← Chapters

အခန်း (၈၇၁-၈၇၅)

Vol. 59 Ch. 871-875

အခန်း (၈၇၁-၈၇၅)

Vol. 59 Ch. 871-875

Chapter 871

သို့ရာတွင် သူတို့သည် အလျှင်အမြန်ထွက်ပြေးလိုသော်လည်း အလွန်ထိတ်လန့်ကြောက်ရွံနေသဖြင့် သူတို့နှစ်ယောက်အနက်မှတစ်ယောက်သည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားပေ၏။

ထို့ပြင် ဤနေရာတွင် ရီဖုန်းသည် ခွေးနတ်ဆိုးများကို သတ်ဖြတ်နေဆဲဖြစ်ကာ...

ကြက်သွန်မြိတ်များကို ခုတ်ပိုင်းနေသည့်အလားပင်။

မကြာမီမှာပင် ခွေးနတ်ဆိုးတစ်ရာကျော်သည် သူ၏သတ်ဖြတ်ခြင်းကို ခံလိုက်ရပေ၏။

ရီဖုန်းက သူ၏လက်နှစ်ဖက်ကို ပွတ်သပ်ပြီး သက်ပြင်းရှိုက်လိုက်သည်။

သို့ရာတွင် အစောပိုင်းက သူ လူသားတစ်ယောက်ကို မြင်လိုက်ရပုံပင်။

သူ ကူကယ်ရာမဲ့စွာဖြင့် ထိုနေရာသို့ ကြည့်လိုက်သည်။

မြေပြင်ပေါ်သို့ ပြုတ်ကျလာသော ကုံးတနှင့်ကုံးအာတို့သည် မတ်တတ်ထရပ်ကာ ဆက်လက်၍ထွက်ပြေးလိုသည်။သို့ရာတွင် ရီဖုန်း၏အကြည့် ကျရောက်လာသည်ကို ရှာဖွေတွေ့ရှိမိသဖြင့် သူတို့နှစ်ယောက်သား ထိတ်လန့်တုန်လှုပ်သွားကာ ရေခဲပန်းပုရုပ်များကဲ့သို့ တောင့်တင်းသွားသည်။သူတို့သည် နေရာမှာပင် မတ်တတ်ရပ်ကာ မလှုပ်ရှားဝံ့တော့ဘဲ သူတို့၏ခန္ဓာကိုယ်များ တုန်ရီနေသည်။

"အစ်ကိုကြီး....အစ်ကိုကြီး....နည်းလမ်းတစ်ခုကိုစဉ်းစားပါအုံး..."

"ငါ စဉ်းစားနေတယ်လေ...."

"မင်း'ဘာကိုစဉ်းစားမိလဲ...."

"ငါ ဆုတောင်းနေတယ်...."

"အစ်ကိုကြီး....ဒါက ဆုတောင်းလို့လည်း အသုံးဝင်မှာ မဟုတ်ဘူး...သူက ငါတို့နှစ်ယောက်ဆီကို လာနေပြီ"

"အား...ငါ သေတော့မယ်...ငါ သေရတော့မယ်...အား..."

ကုံးတသည် မြေပြင်ပေါ်၌လဲလျောင်းကာ မျက်ဖြူလန်သွားပြီး မလှုပ်မယှက်ငြိမ်သက်နေပေ၏။

ဤမြင်ကွင်းကိုကြည့်ပြီး ကုံးအာသည်လည်း မျက်ဖြူလန်သွားကာ သူ၏ရင်ဘတ်ကိုဆုပ်ကိုင်ပြီး သူ၏ခန္ဓာကိုယ်ကိုတွန့်လိမ်၍ အော်ဟစ်လိုက်သည်။

"အား...ငါ ထပ်ပြီးတောင့်မခံနိုင်တော့ဘူး...ငါ သေပြီ...ငါ သေသွားပြီ...အား....."

မြေပြင်ပေါ်၌ သေချင်ယောင်ဆောင်နေသူနှစ်ယောက်သည် အဆက်မပြတ်ငိုကြွေးမြည်တမ်းကာ သူတို့၏စိတ်နှလုံးသားများအတွင်းမှနေ၍ မကျေမနပ်ဖြင့် ရေရွတ်နေကြသည်။

"ဒီခွေးကောင်က တော်တော်လွန်သွားပြီ...ငါတို့ညီအစ်ကိုနှစ်ယောက်က သူ့ကို လှည့်ကွက်လေးတစ်ခုနှစ်ခုလောက်နဲ့ ရန်စမိခဲ့တာထက် မပိုပါဘူး"

"ဒါက အမှန်ပဲ...သူက ငါတို့ သွားလေရာကို လိုက်လာခဲ့တယ်...ငါတို့က သူ့ရဲ့ဘိုးဘေးအုတ်ဂူကို တူးခဲ့မိတာလည်းမဟုတ်ဘူး"

"ထောင်နဲ့ချီတဲ့ဓားချက်တွေကိုသုံးပြီးတော့ လျှပ်ပြက်သလိုအရှိန်နဲ့ ခွေးနတ်ဆိုးတွေကို သတ်ခဲ့တယ်...သူက တကယ့်ကို အရှက်မရှိဘူး...အားနည်းသူတွေကို အနိုင်ကျင့်နေတာပဲ..."

"ငါက သူ့ကို သားမမွေးနိုင်တဲ့ကောင်တကောင်ဖြစ်ပါစေလို့ ကျိန်ဆိုခဲ့တယ်"

"ငါကတော့ သူ့ရဲ့ကျန်နေတဲ့ဘဝတစ်လျှောက်လုံး လူပျိုကြီးဖြစ်ပါစေလို့ ကျိန်ဆိုတယ်"

သူတို့သည် သူတို့၏စိတ်နှလုံးသားများအတွင်းမှနေ၍ ထပ်ခါတလဲလဲကျိန်ဆဲရင်း အံတင်းတင်းကြိတ်ကာ သူတို့ထံသို့ သေခြင်းတရားဆိုက်ရောက်လာမည်ကို စောင့်ဆိုင်းနေကြသည်။

အကြောင်းအရင်းမှာ ရီဖုန်းသည် နံဘေး၌မတ်တတ်ရပ်ကာ သူတို့အား စူးစိုက်ကြည့်နေသည်ကို သူတို့ ခံစားမိသောကြောင့်ပင်။

သို့ရာတွင်...

နူးညံ့ညင်သာသော အသံတစ်သံက သူတို့၏နာများအတွင်းသို့ ဝင်ရောက်လာမည်ဟု သူတို့ မျှော်လင့်မထားမိချေ။

"မိတ်ဆွေတို့နှစ်ယောက်...သေချင်ယောင်ဆောင်မနေကြနဲ့....အဲ့ဒီနတ်ဆိုးတွေကို ငါ သတ်လိုက်ပြီ...အခု ဘေးကင်းလုံခြုံသွားပြီ...မင်းတို့ မတ်တတ်ထရပ်လို့ရပြီ"

ထိုသို့ပြောဆိုပြီးနောက် ရီဖုန်းသည် သူတို့နှစ်ယောက်အား မတ်တတ်ထရပ်နိုင်ရန် တွဲထူပေးလေ၏။

ပြင်းထန်သောတိုက်ပွဲကြောင့် သေချင်ယောင်ဆောင်နေသူနှစ်ယောက်သည် မတ်တတ်ထရပ်ကာ သူတို့၏ရှေ့ရှိ နူးညံ့သိမ်မွေ့သောလူငယ်ကိုကြည့်ပြီး သူတို့၏ခြေထောက်များ ပျော့ခွေနေသည်။

ထို့ပြင် တောင်ငယ်တလုံးစာပမာဏမျှ စုပုံနေသော ခွေးနတ်ဆိုးအလောင်းများကိုကြည့်ပြီး သူတို့၏ခန္ဓာကိုယ်များ တုန်ရီနေပေ၏။

ဤလူနှစ်ယောက် အလွန်ထိတ်လန့်ကြောက်ရွံ့နေသည်ကိုကြည့်ပြီး ရီဖုန်းက ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းရှိုက်လိုက်သည်။

နတ်ဆိုးများထွက်ပေါ်လာမှုသည် လူအမြောက်အများကို ထိခိုက်နာကျင်စေခဲ့ခြင်းဖြစ်ပေမည်။

ဤလူနှစ်ယောက်သည် ကံကောင်း၍သာ သူနှင့်ဆုံတွေ့ခဲ့ရပြီး အန္တရာယ်အတွင်းမှ ကယ်တင်ခြင်းခံရလေ၏။

ဤလူနှစ်ယောက်၏ထိတ်လန့်ကြောက်ရွံ့နေမှုကိုကြည့်ပြီး သူ အမှန်တကယ်ကို စာနာသနားမိသည်။

"အိုက်ယိုး..မိတ်ဆွေတို့နှစ်ယောက်...မကြောက်ကြပါနဲ့...ငါက လူကောင်းတစ်ယောက်ပါ"

ရီဖုန်းက နူးညံညင်သာသောအမူအယာဖြင့် နှစ်သိမ့်ပေးသည်။

ထိုနောက် သူတို့၏ခန္ဓာကိုယ်များပေါ်မှ ဖုန်မှုန့်များကို ခါချပေးရန်အတွက် သူ့၏လက်ကို ဆန့်တန်းလိုက်သည်။သို့ရာတွင် သူ့၏လက်ဖြင့် သူတို့၏ခန္ဓာကိုယ်များကို ထိတွေ့မိသည်နှင့် သူတို့၏ခြေထောက်များ ပျော့ခွေသွားကာ ရွှံပုံများအလား မြေပြင်ပေါ်သို့လဲကျသွားပြီး အော်ဟစ်ငိုယိုကာ ခွင့်လွှတ်ရန်အတွက် အသနားခံတောင်းပန်တော့သည်။

"ဟူး....ဘယ်လောက်တောင် သနားဖို့ကောင်းလိုက်လဲ"

"သူတို့က ဆိုးဆိုးရွားရွားခံစားခဲ့ရတဲ့ လူတွေပဲ ဖြစ်မယ်"

"မင်းတို့ ကြောက်နေကြတုန်းပဲလား မင်းတို့ နည်းနည်းလေးစိတ်ငြိမ်အောင် ထားလို့မရဘူးလား"

ထိုလူနှစ်ယောက်၏ပုံပန်းသွင်ပြင်ကိုကြည့်ပြီး ရီဖုန်းသည် စိတ်မကောင်းဖြစ်သွားကာ သက်ပြင်းရှိုက်လိုက်၏။

ပြောရမည်ဆိုလျှင် သူသည် စနစ်ကိုအသုံးပြု၍ နောက်ပိုင်းမှသာ နတ်ဆိုးများကို ယှဉ်ပြိုင်တိုက်ခိုက်နိုင်ခြင်းဖြစ်သည်။ထိုသို့မဟုတ်ပါက ယခုလက်ရှိ သူ၏အခြေအနေသည်လည်း ဤလူနှစ်ယောက်နှင့် ကွဲပြားခြားနားမည်မဟုတ်ချေ။

"မင်းတို့ အိမ်ကို မြန်မြန်ပြန်ကြတော့.. အဆင်ပြေလား...."

"မင်းတို့ အိမ်ကိုပြန်ရောက်တာနဲ့ အပြင်ကို ပြန်ထွက်မလာကြနဲ့တော့...."

"ငါ မင်းတို့ကို ကူညီတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ ....မင်းတို့ ဘာမှစိုးရိမ်ဖို့မလိုဘူး...ငါ့အတွက် ဒါက အသေးအမွှားကိစ္စလေးပဲ"

"မင်းတို့ ငါ့ရဲ့နာမည်ကိုလည်း မမေ့ကြနဲ့...ငါ ရီဖုန်းက ကုသိုလ်ကောင်းမှုတွေလုပ်တဲ့နေရာမှာ ဘယ်တော့မှနာမည်မချန်ထားခဲ့ဘူး"

ရီဖုန်းက ပေါ့ပေါ့ပါးပါးပြုံးလိုက်သည်။

ရီဖုန်းက သူ၏လက်ကိုနောက်သို့ပစ်ပြီး နေရာမှနေ၍ လျှောက်လှမ်းသွားတော့သည်။

မြေပြင်ပေါ်၌ ဒူးထောက်နေသူနှစ်ယောက်သည် အချိန်အတော်ကြာပြီးနောက် ရီဖုန်း အမှန်တကယ်ထွက်ခွာသွားသည်ကို ရှာဖွေတွေ့ရှိသွားလေ၏။သူတို့နှစ်ယောက်သည် မြေပြင်ပေါ်သို့ ဖင်ထိုင်ရပ်သားလဲကျသွားကာ သူတို့၏မျက်နှာများထက်တွင် ထိတ်လန့်ကြောက်ရွံ့မှုအရိပ်အယောင်များ ထင်ဟပ်နေသည်။

"အစ်ကိုကြီး.. ငါတို့ လွတ်လာခဲ့ပြီ"

"အမှန်ပဲ....ငါတို့ အန္တရာယ်ထဲကနေ ငါတို့ရဲ့အသက်ရှင်သန်နိုင်ပြီ"

"ဒါပေမဲ့ သူက ဘာလို့ ငါတို့ကိုမသတ်တာလဲ"

"သူက ငါတို့ကို လူသားတွေလို ဆက်ဆံနေတယ်"

"ဟူး....ဒီကိစ္စနဲ့ ငါတို့ရဲ့အသက်တွေကို ကယ်တင်နိုင်ခဲ့မယ်လို့ ငါ မျှော်လင့်မထားခဲ့ဖူးဘူး...."

"မင်း ဘာလို့ ကြက်သေသေနေတာလဲ...နတ်ဆိုးမြို့ကိုပြန်ပြီးတော့ အရှင်ဆီကို သတင်းပို့ရအောင်...တကယ်လို့ အဲ့ဒီကောင် ပြန်ရောက်လာမယ်ဆိုရင် ဆိုးရွားတဲ့ကိစ္စတွေ ဖြစ်လာနိုင်တယ်"

"သွားမယ်...သွားမယ်....သွားကြစို့...."

သူတို့နှစ်ယောက်သည် အနက်ရောင်အလင်းတန်းနှစ်တန်းအသွင်သို့ ပြောင်းလဲကာ နတ်ဆိုးမြို့ထံသို့ဦးတည်၍ တဟုန်ထိုးပျံသန်းခဲ့ကြသည်။

မကြာမီမှာပင်...

ကုံးတနှင့်ကုန်းအာတို့သည် မြေပြင်ပေါ်၌ ဒူးထောက်ကာ သူတို့၏ခန္ဓာကိုယ်များ၌ ဇောချွေးများထွက်နေပြီး အစောပိုင်းက ဖြစ်ပျက်ခဲ့သမျှအရာရာတိုင်းကို သတင်းပို့လိုက်၏။

အနက်ရောင်မြူခိုးများအကြား၌ ရှိနေသောနတ်ဆိုးသည် တိတ်ဆိတ်ငြိမ်သက်နေဆဲပင်။

သူ့ကိုကြည့်ရသည်မှာ ဒေါသထွက်ပုံမရသည့်အပြင် ဤကိစ္စကို အလေးအနက်ထားပုံမရချေ။

"အရှင်နတ်ဆိုးဝံပုလွေ...ဒီကိစ္စကို ပေါ့ပေါ့တန်တန် သဘောမထားပါနဲ့...အဲ့ဒီလူသားက အရမ်းဆိုးရွားတယ်"

"အမှန်ပဲ...အရင်က ငါတို့ရဲ့အမိန့်အောက်မှာရှိတဲ့ သန်းရာနဲ့ချီတဲ့ နတ်ဆိုးငယ်လေးတွေအားလုံး သူ သတ်တာကို ခံလိုက်ရတယ်...အရှင်က အဲ့ဒီကိစ္စကို စဉ်းစားကြည့်ဖူးမှာတောင် မဟုတ်ဘူး...သူက ကြက်သွန်မြိတ်တွေကို လှီးနေတဲ့အတိုင်း နတ်ဆိုးငယ်လေးတွေကို ခုတ်ပိုင်းသွားခဲ့တယ်"

"ဒါ့ပြင် ငါတို့ကို ခြောက်ခြားခြင်းတောအုပ်ကနေ မောင်းထုတ်လိုက်တဲ့လူက သူပဲ...."

"အခုအချိန်မှာ ငါတို့က နတ်ဆိုးမြို့ထဲမှာ သူ့ကိုပြန်ပြီးတွေ့ရပြန်ပြီ....ကျေးဇူးပြုပြီးတော့ အရှင်က ဂရုစိုက်ပေးပါ"

ကုံးတနှင့်ကုန်းအာတို့က ကျယ်လောင်စွာအော်ဟစ်၍ သတိပေးသည်။

"သတင်းပို့ပါတယ်..."

ထိုအချိန်မှာပင် အနက်ရောင်အလင်းတန်းတစ်တန်း ပျံ့လွင့်လာကာ မြေပြင်ပေါ်သို့ ဆင်းသက်လာသည်။ထို့နောက် နတ်ဆိုးတစ်ကောင်အသွင်ပြောင်းလဲပြီး ဒူးထောက်ကာ ရိုသေလေးစားစွာဖြင့်ပြောဆိုသည်။

"အရှင်နတ်ဆိုးဝံပုလွေကို သတင်းပြုပါတယ်..မြို့ပြင်မှာရှိနေတဲ့လူသားက နတ်ဆိုးမြို့ကို ဦးတည်ပြီးတော့ လျှောက်လှမ်းလာပြီ...သူကမကြာမီမှာပဲ မြို့ရိုးအောက်ကို ရောက်လာတော့မယ်"

"ဟမ့်...."

နောက်ဆုံး၌ အနက်ရောင်မြူခိုးများအကြားတွင် လှုပ်ရှားမှုတချို့ရှိလာခဲ့သည်။

အနက်ရောင်မြူခိုးများအကြားမှနေ၍ ဧရာမလက်ကြီးတစ်ဖက်ကို ဝှေ့ယမ်းလိုက်သည်အား သူတို့ မြင်တွေ့လိုက်ရသည်။

နောက်ထပ်အချိန်အခိုက်အတန့်၌ ခန်းမအတွင်းတွင်ရှိနေသော နတ်ဆိုးများအားလုံး စောင့်ကြည့်မျှော်စင်တလုံး၏ထိပ်၌ ထွက်ပေါ်လာပေ၏။

မြင့်မားသောမြို့ရိုးများ‌ပေါ်၌ မတ်တတ်ရပ်၍ကြည့်ပါက မလှမ်းမကမ်းအကွာမှ လျှောက်လှမ်းလာသော အဖြူရောင်ဝတ်စုံဝတ်ပုံရိပ်တစ်ခုကို ရှင်းရှင်းလင်းလင်းမြင်တွေ့နိုင်သည်။

အချိန်ခဏကြာပြီးနောက် သူသည် မြို့ရိုး၏အောက်သို့ ရောက်ရှိလာလေပြီ။

"ဒီလူသားက အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ နတ်ဆိုးမြို့ထဲကို တစ်ယောက်တည်းဝင်လာရဲတယ်....ဘယ်လောက်တောင် သတ္တိကောင်းလိုက်လဲ"

အနက်ရောင်မြူခိုးများအကြားမှနေ၍ ဝံပုလွေခေါင်းနှင့်လူခန္ဓာကိုယ်ရှိသော နတ်ဆိုးတစ်ကောင်၏ပုံရိပ်ထွက်ပေါ်လာကာ သူ၏ခန္ဓာကိုယ်နံဘေးပတ်လည်တွင် ထူထပ်သိပ်သည်းသော နတ်ဆိုးချီစွမ်းအားများကို ထုတ်လွှတ်ထားပြီး အလွန်ကြီးကျယ်ခမ်းနားသည်။

"အရှင်...အဲ့ဒီလူသားကို လျှော့မတွက်သင့်ဘူး"

ကုံးတက သတိပေးသည်။

"အမှိုက်ကောင်...သေးငယ်တဲ့လူသားလေးတစ်ယောက်က မင်း ဒီလောက်ထိ ကြောက်နေဖို့အတွက် တန်လို့လား"

ဝံပုလွေနတ်ဆိုးဟေးယင်သည် သူ၏လက်ကိုဝှေ့ယမ်းကာ ကုံးတကို လွင့်ထွက်သွားစေသည်။ကုံးတသည် နံရံတခုနှင့် ပြင်းပြင်းထန်ထန် ဆောင့်မိသွားလေ၏။

ကုံးတ၏ခန္ဓာကိုယ် တုန်ရီသွားကာ စကားတစ်ခွန်းကို​မျှ ထပ်မံ၍ပြောဆိုဝံ့ခြင်း မရှိတော့ချေ။

"မင်း ဘယ်လိုထင်လဲ..."

ထိုအချိန်မှာပင် ဟေးယင်က ထပ်မံ၍ပြောဆိုကာ ဤသည်မှာ သူ့ကိုယ်သူ စကားပြောဆိုနေသည့်အလားပင်။

"အဲ့ဒီလူသားက အန္တရာယ်အငွေ့အသက်တချို့ကို ပေးစွမ်းနိုင်တယ်"

ဟေးယင်၏နောက်မှနေ၍ တခြားပုံရိပ်တစ်ခုထွက်ပေါ်လာကာ သူ၏ပုံပန်းသွင်ပြင်ကို ကြည့်ခြင်းအားဖြင့် ဝံပုလွေနတ်ဆိုးနှင့် တစ်ထပ်တည်းတူညီနေသည်။

သူ၏ပုံပန်းသွင်ပြင်ကို မြင်တွေ့ချိန်၌ လက်ရှိနေရာတွင်ရှိနေသော နတ်ဆိုးများအားလုံး ရိုသေလေးစားစွာဖြင့် မြေပြင်ပေါ်၌ ဒူးထောက်လိုက်၏။

ဤသည်မှာ ဟေးယင်၏အမွှာညီအစ်ကိုဖြစ်သော ဝံပုလွေနတ်ဆိုးဖြစ်ကြောင်း သူတို့အားလုံး သိရှိထားပြီးလေပြီ။

ဟေးယင်နှင့်နှိုင်းယှဥ်ပါက ဤဝံပုလွေနတ်ဆိုးသည် ပို၍သန်မာအားကောင်းပေ၏။

ဝံပုလွေနတ်ဆိုးသည် သာမန်အားဖြင့် မျက်နှာပြလေ့မရှိဘဲ ဟေးယင်၏နောက်ကွယ်၌သာ ပုန်းအောင်းနေကာ အရေးကြီးသောအချိန်အခိုက်အတန့်များမှသာ ထွက်ပေါ်လာလေ့ရှိသည်။

"ကြည့်ရတာတော့ မင်းကိုယ်တိုင် ထွက်ပြီးလှုပ်ရှားရမယ့်ပုံပဲ"

ဟေးယင်က ပြောဆိုသည်။

"ဘယ်လိုပဲဖြစ်ဖြစ် မင်းရဲ့ခွန်အားက ငါ့ထက်ပိုပြီး သန်မာအားကောင်းတာကြောင့် မင်းက ဒီကိစ္စကို ငါ့ထက်ပိုပြီး မြန်မြန်ဆန်ဆန်ဖြေရှင်းနိုင်လိမ့်မယ်"

"ကောင်းပြီ . ကောင်းပြီလေ...ငါ မလှုပ်ရှားရတာ အချိန်အတော်ကြာနေပြီ....ငါက လူသားရဲ့အရသာကို မြည်းစမ်းကြည့်မယ်"

ဝံပလွေနတ်ဆိုးသည် အေးစက်စက်ပြုံးကာ အနက်ရောင်မြူခိုးများ ဖြတ်သန်းသွားခြင်းနှင့်အတူ မြို့ရိုးပေါ်မှ ခုန်ချသွားသည်။ထို့နောက် သူသည် အလွန်ထူထပ်သိပ်သည်းသော နတ်ဆိုးချီစွမ်းအားများဖြင့် ရီဖုန်းကို လွှမ်းခြုံလိုက်၏။

အနက်ရောင်မြူခိုးများအကြားတွင် နတ်ဆိုးလက်သည်းများ ထွက်ပေါ်လာကာ ပြင်းထန်သော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒဖြင့် ရီဖုန်းကို ချိတ်ပိတ်ထားသည်။

စောင့်ကြည်မျှော်စင်ပေါ်တွင် ရှိနေသော...

ဟေးယင်က သရော်တော်တော်ပြုံးလိုက်သည်။အကယ်၍ ဝံပုလွေနတ်ဆိုးသာ လှုပ်ရှားပါက ဤလူသား သေဆုံးရမည်မှာ သေချာပေါက်ပင်။

ကုံးတ ကုံးအာနှင့်တခြားနတ်ဆိုးများသည်လည်း စိတ်သက်သာရာရသွားကာ သက်ပြင်းရှိုက်လိုက်ကြသည်။

ထိုအချိန်မှာပင်....

ဓားတစ်ချောင်း ပျံ့လွင့်လာကာ...

ဒင်...

ဝံပုလွေနတ်ဆိုးသည် မြို့ရိုးအတွင်းသို့ စိုက်ဝင်သွားလေ၏။

သူ၏ခန္ဓာကိုယ်အတွင်းရှိ နတ်ဆိုးချီစွမ်းအားများသည်လည်း လေလျော့သွားသောပူဖောင်းတစ်လုံးအလား ပျက်ပြယ်သွားတော့သည်။

သူသည် သူ၏ရင်ဘတ်ရှိဓားရှည်ကို စူးစိုက်ကြည့်ပြီး သူ၏မျက်နှာပေါ်တွင် ထိတ်လန့်တုန်လှုပ်သော အမူအယာတစ်ရပ် ထင်ဟပ်နေသည်။

သူသည် ဤကဲ့သို့နည်းဖြင့် အဆုံးသတ်သွားခဲ့သလော...

"ဟူး....တော်သေးတယ်"

ရီဖုန်းသည် မြို့ရိုး၌ သူ ဓားဖြင့်ထိုးစိုက်ခဲ့သော ဝံပုလွေနတ်ဆိုးကိုမြင်တွေ့ချိန်၌ အမူအယာကင်းမဲ့စွာဖြင့် သူ၏မျက်လုံးကိုလှန်ကြည့်လိုက်သည်။

တိကျသေချာစွာပင်...

အတွေ့အကြုံရင့်ကျက်သော လူတစ်ယောက်အနေဖြင့် ဤကဲ့သို့ တစ်ကောင်တည်းရှိနေသောနတ်ဆိုးများသည် အမှိုက်ကောင်များသာဖြစ်ကြောင်း သူ သိရှိပြီးသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။

သူ့အား အင်မော်တယ်သလင်းကျောက်နှစ်လုံးတန် အဝတ်အစားများကို ထပ်မံ၍ဆုံးရှုံးစေလိုသလော...

ဤသည်မှာ မဖြစ်နိုင်​ချေ။

ရီဖုန်းသည် ဓားရှည်ကို ပြန်ရုတ်သိမ်းပြီး နတ်ဆိုးအမြူတေကိုထုတ်ယူကာ ခံစားချက်ကင်းမဲ့သော အမူအယာဖြင့် မြို့ရိုး၏အောက်၌ မတ်တတ်ရပ်လိုက်သည်။

"နှောင့်ယှက်မိတဲ့အတွက် ခွင့်လွှတ်ပေးပါ....ဒီနေရာမှာ တစ်ယောက်ယောက် ရှိနေလား"

သူက အော်ဟစ်လိုက်သည်။

Chapter 872

"အိုး ဘုရားရေ...."

"အရှင်ဝံပုလွေနတ်ဆိုး သေသွားပြီ"

"သူက တိုက်ပွဲထဲမှာ ဘယ်လိုလုပ်ပြီး သေသွားတာလဲ...ဒါက စက္ကန့်ပိုင်းပဲ ကြာသေးတယ်"

"ငါတို့ ဘာလုပ်ကြမလဲ..."

"စဥ်းစားစမ်း...နည်းလမ်းတစ်ခုကို စဥ်းစားကြစမ်း"

ဤအချိန်အခိုက်အတန့်တွင် ဝံပုလွေနတ်ဆိုးသေဆုံးသွားခြင်းကြောင့် မြို့ရိုးပေါ်၌ ဆူညံပွက်လောရိုက်နေကာ ဒယ်အိုးပူပေါ်ရှိ ပုရွက်ဆိတ်များအလားပင်။

အထူးသဖြင့် ကုံးတနှင့်ကုံးအာတို့ပင်၏သူတို့သည် မြို့ရိုး၏ထောင့်တစ်နေရာ၌ ကျုံဝင်နေကာ သူတို့၏ခန္ဓာကိုယ်များ တဆတ်ဆတ်တုန်ရီနေသည်။

"မင်းတို့က ဘာလို့ ဒီလောက်ထိ ကြောက်နေကြတာလဲ"

ဟေးယင်၏အကြွင်းမဲ့သစ္စာရှိ နတ်ဆိုးတစ်ကောင်ဖြစ်သော ငွေရောင်မြွေက မတ်တတ်ထရပ်လိုက်သည်။

"အရှင်ဝံပုလွေနတ်ဆိုးက ရှုံးနိမ့်သွားပေမယ့် ငါတို့ရဲ့အမာခံကျောရိုးဖြစ်တဲ့ အရှင်ဟေးယင် ကျန်သေးတယ် မဟုတ်လား"

ငွေရောင်မြွေနတ်ဆိုးက စူးရှသောအသံဖြင့် အော်ဟစ်လေသည်။

"အရှင်ဟေးယင် ကြောက်နေတာကို မင်းတို့ မြင်ကြလို့လား"

ငွေရောင်မြွေနတ်ဆိုး၏အော်သံကို ကြားချိန်တွင် နတ်ဆိုး​များအားလုံး၏မျက်လုံးအကြည်များ ဟေးယင်ထံသို ကျရောက်သွားသည်။

အမှန်တကယ်ကိုပင်....

အရှင်ဟေးယင်သည် မူလနေရာမှာပင် မတ်တတ်ရပ်နေကာ သူ၏အမွှာညီအစ်ကိုသေဆုံးသွားခြင်းကြောင့် ထိတ်လန့်ကြောက်ရွံ့သွားပုံမရချေ။

သူသည် ကြီးကျယ်ခမ်းနားသောအမူအယာဖြင့် ဖြောင့်ဖြောင့်တန်းတန်း မတ်တတ်ရပ်နေကာ တောင်ကြီးတစ်လုံးအလား မလှုပ်မယှက်ငြိမ်သက်နေသည်။

ထိတ်လန့်ကြောက်ရွံ့နေသော နတ်ဆိုးများသည် ရုတ်တရက် အမာခံကျောရိုးတစ်ခုကို ရရှိသွားလေ၏။

သူတို့အားလုံးသည် လေးစားကြည်ညိုသောအကြည့်ဖြင့် ဟေးယင်ကို ကြည့်လိုက်ကြ၏။

အရှင်ဟေးယင်သည် နတ်ဆိုးမြို့၏အရှင်သခင်ဖြစ်ရန် ထိုက်တန်သည်။ဝံပုလွေနတ်ဆိုး အသတ်ခံလိုက်ရသည့်တိုင် သူသည် အနည်းငယ်မျှ ထိတ်လန့်ကြောက်ရွံပုံမရချေ။သူသည် နတ်ဆိုးများအကြား၌ အစစ်အမှန်သူရဲကောင်းတစ်ယောက်ပင်။

သို့ရာတွင်...

အနက်ရောင်မြူခိုးများအတွင်းတွင် ဟေးယင်၏လက်​များ တုန်ရီနေကာ သူ၏နှုတ်ခမ်းသည် ခရမ်းရောင်သို့ ပြောင်းလဲနေလေပြီ။

သူ၏သွားများသည်လည်း တဂတ်ဂတ်ရိုက်နေပေ၏။

သူ တောင်တစ်လုံးကဲ့သို့ မလှုပ်မယှက်နေသောအကြောင်းအရင်းမှာ ဝံပုလွေနတ်ဆိုး သေဆုံးသွားသည်ကို မြင်တွေ့ချိန်၌ သူ အကြောက်လွန်သွားသောကြောင့်ပင်။

တခြားလူများသည် သူ ထိတ်လန့်ကြောက်ရွံ့နေသော ပုံပန်းသွင်ပြင်ကို မမြင်တွေ့ရခြင်းမှာ အနက်ရောင်မြူခိုးများကြောင့်ပင်။

"အရှင်ဟေးယင်က အရမ်းတည်ငြိမ်နေတယ်....သူက အဲ့ဒီလူသားကို နည်းနည်းလေးတောင် ဂရုစိုက်ပုံမရဘူး"

ငွေရောင်မြွေနတ်ဆိုးသည် ဆက်လက်၍ ကပ်ဖားရက်ဖားလုပ်လိုက်၏။သူသည် စကားလုံးများဖြင့် မြောက်ပင့်ရာ၌ အလွန်ထူးချွန်သူဖြစ်သဖြင့် ဤအခွင့်အရေးကို မလွတ်တမ်းဆုပ်ကိုင်ထားခဲ့သည်။

နံဘေးပတ်ဝန်းကျင်ရှိ တုံးအသောနတ်ဆိုးများသည် ထိတ်လန့်ကြောက်ရွံ့နေပြီး အရှင်ဟေးယင်၏စကားလုံးနှင့်အမူအယာကို စူးစမ်းလေ့လာနိုင်ခြင်းမရှိချေ။သူတစ်ယောက်တည်းကသာ အရှင်ဟေးယင်ထံ၌ ယုံကြည်ချက်အခိုင်အမာရှိသည်ကို မြင်တွေ့နိုင်သည်။

"ဒီလိုဆိုမှတော့ ဒီလူသားကို အရှင်ဟေးယင်ကိုယ်တိုင် နှိမ်နင်းပေးဖို့ ငါက တောင်းဆိုပါရစေ... အဲ့ဒီလိုဆိုရင် ငါတို့လက်အောက်ငယ်သားတွေအားလုံးက အရှင်ရဲ့အပြုအမူကို အရမ်းလေးစားကြည်ညိုမိမယ်"

"ငါယိုးမသား....မင်းဟာမင်း သွားပါလား..."

ဟေးယင်သည် ထပ်မံ၍သည်းမခံနိုင်သောသဖြင့် ငွေရောင်မြွေနတ်ဆိုးကို တစ်ချက်ရိုက်နှက်ကာ မြို့ရိုး၏အောက်သို့ ပြုတ်ကျသွားစေသည်။

ဤအချိန်အခိုက်အတန့်၌ သူ အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့နေသည်။

'သောက်ချေးပဲ...'

သူ့ထက်ပို၍ အစွမ်းထက်သော ဝံပုလွေနတ်ဆိုးပင်လျှင် အသတ်ခံလိုက်ရသဖြင့် အကယ်၍ သူရှေ့သို့ထွက်သွားပါက သေလမ်းသွားရှာခြင်းသာ ဖြစ်ပေမည်။

သူသည် မည်ကဲ့သို့နည်းလမ်းဖြင့် မြို့ကို တိတ်တဆိတ်စွန့်ခွာကာ ထွက်ပြေးရမည်ကို စဉ်းစား​တွေးတောနေခဲ့သည်။သို့ရာတွင် ဤငွေရောင်မြွေနတ်ဆိုးသည် အလိုက်ကန်းဆိုးမသိသော စကားများကို အဆက်မပြတ်​ပြောဆိုနေသည်မှာ သူ့အား အမှန်တကယ်ကို စိတ်အနှောင့်အယှက်ဖြစ်စေသည်။

သို့ရာတွင် နံဘေးပတ်ဝန်းကျင်၌ အလွန်များပြားသော လက်အောက်ငယ်သားများရှိနေသောကြောင့် သူကိုယ်သူ အတင်းအကြပ်ဖိအားပေး၍ တည်ငြိမ်ချင်ယောင်ဆောင်လိုက်သည်။

ဟေးယင်သည် သူ၏လက်ကို တစ်ချက်ဝှေ့ယမ်းကာ မြို့ရိုးပေါ်တွင်ရှိနေသော နတ်ဆိုးများအားလုံးကိုခေါ်ဆောင်ပြီး ဘုရားကျောင်းအတွင်းသို့ ပြန်လည်ရောက်ရှိသွားသည်။

"အင်း..."

"အဲ့ဒီလူရဲ့စွမ်းအားက ငါတို့မျှော်လင့်ထားတာထက် တကယ့်ကိုကျော်လွန်နေတယ်...ဝံပုလွေနတ်ဆိုး သေဆုံးသွားတာက ကြီးမားတဲ့ဆုံးရှုံးမှုကြီးတစ်ခုပဲ"

"ဒါပေမဲ့ အဲ့ဒီလိုဆိုရင်တောင် ငါတို့က ထိတ်လန့်ကြောက်ရွံ့နေလို့မဖြစ်ဘူး...အဲ့ဒီမြို့တံခါးကို ငါတို့နတ်ဆိုးမျိုးနွယ်ရဲ့ တားမြစ်ဥပဒေသနဲ့ ထိန်းချုပ်ထားတယ်....အဲ့ဒီတားမြစ်ဥပဒေသကို မချိုးဖျက်နိုင်ဘူးဆိုရင် ဘယ်သူမဆို ဒီတံခါးကနေ ဝင်ထွက်သွားလာနိုင်မှာမဟုတ်ဘူး"

"အဲ့ဒီလူသားက နတ်ဆိုးမြို့ထဲကို ဘယ်နည်းနဲ့မှ ဝင်လာနိုင်မှာမဟုတ်ဘူး"

ရှေးဦးစွာ ဟေးယင်သည် နတ်ဆိုးများအားလုံးကို နှစ်သိမ့်လိုက်၏။

သူ ပြင်ပသို့ထွက်ကာ ထိုလူသားကိုတိုက်ခိုက်ရန်မှာ မည်သို့မျှ မဖြစ်နိုင်​ချေ။

ယခုအချိန် မြို့တံခါးကိုမှီခို၍ ကာကွယ်စောင့်ကြပ်ရုံသာ တတ်နိုင်ပေမည်။

မည်သို့ပင်ဆိုစေကာမူ မြို့တံခါး၏အခြေအနေသည် သူ ပြောဆိုသည်စကားနှင့် အမှန်တကယ်ကို နီးစပ်ပေ၏။

ထို့ကြောင့် ဤသည်မှာ တခြားနတ်ဆိုးများကို နှစ်သိမ့်ပေးနိုင်ရုံသာမက သူကိုယ်တိုင်အတွက် စိတ်သက်သာရာရသွားစေသည်။

ဤကဲ့သို့အစီအစဉ်များကြောင့် ဟေးယင်၏တုန်ရီနေသောနှလုံးသား အနည်းငယ်ငြိမ်သက်သွားသည်။

ကိစ္စများအားလုံး အဆင်ပြေသွားလေပြီ။

ကံကောင်းထောက်မစွာဖြင့် အစောပိုင်းက သူ အဝေးသို့ ထမပြေးခဲ့ချေ။ထို့ကြောင့် သူ၏လက်အောက်ငယ်သားများရှေ့တွင် အရှက်ရမှုကို မခံစားရချေ။

သူ စဉ်းစားတွေးတောနေသော အချိန်မှာပင်...

အနက်ရောင်မြူခိုးတစ်ခု မျောလွင့်လာကာ နတ်ဆိုးတစ်ကောင်အသွင်သို့ပြောင်းလဲပြီး မြေပြင်ပေါ်၌ ဒူးထောက်လိုက်၏။ထိုနတ်ဆိုး၏မျက်နှာပေါ်တွင် စိုးရိမ်ပူပန်သောအမူအယာများ ရှိနေသည်။

"အရှင်ဟေးယင်ကို သတင်းပို့ပါတယ်.. မြို့တံခါး ပျက်စီးသွားပြီ"

ထိုနတ်ဆိုးက စိုးရိမ်ပူပန်စွာအော်ဟစ်၍ သတင်းပို့သည်။

ဟေးယင်၏လက်များ တဖန်ထွက်၍ တုန်ရီသွားကာ သူ့၏နဖူးမှနေ၍ ဇောချွေးများ တစ်စက်ပြီးတစ်စက် ယိုစီးကျလာသည်။

'ငါက အရှင်သခင်...'

'ငါ စိတ်အေးအေးထားရမယ်...'

'ငါ့ရဲ့လက်အောက်ငယ်သားတွေရှေ့မှာ ငါ့ကိုယ်ငါ အရှက်ရအောင် လုပ်လို့မဖြစ်ဘူး...'

ဤလူသည် မြို့အတွင်း၌ အချိန်တခဏကြာလှည့်ပတ်နေပြီး ပြန်ထွက်သွားပါက သူ့အား သတ်ဖြတ်နိုင်တော့မည် မဟုတ်ချေ။

ဟေးယင်သည် သူ၏စိတ်နှလုံးသားအတွင်းရှိ ထိတ်လန့်ကြောက်ရွံ့မှုများကို ဖိနှိပ်ကာ သူ့ကိုယ်သူ အကောင်းဆုံးနှစ်သိမ့်လိုက်သည်။

နောက်ထပ်အချိန်အခိုက်အတန့်တွင်...

တခြားနတ်ဆိုးတစ်ကောင် ဒူးထောက်လိုက်ကာ ထိတ်လန့်ကြောက်ရွံ့သောအမူအယာဖြင့် မြေပြင်ပေါ်၌ဒူးထောက်ပြီး သတင်းပို့သည်။

"အရှင်...အဲ့ဒီလူသားက မြို့စွန်မှာရှိတဲ့ နတ်ဆိုးတွေအားလုံးကို သတ်ဖြတ်ပြီးပြီ"

ဟေးယင်၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားသည်။

သူ၏အဖိုးတန်ပစ္စည်းများအားလုံးကို အလျှင်အမြန်ထုတ်ပိုးသိမ်းဆည်းကာ မည်သည့်နှောင့်နှေးကြံ့ကြာမှုမျိုးမျှမရှိဘဲ ထွက်ပြေးသွားလျှင် အကောင်းဆုံးဖြစ်မည်လော....

Chapter 873

ယခုလက်ရှိချိန်၌...

ပိုင်းခြားသိမြင်နိုင်စွမ်းရှိသည့် မည်သူမဆို နတ်ဆိုးမြို့အတွင်းတွင်ရှိနေသော မည်သူတစ်ဦးတစ်ယောက်မျှ ဤလူသားကို ဟန့်တားနိုင်မည်မဟုတ်ကြောင်း သိရှိထားသည်။

နတ်ဆိုးများအားလုံး အလွန်စိုးရိမ်ပူပန်နေသည်။

နတ်ဆိုးမြို့သည် သူတို့ တည်ဆောက်ထားသော အခြေစိုက်စခန်းပင်။ဤနေရာတွင် နေထိုင်နေသော နတ်ဆိုးများအတွက် နတ်ဆိုးမြို့သည် အရေးပါသောအနေအထား၌ ရှိနေသည်။

မည်သူတစ်ဦးတစ်ယောက်ကမျှ မလိုအပ်ဘဲ မြို့ကိုစွန့်ခွာလိုစိတ်မရှိချေ။

ထွက်ပြေးရန် စဥ်းစားတွေးတောနေသော ဟေးယင်အတွက်လည်း ထပ်တူထပ်မျှပင်။

မည်သို့ပင်ဆိုစေကာမူ သူသည် မြို့အရှင်သခင်ပင်။

ဤကဲ့သို့ရာထူးနေရာ၌ ထိုင်နိုင်ရန်မှာသူ့အတွက်လွယ်ကူသောကိစ္စတရပ်မဟုတ်ချေ။ထို့ကြောင့်နောက်ဆုံးအဆင့်မျိုးမှသာသူထွက်ပြေးရန် ရွေးချယ်ရပေမည်။

နောက်ဆုံးအချိန်အခိုက်အတန့်သို့ မရောက်ခင်အထိ သူသည် မြို့ကိုကယ်ဆယ်နိုင်သော မည်သည့်နည်းလမ်းကိုမဆို လုပ်ဆောင်ရပေမည်။

သို့ရာတွင်....

ဤလူသားသည် အလွန်သန်မာအားကောင်းလေရာ မည်သည့်နည်းဖြင့် နတ်ဆိုးမြို့အား ကယ်တင်နိုင်မည်နည်း....

ခန်းမတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေသည်။

ခန်းမကြီးသည် သုဿန်တစပြင်ကဲ့သို့ တိတ်ဆိတ်ငြိမ်သက်နေကာ မည်သူတစ်ဦးတစ်ယောက်​မျှ စကားမပြောဆိုဘဲ စိတ်ဓာတ်ကျဆင်းသောအငွေ့အသက်များ ရစ်သိုင်းလွှမ်းခြုံနေသည်။

"အရှင်ဟေးယင်....ငါ့မှာ အစီအစဉ်တစ်ခုရှိတယ်"

ဟေးယင်သည် မလိုလားစွာဖြင့် လက်လျှော့အရှုံးပေးတော့မည့် အချိန်မှာပင် ကုံးတက ရုတ်တရက် မတ်တတ်ထရပ်လိုက်သည်။

ခန်းမအတွင်းတွကင်ရှိနေသော နတ်ဆိုးများအားလုံး ကုံးတကို ကြည့်လိုက်ကြ၏။

"ကောင်းတယ်....ဘယ်လိုအစီအစဉ်လဲဆိုတာ မြန်မြန်ပြောစမ်း...."

ဤအချိန်တွင် ဟေးယင်သည် ဖခင်အိုကြီးတစ်ယောက်အလား အလွန်ကြင်နာသော အမူအယာဖြင့် ကုံးတကို ဆုပ်ကိုင်လိုက်သည်။သူ၏လေသံတွင် စိုးရိမ်ပူပန်မှုအရိပ်အယောင်များ ရောယှက်နေပြီး အလွန်တိုးညှင်းသည်။

"အရှင်....ငါတို့ညီအစ်ကိုနှစ်ယောက် မြို့ပြင်မှာ ဘေးအန္တရာယ်ကနေ ဘယ်လိုလွတ်မြောက်လာတယ်ဆိုတာ မှတ်မိသေးလား"

ကုံးတက ပြောဆိုသည်။

"သူက ငါတို့နှစ်ယောက်ကို လူသားတွေလို ဆက်ဆံခဲ့တယ်...ဒါကြောင့်...."

သူ၏စကား တစ်ဝက်တစ်ပျက်သို့ အရောက်မှာပင် ဟေးယင်သည် ရုတ်တရက်အသိဝင်လာပြီး ထိတ်လန့်တကြားအော်ဟစ်လိုက်သည်။

"မင်း ဘာကို ဆိုလိုချင်တာလဲ"

"အရှင်....ဒါက အမှန်ပါပဲ...ငါ ဆိုလိုတာက မြို့တစ်မြို့လုံးမှာရှိတဲ့ နတ်ဆိုးတွေအားလုံးကို လူသားအသွင်ပြောင်းလဲဖို့ အကြံပေးချင်တယ်"

ကုံးတက အစီအစဉ်တစ်ခုကို ပြောဆိုသည်။

"နတ်ဆိုးတွေအားလုံးက လူသားအသွင်ပြောင်းလဲလိုက်မယ်ဆိုရင် အဲ့ဒီလူသားက ဒီနေရာကို လူသားမြို့တစ်မြို့လို့ပဲ ထင်သွားလိမ့်မယ်....ဒါကို ငါတို့နတ်ဆိုးမျိုးနွယ်ရဲ့မြို့လို့ သူ ထင်တော့မှာမဟုတ်ဘူး"

"အဲ့ဒီနည်းလမ်းနဲ့ဆိုရင် သူက နတ်ဆိုးတွေကို ဆက်ပြီးတော့ သတ်တော့မှာမဟုတ်ဘူး"

ထိုစကားကိုကြားချိန်တွင်....

ဟေးယင်၏မျက်လုံးများ‌ တောက်ပသွားကာ သူ၏ပေါင်ကိုရိုက်ပုတ်ပြီး အော်ဟစ်လိုက်သည်။

"ကောင်းလိုက်တဲ့ အစီအစဉ်..."

ဟေးယင်သည် သူ၏လက်နှစ်ဖက်ဖြင့် ကုံးတ၏ပခုံးကို ဆုပ်ကိုင်လိုက်၏။

"မင်းက တကယ့်ကို ငါတို့နတ်ဆိုးမျိုးနွယ်ရဲ့သူရဲကောင်းတစ်ယောက်ပဲ...ငါ အရင်က မင်းကို မတော်တဆ ရိုက်ခဲ့မိတယ်...မင်း နာနေသေးလား..."

ဟေးယင်က နူးညံ့ညင်သာစွာဖြင့် ကုံးတကို နှစ်သိမ့်ပေးသည်။

"ကုံးတ...မင်း ငါ့ကို ရန်ငြိုးမထားပါနဲ့....မြို့အရှင်တစ်ယောက်ဖြစ်ဖို့ဆိုတာ အရမ်းခက်ခဲတယ်...ရန်သူနဲ့ရင်ဆိုင်နေရတဲ့အချိန်မှာ လက်အောက်ငယ်သားတွေရဲ့စိတ်နှလုံးသားကိုတည်ငြိမ်စေဖို့အတွက် ငါက မင်းကို အသုံးချလိုက်တာပဲ....နတ်ဆိုးမြို့ရဲ့ကောင်းကျိုးအတွက် ငါ့မှာ တခြားနည်းလမ်းမရှိခဲ့ဘူး..."

"အမ်....အရှင် အဲ့ဒီလို မပြောပါနဲ့...ငါတို့ညီအစ်ကိုတွေက အရှင့်အပေါ် သေတဲ့အထိသစ္စာစောင့်သိမယ်လို့ ကျိန်ဆိုပါတယ်..."

ထိုနှစ်သိမ့်စကားများကိုကြားချိန်၌ ကုံးတသည် အလွန်စိတ်ကျေနပ်သွားကာ သူ၏သစ္စာစောင့်သိမှုကို ချက်ချင်းထုတ်ဖော်ပြောဆိုလိုက်သည်။

"ကောင်းတယ်....ဒီလိုဆိုမှတော့ မင်း မြန်မြန်သွားပြီး အစီအစဉ်ကို အောင်မြင်အောင် ဆောင်ရွက်သင့်တယ်"

ဟေးယင်က ပျာပျာသလဲပြောဆိုသည်။

"ကောင်းပါပြီ အရှင်..."

ကုံးတသည် သူ၏အစီအစဉ်များကို စတင်၍ပြောဆိုလိုက်၏။

"ဒီအစီအစဉ်က မြို့တစ်မြို့လုံးကို အစားထိုးရမှာ...ဒါကြောင့် မြို့ထဲမှာရှိတဲ့ နတ်ဆိုးတွေအားလုံး အသွင်ပြောင်းရမယ်...ဘာချို့ယွင်းချက် ဘာအပြစ်အနာအဆာမှ ရှိလို့မရဘူး.... တကယ်လို့ အဲ့ဒီလူသားက ဒီကိစ္စကို ထွင်းဖောက်မြင်သွားမယ်ဆိုရင် အစီအစဉ်တစ်ခုလုံး ပျက်စီးသွားလိမ့်မယ်"

"ကောင်းတယ်...."

ဟေးယင်က သဘောတူညီသည့်အနေဖြင့် ခေါင်းညိတ်လိုက်၏။

"ဒါ့ပြင် မြို့ထဲမှာရှိတဲ့ ဘယ်နတ်ဆိုးကိုမဆို နတ်ဆိုးတွေအကြောင်း မပြောရဘူးလို့ တားမြစ်ရမယ်...တကယ်လို့ အဲ့ဒီစကားတွေက သူ့ရဲ့နားထဲကို ရောက်သွားမယ်ဆိုရင် အမှန်တရားက အလွယ်တကူ ထွက်ပေါ်သွားနိုင်တယ်"

"ဒါက အမှန်ပဲ"

ဟေးယင်က တည်ကြည်လေးနက်စွာဖြင့် ခေါင်းညိတ်ပြသည်။

"ပြီးတော့ အရှင့်ရဲ့လက်အောက်မှာရှိတဲ့ ဝံပုလွေနတ်ဆိုးတွေကို အဲ့ဒီလူသားနဲ့အနီးကပ်နေစေပြီးတော့ သူ့ရဲ့လှုပ်ရှားမှုတွေကို အာရုံစိုက်ရမယ်....ငါတို့တွေက သတင်းရတာနဲ့ အချိန်မရွေး နောက်ထပ်လှုပ်ရှားမှုတစ်ခု လုပ်နိုင်အောင် ပြင်ဆင်ထားရမယ်"

ကုံးတက ထပ်မံ၍ပြောဆိုသည်။

"တကယ်တော့ အဲ့ဒီလူသားရဲ့နားကို စေလွှတ်ခံရတဲ့နတ်ဆိုးတွေက သရုပ်မှန်ထွက်ပေါ်မသွားအောင် အထူးအာရုံစိုက်ရလိမ့်မယ်"

"မင်း ပြောတာအမှန်ပဲ"

ဟေးယင်သည် သဘောတူညီသည့်အနေဖြင့်ခေါင်းညိတ်ပြပြီးနောက် တစ်ချိန်တည်းမှာပင် ခန်းမအတွင်းရှိ နတ်ဆိုးများအားလုံးကို ကြည့်လိုက်သည်။

"အဟွတ် အဟွတ်...မင်းတို့အားလုံး ကြားရဲ့လား"

ဟေးယင်၏စကားများသည် ခန်းမတစ်ခုလုံးအနှံ့ ပျံ့နှံ့သွားပေ၏။

ထို့နောက် ခန်းမအတွင်း၌ သက်ပြင်းရှိုက်သံများထွက်ပေါ်လာသည်။

"ဟူး....."

"တကယ်တော့ ဒါက ကူကယ်ရာမဲ့တဲ့ လှုပ်ရှားမှုတစ်ခုပဲ...ဒါ့ပြင် ငါက အသက်ရှင်သန်လိုစိတ်တွေများပြီးတော့ သေရမှာကို ကြောက်နေတဲ့ကောင် မဟုတ်ဘူး"

"တကယ်လို့ ငါကိုယ်တိုင် အပြင်ကိုထွက်ပြီးတော့ ငါ့ရဲ့အသက်နဲ့ရင်းပြီး တိုက်ခိုက်မယ်ဆိုရင်....ငါက နတ်ဆိုးမြို့ထဲမှာရှိတဲ့ လူသားကိုသတ်နိုင်ဖို့ ခြောက်ဆယ်ရာခိုင်နှုန်းလောက် သေချာတယ်"

"ဒါပေမဲ့ စိတ်ပျက်ဖို့ကောင်းတာတစ်ခုက တကယ်လို့ ငါသေသွားပြီးရင် နတ်ဆိုးမြို့က ဘယ်လိုဖြစ်သွားမလဲ...."

"နတ်ဆိုးမြို့ထဲမှာရှိတဲ့ သန်းနဲ့ချီတဲ့နတ်ဆိုးတွေရော ဘယ်လိုဖြစ်သွားကြမလဲ...."

ထိုစကားများကိုပြောဆိုနေစဉ်တွင် ဟေးယင်ကိုကြည့်ရသည်မှာ ကူကယ်ရာမဲ့ဖြစ်နေပုံရသည်။

"ငါက အဲ့ဒီလူသားကို တိုက်ခိုက်လိုက်တာနဲ့ ဒီလိုအဆင့်မြင့်တိုက်ပွဲတစ်ပွဲရဲ့အောက်မှာ နတ်ဆိုးမြို့တစ်မြို့လုံး ပျက်စီးသွားလိမ့်မယ်...."

"ဒါက ငါမြင်ချင်တဲ့အရာ မဟုတ်ဘူး....."

"ဒါက ငါတို့နတ်ဆိုးမျိုးနွယ်ရဲ့ သန်းနဲ့ချီတဲ့အသက်တွေပဲ"

ဟေးယင်၏မျက်လုံးများ တဖြည်းဖြည်းနီမြန်းသွားကာ သူ၏ခေါင်းကိုမော့ပြီး ညည်းတွားလိုက်၏။

"ငါက သေရမှာကို မကြောက်ဘူး...အရှက်တရားတွေနဲ့ အသက်ရှင်သန်ရမှာက စိတ်သက်သောင့်သက်သာ မဖြစ်စေဘူးဆိုပေမယ့် နတ်ဆိုးမြို့အတွက် ငါ့မှာ တခြားရွေးချယ်စရာမရှိတော့ဘူး"

ဟေးယင်၏စကားများသည် နတ်ဆိုးများအားလုံးကို ငူငူငိုင်ငိုင်ဖြစ်သွားစေသည်။

နတ်ဆိုးများသည် တစ်ယောက်ပြီးတစ်ယောက် လှုပ်ရှားလာကြကာ တချို့နတ်ဆိုးများသည် ဝမ်းနည်းစွာဖြင့် ငိုကြွေးနေကြ၏။

ယခုကြည့်ကြည့်တော့မှ....

ယခုကြည်ကြည်တော့မှ အရှင်ဟေးယင်သည် နတ်ဆိုးမြို့အတွက် များစွာပေးဆပ်ခဲ့ရခြင်း ဖြစ်သလော....

ခန်းမအတွင်းတွင်ရှိနေသော နတ်ဆိုးများအားလုံးသည် အမှုမဲ့အမှတ်မဲ့ဖြင့် ဒူးထောက်လိုက်ကြကာ တညီတညွတ်တည်း ပြောဆိုလိုက်သောအသံများ ထွက်ပေါ်လာသည်။

"အရှင်က ဉာဏ်ပညာကြီးမားပါပေတယ်""

"အရှင်က ငါတို့နတ်ဆိုးမြို့အတွက် အများကြီးစဉ်းစားပေးခဲ့တယ်...ငါတို့နတ်ဆိုးမြို့မှာ ဒီလိုအရှင်တစ်ပါးရှိနေတာက တကယ့်ကို ကောင်းချီးတစ်ခုပဲ"

"မင်းတို့အားလုံး မတ်တတ်ထရပ်ကြတော့"

ဟေးယင်သည် စိတ်သက်သာရာရသွားပုံဖြင့် သူ၏လက်ကို ဆန့်တန်းပြီး အမိန့်ပေးလိုက်သည်။

"ကုံးတ ပြောဆိုတဲ့အစီအစဉ်အတိုင်း...အမိန့်ကို မြို့တစ်မြို့လုံးသိသွားအောင် ထုတ်ပြန်ကြေငြာလိုက်တော့"

"ဒါ့ပြင် ငါတို့နတ်ဆိုးမျိုးနွယ်ရဲ့လက်ရွေးစင်တွေကို မြို့တစ်မြို့လုံးအနှံ့ဖြန့်ကျက်ပြီးတော့ အဲ့ဒီလူရဲ့လှုပ်ရှားမှုတွေကို အနီးကပ်အာရုံစိုက်ခိုင်းရမယ်...တကယ်လို့ သတင်းတခုခုရလာရင် ငါက မင်းတို့အားလုံးကို အမြန်ဆုံး အကြောင်းကြားမယ်"

"ဟုတ်ကဲ့"

ထို့နောက် နတ်ဆိုးတချို့သည် အနက်ရောင်အလင်းတန်းများအသွင်သို့ ပြောင်းလဲပြီး မြို့၏အရပ်မျက်နှာအဘက်ဘက်သို့ ပျံသန်းသွားတော့သည်။

ဤအမိန့်ကို ထုတ်ပြန်ကြေငြာလိုက်သည်နှင့်နတ်ဆိုးမြို့အတွင်းတွင်ရှိနေသော နတ်ဆိုးများအားလုံးသည် စတင်၍လှုပ်ရှားလိုက်ကြကာ သူတို့သည် တစ်ယောက်ပြီးတစ်ယောက် လူသားအသွင်ကို ပြောင်းလဲလိုက်ကြ၏။

Chapter 874

နောက်ဆုံး၌ မြို့၏ခန်းမအတွင်းတွင်ရှိနေသော ဟေးယင်သည်လည်း သူ့ကိုယ်သူ အသွင်ပြောင်းလဲလိုက်သည်။

သူ ကျင့်ကြံခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ပြီဖြစ်သော်လည်း သူ မြင်တွေ့ဖူးသောလူသားဟူ၍ လက်တစ်ဆုပ်စာသာရှိသည်။ထို့ကြောင့်သူ၏တစစီဖြစ်နေသော မှတ်ဉာဏ်များအရ လူလတ်ပိုင်းကြီးတစ်ယောက်အသွင်သို့ ပြောင်းလဲလိုက်သည်။

ခန်းမအတွင်း၌ နတ်ဆိုးများ စုဝေးနေသည်ကိုကြည့်ပြီး ဟေးယင်သည် မပျော်ရွှင်မှုကို ခံစားမိလေ၏။

မည်သည်ကြောင့် ဤနေရာတွင် နတ်ဆိုးအမြောက်အများ စုဝေးနေသနည်း....

ဤသည်မှာ ထိုလူသား၏အာရုံစိုက်မှုကို ဆွဲဆောင်သကဲ့သို့ ဖြစ်သွားမည်မဟုတ်လော....

"မင်းတို့ကောင်တွေ လူခွဲကြစမ်း....ဒီနေရာမှာ စုမနေကြနဲ့...မင်းတို့ အပြင်ကိုထွက်ပြီးရင် ငါ့လိုပဲလူသားတစ်ယောက်အသွင် ချက်ချင်းပြောင်းကြစမ်း...မင်းတို့ ငါ ပြောတာကို ကြားရဲ့လား..."

ဟေးယင်က အမိန့်ပေးသည်။

"မင်းတို့ထဲက အများစုက လူသားတစ်ယောက်ကို ဘယ်တုန်းကမှ မမြင်တွေ့ခဲ့ဖူးဘူး...ဒါကြောင့် လူသားတစ်ယောက်က ဘယ်လိုပုံစံရှိလဲဆိုတာ မင်းတို့ သိမှာမဟုတ်ဘူး...ငါ့ရဲ့ပုံစံကို သေချာကြည့်ကြစမ်း...မင်းတို့ အပြင်ကိုရောက်တာနဲ့ သေချာဂရုစိုက်ပြီးတော့ အသွင်ပြောင်းရမယ်"

"ဟုတ်ကဲ့"

နတ်ဆိုးများအားလုံး၏မျက်လုံးကြီးများသည် ဟေးယင်ထံသို့ စူးစိုက်၍ကျရောက်လာပေ၏။အချိန်တခဏကြာအောင်ကြည့်ပြီးနောက် နတ်ဆိုးများသည် အနက်ရောင်အလင်းတန်းများအသွင်သို့ ပြောင်းလဲကာ ခန်းမအတွင်းမှ ထွက်ခွာသွားတော့သည်။

ပင်မခန်းမအတွင်းမှ ထွက်ခွာခဲ့သော နတ်ဆိုးများအားလုံးသည် အတူတကွစုဝေးကာ စတင်၍အသွင်ပြောင်းလဲလိုက်ကြ၏။

ဟေးယင်၏ရှင်းပြချက်အရ သူတို့အားလုံး၏ အစုလိုက်ပြုံလိုက်အသွင်ပြောင်းမှုသည် လူလတ်ပိုင်းကြီးတစ်ယောက်၏ပုံပန်းသွင်ပြင်မျိုး ဖြစ်နေသည်။

ရုတ်ချည်းဆိုသလိုပင်...

ချွတ်စွတ်တူညီနေသော လူလတ်ပိုင်းကြီးသုံးဆယ်ကျော်သည် နေရာ၌ အတူတကွမတ်တတ်ရပ်နေကြ၏။

"မြန်မြန်လေး...တစ်ယောက်ကိုတစ်ယောက် သေချာကြည့်ကြစမ်း...အမှားအယွင်းတစ်ခုခုရှိလားဆိုတာ သေချာကြည့်ကြအုံး"

"အမှန်ပဲ....ငါတို့တွေ တစ်ယောက်ကိုတစ်ယောက်ကူညီပြီးတော့ သေချာကြည့်ရမယ်...တကယ်လို့ တစ်ယောက်ယောက်က အမှားအယွင်းလုပ်ထားရင် အရှင်ဟေးယင်က သူ့ကို ခွင့်လွှတ်ပေးမှာမဟုတ်ဘူး"

နတ်ဆိုးများအားလုံးသည် စိုးရိမ်ပူပန်စွာဖြင့်ပြောဆိုကာ တစ်ချိန်တည်းမှာပင် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

"မင်းမှာ လက်တွေပိုနေတယ်...."

"အမြှီ....အမြှီးကို မြန်မြန်ဖွက်လိုက်စမ်း...."

"ဆံပင်...ဆံပင်...အရှင်ဟေးယင်ရဲ့ဆံပင်က ဒီလောက်ထိ မရှည်ဘူး"

သူတို့အားလုံးသည် အချိန်တစ်ခဏကြာခန့်အချင်းချင်းကြည့်လိုက်ကြပြီးနောက် သူတို့အားလုံး တထပ်တည်းတူညီအောင် ကြိုးစားပြီးမှသာ စိတ်သက်သာရာရသွားကြသည်။

"အခုက အဆင်ပြေသွားပြီ...အရှင်ဟေးယင်ရဲ့ညွှန်ကြားချက်တွေကို လိုက်နာပြီးတော့ မြန်မြန်လုပ်ကြရအောင်"

သူတို့အားလုံးသည် ခေါင်းညိတ်လိုက်ပြီးနောက် အရပ်မျက်နှာအဘက်ဘက်သို့ အလျှင်အမြန် လူစုခွဲ၍ ထွက်ခွာခဲ့တော့သည်။

မြို့စွန်၌....

ရီဖုန်းသည် ခန္ဓာကိုယ်အပေါ်ပိုင်းကို ဗလာကျင်းထားကာ ဘောင်းဘီတိုကိုဝတ်ထားပြီး သူ၏လက်အတွင်း၌ ဓားရှည်တစ်လက်ကိုကိုင်၍ လမ်းလျှောက်နေသည်။

ဤသည်မှာ နတ်ဆိုးများနေထိုင်သော မြို့တစ်မြို့ဖြစ်နေမည်ဟု သူ တစ်ကြိမ်တစ်ခါမျှ တွေးထင်မထားမိချေ။

မြို့ထဲသို့ဝင်ပြီးနောက် သူသည် နတ်ဆိုးအမြောက်အများကို ရှာဖွေတွေ့ရှိမိလေ၏။

သို့ရာတွင် မြို့အတွင်းရှိနတ်ဆိုးများသည် သူ ယခင်က မြင်တွေ့ခဲ့ဖူးသော ခွေးနတ်ဆိုးများကဲ့သို့ အသိဥာဏ်မရှိကြချေ။သူတို့သည် လူသားအငွေ့အသက်ကို အနံ့ခံမိသည်နှင့် သူတို့အနက်မှအများစုသည် ချက်ချင်းဆိုသလိုပင် ထွက်ပြေးသွားကြသည်။

ဤသည်ကြောင့် ရီဖုန်းကို အလွန်အမင်း အံ့အားသင့်သွားစေသည်။

ဤမြိူ့သည် အလွန်ကြီးမားသဖြင့် သူ့အားသတ်ဖြတ်နိုင်မည့် နတ်ဆိုးတစ်ကောင်ကို ရှာတွေ့နိုင်မည်ဟု သူ တွေးထင်ခဲ့သည်။

ထို့ကြောင့် သူ ယခင်က တစ်ကြိမ်တစ်ခါမျှ မြင်တွေ့ဖူးခြင်းမရှိသော နတ်ဆိုးအားမြင်တွေ့သည်နှင့် တစ်ဖက်ရန်သူကို သူ့အား တိုက်ခိုက်ခွင့်ပြုခဲ့သည်။

ရီဖုန်းသည် သူ၏နောက်ဆုံးလက်ကျန်ဝတ်စုံကိုချွေတာရန်အလို့ငှာ သူ့ထံ၌ ရွေးချယ်စရာမရှိတော့သဖြင့် သူ၏ဘောင်းဘီရှည်နှင့်အင်္ကျီကို ချွတ်ထားရသည်။

သို့ရာတွင် သူ မြို့အတွင်းသို့ အတော်လှမ်းလှမ်းထိ ဝင်ခဲ့သည့်တိုင် မည်သည်ကြောင့် အစွမ်းထက်သောနတ်ဆိုး တစ်ကောင်တစ်လေကိုမျှ ရှာမတွေ့သနည်း....

နတ်ဆိုးအနည်းငယ်ကိုသာ သတ်ဖြတ်ရသေးသော ရီဖုန်းသည် အနည်းငယ်စိတ်ပျက်သွားပေ၏။

ဤကဲ့သို့ကိစ္စမျိုး ရှိနေသဖြင့် ဤနေရာသည် လူသားမြို့တစ်မြို့ ဖြစ်နေနိုင်သည်။အနည်းဆုံးအနေဖြင့် သူသည် နေရာတစ်နေရာကိုရှာဖွေကာ အနားယူနိုင်ပြီး သူ၏ဗိုက်ကိုဖြည့်တင်းရန် စားသောက်ဆိုင်တစ်ဆိုင်ကို ရှာဖွေနိုင်ပေမည်။

ရီဖုန်းသည် ထိုသို့တွေးတောရင်း နတ်ဆိုးများ တဖြည်းဖြည်းပျောက်ကွယ်သွားသည်ကို ရုတ်တရက် သတိပြုမိသွားသည်။

ထို့နောက် သူ့ရှေ့ရှိလမ်းပေါ်တွင် လူသားတစ်ယောက်၏အရိပ်အယောင်ကို သူ ရှာဖွေတွေ့ရှိမိလေ၏။

"အမ်...."

"ဒီမြို့ထဲမှာ လူသားတစ်ယောက် ရှိနေတာလား...."

ရီဖုန်းသည် ထိုလူ၏နောက်သို့ အလျှင်အမြန်လိုက်လံဖမ်းဆီးပြီး သူ၏ရှေ့သို့ ရောက်ရှိသွားသည်။

ဤအချိန်အခိုက်အတန့်တွင် ဟေးယင်ဆီမှအမိန့်ကိုရရှိထားသဖြင့် မြို့အတွင်း၌ရှိနေသောနတ်ဆိုးများအားလုံး လူသားအသွင်သို့ပြောင်းလဲထားကြသည်။ထိုကြောင့် ဤနတ်ဆိုးသည် ရီဖုန်းနှင့်ဆုံတွေ့ရသော အချိန်အခိုက်အတန့်တွင် ထိတ်လန့်ကြောက်ရွံ့မှုကြောင့် သူ၏ခြေထောက်များ ပျော့ခွေသွားသည်။

နတ်ဆိုး၏လက်များတုန်ရီနေကာ သူသည် ​မည်ကဲ့သို့ပြုလုပ်ရမည်ကို မသိတော့ဘဲ ရီဖုန်းကို စူးစိုက်၍ကြည့်နေလေ၏။သူသည် အချိန်အတော်ကြာသည်အထိ စကားတစ်လုံးမျှ ပြောဆိုနိုင်ခြင်းမရှိချေ။

"ဟူး...သနားဖို့ကောင်းတဲ့ လူတစ်ယောက်ကို ထပ်တွေ့ပြန်ပြီ"

ရီဖုန်းသည် သက်ပြင်းတစ်ချက်ရှိုက်ကာ ထိုလူကို လျစ်လျူရှုပြီး ရှေ့သို့ဆက်လက်၍ လျှောက်လှမ်းခဲ့တော့သည်။

ဤနေရာတွင်ရှိနေသော နတ်ဆိုးများသည် ဤမြင်ကွင်းကို မြင်တွေ့ချိန်၌ သူတို့အားလုံး၏မျက်လုံးများ တောက်ပသွားသည်။

ဤနတ်ဆိုးကောင်သည် ထပ်မံ၍သတ်ဖြတ်နိုင်ခြင်း မရှိတော့ချေ....အမ် မဟုတ်သေးချေ...ဤလူသားသည် နတ်ဆိုးများအား ထပ်မံ၍ သတ်ဖြတ်နိုင်ခြင်းမရှိတော့ပေ။

ဤသတင်းသည် အလွန်လျှင်မြန်စွာဖြင့် နတ်ဆိုးမြို့အတွင်းရှိပင်မခန်းမသို့ ရောက်ရှိသွားလေ၏။

"အရမ်းကောင်းတယ်...."

ဟေးယင်က စိတ်လှုပ်ရှားသောအမူအယာဖြင့် ကုံးတ၏ပခုံးကို ပုတ်လိုက်သည်။

"ကုံးတ...ဒီတစ်ကြိမ်မှာ ငါတို့နတ်ဆိုးမြို့က ဘေးကပ်ဆိုးကြီးကနေ ရှင်သန်နိုင်တော့မယ်... ဒါက မင်းတို့ညီအစ်ကိုနှစ်ယောက်ရဲ့ ကြီးမားတဲ့အကျိုးဆောင်မှုကြောင့်ပဲ"

ဟေးယင်က ချီးမွမ်းစကားပြောဆိုသည်။

ကုံးတနှင့်ကုံးအာတို့သည် သူတို့၏နဖူးများပေါ်ရှိ ဇောချွေးများကိုသုတ်ကာ စိတ်သက်သာရာသွားပြီး သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။ထို့နောက် ကုံးတက ပြောဆိုသည်။

"ကြည့်ရတာတော့ အဲ့ဒီလူသားက ယုံကြည်စပြုလာတဲ့ပုံပဲ... နောက်ထပ်လုပ်ရမယ့်ကိစ္စကတော့ ငါတို့ဆက်ပြီးတော့ သူ့ကို လှည့်စားရမယ်"

"ကောင်းတယ်....မင်း ပြောတာကောင်းတယ်...ငါက သူတို့အားလုံးကို မျတ်ခြေမပြတ်စောင့်ကြည့်ဖို့ ပြောထားတယ်...ငါတို့က ဒီနေရာမှာနေပြီးတော့ သတင်းတွေကို စောင့်ဆိုင်းနေရုံပဲ"

ဟေးယင်သည် နောက်ဆုံး၌ စိတ်သက်သာရာရသွားပေ၏။

နတ်ဆိုးမြို့အတွင်း၌ လမ်းလျှောက်နေသော ရီဖုန်းသည် လူသားများအား ပို၍ပို၍မြင်တွေ့မိသည်။

ထို့ပြင် နတ်ဆိုးများ တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့သည်။

"ကြည့်ရတာတော့ ဒီမြို့က နတ်ဆိုးတွေရဲ့လက်ထဲကို လုံးလုံးလျားလျား ကျမသွားသေးတဲ့ပုံပဲ....နတ်ဆိုးတချို့က မြို့ထဲကို ဝင်လာပြီးတော့အစွန်အဖျားနေရာတွေမှာ ကျင်လည်ကျက်စားနေတာပဲဖြစ်မယ်"

ရီဖုန်းက ရုတ်တရက် ဤကဲ့သို့ ကောက်ချက်ချလိုက်သည်။

သူ၏နံဘေးတွင်ရှိနေသော လူများ၏ တုန်ရီနေသောပုံပန်းသွင်ပြင်များကို ကြည့်ခြင်းအားဖြင့် သူတို့သည် နတ်ဆိုးများကို ထိတ်လန့်ကြောက်ရွံ့နေသည်မှာ သိသာထင်ရှားသည်။

သူတို့အားလုံးသည် သနားဖွယ်ကောင်းသောလူများပင်။

သို့သော် သူ နောက်တကြိမ် ကြည့်လိုက်မိချိန်၌ ဤနေရာတွင် သူ မြင်တွေ့ရသောလူများသည် အလွန်ထူးဆန်းနေပေ၏။

သူတို့သည် ကိုးယိုးကားယားလမ်းလျှောက်နေကာ တချို့လူများ၏ခြေထောက်များခွင်နေပြီး အမှန်တကယ်ကို ထူးဆန်းနေသည်။

သူတို့၏ပုံပန်းသင်ပြင်များကို ပြောပြနိုင်ရန်ပင်အလွန်အမင်းခက်ခဲသည်။သူတို့၏မျက်လုံးများနှင့်နှာခေါင်းများသည် အလွန်အမင်းအချိုးမကျသောကြောင့် အကျည်းတန်သည်ဟု ဆိုနိုင်ပေ၏။

သို့ရာတွင် ရီဖုန်းသည် ဤလူများ၏ပုံပန်းသွင်ပြင်နှင့် ပတ်သက်ပြီး များစွာဂရုမစိုက်ချေ။

ဥပမာအနေဖြင့် သူ၏အတိတ်ဘဝတွင် အသားအရောင်အမျိုးမျိုးရှိသော လူမျိုးများ ရှိနေသည့်အပြင် ဘိုးဘွားများ၏မျိုးရိုးကိုလိုက်သော လူမျိုးစုများလည်းရှိနေသည်။

မည်သို့ပင်ဆိုစေကာမူ လူသားများအကြားတွင် အဆင့်အတန်း အနိမ့်အမြင့်ကို ခွဲခြား၍မရချေ။

ပြောရမယ်ဆိုလျှင် ဤလူများအကြားတွင် သူ၏ချောမောခန့်ညားမှု ပို၍ပေါ်လွင်သွားသည်မဟုတ်လော....

ရီဖုန်းသည် အတွေးများကိုဖယ်ရှားပြီး ဆက်လက်၍လမ်းလျှောက်လိုက်သည်။

သို့ရာတွင် အချိန်တခဏကြာခန့် လျှောက်လှမ်းပြီးနောက် သူ၏ပါးစပ်မှနေ၍ တီးတိုးရေရွတ်လိုက်သည်။

"ဒီမြို့ကြီးပျက်သွားတာက အရမ်းထူးဆန်းတယ်...နတ်ဆိုးတွေရဲ့ကျူးကျော်တာကို ခံနေရတယ်ဆိုပေမယ့် လူသားတွေအများကြီး အသက်ရှင်နေမှတော့ စီးပွားရေးလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ ဆိုင်ရှင်တချို့တော့ ရှိသင့်တယ်"

ရီဖုန်း ပြောဆိုသည်မှာ အမှန်ပင်။

နေရာတနေရာသည် မည်မျှထိ ဆင်းရဲနွမ်းပါးနေပါစေ သို့မဟုတ် ဖရိုဖရဲဖြစ်နေပါစေ ဤနေရာတွင် လူသားများရှိနေသဖြင့် စီးပွားရေးလုပ်ငန်းများလည်း ရှိနေရပေမည်။

သို့ရာတွင်...

ရီဖုန်း၏ လွှတ်ခနဲပြောဆိုလိုက်သော စကားတစ်ခွန်းသည်​ နတ်ဆိုးမြို့၏ပင်မခန်းမထံသို့ သတင်းရောက်ရှိသွားချိန်၌ မည်ကဲ့သို့တုံ့ပြန်မှုမျိုး ဖြစ်လာသည်ကို သူ မသိရှိချေ။

ဟေးယင်သည် ခန်းမအတွင်း၌ ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်နေပေ၏။

"ဒါက နည်းနည်းတော့ အတိမ်းအစောင်းဖြစ်သွားခဲ့ပြီ"

"နည်းလမ်းတစ်ခု စဉ်းစားကြစမ်း...တကယ်လို့ မင်းတို့တွေ နည်းလမ်းတစ်ခုကို မစဉ်းစားနိုင်ဘူးဆိုရင် အဲ့ဒီနတ်ဆိုးကောင်က သဲလွန်စတစ်ခု ရှာတွေ့သွားမှာကို စိုးရိမ်ရတယ်"

ဟေးယင်က စိုးရိမ်ပူပန်တကြီး ပြောဆိုသည်။

"မြန်မြန်လေး အမိန့်ထုတ်ပြန်လိုက်စမ်း...ဘာကိစ္စပဲဖြစ်နေနေ ဒီမြို့ကို လူသားမြို့တစ်မြို့နဲ့ ဘာကွဲပြားခြားနားမှုမှမရှိအောင် လုပ်ရမယ်....ဒါကြောင့် မင်းတို့တွေက ပြုပြင်ထိန်းသိမ်းဖို့ လိုအပ်တဲ့ကိစ္စတွေကို အမြန်ဆုံးလုပ်ဆောင်ရမယ်"

"စီးပွားရေးလုပ်ငန်းလုပ်ဆောင်ဖို့ စားသောက်ဆိုင်တွေဖွင့်ဖို့ ဆိုင်ခန်းတွေဖွင့်ဖို့အတွက် အမြန်ဆုံးစီစဉ်နိုင်အောင် ကြိုးစားရမယ်"

"မင်းတို့ ဘာနည်းလမ်းကို အသုံးပြုတယ်ဆိုတာ ငါ ဂရုမစိုက်ဘူး...အတိုချုပ်ပြောရရင် ငါက သူ့ကို ဘာသဲလွန်စကိုမှ ရှာမတွေ့သွားစေချင်ဘူး"

"တကယ်လို့ တစ်ယောက်ယောက်က ထုတ်ဖော်ခံလိုက်ရတယ်ဆိုရင် ဘယ်မျိုးနွယ်ကပဲ ဖြစ်နေပါစေ အဲဒီမျိုးနွယ်တစ်ခုလုံးကို ငါက အမြစ်ပြတ်သုတ်သင်မယ်"

"ဘယ်လိုပဲဖြစ်ဖြစ် တကယ်လို့ မင်းတို့ သေသွားရင်တောင် သူ့ကို အကြောင်းအရင်းတစ်ခုကိုမမြင်ခွင့်ပြုလို့မရဘူး။

ဟေးရင်၏ပြတ်သားသောအမိန့်သည် ပင်မခန်းမမှနေ၍ ထွက်ပေါ်လာကာ မြို့၏အရပ်မျက်နှာအဘက်ဘက်သို့ အလွန်လျှင်မြန်စွာ ပျံ့နှံ့သွားသည်။

လူသားအသွင်ပြောင်းလဲထားသော နတ်ဆိုးများသည် လမ်းများပေါ်၌ စျေးဆိုင်များကို ဖွင့်လှစ်လိုက်ကြသည်။

ဟေးယင်၏ခြိမ်းခြောက်စကားကြောင့် နတ်ဆိုးမျိုးနွယ်များ၏ခေါင်းဆောင်များသည် ဆိုင်များကို သူတို့ကိုယ်တိုင်ဦးစီး၍ ဖွင့်လှစ်လိုက်ကြသည်။သူတို့သည် သူတို့၏လက်အောက်ငယ်သားများ အမှားအယွင်းတစ်ခုခုလုပ်ဆောင်မိမည်ကို ကြောက်ရွံ့နေကြ၏။

"အမ်...."

"ငါ နောက်ဆုံးတော့ စျေးတစ်စျေးကို မြင်ရပြီ"

ရီဖုန်းသည် လမ်း၏ဘေးတစ်ဖက်တစ်ချက်၌ရှိနေသော ဈေးဆိုင်များကိုကြည့်ပြီး သူ၏မျက်နှာပေါ်၌ ပျော်ရွှင်မှုအရိပ်အယောင်တချို့ ထင်ဟပ်လာသည်။

သူ၏အာခေါင် ခြောက်ကပ်လာသကဲ့သို့ ခံစားရသဖြင့် စျေးဆိုင်တစ်ဆိုင်ထံသို့ အလျှင်အမြန်လျှောက်လှမ်းသွားလိုက်၏။

လမ်းဘေးဈေးသည်အဖြစ် အယောင်ဆောင်ထားသော ဝက်ဝံမျိုးနွယ်၏ခေါင်းဆောင်ကူရှုံးသည် သူ၏လက်အောက်ငယ်သားများ အမှားအယွင်း ပြုလုပ်မိမည်ကို စိုးရိမ်ထိတ်လန့်သဖြင့်သူကိုယ်တိုင် ထွက်လာခဲ့သည်။သူသည် ဤနတ်ဆိုးကောင်နှင့် ရင်ဆိုင်ကြုံတွေ့ရမည်ဟု တစ်ကြိမ်တခါမျှ တွေးထင်မထားမိချေ။

သို့ရာတွင် ဤကိစ္စ၏လေးနက်မှုကို အမှတ်ရသွားချိန်တွင် သူသည် အံ့တင်းတင်းကြိတ်ကာ ရီဖုန်းကိုစူးစိုက်ကြည့်ပြီး အကောင်းဆုံးကြိုးစား၍ တည်ငြိမ်အောင်ပြုလုပ်လိုက်သည်။

"မင်းရဲ့စျေးဆိုင်မှာ ဘာမှလည်း မရှိဘူး...မင်းက ဘာရောင်းတာလဲ"

အစားအစာရှာဖွေနေသော ရီဖုန်းသည် စဥ့်နီတုံးတစ်တုံးနှင့်ဓားတစ်လက်သာရှိပြီး တခြားမည်သည့်အရာမျှမရှိသည့် စျေးဆိုင်ကိုကြည့်ပြီး သူ၏မျက်နှာအမူအယာ ချက်ချင်းပျက်ယွင်းသွားသည်။

ကူရှုံးသည် ထိုစကားများကိုကြားချိန်တွင် သူ၏ခန္ဓာကိုယ်မှ ဇောချွေးများ ပွင့်အံ့ထွက်လာသည်။

"ဟုတ်....ဟုတ်ကဲ့..."

သူသည် အံ့တင်းတင်းကြိတ်ကာ အထစ်ထစ်အငေါ့ငေါ့လေသံဖြင့် ပြောဆိုလိုက်သည်။

"အော်...ဒါဆိုရင် မင်းက ဘာရောင်းတာလဲ"

ရီဖုန်းက သံသယဖြင့်မေးမြန်းသည်။

ကူရှုံးသည် အချိန်အတော်ကြာခန့် တွေဝေတုံ့ဆိုင်းနေပြီးနောက် သူသည် စကားလုံးနှစ်လုံးကိုသာ ပြောဆိုနိုင်ခဲ့သည်။

"ဝက်ဝံ....ဝက်ဝံလက်ကြော်...."

"အော် အဲ့ဒါက အရသာကောင်းလား...ငါ့ကို တစ်ခုပေးစမ်း ငါ မြည်းကြည့်မယ်"

ရီဖုန်းက ရှေ့သို့ထပ်မံ၍စူးစိုက်ကြည့်ပြီး တည်ငြိမ်စွာပြောဆိုသည်။

"ငါ့ကို ဝက်ဝံလက်တစ်ချောင်းနဲ့ ဝိုင်အရက်တစ်အိုးပေးပါ"

"ကောင်းပြီ...ကောင်းပါပြီ...."

ကူရှုံးက တုန်တုန်ရီရီဖြင့် တုံ့ပြန်သည်။

သူသည် အချိန်အတော်ကြာ မတ်တတ်ရပ်နေပြီးနောက် ဟေးယင်၏သေမိန့်ကို အမှတ်ရသွားသည်။ထို့ကြောင့် သူ၏လက်ကိုဆန့်တန်းကာ အံ့တင်းတင်းကြိတ်ပြီး ဓားဖြင့်ခုတ်ပိုင်းလိုက်၏။

ပြတ်တောက်သွားသောလက်ကို သူ၏အင်္ကျီလက်အတွင်း၌ဝှက်၍ သူသည် အလေးအနက်ထားကာ သူ၏ဝက်ဝံလက်ကို စတင်၍ကြော်လိုက်တော့သည်။

Chapter 875

ဤနေရာကို အနီးကပ်အာရုံစူးစိုက်နေသော ဟေးယင်သည် ချက်ချင်းဆိုသလိုပင် သူ၏​ချွေးများကိုသုတ်လိုက်၏။

စျေးဆိုင်များသည် မည်ကဲ့သို့ပုံစံမျိုး ရှိသည်ကို သူတို့ မည်သည်ကြောင့် သိရှိနိုင်မည်နည်း။

သူသည် သူ၏စိတ်အတွင်းမှနေ၍ ကူရှုံးကို တိတ်တဆိတ်ချီးမွမ်းလိုက်သည်။

ကူရှုံးသည် ဉာဏ်အနည်းငယ်ကောင်းပေ၏။

ရုတ်ချည်းဆိုသလိုပင် ဟေးယင်က အမိန့်တစ်ခုကို ထုတ်ပြန်ကြော်ညာလိုက်သည်။

ထိုအမိန့်ကိုရရှိပြီးနောက် နတ်ဆိုးများအားလုံးသည် လိုအပ်သောပစ္စည်းများကို အလျှင်အမြန်ပြင်ဆင်လိုက်ကြသည်။သူတို့သည် ကူရှုံး၏ခြေရာအတိုင်း မလိုက်လိုသည်မှာ သိသာထင်ရှားလှ၏။

"ဒါနဲ့ ဝိုင်အရက် လိုနေသေးတယ်...အဲ့ဒီနတ်ဆိုးကောင်က ဝိုင်အရက်လိုချင်နေတယ်"

ဟေးယင်က နောက်ပြဿနာတစ်ခုကြောင့် ထိတ်လန့်တုန်လှုပ်သွားသည်။

ဤသည်မှာ နတ်ဆိုးများစုဝေးနေသော မြို့တစ်မြို့ဖြစ်သဖြင့် မည်သည့်နေရာမှနေ၍ ဝိုင်အရက်ကို ရရှိနိုင်မည်နည်း....

ဟေးယင်သည် ခန်းမအတွင်း၌ အချိန်အတော်ကြာသည်အထိ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေရင်း နောက်ဆုံး၌ တစ်စုံတစ်ခုကို တွေးတောမိသွားသည်။

သူသည် ခန်းမ၏အနက်ရှိုင်းဆုံးနေရာသို့ သွားကာ အနက်ရောင်ယင်ချီများကို တွန်းထုတ်လိုက်သည်။ထို့နောက် တုန်ခါသံတစ်သံနှင့်အတူ မြေပြင်မှနေ၍ ယဇ်ပလ္လင်တစ်ခု တဖြည်းဖြည်းမြင့်တက်လာသည်။

ဟေးယင်သည် ယဇ်ပလ္လင်ထံသို့ အလျှင်အမြန်လျှောက်လှမ်းသွားပြီး နံဘေးတွင်ရှိနေသော ကျောက်ရုပ်ထုတစ်ခုပေါ်သို့ သူ့၏လက်ဝါးကိုတင်လိုက်သည်။

အနက်ရောင်အလင်းတန်းများ ပျံ့နှံ့သွားခြင်းနှင့်အတူ...

ဟေးယင်သည် မြေအောက်လှိုဏ်ဂူတစ်ခုအတွင်းသို့ ရောက်ရှိသွားပေ၏။

လှိုဏ်ဂူအတွင်း၌ ပလ္လင်ခွေထိုင်နေသောပုံသဏ္ဍာန်ရှိသည့် အနက်ရောင်မြူခိုးအစုအဝေးတစ်ခု ရှိနေသည်။

ဤအချိန်အခိုက်အတန့်တွင် ဟေးယင်က အနက်ရောင်မြူခိုးအစုအဝေးနှင့် ငြင်းခုံနေသည်။ဒေါသထွက်နေသော ဟေးယင်သည် အနက်ရောင်မြူခိုးအစုအဝေးကိုကန်ကာ တချိန်တည်းမှာပင် ထိုအရာအကြားမှနေ၍ ဝိုင်အရက်တစ်အိုးကို ဆွဲယူလာခဲ့သည်။

"နတ်ဆိုးအိုကြီး...မင်းက အိုမင်းနေတာကြောင့် အသုံးမကျတော့ဘူး...ငါတို့ နတ်ဆိုးမြို့တမြို့လုံးက မင်းကို စောင့်ရှောက်ထားခဲ့တယ်..အဲ့ဒီလူသားကောင်အတွက် အရက်တစ်အိုးလိုလို့သာမဟုတ်ရင် မင်းလို ကပ်စေးနည်းတဲ့ကောင်ဆီကနေ လာမယူဘူး"

ဟေးယင်သည် ဝိုင်အရက်အိုးကိုဆုပ်ကိုင်ကာ စိတ်သက်သာရာရသွားပုံဖြင့် သက်ပြင်းရှိုက်လိုက်၏။

နတ်ဆိုးအိုကြီးမှနေ၍ ဤသည်မှာ အစွမ်းထက်သော လူသားကျင့်ကြံသူတစ်ယောက်ထံမှ ယူဆောင်လာသော ဝိုင်အရက်ဖြစ်ကာ အလွန်အဖိုးတန်သည်ကို နားထောင်ခဲ့ရသော်လည်း ဟေးယင်သည် ယခုအချိန်၌ များစွာစဉ်းစားနိုင်ခြင်းမရှိချေ။

သူ့အတွက် နတ်ဆိုးများအားလုံးကို တည်ငြိမ်အောင် ထိန်းသိမ်းနိုင်ရန်အတွက် တက်နိုင်သမျှ အရာရာတိုင်းကို လုပ်ဆောင်ရန်မှာ ပို၍အရေးကြီးသည်။

ဟေးယင်သည် ပင်မခန်းမအတွင်းသို့ ပြန်လည်ရောက်ရှိချိန်၌ ဝိုင်အရက်အိုးကို သူ၏လက်အောက်ငယ်သားမှတဆင့် ပေးပို့လိုက်သည်။

ထိုလက်အောက်ငယ်သားသည် ပင်မခန်းမမှထွက်ခွာကာ နောက်ထပ်နတ်ဆိုးတစ်ကောင်ကိုပေးပြီး တဆင့်ပြီးတဆင့် လက်ဆင့်ကမ်းလိုက်သည်။ဤနည်းလမ်းဖြင့် နတ်ဆိုးအမြောက်အများ၏လက်ဆင့်ကမ်းမှုအပြီးတွင် စိတ်မရှည်စွာစောင့်ဆိုင်းနေသော ရီဖုန်း၏စားပွဲပေါ်သို့ ဝိုင်အရက်အိုး ရောက်ရှိသွားတော့သည်။

"ဒါက တကယ့်ကို ဝိုင်အရက်ကောင်းတစ်ခုပဲ...."

"ဒါပေမဲ့ ဒီဝက်ဝံလက်ကတော့..."

ရီဖုန်းသည် အနက်ရောင်ဝက်ဝံလက်ကိုကြည့်လိုက်သော်လည်း အနည်းငယ်မျှ စားချင်စိတ်ဖြစ်မလာချေ။

"ဆိုင်ရှင်....မင်းရဲ့ချက်ပြုတ်နည်းစနစ်က တော်တော်လေး ဆိုးရွားတာပါလား"

"ဒီဝက်ဝံလက်ကိုကြည့်ရတာ မင်းက အတုအယောင်စျေးသည်တစ်ယောက်များလား"

ရီဖုန်းက ကူကယ်ရာမဲ့စွာဖြင့် စောဒကတက်လိုက်သည်။

အတုအယောင်စျေးသည်ဖြစ်သော ကူရှုံးနှင့် နောက်ကွယ်မှစောင့်ကြည့်နေသော ဟေးယင်တို့သည် အဝေးသို့ ထွက်ပြေးမိလုနီးပါးပင်။

ကံကောင်းထောက်မစွာဖြင့် ရီဖုန်းသည် စောဒကတက်ခဲ့သော်လည်း များစွာမေးမြန်းစုံစမ်းခြင်းမပြုသဖြင့် သူတို့သည် စိတ်သက်သာရာရသွားပေ၏။

သို့ရာတွင် ဤသည်​မှာ ဟေးယင်ကို သတိပေးသကဲ့သို့ ဖြစ်သွားသည်။

ကြည့်ရသည်မှာ စျေးသည်များသည် ကောင်းမွန်သောပါဝင်ပစ္စည်းများကို ပြင်ဆင်ထားရန် လိုအပ်ရုံသာမက ထိုပါဝင်ပစ္စည်းများကိုအသုံးပြု၍ နတ်ဆိုးကောင်စိတ်ကျေနပ်သည်အထိ ချက်ပြုတ်ပေးနိုင်ရန်လည်း အလွန်အရေးကြီးသည်။

နောက်ထပ်အမိန့်တစ်ခု ထုတ်ပြန်ကြော်ညာလိုက်သည်။

ဤသည်မှာ မြို့အတွင်းတွင်ရှိနေသော နတ်ဆိုးများအားလုံး မည်ကဲ့သို့ ချက်ပြုတ်ရမည်ကို စတင်၍သင်ယူရပေမည်။

ဟေးယင်သည်လည်း အချည်းနှီးမနေဘဲ သူ၏ကျင့်ကြံဆင့်စွမ်းအားတချို့ကို အသုံးပြု၍ တခြားနတ်ဆိုးများနှင့်အတူပူးပေါင်းကာ ခန်းမအတွင်း၌ အချိန်ဝင်္ကပါတစ်ခုကို ခင်းကျင်းလိုက်သည်။

ဤအချိန်ဝင်္ကပါအတွင်းတွင် တစ်လကြာမြင့်သော်လည်း ပြင်ပတွင် တစ်ရက်ခန့်သာ ကုန်ဆုံးမည်ဖြစ်သဖြင့် သူတို့အတွက် အချိန်များစွာ ချွေတာနိုင်ပေမည်။

ဟေးယင်၏ခေါင်းဆောင်မှုအောက်တွင် နတ်ဆိုးမြို့အတွင်းရှိ နတ်ဆိုးခေါင်းဆောင်ငယ်များအားလုံးသည် သူတို့၏လက်များအတွင်းတွင်ရှိနေသော နာမည်ကျော်ကြားသောလူသားများနှင့်ပတ်သက်သော သတင်းအစအနများကို ဖတ်ရှုလိုက်ကြသည်။လူသားများသည် ဟင်းလျာများချက်ပြုတ်ရန်အတွက် ဆီနှင့်ဟင်းခတ်အမွှေးအကြိုင်များကို အသုံးပြုကြောင်း သိရှိသွားသဖြင့် ထိုအရာများကိုအလျှင်အမြန်ပြင်ဆင်ကာ ခန်းမအတွင်း၌ ခင်းကျင်းလိုက်ကြသည်။ထို့ပြင် မီးဖိုကြီးအမြောက်အများကိုလည်း နေရာချထားလေ၏။

ဤနည်းလမ်းဖြင့် အချိန်ဝင်္ကပါအတွင်းတွင် သုံးရက်လေးရက်ခန့်အကြာတွင် ခန်းမတစ်ခုလုံး၌ ဟင်းသီးဟင်းရွက်များဖြင့် ပြည့်နှက်နေကာ စဥ့်နီတုံးများနှင့်မီးဖိုချောင်သုံးဓားများကို အသုံးပြု၍ ချက်ပြုတ်ရန် ပြင်ဆင်ကြတော့သည်။

မည်သို့ပင်ဆိုစေကာမူ အဆင့်မြင့်နတ်ဆိုးများသည် ဥာဏ်ရည်ဥာဏ်သွေးကောင်းမွန်ကာ လူသားများထက် ပို၍သာလွန်သည်။သူတို့အားလုံးသည် အစားအစာချက်ပြုတ်ခြင်းနည်းစနစ်များကို စူးစမ်းလေ့လာပြီးနောက် ထပ်မံ၍ပြင်ဆင်ဖြည့်စွက်ကာ လမ်းများပေါ်ရှိ ဈေးဆိုင်များ၏အခြေအနေကို ပို၍ကောင်းမွန်အောင် ပြုလုပ်လိုက်ကြသည်။

ဟေးယင်တစ်ယောက်တည်းသာလျှင် ချက်ပြုတ်ရာ၌ ပါရမီအရည်အချင်းမရှိချေ။ အချိန်ခုနစ်ရက် ကုန်ဆုံးခဲ့သည့်တိုင် သူသည် အရသာရှိသောဟင်းပွဲတခုကို​မျှ ပြုလုပ်နိုင်ခဲ့ခြင်းမရှိပေ။

သူ့၏ဟင်းပွဲများသည် ဆားငန်သွားခြင်း ပေါ့ရွှတ်ရွှတ်ဖြစ်သွားခြင်း သို့မဟုတ် တူးခြစ်သွားခြင်းတို့ ဖြစ်သွားခဲ့သည်။

သို့ရာတွင် သူသည် ဤကိစ္စကို ယုံကြည်လက်ခံနိုင်ခြင်းမရှိချေ။

နောက်ဆုံး၌ နေ့ဝက်ခန့်ကြာမြင့်ပြီးနောက် ဟေးယင်က အော်ဟစ်ကြုံးဝါးလိုက်သည်။

"ပြီးသွားပြီ..."

ဟေးယင်သည် သူ၏ ရှေ့ခါးစည်းကိုချွတ်ကာ ဝက်သားငရုတ်သီးကြော်တစ်ပွဲကို ရှေ့သို့ယူဆောင်လာခဲ့သည်။

သူသည် ခုနှစ်ရက်တိုင်တိုင် ပြင်းပြင်းထန်ထန်ကြိုးစားခဲ့ကာ ရှစ်ရာငါးဆယ့်ရှစ်ကြိမ်မြောက် ကျရှုံးပြီးနောက် ဤဟင်းပွဲကို အောင်မြင်စွာပြုလုပ်နိုင်ခဲ့လေ၏။

"ကျူးခေါင်းဆောင်...ဒါကို မြည်းကြည့်ပါအုံး"

ဟေးယင်သည် ဝက်သားငရုတ်သီးကြော်ကိုကိုင်က ဝက်နတ်ဆိုးမျိုးနွယ်၏ခေါင်းဆောင်ထံသို့ လက်ကမ်းပေးလိုက်သည်။

ကျူးလျန်သည် တုန်တုန်ရီရီဖြင့် အသားစတစ်ဖက်ကို သူ၏ပါးစပ်အတွင်းသို့ထည့်ပြီးနောက် အလျှင်အမြန်လက်မထောင်ပြလိုက်၏။

"ကောင်းတယ်...အရမ်းကောင်းတယ်...ဒါက ဒီလောကကြီးထဲမှာ အရသာအရှိဆုံးပဲ"

ဤသည်မှာ အနည်းငယ်ခါးသက်သက်နိုင်သော်လည်း ကျူးလျန်က ရိုးသားသောအမူအယာဖြင့် ချီးမွမ်းလိုက်သည်။

"တကယ်လား...."

ဟေးယင်က ပျာပျာသလဲမေးမြန်းသည်။

"ဒါက တကယ်ပြောတာပါ....အရှင်ဟေးယင်ကိုယ်တိုင် ချက်ပြုတ်ထားတဲ့ ဝက်သားငရုတ်သီးကြော်က ငါတို့လုပ်ထားတဲ့ ဟင်းပွဲတွေထဲမှာ အကောင်းဆုံးပဲ"

ကျူးလျန်က ဟေးယင်သည် ဤကိစ္စကို စိတ်ကျေနပ်ခြင်းမရှိပါက ဝက်သားငရုတ်သီးကြော်ကို ထပ်မံ၍ ချက်ပြုတ်မည်အား စိုးရိမ်မိသဖြင့် အလျှင်အမြန်ပြောဆိုလိုက်သည်။

သူ၏စိတ်နှလုံးသားအတွင်း၌ အရှင်ဟေးယင်သည် ချက်ပြုတ်ရာ၌ပါရမီမရှိဟု ညည်းတွားနေသော်လည်း ပြင်ပသို့ ထုတ်ဖော်ပြောဆိုဝံ့ခြင်းမရှိချေ။

"ကောင်းပြီလေ....ဒီလိုဆိုမှတော့ ဝက်သားငရုတ်သီးကြော်ကို လေ့ကျင့်တာက ပြီးသွားပြီ"

"လာကြစမ်း....ဝက်သားငရုတ်သီးကြော်ချက်ပြုတ်တဲ့ ငါ့ရဲ့နည်းလမ်းကို ရေးမှတ်ထားပြီးတော့ မြို့တစ်မြို့လုံးကိုဖြန့်ဝေပြီး အကောင်အထည်ဖော်ရမယ်"

ဟေးယင်က ချက်ချင်းအမိန့်ထုတ်ပြန်လိုက်သည်။သူသည် ဤကိစ္စကို အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့သဖြင့် အလွန်စိတ်လှုပ်ရှားနေပေ၏။

ဟင်းပွဲတခုကို အောင်မြင်စွာချက်ပြုတ်နိုင်ခဲ့သည့်အတွက် သူ အလွန်စိတ်ကျေနပ်နေသည်။

ထိုစကားကိုကြားချိန်တွင်....

သူ၏နံဘေးတွေရှိနေသော ကျူးလျန်သည် ခက်ခဲမှုကြောင့် မျက်ရည်များယိုစီးကျတော့လုမတက်ပင်။

ဝူး...ဝူး....ဝူး....

အရှင်ဟေးယင်သည် နောက်ဆုံး၌ ဝက်သားငရုတ်သီးကြော်ချက်ပြုတ်ခြင်းကို ရပ်တန့်လိုက်လေပြီ။အကယ်၍ သူ ဆက်လက်၍ချက်ပြုတ်ပါက ဝက်နက်ဆိုးမျိုးနွယ်သည် မျိုးတုံးလုနီးပါးဖြစ်သွားပေမည်။

"ခေါင်းဆောင်ကျူးက တာဝန်ကျေပါပေတယ်...မင်းတို့ဝက်နတ်ဆိုးတွေ ပင်ပင်ပန်းပန်းကြိုးစားခဲ့ကြတယ်"

ဟေးယင်သည် ကျူးလျန်၏ပခုံးကိုပုတ်ကာ နှစ်သိမ့်ပေးသည်။

"အဲ့ဒီနတ်ဆိုးကောင် ပြန်ထွက်သွားတဲ့အချိန်ကျရင် ငါက မင်းတို့ဝက်နက်ဆိုးတွေအတွက် ကြီးမားတဲ့ဆုလာဘ်တစ်ခုကို ပေးမယ်"

"အရှင်ဟေးယင်ကို ကျေးဇူးတင်ပါတယ်..."

ကျူးလျန်က ကျေးဇူးတင်စကား ပြောဆိုလိုက်သည်။

နောက်ထပ် ဝက်သားငရုတ်သီးကြော်နေရာတွင်ပါဝင်ပစ္စည်းသည် သူကိုယ်တိုင်ဖြစ်နေမည်ကို စိုးရိမ်မိသော်လည်း ထုတ်ဖော်ပြောဆိုဝံ့ခြင်းမရှိချေ။

ထိုကြောင့် သူ၏မျက်လုံးကိုလှန်ကြည့်ကာ တခြားနည်းလမ်းတစ်ခုကို အလျှင်အမြန်ပြောဆိုလိုက်၏။

"အရှင်ဟေးယင်...အခုလတ်တလော အချိန်တွေမှာ မင်းက ပြင်းပြင်းထန်ထန်ကြိုးစားခဲ့တယ် ...အစားအသောက်တွေ စူးစမ်းလေ့လာတဲ့လုပ်ငန်းကို ငါတို့နဲ့ပဲ ထားခဲ့ပါ... မင်း သွားပြီးတော့ ကောင်းကောင်းအနားယူသင့်တယ်"

"ဟူး....မင်း ဘယ်လိုပြောလိုက်တာလဲ"

ဟေးယင်က သူ၏လက်ကိုကာပြပြီး တည်ကြည်လေးနက်စွာပြောဆိုသည်။

"ရန်သူနဲ့ရင်ဆိုင်နေရတဲ့အချိန်မှာ ငါတို့အားလုံး ပြင်းပြင်းထန်ထန်ကြိုးစားရမယ်.....မြို့အရှင်တစ်ယောက်ဖြစ်တဲ့ ငါက ဘယ်လိုလုပ်ပြီးတော့ အနားယူနိုင်မှာလဲ"

ထိုစကားနှင့်အတူ သူ ချွတ်လိုက်သော ရှေ့ဖုံးခါးစည်းကို ပြန်ဝတ်ကာ သူ၏အင်္ကျီလက်များကိုမတင်ပြီး ပြောဆိုလိုက်၏။

"မင်းတို့ စောင့်ကြည့်ကြစမ်း....ငါက နောက်ထပ် ခရမ်းချဉ်သီးကြက်ဥကြော်တစ်ပွဲကို ချက်ပြုတ်မယ်"

ထိုစကားကိုကြားချိန်တွင်....

ဝက်နတ်ဆိုးများသည် စိတ်သက်သာရာရသွားပြီး သက်ပြင်းရှိုက်လိုက်ကြ၏။

သို့ရာတွင် တခြားတဖက်၌ရှိနေသော ကြက်နတ်ဆိုးမျိုးနွယ်၏ခေါင်းဆောင်သည် မြေပြင်ပေါ်သို့လဲကျကာ သတိလေးမေ့မြောသွားသည်။

All Chapters