← Chapters

အခန်း (၈၇၆-၈၈၀)

Vol. 59 Ch. 876-880

အခန်း (၈၇၆-၈၈၀)

Vol. 59 Ch. 876-880

Chapter 876

ဟေးယင်သည် နတ်ဆိုးများကိုဦးဆောင်၍ အချိန်ဝင်္ကပါအတွင်း၌ ချက်ပြုတ်ခြင်းကို လေ့လာနေစဥ်တွင် ရီဖုန်းသည် စားသောက်ဆိုင်၌ထိုင်၍ ဝိုင်အရက်ကို မြည်းစမ်းနေဆဲပင်။

အကြောင်းအရင်းမှာ အချိန်ဝင်္ကပါအတွင်း၌ လဝက်ခန့်ကုန်ဆုံးသွားသော်လည်း ပြင်ပလောကတွက် နေ့ဝက်သာ ကြာမြင့်သောကြောင့်ပင်။

"ကောင်းလိုက်တဲ့ ဝိုင်အရက်..."

ရီဖုန်းက ဤသည်မှာ ဝိုင်အရက်ကောင်းဖြစ်​ကြောင်း ချီးမွမ်းလိုက်သည်။ထို့နောက် သူသည် ကုန်သွားသောဝိုင်အရက်အိုးကို လှုပ်ကြည့်ပြီးနောက် မတ်တတ်ထရပ်ပြီး ပြောဆိုလိုက်၏။

"ဆိုင်ရှင်....မင်းရဲ့ဝိုင်အရက်က အရမ်းကောင်းတယ်....နောက်နေ့တွေကျရင်လည်း ငါ ဒါကို လာသောက်အုံးမယ်...."

ဤသို့ပြောဆိုပြီးနောက်.....

ရီဖုန်းက အင်မော်တယ်သလင်းကျောက်တစ်လုံးကို စားပွဲပေါ်၌ချန်ခဲ့ပြီး အေးအေးလူလူထွက်ခွာခဲ့တော့သည်။

"နောက်နေ့တွေလည်း သောက်ချင်တာလား"

ကူရှုံးသည် ရူးသွပ်လုနီးပါး ဖြစ်သွားလေ၏။

ဤသည်မှာ ယခုလက်ရှိချိန်တွင် နတ်ဆိုးမြို့အတွင်း၌ တစ်အိုးတည်းရှိသည့် ဝိုင်အရက်အိုးပင်။

သူသည် ထိုသတင်းကို အလျှင်အမြန် ပြန်ပို့လိုက်၏။

ခန်းမအတွင်း၌ ဟေးယင်သည် ခုန်ဆွခုန်ဆွဖြစ်သွားကာ အချိန်ဝင်္ကပါကို ပြန်လည်တည်ဆောက်၍ ဝိုင်အရက်အား မည်ကဲ့သို့ချက်လုပ်ရသည်ကို လေ့လာသင်ယူရန် တခြားနတ်ဆိုးတစ်စုအား တောင်းဆိုခဲ့သည်။

ကူရှုံးသည် ဖြေရှင်းချက်တစ်ခုရရှိနိုင်မည်ဟူသော တုံ့ပြန်ချက်ကိုရပြီးနောက် စိတ်သက်သာရာရသွားသည်။

သူသည် သူ၏လက်တစ်ဖက်ကို ဆုံးရှုံးခဲ့ရသော်လည်း ယနေ့၏ဘေးကပ်ဆိုးကြီးကို သူ အောင်မြင်စွာ ကျော်လွှားနိုင်လေပြီ။

သို့ရာတွင် သူ သက်ပြင်းရှိုက်နိုင်ခဲ့သည့် အချိန်မှာပင် ထွက်ခွာသွားခဲ့သော ရီဖုန်းသည် ပြန်လည်ရောက်ရှိလာကာ အပြုံးမျက်နှာနှင့် သူ့ရှေ့၌ မတ်တတ်ရပ်နေသည်ကို သူ မြင်တွေ့မိလေ၏။

ကူရှုံး၏တင်ပါး ကြုံဝင်သွားကာ သူ၏ပြတ်တောက်သွားသောလက်ကို သူ၏အင်္ကျီလက်အတွင်း၌ ဖုံးကွယ်ပြီး သူ၏စိတ်နှလုံးသားအတွင်း၌ ထိတ်လန့်တုန်လှုပ်နေသည်။

"မင်း ပါလား...မင်းမှာ တခြားဘာလိုအပ်တာ ရှိသေးလို့လဲ"

ကူရှုံးက လေးနက်သောတိုက်ပွဲတစ်ပွဲကို ရင်ဆိုင်နေရသည့် အမူအယာဖြင့် မေးမြန်းသည်။

"အင်း...နတ်ဆိုးတွေ ဘယ်နေရာမှာရှိလဲဆိုတာ မင်း သိလား...."

ရီဖုန်းက အလေးအနက်ထားသောလေသံဖြင့် မေးမြန်းသည်။

မည်သို့ပင်ဆိုစေကာမူ သူ သေလမ်းရှာရမည့်ကိစ္စကို သူ မမေ့လျော့ချေ။

သူ ကြုံတွေ့ခဲ့ရသော နတ်ဆိုးများအားလုံးသည် အားနည်းသောကြက်ကလေးငှက်ကလေးများပင်။သို့ရာတွင် ဤနေရာ၌ ထိုနတ်ဆိုးများမှလွဲ၍ ရီဖုန်းသည် တခြားသေလမ်းရှာရန် နည်းလမ်းတစ်ခုကို စဥ်းစား၍မရသဖြင့် သူသည် သူတို့ကိုသာ ဆက်လက်၍ ရှာဖွေရပေမည်။

သူသည် ထိုနတ်ဆိုးများကို သတ်ဖြတ်ခြင်းဖြင့် အစွမ်းထက်သော နတ်ဆိုးတချို့နှင့် ရင်ဆိုင်နိုင်အောင် ကြိုးစားရပေမည်။

သို့ရာတွင် ဤပြဿနာသည် ကူရှုံးအပေါ် မည်မျှထိ ထိခိုက်သွားစေသည်ကို သူ မသိရှိချေ။

"နတ်ဆိုး...နတ်ဆိုးလား...."

ကူရှုံး၏ခန္ဓာကိုယ် တုန်ရီနေသည်။

"အမှန်ပဲ...နတ်ဆိုးတွေ...အဲ့ဒီနတ်ဆိုးတွေက အရင်က မြို့စွန်မှာ ထင်ရာစိုင်းသောင်းကျမ်းနေတယ်မဟုတ်လား...."

ရီဖုန်းက တည်ကြည်လေးနက်စွာ ပြောဆိုသည်။

"ဒီနေရာက ဒေသခံတစ်ယောက်ဖြစ်တဲ့ မင်း အနေနဲ့...နတ်ဆိုးတွေ ဘယ်နေရာမှာ ရှိတယ်ဆိုတာကို သိမှာပဲလေ...ဟုတ်တယ်မလား....."

"ငါ...ငါ....ငါ...."

ကူရှုံး၏ခန္ဓာကိုယ်ပေါ်တွင် ဇောချွေးများဖြင့် ရွှဲနစ်နေသည်။သူသည် ဤမေးခွန်းကို မည်ကဲ့သို့ တုံ့ပြန်အဖြေပေးရမည်အား သူ မသိရှိချေ။သူသည် ခါးသောကြက်ဟင်းခါးသီးအစေ့ကို စားရသည့်အလား သူ၏မျက်နှာ ရှုံမဲ့နေသည်။

"ဆိုင်ရှင်....ငါက မင်းဆီကတောင် ဝယ်စားပြီးပြီလေ....မင်း ငါ့ကိုပြောပြဖို့ ဝန်လေးမနေသင့်ဘူး...."

ရီဖုန်းက သူ၏မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး မေးမြန်းသည်။

"ဒီနေရာမှာ...."

ကူရှုံးသည် ငိုကြွေးမိတော့လုမတတ်ပင်။

အချိန်အတော်ကြာ တွေဝေတုံ့ဆိုင်းနေပြီးနောက် ကူရှုံးသည် ရီဖုန်း၏မျက်နှာအမူအယာကိုကြည့်ကာ အံ့တင်းတင်းကြိတ်ပြီး စားပွဲပေါ်ရှိဓားကိုကိုင်၍ သူ၏လည်ပင်းကိုလှီးဖြတ်ကာ မြေပြင်ပေါ်သို့လဲကျပြီး သေဆုံးသွားတော့သည်။

"အမ်....ဆိုင်ရှင်...မင်း ဘာလို့ ဒီလိုလုပ်တာလဲ"

ရီဖုန်းသည် ဆွံ့အသွားပေ၏။

ဤသည်မှာ မည်သည်ကြောင့် ဖြစ်သနည်း....

သူသည် ဆိုင်ရှင်ကို ဖိအားပေးခဲ့ခြင်းမရှိချေ။သူသည် နတ်ဆိုးများ မည်သည့်နေရာ၌ရှိသည်ကို မေးမြန်းလိုခြင်းဖြစ်သည်။

သို့ရာတွင် ဆိုင်ရှင်သည် သူ့ကိုယ်သူ သေကြောင်းကြံစည်သွားခဲ့သည်။

ဖြစ်နိုင်သည်မှာ ဤနေရာရှိလူများထံတွင် အတိတ်၌ နတ်ဆိုးများနှင့်ပတ်သက်ပြီး ဝမ်းနည်းဖွယ်ကိစ္စများ ရှိနေခဲ့ပုံရသည်။

ရီဖုန်းသည် ဤသို့သာ ကောက်ချက်ချလိုက်၏။

ထို့နောက် သူသည် ဤနေရာမှထွက်ခွာခဲ့ကာ တည်းခိုခန်းတစ်ခန်းသို့သွားပြီး တည်းခိုလိုက်တော့သည်။

ရီဖုန်း၏အချိန်တခဏကြာခန့် ရပ်တန့်သွားခြင်းသည် ဟေးယင်တို့တစ်စုကို စိတ်သက်သာရာရသွားစေခဲ့သည်။

"အရှင်ဟေးယင်..."

"အခုချိန်မှာ လူသားက ငါတို့ကို လုံးလုံးလျားလျား ယုံကြည်သွားပြီးတော့ ငါတို့အပေါ်မှာ ဘာသတိထားနေမှုမှ မရှိတော့ဘူး...."

"ဘာကြိုတင်ပြင်ဆင်မှုမှမရှိတဲ့ သူ့ကို...နတ်ဆိုးမြို့ရဲ့စွမ်းအားတွေအားလုံး စုစည်းပြီးတော့ သူ ပျောက်ကွယ်သွားအောင် တိုက်ခိုက်ကြမလား"

ဟေးယင်၏နံဘေးတွင်ရှိနေသော လက်အောက်ငယ်သားတစ်ယောက်က တီးတိုးပြောဆိုသည်။

"တကယ်လို့ ငါတို့က သူ့ကို သတ်နိုင်မယ်ဆိုရင်...ဟင်းပွဲတွေကို အကြိမ်ပေါင်းရာနဲ့ချီပြီးတော့ ကြိုးစားပြီး ချက်ပြုတ်နေဖို့ မလိုတော့ဘူး"

"မင်း ဘာသိလို့လဲ..."

ရှေ့ဖုံးခါးစည်းကိုဝတ်ဆင်ထားသော ဟေးယင်သည် အိုးထဲရှိ ခရမ်းချဥ်သီးများကို လက်တစ်ဖက်ဖြင့်မွှေကာ အမူအယာကင်းမဲ့စွာဖြင့် သူ၏လက်အောက်ငယ်သားကို ကြည့်လိုက်သည်။

"ချက်ပြုတ်တယ်ဆိုတာက အသိပညာဗဟုသုတတစ်ခုပဲ....မင်းလိုနုံအတဲ့နတ်ဆိုးတစ်ကောင်က ဒီလိုစကားမျိုးတွေကို ထပ်ပြောရဲမယ်ဆိုရင် ငါ မင်းကို ခွင့်မလွှတ်ဘူး"

"ဒါပေမဲ့...."

ဟေးယင်က သူ၏မေးကိုပွတ်သပ်ပြီး ထပ်မံ၍ စဥ်းစားတွေးတောလိုက်သည်။

"နတ်ဆိုးမြို့မှာရှိတဲ့ ငါတို့ရဲ့စွမ်းအားတွေအားလုံးကို စုစည်းပြီးတော့ သူ့ကို ပျောက်ကွယ်သွားအောင် တိုက်ခိုက်မယ်ဆိုတဲ့ မင်းရဲ့စကားကိုတော့ ငါ စဥ်းစားကြည့်မယ်...."

"အရှင်....တကယ်လို့ မင်းက နတ်ဆိုးမြို့ထဲမှာရှိတဲ့ စွမ်းအားတွေကို စုစည်းဖို့ ရည်ရွယ်ထားတယ်ဆိုရင်....ကျေးဇူးပြုပြီးတော့ ဒီကိစ္စကို စတင်တာနဲ့ အဲ့ဒီလူသားကို တစ်ချက်တည်းနဲ့ သတ်ပစ်နိုင်ဖို့ သေချာအောင် လုပ်ရမယ်....အဲ့ဒီလိုမဟုတ်ဘူးဆိုရင် တကယ်လို့ မင်း သေမသွားဘူးဆိုရင်တောင် ဘေးကပ်ဆိုးကြီးတစ်ခု ဖြစ်သွားလိမ့်မယ်"

တခြားလက်အောက်ငယ်သားတစ်ယောက်က ပြောဆိုသည်။

အပိုစကားတွေ....

ငါက မင်းထက် သေရမှာကို ပိုကြောက်တယ်ဆိုတာ မင်း မသိဘူးလား....

ဟေးယင်သည် ထိုလက်အောက်ငယ်သားကို ခပ်စူးစူးတစ်ချက်ကြည့်ပြီးနောက် သူ၏မျက်လုံးကိုမှေးစင်းကာ အလေးအနက်ထား၍ စဥ်းစားတွေးတောလိုက်တော့သည်။

...

နတ်ဆိုးမြို့၏ မြေအောက်နန်းတော်၌....

ဤနေရာတွင် အနက်ရောင်မြူခိုးများဖြင့် ပြည့်နှက်နေကာ မိုးကောင်းကင်ယံထိ မြင့်တက်နေသည်။

အကယ်၍ တာအိုကြေးမုံနယ်ပယ် ကျင့်ကြံသူတစ်ယောက် ဤနေရာသို့ ရောက်ရှိလာပါက ဤအဆင့် အနက်ရောင်မြူခိုးများ၏တိုက်စားမှုကို ပိတ်ဆို့ဟန့်တားနိုင်မည်မဟုတ်ချေ။

ထူထပ်သိပ်သည်းသော အနက်ရောင်မြူခိုးများအကြားတွင် မြင့်မားသော ယဇ်ပလ္လင်တစ်ခုကို တည်ဆောက်ထားသည်။

ဤယဇ်ပလ္လင်သည် ပေတစ်ရာခန့်မြင့်မားကာ ပတ်ဝန်းကျင်တွင် ကျောက်တုံးလှေကားများကို တည်ဆောက်ထားပြီး အဝိုင်းပတ်ပုံသဏ္ဍာန်ဖြင့် လှေကားထိပ်သို့ တက်နိုင်သည်။

ဟေးယင်သည် တည်ကြည်လေးနက်သော မျက်နှာအမူအယာဖြင့် ကျောက်တုံးလှေကားအတိုင်း တစ်ဆင့်ပြီးတစ်ဆင့် တက်လှမ်းသွားလိုက်သည်။အချိန်တစ်နာရီခန့်ကြာပြီးနောက် သူသည် ယဇ်ပလ္လင်၏ထိပ်ဆုံးသို့ ရောက်ရှိသွားပေ၏။

ဤနေရာသို့အရောက်တွင် အနက်ရောင်မြူခိုးများ ပျောက်ကွယ်သွားကာ ဖရိုဖရဲမြူခိုးများက နေရာအစားထိုးဝင်ယူလာသည်။

ယဇ်ပလ္လင်၏အလယ်တွင် ရေအိုင်တစ်အိုင်ရှိနေသည်။

ရေအိုင်အတွင်းရှိရေသည် နောက်ကျိနေပြီး ထိုအရာမှနေ၍ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ရပ် ထွက်ပေါ်နေသည်။

ရေအိုင်၏အောက်ခြေတွင် အနက်ရောင်အရာတစ်ခု မလှုပ်မယှက်လဲလျောင်းနေကာ ငါးတစ်ကောင်နှင့်တူသော်လည်း ငါးမဟုတ် လိပ်တစ်ကောင်နှင့်တူသော်လည်း လိပ်မဟုတ်ဘဲ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါသည် ထိုအရာမှနေ၍ ထုတ်လွှတ်ထားခြင်းပင်။

ဟေးယင်သည် ရေအိုင်အနီးသို့ လျှောက်လှမ်းသွားပြီးနောက် ရိုသေလေးစားစွာ ဦးညွှတ်အရိုအသေပြုလိုက်သည်။

သူ့ရှေ့ရှိအရာသည် နတ်ဆိုးမျိုးနွယ်၏ပရောဟိတ်ကြီးဖြစ်ကာ နတ်ဆိုးများအားလုံး၏ဆရာသခင်အလား တည်ရှိမှုကြီးပင်။

သို့ရာတွင် ဤပရောဟိတ်ကြီးသည် မည်သည့်နတ်ဆိုးမျိုးနွယ်စုမှဖြစ်သည်ကို မည်သူတစ်ဦးတစ်ယောက်မျှ မသိရှိချေ။

သူ၏ခွန်အားကို မည်သူမျှ မသိရုံသာမက သူ လှုပ်ရှားမှုပြုလုပ်သည်ကိုလည်း မည်သူမျှ မမြင်တွေ့ဖူးသော်လည်း သူ၏အဆင့်အတန်းကို အနည်းငယ်မျှ သက်ရောက်စေခြင်းမရှိချေ။နတ်ဆိုးများအားလုံးသည် သူ့အား နတ်ဘုရားကဲ့သို့ ရိုသေလေးစားကြသည်။

အကြောင်းအရင်းမှာ သူ့ထံတွင် မေးခွန်းများအားလုံးအတွက် တုံ့ပြန်အဖြေပေးနိုင်သော အရည်အချင်းရှိသောကြောင့်ပင်။

တိကျသေချာစွာပင်....

အကယ်၍ တစ်စုံတစ်ယောက်သည် မေးခွန်းတစ်ခုအတွက် အဖြေကို သိရှိလိုပါက သက်ဆိုင်ရာတန်ကြေးကို ပေးဆပ်ရပေမည်။

ဟေးယင်သည် ဓားငယ်တစ်ချောင်းကို ထုတ်ယူပြီး သူ၏လက်ကို အနည်းငယ်ခြစ်လိုက်ရာ အနီရင့်ရင့်သွေးစက်တစ်စက်က နောက်ကျိနေသောရေအတွင်းသို့ ကျရောက်သွားသည်။

ထိုသွေးစက် ကျရောက်သွားသည်နှင့် ဟေးယင်၏မျက်နှာ အနည်းငယ်ဖြူရော်သွားသည်။

ဤသည်မှာ သူ၏အနှစ်သာရသွေးစက်ပင်

ဟေးယင်သည် သူ၏အသက်ရှုနှုန်းကို အချိန်တခဏကြာခန့် ထိန်းညှိပြီးနောက် ဓားကိုပြန်လည်၍သိမ်းဆည်းကာ ရိုသေလေးစားစွာဖြင့် မေးမြန်းလိုက်သည်။

"အရှင်နတ်ဆိုးနတ်ဘုရား....ကျေးဇူးပြုပြီးတော့ ငါ့ကို ပြောပြပါ.. အခုချိန်မှာ နတ်ဆိုးမြို့ထဲမှာရှိတဲ့ စွမ်းအားတွေအားလုံးကို စုစည်းမယ်ဆိုရင် ဘယ်လောက်ထိ သန်မာအားကောင်းနိုင်လဲ"

ထိုမေးခွန်းကို မေးမြန်းပြီးနောက် ဟေးယင်သည် တိတ်ဆိတ်ငြိမ်သက်စွာ စောင့်ဆိုင်းလိုက်၏။

အချိန်တခဏကြာပြီးနောက် နောက်ကျိနေသောရေများ လှုပ်ခတ်သွားကာ စက်ဝိုင်းပုံလှိုင်းဂယက်များ ထွက်ပေါ်လာသည်။

ထိုလှိုင်းဂယက်များထပြီးနောက် မုန်တိုင်းတခုတိုက်ခိုက်လာကာ အလွန်ကြီးမားသော လှိုင်းလုံးကြီးများထလာသည်။မြေပြင်တုန်ခါသွားမှု၏အောက်တွင် ရေအိုင်တစ်အိုင်လုံးမှနေ၍ ကျယ်လောင်သောမြည်ဟီးသံများ ထွက်ပေါ်လာပေ၏။

ဤမြင်ကွင်းကိုကြည့်ပြီး....

ဟေးယင်သည် စိတ်လှုပ်ရှားမှုကြောင့် သူ၏မျက်လုံးများ ပြူးကျယ်သွားသည်။

နတ်ဆိုးနတ်ဘုရားသည် သူ့အား တိုက်ရိုက်အဖြေပေးခြင်းမရှိသော်လည်း လှုပ်ရှားမှုတချို့မှတစ်ဆင့် သူ့ထံသို့ အဖြေကို လက်ဆင့်ကမ်းပေးအပ်ခဲ့ခြင်းပင်။

မတူကွဲပြားသော မေးခွန်းများအတွက် ခြားနားသောအကျိုးသက်ရောက်မှုများရှိနေကာ မည်သည့်အရာကို ဆိုလိုခြင်းဖြစ်သည်အား သူ ခန့်မှန်းနိုင်သည်။

နတ်ဆိုးမျိုးနွယ်အပေါ် ဟေးယင်၏နားလည်သဘောပေါက်မှုအရ ရေအိုင်၏တုံ့ပြန်မှုမှတဆင့် အဖြေကို ချက်ချင်းသိရှိသွားသည်။

ယခုအချိန်တွင် နတ်ဆိုးမြို့အတွင်း၌ စုစည်းနိုင်သောစွမ်းအားများသည် အလွန်သန်မာအားကောင်းကာ ကြောက်မက်ဖွယ်ကောင်းသောအဆင့်တစ်ခုသို့ ရောက်ရှိနေလေပြီ။

အကြောင်းအရင်းမှာ ရေအိုင်အတွင်း၌ ဤကဲ့သို့လှိုင်လုံးကြီးများ ထနေသည်ကို သူ တစ်ကြိမ်တစ်ခါ​မျှ မြင်တွေ့ဖူးခြင်းမရှိသောကြောင့်ပင်။

ထို့ပြင် မြေပြင်ကြီးတုန်ခါသွားသည်မှာ ယခုအချိန်ကာလအတွင်းတွင် နတ်ဆိုးမြို့အတွင်းရှိစွမ်းအားများကို စုစည်းပါက အလွန်ကြီးမားမည်ဟု ကိုယ်စားပြုနေသည်။

ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားအဆင့်ကြောင့် သူ၏နတ်ဆိုးမြို့အတွင်းမှ နတ်ဆိုးများသည် ဆိုးရွားသောအခြေအနေသို့ ကျရောက်မသွားမည်မှာ တိကျသေချာပေ၏။

ဟေးယင်သည် အောက်သို့ဆင်းသွားပြီးနောက် အချိန်တခဏကြာခန့် စဉ်းစားတွေးတောကာ ရေအိုင်ထံသို့ ပြန်လည်၍ရောက်ရှိလာသည်။

သူ၏လက်ပေါ်သို့ ဓားတစ်ချက်ကျသွားခြင်းနှင့်အတူ နောက်ထပ်အနှစ်သာရသွေးတစ်စက်သည် ရေအိုင်အတွင်းသို့ ကျရောက်သွားပေ၏။

"နတ်ဆိုးနတ်ဘုရားကို ထပ်ပြီးတော့ မေးပါရစေ...မြို့ထဲကို ကျူးကျော်ဝင်လာခဲ့တဲ့လူသားက ဘယ်လောက်ထိ သန်မာအားကောင်းလဲ"

ထိုသို့မေးမြန်းပြီးနောက် ဟေးယင်က စိုးရိမ်ပူပန်တကြီးဖြင့် စောင့်ဆိုင်းလိုက်သည်။

သူ့ကိုကြည့်ရသည်မှာ အလွန်အမင်းစိတ်လှုပ်ရှားနေပုံရသည်။

အကယ်၍ နတ်ဆိုးနတ်ဘုရား၏တုံ့ပြန်မှုသည် ယခင်လောက် သန်မာအားကောင်းခြင်းမရှိပါက ရီဖုန်း၏ခွန်အားသည် နတ်ဆိုးမြို့အတွင်းရှိ စွမ်းအားများအားလုံး စုစည်းထားမှုကို မယှဥ်ပြိုင်နိုင်ဟု အဓိပ္ပါယ်ရသည်။ထိုသို့ဆိုပါက သူသည် နတ်ဆိုးမြို့အတွင်းရှိ စွမ်းအားများအားလုံးကိုစုစည်းကာ ရီဖုန်းကို တိုက်ခိုက်ရပေမည်။

ထို့ပြင် အကယ်၍ ဤတစ်ကြိမ်တုံ့ပြန်မှုသည် ယခင်နှင့်တူညီနေခြင်း သို့မဟုတ် ကျော်လွန်နေခြင်းတို့ ဖြစ်လာပါက သူ ချိန်ဆရပေမည်။

သို့ရာတွင်....

ယခင်မေးခွန်းအပေါ် တုံ့ပြန်မှုကိုမြင်တွေ့ပြီးနောက် ဟေးယင်၏စိတ်နှလုံးသားအတွင်း၌ ပြင်းပြသောယုံကြည်ချက်များ ရှိနေသည်။

မည်သို့ပင်ဆိုစေကာမူ ဤကဲ့သို့ အလွန်ပြင်းထန်သောတုံ့ပြန်မှုမျိုးကို ယခင်က မြင်တွေ့ရသည်မှာ အလွန်ရှားပါးသည်။ဤသည်မှာ နတ်ဆိုးမြို့အတွင်းမှ စုစည်းနိုင်သောစွမ်းအား မည်မျှထိ သန်မာအားကောင်းသည်ကို မီးမောင်းထိုးပြနေပေ၏။

Chapter 877

သို့ရာတွင်....

ရုတ်တရက်ဖြစ်ပေါ်လာသော လှုပ်ရှားမှုတစ်ခုကြောင့် သူ အံ့အားသင့်သွားသည်။

မူလက တည်ငြိမ်နေသော ရေမျက်နှာပြင်မှနေ၍ ရုတ်တရက် မြည်ဟီးသံတစ်သံ ထွက်ပေါ်လာကာ ဗုံးတစ်လုံးပေါက်ကွဲသွားသည့်အလား ရေအိုင်တစ်အိုင်လုံး ပွင့်အံ့ထွက်လာသည်။

ရေအိုင်အတွင်းရှိရေများ ဖြာကျသွားကာ ကျောက်စရစ်ခဲများ မြောက်တက်လာပြီး မိုးကောင်းကင်ယံအတွင်း၌ ပြည့်နှက်နေသော ဖရိုဖရဲမြူခိုးများအားလုံးလည်း ပျက်ပြယ်သွားသည်။

ထို့ပြင် ရေအိုင်အတွင်း၌ လဲလျောင်းနေသော နတ်ဆိုးနတ်ဘုရားသည် လေထုအတွင်းသို့ မြောက်တက်သွားကာ ကျောက်စရစ်ခဲများအောက်တွင် သေဆုံးသွားပေ၏။

"ဒါက....."

"အရှင်နတ်ဆိုးနတ်ဘုရား...."

ဟေးယင်က ထိတ်လန့်ကြောက်ရွံစွာဖြင့် နောက်သို့ဆုတ်လိုက်သည်။သူ၏မျက်လုံးအတွင်း၌ ထိတ်လန့်ကြောက်ရွံမှုများဖြင့် ပြည့်နှက်နေကာ သူ၏မျက်နှာတပြင်လုံး စက္ကူတစ်ရွက်ကဲ့သို့ ဖြူရော်နေသည်။

ဤအချိန်အခိုက်အတန့်တွင် နတ်ဆိုးနတ်ဘုရား၏စိတ်အတွင်း၌ မိုးကြိုးကိုးစင်း တပြိုင်နက်တည်း ပေါက်ကွဲသွားသည့်အလားပင်။

ဖရိုဖရဲရေအိုင်တစ်ခုလုံး အမှန်တကယ်ကို ပေါက်ကွဲသွားလေပြီ။

အရှင်နတ်ဆိုးနတ်ဘုရားသည်လည်း တစစီပေါက်ကွဲပြီး သေဆုံးသွားခဲ့သည်။

ဤကဲ့သို့ အတိတ်နိမိတ်မျိုးသည် နတ်ဆိုးမျိုးနွယ်၏သမိုင်းစဥ်တလျှောက် တစ်ကြိမ်တစ်ခါမျှ ဖြစ်ပေါ်ခဲ့ဖူးခြင်းမရှိချေ။

ထိုလူသားသည် မည်မျှထိ သန်မာအားကောင်းနေသနည်း....

လှေကားထစ်များမှ အောက်သို့ဆင်းလာချိန်တွင် ဟေးယင်၏ခြေထောက်များ ပျော့ခွေသွားသည်။

ဤမျှထိ ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးကောင်သည် သူ စီမံအုပ်ချုပ်ရသော မြို့အတွင်း၌ မည်သည်ကြောင့် ထွက်ပေါ်လာသည်ကို သူ ရှာဖွေဖော်ထုတ်နိုင်ခြင်းမရှိသေးချေ။

သူသည် မလိုလားသော်လည်း သူ့ကိုယ်သူ နှစ်သိမ့်လိုက်၏။

သူ၏ဘဝအတွက် ရှေ့ရေးကို မျှော်တွေးရပေမည်။

သူသည် ထိုအကြောင်းကို စဥ်းစားတွေးတောရင်း ဆက်လက်၍ ကြော်လှော်ချက်ပြုတ်ရပေမည်။ဝိုင်အရက်ဖောက်ခြင်းသည်လည်း ကောင်းမွန်သောကိစ္စဖြစ်လေရာ မည်သည်ကြောင့် တိုက်ခိုက်နေရမည်နည်း။

ရီဖုန်းသည် အချိန်တခဏကြာခန့် အနားယူပြီးနောက် မြို့အတွင်း၌ ထပ်မံ၍လှည့်ပတ်သွားလိုက်သည်။

သူသည် လမ်းလျှောက်နေစဉ်အတောအတွင်း၌ အဆက်မပြတ် ညည်းတွားနေလေ၏။

ဤမြို့အတွင်း၌ မည်သည့်အဝတ်အစားဆိုင်မျှ မရှိသည့်အပြင်...

အပန်းဖြေနိုင်သည့်နေရာများလည်း ရှိမနေချေ။

ထို့ပြင် လမ်းများပေါ်တွင် ဖြတ်သန်းသွားလာနေသော လူများအနက် ရုပ်ရည်ချောမောလှပသောအမျိုးသမီးဟူ၍ တစ်ယောက်မျှ ရှိမနေပေ။

သူ ညည်းတွားလိုက်သည့်အချိန်တိုင်း ဟေးယင်သည် အလွန်စိုးရိမ်ပူပန်သွားပေ၏။သူသည် ရီဖုန်းမှ တစ်စုံတစ်ခုအား ရှာဖွေတွေ့ရှိသွားမည်ကို စိုးရိမ်ထိတ်လန့်နေသည်။အထူးသဖြင့် နတ်ဆိုးနတ်ဘုရား၏မတော်တဆဖြစ်ရပ်ကို ကြုံ​တွေ့ပြီးနောက် ဟေးယင်သည် ပို၍ပင် သတိကြီးစွာထားနေပေ၏။

တချိန်တည်းမှာပင် သူသည် အရေးပေါ်အမိန့်များကိုထုတ်ပြန်ကာ ရီဖုန်း ညည်းတွားသည့်ကိစ္စများနှင့် ပတ်သက်သည့် အရာရာတိုင်းကိုတိုးတက်အောင် အတတ်နိုင်ဆုံး ဆောင်ရွက်ခဲ့သည်။

ဤသို့ဖြင့် နောက်ထပ် လဝက်ကြာကုန်ဆုံးသွားပြီးနောက်....

နောက်ဆုံး၌ ရီဖုန်းသည် မြို့၏လမ်းများပေါ်တွင် ထပ်မံ၍လမ်းလျှောက်နေစဥ် အချိန်၌ ပို၍စည်ပင်ဝပြောလာကာ ဖြတ်သွားဖြတ်လာများဖြင့် ဆူညံပွက်လောရိုက်နေသည်အား သူ မြင်တွေ့မိသည်။

စားသောက်ဆိုင်များ ကူးသန်းရောင်းဝယ်ရေးနေရာများစသဖြင့် မြို့အတွင်း၌ အရာရာတိုင်းရှိနေသည်။

ရီဖုန်းက သူသည် လဝက်ကြာအချိန်အတွင်း၌ မြို့တစ်မြို့လုံးကို ရှေးဦးလူနေမှုဘဝမှနေ၍ ခေတ်မီလူနေမှုဘဝသို့ ပြောင်းလဲနိုင်ခဲ့မည်ဟု သူ တွေးထင်မိမည်မဟုတ်ချေ။

ဤလဝက်အချိန်ကာလအတွင်းတွင် ရီဖုန်းသည် နေရာအနှံ့အပြား၌ နတ်ဆိုးများကို ရှာဖွေခဲ့ပေ၏။

သို့ရာတွင် နတ်ဆိုးများကိုကြည့်ရသည်မှာ ပျောက်ကွယ်နေပုံရသဖြင့် ရီဖုန်း၏သေလမ်းရှာခြင်းအကြံအစည်ကို ပျောက်ကွယ်သွားစေသည်။

"ဒီသာမန်လူတွေက အန္တရာယ်နယ်မြေတွေကို သိပုံမရဘူး"

ရီဖုန်းက အံ့တင်းတင်းကြိတ်ပြီး ရေရွတ်လိုက်သည်။

အကယ်၍ သာမန်လူများသည် အန္တရာယ်နယ်မြေဟုခေါ်သော နေရာများကို သိရှိထားလျှင်ပင် သူတို့အတွက် အန္တရာယ်ရှိသောနေရာများသာ ဖြစ်နိုင်ပြီး သူ့အတွက်မည်သည့်ခြိမ်းခြောက်နိုင်မှုမျှ ရှိမည်မဟုတ်ပေ။

"ကြည့်ရတာတော့ တကယ်လို့ ငါက နတ်ဆိုးတွေကို ရှာဖွေချင်တယ်ဆိုရင် မြို့ထဲမှာရှိတဲ့ အဆင့်အတန်းအမြင့်ဆုံးလူကို ရှာရမယ့်ပုံပဲ"

"မြို့အရှင်အိမ်တော်...."

ရီဖုန်း၏မျက်လုံးအကြည့်သည် မြို့အတွင်းရှိ အမြင့်မားဆုံးအဆောက်အအုံထံသို့ ကျရောက်သွားပေ၏။

အကယ်၍ မြို့အရှင်အိမ်တော်သည် နတ်ဆိုးများရှိသည့်နေရာကို မသိရှိခြင်း သို့မဟုတ် အန္တရာယ်နယ်မြေများကို မသိရှိခြင်းတို့ ဖြစ်လာပါက ဤနေရာသည် သူ သေဆုံးရန်အတွက် ဖြစ်နိုင်တော့မည့်ပုံမရချေ။

ထိုသို့ဖြစ်လာပါက သူသည် နောက်ကြောင်းပြန်လှည့်ပြီး ထိုမိန်းကလေးကို သွားရောက်၍ရှာဖွေရပေမည်။

ထိုအကြောင်းကိုတွေးတောရင်း ရီဖုန်းသည် မြို့အရှင်အိမ်တော်ထံသို့ ဦးတည်၍ လျှောက်လှမ်းလိုက်၏။

မြို့အရှင်အိမ်တော်၏ ပင်မခန်းမအတွင်း၌....

ဟေးယင်သည် ရှေ့ဖုံးခါးစည်းကိုဝတ်ဆင်ကာ ခရမ်းချဥ်သီးကြက်ဥကြော်ကို ဆက်လက်၍ချက်ပြုတ်နေဆဲပင်။

တခြားတစ်ဖက်တွင် ကြက်နတ်ဆိုးမျိုးနွယ်၏ခေါင်းဆောင်သည် အော်ဟစ်ငိုယိုကာ မြေပြင်ပေါ်၌ သတိလစ်မေ့မျောနေသည်။

ထိုအချိန်မှာပင် အနက်ရောင်အလင်းတန်းတစ်တန်း ပျံ့လွင့်လာကာ နတ်ဆိုးတစ်ကောင်အသွင်ပြောင်းလဲပြီး ဟေးယင်၏နံဘေး၌ ဒူးထောက်လိုက်၏။

သို့ရာတွင် ထိုနတ်ဆိုးသည် အလောတကြီးဖြင့် စကားပြောတော့မည့်အချိန်မှာပင် ဟေးယင်က သူ့အား ကြားဖြတ်ဟန့်တားလိုက်သည်။

"ရှူး...."

ဤအချိန်အခိုက်အတန့်တွင် ဟေးယင်၏စိတ်သည် သူ၏လက်အတွင်းရှိ အိုးထံ၌ လုံးလုံးလျားလျား ကျရောက်နေသည်။

"ဒါပေမဲ့ အရှင်...."

လက်အောက်ငယ်သား၏မျက်နှာပေါ်တွင် အရေးကြီးသောအရိပ်အယောင်များ ထင်ဟပ်နေသည်။

"ဒါပေမဲ့ ဘာဖြစ်လဲ....အခုအချိန်မှာ ငါကအရေးကြီးတဲ့ အခိုက်အတန့်ကို ရောက်နေတယ်...တကယ်လို့ မိုးပြိုကျလာရင်တောင် ငါ ခရမ်းချဥ်သီးကြက်ဥကြော် ကြော်ပြီးတဲ့အချိန်ထိ စောင့်စမ်း...."

ဟေးယင်က တည်ကြည်လေးနက်စွာပြောဆိုကာ သူ၏မျက်လုံးအတွင်း၌ မျှော်လင့်တောင့်တသော အရိပ်အယောင်များ ရှိနေသည်။

သူသည် ခရမ်းချဉ်သီးကြက်ဥကြော်ကို အကြိမ်ပေါင်း နှစ်ထောင့်နှစ်ကြိမ်ကြိုးစားပြီးနောက် အောင်မြင်မှုနှင့်နီးစပ်လာပြီဟု ခံစားမိသည်။

သို့ရာတွင်....

သူ၏အိုးဖုံးကို ပိတ်လိုက်တော့မည့်အချိန်၌ တံခါး၏ပြင်ပမှနေ၍ အသံတစ်သံ ထွက်ပေါ်လာသည်။

"ငါ ရီဖုန်းက ဒီနေရာကို ရောက်လာခဲ့တယ်...ကျေးဇူးပြုပြီးတော့ မြို့အရှင်နဲ့ တွေ့ခွင့်ပြုပါ"

ထိုစကားလုံးများ ကျရောက်လာသည်နှင့် ဟေးယင်သည် အလွန်ထိတ်လန့်ကြောက်ရွံ့သွားကာ သူ၏လက်အတွင်းရှိအိုးကို လွှင့်ပစ်လိုက်သည်။

Chapter 878

"သူ ဒီနေရာမှာလား"

ဟေးယင်က ထိတ်လန့်တကြားဖြင့် မေးမြန်းသည်။

"အမှန်ပါပဲ အရှင်..."

နံဘေးတွင်ရှိနေသော နတ်ဆိုးက တုံ့ပြန်အဖြေပေးသည်။

"ဒါဆိုရင် မင်းက ဘာလို့ ဒီကိစ္စကို စောစောစီးစီး မပြောတာလဲ"

ဟေးယင်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

ထိုလက်အောက်ငယ်သားသည် သူ၏စိတ်နှလုံးသားအတွင်း၌ ခါးသည်းမှုနှင့်စောဒကတက်လိုမှုတို့ကို ခံစားနေရသည်။အရှင်ဟေးယင်သည် ဤကိစ္စကို ပြောခွင့်မပြုခဲ့သူဖြစ်သည်မှာ သိသာထင်ရှားလှ၏။

သို့ရာတွင် သူသည် ဤကိစ္စကို ထုတ်ဖော်ပြောဆိုဝံ့ခြင်းမရှိချေ။

"နတ်ဆိုးကောင်က ဒီနေရာကို ရောက်လာပြီ...."

"သူက ဘာလို့ ဒီနေရာကို ရောက်လာတာလဲ...."

ဟေးယင်သည် ဒယ်အိုးပူပေါ်ရှိ ပုရွက်ဆိတ်ကောင်တစ်ကောင်အလား ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေသဖြင့် လက်အောက်ငယ်သားများ၏မျက်လုံးအကြည့်များသည်လည်း သူနှင့်အတူ လူးလွန့်နေသည်။

"မင်းတို့က ဘာလို့ ငါ့ကို ကြည့်နေကြတာလဲ....နည်းလမ်းတစ်ခုကို စဥ်းစားကြလေ..."

ဟေးယင်က စိုးရိမ်ပူပန်စွာဖြင့် အော်ဟစ်လိုက်သည်။

"အရှင်....မင်းက မြို့အရှင်လေ...."

လက်အောက်ငယ်သားများအနက်မှတစ်ယောက်က သူ့အား သတိပေးသည်။ဤသည်မှာ သတိပေးခြင်းလော သို့မဟုတ် ဆူပူကြိမ်းမောင်းခြင်းလောကို သူ သေချာမပြောနိုင်ချေ။

"အမှိုက်ကောင်တွေ...."

ဟေးယင်သည် ဆူပူကြိမ်းမောင်းကာ ထပ်မံ၍ ခေါက်တုံခေါက်ပြန်လမ်းလျှောက်လိုက်၏။

ထိုနတ်ဆိုးကောင် မည်သည့်အရာအား ပြုလုပ်လိုသည်ကို သူ စဥ်းစားတွေးတောလိုက်သည်။

ဖြစ်နိုင်သည်မှာ နတ်ဆိုးကောင်သည် သဲလွန်စတစ်ခုကို ရှာတွေ့သွားသဖြင့် ပြဿနာရှာရန်ရောက်လာခြင်း ဖြစ်သလော...

သူ ယခုချက်ချင်း ထွက်ပြေးသွားသင့်သလော...

"ကျေးဇူးပြုပြီးတော့....ဒီနေရာမှာ တစ်ယောက်ယောက် ရှိနေလား"

ဟေးယင်သည် မည်ကဲ့သို့ ပြုလုပ်ရမည်ကို မသိတော့သောအချိန်မှာပင် ပြင်ပမှနေ၍ ရီဖုန်း၏အသံ ထွက်ပေါ်လာသည်။

ဟေးယင်၏ဦးရေပြား တင်းကြပ်သွားကာ သူသည် ထွက်ပြေးလွတ်မြောက်နိုင်ခြင်း မရှိသည်ကို သိရှိသွားသည်။ထို့ကြောင့် သူသည် အတတ်နိုင်ဆုံးကြိုးစား၍ ကိစ္စများအားလုံးကို ဖုံးကွယ်ရပေမည်။

သူသည် မတ်တတ်ထရပ်ကာ သူ၏အဝတ်အစားများကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြုပြင်လိုက်သည်။ထို့နောက် သူသည်နှိမ့်ချခြင်းလည်းမရှိ မောက်မာထောင်လွှားခြင်းလည်းမရှိသော အသွင်မျိုးဖြစ်အောင် အယောင်ဆောင်လိုက်၏။

"အင်း...ငါ ဒီနေရာမှာ ရှိတယ်...."

ဟေးယင်၏မျက်နှာပေါ်တွင် အပြုံးများဖြင့် ပြည့်နှက်နေကာ တစ်ချိန်တည်းမှာပင် သူ၏လက်အောက်ငယ်သားများကို မျက်စပစ်လိုက်သည်။

လက်အောက်ငယ်သားတစ်ယောက်က တံခါးကို အလျှင်အမြန်ဖွင့်လိုက်သည်။

တံခါးဝတွင် နူးညံ့သိမ်မွေ့ပုံရသည့် အဖြူရောင်ဝတ်စုံဝတ်လူငယ်တစ်ယောက် မတ်တတ်ရပ်နေသည်။

"အဟွတ်....ဧည့်သည်တော်လေး မင်း ငါ့ကိုလာရှာတာ ဘာကိစ္စရှိလို့လဲ"

ဟေးယင်က ဦးညွှတ်အရိုအသေပြုပြီး မေးမြန်းသည်။

"ငါ ပြောမှာက စကားတစ်ခွန်းနှစ်ခွန်း မဟုတ်ဘူး...ဒါကြောင့် ငါ အထဲကိုဝင်လာပြီး ထိုင်လို့ရမလား..."

ရီဖုန်းက မေးမြန်းသည်။

"ဧည့်သည်တော်လေး....အထဲကိုကြွပါ..."

ဟေးယင်သည် ရီဖုန်းကို ခန်းမအတွင်းသို့ဝင်လာရန် အလျှင်အမြန်ဖိတ်ခေါ်ပြီးနောက် သူသည်လည်း ထိုင်ခုံပေါ်၌ ထိုင်လိုက်သည်။

ရီဖုန်းသည် ထိုင်ခုံ၌ထိုင်လိုက်သောအချိန်မှာပင် သူ၏မျက်လုံးများ တောက်ပသွားသည်။

"ယိုး မင်းတို့နှစ်ယောက်ပါလား...."

ရီဖုန်းသည် ကုံးတနှင့်ကုံးအာတို့ကို ရှင်းရှင်းလင်းလင်းမှတ်မိပေ၏။

ကုံးတနှင့်ကုံးအာတို့သည် ထိုစကားကိုကြားချိန်တွင် ချက်ချင်းဆိုသလိုပင် သူတို့၏ခြေထောက်များ ​ပျော့ခွေသွားကာ ဒူးထောက်လဲကျသွားလုနီးပါးပင်။

ဤလူနှစ်ယောက် ထိတ်လန့်တုန်လှုပ်နေသည်ကိုကြည့်ပြီး ရီဖုန်း၏နှုတ်ခမ်းထောင့် အမှုမဲ့အမှတ်မဲ့ဖြင့် မြင့်တက်သွားသည်။

သူသည် နတ်ဆိုးအမြောက်အများကို သတ်ဖြတ်ခဲ့သည်အား သူတို့နှစ်ယောက် မြင်တွေ့သွားသဖြင့် ရိုးသားသူများဖြစ်သည့် သူတို့ ထိတ်လန့်ကြောက်ရွံ့နေမည်ကို သူ စိုးရိမ်မိသည်။

ဤသည်မှာ ဆရာကြီးတစ်ယောက်၏အဟန့်အတားဖြစ်သလော....

ရီဖုန်းသည် သူတို့အား စကားများစွာပြောဆိုခြင်းမပြုဘဲ ဟေးယင်ကို ကြည့်လိုက်သည်။

"ငါ့နာမည်က ရီဖုန်းပါ....မင်းရဲ့နာမည်က ဘယ်လိုခေါ်လဲ...."

"အမ်....ငါက...."

ဟေးယင်၏နှလုံးသားသည် လည်မြိုမှခုန်ထွက်တော့လုမတတ် ကဆုန်စိုင်းခုန်ပေါက်နေသည်။အကယ်၍ သူ၏နာမည်ကို ပြောလိုက်ပါက သဲလွန်စတစ်ခုရရှိသွားလျှင် သူ မည်သို့ပြုလုပ်ရမည်နည်း။

ကံကောင်းထောက်မစွာဖြင့် သူသည် နည်းလမ်းတစ်ခုကို အလျင်စလိုတွေးတောနိုင်ခဲ့ကာ အပြုံးနှင့် ပြောဆိုလိုက်၏။

"ဧည့်သည်တော်လေးရီ....မင်းက ငါ့ကို ဝံပုလွေလေးလို့ ခေါ်ပါ"

အဆင့်အတန်းနိမ့်သော နာမည်ကိုပြောမှသာ ရီဖုန်းနှင့် ရင်ဆိုင်နေရချိန်တွင် သူ၏နှိမ့်ချရို့ကျိုးမှု ပေါ်လွင်ပေမည်။

"ဝံပုလွေလေးလား...."

ရီဖုန်း၏မျက်ခုံး မြင့်တက်သွားကာ ဟေးယင်ကို တစ်ချက်ကြည့်လိုက်သည်။

"မင်းက မြို့အရှင်မဟုတ်လား...မင်းရဲ့နာမည်က ဘာလို့ ဒီလိုဖြစ်နေတာလဲ"

"ငါ...ငါ...ငါ...."

ဟေးယင်၏ခန္ဓာကိုယ်မှ ချွေးများ တသီတသန်းစီးကျလာကာ သူသည် အချိန်တခဏကြာခန့် တွေဝေတုံ့ဆိုင်းနေပြီးနောက် ပြောဆိုလိုက်၏။

"ငါ့ကို ဒီလိုခေါ်ကြတဲ့ အကြောင်းအရင်းက လူတွေက ငါ့ကို အရမ်းချစ်ပြီးတော့ သူတို့နဲ့အတူတူနေလို့ပဲ....ဒါကြောင့် သူတို့က ငါ့ကို အရမ်းရင်းရင်းနှီးနှီး ခေါ်ကြတယ်"

"တကယ်လို့ မင်း ငါပြောတာကို မယုံဘူးဆိုရင်....သူတို့ကို မေးကြည့်လေ"

ဟေးယင်သည် သူ၏ခေါင်းကို သူ၏လက်အောက်ငယ်သားများဘက်သို့ အလျှင်အမြန်လှည့်ပြီး မျက်စပစ်လိုက်သည်။

"အမ်...ဟုတ်တယ်...ဟုတ်တယ်...ဒါက အမှန်ပဲ...."

"မြို့အရှင်ပြောတာ အမှန်ပဲ...လူတွေအားလုံးက သူ့ကို ဝံပုလွေလေးလို့ခေါ်တယ်...."

လက်အောက်ငယ်သားများသည် ကြက်အစာကောက်သည့်အလား ခေါင်းညိတ်လိုက်ကြ၏။

ရီဖုန်း၏မျက်နှာ ရှုံမဲ့သွားသည်။

သို့ရာတွင် ဤသည်မှာ နာမည်တစ်ခုသာဖြစ်သဖြင့် သူ မေးမြန်းစုံစမ်းရန် အလွန်ပျင်းရိနေသည်။

သို့ရာတွင် ထိုအချိန်မှာပင် တံခါး၏ပြင်ပမှနေ၍ လူနှစ်ယောက်ဝင်လာသည်။

သူတို့နှစ်ယောက်သည် နတ်ဆိုးမြို့အတွင်း၌ အဆင့်အတန်းမြင့်မားသူများဖြစ်ကာ သူတို့၏သက်ဆိုင်ရာမျိုးနွယ်ကို စီမံကွပ်ကဲရန် စေလွှတ်ထားခြင်းခံရသူများပင်။သူတို့သည် ဟေးယင်၏အမိန့်အရ အစည်းအဝေးတက်ရန်အတွက် ယနေ့တွင် ဤနေရာသို့ ရောက်ရှိလာခြင်းဖြစ်သည်။

ထိုလူနှစ်ယောက် ဝင်လာချိန်တွင် ခန်းမအတွင်း၌ရှိနေသူများ၏ မျက်လုံးအကြည့်များအားလုံး သူတို့ထံသို့ စူးစိုက်၍ကျရောက်သွားသည်။

အထူးသဖြင့် ဟေးယင်ပင်။သူ၏မျက်နှာသည် သုန်မှုန်နေကာ ထိုလူနှစ်ယောက်ကို အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲပစ်ရန်အတွက် မစောင့်ဆိုင်းနိုင်တော့ချေ။သူ့ထံတွင် ဝက်ကဲ့သို့ တုံးအသော လက်အောက်ငယ်သားများရှိနေသဖြင့် သူ့ကိုယ်သူ တိတ်တဆိတ် မုန်းတီးနေမိသည်။

သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ ရီဖုန်းသည် ဤကိစ္စကြောင့် တစ်စုံတစ်ခုကို ထွင်းဖောက်တွေ့မြင်မသွားရန် တိတ်တဆိတ်ဆုတောင်းနေမိသည်။

သို့ရာတွင် ရီဖုန်းသည် အံ့အားသင့်သွားသောအမူအယာဖြင့် သူ့ရှေ့ရှိလူနှစ်ယောက်ကို လက်ညှိုညွှန်ပြီးနောက် ဟေးယင်ကို ပြန်၍ကြည့်တာ ပြောဆိုလိုက်သည်။

"ဒါက ဘယ်လိုဖြစ်တာလဲ...မင်းတို့သုံးယောက်က ဘာလို့ ချွတ်စွပ်တူနေတာလဲ"

ဟေးယင်သည် သူ၏စိတ်နှလုံးသားအတွင်း၌ ညည်းတွားနေသော်လည်း အလျှင်အမြန်စဉ်းစားတွေးတောကာ နောက်ထပ်အချိန်အခိုက်အတန့်၌ အပြုံးနှင့် ပြောဆိုလိုက်၏။

"ဧည့်သည်တော်လေးရီက ရယ်စရာပြောနေပြန်ပြီ....သူတို့နှစ်ယောက်က ငါ့ရဲ့အမွှာညီအစ်ကိုတွေလေ...ဒါကြောင့် သူတို့က ငါနဲ့ချွတ်စွတ်တူနေကြတာပဲ"

"အော်....အခုကြည့်ကြည့်တော့မှ သုံးမြွှာပူးဖြစ်နေတာလား...."

ဤအချိန်ကျမှသာ ရီဖုန်းသည် ချက်ချင်းနားလည်သဘောပေါက်သွားပြီး မေးခွန်းများ ထပ်မံ၍မေးမြန်းခြင်း မပြုတော့ချေ။

ထိုမြင်ကွင်းကိုကြည့်ပြီး ဟေးယင်သည် သူ၏ရင်ဘတ်ကိုပုတ်ကာ စိတ်သက်သာရာရသွားပြီး သက်ပြင်းရှိုက်လိုက်၏။သူ့ကိုယ်သူ ဥာဏ်ကောင်းသည်ဟု တိတ်တဆိတ်ချီးမွမ်းလိုက်ကာ သူ၏ထက်မြက်သောဥာဏ်ကို အသုံးပြုပြီး ဤကိစ္စကို ဖြေရှင်းနိုင်ခဲ့သည်။

သို့ရာတွင် သူ စိတ်သက်သာရာရသွားစဥ်မှာပင် လူသုံးဆယ်ကျော်သည် ခန်းမအတွင်းသို့ ထပ်မံ၍ဝင်ရောက်လာမည်ဟု သူ မျှော်လင့်မထားမိချေ။

ဤလူသုံးဆယ်၏ရောက်ရှိလာမှုသည် ဟေးယင်အား ကြက်သေသေသွားစေကာ သူ၏မျက်လုံးများ ပြူးကျယ်သွားသည်။

အမှန်တကယ်ကိုပင် ဤလူများအားလုံးသည် သူနှင့် ချွတ်စွပ်တူနေကာ ဆံပင်ပုံစံပင်လျှင် ကွဲပြားခြားနားခြင်းမရှိချေ။

သူ ထွက်ပြေးမိတော့လုမတတ်ပင်။

သူ၏လက်အောက်ငယ်သားများသည် မည်သည်ကြောင့် တုံးအသောဝက်ဦးနှောက်ပိုင်ရှင်များ ဖြစ်နေသနည်း....

နံဘေးတစ်ဖက်တွင်ရှိနေသော....

ရီဖုန်းသည် တံတွေးကိုမြိုချကာ ကြက်သေသေနေသည်။

ထို့နောက် သူ၏စူးစမ်းလိုသောအကြည့်သည် ဟေးယင်ထံသို့ ကျရောက်သွားပေ၏။

"သူတို့တွေကလည်း မြို့အရှင်ရဲ့အမြွှာညီအစ်ကိုတွေပဲလား....."

"အင်း...."

ဟေးယင်သည် သူ၏နဖူးပေါ်မှ ချွေးများကိုသုတ်ကာ ယုံကြည်ချက်တစ်ခုတစ်လေမျှမရှိဘဲ အဖြေပေးလိုက်သည်။

"အင်း....."

ရီဖုန်းသည်လည်း ကိုးရိုးကားယား ဖြစ်သွားသည်။မည်သည်ကြောင့် ဤကဲ့သို့ ထူးခြားသောကိစ္စမျိုး ရှိနေသနည်း။

ဝက်များသားပေါက်လျှင်ပင် ဆယ်ကောင်မွေးဖွားသည်မှာ အလွန်ရှားပါးလေရာ အကောင်သုံးဆယ်ကျော်သည်......

ဤကိစ္စကို သူ မည်ကဲ့သို့ ဖော်ပြရမည်အား မသိတော့ချေ။

သူသည် ကူကယ်ရာမဲ့စွာဖြင့် ဟေးယင်ကို လက်မထောင်ပြပြီး ရိုးသားစွာပြောဆိုလိုက်၏။

"မင်းရဲ့အမေက အရမ်းတော်တာပဲ"

"မင်းရဲ့ချီးမွမ်းမှုအတွက် ကျေးဇူးတင်ပါတယ်"

ဟေးယင်သည် သူ၏ခေါင်းကိုငုံကာ အပြစ်မကင်းသောမျက်နှာနှင့် တုံ့ပြန်သည်။

ကံကောင်းထောက်မစွာဖြင့် ရီဖုန်းသည် လေးစားမိသည်မှလွဲ၍ ဤကိစ္စကို အကျယ်ချဲ့၍ မေးမြန်းလိုစိတ်မရှိတော့ချေ။သူသည် သေလမ်းရှာရန်အတွက် စဥ်းစားတွေးတောနေဆဲပင်။

"မြို့အရှင်....မင်းတို့တွေ ဒီနေရာမှာ အတူတူစုဝေးနေမှတော့ တိုင်ပင်ဆွေးနွေးမယ့် ကိစ္စတစ်ခုခု ရှိနေလောက်တယ်...ငါ မင်းတို့ကို ထပ်ပြီးမနှောက်ယှက်တော့ဘူး....ဒါပေမယ့် ငါထွက်မသွားခင် မြို့အရှင်ကို မေးခွန်းတစ်ခုတော့ မေးချင်တယ်"

ရီဖုန်းက ပြောဆိုသည်။

ရီဖုန်း ထွက်သွားတော့မည်ဟု ကြားချိန်၌ ဟေးယင်သည် ပျော်ရွှင်မှုကြောင့် မျက်ရည်များကျလုမတက်ပင်။

ထို့ကြောင့် သူ၏လက်ဖြင့် ရင်ဘတ်ကိုပုတ်ပြီး အခိုင်အမာ ပြောဆိုလိုက်၏။

"ဧည့်သည်တော်လေးရီ မေးချင်တာကို မေးပါ....ဒီမြို့ထဲမှာ ငါ မသိတဲ့ကိစ္စဆိုလို့ ဘာမှမရှိဘူး"

ဟေးယင်၏အသံတွင် အနည်းငယ်လောကြီးသော အရိပ်အယောင်များ ရောယှက်နေသည်။

ဤသည်မှာ မေးခွန်းတစ်ခုကို အဖြေပေးရုံမဟုတ်လော။ဤနတ်ဆိုးကောင် အလျှင်အမြန်ထွက်သွားသရွေ့ အဆင်ပြေသွားပေမည်။

ရီဖုန်းသည် ဟေးယင်၏တုံ့ပြန်မှုကို မြင်တွေ့ချိန်၌ အလွန်ပျော်ရွှင်သွားသည်။

ကြည့်ရသည်မှာ မြို့အရှင်အိမ်တော်သို့ လာရသည်မှာ အချည်းနှီးဖြစ်သည့်ပုံမရှိချေ။ထို့ကြောင့် သူသည် လိုရင်းအချက်ကို တန်းတန်းမတ်မတ် ပြောဆိုလိုက်၏။

"ဒါဆိုရင် မြို့အရှင်ကို မေးပါရစေ....ဒီအနီးပတ်ဝန်းကျင်မှာ နတ်ဆိုးတွေရဲ့အသိုက် ဘယ်နေရာမှာရှိနေလဲ...."

"အမ်....ဒါက... "

ဟေးယင်သည် အလေးအနက်ထား၍ ခေါင်းညိတ်လိုက်ကာ သူ မည်ကဲ့သို့ အဖြေပေးရမည်ကို စတင်၍စဥ်းစားတွေးတောလိုက်သည်။

"အင်း ..."

"နတ်ဆိုးတွေရဲ့အသိုက်လား...."

Chapter 879

"အင်း....နတ်ဆိုးတွေရဲ့အသိုက်...."

ရီဖုန်းက ခေါင်းညိတ်ပြလိုက်သည်။

ရီဖုန်း၏အတည်ပြုချက်ကို ရရှိပြီးနောက်....

ဟေးယင်၏ခြေထောက်များ ပျော့ခွေသွားကာ သူထိုင်နေသော ထိုင်ခုံပေါ်မှ ချော်ကျလုနီးပါးပင်။

ဖြစ်နိုင်သည်မှာ ဤနတ်ဆိုးကောင်သည် သဲလွန်စတစ်ခုကို ရှာတွေ့သွားသဖြင့် ကစားလိုခြင်းဖြစ်သလော....

သို့ရာတွင် ရီဖုန်း၏အလေးအနက်ထားသော ပုံပန်းသွင်ပြင်ကိုကြည့်ပြီး သူသည် မည်သည့်အရာကိုမှ ထွင်းဖောက်မြင်ထားပုံမရချေ။

"ပြောပါအုံး...."

မြို့အရှင်က တိုက်တွန်းလေသည်။

"အင်း...ဒါ....ဒါက...."

ဟေးယင်က သူ၏ခေါင်းကိုကုတ်ကာ တွေဝေတုံ့ဆိုင်းနေသည်။

"ဒါ....ဒါက...."

"မြို့အရှင်...ဘာမှမစိုးရိမ်ပါနဲ့...ငါက အရမ်းသန်မာအားကောင်းတယ်...."

ရီဖုန်းက သူ၏လက်နှစ်ဖက်ကိုပူးဆုပ်ပြီး အပြုံးနှင့်ပြောဆိုသည်။

"ငါ နတ်ဆိုးတွေရဲ့အသိုက်ကို ရှာတာက...လူတွေကို အန္တရာယ်ပေးနေတဲ့ နတ်ဆိုးတွေကို အမြစ်ပြတ်သုတ်သင်ပြီးတော့ မင်းတို့ရဲ့မြို့ကို ဘေးကင်းလုံခြုံအောင် လုပ်ပေးချင်လို့ပဲ"

ဘေးကင်းလုံခြုံရန်ဟူသည်မှာ သတင်းကောင်းတစ်ခုပင်...

သို့ရာတွင် ထိုစကားကိုကြားချိန်တွင် ဟေးယင်၏နှုတ်ခမ်းများ တုန်ရီသွားသည်။

သူသည် တွေဝေတုံ့ဆိုင်းနေဆဲဖြစ်ကာ မည်ကဲ့သို့ အဖြေပေးရမည်ကို မသိချေ။

"မြို့အရှင်က ဒီမြို့ထဲမှာ မင်း မသိတဲ့ကိစ္စမရှိဘူးလို့ ပြောခဲ့မှတော့ ဒီကိစ္စကိုလည်း မြို့အရှင် သိနေသင့်တယ်"

ရီဖုန်းက အပြုံးနှင့် ထပ်မံ၍တိုက်တွန်းနှိုးဆော်လိုက်သည်။

"ဒါ​ကြောင့် ကျေးဇူးပြုပြီးတော့ မြို့အရှင်က ငါ့ကို အတတ်နိုင်ဆုံး ပြောပြပေးပါ"

"အင်း...."

ဟေးယင်သည် သူ့ကိုယ်သူ ပါးဖြတ်ရိုက်ရန် မစောင့်ဆိုင်းနိုင်တော့ချေ။သူသည် စကားလွန်ခဲ့မိသဖြင့် သူ ငြင်းဆန်ရန် မဖြစ်နိုင်တော့ချေ။

သို့ရာတွင် သောက်ရေးမပါလှစွာဖြင့် သူ မည်သည်ကြောင့် ဤသို့ပြောခဲ့မိသနည်း....

ဤလူသားသည် ရှေ့တည့်တည့်ရှိ နတ်ဆိုးအသိုက်ကို ပြောဆိုနေခြင်းဖြစ်သလော....

ဟေးယင်၏မျက်လုံးအကြည့်သည် အကူအညီတောင်းရန်အတွက် ခန်းမအတွင်းရှိ တခြားသူများထံသို့ ကျရောက်သွားသည်။

ထိုနတ်ဆိုးများသည် စိတ်များလွင့်မျောနေသည့်အလား သူတို့၏ခေါင်းများကိုမော့ကာ မိုးကောင်းကင်ယံထံသို့ ကြည့်နေကြ၏။

ဟေးယင်က သူ၏စိတ်အတွင်းမှနေ၍ တိတ်တဆိတ်ဆဲဆိုလိုက်သည်။

'ခွေးမသားတွေ...အရေးကြီးတဲ့အချိန်ဆိုရင် တစ်ကောင်မှ မယုံရဘူး..."

"အမ်....မြို့အရှင်မှာ စိုးရိမ်ပူပန်စရာတစ်ခုခုဘရှိနေလို့လား"

ရီဖုန်းက ထပ်မံ၍ မေးမြန်းသည်။

"တကယ်တော့ မြို့အရှင်က ဘာမှစိုးရိမ်ပူပန်ဖို့ မလိုပါဘူး....လူသားတွေကို ထိခိုက်နာကျင်အောင်လုပ်တဲ့ နတ်ဆိုးတွေကို အမြစ်ပြတ်သုတ်သင်တာက ကိစ္စကောင်းတစ်ခုပဲလေ..."

"အင်း...ဧည့်သည်တော်လေးရီပြောတာ အမှန်ပါပဲ"

ဟေးယင်သည် သူ၏စိတ်အတွင်းမှနေ၍ ဤကိစ္စအား ရင်ဆိုင်နိုင်မည့်နည်းလမ်းကို အလျှင်အမြန်စဥ်းစားလိုက်သည်။

အဆုံးသတ်၌ သူသည် အံ့တင်းတင်းကြိတ်ကာ ဆုံးဖြတ်ချက်ချလိုက်သည်။

အမှန်အားဖြင့် သူ၏နတ်ဆိုးမြို့ကဲ့သို့ နတ်ဆိုးများစုဝေးနေသော နေရာများသည် နည်းပါးခြင်းမရှိချေ။ဆန့်ကျင်ဘက်အနေဖြင့် ဤကဲ့သို့နေရာမျိုး အမြောက်အများရှိနေသည်။

မည်သည်ကြောင့် ဤမြို့များအနက်မှတစ်မြို့ကို သူ မရွေးချယ်ဘဲ နေရမည်နည်း....

မြို့တစ်မြို့ကို ရွေးချယ်ရာတွင်လည်း ဥာဏ်ရှိရန်လိုအပ်ကာ သူ၏မြို့ထက် များစွာပို၍အင်အားကောင်းသော မြို့ကို ရွေးချယ်၍မရချေ။

အကယ်၍ ထိုနတ်ဆိုးများသည် သေခြင်းတရားမှလွတ်မြောက်သွားကာ သူတို့အား ဤလူသားထံ ရောင်းစားလိုက်သည်မှာ သူ ဖြစ်နေသည်ကို သိရှိသွားပါက သူသည် ရန်သူတော်ကြီးတစ်ယောက်နှင့် ရင်ဆိုင်ရပေမည်။

ထို့ကြောင့် အကယ်၍ သူသည် ရွေးချယ်လိုပါက သူ၏နတ်ဆိုးမြို့ထက် သေးငယ်ကာ မြို့အရှင်ဖြစ်သူ၏စွမ်းအားသည် သူ့ထက်အားနည်းသူကို ရွေးချယ်ရပေမည်။

အချိန်အတော်ကြာ စဥ်းစားချင့်ချိန်ပြီးနောက် သူသည် ရွေးချယ်မှုတစ်ခုကို ပြုလုပ်လိုက်၏။

ဤနတ်ဆိုးမြို့၏အရှေ့တောင်ဘက်တွင် နတ်ဆိုးချိတ်ပိတ်ခြင်းမြို့ရှိသည်။

သူသည် ထိုနတ်ဆိုးချိတ်ပိတ်မြို့၏မြို့အရှင်ကို သိရှိကာ အနည်းငယ် ရင်းနှီးခင်မင်သည်ဟု ဆိုနိုင်သည်။

သို့ရာတွင် သေရေးရှင်ရေးနှင့် ရင်ဆိုင်ရချိန်တွင် ဤကဲ့သို့ အနည်းငယ်ရင်းနှီးခင်မင်မှုသည် အရေးမပါတော့ချေ။

'ညီငယ်လေး...ဒါက အစ်ကိုကြီးက မင်းကို ရောင်းစားချင်လို့ မဟုတ်ပါဘူး....ငါတို့ညီအစ်ကိုတွေ တွေ့ဖို့ဆိုတာကလည်း မလွယ်ဘူး....ဒါကြောင့် ငါ မင်းကို အခွင့်အရေးကြီးတစ်ခု ပေးမယ်"

တကယ်လို့မင်းကဒီလူသားကောင်ကိုရှင်းထုတ်နိုင်မယ်ဆိုရင်ကြီးမားတဲ့အောင်မြင်မှုကြီးကိုရနိုင်လိမ့်မယ်။

မင်းသူ့ကိုရှင်းထုတ်နိုင်မထုတ်နိုင်ကတော့ မင်းရဲ့ကံကြမ္မာပေါ်မူတည်တယ်ဘယ်လိုပဲဖြစ်ဖြစ် ငါကမင်းကိုဒီအခွင့်အရေးကြီးပေးလိုက်တယ်။

ဟေးယင်ငါ့သူ၏စိတ်အတွင်းမှာနေ၍တိတ်တစိတ်တွေးတောလိုက်သည်။

သူသည် ချက်ချင်းဆိုသလိုပင် စုတ်တံနှင့်စာရွက်တစ်ရွက်ကို ထုတ်ယူကာ စတင်၍ရေးဆွဲလိုက်သည်။

"ဒီလမ်းကြောင်းအတိုင်း သွားလိုက်ပါ...အဲ့ဒီနေရာမှာ နတ်ဆိုးချိတ်ပိတ်မြို့ ရှိတယ်...အဲ့ဒီမြို့မှာ နတ်ဆိုးတွေနဲ့ ပြည့်နေတယ်...သူတို့က အရမ်းရက်စက်ကြမ်းကြုတ်ပြီးတော့ အရေအတွက် အရမ်းများတယ်"

ဟေးယင်က တည်ကြည်လေးနက်စွာ ပြောဆိုသည်။

"အဲ့ဒီနေရာမှာ နတ်ဆိုးတွေအများကြီး ရှိတာလား"

ရီဖုန်း၏မျက်လုံးများ တောက်ပသွားသည်။

"အမှန်ပဲ....အများကြီးရှိတယ်..."

ဟေးယင်က အခိုင်အမာ တုံ့ပြန်အဖြေပေးသည်။

"ဒါက အရမ်းကောင်းတယ်....မြို့အရှင်ကို ကျေးဇူးတင်ပါတယ်...ငါက မင်းကို ထပ်ပြီးမနှောက်ယှက်တော့ဘူး..."

ရီဖုန်းသည် သူ၏လက်ကိုဆန့်တန်းပြီး မြေပုံကိုယူကာ စိတ်ကျေနပ်စွာဖြင့် ထွက်ခွာသွားတော့သည်။

ရီဖုန်းထွက်ခွာသွားသည်ကို ကြည့်ပြီးနောက် ဟေးယင်သည် ချက်ချင်းဆိုသလိုပင် မြေပြင်ပေါ်သို့ ဖင်ထိုင်ရက်သားလဲကျသွားကာ သူ၏နဖူးပေါ်ရှိ ချွေးများကိုပင် မသုတ်နိုင်ချေ။

ဤလူသားနှင့် အနီးကပ်ဆက်ဆံရသည်မှာ အလွန်ကြောက်မက်ဖွယ်ကောင်းပေ၏။

အထူးသဖြင့် ထိုလူသားထံမှ ခြိမ်းခြောက်နိုင်မှုပင်။သူသည် ဤခံစားချက်အား မည်ကဲ့သို့စကားလုံးဖြင့် ဖော်ပြရမည်ကိုပင် မသိတော့ချေ။သူ၏ဥာဏ်ရည်သည် အလွန်ကောင်းမွန်သဖြင့် ဤကိစ္စကို ဖြေရှင်းနိုင်ခဲ့သည်။

ကံကောင်းစွာဖြင့်....

ကံကောင်းစွာဖြင့် ဤနတ်ဆိုးကောင်ကို အဝေးသို့ အောင်မြင်စွာ စေလွှတ်နိုင်ခဲ့သည်။

သို့ရာတွင် အမွှာညီအစ်ကို သုံးဆယ်ကျော်အတွက်ကမူ....

"ငါယိုးမသားတွေ...."

ဟေးယင်၏ဆဲဆိုသံနှင့်အတူယှဥ်တွဲ၍ ခန်းမအတွင်းတွင် အော်သံများ ငိုကြွေးသံများ အသနားခံတောင်းပန်သံများ ရုတ်တရက် ထွက်ပေါ်လာသည်။

Chapter 880

ရီဖုန်းကမူ....

နတ်ဆိုးချိတ်ပိတ်မြို့သို့ သွားသောလမ်းတွင် ရောက်ရှိနေလေပြီ။

သူသည် ဟေးယင်ရေးဆွဲပေးလိုက်သော မြေပုံကိုကြည့်ကာ မန်မန်၏ကျောပေါ်၌ ထိုင်နေလေ၏။

လူတစ်ယောက်နှင့်ခရုတစ်ကောင်တို့ တဟုန်ထိုး ခရီးဆက်ခဲ့ကြပြီးနောက်....

မကြာမီမှာပင် ရီဖုန်းသည် နတ်ဆိုးချိတ်ပိတ်မြို့သို့ ရောက်ရှိသွားပေ၏။

ယခင်နတ်ဆိုးမြို့နှင့်နှိုင်းယှဥ်ပါက နတ်ဆိုးချိတ်ပိတ်ခြင်းမြို့သည် များစွာပို၍သေးငယ်သော်လည်း မြို့အရှင်ဝံပုလွေလေးသည် သူ့အား လိမ်ညာခြင်းမရှိချေ။ရီဖုန်းသည် နတ်ဆိုးချိတ်ပိတ်မြို့အတွင်းသို့ ဝင်ပြီးသည်နှင့် နတ်ဆိုးအမြောက်အများသည် သူ့ထံတိုးဝင်ပြီး တိုက်ခိုက်ကြ၏။

ရီဖုန်းသည် ဝမ်းသာပျော်ရွှင်စွာဖြင့် ထိုနတ်ဆိုးများကို ဆီးကြိုလိုက်သည်။

သူ၏မျက်နှာပေါ်၌ စိတ်လှုပ်ရှားသောအမူအယာတစ်ရပ် ရှိနေသော်လည်း....

အချိန်များ ကုန်လွန်လာသည်နှင့်အမျှ သူ၏မျက်နှာပေါ်ရှိ စိတ်လှုပ်ရှားမှုများ တစတစလျော့နည်းလာကာ သိသိသာသာ သုန်မှုန်လာသည်။

ဤနေရာ၌ နတ်ဆိုးအမြောက်အများရှိသော်လည်း သူတို့အနက်မှမည်သည့်တစ်ကောင်ကမျှ သူ၏အသက်ကို ခြိမ်းခြောက်နိုင်ခြင်းမရှိချေ။

သို့ရာတွင် မည်သည့်ကိစ္စမျိုးရှိနေပါစေ သူ၏မျှော်လင့်ချက်ကို လက်လျှော့အရှုံးမပေးနိုင်ချေ။

လူသားများ ကဲ့သို့ပင် နတ်ဆိုးများအနက်တွင် အများစုမှာ သာမာန်နတ်ဆိုးများဖြစ်ပြီး ဆရာကြီးများသည် လွန်စွာရှားပါးပေ၏။

သူသည် သူ့ကိုယ်သူ အားပေးနှစ်သိမ့်ကာ ဤယုံကြည်မှုကို ဆုပ်ကိုင်ပြီး မြို့အတွင်း၌ နတ်ဆိုးများအားလုံးကို ရှာဖွေလိုက်သည်။

နှစ်ရက်မပြည့်သေးမီမှာပင် ကြည့်ရသည်မှာ ရက်စက်ကြမ်းကြုတ်ပြီး ရုန့်ရင်းကြမ်းတမ်းပုံရသော နောက်ဆုံးနတ်ဆိုးသည် သူ၏ခြေထောက်အောက်၌ လဲကျသွားကာ မြို့တစ်မြို့လုံး၌ မည်သည့်နတ်ဆိုးကိုမျှ မမြင်တွေ့ရတော့ချေ။ရီဖုန်းထံ၌ ရွေးချယ်စရာမရှိတော့သဖြင့် ဤတစ်ကြိမ် သူ၏သေလမ်းရှာခြင်းသည် ရှုံးနိမ့်လုဆဲဆဲဖြစ်သွားပြီကို လက်ခံလိုက်ရသည်။

တစ်ချိန်တည်းမှာပင်....

နတ်ဆိုးချိတ်ပိတ်မြို့၏ပြင်ပ၌...

အမျိုးသားလေးယောက်နှင့်အမျိုးသမီးတစ်ယောက်ပါဝင်သော အဖွဲ့တစ်ဖွဲ့သည် ရှေ့သို့လျှောက်လှမ်းလာကာ သူတို့၏မျက်လုံးများအတွင်း၌ သတိကြီးစွာထားသော အရိပ်အယောင်များ ထင်ဟပ်နေသည်။

သူတို့၏ခေါင်းများအထက်ရှိ သုံးပေခန့်အကွာတွင် စွမ်းအားလှုပ်ခတ်မှုများရှိနေကာ လှုပ်ရှားမှုဝင်္ကပါတစ်မျိုးအလားပင်။

"ငါတို့တွေ မကြာခင်မှာ မြို့ထဲကို ဝင်ရတော့မယ်"

လူငါးယောက်အနက် အလယ်တွင်ရှိနေသည့် တစ်ဦးတည်းသောအမျိုးသမီးက တံတွေးမြိုချပြီး စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုသည်။

တခြားလူလေးယောက်သည်လည်း ခေါင်းညိတ်လိုက်ကြကာ ဤအချိန်အခိုက်အတန့်တွင် သူတို့အားလုံး စိတ်လှုပ်ရှားပြီး အသက်ရှုနှုန်းများ မမှန်တော့ချေ။

အဝေးတစ်နေရာရှိ မိုးကောင်းကင်ယံအောက်၌....

လူစည်ကားသော ရင်ပြင်တစ်ခုတွင်.....

ဤှရင်ပြင်တွင် ဝင်္ကပါများဖြင့် ပြည့်နှက်နေကာ မြေကွက်လပ်တစ်ခုအတွင်း၌ ကြီးမားသောပုံရိပ်ငါးခုကို ပြသထားသည်။

လူများအားလုံးသည် သူတို့၏အသက်ရှုနှုန်းကို ထိန်းသိမ်းကာ ထိုပုံရိပ်ငါးခုကို စူးစိုက်၍ကြည့်နေကြ၏။

သိသာထင်ရှားစွာဖြင့်...

ဤနေရာရှိဝင်္ကပါသည် နတ်ဆိုးချိတ်ပိတ်မြို့အတွင်းရှိ လူငါးယောက်၏ခေါင်းထက်မှ ဝင်္ကပါနှင့် ချိတ်ဆက်ထားကာ ရင်ပြင်ရှိလူများအားလုံးကို သူတို့ငါးယောက်၏ အစစ်အမှန်လှုပ်ရှားမှုပုံရိပ်များကို မြင်တွေ့ခွင့်ပြုခြင်းပင်။

အမှန်အားဖြင့် ဤသည်မှာ ထျန်းယုနယ်မြေအတွင်းတွင် ထူးဆန်းသောကိစ္စတစ်ရပ် မဟုတ်ချေ။

အနက်ရောင်မြူခိုးများမှ နတ်ဆိုးများ မွေးဖွားလာခြင်းကြောင့် နယ်မြေ၏ကိုးဆယ်ရာခိုင်နှုန်းခန့်ကို လက်လွှတ်လိုက်ရသော်လည်း ကြွင်းကျန်သောလူများအတွက် ချမ်းသာကြွယ်ဝမှုများကို ဆောင်ကျဥ်းပေးနိုင်ခဲ့သည်။

အကြောင်းအရင်းမှာ အနက်ရောင်မြူခိုးများ သိမ်းပိုက်ခံထားရသော နယ်မြေများအတွင်းရှိ အရာရာတိုင်းသည် ပိုင်ရှင်မဲ့ပစ္စည်းများ ဖြစ်သွားသောကြောင့်ပင်။

ထို့ကြောင့် အဓိကအင်အားစုများအတွက် အနက်ရောင်မြူခိုးများအကြားတွင် ရတနာများကိုအမဲလိုက်ကာ ပျောက်ဆုံးသွားသောအမွေအနှစ်တချို့ကို ရယူနိုင်ခဲ့ခြင်းသည် သာမာန်ဆန်သောကိစ္စတစ်ရပ် ဖြစ်လာခဲ့သည်။

သို့ရာတွင် အခွင့်အရေးများ ရှိနေသည့်တိုင် အနက်ရောင်မြူခိုးများအကြားရှိ အန္တရာယ်များသည် ရယ်စရာပြက်လုံးတစ်ခုမဟုတ်ချေ။အခြေခံအားဖြင့် ဤနယ်မြေအတွင်းသို့ ဝင်ရောက်သွားသူများသည် သေရေးရှင်ရေးကို ရင်ဆိုင်ရပြီး သေဆုံးသွားသူများသည် အနက်ရောင်မြူခိုးများအကြားရှိ သဲလွန်စများကို ပြန်လည်သယ်ဆောင်လာနိုင်ခြင်း မရှိတော့ချေ။

ဤကဲ့သို့အခြေအနေများအောက်တွင် ဝင်္ကပါအမျိုးအစားတစ်ခု ပေါက်ဖွားလာခဲ့သည်။

အကယ်၍ လူများသည် အတွင်း၌ သေဆုံးသွားလျှင်ပင် ပြင်ပရှိလူများသည် သူတို့အလိုရှိသော သဲလွန်စများကို ရရှိနိုင်ပေမည်။

ဤကဲ့သို့ အန္တရာယ်များသော အခြေအနေတစ်ခုတွင် စူးစမ်းလေ့လာရန်အတွက် မည်သူတစ်ဦးတစ်ယောက်မျှ ဝင်ရောက်မည်မဟုတ်သော်လည်း ချွင်းချက်များ ရှိနေဆဲပင်။

ထိုနေရာအတွင်းသို့ဝင်ရန် လှုံဆော်ပေးခြင်းခံရသော ကျင့်ကြံသူများ ရှိနေပေ၏။

ထိုလူများသည် သေဒဏ်ကျအကျဥ်းသားတချို့ဖြစ်ကာ အကယ်၍ သူတို့သည် ဤနယ်မြေအား စူးစမ်းလေ့လာနိုင်ပါက လွတ်မြောက်ခွင့်ပေးမည်ဟူသော ကတိကဝတ်ရှိသဖြင့် သူတို့၏သဘောဆန္ဒအလျောက် ကြိုးစားလိုကြသည်။

ထို့ပြင် ဆုလာဘ်များအတွက် ကြိုးစားလိုသော ရဲဝံ့သူတချို့လည်း ရှိနေသည်။

အနက်ရောင်မြူခိုးများအကြားသို့ဝင်ရောက်ကာ တားမြစ်နယ်မြေများကို ရှာဖွေခြင်းအတွက် ဆုလာဘ်များသည်လည်း ကွဲပြားခြားနားသည်။

နဝမအဆင့်တားမြစ်နယ်မြေသည် အလွယ်ကူဆုံးဖြစ်ကာ အသက်ရှင်သန်နိုင်ချေမြင့်မားပြီး အသက်ရှင်သန်လာသူများ ရှိနေသည်။

အဋ္ဌမအဆင့်တားမြစ်နယ်မြေ၏ အန္တရာယ်အဆင့်သည် အဆင့်ကြီးတစ်ဆင့်သို့ မြင့်တက်သွားလေပြီ။ထိုနေရာများသို့ ဝင်ရောက်ပြီးနောက် အောင်မြင်စွာဆုတ်ခွာနိုင်သူဟူ၍ လူနည်းစုသာရှိသည်။ထိုလူများသည်လည်း တာအိုကြေးမုံနယ်ပယ်ကျင့်ကြံသူများအနက် သန်မာအားကောင်းသူများဖြစ်ပြီး သူတို့ကိုယ်သူတို့ ကာကွယ်နိုင်ရန် အစွမ်းထက်သောနည်းလမ်းများ ရှိနေသူများပင်။

သတ္တမအဆင့် တားမြစ်နယ်မြေများကို စူးစမ်းလေ့လာရန်အတွက် သွားခဲ့သော ကျင့်ကြံသူများအကြားတွင် အသက်ရှင်ရက်ထွက်လာနိုင်သူဟူ၍ လူတစ်ယောက်တည်းသာရှိသည်။သို့ရာတွင် ထိုလူသည်လည်း ထွက်လာပြီးနောက် ရူးသွပ်သွားသဖြင့် အတွင်း၌ ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းပြီး ဖော်ပြနိုင်ခြင်းမရှိသော အန္တရာယ်တချို့နှင့် ရင်ဆိုင်ခဲ့ရသည်မှာ သိသာထင်ရှားလှ၏။

ဆဋ္ဌမအဆင့် တားမြစ်နယ်မြေများကမူ မဟာအန္တရာယ်နယ်မြေများဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်မျှ အသက်ရှင်ရက် ပြန်ထွက်မလာနိုင်ခဲ့ချေ။

ဤလူငါးယောက် စူးစမ်းလေ့လာနေသော နတ်ဆိုးချိတ်ပိတ်မြို့သည် သတ္တမအဆင့် တားမြစ်နယ်မြေတစ်ခုပင်။ဤနေရာကိုစူးစမ်းလေ့လာရန် ယခင်က လူများကို စေလွှတ်ခဲ့ဖူးသော်လည်း မြို့အတွင်းသို့ဝင်ရန် နေနေသာသာ မြို့ရိုးကိုမမြင်တွေ့ရဘဲ အသတ်ခံလိုက်ရသည်။

ယခုတစ်ကြိမ်သည် ထျန်းယုနယ်မြေမှ အင်အားစုအမြောက်အများ အတူပူးပေါင်း၍ ဖွဲ့စည်းထားသော စူးစမ်းလေ့လာရေးအဖွဲ့ဖြစ်သည်။ဤအဖွဲ့တွင်ပါဝင်သော လူငါးယောက်သည် ကံကောင်းနေသလော သို့မဟုတ် တခြားအကြောင်းအရင်းတစ်ခု ရှိနေသလောကို မည်သူမျှ မသိနိုင်ချေ။သူတို့သည် မြို့ရိုး၏အောက်သို့ ရောက်ရှိလာခဲ့သည့်တိုင် နတ်ဆိုးတစ်ကောင်တစ်လေကိုမျှ ရင်ဆိုင်ကြုံတွေ့ရခြင်းမရှိချေ။

ဤလူငါးယောက်အဖွဲ့ကို ဖွဲ့စည်းနိုင်ရန်အလို့ငှာ ထျန်းယုနယ်မြေ၏အင်အားစုများသည် အင်အားများစွာစိုက်ထုတ်ခဲ့ရပေ၏။

ဤအဖွဲ့ရှိ တစ်ဦးတည်းသောအမျိုးသမီးကို သူမ ပြန်လည်ရောက်ရှိလာသရွေ့ ထျန်းယုနယ်မြေ၏ရတနာခန်းမဆောင်အား ဆန္ဒရှိသကဲ့သို့ ဝင်ထွက်သွားလာ၍ရသည်ဟု ထိုအင်အားစုများမှ ကတိပေးထားခဲ့သည်။

တခြားလူလေးယောက်အကြားတွင် သုံးယောက်သည် သေဒဏ်ကျအကျဥ်းသားများဖြစ်ကာ သူတို့၏အသက်များ ဆက်လက်ရှင်သန်ရေးအတွက် တိုက်ခိုက်ရန် ဤနေရာသို့ ရောက်ရှိလာခြင်းဖြစ်သည်။

နောက်ဆုံးလူကမူ သူ၏သဘောဆန္ဒအလျောက် စာရင်းပေးသွင်းခဲ့ခြင်းဖြစ်ကာ သူ၏မူရင်းဇစ်မြစ်ကို မသိရှိရသည့်အပြင် သူ့အား မည်သည့်အဖိုးအခကိုမျှ ပေးရန်မလိုအပ်ချေ။ဤသည်မှာ ထူးဆန်းသော ကိစ္စတစ်ရပ်ပင်။

ယခုအချိန်၌ ထိုလူငါးယောက်သည် သတိကြီးစွာထား၍ မြို့တံခါးကို ထိတွေ့လိုက်ကြသည်။

သို့ရာတွင် မြို့တံခါးကိုဂရုတစိုက်ကြည့်ပြီးနောက် သူတို့အားလုံး ထိတ်လန့်တုန်လှုပ်သွားသည်။

ထို့ပြင် လက်ညှိုးတစ်ထောက်စာခန့်နက်သော ခြေထောက်ရာကြီးတစ်ခုသည် ထူထပ်လေးလံသောမြို့တံခါးပေါ်တွင် ရှိနေပေ၏။

ဤသည်မှာ တစ်စုံတစ်ယောက်မှနေ၍ မြို့တံခါးကိုကန်၍ ဖွင့်ခဲ့ပုံရသည်။

"မြို့တံခါးက တကယ်ကြီး ပွင့်သွားခဲ့တာလား...."

"ဒီခြေရာကိုကြည့်ရတာ လူသားတစ်ယောက်ရဲ့ခြေရာ ဖြစ်ပုံရတယ်"

"တခြားစကားပြောင်းဆိုရရင် ဒီမြို့တံခါးက လူတစ်ယောက်ရဲ့ကန်ဖွင့်တာကို ခံခဲ့ရပုံပဲ..."

လူငါးယောက်ထံမှနေ၍တုံးတုံးကြီးပြောဆိုလိုက်သောအသံများထွက်ပေါ်လာသည်

ထို့ပြင် ထျန်းယုနယ်မြေအတွင်းရှိ ရင်ပြင်ထံတွင်လည်း....

လူအများ၏အော်ဟစ်သံများ ထွက်ပေါ်လာသည်။

"ဒီသဲလွန်စက အရမ်းအရေးကြီးတယ်..."

"ဒီခြေရာကိုချန်ခဲ့တဲ့လူက ဘယ်သူလဲ...."

"ဖြစ်နိုင်တာတော့ တစ်ယောက်ယောက်က ဒီသတ္တမအဆင့်တားမြစ်နယ်မြေကို စူးစမ်းလေ့လာတာမှာ အောင်မြင်သွားတာများလား..."

"ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုရှာဖွေတွေ့ရှိမှုမျိုးက အရမ်းရှားပါးတယ်"

ဤစူးစမ်းလေ့လာရေးအဖွဲ့ကို စီစဥ်ခဲ့သော အင်အားစုများ၏ ခေါင်းဆောင်များထံမှနေ၍ အံ့အားတသင့်ပြောဆိုသောအသံများ ထွက်ပေါ်လာပေ၏။

ဤခြေရာသည် ထူးဆန်းနေသော်လည်း လူငါးယောက်အဖွဲ့သည် များစွာစဉ်းစားတွေးတောနိုင်ခြင်းမရှိချေ။

အကယ်၍ ဤသည်မှာ သေခြင်းအဆုံးသတ်ဖြစ်နေလျှင်ပင် သူတို့သည်ဖြတ်ကျော်သွားရုံသာ တတ်နိုင်ပေမည်။ထိုသို့မဟုတ်ပါက သူတို့ပြန်ရောက်သွားချိန်တွင် ဆုလာဘ်များရရှိမည်မဟုတ်ဘဲ ဤခရီး ထွက်လာခဲ့သည်မှာလည်း အချည်းနှီးဖြစ်သွားပေမည်။

ခေါင်းဆောင်အမျိုးသမီးသည် သူမ၏လက်နှစ်ဖက်ဖြင့် မြို့တံခါးကို တွန်းဖွင့်လိုက်သော်လည်း အနည်းငယ်မျှ လှုပ်ရှားခြင်းမရှိသည်ကို ရှာဖွေတွေ့ရှိမိသည်။

သူမသည် ထိတ်လန့်တုန်လှုပ်သွားပေ၏။

သူမသည် သန်မာအားကောင်းသော တာအိုကြေးမုံနယ်ပယ် ကျင့်ကြံသူတစ်ယောက်ဖြစ်သည့်တိုင် မည်သည်ကြောင့် ဤတံခါးကို မဖွင့်နိုင်သနည်း။

"ငါ ကြိုးစားကြည့်မယ်...."

သူမ၏နောက်တွင်ရှိနေကာ သေဒဏ်အကျဉ်းသားများအနက်မှတစ်ယောက်သည် ရှေ့သို့ထွက်လာပေ၏။သူသည်လည်း တာအိုကြေးမုံနယ်ပယ် ကျင့်ကြံသူတစ်ယောက်ဖြစ်ကာ သူ၏ကျင့်ကြံဆင့်စွမ်းအားများကို အဆုံးစွန်ဆုံးအဆင့်ထိလှည့်ပတ်ပြီး တွန်းဖွင့်လိုက်သည့်တိုင် မြို့တံခါးသည် မလှုပ်မယှက်ရှိနေဆဲပင်။

"ငါ လာပြီ...."

"ငါတို့အတူပူးပေါင်းပြီး ကြိုးစားကြစို့"

တခြားလူနှစ်ယောက်သည်လည်း အတူပူးပေါင်းကာ မြို့တံခါးကိုဖွင့်ရန် သူတို့၏စွမ်းအားများကို ထုတ်ဖော်အသုံးပြုလိုက်ကြသည်။

ယခင်က အမျိုးသမီးသည်လည်း ထပ်မံ၍ကြိုးစားလိုက်၏။

သို့ရာတွင် သူတို့လေးယောက် အတူပူးပေါင်း၍ တွန်းဖွင့်ခဲ့သည်တိုင် မြို့တံခါးကို ရွေ့လျားအောင် လုပ်ဆောင်နိုင်ခြင်းမရှိချေ။

"ဒါက..."

"ဒါက ဘယ်လိုတံခါးမျိုးလဲ..."

ရင်ပြင်ရှိ လူများထံမှနေ၍ ထိတ်လန့်တကြားရေရွတ်လိုက်သောအသံများ ထွက်ပေါ်လာသည်။တာအိုကြေးမုံနယ်ပယ်ကျင့်ကြံသူများပင်လျှင် ဤတံခါးကို မဖွင့်နိုင်ဘဲနေမည်ဟု သူတို့အားလုံး တွေးထင်ထားမိခြင်းမရှိချေ။

ထိုအချိန်မှာပင် တံခါးထံမှ ကျွီခနဲမြည်သံတစ်သံနှင့်အတူ တွန်းဖွင့်ခြင်းခံလိုက်ရသည်။

ဤအချိန်အခိုက်အတန့်တွင် ရင်ပြင်ရှိ လူများအားလုံး ပို၍အံ့အားသင့်တုန်လှုပ်သွားသည်။

"အိုး ဘုရားရေ...နောက်ဆုံးလူက သူတစ်ယောက်တည်းနဲ့ တံခါးကို တွန်းဖွင့်လိုက်တာလား..."

"သူက ဘယ်သူလဲ..."

"အဲ့ဒီလူက အရမ်းထူးဆန်းတယ်..."

"သူ ဘယ်သူလဲ...."

ဤအချိန်အခိုက်အတန့်တွင် အင်အားစုကြီးများမှခေါင်းဆောင်များသည် မတ်တတ်ထရပ်လိုက်ကာ သူတို့၏မျက်လုံးအကြည့်များသည် နောက်ဆုံးလှုပ်ရှားလိုက်သောလူပေါ်သို့ အခိုင်အမာကျရောက်သွားသည်။

အကြောင်းအရင်းမှာ အစောပိုင်းက လူလေးယောက်သည် တံခါးကို တွန်းဖွင့်နိုင်ခြင်းမရှိသော်လည်း ထိုလူသည် သူ၏လက်ကို ဆန့်တန်းကာ ပေါ့ပေါ့ပါးပါးတွန်းလိုက်ရုံဖြင့် တံခါးပွင့်သွားသောကြောင့်ပင်။

မြို့တံခါး၏ရှေ့တွင်ရှိနေသော လူလေးယောက်သည်လည်း သူတို့၏ခေါင်းများကိုမော့ကာ ထိတ်လန့်တကြားဖြင့် နောက်ဆုံးလူကို ကြည့်လိုက်ကြ၏။

ထိုလူ၏မျက်နှာပေါ်တွင် အဓိပ္ပာယ်ပါသောအပြုံးတစ်ခုရှိနေကာ မြို့အတွင်းသို့ အရင်ဆုံးဝင်သွားသည်။

ကြွင်းကျန်သောလူလေးယောက်သည် ထိတ်လန့်တုန်လှုပ်နေသော်လည်း ထိုလူအတွင်းသို့ ဝင်သွားသည်ကို မြင်တွေ့ချိန်၌ သူတို့သည်လည်း နောက်မှ အလျှင်အမြန်လိုက်ပါသွားကြသည်။

All Chapters