← Chapters

သွယ်ဝိုက်ပြီး စမ်းသပ်ခြင်း

Vol. 14 Ch. 134

သွယ်ဝိုက်ပြီး စမ်းသပ်ခြင်း

Vol. 14 Ch. 134

ချင်းယွန်ဘုံ...

လေပြင်းများ တဝုန်းဝုန်း တိုက်ခတ်နေပြီး ကောင်းကင်ယံတွင်လည်း အရောင်အသွေးများ ပြောင်းလဲနေ၏။

စုချီနျန်က ခေါင်းမော့ကြည့်ရင်း မျက်နှာတွင် အံ့ဩတုန်လှုပ်မှုများဖြင့် ပြည့်နှက်နေ၏။ “မယုံနိုင်စရာပဲ... တကယ် မယုံနိုင်စရာပဲ... အဲဒီတန်ခိုးရှင်က မနေ့ကတင် ကောင်းကင်နက္ခတ်ကို တွက်ချက်ခဲ့တာလေ။ အခု ၆နာရီတောင် မပြည့်သေးဘူး။ နောက်တစ်ခါ ထပ်လုပ်ပြန်ပြီ။ ကောင်းကင်ဘုံ အပြစ်ပေးမှာကို မကြောက်ကြဘူးလား...”

ချင်းယွန်ဂိုဏ်းတွင်မူ မုပိုင်ရွှမ်သည် ကောင်းကင်ယံ၏ ရုတ်တရက် ပြောင်းလဲမှုကို ကြည့်ရင်း စိတ်ထဲတွင် မတင်မကျ ဖြစ်နေရသည်။

ကျုံးကျိုးလျှို့ဝှက်နယ်မြေက မကြာခင် ပွင့်တော့မည်ဖြစ်ရာ ထိုကဲ့သို့ ခဏခဏ နက္ခတ် တွက်ချက်နေခြင်းက ကောင်းကင်မိစ္ဆာဂိုဏ်း အစီအစဉ်များအား အနှောင့်အယှက် ဖြစ်စေမည်ကို သူ စိုးရိမ်နေမိသည်။

အဂ္ဂိရတ်ဂိုဏ်း အနီးရှိ တောင်ဂူတစ်ခုအတွင်း...

လျင်ချန်းရှင်းခေါင်းကို မော့လိုက်သည်။ သူ၏ နဖူးအလယ်တွင် ရွှေရောင် မျက်လုံးတစ်လုံး ပေါ်လာသ၏။

ထိုမျက်လုံးမှ အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်ယံမှ နတ်ဘုရားအရှိန်အဝါနှင့် သွားရောက် ရိုက်ခတ်မိလိုက်သည်။

ရုတ်တရက် သူ၏ ခန္ဓာကိုယ် တုန်ခါသွားပြီး မျက်နှာ ဖြူလျော့သွားကာ သွေးတစ်လုတ် အန်ထုတ်လိုက်ရသည်။

“ထပ်ပြီးတော့ သူပဲလား...”

သူ၏ ရင်ဘတ်ထဲ ပူလောင်နာကျင်နေပြီး အရှိန်အဝါကို ကပျာကယာ ပြန်ရုပ်သိမ်းလိုက်ရသည်။ နဖူးပေါ်က ရွှေရောင်မျက်လုံးလည်း မီးလောင်ထားသကဲ့သို့ မည်းနက်သွားတော့၏။

သူက ကောင်းကင်နက္ခတ် တွက်ချက်နေသည်ကို အခွင့်ကောင်းယူပြီး သဲလွန်စအချို့ ချောင်းကြည့်ချင်ရုံ သက်သက်သာ ဖြစ်သည်။

သို့သော် ကောင်းကင်ဘုံကို စူးစမ်းနေသူက ဓားကျောင်းတော်မှ ထိုလျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေး ဖြစ်နေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ...

ထိုမိစ္ဆာအိုကြီးက သူ့ကို သတိမထားမိပါစေရန်သာ ဆုတောင်းနေမိတော့သည်။

[ ကောင်းကင်နက္ခတ် တွက်ချက်ခြင်း ပြီးဆုံးပါပြီ... ]

[ သိုလှောင်အိတ်နဲ့ ရနံ့အိတ်တွေကို လုပ်ထားတဲ့ အစအနတွေက... ရင်စည်းတစ်ခုကနေ ယူထားတာ ဖြစ်ပါတယ်.... ]

“ဪ...”

ချန်ဟွိုက်အန် တစ်ယောက် တွေးလက်စနှင့် တောင့်သွားပြီး အဖြေကို သဘောပေါက်သွား၏။

“ဒါကြောင့် ဒီအနံ့က ရင်းနှီးနေသလိုလို ခံစားနေရတာကိုး... နေပါဦး...”

“...ဘာကြီးလားဟ... ရင်စည်း ဟုတ်လား...”

သူက လက်ထဲမှ သိုလှောင်အိတ်နဲ့ ရနံ့အိတ်များကို မျက်လုံးပြူးပြီး ကြည့်နေမိတော့သည်။

အခုမှပဲ အားလုံးက အဓိပ္ပာယ်ရှိသွားတော့တယ်။

ဒီအစအနတွေကို သူက ပုံရိပ်ယောင် ကောင်မလေး စျေးဆိုင်ကနေ ဝယ်ပေးထားတာ မဟုတ်ဘူး။

မနေ့က သူ စျေးဆိုင်ကနေ အနီရောင် ရင်စည်းလေးတစ်ခု ဝယ်ပေးခဲ့တာတော့ မှန်ပေမဲ့... အခု သူ့လက်ထဲမှာ ရှိနေတာက အပြာနုရောင်လေ။

ဒါဆိုရင်...

“မဟုတ်သေးဘူး... ငါ ချက်ချင်းကြီး ကောက်ချက်ချလို့ မဖြစ်သေးဘူး။”

ချန်ဟွိုက်အန် မျက်မှောင်ကြုတ်လိုက်သည်။

တစ်ခုခုတော့ မှားနေပြီ။

ဒီပစ္စည်းတွေက အသစ်လား... ဒါမှမဟုတ် အဟောင်းလား။

သူက ချက်ချင်းပင် အမြင်၊ အနံ့၊ အထိအတွေ့များနှင့် အသေအချာ “စစ်ဆေး” တော့သည်။

သို့သော် သူ ဇဝေဇဝါ ဖြစ်နေဆဲပင်။

လီချင်းရန်၏ ရင်စည်းက မည်သည့်အရောင် ဖြစ်ကြောင်းကို...

သူ သေသေချာချာ မမှတ်မိပေ။

ဂိမ်းထဲတွင် သူတို့၏ ရင်နှီးမှုအဆင့်က ရေချိုးခန်းလုပ်ဆောင်ချက်ပင် ပွင့်နေပြီ ဖြစ်သော်လည်း သူ ချောင်းကြည့်တိုင်း ရေနွေးငွေ့များ အလွန်ထူထပ်နေရာ သဲသဲကွဲကွဲ မမြင်ရဘူးပေ။

ထို့အပြင် အမှန်အတိုင်းပြောရရင်လည်း အခန်းထဲ လီချင်းရန် ရှိနေသည်ကို မည်သူကများ လျှော်ထားသော အဝတ်များကို ထိုင်ကြည့်နေမည်နည်း...

သူက ထိုမျှလောက် မအပေ။

သို့သော်လည်း သူ အချက်အလက်တစ်ခုကိုတော့ မှတ်မိနေသည်။

ရင်စည်းပေါ် မညီမညာ ပန်းထိုးထားတဲ့ ကြာရွက်လေးတစ်ရွက်နဲ့ ဖားငယ်လေးတစ်ကောင် ပါနေသည်ကိုပင်။

အကယ်၍ ထိုနှစ်ခုကိုသာ တွေ့လိုက်လျှင်... အဖြေက ရှင်းသွားလေပြီ။

ထိုအချိန်တွင်...

လီချင်းရန်က နေထွက်ချိန်ကို မျက်နှာမူကာ တင်ပျဉ်ခွေထိုင်ပြီး မနက်ခင်း အသက်ရှူ လေ့ကျင့်ခန်း လုပ်နေ၏။

သူ ကျင့်စဉ်ထဲ အာရုံအနက်ကြီး မဝင်ရသေးခင်မှာပင်...

ချန်ဟွိုက်အန်က အခွင့်အရေးကို အရယူပြီး သူ၏ ဆက်သွယ်ရေး အဆောင်ကို နှိပ်လိုက်သည်။

[ ချင်းရန်၊ မင်းပေးတဲ့ သိုလှောင်အိတ်နဲ့ ရနံ့အိတ်တွေကို ဆရာဆီ ရောက်နေပြီ ]

မနက်စောစောစီးစီး ဆရာ၏ အသံကို ကြားလိုက်ရာ လီချင်းရန်၏ ပါးလေးများက ပျော်ရွှင်မှုကြောင့် နီမြန်းသွားရ၏။

ဆရာဆီမှ အသိအမှတ်ပြုခံရသည်ထက် ပိုပျော်စရာကောင်းတာ ရှိနိုင်ဦးမည်လား...

သူ စားပွဲဆီကို လှမ်းကြည့်လိုက်ရာ...

တစ်ညလုံး မအိပ်ဘဲ ကြိုးစားချုပ်လုပ်ထားတဲ့ အိတ်လေးများ အမှန်ပင် မရှိတော့ပေ။

သူက ကောင်းကင်ယံဆီကို ခပ်ဖွဖွလေး ဦးညွှတ်လိုက်ပြီး မနက်ခင်း နေရောင်ခြည်အောက် နီမြန်းနေသော မျက်နှာလေးကို ဖုံးကွယ်ထားလိုက်သည်။

“ဆရာ။ တပည့်ချင်းရန် ဂါရဝပြုပါတယ်...”

[ အင်း.. ]

ချန်ဟွိုက်အန် ရင်ခုန်သွားရသည်။

လီချင်းရန်က တကယ်ပင် ချစ်စရာ ကောင်းလွန်းလှသည်။

သို့သော်လည်း သူကတော့ တည်ငြိမ်သော ဆရာပုံစံကို ဆက်ထိန်းထားရ၏။

[ သိုလှောင်အိတ်နဲ့ ရနံ့အိတ်တွေက လက်ရာ တော်တော်လေး ကောင်းတယ်။ မင်း စာမေးပွဲ အောင်တယ် ]

လီချင်းရန်၏ နှလုံးသားလေးက ပျော်ရွှင်မှုကြောင့် ပေါက်ကွဲထွက်မတတ် ဖြစ်သွားရသည်။

သူ၏ မျက်ဝန်းလေးများ ဝင်းပသွားပြီး ချိုချိုသာသာ ပြုံးလိုက်၏။ “ဆရာက ကျွန်မကို လက်ရာညံ့တယ်လို့ မထင်တာ အရမ်းဝမ်းသာတာပဲ... ကျွန်မရဲ့ ကျင့်စဉ်က နိမ့်သေးတော့ အိတ်က သေးနေသေးတာ... တကယ်လို့ ကျွန်မ ရွှေရောင်အနှစ်သာရအဆင့်ကို ရောက်သွားရင် ဆရာအတွက် ပိုကြီးတဲ့အိတ်တွေ ထပ်ချုပ်ပေးပါ့မယ်...”

[ မင်းက တကယ်ကို စိတ်ထားကောင်းတာပဲ ]

သူ ခဏလောက် ရပ်လိုက်ပြီး အဆုံးသတ် တိုက်ကွက်ကို ထုတ်လိုက်၏။

[ ဒါနဲ့ ဒီအစအနက တော်တော်လေး ကောင်းသားပဲ။ မင်း ဘယ်အဝတ်ကို သုံးလိုက်တာလဲ ]

“အာ..”

လီချင်းရန် တောင့်သွားသည်။ သူ၏ မျက်တောင်လေးများ တုန်ရီနေသည်၏။

ရင်ဘတ်လည်း တဒိန်းဒိန်း ခုန်နေတော့သည်။

ဆရာက... တိုက်ရိုက်ကြီး မေးလိုက်တာလား...

ဘယ်လို ဖြေရမှာလဲ...

လိမ်ပြောလို့လည်း မရဘူး။ ဆရာ ချက်ချင်း ရိပ်မိမှာ သေချာတယ်။

ဒါပေမဲ့ အမှန်အတိုင်း ပြောလိုက်ရင်ရော စိတ်ဆိုးသွားမှာလား...

လီချင်းရန် တစ်ကိုယ်လုံး ပုရွက်ဆိတ်များ တက်နေသလိုမျိုး နေရခက်နေသည်။

ရုတ်တရက် အဆောင်ထဲမှ အသံ ထပ်ထွက်လာပြန်သည်။

[ ငါ ဒီအစအနကို တော်တော်လေး သဘောကျတယ်။ မင်းဆီမှာ ကျန်သေးလား ]

[ ငါ့အတွက် လက်ဖက်ခြောက်ထည့်တဲ့ အိတ်လေးတွေနဲ့ ခေါင်းအုံးစွပ် တစ်ခုလောက် ထပ်လုပ်ပေးဦး။ ပုံစံကိုတော့ မင်းပဲ ဆုံးဖြတ်လိုက် ]

“လက်... လက်ဖက်ခြောက်အိတ်နဲ့ ခေါင်း... ခေါင်းအုံးစွပ်လား။”

လီချင်းရန် ထိတ်လန့်သွား၏။

“ဆရာ၊ ကျွန်မ...”

သို့သော် သူ၏ အရှိန်အဝါက ပျောက်ကွယ်သွားလေပြီ။ အလုပ် သွားလုပ်နေပြီ ထင်ရ၏။

လီချင်းရန် ရှင်းပြရန် အချိန်ပင် မရလိုက်ပေ။

သူ၏ ဦးနှောက် ဗလာဖြစ်သွားပြီးမှ အမှောင်ကျသွားတော့သည်။

လက်ဖက်ခြောက်အိတ်နဲ့ ခေါင်းအုံးစွပ်ကို... အဲဒီအစအနနဲ့ လုပ်ရမှာလား...

သူ၏ တုန်ရီနေသော လက်ကလေးနှင့် သစ်သားသေတ္တာလေးကို ဖွင့်လိုက်သည်။ အတွင်းထဲ၌...

ကျန်နေသော အစအနများကို သေသေချာချာ ခေါက်ထား၏။

အစအန အကြီးကြီးများက ခေါင်းအုံးစွပ် လုပ်ရန်အတွက် လုံလောက်ပေသည်။

အစအန အသေးလေးက အိတ်လုပ်ရန် လုံလောက်၏။

ဒါပေမဲ့ ဆရာက..

အဲဒီအိတ်နဲ့ လက်ဖက်ရည် ဖျော်သောက်နေမှာ...

အဲဒီခေါင်းအုံးစွပ်ပေါ်မှာ ခေါင်းတင်ပြီး အိပ်နေမှာ...

ထိုအတွေးကြောင့် သူ၏ ပါးပြင်များ ခုနကထက် ပိုပြီး နီမြန်းပြီး ထူပူလာတော့သည်။

မှန်ထဲတွင် ပေါ်နေတဲ့သော သူ၏ပုံရိပ်လေး...

ပန်းရောင်သန်းသော အသားအရေ၊ စိုစွတ်တောက်ပနေသော မျက်ဝန်းလေးများက...

အရက်မူးနေသော သူ၏ စီနီယာအစ်မထက်ပင် ပိုမို၍ ဆွဲဆောင်မှု ရှိနေသယောင်ပင်။

သူက ရင်တုန်တုန်နှင့် မှန်ထဲမှ အကြည့်လွှဲလိုက်သည်။

“ဆရာ... မသိပါဘူး။”

သူ အသက်ကို ပုံမှန် ပြန်ရှူလိုက်၏။

“ဆရာသိရင် မေးနေမှာ မဟုတ်ဘူး။”

“အဲဒါကြောင့်...”

“ငါ ဘာမှမပြောရင်...”

“သူ ဘယ်တော့မှ သိမှာမဟုတ်ဘူး...”

သူ၏ ထိတ်လန့်မှုများက အေးစက်သော ဆုံးဖြတ်ချက်အဖြစ် ပြောင်းလဲသွား၏။

“ဆရာက သဘောကျတယ်ဆိုမှတော့...”

“ပြီးတော့ ငါကလည်း သူ့ရဲ့ တပည့်အရင်းတစ်ယောက် ဖြစ်နေမှတော့...”

“သူ့ကို ပျော်ရွှင်အောင် ထားဖို့က ငါ့တာဝန်ပဲ...”

“လီချင်းရန်...” သူ ပါးဖောင်းဖောင်း လုပ်နေပြီး ဖောင်းနေသောပါးကို ခပ်ဖွဖွလေး ရိုက်လိုက်၏။ “နင် ထပ်ပြီး အတွေးလွန်နေပြန်ပြီ... အူကြောင်ကြောင်မလေး...”

သူ၏ ဆုံးဖြတ်ချက် ခိုင်မာသွားလေပြီ။

သူ ထိုင်လိုက်ချပြီး အပ်၊ အပ်ချည်နဲ့ ထိန်းသိမ်းရေးအတွက် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးကို ထုတ်လိုက်သည်။

ထို့နောက် တစ်စစီ စတင်ချုပ်လုပ်တော့သည်။

သူ၏ လက်ကလေးများက ဖားလေးနဲ့ ကြာရွက် ပန်းထိုးထားတဲ့ အစအန အနားသို့ ရောက်သွားသောအခါတွင်...

သူ ခဏ ရပ်တန့်သွားပြီးမှ...

၎င်းကို လက်ဖက်ခြောက်အိတ်၏ အတွင်းထဲ ရောက်အောင် လုံးထည့်လိုက်ပြီး အပြင်မှ လုံးဝ မမြင်ရအောင် ဖုံးကွယ်လိုက်တော့သည်။

“ငါသာ မပြောရင်...”

“ဆရာ ဘယ်တော့မှ သိမှာမဟုတ်ဘူး...”

တစ်ဖက်တွင်မူ..

ချန်ဟွိုက်အန် အဝတ်အစားလဲပြီး အပြင်ထွက်ရန် အသင့်ဖြစ်နေလေပြီ။

လီချင်းရန်၏ တုံ့ပြန်မှုကို ကြည့်ခြင်းအားဖြင့်...

အမှန်တရားကို သူ ၉၀%ခန့် သေချာသွားပြီ ဖြစ်သည်။

ဒါပေမဲ့...

တကယ်လို့ လီချင်းရန်က တကယ်ပဲ အပြင်လောကမှာ ရှိနေတဲ့သူဆိုရင်...

သူက ဂိမ်းထဲက NPCတစ်ယောက် မဟုတ်ဘူးဆိုရင်...

အတင်း ထပ်မေးနေတာက ရိုင်းရာကျလိမ့်မယ်။

ထို့ကြောင့် သူက နည်းဗျူဟာ ပြောင်းလိုက်၏။

၎င်းက နာမည်ကျော် နည်းဗျူဟာဖြစ်သော သွယ်ဝိုက်ပြီး စမ်းသပ်ခြင်းပင်။

ဘာလို့ လက်ဖက်ခြောက်အိတ်နဲ့ ခေါင်းအုံးစွပ်လဲ....

ထူးခြား‌သော အကြောင်းပြချက်များ မရှိပေ..

ယခုရက်ပိုင်း လက်ဖက်ရည် သောက်ချင်စိတ် ပေါက်နေ၍ပင်။

ပြီးတော့ ခေါင်းအုံးစွပ် အသစ်တစ်လုံးလည်း လိုချင်နေလို့။

အဲဒါ ဘာဖြစ်လို့လဲ...

ဘာမှ မဖြစ်ဘူး...

ချန်ဟွိုက်အန်က တက္ကစီတစ်စီးပေါ် ခုန်တက်လိုက်ပြီး အောက်ထပ်မှ ဝယ်လာသော အီကြာကွေး တစ်ဝက်ကို ကိုက်လိုက်သည်။

“ဆရာ၊ ပန်ကျားဈေးကို မောင်းပေးပါ။”

“ရပြီ၊ ညီလေး... ထိုင်ခုံခါးပတ် ပတ်ထားနော်...”

All Chapters