← Chapters

အခန်း (၈၉၁-၈၉၅)

Vol. 60 Ch. 891-895

အခန်း (၈၉၁-၈၉၅)

Vol. 60 Ch. 891-895

Chapter 891

"သေရတော့မယ့် လူတစ်ယောက်လား..."

"မင်းမှာ ဘာရောဂါ ရှိနေလို့လဲ"

ရီဖုန်းက မျက်မှောင်ကြုတ်ပြီး ပျာပျာသလဲ မေးမြန်းသည်။

"ငါက ကျိန်စာသင့်နေတဲ့ လူတစ်ယောက်ပဲ"

ဖြောင်မြောင်ဟုန်က ခါးသည်းသောအပြုံးနှင့် ပြောဆိုကာ ကိစ္စများအားလုံးကို တစ်ခုပြီးတစ်ခု ရှင်းပြလေသည်။

ယခုကြည့်ကြည့်တော့မှ လွန်ခဲ့သောနှစ်ပေါင်းတစ်သိန်းအကြာက ဖြောင်မြောင်ဟုန်၏ဘိုးဘေးများသည် ဓားတောင်ကြားကို တည်ထောင်ပြီးနောက် တားမြစ်နယ်မြေတစ်ခုအတွင်းသို့ ချိုးဖျက်ဝင်ရောက်ခဲ့ကြသည်။ပြင်ပသို့ သူတို့ ပြန်ထွက်လာသောအချိန်တွင် သူတို့၏ခန္ဓာကိုယ်အတွင်း၌ ကျိန်စာအမျိုးအစားတစ်ခု ရှိနေသည်ကို ရှာဖွေတွေ့ရှိခဲ့ကာ ထိုကျိန်စာသည် သွေးမျိုးဆက်တလျှောက် လက်ဆင့်ကမ်းဆင်းသက်လာခဲ့သည်။အဆင့်သုံးဆင့်ကိုဖြတ်သန်းပြီးနောက် ထိုကျိန်စာသက်ရောက်ခြင်းခံရသူများ၏ခန္ဓာကိုယ်များ ပေါက်ကွဲပြီး သေဆုံးသွားပေ၏။

ထိုကြောင့် ဖြောင်မိသားစုသည် မျိုးဆက်သစ်များအတွက် ဤကျိန်စာကိုဖယ်ရှားရန် ပြင်းပြင်းထန်ထန်ကြိုးစားခဲ့သည်။

နောက်ဆုံး၌ ကျိန်စာ၏နောက်ဆုံးအဆင့်သို့ မရောက်မီ နဂါးငါးဦးချိုကိုအသုံးပြု၍ ကျိန်စာကိုဖယ်ရှားနိုင်သည့် နည်းလမ်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။

သို့ရာတွင် နဂါးငါးကို မည်သည့်နေရာတွင် ရှာဖွေသည်ဖြစ်စေ ရှာမတွေ့ခဲ့သဖြင့် ဤကျိန်စာကြောင့် ဖြောင်မိသားစု၏သွေးမျိုးဆက်မှ ကိုးဆယ်ရာခိုင်နှုန်း သေဆုံးသွားခဲ့သည်။

ယခုအချိန်၌ ဖြောင်မြောင်ဟုန်အလှည့်သို့ ရောက်ရှိလာကာ ဤကျိန်စာ၏ ညှဉ်းပန်းနှိပ်စက်မှုကို ခံယူရပြီး ထိုအရာကို ဖယ်ရှားနိုင်ရန် ရုန်းကန်နေရသည်။

မည်သူက ဤကိစ္စကို ကြိုသိနိုင်မည်နည်း....

နဂါးငါးကို ရှာဖွေတွေ့ရှိခဲ့သော်လည်း ဖြောင်မြောင်ဟုန်၏ကျိန်စာသည် ဒုတိယအဆင့်ကိုဖြတ်ကျော်ကာ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေလေပြီ။

ပြောရမည်ဆိုလျှင် အကယ်၍ ယခုအချိန်၌ နဂါးငါးတစ်ကောင် ရှိလာလျှင်ပင် သူမအတွက် အသုံးမဝင်တော့ချေ။

ယခုအချိန်၌ သူမသည် နဂါးငါးကိုရရှိသည့်တိုင် သူမ၏အမူအယာသည် စိတ်ရှုပ်ထွေးသောပုံစံမျိုး ပေါက်နေသည်မှာ အံ့အားသင့်ဖွယ်မရှိတော့ပေ။

အသက်ရှင်သန်ရန်အတွက် ဆေးကိုရှာတွေ့ခဲ့သော်လည်း ရောဂါကျွမ်းနေသည်မှာ သိသာထင်ရှားလှ၏။

"ဒါက ဘာမှမဟုတ်ပါဘူး...."

"နှစ်ပေါင်းတစ်သိန်းကြာအောင် ကျိန်စာရဲ့ညှဉ်းပန်းနှိပ်စက်တာကိုခံနေရတဲ့ ဖြောင်မိသားစုကလူတွေအားလုံး လွတ်မြောက်တော့မယ်"

ဖြောင်မြောင်ဟုန်က ရဲဝံ့ချင်ယောင်ဆောင်ပြီး အပြုံးနှင့်ပြောဆိုသည်။

"ဒါ့ပြင် အဲ့ဒီကျိန်စာက မဆိုးပါဘူး...အနည်းဆုံးတော့ အဲ့ဒီကျိန်စာကြောင့် ငါတို့ဖြောင်မိသားစု သွေးမျိုးဆက်ရဲ့ ကျင့်ကြံမှုအရှိန်နှုန်းက တခြားလူတွေနဲ့ နှိုင်းယှဉ်ရင် အများကြီးပိုမြန်တယ်...ငါရဲ့ဘဝသက်တမ်းက တိုတောင်းတယ်ဆိုရင်တောင် ဖြောင်မိသားစုက ထျန်းယုနယ်မြေမှာ အခိုင်အမာ ရပ်တည်နိုင်တယ်"

သူမသည် ဂရုမစိုက်ချင်ယောင်ဆောင်နေခြင်းပင်။

သူမ၏အားနည်းချက်ကို တခြားလူများ၏ရှေ့တွင် ထုတ်ဖော်ပြသလိုခြင်း မရှိသည်မှာ သိသာထင်ရှားလှ၏။

သို့ရာတွင် သူမ၏စိတ်နှလုံးသားအတွင်းရှိ မလိုလားမှုများသည် သူမအား မွန်းကြပ်မှုကို ခံစားရစေသည်။အထူးသဖြင့် သူမ၏ရှေ့၌ ရီဖုန်းရှိနေသောအချိန်တွင် သူမအား စိတ်ခံစားချက်အမြောက်အများကို ခံစားရစေသည်။

တချို့လူများသည် အသက်ရှင်သန်လိုသော်လည်း ရှင်သန်နိုင်ခြင်းမရှိချေ။

တချို့လူများသည် သေလမ်းရှာနေသော်လည်း သေဆုံးနိုင်ခြင်းမရှိပေ။

"ဘာမှ မစိုးရိမ်နဲ့...မင်း သေချာပေါက် အသက်ရှင်လိမ့်မယ်"

ရီဖုန်းသည် ဖြောင်မြောင်ဟုန်၏ ဝမ်းနည်းကြေကွဲဖွယ်ကောင်းသော ဇာတ်ကြောင်းကိုနားထောင်ပြီးနောက် အပြုံးနှင့်နှစ်သိမ့်လိုက်သည်။

"သခင်လေးရီက ငါ့ကို နှစ်သိမ့်ပေးဖို့ မလိုပါဘူး...ငါက ဒီကံကြမ္မာကို လက်ခံပြီးပြီ...ဒါက ကိစ္စကြီးတစ်ခု မဟုတ်ဘူး"

ဖြောင်မြောင်ဟုန်က တောက်ပသောအပြုံးနှင့် ပြောဆိုသည်။

"မင်းက ဘာကံကြမ္မာကို လက်ခံလိုက်တာလဲ ...မင်း လက်လျှော့အရှုံးမပေးနဲ့...မင်း အဆင်ပြေသွားမှာပါ... ငါ ပြောပြီးပြီလေ...ငါ့ကို ယုံစမ်းပါ...မင်းမသေဘူးလို့ ငါ ပြောတယ်ဆိုရင် မင်း သေမှာမဟုတ်ဘူး"

ရီဖုန်းက သူ၏လက်သီးကိုဆုပ်ပြီး သူမကို အားပေးစကားပြောဆိုလိုက်၏။

အကြောင်းအရင်းမှာ သူသည် ဤကိစ္စကိုကြားချိန်၌ မည်ကဲ့သို့ ဖြေရှင်းပေးရမည်ကို မသိရှိသဖြင့် အားပေးနှစ်သိမ့်ရုံသာ တတ်နိုင်သောကြောင့်ပင်။

"ဒါဆိုရင် သခင်လေးရီကို ကျေးဇူးတင်ပါတယ်"

ဖြောင်မြောင်ဟုန်က သူမ၏ပါးစပ်ကိုအုပ်ပြီး ပြုံးလိုက်သည်။သူမ၏ရှေ့ရှိလူသည် အလွန်ချစ်စဖွယ်ကောင်းမည်ဟု သူမ မျှော်လင့်မထားမိချေ။

သို့ရာတွင် ရီဖုန်းသည် သူမအား နှစ်သိမ့်နေသည်ကို သူမ ကောင်းစွာသိရှိပေ၏။

သူမအ ဆင်ပြေသွားမည်ဟု ဆိုသလော...မည်သည်ကြောင့် သူမ အဆင်ပြေနိုင်မည်နည်း...

သူမ၏ဘိုးဘေးအစဉ်အဆက်ပင်လျှင် ဤကျိန်စာမှ လွတ်မြောက်နိုင်ခြင်း မရှိလေရာ မည်သည်ကြောင့် သူမသည်လည်း ဤကျိန်စာမှ လွတ်မြောက်နိုင်မည်နည်း။

"သခင်လေးရီ...အခုက အရမ်းနောက်ကျနေပြီ...ငါတို့တွေ အခုချက်ချင်း ထျန်းယုနယ်မြေကို သွားကြရအောင်"

ဖြောင်မြောင်ဟုန်က နူးညံ့ညင်သာစွာ ပြောဆိုသည်။

"ခုနက သခင်လေးရီဆုတောင်းပေးတာကို ကြားပြီးတော့ ငါ စိတ်သက်သာရာရသွားခဲ့တယ်"

"ဒါပေမဲ့ မင်း..."

ရီဖုန်းက မျက်မှောင်ကြုတ်လိုက်ကာ ဤမိန်းကလေးသည် သူနှင့်အတူ အဖော်ပြု၍ သေလမ်းရှာပေးမည့် ကိစ္စကို သူ လက်ခံနိုင်ခြင်းမရှိတော့ချေ။

"ဒီနေ့ သခင်လေးရီဆီကနေ ငါက နဂါးငါးနှစ်ကောင်ကို ရခဲ့တယ်...ငါ့မှာ ဒါကို ပြန်ပေးဆပ်ဖို့အတွက် ဘာမှမရှိဘူး...ငါရဲ့နောက်ဆုံးစိတ်ဆန္ဒက သခင်လေးရီရဲ့ဆန္ဒကို ပြည့်ဝသွားအောင် ဖြည့်ဆည်းပေးဖို့ပဲ"

ဖြောင်မြောင်ဟုန်က အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။

"တကယ်လို့ သခင်လေးရီရဲ့ဆန္ဒကို ဖြည့်ဆည်းမပေးနိုင်ဘူးဆိုရင် ငါ သေသွားရင်တောင် ငြိမ်ငြိမ်းချမ်းချမ်းနဲ့ မျက်လုံးမှိတ်နိုင်မှာ မဟုတ်ဘူး"

ရီဖုန်းက သူ၏ပါးစပ်ကို ဖွင့်ဟလိုက်သော်လည်း မည်သည့်စကားကိုမျှ ပြောဆိုခြင်းမရှိဘဲ သဘောတူညီသည့်အနေဖြင့် ခေါင်ညိတ်ပြလိုက်၏။

"ဒါဆိုရင် ငါတို့ ဘယ်နေရာကို သွားကြမလဲ"

ရီဖုန်းက မေးမြန်းသည်။

ဖြောင်မြောင်ဟုန်က အပြုံးနှင့်ပြောဆိုသည်။

"ဘယ်နေရာကို သွားရမလဲဆိုတာ ငါလည်းသေချာမသိဘူး...အခုချိန်မှာ သူတော်စင်တွေ မွေးဖွားလာတာကြောင့် ထျန်းယုနယ်မြေနဲ့ နယ်မြေကြီးကိုးခုကြားက ကူးပြောင်းရေးဝင်္ကပါကို ဖြတ်ကျော်နိုင်ဖို့အတွက် တိုက်ပွဲတွေဖြစ်နေကြပြီ"

"တကယ်တော့ အခုလက်ရှိအခြေအနေကို ကြည့်ရင် ထျန်းယုနယ်မြေတင်မကဘူး...တခြားနယ်မြေတွေနဲ့နယ်မြေကြီးကိုးခုအကြားမှာလည်း ကူးပြောင်းရေးဝင်္ကပါတွေ အများကြီးရှိနေနိုင်တယ်....ဒါပေမယ့် အဲ့ဒီအရာတွေ ဘယ်နေရာမှာ ရှိတယ်ဆိုတာ ငါတို့ မသိနိုင်ဘူး"

"အတိုချုပ်ပြောရရင် အခုအချိန်မှာ နယ်မြေကြီးကိုးခုက တခြားနယ်မြေတွေရဲ့ထွက်ပေါက်ပဲ"

"သူတော်စင်တွေက တကယ်ပဲ အရမ်းထူးချွန်တာလား"

ရီဖုန်းက ကူကယ်ရာမဲ့စွာဖြင့် မေးမြန်းသည်။

"အမှန်ပဲ"

ဖြောင်မြောင်ဟုန်သည် တုံ့ပြန်အဖြေပေးကာ သူတော်စင်ဟူသော စကားလုံးကို ပြောဆိုချိန်တွင် သူမ၏မျက်လုံးအတွင်း၌ ရိုသေလေးစားမှုများဖြင့် ပြည့်နှက်နေသည်။

"ဒါပေမဲ့ ဘယ်သူက သူတော်စင်တစ်ယောက်ဆိုတာ မင်း ဘယ်လိုလုပ်ပြီး သိနိုင်လဲ"

ရီဖုန်းက ထပ်မံ၍ မေးမြန်းလေ၏။

"အချိန်ကျလာရင် သူတော်စင်တွေက အလိုအလျောက် ထွက်ပေါ်လာလိမ့်မယ်"

ဖြောင်မြောင်ဟုန်က ရှင်းပြသည်။

"ဘယ်လိုမျိုးလဲဆိုတာ ဥပမာအနေနဲ့ ပြောပြလို့ရမလား..."

ရီဖုန်းက ထပ်မံ၍မေးမြန်းသည်။

ဖြောင်မြောင်ဟုန်သည် အချိန်တခဏကြာခန့် စဉ်းစားတွေးတောပြီးနောက် တုံ့ပြန်အဖြေပေးသည်။

"ဒါက နယ်မြေကြီးကိုးခုရဲ့သူတော်စင်တွေက ဘယ်လိုအမျိုးအစားတွေ ဖြစ်နေလဲ ဆိုတာပေါ်မှာ မူတည်တယ်"

"တကယ်လို့ စာပေသူတော်စင်တစ်ယောက်ဖြစ်နေရင် နယ်မြေကြီးကိုးခုရဲ့ စာပေပညာရပ်တွေ တိုးတက်လာလိမ့်မယ်"

"တကယ်လို့ ဓားသူတော်စင်တစ်ယောက် ဖြစ်နေရင် နယ်မြေကြီးကိုးခုရဲ့ဓားသမားတွေက မိုးကောင်းကင်တာအိုရဲ့ကောင်းချီးပေးတာကို ခံရပြီးတော့ သူတို့အတွက် အကျိုးကျေးဇူးတွေ အများကြီးရသွားနိုင်တယ်"

"အတိုချုပ်ပြောရရင် မတူကွဲပြားတဲ့ သူတော်စင်တွေက မတူညီတဲ့တုံ့ပြန်မှုတွေကို ဖြစ်စေနိုင်တယ်...လောကကြီးထဲက ပြောင်းလဲမှုတွေကို မှန်းဆနိုင်ခဲ့ရင် ဒီတစ်ကြိမ်မှာ ဘယ်လိုသူတော်စင်မျိုးတွေ နိုးထလာမလဲဆိုတာ နင် သိနိုင်လိမ့်မယ်"

"ငါ သိပြီ"

ရီဖုန်းက ခေါင်းညိတ်ပြလိုက်ကာ သူသည် သူတော်စင်များနှင့်ပတ်သက်ပြီး အကြမ်းဖျင်းနားလည်သဘောပေါက်သွားလေပြီ။

သို့ရာတွင် သူသည် ဤကိစ္စကို အလေးအနက်ထားခြင်း မပြုချေ။သူ၏စိတ်နှလုံးသားအတွင်း၌ သေလမ်းရှာရန်ကိုသာ တွေးတောနေသည်။

"ထျန်းယုနယ်မြေနဲ့ နယ်မြေကြီးကိုးခုအကြားမှာ ဘာကွဲပြားခြားနားချက်တွေရှိလဲ"

ကူးပြောင်းရေးဝင်္ကပါထံသို့ သွားနေစဉ် လမ်းတစ်ဝက်၌ ရီဖုန်းက မေးမြန်းသည်။

"ကွဲပြားခြားနားချက်တွေ အများကြီးရှိတယ်....အထူးသဖြင့် သခင်လေးရီကို အရမ်းစိတ်ဝင်စားစေမယ့် ကိစ္စတချို့ ရှိနေတယ်"

ဖြောင်မြောင်ဟုန်က တုံ့ပြန်အဖြေပေးသည်။

"ငါ့ကို ဥပမာပေးပြီးတော့ ရှင်းပြပေးနိုင်မလား"

ရီဖုန်းသည် စပ်စုသောကလေးတစ်ယောက် အလားပင်။

"ထျန်းယုနယ်မြေမှာရှိတဲ့ လူတိုင်းမှာ အမြင့်ကိုတက်နိုင်တဲ့ အခွင့်အရေးက တစ်ခုထက်ပိုပြီးရှိတယ်...တချို့လူတွေက သူတို့ပိုင်ဆိုင်နိုင်မှာမဟုတ်တဲ့ ဆက်ဆံမှုမျိုးတွေကို ရပြီးတော့ ပျော်ပျော်ရွှင်ရွှင်နေနိုင်ကြတယ်"

ထိုစကားကိုပြောဆိုရင်း ဖြောင်မြောင်ဟုန်သည် အချိန်တခဏကြာခန့် ဆိုင်းငံ့ပြီးမှ ဆက်လက်၍ပြောဆိုသည်။

"တကယ်လို့ နင်က အပြင်စည်းဂိုဏ်းတစ်ဂိုဏ်းရဲ့အစေခံတပည့်တစ်ယောက် ဖြစ်နေမယ်ဆိုရင်တောင် အဲ့ဒီနေရာမှာ အဆင့်မြင့်ပုဂ္ဂိုလ်တစ်ယောက်လို ဆက်ဆံခံရမယ်"

"အော်..."

"အဲ့ဒီလို ထူးဆန်းတဲ့နေရာမျိုး ရှိနေတာလား..."

ရီဖုန်း၏သိချင်စိတ်များ ရုတ်တရက် မြင့်တက်လာကာ သူက အလျင်စလို မေးမြန်းလိုက်သည်။

"ဘာဖြစ်လို့ အဲ့ဒီလောက်ထိ ထူးဆန်းနေတာလဲ"

"အဲ့ဒီကိစ္စကို စကားတစ်ခွန်းနှစ်ခွန်းနဲ့ ရှင်းပြနိုင်မှာမဟုတ်ဘူး...သခင်လေးရီ အဲ့ဒီနေရာကို ရောက်သွားပြီးတော့ အဲ့ဒီက အတွေ့အကြုံတွေကို ကြုံတွေ့ပြီးရင် သိသွားလိမ့်မယ်"

ဖြောင်မြောက်ဟုန်က အပြုံးနှင့်ဆက်လက်၍ပြောဆိုသည်။

"အဲ့ဒီကိစ္စအပြင် ထျန်းယုနယ်မြေမှာရှိတဲ့ အန္တရာယ်တွေကို နယ်မြေကြီးကိုးခုက ယှဉ်ပြိုင်နိုင်မှာမဟုတ်ဘူး...ထျန်းယုရဲ့ဥပဒေသတွေက နယ်မြေကြီးကိုးခုထက် ပိုပြီးရက်စက်ကြမ်းကြုတ်တယ်"

"အဲ့ဒီလိုလား..."

ရီဖုန်း၏နှုတ်ခမ်းထောင့် မြင့်တက်သွားသော်လည်း သူ၏စိတ်နှလုံးသားအတွင်း၌ ထျန်းယုနယ်မြေနှင့်ပတ်သက်ပြီး အနည်းငယ်သိချင်နေမိသည်။

Chapter 892

ရီဖုန်းနှင့်ဖြောင်မြောင်ဟုန်တို့ ထျန်းယုနယ်မြေထံသို့ သွားနေသည်နှင့် တစ်ချိန်တည်းမှာပင်...

နယ်မြေကြီးကိုးခု မဟာမိတ်အဖွဲ့၌...

ဤသည်မှာ မူလက ကန်တုံနယ်မြေ၏ပိုင်နက်ဖြစ်သော်လည်း နယ်နိမိတ်နံရံ ကျိုးပျက်သွားကာ ထျန်းယုနယ်‌မြေမှလူများ ရောက်ရှိလာခြင်းကြောင့် ကန်တုံနယ်မြေကိုဗဟိုပြု၍ တခြားနယ်မြေများနှင့် ပေါင်းစည်းခဲ့ရသည်။ထို့ကြောင့် ဤနေရာသည် အင်မော်တယ်နယ်မြေနှင့် တခြားနယ်မြေကြီးရှစ်ခု၏ စုဝေးရာအရပ်ဖြစ်လာကာ နယ်မြေကြီးကိုးခုမဟာမိတ်နယ်မြေဟု လူသိများလာခဲ့သည်။

နယ်မြေကြီးကိုးခုမဟာမိတ်အဖွဲ့၏ ခေါင်းဆောင်ဖြစ်သော ကျန်းလောင်သည် ခန်းမ၏ထိပ်ဆုံးနေရာ၌ထိုင်နေကာ သူ၏ခေါင်းကိုငုံပြီး သူ၏မုတ်ဆိတ်ကျင်စွယ်များကို ပွတ်သပ်နေသည်။

နယ်မြေကိုးခုမဟာမိတ်အဖွဲ့၏ခေါင်းဆောင်ဖြစ်သော သူ၏ပခုံးပေါ်တွင် လေးလံသောဝန်ထုတ်ဝန်ပိုးများကို ထမ်းထားရပေ၏။

အထူးသဖြင့် မူလက ကြီးမားကျယ်ပြန့်သော နယ်မြေကြီးကိုးခုသည် ဤကဲ့သို့ပုံစံမျိုး ဖြစ်လာသဖြင့် သူသည် အမြဲတစေ မလိုလားမှုနှင့်ကြေကွဲဝမ်းနည်းမှုတို့ကို ခံစားနေရသည်။

"လူအိုကြီးကျန်း...ခဏလောက်အနားယူပါအုံး"

ထိုအချိန်မှာပင် ရှုံထန်း ရောက်ရှိလာပြီး နူးညံ့ညင်သာစွာ ပြောဆိုသည်။

"ငါ ဘယ်လိုလုပ်ပြီး အနားယူနိုင်မှာလဲ"

လူအိုကြီးကျန်းက ခါးသည်းစွာ ပြုံးလိုက်သည်။

"လူအိုကြီးကျန်းဒါက မင်းရဲ့အပြစ်မဟုတ်ဘူးဆိုတာ မင်းလည်း နားလည်မှာပါ"

ရှုံးထန်းက ပြောဆိုသည်။

"တကယ်လို့ ထျန်းးယုနယ်မြေကလူတွေ ရောက်လာတာကို မင်း သဘောမတူခဲ့ဘူးဆိုရင် ...အခုအချိန်မှာ နယ်မြေကြီးကိုးခုလုံးကို အနက်ရောင်မြူခိုးတွေ တိုက်စားနေမှာကို ငါစိုးရိမ်မိတယ်"

"ထျန်းယုနယ်မြေရဲ့လူတွေက ငါတို့ရဲ့ကတိပေးမှုကို နည်းနည်းလေးတောင် မလိုအပ်တာကြောင့်...မင်းသာသဘောမတူခဲ့ရင် နယ်မြေကြီးကိုးခုက အခုထက်ပိုပြီး အခြေအနေဆိုးနေလိမ့်မယ်"

လူအိုကြီးကျန်းက ခါးသည်းသောအမူအယာဖြင့် ပြောဆိုသည်။

"ငါတို့က လှောင်အိမ်တစ်ခုထဲကလူတွေ ဖြစ်နေပြီးတော့ ပြင်ပနယ်မြေက လူတွေရဲ့မျက်လုံးထဲမှာ ပုရွက်ဆိတ်တွေနဲ့ အတူတူပဲ...တကယ်လို့ ငါတို့တွေက ပြင်းပြင်းထန်ထန် မကြိုးစားဘူးဆိုရင် ငါတို့တွေအားလုံး ပျောက်ကွယ်သွားရမှာက အနှေးနဲ့အမြန်ပဲ"

"အတိုချုပ်ပြောရရင် တကယ်လို့ ငါတို့ရဲ့လက်သီးတွေ မကြီးဘူးဆိုရင် ရိုက်နှက်ခံရလိမ့်မယ်"

လူအိုကြီးကျန်းက သက်ပြင်းတစ်ချက်ရှိုက်ပြီး ဆက်လက်၍ပြောဆိုသည်။

"ထျန်းယုနယ်မြေရဲ့လူတွေက စည်းမျဉ်းတွေကိုယာယီလိုက်နာပြီးတော့ ငါတို့အပေါ် ဖိနှိပ်မထားဘူးဆိုပေမယ့် နောက်အနာဂတ်မှာ ဘာတွေဖြစ်လာမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး"

"လူအိုကြီးကျန်းပြောတာက အမှန်ပဲ"

ရှုံးထန်းက တည်ကြည်လေးနက်စွာဖြင့် ခေါင်းညိတ်ပြပြီး ပြောဆိုသည်။

"ဒါပေမဲ့ နယ်နိမိတ်နံရံ ကျိုးပျက်သွားတာနဲ့အတူ လေဟာနယ် လှောင်ပိတ်ခံထားရမှုကနေလွတ်မြောက်သွားတာကြောင့် ကောင်းကင်နဲ့မြေပြင်ရဲ့စွမ်းအားတွေ ပျံ့နှံ့လာခဲ့တယ် ....နယ်မြေကြီးကိုးခုထဲမှာရှိတဲ့ ငါတို့ရဲ့လက်ရွေးစင်ကျင့်ကြံသူတွေထဲက တချို့ရဲ့ ကျင့်ကြံမှုတွေက မြန်မြန်ဆန်ဆန် တိုးတက်လာခဲ့တယ်"

"ကျင့်ကြံဆင့်နယ်ပယ် ဘယ်အဆင့်ကို ရောက်နေပြီလဲလို့ မသိရတဲ့ အဖြူရောင်ဧကရီကလွဲရင်.. သန့်စင်ခြင်းတစ်ရာဂိုဏ်းရဲ့ဂိုဏ်းချုပ် ရှီချင်းဝူက ဂိုဏ်းရဲ့သေခြင်းရှင်ခြင်းစမ်းသပ်ချက်ဆယ်ခုကိုဖြတ်ကျော်ပြီးတော့ နတ်ဘုရားရဲ့အမွေအနှစ်ကို ဆက်ခံနိုင်ခဲ့တယ်"

"သန့်စင်ခြင်းတစ်ရာရဲ့ အစေခံတပည့် ဆယ့်သုံးယောက်ကလည်း ကပ်ဘေးနယ်ပယ်ရဲ့ နဝမအဆင့်ကို ဖြတ်ကျော်သွားနိုင်ခဲ့ပြီ"

ရှုံးထန်းက တစ်ခုပြီးတစ်ခု ပြောဆိုသည်။

ထိုစကားများကိုကြားချိန်တွင် လူအိုကြီးကျန်း၏မျက်လုံးများ တောက်ပသွားကာ ဆတ်ခနဲမတ်တတ်ထရပ်လိုက်၏။

"မင်း အမှန်အတိုင်း ပြောနေတာလား"

"ဒါက အမှန်ပါပဲ..."

ရှုံးထန်းက အပြုံးနှင့်ပြောဆိုသည်။

"ဒီတစ်ကြိမ် ငါ ဒီနေရာကိုလာတာက မင်းကို သတင်းကောင်းတွေ ပြောချင်လို့ပဲ...အခု နယ်မြေကြီးကိုးခုမဟာမိတ်အဖွဲ့မှာ တာအိုကြေးမုံနယ်ပယ် အစစ်အမှန်ကျင့်ကြံသူတစ်ယောက် ရှိလာပြီ"

"ကောင်းတယ်...ဒါက အရမ်းကောင်းတယ်...နတ်ဘုရားက ငါတို့နယ်မြေကြီးကိုးခုကို ကောင်းချီးပေးနေတာပဲ"

လူအုပ်ကြီးကျန်း၏မျက်လုံးအတွင်းမှ မျက်ရည်များ ယိုစီးကျလာသည်။

ဤှရက်များအတွင်းတွင် သူသည် မည်မျှထိများပြားသော ဖိအားများအောက်၌ ကျရောက်နေခဲ့သည်ကို သူ မသိရှိတော့ချေ။

ထျန်းယုနယ်မြေမှလူများ ရောက်ရှိလာစဉ်အချိန်၌ နယ်မြေကြီးကိုးခုလုံးမှကျင့်ကြံသူများအနက် အဆင့်မြင့်ဆုံးကျင့်ကြံဆင့်အခြေခံသည် အစစ်အမှန်အင်မော်တယ်နယ်ပယ်မျှသာရှိသည်။အစစ်အမှန်ကျင့်ကြံခြင်းနယ်ပယ်သို့ ပြောင်းလဲလိုက်ချိန်၌ သူတို့သည် ကပ်ဘေးနယ်ပယ် ဒုတိယအဆင့်တွင်သာ ရှိပေ၏။ထျန်းယုနယ်မြေမှကျင့်ကြံသူများနှင့် နှိုင်းယှဉ်ပါက သူတို့ထံတွင် အစွမ်းအစမဲ့သကဲ့သို့ ခံစားချက်မျိုး ရရှိနေသည်။

သို့ရာတွင် အချိန်တိုအတွင်းမှာပင် နယ်မြေကြီးကိုးခု၌ တာအိုကြေးမုံနယ်ပယ် ထိပ်သီးကျင့်ကြံသူတစ်ယောက် ထွက်ပေါ်လာလေပြီ။

လှောင်အိမ်ကြီး ပျက်စီးသွားသောကြောင့် နယ်မြေကြီးကိုးခု၏လူငယ်မျိုးဆက်မှ ပါရမီရှင်များသည် မိုးရွာပြီးနောက်ထွက်လာသည့် မျှစ်စို့များအလား ပေါ်ထွက်လာကြသည်။သူတို့သည် နယ်မြေကြီးကိုးခုမှဂိုဏ်းကြီးများနှင့် နှိုင်းယှဉ်ပါက အနည်းငယ်နိမ့်ကျနေသော်လည်း နောင်အနာဂတ်ကို မြင်နိုင်ဆဲပင်။

သူတို့လျှောက်လှမ်းရမည့်လမ်းသည်မူ အနည်းငယ်ပို၍ခက်ခဲမည်မှာ သေချာပေါက်ပင်။

"ဒါပေမဲ့ ဒီတစ်ကြိမ်မှာ ကိစ္စတစ်ခု ရှိနေသေးတယ်"

ရှုံးထန်းသည် ထိုစကားကိုပြောဆိုပြီးနောက် အချိန်အနည်းငယ်ခန့် တုံ့ဆိုင်းသွားကာသူ၏မျက်နှာပေါ်တွင် ထူးဆန်းသောအမူအယာတစ်ရပ် ထင်ဟပ်လာသည်။

"အင်း ဘာကိစ္စလဲ"

လူအိုကြီးကျန်းက သူ၏ခေါင်းကိုမော့ပြီး မေးမြန်းသည်။

"ပြောရမယ်ဆိုရင် ဒါက ပြဿနာတစ်ခုတော့မဟုတ်ဘူး...ပြဿနာတစ်ခုမဟုတ်ပေမဲ့ ဒါက နည်းနည်းထူးဆန်းတယ်လို့ ငါ ခံစားနေရတယ်"

ရှုံးထန်းက အလေးအနက်ထားသောမျက်နှာအမူအယာဖြင့် ပြောဆိုသည်။

"လိုရင်းကို ပြောစမ်းပါ"

လူအိုကြီးကျန်းသည် သူ၏စိတ်လှုပ်ရှားမှုကို ဖယ်ရှားကာ အလေးအနက်ထားသော မျက်နှာအမူအယာဖြင့် ရှုံးထန်းကို ကြည့်လိုက်၏။

"ယွမ်ဟွာနဲ့ပေါင်ပိုတို့က အတူတူနေနေကြပြီ"

ရှုံးထန်းက ထူးဆန်းသောမျက်နှာအမူအယာဖြင့် ပြောဆိုသည်။

"မင်း ဘာပြောလိုက်တာလဲ..."

ကျန်းလောင်သည် ထိုစကားကိုကြားချိန်၌ သူ၏အောက်မေးရိုးများ အောက်သို့ပြုတ်ကျလုမတက် ထိတ်လန့်တုန်လှုပ်သွားသည်။

"ယွမ်ဟွာလို နူးညံ့သိမ်မွေ့တဲ့ကောင်က ပေါင်ပိုလို မိန်းမကြမ်းကြီးနဲ့ အတူရှိနေတယ်လို့ မင်း ပြောလိုက်တာလား"

"ဒါက...."

ရှုံထန်း၏နှုတ်ခမ်း မဲ့ရွဲ့သွားကာ သူ့၏လက်ကို ဝှေ့ယမ်းလိုက်ပြီးနောက် လူအိုကြီးကျန်း၏ရှေ့၌ ပုံရိပ်ယောင်ကားချပ်တစ်ခု ထွက်ပေါ်လာသည်။

ဤပုံရိပ်ရာကားချပ်အတွင်း၌ ပိန်ပါးပြီးအရပ်ပုသော ယွမ်ဟွာသည် မြက်ခင်းပြင်ပေါ်၌ လဲလျောင်းနေကာ ကြမ်းတမ်းသောမျက်နှာရှိသည့် မိန်းမဝကြီးတယောက်က သူ၏လက်မောင်းပေါ်၌ ကြောင်ငယ်လေးတစ်ကောင်အလား ပွတ်သီးပွတ်သပ်လုပ်ရင်း လဲလျောင်းနေသည်။

"ပေါင် ငါ ဝိုင်အရက်နည်းနည်းလောက် သောက်ချင်တယ်"

"နင်က ဘာဝိုင်အရက်ကို သောက်ချင်တာလဲ"

"မင်းနဲ့ထာဝရ နေနိုင်အောင် မူးယစ်စေတဲ့ ဝိုင်အရက်မျိုးပဲ...အချစ်လေး ငါ မင်းကို စားချင်တယ်..."

"ဘာကို စားမှာလဲ..."

"ငါက မင်းကို ငါ့ရဲ့အောက်မှာ ရှိနေစေချင်တယ်...."

"ဟွန့် သွားသေလိုက်လေ..."

ပုံရိပ်ယောင်ကားချပ်အတွင်းရှိ လူနှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် နမ်းရှုံနေကြ၏။ထိုနောက် သူတို့သည် ပန်းပင်များ၏မွေးရနံ့များအကြားတွင် လိပ်ပြာလေးများကိုလိုက်လံဖမ်းဆီးရင်း မြက်ခင်းပြင်ပေါ်၌ လွတ်လပ်ပေါ့ပါးစွာ ပြေးလွှားနေကြသည်။

"ဝေါ့...."

ထိုမြင်ကွင်းကိုကြည့်ပြီး လူအိုကြီးကျန်းသည် အော့အန်ချင်သကဲ့သို့ ခံစားရသဖြင့် သူ၏နှုတ်ခမ်းထောင့် မဲ့ရွဲ့သွားသည်။

သူ၏မျက်လုံးအတွင်း၌ မယုံကြည်နိုင်မှု အရိပ်အယောင်များ အလွန်မြင့်မားနေပေ၏။

သူတို့နှစ်ယောက်သည် မူလက နယ်မြေကြီးကိုးခု၏သူရဲကောင်းများပင်။အတိတ်တွင် သူတို့သည် နယ်နိမိတ်နံရံကို အတူတကွစောင့်ကြပ်ခဲ့ကြသဖြင့် လူအိုကြီးကျန်းသည် သူတို့နှစ်ယောက်၏အကျင့်စရိုက်များကို ကောင်းစွာနားလည်သဘောပေါက်ထားသည်။

နူးညံ့သိမ်မွေ့ကာ မိန်းမဆန်သော ယွမ်ဟွာ...

သူသည် လိင်စိတ်ပြောင်းလဲနေသူတစ်ယောက် မဟုတ်လော။ယွမ်ဟွာသည် မိန်းမစိတ်ပေါက်နေသဖြင့် အလွန်နူးညံ့သိမ်မွေ့ကာ မိန်းမဆန်သူဖြစ်သည်။

တခြားတစ်ဖက်ရှိ ပေါင်ပိုသည် ဝက်ဝံတစ်ကောင်ကဲ့သို့ ဒေါသကြီးကာ ယောက်ျားသားတစ်ယောက်ထက်ပင် ပို၍ခိုင်မာပြတ်သားသော စိတ်နေသဘောထားရှိသည်။

လောကကြီးတစ်ခုလုံးပျက်စီးသွားလျှင်ပင် ဤလူနှစ်ယောက် အတူတကွရှိနေမည်ဟု သူ မယုံကြည်နိုင်​ချေ။

သို့ရာတွင် ယခုချိန်၌ ဤလူနှစ်ယောက်သည် အတူတကွရှိနေကာ ချစ်ရနံ့များထုံမွှမ်းနေပြီး တစ်ယောက်နှင့်တစ်ယောက်ရ တနာတစ်ပါးကဲ့သို့ ဆက်ဆံနေသည်။ဤသက်ရောက်မှုသည် အလွန်ပြင်းထန်သဖြင့် သူ ဖျားနာချင်သကဲ့သို့ ခံစားနေရသည်။

"လူအိုကြီးကျန်း...ဒါက ဘာမှမဟုတ်သေးဘူး"

"ဂျူနီယာတွေထဲမှာ ထူးချွန်တဲ့ပါရမီရှင်တွေဖြစ်တဲ့ ဝမ်ကျီးနဲ့ဖန်းယုတို့လည်း...."

ရှုံးထန်းက ပြောဆိုသည်။

လူအိုကြီးကျန်း၏မျက်လုံးများ ကျဉ်းမြောင်းသွားကာ အော်ဟစ်လိုက်သည်။

"အဲ့ဒါက ယောက်ျားလေးနှစ်ယောက်လေ..."

"မဟုတ်ဘူး...သူတို့ရဲ့ဆရာသခင် ဖုန်းရှန်းကိုယ်တိုင် သူတို့နှစ်ယောက်ရဲ့ ခြေထောက်တွေကို ရိုက်ချိုးခဲ့ပေမယ့် သူတို့ကို မဟန့်တားနိုင်ခဲ့ဘူး...သူတို့က အချစ်စစ်အချစ်မှန်ဆိုပြီးတော့ တစ်ယောက်နဲ့တစ်ယောက် ပွေ့ဖက်နေကြတယ်"

ရှုံးထန်းက သူ၏နှုတ်ခမ်းကိုမဲ့ရွဲ့ပြီး ပြောဆိုသည်။

Chapter 893

"တကယ်တော့...ဒါက နယ်မြေကြီးကိုးခုနယ်နမိတ်နယ်မြေမှာ ဖြစ်နေတာတွေရဲ့ အဖျားအနားပဲရှိသေးတယ်...."

"အခု လမ်းပေါ်ကို ကြည့်လိုက်အုံး...."

ထိုစကားကိုပြောဆိုရင်း ရှုံးထန်းသည် ပြတင်းပေါက်ကိုဖွင့်လိုက်ရာ လမ်းမကြီးကို အတားအဆီးမရှိ တွေ့မြင်နိုင်ပေ၏။

ကျန်းလောင်က ပြတင်းပေါက်ထံသို့ လျှောက်လှမ်းသွားပြီး ပြင်ပသို့ ကြည့်လိုက်သည်။

မြို့တမြို့လုံးသည် အချစ်နှင့်ပျော်ရွှင်မှုများထုံမွှမ်းရာနယ်မြေဖြစ်နေကာ ချစ်သူစုံတွဲများသည် ချိုမြိန်စွာဖြင့် ဖြတ်သန်းသွားလာနေကြ၏။

အမှန်အားဖြင့် မိန်းကလေးအချင်းချင်း ပူးတွဲနေသူများပင် ရှိနေလေရာ..

ဤမြင်ကွင်းကြောင့် လူအိုကြီးကျန်း၏မေးရိုးများ အောက်သို့ပြုတ်ကျလုမတတ် အံ့အားသင့်တုန်လှုပ်သွားသည်။

"ဒီနေရာမှာ ဘယ်လိုမျိုး သောက်ရေးမပါတဲ့ကိစ္စတွေ ဖြစ်နေတာလဲ"

ကျင့်ကြံသူတစ်ယောက်သည် သူ၏မယားငယ်မှ လိုက်လံဖမ်းဆီးနေသောကြောင့် ခြေမကိုင်မိလက်မကိုင်မိဖြစ်နေသည်။

ယခင်ကတည်းက နှစ်ကိုယ်တူကျင့်ကြံခြင်းကို လေ့ကျင့်ကြသော တာအိုစုံတွဲ အမြောက်အများရှိသော်လည်း သူတို့သည် ကျင့်ကြံရန်အတွက်သာ ဤအခန်းကဏ္ဍကို အသုံးပြုကြခြင်းပင်။ သာမန်အားဖြင့် ကျင့်ကြံသူများသည် ချစ်ရေးချစ်ရာကိစ္စများကို အာရုံစူးစိုက်သည်မှာ လွန်စွာရှားပါးပေ၏။

စိတ်နှလုံးသားခြင်း တထပ်တည်းကျကာ ချစ်မြတ်နိုးကြသော တာအိုစုံတွဲတချို့ရှိသော်လည်း လူနည်းစုသာ ဖြစ်သည်။

တာအိုစုံတွဲ တစ်တွဲနှစ်တွဲကို တွေ့ရသည်မှာ သာမန်ဖြစ်သော်လည်း ယခုအချိန်၌ လမ်းမပေါ်တွင် စုံတွဲများဖြင့် ပြည့်နှက်နေသည်မှာ အမှန်တကယ်ကို ထူးဆန်းနေသည်။

"ဒါက ပုံမှန်မဟုတ်ဘူး...ဒီကိစ္စရဲ့နောက်ကွယ်မှာ ဘာတွေရှိနေလဲဆိုတာ ရှာဖွေဖော်ထုတ်ဖို့လိုတယ်"

လူအိုကြီးကျန်းက တင်းမာခက်ထန်သော မျက်နှာအမူအယာဖြင့် ပြောဆိုသည်။

"ဒါက တကယ့်ကို မူမမှန်ဘူး....နယ်မြေကြီးကိုးခုမဟာမိတ်နယ်မြေမှာ အဲ့ဒီလိုမျိုး အခြေအနေတွေ ရှိနေပြီးတော့ ချစ်ရနံ့တွေက နေရာအနှံ့အပြားမှာ ပျံ့နှံ့နေတယ်...ဒီတိုင်း ဆက်ဖြစ်နေလို့မရဘူး"

ရှုံးထန်းက တည်ကြည်လေးနက်သော မျက်နှာအမူအယာဖြင့် နာကျည်းမုန်းတီးစွာ ပြောဆိုသည်။

"လူအိုကြီးကျန်း...ကျေးဇူးပြုပြီးတော့ စိတ်အေးအေးထားပါ...ငါက အဲ့ဒီကိစ္စကို သေသေချာချာ စုံစမ်းလိုက်မယ်"

"အင်း...."

လူအိုကြီးကျန်းသည် ထိုင်ခုံပေါ်၌ ပြန်ထိုင်ကာ ရှုံးထန်းကို အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်၏။

"ဒါက အရမ်းကောင်းတယ်...တကယ်လို့ မင်းမှာ ဘာမှဆက်ပြောစရာ မရှိတော့ဘူးဆိုရင် ပြန်တော့လေ"

"အင်း....."

ရှုံးထန်းထံ၌ ထွက်သွားရန် အစီအစဥ်မရှိဘဲ ရှက်ကိုးရှက်ကန်းဖြင့် သူ၏နှာခေါင်းကိုပွတ်သပ်ပြီး ချီတုံချတုံပြောဆိုသည်။

"လူအိုကြီးကျန်း...တကယ်တော့...ငါ ဒီနေရာကိုလာတာ မင်းကိုပြောချင်တဲ့ သီးသန့်ကိစ္စတစ်ခု ရှိနေလို့ပဲ"

"ရှုံးထန်း...မင်းနဲ့ငါသိလာတာ အချိန်အတော်ကြာနေပြီ...နယ်နမိတ်နံရံကြီးကိုလည်း ငါတို့အတူ ကာကွယ်စောင့်ကြပ်ခဲ့တယ်...နယ်မြေကြီးကိုးခု သာယာဝပြောအောင်လည်း ငါတို့အတူ လုပ်ခဲ့တယ်....ငါတို့က အတူမွေးဖွားမလာပေမယ့် အတူသေဆုံးရမယ့်လူတွေလို့တောင် ပြောနိုင်တယ်...အပေါ်ယံမှာ ငါက ခေါင်းဆောင်ရာထူးကို ရထားပြီးတော့ မင်းက လက်အောက်ငယ်သားဆိုပေမယ့် ငါက မင်းကို ညီလေးတစ်ယောက်လို့ သတ်မှတ်ထားတာ အချိန်အတော်ကြာနေပြီ"

"ဒါကြောင့် ညီအစ်ကိုတွေကြားမှာ ​ဘာမှဖုံးကွယ်ထားဖို့မလိုဘူး....တကယ်လို့ မင်းမှာပြောစရာတစ်ခုခုရှိရင် ငါ့ကို တိုက်ရိုက်သာပြောပါ"

လူအိုကြီးကျန်းသည် လက်ဖက်ရည်ကို တစ်ငုံငုံ၍သောက်ပြီး ရှုံးထန်းကိုကြည့်ကာ အပြုံးနှင့်ပြောဆိုသည်။

"အင်း ဒီလိုဆိုမှတော့ ငါ ပြောရတော့မလား"

ရှုံးထန်းကဘစိတ်လှုပ်ရှားစွာဖြင့် မေးမြန်းသည်။

"ညီအစ်ကိုတွေကြားမှာ ဘာကိစ္စကိုပဲပြောပြော ပြဿနာမရှိဘူး"

လူအိုကြီးကျန်းက အပြုံးနှင့် ပြောဆိုလေ၏။

"လူအိုကြီးကျန်း ဒီတစ်ကြိမ်တော့ ငါ ဝန်ခံချင်တယ်...ငါက ချင်းလန်နဲ့ အတူရှိနေပြီ...မင်းက ဒီကိစ္စကို သဘောတူပေးမယ်လို့ ငါ မျှော်လင့်မိတယ်"

ရှုံးထန်းက သူ၏ခေါင်းကို အောက်သို့ငုံပြီး ပြောဆိုသည်။

"ဘာ...."

ရှုံးထန်းသည် ဤစကားကိုကြားချိန်တွင် လက်ဖက်ရည်သောက်နေသော လူအိုကြီးကျန်းသည် တံတွေးသီးသွားပြီးနောက် လက်ဖက်ရည်များကို ထွေးထုတ်လိုက်သည်။သူသည် လက်ဖက်ရည်ခွက်ကို စားပွဲပေါ်သို့ ပြင်းပြင်းထန်ထန်ဆောင့်ချကာ မတ်တတ်ထရပ်ပြီး နွားရိုင်းကဲ့သို့ မျက်လုံးတစ်စုံဖြင့် ရှုံးထန်းကို ကြည့်လိုက်၏။

"ကောင်းတယ် အရမ်းကောင်းတယ်...ရှုံးထန်း ငါက မင်းလို သောက်ရေးမပါတဲ့ကောင်ကို ညီအစ်ကိုလို ဆက်ဆံခဲ့တယ်...ဒါပေမဲ့ မင်းက ငါ့သမီးကို ကြံနေတာလား"

လူအိုကြီးကျန်းသည် သူ၏လက်ကို တစ်ချက်ဝှေ့ယမ်းလိုက်ခြင်းနှင့်အတူ သူ၏လက်စွဲတော်တောင်ဝှေးသည် လေထုအတွင်း၌ထွက်ပေါ်လာကာ ရှုံးထန်းထံသို့ဦးတည်၍ တိုးဝင်သွားသည်။

ရှုံးထန်းသည် သူ၏​ခြေထောက်ဖြင့်ကန်ကျောက်ကာ အန္တရာယ်များသောအကျဉ်းအကျပ်အနေအထား၌ ထိုတောင်ဝှေးကို ရှောင်တိမ်းလိုက်သည်။သို့ရာတွင် တောင်ဝှေးသည် အခန်းနံရံပေါ်သို့ကျရောက်သွားကာ အပေါက်ကြီးတစ်ပေါက်အဖြစ် ပွင့်ထွက်သွားတော့သည်။

"လူအိုကြီးကျန်း စိတ်အေးအေးထားပါ...စိတ်အေးအေးထားပါအုံး"

ရှုံးထန်းက သူ၏လက်ကိုဝှေ့ယမ်းကာ ကျယ်လောင်သောအသံဖြင့် နှစ်သိမ့်ပေးသည်။

"မင်းက ငါ့သမီးနဲ့ရှုပ်ခဲ့ပြီးမှ ငါ့ကို စိတ်အေးအေးထားဖို့ လာပြောနေသေးတယ်...မင်းသေသွားမှပဲ ငါ စိတ်အေးအေးထားနိုင်မယ်"

လူအိုကြီးကျန်းသည် ရှုံးထန်းကို စူးစိုက်ကြည့်ပြီး ရူးသွပ်သွားသောအခြေအနေသို့ လုံးလုံးလျားလျားရောက်ရှိသွားကာ နောက်ထပ်တောင်ဝှေးတစ်ချောင်းကိုဆွဲထုတ်ပြီး ရှုံးထန်းထံဦးတည်၍ ရိုက်နှက်လိုက်သည်။

ရှုံးထန်းသည် ခုန်ပေါက်၍ရှောင်တိမ်းကာ သူ၏ပါးစပ်မှနေ၍ အော်ဟစ်လိုက်သည်။

"အချစ်စစ်...လူအိုကြီးကျန်း ဒါက အချစ်စစ်ပဲ...ချင်းလန်နဲ့ငါက တကယ့်ကို ချစ်မြတ်နိုးကြတာပါ"

"ထွီ...ယိ့မို့ တကယ်ချစ်တာလား...ခွေးမသား..."

လူအိုကြီးကျန်းသည် အော်ငေါက်လိုက်ပြီးနောက် သူ၏တောင်ဝှေးဖြင့် ရှုံးထန်းထံသို့ဦးတည်ပြီး တစ်ချက်ပြီးတချက်ရိုက်နှက်လိုက်သည်။

ဤအချိန်အခိုက်အတန့်၌ အခန်းတစ်ခန်းလုံး ဖရိုဖရဲဖြစ်စပြုလာသည်။

အချိန်အတော်ကြာပြီးနောက်...

လူအိုကြီးကျန်းသည် ဟောဟဲဆိုက်နေကာ လှေကားထစ်တစ်ခုပေါ်၌ ထိုင်နေသည်။

တခြားတစ်ဖက်တွင် ရှုံးထန်းသည် ထောင့်တစ်နေရာ၌ ပုန်းအောင်းနေကာ ကြီးမားသောပန်းအိုးတစ်လုံးဖြင့် သူ၏ခန္ဓာကိုယ်ကိုကာထားပြီး သူ၏ခေါင်းတစ်ခေါင်းလုံး ချွေးများရွှဲနစ်နေသည်။

"မင်း ငါ့ရဲ့ပန်းအိုးကို ဖယ်လိုက်စမ်း"

လူအိုကြီးကျန်းသည် သူ၏တောင်ဝှေးကိုမြှောက်ပြီး အော်ဟစ်လိုက်၏။

"မဖယ်နိုင်ဘူး...."

ရှုံးထန်းကိုကြည့်ရသည်မှာ မောက်မာထောင်လွှားနေပုံရသည်။

"ချန်းလန်နဲ့ငါက အချစ်စစ်ပဲ...မန်ဒရင်းဘဲတစ်ကောင်ကို ဒီလိုမျိုးရိုက်ခွင့် မင်းမှာ မရှိဘူး...တကယ်လို့ မင်းက ငါ့ကို ထပ်ပြီးရိုက်နေဖို့ ခေါင်းမာနေမယ်ဆိုရင်လည်း ရှေ့ကိုတိုးလာခဲ့လေ...ငါ့ကို လာသတ်စမ်း...ငါကတော့ မင်းရဲ့ပန်းအိုးကို ကိုင်ထားမှာပဲ"

"မင်း မင်း မင်း....ခွေးမသား..."

လူအိုကြီးကျန်းသည် သူ၏တောင်ဝှေးကို မြှောက်ပြီး ရုန့်ရင်းကြမ်းတမ်းစွာဆဲဆိုကာ ချောင်းတဟွတ်ဟွတ်ဆိုးလိုက်သည်။

"တကယ်လို့ ငါ့ရဲ့ပန်းအိုးကို ငါ အရမ်းဂရုစိုက်တာကြောင့်သာမဟုတ်ရင် ငါ မင်းကိုသေအောင်ရိုက်ပစ်တယ်"

"ပြောစမ်း...ဘယ်အချိန်က စဖြစ်တာလဲ"

ထို့နောက် သူက မေးမြန်းသည်။

"သုံးလရှိပြီ...."

ရှုံးထန်းက အမှန်အတိုင်း အဖြေပေးသည်။

"သုံးလတောင် ကြာသွားပြီလား"

လူအိုကြီးကျန်း၏မျက်လုံးများ ပြူးကျယ်သွားပြီးနောက် ကျယ်လောင်စွာအော်ဟစ်လိုက်၏။

"မင်း အရမ်းတော်တယ်...မင်း ဒီကိစ္စကို ဖုံးကွယ်မထားသင့်ဘူး...မင်း ငါ့သမီးနဲ့ရှုပ်နေတာ သုံးလကြာနေတာတောင် မင်း အခုမှ ငါ့ကိုပြောရလား"

"ဟီး ဟီး...ငါက မင်း ဒေါသထွက်မှာကို ကြောက်လို့ပါ"

ရှုံးထန်းက ပန်းအိုး၏နောက်မှနေ၍အပြုံးနှင့်ပြောဆိုသည်။

"ဟမ့်...ငါ ဒေါသထွက်မယ်ဆိုတာကိုတော့ မင်း သိသေးတာပဲ"

လူအိုကြီးကျန်းသည် ဒေါသတကြီးအော်ငေါက်လိုက်၏။

"မင်း ဘာလို့ ငါ့ကို မတ်တတ်ထရပ်ဖို့ မြန်မြန်မကူညီသေးတာလဲ"

"အင်း...."

ရှုံးထန်းက လူအိုကြီးကျန်း အလွတ်ပေးလိုက်သည်ကို မြင်ချိန်၌ ထိုနေရာသို့ အပြေးသွားကာ သူ့အား မတ်တတ်ထရပ်နိုင်ရန် ကူညီပေးလိုက်သည်။

လူအုပ်ကြီးကျန်းသည် ထိုင်ခုံ၌ထိုင်ပြီးနောက် ရှုံးထန်းသည် ဥာဏ်ကောင်းစွာဖြင့် သူ့အတွက် တခြားလက်ဖက်ရည်ခွက်တစ်ခွက်ကို ပြင်ဆင်ပေးလိုက်သည်။

လူအိုကြီးကျန်းသည် ချီတုံချတုံဖြင့် ထိုလက်ဖက်ရည်ကို သောက်လိုက်၏။

အချိန်အတော်ကြာပြီးနောက် သူက သုန်မှုန်နေသောမျက်နှာဖြင့် ပြောဆိုသည်။

"ငါ မင်းကို စကားတစ်ခွန်းပဲ ပြောချင်တယ်...တကယ်လို့ ချင်းလန်က ဝမ်းနည်းမှုကိုနည်းနည်းခံစားရတာနဲ့ ငါ မင်းကို ဆုတ်ဖြဲပစ်မယ်"

"ဟေး လူအိုကြီးကျန်း စိတ်အေးအေးထားပါ...ငါက ချင်းလန်ကို ကောင်းကောင်းဆက်ဆံပြီးတော့ သူ့ကို ဘာဝမ်းနည်းမှုကို ခံစားခွင့်မပြုဘူးလို့ နတ်ဘုရားကိုတိုင်တည်ပြီး ငါ ကျိန်ဆိုပါတယ်"

ရှုံးထန်းက သူ၏လက်တစ်ဖက်ကိုမြှောက်ပြီး အပြုံးနှင့်ပြောဆိုသည်။

"သွားတော့...မင်း ငါ့ရှေ့ကနေ မြန်မြန်ထွက်သွားတော့...ငါ မင်းကိုမြင်နေရတာ မျက်စိရှုပ်တယ်"

လူအိုကြီးကျန်းသည် ရှုံးထန်းကို မျက်စောင်းထိုးကြည့်ပြီး စိတ်မရှည်သောအမူအယာဖြင့် သူ၏လက်ကို ဝှေ့ယမ်းလေသည်။

"ကောင်းပြီလေ...မင်း အလုပ်ဆက်လုပ်နေတော့ ...ငါ မင်းကို မနှောင့်ယှက်တော့ဘူး"

ရှုံးထန်းက စိတ်ကျေနပ်သွားသောမျက်နှာနှင့် ပြောဆိုပြီးနောက် အလျှင်အမြန်ထွက်ခွာသွားတော့သည်။

ရှုံးထန်းထွက်ခွာသွားပြီးနောက် ထိုင်ခုံပေါ်၌ တစ်ယောက်တည်းထိုင်နေသော လူအိုကြီးကျန်းသည် အခန်းလွတ်ကြီးကိုကြည့်ပြီး ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းရှိုက်လိုက်၏။

"ဒီသောက်ရေးမပါတဲ့ချစ်ရနံ့က ငါ့ကိုလည်း လွမ်းမောစေတယ်"

"ငါ့ရဲ့နှလုံးခုန်နှုန်း ဘာလို့ ဒီလောက်ထိမြန်နေတာလဲ"

သူသည် သူ့၏လက်မှ သိုလှောင်လက်စွပ်ကိုဖွင့်ပြီးနောက် အနီရောင်လက်ကိုင်ပဝါတစ်ထည်ကို ထုတ်ယူလိုက်သည်။

သူသည် လက်ကိုင်ပဝါကို ဂရုတစ်စိုက်ကြည့်ပြီးနောက် ထိုအရာကို သူ၏နှာခေါင်းအနီးသို့ ယူဆောင်ပြီး ညင်သာစွာနမ်းရှိုက်လိုက်သည်။သူသည် သက်ပြင်းရှိုက်ကာ အလွန့်အလွန်ကြာမြင့်ခဲ့သောအချိန်မှ ဖြစ်ရပ်များကို ပြန်လည်၍အမှတ်ရနေပေ၏။

"ဟွာ....ချင်းလန်က လက်တွဲဖော် ရှာတွေ့သွားခဲ့ပြီး...အဖေတယောက်ဖြစ်တဲ့ငါက နောက်ဆုံးတော့ သူ့ကို လက်လွှတ်ပေးလိုက်ရပြီ"

"ငါတို့ရဲ့သမီးကို စိုးရိမ်ဖို့မလိုပေမယ့် ငါကတော့ ခံစားနေရတုန်းပဲ"

"မင်း ထွက်သွားကတည်းက ငါက ချင်းလန်ကို သေးချေးသုတ်သင်ပြီး ကျွေးမွေးစောင့်ရှောက်ခဲ့တယ်...ချင်းလန်ရဲ့ပျော်ရွှင်မှုအတွက် ငါ ငြင်းဆန်ခဲ့တဲ့ မိန်းကလေးတွေ ဘယ်လောက်ထိများတယ်ဆိုတာ မသိနိုင်ဘူး...ငါက အရမ်းအထီးကျန်ဆန်ပြီးတော့ ညတိုင်းကို တစ်ယောက်တည်း ဖြတ်သန်းခဲ့ရတယ်"

"အခုအချိန်မှာ ချင်းလန်ရဲ့လက်တွဲဖော် ရှိလာတာကြောင့် ငါ့ရဲ့ငယ်ရွယ်နုပျိုမှုတွေကို ပြန်ပြီးရှာဖွေနိုင်တော့မယ်"

"ငါကလည်း အချစ်သစ်ကို ရှာချင်တယ်"

"သူ့ရဲ့နာမည်က ရွှင်းကြွယ်လို့ခေါ်တယ်...သူက အခုအချိန်မှာ အသက်ကြီးနေပေမယ့် ငယ်ငယ်တုန်းက ချောမောလှပတယ်ဆိုတာ သိနိုင်တယ် ...ပြောရမယ်ဆိုရင် သူ့ရဲ့အကျင့်စရိုက်ကမင်းနဲ့ ခပ်ဆင်ဆင်တူတယ်"

ထိုစကားကိုပြောဆိုရင်း လူအိုကြီးကျန်း၏မျက်လုံးမှ မျက်ရည်များယိုစီးကျလာကာ လက်ကိုင်ပဝါကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်သည်။

"မင်း သေတော့မယ်အချိန်ကလည်း ငါ့ကို တခြားတစ်ယောက်ရှာဖို့ တောင်းဆိုခဲ့တယ်...ငါက အဲဒီကိစ္စကိုလုပ်ဖို့ အမြဲတမ်းမဝံ့မရဲဖြစ်နေပေမယ့် အခုချိန်မှာတော့ ငါက မင်းရဲ့စကားကိုနားထောင်ပြီး ရဲရဲတင်းတင်းဖွင့်ပြောလိုက်တော့မယ်"

"မင်း ငါ့ကို ကောင်းချီးပေးမှာလား"

ထိုစကားကိုပြောဆိုပြီးနောက် သူသည်တည်ကြည်လေးနက်စွာဖြင့် လက်ကိုင်ပဝါကိုသိမ်းဆည်းကာ သူ၏မျက်လုံးအတွင်း၌ အလင်းတန်းတစ်တန်းတောက်ပလာပြီး ​ဖြည်းညှင်းစွာ မတ်တတ်ထရပ်လိုက်၏။

ဤအချိန်အခိုက်အတန့်၌ သူ၏ကိုယ်နေဟန်ထားသည် ယခင်ကဲ့သို့ လူအိုကြီးပုံ မပေါက်တော့ချေ။သူသည် အောင်မြင်မှုကိုရယူ၍ ပြန်လာမည့် စစ်ဗိုလ်ချုပ်တစ်ယောက်အလားပင်။

သူသည် သူ၏လက်ကိုဆန့်တန်းပြီး သူ၏ပါးပြင်နှစ်ဖက် နီမြန်းလာကာ သူ၏ပခုံးကို မတ်လိုက်သည်။

ထို့နောက် သူ၏ခေါင်းကို ခါလိုက်ခြင်းနှင့်အတူ သူ၏ပါးစပ်မှနေ၍ အနီရောင်နှင်းဆီတစ်ပွင့်ထွက်ပေါ်လာကာ သူ၏ပါးစပ်ဖြင့် တင်းတင်းကြပ်ကြပ်ကိုက်လိုက်၏။

ထို့နောက် သူသည် ထိုနှင်းဆီပွင့်ကိုယူပြီး နမ်းရှိုက်လိုက်သည်။

"အင်း ဒီ နတ်ဆိုးဆန်တဲ့အချစ်က တကယ်ကို စွဲမက်စရာပဲ"

"ငါ လာပြီ..."

လေပြင်းတစ်ရပ် တိုက်ခတ်လာကာ ပိတ်ထားသောပြတင်းပေါက်သည် အဆက်မပြတ်လှုပ်ခတ်နေပြီး အခန်းအတွင်း၌ မည်သူတစ်ဦးတစ်ယောက်ကိုမျှ မမြင်တွေ့ရတော့ချေ။

Chapter 894

မျက်စိတစ်မှိတ်အတွင်းမှာပင်....

အချိန်လဝက် ကုန်ဆုံးသွားလေပြီ။

လွန်ခဲ့သောနှစ်ပတ်အတွင်း၌ နယ်မြေကြီးကိုးခုမဟာမိတ်နယ်မြေ၌ ကြီးမားသောအပြောင်းအလဲများနှင့် ကြုံတွေ့ခဲ့ရသည်။

လူအိုကြီးကျန်းနှင့်ရှုံးထန်းကဲ့သို့ အချစ်စစ်အချစ်မှန်ဖြင့် ချစ်မြတ်နိုးကြသော တာအိုစုံတွဲများ ထွက်ပေါ်လာကာ သူတို့သည် အောင်မြင်စွာပေါင်းဖက်နိုင်ပြီးနောက် တာအိုကြေးမုံနယ်ပယ်သို့ပင် ဝင်ရောက်နိုင်ခဲ့သည်။

ထို့ပြင် နယ်မြေကြီးကိုးခုမဟာမိတ်နယ်မြေအတွင်းရှိ ဂိုဏ်းတချို့သည်လည်း ရုတ်တရက် နာမည်ကျော်ကြားစပြုလာသည်။

ဤရုတ်တရက်အပြောင်းအလဲကြောင့် လူအိုကြီးကျန်းနှင့် တခြားလူများအားလုံး အံ့အားသင့်ပြီး ဝမ်းသာပျော်ရွှင်သွားကြသည်။သူတို့သည် အချစ်ရေး၌ နစ်မြုပ်နေစဉ်အတောအတွင်း သူတို့၏ကျင့်ကြံခြင်းသည် မြင့်တက်လာမှုကြောင့် ပျော်ရွှင်နေကြသော်လည်း ဤအံ့အားသင့်ဖွယ်ကောင်းသော အပြောင်းအလဲကြောင့် စိတ်မအေးမှုကို ခံစားနေရသည်။

သူတို့၏နယ်မြေမှ လှုပ်ခတ်မှုများသည် နယ်မြေဒေသအသီးသီးရှိ ထိပ်သီးကျင့်ကြံသူများ၏အသိုင်းအဝိုင်းသို့ ပျံ့နှံ့သွားပေ၏။

"အဲ့ဒီနယ်မြေတစ်ခုလုံးက ချစ်ရနံ့တွေ ထုံမွှမ်းနေတဲ့ အချစ်နယ်မြေဖြစ်သွားပြီ...နှစ်ကိုယ်တူကျင့်ကြံတဲ့ တာအိုစုံတွဲတွေကလည်း တိုးပွားလာတော့မယ်...ဒါက ဘယ်လိုသူတော်စင်မျိုး ဖြစ်နိုင်လဲ"

"ဒါက နည်းနည်းတော့ ထူးဆန်းနေတယ်"

"အမှန်ပဲ....ငါက စာပေသူတော်စင် ဓားသူတော်စင်တို့ဖြစ်မယ်လို့ တွေးခင်ခဲ့တာ...ဒါပေမယ့် အခုလိုဖြစ်နေမယ်လို့ ငါ မျှော်လင့်မထားမိဘူး"

"ဘယ်လိုပဲဖြစ်ဖြစ် ကောင်းကင်နဲ့မြေပြင်ကို ချည်နှောင်ထားတဲ့ စည်းမျဉ်းတွေ ပြောင်းလဲသွားတာက သူတော်စင်နဲ့သက်ဆိုင်တဲ့ ကိစ္စတစ်ခုပဲ"

"အမှန်ပဲ ...နယ်မြေကြီးကိုးခုမဟာမိတ်နယ်မြေကို သွားပြီးတော့ နိုးထလာတဲ့သူတော်စင်က ဘယ်သူလဲဆိုတာ ရှာဖွေဖော်ထုတ်ရမယ်...အဲ့ဒီတစ်ယောက်ကိုရှာတွေ့ရင် အရာအားလုံး ရှင်းရှင်းလင်းလင်းဖြစ်သွားလိမ့်မယ်"

ထိုသတင်းများထွက်ပေါ်လာပြီးနောက် နေရာဒေသအသီးသီးမှ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများသည် နယ်မြေကြီးကိုးခုမဟာမိတ်နယ်မြေသို့ အပြေးသွားကြတော့သည်။

ဤကဲ့သို့ အခြေအနေများ ပြောင်းလဲလာမှုကြောင့် အမြဲတစေ သက်ဝင်လှုပ်ရှားနေသော ယွင်ဟူရေကန်ပင်လျှင် လူသူကင်းမဲ့စပြုလာသည်။

ဤအချိန်အခိုက်အတန့်တွင်...

ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများအားလုံး နယ်မြေကြီးကိုးခုမဟာမိတ်နယ်မြေ၌ စုဝေးနေပေ၏။

နယ်မြေကြီးကိုးခုမဟာမိတ်နယ်မြေ၌ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေစဉ်တွင် ရီဖုန်းသည် ဖြောင်မြောင်ဟုန်နှင့်အတူ ထျန်းယုနယ်မြေသို့ ရောက်ရှိလာခဲ့သည်။

အတိတ်တွင် ရီဖုန်းသည် ထျန်းယုနယ်မြေကို သုခဘုံတစ်ခုအလားထင်မှတ်ကာ အလွန်အမင်း မျှော်လင့်တောင့်တနေခဲ့သည်။

သို့ရာတွင် သူသည် ဤနေရာသို့ရောက်ရှိလာပြီးနောက် နတ်ဆိုးနယ်မြေနှင့် လုံးလုံးလျားလျားကွဲပြားခြားနားခြင်း မရှိသည်ကို ရှာဖွေတွေ့ရှိခဲ့သည်။

ဤသည်မှာ ကုန်းမြေတစ်ခုမဟုတ်ဘဲ အကန့်အသတ်မရှိ ကျယ်ဝန်းသော ပင်လယ်ကြီးတစ်စင်းပင်။

ထိုပင်လယ်ကြီးအတွင်း၌ ကျွန်းများ ကြုံရာကျပန်း ပြန့်ကျဲနေသည်။

ကျွန်တစ်ကျွန်းစီတိုင်းတွင် လူဦးရေထူထပ်ပြီး နေရာရှားပါးသောကြောင့် ရန်ပွဲများကို ဖြစ်ပွားစေသည်။

တချို့ကျွန်းများတွင် နေ့စဉ်နေ့တိုင်း တိုက်ပွဲများရှိနေကာ ကျွန်းအရှင်များသည်လည်း နေ့စဉ်နေ့တိုင်းနီးပါး ပြောင်းလဲနေပေ၏။

ကျွန်းငယ်များကို အင်အားစုငယ်များမှ သိမ်းပိုက်ထားကာ ကျွန်းကြီးများကိုမူ အင်အားစုကြီးများမှ သိမ်းပိုက်ထားသည်။ အကယ်၍ တစ်စုံတစ်ယောက်သည် ကျွန်းတစ်ကျွန်းပေါ်တွင် အသက်ရှင်သန်လိုပါက ကျွန်းပိုင်ရှင်မှတည်ထောင်ထားသော အင်အားစုအတွင်းသို့ ဝင်ရောက်ခြင်း သို့မဟုတ် ကျွန်းအရှင်ကို လက်ဆောင်ပဏ္ဍာများ ဆက်သခြင်းတို့ကို ပြုလုပ်ရပေမည်။

ကျွန်းများအတွက်ယှဉ်ပြိုင်ခြင်းသည် အလွန်ပြင်းထန်ကာ နယ်မြေရှားပါးခြင်းကြောင့် အလွန့်အကျွံတိုးပွားလာသော လူဦးရေကို စိတ်မကျေမနပ်ဖြစ်စေသည်။

ထို့ကြောင့် ပင်လယ်ပြင်အတွင်း၌ သင်္ဘောကြီးကြီးငယ်ငယ်များ နေရာအနှံ့အပြား၌ ရွက်လွှင့်နေသည်။

ယခင်နှင့်တူညီစွာ အင်အားစုငယ်များသည် သင်္ဘောငယ်များကို ပိုင်ဆိုင်ထားပြီး အင်အားစုကြီးများသည် သင်္ဘောကြီးများကို ပိုင်ဆိုင်ထားပေ၏။

မိသားစုတချို့ကမူ လှေများပေါ်တွင် နေထိုင်ကြသည်။

အကယ်၍ တစ်စုံတစ်ယောက်သည် ပြဿနာရှာပါက မိသားစုတစ်စုလုံး အမြစ်ပြတ်သုတ်သင်ခြင်းခံရကာ ဆံပင်မွှေးတစ်ချောင်းပင် ကျန်ရှိမည်မဟုတ်ချေ။

ထို့ပြင် ဤသင်္ဘောပေါ်တွင် သိသာထင်ရှားသော လူတန်းစားခွဲခြားမှုရှိသည်။

သာမာန်အားဖြင့် လူတန်းစားများကို အလံများဖြင့် ခွဲခြားထားသည်။

သင်္ဘောများ၏အလံများကို အဖြူရောင် အစိမ်းရောင် အပြာရောင် ခရမ်းရောင်နှင့်အနီရောင်ဟူ၍ ပိုင်းခြားထားပေ၏။

အဖြူရောင်အလံသည် ဒုတိယအဆင့်၌ရှိကာ...

အနီရောင်အလံလွှင့်ထူထားသော သင်္ဘောများသည် ထျန်းယုနယ်မြေအတွင်းရှိ ထိပ်သီးအင်အားစုများ၏ပိုင်ဆိုင်မှုများ ဖြစ်သည်။

"ဒါက ကူးပြောင်းရေးကျွန်းဖြစ်ပြီးတော့ အများပိုင်ကျွန်းတစ်ကျွန်းပဲ...ဒီကျွန်းပေါ်မှာ တည်ဆောက်ထားတဲ့ ကူးပြောင်းရေးဝင်္ကပါကနေ ထျန်းယုနယ်မြေရဲ့နေရာဒေသအသီးသီးကို သွားနိုင်တယ်"

ဖြောင်မြောင်ဟုန်က ရီဖုန်းကို မိတ်ဆက်ပေးသည်။

"အများပိုင်ကျွန်းကို နောက်ကွယ်ကနေ ထျန်းယုနယ်မြေရဲ့ ထိပ်သီးအင်အားစုတွေအများကြီး စုပေါင်းပြီးတော့ ဖန်တီးခဲ့တာပဲ...ဒီနေရာမှာ တားမြစ်ထားတဲ့အရာတွေ ရှိတယ်....တကယ်လို့ နင်က အဲ့ဒီတားမြစ်ချက်တွေကို ချိုးဖောက်မယ်ဆိုရင် အဲ့ဒီထိပ်သီးအင်အားစုတွေက နင့်ကို တိုက်ခိုက်လိမ့်မယ်...ဒါကြောင့် နင် သေရမှာသေချာတယ်"

"တကယ်တော့ နင် အဲ့ဒီကိစ္စကိုလုပ်ဖို့ မစဉ်းစားနဲ့"

ဖြောင်မြောင်ဟုန်သည် ရီဖုန်းလှုပ်ရှားရန် ဟန်ပြင်နေသည်ကို မြင်တွေ့ချိန်၌ အလျှင်အမြန်သတိပေးလိုက်သည်။

"ဒီနေရာမှာ နင့်ကို လူတွေအများကြီးက ဝိုင်းရံတိုက်ခိုက်မယ်ဆိုရင်တောင်...အဲ့ဒီလူတွေက နင့်ရဲ့ခုခံကာကွယ်မှုကို ချိုးဖျက်နိုင်မှာမဟုတ်ဘူး"

"ဒါပေမဲ့ အဲ့ဒီလူတွေရဲ့နောက်ကွယ်မှာရှိတဲ့အင်အားစုတွေကလည်း ငါ့ကို ဝိုင်းပြီးတိုက်ခိုက်ကြမှာမဟုတ်လား"

ရီဖုန်းက မေးမြန်းသည်။

"နင် အတွေးလွန်နေပြီ"

ဖြောင်မြောင်ဟုန်က အပြုံးနှင့်ပြောဆိုသည်။

"အဲ့ဒီထိပ်သီးအင်အားစုတွေက နင့်လိုမျိုး သန်မာတဲ့လူတစ်ယောက်ကို စည်းမျဉ်းငယ်လေးတွေနဲ့ အမြဲတမ်းထိန်းချုပ်ထားမယ်လို့ နင် ထင်နေတာလား"

"အတိုချုပ်ပြောရရင် အဲ့ဒီစည်းမျဉ်းတွေအားလုံးက အားနည်းတဲ့လူတွေအတွက်ပဲ...အစစ်အမှန်သန်မာသူတွေအတွက် ဘာစည်းမျဉ်းမှ မရှိဘူး"

"တကယ်လို့ နင်က နင်ရဲ့ခွန်အားကို အသုံးပြုပြီးတော့ ဒီနေရာမှာ တိုက်ခိုက်မယ်ဆိုရင်တောင်.. အဲ့ဒီအင်အားစုတွေက နင့်ကို မတိုက်ခိုက်ရုံတင်မကဘူး နည်းလမ်းအမျိုးမျိုးနဲ့ နင့်ကိုသိမ်းသွင်းဖို့ ကြိုးစားကြမယ်ဆိုတာ သံသယဖြစ်ဖို့မလိုဘူး"

"ကောင်းပြီလေ"

ရီဖုန်းသည် ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းညိတ်ပြပြီး သူ၏လက်အတွင်းရှိ မီတာလေးဆယ်ကျော်ရှည်လျားသော ဓားပြားကြီးကို အောက်သို့ချလိုက်သည်။

"ကူးပြောင်းသွားလာဖို့အပြင် ဒီကူးပြောင်းရေးကျွန်းကို စီးပွားရေးလုပ်ငန်းလုပ်ဆောင်မှုအတွက် လူတွေအများကြီး လာကြတယ်"

ဖြောင်မြောင်ဟုန်က ရီဖုန်းကို ဆက်လက်၍မိတ်ဆက်ပေးသည်။

"အကြောင်းကတော့ ကူးပြောင်းရေးဝင်္ကပါကို အသုံးပြုဖို့အတွက် အခကြေးငွေက မြင့်မားတာကြောင့် လူအများစုက မတတ်နိုင်ကြလို့ပဲ...ဒါကြောင့် ကူးပြောင်းရေးဝင်္ကပါကို အသုံးပြုဖို့အရည်အချင်းမီတဲ့လူတိုင်းက ဒီကျွန်းကို ပြန်ရောက်တဲ့အချိန်မှာ တခြားနယ်မြေဒေသတွေကနေ ပစ္စည်းကောင်းတွေ ယူလာကြတယ်...အချိန်တွေကြာလာတာနဲ့အမျှ ကူးပြောင်းရေးကျွန်းကလည်း ပြောင်းလဲသွားခဲ့တယ်...ဒါက ငါတို့ထျန်းယုနယ်မြေရဲ့ အကြီးမားဆုံးစျေးတွေထဲကတစ်ခု ဖြစ်နေပြီ"

"ဒီနေရာမှာ လေလံအိမ်ကြီးတွေ ကုန်သည်အဖွဲ့အစည်းတွေနဲ့ မြေအောက်မှောင်ခိုစျေးတွေ အများကြီးရှိနေတယ်"

"အင်အားစုကြီးကြီးငယ်ငယ်လေးအပြင် ထျန်းယုနယ်မြေမှာ အရေးအကြီးဆုံးက လင်းလုံခန်းမဆောင်ပဲ"

"တိတိကျကျပြောရရင် လင်းလုံခန်းမဆောင်က အဓိကအင်အားစုတွေအားလုံးရဲ့အထက်မှာ ရှိနေတယ်...အကြောင်းကတော့ ထျန်းယုနယ်မြေတစ်ခုတည်းတင် အဲ့ဒီခန်းမဆောင်ရဲ့လုပ်ဆောင်ချက်ကို အသုံးပြုနေတာမဟုတ်ဘဲ တိမ်တိုက်ကြယ်နယ်မြေတစ်ခုလုံးက အသုံးပြုနေလို့ပဲ"

"ထျန်းယုနယ်မြေနဲ့ တိမ်တိုက်ကြယ်နယ်မြေတခုလုံးကို ရူးသွပ်သွားအောင် လုပ်ခဲ့တဲ့အရာက လင်းလုံခန်းမဆောင်ကနေ ထွက်ပေါ်လာတာပဲ"

"ဒါက မင်း ပြောပြခဲ့တဲ့ မှော်ဆန်တဲ့နေရာလား"

ရီဖုန်းက သူ၏ခေါင်းကိုတိမ်းစောင်း၍ ဖြောင်မြောင်ဟုန်ကိုကြည့်ပြီး မေးမြန်းလိုက်သည်။

"တိတိကျကျပြောရရင် ဒါက နေရာတစ်နေရာမဟုတ်ပေမယ့် မိုးကောင်းကင်ကိုထွင်းဖောက်ဖို့အတွက် နည်းလမ်းအမျိုးမျိုးနဲ့ တည်ဆောက်ထားခဲ့တဲ့ ပကတိလေဟာနယ်တစ်ခုပဲ"

"အဲ့ဒီလေဟာနယ်ရဲ့နာမည်ကို 'ပကတိဘဝ'လို့ ခေါ်တယ်"

"ပကတိဘဝလား..."

ရီဖုန်း၏မျက်လုံးအတွင်း၌ အံ့အားသင့်သွားသောအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

သူသည် ဤနေရာနှင့် ရင်းနှီးကျွမ်းဝင်ပေ၏။အတိတ်ဘဝတွင် သူ ဆော့ကစားခဲ့ဖူးသော ဂိမ်းတစ်ခု၏နာမည်မှာ ပကတိဘဝပင်။

"ပကတိဘဝထဲကိုဝင်ဖို့က အရမ်းရိုးရှင်းတယ်...နင်က လင်းလုံခန်းမဆောင်မှာ သတ်မှတ်ထားတဲ့ အင်မော်တယ်သလင်းကျောက်ပမာဏကို သုံးဖို့ပဲလိုတယ် .. နင်က နင့်ရဲ့ကိုယ်ပိုင်ဇာတ်ကောင်ကို အသုံးပြုပြီး ပကတိဘဝထဲမှာ ပျံသန်းနိုင်လိမ့်မယ်"

"ပကတိဘဝထဲမှာ လူပုံသဏ္ဍန်ဖန်တီးပြီးတာနဲ့ လူတိုင်းက စကားပြောဆိုတာတွေရောင်းဝယ်ဖောက်ကားတာတွေနဲ့ တိုက်ခိုက်တာတွေကို လွတ်လွတ်လပ်လပ်လုပ်နိုင်တယ်"

"အဲ့ဒီနယ်မြေထဲမှာ နင် သေဆုံးသွားမယ်ဆိုရင် နင့်ရဲ့မှတ်တမ်းတွေအားလုံး ပျောက်ကွယ်သွားလိမ့်မယ်...ဒါက ပကတိဘဝထဲမှာ နင့်ရဲ့ဇာတ်ကောင် မရှိတော့ဘူးလို့ ပြောတာနဲ့ အတူတူပဲ...တကယ်လို့ နင်က အဲ့ဒီနယ်မြေထဲကို ပြန်ဝင်ချင်တယ်ဆိုရင် နင့်ရဲ့ဇာတ်ကောင်ကို ပြန်လည်ဖန်တီးဖို့အတွက် လင်းလုံခန်းမဆောင်ကိုသွားပြီး အစကနေပြန်စဖို့ လိုတယ်"

"ဒါကြောင့် ပကတိနယ်မြေထဲမှာ ကောင်းကောင်းမွန်မွန် စီမံခန့်ခွဲနိုင်တဲ့ လူတစ်ယောက်က....အပြင်မှာ အားနည်းတဲ့လူတစ်ယောက်ဖြစ်နေရင်တောင် အဲ့ဒီအထဲမှာ အစွမ်းထက်တဲ့လူတစ်ယောက် ဖြစ်နေနိုင်တယ်"

"အော် ဒါနဲ့ ပကတိဘဝထဲမှာ နင်က တိမ်တိုက်ကြယ်နယ်မြေတစ်ခုလုံးရဲ့ ဘယ်နေရာကိုမဆို သွားနိုင်တယ်"

"ဒါပေမဲ့ နင် လှည့်စားခံရမှာကိုတော့ ဂရုစိုက်ရမယ်...ပကတိဘဝထဲမှာ သေးကွေးပြီးတော့ချစ်ဖို့ကောင်းပုံရတဲ့ နှစ်ကိုယ်တူကျင့်ကြံခြင်းတာအိုပညာရှင်တွေက ပြင်ပလောကမှာ အစွမ်းထက်တဲ့လူတွေ ဖြစ်နေနိုင်တယ်"

"တကယ်တော့ ပကတိဘဝကို မှီခိုအားထားပြီး သူတို့နဲ့စိတ်နှလုံးသား တထပ်တည်းကျတဲ့ လက်တွဲဖော်ကို ရှာတွေ့သွားတဲ့ ကံကောင်းတဲ့စုံတွဲတွေလည်း အများကြီးရှိတယ်...လက်တွေ့ဘဝထဲမှာ ပန်ရှင်းလို့ခေါ်တဲ့ ဒီသဘာဝလွန်ကိစ္စကို နင် တစ်ခါမှ ကြားဖူးမှာမဟုတ်ဘူး"

ဖြောင်မြောင်ဟုန်က ရီဖုန်းကို ရှင်းပြသည်။

သို့ရာတွင် ရီဖုန်းသည် ထိုစကားများကိုကြားချိန်၌ ပို၍ပို၍ထိတ်လန့်ကြောက်ရွံ့လာသည်။

ဤသည်မှာ အလွန်ထူးခြားနေပေ၏။ပကတိဘဝသည် ဂိမ်းတစ်ခုမဟုတ်လော။

ဤအရာသည် အွန်လိုင်းဂိမ်းတစ်ခုနှင့် တူညီနေသည်မဟုတ်လော...

မည်သည့် ကောင်စုတ်သည် ဤအရာကို ဖန်တီးခဲ့သနည်း...

သူ ထိုဂိမ်းနှင့် အလွန်ရင်းနှီးကျွမ်းဝင်ပေ၏။

သောက်ချေးပဲ...

ဤပကတိဘဝကို ဖန်တီးခဲ့သောလူသည် ကမ္ဘာမြေပြင်မှလာသော လူတစ်ယောက် ဖြစ်နေနိုင်သည်မဟုတ်လော..

Chapter 895

"အဲ့ဒီပကတိဘဝကို နင် လျှော့မတွက်နဲ့"

"ဒါက တခြားဘဝတစ်ခုဆိုပေမယ့် ထိပ်သီးအစွမ်းထက်တည်ရှိမှုကြီးတွေ အပါအဝင် တိမ်တိုက်ကြယ်နယ်မြေတစ်ခုလုံးမှာရှိတဲ့ လူတွေအားလုံးနီးပါးက ဒါကို စွဲလမ်းနေကြတယ်"

"ဒါက အတုအယောင်နယ်မြေတစ်ခုဆိုပေမယ့် လူတွေအများကြီးရဲ့ စိတ်ဝိညာဉ်အရင်းအမြစ်ပဲ ...လက်တွေ့ကမ္ဘာလောကမှာမဖြစ်နိုင်တဲ့ကိစ္စတွေကို ပကတိဘဝထဲမှာ ရနိုင်တယ်"

"အစစ်အမှန်လောကထဲက မဟာသူတော်စင်တွေတောင် ပကတိဘဝထဲမှာ ဆိုးသွမ်းမှုမျိုးစုံကိုကျူးလွန်တဲ့ လူမိုက်ကြီးတွေ ဖြစ်နေနိုင်တယ်"

"ပကတိဘဝတွေထဲမှာတောင် ထိတ်လန့်ကြောက်ရွံ့နေတဲ့လူကတော့ လက်တွေ့ဘဝမှာ ဘာမှ ဖြစ်မလာနိုင်ဘူး"

"ဒါပေမဲ့ ပကတိဘဝထဲမှာရှိတဲ့ ဇာတ်ကောင်တွေရဲ့ခွန်အားက နေရာဒေသအသီးသီးအတွက် အရမ်းအရေးပါနေတုန်းပဲ"

"တကယ်လို့ ပကတိဘဝထဲမှာ နင့်ရဲ့ဇာတ်ကောင်က အရမ်းအစွမ်းထက်နေရင် လက်သစ်ဘဝမှာ နင်က အားနည်းသူတစ်ယောက် ဖြစ်နေရင်တောင် လူတွေအများကြီးရဲ့ရိုသေလေးစားတာကိုခံရပြီးတော့ နင့်ကို အင်အားစုကြီးတချို့ကနေ ဝင်ရောက်ဖို့ ဖိတ်ခေါ်ကြလိမ့်မယ်...အကြောင်းကတော့ လက်တွေ့ဘဝထဲမှာရှိတဲ့ အင်အားစုတွေကတချို့က ပကတိနယ်မြေထဲမှာလည်း အင်အားတွေတည်ဆောက်ထားလို့ပဲ"

"လက်တွေ့ဘဝမှာ တပည့်သစ်တွေခေါ်ယူနေတဲ့ အင်အားစုတချို့ဆိုရင် နင့်ရဲ့ကိုယ်ပိုင်ခွန်အားနဲ့ပါရမီအရည်အချင်းတွေတင် မကဘူး...ပကတိနယ်မြေထဲမှာရှိတဲ့ နင့်ရဲ့ဇာတ်ကောင်ရဲ့ခွန်အားကိုလည်း အကဲဖြတ်တယ်"

"နင့်ရဲ့ပကတိဘဝထဲမှာရှိတဲ့ ချမ်းသာကြွယ်ဝမှုတွေနဲ့ပစ္စည်းတွေက အချိုးအစားအလိုက် အစစ်အမှန်ပစ္စည်းတွေအဖြစ် ပြောင်းလဲသွားတယ်"

"မင်း ဆက်ပြောဖို့ မလိုတော့ဘူး...ငါ နားလည်ပြီ"

ရီဖုန်းသည် သူ၏လက်ကိုဝှေ့ယမ်းပြီး ဖြောင်မြောင်ဟုန်၏စကားများကို ကြားဖြတ်ဟန့်တားလိုက်၏။

"ဘယ်လိုသဘောရလဲ...နင်က စိတ်ဝင်စားဖို့ကောင်းတယ်လို့ ထင်လား ဒါမှမဟုတ် ကြောက်ဖို့ကောင်းတယ်လို့ ထင်လား"

ဖြောင်မြောင်ဟုန်က အပြုံးနှင့်မေးမြန်းသည်။

"အင်း...ပြောရမယ်ဆိုရင် ငါ နည်းနည်းလေးတောင် မကြောက်ဘူး"

ရီဖုန်းက သူ၏ခေါင်းကိုမော့ပြီး ပြောဆိုသည်။

အမှန်အားဖြင့် သူ ထိတ်လန့်တုန်လှုပ်နေရုံသက်သက်ပင်။

ဤသည်မှာ ဂိမ်းတစ်ခုသာဖြစ်သော်လည်း ဤနေရာတွင် ဂိမ်း၏အရေးပါမှုသည် သူ၏အတိတ်ဘဝထက် ပို၍အရေးပါသည်။

ဤပကတိဘဝဟု ခေါ်ဆိုသောနေရာသည် ကမ္ဘာမြေပြင်မှ ကူးပြောင်းလာသူတစ်ယောက် တည်ထောင်ထားခြင်းဟုတ်မဟုတ် သူ ပို၍ပို၍သံသယဝင်လာသည်။

ဤသည်မှာ ဇာတ်ဆောင်များကို ချိန်ညှိထားသော ပုံစံငယ်တစ်ခုဖြစ်မည်ဟု သူ ခန့်မှန်းမိသည်။

မည်သို့ပင်ဆိုစေကာမူ သူသည် သေလမ်းရှာလိုခြင်းသာဖြစ်သဖြင့် ထိုနေရာကို အနည်းငယ်မျှ စိတ်မဝင်စားချေ။

"မိန်းကလေးဖြောင်...ငါ ဘယ်လိုသေရမယ်ဆိုတာကို မြန်မြန်လေး နည်းလမ်းရှာပေးပါလား"

ရီဖုန်းက သူ၏နှာခေါင်းကိုပွတ်သပ်ပြီး ပြောဆိုလိုက်၏။

"အင်း ကြည့်ရတာတော့ သခင်လေးရီက ပကတိဘဝကို စိတ်ဝင်စားတဲ့ပုံမရဘူး"

ဖြောင်မြောင်ဟုန်က ခါးသည်းစွာပြုံးလိုက်သည်။ရီဖုန်းသည် ဤကိစ္စကို စိတ်ဝင်စားပါက သူမ၏ပကတိဘဝနှင့် ပတ်သက်သောအရာများကို သူ့အား ဆက်လက်၍မျှဝေလိုခြင်း ဖြစ်ပေ၏။

"သခင်လေးရီ ဘာမှမစိုးရိမ်ပါနဲ့... ငါက အစီအစဥ်တွေ စလုပ်နေပါပြီ"

ဖြောင်မြောင်ဟုန်က ပြောဆိုသည်။

"ဒါက ငါ သေဖို့ သေချာသွားပြီလား"

ရီဖုန်းက မျှော်လင့်ချက်အပြည့်ဖြင့် မေးမြန်းသည်။

"သခင်လေးရီက ရယ်စရာပြောပြောနေပြန်ပြီ...နင်က အရမ်းအစွမ်းထက်တာကြောင့် ငါက အခုလက်ရှိအချိန်မှာ အစီအစဉ်တစ်ခုကိုပဲ လုပ်နိုင်လိမ့်မယ်...နင့်ရဲ့အဖိုးတန်တဲ့အချိန်တွေကို ဖြုန်းတီးတာကနေ ရှောင်ကြဉ်နိုင်ဖို့အတွက် ငါက ဆုံးဖြတ်ချက်မချခင်မှာ ဒါက နင့်ရဲ့အသက်အန္တရာယ်ကို တကယ်ကြီး ခြိမ်းခြောက်နိုင်မှုရှိမရှိ သေသေချာချာတွက်ချက်ဖို့ လိုအပ်တယ်"

ဖြောင်မြောင်ဟုန်က ပြောဆိုသည်။

ထိုသို့ပြောဆိုပြီးနောက် သူမသည် ကျောက်စိမ်းတံဆိပ်ပြားတစ်ခုကို ထုတ်ယူပြီး ရီဖုန်းထံသို့ လက်ကမ်းပေးလိုက်၏။

"ဒါက ပထမအစီအစဉ်ပဲ...သခင်လေးရီက ဒီအစီအစဉ်အတိုင်း အရင်ဆုံးကြိုးစားကြည့်ပါ...တကယ်လို့ အလုပ်ဖြစ်တယ်ဆိုရင် အဆင်ပြေသွားလိမ့်မယ်...ဒါကအလုပ်မဖြစ်ဘူးဆိုရင် နင် ပြန်လာတဲ့အချိန်ကျရင် ကြိုးစားဖို့အတွက် ငါက နောက်ထပ်အစီအစဉ်တွေကို အဆင်သင့်ပြင်ဆင်ထားမယ်"

"မင်းက တကယ့်ကို စိတ်ရင်းနဲ့ ကြိုးစားထားတာပါလား"

ရှိဖုန်း၏စိတ်နှလုံးသား လှုပ်ရှားသွားကာ ဖြောင်မြောင်ဟုန်၏အလေးအနက်ထားမှုအပေါ် သူ အလွန်ကျေးဇူးတင်နေမိသည်။

သူသည် ကျောက်စိမ်းတံဆိပ်ပြားကိုယူပြီး အတွင်းရှိသတင်းအချက်အလက်များကို ဖတ်လိုက်၏။

"မရဏအမွေအနှစ်..."

ရီဖုန်းက တီးတိုးရေရွတ်လိုက်သည်။

"အမှန်ပဲ...ဒါက မရဏအမွေအနှစ်ပဲ...ဖုန်းယွီဂိုဏ်းရဲ့အပိုင်ဖြစ်တဲ့ ဖုန်းယွီကျွန်းမှာ မရဏအမွေအနှစ်ရှိတယ်...အဲ့ဒါကို သူတော်စင်တစ်ပါးက ချန်ထားခဲ့တယ်လို့ ပြောကြတယ်"

ဖြောင်မြောင်ဟုန်က နံဘေးတစ်ဖက်မှနေ၍ ရှင်းပြသည်။

"ကံဆိုးချင်တော့ လွန်ခဲ့တဲ့ နှစ်တစ်သောင်းကျော်မှာ ဖုန်းယွီဂိုဏ်းရဲ့မရေမတွက်နိုင်တဲ့တပည့်တွေက အဲ့ဒီအမွေအနှစ်ကို ဆက်ခံဖို့ ကြိုးစားခဲ့ကြပေမယ့် ဘယ်သူမှ မအောင်မြင်ခဲ့ဘူး...ဒါ့ပြင် ပါရမီရှင်တွေအများကြီး သေဆုံးသွားခဲ့တယ်"

"အချိန်တွေ ကုန်လာတဲ့အချိန်မှာ ဖုန်းယွီဂိုဏ်းက သူတို့မှာ ကံကြမ္မာရေစက်မရှိဘူးဆိုတာ သိသွားတာကြောင့်...အဲ့ဒီအမွေအနှစ်ကို ပြောင်ပြောင်တင်းတင်း ထုတ်ပြန်ကြော်ညာခဲ့တယ်....သတ်မှတ်ထားတဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီသရွေ့ ဘယ်သူမဆို အဲ့ဒီအမွေအနှစ်ကို ဆက်ခံနိုင်တယ်...အဲ့ဒီအရာကို အောင်မြင်သွားခဲ့ရင် အမွေဆက်ခံသူက ဖုန်းယွီဂိုဏ်းရဲ့ဧည့်သည်တော်တစ်ယောက်ဖြစ်လာပြီးတော့ သေရေးရှင်ရေးအချိန်အခိုက်အတန့်တွေမှာ ဖုန်းယွီဂိုဏ်းကို ကူညီပေးနိုင်တာနဲ့ ဂိုဏ်းကို ခြူးတစ်ပြားမှ ပေးဖို့မလိုဘူး"

"အဲ့ဒီကြီးမားတဲ့ စွမ်းဆောင်နိုင်မှုကြီးကြောင့် အတိတ်မှာတုန်းက အုတ်အော်သောင်းနင်းဖြစ်သွားခဲ့တယ်...ဘယ်လိုပဲဖြစ်ဖြစ် ဒါက သူတော်စင်တစ်ပါးချန်ခဲ့တဲ့ အရာတစ်ခု ဖြစ်တာကြောင့် အဲ့ဒီအမွေအနှစ်ကို ဆက်ခံဖို့အတွက် ဂိုဏ်းအင်အားစုတွေရဲ့ထိပ်သီးအစွမ်းထက်ကျင့်ကြံသူ‌တွေ အပါအဝင် မရေမတွက်နိုင်တဲ့လူတွေ ကြိုးစားခဲ့ကြတယ်"

"ဒါပေမဲ့ သူတို့အနက်က ဘယ်သူကမှ အဲ့ဒီအမွေအနှစ်ကို အောင်မြင်အောင် မဆက်ခံနိုင်ခဲ့တဲ့အပြင် မရှုမလှသေဆုံးသွားခဲ့တယ်"

"ဒါကြောင့် အဲ့ဒီအမွေအနှစ်က 'မရဏအမွေအနှစ်'လို့ အမည်တွင်လာတာပဲ"

"လူတွေအများကြီး ပိုပြီးသေလေလေ မရဏအမွေအနှစ်က ပိုပြီးနာမည်ကျော်ကြားလာလေလေပဲ...လူနည်းစုကပဲ အဲ့ဒီအမွေအနှစ်ကိုဆက်ခံဖို့ ကြိုးစားရဲတော့တယ်"

"အဲ့ဒီအမွေအနှစ်ကို ဆက်ခံဖို့အတွက် ကြိုးစားခဲ့တဲ့ နောက်ဆုံးလူက လွန်ခဲ့တဲ့နှစ်တစ်ရာအကြာလောက်ကပဲ"

"ဒါကြောင့် သခင်လေးရီက အဲ့ဒီနေရာကို သွားမယ်ဆိုရင် အောင်မြင်ဖို့အတွက် အခွင့်အရေးတစ်ခု ရှိလာနိုင်တယ်"

ဖြောင်မြောင်ဟုန်၏ မိတ်ဆက်ပေးမှုကိုကြားချိန်တွင် ရီဖုန်းသည် အလွန်စိတ်လှုပ်ရှားသွားပေ၏။

ထိုနေရာသည် အလွန်အန္တရာယ်များသော နေရာတစ်ခုပင်။

ထို့ပြင် ဤအန္တရာယ်အမျိုးအစားသည် နတ်ဆိုးငယ်များကဲ့သို့ အမှိုက်ကောင်များမှ သတ်မှတ်ထားခြင်း မဟုတ်သဖြင့် သူ သေဆုံးသွားနိုင်သော အခွင့်အရေး အလွန်မြင့်မားသည်။

သူသည် သူ့အား လက်ယပ်ခေါ်နေသော အင်မော်တယ်ဘဝကို မြင်ယောင်မိလေ၏။

All Chapters