အမိုက်စား ကြာသပတေး အထူးဈေး
Vol. 1 Ch. 5
ကျန်းမာရေး အစီရင်ခံစာနှင့် ကိုယ်ရေးကိုယ်တာ အသေးစိတ် အချက်အလက် (လီချင်းရန်)
အမည် = လီချင်းရန်
လက်ရှိနယ်ပယ် = ချီသန့်စင်ခြင်းအဆင့်(၁)
သရုပ် = ချင်းယွန်ဂိုဏ်းရှိ ချီရှောင်းတောင်ထိပ်မှ တပည့်ဟောင်း
အသက် = ၁၉ (အမျိုးသမီး)
အထူးပါရမီများ = သီးခြားရေစိတ်ဝိညာဉ်အမြစ်(ဖယ်ထုတ်ခံရ)၊ ထိုက်ယင်တာအိုခန္ဓာ (အသက်မဝင်သေး)
အဆင့်အတန်း = အခြေခံအုတ်မြစ် အပြင်းအထန် ထိခိုက်ထား၊ ဒန်တျန် ကွဲအက်နေ၊ မီးအဆိပ်မိ၊ အတွင်းနတ်ဆိုးများ တိုးနေ၊ အတွင်းဒဏ်ရာ ပြင်းထန် (သွေးကြောများ ပျက်စီး)၊ ပြင်ပဒဏ်ရာ အတင့်အသင့်ရှိ
နောက်ခံ = ချင်းယွန်ဂိုဏ်း ချီရှောင်းတောင်ထိပ်၏ အတွင်းတပည့် ဖြစ်ခဲ့သော လီချင်းရန်က သစ္စာဖောက် ခံရပြီး ဂိုဏ်းနှင့် အချေအတင် ဖြစ်ခဲ့ရသည်။ သူ၏ ကျင့်စဉ်အခြေခံကို စီနီယာ အစ်ကို လုချန်းထျန်က ဖျက်ဆီးပစ်ခဲ့သည်။ သူ၏ စိတ်ဝိညာဉ် အမြစ်ကို ဆရာဖြစ်သူ တာအိုသလင် ချင်ရွှမ်းက ဆွဲနှုတ်ခဲ့သည်။ ဒုတိယ စီနီယာအစ်ကို ရှောင်းယိဖုန်း ဖော်စပ်ခဲ့သော ဆေးလုံးအမှားကြောင့် မီးအဆိပ် မိခဲ့သည်။ ထို့နောက် သူက တတိယ စီနီယာအစ်ကို ယွန်ကျိမိုနှင့် အပြင်ဂိုဏ်းအကြီးအကဲတို့နှင့် ပြဿနာ တက်ခဲ့ပြီး ဂိုဏ်းမှ ထုတ်ပယ်ခြင်း ခံခဲ့ရသည်။ နောက်ဆုံးတွင် သူ့ကို စတုတ္ထ စီနီယာအစ်ကို ကျန်းဟန်ရှောင်းက တဲစုတ်တွင် ချန်ထားရစ်ခဲ့ပြီး သူ ကိုယ်တိုင် ခုခံကာကွယ်နေခဲ့ရသည်။ သူ၏ ပထမဆုံးသော အတွင်း နတ်ဆိုးများမှာ သစ္စာဖောက်များကြောင့် ဖြစ်ပြီး ဒုတိယမှာ ကိုယ်ပိုင် မျှော်လင့်ချက် ကင်းမဲ့မှုများမှ ဖြစ်လာခြင်းပင်။ ( အသေးစိတ်ကြည့်ရန် နှိပ်ပါ )
ခြုံငုံအကဲဖြတ်ဖြင်း = ကံဆိုးသော ဘဝ၊ လေထဲ ငြိမ်းတော့မည့် ဖယောင်းတိုင်။
လီချင်းရန်၏ ကျန်းမာရေး အစီရင်ခံစားနှင့် ကိုယ်ရေးကိုယ်တာ အချက်အလက်ကို ဖတ်ပြီးနောက် ချန်ဟွိုက်အန် ကြက်သေသေသွား၏။
သူ ကိုယ်တိုင်က ကင်ဆာဖြစ်နေသော်လည်း ဆိုးရွားမှု တစ်ခုမျှသာ။ လီချင်းရန်တွင် ငါးခု ရှိနေသည်။
ထို့ပြင် သူ၏ ဘဝက လုံးဝကို ဆိုးရွားလှပေသည်။ မည်သို့သော ရန်ငြိုးက ထိုမျှအထိ ဖြစ်စေနိုင်မည်နည်း။ သူ လုပ်ခဲ့သည်က ဂျူနီယာညီမ၏ ပုခုံးကို ဂိုဏ်းပြိုင်ပွဲအတွင်း ထိခိုက်မိရုံသာ ဖြစ်သည်။ ထိုကဲ့သို့ အရာမျိုးက ကျင့်ကြံခြင်း လောကတွင် ပုံမှန်ပင် မဟုတ်ပါလား။ ဓားများတွင် မျက်လုံး မပါပေ။ သို့တိုင် ချီရှောင်း တောင်ထိပ် တစ်ခုလုံးက ၎င်းအပေါ်တွင် ဒေါသအိုး ပေါက်ကွဲခဲ့ဟန်တူသည်။
“ ဒါကြောင့် သူက ဒီတဲစုတ်မှာ ခိုလှုံနေရဝာာကိုး။ ငါသာ အချိန်မီ ရောက်မလာရင် သူ အခုဆို သေနေလောက်ပြီ။”
မျက်နှာပြင်ပေါ်တွင် လီချင်းရန်က ကုလားထိုင်ပေါ်တွင် မျက်လုံးမှိတ်ရင်း တရားထိုင်နေသည်။ တစ်နည်းနည်းဖြင့် ချန်ဟွိုက်အန်က သူ့ကို ဂိမ်း ဇာတ်ကောင် မဟုတ်ဘဲ တကယ့် လူတစ်ယောက်လို ထင်လိုက်မိသည်။
“ သူ ကျင့်ကြံနေတာလား။ ဒါပေမဲ့ သူ့ရဲ့ အခြေခံအုတ်မြစ် ဖျက်ဆီးခံရပြီးတော့ စိတ်ဝိညာဉ် အမြစ်လည်း မရှိတော့ဘူး။ သူ ကျင့်ကြံလိုကော ရသေးရဲ့လား။”
လေးစားစွာဖြင့် ချန်ဟွိုက်အန်က အခြား မသင့်လျော်သော နေရာများသို့ မဟုတ်ဘဲ လီချန်းရန်၏ ပုခုံးကို နှိပ်လိုက်သည်။
[ အခြေအနေ = ကျင့်ကြံနေ ]
[ ကျင့်ကြံခြင်း တိုးတက်မှု - ၃၉/၉၉ ]
ထိုအရာက ချီသန့်စင်ခြင်း အဆင့်၂သို့ ရောက်ရှိရန်အတွက် စိတ်ဝိညာဉ် ချီစွမ်းအင် ၉၉ယူနစ် စုဆောင်းရန် လိုအပ်ကြောင်း ဆိုလိုခြင်း ဖြစ်ရပေမည်။
ချန်ဟွိုက်အန် လေ့လာကြည့်နေသည့် အတွက်ကြောင့် လီချင်းရန်၏ နားရွက် အနည်းငယ် နီနေသည်ကို သတိ မထားမိခဲ့ပေ။
သူက လီချင်းရန် ကျင့်ကြံနေသည်ကို နာရီဝက်ကြာ စိုက်ကြည့်နေ၏။
သို့သော်လည်း သူ၏ ကျင့်ကြံခြင်းက တိုးလာရမည့်အစား တစ်မှတ် လျော့သွားပြီး ၃၈ ရောက်ရှိသွာသည်။
မျက်နှာပြင်ပေါ်၌ မိန်းကလေးက မျက်မှောင်ကြုတ်လိုက်ပြီး ဖြူဖျော့သော နှုတ်ခမ်းက မဲ့သွားကာ သနားစရာ အမူအရာက ချန်ဟွိုင်အန်၏ အသည်းညှာကို ဆွဲဆောင့်လိုက်သလို ဖြစ်သွား၏။
“သူ့ရဲ့ ချီစွမ်းအင်က မတိုးလာဘဲနဲ့ ကုန်ခမ်းလာတယ် ဆိုတာကို သိသွားတာ ဖြစ်မယ်...”
ချန်ဟွိုက်အန်က လီချင်းရန်၏ ကျင့်ကြံမှု အရှိန်တိုးစေရန်အတွက် ကူညီနိုင်မည့် နည်းလမ်းများကို စတင် ရှာဖွေတော့သည်။
သူ၏ ဒဏ်ရာ အများအပြားကိုလည်း လျစ်လျူရှု မရနိုင်ပေ။ မကုသဘဲ ထားထားလျှင် ပိုဆိုးသွားနိုင်၏။
ရွေးချယ်စရာများကို နှိပ်ကြည့်ပြီးနောက် မျက်နှာပြင်၏ ညာဘက် အပေါ်ထောင့်နားရှိ အခင်းအကျင်း အကွက်တွင် အသုံးဝင်နိုင်မည့်အရာ တစ်ခုခုကို ရှာတွေ့သွားခဲ့သည်။
[ အခြေခံ စိတ်ဝိညာဉ်စုစည်း အခင်းအကျင်းကို ကြော်ငြာကြည့်ပြီး တစ်နာရီ အသုံးပြုနိုင် ]
[ အလယ်အလတ် စိတ်ဝိညာဉ်စုစည်း အခင်းအကျင်းကို ကြော်ငြာကြည့်ပြီး ၁၀မိနစ် အသုံးပြုနိုင် ]
[ အဆင့်မြင့် စိတ်ဝိညာဉ်စုစည်း အခင်းအကျင်းကို တစ်နာရီလျှင် ၁၈၈ယွမ်ဖြင့် အသုံးပြုနိုင် (ကြော်ငြာကြည့်ရန်လိုအပ်) < အမိုက်စား ကြာသပတေး အထူးဈေး (မူရင်းဈေး တစ်နာရီ ၄၈၈ယွမ်)> ]
စိတ်ဝိညာဉ်စုစည်း အခင်းအကျင်းအပြင် ဖုံးကွယ် အခင်းအကျင်း၊ ဆန်းကြယ်ချပ်ကာ အခင်းအကျင်း၊ ခြိမ်းခြောက်ဟန် နတ်ဘုရားသုတ်သင် အခင်းအကျင်းကဲ့သို့ အမျိုးမျိုး ရှိပေသည်။ အချို့က ပိုက်ဆံ လိုအပ်သလို အချို့က ရှားပါးသော အခြေအနေများ တောင်းဆိုကြသည်။ အများစုကို ချန်ဟွိုက်ပန်ပင် နားမလည်ပေ။
ထိပ်တန်း အခင်းအကျင်းတစ်ခု ဖြစ်သော “သွေးအဆိပ်၁၀ဆ ကောင်းကင်သုတ်သင် အခင်းအကျင်း”က ရှုပ်ထွေးလှသော ကုန်ကြမ်းစာရင်း အရှည်ကြီးအပြင် အနည်းဆုံး စိတ်ဝိညာဉ်လက်နက် အဆင့်ရှိ အံ့ဖွယ် စိတ်ဝိညာဉ် အဆောင်ပစ္စည်း ၁၂ခု လိုအပ်သည်။ ထိုအရာများကို ဘယ်က ရနိုင်မည်နည်း။ ဝယ်ရမည်လား။ ဂိမ်းဆုလာဒ် အနေဖြင့် ရနိုင်မည်လား။ သို့မဟုတ် တချို့ စွန်းစားခန်းဂိမ်းများကဲ့သို့ လီချင်းရန်ကို ရှာဖွေခိုင်းရမည်လား။
“နောက်ထပ် အထူးဈေး။ ပြီးတော့ အမိုက်စား ကြာသပတေးနေ့မှာပဲတဲ့လား။” ချန်ဟွိုက်အန် အံကြိတ်လိုက်၏။
သူ မနက်ဖြန်အထိ စောင့်ခဲ့လျှင် အဆင့်မြင့် စိတ်ဝိညာဉ်စုစည်း အခင်းအကျင်းက မူရင်းဈေးသို့ ပြန်ဖြစ်သွားပေမည်။ ထိုကဲ့သို့ လျှော့ဈေးကို အသုံးမပြုလျှင် နှမြောစရာပင်။
သက်ပြင်းရှည်ကြီး ချပြီးနောက် သူက ဆုံးဖြတ်ချက် ချလိုက်၏။
“ဖြည့်မယ်ကွာ...”
အကောင့်ထဲသို့ ၁၈၈၈ယွမ် ထည့်လိုက်ပြီး ချန်ဟွိုက်အန်က ထိုင်ခုံပေါ် ပစ်လှဲကာ ဖော်ပြ၍ မရနိုင်သော ဗလာနတ္ထိ ခံစားချက်က သူ့ကို လွှမ်းမိုးသွား၏။ သို့သော် ခံစားချက်က အလျင်အမြန် ပျောက်ကွယ်သွားသည်။ သူက သုံးလေးရက်သာ အသက်ရှင်ရတော့မည် ဖြစ်သည်။ အဘယ်ကြောင့် မပျော်ဘဲ နေရမည်နည်း။
နောက်ထပ် ၁၀ နာရီအထိ အဆင့်မြင့် စိတ်ဝိညာဉ်စုစည်း အခင်းအကျင်းက အသက်ဝင်နေမည်ဖြစ်ကာ ညဉ့်မနက်ခင် ကွက်တိပင် ဖြစ်သည်။
သို့သော် အရင်ဦးစွာ သူက ကြော်ငြာတစ်ခု ကြည့်ရပေမည်။
[ တာအိုက ရက်စက်တယ်။ အရာအားလုံးကို ကောက်ရိုးခွေးလို ဆက်ဆံတယ်။ ကျုပ်တို့လို ကျင့်ကြံသူတွေက ကောင်းကင်ကို ဆန့်ကျင်ပြီး လျှောက်လှမ်းတဲ့အခါ လက်နက်ကောင်း မရှိဘဲ ဘယ်လို သွားရမှာပဲ။ ကျင့်ကြံခြင်း လောကရဲ့ အထက်တန်းစား အမှတ်တံဆိပ် ဖြစ်တဲ့ ရတနာစံအိမ်ရဲ့ စိတ်ဝိညာဉ် လက်နက်တွေက ယခုဆိုရင် ဈေးလျှော့ပေးနေပါပြီ။ အောက်ကို နှိပ်ပြီး ကောင်းကင် ထောက်ပံ့ငွေများ ရယူကာ လျှော့ဈေး ၂၅%အား ခံစားရယူလိုက်ပါ။ လက်နက်ဝယ်မည်ဆိုလျှင် ရတနာစံအိမ်ကို ရွေးချယ်ပါ ]
ချန်ဟွိုက်အန် “....”
...
အိမ်အတွင်း လီချင်းရန်က မကျေမနပ်နှင့် သက်ပြင်းချလိုက်သည်။
သူ၏ ကျင့်စဉ်အခြေခံ ဖျက်ဆီးခံခဲ့ရပြီး အခြေခံအုတ်မြစ်က အပြင်းအထန် ထိခိုက်သွားကာ စိတ်ဝိညာဉ် အမြစ်က မရှိတော့ပေ။ ပြီးပြည့်စုံသော ကျင့်စဉ်ဖြင့်ပင် ယခုတွင် ကျင့်ကြံနိုင်ရန် မဖြစ်နိုင်တော့ပေ။ သူ၏ စိတ်ဝိညာဉ် ချီစွမ်းအင်များ ဆက်လက်၍ စိမ့်ထွက်နေသည်။ အလွန်ဆုံး သူ၏ ကြိုးပမ်းမှုများက အချိန်ဆွဲနေရုံသာ ဖြစ်နိုင်၏။
သူက ချီရှောင်းတောင်ထိပ်၏ သီးသန့် ကျင့်စဉ်ကို လေ့ကျင့်နေခဲ့ခြင်းဖြစ်ပြီး ၎င်းက အမြန်နှုန်းကြောင်း ကျော်ကြားသည်။ ၎င်းက ထူးကဲအဆင့် ချီရှောင်း ကျင့်စဉ်၏ အဆင့်နိမ့်ပုံစံဖြစ်သော အနိမ့်ဆင့် ဆန်းကြယ်အဆင့် ပညာရပ် ဖြစ်၏။
ချီယွန် ကျင့်စဉ်က သူ၏ ချီစွမ်းအင်များကို ပြန်ရစေနိုင်လျှင်ပင် သူ၏ တစ်ခုတည်းသော မျှော်လင့်ချက်မှာ စိတ်ဝိညာဉ်စုစည်း အခင်းအကျင်းသာ။
သူက အခင်းအကျင်း ပြင်ဆင်ရာ ကျွမ်းကျင်ပြီး စတုတ္ထ စီနီယာအစ်ကို ကျန်းဟန်ရှောင်း အတွက် ခဏခဏ လုပ်ပေးခဲ့ဖူးသည်။ အပြန်အလှန် အနေဖြင့် သူက လစဉ် စိတ်ဝိညာဉ် ကျောက်တုံးတဝက် ပေးရသည်။ အချိန်ကြာလာသည်နှင့် သူက ကျွမ်းကျင်လာခဲ့၏။
သို့သော် စိတ်ဝိညာဉ်စုစည်း အခင်းအကျင်းက အရင်းအမြစ် အများအပြား လိုအပ်ပေသည်။
အခြေခံ အခင်းအကျင်း = အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ၁၀၀
အလယ်အလတ် အခင်းအကျင်း = အလတ်ဆင့် စိတ်ဝိညာဉ်ကျောက်တုံး ၅၀၀ (သို့မဟုတ်) အဆင့်မြင့် ကျောက်တုံး ၅၀
အဆင့်မြင့် အခင်းအကျင်း = စိတ်ဝိညာဉ် ပုံဆောင်ခဲ၊ ပုံမှန်အားဖြင့် ဂိုဏ်းအကြီးအကဲနှင့် ခေါင်းဆောင်များ အသုံးပြုကြသည်...
ယခု သူ့တွင် စိတ်ဝိညာဉ် ပုံဆောင်ခဲ မပြောနှင့်၊ စိတ်ဝိညာဉ် ကျောက်တုံး အပဲ့များပင် မရှိချေ။
ထိုအချိန်၌ -
“ဒုတ်...”
တစ်ခုခု ပြုတ်ကျလာခဲ့သည်။
လီလျင်းရန် လှမ်းကြည့်လိုက်ရာ ကြက်သေသေသွားပြီး ပါးစပ် အဟောင်းသားနှင့် မယုံကြည်နိုင် ဖြစ်သွား၏။
မြေပြင်ပေါ်တွင် စိမ်းပြာရောင် အရည်လဲ့နေသော စိတ်ဝိညာဉ် ပုံဆောင်ခဲ ၁၀တုံး ရှိနေပြီး တစ်တုံးစီက ကလေး လက်သီးဆုပ်အရွယ် ရှိနေကာ ပြင်းထန်သော စိတ်ဝိညာဉ် ချီစွမ်းအင်များ ထုတ်လွှတ်နေသည်။ သူ မမှားနိုင်ပေ။
တာအိုသခင် ချင်ရွှမ်း ခြွေတာ သုံးနေခဲ့သော စိတ်ဝိညာဉ် ပုံဆောင်ခဲများက ယခုတွင် မြေပြင်ပေါ်သို့ ပေါ့ပေါ့ပါးပါး ပစ်ချခံနေရလေသည်။
“စီနီယာ။ ရှင်က ဒီလိုမျိုး အဖိုးတန် ပစ္စည်းတွေကို ဖြုန်းတီးနေတာပဲ။”
ပုံဆောင်ခဲများ ပြီးနောက်တွင် ခပ်ရေးရေး တောင်ပနေသော ရွှေရောင် အခင်းအကျင်း အလံ ၁၀ခု ပေါ်လာခဲ့သည်။ ၎င်းတို့က နတ်ဘုရားအဆင့် အလံများ ဖြစ်ကြပြီး ကုန်ကြမ်းများကို အလသဿ မဖြစ်စေဘဲ အကုန်အစင် အသုံးပြုမည် ဖြစ်သည်။
အလံများက မမြင်နိုင်သော လက်တစ်ဖက်၏ လမ်းပြခြင်း ခံရသလိုပင် ရွေ့လျားပြီ သူ၏ ပတ်လည်တွင် အလိုလို စီတန်းနေ၏။
ခဏလေးအတွင်း ၎င်းတို့က အဆင့်မြင့် စိတ်ဝိညာဉ်စုစည်း အခင်းအကျင်း ဖြစ်သွားခဲ့သည်။
ရွှန်း.....
အခင်းအကျင်း အသက်ဝင်သွားသည်နှင့် ပုံဆောင်ခဲ အတွင်းရှိ စိတ်ဝိညာဉ် ချီစွမ်းအင်များ ထွက်လာပြီး လီချင်းရန်ကို ဝဲကတော့ပုံစံ အုပ်မိုးလိုက်၏။
ချီစွမ်းအင် သိပ်သည်းမှု အမြန်တိုးလာပြီး မြူခိုးများ ဖြစ်လာကာ အရည်စက်များအဖြစ် စုစည်းပြီး အခင်းအကျင်းထဲ ကျဆင်းသွားခဲ့သည်။ ချီယွန် ပညာရပ် မသုံးဘဲနှင့်ပင် ချီစွမ်းအင်က သူ့ခန္ဓာကိုယ်ထဲ အပြေးဝင်လာ၏။
သူက စိတ်ဝိညာဉ်စုစည်း အခင်းအကျင်းကို လိုအပ်နေခဲ့ပြီး စီနီယာက သူ့ကို အကောင်းဆုံး ပေးခဲ့သည်။
လီချင်းရန် မျက်ရည်များ စို့နင့်သွား၏။
နေစရာမှ အစားအစာ၊ မိုးကြိုးမီ အဆောင်များ နှင့် ယခု အဆင့်မြင့် စိတ်ဝိညာဉ်စုစည်း အခင်းအကျင်းအထိ စီနီယာ၏ ရက်ရောမှုက သူ၏တန်ဖိုးထက် များစွာ ကျော်လွန်နေခဲ့သည်။
သူက မကောင်းတဲ့ ကိစ္စတစ်ခုခု အတွက် လက်သပ်မွေးနေတာလား။
ထိုသို့ဆိုသည့်တိုင် သူ ပေးနေသော တန်ဖိုးက အဓိပ္ပာယ်မရှိပေ။
ထိုအရာက သူ၏ အမှန်တကယ်ပင် ကံတရားအတိုင်း ရင်ဆိုင်တွေ့ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
ထိုစီနီယာက နက်နဲသော လေလွင့် မာစတာတစ်ယောက် ဖြစ်နိုင်ပြီး ကြမ္မာ မျိုးစေ့များ ပျိုးနေခြင်း ဖြစ်နိုင်၏။
ငါ သူ့ကို ကျေးဇူးဆပ်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းက သူ့ရဲ့ အားထုတ်မှုတွေကို အလဟဿ မဖြစ်စေဘဲနဲ့ ကြိုးကြိုးစားစား ကျင့်ကြံဖို့ပဲ။
“စိတ်ချပါ။ စီနီယာ။ ချင်းရန် စိတ်မပျက်စေရပါဘူး။”
မျက်ရည်များ သုတ်လိုက်ရင်း လီချင်းရန်က ကိုယ်နေဟန်ထားကို ပြင်ဆင်ကာ ဆက်လက်၍ တရားထိုင် နေလိုက်သည်။ အဆင့်မြင့် စိတ်ဝိညာဉ်စုစည်း အခင်းအကျင်းထဲတွင် စက္ကန့်တိုင်းက အဖိုးတန်သည်ဖြစ်ရာ သူက ၎င်းကို မဖြုန်းတီးနိုင်ပေ။
...
[ အခြေအနေ = ကျင့်ကြံနေ ]
[ ကျင့်ကြံခြင်းတိုးက်မှု = ၄၁/၉၉ ]
[ လက်ရှိနှစ်သက်မှု = ၂၀ (ကြည်ညိုခြင်း) (နှစ်သက်မှု တိုးလာလျှင် လက်ဆောင်များ ရရှိနိုင်) ]
“နည်းနည်း နှေးနေသလိုပဲ။” ချန်ဟွိုက်အန်က တီးတိုးပြောရင်း ခေါင်းကို ကုတ်လိုက်သည်။ သူက လီချင်းရန်၏ တိုးတက်မှုကို ၁၀မိနစ်ခန့် စိုက်ကြည့်နေပြီး ရံဖန်ရံခါ သူ၏ ပုခုံးကို တို့ကာ စစ်ဆေးနေခဲ့သည်။
နောက်ဆုံး သူက သူ့ကိုယ်သူ နှစ်သိမ့်လိုက်၏။ အနည်းဆုံးတာ့ သူ့ရဲ့ ချီစွမ်းအင် မခမ်းနေတော့ဘူး။
မမျှော်လင့်ထားသော အရာများ ဖြစ်မလာသည့်အတွက် ကျေနပ်သွားခဲ့ပြီး သူက မိုးကြိုးမီး အဆောင်ကို အမိုးမှ တံခါးဆီသို့ နေရာရွှေ့လိုက်၏။
အရာအာလုံး လုံခြုံသွားသည်နှင့် သူက ကွန်ပျူတာကို ဖွင့်လိုက်သည်။
ယခင်က သူသည် ပိုက်ဆံရှာရန် မစဉ်းစားခဲ့ပေ။ သေတော့မှာကို ဘာထူးမှာလဲ။
ယခု သူ၏ ရှုထောင် ပြောင်းလဲသွားလေပြီ။
ထိုဂိမ်းအတွက်၊ လီချင်းရန်အတွက်၊ သူ၏ အရောင်မှိန်နေသော တည်ရှိမှု တောက်ပရန်အတွက် သူက ပိုက်ဆံရှာရန် ဆုံးဖြတ်လိုက်တော့သည်။
နောက်ဆုံးအဆင့် ကင်ဆာရောဂါသည် ဖြစ်သည့်အလျောက် လူပုံအလယ်တွင် သူ့ကိုယ်သူ ချပြပြီး ပိုက်ဆံရှာခြင်းထက် ပိုကောင်းသောလမ်း မရှိပေ။
သူက တိုက်ရိုက်ထုတ်လွှင့်မည် ဖြစ်သည်။
သို့သော် ပထမဆုံးအနေဖြင့် သူ ပြင်ဆင်ရပေမည်။
ဆေးရုံမှ ကင်ဆာရောဂါမှတ်တမ်း...
ဓာတုကုထုံး ပုံစံမျိုး အတုခိုးရန် ခေါင်းတုံးရမည်။
မိတ်ကပ် မလို။ သူ၏ ဖြူဖတ်ဖြူရော် ပုံစံက သိသာနေ၏။
စထွင်းမည့် နာမည်လား။ သူ အကြံတစ်ခု ရှိပြီးသား ဖြစ်သည်။
“ကံကြမ္မာကို လက်ခလယ် ထောင်ပြပြီး သေမင်းကို လှောင်ပြောင်မယ်”
ပထမဆုံး စထွင်းလား။ ထိုက်ရှန်းတောင်ကို ကင်ဆာ ခြေထောက်နဲ့ တက်ပြမှာကွာ။