အခန်း ၄၂၃
Vol. 43 Ch. 423
အခန်း (၄၂၃) ကျွန်မရဲ့သူငယ်ချင်းတွေကို မထိနဲ့
မိုရှုမိန်က ဓားကို နောက်တစ်ကြိမ် ဝှေ့ယမ်းလိုက်ရာ ဝဲလည်နေသော ဓားစွမ်းအင်မှာ ယခင်ကထက် ပို၍ပင် ကြောက်မက်ဖွယ်ကောင်းနေ၏။
သို့သော် သီလရှင်အိုကြီးသည် ထိုဓားကို လက်နှစ်ဖက်ဖြင့် ဖမ်းဆုပ်လိုက်ပြီး သူ၏ ရွှေရောင်ဗုဒ္ဓရုပ်ပွားတော် ခန္ဓာကိုယ်မှာ လုံးဝ မလှုပ်မယှက် တည်ရှိနေသည်။
"အားနည်းနေတုန်းပဲ။ သေချာလေး ကြည့်ပါရစေဦး။" သီလရှင်အိုကြီး၏ လည်ပင်းက သစ်ကုလားအုတ် တစ်ကောင်ကဲ့သို့ ဆန့်ထွက်လာပြီး မိုရှုမိန်ကို အထက်အောက် စစ်ဆေးရန် သူ၏ခေါင်းကို မဖြစ်နိုင်သော ထောင့်ချိုးတစ်ခုဖြင့် စောင်းကာ ကပ်ကြည့်လိုက်သည်။ "ကျွတ် ကျွတ်၊ နင့်ရဲ့ နတ်အသွင်ပြောင်းခြင်း နှောင်းပိုင်းအဆင့် ကျင့်ကြံမှုက အတုပဲ၊ အတင်းအကျပ် မြှင့်တင်ထားပြီး ဆက်တိုက်လည်း ကျဆင်းနေတယ်။ နင့်ရဲ့ တကယ့် ကျင့်ကြံမှုက အခြေတည်ဝိညာဉ် အဆင့်မှာပဲ ရှိတယ် မဟုတ်လား။ ဒီဓားကတော့ တော်တော် စိတ်ဝင်စားစရာကောင်းတယ်။ အဲဒါက နင့်စွမ်းအားရဲ့ အရင်းအမြစ်ပဲ။"
မိုရှုမိန်က ပြန်မဖြေဘဲ အံကြိတ်ကာ မိစ္ဆာဓားကို နောက်သို့ ဆွဲယူရန် ကြိုးစားသော်လည်း ၎င်းက ကျောက်တုံးထဲ ညပ်နေသကဲ့သို့ တင်းကျပ်စွာ ကပ်နေသည်။
[ ကောင်မလေး၊ အားနည်းနည်း ထည့်သုံးစမ်းပါ ]
မိစ္ဆာဓား၏ အသံက သူ၏စိတ်ထဲတွင် အော်ဟစ်နေသည်။
[ ငါ့ကို မြန်မြန် ဆွဲထုတ်လိုက်။ ဒီသီလရှင်အိုကြီးရဲ့ လက်တွေက နံစော်နေတာပဲ ]
"နင့်ဓားကို အဲဒီလောက်တောင် ပြန်လိုချင်နေတာလား။ ရော့ ယူလိုက်လေ။" သီလရှင်အိုကြီးက ဖြီးဖြီးတုန်အောင် ပြုံးလိုက်ရာ သေးငယ်ပြီး ထက်မြက်သော သွားတန်းများကို မြင်လိုက်ရသည်။
ဗုဒ္ဓရုပ်ပွားတော်၏ လက်များက ရုတ်တရက် လွှတ်ပေးလိုက်ရာ မိုရှုမိန် ဟန်ချက်ပျက်ပြီး ယိုင်သွားကာ ၎င်း၏ ဧရာမ ကျောက်သားလက်မောင်းကြီးက တောင်ကြီးတစ်လုံးလို မြောက်တက်လာပြီး အောက်သို့ ရိုက်ချလိုက်၏။
လျှပ်တစ်ပြက်အတွင်းမှာပင် မိုရှုမိန် ဘေးသို့ ရှောင်လိုက်ရာ သူ၏ဆံပင်နက်နက်မှာ တိုက်ခတ်လာသော လေပြင်းကြောင့် နောက်သို့ လွင့်ထွက်သွားသည်။
ဝုန်း…
ကျောက်သားလက်သီးက မြေပြင်ကို ရိုက်ခွဲလိုက်ရာ အပျက်အစီးများ လွင့်စင်သွားပြီး အက်ကွဲကြောင်းများမှာ ပင့်ကူအိမ်ကဲ့သို့ အပြင်ဘက်သို့ ဖြာထွက်သွားသည်။
မိုရှုမိန်က ခြေလှမ်းပေါင်းများစွာ နောက်သို့ ယိုင်နဲ့သွားပြီးနောက်မှ ခက်ခက်ခဲခဲ ပြန်လည် ရပ်နိုင်ခဲ့သည်။
[ ဆက်မတိုက်နဲ့တော့၊ ပြေးသာပြေး ]
အသူရာချောက်နက် ဝိညာဉ်ဓားက ပွစိပွစိနှင့် ပြောလာသည်။
[ မင်းရဲ့ စွမ်းအင်တွေ ကုန်ခမ်းနေပြီ။ မင်းမှာ မိနစ်ပိုင်းပဲ အချိန်ကျန်တော့တယ် ]
"မရဘူး။" မိုရှုမိန်က သတိလစ်နေသော လီချင်းရန်ကို တစ်ချက်ကြည့်လိုက်ပြီး အကြည့်များ ခိုင်မာသွားသည်။ "လီချင်းရန်က ငါ့သူငယ်ချင်းပဲ။ သူ သေသွားမှာကို ငါက ဘယ်လိုလုပ် ထိုင်ကြည့်နေနိုင်မှာလဲ။"
[ မင်းရဲ့ အသက်ကို စတေးရလောက်အောင် တန်လို့လား ]
"ရှင် ဘာသိလို့လဲ။ ဓားတုံးကြီးရဲ့..." မိုရှုမိန်၏ မျက်လုံးများ မှောင်မိုက်သွား၏။
အခြေအမြစ်မရှိဘဲ လေလွင့်နေရသော ဘဝမျိုးကို သူ လုံလောက်အောင် ခံစားခဲ့ရပြီ ကြင်နာသော အကြည့်များက ရန်လိုမှုအဖြစ် ရုတ်တရက် ပြောင်းလဲသွားသည်ကိုလည်း လုံလောက်အောင် ကြုံတွေ့ခဲ့ရပြီ ဖြစ်သည်။
ယခင်က သူသည် လမ်းလျှောက်နေသော အလောင်းကောင်တစ်လောင်းကဲ့သို့ နေထိုင်ခဲ့ရ၏။
လီချင်းရန်နှင့် မတွေ့မချင်း၊ ဓားကျောင်းတော်ထဲသို့ မဝင်ရောက်မီအချိန်အထိပင်။
ဤနေရာတွင် မည်သူကမျှ သူ့ကို သံသယဖြင့် မကြည့်ကြ။ စွဲအလမ်း မရှိ၊ အထင်အမြင်လွဲမှားမှုများ မရှိပေ။
ဓားကျောင်းတော် တပည့်များက သူ့အား ကိုကာကိုလာနှင့် အစပ်ချောင်းများပင် ခွဲဝေကျွေးခဲ့ကြသည်။ ဓားကျောင်းတော် ဘိုးဘေးကြီး၏ အာဏာကို ကြောက်ရွံ့၍ မဟုတ်ဘဲ စစ်မှန်သော လက်ခံမှုဖြင့်ပင်။
သူတို့၏ မျက်လုံးများထဲရှိ အသိအမှတ်ပြုမှုနှင့် ရိုးသားမှုတို့ကို ဟန်ဆောင်၍ မရနိုင်ပေ။
ထိုလက်ခံမှုအတွက် သူက အဆုံးထိ တိုက်ပွဲဝင်သွားမည် ဖြစ်သည်။
အကယ်၍ နေရောင်ကင်းမဲ့သော ထိုဘဝမျိုးသို့ အတင်းအကျပ် ပြန်သွားရမည်ဆိုပါက သူ သေလိုက်ပေမည်။
မိစ္ဆာစွမ်းအင်များ ဆူပွက်လာပြီး မိုရှုမိန်၏ မျက်လုံးများတွင် အေးစက်သော အရောင်တစ်ခု လက်သွား၏။
အသူရာချောက်နက်ဝိညာဉ်ဓားက မြေပြင်ဘက်သို့ စောင်းသွားပြီး သူက အရှေ့သို့ ခြေလှမ်းလိုက်သည်နှင့် အမည်းရောင် မီးတောက်များ တဖျပ်ဖျပ် တောက်လောင်လာသည်။
သူ၏ခြေလှမ်းများ မြန်ဆန်လာပြီး ချက်ချင်းဆိုသလိုပင် သီလရှင်အိုကြီးရှေ့သို့ ရောက်ရှိသွားသည်။
ရွှီး ရွှီး ရွှီး...
ဓားက လေထုထဲတွင် ပုံရိပ်ယောင် ခုနစ်ခု ချန်ထားခဲ့ကာ ဆက်တိုက် ခုတ်ချက် ခုနစ်ချက် ပေါ်ထွက်လာသည်။
သူ၏လှုပ်ရှားမှုများမှာ ဝေဝါးသွားပြီး အမည်းရောင် အလင်းတန်းကိုသာ မြင်တွေ့ရသည်။ ခုတ်ချက်တိုင်းက ဗုဒ္ဓရုပ်ပွားတော်၏ မျက်လုံးများ၊ လည်ချောင်း၊ နှလုံးနှင့် အရေးကြီးသော နေရာများအားလုံးဆီသို့ တိကျစွာ ဦးတည်နေသည်။
ဓားနှင့်ကျောက်သား ထိတွေ့သွားသောအခါ မီးပွားများ လွင့်စင်သွားပြီး ခုတ်ချက်တိုင်းက နက်ရှိုင်းစွာ စိုက်ဝင်သွားသည်။ ရွှေရောင် ရုပ်ပွားတော်မှာ တုန်ခါသွားသော်လည်း တိမ်ကောသော အရာများသာ ကျန်ရစ်ပြီး ရွှေမှုန့်များမှာ ဖုန်မှုန့်များကဲ့သို့ လွင့်စင်သွား၏။
"အရှုံးမပေးတတ်တဲ့ ကြွက်စုတ်လေး။ ထွက်သွားစမ်း။"
အဆက်မပြတ် တိုက်ခိုက်မှုများကြောင့် သီလရှင်အိုကြီးမှာ ပို၍ပို၍ ဒေါသထွက်လာ၏။
ဗုဒ္ဓရုပ်ပွားတော်၏ လက်များ ဖြည်းညှင်းစွာ ပူးကပ်သွားပြီး ရွှေရောင် အလင်းတန်းများ ပတ်လည်တွင် ဝဲလည်သွားသည်။ ထို့နောက် ရုတ်တရက် ပြန်လည် ကွဲကွာသွားကာ လက်ချောင်းထိပ်များမှ မျက်စိကျိန်းမတတ် တောက်ပသော အလင်းရောင်များ ပေါက်ကွဲထွက်လာသည်။
ဝုန်း…
မမြင်နိုင်သော တုန်ခါမှုလှိုင်းတစ်ခုက ဆူနာမီလှိုင်းကြီးတစ်ခုကဲ့သို့ ရိုက်ခတ်လာသည်။
မိုရှုမိန်၏ မျက်လုံးသူငယ်အိမ်များ ပြင်းထန်စွာ ကျုံ့ဝင်သွားပြီး သူက ကာကွယ်ရန်အတွက် လက်များကို ယှက်ထားလိုက်သည်။
နောက်တစ်ခဏတွင် ကြီးမားလှသော အင်အားတစ်ခုက ဝင်ရောက်ရိုက်ခတ်သွား၏။ ထိုရိုက်ခတ်မှုကြောင့် သူက ထိန်းချုပ်မရဘဲ လွင့်စဉ်သွားပြီး ကျောပြင်မှာ ကြာကန်ဘေးရှိ ကျောက်တိုင်တစ်ခုနှင့် အရှိန်ပြင်းပြင်း ဆောင့်မိသွားသည်။
မိုရှုမိန်က ဓားကိုအသုံးပြုကာ တုန်ရီစွာဖြင့် အတင်းပြန်ထလိုက်သည်။ သူ၏နှုတ်ခမ်းမှ သွေးများ စီးကျနေပြီး စ္ဆာစွမ်းအင်များမှာ ပို၍ ပါးလွှာသွားသည်။
သူ ပြန်လည် မတည်ငြိမ်နိုင်သေးခင်မှာပင် သီလရှင်အိုကြီးက အခွင့်အရေးယူကာ တိုက်ခိုက်လာသည်။
ဗုဒ္ဓရုပ်ပွားတော်၏ ရွှေရောင်အလင်းတန်းသည် လွှတ်လိုက်သော မြားတစ်စင်းကဲ့သို့ လက်ခနဲ ဖြစ်သွားပြီး အကွာအဝေးကို ကျဉ်းမြောင်းစေကာ လက်ဝါးတစ်ဖက်မှာ လေနှင့် မိုးကြိုး၏ အင်အားဖြင့် ထိုးထွက်လာသည်။
လက်ဝါးရိုက်ချက် ဟိန်းထွက်သွားပြီး ၎င်း၏ အင်အားအောက်တွင် နေရာလွတ်ပင် အက်ကွဲသွား၏။
မိုရှုမိန် ရှောင်တိမ်းရန် အချိန်မရှိတော့။ အသည်းအသန် ကာကွယ်ရန်အတွက် ဓားကို မြှောက်လိုက်ရုံသာ တတ်နိုင်တော့သည်။
အချိန်က နှလုံးတစ်ချက်ခုန်စာခန့် ရပ်တန့်သွားသကဲ့သို့ ထင်ရသည်။
အသူရာချောက်နက်ဝိညာဉ်ဓားက ကျောက်သားလက်ဝါး၏ စွမ်းအားအောက်တွင် အတွင်းသို့ ချိုင့်ဝင်၍ သွားပြီးနောက် သူ၏ရင်ဘတ်ကို ဝင်ဆောင့်သွားသည်။
ဂွက်…
နံရိုးများ ကျိုးသွားသည့်အသံမှာ အထင်အရှားပင်။
ဓားနှင့် ဓားသမား နှစ်ဦးစလုံး လွင့်ထွက်သွားပြီး ဖုန်မှုန့်များကြားထဲသို့ လုံးပတ်ကာ မလှုပ်မယှက် ဖြစ်သွားကြသည်။
"ကျွတ် ကျွတ်။ မိစ္ဆာကျင့်ကြံသူဆိုတာတောင် တစ်ချက်လေး အထိမခံနိုင်ဘူးပဲ။"
သီလရှင်အိုကြီးက ခေါင်းခါလိုက်ပြီး လီချင်းရန်နှင့် နဂါးရှစ်ကောင်ဆီသို့ လှည့်လိုက်သည်။
တောက်...
ခဲလုံးငယ်တစ်လုံးက သီလရှင်အိုကြီး၏ ခေါင်းကို ထိမှန်ပြီး ပြန်ကန်ထွက်သွားရာ သူ၏ခြေလှမ်းများကို ရပ်တန့်သွားစေသည်။
သူ လှည့်ကြည့်လိုက်ရာ သွေးသံရဲရဲဖြစ်နေသော ပုံရိပ်တစ်ခု မြေပြင်ပေါ်တွင် မှောက်လျက်သား ဖြစ်နေပြီး ခဲလုံးပစ်လိုက်သော လက်မှာ ဆန့်တန်းလျက်သား ရှိနေသေးသည်ကို မြင်လိုက်ရ၏။
ထိုအားနည်းသော လှုပ်ရှားမှုက သူ့အတွက် ကြီးမားသော ပေးဆပ်မှု ဖြစ်စေခဲ့ပုံရသည်။ သူ၏ ခန္ဓာကိုယ်သည် အပြင်းအထန် ချောင်းဆိုးမှုများကြောင့် တုန်ယင်နေပြီး အောက်တွင် သွေးများ အိုင်ထွန်းနေသည်။
"ငါ့သူငယ်ချင်းကို... အဟွတ်... မ...ထိနဲ့..."
"အဟက်…" ရှင်းပြမရနိုင်သော ဒေါသတစ်ခု သီလရှင်အိုကြီး၏ ရင်ထဲတွင် ဆူပွက်လာသည်။ လျှပ်တစ်ပြက် အတွင်း သူက ရှေ့သို့ ခုန်ဝင်ကာ ကန်ကျောက်လိုက်၏။
ဘုန်း...
တုန်ခါမှုလှိုင်းတစ်ခု ပေါက်ကွဲထွက်လာသည်။
မိုရှုမိန်က ကြာကန်၏ အစွန်းနှင့် သွားတိုက်မိသည်အထိ မြေပြင်ပေါ်တွင် လိမ့်သွားပြီး သွေးလမ်းကြောင်းတစ်ခု ချန်ရစ်ခဲ့သည်။
သူက စက္ကန့်အနည်းငယ်ခန့် မလှုပ်မယှက် လဲလျောင်းနေပြီးနောက်၊ တုန်ရီနေသော လက်ဖြင့် အတင်းရုန်းထကာ လက်တစ်ဖက်က နောက်ထပ် ခဲလုံးတစ်လုံးကို အားပျော့စွာ လှမ်းယူလိုက်သည်။
သူ၏လက်ချောင်းများ ခဲလုံးကို မဆုပ်ကိုင်နိုင်မီမှာပင် သီလရှင်အိုကြီး၏ ခြေထောက် ကျဆင်းလာ၏။
ဝုန်း…
မြေပြင်မှာ ချိုင့်ဝင်သွားသည်။
မိုရှုမိန်က မြေကြီးထဲသို့ တစ်ဝက်ခန့် နစ်ဝင်သွားပြီး ပါးစပ်မှ သွေးမြှုပ်များ ပလုံစီထွက်လာကာ ဩရှရှအသံဖြင့် အသံထွက်လာသည်။
"မလုပ်နဲ့..."
"ပါးစပ်ပိတ်ထားစမ်း။" သီလရှင်အိုကြီးက မျက်မှောင်ကြုတ်လိုက်ပြီး ဗုဒ္ဓရုပ်ပွားတော်၏ ခြေထောက်ကို နောက်တစ်ကြိမ် မြှောက်လိုက်သည်။ ဤတစ်ကြိမ်တွင် ကာကွယ်နိုင်စွမ်းမဲ့နေသော အောက်ရှိ ခန္ဓာကိုယ်ဆီသို့ တည့်တည့် ဦးတည်ထားသည်။
တစ်ချက်တည်း နင်းချလိုက်ခြင်းက ၎င်းကို မှတ်မိနိုင်စွမ်း မရှိတော့သည်အထိ ကြေမွသွားစေလိမ့်မည်။
သူက လီချင်းရန်နှင့် နဂါးရှစ်ကောင်ကို အရင်သတ်ရန် စီစဉ်ထားခဲ့သည်။
မိစ္ဆာဓားက သူ့ကို စိတ်ဝင်စားစေခဲ့သည့်အတွက် မိုရှုမိန်ကို စစ်မေးရန်အတွက် အသက်ချမ်းသာပေးထားရန် သူ ရည်ရွယ်ထားခဲ့သည်။
သို့သော် ယခုတော့ မလိုအပ်တော့။
ပုရွက်ဆိတ် တစ်ကောင်သက်သက်ပါပဲ။ နင်းခြေပြီး အဆုံးသတ်လိုက်တာပဲ ကောင်းပါတယ်။
တောက်...
နောက်ထပ် ခဲလုံးတစ်လုံးက သူ၏နောက်စေ့ကို လာမှန်သည်။
သူ၏ခြေထောက်က အောက်သို့ ကျဆင်းနေစဉ် လမ်းခုလတ်၌ အေးခဲသွား၏။
"ဘယ်သူလဲ…"
သည်းခံနိုင်စရာ မရှိတော့ဘူး။ လူတစ်ယောက်ကို ခြုံခိုတိုက်ခိုက်မယ်ဆိုရင်လည်း သေချာလေး လုပ်ပါလား။ ခဲလုံးတွေနဲ့က ဘာသဘောလဲ။။
ထိခိုက်မှု မရှိပေမဲ့ အရမ်းကို စော်ကားရာကျတယ်။ ငါက ကျောက်သားရုပ်တုတွေကို ထိန်းချုပ်ထားလို့လား။
သီလရှင်အိုကြီးက လှည့်ကြည့်လိုက်သည်။
ထိုအခါ လေထုကိုယ်တိုင်ကပင် အေးခဲသွားသကဲ့သို့ ထင်ရ၏။
ကိုက်တစ်ရာခန့် အကွာတွင် ဓားသမားတစ်ဦးက ကြာရွက်တစ်ရွက်ပေါ် ရပ်နေပြီး သူ၏ အလေးချိန်အောက်တွင် ကြာရွက်မျက်နှာပြင်မှာ လုံးဝ မယိမ်းယိုင်ပေ။
ထိုသူက မင်ရည်ကဲ့သို့ မည်းနက်သော ဝတ်ရုံကို ဝတ်ဆင်ထားပြီး နှင်းထက် ဖြူဖွေးသောဆံကေသာ ရှိနေကာ ရေပြင်အထက်တွင် ပျံဝဲနေသည်။
သူ၏မျက်နှာမှာ မြူခိုးများ ဖုံးလွှမ်းထားသကဲ့သို့ မပီပြင်သော်လည်း မသဲမကွဲ မြင်နေရသော မျက်ခုံးများကြားရှိ အေးစက်ခက်ထန်မှုမှာမူ လွဲမှားစရာမရှိပေ။
သူ၏ခါးတွင် ကြေးခွံနက်ဓားတစ်လက် ချိတ်ဆွဲထား၏။ ဓားအိမ်ထဲတွင် ရှိနေသော်လည်း ၎င်း၏ သတ်ဖြတ်လိုသောအရှိန်အဝါက အရိုးထဲထိ ထိုးဖောက်နေပြီ ဖြစ်သည်။
"ရှင်က ကျန့်ဝူ မြင့်မြတ်နယ်မြေက ဘယ်အကြီးအကဲလဲ။"
သီလရှင်အိုကြီး သတိထားမိသွားပြီး မျက်မှောင်ကြုတ်လိုက်သည်။
အသံတိတ် ပေါ်ထွက်လာမှု တစ်ခုတည်းကပင် သူ၏ စွမ်းအားကို များစွာဖော်ပြနေ၏။
ဓားသမားက ပြန်မဖြေဘဲ အကြည့်ကို အနည်းငယ်သာ မြှင့်လိုက်သည်။
သူ၏မျက်လုံးများက သီလရှင်အိုကြီးအပေါ်သို့ ဖြတ်သန်းသွားချိန် လေထုကိုယ်တိုင်ပင် နှစ်ခြမ်းကွဲသွားသကဲ့သို့ ထင်ရသည်။
သီလရှင်အိုကြီး၏ အသက်ရှူသံ ရပ်တန့်သွား၏။ မမြင်နိုင်သော ဓားတစ်လက်က သူ၏ လည်ပင်းသို့ ရောက်နေပြီ ဖြစ်သည်။
သူ၏ဦးခေါင်းခွံထဲ အအေးဓာတ်တစ်ခု ဖြတ်ပြေးသွားရာ ခက်ခက်ခဲခဲ ငုံ့ရှောင်လိုက်ရသည်။
ဖွတ်...
သွေးမြူ နှစ်ခုက သူ၏မျက်လုံးအိမ်များမှ ပေါက်ကွဲထွက်လာပြီး ကြေမွသွားသော မျက်လုံးဆန်များနှင့် ရောနှောသွားသည်။
ထိတ်လန့်ကြောက်ရွံ့မှုက သီလရှင်အိုကြီး၏ ရင်ကို ဆုပ်ကိုင်လိုက်၏။
သူက တစ်ချက်ကြည့်လိုက်ရုံနဲ့ ငါ့ရဲ့ မျက်လုံးတွေကို ဖျက်ဆီးပစ်လိုက်တာလား။
ငါသာ စက္ကန့်ပိုင်းလောက် နှေးသွားခဲ့ရင် ခေါင်းပြတ်ထွက်သွားမှာပဲ။
…