အစစ်လား အတုလားဆိုတာ ဝန်ဆောင်မှုဌာနကို မေးကြည့်လိုက်မယ်
Vol. 14 Ch. 133
ချင်းယွန်ဂိုဏ်း...
လုချန်ထျန်း၏ဒန်တျန် အဖျက်ဆီးခံလိုက်ရသည်မှာ အတော်လေး ကြာခဲ့ပြီ ဖြစ်သည်။
ပထမတွင် သူ ကိုယ့်ကိုယ်ကိုယ် သနားပြီး ဝမ်းနည်းနေခဲ့သော်လည်း အခုတော့ အတော်လေး စိတ်တည်ငြိမ်သွားလေပြီ။
လွန်ခဲ့တဲ့ ရက်အနည်းငယ်က တာအိုပညာရှင် ချင်းရွှမ်းသည် သူ၏ရုပ်ပိုင်းဆိုင်ရာခွန်အားကို ချီသန့်စင်ခြင်း အထွတ်အထိပ်အဆင့်နှင့် ညီမျှအောင် မြှင့်တင်ပေးနိုင်သော ဆေးလုံးတစ်လုံး ရှာပေးခဲ့၏။ သို့သော်လည်း ပေးဆပ်ရသော တန်ဖိုးကတော့ ကြီးမားလှသည်။ သူ၏ စိတ်ဝိညာဉ်သွေးကြောများ အစိပ်စိပ်အမွှာမွှာ ဖြစ်လုနီးပါးပင်။ အကယ်၍ ဒန်တျန်ကို ပြန်လည် မပြုပြင်နိုင်လျှင် သူက နောက်ထပ် ၅နှစ်သာ အသက်ရှင်နိုင်တော့မည် ဖြစ်၏။
ကျုံးကျိုးလျှို့ဝှက်နယ်မြေက သူ၏ တစ်ခုတည်းသော မျှော်လင့်ချက်ပင်။
“ဒါပေမဲ့ ချီသန့်စင်ခြင်း အထွတ်အထိပ်အဆင့်နဲ့တောင် ကျုံးကျိုးနယ်မြေထဲမှာ ငါ အမြှောက်စာပဲ ဖြစ်ဦးမှာ... ဟူး...”
ခွန်အားမရှိဘဲ လျှို့ဝှက်နယ်မြေထဲမှာ ဘယ်လို ထင်ပေါ်နိုင်မှာလဲ။ ပြီးတော့ ထင်ပေါ်ကျော်ကြားမှု မရှိရင်ကော... မြင့်မြတ်နယ်မြေက အကြီးအကဲတွေရဲ့ အာရုံစိုက်မှုကို ဘယ်လိုရမှာလဲ။ ဒါက ထွက်ပေါက်မရှိတဲ့ သံသရာကြီးလိုပဲ။
ဂူအတွင်းတွင် လုချန်ထျန်း လက်ဝှေ့ကျင့်စဉ်တစ်ခုကို အဆုံးသတ်လိုက်ပြီး ရေကန်ထဲမှ သူ၏ ပုံရိပ်ကို စိုက်ကြည့်နေခဲ့သည်။ အင်္ကျီမပါဘဲ ကြွက်သားများနှင့် တောင့်တင်းဖောင်းပွနေသည့် ခန္ဓာကိုယ်ကြီးကို ကြည့်ကာ စိတ်ပျက်နေမိ၏။
ယခင်က နတ်သားတစ်ပါးလို သွယ်လျကျော့ရှင်းသော ပုံစံမျိုးကိုသာ သူ ပြန်လိုချင်သည်။ သို့သော် သူ့တွင် ရွေးချယ်စရာ မရှိတော့။
“အစ်ကို ချန်ထျန်း...”
ဂူအပြင်ဘက်မှ ချိုသာသော အသံလေးတစ်ခု ထွက်ပေါ်လာ၏။
လုချန်ထျန်း၏ ညှိုးငယ်နေသော မျက်နှာက ချက်ချင်း ပြုံးရွှင်သွားခဲ့သည်။ ၎င်းမှာ မုပိုင်ရွှမ်ပင်။
သူက နေ့တိုင်းလာပြီး အားပေးတတ်သည်။ သူ၏ အဖော်ပြုပေးမှုကြောင့်သာ လုချန်ထျန်းက ဒန်တျန်ပျက်စီးသွားသော စိတ်ဒဏ်ရာမှ မြန်မြန်ဆန်ဆန် ရုန်းထွက်နိုင်ခဲ့ခြင်း ဖြစ်၏။ သူ၏ ဂရုစိုက်မှုများက အစစ်အမှန်ဟု သူ ယုံကြည်ထားလေသည်။
“ဝင်ခဲ့လေ၊ ဂျူနီယာညီမ...”
သူက အင်္ကျီမဝတ်ဘဲ ထိုအတိုင်းသာ နေလိုက်၏။ မည်သို့ပင် ဆိုစေကာမူ သူက ထိုကဲ့သို့ ခဏခဏ မြင်ဖူးပြီးသားပင်။ သူတို့ကြား ဟန်ဆောင်နေစရာ မလိုဟု သူ ထင်နေ၏။
မုပိုင်ရွှမ်ဟာ လက်ကလေး နှစ်ဖက်ကို နောက်ပစ်ပြီး ခုန်ပေါက်ရင်း ဝင်လာခဲ့သည်။ သူ လုချန်ထျန်း၏ ရင်ဘတ်ဗလာကြီးကို မြင်လိုက်ရချိန် သူ၏အပြုံး ခဏတာ တန့်သွားပြီး မျက်ဝန်းထဲတွင် ရွံရှာသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့၏။
တကယ့် နှာဘူးပဲ။ အရှက်မရှိတဲ့ ကောင်စုတ်။ ငါက ဒါကို အမြဲတမ်း ကြည့်ချင်နေတယ်လို့ ထင်နေတာလား...
သို့သော် အပြင်ပန်းတွင်တော့ သူ ဟန်ဆောင်ကောင်းနေဆဲပင်။ ပါးလေးနှစ်ဖက် နီမြန်းနေပြီး နားနားမှ ဆံနွယ်လေးကို လက်နှင့်လိပ်ရင်း နှုတ်ခမ်းလေးဆူကာ ပြောလိုက်၏။
“အိုး... အစ်ကို ချန်ထျန်းရဲ့ ကြွက်သားတွေက တကယ့်ကို အထင်ကြီးစရာပဲ... မြင်တိုင်း မြင်တိုင်း ညီမ ရင်တွေတောင် ခုန်တယ်...”
လုချန်ထျန်း ဂုဏ်ယူစွာဖြင့် ပြုံးလိုက်မိသော်လည်း ချက်ချင်း အသံထိန်းကာ ချောင်းတစ်ချက် ဟန့်လိုက်၏။ “ဒါနဲ့... ဒီနေ့ ဘာဖြစ်လို့ လာတာလဲ...ဂျူနီယာညီမ...”
“ဟီးဟီး... သတင်းကောင်းရှိတယ်...”
သူကနောက်တွင် ဝှက်ထားသော ကျမ်းစာအုပ်ကို ထုတ်ပြလိုက်၏ယ်။
“ကြည့်... ဂိုဏ်းရဲ့ လေလံရုံကနေ ခန္ဓာကိုယ်ကျင့်စဉ်တစ်ခုကို ညီမ ဝယ်လာပေးတာ။ ညီမ စုထားတဲ့ ပိုက်ဆံတွေ အကုန်သုံးလိုက်ရတာနော်... ဒါက တကယ့်ကို အစွမ်းထက်တယ်လို့ ပြောကြတယ်။ မြန်မြန် ကြည့်ကြည့်လိုက်ဦး...”
လုချန်ထျန်းက သူ၏ တောက်ပနေသော အပြုံးလေးကို ကြည့်ပြီး ရင်ထဲ နွေးထွေးသွားရသည်။
သူ ကျဆုံးသွားသော အချိန်တွင် လူအများ၏ သဘာဝကို သူ ကောင်းကောင်း မြင်လိုက်ရပြီးပြီ ဖြစ်သည်။ ယခင်က ချီးကျူးခဲ့သူများမှာ အခုတော့ လှောင်ပြောင်နေကြ၏။ ယခုအချိန် သူ့ကို အမှန်တကယ် ဂရုစိုက်သည်မှာ သူ့ဆရာ၊ ညီငယ်တပည့် အနည်းငယ်နဲ့ မုပိုင်ရွှမ်တို့သာ ရှိတော့သည်။
“ကျေးဇူးပါပဲ... ရွှမ်အာ။”
သူ၏ အသံက စိတ်လှုပ်ရှားမှုကြောင့် တုန်ရီနေ၏။ မည်သို့ပင် ဆိုစေကာမူ သူ့ကို ကာကွယ်ပေးမည်ဟု စိတ်ထဲမှာ ကျိန်ဆိုလိုက်သည်။ ထိုကျမ်းစာက တကယ် အသုံးဝင်မဝင်ကိုမူ သူ သံသယရှိနေသေး၏။
“အစ်ကို ချန်ထျန်း... ဒါကို ညီမ ဝယ်ပေးတယ်ဆိုတာ ဆရာ့ကို မပြောဘူးလို့ ကတိပေးနော်။” မုပိုင်ရွှမ် အနားသို့ တိုးကပ်လာပြီး ပြောလိုက်သည်။ “ဆရာသိရင် ညီမကို အသုံးမကျတဲ့ ကျမ်းစာတွေမှာ ပိုက်ဆံဖြုန်းတယ်ဆိုပြီး ဆူလိမ့်မယ်။”
လုချန်ထျန်း ခေါင်းညိတ်ပြပြီး ကျမ်းစာကို ဖတ်ကြည့်လိုက်သည်။
တစ်ချက် ကြည့်လိုက်ရုံနှင့်ပင် သူ၏မျက်လုံးများ ပြူးသွားရသည်။ ထိုကျမ်းစာက အလွန်ကို နက်နဲပြီး စနစ်ကျလွန်းလှ၏။ အမဲသား (သို့မဟုတ်) အသားအမြောက်အမြား စားသုံးပေးလျှင် သူ၏ ကျင့်စဉ်အဆင့်က တဟုန်ထိုး တက်လာလိမ့်မယ်လို့ ဆိုထား၏။
“အံ့ဩစရာပဲ... တကယ့်ကို အံ့ဩစရာပဲ... ကောင်းကင်ဘုံဝါးမျိုခြင်း သူတော်စင်ခန္ဓာကျင့်စဉ် ...”
သူက လက်သီးကို တင်းတင်းဆုပ်ထားရင်း စိတ်လှုပ်ရှားမှုဖြင့် တုန်ရီနေသည်။
“ဂျူနီယာညီမ၊ မင်းက ငါ့အတွက် တကယ့်ရတနာတစ်ခု ရှာပေးလိုက်တာပဲ... ဒါနဲ့ဆိုရင် ငါ ကျုံးကျိုးနယ်မြေထဲမှာ အားလုံးကို ချေမှုန်းပစ်နိုင်မှာပဲ... တကယ်လို့ မြင့်မြတ်နယ်မြေက အကြီးအကဲတွေ ငါ့ကို သတိထားမိသွားရင် ငါ့ရဲ့ ဒန်တျန်ကို ပြန်ပြုပြင်ပေးမှာ သေချာတယ်။ အဲဒီအခါကျရင် ငါက ခန္ဓာကိုယ်ကျင့်စဉ်ရော၊ ချီကျင့်စဉ်ပါ နှစ်မျိုးလုံးနဲ့ အရင်ကထက် ပိုပြီး သန်မာလာလိမ့်မယ်...”
“ဟီးဟီး.. အစ်ကို့ကို ကူညီရတာ ညီမအတွက် အပျော်ဆုံးပါပဲ...”
မုပိုင်ရွှမ်၏ အပြုံးက အလွန်ကို လှပလွန်း၏။ သို့သော် သူ ဂူထဲမှ တဖြည်းဖြည်း နောက်ဆုတ်ပြီး ထွက်လာချိန်မှာတော့...
ကောင်းကင်ဘုံဝါးမျိုခြင်း သူတော်စင်ခန္ဓာကျင့်စဉ် ဟုတ်လား...
သူ၏ နှုတ်ခမ်းများက လှောင်ပြုံးအဖြစ် တွန့်လိမ်သွားခဲ့သည်။
လူမိုက်ပဲ...
ထိုကျမ်းစာမှာ တကယ် ရေးထားသည်က ကောင်းကင်မိစ္ဆာ လောဘဇောကျင့်စဉ် ဟူ၍ပင်။
နောက်တစ်နေ့ မနက်ခင်း၌...
“ဘေဘီ... ဗိုက်ကလေး.. ဂျိန်းဂျိန်းဂျိန်း...♪”
မနက် ၆နာရီတိတိတွင် ဖုန်းမှ အချက်ပေးသံ အော်လာခဲ့သည်။
ချန်ဟွိုက်အန်က ဒုံးပျံတစ်စင်းလို ခုတင်ပေါ်မှ ဝုန်းခနဲ ထလိုက်ပြီး အားသွင်းထားသော ဖုန်းကို လှမ်းယူလိုက်၏။
သူက ကျွမ်းကျင်လှသော လှုပ်ရှားမှုများနှင့်အတူ လျှို့ဝှက်နံပါတ် ၆၄လုံးကို ရိုက်ထည့်ပြီး ဝှက်ထားသော ဖိုဒါကိုဖွင့်ကာ ပုံရိပ်ယောင်ကောင်မလေး ဂိမ်းထဲကို လက်ဗွေနှိပ် ဝင်လိုက်သည်။
[ကျန်ရှိသော သက်တမ်း - ၄၉ ရက်]
[ ယနေ့ ကံကြမ္မာ - ကံအနည်းငယ်ကောင်း၏။ အချစ်ရေးအတွက် ကောင်းမွန်သော်လည်း၊ ဆေးရုံပြသရန် မကောင်းပါ ]
“ဟာ... ကံကလည်း ဆိုးချက်...”
ချန်ဟွိုက်အန် စိတ်ပျက်သွားမိသော်လည်း နောက်ထပ်ထွက်လာသော အသိပေးချက်ကြောင့် မျက်လုံးများ ဝင်းခနဲ ဖြစ်သွားရ၏။
[ သင်ရဲ့ ပုံရိပ်ယောင် ကောင်မလေး လီချင်းရန်က သင့်ထံသို့ လက်ဆောင်လေးတစ်ခု ပေးပို့လိုက်ပါသည်။ လက်ဆောင် ရောက်ရှိနေပါပြီ ]
ခေါင်းကို လှည့်ကြည့်လိုက်ရာ အမှန်တကယ်ပင် ခုတင်ပေါ်၌ အထုပ်နှစ်ထုပ် ပေါ်လာသည်။
ရောက်လာပြီဟေ့...
သူ ဖုန်းနှင့် စကန်ဖတ်ပြီး အထုပ်များကို ဖွင့်ကြည့်လိုက်၏။
အတွင်းထဲမှာတော့ သိုလှောင်အိတ် တစ်လုံးနဲ့ ရနံ့သာအိတ် သုံးအိတ်ပင်။
ရနံ့အိတ်များဆီမှ ပန်းရနံ့လေးနှင့် နို့နံ့သင်းသင်းလေး ထွက်နေ၏။ အမှန်တကယ် မွှေးသော်လည်း သူ တစ်ခါမှ မခံစားဖူးသော အနံ့မျိုးပင်။
ချန်ဟွိုက်အန် မျက်မှောင်ကြုတ်ပြီး သိုလှောင်အိတ် အစအနကို ကြည့်လိုက်၏။
ဒီလို အစအနမျိုးကို တစ်ခါမှ မမြင်ဖူးပါဘူး။ ဒါက ဂိမ်းထဲက ဆိုင်မှာ ဝယ်လို့ရတဲ့ ပစ္စည်း မဟုတ်ဘူး။ ငါ ဝယ်ပေးထားတဲ့ အဝတ်အစားတွေလည်း မဟုတ်ဘူး။
ဒါဆိုရင်...
ဒါက တကယ်ပဲ လီချင်းရန်ဆီကလား။ သူ့ရဲ့ လီချင်းရန်လေးဆီကနေလား...
ဒါမှမဟုတ်... ဒါက သူရဲ့ တကယ့် အဝတ်အစားဟောင်းတွေလား...
မဟုတ်သေးဘူး... သူ ဒီလိုအစအနမျိုး ဝတ်ထားတာကို မမှတ်မိဘူး။
နေဦး... အခုချက်ချင်း ကောက်ချက်ချဖို့က စောလွန်းနေသေးတယ်။
ချန်ဟွိုက်အန်၏ မျက်လုံးများ စဉ်းစားခန်း ဝင်နေ၏။
ဂိမ်းထဲက ဟာကွက်တစ်ခုခုကို သုံးပြီးတော့ လီချင်းရန်ကို တိုက်ရိုက် မေးကြည့်ရမလား...
ဒါမှမဟုတ်...
ထားလိုက်ပါတော့။ ဝန်ဆောင်မှုဌာနကိုပဲ မေးကြည့်တာ ပိုမကောင်းဘူးလား...