← Chapters

အခန်း (၈၅၁-၈၅၅)

Vol. 57 Ch. 851-855

အခန်း (၈၅၁-၈၅၅)

Vol. 57 Ch. 851-855

Chapter 851

"ဒါက...ဘာတွေဖြစ်နေတာလဲ...."

စွန်းလီက ဇဝေဇဝါဖြစ်နေသော အမူအယာဖြင့် မေးမြန်းသည်။

ဤဓားသည် အလွန်အစွမ်းထက်သော်လည်း သူ ဆွဲထုတ်ရန်အတွက် မဖြစ်နိုင်သလော....

သူ၏ခွန်အားဖြင့် အစွမ်းကုန်နီးပါး ကြိုးစားခဲ့သည့်တိုင် သူ မည်သည်ကြောင့် ဤဓားကို ဆွဲမထုတ်နိုင်သနည်း။

"အကြီးအကဲ လန့်မသွားပါနဲ့...ဘယ်လိုပဲဖြစ်ဖြစ် ဒီဓားရဲ့စွမ်းအားက သာမာန်အသိအမြင်တွေထက် ကျော်လွန်တယ်...ဒါက အနက်ရောင်မြူခိုးတွေကိုတောင် ပိတ်ဆို့ဟန့်တားနိုင်တယ်...ဒီဓားကို သာမာန်နည်းလမ်းတွေနဲ့ ဆွဲထုတ်လို့မရတာက ပုံမှန်ပါပဲ"

စွန်းလီ၏နံဘေးတွင်ရှိနေသော တစ်စုံတစ်ယောက်က သူ့ကို နှစ်သိမ့်ပေးသည်။

"အင်း...."

စွန်းလီသည် ခေါင်းညိတ်လိုက်၏။

သူသည် ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်ပြီး အနည်းငယ်ထိတ်လန့်ကြောက်ရွံနေသည်။အစောပိုင်းကထွက်သွားသော အဖြူရောင်ဝတ်စုံဝတ်လုယက်သူ ပြန်လာပြီး သူ့အားရိုက်နှက်မည်ကို သူ စိုးရိမ်နေပေ၏။

ကြိုမမြင်နိုင်သော ပြဿနာများကို ရှောင်တိမ်းရန်အလို့ငှာ သူသည် ဓားကိုဆွဲထုတ်ပြီး ဤနေရာမှ အမြန်ဆုံးထွက်သွားလိုသည်။

"လာကြစမ်း...ငါတို့ အတူပူးပေါင်းပြီးတော့ လုပ်ကြစို့...ငါ့ကို ကူညီပေးကြစမ်း..."

စွန်းလီက အော်ဟစ်လိုက်သည်။

ထိုစကားကို ကြားချိန်တွင်....

လူများအားလုံးသည် သူတို့၏စွမ်းအားများကို အတူတကွပေါင်းစည်းကာ ရေအရင်းအမြစ်တစ်ခုအလား စွန်းလီထံသို့ တဟုန်ထိုးစီးဝင်သွားသည်။

စွန်းလီသည် သူ၏ခန္ဓာကိုယ်အတွင်း၌ စွမ်းအားများဖြင့် ပြည့်နှက်နေသည်ကို ခံစားမိလေ၏။

သူ၏လက်နှစ်ဖက်ဖြင့် ဓားရိုးကို တဖန်ပြန်၍ ဆုပ်ကိုင်လိုက်သည်။

"ဟိုက်ယား..."

ကျယ်လောင်သောအော်သံတစ်သံနှင့်အတူ စွန်းလီသည် သူ၏ကိုယ်ပိုင်ဖြစ်နေသော တခြားသူများ၏စွမ်းအားများအားလုံးကို အသုံးပြုလေသည်။

ခရက်...

မြေပြင်အက်ကွဲသွားခြင်းနှင့်အတူ ဓားရှည်ကို ဆွဲထုတ်နိုင်ခဲ့သည်။

သို့ရာတွင် ဓားရှည်နှင့်အတူ အရိုးစုတစ်စုကပ်ပါလာသဖြင့် စွန်းလီတို့တစ်စုလုံး အံ့အားသင့်သွားသည်။

"ဘာလို့...ဘာလို့ မင်းက အရိုးစုတစ်ခုကို ဆွဲထုတ်လာတာလဲ"

တစ်စုံတစ်ယောက်က ထိတ်လန့်တကြား ပြောဆိုသည်။

ကြွင်းကျန်သောလူများသည်လည်း မယုံကြည်နိုင်ဖြစ်နေကြသည်။ဤဓားသည် အရိုးစုအတွင်း၌ စိုက်ဝင်နေမည်ဟု မည်သူတစ်ဦးတစ်ယောက်မျှ မျှော်လင့်မထားမိချေ။

သူတို့အား ပို၍ပင် ဇဝေဇဝါဖြစ်စေသောအချက်မှာ အစောပိုင်းက သူ အသုံးပြုခဲ့သောစွမ်းအားဖြင့် မည်သည်ကြောင့် ဓားရှည်သည် ကျွတ်ထွက်မလာသနည်း။

ဓားနှင့်အရိုးစုသည် ကင်းကွာသွားသင့်သော်လည်း မည်သည်ကြောင့် အရိုးစုသည် တစ်ပါတည်းပါလာသနည်း။

ဤဓားကိုကြည့်ရသည်မှာ အရိုးစုနှင့် အခိုင်အမာပေါင်းစည်းနေပုံရသည်။

"ဒီလူ မသေဆုံးခင်အချိန်က အရမ်းအစွမ်းထက်တဲ့ လူတစ်ယောက်ဖြစ်မယ်လို့ ငါ ခန့်မှန်းမိတယ်"

တစ်စုံတစ်ယောက်က မှန်းဆပြောဆိုသည်။

"အဲ့ဒီလိုပဲ ဖြစ်လောက်တယ်"

တခြားလူတစ်ယောက်က ပြောဆိုလေ၏။

"ဒီနတ်ဘုရားဓားနဲ့ ထိုးစိုက်တာကို ခံထားရတဲ့ လူရဲ့စွမ်းအားက မနိမ့်ပါးမှာသေချာတယ်"

"အင်း..."

စွန်းလီသည် တည်ကြည်လေးနက်စွာဖြင့် ခေါင်းညိတ်ပြကာ သူတို့၏အဆိုပြုချက်များကို သဘောတူလိုက်သည်။ထို့နောက် သူ၏မေးစေ့ကိုပွတ်သပ်ပြီး ပြောဆိုသည်။

"ဒီဓား စိုက်ဝင်နေတဲ့နေရာကိုကြည့်ရုံနဲ့တော့...ဘာတွေဖြစ်ခဲ့တာလဲဆိုတာ ဖော်ထုတ်ဖို့ အရမ်းခက်ခဲတယ်"

"အမှန်ပဲ....ငါလည်း ဒီမေးခွန်းကို မေးချင်နေတာ...ဒီဓားက ဘာလို့ တင်ပါးမှာ စိုက်နေတာလဲ...ဒါက ဒီလူရဲ့ သေကွင်းသေကွက်မလို့လား..."

"ဖြစ်နိုင်တာတော့ ဒီလူကိုသေစေနိုင်တဲ့ အားနည်းချက်က သူ့ရဲ့တင်ပါးမှာ ဖြစ်နေမလား"

"လောကကြီးထဲမှာ အရမ်းအစွမ်းထက်တဲ့ လူတစ်ယောက်က ဘယ်လိုလုပ်ပြီးတော့ သူ့ရဲ့အားနည်းချက်ကို တင်ပါးမှာထားတာလဲ"

"ဒါက မဖြစ်နိုင်ဘူးလို့တော့ ပြောလို့မရဘူး...ဒီလူက ထူးခြားတဲ့ ကျင့်ကြံနည်းစနစ်တစ်ခုကို ကျင့်ကြံထားတာ ဒါမှမဟုတ် သူ့ရဲ့ရန်သူတွေကို စိတ်ရှုပ်ထွေးပြီး အံ့အားသင့်အောင် လုပ်ချင်တာတွေကြောင့်...သူ့ရဲ့အားနည်းချက်ကို သူ့ရဲ့တင်ပါးမှာ ရည်ရွယ်ချက်ရှိရှိထားတာလည်း ဖြစ်နိုင်တယ်"

"တော်ကြတော့...ငြင်းခုံနေတာကို ရပ်လိုက်ကြတော့"

စွန်းလီက စိတ်မရှည်စွာဖြင့် အော်ဟစ်လိုက်၏။

"ဓားကိုမြန်မြန်ဆွဲထုတ်ပြီးတော့ ထွက်သွားကြရအောင်...."

"ဒါပေမဲ့ ဒီဓားကိုကြည့်ရင် အရိုးစုထဲမှာ နစ်မြုပ်နေတဲ့ပုံပဲ...ဒါကို ဆွဲထုတ်ဖို့က ခက်ခဲလိမ့်မယ်"

သူတို့အနက်မှတစ်ယောက်က ကူကယ်ရာမဲ့စွာဖြင့် ပြောဆိုသည်။

"တကယ်လို့ ဒီဓားကိုဆွဲထုတ်လို့မရရင်...ငါက အရိုးစုကို ဖျက်ဆီးပစ်မယ်"

စွန်းလီက စိတ်မရှည်သောလေသံဖြင့် ပြောဆိုလေသည်။

"ဒီအရိုးစုက သေသွားတဲ့လူတစ်ယောက်ဖြစ်နေမှတော့ သူ့ကိုဖျက်ဆီးဖို့ ဘယ်လောက်မှ အင်အားစိုက်ထုတ်ရမှာ မဟုတ်ဘူး"

ထိုသို့ပြောဆိုပြီးနောက် စွန်းလီက သူ၏လက်ကို လှုပ်ရှားလိုက်သည်။

သူ၏လက်အတွင်း၌ ကြီးမားသောစွမ်းအားလုံးကြီး စုဝေးလာကာ သူသည် အရိုးစုကိုတစ်ချက်ကြည့်ပြီး ရှေ့သို့ထုတ်လွှတ်ရန် ဟန်ပြင်လေသည်။

"အကြီးအကဲ....ဘယ်လိုပဲဖြစ်ဖြစ် ဒါက ထိပ်သီးအစွမ်းထက်ဆရာကြီးတစ်ယောက် ကျန်ခဲ့တဲ့ အရိုးစုပဲ...ဒါက နည်းနည်းတော့ မသင့်တော်ဘူး မဟုတ်လား...."

အရေးကြီးအချိန်အခိုက်အတန့်တွင် လူများအနက်မှတစ်ယောက်သည် ရှေ့သို့ထွက်လာပြီး စွန်းလီကို ဟန့်ထားသည်။ထို့နောက် သူသည် စိုးရိမ်ပူပန်မှုတချို့ဖြင့် ပြောဆိုလေ၏။

"သူက နတ်ဘုရားဓားနဲ့ အသတ်ခံခဲ့ရတဲ့ ဆရာကြီးတစ်ယောက်ပဲ...ငါတို့က သူ့ကို လေးစားမှုပြသသင့်တယ်...တကယ်လို့ သူက သေသွားပြီးတဲ့နောက်မှာတောင် အရိုးကိုဖျက်ဆီးခံရမယ်ဆိုရင် အရမ်းအဖြစ်ဆိုးသွားမယ် မဟုတ်လား"

"သူရဲ့အရိုးစု ဘာဖြစ်ဖြစ် ငါနဲ့မဆိုင်ဘူး....သေတာကသေသွားပြီ...ဘယ်လိုပဲဖြစ်ဖြစ် လူသေပြီးရင် အရိုးစုကျန်တာက ပုံမှန်ကိစ္စတစ်ခုပဲ...ငါ ဒီဓားကို ဖြည်းဖြည်းချင်းဆွဲထုတ်မယ်ဆိုရင်...ငါ အင်အားကုန်သုံးရင်တောင် ရမှာမဟုတ်ဘူး....ငါ အရိုးစုကိုဖျက်ဆီးပြီးမှ ဓားကိုယူပြီး ထွက်သွားနိုင်လိမ့်မယ်"

စွန်းလီက အေးစက်စက်အော်ငေါက်ကာ သူစုစည်းထားသော စွမ်းအားများအားလုံးကို မြေပြင်ပေါ်ရှိ အရိုးစုထံဦးတည်၍ ပစ်လွှတ်လိုက်သည်။

Chapter 852

ဤအချိန်အခိုက်အတန့်တွင် လုပမ်ဝေသည် သူ၏ခါးကိုညွှတ်ကိုင်းကာ သူ၏လက်မောင်းကြား၌ အင်မော်တယ်သလင်းကျောက်များကို ပွေ့ဖက်ပြီး လှပသောအိမ်မက်များကို မက်နေခဲ့သည်။

အင်မော်တယ်သလင်းကျောက်သုံးရာ....

သူ ဤမျှထိ မချမ်းသာခဲ့သည်မှာ အချိန်မည်မျှ ကြာမြင့်နေပြီဖြစ်သနည်း....

သူ့အား ငယ်ရွယ်သော မိန်းမလှလေးသုံးရာမှ ဝိုင်းရံထားသည်ကို သူ အိမ်မက်မက်နေသည်။

ထိုမိန်းကလေးသုံးရာသည် သူ့ကို တိုက်ခိုက်နေကြကာ သူ့ကို ဖျက်ဆီးကြ သူ့ကို ညှင်းပန်းနှိပ်စက်ကြ သူ့ကို အရှက်ခွဲနေကြခြင်းပင်....

အမှန်အားဖြင့် ဤသည်မှာ အရေးအကြီးဆုံးအချက် မဟုတ်သေးချေ။ထို့ထက်ပို၍အရေးကြီးသောကိစ္စမှာ သူ စွမ်းဆောင်နိုင်ကြောင်း ရှာဖွေတွေ့ရှိခဲ့ခြင်းပင်။

သူ၏ငပဲ တဖန်ပြန်၍ ပေါက်ဖွားလာကာ...

ဘုန်း....

ပေါက်ကွဲသံတစ်သံနှင့်အတူ အရေးကြီးသောခေါင်းစဥ်သို့ ရောက်ရှိနေသော လုပမ်ဝေသည် ရုတ်တရက် နိုးထသွားပေ၏။

စွန်းလီ၏အစွမ်းထက်သော တိုက်ခိုက်မှုသည် လုပမ်ဝေ၏ခန္ဓာကိုယ်ကို ရိုက်ခတ်မိသွားကာ အခိုးအငွေ့များ လေထုအတွင်းသို့ မြင့်တက်သွားသည်။ထို့နောက် စွမ်းအားလှုပ်ခတ်မှုများသည် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားကာ လေဟာနယ်အတွင်း၌ လှိုင်းဂယက်များထသွားသည်။

"ဓားကိုယူဖို့ ပြင်ဆင်ကြစမ်း"

စွန်းလီသည် သူ့ရှေ့ရှိ အခိုးအငွေ့များကိုကြည့်ပြီး အေးစက်တင်းမာစွာပြုံးလိုက်၏။ထို့နောက် သူ၏လက်ကို ဝှေ့ယမ်းလိုက်ခြင်းနှင့်အတူ သူ့ရှေ့ရှိအခိုးအငွေ့များကို ပျက်ပြယ်သွားစေသည်။

ပေါက်ကွဲသွားသော ဗဟိုချက်နေရာ ပေါ်လွင်သွားချိန်တွင် စွန်းလီတို့လူစု၏မျက်နှာပေါ်ရှိအပြုံးများ ရုတ်တရက် အေးခဲတောင့်တင်းသွားသည်။

အကြောင်းအရင်းမှာ အရိုးစုကိုဖျက်ဆီးရန် ကြံရွယ်ခဲ့သည့် သူ၏တိုက်ခိုက်မှု ကျရှုံးသွားသောကြောင့်ပင်။

ထိုအရိုးစုသည် ကြေမွှပျက်စီးသွားခြင်း မရှိရုံသာမက အနည်းငယ်မျှပင် ထိခိုက်သွားခြင်းမရှိချေ။

"ကြည့်လိုက်အုံး...သူ လှုပ်လာပြီ..."

ထိုအချိန်မှာပင် လူအုပ်အကြားတွင်ရှိနေသော တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်။

လူများအားလုံး ထိုနေရာသို့ ကြည့်လိုက်ကြသည်။

အမှန်တကယ်ကိုပင်....

တင်ပါးတွင် ဓားတစ်လက်စိုက်ဝင်နေသည့် အရိုးစုသည် မြေပြင်ပေါ်မှ တဖြည်းဖြည်းမတ်တတ်ထရပ်လာပေ၏။

ကြည့်ရသည်မှာ သူသည် အိမ်ယာမှနိုးထလာသည့်အလားပင်။

ပထမဆုံး သူသည် သူ၏ပေါင်ခြံခွကြားကို ငုံကြည့်လေသည်။

ထို့နောက် သူ ဒေါသထွက်သွားသည်။

"ဘယ်ငါယိုးမသားတွေက ဒီဆန်ကုန်မြေလေးရဲ့ ချိုသာတဲ့အိပ်မက်ကို လာပြီးနှောက်ယှက်တာလဲ"

လုပမ်ဝေသည် ဒေါသတကြီးအော်ဟစ်ကာ သူ့ရှေ့ရှိ စွန်းလီတို့လူစုကို စူးစိုက်၍ကြည့်လိုက်၏။

"ဘာ...."

"သူက စကားပြောနိုင်တာလား...."

"ပြီးတော့ သူက လှုပ်ရှားနိုင်တယ်...သူက သေသွားပြီ မဟုတ်လား"

သူတို့အားလုံးသည် ကူကယ်ရာမဲ့စွာဖြင့် ထိတ်လန့်တကြား ရေရွတ်လိုက်ကြ၏။

စွန်းလီက သတိကြီးစွာထား၍ လုပမ်ဝေကို ကြည့်လိုက်သည်။

သူသည် မျက်လုံးစုံမှိတ်၍ ကြိုးစားကြည့်လိုက်သော်လည်း လုပမ်ဝေ၏အရှိန်အဝါကို အနည်းငယ်မျှအာရုံမခံမိချေ။

ထို့ကြောင့် သူ ရယ်မောလိုက်သည်။

"မင်းတို့က ဒီလိုမျိုး လူသေတစ်ယောက်ကို ဘာတွေ ကြောက်နေကြတာလဲ"

စွန်းလီ၏နှုတ်ခမ်းထောင့် မြင့်တက်သွားကာ သာမာန်ကာလျှံကာ ပြောဆိုသည်။

"ဒီအရိုးစု လှုပ်ရှားနိုင်တဲ့ အကြောင်းအရင်းက အရွေ့စွမ်းအင်ကြောင့်ပဲ...ပြောရမယ်ဆိုရင် သူ သေပြီးတဲ့နောက်မှာ အသိစိတ်နည်းနည်း ကျန်နေတဲ့သဘောပဲ"

"တကယ်လို့ သူ အသက်ရှင်နေတုန်းဆိုရင် ငါတို့က ဘယ်လိုနည်းနဲ့မှ သူ့ရဲ့ပြိုင်ဘက်တွေ မဖြစ်နိုင်ဘူး...ဒါပေမဲ့ သူ သေပြီးတဲ့နောက်မှာ အသက်တစ်ရှိုက်စာပဲ ကျန်တော့တယ်..ငါတို့က ဘာလို့ သူ့ကို မရင်ဆိုင်နိုင်ရမှာလဲ"

စွန်းလီထံမှ သတင်းကောင်းကိုကြားချိန်တွင် လူများအားလုံး စိတ်သက်သာရာရသွားကာ သက်​ပြင်းရှိုက်လိုက်ကြသည်။

"အဲ့ဒီဓားကို ဆွဲထုတ်လို့မရတဲ့ အကြောင်းအရင်းက ဒီအကြောင်းကြောင့်လို့ ငါ ထင်တယ်"

"ဒီလိုဆိုမှတော့...."

ထိုသို့ပြောဆိုရင်း စွန်းလီ၏မျက်လုံး အနည်းငယ်ကျဉ်းမြောင်းသွားကာ သူ၏လက်အတွင်း၌ ပြင်းထန်သောအရှိန်အဝါရှိသည့် ဓားတစ်လက်ထွက်ပေါ်လာသည်။

"ငါက မင်း လုံးလုံးလျားလျား အနားယူလို့ရအောင် ပို့ပေးမယ်...ဒါက ငါ ကုသိုလ်ကောင်းမှုတစ်ခုကို လုပ်လိုက်တာပဲ"

ထိုစကားလုံးများ ကျရောက်သွားခြင်းနှင့်အတူ သူ၏လက် တုန်ခါသွားသည်။

သူ၏လက်အတွင်းရှိဓား ရုတ်တရက် ပျံ့လွင့်သွားကာ လေထုအတွင်း၌ ကြီးကျယ်ခမ်းနားသော အရှိန်အဝါတစ်ရပ်နှင့် ပြည့်နှက်သွားသည်။

စွန်းလီသည် သူ့၏ဓားတွင် ခွန်အားကုန် ထည့်သွင်းအသုံးပြုထားလေ၏။

အကြောင်းအရင်းမှာ သူသည် ထိုစကားများကို ပြောဆိုခဲ့သော်လည်း သူ့ရှေ့ရှိအရိုးစုကို အထင်သေးခြင်း မရှိသောကြောင့်ပင်။မည်သို့ပင်ဆိုစေကာမူ အစောပိုင်းက သူ၏လက်ဝါးရိုက်ချက်ကို ခံယူခဲ့ရသည့်တိုင် အရိုးစုသည် အရာမယွင်းသွားခဲ့ချေ။

ဤကိစ္စများသည် သူ၏စိတ်အတွင်း၌ ကွက်ကွက်ကွင်းကွင်းရှိနေဆဲပင်။

သူ၏ဓားကို ပစ်လွှတ်လိုက်သည်နှင့် နောက်ဆုံးအသက်တစ်ရှိုက်စာ စွမ်းအားသာကျန်ရှိတော့သောအရိုးစုကို ဖျက်ဆီးနိုင်မည်ဟု သူ အခိုင်အမာယုံကြည်ချက်ရှိသည်။

အကြောင်းအရင်းမှာ ဤဓားချက်ဖြင့်...

တောင်များကိုပင် ကွဲထွက်စေနိုင်သောကြောင့်ပင်။

ရုတ်ချည်းဆိုသလိုပင်...

ထိုဓားသည် လုပမ်ဝေ၏ခေါင်းအနီးသို့ ရောက်ရှိသွားသည်။

ထိုဓား ရောက်သွားချိန်၌ လုပမ်ဝေ၏နံဘေးပတ်ဝန်းကျင်ရှိ လေထုသည် ဓားချီစွမ်းအားများဖြင့် ပြည့်နှက်သွားပေ၏။

ဤအခြေအနေမျိုးအောက်တွင် အဖြူရောင်အရိုးစုလက်‌ချောင်းတစ်ချောင်း မြင့်တက်လာကာ ဓားရှည်၏ရှေ့၌ ပိတ်ဆို့ဟန့်တားလိုက်သည်ကို သူတို့အားလုံး မြင်တွေ့မိသည်။

"သေချာတယ်....သူက အသိဉာဏ်မရှိတော့တဲ့ကောင်ပဲ"

"ငါ့ရဲ့ဓားကို သူ့ရဲ့လက်ချောင်းနဲ့ပိတ်ဆို့ဖို့ စဉ်းစားတာက တကယ့်ကို တရားလွန်တာပဲ"

စွန်းလီက လှောင်ပြောင်သရော်လိုက်သည်။

သူ၏တွန်းအားပေးမှုအောက်တွင် ဓားရှည်၏အရှိန် မြင့်တက်သွားသည်။

နောက်ထပ်အချိန်အခိုက်အတန့်တွင်...

ဓားရှည်သည် အဖြူရောင်အရိုးစုလက်ချောင်း၏ထိပ်နှင့် ထိတွေ့မိလေ၏။

ဒေါင်....

ကြည်လင်ပြတ်သားသော အသံတစ်သံ ထွက်ပေါ်လာပြီးနောက် ဓားရှည်မှနေ၍ တောက်ပသောအလင်းတန်းတစ်တန်း ဖြာထွက်လာကာ အမှုန်အမွှားများအဖြစ်သို့ ပြောင်းလဲသွားသည်။

မူလက သရော်တော်တော်ရယ်မောနေသော စွန်းလီသည် ပါးစပ်အဟောင်းသား ဖြစ်သွားလေ၏။

ထို့နောက် သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားသည်။

"ဘယ်လိုလုပ်ပြီးတော့....ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်မှာလဲ"

သူသည် သရဲတစ္ဆေတစ်ကောင်ကို မြင်တွေ့ရသည့်အလား သူ့ရှေ့ရှိ လုပမ်ဝေကို ကြည့်လိုက်သည်။

တစ်ခုသိထားရမည်မှာ ဤဓားသည် စန့်ရှန်းဂိုဏ်းအတွင်းရှိ သူ၏ကြီးမားသောအောင်မြင်မှုများကြောင့် ဂိုဏ်းမှနေ၍ သူ့အားပေးအပ်ထားခြင်းပင်။

ဤဓား၏အဆင့်သည် စန့်ရှန်းဂိုဏ်းတစ်ဂိုဏ်းလုံးအတွင်းရှိ မှော်လက်နက်များတွင် အဆင့်သုံးနေရာ၌ရှိနေသည်။

အကယ်၍ ဤဓားကို ပေါ့ပေါ့တန်တန်ပစ်ထုတ်လိုက်ပါက မရေမတွက်နိုင်သော ထိပ်သီးကျင့်ကြံသူများအကြား၌ လုယက်မှုကို ဖြစ်ပွားစေနိုင်သည်။

ဤကဲ့သို့ ပြိုင်ဘက်ကင်းဓားရှည်တစ်လက်သည် လက်ချောင်းတစ်ချောင်းနှင့် ထိတွေ့မိရုံဖြင့် ကြေမွှပျက်စီးသွားခဲ့သလော....

ဤအချိန်အခိုက်အတန့်တွင်...

စွန်းလီတို့လူစုသည် သူတို့ ဉာဏ်ရည်မမှီတော့သကဲ့သို့ ခံစားမိသည်။

ထိုအချိန်မှာပင် လက်ဝါးပုံရိပ်ယောင်ကြီးတစ်ခုက ပါးလွှာသောလေထုအတွင်းမှ ထွက်ပေါ်လာသည်။

စွန်းလီသည် ခုခံကာကွယ်နိုင်ခြင်းမရှိသဖြင့် သူ၏လည်ပင်းကို ညှစ်ခြင်းခံလိုက်ရသည်။

ထို့နောက် သူသည် ဆွဲမြောက်ခြင်းခံလိုက်ရကာ....

ရုတ်ချည်းဆိုသလိုပင် သေမင်းနတ်ဘုရားနှင့်တူညီသော မျက်နှာကြီးတစ်ခုက သူ့၏ရှေ့၌ ထွက်ပေါ်လာသည်။

ဤမျက်နှာကြီးသည် သူ့အား အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့သွားစေသည်။

ထိုနောက် အက်ရှရှအသံတစ်သံသည် သူ၏နားအတွင်းသို့ ဝင်ရောက်လာပေ၏။

"မင်းက ဘယ်နေရာကနေရောက်လာတဲ့ အမှိုက်လဲ...ဒီနတ်ဘုရားမှာ စိတ်သဘောထားကောင်းရှိတယ်လို့ မင်း ထင်နေတာလား"

Chapter 853

စွန်းလီသည် အရိုးစု၏လည်ပင်းညှစ်ခံထားရမှုအောက်မှ ရုန်းထွက်နိုင်ခြင်းမရှိနိုင်​ချေ။

ဤသည်မှာ ထိပ်သီးအစွမ်းထက်တည်ရှိမှုကြီးတစ်ယောက်ဖြစ်ကြောင်း သူ ချက်ချင်းနားလည်သဘောပေါက်သွားသည်။

အထူးသဖြင့် သူ့ရှေ့ရှိ မျက်တွင်းဟောင်းလောင်းပေါက်ဖြစ်နေသော မျက်နှာကြီးသည် သူ့အား ဦးရေပြားများ တင်းကြပ်သည်အထိ ထိတ်လန့်ကြောက်ရွံ့နေစေသည်။

ထိတ်လန့်ကြောက်ရွံ့မှုနှင့်မလိုလားမှုတို့ကြောင့် ယခုအချိန်တွင် သူ အော်ဟစ်ငိုကြွေးမိတော့လုမတတ်ပင်။

အဆုံးသတ်၌ သူသည် ကံကြမ္မာကိုမကြည့်ဘဲ ပြင်ပသို့ ထွက်ခဲ့မိသလော သို့မဟုတ် သူသည် နတ်ဘုရားများကို ရန်စစော်ကားခဲ့မိသလော...

ယခင်တွေ့ခဲ့သော သစ်သားသေတ္တာသည်လည်း ထိပ်သီးအစွမ်းထက်ဆရာကြီးတစ်ယောက်၏လုယက်သွားခြင်းကို ခံရသည်။ယခုလက်ရှိအချိန်၌ နတ်ဘုရားဓားကို ယူဆောင်ရာတွင်လည်း တခြားထိပ်သီးဆရာကြီးတစ်ယောက်နှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့်အပြင် အရိုးစုတစ်ကောင်ဖြစ်နေသည်။

"စီနီယာ....စီနီယာ ငါ မှားသွားပါတယ်...ကျေးဇူးပြုပြီးတော့ ငါ့ကို ခွင့်လွှတ်ပေးပါ"

အရိုးစု၏လက်အတွင်း၌ ဖမ်းချုပ်ခံထားရသော စွန်းလီ၏မျက်နှာနီမြန်းနေကာ ခွင့်လွှတ်ရန်အတွက် အသနားခံတောင်းပန်လေ၏။

"ဒီနတ်ဘုရားက ဘာလို့ မင်းကိုခွင့်လွှတ်ရမှာလဲ"

ထိုအသံကျရောက်လာသည်နှင့်အတူ လုပမ်ဝေသည် သူ၏လက်မှ အားအနည်းငယ်ကို ထပ်မံ၍စိုက်ထုတ်လိုက်သည်။

ဤတစ်ကြိမ်တွင် သူသည် စွန်းလီ၏လည်ပင်းကို ညှစ်လုနီးပါးပင်။

စွန်းလီ၏ သေခြင်းတရားအပေါ်ထိတ်လန့်ကြောက်ရွံ့မှုသည် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိသွားလေပြီ။

"စီနီယာ....ငါက စန့်ရှန်းဂိုဏ်းရဲ့ တတိယအကြီးအကဲစွန်းလီပါ...ငါတို့ဂိုဏ်းရဲ့ဘိုးဘေးကလည်း တာအိုပေါင်းစီးခြင်းနယ်ပယ် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက်ပဲ...ငါ့ရဲ့ဘိုးဘေးမျက်နှာကို ထောက်ပြီးတော့ စီနီယာက ငါ့ရဲ့အသက်ကို ချမ်းသာပေးမယ်လို့ ငါ မျှော်လင့်မိတယ်"

အသနားခံတောင်းပန်၍မရခဲ့သော စွန်းလီသည် သူ၏ဘိုးဘေးကို ချက်ချင်းရှေ့ကိုတွန်းပို့လိုက်၏။

မည်သို့ပင်ဆိုစေကာမူ တာအိုကြေးမုံနယ်ပယ်တွင် တာအိုထိတွေ့ခြင်း တာအိုပေါင်းစပ်ခြင်း တာအိုပေါင်းစည်းခြင်းနှင့်တာအိုသက်သေပြုခြင်းတို့သာ ရှိနေသည်။

လုပမ်ဝေ၏ခွန်အားအတိအကျကို သူ မမြင်တွေ့နိုင်သော်လည်း တာအိုပေါင်းစည်းခြင်းနယ်ပယ်၌သာ ရှိနေနိုင်သည်။

သူတို့နှစ်ယောက်လုံးသည် တာကိုပေါင်းစည်းခြင်းနယ်ပယ် ကျင့်ကြံသူများဖြစ်သောကြောင့် တစ်ဖက်နှင့်တစ်ဖက် အနည်းငယ်မျက်နှာသာပေးရပေမည်။

"တာအိုပေါင်းစည်းခြင်းနယ်ပယ်က ဘယ်လိုအမှိုက်မျိုးလဲ....ဒီနတ်ဘုရားက သူ့ကိုမျက်နှာသာပေးဖို့ တန်လို့လား"

လုပမ်ဝေသည် စွန်းလီ၏လည်ပင်းကို ညှစ်ထားကာ ပုရွက်ဆိတ်တစ်ကောင်ကို ညှစ်သတ်နေသည့်အလား ​ဖြည်းညှင်းစွာဆော့ကစားနေသည်။

"မင်း...."

တာအိုပေါင်းစည်းခြင်းနယ်ပယ်သည် မည်ကဲ့သို့အမှိုက်မျိုး ဖြစ်သနည်း ဟူသောစကားကြောင့် စွန်းလီသည် ထိတ်လန့်တုန်လှုပ်သွားပေ၏။

ဤသည်မှာ လေလုံးထွားခြင်းပင်။

တာအိုပေါင်းစည်းခြင်းခြင်းနယ်ပယ်ကို အမှိုက်ဟုပြောဆိုခြင်းမှာ အလွယ်ပြောရပါက စည်းမျဉ်းမရှိခြင်းပင်။

သူ့ရှေ့ရှိ အရိုးစုကို ခွင့်လွှတ်ရန်အတွက် အသနားခံတောင်းပန်လျှင်လည်း အသုံးမဝင်မည်ကို သူ နားလည်သဘောပေါက်သဖြင့် သူ၏ပါးစပ်ကိုဖွင့်ဟကာ ခြိမ်းခြောက်စကားပြောဆိုလိုက်သည်။

"တကယ်လို့ မင်း ငါ့ကိုသတ်လိုက်ရင် ငါတို့ စန့်ရှန်းဂိုဏ်းနဲ့ငါ့ရဲ့ဘိုးဘေးကို ရန်စစော်ကားတာနဲ့အတူတူပဲ"

"စီနီယာက အရမ်းသန်မာအားကောင်းပြီးတော့ စကားပြောတာ အရမ်းမောက်မာထောင်လွှားပေမယ့်....တကယ်လို့ မင်းက တာအိုပေါင်းစည်းခြင်းနယ်ပယ် ထိပ်သီးကျင့်ကြံသူတစ်ယောက်ကို အပြစ်ပြုမိမယ်ဆိုရင် မင်းလည်း ကြောက်ရွံ့မိမှာပဲမဟုတ်လား"

"အရှင်က အကျိုးဆက်တွေကို တိုင်းဆနိုင်မယ်လို့ ငါ မျှော်လင့်မိတယ်"

စွန်းလီ၏မျက်နှာ နီမြန်းနေကာ စကားတစ်လုံးခြင်းကို အားယူ၍ သူ၏သွားကြားမှ ပြောဆိုနေရသည်။

သူ ဤကိစ္စကို မယုံကြည်နိုင်​ချေ။

အရိုးစုသည် သူ၏ခြိမ်းခြောက်မှုကို လစ်လျူရှုထားနိုင်မည်သော....

အရိုးစုသည် သူ၏စန့်ရှန်းဂိုဏ်းကို အမှန်တကယ် ဂရုမစိုက်ဘဲ နေနိုင်မည်လော....

သို့ရာတွင်....

သူ ဤသို့တွေးတောနေသော အချိန်မှာပင် လုပမ်ဝေ၏နှုတ်ခမ်းထောင့် မြင့်တက်သွားသည်။

ဤအပြုံးထွက်ပေါ်လာချိန်တွင် စွန်းလီ၏နှနှလုံးခုန်နှုန်း လျင်မြန်သွားကာ ဆိုးရွားသောနိမိတ်တစ်ခု ရရှိလာသည်။

အမှန်တကယ်ကိုပင်....

လုပမ်ဝေသည် သူ၏လက်တစ်ဖက်ကိုမြှောက်ကာ လေဟာနယ်အတွင်းသို့ တိုက်ရိုက်ဆန့်တန်းလိုက်သည်။

စန့်ရှန်းဂိုဏ်း၏ပင်မခန်းမ၌....

တံခါးပိတ်ကျင့်ကြံရာမှထွက်လာသော စန့်ရှန်းဂိုဏ်း၏ဘိုးဘေးကျန်းဝူသည် ခန်းမအတွင်းရှိ စင်မြင့်ထက်၌ ထိုင်နေသည်။

ခန်းမအတွင်းတွင် စန့်ရှန်းဂိုဏ်း၏အဆင့်မြင့်အကြီးအကဲများ ရိုသေလေးစားစွာဖြင့် မတ်တ်ရပ်နေကာ သူတို့အားလုံးသည် အစေခံများအလား သူတို့၏ခေါင်းများကို အောက်သို့ငုံထားကြသည်။သူတို့၏မျက်နှာများပေါ်တွင် လေးစားကြည်ညိုသော အရိပ်အယောင်များ ရှိနေပေ၏။

"ဝမ်ချန်းယုရဲ့အခြေအနေ ဘယ်လိုရှိလဲ"

ကျန်းဝူက သူ၏လက်ကိုနောက်ပစ်ပြီး လူအုပ်ကြီးကိုကြည့်ကာ မေးမြန်းလိုက်သည်။

"ဘိုးဘေးကို သတင်းပို့ပါတယ်...သူက နိုးထခြင်းအဆင့်မှာ ရောက်နေပါပြီ...အရာအားလုံးက စီစဉ်ထားတဲ့အတိုင်းပါပဲ"

စန့်ရှန်းဂိုဏ်းချုပ်က ရိုသေလေးစားစွာ ပြောဆိုသည်။

"အရမ်းကောင်းတယ်"

ကျန်းဝူ၏မျက်နှာပေါ်၌ စိတ်ကျေနပ်သွားသော အပြုံးတစ်ခုထင်ဟပ်လာပြီး သူက အေးအေးလူလူပြောဆိုသည်။

"အခုလက်ရှိအချိန်မှာ ဝမ်ချန်းယုက ငါတို့စန့်ရှန်းဂိုဏ်းရဲ့အကြီးမားဆုံးဝှက်ဖဲပဲ....တခြားသူတော်စင်နှစ်ယောက်ရဲ့တည်နေရာကိုတော့ အခုထိ မသိရသေးဘူး"

"ဝမ်ချန်းယု အပြည့်အဝနိုးထလာတာနဲ့ တာအိုနယ်ပယ် ထိပ်သီးဆရာကြီးတယောက်က ဒီလိုမျိုး ငှက်တောင်မစင်မစွန်တဲ့နေရာမှာ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဖြစ်လာလိမ့်မယ်"

"အချိန်ကျလာရင် ငါတို့က တခြားတာအိုဂိုဏ်းနှစ်ဂိုဏ်းနဲ့ ပေါင်းစည်းလိုက်မယ်...ဒါဆိုရင် ငါတို့စန့်ရှန်းဂိုဏ်းက နယ်မြေကြီးကိုးခုလုံးကို အုပ်ချုပ်နိုင်တဲ့ အင်အားစုကြီးဖြစ်သွားလိမ့်မယ်....အဲဒီအချိန်ကျရင် တကယ်လို့ တခြားလူတွေက ထျန်းယုနယ်မြေမှာကျန်ခဲ့တဲ့ တာအိုဂိုဏ်းကြီးနှစ်ဂိုဏ်းဆီကနေ အကူအညီတောင်းခံချင်တယ်ဆိုရင်တောင် အရမ်းနောက်ကျသွားလိမ့်မယ်"

"ငါတို့တွေ ဒီနယ်မြေကို လွမ်းမိုးချုပ်ကိုင်နိုင်တာနဲ့ နောက်ထပ်ပြန်ဝင်စားလာမယ့် သူတော်စင်တွေကလည်း ငါတို့ရဲ့ဂိုဏ်းကို ဝင်လာကြလိမ့်မယ်"

"အချိန်ကျလာရင် ငါတို့ဂိုဏ်းမှာ တာအိုနယ်ပယ်ကျင့်ကြံသူဖြစ်တဲ့ ဝမ်ချန်းယု ရှိလာမယ့်အပြင် ပြန်ဝင်စားလာတဲ့ အစစ်အမှန်သူတော်စင်တွေနဲ့ဆိုရင်....ငါတို့တွေ ထျန်းယုနယ်မြေကို ပြန်သွားမယ်ဆိုရင်တောင် ထင်ရာစိုင်းနိုင်လိမ့်မယ်"

ကျန်းဝူက သူ၏လက်ကိုမြှောက်ပြီး စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုသည်။

"ဘိုးဘေးကို ဂုဏ်ပြုပါတယ်"

ခန်းမအတွင်းတွင်ရှိနေသော လူများအားလုံး စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်ကြသည်။

ထို့နောက်...

"ငါ လုပ်ခဲ့တဲ့ကိစ္စတွေက ဂုဏ်ယူစရာပဲ...ဒီဂုဏ်ကျက်သရေက ငါတို့စန့်ရှန်းဂိုဏ်းတစ်ဂိုဏ်းလုံးမှာရှိနေတဲ့ မင်းတို့အားလုံးရဲ့ပိုင်ဆိုင်မှုပဲ...ငါတို့စန့်ရှန်းဂိုဏ်းက ထာဝရတည်ရှိနိုင်လိမ့်မယ်"

ကျန်းဝူက တည်ကြည်လေးနက်သောအသံဖြင့် ပြောဆိုသည်။

"ငါတို့စန့်ရှန်းဂိုဏ်းက ထာဝရတည်ရှိနိုင်လိမ့်မယ်"

"ဘိုးဘေးက နောင်အနာဂတ်မျိုးဆက်တွေအထိ လွှမ်းမိုးအုပ်ချုပ်နိုင်လိမ့်မယ်"

ခန်းမအတွင်းတွင်ရှိနေသော လူများအားလုံး တညီတညွတ်တည်း အော်ဟစ်လိုက်ကြ၏။

စင်မြင့်ပေါ်တွင်ရှိနေသော ကျန်းဝူသည် အောက်ရှိလူအများကိုကြည့်ပြီး သူ၏လက်ကိုနောက်ပစ်၍ မတ်တတ်ရပ်လိုက်ကာ သူ၏မျက်နှာပေါ်တွင် စိတ်ကျေနပ်နေသောအပြုံးတစ်ခု ရှိနေသည်။

သူသည် နယ်မြေကြီးကိုးခုအပြင် နောင်အနာဂတ်တွင် ထျန်းယုနယ်မြေအတွင်း၌ ထင်ရာစိုင်းနိုင်မည့်မြင်ကွင်းကို မြင်ယောင်ပြီး အလွန်စိတ်ကျေနပ်နေသည်။

ပြိုင်ဘက်ကင်းရတာ အရမ်းအထီးကျန်တယ်....

သို့ရာတွင် ထိုအချိန်အခိုက်အတန့်မှာပင် မတော်တဆကိစ္စတစ်ရပ် ဖြစ်ပွားသွားခဲ့သည်။

လက်ဝါးပုံရိပ်ယောင်ကြီးတစ်ခုသည် ရုတ်တရက် ကျန်းဝူ၏ခေါင်းထက်၌ ထွက်ပေါ်လာကာ သူ၏လည်ပင်းကိုဖမ်းဆုပ်ပြီး လေဟာနယ်အတွင်းသို့ ဆွဲခေါ်သွားလေ၏။

ကျန်းဝူ၏ 'အား'ခနဲအော်သံကို ကြားလိုက်ရပြီးနောက် မြေပြင်ပေါ်၌ သူ၏ဖိနပ်တစ်ဖက်သာ ကျွတ်ကျန်ခဲ့ပြီး သူ ပျောက်ကွယ်သွားတော့သည်။

ပင်မခန်းမအတွင်း၌...

ဤအချိန်အခိုက်အတန့်တွင် ငြိမ်အတိကျနေကာ အပ်တစ်ချောင်းကျသံကိုပင် ကြားနိုင်သည်။

စန့်ရှန်းဂိုဏ်း၏မဟာခန်းမအတွင်းတွင် မတ်တတ်ရပ်နေကာ အကြီးအကဲများအားလုံး၏ရှေ့တွင်ရှိနေသော သူတို့၏ဘိုးဘေးသည် ပြန်ပေးဆွဲခြင်းခံလိုက်ရသလော.....

Chapter 854

"အမ်....ဘိုးဘေး ဘယ်ပျောက်သွားတာလဲ...ဘိုးဘေးက ဘာလို့ ရုတ်တရက်ကြီး ပျောက်သွားတာလဲ"

"ဘာတွေဖြစ်နေတာလဲ...ဒါက ဘယ်လိုဖြစ်သွားတာလဲ"

"ဘိုးဘေး အဆင်ပြေပါ့မလား...ဘာလို့ သူ့ကို ဖမ်းခေါ်သွားတာပါလိမ့်"

အချိန်တခဏကြာပြီးနောက် စန့်ရှန်းဂိုဏ်း၏ပင်မခန်းမအတွင်းတွင်ရှိနေသော လူများအားလုံး ထိတ်လန့်တကြားအော်ဟစ်လိုက်ကြာကာ ဒယ်အိုးပူတစ်လုံးပေါ်ရှိ ပုရွက်ဆိတ်များအလားပင်။

"စစ်ဆေးစမ်း..."

"ဘာတွေဖြစ်နေတာလဲဆိုတာ စစ်ဆေးကြစမ်း"

စန့်ရှန်းဂိုဏ်းချုပ်သည် ရုတ်တရက် ကျယ်လောင်စွာအော်ဟစ်လိုက်၏။

မည်သည့်နေရာမှ ထွက်ပေါ်လာမှန်းမသိရသော လက်ဝါးပုံရိပ်ယောင်ကြီးတစ်ခုက ဘိုးဘေးကို ဖမ်းခေါ်သွားခဲ့သည်။ဤသည်မှာ အလွန်ကြီးမားသော ကိစ္စတစ်ရပ်ပင်။

"ဒါက...."

"ကယ်ကြပါ...ကယ်ကြပါ...ကယ်ကြပါအုံး"

လေဟာနယ်အတွင်း၌ ကျန်းဝူသည် သူ၏တင်ပါးများ ကျုံ့ဝင်သွားသည်အထိ စူးရှကျယ်လောင်စွာ အော်ဟစ်နေသည်။

သူ၏လည်ပင်းပေါ်ရှိ အေးစက်စက်လက်ကြီးသည် အမှန်တကယ်ကို အသည်းယားဖွယ်ကောင်းပေ၏။

အရိပ်ကျွန်း၏ ကူးပြောင်းရေးဝင်္ကပါဝင်ပေါက်ရှေ့တွင်....

စွန်းလီသည် တာအိုပေါင်းစည်းခြင်းနယ်ပယ်တွင်ရှိနေသော သူ၏ဘိုးဘေးဖြင့် လုပမ်ဝေကို ခြိမ်းခြောက်ခဲ့သည်။ထို့နောက် နောက်ထပ်အချိန်အခိုက်အတန့်တွင် လုပမ်ဝေသည် လေဟာနယ်ကို ဆုတ်ဖြဲလိုက်သည်အား သူ မြင်တွေ့မိသည်။

ထို့နောက် လုပမ်ဝေ၏လည်ပင်းညှစ်ခြင်းကိုခံထားရ‌ကာ သူနှင့်ရင်းနှီးကျွမ်းဝင်သည့် လူတစ်ယောက်သည် ကြက်ကလေးတစ်ကောင်အလား အောက်သို့ပစ်ချခြင်း ခံရလေသည်။

ဂတ်...

ထိုပစ်ချခံလိုက်ရသောလူကိုမြင်တွေ့ချိန်တွင် စွန်းလီ၏မျက်လုံးများ ပြူးကျယ်သွားကာ သူသည် ဘဲခြောက်အော်သံကဲ့သို့ အသံတစ်သံကို ကြားမိလေ၏။

ဤအသံကြောင့်...

သူ၏လည်ချောင်း အက်ရှရှဖြစ်သွားသည်။

ကြက်ကလေးတစ်ကောင်ကဲ့သို့ ခေါ်ဆောင်လာခြင်းခံရသောလူသည် အမှန်အားဖြင့် သူ၏ဘိုးဘေး ဖြစ်နေသလော...

စွန်းလီသည် သူ၏ဦးရေပြား ပေါက်ကွဲထွက်တော့လုမတတ် ခံစားနေရသည်။

ဤအချိန်အခိုက်အတန့်တွင် သူ အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့သွားသည်။

သူ၏ခြေထောက်များ ​ပျော့ခွေသွားကာ သူသည် မြေပြင်ပေါ်သို့ လဲကျသွားလေ၏။

ဤအချိန်အခိုက်အတန့်တွင် သူသည် လုပမ်ဝေ၏စွမ်းအားကို မမြင်တွေ့နိုင်ခဲ့ခြင်းမှာ အမှန်အားဖြင့် သူ၏တွေးတောနိုင်စွမ်းထက် များစွာပို၍ကျော်လွန်နေသောကြောင့်ပင်။

သူသည် ဘိုးဘေးကိုအသုံးပြု၍ ခြိမ်းခြောက်ခဲ့သော်လည်း တစ်ဖက်လူသည် လေဟာနယ်ကိုဆုတ်ဖြဲကာ စန့်ရှန်းဂိုဏ်းအတွင်း၌ရှိနေသော သူ၏ဘိုးဘေးကို ချက်ချင်းဖမ်းဆီးခဲ့သည်။ဤသည်မှာ တာအိုသက်သေပြုခြင်းနယ်ပယ် ထိပ်သီးဆရာကြီးများသာ အသုံးပြုနိုင်သည့် နည်းလမ်းတစ်ခုပင်။

"မင်း ခုဏက ဒီနတ်ဘုရားကို ခြိမ်းခြောက်လိုက်တာ မဟုတ်လား"

လုပမ်ဝေက အမူအယာကင်းမဲ့စွာဖြင့် စွန်းလီကိုကြည့်ပြီး တည်ငြိမ်သောအသံဖြင့် ပေါ့ပေါ့ပါးပါးပြောဆိုသည်။

"အခု ငါက မင်းရဲ့ဘိုးဘေးကို ဒီနေရာဆီ ခေါ်လာခဲ့ပြီ...မင်းရဲ့ဘိုးဘေး ဘယ်လောက်ထိအစွမ်းထက်လဲဆိုတာ ငါ မြင်ချင်တယ်"

ထိုသို့ပြောဆိုပြီးနောက် သူ၏လက်ကို လွှတ်လိုက်သည်။

မြေပြင်ပေါ်သို့ ပစ်ချခြင်းခံထားရသော ကျန်းဝူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေသည်။

ဤအချိန်တိုကာလအတွင်း၌ ကျန်းဝူသည် မြောက်များစွာသောအတွေ့အကြုံများကို ခံစားခဲ့ရသည်ဟု ဆိုနိုင်သည်။

အစောပိုင်းက သူသည် ပင်မခန်းမအတွင်းတွင် စိတ်အားတက်ကြွစွာဖြင့် စကားပြောဆိုနေခဲ့သော်လည်း နောက်ထပ်အချိန်အခိုက်အတန့်၌ ဤနေရာသို့ ဖမ်းဆီးခေါ်ဆောင်ခဲ့ခြင်း ခံလိုက်ရပေ၏။

သူသည် ပြိုင်ဘက်ကင်းရသည်မှာ အထီးကျန်သည်ဟု ခံစားရသော အချိန်အခိုက်အတန့်မှာပင် ကြက်ကလေးတစ်ကောင်ကဲ့သို့ ဖမ်းဆုပ်ခြင်းကို ခံခဲ့ရသည်။

ဘဝသည် အလွန်ခက်ခဲပေ၏။

သို့ရာတွင် သူသည် မြေခွေးအိုကြီးတကောင်အဖြစ် နှစ်ထောင်သောင်းချီကြာမြင့်သည်အထိ လေနှင့်မိုးအကြားတွင် အသက်ရှင်သန်ခဲ့ကာ အလောင်းပုံကြီးအတွင်းမှ တွားသွားတက်လာသူဖြစ်သဖြင့် လုပမ်ဝေထံမှ ရိုးရှင်းသောစကားနှစ်ခွန်းကို ကြားသည်နှင့် တစ်စုံတစ်ခုကို ချက်ချင်းခန့်မှန်းနိုင်ခဲ့သည်။

တတိယအကြီးအကဲစွန်းလီသည် တဖက်လူနှင့်တိုက်ခိုက်ရာ၌ အနိုင်မယူနိုင်ခြင်းဖြစ်သဖြင့် သူ့ကို လွှဲချခဲ့ခြင်းဖြစ်မည်ဟု သူ မှန်းဆမိသည်။

သူ၏မျက်လုံးအကြည့် ရွေ့လျားသွားကာ သူ၏ပါးစပ်ကိုဖွင့်ဟပြီး အော်ဟစ်လိုက်သည်။

"အဓိပ္ပါယ်မရှိတာတွေ..."

"ဘယ်သူက မင်းရဲ့ဘိုးဘေးလဲ"

"မင်းတို့သစ္စာဖောက်တွေကို စန့်ရှန်းဂိုဏ်းကနေ နှင်ထုတ်ထားတာ အချိန်အတော်ကြာနေပြီ...မင်းတို့က ငါတို့စန့်ရှန်းဂိုဏ်းရဲ့လူတွေ မဟုတ်တော့ဘူး"

ထိုသို့ပြောဆိုရင်း သူသည် မြေပြင်ပေါ်၌ ဒူးထောက်လိုက်၏။သူ၏မျက်လုံးအတွင်းမှ မျက်ရည်များ ယိုစီးကျလာကာ မျက်လုံးဝိုင်းကြီးများဖြင့် လုပမ်ဝေကို ကြည့်လိုက်သည်။

"ဂျူနီယာက အရပ်မြင့်ပြီးချောမောခန့်ညားတဲ့ စီနီယာကို အရိုအသေပြုပါတယ်...စီနီယာက ငါ့ကိုကူညီပြီးတော့ ငါတို့ဂိုဏ်းရဲ့သစ္စာဖောက်တွေကို ဖြေရှင်းပေးတဲ့အတွက် ငါက ကျေးဇူးတင်ပါတယ်"

"တကယ်လို့ စီနီယာရှိနေတာကြောင့်သာမဟုတ်ရင် ဒီသစ္စာဖောက်တွေက ဆိုးရွားတဲ့လုပ်ရပ်တစ်ခုကို ကျူးလွန်ကောင်းကျူးလွန်နိုင်တယ်"

ထိုစကားကိုပြောဆိုရင်း ကျန်းဝူသည် လုပမ်ဝေကိုဦးတည်၍ သုံးကြိမ်တိုင်တိုင် ဦးညွှတ်အရိုအသေပြုလိုက်သည်။

စွန်းလီတို့လူစုသည် ဤမြင်ကွင်းကိုမြင်တွေ့ချိန်၌ ကြက်သေသေသွားလေ၏။

ဤသည်မှာ သူတို့၏ အလျှော့မပေးတတ်ဘဲ ခိုင်မာပြတ်သားသော ဘိုးဘေးမှ ဟုတ်ပါသလော....

သူသည် သူတို့အား ရောင်းစားသွားခဲ့သလော....

တခြားတစ်ဖက်တွင် လုပမ်ဝေ၏နှုတ်ခမ်းထောင့် မြင့်တက်သွားကာ အလွန်အမင်းစိတ်ဝင်စားသောအမူအရာဖြင့် ​ကျန်းဝူကို ကြည့်လေသည်။

"မင်း ခုဏက ဘာပြောလိုက်တာလဲ....အဲ့ဒီစကားကို ပြန်ပြောစမ်း"

ကျန်းဝူသည် မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ထပ်မံ၍ပြောဆိုလိုက်၏။

"စီနီယာက ငါ့ကိုကူညီပြီးတော့ ဂိုဏ်းရဲ့သစ္စာဖောက်တွေကို ဖြေရှင်းပေးတဲ့အတွက် ငါက ကျေးဇူးတင်ပါတယ်...."

လုပမ်ဝေက သူ၏ခေါင်းကို ခါယမ်းလိုက်သည်။

ကျန်းဝူသည် အချိန်တခဏကြာခန့် ကြက်သေသေသွားပြီးနောက် ပြောဆိုသည်။

"ငါ ပြောခဲ့တာက တကယ်လို့ စီနီယာသာမရှိရင် အဲ့ဒီသစ္စာဖောက်တွေက ဆိုးရွားတဲ့လုပ်ရပ်တစ်ခုကို ကျူးလွန်ကောင်းကျူးလွန်လိမ့်မယ်"

"အခုထိ မဟုတ်သေးဘူး"

လုပမ်ဝေက သူ၏ခေါင်းကို ခါယမ်းလေသည်။

"အရပ်မြင့်ပြီး ချောမောခန့်ညားတဲ့ စီနီယာကို အရိုအသေပြုပါတယ်...အဲ့ဒီစကားလား...."

ကျန်းဝူက မေးမြန်းသည်။

"အင်း...."

လုပမ်ဝေ၏အသံထွက်ပေါ်လာကာ သူ၏မျက်နှာပေါ်တွင် ဝမ်းသာပျော်ရွှင်မှုအရိပ်အယောင်တစ်ရပ် ထင်ဟပ်လာသည်။

ဤမြင်ကွင်းကိုကြည့်ပြီး ကျန်းဝူသည် တစ်စုံတစ်ခုကို ရိပ်စားမိသွားသဖြင့် အလျှင်အမြန်အသိဝင်လာကာ သူ၏ခေါင်းကို မြေပြင်နှင့် တဖန်ထပ်၍တိုက်လိုက်သည်။

"စီနီယာ....ငါက သင့်တော်တဲ့စကားလုံးနဲ့ မဖော်ပြနိုင်တဲ့အတွက် ငါ့ကို ခွင့်လွှတ်ပေးပါ"

"အကြောင်းကတော့ စီနီယာကို ပထမဆုံးမြင်တွေ့တဲ့အချိန်မှာ ငါက အရမ်းစိတ်လှုပ်ရှားသွားတယ်...ဘယ်လိုပဲဖြစ်ဖြစ် စီနီယာရဲ့အရှိန်အဝါက အရမ်းအစွမ်းထက်ပြီးတော့ လွှမ်းမိုးချုပ်ကိုင်နိုင်တဲ့ မောက်မာထောင်လွှားမှုမျိုး ရှိနေတယ်...စီနီယာလုပ်တဲ့ လှုပ်ရှားမှုတစ်ခုစီတိုင်းက တခြားလူတွေကို ကိုးကွယ်လိုစိတ်တွေ ပေါက်ဖွားစေတယ်....ငါက အချိန်တခဏအတွင်းမှာ စိတ်တည်ငြိမ်နိုင်စွမ်းမရှိတော့တာကြောင့် အရပ်မြင့်ပြီး ချောမောခန့်ညားတဲ့ စီနီယာလို့ပဲ ဖော်ပြနိုင်ခဲ့တယ်"

"ဟူး...."

"ဂျူနီယာရဲ့ အကန့်အသတ်ရှိတဲ့စာပေအရည်အချင်းအတွက် ခွင့်လွှတ်ပေးပါ...စီနီယာအပေါ် ငါ့ရဲ့လေးစားကြည်ညိုမှုကို စကားလုံးတွေနဲ့ဖော်ပြဖို့က တကယ့်ကို အရမ်းခက်ခဲတယ်"

"အတိုချုပ်ပြောလိုက်ရင် ငါက စီနီယာကို ပထမဆုံးမြင်တဲ့အချိန်မှာ စီနီယာအပေါ် ငါ့ရဲ့လေးစားကြည်ညိုမှုက တလိမ့်လိမ့်စီးနေတဲ့ မြစ်ကြီးတစ်စင်းက ပင်လယ်သမုဒ္ဒရာထဲကို စီးဝင်နေသလိုမျိုး ဘယ်လိုမှ ထိန်းချုပ်လို့ မရနိုင်ဘူး...ငါ မြင်တွေ့ဖူးသမျှ လူတွေထဲမှာ စီနီယာက ချောမောခန့်ညားဆုံးလူပဲ...ဒီလိုအချိန်မျိုးမှာ ငါက စီနီယာကိုတွေ့ခွင့်ရတာက ငါ့ရဲ့ဘဝတစ်သက်စာအတွက် ဂုဏ်ယူဝံ့ကြွားရဆုံးကိစ္စပဲ...ငါက စန့်ရှန်းဂိုဏ်းကိုပြန်ရောက်တာနဲ့ စီနီယာရဲ့ပုံတူကိုရေးဆွဲပြီးတော့ ဂိုဏ်းကတပည့်တွေကို တသက်လုံးဝတ်ပြုကိုးကွယ်ခိုင်းမယ်"

"တကယ်တော့ ငါ့ရဲ့ကျန်းမိသားစုကဘိုးဘေးတွေကိုလည်း ကျေးဇူးတင်မိတယ်...ငါတို့မိသားစု စုစည်းလာခဲ့တဲ့ ကောင်းမှုကုသိုလ်တွေကြောင့် ငါက ဒီလိုမျိုး မြင့်မြတ်တဲ့စီနီယာနဲ့ တွေ့ခွင့်ရခဲ့တာပဲ"

ထိုစကားကိုပြောဆိုရင်း ကျန်းဝူ၏အသံ တိမ်ဝင်သွားကာ သူ၏မျက်လုံးအတွင်းမှ မျက်ရည်များယိုစီးကျလာပြီး သူ၏မျက်နှာပေါ်တွင် မျက်ရည်စီးကြောင်းများဖြင့် ပြည့်နှက်နေပေ၏။

ထို့နောက် သူသည် ရူးသွပ်စွဲလန်းသောအကြည့်ဖြင့် လုပမ်ဝေကို ကြည့်လေ၏။

Chapter 855

"ငါက ဒီလိုမျိုး ရိုးသားဖြူစင်တဲ့လူတစ်ယောက်ကိုမတွေ့တာ အချိန်အတော်ကြာနေပြီ"

လုပမ်ဝေသည် ကျန်းဝူထံသို့ လျှောက်လှမ်းသွားပြီး သူ၏လက်နှစ်ဖက်ဖြင့်ထူမပေးကာ သူ၏မျက်နှာပေါ်၌ သဘောကျနှစ်ခြိုက်သော အမူအယာတစ်ရပ် ရှိနေသည်။

"မင်းက ရိုးသားဖြူစင်တဲ့လူတစ်ယောက် ဖြစ်နေမှတော့ဒီနေရာမှာပဲနေပြီး ထွက်မသွားနဲ့တော့....မင်း ငါရဲ့နောက်ကို လိုက်ရမယ်"

"မြင့်မြတ်တဲ့အရှင်ကို ကျေးဇူးတင်ပါတယ်"

ကျန်းဝူက အလျှင်အမြန်ဦးညွှတ်အရိုအသေပြုလိုက်သည်။

ယနေ့တွင် သူ၏လိမ္မာပါးနပ်မှုကြောင့် သူ၏အသက်ကို သူ ကယ်တင်နိုင်ခဲ့သည်။

သို့ရာတွင် လုပမ်ဝေ၏နောက်သို့ သူ မည်သည့်ကြောင့် လိုက်ရမည်နည်း....

သူ့၏ခေါင်းကို ပြင်းပြင်းထန်ထန် ခါယမ်းလိုက်၏။

လုပမ်ဝေသည် အလွန်အစွမ်းထက်သော်လည်း သူ့အတွက် မည်သည့်အသုံးဝင်မှု ရှိနိုင်မည်နည်း။သူသည် စန့်ရှန်းဂိုဏ်း၏ဘိုးဘေးအဖြစ် သက်သောင့်သက်သာရှိသောဘဝ၌ နေထိုင်ခဲ့ရသည်မဟုတ်လော။

မည်သည်ကြောင့် သူသည် တခြားလူတစ်ယောက်၏လက်အောက်ငယ်သားအဖြစ် နေနိုင်မည်နည်း။

ထိုကြောင့် သူသည် ယခုအချိန်တွင် အေးအေးချမ်းချမ်းနေနိုင်ရန် အကောင်းဆုံးကြိုးစားပြီးမှ ထွက်ပြေးနိုင်သောနည်းလမ်းတစ်ခုကို ရှာဖွေရပေမည်။

"ဒါဆိုရင် အဲ့ဒီလူတွေကို ဘယ်လိုလုပ်မလဲ"

လုပမ်ဝေက နံဘေးတစ်ဖက်တွင်ရှိနေသော စွန်းလီတို့ကိုကြည့်ပြီး ကျန်းဝူကို မေးမြန်းလေ၏။

"စီနီယာဆန္ဒရှိသလို လုပ်လို့ရပါတယ်"

ကျန်းဝူက အပြုံးနှင့်ပြောဆိုသည်။

"အရမ်းကောင်းတယ်..."

လုပမ်ဝေသည် ပို၍ပင်သဘောကျနှစ်ခြိုက်သွားကာ သူ၏အကြည့်ကို စွန်းလီတို့လူစုထံသို့ ရွှေပြောင်းလိုက်သည်။

ထိုမြင်ကွင်းကိုကြည့်ပြီး စွန်းလီတို့လူစု၏ခြေထောက်များ ပျော့ခွေသွားကာ မြေပြင်ပေါ်သို့ လဲကျသွားလေ၏။

သူတို့၏မျက်နှာအမူအယာများ ပျက်ယွင်းနေသည်။

လုပမ်ဝေသည် ထိုလူတစ်စုကို တစ်ချက်သာစောင်းငဲ့ကြည့်ပြီး စိတ်ဝင်စားခြင်းမရှိတော့ချေ။

ထိုနေ့ာက် သူ၏လက်ကို တစ်ချက်ဝှေ့ယမ်းလိုက်ခြင်းနှင့်အတူ နံဘေးတစ်ဖက်မှနေ၍ ထိတ်လန့်ကြောက်ရွံ့စွာ အော်ဟစ်လိုက်သောအသံများ ထွက်ပေါ်လာသည်။

စွန်းလီတို့လူစုသည် သာမန်မျက်စိဖြင့်မြင်နိုင်သောအရှိန်နှုန်းဖြင့် အိုမင်းလာကြကာ သူတို့သည် ဤအချိန်အခိုက်အတန့်အတွင်း၌ နှစ်ထောင်ပေါင်းများစွာကို တွေ့ကြုံခံစားခဲ့ရသည့်အလားပင်။

အချိန်တခဏကြာပြီးနောက် စွန်းလီတို့သည် အရိုးစုများအသွင်ပြောင်းလဲပြီး မြေပြင်ပေါ်သို့ လဲကျသွားလေ၏။

အဆုံးသတ်၌ ပုတ်သိုးဆွေးမြည့်သွားသော အရိုးစုပုံတစ်ပုံအဖြစ်သာ ကြွင်းကျန်တော့သည်။

ယခင်နှင့်ယခု အသက်တစ်ရှိုက်စာအချိန်သာကြာမြင့်ခဲ့သော်လည်း အရာအားလုံး ပြောင်းလဲသွားသည်။

ထိုမြင်ကွင်းကိုကြည့်ပြီး လုပန်ဝေ၏နံဘေး၌ရှိနေသော ကျန်းဝူသည် ထိတ်လန့်တုန်လှုပ်သွားကာ သူ၏ခြေထောက်များ ပျော့ခွေသွားလေ၏။

ဤသည်မှာ မည်ကဲ့သို့ တုန်လှုပ်ချောက်ချားဖွယ်ကောင်းသောနည်းလမ်းမျိုး ဖြစ်သနည်း။မူလက လုပမ်ဝေသည် တာအိုသက်သေပြုခြင်းနယ်ပယ်တွင်သာရှိသော ထိပ်သီးဆရာကြီးတစ်ယောက်ဟု သူ တွေးထင်ခဲ့သည်။

သူ့ရှေ့ရှိအရိုးစုသည် တာအိုကြေးမုံနယ်ပယ်ထက်​ကျော်လွန်သော ထိပ်သီးအစွမ်းထက်ဆရာကြီးတစ်ယောက်ဖြစ်မည်မှာ သိသာထင်ရှားလှ၏။

ယခုအချိန်ထိ သူ အဆင်ပြေနေသေးသည်။

ကျန်းဝူက သူ၏ရင်ဘတ်ကို ပုတ်လိုက်သည်။ ကံကောင်းထောက်မစွာဖြင့် သူသည် အချိန်မီကဖားရပ်ဖားလုပ်နိုင်ခဲ့သောကြောင့် အသက်ရှင်လမ်းတစ်လမ်းကို ရရှိခဲ့သည်။

ဤသည်မှာ အလွန်ကောင်းမွန်သော ကပ်ဖားရပ်ဖားလုပ်ခဲ့ခြင်းပင်။

သို့ရာတွင် ကျန်းဝူအပြင် တခြားလူများအားလုံးသည် အရိုးပုံကြီးအဖြစ်သို့ ပြောင်းလဲသွားခဲ့ခြင်းမရှိချေ။သူတို့အနက်မှ မသိသာမထင်ရှားသောလူတချို့သည် အသက်ရှင်ရက်လွတ်မြောက်သွားပေ၏။

သူတို့သည် တခြားလူများ၏သေခြင်းကို မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရသဖြင့် သူတို့အားလုံး ထိတ်လန့်တုန်လှုပ်နေသည်။

သူတို့သည် အရိုးစု၏တင်ပါးမှာဓားကို ဆွဲထုတ်ပါက မလေးစားရာကျမည်ဟု ပြောဆိုကာ တားမြစ်ခဲ့မိသည့်အတွက် သူတို့အားလုံး တိတ်တဆိတ် ဝမ်းသာပျော်ရွှင်နေမိသည်။

ဤသည်ကြောင့် သူတို့၏အသက်များကို ကယ်တင်နိုင်ခဲ့ခြင်းပင်။

"မင်းတို့အားလုံး ငါနဲ့အတူ လိုက်ခဲ့ကြတော့"

လုပမ်ဝေက သူ၏ခေါင်းကိုမော့ပြီး ပြောဆိုသည်။

သူ၏စိတ်အခြေအနေ အလွန်ကောင်းမွန်နေသည်။

သူ၏ငွေကြေးများ ဘေးကင်းလုံခြုံသည့်အပြင် သူသည် ရိုးသားဖြူစင်ပြီးဟကောင်းမွန်သောလူတချို့နှင့်လည်း တွေ့ဆုံခဲ့ရသည်။

လုပမ်ဝေသည် သူ၏လက်ကိုဝှေ့ယမ်းပြီး ထိုလူတစ်စုကို အရိပ်ကျွန်းထံသို့ ခေါ်ဆောင်သွားလေ၏။

"ဟုတ်ကဲ့ပါ အရှင်...."

ကျန်းဝူတို့လူစုသည် ရိုသေလေးစားသောအမူအယာဖြင့် လုပမ်ဝေ၏နောက်သို့ လိုက်ပါသွားကြသည်။

လုပမ်ဝေ၏နည်းလမ်းများကို မြင်တွေ့ပြီးနောက် သူ့၏လက်ကို တစ်ချက်ဝှေ့ယမ်းလိုက်ရုံဖြင့် သူတို့အား နေရာသစ်တစ်ခုထံ ခေါ်သွားနိုင်သည်အား သူတို့ အံ့အားသင့်သွားခြင်းမရှိတော့ချေ။

ရှေ့ဆုံးမှလျှောက်လှမ်းနေသော လုပမ်ဝေက သူ၏လက်ကို တစ်ချက်ဝှေ့ယမ်းပြီး ပြောဆိုသည်။

"ကောင်လေးလု....ဒီနေရာကို လာခဲ့အုံး"

"အမ်...."

မစင်ပုံးတစ်စုံကိုထမ်းထားသော လုသရှန်းသည် လုပမ်ဝေ၏ခေါ်သံကိုကြားချိန်၌ အလျင်စလိုအပြေးသွားလိုက်သည်။

"ငါက ဒီနေရာကို လူနည်းနည်းခေါ်လာခဲ့တယ်...မင်းက သူတို့အတွက် အလုပ်တချို့ကို စီစဉ်ပေးလိုက်ပါ"

လုပမ်ဝေက ပြောဆိုသည်။

"ဟုတ်ကဲ့ပါ အရှင်အရိုးစု..."

လုသရှန်းသည် ရိုသေလေးစားစွာဖြင့် ဦးညွှတ်အရိုအသေပြုလိုက်၏။

"ကောင်းပြီလေ မင်းတို့ကောင်တွေ ဒီနေရာမှာနေပြီး အလုပ်ကို ကြိုးကြိုးစားစားလုပ်ကြတော့"

လုပမ်ဝေသည် ကျန်းဝူ၏ပခုံးကိုပုတ်ပြီးနောက် သူ၏လက်နှစ်ဖက်ကိုနောက်ပစ်ပြီး ထွက်ခွာသွားတော့သည်။

"မင်းတို့ ငါနဲ့အတူ လိုက်ခဲ့ကြတော့"

လုပမ်ဝေကို ပို့ဆောင်နှုတ်ဆက်ပြီးနောက် လုသရှန်းက ကျန်းဝူတို့လူစုကို လက်ဝှေ့ယမ်းပြလိုက်သည်။

သူ၏စိတ်နှလုံးသားအတွင်း၌ အလေးအနက်ထား၍ စဉ်းစားတွေးသောနေမိသည်။မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ အရှင်အရိုးစုကိုယ်တိုင် မိတ်ဆက်ပေးထားသော လူများဖြစ်သဖြင့် သူ ပို၍ဂရုစိုက်ရပေမည်။

သူသည် အသစ်ရောက်ရှိသူများကို မစင်အများအပြား သယ်ခိုင်းရပေမည်။မစင်များမရှိပါကသူတို့သည် မစင်၏အကြောင်းကို မသိရှိနိုင်သည့်အပြင် မစင်တာအိုကိုလည်း နားလည်သဘောပေါက်နိုင်မည် မဟုတ်ချေ။

ထို့​ပြင် သူ၏မစင်တွင်းများကို ချဲ့ထွင်ရမည့်အချိန်သို့ ရောက်ရှိလာလေပြီ။

သူသည် မူလက ဤကိစ္စကို မည်သူ့အား တာဝန်ပေးရမည်အား မသိရှိသော်လည်း ယခုချိန်၌ ဤကဲ့သို့ကိစ္စမျိုး ရှိနေသဖြင့် ထိုလူများအတွက် ချန်ထားရပေမည်။

မကြာမီမှာပင်....

လုသရှန်း၏ခေါင်းဆောင်မှုအောက်တွင် သူတို့သည် မစင်တွင်းတစ်တွင်းထံသို့ ရောက်ရှိလာခဲ့သည်။

အနံ့ဆိုးများ ထွက်ပေါ်နေခြင်းကြောင့်....

ကျန်းဝူတို့လူစုသည် သူတို့၏နှာခေါင်းများကိုပိတ်ကာ သူတို့၏အသက်ရှူနှုန်းများကို ထိန်းသိမ်းလိုက်ကြ၏။

"ငါ့ကိုယ်ငါ မိတ်ဆက်ပေးရစေ...ငါက အရိပ်ကျွန်းရဲ့ မစင်သယ်ယူပို့ဆောင်ရေးတာဝန်ခံပဲ... အရှင်အရိုးစုက မင်းတို့ကို ငါ့ဆီ လွှဲပြောင်းပေးခဲ့တယ်....ဒါကြောင့် မင်းတို့က ငါ့ရဲ့အမိန့်ကို လိုက်နာရလိမ့်မယ်...အရှင်အရိုးစုရဲ့စကားရှိနေတာကြောင့် ငါက မင်းတို့အားလုံးကို ဂရုစိုက်ပေးမှာပါ"

"မင်းတို့ရဲ့တာဝန်က ဒီမစင်တွင်းကို အချင်းဆယ်ပေကနေ ပေသုံးဆယ်ဖြစ်တဲ့အထိ ချဲ့ထွင်ဖို့ပဲ"

"ပစ္စည်းကိရိယာတွေကတော့ ဘေးကအခန်းထဲမှာရှိတယ်...မင်းတို့ကိုယ်တိုင် ရွေးယူလိုက်ကြတော့"

"မင်းတို့မှတ်ထားရမှာက အလုပ်ကို ကြိုးကြိုးစားစားလုပ်ရမယ်...ဒီလိုမျိုး ကောင်းမွန်တဲ့အလုပ်မျိုးကိုရဖို့ အိမ်မက်မက်နေတဲ့လူတွေ အများကြီးရှိတယ်"

"မင်းတို့ ဘယ်လောက်ထိ လေ့လာဆင်ခြင်နိုင်မလဲဆိုတာကတော့ မင်းတို့ပေါ်ပဲ မူတည်တယ်"

ထိုသို့ပြောဆိုပြီးနောက် လုသရှန်းက နောက်သို့ချာခနဲလှည့်ပြီး ထွက်ခွာသွားတော့သည်။

ကျန်းဝူတို့လူစု၏ မျက်နှာများပေါ်တွင် မေးခွန်းထုတ်လိုသော အရိပ်အယောင်များ ထင်ဟပ်လာပေ၏။

ချေးတွင်းကို တူးရမည်လော...

သူ့ကဲ့သို့ တာအိုဂိုဏ်းတစ်ဂိုဏ်း၏မြင့်မြတ်သောဘိုးဘေးသည် ဤနေရာတွင် ချေးတွင်းတူးရမည်ဟု ဆိုလိုက်သလော...

ဤသည်မှာ မည်ကဲ့သို့ နောက်ပြောင်ကျီစယ်မှုမျိုး ဖြစ်သနည်း...

ဤအချိန်အခိုက်အတန့်တွင် သူသည် လုသရှန်းကို အလွန်အမင်းမုန်းတီးနေမိသည်။

ကောင်းလိုက်တဲ့အလုပ်....

ကျန်းဝူက အံ့တင်းတင်းကြိတ်လိုက်သည်။

"ဘိုးဘေး ငါတို့ ဘာလုပ်သင့်လဲ...ငါတို့တွေက ဒီနေရာမှာပဲ တချိန်လုံး နေရတော့မှာလား"

ကြွင်းကျန်သောလူများသည် ကျန်းဝူကိုဝိုင်းရံပြီး ကူကယ်ရာမဲ့စွာဖြင့် မေးမြန်းလိုက်ကြသည်။

"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"

"ငါက စန့်ရှန်းဂိုဏ်းရဲ့မြင့်မြတ်တဲ့ဘိုးဘေးလေ...ငါက ဒီလိုကိစ္စမျိုးကို ဘယ်လိုလုပ်ပြီး သည်းခံနိုင်မှာလဲ"

ကျန်းဝူက အံ့တင်းတင်းကြိတ်ပြီး ပြောဆိုသည်။

"ဒါပေမဲ့ အခုအခြေအနေက ငါတို့ရဲ့ထိန်းချုပ်နိုင်စွမ်းထက် ကျော်လွန်နေတယ်...အရိုးစုရဲ့စွမ်းအားက အရမ်းကို မယုံကြည်နိုင်စရာကောင်းတယ်...အချိန်အတိုင်းအတာတစ်ခုထိ ငါတို့က ဒီနေရာမှာ ရို့ရို့ကျိုးကျိုးနေရလိမ့်မယ်... အခွင့်ကောင်းရတဲ့အချိန်ကျရင် ငါက သူ့ကို ကဖားရပ်ဖားလုပ်ပြီးတော့ ဒီနေရာကနေ ထွက်သွားနိုင်မယ့် လမ်းကြောင်းတစ်ခုကို ရှာဖွေမယ်"

သို့ရာတွင် ထိုစကားများကိုကြားချိန်၌ သူ၏နောက်ရှိ လူများ၏မျက်နှာပေါ်တွင် ထူးဆန်းသောအမူအယာများ ထင်ဟပ်နေသည်။ကျန်းဝူကိုကြည့်နေသော သူတို့၏အကြည့်များတွင် အဓိပ္ပါယ်များ ပါဝင်စပြုလာပေ၏။

"ဘာကြည့်တာလဲ..."

ကျန်းဝူက ထိုလူများကိုစူးစိုက်ကြည့်ပြီးနောက် အလေးအနက်ထားသောအသံဖြင့် ပြောဆိုသည်။

"ဒီဘိုးဘေးက ကိုယ့်ကိုယ်ကိုယ် အရှက်ရချင်တယ်လို့ မင်းတို့ ထင်နေကြတာလား"

"ဟမ့်....ငါက မင်းတို့အတွက်မဟုတ်ရင် ဒီလိုကိစ္စကို ဘာလို့လုပ်ရမှာလဲ"

"ငါက သေရမှာကိုကြောက်တဲ့ ငကြောက်ကောင်တစ်ကောင်လို့ မင်းတို့ တကယ်ကြီး ထင်နေကြတာလား"

"မင်းတို့ မှားသွားလိမ့်မယ်...ငါ မင်းတို့ကို ပြောပြမယ်...လူတွေက သေဆုံးဖို့အတွက် မွေးဖွားလာကြတာပဲ...တချို့လူတွေက ငှက်မွေးတစ်ချောင်းလို ပေါ့ပေါ့ပါးပါး နေသွားပြီးတော့ တချို့လူတွေကတော့ ထိုက်တောင်ကြီးလို လေးလံတဲ့ တာဝန်တွေ ယူထားရတယ်...တကယ်တော့ ငါ ဘိုးဘေးက ငှက်မွေးတစ်ချောင်းလို ပေါ့ပေါ့ပါးပါး မနေနိုင်ဘူး"

"ဒါ့ပြင် တကယ်လို့ ငါ ဘိုးဘေး သေဆုံးသွားမယ်ဆိုရင် စန့်ရှန်းဂိုဏ်းက ဘာတွေဖြစ်သွားမလဲ...ငါတို့ဂိုဏ်းရဲ့လက်အောက်မှာရှိတဲ့ မရေမတွက်နိုင်တဲ့ တပည့်တွေလည်း ဘာတွေဖြစ်သွားကြမလဲ"

"ငါက ကပ်ဖားရက်ဖား လုပ်တတ်တဲ့လူတစ်ယောက်လို့ မင်းတို့က တကယ်ကြီးထင်နေကြတာလား"

"ငါက ဒီအရှက်ကွဲမှုကို သည်းခံပြီးတော့ ဂိုဏ်းရဲ့ကောင်းကျိုးအတွက် ဝန်ထုပ်ဝန်ပိုးကို ထမ်းနေတာပဲ"

"ငါက စွမ်းအားကိုကြောက်ရွံ့ပြီးတော့ အရှက်ကွဲခံမယ့်လူစားမျိုး မဟုတ်ဘူး...တကယ်လို့ မင်းတို့သာမရှိရင် ငါက အဲ့ဒီအရိုးစုကို ရင်ဆိုင်လိုက်ပြီ...ဒါပေမဲ့ မင်းတို့ရှိနေတာကြောင့် ငါ အဲ့ဒီလိုလုပ်လိုက်ရင် ငါ့ရဲ့ခန္ဓာကိုယ်က အသက်ရှင်နေရင်တောင် ငါ့ရဲ့စိတ်ဝိညာဥ် သေဆုံးသွားလိမ့်မယ်...ငါက အသက်ရှင်သန်နေရုံလေးပဲ ကျန်လိမ့်မယ်"

ထိုသို့ပြောဆိုရင်း ကျန်းဝူသည် အရှက်ခွဲခံရခြင်းနှင့်ဝန်ထုပ်ဝန်ပိုးတို့ကို တောင့်ခံထားရသည့်အလား သူ၏လက်ကိုနောက်ပစ်ပြီး သူ၏ခေါင်းကို တိမ်းစောင်း၍ မိုးကောင်းကင်ယံထံသို့ မော့ကြည့်လိုက်သည်။သူ၏မျက်လုံးထောင့်မှ မျက်ရည်များ ယိုစီးကျလာကာ သူ့ထံ၌ မလိုလားမှုများဖြင့် ပြည့်နှက်နေပြီး သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။

သို့ရာတွင် သူ၏စကားအဆုံးသတ်သွားသောအချိန်မှာပင် သူသည် ရုတ်တရက် မြေပြင်ပေါ်သို့ ဒူးထောက်လိုက်သည်။

"အိုး....ငါက ရိုသေလေးစားရတဲ့အရှင်ကို အရိုအသေပြုပါတယ်"

မည်သည့်အကြောင်းအရင်းကြောင့်ဟု မသိရှိသော်လည်း လုပမ်ဝေ ရုတ်တရက် ပြန်လည်ရောက်ရှိလာသည်ကို အဝေးတစ်နေရာမှ မြင်တွေ့ချိန်တွင် ကျန်းဝူသည် ကပ်ဖားရပ်ဖားအမူအယာမျိုးသို့ တဖန်ပြန်၍ ပြောင်းလဲသွားသည်။ ထို့နောက် သူသည် မြေပြင်ပေါ်၌ ဒူးထောက်ကာ လုပမ်ဝေ၏ခွာမြင့်ဖိနပ်ပေါ်မှ ဖုန်မှုန့်များကို လေဖြင့်မှုတ်လေသည်။

"အင်း..ငါက ဒီနေရာက ဖြတ်သွားရုံပဲ...မင်း ကြိုးကြိုးစားစားလုပ်နော်"

လုပမ်ဝေက သူ၏ပခုံးကိုပုတ်ကာ စိတ်ကျေနပ်စွာဖြင့် ထွက်ခွာသွားတော့သည်။

"ဖြည်းဖြည်းသွားပါ အရှင်"

ကျန်းဝူသည် လေးစားကြည်ညိုသော အမူအယာဖြင့် လုပမ်ဝေကို ကြည့်လိုက်၏။သူ၏မြင်ကွင်းအတွင်းမှ လုပမ်ဝေ ပျောက်ကွယ်သွားမှသာ သူ တဖြည်းဖြည်းမတ်တတ်ထရပ်လိုက်သည်။

ဤမြင်ကွင်းကိုစောင့်ကြည့်နေသော လူများအားလုံး အံ့အားသင့်တုန်လှုပ်သွားသည်။

"ဘိုးဘေးက တကယ့်ကို ပြင်းပြင်းထန်ထန် ကြိုးစားနေတာပါလား"

"အမှန်ပဲ...သူက ငါတို့စန့်ရှန်းဂိုဏ်းအတွက် အများကြီးပေးဆပ်ခဲ့တယ်"

"တကယ်လို့ ဘိုးဘေးနေရာမှာ ငါသာဆိုရင် ဒီလိုမျိုး လုပ်နိုင်မှာ မဟုတ်ဘူး"

"ငါတို့ရဲ့ဘိုးဘေးလို့ မျှော်လင့်ထားတဲ့အတိုင်းပဲ"

ကျန်းဝူ၏နောက်တွင်ရှိနေသော လူများထံတွင် ပြင်းထန်သောစိတ်ခံစားချက်များရှိနေကာ သူတို့၏မျက်လုံးများအတွင်း၌ မျက်ရည်စများစိုစွတ်နေသည်။

Thank For Reading.

All Chapters