← Chapters

အခန်း ၄၂၂

Vol. 43 Ch. 422

အခန်း ၄၂၂

Vol. 43 Ch. 422

အခန်း (၄၂၂) ခြင်္သေ့ဟိန်းသံ

ဖန်ကျင်းမြင့်မြတ်နယ်မြေ အတွင်း၌။

နဂါးနက်ရှစ်ကောင်က မြေအောက်အကျဉ်းတိုက်အထက် ကောင်းကင်ယံတွင် မြင့်မြတ်ရထားလှည်းကို အလွန် လျင်မြန်သော အမြန်နှုန်းဖြင့် ဆွဲခေါ်သွားနေသည်။

သူတို့နောက်တွင် ကြီးမားခန့်ညားသော ဗုဒ္ဓရုပ်ပွားတော် ဒါဇင်ပေါင်းများစွာက နှေးကွေးလေးလံစွာ လိုက်ပါလာကြသော်လည်း လုံးဝ မမီနိုင်ကြပေ။

ထိုမြင်ကွင်းမှာ အနည်းငယ် ရယ်စရာကောင်းနေ၏။

"မပြေးနဲ့တော့။ နင့်မှာ သတ္တိရှိရင် အဲဒီရထားလှည်းပေါ်ကနေ ဆင်းခဲ့စမ်း။ ကောင်မလေး။"

လီချင်းရန်က နောက်သို့ လှည့်ကြည့်လိုက်ပြီး ဗုဒ္ဓရုပ်ပွားတော်တစ်ဆူ၏ ခေါင်းပေါ်တွင် ထိုင်နေသော ဒေါသထွက်နေသည့် သီလရှင်အိုကြီးကို နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။ "ဒါဆိုရင်လည်း ရှင်က အရင် လိုက်မဖမ်းဘဲ နေပါလား။"

သီလရှင်အိုကြီးက ကြောက်မက်ဖွယ်ကောင်းလှသည်။

ဤဗုဒ္ဓရုပ်ပွားတော်များအားလုံးက အလွန်အစွမ်းထက်ကြ၏။

သို့သော် သူတို့သည် အလွန်နှေးကွေးပြီး အထူးတိုက်ခိုက်ရေး နည်းလမ်းများ မရှိကြပေ။ ရုပ်ပွားတော်များက ဖျက်ဆီး၍မရသော ခန္ဓာကိုယ်များနှင့် ကြောက်မက်ဖွယ်ကောင်းသော ရိုင်းစိုင်းသည့် ခွန်အားအပေါ်တွင်သာ မှီခိုနေရသည်။ သူတို့၏ ဝိုင်းရံမှုကို ခံရပါက အမှန်တကယ်ပင် ကပ်ဘေးဆိုက်ပေလိမ့်မည်။

ကံကောင်းထောက်မစွာဖြင့်…

ဆရာဖြစ်သူ သူ့ကို ပေးထားသော နဂါးကိုးကောင် မြင့်မြတ်ရထားလှည်းက အလွန်ပင် တန်ဖိုးရှိကြောင်း သက်သေပြနေသည်။

နဂါးများအနေဖြင့် ဝိုင်းရံခံရပါက သေဆုံးသွားနိုင်သော်လည်း…

နဂါးကိုးကောင်က အလှည့်ကျ ပျံသန်းပေးခြင်းက အချိန်ဆွဲရန်အတွက် လုံလောက်စေသည်။

"တောင့်ခံထားကြ။ မင်းတို့အစ်ကိုအတွက် လက်စားချေပေးဖို့ ငါ့ဆရာ ခဏနေ ပြန်လာလိမ့်မယ်။"

လီချင်းရန်က နဂါးတစ်ကောင်၏ ဧရာမခေါင်းကြီးကို ပုတ်ပေးလိုက်သည်။

နဂါးတစ်ကောင်မှာ ရုပ်ပွားတော်များ၏ ဝိုင်းရံသတ်ဖြတ်ခြင်းကို ခံလိုက်ရပြီးဖြစ်သည်။

အခြားနဂါးများက လက်စားချေရန် ပြေးဝင်မည့်အရေးကို သူ တားဆီးခဲ့သည်။

ထိုသို့လုပ်ခြင်းက သိုးငယ်များကို သားသတ်ရုံသို့ ပို့သကဲ့သို့ ဖြစ်သွားပေလိမ့်မည်။

"ကောင်မစုတ်လေး။"

သီလရှင်အိုကြီးက ကောင်းကင်အပြည့် ဖြစ်နေသော နဂါးနက်များကို စိုက်ကြည့်ရင်း သွေးကြောများပင် ပေါက်ထွက်မတတ် ဒေါသထွက်နေသည်။

သူ ထိန်းချုပ်ထားသော ရုပ်ပွားတော်များလည်း ပျံသန်းနိုင်သော်လည်း၊ မွေးရာပါ မိုးပျံသားရဲများဖြစ်သော နဂါးများကို မယှဉ်နိုင်ပေ။ ဖန်ကျင်းမြင့်မြတ်နယ်မြေ တိုက်ခိုက်ခံရခြင်းက သူ့အတွက် အရေးမကြီးသော်လည်း မြေအောက်အကျဉ်းတိုက်သာ ကျိုးပေါက်သွားပါက ဆရာတော်ဖန်ယဲ့သည် သူ့ကို အရှင်လတ်လတ် အရေခွံဆုတ်ပစ်လိမ့်မည်။

ဖြစ်လာနိုင်သည့် ညှဉ်းပန်းနှိပ်စက်မှုကို စိတ်ကူးကြည့်ရုံဖြင့် သီလရှင်အိုကြီးမှာ တုန်ယင်သွား၏။

သူက မျက်မှောင်ကြုတ်ကာ အံကြိတ်လိုက်သည်။

ဤအခြေအနေတွင် သူ့အနေဖြင့် ကိစ္စများကို မြန်မြန် အဆုံးသတ်ရပေမည်။

"ကောင်မစုတ်လေး။ နင်က ငါ့ကို အကြမ်းသုံးဖို့ ဖိအားပေးတာပဲ။"

သီလရှင်အိုကြီးသည် လျှာကို ပြင်းပြင်းထန်ထန် ကိုက်လိုက်ရာ သွေးများ ပန်းထွက်သွားပြီး အိုးတစ်လုံးရှေ့တွင် နီမောင်းသော လက်များအဖြစ် ပုံဖော်လိုက်သည်။ သူက လက်သင်္ကေတများကို လျင်မြန်စွာ ပြုလုပ်ရင်း အော်ဟစ်လိုက်သည်။ "ပညာပါရမီဗုဒ္ဓများ၊ အရပ်ရှစ်မျက်နှာရဟန္တာများ၊ ယခု အခင်းအကျင်းကို ဖွဲ့တည်လော့။"

သူ၏အသံ တိတ်ဆိတ်သွားသည်နှ ဗုဒ္ဓရုပ်ပွားတော် သုံးဆယ့်ခြောက်ဆူစလုံးက ဗုဒ္ဓအလင်းရောင်များဖြင့် တောက်ပလာကြသည်။

သူတို့က ပျံသန်းနေသော မြင့်မြတ်ရထားလှည်းကို မလိုက်ဖမ်းတော့ဘဲ ကြာကန်၏ အစွန်းများဆီသို့ ရွေ့လျားသွားကြသည်။

လီချင်းရန်က ထူးခြားမှုကို သတိထားမိပြီး အောက်သို့ ငုံ့ကြည့်လိုက်သည်။

မြေကြီးတုန်ဟည်းလောက်သော ပေါက်ကွဲသံများနှင့်အတူ ကြာကန်တစ်ခုလုံး တုန်ခါသွားပြီး ၎င်း၏ ပတ်ပတ်လည်တွင် ကျောက်တိုင်ခုံ သုံးဆယ့်ခြောက်ခု ထွက်ပေါ်လာကာ ရုပ်ပွားတော်တစ်ဆူစီသည် ၎င်းတို့၏ သတ်မှတ်ထားသော နေရာများတွင် ဝင်ထိုင်လိုက်ကြသည်။

"ဒါက... အခင်းအကျင်း တစ်ခုလား။"

လီချင်းရန် မျက်မှောင်ကြုတ်သွား၏။

ကျောက်တိုင်ခုံ သုံးဆယ့်ခြောက်ခုက ဒုတိယတန်းစား အခင်းအကျင်း မျက်လုံးများ ဖြစ်ရပေမည်။

အဓိက အခင်းအကျင်း မျက်လုံးကတော့ ပုန်းကွယ်နေဆဲပင်။

ဤရုပ်ပွားတော်များသည် ပစ္စည်းများအဖြစ်ရော အခင်းအကျင်းယာဉ်များအဖြစ်ပါ အသုံးတော်ခံကြသည်။

စိုးရိမ်ပူပန်မှု တစ်ခု ကြီးထွားလ။ ဒီလောက် ပြင်ဆင်ပြီးတော့ ဒီသီလရှင်အိုကြီးက ဖျက်ဆီးအားပြင်းတဲ့ ပညာရပ် တစ်ခုခုကို ချန်ထားတာများလား။

ရုပ်ပွားတော်များ နေရာတကျ ဖြစ်သွားသောအခါ သီလရှင်အိုကြီး၏ သွေးလက်များက လက်သင်္ကေတများကို ထပ်မံပြောင်းလဲလိုက်ပြီး ဟိန်းဟောက်လိုက်သည်။

"ဗုဒ္ဓစွမ်းအားများ ငါ့ကို ခွန်အားပေးလော့။"

ဘုန်း…

ရုပ်ပွားတော် သုံးဆယ့်ခြောက်ဆူစလုံးက သီလရှင်အိုကြီးဘက်သို့ လှည့်လာကြသည်။

ရွှေရောင် ဗုဒ္ဓစွမ်းအားများက သူတို့ထံမှ ထွက်ပေါ်လာပြီး သီလရှင်အိုကြီးထံသို့ အရပ်မျက်နှာ အားလုံးမှ စီးဝင်သွားကြသည်။

ဤစွမ်းအင်၏ အာဟာရဖြည့်တင်းမှုကြောင့် သီလရှင်အိုကြီး ရှိနေသော အိုးမှာ ကွဲအက်သွားပြီး ခန္ဓာကိုယ် အပေါ်တွင် အသားများ ပြန်လည် ပေါက်ဖွားလာသည်။ ဖြူရော်ပြီး ဆွေးမြည့်နေသော ပုပ်ဟောင်နေသည့် အသားများပင်။

"ခစ်ခစ်ခစ်။ နင်က ဒီလိုဖြစ်အောင် ဖိအားပေးတာပဲ၊ ကောင်မလေး။"

သီလရှင်အိုကြီး၏ ခန္ဓာကိုယ်က အလောင်းကောင်အသားများဖြင့် ဖုံးအုပ်သွားပြီး ဆယ်ပေေကျော်မြင့်သော ကြောက်မက်ဖွယ် သတ္တဝါကြီးအဖြစ်သို့ ပြောင်းလဲသွားကာ သူ၏ မပြောင်းလဲသော ဦးခေါင်းမှာ ဤဖြူရော်ရော် အသားတောင်ကြီးအပေါ်တွင် ဘောလုံးတစ်လုံးကဲ့သို့ ရှိနေ၏။

"ငါ ဒါကို မသုံးချင်ခဲ့ဘူး။ တစ်ခါသုံးတိုင်း ငါ့ရဲ့ အသားတစ်စိတ်တစ်ပိုင်းကို ပေးဆပ်ရတယ်။ ဒါပေမဲ့လည်း ကိစ္စမရှိပါဘူး။ နင့်ကို သတ်ပြီး ဒီနဂါးလေး ရှစ်ကောင်ကို စားပြီးသွားရင် ခန္ဓာကိုယ်အသစ် ရလာမှာပဲ။"

ဤပြောင်းလဲမှုကို မြင်သောအခါ လီချင်းရန်က ကျန်ရှိနေသော နဂါးများကို ပို၍မြင့်သောနေရာသို့ တက်ရန် ချက်ချင်း အမိန့်ပေးလိုက်သည်။ သီလရှင်အိုကြီးနှင့် ယခင်က တိုက်ခိုက်ဖူးပြီး သူ့ဓားများက ရုပ်ပွားတော်များကို မထိုးဖောက်နိုင်ကြောင်း သိထားသဖြင့် အချိန်ဆွဲရန်သာ တတ်နိုင်သည်။

သို့သော် သူ၏ ပုံမှန်နည်းဗျူဟာများမှာ ယခု အလုပ်ဖြစ်တော့မည် မဟုတ်ပေ။

"ပြေးနေတုန်းလား။ ခစ်ခစ်။"

သီလရှင်အိုကြီးက အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။

ကြာကန်တစ်လျှောက် လေများတိုက်ခတ်လာပြီး၊ ရေများလှိုင်းထကာ၊ အပင်များ ကြမ်းတမ်းစွာ ဝဲလည်၍ သွားကြသည်။

သူ၏ ခန္ဓာကိုယ်အထက်ပိုင်းက လေထိုးထားသော ပူဖောင်းတစ်လုံးကဲ့သို့ ဖောင်းကားလာပြီး စိတ်ဝိညာဉ် ချီစွမ်းအင်များသည် မြစ်များ ပင်လယ်ထဲသို့ စီးဝင်သကဲ့သို့ စုဆုံလာကြသည်။

ထို့နောက် သူက ဖြူရော်နေသော လက်နှစ်ဖက်ကို ပါးစပ်ရှေ့တွင် အသံချဲ့စက်တစ်ခုကဲ့သို့ စုကိုင်လိုက်၏။

ဝေါင်း….

မြေကြီးတုန်ဟည်းလောက်သော ခြင်္သေ့ဟိန်းသံကြီး တစ်ခု ပေါက်ကွဲထွက်လာသည်။

ရွှေရောင် အသံလှိုင်းများက မျက်မမြင်ရသော တူကြီးများကဲ့သို့ အပြင်ဘက်သို့ ရိုက်ခတ်သွားပြီး လေထုကို ဆုတ်ဖြဲကာ မြင်နိုင်သော ယပ်တောင်ပုံစံ တုန်ခါမှုလှိုင်းများအဖြစ် ပြောင်းလဲသွားသည်။

၎င်းတို့ ဖြတ်သန်းသွားသော နေရာများတွင် ကျောက်တုံးများ ကွဲအက်သွားပြီး၊ သစ်ပင်များ ကျိုးကျကာ၊ မြေကြီးပေါ်တွင် ကျုံးများကဲ့သို့ ထွန်ယက်ခံလိုက်ရ၏။

ဖျက်ဆီးအားပြင်းသော အသံလှိုင်းများက လီချင်းရန်နှင့် နဂါးရှစ်ကောင်ထံသို့ လိမ့်ဝင်လာသည်။

ရုပ်ပွားတော်များနှင့် ရင်ဆိုင်ရာတွင် သူတို့က ရှောင်တိမ်းရန်အတွက် နဂါးများ၏ သွက်လက်မှုနှင့် အမြန်နှုန်း အပေါ်တွင် မှီခိုခဲ့ကြရသည်။

သို့သော် ဤအသံလှိုင်း တိုက်ခိုက်မှုမှာ အရပ်မျက်နှာပေါင်းစုံမှ လာခြင်းဖြစ်သည်။ ရှောင်တိမ်းရန် မဖြစ်နိုင်၊ ကာကွယ်ရန်သာ ရှိတော့သည်။

နဂါးရှစ်ကောင်က လီချင်းရန်ကို ဝိုင်းရံလိုက်ပြီး မိစ္ဆာစွမ်းအင်များကို ကာကွယ်ရေး အတားအဆီးများအဖြစ် စုစည်းလိုက်သည်။ ကြမ်းတမ်းသော်လည်း ထိရောက်သော ကာကွယ်မှုများ ဖြစ်သည်။

သို့တိုင် တုန်ခါမှုလှိုင်း သုံးခုကို ခံနိုင်ရည်ရှိပြီးနောက် အတားအဆီးများမှာ ကြေမွသွားခဲ့၏။

လီချင်းရန်နှင့် နဂါးများမှာ ခေါင်းမူးမိုက်စွာဖြင့် လွင့်ထွက်သွားပြီး အသိစိတ်များ ဝေဝါးသွားကာ ထိန်းချုပ်မရဘဲ အောက်သို့ ထိုးကျသွားကြသည်။

သူ၏ အောင်မြင်မှုကို မြင်သောအခါ၊ သီလရှင်အိုကြီးက ဝမ်းသာအားရဖြင့် ဖမ်းဆုပ်ရန် လက်များကို ဆန့်ထုတ်လိုက်ပြီး အရူးအမူး သွားရည်များ ကျလာကာ ပြုတ်ကျနေသော ပုံရိပ်များဆီသို့ ပြေးဝင်သွားသည်။

သို့သော် သူတို့ထံသို့ မရောက်ခင်တွင်…

"နောက်ဆုတ်စမ်း…"

မိစ္ဆာမီးတောက်များ ရစ်ပတ်နေသော အနက်ရောင် ဓားတစ်လက်က ကောင်းကင်မှ ကျဆင်းလာပြီး လက်နှစ်ဖက်စလုံးကို မျက်စိတစ်မှိတ်အတွင်း ဖြတ်တောက်လိုက်၏။

အနက်ရောင် ဒီရေများကဲ့သို့ လှိုင်းထနေသော မိစ္ဆာစွမ်းအင်များကြားတွင် ပုံရိပ်တစ်ခု ကျဆင်းလာရာ သူ၏ ပုံပန်းသဏ္ဌာန်ကို လုံးဝနီးပါး ဖုံးကွယ်သွားစေသည်။

သွေးဆာနေသော နီမြန်းသည့် မျက်လုံးတစ်စုံကသာ ဝဲဂယက်ကို ဖောက်ထွက်လာပြီး ရန်သူ့အပေါ်သို့ အေးစက်စွာ စူးစိုက်ကြည့်နေသည်။

"မိစ္ဆာလမ်းစဉ်ကျင့်ကြံသူ။။" သီလရှင်အိုကြီးက မိုရှုမိန်ကို မယုံနိုင်စွာ စိုက်ကြည့်နေသည်။ "နင်က ကျန့်ဝူ မြင့်မြတ်နယ်မြေ အဖွဲ့တွေနဲ့အတူ ပါလာတာလား။" သူ၏ နှုတ်ခမ်းများမှာ အရုပ်ဆိုးစွာ တွန့်လိမ်သွားသည်။ "ကောင်းတယ်၊ သိပ်ကောင်းတယ်။ ဖြောင့်မတ်ပါတယ်ဆိုတဲ့ ကျန့်ဝူမြင့်မြတ်နယ်မြေက မိစ္ဆာကျင့်ကြံသူတွေနဲ့ ပေါင်းသင်းနေတယ်ပေါ့။ ဘယ်လောက်တောင် ဝမ်းသာစရာကောင်းလိုက်လဲ။"

မိုရှုမိန်က သူ့ကို လျစ်လျူရှုထားပြီး လီချင်းရန်ကို နောက်ကြောင်းပြန်ကြည့်လိုက်သည်။

နဂါးရှစ်ကောင်က သူ့ကို သေချာစွာ ကာကွယ်ပေးခဲ့သော်လည်း ခြင်္သေ့ဟိန်းသံ၏ သက်ရောက်မှုကြောင့် သူတို့အားလုံး မူးဝေနေဆဲ ဖြစ်သည်။

[ ကောင်မလေး၊ ငါ မင်းကို သတိပေးခဲ့သားပဲ။ ဒီ နတ်အသွင်ပြောင်းခြင်း အခြေအနေက အမွှေးတိုင်တစ်တိုင်စာ အချိန်ပဲ ခံမှာ။ အဲဒီနောက်ဆိုရင် မိစ္ဆာစွမ်းအင်ရဲ့ တန်ပြန်သက်ရောက်မှုက… ]

[ ငါ ဒီတစ်ခါ နောက်နေတာ မဟုတ်ဘူး။ မင်း အရမ်း ဖိအားပေးလွန်းနေပြီ။ သေသွားနိုင်တယ်။]

မိုရှုမိန်၏ ခါးရှိ မိစ္ဆာဓားမှာ အလောတကြီး တုန်ခါနေ၏။

သူက ဓားရိုးကို ဆုပ်ကိုင်လိုက်ရုံသာ ဆုပ်ကိုင်လိုက်ပြီး နှာခေါင်းရှုံ့ကာ အော်လိုက်သည်။ "ပါးစပ်ပိတ်ထား။"

နောက်တစ်ခဏတွင် သူက မြေပြင်ကို ကန်ထွက်လိုက်ပြီး တစ္ဆေတစ်ကောင်ကဲ့သို့ ရုပ်ပွားတော်များဆီသို့ ပျံသန်းသွားသည်။

"သေစမ်း…" သူ၏ဓားက လေထုထဲတွင် မိစ္ဆာစွမ်းအင် လခြမ်းပုံတစ်ခုကို ရေးဆွဲလိုက်သည်။

သီလရှင်အိုကြီး၏ ပြန်လည်ပေါက်ဖွားလာသော လက်များက သူ့ရှေ့တွင် ယှက်သွားပြီး ဖြူရော်နေသော အသားများပေါ်တွင် ကျောက်သားပုံစံများ မျက်မြင်ထင်ရှားစွာ ပျံ့နှံ့သွားသည်။

ခွမ်း…

သတ္တုသံနှင့်အတူ သူ၏ပတ်လည်တွင် ရွှေရောင် ခေါင်းလောင်းပုံရိပ်ယောင်တစ်ခု ထွက်ပေါ်လာသည်။

ရက်စက်ကြမ်းတမ်းသော ခုတ်ချက်မှာ မှေးမှိန်သော အနက်ရောင် အမှတ်အသား တစ်ခုကိုသာ ချန်ရစ်နိုင်ခဲ့၏။

"ဒီလောက် အားနည်းတာလား။" သီလရှင်အိုကြီး၏ အမူအရာမှာ မှောင်မိုက်သွားပြီး အရုပ်ဆိုးသော အပြုံးတစ်ခု ပျံ့နှံ့လာသည်။

"နင် ဘာလို့ ကျန့်ဝူမြင့်မြတ်နယ်မြေဘက်ကနေ ရပ်တည်နေလဲတော့ ငါမသိဘူး။ ဒါပေမဲ့ နင့်ရဲ့ အသားတွေက အကောင်းဆုံး အာဟာရ ဖြစ်လာမှာပဲ။”

…

All Chapters