင်ယွီ၏ 'ရိုင်းပျ'ပုံရသော တောင်းဆိုမှုကို လက်ခံခဲ့သောကြောင့်ပင်။သူမ ပြန်လည်ရောက်ရှိလာသည်နှင့် မြင့်မြတ်ရွှေအရိုးကို နိုးထနိုင်ခဲ့လေရာ ဤသည်မှာ မည်သည့်အရာအား ဆိုလိုခြင်းဖြစ်သနည်း။

ဤသည်မှတစ်ဆင့် နောက်ကွယ်တွင်ရှိနေသောလူသည် မြင့်မြတ်ရွှေအရိုးပိုင်ရှင်များကို ဖန်တီးပေးနိုင်သည်ဟု ဆိုလိုနေခြင်းပင်။

ထိုအကြောင်းကိုတွေးတောမိချိန်တွင် ကွမ်လင်းသည် ရူးသွပ်သွားလုနီးပါး ခံစားနေရကာ သူ၏နှလုံးခုန်နှုန်း အလွန်အမင်းလျင်မြန်နေသည်။

"ဟား ဟား ဟား..."

ကွမ်လင်းသည် ကျယ်လောင်စွာအော်ဟစ်ရယ်မောကာ စုရှောင်ယွီကိုဆုပ်ကိုင်ပြီး သူမ၏မျက်နှာအနှံ့ နမ်းရှုံလိုက်သည်။

"တပည့်ကောင်းလေး...မင်းက တကယ့်ကို ငါ့ရဲ့တပည့်ကောင်းလေးပဲ"

ကွမ်လင်း၏မျက်လုံးများ တောက်ပနေသည်။

တခြားလူများ သိရှိနိုင်မည်မဟုတ်သော်လည်း စုရှောင်ယွီနှင့်သူအကြားရှိ ဆရာတပည့်ဆက်ဆံရေးကြောင့် သူ အလွန်ဝမ်းသာပျော်ရွှင်မိသည်။

"ဆရာ...နင် ဘာလုပ်တာလဲ"

စုရှောင်ယွီသည် သူမ၏လှပသောမျက်နှာလေးပေါ်ရှိ တံ့တွေးများကိုသုတ်ပြီး မကျေမနပ်ဖြင့်အော်ဟစ်လိုက်သည်။

ကွမ်လင်းသည် သူမကိုလျစ်လျူရှုပြီးနောက် ဝမ်းသာပျော်ရွှင်စွာဖြင့် ကင်းခြေများနှင့်စိတ်ဝိညာဥ်ဘုရင်တို့၏ရှေ့သို့ သွားလိုက်သည်။

"ဟီး ဟီး....အရှင်တို့ ငါ တစ်ခုလောက်မေးပါရစေ...မင်းတို့ရဲ့အစ်ကိုကြီးကို လုပ်ကျွေးပြုစုဖို့ လူတစ်ယောက်လောက် လိုသေးလား...တကယ်လို့ လူလိုတယ်ဆိုရင် ငါ့ကိုခေါ်သွားနိုင်မလား"

ထိုသို့ပြောဆိုပြီးနောက် ကွမ်လင်းကသူ၏ကြွက်သားများကို ပေါ်လွင်အောင်ပြသလိုက်သည့်။

"ငါက စားပွဲခုံတွေကိုသုတ်ပြီးတော့ ရေပူရေချမ်း ကမ်းလှမ်းပေးနိုင်ပါတယ်"

ကင်းခြေများသည် မျက်ဖြူလန်သွားကာ ကွမ်လင်းကို မှုန်တေတေဖြင့်ကြည့်ပြီး ပြောဆိုလိုက်သည်။

"ငါ့ရဲ့အစ်ကိုကြီးလိုအပ်တာက နူးညံ့သိမ်မွေ့တဲ့လူတွေပဲ...မင်း နားလည်ရဲ့လား"

ကွမ်လင်း၏မျက်လုံးများ တောက်ပသွားပြီးနောက် သူက အလျှင်အမြန်ခေါင်းညိတ်လိုက်၏

"ငါ နားလည်ပြီ...ငါ နားလည်ပါပြီ"

သူသည် ထိုစကားကိုပြောဆိုရင်း သူ၏ခြေထောက်များ ပျော့ခွေသွားကာ မြေပြင်ပေါ်၌ ယိမ်းနွဲ့၍လမ်းလျှောက်နေသည်။ထို့နောက် သူ၏ပါးစပ်မှ တီးတိုးရေရွတ်နေကာ သီချင်းညည်းနေသည့်အလားပင်။

မြင့်မြတ်ရွှေအရိုးကြောင့် သူ့အား အသိစိတ်လွတ်ကင်းသွားစေသည်မှာ သိသာထင်ရှားလှ၏။

"အရှင် ဒါဆိုရင် ဖြစ်နိုင်ပြီလို့ မင်း ထင်လား....."

ကွမ်လင်းကို ဤပုံစံအတိုင်း မြင်တွေ့ရချိန်၌ သူ၏နောက်ရှိ အကြီးအကဲများအားလုံး ထိတ်လန့်တုန်လှုပ်သွားသည်။

နောက်ထပ်အချိန်အခိုက်အတန့်တွင် တခြားအကြီးများသည်လည်း အော်ဟစ်လိုက်သည်။

"ငါ...ငါ ..ဒါက ငါပဲ. .."

"ဟား ဟား ဟား...ဒီလူအိုကြီးက နူးညံ့ရမလား ဒါမှမဟုတ် သန်မာရမလား.. နှစ်ခုလုံး အဆင်ပြေတယ် ..ဒါက အရှင်တို့ရဲ့ဆန္ဒပေါ် မူတည်တယ်"

"ဒီလူအိုကြီးရဲ့အရပ်ရှစ်ပေအမြင့်ကို မကြည့်ကြနဲ့....ငါ့ရဲ့စိတ်နှလုံးသားထဲမှာ မိန်းကလေးဆန်တဲ့စိတ်နေစိတ်ထားမျိုး အမြဲတမ်း ကိန်းအောင်းနေတယ်"

အကြီးအကဲတစ်စုသည် စိတ်အားထက်သန်စွာဖြင့် ရှေ့သို့တိုးလာကာ ပထမဆုံးလူဖြစ်ရန်အတွက် အလုအယက်တိုးဝှေ့နေကြသည်။

"ထွက်သွားကြစမ်း..."

ကင်းခြေများ၏မျက်နှာ သုန်မှုန်နေကာ သူ၏ခန္ဓာကိုယ် အဆက်မပြတ် တုန်ရီနေပြီး ရူးသွပ်သွားလုနီးပါးပင်။သူသည် စိတ်ဝိညာဥ်ဘုရင်နှင့်အတူ အဝေးသို့ အလျှင်အမြန်ပျံသန်းသွားသဖြင့် တယောက်နှင့်တယောက် စိတ်ပျက်အားငယ်စွာကြည့်နေသော ကွမ်လင်းတို့လူစုသာကြွင်းကျန်တော့သည်။

"မင်းတို့က ဘာကြည့်နေတာလဲ...မြန်မြန်ပြန်သွားပြီးတော့ လေ့ကျင့်ကြစမ်း"

ကွမ်လင်းက သုန်မှုန်နေသောမျက်နှာဖြင့် အော်ဟစ်လိုက်သည်။သူ့ထံ၌ ကြီးကျယ်ခမ်းနားသောအရှိန်အဝါရှိပြီး အင်မော်တယ်စွမ်းအားများဖြင့် ပြည့်နှက်နေကာ အစောပိုင်းကမြင်ကွင်းကို သူ ပြန်လည်တွေးတောကြည့်ဝံ့ခြင်းပင် မရှိတော့ချေ။

ကောင်းကင်တိမ်တိုက်ဂိုဏ်းမှ ကင်းခြေများနှင့်စိတ်ဝိညာဥ်ဘုရင်တို့ ထွက်ခွာသွားပြီးနောက် မိုးကောင်းကင်ယံအတွင်းသို့ အနက်ရောင်ဝတ်စုံဝတ်လူနှစ်ယောက်ရောက်ရှိလာကာ သူတို့၏မျက်လုံးများသည် ညီအစ်ကိုနှစ်ယောက်ထံသို့ အခိုင်အမာ ကျရောက်နေပေ၏။

Chapter 840

လေထုအတွင်း၌ ဓားတစ်လက် သိပ်သည်းသွားသည်။

ယခုအချိန်၌ ဓားမှ အေးစိမ့်မှုအရှိန်အဝါများသည်လည်း ပြီးပြည့်စုံသွားလေပြီ။

ထိုဓားသည် ပြင်းထန်သောသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒကို ပြသထားကာ ကင်းခြေများကို အခိုင်အမာချိတ်ပိတ်ထားလေ၏။

လေထုအတွင်း၌ ရပ်တန့်နေသောဓားသည် ရှေ့သို့ ပျံ့လွင့်သွားရန် အဆင်သင့်ဖြစ်နေကာ ဓားပိုင်ရှင်၏အမိန့်ကို စောင့်ဆိုင်းနေသည်။

နောက်ဆုံး၌....

အချိန်တစ်ခဏကြာခန့် စူးစမ်းလေ့လာပြီးနောက် ဓားပိုင်ရှင်သည် စိတ်ရှည်မှုဆုံးရှုံးသွားကာ သူ၏လက်ချောင်းများကို မြှောက်လိုက်သည်။

ဝီ....

ဓားရှည်သည် ရှေ့သို့ပျံ့လွင့်သွားရန် အဆင်သင့်ဖြစ်နေလေပြီ။

ထိုလူ တိုက်ခိုက်ရန် ဟန်ပြင်နေသည်ကိုကြည့်ပြီး နောက်ဆုံးအချိန်အခိုက်အတန့်၌ တခြားလူတစ်ယောက်က ဟန့်တားလိုက်သည်။

"ဘာလို့လဲ..."

ဓားပိုင်ရှင်က မေးမြန်းသည်။

"မင်း သူတို့ရဲ့အသက်တွေကို အချိန်မရွေး ယူလို့ရတယ်....အခုချိန်မှာ အလျင်စလိုမလုပ်ဘဲနဲ့ သူတို့နောက်ကိုလိုက်ပြီးတော့ သူတို့က ဘယ်ကလူတွေလဲဆိုတာကြည့်ရင် ပိုမကောင်းဘူးလား"

"ဘယ်လိုပဲဖြစ်ဖြစ် ကျောက်ဂူပျောက်နေတာက သူတို့နဲ့ဆိုင်မဆိုင်ဆိုတာကို စောင့်ကြည့်ရအုံးမယ် မဟုတ်လား"

"ငါတို့တွေက အဲ့ဒီကိစ္စတွေကို ရှာဖွေဖော်ထုတ်ပြီးမှ သူတို့ကိုရှင်းပစ်ရင်လည်း နောက်မကျပါဘူး"

ထိုစကားကိုကြားချိန်တွင်...

ဓားပိုင်ရှင်သည် ခေါင်းညိတ်လိုက်ပြီးနောက် သူ့၏လက်ကိုတစ်ချက်ဝှေ့ယမ်းကာ တုန်ခါနေသောဓားရှည်ကို ပြန်ရုတ်သိမ်းလိုက်၏

ထို့နောက် သူတို့နှစ်ယောက်သည် လေထုအတွင်း၌ မတ်တတ်ရပ်ကာ နတ်ဘုရားစိတ်အာရုံကိုအသုံးပြု၍ ညလေးညှင်းကင်းခြေများနှင့်စိတ်ဝိညာဉ်ဘုရင်တို့ကို စုံစမ်းထောက်လှမ်းလိုက်သည်။

...

တခြားတစ်ဖက်တွင်....

ကောင်းကင်တိမ်တိုက်ကပ်ဘေးဂိုဏ်းအတွင်း၌....

အကြီးအကဲများအားလုံး လှုပ်ရှားနေကြသည်။

ကင်းခြေများ၏စကားများနှင့် စုရှောင်ယွီ၏ယခင်လုပ်ရပ်များမှတစ်ဆင့် သူတို့သည် လုပမ်ဝေ၏လိုအပ်ချက်ကို အနည်းနှင့်အ​များခန့်မှန်းမိသဖြင့် လှပချောမောသောတပည့်မများကို ရှာဖွေနေကြသည်။

မြင့်မြတ်ရွှေအရိုး...

ဤသည်ကို မည်သူက မနာလိုအားကျမှုမရှိဘဲ နေနိုင်မည်နည်း...

အခွင့်အရေးအနည်းငယ်ရှိသော မည်သူမဆို ထိုအရာကို ဖမ်းဆုပ်လိုသည်။

ကောင်းကင်တိမ်တိုက်ဂိုဏ်း၏အကြီးအကဲများအဖြစ် နှစ်ပေါင်းများစွာကြာမြင့်အောင် နေထိုင်ခဲ့သော သူတို့ထံတွင် ဆွေမျိုးများ မိတ်ဆွေအပေါင်းအသင်းများ မရှိသူဟူ၍ မည်သူရှိမည်နည်း။

ထို့ကြောင့် အကြီးအကဲများအားလုံးသည် ရွေးချယ်ခံများကိုရှာဖွေကာ သူတို့သည် စုရှောင်ယွီနှင့် ဆက်သွယ်လိုကြသည်။

ယခုအချိန်တွင် ကောင်းကင်တိမ်တိုက်ဂိုဏ်း၏အကြီးအကဲသည် တခြားကပ်ဘေးအဆင့်ဂိုဏ်းတစ်ဂိုဏ်းဖြစ်သော တောင်ပိုင်းဂိုဏ်းသို့ ရောက်ရှိနေသည်။

"ဟမ့် လူအိုကြီး....မင်းက ဘယ်လိုလုပ်ပြီးတော့ ရောက်လာတာလဲ"

ထိုမြင်ကွင်းကိုကြည့်ပြီး တောင်ပိုင်းဂိုဏ်း၏ဂိုဏ်းချုပ်ကျိုးနန်ထံမှ ဒေါသတကြီးအော်ဟစ်လိုက်သောအသံကြီး ထွက်ပေါ်လာသည်။

"မင်းက ဘယ်လိုစကားတွေကို ပြောနေတာလဲ"

ဆဋ္ဌမအကြီးအကဲသည် ထိုင်ခုံ၌ ပေါ့ပေါ့ပါးပါးထိုင်ကာ သူ့၏လက်ကိုဝှေ့ယမ်းပြီး အော်ဟစ်လိုက်သည်။

"မင်း ဘာလို့ အရင်ဆုံး ငါ့အတွက် ရေတစ်ခွက်ငှဲ့မပေးတာလဲ"

"မင်းလိုလူအိုကြီးကများ...မင်းအတွက် ငါ့ကို ရေတစ်ခွက် ငှဲ့ပေးစေချင်သေးတာလား"

ကျိုးနန်က သုန်မှုန်နေသောမျက်နှာအမူအယာဖြင့် ပြောဆိုသည်။

"ငါက အခုထိ မင်းတို့ ကောင်းကင်တိမ်တိုက်ဂိုဏ်းကို ပြဿနာမရှာတာကတင် တော်တော်လေးကောင်းနေပြီ"

"မင်းက ငါတို့ကောင်းကင်တိမ်တိုက်ဂိုဏ်းကို ဘာလို့ ပြဿနာရှာမှာလဲ"

ဆဋ္ဌမအကြီးအကဲက နားမလည်နိုင်သောအမူအယာဖြင့် ပြောဆိုသည်။

"မင်း ဘယ်လိုပြောလိုက်တာလဲ"

ကျိုးနန်က မကျေမနပ်ဖြင့် တုံ့ပြန်လေ၏။

"အရင်တစ်ကြိမ်တုန်းက မင်းတို့ဂိုဏ်းက စုရှောင်ယွီရဲ့ဖိတ်ခေါ်ချက်ကို ငါတို့ဂိုဏ်းရဲ့တပည့်မလေးက လက်ခံခဲ့တယ်...ဒါက အခွင့်အရေးတစ်ခုရှိတယ်လို့ ပြောခဲ့ပေမယ့် အဆုံးသတ်ကျတော့မင်းတို့ဂိုဏ်းရဲ့တပည့်က တစ်ယောက်ယောက်ဆီမှာ အစေခံခိုင်းဖို့ ငါ့တပည့်ကို တောင်းဆိုခဲ့တယ်မဟုတ်လား"

"ဒါကြောင့် ငါ မင်းကို မေးချင်နေတာပဲ....မင်းတို့ကောင်းကင်တိမ်တိုက်ဂိုဏ်းရဲ့အပြုအမူက ဘာလဲ....ဒီလိုမျိုးအရှက်ခွဲတဲ့လုပ်ရပ်ကို သုံးပြီးတော့ ငါတပည့်ရဲ့တာအိုကို ဖျက်ဆီးချင်တာလား"

ကျိုးနန်၏မေးခွန်းထုတ်သောအသံ ထွက်ပေါ်လာကာ သူ့ထံ၌ ဒေါသများဖြင့် ပြည့်နှက်နေသည်။

သူတို့ဂိုဏ်းနှစ်ဂိုဏ်းကြားရှိ ဆက်ဆံရေးသည် မဆိုးလှသောကြောင့် စုရှောင်ယွီ ပြဿနာရှာခဲ့သည့်တိုင် ကျိုးနန်သည် ဤကိစ္စကို စုံစမ်းစစ်ဆေးခဲ့ခြင်း မရှိချေ။

မမျှော်လင့်ဘဲ ကျိုးနန်၏စကားကိုနားထောင်ပြီးနောက် ဆဋ္ဌမအကြီးအကဲသည် ကျယ်လောင်စွာအော်ဟစ်ရယ်မောလိုက်၏။

"မင်းက ဘာလို့ရယ်နေတာလဲ"

ကျိုးနန်က ဆဋ္ဌမအကြီးအကဲကို စူးစူးဝါးဝါးစိုက်ကြည့်ကာ သူ၏စိတ်အတွင်း၌ ဒေါသမီးတောက်များဖြင့် ပြည့်နှက်နေသည်။

"ငါက မင်းရဲ့မောက်မာမှုကြောင့် ရယ်တာပဲ"

ဆဋ္ဌမအကြီးအကဲက လျှို့ဝှက်ဆန်းကြယ်သောအပြုံးဖြင့် ပြောဆိုသည်။

"ငါက မောက်မာတာလား..."

"သောက်ချေးကို မောက်မာ...မင်းတို့တမိသားစုလုံးကပဲ မောက်မာတာ"

ကျိုးနန်သည် ပို၍ဒေါသထွက်သွားသဖြင့် မတ်တတ်ထရပ်ပြီး ဆဋ္ဌမအကြီးအကဲကို စူးစူးဝါးဝါးစိုက်ကြည့်ကာ အော်ဟစ်လိုက်သည်။

"လူအိုကြီး မင်း ဒီနေ့ ငါ့ကို ရှင်းရှင်းလင်းလင်းပြောစမ်း....တကယ်လို့ မင်း ဒီကိစ္စကိုရှင်းမပြနိုင်ဘူးဆိုရင် ငါတို့တောင်ပိုင်းဂိုဏ်းကနေ အခုချက်ချင်း ထွက်သွားတော့"

ဆဋ္ဌမအကြီးအကဲထံတွင် စိတ်အေးလက်အေးဖြစ်နေသော အမူအယာမျိုးရှိနေကာ လက်ဖက်ရည်ခွက်ကို စောင်းငဲ့၍ ကြည့်လေသည်။

"အရင်ဆုံး လက်ဖက်ရည်ငှဲ့ပေးအုံး"

"မင်း...."

ကျိုးနန်က ဆဋ္ဌမအကြီးအကဲကို ဒေါသတကြီးကြည့်လိုက်သည်။

"မင်း ငါ့ကို ကောင်းကောင်းဆက်ဆံရင် ငါကမင်းကို ကိစ္စကြီးတစ်ခုပြောပြမယ်...ဒါက အခွင့်အရေးကြီးတစ်ခုတောင် ဖြစ်သွားနိုင်တယ်"

ဆဋ္ဌမအကြီးအကဲက နားလည်ရန်ခက်သောလေသံဖြင့် ပြောဆိုသည်။

"တော်လိုက်တော့...မင်းက ခုထိ အခွင့်အရေးကြီးတစ်ခုရှိနေတယ်လို့ ပြောနေတုန်းပဲ... အရင်က ဘာတွေဖြစ်ခဲ့လဲဆိုတာ ငါ့ကို အရင်ရှင်းပြစမ်း"

ကျိုးနန်က အော်ဟစ်လိုက်သည်။

"မဟုတ်ဘူး...အဲ့ဒီလို မဟုတ်ဘူး...တကယ်လို့ မင်း ငါ့ကို ကောင်းကောင်းမဆက်ဆံဘူးဆိုရင် မင်း နောင်တရလိမ့်မယ်"

ဆဋ္ဌမအကြီးအကဲသည် မတ်တတ်ထရပ်ကာ ထွက်ခွာသွားရန် ဟန်ပြင်ပြီးနောက် သူသည် လမ်းလျှောက်ရင်း အေးအေးလူလူလေသံဖြင့် ပြောဆိုသည်။

"ဟူး...ငတုံးကောင်က မြင့်မြတ်ရွှေအရိုးနဲ့ပတ်သက်တဲ့ သတင်းကို နားမထောင်ချင်မှတော့ ငါက ထွက်သွားရုံပဲလေ"

"ဘာ..."

"မြင့်မြတ်ရွှေအရိုးလား..."

ကျိုးနန်၏မျက်လုံးများ ပြူးကျယ်သွားသည်။

သူသည် သူ၏မျက်နှာအမူအယာကို ချက်ချင်းပြောင်းလဲကာ ဆဋ္ဌမအကြီးအကဲ၏လက်မောင်းကို ဆုပ်ကိုင်ပြီး အပြုံးနှင့်ပြောဆိုလိုက်၏။

"ဟေး ညီအစ်ကို...မင်း ဘာစကားတွေ ပြောနေတာလဲ...ငါက ဒီအတိုင်း မင်းနဲ့ ရယ်စရာတွေပြောနေတာ မဟုတ်လား"

ထိုစကားကိုပြောဆိုရင်း သူသည် ဆဋ္ဌမအကြီးအကဲအတွက် လက်ဖက်ရည်တစ်ခွက်ကို ငှဲ့ပေးလေသည်။

"အခု ငါတို့ စကားပြောလို့ ရပြီလား"

ထိုကိစ္စများကို ကြိုးကြိုးစားစားလုပ်ဆောင်ပြီးနောက် ကျိုးနန်၏မျှော်လင့်စောင့်စားနေသောအကြည့်သည် ဆဋ္ဌမအကြီးအကဲထံသို့ ကျရောက်သွားလေ၏။

Thank For Reading.

All Chapters