ငါ့နာမည်က ချန်ဟွိုက်အန်။ ငါ့မှာ ကင်ဆာရှိတယ်။ သေတော့မှာ။ မကြာခင်ကပဲ ငါ ဂိမ်းထဲက ကောင်မလေးတစ်ယောက်ကို စွဲလမ်းသွားခဲ့တယ်။ သူ့အတွက် ကျင့်စဉ်သိုင်းကျမ်းတွေ၊ မှော်အဆောင်တွေ ဝယ်ပေးဖို့ ငါ့အကောင့်ထဲကို ပိုက်ဆံတွေ ဖြည့်ခဲ့တယ်။ ငါ့ပိုက်ဆံအိတ် ဟောင်းလောင်းဖြစ်နေပေမဲ့ အရူးတစ်ယောက်လို ငါ ရယ်နေရော။ ဒါက ဂိမ်းတစ်ခုလို့ပဲ ငါ အမြဲတမ်း ထင်နေခဲ့တာ။ ဒါပေမဲ့ တစ်နေ့ ဂိမ်းထဲက ကောင်မလေးက ငါ့ကို ဆေးလုံးတစ်လုံး ပေးခဲ့တယ်။ နောက်တော့ ဆေးလုံးက ငါ့လက်ထဲကို ရောက်လာတယ်။ ငါ...မသေတော့ဘူးလား... *** ငါ့နာမည်က လီချင်းရန်။ ငါ့ရဲ့ကျင့်စဉ် ပျက်စီးသွားပြီးတော့ စိတ်ဝိညာဉ်အမြစ် ဆွဲနှုတ်ခံခဲ့ရတယ်။ နောက် ဂိုဏ်းကနေ ထုတ်ပယ်ခံခဲ့ရတယ်။ ငါက တဲစုတ်တစ်လုံးထဲမှာ နေနေခဲ့ပြီးတော့ သေမှာကို စောင့်နေခဲ့တယ်။ ငါ့ဘဝကြီး ပြီးဆုံးသွားပြီလို့ ထင်ခဲ့တာပေါ့။ နောက်တော့ ငါက ဘယ်တော့မှ ရုပ်လုံးမပြတဲ့ လျို့ဝှက်ဆန်းကြယ်တဲ့ စီနီယာ တစ်ယောက်နဲ့ ဆုံခဲ့တယ်။ အဲဒီစီနီယာက ငါ့ဒဏ်ရာတွေကို ကုပေးပြီးတော့ ငါ့ကို ကျင့်ကြံနိုင်အောင် ကူညီပေးတယ်။ ငါက စွမ်းသထက် ပိုစွမ်းလာပြီးတော့ ချင်းယွန်ဘုံမှာ အစွမ်းအထက်ဆုံး ဓားကျင့်ကြံသူ ဖြစ်လာခဲ့တယ်။ ချင်းယွန်ဘုံက စိတ်ဝိညာဉ် စွမ်းအင်တွေ ကုန်ခမ်းလာတယ်၊ တာအို မှေးမှိန်လာတယ်၊ ပြီးတော့ တခြားကမ္ဘာက ပြန်ရှင်သန်တော့မယ့် ဘုံနဲ့ ငါတို့ကမ္ဘာကို ပေါင်းစည်းဖို့ စီစဉ်နေတာကို ငါကြားခဲ့တယ်။ ဖရိုဖရဲနဲ့ အခွင့်အရေး ပြည့်နေတဲ့ ခေတ်တစ်ခု ရောက်ရှိလာတယ်။ ဒီလိုပြဿနာထဲမှာ အင်မော်တယ်တွေတောင် သေခြင်းတရားကို ရင်ဆိုင်ရနိုင်တယ်။ ငါ အဲဒီစီနီယာကို ကမ္ဘာအနှံ့ လှန်လျော ရှာဖွေခဲ့တာပေါ့။ ငါ သူ့ကို ကာကွယ်ပေးချင်တယ်။ သူရဲ့ တာအိုအဖော် ဖြစ်ချင်တယ်...။

