← Chapters

ရေသူမိစ္ဆာနဲ့ယှဉ်ရင် ဘယ်လိုနေလဲ

Vol. 21 Ch. 202

ရေသူမိစ္ဆာနဲ့ယှဉ်ရင် ဘယ်လိုနေလဲ

Vol. 21 Ch. 202

ကြက်သွေးရောင် ပြတင်းပေါက် ရာဇမတ်ကွက်များ အကြားမှ ငွေလရောင်မှာ သဲပွင့်လေးများလို တဖွဲဖွဲ စီးကျလာပြီးနောက် ကုတင်ထက်မှ မိန်းကလေး၏ ကျောက်စိမ်းလို ဖြူဖွေးသော ခြေဖျားလေးများကို လင်းထိန်သွားစေသည်။

လီချင်းရန်က အလေးချိန် မရှိသလောက် ပေါ့ပါးသော ပိတ်စလေးကို လက်ချောင်းလေးများကြား ကိုင်ထားရင်း တိမ်တိုက်တစ်ခုလို နူးညံ့သော အထိအတွေ့ထဲ နစ်မြောနေမိ၏။

“ဒါက ဆရာပြောတဲ့ ပိုးသားဖြူ ဆိုတာလား။ အနောက်ဘက်ဒေသက အတော်လေး ရှားပါးတဲ့ နှစ်တစ်သောင်းသက်တမ်းရှိ ဆောင်းဦးနားစွင့်ပိုးကောင်ဆီက ရတဲ့ ပိုးချည်မျှင်တွေနဲ့ တစ်ပင်ချင်း ရက်လုပ်ထားတာလို့ ပြောတာပဲ...”

သူက သိချင်စိတ်ဖြင့် ထိုပါးလွှာသော ခြေအိတ်ရှည်လေးကို ပါးပြင်နဲ့ ပွတ်ကြည့်လိုက်မိ၏။ အေးမြပြီး ချောမွတ်သော အထိအတွေ့ကြောင့် သူ၏ ကျောရိုးတစ်လျှောက် စိမ့်ခနဲ ဖြစ်သွားကာ နားရွက်လေးတွေမှာလည်း ပန်းနုရောင် သန်းသွားတော့သည်။

၎င်းကို မည်သို့ဝတ်ရမည်ကို ဆရာက အကြမ်းဖျင်း ရှင်းပြခဲ့၏။ သို့သော် ခံစားချက်ကတော့ အနည်းငယ် ထူးဆန်းနေဆဲပင်။

လီချင်းရန်က ပေါင်အထက်ပိုင်းမှ ချည်ကြိုးလေးကို အသာအယာ ဆွဲလိုက်ပြီး ကျန်နေသော ပိတ်စများကို ခြေချောင်းလေးများတွင် တင်းတင်းလေး ဖြစ်အောင် ပြုပြင်လိုက်သည်။ ထိုအခါကျမှ ပို၍ အံကိုက်ချောမွတ်သွားတော့သည်။

ကာရံထားတဲ့ ကန့်လန့်ကာနောက်မှ လက်ချောင်းနှင့်ခေါက်သံ ခပ်တိုးတိုး ထွက်လာ၏။

[ အဆင်ပြေရဲ့လား ]

ကြည်လင်ပြီး အေးစက်သော အသံထဲတွင်တော့ စနောက်လိုသော အရိပ်အယောင်လေးများ ပါဝင်နေသည်။

လီချင်းရန်က ခြေထောက်နှစ်ဖက်ကို ချက်ချင်း စေ့ထားလိုက်ပြီး ဖြူဖျော့တဲ့ စကတ်စလေးများက အောက်ကို ဆင်းသွားကာ သူ၏ ဖြူဖွေးသော အသားအရေကို မထင်မရှားလေးသာ မြင်တွေ့ ရတော့သည်။ မက်မွန်ပန်းများပေါ် ဆီးနှင်းများ ပါးပါးလေး ကျနေသလိုပင်။

“ဒါ... ဒါက လျှောကျသွားတော့မလို ခံစားနေရတယ်...”

သူက စကတ် အနားသတ်ကို တင်းတင်းဆုပ်ကိုင်ထားပြီး မျက်နှာကို တစ်ဝက်လောက်ကိုသာ ဖော်ပြထား၏။ သူ၏ လှုပ်ရှားမှုတိုင်း လက်ကောက်ဝတ်မှ ခေါင်းလောင်းလေးက တိုးတိုးလေး မြည်နေလေသည်။

ရုတ်တရက်ဆိုသလို သူ၏ ခြေကျင်းဝတ်ကို တစ်စုံတစ်ခုက အသာအယာ ဆွဲလိုက်သလို ခံစားလိုက်ရ၏။

ဝါးရိုးနှင့် လုပ်ထားသော ခေါက်ယပ်တောင်တစ်ခုက ပါးလွှာသော ကန့်လန့်ကာကို ပင့်တင်လိုက်ပြီး သူ၏ တင်းမာနေသော ခြေဖျားလေးကို လာထိသည်။

စန္ဒကူးနံ့ သင်းပျံ့ပျံ့လေးနှင့်အတူ သူ၏ဆရာက အနားကို တိုးကပ်လာ၏။

[ ဒါကို ဒီလိုမျိုး ချည်ရမှာ ]

ယပ်တောင်ရိုးလေးက ခြေအိတ်ပေါ်မှတစ်ဆင့် သူ၏ ခြေသလုံးတစ်လျှောက် အသာအယာ ပွတ်ဆွဲသွား၏။

လီချင်းရန် ရှက်လွန်း၍ ခြေချောင်းလေးများကို ကွေးထားမိပြီး ပိတ်စပါးပါးလေးက သူ၏ အသားအရေပေါ် ပန်းနုရောင် အစင်းကြောင်းလေးတွေ ထင်ကျန်စေခဲ့သည်။

“ဆရာ... ဆရာက... အရမ်းကို ကပ်လွန်းနေပြီ...”

တိုက်ချွတ်ထားသော ကြေးမုံပြင်ထဲ သူတို့နှစ်ယောက်၏ ပုံရိပ်များက ထပ်တူနီးပါး ဖြစ်နေလေပြီ။

လီချင်းရန်က မျက်နှာကို တစ်ဖက်သို့ လွှဲလိုက်ပြီး အသက်ရှူသံများကလည်း တုန်ရင်နေ၏။ သူက ကိုယ့်ကိုယ်ကိုယ် ပြန်လည် ကျုံ့ဝင်လိုက်မိပြီး နီရဲနေသော မျက်ဝန်းလေးများက စားပွဲပေါ်မှ အနီရောင် ဟင်္သာပြဒါးများထင်ပင် ပို၍ တောက်ပနေတော့သည်။

“ပြီးတော့ ဒီဝတ်စုံက သိပ်ပြီးတော့ မသင့်တော်သလိုပဲ...”

သူ၏အသံက တိုးလွန်း၍ လေထဲသို့ ပျောက်ကွယ်လုနီးပါးပင်။ အမွှေးတိုင်နံ့များက သူ၏ ဖားလျားချထားသော ဆံနွယ်များ အကြားတွင် ဝဲနေပြီး မျက်ဝန်းထဲမှ မျက်ရည်စများကိုပါ ဖုံးကွယ်ထားနေသည်။

ချန်ဟွိုက်အန်က ကိုယ်ကို မတ်လိုက်ပြီး လက်ထဲမှ ခေါက်ယပ်တောင်ကို ဖြတ်ခနဲ ပိတ်လိုက်ကာ တည်ကြည်သော မျက်နှာထားကို ပြောင်းလိုက်၏။

“သင့်တော်တာ မသင့်တော်တာထက် ဒါကို ဝတ်စားဆင်ယင်မှုလွတ်လပ်ခွင့်လို့ ခေါ်တယ်...”

“နောက်ပြီး မင်းရဲ့ စကတ်တစ်ခုလုံးက ဖောက်မြင်နေတာမှ မဟုတ်တာ။ အလွန်ဆုံး ခြေသလုံး ကနေ ဒူးအထိပဲ မြင်ရတာပဲလေ။ ဒီပစ္စည်းက ဘယ်လောက် ကောင်းလဲဆိုတာ မင်းသိလား။ ဆောင်းတွင်းမှာ နွေးပြီးတော့ နွေမှာ အေးစေတယ်။ အခုလို ညဘက် ချမ်းတဲ့အချိန်မှာ ပိုပြီး နွေးမသွားဘူးလား။”

သူ၏ ရုတ်တရက် အမူအရာ အပြောင်းအလဲကြောင့် လီချင်းရန် စက္ကန့်အနည်းငယ်လောက် ဆွံ့အသွားခဲ့သည်။

သူက နှုတ်ခမ်းကို တင်းတင်းစေ့လိုက်မိ၏။

သူက အခြေခံအုတ်မြစ်အဆင့် အထွတ်အထိပ်ကို ရောက်နေပြီ ဖြစ်ရာ အပူအအေးဒဏ်ကို မခံစားရတော့ကြောင်း ပြောရန် ပြင်လိုက်သော်လည်း စကားလုံးများက ပါးစပ်ဖျားတင် ပြန်ဝင်သွားခဲ့သည်။

သူက ခေါင်းငုံ့ပြီး ဆရာ့နောက်ကိုသာ လိုက်ရန် ဆုံးဖြတ်လိုက်၏။

“ဆရာပြောတာ အမှန်ပါပဲ။ တကယ်ကို နွေးတယ်။ နှစ်တစ်သောင်းသက်တမ်းရှိ ဆောင်းဦးနားစွင့် ပိုးကောင်ဆီက ရခဲ့တာကြောင့် ဖြစ်မယ်။”

ဆရာက ထိုသို့ စကားမျိုး ကြားချင်ကြောင်း သူ သိသည်။ ထို့ကြောင့် သူက ဆရာ့အတွက်သာ ရည်ရွယ်ပြီး ပြောလိုက်ခြင်းပင်။

“ကောင်းတယ်။ ဒါဆိုရင် ဒါကို နေ့တိုင်း ဝတ်ရမယ်။”

ချန်ဟွိုက်အန်က ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။

သုံးနာရီပြီးနောက် ကျုံးကျိုးလျို့ဝှက်နယ်မြေ ပွင့်တော့မည်ဖြစ်ပြီး ဓားကျောင်းတော်က တပည့်များ အားလုံး ထိုနေရာကို သွားကြပေမည်။

ဂိုဏ်းတိုင်းမှ အားကောင်းသော ကျင့်ကြံသူများက လျို့ဝှက်နယ်မြေ ထွက်ပေါက်တွင် စောင့်ကြပ်နေကြမည် ဖြစ်သည်။

ဓားကျောင်းတော်တွင် လူနည်းသောကြောင့် ချန်ဟွိုက်အန်ကိုယ်တိုင် ထိုနေရာတွင် ရှိနေပေးရန် လိုအပ်၏။ လီချင်းရန် နယ်မြေထဲမှ ပြန်ထွက်လာသောအခါ မလိုလားအပ်သော ကိစ္စများ မဖြစ်ရလေအောင် သူကိုယ်တိုင် စောင့်ကြပ်ရပေမည်။

ယခုတော့ သူ့တွင် ပိုက်ဆံ အများအပြား ရှိနေပြီဖြစ်ရာ ကျုံးကျိုးလျို့ဝှက်နယ်မြေကို ကြိုတင် စစ်ဆေးနိုင်ရန် အခြေတည်ဝိညာဉ်အဆင့် ပြီးပြည့်စုံခြင်း တစ်ရက်စာ အတွေ့အကြုံကတ်ကို ဝယ်လိုက်၏။

သူက ကိုယ်ပွား အနေဖြင့်သာ လာနိုင်သည့်အတွက် လီချင်းရန်ကို တိုက်ရိုက် ထိတွေ့၍ မရသေးပေ။ သို့သော် လက်ထဲမှ ယပ်တောင်ကတော့ ထိတွေ့နိုင်သည်။

ထိုည ပြီးသွားသည်နှင့် ထိုယပ်တောင်ကို မနာလိုစိတ်ဖြင့် မီးရှို့ပစ်ရန် သူ စဉ်းစားထား၏။

“မတ်တပ်ရပ်။ ကြည့်ရအောင်။”

လီချင်းရန်ဟာ လိမ်မာစွာ မတ်တပ်ရပ်လိုက်သည်။

ရုတ်တရက် တိုက်ခတ်လာတဲ့ လေညင်းကြောင့် ကြေးမုံရှေ့မှ ပါးလွှာသော ကန့်လန့်ကာလေး လွင့်တက်သွား၏။

လီချင်းရန် လန့်သွားပြီး လွင့်ချင်နေသော စကတ်စလေးကို အမြန် ပြန်ဖိချလိုက်ရသည်။

ခြေထောက်တွင် ပတ်ထားသော ပါးလွှာသည့် အဖြူရောင် ပိုးသားလေးက လရောင်အောက်၌ ပုလဲလုံးလေးများလို တောက်ပနေ၏။

သူ နောက်ကို ဆုတ်လိုက်ရာ ချစ်စဖွယ် ခြေဖျားလေးများက ကုတင်ထက်မှ အရိပ်များကြားထဲ ပျောက်ကွယ်သွားခဲ့သည်။

“ဘာလို့ ပုန်းနေတာလဲ။”

ခေါက်ယပ်တောင်လေးက သူ၏ တုန်ရင်နေသော ဒူးခေါင်းလေးကို အသာအယာ ဖိလိုက်၏။

“လှည့်ကြည့်ပါဦး။”

သူ၏ ဗလာကျင်းနေသော ခြေဖျားလေးများက ပြန့်ကျဲနေတဲ့ ခရမ်းရောင် ပန်းပွင့်ဖတ်လေးများကို နင်းဖြတ်ရင်း ဖြည်းဖြည်းချင်း လှည့်လိုက်သည်။

စကတ်အနားသတ်လေးက အနည်းငယ် ကားထွက်သွားပြီး တင်းကျပ်နေသော ပိုးသားအောက် ခြေတံလေးများ၏ အလှအပကို ဖော်ပြနေ၏။

လီချင်းရန်က အင်္ကျီလက်စကို ဆုပ်ကိုင်ထားပြီး မော့မကြည့်ရဲပေ။ ဖားလျားကျနေသော ဆံနွယ်အချို့က သူ၏ ညှပ်ရိုးလေးများကို လာထိနေသည်။

“ဆရာ... ဘယ်လိုနေလဲ။ ကျွန်မ ဒီလို ဝတ်ထားတာ... ထူးဆန်းနေလား။”

ချန်ဟွိုက်အန်က နှာခေါင်းထိပ်ကို အမှတ်မထင် ပွတ်လိုက်မိ၏။

သူ၏ ခြေချောင်းလေးများက ကျောက်ကြမ်းပြင်ပေါ် လှပတဲ့ အဝိုင်းပုံစံလေးများ ဆွဲနေသည်ကို သူ ငုံ့ကြည့်နေမိသည်။

ချန်ဟွိုက်အန်က တိတ်တဆိတ်ပင် ဂိမ်းထဲမှ အလိုအလျောက် ဘာသာပြန်စနစ်ကို ဖွင့်ပြီး သူ့အတွေးများကို ရိုက်ထည့်လိုက်၏။

[ မဆိုးပါဘူး။ ငါ ရောင်ချီမှာ မြင်ဖူးတဲ့ ကျောက်စိမ်းကြာစွယ်တွေထက်တောင် ပိုပြီးတော့ တောက်ပနေသေးတယ် ]

လီချင်းရန်က ရုတ်တရက် ခေါင်းလေး စောင်းကြည့်လိုက်၏။

“ဒါဆိုရင် ဆရာ့ရဲ့ ခြေတံရှည် ရေသူမမိစ္ဆာနဲ့ ယှဉ်ရင်ကော ဘယ်လိုနေလဲ။”

“အဟွတ်... အဲဒီငါးခေါင်းကြီးမိစ္ဆာက ငါ့တပည့်နဲ့ ယှဉ်ရင် ဘာမှမဟုတ်ပါဘူး...”

“ဪ... ဒါဆိုရင် ဆရာက အဲဒီငါးမိစ္ဆာရဲ့ ခြေတံတွေကို လှတယ်လို့ ဝန်ခံတာပေါ့။”

“အဲဒီလို ဆိုလိုတာ မဟုတ်ပါဘူး။ ငါက...”

“ဟီးဟီး...”

လီချင်းရန် ပြုံးလိုက်ပြီး စကတ်ကို အနည်းငယ်မကာ တစ်ပတ် လှည့်လိုက်၏။

သူ၏ စကတ်လေး ဝဲသွားသောအခါ ချန်ဟွိုက်အန်က ပန်းခင်းကြီးတစ်ခုထဲ ရောက်သွားသလို ခံစားလိုက်ရပြီး ဦးနှောက်တစ်ခုလုံးဟာ ပျားရည်များကြားထဲ နစ်မြောသွားသလိုပင်။

“ဆရာ၊ ကျွန်မ မနက်ဖြန် ဒါကို ဝတ်သွားရမလား။”

“မင်းပဲ ဒါက မသင့်တော်ဘူးလို့ ပြောနေတာ မဟုတ်လား။”

“အင်း... ကြည့်ရတာ အဲဒီလောက်လည်း မဆိုးပါဘူး။ အမျိုးသမီးကျင့်ကြံသူတွေ စကတ်အရှည် ဝတ်ရင် လမ်းလျှောက်တဲ့အခါ ခြေထောက်က နည်းနည်းတော့ ပေါ်တာပဲလေ။ ဆရာပေးတဲ့ ဒီပိုးသားခြေအိတ်ရှည်က ပိုပြီးတော့တောင် လုံသေးတယ်...”

သူက စကတ်ကို ပြန်ချလိုက်ပြီး လက်နှစ်ဖက်ကို နောက်ပစ်ကာ ချန်ဟွိုက်အန်၏ အရှေ့တွင် တည့်တည့် ရပ်လိုက်၏။

သူ၏ မျက်လုံးလေးများက အနည်းငယ် မော့ကြည့်နေပြီး ရှည်လျားသော မျက်တောင်လေးက လိပ်ပြာတောင်ပံလေးများလို လှုပ်ခတ်နေပါတယ်။ ထိုမျက်ဝန်းထဲ ဖော်ပြ၍မရသော ခံစားချက် တစ်ခု ပါဝင်နေသည်။

“ဆရာ... ကျွန်မ ဝတ်ထားတာ လှရဲ့လား။”

“လှပါတယ်။”

“ကျွန်မ ဒါဝတ်ထားတာကို ဆရာ မြင်ချင်လား။”

“အင်း... အဆင်ပြေပါတယ်။”

“အဆင်ပြေပါတယ် ဆိုတာက ကြိုက်တာလား။ မကြိုက်တာလား။”

“အဲဒါက... ကြိုက်...ကြိုက်ပါတယ်။”

“ဒါဆိုရင် ကျွန်မ ဝတ်သွားမယ်...”

...

နောက်တစ်နေ့ မနက်တွင်။

ဓားကျောင်းတော်တပည့်များက ဂိုဏ်းရင်ပြင်တွင် စုဝေးနေကြ၏။

စုချီနျန်က ချန်ဟွိုက်အန်နှင့် လီချင်းရန်တို့ကို စောင့်ရင်း ဘယ်ညာ ဝေ့ကြည့်နေသည်။

ထိုအတောအတွင်းတွင်တော့ ချန်ဟွိုက်အန်က ဂိမ်းထဲမှ ပစ္စည်းဝယ်ယူမှု ပြဿနာတစ်ခုကို ဖြေရှင်းနေရ၏။

[ အဓိကတာဝန်- ကျုံးကျိုးလျို့ဝှက်နယ်မြေ ပွင့်ပါပြီ။ လီချင်းရန်ကို လျို့ဝှက်နယ်မြေသို့ လိုက်ပို့ပေးပါ ]

[ လက်ရှိ အသက်ရှင်နှုန်း - ၉၉.၉၉၉% ]

[ ကောင်းကင်နက္ခတ်(၁) - လီချင်းရန် နယ်မြေထဲ ရောက်သွားသည်နှင့် ကစားသူက ဝင်ရောက်စွက်ဖက်၍ မရတော့ပါ ]

[ ကောင်းကင်နက္ခတ်(၂) - ကျုံးကျိုးလျို့ဝှက်နယ်မြေထဲ မိစ္ဆာလမ်းစဉ် ကျင့်ကြံသူများနှင့် သားရဲကျင့်ကြံသူ အနည်းငယ် ရှိနေသည် ]

[ ကောင်းကင်နက္ခတ်(၃) - လျို့ဝှက်နယ်မြေ ပိတ်ခါနီးတွင် ကြီးမားသော အပြောင်းအလဲများ ဖြစ်လာပါလိမ့်မည် ]

[ ကျေးဇူးပြု၍ သွားလာမည့်ယာဉ်ကို ရွေးချယ်ပါ... ]

(၁) ဓားကျောင်းတော် တပည့်အားလုံးကို တင်ဆောင်နိုင်သော မိုးပျံလှေအကြီးစားအတွက် ၁၈၈၈ ယွမ် ဖြည့်ပါ။

(၂) တပည့်အားလုံးကို တင်ဆောင်နိုင်သော လွင့်မျောနေသည့် ဓားအခင်းအကျင်း လင်းရှောင်းဓားအခင်းအကျင်းအတွက် ၉၉၉၉ယွမ် ဖြည့်ပါ။

(၃) ရေနဂါး၉ကောင်ဆွဲသော ခမ်းနားထည်ဝါသည့် နဂါး၉ကောင်ဧကရာဇ်ရထားလုံးအတွက် ၁၈၈၈၈၈ယွမ် ဖြည့်ပါ။

(၄) ဘာမှမသုံးဘဲ လီချင်းရန်နှင့်အတူ စုတ်ပြတ်နေသော ဓားပျံကို စီးပြီး ဆင်းရဲမွဲတေစွာ သွားပါ။

“ဟေ့... ဒါက ဘာကြီးလဲ။...”

နံပါတ်(၄)ကို ကြည့်ပြီး ချန်ဟွိုက်အန်၏မျက်နှာ ပျက်သွား၏။

သူက အပိုပစ္စည်းများအတွက် ပိုက်ဆံဖြုန်းရသည်ကို မကြိုက်ပေ။ သို့သော် ထိုဂိမ်းက သူ့ကို ငမွဲဟူ၍ တိုက်ရိုက် စော်ကားနေ၏။

သူ ၎င်းကို လျစ်လျူရှုနိုင်မည်လား...

လုံးဝ မဖြစ်နိုင်ဘူး...

သူက နံပါတ်(၃)ကို ချက်ချင်းပင် ရွေးလိုက်၏။

ယနေ့တွင် ဓားကျောင်းတော်၏ ဂုဏ်သိက္ခာ မည်မျှရှိကြောင်း ဂိုဏ်းတိုင်းကို ပြသရပေမည်...

“ချင်းရန်။ သွားဖို့ ပြင်တော့...”

ချန်ဟွိုက်အန်က နဂါး၉ကောင်ဧကရာဇ်ရထားလုံးကို ရွေးချယ်လိုက်၏။

“ဝုန်း...”

ဟိန်းသံ ၉ချက်ဟာ ကောင်းကင်တစ်ခုလုံးကို တုန်ခါသွားစေသည်။

တိမ်တိုက်များ ဟက်တက်ကွဲသွားပြီး ရွှေရောင်နေခြည်များ ဖြာကျလာ၏။

မည်းနက်နေသော ရေနဂါးကြီး ၉ကောင်က မိုးကုတ်စက်ဝိုင်းမှ ထွက်ပေါ်လာပြီး ဧရာမ ရထားလုံးကြီးကို ဆွဲကာ ဓားကျောင်းတော်၏ ကာကွယ်ရေးအခင်အးအကျင်းကို ဖြတ်ကျော်ပြီး လျိုရှားတောင်ထွတ်ဆီကို ပျံဆင်းလာခဲ့သည်။

သူတို့ မရောက်ခင်မှာပင် ပြင်းထန်သော လေတိုက်နှုန်းကြောင့် တောင်ထွတ်မှ မြက်ပင်များနှင့် သစ်ပင်များ ယိမ်းနွဲ့ကုန်သည်။

“ဆရာ...”

အိမ်လေးထဲမှ နူးညံ့သော အသံလေးတစ်ခု ထွက်လာ၏။

ချန်ဟွိုက်အန် နောက်ကို လှည့်ကြည့်လိုက်ရာ သူ ဆွံ့အသွားသည်။

လီချင်းရန်က တံခါးဝတွင် ရပ်နေပြီး အဝတ်အစား ဝတ်မပြီးသေးသော ပုံစံမျိုးပင်။ ခြေထောက် တစ်ဖက်က ဖိနပ်ထဲ ဝင်နေပြီး အဖြူရောင် ပိုးသားခြေအိတ် ဝတ်ထားသည့် ကျန်သော ခြေထောက် တစ်ဖက်ကတော့ ခြေဖျားလေး ထောက်ထား၏။

သူ၏ ခြေကျင်းဝတ်မှ ရွှေရောင်ခေါင်းလောင်းလေးက အသားပေါ်က အနီရောင် အမှတ်လေးကို လာထိနေသည်။

ချန်ဟွိုက်အန်၏ အကြည့်များကို ခံစားလိုက်ရသောအခါ လီချင်းရန်က တခစ်ခစ် ရယ်မောပြီး သူ့ဆီကို ခုန်ဆွခုန်ဆွနှင့် ပြေးလာ၏။

ထိုအခိုက်အတန့်တွင် ချန်ဟွိုက်အန် အသက်ရှူရန်ပင် မေ့သွားခဲ့သည်။

လက်ထဲမှ ခေါက်ယပ်တောင်က ကြမ်းပြင်ပေါ် လျှောကျသွား၏။

ထိုအချိန်တွင် သူက ယပ်တောင်ကို ပြန်ကောက်ရမလား အရူးအမူး ခုန်နေသော မိမိ၏ နှလုံးသားကိုပင် ထိန်းရမလားဆိုသည်ကို မဝေခွဲနိုင်တော့။

....

All Chapters