← Chapters

အခန်း (၈၉၆-၉၀၀)

Vol. 60 Ch. 896-900

အခန်း (၈၉၆-၉၀၀)

Vol. 60 Ch. 896-900

Chapter 896

"ကောင်းပြီလေ....ငါက အဲ့ဒီဖုန်းယွဲ့ကျွန်းကို သွားမယ်"

ရီဖုန်းသည် ဆုံးဖြတ်ချက်ချလိုက်၏။

"အင်း...ဒါက ရေကြောင်းပြမြေပုံပဲ"

ဖြောင်မြောင်ဟုန်သည် ကြိုတင်ပြင်ဆင်ထားသော ရေကြောင်းပြမြေပုံကို ရီဖုန်းထံသို့လက်ကမ်းပေးပြီး နူးညံညင်သာစွာရှင်းပြသည်။

"တကယ်လို့ နင်က ဖုန်းယွီကျွန်းကို သွားချင်တယ်ဆိုရင် သင်္ဘောတစ်စီးနဲ့ သွားရမယ်"

"မိုးကောင်းကင်ယံမှာ ခရီးအဝေးကြီး ပျံသန်းသွားဖို့က မဖြစ်နိုင်ဘူး...နောက် ပင်လယ်ပြင်မှာက မြူထူထပ်တယ်...အရမ်းအစွမ်းထက်တဲ့ကျင့်ကြံသူတွေတောင် ခရီးအဝေးကြီးပျံသန်းချိန်မှာ သူတို့ရဲ့ဦးတည်ချက်တွေ ပျောက်ဆုံးသွားပြီးတော့ သူတို့သွားမယ့်နေရာရဲ့တည်နေရာကို ရှာမတွေ့တော့ဘူး"

"ဒါကြောင့် ခရီးသွားလာရေးမှာ အဆင်ပြေချောမွေ့ဖို့အတွက် ထျန်းယုနယ်မြေရဲ့နေရာဒေသအသီးသီးကိုသွားတဲ့ ခရီးသည်တင်သင်္ဘောတွေရှိတယ်...အဲ့ဒီခရီးသည်တင်သင်္ဘောတွေက နံပါတ်တစ်လမ်းကြောင်းကနေ နံပါတ်တစ်ဆယ်လမ်းကြောင်းလို့ခေါ်တဲ့ လမ်းကြောင်းဆယ်ခုရှိတယ်"

ဖြောင်မြောင်ဟုန်က ရှင်းပြသည်။

ထိုစကားကိုကြားချိန်တွင်...

ရီဖုန်း၏မျက်ခွံများ ထပ်မံ၍ လှုပ်ခတ်သွားသည်။

ခရီးသည်တင်သင်္ဘောဟု ဆိုသလော...

အမှတ်တစ်လမ်းကြောင်းမှ အမှတ်တစ်ဆယ်လမ်းကြောင်း ဟူသည်မှာ မည်သို့ဖြစ်လာသနည်း...

ဤကိစ္စကို မည်သည်ကြောင့် သူ အလွန်ရင်းနှီးကျွမ်းဝင်နေသနည်း...

"အဲ့ဒီခရီးသည်တင်သင်္ဘောတွေကိုလည်း လင်းလုံခန်းမဆောင်က ဖန်တီးထားတာလား..."

ရီဖုန်းက မေးမြန်းသည်။

"သခင်လေးရီက တစ်ချက်တွေးကြည့်ရုံနဲ့ သိသွားတာပါလား....အရမ်းဉာဏ်ကောင်းတာပဲ"

ဖြောင်မြောင်ဟုန်က အပြုံးနှင့်ပြောဆိုသည်။

"အကြောင်းကတော့ ဒီလိုမျိုး ကြီးမားတဲ့လုပ်ငန်းတစ်ခုကို လင်းလုံးခန်းမဆောင်ကလွဲပြီးတော့ ထျန်းယုနယ်မြေမှာရှိတဲ့ တခြားဘယ်သူကမှ လုပ်နိုင်မှာမဟုတ်လို့ပဲ"

"လာပြန်ပြီ...လင်းလုံခန်းမဆောင် ထပ်ပြီးဖြစ်နေပြန်ပြီ"

ရီဖုန်းက နှုတ်ခမ်းစူပြီး တီးတိုးရေရွတ်လိုက်သည်။

လင်းလုံခန်းမဆောင်၏နောက်ကွယ်ရှိ ပိုင်ရှင်သည် ကမ္ဘာမြေမှကူးပြောင်းလာသူတစ်ယောက် ဖြစ်ပေမည်။

အကယ်၍ ကူးပြောင်းလာသူတစ်ယောက် မဟုတ်ပါက မည်သူသည် ခရီးသည်တင်သင်္ဘောကို တည်ဆောက်ရန် တွေးတောမိမည်နည်း...

"ဆက်ပြောပါ"

ရီဖုန်းက ပြောဆိုသည်။

"အင်း..."

ဖြောင်မြောင်ဟုန်က ခေါင်းညိတ်ပြပြီးနောက် ဆက်လက်၍ပြောဆိုလိုက်၏။

"လမ်းကြောင်းတိုင်းမှာရှိတဲ့ ခရီးသည်တင်သင်္ဘောတွေက ဆိပ်ကမ်းတစ်ခုကို ဖြတ်သန်းသွားတဲ့အချိန်တိုင်း ရပ်တန့်တယ်...ဒါကြောင့် ခရီးသွားလာတဲ့ ကျင့်ကြံသူတွေအတွက် အရမ်းအဆင်ပြေတယ်...ဒါ့ပြင် အဲ့ဒီခရီးသည်သင်္ဘောတွေမှာ ထူးခြားတဲ့အလံတစ်ခုကို ချိတ်ဆွဲထားတယ်"

"အဲ့ဒီအလံနဲ့ဆိုရင် ပင်လယ်ပြင်မှာ လုယက်နေတဲ့ ဓားပြတွေအပါအဝင် ဘယ်သူကမှ နှောင့်ယှက်ဖို့ နည်းနည်းလေးတောင် အတွေးမရှိဘူး...ဘယ်လိုပဲဖြစ်ဖြစ် လင်းလုံခန်းမဆောင်ရဲ့ပစ္စည်းတွေကို ထိဝံ့တဲ့လူဆိုလို့ တစ်ယောက်မှမရှိဘူး"

"ဒါပေမဲ့ မတူကွဲပြားတဲ့လမ်းကြောင်းတွေမှာ တချို့လမ်းကြောင်းတွေက အရမ်းဝေးကွာတယ်...ဒါကြောင့် ခရီးတိုတဲ့လမ်းကြောင်းတွေကို တစ်ရက်တစ်ကြိမ် ပို့ဆောင်ပေးမယ့် နည်းနည်းဝေးတဲ့ လမ်းကြောင်းတွေကိုတော့ လဝက်မှာတစ်ကြိမ်ပဲ ပို့ဆောင်ပေးတယ်"

သခင်လေးရီသွားမယ့်ဖုန်းယွဲ့ကျွန်းကတော့ အမှတ်၈လမ်းကြောင်းကနေ သွားဖို့လိုပြီးတော့ ခရီးဝေးတဲ့လမ်းကြောင်းတစ်ခုပဲ

ဖြောင်မြောင်ဟုန်က တစ်ခုပြီးတစ်ခု ပြောဆိုသည်။

"ဒါပေမဲ့ ကံကောင်းချင်တော့ ကူးပြောင်းရေးကျွန်းကနေ နံပါတ်ရှစ်ခရီးသည်တင်သင်္ဘောက မနက်ဖြန်မနက်ကျရင် ထွက်ခွာလိမ့်မယ်...ဒါကြောင့် သခင်လေးရီက အများကြီးစောင့်ဖို့ မလိုဘူး"

"ကျေးဇူးတင်ပါတယ်....မိန်းကလေးဖြောင်က တကယ့်ကို စိတ်ကောင်းရှိတဲ့သူပဲ"

ရီဖုန်းသည် ကျေးဇူးတင်စကား ပြောဆိုလိုက်၏။

"သခင်လေးရီက ရယ်စရာပြောနေပြန်ပြီ...နင်ပေးခဲ့တဲ့ နဂါးငါးနှစ်ကောင်က ကောင်းကင်ဘုံရဲ့လက်ဆောင်နဲ့ အတူတူဘဲ...ဟုန်အာမှာ ဒါကို ပြန်ပေးဆပ်ဖို့အတွက် နည်းလမ်းမရှိခဲ့ဘူး.... တကယ်လို့ ငါက ဒီလိုအသေးအမွှားကိစ္စလေးတစ်ခုကိုတောင် ကောင်းကောင်းမလုပ်နိုင်ရင် နင့်ရဲ့ကြင်နာမှုနဲ့ ဘယ်လိုလုပ်ပြီး ထိုက်တန်တော့မှာလဲ"

ဖြောင်မြောင်ဟုန်က နူးညံညင်သာစွာ ပြောဆိုသည်။

"ဒါပေမယ့် ငါ စိုးရိမ်တာတစ်ခုကတော့ ငါက နင်နဲ့အတူ အဖော်မပြုပေးနိုင်တာကိုပဲ...."

"ဒီနေ့ပြီးတာနဲ့ ငါ ဖြေရှင်းရမယ့် ကိုယ်ရေးကိုယ်တာကိစ္စတချို့ ရှိနေတယ်...ဒါ့ပြင် ငါက ဓားတောင်ကြားဆီ နဂါးငါးနှစ်ကောင်ကို ပြန်ပို့ဖို့လိုတယ်"

"ဒါကြောင့် ဒီနေရာကနေပဲ ဟုန်အာက သခင်လေးရီ အောင်မြင်မှုနဲ့အတူပြန်လာပြီးတော့ ဆန္ဒတွေပြည့်ဝပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်"

"တကယ်လို သခင်လေးရီက ကျရှုံးခဲ့တယ်ဆိုရင် ငါက ကျောက်စိမ်းပြားပေါ်မှာ ဓားတောင်ကြားရဲ့အသေးစိတ်လိပ်စာကို ချန်ထားခဲ့တယ်...သခင်လေးရီက ခရီးသည်သည်တင်သင်္ဘောကိုစီးပြီးတော့ ဓားတောင်ကြားမှာ ငါကိုလာရှာလို့ရတယ်"

ဖြောင်မြောင်ဟုန်က ရှင်းပြသည်။

"ငါက သခင်လေးရီအတွက် နောက်ဆက်တွဲအစီအစဉ်တွေကို လုပ်ထားလိုက်မယ်"

"မိန်းကလေးဖြောင်ကို ကျေးဇူးတင်ပါတယ်"

ရီဖုန်းက သူ၏လက်နှစ်ဖက်ကိုပူးဆုပ်ပြီး ဦးညွှတ်လိုက်သည်။

နောက်တစ်နေ့၌..

ကူးပြောင်းရေးကျွန်း၏ဆိပ်ကမ်း၌ စောင့်ဆိုင်းနေသော ရီဖုန်းသည် ဖုန်းယွဲ့ကျွန်းသို့သွားမည့် အမှတ်ရှစ်ခရီးသည်တင်သင်္ဘောပေါ်သို့ တက်ခဲ့တော့သည်။

ဤသည်ကို မည်သည်ကြောင့် ခရီးသည်တင်သင်္ဘောဟုခေါ်သည်အား သူ မသိရှိသော်လည်း ရီဖုန်းသည် ထိုအရာကိုမြင်တွေ့ချိန်၌ ဆွံ့အသွားပေ၏။

ဤသည်မှာ သူ၏အတိတ်ဘဝရှိ ရုပ်ရှင်အတွင်းမှ တိုက်တန်းနစ်သင်္ဘောထက်ပင် ပို၍ကြီးမားသော ဧရာမသင်္ဘောကြီးတစ်စီးပင်။

ထိုသင်္ဘောပေါ်၌ အတန်းအစားသုံးခုခွဲခြားထားကာ အလွှာပေါင်းစုံမှလူများဖြင့် ပြည့်နှက်နေသည်။

ဓားသွားပေါ်မှသွေးများကို လျက်နေသည့်လူများရှိသည့်အပြင် ကြည့်ပျော်ရှုပျော်ရှိသော လူအမြောက်အများလည်း ရှိနေပေရာအလွန်အမင်း ရှုပ်ထွေးနေသည်။

မကြာမီမှာပင်....

ခရီးသည်တင်သင်္ဘောသည် ရွက်လွှင့်ကာ အကန့်အသတ်မဲ့ကျယ်ဝန်းသော ပင်လယ်ကြီးအတွင်းသို့ ဝင်ရောက်သွားတော့သည်။ ကြီးကျယ်ခမ်းနားသော ပင်လယ်ရေမျက်နှာပြင်သည် အကန့်အသတ်မဲ့ကျယ်ဝန်းပြီး အံ့အားသင့်ဖွယ်ကောင်းပေ၏။

ခရီးသည်တင်သင်္ဘောသည် သူ မျှော်လင့်ထားသည်ထက် ပို၍လျှင်မြန်ကာ သာမန်ကျင့်ကြံသူများ၏ပျံသန်းမှုအရှိန်နှုန်းများဖြင့် လိုက်မှီနိုင်သည့်အရာ မဟုတ်ချေ။

အချိန်တခဏကြာခန့် စောင့်ကြည့်ပြီးနောက် ရီဖုန်းသည် စိတ်ဝင်စားမှုများ ပျောက်ကွယ်သွားသဖြင့် သင်္ဘောပေါ်၌ လှည့်ပတ်သွားလာလိုက်သည်။

ခရီးသည်တင်သင်္ဘောကို အထပ်လေးထပ် ပိုင်းခြားထားသည်။ပထမထပ်တွင် ကြီးမားကျယ်ပြန့်သော လမ်းတလမ်းရှိသည်။ထိုလမ်း၏ဘေးတစ်ဖက်တချက်၌ ဆိုင်အမြောက်အများရှိပြီး ဆေးလုံးများနှင့်တခြားပစ္စည်းများကိုရောင်းချကာ လေလံပွဲတချို့ကိုပင် ကျင်းပနေသည်။

ဒုတိယထပ်သည် ခရီးသည်တင်သင်္ဘောတစ်ခုလုံး၏ဖျော်ဖြေရေးနေရာဖြစ်ကာ သူ၏အတိတ်ဘဝအတွင်းရှိ ဇိမ်ခံနေရာတစ်ခုနှင့် အလွန်တူညီသည်။

တတိယထပ်သည် လင်းလုံခန်းမဆောင်မှဖွင့်လှစ်ထားသော လှိုဏ်ဂူအိမ်တစ်ခုပင်။ဤသည်မှာ သူ၏အတိတ်ဘဝရှိ သီးသန့်ခန်းတစ်ခန်းနှင့် တူညီပေ၏။ထိုလှိုဏ်ဂူအိမ်အတွင်း၌ ဝင်္ကပါတစ်ခု ရှိနေသည်။ထိုနေရာ၌ ကျင့်ကြံပါက တစ်ဝက်ခန့်အင်အားစိုက်ထုတ်ရုံဖြင့် အကျိုးကျေးဇူးနှစ်ဆ ရရှိနိုင်ပေမည်။သို့ရာတွင်အကယ်၍ တစ်စုံတစ်ယောက်သည် လှိုဏ်ဂူအိမ်အတွင်း၌ နေထိုင်လိုပါက အခကြေးငွေအမြောက်အများပေးရန် လိုအပ်သည်။လှိုဏ်ဂူအိမ်အတွင်း၌ မနေသောလူများသည်လည်း အနားယူနေစဉ်အချိန်အတွင်းတွင် နေရာ၌ပလ္လင်ခွေထိုင်ကာ သူတို့၏အသက်ရှူနှုန်းများကို ချိန်ညှိနိုင်သည်။

စတုတ္ထထပ်ကမူ သင်္ဘောတစီးလုံး၏ဘေးကင်းလုံခြုံဆုံးနေရာပင်။ပြောရမည်ဆိုလျှင် ဤသည်မှာ ခရီးသည်တင်သင်္ဘောပိုင်ရှင်၏သီးသန့်နေရာဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်ကိုမျှ ဝင်ခွင့်မပြုချေ။

ခရီးသည်တင်သင်္ဘော၏ဖွဲ့စည်းပုံကို အကြမ်းဖျင်းနားလည်သဘောပေါက်ပြီးနောက် ရီဖုန်းကဒုတိယထပ်ထံသို့ သွားလိုက်သည်။

မည်သို့ပင်ဆိုစေကာမူ သူသည် ပထမထပ်ရှိ ပစ္စည်းများကို ဝယ်ယူရန် မလိုအပ်သည့်အပြင် သူ၏ကျင့်ကြံမှုမှုအရှိန်နှုန်းကို မြှင့်တင်ရန် တတိယထပ်ရှိလှိုဏ်ဂူအိမ်ကိုလည်း မလိုအပ်ချေ။

"အမ် ...ဒါက...."

ရီဖုန်းသည် ဒုတိယထပ်သို့ရောက်ရှိသည်နှင့် အံ့အားသင့်တုန်လှုပ်သွားပေ၏။

ဤနေရာသည် မည်ကဲ့သို့ ဖျော်ဖြေရေးနေရာမျိုးဖြစ်သည်ကို သူ တွေးတောနေခဲ့သော်လည်း ဖဲကစားနည်းနှင့်မာကျောက်ကစားနည်းတို့ ဖြစ်နေမည်ဟု သူ မျှော်လင့်မထားမိချေ။

သောက်ချေးပဲ...

လင်းလုံခန်းမ၏နောက်ကွယ်ရှိ ပိုင်ရှင်သည် ကူးပြောင်းလာသူတစ်ယောက် မဟုတ်ဟု ပြောဆိုပါက ရီဖုန်းသည် ထိုကိစ္စကို ယုံကြည်နိုင်မည်မဟုတ်ချေ။

သို့ရာတွင် ဖဲကစားနည်းကို မြင်တွေ့ရချိန်၌ ပင်ကျင်းမြို့အတွင်းရှိလူများကို သူ ပြန်လည်တွေးတောမိသည်။

မြောင်ယွင်အာ ယောင်လင်းအာတို့နှင့်အတူ ဖဲကစားခဲ့ရသည်မှာ ရီဖုန်းအတွက် အပျော်ရွှင်ခဲ့ရဆုံးညတစ်ညပင်။

သူ အမှန်တကယ်ကို သတိရလွမ်းဆွတ်မိသည်။

ပင်ကျင်းမြို့အတွင်းရှိ လူအိုကြီးများကို ဖဲကစားနည်းအား သူ သင်ကြားပေးထားခဲ့သဖြင့် ရီဖုန်းသည် တစ်ခါတစ်ရံ၌ သူတို့နှင့်ဆော့ကစားနိုင်ပေ၏။သို့ရာတွင် မာ​ကျောက်ကမူ သူ ကူးပြောင်းလာစဉ်အချိန်ကတည်းက တို့ထိရခြင်းမရှိသဖြင့် ယခု မြင်တွေ့ရသောအချိန်၌ သူ အမှန်တကယ်ကို လက်ယားနေသည်။

သို့သော် ရီဖုန်းသည် အလျင်စလို ဆော့ကစားခြင်းမပြုဘဲ ခန်းမအတွင်း၌သွားလာကာ တခြားသူများကို အရင်ဆုံးကြည့်လိုက်သည်။

ရီဖုန်း မထင်မှတ်ထားသောအရာမှာ သူ၏အတိတ်ဘဝနှင့်တူညီစွာ ဤနေရာတွင် အလွှာပေါင်းစုံမှလူများသည် ဖဲကစားခြင်းနှင့်မာ​ကျောက်ကစားခြင်းတို့ကို စိတ်အားထက်သန်စွာ ဆော့ကစားနေခြင်းပင်။

ဤကျင့်ကြံသူတစ်စုကို ကြည့်ရသည်မှာ ဖဲနှင့်မာကျောက်ကစားရာ၌ ပုံသေကစားနေပုံရသည်။

ရင်ဘတ်၌ အမွှေးအမျှင်များရှိသော လူထွားကြီးတစ်ယောက်သည် သူ မထားသင့်သောနေရာ၌ မာကျောက်တုံးတစ်တုံးကို နေရာချလိုက်သည်။

နောက်ခံအင်အားကောင်းမွန်ပုံရသော တခြားမိန်းကလေးတစ်ယောက်သည် ထိုမြင်ကွင်းကို ကြည့်ပြီး ထိုလူထွားကြီးကို အနိုင်ယူလိုက်၏။

ဤလူတစ်စု၏အဆင့်ကို အကြမ်းဖျင်းနားလည်သဘောပေါက်သွားပြီးနောက် ရီဖုန်းက ကြုံရာစားပွဲတစ်လုံး၌ ဝင်ထိုင်လိုက်သည်။

သူ၏စားပွဲတွင် မိန်းကလေးနှစ်ယောက်နှင့် လူလတ်ပိုင်းကြီးတစ်ယောက်ရှိနေသည်။

မာကျောက်တုံးများကို ကိုင်တွယ်ကြည့်ပြီးနောက် ရီဖုန်းသည် ထိုအရာများကို အထူးသီးသန့်ပစ္စည်းများဖြင့် ပြုလုပ်ထားကာ ကျင့်ကြံသူများသည်သူတို့၏ကျင့်ကြံဆင့်စွမ်းအားကိုမှီခို၍ လှည့်စားရန် မဖြစ်နိုင်သည်ကို နားလည်သဘောပေါက်သွားသည်။

ရီဖုန်းနှင့်အတူထိုင်နေသော လူသုံးယောက်တွင် လူလတ်ပိုင်းကြီးမှလွဲ၍ မိန်းကလေးနှစ်ယောက်ထံတွင် အရည်အချင်းရှိပုံမရချေ။ထို့ကြောင့် သူသည် သူ၏အစစ်အမှန်အရည်အချင်းကိုပင် အသုံးပြုရန်မလိုဘဲ သူတို့အား အနိုင်ယူနိုင်သည်။

သူ မာ​ကျောက်ကိုအချိန်အတော်ကြာ မဆော့ခဲ့ရခြင်းကြောင့် ဖြစ်ကောင်းဖြစ်နိုင်ကာ သူ၏ကံအလွန်ကောင်းနေသည်။

ပထမဆုံးပွဲ၌ မာကျောက်တုံးများကိုဝေပြီးနောက် မကြာခင်မှာပင် အဆုံးသတ်သွားခဲ့သည်။

မိန်းကလေးနှစ်ယောက်နှင့် လူလတ်ပိုင်းကြီး၏ မကျေမနပ်ပြောဆိုနေသံများအောက်တွင် ရီဖုန်းသည် အင်မော်တယ်သလင်းကျောက်အမြောက်အများကို ရိတ်သိမ်းနိုင်ခဲ့ပေ၏။

နောက်ထပ်တစ်ပွဲ၌ ရီဖုန်း၏ကံကြမ္မာနှင့်စွမ်းရည်ကြောင့် ဆယ်ပုံပုံလျှင်ကိုးပုံသည် သူ၏အပိုင် ဖြစ်လာခဲ့သည်။

မကြာမီမှာပင် ထိုလူသုံးယောက်သည် ရှုံးနိမ့်သွားသဖြင့် သူတို့၏မာကျောက်တုံးများကို ဖယ်ရှားပြီး ထွက်ခွာသွားတော့သည်။

"မင်းတို့က ဘာလို့ဆက်ပြီး မဆော့ကြတာလဲ"

ရီဖုန်းသည် ပျော်ရွှင်စွာဖြင့် အင်မော်တယ်သလင်းကျောက်များကို သိမ်းဆည်းပြီး တခြားစားပွဲတစ်ခုသို့ပြောင်းကာ တိုက်ခိုက်ခြင်းကိုစတင်ခဲ့တော့သည်။

"အိုး ငါ တောင်းပန်ပါတယ်...ငါ ထပ်ပြီးနိုင်သွားပြန်ပြီ"

ရီဖုန်းက ထိုင်ခုံပေါ်၌ ပျင်းတိပျင်းရွဲအမူအယာဖြင့်ထိုင်ကာ အပြုံးနှင့်ပြောဆိုသည်။

ဤကဲ့သို့ အခြေအနေအောက်တွင် သူသည် စီးကရက်တစ်လိပ်ကို အမှန်တကယ်လွမ်းဆွတ်မိပေ၏။

နေ့ဝက်ကြာပြီးနောက် ရီဖုန်းသည် သေးငယ်သောကစားဝိုင်းမှ ကြေးမြင့်သောကစားဝိုင်းသို့ ရောက်ရှိသွားခဲ့သည်။

'တကယ်လို့ ဒီလိုမျိုးနည်းလမ်းတစ်ခု ရှိနေတယ်ဆိုတာသာ ငါ ကြိုသိခဲ့ရင်...အတိတ်မှာ ငါ ပင်ကျင်းမြို့မှာနေတုန်းက ဘာလို့ ပုတ်သိုးနေတဲ့ ဟင်းသီးဟင်းရွက်တွေကို စားပြီးတော့ မစင်တောင် ဆွဲထုတ်ရတဲ့အဆင့်ထိ ရောက်ခဲ့မှာလဲ"

ရီဖုန်းသည် ငွေအမြောက်အများကို အလွန်လွယ်ကူစွာ ရှာဖွေနိုင်ခဲ့သဖြင့် ဝမ်းသာပျော်ရွှင်နေသည်။

သို့ရာတွင် သူ ဒုတိယထပ်၌ လုပ်ဆောင်သမျှအရာရာတိုင်းကို တခြားလူများမှ စောင့်ကြည့်နေကြောင်း သူ သိရှိမည်မဟုတ်ချေ။

"မင်း ဒီနေရာမှာနေပြီး စောင့်ကြည့်လိုက်အုံး....ငါ စတုတ္ထထပ်ကို သွားအုံးမယ်"

တာဝန်ခံတယောက်နှင့်တူသော လူများအနက်မှတစ်ယောက်သည် သူ့၏လက်အောက်ငယ်သားများကို အမိန့်ပေးကာ စတုတ္ထထပ်သို့ လျှောက်လှမ်းသွားသည်။

Chapter 897

စတုတ္ထထပ်၌...

တခြားအထပ်သုံးထပ်နှင့် မတူညီဘဲ ဤနေရာရှိ အပြင်အဆင်သည် အလွန်ခမ်းနားထည်ဝါပေ၏။

ပိန်ပါးပြီးခြေတံရှည်သော အမျိုးသမီးတစ်ယောက်သည် ခြေဗလာဖြင့် ပြတင်းပေါက်ကိုမှီ၍ မတ်တတ်ရပ်နေသည်။သူမ၏လက်အတွင်း၌ ပန်းဝတ်ရည်တစ်မျိုး ထည့်ထားသည့်ခွက်ကို ကိုင်ထားကာ အဝေးတစ်နေရာသို့ မျှော်ကြည့်နေသည်။

အချိန်အတော်ကြာပြီးနောက်...

သူမ၏နူးညံသေးသွယ်သော လက်အတွင်းမှ ခွက်ကို အောက်သို့ချပြီး ပေါ့ပေါ့ပါးပါး ပြောဆိုသည်။

"ဝင်လာခဲ့...."

တံခါးဝ၌ ဒူးထောက်နေသော တာဝန်ခံသည် တံခါးကို တွန်းဖွင့်လိုက်၏။အမျိုးသမီးသည် ပါးလွှာသောဝတ်စုံကို ဝတ်ဆင်ထားကာ သူမ၏ခြေတံရှည်များကို ကွက်ကွက်ကွင်းကွင်းမြင်နိုင်ကာ မည်သည့်ယောက်ျားသားအတွက်မဆို သေစေနိုင်သည့်လက်နက်ကြီးတစ်ခုပင်။သို့ရာတွင် တာဝန်ခံသည် ဒုတိယအကြိမ် ထပ်မကြည့်ဝံ့ဘဲ အမျိုးသမီး၏ရှေ့၌ ဒူးထောက်လိုက်သည်။

"ငါ့ကို ပြောစမ်း....ဘာကိစ္စ ရှိလို့လဲ"

အမျိုးသမီး၏မျက်လုံးအကြည့်သည် အဝေးတစ်နေရာ၌ ရှိနေဆဲဖြစ်ကာ သူမထံတွင် စိတ်မရှည်သောအမူအယာတစ်ရပ် ရှိနေသည်။တာဝန်ခံ၏ရောက်ရှိလာမှုသည် သူမအား စိတ်အနှောက်အယှက်ဖြစ်သွားစေသည်မှာ သိသာထင်ရှားလှ၏။

တာဝန်ခံသည် သူ၏ခေါင်းကို အောက်သို့ငုံထားကာ ဒုတိယထပ်၌ ဖြစ်ခဲ့သောကိစ္စများကို တစ်ခုပြီးတစ်ခု ​ပြန်ပြောင်းပြောပြလေသည်။

ထိုစကားများကို နားထောင်ပြီးနောက်....

အမျိုးသမီးက မျက်ခုံးပင့်လိုက်ကာ ရွှင်မြူးသောအမူအယာတစ်ရပ် ထင်ဟပ်လာသည်။

"အဲ့ဒီလူက လှည့်စားနေတာလား ဒါမှမဟုတ် သူက တကယ်ပဲ တော်တာလား...."

"ငါ ပျင်းနေတယ်...နင် ဒုတိယထပ်ကိုသွားပြီးတော့ သူနဲ့အတူ တခြားလူနှစ်ယောက်ကို ခေါ်ခဲ့စမ်း...ငါ သူတို့ကို တွေ့ချင်တယ်"

အမျိုးသမီးက သူ၏လက်ကိုဝှေ့ယမ်းပြီး ပြောဆိုသည်။

"ဟုတ်ကဲ့..."

တာဝန်ခံက အလျှင်အမြန် ပြန်သွားတော့သည်။

အချိန်တခဏကြာပြီးနောက် ရီဖုန်းအပါအဝင် လူသုံးယောက်သည် စတုတ္ထထပ်သို့ ခေါ်ဆောင်ခြင်းခံရလေ၏။

တခြားနှစ်ယောက်သည် ထူးကဲသောအမူအကျင့်များရှိသည့် လူငယ်နှစ်ယောက်ဖြစ်ကာ ချမ်းသာကြွယ်ဝသောမိသားစုများ၏ မျိုးဆက်များဖြစ်သည်မှာ သိသာထင်ရှားသည်။

စတုတ္ထထပ်သို့ သွားချိန်၌ သူတို့နှစ်ယောက်သား အလွန်စိတ်လှုပ်ရှားနေသည်။

သူတို့သည် သင်္ဘောပေါ်သို့တက်ကာ ဒုတိယထပ်သို့ ရောက်ရှိသည်နှင့် စတုတ္ထထပ်တွင် မာကျောက်ကစားရန် လူလာခေါ်သော တာဝန်ခံနှင့် တွေ့ဆုံရမည်ဟု သူတို့ မျှော်လင့်မထားမိချေ။

ဤကဲ့သို့ ဂုဏ်ကျက်သရေမျိုးသည် သာမာန်လူများအတွက် မဟုတ်ချေ။

တစ်ခုသိထားရမည်မှာ အမှတ်ရှစ်လမ်းကြောင်း၏ ရေယာဥ်မှူးကို နတ်မိမယ်မိန်ဟုခေါ်ပြီး သူမ၏နာမည်ဂုဏ်သတင်းသည် ကြယ်နယ်မြေတစ်ခုလုံး၌ ပျံ့နှံ့နေခြင်းပင်။

သို့ရာတွင် သူမသည် ရေယာဥ်မှူးရာထူးကိုရထားကာ လင်းလုံခန်းမဆောင်၏အဖွဲ့ဝင်တစ်ယောက်ဖြစ်သောကြောင့် လူအများစုသည် သူမ၏နာမည်ကိုသာသိပြီး သူမကို မမြင်တွေ့ဘူးချေ။လူနည်းစုကသာ သူမ၏အစစ်အမှန်ပုံပန်းသွင်ပြင်ကို မြင်တွေ့ဖူးသည်။

ထိုလူငယ်နှစ်ယောက်သည် ညှို့အားပြင်းသော နတ်မိမယ်မိန်ကို စွဲလမ်းနေသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။ထို့ကြောင့် သူတို့သည် လှေကားပေါ်သို့ တက်နေသောအချိန်၌ သူတို့၏အဝတ်အစားများကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြုပြင်ကာ သူတို့၏ဆံပင်များကိုလည်း ဖြီးလိုက်ကြသည်။

နတ်မိမယ်မိန်သည် သူတို့အား အာရုံစိုက်နေခြင်းဖြစ်မည်ဟု သူတို့၏စိတ်နှလုံးသားအတွင်းမှ ကူကယ်ရာမဲ့စွာဖြင့် စဥ်းစားတွေးတောနေမိသည်။

ထိုသို့မဟုတ်ပါက ဒုတိယထပ်တွင် ကျင့်ကြံသူအမြောက်အများ ရှိနေသည့်တိုင် မည်သည်ကြောင့် သူတို့အား ရွေးချယ်ခြင်းခံရသနည်း။

သူတို့၏အတွေးများအတိုင်းသာ အမှန်ဖြစ်ပေမည်။

'လက်ဗလာနဲ့ ပင်လယ်နတ်ဆိုးတွေကို သတ်ဖြတ်ခဲ့တဲ့ ငါ့ရဲ့နာမည်ဂုဏ်သတင်းက အရမ်းကြီးမားကျယ်ပြန့်သွားတာကြောင့် နတ်မိမယ်မိန်ရဲ့နားထဲထိ ရောက်သွားတာပဲ ဖြစ်မယ်'

'ငါ ပင်လယ်ဓားပြတစ်စုကို သတ်လိုက်တဲ့အချိန်မှာ ငါ လုပ်ခဲ့တဲ့ကောင်းမှုတစ်ခုက အနီးပတ်ဝန်းကျင်ကကျွန်းတွေဆီကို ပြန့်သွားခဲ့တာ အချိန်အတော်ကြာနေပြီ...နတ်မိမယ်မိန်က ငါ့အကြောင်းကိုကြားပြီးတော့ ငါ့ကိုချီးမွမ်းချင်တာပဲဖြစ်မယ်'

ချမ်းသာကြွယ်ဝသောမိသားစုများမှ လူငယ်နှစ်ယောက်သည် တပြိုင်နက်တည်း ထိုသို့တွေးတောလိုက်ကြ၏။

စတုတ္ထထပ်ကိုတက်သွားသော လှေကားထစ်ပေါ်၌ သူတို့သည် အံ့အားသင့်မှုနှင့်စိတ်လှုပ်ရှားမှုတို့ကို ခံစားနေရကာ သူတို့၏အဝတ်အစားများကို ထပ်ခါတလဲလဲ ပြုပြင်လိုက်သည်။

တစ်ချိန်တည်းမှာပင် သူတို့သည် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြ၏။

လူငယ်နှစ်ယောက်သည် အချင်းချင်းမျက်စောင်းထိုးနေကာ တစ်ယောက်နှင့်တစ်ယောက် နာမည်ကြားသိဖူးသည်မှာ သိသာထင်ရှားသည်။သူတို့သည် တစ်ဖက်လူ၏ခွန်အားနှင့်နာမည်ဂုဏ်သတင်းကိုလည်း သိရှိထားပြီးလေပြီ။ထို့ကြောင့်သူတို့သည်ဖိတ်ကြားခံရရန်အတွက် အရည်အချင်းပြည့်မီပေ၏။

သူတို့၏နောက်ရှိ လူငယ်ကမူ...

သူတို့သည် အမှုမဲ့အမှတ်မဲ့ဖြင့် ရီဖုန်းကို တစ်ပြိုင်နက်တည်းကြည့်ပြီး မျက်မှောင်အနည်းငယ်ကြုတ်လိုက်ကြသည်။

ထိုလူငယ် မည်သူမည်ဝါဖြစ်သည်ကို သူတို့ မသိရှိချေ။သူ၏ပုံပန်းသွင်ပြင်သည် မဆိုးလှသော်လည်း အဝတ်အစားများကို ကြည့်ရသည်မှာ အလွန်စျေးပေါပုံရသည်။မည်သည်ကြောင့် သူသည် သူတို့နှင့်အတူ စတုတ္ထထပ်သို့ ဖိတ်ခေါ်ခြင်းခံရသနည်း။

သို့ရာတွင် ဤအချိန်အခိုက်အတန့်၌ ရီဖုန်းသည် သူတို့အား အနည်းငယ်မျှ ဂရုမစိုက်ချေ။

စတုတ္ထထပ်သို့ လာရခြင်းအတွက် သူ အနည်းငယ်မျှ စိတ်လှုပ်ရှားခြင်း မရှိရုံသာမက သူ၏မျက်နှာအမူအယာ တင်းမာနေသည်။

သောက်ချေးပဲ...

ဤရေယာဥ်မှူးသည် မည်ကဲ့သို့ သောက်ရေးမပါသောကောင် ဖြစ်သနည်း။မည်သည်ကြောင့် ထိုကောင်စုတ်သည် စတုတ္ထထပ်သို့လာရန် သူ့အား ဖိတ်ခေါ်ခဲ့သနည်း။သူသည် ဒုတိယထပ်၌ တခြားလူများကို အနိုင်ယူနိုင်ခဲ့ကာ ငွေကြေးအမြောက်အများကို ရှာဖွေနိုင်ခဲ့သည်။

သူသည် မာကျောက်ကစားရင်း စိတ်ပျော်ရွှင်မှုကိုလည်း ရရှိနေခဲ့သည်။အကယ်၍ ရီဖုန်းသည် တခြားတစ်ယောက်၏သင်္ဘောပေါ်တွင် ထိုင်နေခြင်းမဟုတ်ဘဲ သူ ရည်မှန်းထားသောနေရာသို့ရောက်ရန် တွေးတောမိခြင်းကြောင့်သာမဟုတ်ပါက ဤဖိတ်ခေါ်မှုကို သူ လက်ခံမည်မဟုတ်ချေ။

သူ၏နောက်တွင် ငတုံးနှစ်ကောင်လည်းရှိနေကာ တစ်ချိန်လုံး သူတို့အချင်းချင်း မျက်စောင်းခဲနေကြသည်။

ရီဖုန်းသည် ပျင်းရိငြီးငွေ့စွာဖြင့် သမ်းဝါးနေကာ သူ၏နောက်ရှိ လူငယ်နှစ်ယောက်နှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ဘက်ဖြစ်နေသည်။

"အရှင်မ...သူတို့ကို ဒီနေရာဆီ ခေါ်လာခဲ့ပါပြီ"

တာဝန်ခံသည် တံခါးဝ၌ ရိုသေလေးစားစွာမတ်တတ်ရပ်ကာ တိုးညှင်းသောအသံဖြင့် ပြောဆိုသည်။

"ဝင်လာခဲ့ပါ..."

အခန်းအတွင်းရှိအမျိုးသမီးသည် သူမ၏လက်ကို ညင်သာစွာဝှေ့ယမ်းလိုက်ရာ ပါးလွှာသောပိတ်စတစ်စသည် လေထုအတွင်းမှ မျောလွင့်လာပြီး သူမ၏ပခုံးပြောင်ပေါ်သို့ ကျရောက်သွားသည်။

တစ်ချိန်တည်းမှာပင် အခန်းတံခါး ပွင့်သွားလေ၏။

တံခါးပွင့်သွားသော အချိန်အခိုက်အတန့်တွင် လူငယ်နှစ်ယောက်သည် အတွင်းသို့ အလျှင်အမြန်ဝင်လိုက်ကြသည်။

သူတို့သည် နတ်မိမယ်မိန်၏ပုံပန်းသွင်ပြင်ကိုမြင်တွေ့ချိန်၌ သူတို့နှစ်ယောက်လုံး ကြက်သေသေသွားကာ သွားရည်များယိုစီးကျလုနီးပါးပင်။

အရမ်းလှတယ်...

နတ်မိမယ်မိန်သည် သူမ၏နာမည်ဂုဏ်သတင်းနှင့်အညီ နေထိုင်သူပင်။

"ရှားကူဖုန်းကျွန်းရဲ့ ကူတုယွင်က နတ်မိမယ်မိန်ကိုနှုတ်ဆက်ပါတယ်"

"ဒြပ်စင်ငါးပါးကျွန်းရဲ့ ဖုန်းဝူရှန်းက နတ်မိမယ်မိန်ကို နှုတ်ဆက်ပါတယ်"

သူတို့နှစ်ယောက်သည် သူတို့၏လက်များကို ပူးဆုပ်၍ နတ်မိမယ်မိန်ကို တပြိုင်နက်တည်းနှုတ်ဆက်လိုက်ကြသည်။သူတို့၏ခေါင်းများကို ပြန်မော့လိုက်သောအချိန်တွင် သူတို့၏မျက်နှာများပေါ်၌ အပြုံးများဖြင့် ပြည့်နက်နေသည်။

နတ်မိမယ်မိန်ကိုကြည့်ရသည်မှာ သူမသည် အလွန်တင့်တယ်လှပပြီး နှိမ့်ချခြင်းလည်းမရှိ မောက်မာထောင်လွှားခြင်းလည်း မရှိချေ။

လူငယ်နှစ်ယောက်သည် သူတို့၏အတွင်းရေးတင်းမာမှုများကို ပေါ်လွင်သွားစေလိုခြင်းမရှိသည်မှာ သိသာထင်ရှားလှ၏။သူတို့နှစ်ယောက်လုံးသည် နတ်မိမယ်မိန်၏ရှေ့၌ သူတို့၏အကောင်းဆုံးဘက်ကိုသာ ပြသလိုကြသည်။

"ကြိုဆိုပါတယ်...ကျေးဇူးပြုပြီးတော့ ထိုင်ကြပါအုံး"

နတ်မိမယ်မိန်က ပေါ့ပေါ့ပါးပါးပြုံးကာ သူမ၏လက်ကိုဆန့်တန်း၍ သူတို့နှစ်ယောက်အား ဖိတ်ခေါ်လိုက်သည်။

နံဘေးတစ်နေရာတွင် မဟော်ဂနီရောင်စားပွဲတစ်လုံးရှိနေပြီ ထိုအရာပေါ်တွင် မာကျောက်ကစားဝိုင်းကို ခင်းကျင်းထားသည်။

"နတ်မိမယ်မိန်ကို ကျေးဇူးတင်ပါတယ်"

သူတို့နှစ်ယောက်သည် ကျေးဇူးတင်စကားပြောဆိုပြီးနောက် ယဉ်ကျေးသိမ်မွေ့သော အမူအယာဖြင့် ထိုင်ခုံ၌ ဝင်ထိုင်လိုက်သည်။

ထိုအချိန်မှာပင် နတ်မိမယ်မိန်သည် ယခုမှ အခန်းအတွင်းသို့ဝင်လာသော ရီဖုန်းကိုကြည့်ကာ သူမ၏မျက်နှာအမူအယာ မသိမသာပြောင်းလဲသွားသည်။

ထိုလူငယ်၏အဝတ်အစားများသည် ယခင်လူနှစ်ယောက်ကဲ့သို့ သားနားခြင်းမရှိသော်လည်း သူမအား ပို၍သက်သောင့်သက်သာဖြစ်စေသကဲ့သို့ ခံစားရသည်။

သူမအား ပို၍အံ့အားသင့်သွားစေသောအချက်မှာ သူမရှေ့ရှိလူငယ်သည် စတုတ္ထထပ်သို့လာရသည့်အတွက် ပျော်ရွှင်နေပုံမရသည့်အပြင် သူမကို အနည်းငယ်မျှ စိတ်ဝင်စားပုံမရခြင်းပင်။

သူမသည် မရေမတွက်နိုင်သောလူများကို မြင်တွေ့ဖူးသဖြင့် ရီဖုန်းကဲ့သို့လူစားမျိုးမှာ သူမအတွက် အလွန်ရှားပါးနေသည်။

သူမ၏ရှေ့ရှိလူငယ်သည် သူမ၏တာဝန်ခံ သံသယဝင်နေသောတယောက် ဖြစ်ပေမည်။

"စိတ်ဝင်စားစရာပဲ"

အမျိုးသမီး၏အနီရောင်နှုတ်ခမ်းများ မသိမသာမြင့်တက်သွားကာ ရွှင်မြူးသောအပြုံးတစ်ခု ပေါ်လွင်လာသည်။

သူမ၏စိတ်နှလုံးသားအတွင်း၌ ရီဖုန်းအပေါ် အလွန်အမင်းစိတ်ဝင်စားနေမိသည်။

ရီဖုန်းကလည်း အမျိုးသမီးကို ကြည့်လိုက်၏။

သူ၏အကြည့်တွင် စိတ်ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်နေသည်။

'မိန်းကလေးတွေက ဘာလို့ ဒီလောက်ထိ ဒုက္ခပေးနိုင်တာလဲ...'

သူမကိုကြည့်ရသည်မှာ ချောမောလှပသော်လည်း သူ ငွေရှာနေမှုကိုဖြတ်တောက်ရန် အကြောင်းပြချက်အဖြစ် အသုံးပြုနိုင်မည်မဟုတ်ချေ။

"ငါက အခုထိ သခင်လေးရဲ့နာမည်ကို မသိရသေးဘူး"

အချိန်အတော်ကြာပြီးနောက် ရီဖုန်းစကားပြောဆိုခြင်း မပြုသည်ကိုကြည့်ပြီး နတ်မိမယ်မိန်က အပြုံးနှင့်မေးမြန်းလိုက်သည်။

"ငါက ရီဖုန်း...."

ရီဖုန်းက ပေါ့ပေါ့ပါးပါး တုံ့ပြန်သည်။

နတ်မိမယ်မိန်သည် သူမ၏သဘောသဘာဝကြောင့် ရီဖုန်း၏စိတ်မပါသောပုံပန်းသွင်ပြင်ကိုကြည့်ပြီး သူမ၏ယှဥ်ပြိုင်လိုစိတ်ကို နိုးကြားသွားစေခဲ့သည်။

သူမသည် ရီဖုန်း၏အနီးသို့ နူးညံ့ညင်သာစွာချဉ်းကပ်သွားကာ သူမ၏ခြေချောင်းလေးများကိုစု၍ သူ၏နံဘေး၌ မတ်တတ်ရပ်လိုက်သည်။အချိန်တခဏကြာပြီးနောက် သူမ၏နူးညံ့ချောမွတ်သောလက်သည် ရီဖုန်း၏အင်္ကျီဂုတ်နားမှာနေ၍ ညင်သာစွာလျှောကျသွားပြီး သူ၏ရင်ဘတ်ပေါ်သို့ ကျရောက်သွားသည်။

"သခင်လေးရီကိုကြည့်ရတာ ပင်ပန်းနွမ်းနယ်နေတဲ့ပုံပဲ...နင်က ငါတို့ဆီလာပြီးတော့ ဖဲကစားမှတော့ ငါက အိမ်ရှင်တစ်ယောက်အနေနဲ့ အစွမ်းကုန်ပြုစုပေးသင့်တယ်...ဒါကြောင့် သခင်လေးရီရဲ့အဝတ်အစားတွေကို လဲပေးခွင့်ပြုပါ"

ညင်သာပြီး ညှို့အားပြင်းသော အသံတစ်သံသည် ရီဖုန်း၏နားအတွင်းသို့ ဝင်ရောက်လာကာ တစ်ချိန်တည်းမှာပင် ခပ်​ဖျော့ဖျော့မွှေးရနံကို သူ ရှူရှိုက်မိသဖြင့် အချိန်တခဏအတွင်းတွင် သူ့ကိုယ်သူ ထိန်းချုပ်နိုင်ခြင်းမရှိတော့ချေ။

ဤမြင်ကွင်းကိုကြည့်ပြီး တခြားလူငယ်နှစ်ယောက်သည် တည်ငြိမ်စွာ ထိုင်ကြည့်မနေနိုင်တော့ချေ။

ရီဖုန်းကိုကြည့်ပြီး သူတို့သည် အံ့တင်းတင်းကြိတ်လိုက်ကြ၏။

သူတို့သည် မည်သည်ကြောင့် ဤကဲ့သို့ ဆက်ဆံခြင်း မခံရသနည်း...

'သောက်ချေးပဲ....အဲ့ဒီမိန်းမက ဘာလုပ်ချင်နေတာလဲ...'

'စိတ်ပျက်စရာပဲ...'

ရီဖုန်းက နတ်မိမယ်မိန်ကို မျက်စောင်းထိုးကြည့်ပြီး သူ၏စိတ်အတွင်းမှ ရေရွတ်လိုက်သည်။

'ဖြစ်နိုင်တာတော့ ငါ ငွေတွေအများကြီး ရှာနိုင်တာကိုမြင်ပြီးတော့ ငါ့ကို မြှူဆွယ်ချင်နေတာများလား'

ရီဖုန်းသည် ထိုသို့တွေးတောမိသဖြင့် ခြေတစ်လှမ်းခန့် နောက်ဆုတ်လိုက်သည်။

"မလိုဘူး..ငါ ဒီအဝတ်အစားတွေနဲ့နေရတာ သက်တောင့်သက်သာရှိတယ်'

ရီဖုန်းက တဲ့တိုးဆန်စွာဖြင့် ငြင်းဆန်လိုက်သည်။

ရီဖုန်း၏ငြင်းဆန်မှုကြောင့် မိန်းကလေး၏နူးညံသေးသွယ်သောလက်ကို လေထုအတွင်း၌ ရပ်တန့်သွားစေပြီး သူမ၏မျက်နှာပေါ်တွင် ရှက်ရွံမှုများဖြင့် ပြည့်နှက်နေသည်။

သို့ရာတွင် နောက်ထပ်အချိန်အခိုက်အတန့်၌ သူမသည် ညင်သာစွာပြုံးလိုက်ကာ သူမ၏ကိုးရိုးကားယားနိုင်မှုကို ပြန်လည်ဖြေရှင်းနိုင်ခဲ့သည်။

"သခင်လေးရီက သက်သောင့်သက်သာရှိတယ်ဆိုမှတော့ ထားလိုက်ပါတော့...ကျေးဇူးပြုပြီးတော့ ထိုင်ပါအုံး"

ထိုသို့ပြောဆိုပြီးနောက် ရီဖုန်းကိုကြည့်သော သူမ၏အကြည့်များတွင် ပို၍စိတ်ဝင်စားလာသောအရိပ်အယောင်များ ထင်ဟပ်နေသည်။

ဤကဲ့သို့ စိတ်ဝင်စားဖွယ်ကောင်းသော လူတစ်ယောက်ကို ရှာတွေ့နိုင်ရန် သူမအတွက် အလွန်ခက်ခဲသည်။

Chapter 898

လူချမ်းသာသခင်လေးများမှ ရီဖုန်းကိုကြည့်နေသော မျက်လုံးများအတွင်းတွင် စိတ်အလိုမကျမှုများဖြင့် ပြည့်နှက်နေသည်။

ထိုလူငယ်သည် နတ်မိမယ်မိန်အပေါ် အလွန်ရိုင်းပြစွာ ဆက်ဆံနေပေ၏။

အကယ်၍ ဤသည်မှာ နတ်မိမယ်မိန်၏ရှေ့၌ ဟုတ်မနေဘဲ သူတို့အပေါ် သူမသည် အမြင်ဆိုးသွားမည်ကို ကြောက်ရွံ့ခြင်းကြောင့်သာ မဟုတ်ပါက သူတို့သည် ရီဖုန်းနှင့် အချင်းများပြီးဖြစ်ပေမည်။

သူတို့အားလုံး ထိုင်လိုက်ပြီးနောက်...

နတ်မိမယ်မိန်မှ လက်ဖက်ရည်ယူဆောင်လာရန် အစေခံမလေးတစ်ယောက်ကို အမိန့်ပေးလိုက်သည်။

ဤလက်ဖက်ရည်သည် အရသာရှိရုံသာမက အစေခံမလေးသည်လည်း ပထမတန်းစား အလှပိုင်ရှင်တစ်ယောက်ပင်။

"အားလုံးပဲ...ဒီနေရာကို ရောက်လာတဲ့အတွက် ကျေးဇူးတင်ပါတယ်...ငါ ဖိတ်ခေါ်လိုက်တဲ့အဓိကအကြောင်းကတော့ ငါ ကစားချင်လို့ပဲ ...ဒါပေမဲ့ အောက်ထပ်မှာက အရမ်းဆူညံနေတာကြောင့် ငါ သွားဖို့မသင့်တော်ဘူး"

နတ်မိမယ်မိန်က တောင်းပန်စကားပြောဆိုသည်။

"နတ်မိမယ်မိန်က အားနာနေပြန်ပြီ"

ကူတုယွင်က အပြုံးနှင့်ပြောဆိုသည်။

"နတ်မိမယ်မိန်နဲ့ အကြိမ်နည်းနည်းလောက်ကစားခွင့်ရရင်ပဲ ဂုဏ်ယူစရာတစ်ခု ဖြစ်နေပါပြီ"

"အမှန်ပဲ...တကယ်လို့ နတ်မိမယ်မိန်က ကစားချင်တယ်ဆိုရင် ငါတို့ကို အသိပေးလိုက်ရုံပါပဲ"

တခြားတစ်ဖက်တွင်ရှိနေသော ဖုန်းဝူရှန်းကလည်း အပြုံးနှင့်ပြောဆိုလိုက်၏။

သို့ရာတွင်...

နတ်မိမယ်မိန်သည် ထိုလူငယ်နှစ်ယောက်ကို တုံ့ပြန်အဖြေပေးခြင်း မပြုချေ။

ထိုအစား သူမက ရီဖုန်းကို ကြည့်လိုက်သည်။

"သခင်လေးရီကရော ဘယ်လိုသဘောရလဲ...ငါနဲ့အတူ နည်းနည်းလောက် အပျော်သက်သက် ဆော့ချင်လား"

နတ်မိမယ်မိန်က အေးအေးလူလူလေသံဖြင့် မေးမြန်းသည်။

"အပျော်သက်သက်လား"

ရီဖုန်းက သူ၏နှာခေါင်းကိုပွတ်ပြီး ပြောဆိုသည်။

"အောက်ထပ်မှာ လူတွေအများကြီးရှိနေတယ်...မင်းဘာလို့ တခြားတစ်ယောက်ကို ဒီနေရာဆီလာဖို့ မတောင်းဆိုတာလဲ"

"‌အမ်..."

နတ်မိမယ်မိန်က မသိမသာမျက်မှောင်ကြုတ်ပြီး ပြောဆိုသည်။

"သခင်လေးရီက ဒုတိယထပ်မှာ အရမ်းပျော်ရွှင်နေတယ်လို့ တာဝန်ခံဆီကနေ ငါ ကြားထားတယ် ...သခင်လေးရီက ငါ ဒီနေရာဆီလာဖို့ ခေါ်လိုက်တာကြောင့် မကျေမနပ်ဖြစ်နေတာလား"

ထိုသို့ပြောဆိုရင်း သူမ၏အသံသည် ညုတုတုနိုင်စဖြစ်လာကာ ကနွဲ့ကလျအမူအယာဖြင့် ပြောဆိုသည်။

"ဒီနေ့ သခင်လေးရီက ဒီကိစ္စကိုရှင်းရှင်းလင်းလင်း အဖြေပေးရမယ်...တကယ်လို့ နင်က ရှင်းရှင်းလင်းလင်းဖြစ်အောင်မလုပ်ဘူးဆိုရင် ငါ့ရဲ့အခန်းကနေ ထွက်သွားဖို့မစဉ်းစားနဲ့"

ဤစကားများသည် နံဘေး၌ထိုင်နေသော ကူတုယွင်၏စိတ်နှလုံးသားအား ပြင်းပြင်းထန်ထန်ရိုက်ခတ်သွားသည်။

နတ်မိမယ်မိန်သည် မည်သည့်ကြောင့် သူမတစ်ကြိမ်တခါမျှ နာမည်ပင်မကြားဖူးသော လူငယ်တစ်ယောက်ကို အလွန်ဂရုစိုက်နေသနည်း။

ဤသည်မှာ အလွန်မနာလိုဖွယ် ကောင်းပေ၏။

"နတ်မိမယ်မိန်...ဒီမိတ်ဆွေလေးက စိတ်မဝင်စားဘူးဆိုမှတော့ မင်း သူ့ကို ပြန်သွားခွင့် ပြုလိုက်ပါလား...ဒုတိယထပ်မှာ ငါရဲ့မိတ်ဆွေတွေ အများကြီးရှိနေတယ်...နတ်မိမယ်မိန် သဘောကျတဲ့ လူတစ်ယောက်ကို ခေါ်လို့ရပါတယ်...ဒီနေ့ နတ်မိမယ်မိန်အတွက် ပျော်ရွှင်စရာအချိန်လေးတွေ အများကြီးရှိလာလိမ့်မယ်"

ကူတုယွင်က ပြောဆိုသည်။

"ငါ စိတ်မဝင်စားဘူး...."

နတ်မိမယ်မိန်၏ပါးစပ်မှ ညုတုတုအသံတစ်သံထွက်ပေါ်လာကာ သူမသည် ရီဖုန်းကို ကြည့်လိုက်၏။

"သခင်လေးရီက ဒီနေ့ ရှင်းရှင်းလင်းလင်း အဖြေမ​ပေးဘူးဆိုရင် ငါက သူ့ကို သွားခွင့်မပြုဘူး"

"အမ်...ဒါက ငါ မကစားချင်လို့ပဲ"

ရီဖုန်းက သူ၏နှာခေါင်းကိုပွတ်သပ်ပြီး ပြောဆိုသည်။

"ဒါက မင်းအတွက် အပျော်ကစားပေးရုံပဲလေ ...ဘယ်လိုလုပ်ပြီးတော့ ဖျော်ဖြေမှုရဲ့အရသာ ရှိနိုင်တော့မှာလဲ...ငါက အခန်းကိုပြန်ပြီး အိပ်တာပိုကောင်းလိမ့်မယ်"

"အော်...ဒါဆိုရင် အခုကြည့်ကြည့်တော့မှ သခင်လေးရီက လောင်းကြေးနဲ့ကစားချင်တာလား...ဒါက ပြဿနာမရှိပါဘူး"

နတ်မိမယ်မိန်က သူမ၏ပါးစပ်ကိုအုပ်ပြီး ပြုံးလိုက်ကာ သူမကိုကြည့်ရသည်မှာ အလွန်စိတ်လှုပ်ရှားနေပုံရသည်။

"သခင်လေးရီ ဆန္ဒရှိတဲ့လောင်းကြေးနဲ့ ကစားလို့ရပါတယ်"

"ကောင်းပြီလေ...ဒါဆိုရင် ဒုတိယထပ်မှာရှိတဲ့ လောင်းကြေးအမြင့်ဆုံးဝိုင်းရဲ့ ကြေးအတိုင်း ကစားကြစို့"

ရီဖုန်း၏မျက်နှာပေါ်၌ အပြုံးတစ်ခု ထင်ဟပ်လာသည်။

"ငါ ပြောပြီးပြီလေ....သခင်လေးရီရဲ့ သဘောအတိုင်းပါပဲ"

နတ်မိမယ်မိန်ကလည်း ချိုသာသောအပြုံးနှင့် တုံ့ပြန်လေ၏။

နတ်မိမယ်မိန်နှင့်ရီဖုန်းတို့ ပြောဆိုဆက်ဆံနေသော အချိန်အတောအတွင်းတွင် လူချမ်းသာသခင်လေးနှစ်ယောက်သည် အပိုလူများဖြစ်စပြုလာသဖြင့် သူတို့အား မလိုလားမှုများကို ခံစားရစေသည်။

'မဖြစ်ဘူး...နတ်မိမယ်မိန်ကိုတွေ့ရဖို့ အရမ်းခက်တယ်...ငါက ဘာလို့ ဒီနေရာမှာ အပိုသက်သက်ကြီး ထိုင်နေရမှာလဲ'

ကူတုယွင်သည် သူ၏စိတ်အတွင်း၌ ရီဖုန်းနှင့် နတ်မိမယ်မိန်အကြားရှိ ဆက်ဆံရေးနှင့်ပတ်သက်ပြီး စဉ်းစားတွေးတောလိုက်သည်။

အမှန်တကယ်ကိုပင်...

နတ်မိမယ်မိန်သည် နာမည်ကျော်ကြားသော လူအမြောက်အများကို တွေ့မြင်ဖူးပြီးဖြစ်သည်။

သူမ၏လှပမှုနှင့်နာမည်ဂုဏ်သတင်းကြောင့်သာမန်အားဖြင့် သူမ၏တောင်းဆိုမှုကို မည်သူတစ်ဦးတစ်ယောက်မျှ ငြင်းဆန်မည်မဟုတ်ချေ။

သူမအပေါ် ရဲရဲတင်းတင်းဆက်ဆံဝံ့သူဟူ၍ လူနည်းစုသာရှိသည်။ထို့ကြောင့် သူမအပေါ် ယဥ်ယဥ်ကျေးကျေးဆက်ဆံနေသူများနှင့် တွေ့ဆုံရချိန်တွင် သူမသည် အချိန်ကြာမြင့်စွာကျင့်သားရပြီးဖြစ်နေသဖြင့် သူမ၏စိတ်အာရုံကို ဆွဲဆောင်နိုင်မည်မဟုတ်ချေ။

ဆန့်ကျင်ဘက်အနေဖြင့် သူမအပေါ် ယဥ်ယဥ်ကျေးကျေးမဆက်ဆံသည့်အပြင် သူမ၏တောင်းဆိုမှုများကို ငြင်းဆန်သူနှင့် တွေ့ဆုံရချိန်တွင် သူမ၏စိတ်ဝင်စားမှုများကို ရရှိသွားစေသည်။

'အမှန်ပဲ...အဲ့ဒီလိုပဲ ဖြစ်နိုင်တယ်...'

'သောက်ချေးပဲ...ကူတုယွင်ဆိုတဲ့ ငါက အကွက်ချကြံစည်တတ်တဲ့ နည်းဗျူဟာရှင်တစ်ယောက်လေ...ဒါတောင် အခုမှ ဘာဖြစ်တာလဲဆိုတာကို ဖော်ထုတ်နိုင်ခဲ့တယ်..အညတရလူငယ်တစ်ယောက်က ငါ့ထက်အရင် ဒီအခွင့်အရေးကို ယူသွားနိုင်ခဲ့တယ်'

'ဒါပေမယ့် အခုက အရမ်းနောက်မကျသေးဘူး'

'အဲ့ဒီကောင်လေးက ဒီနည်းလမ်းကိုသုံးပြီးတော့ နတ်မိမယ်မိန်ရဲ့စိတ်အာရုံကို ဆွဲဆောင်ထားနိုင်မှတော့ ငါကလည်း အဲ့ဒီနည်းလမ်းကို အသုံးပြုလိုက်မယ်"

'ငါ အရင်ကသဘောတူထားပြီးတော့ အခုမှငြင်းဆန်လိုက်မယ်ဆိုရင် နတ်မိမယ်မိန်ရဲ့စိတ်နှလုံးသားထဲက ကွာဟချက် ပိုပြီးတော့ကြီးသွားနိုင်တယ်"

'သူရဲ့အလိုကို မလိုက်ဘဲနေရင် ငါ့ရဲ့ဆွဲဆောင်နိုင်မှု အရမ်းမြင့်တက်သွားလိမ့်မယ်..'

ထိုအကြောင်းကိုတွေးတောရင်း ကူတုယွင်၏နှုတ်ခမ်းထောင့် မြင့်တက်သွားသည်။

နံဘေးတွင်ရှိနေသောလူများသည် နေရာ၌ထိုင်နေသော ကူတုယွင်ထံ၌ အတွေးအမြောက်အများရှိနေသည်ကို သိရှိမည်မဟုတ်ချေ။

နောက်ထပ်အချိန်အခိုက်အတန့်တွင်...

ကူတုယွင်က မတ်တတ်ထရပ်လိုက်သည်။

သူသည် နတ်မိမယ်မိန်ကိုကြည့်ပြီး သူ၏လက်နှစ်ဖက်ကိုပူးဆုပ်ကာ ပြောဆိုလိုက်၏။

"နတ်မိမယ်မိန်...ငါ တောင်းပန်ပါတယ်...ငါက မင်းကိုအဖော်ပြုပြီးတော့ ပျော်အောင်လုပ်ပေးချင်တယ်....ဒါပေမဲ့ ငါ ဖြေရှင်းဖို့လိုတဲ့ ကိစ္စတချို့ရှိနေတာကို ငါ ခုမှသတိရတယ်...ဒါကြောင့် ငါက နတ်မိမယ်မိန်ကို အဖော်မပြုပေးနိုင်မှာ ငါ စိုးရိမ်မိတယ်"

ရီဖုန်းနှင့်စကားပြောဆိုနေသော နတ်မိမယ်မိန်သည် ကူတုယွင်၏စကားများကို ကြားချိန်တွင် သူမ၏မျက်လုံးအကြည့် အနည်းငယ်ရွေ့လျားလာသည်။

"သခင်လေးကူ...နင်က အဲ့ဒီကိစ္စကို အခုချက်ချင်း ဖြေရှင်းဖို့ လိုလိုလား...အရင်ဆုံး ဒီနေရာမှာ ခဏနေပြီးတော့ နောက်မှ ဖြေရှင်းလို့မရဘူးလား"

နတ်မိမယ်မိန်က မေးမြန်းသည်။

ထိုမြင်ကွင်းကိုကြည့်ပြီး ကူတုယွင်သည် အလွန်ပျော်ရွှင်သွားပေ၏။

သူမသည် အမှန်တကယ်ကို နတ်မိမယ်လေးတစ်ပါးအလားပင်။

ဤကဲ့သို့ ပြိုင်ဘက်ကင်းအလှပိုင်ရှင်တစ်ယောက်ထံတွင်လည်း သာမန်ဆန်သောစိတ်နှလုံးသားရှိသည်။သူသည် သူမအပေါ် ကောင်းမွန်စွာဆက်ဆံလေလေ သူမသည် သူ့အား ငြင်းဆန်လေလေပင်။အကယ်၍ သူသည် သူမကို လျစ်လျူရှုပြီး ငြင်းဆန်နေပါက သူမသည် သူအပေါ် ဂရုစိုက်ပေမည်။

အစောပိုင်းက ရီဖုန်းအကြောင်းကို စဉ်းစားတွေးတောနေသော နတ်မိမယ်မိန်သည် ယခုအချိန်၌ သူနှင့်ပတ်သက်ပြီး စိုးရမ်ပူပန်နေလေပြီ။

ဤချဥ်းကပ်မှုသည် အကျိုးသက်ရောက်မှုရှိသည်မှာ သိသာထင်ရှားလှ၏။

ဤလှည့်ကွက်သည် အကျိုးသက်ရောက်မှုရှိသဖြင့် နောက်ဆက်တွဲကိစ္စများကို အကောင်အထည်ဖော်ရန် လိုအပ်သည်။ အကယ်၍ သူသည် သူမ၏စကားကို သဘောတူလိုက်ပါက ယခင်နှင့် ထူးမခြားနားဖြစ်သွားပေမည်။ထိုကြောင့် သူသည် ဤနည်းလမ်းကို ဆက်လုပ်ရန်လိုအပ်ရုံသာမက ပို၍ပင် ကြမ်းတမ်းရပေမည်။

နတ်မိမယ်မိန်၏စိတ်ကို ဖမ်းဆုပ်ထားနိုင်ပြီဟု ယုံကြည်နေသော ကူတုယွင်သည် သူ့၏ခေါငမ်းကိုမော့ပြီး လေသံပြတ်ပြတ်နှင့် ပြောဆိုလိုက်၏။

"မရဘူး....ဘယ်လိုပဲဖြစ်ဖြစ် ငါက တခြားလူတွေကို ကတိပေးခဲ့ပြီးပြီ...ယောက်ျားတယောက်က စကားတည်ရတယ်...ငါက တခြားလူတွေကို ကတိပေးထားပြီးမှတော့ အဲ့ဒီစကားကို တည်အောင်လုပ်ရမယ်"

ကူတုယွင်က သူ ပြောဆိုသွားသောစကားများသည် အမှန်ဟု တွေးထင်မိလေ၏။

ပထမအချက်အနေဖြင့် သူ၏ကိုယ်ပိုင်အမြင်ကိုဖော်ပြကာ...

ဒုတိယအချက်အနေဖြင့် သူ့ကိုယ်သူ ဖြောင့်မတ်ပြီး ရိုးသားသူတစ်ယောက်အဖြစ် ဟန်ရေးပြထားသည်။

အကယ်၍ သူ၏မျှော်လင့်ချက်အတိုင်း ဖြစ်လာပါက နတ်မိမယ်မိန်သည် သူ့အား အထင်ကြီးသွားပေမည်။

ကူတုယွင်သည် အပေါ်ယံ၌ တည်ငြိမ်နေသော်လည်း သူ၏စိတ်နှလုံးသားအတွင်း၌ လှောင်ပြောင်သရော်နေကာ နတ်မိမယ်မိန် ရှေ့ဆက်ပြောမည့်စကားများကို စောင့်ဆိုင်းနေသည်။

သို့ရာတွင်...

နတ်မိမယ်မိန် ပြောဆိုလိုက်သောစကားများကြောင့် ကူတုယွင်သည် နေရာမှာပင် ကြက်သေသေသွားကာ ကိုးယိုးကားရားဖြစ်သွားတော့သည်။

"အဲ့ဒီလိုလား..."

နတ်မိမယ်မိန်က ပေါ့ပေါ့ပါးပါးပြောဆိုသည်။

"အဲ့ဒီလိုကိစ္စမျိုး ရှိနေမှတော့ သခင်လေးကူ သွားပါတော့...ငါက ဒုတိယထပ်ကနေ တခြားလူတစ်ယောက်ကို ဖိတ်ခေါ်လိုက်မယ်"

သူမသည် ထိုစကားကိုပြောဆိုပြီးနောက် သူမ၏အကြည့်သည် ရီဖုန်းပေါ်သို့ သိသိသာသာဖြစ်စေ မသိမသာဖြစ်စေ ကျရောက်သွားသည်။

သူမ၏စိတ်သည် ရီဖုန်းအပေါ်တွင်သာ အပြည့်အဝရှိနေသည်မှာ သိသာထင်ရှားလှ၏။

ကူတုယွင်၏ယုံကြည်ချက်ရှိသောမျက်နှာ သုန်မှုန်သွားကာ သူ့၏မျက်နှာပေါ်ရှိကြွက်သားများ အဆက်မပြတ်တုန်ရီနေသည်။

မည်သည်ကြောင့်...မည်သည်ကြောင့် ဤသို့ ဖြစ်လာရသနည်း....

နတ်မိမယ်မိန်သည် သူ့အား ဤနေရာ၌ဆက်နေရန် တားဆီးဟန့်တားရမည် မဟုတ်လော..

မည်သည်ကြောင့် သူ့အား သွားခွင့်ပြုလိုက်သနည်း....

ဤတစ်ကြိမ်တွင် ကူတုယွင်သည် ကျားတစ်ကောင်ကို စီးနင်းထားပြီးဖြစ်သဖြင့် ပြန်ဆင်းရန်ခက်ခဲနေသည်။

သူ၏နှလုံးသားအတွင်းမှနေ၍ သူ အမှန်တကယ်ထွက်သွားလိုသလောဟု တွေးတောလိုက်မိသည်။ဤသည်မှာ မည်သို့မျှ မဖြစ်နိုင်​ချေ။ဤအခွင့်အရေးကိုရရန် မလွယ်ကူသဖြင့် သူ ဤနေရာ၌ အချိန်ကြာကြာ ဆက်နေလိုသည်။

သို့ရာတွင် နတ်မိမယ်မိန်မှ ပြောဆိုပြီးဖြစ်သဖြင့် သူ ထွက်မသွားပါက အဆင်ပြေနိုင်မည်မဟုတ်ချေ။ထိုကြောင့် သူသည် အချိန်တခဏကြာခန့် မတ်တတ်ရပ်နေကာ မည်ကဲ့သို့ပြုလုပ်ရမည်ကို မသိတော့ချေ။

"အမ်...အခင်လေးကူ နင့်မှာ လုပ်စရာကိစ္စ ရှိတယ်မဟုတ်လား....ဘာလို့ ဒီနေရာမှာ မတ်တတ်ရပ်နေတာလဲ"

ကူတုယွင်သည် နေရာ၌ မတ်တတ်ရပ်နေဆဲဖြစ်သည်ကို မြင်တွေ့ချိန်၌ နတ်မိမယ်မိန်ကမော့ကြည့်ပြီး နူးညံ့ညင်သာစွာမေးမြန်းသည်။

"အင်း ဒါက...."

ကူတုယွင်၏မျက်နှာ ရှုံမဲ့သွားကာ ရှက်ကိုးရှက်ကန်းအမူအယာဖြင့် ပြောဆိုသည်။

"ငါ သေသေချာချာစဉ်းစားကြည့်လိုက်တော့ တကယ်လို့ ငါ ဒီအချိန်မှာ ထွက်သွားမယ်ဆိုရင် နတ်မိမယ်မိန်ရဲ့ပျော်ရွှင်မှုကို ဖျက်ဆီးလိုက်သလို ဖြစ်သွားလိမ့်မယ်...ဒါကြောင့်...."

"သခင်လေးကူက အ​တွေးလွန်နေပြီ....ဒါကအပျော်သက်သက်ပဲလေ..ဘာမှ စိတ်ညစ်ဖို့ မလိုပါဘူး....နင် ထွက်သွားတာနဲ့ ငါက တခြားတစ်ယောက်ကို ထပ်ခေါ်လိုက်မယ်"

နတ်မိမယ်မိန်က ပေါ့ပေါ့ပါးပါးပြောဆိုသည်။

ကူတုယွင်၏မျက်နှာသည် ပို၍ပင်ရှုံမဲ့သွားလေ၏။

သူသည် မရှိလျှင်လည်းဖြစ်သော လူပိုတစ်ယောက်ဟု ခံစားနေရသည်။

"နတ်မိမယ်မိန်အတွက် ဒုက္ခမများစေချင်ဘူး...ဒါကြောင့် ငါက မင်းကို အဖော်ပြုပေးပါ့မယ်"

ကူတုယွင်က ရှက်ကိုးရှက်ကန်းဖြင့် ပြောဆိုသည်။

"ဒါပေမဲ့ သခင်လေးကူက မိတ်ဆွေတွေအပေါ် ကတိတည်တဲ့လူတစ်ယောက်လို့ ခုဏက ပြောခဲ့တယ်လေ....ယောက်ျားပီသတဲ့ လူတစ်ယောက်အနေနဲ့ နင်က ကတိစကားကို ပိုပြီးအာရုံစိုက်သင့်တယ် မဟုတ်လား"

နတ်မိမယ်မိန်က ကူတုယွင်ကိုကြည့်ကာ ရွှင်မြူးသောအသံဖြင့် ပြောဆိုသည်။

"အင်း တစ်ခါတလေမှာ ကတိစကားကို တစ်ကြိမ်လောက် ဖျက်တာက ပြဿနာမရှိလောက်ပါဘူး"

ကူတုယွင်က အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောဆိုသည်။ယခုအချိန်၌ သူသည် မည်သည့်နည်းဗျူဟာကို​မျှ ဂရုမစိုက်တော့ချေ။ သူသည် ဤနေရာ၌ မည်ကဲ့သို့ ဆက်နေရမည်ကိုသာ စဥ်းစားတွေးတောနေမိသည်။ထိုကြောင့် စကားဆုံးသည်နှင့် သူသည် တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ထိုင်ချလိုက်၏။

Chapter 899

ဤကိစ္စဖြစ်လာပြီးနောက် ကူတုယွင်သည် နောက်ဆုံး၌ သူ့နေရာသူ သိသွားကာ နံဘေးရှိ ဖုန်းဝူရှန်းသည်လည်း ထပ်တူထပ်မျှပင်။

သူတို့သည် အရေးမပါဘဲ အိမ်ဖြည့်ရန်သက်သက် ခေါ်ဆောင်ခြင်းခံထားရသော လူများပင်။

ရီဖုန်းကမူ နတ်မိမယ်မိန်သည် သူ့အား ဤသို့ဆက်ဆံရန် မည်ကဲ့သို့ ပြုလုပ်ခဲ့သည်ကို သူတို့ မသိရှိချေ။သို့ရာတွင် နတ်မိမယ်မိန်သည် ရီဖုန်းတစ်ယောက်တည်းကိုသာ စိတ်ဝင်စားနေပေ၏။

အချိန်အနည်းငယ်ကြာပြီးနောက်...

သူတို့လေးယောက်သည် နောက်ဆုံး၌ မာကျောက်ကို စတင်၍ ဆော့ကစားလိုက်ကြ၏။

မည်သည်ကြောင့်ဟု မသိရသော်လည်း သာမန်အားဖြင့် အလေ့အကျင့်အလွန်ကောင်းမွန်သော ကျင့်ကြံသူနှစ်ယောက်သည် မာကျောက်ကစားရာ၌ အမြဲတစေ ရှုံးနိမ့်နေခဲ့သည်။အမှတ်ရှစ်လမ်းကြောင်း၏ရေယာဥ်မှူးသည်လည်း ထပ်တူထပ်မျှပင်။

ဤမာ​ကျောက်ကစားပွဲသည် ရီဖုန်း၏တစ်ကိုယ်တော်ဟန်ရေးပြပွဲ လုံးလုံးလျားလျားဖြစ်လာခဲ့သည်။

အမှန်အားဖြင့် သူတို့နှစ်ယောက်သည် ငတုံးငအများ မဟုတ်ချေ။ကျင့်ကြံသူအများစုအတွက် မာကျောက်သည် ဖျော်ဖြေရေးကိစ္စတစ်ခုသက်သက်ပင်။အင်မော်တယ်သလင်းကျောက်တချို့ကို နိုင်သည်ဖြစ်စေ ရှုံးသည်ဖြစ်စေ သူတို့အတွက် အရေးမပါချေ။သူတို့သည် မာ​ကျောက်ကစားနေချိန်၌ ရိုးရှင်းသောဖျော်ဖြေမှုကို ခံစားနေရုံသက်သက်ပင်။ထို့ကြောင့် သူတို့သည် တခြားလူများအား မည်ကဲ့သို့တိုက်ခိုက်ရမည်ကို အချိန်အတော်ကြာယူ၍ လေ့လာဆည်းပူးခဲ့ခြင်းမရှိချေ။

ရီဖုန်းတစ်ယောက်တည်းကသာ ငွေရှာရန်အတွက်ပြုလုပ်နေခြင်းပင်။

သို့ရာတွင် သူ၏မာကျောက်ကစားခြင်းစွမ်းရည်သည် နတ်မိမယ်မိန်၏အံ့အားသင့်မှုများကို မြင့်တက်သွားစေမည်ဟု ရီဖုန်း မျှော်လင့်မထားမိချေ။

အထူးသဖြင့် ရီဖုန်းသည် ကဒ်တစ်ကဒ်ကိုဆွဲလိုက်သည့်အချိန်တိုင်း ကြည့်ရှုရန်မလိုအပ်ခြင်းပင်။သူ၏လက်မဖြင့် ပွတ်သပ်လိုက်ရုံဖြင့် မည်သည့်ကဒ်ဖြစ်သည်ကို သိရှိသော နည်းစနစ်ကြောင့် နတ်မိမယ်မိန်ကို ပို၍အံ့အားသင့်သွားစေသည်။

"ဒီမာကျောက်ကို အထူးပစ္စည်းတွေနဲ့ လုပ်ထားတာ....ဒါကြောင့် ဘာလှည့်စားမှုကိုမှ လုပ်လို့မရဘူး"

"သူ သုံးတဲ့နည်းစနစ်မျိုးကို လင်းလုံခန်းမဆောင်ရဲ့ နှစ်ပတ်လည်အစည်းအဝေးမှာ အမှုဆောင်အရာရှိချုပ် သုံးခဲ့တာကိုပဲ ငါ မြင်ဖူးတယ်"

"အမှုဆောင်အရာရှိက ကဒ်ကစားတာကို အရမ်းသဘောကျတယ်...ဒါပေမဲ့ သူ့ရဲ့ဘေးမှာရှိတဲ့ လူတွေက တုံးအလွန်းတာကြောင့် သူ အမြဲတမ်းဒေါသထွက်နေရတယ်...တကယ်လို့ ဒီကောင်လေးကို အမှုဆောင်အရာရှိချုပ်ဆီ ခေါ်သွားမယ်ဆိုရင် အရမ်းသဘောကျသွားမှာ သေချာတယ်"

နတ်မိမယ်မိန်သည် ထိုအကြောင်းကိုတွေးတောရင်း ရီဖုန်းနှင့်ပတ်သက်သည့် သူမ၏သိချင်စိတ်များ ပို၍ပြင်းထန်လာသည်။

သူမအတွက် ယခုအချိန်တွင် ရီဖုန်း လှည့်စားခြင်း ဟုတ်မဟုတ် အရေးမကြီး​ချေ။

"သခင်လေးရီက ဘယ်လိုလူစားမျိုးလဲဆိုတာ ငါ သိလို့ရမလား"

နတ်မိမယ်မိန်၏စိတ်သည် မာကျောက်ကစားပွဲ၌ မရှိတော့ချေ။ထို့ကြောင့် သူမသည် ညှို့အားပြင်းသောကိုယ်နေဟန်ထားဖြင့် ရီဖုန်းကို မျက်စပစ်ပြီး မေးမြန်းလိုက်သည်။

"တောင်းပန်ပါတယ်...ဘာမှ ပြောစရာမရှိဘူး"

ရီဖုန်းသည် မာ​ကျောက်ကစားရာ၌ အာရုံစူးစိုက်နေသဖြင့် အဖြေပေးရန် ငြင်းဆန်လိုက်၏။မည်သို့ပင်ဆိုစေကာမူ သူသည် နယ်မြေကြီးကိုးခုမှလာသော လူတစ်ယောက်ပင်။

ထိုကြောင့် မလိုလားအပ်သော ပြဿနာများ ဖြစ်လာမည်ကို သူ စိုးရိမ်မိသည်။

နတ်မိမယ်မိန်က ပြုံးလိုက်သည်။

အကြောင်းအရင်းမှာ ရီဖုန်း၏အပြုအမူများကြောင့် သူမ၏အောင်မြင်လိုသောစိတ်ဆန္ဒ ပို၍မြင့်တက်လာသောကြောင့်ပင်။

မာကျောက်ကစားပွဲကို ဆက်လက်၍ ဆော့ကစားနေသည်။

သို့ရာတွင် မည်သည့်အချိန်က စတင်ခဲ့သည်ကို မသိရသော်လည်း နတ်မိမယ်မိန်၏နူးညံ့ချောမွတ်သောခြေထောက် ဆန့်ထွက်လာကာ ရီဖုန်း၏ဝတ်စုံကို ညင်သာစွာမတင်လိုက်သည်။ ထို့နောက် သူမ၏ နူးညံ့ချောမွေ့သောခြေထောက်ဖြင့် ရီဖုန်း၏ခြေဖဝါးကို ညင်သာစွာ ပွတ်သပ်လိုက်၏။

သို့ရာတွင် ရီဖုန်းသည် မတုန်မလှုပ်ရှိနေဆဲပင်။

အမျိုးသမီး၏မျက်နှာသည် တည်ငြိမ်နေသော်လည်း စားပွဲခုံအောက်ရှိ သူမ၏နူးညံ့ချောမွတ်သောခြေထောက်ကို အနည်းငယ်မြှောက်ပြီး ပွတ်သပ်နေကာ ရီဖုန်း၏ ခြေဖနောင့်မှတဆင့် တဖြည်းဖြည်း သူ၏ခြေသလုံးကြွက်သားများထံသို့ ရောက်ရှိလာသည်။

ရီဖုန်းသည် ရှုံးနိမ့်သွားလေပြီ...

နောက်ဆုံး၌ ရီဖုန်းက သူ့၏မျက်လုံးအကြည့်ကို နတ်မိမယ်မိန်ထံသို့ ရွှေ့ပြောင်းလိုက်သည်။

ရီဖုန်း၏အကြည့်ကို သတိပြုမိသွားသဖြင့် နတ်မိမယ်မိန်၏ နီမြန်းသောနှုတ်ခမ်းလေးများ အနည်းငယ်ပွင့်ဟသွားကာ လေထုအတွင်း၌ မူမမှန်သောအသက်ရှုသံများ ထွက်ပေါ်လာသည်။ သူမ၏မျက်လုံးတစ်စုံဖြင့် ရီဖုန်းကိုကြည့်ကာာ သူ မည်သည့်အရာအား ပြောဆိုမည်ကို စောင့်မျှော်နေသည်။

ရီဖုန်းသည် သူမအား အလေးအနက်ထား၍ကြည့်ကာ နောက်ဆုံး၌ သူ သည်းမခံနိုင်တော့သဖြင့် ပြောဆိုလိုက်သည်။

"မင်း နေမကောင်းဘူးလား"

"မင်းရဲ့ခြေထောက်တွေကို ဘာလို့ ဒီလောက်ထိဆန့်ထားတာလဲ"

"မင်း ငါကို ဘယ်နှစ်ကြိမ်တောင် ကန်မိလဲဆိုတာ မင်း သိလား...ဒါကြောင့် ငါ အမှားလုပ်မိသွားပြီ"

ရီဖုန်း၏စကားလုံးများကြောင့် သူ၏နံဘေးရှိ အခြေအနေများ ပြောင်းလဲသွားသည်။

ကူတုယွင်သည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး ရီဖုန်းကို ကြည့်လိုက်၏။

'အရမ်းကောင်းတယ်...'

ဤကောင်လေးသည် အလွန်အတင့်ရဲပေ၏။

နတ်မိမယ်မိန်သည်လည်း ဇဝေဇဝါဖြင့် ရီဖုန်းကိုကြည့်ကာ သူမ၏မျက်နှာလေးပေါ်တွင် ဒေါသအရိပ်အရောင်များ ထင်ဟပ်နေသည်။

ဤကောင်လေးအား....

သူမ မည်ကဲ့သို့ ပြုလုပ်ရမည်ကို အမှန်တကယ်မသိတော့ချေ။

သို့ရာတွင် ရီဖုန်းသည် အကြောက်အလန့် ကင်းမဲ့နေပေ၏။

ရေယာဉ်မှူးဖြစ်နေလျှင်ပင် သူ မည်သည်ကြောင့် အရေးစိုက်ရမည်နည်း။သေတော့မည့်လူတစ်ယောက်သည် မည်သည့်အရာကိုမျှ ထိတ်လန့် ကြောက်ရွံ့နေမည် မဟုတ်ချေ။

အကယ်၍ ဤအမျိုးသမီးသည် သူ့အား သတ်ဖြတ်နိုင်ပါက သူမ၏တစ်မိသားစုလုံးအထိ သူ အလွန်အမင်း ကျေးဇူးတင်မိပေမည်။

"ဒီနေ့အတွက် ကစားပွဲက အဆုံးသတ်သွားပြီ"

နတ်မိမယ်မိန်၏မျက်နှာအမူအယာ ပြောင်းလဲသွားကာ သူမက ချက်ချင်းမတ်တတ်ထရပ်ပြီး တည်ငြိမ်စွာပြောဆိုလိုက်၏။

"ဒီနေ့ နတ်မိမယ်မိန်ရဲ့ဧည့်ဝတ်ကျေပွန်မှုအတွက် ကျေးဇူးတင်ပါတယ်...ငါတို့ ပြန်အနားယူတော့မယ်"

အခြေအနေမကောင်းသည်ကို မြင်တွေ့သဖြင့် ကူတုယွင်နှင့်ဖုန်းဝူရှန်းတို့၏ ခန္ဓာကိုယ်များ၌ ဇောချွေး​များရွှဲနစ်နေသည်။သူတို့သည် နတ်မိမယ်မိန်နှင့် ထပ်မံ၍အချိန်မဖြုန်းဝံ့တော့သဖြင့် မတ်တတ်ထရပ်ပြီး အလျှင်အမြန်နှုတ်ဆက်စကားပြောဆိုကာ ထွက်ခွာခဲ့တော့သည်။

ရီဖုန်းကမူ အစောပိုင်းက နှောင့်ယှက်ခံရမှုအတွက် စိတ်အနှောင့်အယှက်ဖြစ်နေကာ သူ့ အနိုင်ရခဲ့သော အင်မော်တဘယ်သလင်းကျောက်များကို သိမ်းဆည်းပြီး အလျှင်အမြန်ထွက်ခွာသွားရန် တွေးတောလိုက်၏။

ဤအမျိုးသမီးသည် သူ့အားသတ်ဖြတ်နိုင်ခြင်းမရှိပါက ပို၍ပင်ပြဿနာများသွားနိုင်သည်။

မမျှော်လင့်ဘဲ မွှေးရနံ့တစ်ခုထွက်ပေါ်လာခြင်းနှင့်အတူ နတ်မိမယ်မိန်သည် ရီဖုန်း၏ပေါင်ပေါ်၌ ထိုင်လိုက်၏။

ထို့နောက် သူမ၏နူးညံ့သေးသွယ်သောလက်ဖြင့် ရီဖုန်း၏လည်ပင်းကို တင်းတင်းကြပ်ကြပ်ပွေ့ဖက်လိုက်သည်။

"သခင်လေးရီ...မိန်အာက နင့်အတွက် ဘာဆွဲဆောင်မှုမှ မရှိဘူးလား"

နတ်မိမယ်မိန်သည် ရီဖုန်း၏လည်ပင်းကိုပွေ့ဖက်ထားကာ သူမ၏နူးညံ့သိမ်မွေ့သောခန္ဓာကိုယ်လေးကို မတ်လိုက်သည်။

ထို့ကြောင့် သူမ၏ခေါင်းသည် ရီဖုန်း၏ခေါင်းထက် ပို၍မြင့်သွားကာ သူ့အပေါ်ပြင်းထန်သောဖိအားကို သက်ရောက်စေပြီး သူ အသက်ရှူမွန်းကြပ်သွားလုနီးပါးပင်။

"သခင်လေးမှာ ထူးခြားတဲ့စိတ်နေသဘောထား ရှိပြီးတော့ အကျင့်စရိုက်ကလည်း သာမန်လူတွေနဲ့ ကွဲပြားခြားနားတယ်...ဒါက မိန်အာရဲ့စိတ်နှလုံးသားကို တကယ်ကြီးလှုပ်ရှားစေတယ်"

နတ်မိမယ်မိန်၏နူးညံသိမ်မွေ့သောအသံ ထွက်ပေါ်လာကာ သူမ၏ညှို့အားပြင်းသောခန္ဓာကိုယ်လေးကို လှုပ်ခတ်ပြီး စားပွဲပေါ်သို့ ပြောင်းထိုင်လိုက်သည်။

ပြတင်းပေါက်မှနေ၍ လေပြည်လေညှင်းတစ်ရပ် တိုက်ခတ်လာသည်နှင့်အတူ သူမ၏ခန္ဓာကိုယ်ပေါ်ရှိ ပိတ်ပါးစသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး သူမ၏ဖြူဖွေးသောအသားအရေနှင့် နူးညံ့သောညှပ်ရိုး ပေါ်လွင်လာသည်။

ထို့နောက် သူမ၏နူးညံ့သေးသွယ်သောလက်ကို ဝှေ့ယမ်းလိုက်သည်။

အခန်းတံခါးသည် အလိုအလျောက်ပိတ်သွားကာ ထုတ်တန်းများမှနေ၍ မရေမတွက်နိုင်သော ရောင်စုံပိုးထည်စများ ကျလာပြီး သူတို့နှစ်ယောက်၏ပတ်ဝန်းကျင်ကို ဝိုင်းရံသွားသည်။

ထို့အချိန်မှာပင် မွှေးရနံ့များထွက်ပေါ်လာကာ...

အခန်းအတွင်း၌ ဒွီဟဖြစ်စေသော အခြေအနေမျိုးသို့ ရောက်ရှိသွားသည်။

"တကယ်လို့ သခင်လေးသာ ဆန္ဒရှိတယ်ဆိုရင် ဒီနေ့ မိန်အာက နင့်အတွက်ပဲ"

ရီဖုန်း၏ကြက်သေသေနေမှုကိုကြည့်ပြီး နတ်မိမယ်မိန်သည် သူမ၏နူးညံ့ချောမွတ်သောခြေထောက်ကိုမြှောက်ပြီး သူ၏မေးကို ညင်သာစွာမလိုက်၏။

Chapter 900

ညှို့အားပြင်းသောအသံသည် ရီဖုန်း၏နားအတွင်းသို့ ဝင်ရောက်လာသဖြင့် သူ အံ့အားသင့်သွားသည်။

သောက်ချေးပဲ ...

မည်သည့်ကိစ္စများ ဖြစ်ပျက်နေသနည်း...

ထိုအမျိုးသမီးတံတွင် အစောပိုင်းက တစ်စုံတစ်ယောက်ကို သတ်တော့မည့်အမူအရာမျိုး ရှိနေသည်အား သူ မြင်တွေ့မိသည်။သို့ရာတွင် တခြားလူနှစ်ယောက် ထွက်သွားသည်ကို စောင့်ဆိုင်းပြီးနောက် သူမသည် သူ့အား မြှူဆွယ်နေသလော။

ဤကဲ့သို့ အဝတ်အစားကင်းမဲ့သော ပေါင်တံများကို မြင်ရမည်ဟု သူ မျှော်လင့်မထားမိချေ။

ဤမြှူဆွယ်မှုသည် သူ၏အသိစိတ်အား လွတ်ကင်းသည်အထိ မဖြစ်သွားစေသော်လည်း ဤသည်မှာ ရှေးဟောင်းခေတ်အချိန်ကာလ ဖြစ်နေသဖြင့် သူ မည်သို့ပြောဆိုရမည်နည်း။

ဤကဲ့သို့ အလှလေးတစ်ယောက်၏ဆွဲဆောင်မှုကို တောင့်ခံနိုင်သောသူရဲကောင်းဟူ၍ အလွန်ရှားပါးပေမည်။

မည်သို့ပင်ဆိုစေကာမူ သူသည်လည်း သန်မာအားကောင်းသော ယောက်ျားသားတယောက်ပင်။မည်သည့်နည်းဖြင့် ဤညှဉ်းပန်းနှိပ်စက်မှုကို သည်းခံနိုင်မည်နည်း။

ရီဖုန်းသည် သူ၏စိတ်အတွင်းမှညည်းတွားနေစဉ်မှာပင် နတ်မိမယ်မိန်သည် ကြောင်တောင်တောင်ဖြစ်နေသော သူ့ကိုကြည့်ပြီး သူမ၏နှုတ်ခမ်းထောင့် အနည်းငယ်မြင့်တက်သွားသည်။

သူမ၏ရှေ့တွင်ရှိနေသော ယောက်ျားတစ်ယောက်မှ သူမအား မျက်တောင်မခတ်ဘဲ စူးစိုက်၍ကြည့်နေသည်ကို မြင်ရသည်အား သူမ နှစ်ခြိုက်သဘောကျသည်။

အထူးသဖြင့် ရီဖုန်းကဲ့သို့ စိတ်ဝင်စားဖွယ်ကောင်းပြီး ရင်ဆိုင်ရန်ခက်ခဲသော လူစားမျိုးပင်။သူမသည် ဤကဲ့သို့လူစားမျိုးအပေါ် ပို၍ပင်အောင်နိုင်လိုသည်။

တိကျသေချာစွာပင်...

သူမအား ပို၍စိတ်ကျေနပ်သွားစေသောအချက်မှာ သူမ၏ပုံပန်းသွင်ပြင်ကို ရှင်းရှင်းလင်းလင်း မြင်တွေ့နေရသည့်တိုင် သူမရှေ့ရှိလူသည် မတ်တတ်ထရပ်ဝံ့ခြင်းမရှိဘဲ အံ့အားသင့်နေပုံပေါက်ခြင်းပင်။

ဤသည်မှာ အလွန်စိတ်ဝင်စားဖွယ် ကောင်းပေ၏။

"နင် ဘာလုပ်ချင်လဲ...."

သူမက အေးအေးလူလူအသံဖြင့် ပြောဆိုသည်။

ရီဖုန်း၏တုံ့ပြန်အဖြေပေးမှုကို စောင့်ဆိုင်းခြင်းမပြုဘဲ မိန်ရှင်းအာက ဆက်လက်၍ပြောဆိုလိုက်သည်။

"နင်လုပ်ရဲလား မလုပ်ရဲဘူးလားဆိုတာ ငါ သိချင်တယ်"

"ငါ နင့်ကို အပြစ်တင်မှာမဟုတ်ဘူး...ဘယ်လိုပဲဖြစ်ဖြစ် ငါက အမှတ်ရှစ်ခရီးသည်တင်သင်္ဘောလိုင်းရဲ့ ရေယာဉ်မှူးဖြစ်ပြီးတော့ လင်းလုံခန်းမဆောင်ရဲ့အရေးပါတဲ့လူတစ်ယောက်ဆိုတာ လူတိုင်း သိထားတယ်...ထျန်းယုနယ်မြေတစ်ခုလုံးမှာ ငါ့ကိုသဘောကျနေတဲ့ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတွေ အများကြီးရှိတယ်.."

"တကယ်လို နင်သာ ငါ့ကိုထိရဲရင် ဒီနေ့ကိစ္စ အပြင်ကိုသတင်းပြန့်သွားတာနဲ့ မရေမတွက်နိုင်တဲ့လူတွေက နင့်ရဲ့နောက်ကိုလိုက်ဖမ်းပြီး သတ်ဖြတ်မှာကို ငါ စိုးရိမ်မိတယ်...နင်က သုံးရက်တောင် အသက်ရှင်နိုင်မှာမဟုတ်ဘူး"

"ခစ်...ခစ်..."

မိန်ရှင်းအာက သူမ၏ပါးစပ်ကိုဖုံးအုပ်ပြီး ရယ်မောလိုက်၏။ရီဖုန်း၏အားနည်းချက်ကိုဆုပ်ကိုင်ကာ သူ့အားထိန်းချုပ်ပြီး ဆော့ကစားခြင်းဖြင့် သူ၏ကျိုးကြောင်းဆီလျော်မှုမရှိသော အပြုအမူအပေါ် လက်စားချေနိုင်မည်ဟု သူမ တွေးထင်ခဲ့သည်။

ဤသည်မှာ ယောက်ျားသားတယောက်၏ ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားခြင်းအတွက် သည်းမခံနိုင်သော ထိုးနှက်ချက်တစ်ခုပင်။

'ကောင်ငယ်လေး မင်းက ဒီအစ်မကြီးနဲ့တိုက်ခိုက်ဖို့အတွက် အရမ်းနုသေးတယ်'

သို့ရာတွင်...

ရီဖုန်းသည် လက်တစ်ဖက်ဖြင့်သူမ၏ခြေထောက်ကိုဖမ်းဆုပ်ကာ သူမအား စားပွဲပေါ်သို့တွန်းလှဲပြီး တခြားလက်တစ်ဖက်ဖြင့် သူမ၏ခါးကို ဆုပ်ကိုင်လိုက်မည်ဟု သူမ မျှော်လင့်မထားမိချေ။

"ခစ်...ခစ်..."

ရီဖုန်းကိုကြည့်ရသည်မှာ အသိစိတ်လွတ်ကင်းသွားသည့်အလား ဖြစ်နေသဖြင့် မိန်ရှင်းအာက ပို၍ကျယ်လောင်စွာ ရယ်မောလိုက်သည်။

ရီဖုန်းအား လက်စားချေရမည်ကို အမှတ်ရသွားသဖြင့် သူမသည် ရန်စစကားကို ထပ်မံ၍ပြောဆိုလိုက်၏။

"အပြောသက်သက် မလုပ်နဲ့...နင့်ရဲ့လက်တွေက ငါ့ကိုကိုင်ထားပြီးမှ ရပ်မနေနဲ့လေ"

သူမသည် ရီဖုန်းနှင့် အနီးကပ်ရှိနေသဖြင့် သူမ၏လက်ချောင်းများဖြင့် သူ၏ရင်ဘတ်ပေါ်ရှိအဝတ်အစားများကို တို့ထိကစားလိုက်သည်။

မိန်ရှင်းအာ ဤသို့လှုပ်ရှားခဲ့ခြင်း၏ရည်ရွယ်ချက်မှာ ရီဖုန်းသည် သူမအား စွဲလမ်းနှစ်သက်နေသော်လည်း သူမ၏အဆင့်အတန်းကြောင့် မည်သည့်အရာတစ်ခုကိုမျှ မလုပ်ဝံ့သည်ကို မြင်လိုခြင်းပင်။

သို့ရာတွင် လက်တွေ့ဖြစ်ရပ်မှန်သည်...

သူမ မျှော်လင့်ထားသကဲ့သို့ ဖြစ်မလာချေ။

ဗြိ...

ဆုတ်ဖြဲသံတစ်သံ ထွက်ပေါ်လာပြီးနောက် မိန်ရှင်းအာသည် လေအေးတစ်ရပ်မှ သူမအား ရိုက်ခတ်သွားသည်ကို ခံစားမိသည် ။ထို့နောက် ရီဖုန်းသည် သူမအားပွေ့ဖက်ပြီး နံဘေးရှိ အိပ်ရာပေါ်သို့ ပစ်တင်ခြင်းကို သူမ ခံလိုက်ရကာ သူသည် သူမ၏ခန္ဓာကိုယ်ပေါ်သို့ ဖိထားလေ၏။

"နင်....နင် လုပ်ရဲလား"

ရီဖုန်း၏ရုတ်တရက်လှုပ်ရှားမှုကြောင့် သူမသည် သူ့အား ထိန်းချုပ်ထားနိုင်ပြီဟု တွေးတောနေသော မိန်ရှင်းအာသည် အသိစိတ်လွတ်ကင်းသွားပေ၏။ရီဖုန်းသည် အမှန်တကယ် ဤကဲ့သို့လုပ်ဝံ့မည်ဟု သူမ မျှော်လင့်မထားမိချေ။

"ငါက ဘာလို့ မလုပ်ရဲရမှာလဲ...ဒီကိစ္စကို မင်းဘက်ကစပြီး တောင်းဆိုခဲ့တာမဟုတ်လား"

ရီဖုန်းက ဒေါသတကြီးပြောဆိုသည်။

"ဒါပေမဲ့...."

မိန်ရှင်းအာသည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး သူမကိုယ်သူမ တည်ငြိမ်အောင် အတတ်နိုင်ဆုံးကြိုးစားလိုက်သည်။ယခုအချိန်၌ အခြေအနေသည် သူမ၏ ထိန်းချုပ်မှုအောက်၌ ရှိမနေတော့သဖြင့် သူမ တည်ငြိမ်မှုကို ထိန်းသိမ်းထားရပေမည်။ထို့နောက် သူမက ရီဖုန်းကိုကြည့်ကာ အပြုံးနှင့် သတိပေးသည်။

"ငါပြောတဲ့စကားကို နင် ရှင်းရှင်းလင်းလင်းမတွေးနိုင်ဘူးလား...နောက်ဆက်တွဲကိစ္စတွေက အရမ်းပြင်းထန်မယ်ဆိုတာ နင် မသိဘူးလား"

"ငါက ပုံပြောနေတယ်လို့ နင် ထင်နေတာလား...ဒါဆိုရင် နင် ဒုက္ခတွေ့သွားနိုင်တယ်....နင် သုံးရက်လောက်တော့ အသက်ရှင်သန်နိုင်မယ်ဆိုတာ ငါ ခန့်မှန်းပြီးပြောခဲ့တာပဲ...တကယ်တော့ နင် တစ်ရက်တောင် အသက်ရှင်သန်နိုင်မှာမဟုတ်ဘူး"

"ဒါက အမှန်ပဲလား"

ရီဖုန်း၏လက်များ လှုပ်ရှားမှုရပ်တန့်သွားပြီး အလျင်စလိုမေးမြန်းလိုက်၏။

"ဒါက အမှန်ပဲ...ငါက နင့်ကို ဘာလို့လိမ်ရမှာလဲ"

မိန်ရှင်းအာက မသိမသာပြုံးလိုက်ကာ အခြေအနေသည် သူမ၏ထိန်းချုပ်မှုအောက်သို့ တဖန်ပြန်၍ရောက်ရှိသွားပြီဟု တွေးထင်လိုက်သည်။သူမသည် အိပ်ယာပေါ်မှ အလျှင်အမြန်လူးလိမ့်ထပြီး ရန်စသောအပြုံးဖြင့် ရီဖုန်းကို မျက်နှာချင်းဆိုင်လိုက်သည်။

"တကယ်လို့ နင့်မှာ သတ္တိရှိတယ်ဆိုရင် နင် ဆန္ဒရှိသလို လုပ်လို့ရတယ်"

"စကားနဲ့ပြောနေတာက ဘာမှအရာမဝင်ဘူး ....သက်သေကသာ စစ်မှန်တယ်"

ရီဖုန်းသည် ထိုသို့ပြောဆိုပြီးနောက် သူ၏လက်ကိုတစ်ချက်ဝှေ့ယမ်းကာ ပုံရိပ်များကို မှတ်တမ်းတင်သော ကျောက်စိမ်းပြားတစ်ခုကို နံဘေး၌ နေရာချထားလိုက်သည်။

"မင်း သတင်းဖြန့်တဲ့ အချိန်ကျရင် ဒီအရာကိုပါ ထည့်ပြီးဖြန့်လိုက်တာ ပိုကောင်းလိမ့်မယ်"

"ငါ တစ်နာရီထက်ပိုပြီး အသက်မရှင်နိုင်ရင် အကောင်းဆုံးပဲ"

ထိုသို့ပြောဆိုပြီးနောက် ရီဖုန်းက မိန်ရှင်းအာ၏အဝတ်အစားများကို တဖန်ပြန်၍ဆုတ်ဖြဲလိုက်သည်။

လေအေးများရိုက်ခတ်လာသည်နှင့်အတူ မိန်ရှင်းအာ၏မျက်လုံးများ ပြူးကျယ်သွားသည်။

ဤပုံရိပ်များကို မှတ်တမ်းတင်ထားမည်ဟု ဆိုသလော...

သူမ၏နံဘေးရှိ မှတ်တမ်းတင်ကျောက်စိမ်းပြားကိုကြည့်ပြီး ဤအခြေအနေသည် အစမှအဆုံးတိုင် သူမ၏ထိန်းချုပ်မှုအောက်၌ ရှိမနေသည်ကို နားလည်သဘောပေါက်သွားသည်။ ဆန့်ကျင်ဘက်အနေဖြင့် သူမသည် ရီဖုန်း၏လှည့်စားမှုကို ခံခဲ့ရလေ၏။

သူမ ရှေ့သို့ဆက်နိုင်တော့မည်မဟုတ်ချေ။

ထိုသို့မဟုတ်ပါက ဤကောင်လေးသည် အမှန်တကယ်ကို....

သူမ၏ခန္ဓာကိုယ်ကို ဖြတ်ခနဲလူးလိမ့်ပြီး နံဘေးတစ်ဖက်သို့ ရွေ့လျားသွားကာ အဝတ်အစားအသစ်တစ်စုံကို သူမ၏ခန္ဓာကိုယ်ပေါ်သို့ ခြုံလွမ်းလိုက်သည်။ထို့နောက် သူမသည် မည်သည့်ကိစ္စမျှ မဖြစ်ပွားသွားခဲ့သည့်အလား အပြုံးနှင့်ပြောဆိုလိုက်၏။

"သခင်လေးရီ...ငါက နင့်ကို ကျီစားတာပါ... စိတ်ထဲမထားပါနဲ့"

သူမ၏စကား အဆုံးသတ်သွားသောအချိန်မှာပင် အားလှိုင်းတစ်ရပ်က သူမထံသို့ တိုးဝင်လာသည်။

ဘုန်း...

ထိုအားလှိုင်းသည် သူမ၏ပခုံးပေါ်သို့ ကျရောက်သွားပြီးနောက် သူမ ခုံစောင်းပေါ်သို့ လဲကျသွားသည်။

"သောက်ချေးပဲ...ငါက ဘောင်းဘီတောင် ချွတ်ပြီးပြီ...မင်းက ငါ့ကို ဟာသလုပ်နေတာလား..ဒါက နောက်နေရုံသက်သက်လား...တကယ့်ကို ဆန်ကုန်မြေလေးပဲ...ထွီ...."

ထိုသို့ပြောဆိုပြီးနောက် ရီဖုန်းသည် ဒေါသတကြီးဖြင့် ထွက်ခွာသွားပြီးနောက် ခုံစောင်းပေါ်၌လဲကျနေသော မိန်ရှင်းအာသည် ဇဝေဇဝါမျက်နှာအမူအရာဖြင့် ကျန်ခဲ့လေ၏။

Thank For Reading.

All Chapters