← Chapters

ငါ မင်းကို ဖော်ထုတ်မယ်

Vol. 7 Ch. 63

ငါ မင်းကို ဖော်ထုတ်မယ်

Vol. 7 Ch. 63

“အစ်ကိုအန်၊ ကင်ဆာအတွက် တကယ်ပဲ ဆေးမရှိတော့ဘူးလား...”

“မရှိဘူး...”

“ပိုက်ဆံနဲ့တောင် မရနိုင်ဘူးလား...”

“ဟင့်အင်း...”

“စိတ်မကောင်းပါဘူး...” ဟု စုရှင်းချန်က တောင်းပန်သလို ခေါင်းငုံ့လိုက်သည်။

“ရပါတယ်၊ ဟားဟား...”

စုရှင်းချန်က ချန်ဟွိုက်အန်ကို အတိုင်းအဆမရှိ သနားဂရုဏာ ဖြစ်မိသည်။

သို့သော် သူ့မျက်နှာပေါ်မှ တည်ငြိမ်သော ယုံကြည်မှုကို ကြည့်လိုက်သည့်အခါ သူတွင် သူ့ကို သနားပိုင်ခွင့် မရှိဘူးဆိုတာ သိလိုက်ရသည်။

ထိုလူသည် အလင်းရောင်နှင့် နွေးထွေးမှုများကို ပေးနေသူ ဖြစ်သည်။

သူ့ကို သနားရန် မလိုအပ်ပေ။

သူ့ဘဝက လူအများစုထက် အများကြီး ပို၍ ထူးခြား တောက်ပနေခဲ့သည်။

ထိုကဲ့သို့မျိုးကို လူများက “ကောင်းကင်၏မနာလိုခြင်း” ဟု ဆိုလိုခြင်း ဖြစ်ပေလိမ့်မည်။

နတ်ဘုရားများက သူ့ကို တုနှိုင်းမဲ့အလှကို ပေးခဲ့ပြီး အသက်န်ကို ပြန်ယူခဲ့သည်။

ဝမ်းနည်းစရာ ဇာတ်လမ်း ဖြစ်သင့်သည်ကို သူ၏ မယိုင်လဲသော အကောင်းမြင်စိတ်ကြောင့် လှုံ့ဆော်မှု ပေးသော ဟာသအဖြစ် ပြောင်းလဲပစ်ခဲ့သည်။

သူတို့၏ စကားပြောဆိုမှု အားလုံးကို တိုက်ရိုက်ထုတ်လွှင့်မှုတွင် ရိုက်ယူထားခဲ့၏။

အခုဆိုလျှင် စကားဝိုင်းထဲမှ ချိုင်ရီဖန်၏ ပရိသတ်များ လုံးဝ ပျောက်ကွယ်နေခဲ့လေပြီ။

မှတ်ချက်တိုင်းက စိတ်ခံစားချက်များ သက်သက်ပင်။

[ ငိုနေပြီ... ဒီလူက အရမ်းကို စိတ်မာတာပဲ... ]

[ အစ်ကိုအန်၊ ခင်ဗျားရဲ့ ခရီးကို ကျွန်တော်တို့ အားလုံး မျက်မြင်သက်သေ ဖြစ်ပေးပါ့မယ်... ]

[ သူ့ကို နောက်ကျလို့ ဆဲနေခဲ့တာ... အခု အရမ်း အပြစ်ရှိသလို ခံစားရတယ်... ]

[ ဒီရှိုးပွဲက မကြည့်မဖြစ် ကြည့်ရမယ့် ရှိုးပွဲ ဖြစ်သွားပြီ ]

ဒါရိုက်တာကျန်း သက်ပြင်းချလိုက်သည်။

လူများက အရမ်း ဟန်ဆောင်လွန်းလှသည်။

အွန်လိုင်းပရိသတ်များက ပို၍ပင် ဟန်ဆောင်ကြသည်။

ခုနကပဲ သူတို့သည် ချန်ဟွိုက်အန်ကို ထုတ်ပစ်ဖို့ အော်ဟစ်နေကြသည်။

အခုတော့ ငိုပြနေသူကြများသာ...

သို့သော်လည်း မည်သူမှ မသိသည်က အပြင်ပန်းတွင် တည်ငြိမ်နေသော်လည်း ချန်ဟွိုက်အန် ဒုက္ခရောက်နေခြင်းပင်။

သူက ဖုန်းကို အလွန်အမင်း စစ်ဆေးချင်နေခဲ့သည်။

လီချင်းရန် အခုလောက်ဆို လင်းရှီးတောင်ကြားကို ဘေးကင်းကင်းနဲ့ ရောက်နေပြီလား။

တပည့်အသစ်တစ်ယောက်ဖြစ်လို့ အနိုင်ကျင့်ခံနေရတာလား။

ကံဆိုးစွာပင် ရှိုးပွဲ ပြီးသည့်အထိ ဂိမ်းမကစားနိုင်ပေ။

ကင်မရာများက သူ့ဆီ အာရုံမစိုက်သည့်အခါမှ ဖုန်းကို ခိုးကြည့်ခြင်းမျိုးသာ ပြုလုပ်နိုင်ပေမည်။

...ဒါပေမဲ့လည်း ဒီကင်မရာသမားက ငါ့ကို အမြဲတမ်း ရိုက်နေတော့မှာလား...

ချန်ဟွိုက်အန် မျှော်လင့်ချက် မရှိတော့မလို ခံစားလိုက်ရသည်။

တစ်ချိန်တည်းမှာပင် ချိုင်ရီဖန်က အကြံအစည် လုပ်နေခဲ့သည်။

“အား... ရုတ်တရက်ဆိုသလို အရမ်း တက်ကြွလာသလို ခံစားရတယ်... အဖွဲ့ကို ဦးဆောင်လို့ ရမလား...”

သူက ရှေ့ကို ခုန်ပေါက်သွားပြီး လမ်းပြကို မေးလိုက်သည်။

“မင်း ဦးဆောင်ချင်လို့လား...”

လမ်းပြ၊ အငြိမ်းစား တောင်တက်သမားတစ်ယောက်က ချိုင်ရီဖန်၏ ပိန်သွယ်သော လက်မောင်းနှင့် ခြေထောက်များကို ကြည့်လိုက်သည်။

သူက အတွင်းစိတ်ထဲမှ သက်ပြင်းချလိုက်၏။

“ဒါက ခရီးသွား လမ်းကြောင်း မဟုတ်ပါဘူး...”

လမ်းပြက စိတ်ရှည်လက်ရှည် ရှင်းပြသည်။

“ညအချိန်လည်း ဖြစ်နေတယ်။ တောရိုင်းတိရစ္ဆာန်နဲ့ တွေ့တာမျိုးလို မထင်ထားတာ တစ်တစ်ခုခု ဖြစ်လာခဲ့ရင် ချက်ချင်း ဆုံးဖြတ်ချက်ချဖို့ လိုတယ်။ မဟုတ်ရင် သူတို့ကို စိန်ခေါ်သလို ဖြစ်သွားနိုင်တယ်။ မင်း သေချာရဲ့လား...”

တောရိုင်းတိရစ္ဆာန်တွေ ဟုတ်လား..

၂၀၃၄ မှာလား...

ချိုင်ရီဖန် ရယ်မိလုနီးပါး ဖြစ်သွားခဲ့သည်။

တောရိုင်းတိရစ္ဆာန်တွေ ရှိရင်တောင်မှ ဒီလောက် လူအုပ်ကြီးကို တိုက်ခိုက်ဖို့ သတ္တိ ရှိပါ့မလား...

ထိုလမ်းပြက လစာအတွက်သာ စိတ်ပူနေခြင်းသား ဖြစ်ပေလိမ့်မည်။

အဖွဲ့ခေါင်းဆောင် နေရာကို တခြားသူဆီ ပေးလိုက်ရင် လစာ အဖြတ်ခံရမှာမို့လို့ နေမယ်။

ပုံမှန် အောက်ခြေအလုပ်သမားတွေရဲ့ အမူအကျင့်ပဲ။

ချိုင်ရီဖန် အတွင်းစိတ်ထဲ လှောင်ပြောင်လိုက်၏။

သူတို့ ဘယ်လောက်ပဲ ကြိုးစားလုပ်လုပ် ငါ့လို ထိပ်တန်းအိုင်ဒေါတစ်ယောက်နဲ့ ဘယ်တော့မှ ယှဉ်နိုင်မှာ မဟုတ်ဘူး။

“စိတ်မပူပါနဲ့၊ ဦးလေး... ကျွန်တော်က ကလေးဘဝတုန်းက ရှောင်လင်မှာ လေ့ကျင့်ခဲ့တာ... ကျုပ်မှာ တုန်ကျိကုန်း ရှိနေတုန်းပဲ။ ကျွန်တော့်ရဲ့ စွမ်းအားတွေ မပျောက်သေးပါဘူး...”

“ကျွန်တော် အရမ်း သန်မာတယ်... ဝက်ဝံကို တွေ့ရင်တောင် ခေါက်ချပစ်လိုက်လို့ရတယ်...”

သူ့ကိုယ်သူ “သက်သေပြ” ရန်အတွက် ချိုင်ရီဖန်က သူ့၏ “ကြွက်သားများ” ကို ပြလိုက်သည်။

မှန်ပေသည်။ သူက ရှောင်လင်ကို သွားခဲ့ဖူးသည်။ သို့သော် တစ်လ မပြည့်ခင်မှာပင် ထွက်လာခဲ့၏။

ထိုအချိန်က အတွေ့အကြုံ တန်ဖိုးမရှိကြောင်း သူ ထင်ခဲ့သည်။ သို့သော် သူ နာမည်ကြီးလာပြီးနောက် သူ၏ အေဂျင်စီက ထိုအဖြစ်အပျက်ကို ပြန်လည် ပြင်ဆင်ခဲ့လေသည်။

“ရှောင်လင်မှာ လေ့ကျင့်ထားခဲ့တဲ့သူ၊ ဖြူစင်တဲ့ နှလုံးသားပိုင်ရှင်...”

“ကိုယ်ခံပညာ နောက်ခံရှိတဲ့သူ၊ ခန္ဓာကိုယ် သန်မာသူ...”

“စည်းကမ်းရှိသူ၊ ကြံ့ခိုင်သူ၊ ကြိုးစားသူ...”

ပုံရိပ်ကို ရောင်းစားနိုင်ရန်အတွက် သူ့ကုမ္ပဏီက သူ့ကို စတိတ်ဖိုက်တင် တစ်လ လေ့ကျင့်ပေးခဲ့သည်။

အားနည်းပုံ ပေါက်နေသည့်တောင် အရေးမကြီးပေ။ ကြည့်ကောင်းနေသရွေ့ အဆင်ပြေ၏။

သူ၏ ဦးနှောက်သေနေသော ပရိသတ်များက ကွာခြားချက်ကို သိလိမ့်မည် မဟုတ်ပေ။

တချို့အချိန်များတွင် သူကိုယ်တိုင် ကိုယ်ခံပညာရှင်တစ်ယောက်ဟု ယုံကြည်လာခဲ့သည်။

ထို့ကြောင့် သူက အွန်လိုင်းဂိမ်းများတွင် အဖွဲ့ကို ဦးဆောင်တိုင်း “အကူ”ကို အမြဲတမ်း ပြောတတ်သည်။ “စိတ်ချလိုက်။ ငါက သန်မာတယ်။ ငါ့နောက် လိုက်ခဲ့ရုံပဲ...”

ထို့နောက် ငါးမိနစ်အကြာမှာ သေသွား၏။

သို့သော် သူက သူ့ကိုယ်သူ အရမ်းတော်ကြောင်း ခံစားနေခဲ့ရဆဲပဲ။

ချိုင်ရီဖန် – “ထာဝရအသေခံသူ”။

လမ်းပြက အငြင်းမပွားချင်ပေ။ ထိုအစား သူက ဒါရိုက်တာကျန်းကို မေးခွန်းထုတ်သည့် အကြည့်ဖြင့် ကြည့်လိုက်သည်။ ဒါရိုက်တာက သူ့ကို လစာပေးထားခြင်း ဖြစ်သည်။ ဒါရိုက်တာက ခွင့်ပြုလျှင် သူ ရှောင်ပေးလိုက်မည် ဖြစ်သည်။

ဒါရိုက်တာကျန်း မျက်မှောင်ကြုတ်လိုက်သည်။

ချိုင်ရီဖန်က အခု ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။

သူ့ပုံရိပ်ကို ပြန်ပြင်ဖို့ ကြိုးစားနေတာ ဖြစ်မယ်။

ချိုင်ရီဖန်၏ အေဂျင်စီက နာနတ်သီးတီဗီနှင့် သဘောတူညီမှု ရှိထားသည့်အတွက် ဒါရိုက်တာကျန်းက သူ့ကို ဒီအခွင့်အရေး တစ်ကြိမ်ပေးရန် မဝံ့မရဲ ဆုံးဖြတ်လိုက်သည်။

“သူ့ကို ဦးဆောင်ခွင့်ပေးလိုက်ပါ...”

လမ်းပြက ခေါင်းညိတ်ပြီး နောက်ဘက်ကို ဆုတ်သွားသည်။

ထိုအရာက အမှန်တကယ်တွင် ဒုတိယ အရေးအကြီးဆုံး နေရာဖြစ်သည်။

ဝံပုလွေကဲ့သို့ သားရဲတိရစ္ဆာန်များက အခွင့်အရေးကို စောင့်ပြီး အဖွဲ့ကြီးများ၏ နောက်မှနေ၍ လိုက်တတ်ကြသည်။

သို့သော် ထုတ်လုပ်ရေးအဖွဲ့ထဲမှ မည်သူမှ ဒီဖြစ်နိုင်ခြေကို မစဉ်းစားခဲ့ကြသည်မှာ ထင်ရှား၏။

တစ်ချိန်တည်းမှာပင် တိုက်ရိုက်စကားဝိုင်းက အဖွဲ့များအဖြစ် ကွဲထွက်သွားခဲ့လေသည်။

[ အစ်ကိုဖန်က အဖွဲ့ကို ဦးဆောင်မှာလား။ အရမ်း သတ္တိရှိတာပဲ... (ဒါပေမဲ့ အစ်ကိုထိပ်ပြောင်လောက် မချောဘူး) ]

[ အစ်ကိုဖန်နဲ့ အစ်ကိုဟွိုက်အန်တို့ အတူတူ အဖွဲ့ဖွဲ့မှာလား။ အလိုက်ဖက်ဆုံးပဲ... ]

[ အစ်ကိုဟွိုက်အန်က အချောဆုံးပဲ... ရွံစရာ ဖန်ပရိသတ်တွေ... လာမရှုပ်နဲ့... ]

[ ဟေး... ငါက အစ်ကိုဖန်ရော အစ်ကိုဟွိုက်အန်ကိုကိုရော ချစ်တယ်... နှစ်ယောက်လုံးကို ထောက်ခံလို့ မရဘူးလား... ]

[ ဟုတ်တယ်လေ... အစ်ကိုဟွိုက်အန်...ကျွန်မတို့လည်း အစ်ကို့ကို ချစ်တယ် ]

ချန်ဟွိုက်အန်က သူ၏ ပရိသတ်အင်အားစုက လျှပ်စီးလို မြန်ဆန်စွာ တိုးတက်နေတယ်ဆိုတာကို မသိခဲ့။

သူ၏ ပရိသတ်အသစ်များ ချိုင်ရီဖန်၏ ပရိသတ်များနှင့် စတင် တိုက်ခိုက်နေကြေင်းကိုလည်း မသိခဲ့။

ထူးဆန်းသောအရာက တိုက်ပွဲမှာ မယုံနိုင်လောက်အောင် အားနည်းနေခဲ့၏။

ချိုင်ရီဖန်၏ ပရိသတ်များပင် တွေဝေနေကြသည်။

အကြောင်းမှာ သူတို့၏ စိတ်ရင်းအမှန်တွင်ပင် ပြန်တိုက်ခိုက်ချင်စိတ် မရှိကြ၍ပင်။

ဒီထိပ်ပြောင်က အရမ်းကို ချောနေခဲ့တာ။

သူက ဘုရားသခင်ရဲ့ ကောင်းချီးမင်္ဂလာတွေ အထပ်ထပ် ရထားသလိုပဲ။

ဝေဖန်စရာ ဘာမှ မရှိဘူး။

သူ့ကို စော်ကားဖို့ ကြိုးစားရင်တောင် မှားနေသလို ခံစားရတယ်။

သူ့မျက်နှာကို ကြည့်လိုက်တိုင်း ရန်လိုမှုတွေ အရည်ပျော်သွားတယ်။

သူတို့ လုပ်ချင်တာက... ကြည့်နေရုံပင်။

တိတ်တဆိတ်နှင့်...

တရားထိုင်နေသည့် ဘုန်းတော်ကြီးများကဲ့သို့ပင်။

ချိုင်ရီဖန်က ခေါင်းဆောင်နေရာကို အပြည့်အဝ အခွင့်အရေးယူလိုက်သည်။

“အားလုံးပဲ ဆက်ပြီး ရှေ့ဆက်ကြမယ်...”

သူက လက်မောင်းများကို ဖြန့်ပြီး အော်လိုက်သည်။

“ဒီအရှိန်နဲ့ဆို ထိပ်ကို ရောက်ဖို့ ဘယ်လောက်ကြာမလဲ...”

“အားလုံး ထျန်းမင်တောင်ရဲ့ ပထမဆုံး နေထွက်တာကို မမြင်ချင်ကြဘူးလား...”

“တစ်၊ နှစ်၊ သုံး...တက်ကြမယ်...”

သူက အရှိန်မြှင့်လိုက်သည်။

ကင်မရာသမားက သူ့ကို အမီလိုက်ရန် အသည်းအသန် ပြေးလိုက်နေရသည်။

တခြား နာမည်ကြီးများကလည်း ဖန်သားပြင်ပေါ်မှ အချိန်ဆုံးရှုံးမည်ကို ကြောက်၍ ထိန်းပြီး လိုက်နေကြသည်။

စုရှင်းချန်လည်း လိုက်သွားလုနီးပါး ဖြစ်ခဲ့သည်။

သို့သော် သူက ချန်ဟွိုက်အန်၏ တောင်ဝှေးကို တစ်ချက် ကြည့်လိုက်ပြီး သူ၏ နှလုံးသား ပျော့ပျောင်းသွားခဲ့သည်။

“အစ်ကိုအန်....အဆင်ပြေရဲ့လား။ အကူအညီလိုလား...”

“အဆင်ပြေပါတယ်...”

ချန်ဟွိုက်အန်က ပြုံးပြသည်။

“ကျွန်တော် တောင်ဝှေးနဲ့ အသားကျနေပါပြီ။ အမှန်အတိုင်း ပြောရရင် ကျွန်တော်က ခင်ဗျားထက်တောင် ပိုမြန်နိုင်တယ်...”

အကြောင်းမှာ သူက စူပါမန်း ဖြစ်နေ၍ပင်။

အကူအညီလား။

လုံးဝ မလိုအပ်ပေ။

သူက အရှိန်ကို မြှင့်လိုက်၏။

သူ၏ ညာခြေထောက်က ယနေ့ညတွင် မယုံနိုင်လောက်အောင် သန်မာနေသည်။

အဆုံးမဲ့ စွမ်းအင်များ ရှိနေသလိုမျိုးပင်။

စုရှင်းချန်က သူ့ကို ကျော်တက်သွားတာကို အံ့သြစွာ ကြည့်နေခဲ့သည်။

...ဒါက မသန်စွမ်းသူတစ်ယောက်ရဲ့ အရှိန်လား။

သူ ခဏတာ သံသယ ဖြစ်သွားခဲ့သည်။

သို့သော် ၎င်းက ကိုယ့်ကိုယ်ကို အပြစ်တင်မှုအဖြစ် လျင်မြန်စွာ ပြောင်းလဲသွားခဲ့၏။

“သူက ငါတို့အတွက် ကြိုးစားနေတာ ဖြစ်လိမ့်မယ်... သူ နာကျင်နေမှာပဲ...”

“တကယ်ကို ငိုချင်သွားပြီ..”

ရှေ့မှ ချိုင်ရီဖန်၏ မျက်လုံးများက တောက်ပနေခဲ့သည်။

“သူ ငါ့ထောင်ချောက်ထဲ ဝင်လာပြီ...”

“ငါ ထင်ထားသလိုပဲ...”

သူ တွေးလိုက်သည်။

“သူက အခြေအနေကို ဟန်ဆောင်နေတာဆိုရင်... လူတွေ သတိထားမိသွားမှာပဲ...”

ပြီးတော့ ငါ သူ့ကို ဖော်ထုတ်ပစ်မယ်။

တစ်ချိန်တည်းမှာပင် သူတို့၏ အပေါ်ဘက် သစ်ပင်များကြားတွင် ပုန်းအောင်းနေသည့်...

အလယ်တန်းကျောင်းသူအရွယ် မိန်းကလေးတစ်ယောက်က သစ်ကိုင်းတစ်ခုပေါ် ပျင်းရိစွာ ထိုင်နေကာ ကျောပိုးအိတ်ကို ဖိနပ်တွင် ချိတ်ထား၏။

လေတိုက်ခတ်မှုက သစ်ရွက်များကို တဖျတ်ဖျတ် လှုပ်ခတ်သွားစေသည်။

သူက လေကို ရှူသွင်းလိုက်ပြီး..

မျက်လုံးများ အေးစက်စွာ တောက်ပသွားခဲ့၏။

“ဒုက္ခပဲ။ မိစ္ဆာချီစွမ်းအင်...”

All Chapters