← Chapters

ဖုယင်ယင် အဆင့်တက်ခြင်း

Vol. 23 Ch. 290

ဖုယင်ယင် အဆင့်တက်ခြင်း

Vol. 23 Ch. 290

ယောကျာ်းဆန်သော စိတ်ဓာတ်ကို စွဲမြဲခိုင်မာစွာ ပိုင်ဆိုင်ထားသည့် ကျန်းရွှမ်ကဲ့သို့ လူတစ်ယောက်အတွက် မြေခွေးညို့ငင်ကံကြမ္မာကို ကျင့်ကြံခြင်းသည် အလွန်အမင်းခက်ခဲပြီး ရှက်ရွံဖွယ်ကောင်းသော ကိစ္စတစ်ရပ်ပင်။ ယခင်ကတည်းက သူသည် ဤကံကြမ္မာကို ကျင့်ကြံရန် ရည်ရွယ်ချက် မရှိခဲ့သော်လည်း ဒုတိယနှင့် တတိယအဆင့်များသို့ မမျှော်လင့်ဘဲ အဆင့်တက်ခဲ့ရသည်။ သူသည် စိတ်မသက်မသာ ဖြစ်နေခဲ့သော်လည်း သည်းခံခဲ့သည်။

သို့ရာတွင် ယခုချိန်၌ သူသည် စတုတ္ထအဆင့်သို့ ရုတ်တရက် ရောက်ရှိသွားခြင်းမှာ မည်သည့်အကြောင်းအရင်းကြောင့် ဖြစ်သနည်း။

"ငါက ဒီနေရာမှာ ဘာမှမလုပ်ဘဲ ရပ်နေရုံပဲလေ"

သူ့ထံ၌ သံသယများ ပြည့်နှက်နေသဖြင့် ထိုးထွင်းသိမြင်မှုမျက်လုံးကို အသုံးပြုပြီး ကြည့်လိုက်သည်။ ထိုအချိန်မှသာ အဘွားအို၏ ပြန့်ကျဲနေသောစွမ်းအားများသည် သူ့ထံသို့ တိုးဝင်လာသည်ကို မြင်တွေ့လိုက်ရသည်။ ထိုစွမ်းအားများကို စာကြည့်တိုက် အတွင်းရှိ မြေခွေးညို့ငင်စွမ်းအင်မြစ်က တိတ်တဆိတ် စုပ်ယူနေသည်။

'ဒါက ခိုးကြောင်ခိုးဝှက် စုပ်ယူနေတာပဲ... ငါ့ကိုတောင် အသိမပေးဘူး... တော်တော်လေး အရှက်မရှိတာပဲ'

"ဒါဆိုရင် စတုတ္ထအဆင့်ပေါ့..."

...

ဤအရာသည် မြေခွေးညှို့ငင်ကံကြမ္မာနှင့် ပတ်သက်ဆက်နွယ်နေပြီး အတင်းအကြပ် အားဖြည့်ပေးနေသည်ကို တွေ့လိုက်ရသဖြင့် ကျန်းရွှမ်က ရုန်းကန်နေခြင်းကို လက်လျော့လိုက်သည်။ ထို့နောက် သူသည် အမွေဆက်ခံခြင်းပြုလုပ်နေသော အမျိုးသမီးနှစ်ယောက်ဘက်သို့ လှည့်ကြည့်လိုက်သည်။

ယခုအချိန်တွင် အဘွားအိုသည် စွမ်းအားများ ကုန်ဆုံးသွားသဖြင့် ပို၍အိုမင်းသွားသည်ဟု ထင်ရသည်။ သေခြင်းတရား၏အရိပ်အယောင်များသည် သူမကို ဝိုင်းရံထားပြီး မျက်နှာပေါ်တွင် မီးခိုးရောင်သမ်းနေသည်။ သူမထံတွင် ခိုင်မာသော စိတ်ဆန္ဒသာ မရှိပါက သူမ တောင့်ခံထားနိုင်မည် မဟုတ်ချေ။

တဖက်တွင်ရှိနေသော ဖုယင်ယင်သည် စိုးရိမ်ပူပန်နေသော်လည်း ကူကယ်ရာမဲ့ ဖြစ်နေပုံပင်။

နှစ်ဖက်စလုံး၏ အခြေအနေနှင့်ပြဿနာများကို လျင်မြန်စွာ နားလည်လိုက်ပြီးနောက် ကျန်းရွှမ်သည် "ချို့ယွင်းချက်"ဟု တီးတိုးရေရွတ်လိုက်ရာ သူ၏စိတ်ထဲတွင် စာအုပ်တစ်အုပ် ပေါ်လာသည်။ သူသည် ထိုစာအုပ်ကို ညင်သာစွာ ဖွင့်လိုက်ပြီးနောက် အသံပေးပို့လိုက်သည်။

"ဖုယင်ယင် မင်း လန့်မနေနဲ့...မင်းရဲ့ နားလည်မှုအပိုင်းမှာ ကြုံတွေ့နေရတဲ့ ပြဿနာတွေအကြောင်းကို ငါ အခု ပြောပြမယ်..."

ဖုယင်ယင်ကို အမွေဆက်ခံနိုင်ရန် သူ ကူညီပြီးသား ဖြစ်သည့်အတွက် သူမ၏စွမ်းအားများကို ခိုင်မာစေရန် အဆုံးထိ ကူညီပေးလိုက်ခြင်းက သူ့အတွက်လည်း အကျိုးရှိစေသည်။

"မြေခွေးညို့ငင်ကံကြမ္မာဆိုတာ ညှို့ငင်ဖမ်းစားခြင်း သက်သက် မဟုတ်ဘူး...ပိုပြီး အရေးကြီးတာက စိတ်ဝိညာဉ်ပိုင်းဆိုင်ရာ ဆက်သွယ်မှုပဲ..."

စာအုပ်ထဲမှ အကြောင်းအရာများကို ရှင်းပြပြီးနောက် ကျန်းရွှမ်က သူမအတွက် အဖြေကို ရှင်းပြလိုက်သည်။

သူ၏အသံတွင် ထူးခြားသော စွမ်းအားနှင့် ဆွဲဆောင်မှုတို့ ပါဝင်နေပြီး ဖုယင်ယင်၏စိတ်ထဲသို့ တိုးဝင်သွားကာ သူမကို အလိုအလျောက် လိုက်ပါလေ့ကျင့်စေပြီး သင်ယူစေသည်။

ကျန်းရွှမ်၏ မြေခွေးညို့ငငိကံကြမ္မာသည် စတုတ္ထအဆင့်သို့ ရောက်ရှိသွားလေပြီ။ ထိုကဲ့သို့စွမ်းအားနှင့်အတူ သူ၏နားလည်နိုင်စွမ်းသည် အဘွားအိုထက် မနိမ့်ကျတော့ပေ။ ထိုကြောင့် သူသည် စာကြည့်တိုက်ကို အသုံးပြုပြီး အနှစ်သာရကို ထောက်ပြကာ ဖုယင်ယင်အား ရှင်းပြရသည်မှာ အလွန်လွယ်ကူပေ၏။

သူ၏စကားများကို ကြားပြီးနောက် စိုးရိမ်ပူပန်နေသော ဖုယင်ယင်သည် သူမ၏ စိတ်ခံစားချက်များကို တဖြည်းဖြည်း တည်ငြိမ်စေလိုက်သည်။ အချိန်တခဏအကြာတွင် သူမ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါသွားပြီး မြေခွေးညို့ဓာတ် ကံကြမ္မာအပေါ် သူမ၏ နားလည်မှု ပို၍တိုးတက်လာကာ တတိယအဆင့်သို့ ချောမွေ့စွာ ရောက်ရှိသွားတော့သည်။

မိုးခြိမ်းသံများ ထွက်ပေါ်လာသည်။

အဆင့်တက်သွားသည်နှင့်အမျှ အဘွားအို၏ စွမ်းအားများသည် သူမ၏ခန္ဓာကိုယ်ထဲတွင် တည်ရှိနိုင်မည့် နေရာတစ်ခုကို ရရှိသွားသည်။ ထိုစွမ်းအားများသည် သူမနှင့် လျှင်မြန်စွာ ပေါင်းစပ်သွားကာ ဤကောင်းကင်ကံကြမ္မာ အမွေအနှစ်အပေါ် သူမ၏နားလည်မှုနှင့် ထိုးထွင်းသိမြင်မှုကို ပို၍နက်ရှိုင်းစေသည်။

အချိန်ကြာလာသည်နှင့်အမျှ သူမ၏စွမ်းအားများ တဖြည်းဖြည်း တည်ငြိမ်လာသည်။

သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်ပြီး ဖုယင်ယင်က သူမ၏မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။

ဤလေ့ကျင့်မှုအပြီးတွင် မြေခွေးညို့ငင်ကံကြမ္မာအပေါ် သူမ၏နားလည်သဘောပေါက်မှုသည် တတိယအဆင့် အလယ်အလတ်သို့ ချောမွေ့စွာ ရောက်ရှိသွားသည်။ ဤသည်မှာ အထွတ်အထိပ်အဆင့်သို့ရောက်ရန် ဝေးကွာသေးသော်လည်း သူမ ဂရုတစိုက်လေ့ကျင့်သွားပါက အဆင့်တက်ရန်မှာ အချိန်ပြဿနာသာ ကျန်ရှိတော့သည်။

ဤကောင်းကင်ကံကြမ္မာကို ဤအဆင့်ထိ နားလည်သဘောပေါက်ခြင်း ဆိုသည်မှာ အရင်းအမြစ်များ လုံလောက်နေသရွေ့ မည်သည့်အတားအဆီးမှ မရှိဘဲ ကြယ်စင်မြစ်နယ်ပယ် ဆဋ္ဌမအဆင့်သို့ ရောက်ရှိနိုင်သည်ဟု ဆိုလိုခြင်းပင်။

ထိုကဲ့သို့ စွမ်းအားမျိုးသည် ကျိုးယီအင်ပါယာတွင် ထိပ်တန်းအဆင့်ဟု သတ်မှတ်နိုင်သည်။

လူများအားလုံးသည် အမွေအနှစ် ဆက်ခံလိုကြသည်မှာ အံ့အားသင့်ဖွယ် ကိစ္စတစ်ရပ် မဟုတ်တော့ချေ။ ဤှသည်မှာ ပုံမှန်လေ့ကျင့်ခြင်းထက် များစွာပို၍မြန်ဆန်သည်။

ဖုယင်ယင်သည် မတ်တတ်ရပ်လိုက်ပြီး သူမ၏မျက်လုံးများ နီမြန်းလာသည်။

အစောပိုင်းက သူမ၏ရှေ့တွင် ထိုင်နေခဲ့သော အဘွားအိုသည် ယခုအချိန်တွင် မလှမ်းမကမ်းရှိ ခုတင်ပေါ်၌ လဲလျောင်းနေသည်။ အဘွားအို၏ခန္ဓာကိုယ်သည် တောင့်တင်းနေကာ အသက်ရှူရပ်နေပြီဖြစ်ကြောင်း သိသာထင်ရှားပေ၏။

"ဘိုးဘေး..."

ဖုယင်ယင်က သူမ၏အနားသို့ အပြေးသွားလိုက်သည်။

"သူ့ရဲ့ ကောင်းကင်ကံကြမ္မာ နားလည်မှုတွေကို နင်ဆီ လွှဲပြောင်းပေးလိုက်တာကြောင့် သူ့ရဲ့ ဘဝက အဆုံးသတ်သွားတာပါ... အမွေဆက်ခံခြင်းဆိုတာက ကံကြမ္မာကို လက်ဆင့်ကမ်းတာပဲ... ဆိုလိုတာက အဟောင်းပျက်စီးပြီး အသစ် မွေးဖွားခြင်းလာတာပဲ..နင် အရမ်းဝမ်းနည်းမနေပါနဲ့"

သူမ၏နံဘေးမှ ဖုမိသားစုခေါင်းဆောင် ပြောဆိုလိုက်သည်။

ဖုယင်ယင် တွေဝေတုံ့ဆိုင်းနေသည်။

"ဒါပေမဲ့..."

"ဒါပေမဲ့ ဆိုတာ မရှိဘူး"

သူမကို ကြားဖြတ်ပြောဆိုပြီးနောက် ဖုမိသားစု ခေါင်းဆောင်က ဆက်လက်၍ ပြောဆိုသည်။

"နင် လုပ်ရမှာက ကောင်းကောင်း လေ့ကျင့်ပြီး သူ့ရဲ့မျှော်လင့်ချက်တွေကို သစ္စာမဖောက်ဖို့ပဲ... အဲ့ဒါက သူ့ရဲ့အသက်ကို ဆက်ပြီးဆွဲဆန့်ပေးသလိုမျိုး သူ့ကို ဆက်ပြီးအသက်ရှင်နေစေလိမ့်မယ်..."

"ကျွန်မ နားလည်ပါပြီ... စိတ်ချပါ မိသားစု ခေါင်းဆောင်... ကျွန်မ ကြိုးစားပါ့မယ်"

ဖုယင်ယင်က ခေါင်းညိတ်လိုက်သည်။

အမှန်အားဖြင့် အမွေဆက်ခံမှု စတင်ကတည်းက အဘွားအိုသည် သေခြင်းတရားကို ရင်ဆိုင်ရန် ဆုံးဖြတ်ချက် ချထားပြီးဖြစ်သည်။ ဤရလဒ် ဖြစ်လာမည် ဆိုသည်ကိုလည်း သူမ ကိုယ်တိုင် နားလည်သဘောပေါက်ထားသည်။ ဝမ်းနည်းနေမည့်အစား သူမ၏စွမ်းအားကို အမြန်ဆုံးမြှင့်တင်ပြီး တဖက်လူ၏မျှော်လင့်ချက်များကို ဖြည့်ဆည်းပေးခြင်းက ပို၍ကောင်းမွန်ပေလိမ့်မည်။

"နင် နားလည်တာ ကောင်းပါတယ်...အချိန်တစ်ရက် ကြာသွားပြီ...နင် လုပ်ရမှာက အမွေအနှစ်ကို အမြန်ဆုံးခိုင်မာအောင် လုပ်ပြီးတော့ နင့်ရဲ့စွမ်းအားတွေကို တိုးတက်လာစေဖို့ပဲ... ကျီးလန်တောင်ကြားကို ဝင်ရောက်ပြီးရင် အခွင့်အရေးတွေ ပိုရအောင် ကြိုးစားပါ"

ဖုမိသားစုခေါင်းဆောင်သည် အဘွားအို၏ နောက်ဆုံးစကားများကို ပြောဆိုလိုက်၏။

"ဟုတ်ကဲ့"

သူမသည် ခေါင်းညိတ်လိုက်ပြီး တစ်စုံတစ်ခုကို သတိရသွားသည့်အလား သတိကြီးစွာထား၍ ပြောဆိုသည်။

"မိသားစု ခေါင်းဆောင်... ကျွန်မ လေ့ကျင့်ဖို့အတွက် ကံကြမ္မာချပ်ပြားတွေ လိုအပ်နေတယ်... မိသားစု အရင်းအမြစ်တွေထဲကနေ နည်းနည်းလောက် ထုတ်ယူလို့ ရမလား"

မိသားစုက ခေါင်းဆောင် ပြုံးလိုက်သည်။

"ဘိုးဘေးဆီကနေ အမွေအနှစ်ကို ဆက်ခံထားပြီးတော့ မြေခွေးညို့ငင်ကံကြမ္မာကို တတိယအဆင့်ထိ နားလည်ထားတဲ့ နင်က ဖုမိသားစုရဲ့ အနာဂတ်ခေါင်းဆောင် ဖြစ်နေပြီလေ... ဘာလို့ ကံကြမ္မာချပ်ပြားလေး နည်းနည်းလောက်ကို မထုတ်ယူနိုင်ရမှာလဲ"

"ကျွန်မ..."

ဖုယင်ယင်က အနည်းငယ် ရှက်ရွံ့စွာဖြင့် ပြောဆိုလိုက်သည်။

"ကျွန်မ ထုတ်ယူချင်တဲ့ ပမာဏက နည်းနည်း များနေလို့ပါ"

"များတယ် ဟုတ်လား... ဘယ်လောက် များလို့လဲ"

ဖုမိသားစုခေါင်းဆောင်က ရက်ရောစွာဖြင့် သူမ၏လက်ကို ဝှေ့ယမ်းလိုက်၏။

"သုံးရာလား ငါးရာလား...နင် ဘာမှစိတ်မပူနဲ့.... ငါတို့ ဖုမိသားစုက တော်ဝင်မိသားစုလောက် မချမ်းသာသလို ကောင်းကင်ကံကြမ္မာခန်းမလောက် အင်အားမကြီးပေမယ့် ကံကြမ္မာချပ်ပြား တော်တော်များများ စုဆောင်းထားပါတယ်... မင်း သုံးဖို့အတွက် လုံလောက်ပါတယ်..."

ထိုစကားကို ကြားလိုက်ရသဖြင့် ဖုယင်ယင်၏ရှက်ရွံ့မှုများ ပျောက်ကွယ်သွားပြီး အလျင်အမြန် ပြောဆိုလိုက်သည်။

"ကျွန်မ လိုချင်တာက... ၅၀၀၀ ပါ"

"..."

ဖုမိသားစုခေါင်းဆောင် ကြက်သေသေသွားသည်။

"နင် ဘယ်လောက်လို့ ပြောလိုက်တာလဲ"

"ငါးထောင်ပါ... မိသားစုထဲမှာ အဲ့ဒီလောက် ရှိပါ့မလား"

ဖုယင်ယင်က ဇဝေဇဝါဖြင့် ဖုမိသားစုခေါင်းဆောင်ကို ကြည့်လိုက်သည်။

"အဲ့ဒါက... ငါတို့ဆီမှာ ရှိတော့ ရှိပါတယ် ဒါပေမဲ့..."

ဖုမိသားစုခေါင်းဆောင်၏ မျက်နှာအမူအယာ ပြောင်းလဲသွားပြီး အခက်တွေ့နေသည့် အရိပ်အယောင်များ ထင်ဟပ်လာသည်။

"အဲ့ဒီပမာဏက ဖုမိသားစုရဲ့ ပိုင်ဆိုင်မှုအကုန်လုံးနီးပါး ဖြစ်နေပြီ...နင့်ကို အကုန် ပေးလိုက်ရင် တခြားသူတွေ လေ့ကျင့်ဖို့ ဘာမှ ကျန်တော့မှာ မဟုတ်ဘူး..."

"အကုန်လုံး ဟုတ်လား...."

ဖုယင်ယင် အံ့အားသင့်သွားသည်။

သူမသည် ဖုမိသားစုသို့ ပြန်ရောက်သည်မှာ ရက်အနည်းငယ်သာ ကြာသေးပြီး ကျိုးယီမြို့တော် တွင် ထင်ရှားသော မိသားစုကြီး ဖြစ်သည့်အတွက် ကံကြမ္မာပြားသောင်းဂဏန်းလောက်ကို ထုတ်ပေးနိုင်မည်ဟု ထင်မှတ်ခဲ့သည်။ ထိုကြောင့် သူမသည် ကျန်းရွှမ်ကို ပေါ့ပေါ့ပါးပါး ကတိပေးခဲ့မိသော်လည်း ယခု ကြည့်ရတာ ထိုမျှပမာဏလောက်ထိ မရှိပုံရသည်။

"အမှန်ပဲ....ဒီလိုလုပ်ပါလား... ငါ နင့်ကို ကံကြမ္မာချပ်ပြားသုံးထောင် အရင်ပေးမယ်...ပြီးတော့ ကျင့်ကြံမှုကို အားဖြည့်ပေးနိုင်တဲ့ ရှေးဟောင်းပစ္စည်းတချို့ ပေးမယ်... လောလောဆယ် ဒါတွေကို အရင် သုံးထားအုံး... နောက်ရက်တွေကျရင် ငါ ထပ်ပြီး စုဆောင်းပေးပါ့မယ်"

အချိန်တခဏကြာခန့် စဥ်းစားတွေးတောပြီးနောက် ဖုမိသားစုခေါင်းဆောင်က ပြောဆိုလိုက်သည်။

ဖုမိသားစုသည် အင်အားကြီးသော်လည်း လူဦးရေ များပြားသဖြင့် သုံးစွဲမှုလည်း များပြားသည်။ ကံကြမ္မာချပ်ပြားသုံးထောင် တစ်ကြိမ်တည်း ထုတ်ပေးနိုင်ခြင်းသည် မိသားစုမှထုတ်ပေးနိုင်သည့် အများဆုံးပမာဏပင်။

"ကျေးဇူးတင်ပါတယ် မိသားစုခေါင်းဆောင်..."

သူမ လိမ်ပြောနေခြင်း မဖြစ်နိုင်ကြောင်း သိသဖြင့် ဖုယင်ယင်က ကျေးဇူးတင်စွာဖြင့် သူမ၏လက်ကိုပူးဆုပ်ကာ ဦးညွှတ်အရိုအသေပြုလိုက်၏။

"ဒီနေရာမှာ ခဏ စောင့်နေနော်... ငါ အခုပဲ သွားယူလိုက်မယ်..."

ဖုမိသားစုခေါင်းဆောင်က စကားဆက်မပြောတော့ဘဲ ထွက်ခွာသွားသည်။

သူမ ထွက်သွားသည်ကို မြင်လိုက်ရသဖြင့် ဖုယင်ယင်သည် မလှမ်းမကမ်းရှိ ကျန်းရွှမ်ဘက်သို့ လှည့်လိုက်ပြီး တောင်းပန်သော မျက်နှာအမူအယာဖြင့် ပြောဆိုလိုက်သည်။

"ကျွန်မ တကယ့်ကို တောင်းပန်ပါတယ်... အစက ရှင့်ကိုကတိပေးထားခဲ့ပေမယ့် အခုကြည့်ရတာ လုံလောက်မှာ မဟုတ်တော့ဘူး..."

"ရပါတယ်...မင်း နောက်မှ လိုတာကို ဖြည့်ပေးလို့ ရတာပဲ"

ကျန်းရွှမ်က ခေါင်းခါပြလေသည်။

ဖုမိသားစုသို့လာခဲ့သော သူ၏ခရီးစဉ်သည် အလွန်အကျိုးရှိခဲ့ပေ၏။

သူ၏ကျင့်ကြံဆင့် ချောမွေ့စွာ အဆင့်တက်ခဲ့ရုံသာမက မြေခွေးညို့ငင်ကံကြမ္မာအပေါ် သူ၏နားလည်သဘောပေါက်မှုလည်း စတုတ္ထအဆင့်သို့ ရောက်ရှိခဲ့နေခဲ့သည်။ ဤသည်မှာ သူ၏ခန္ဓာကိုယ်အတွင်းတွင် ဤအဆင့်သို့ ရောက်ရှိသော ဒုတိယမြောက်ကံကြမ္မာ ဖြစ်လာသည်။

အရေးအကြီးဆုံးမှာ သူသည် ဖုယင်ယင်ကို အမွေအနှစ် အောင်မြင်စွာ ရရှိစေရန် ကူညီပေးနိုင်ခဲ့ခြင်းပင်။ ယခုချိန်၌ သူ့ထံတွင် ကျိုးယီမြို့တော်ရှိ ဖုမိသားစု၏ကျောထောက်နောက်ခံ

ရှိနေသဖြင့် တခြားလူများသည် သူ့ကို ပြဿနာရှာလိုလျှင်ပင် နှစ်ခါပြန်စဉ်းစားရပေလိမ့်မည်။

အချိန်တခဏအကြာတွင် ဖုမိသားစုခေါင်းဆောင် ပြန်ရောက်လာပြီး ကံကြမ္မာချပ်ပြားသုံးထောင်နှင့် အရင်းအမြစ်အမြောက်အများကို ဖုယင်ယင်ထံသို့ပေးအပ်လိုက်သည်။

"ဘိုးဘေး ကွယ်လွန်သွားတဲ့ သတင်းကို အပြင်ကို ပေးသိလို့ မဖြစ်သေးဘူး...မဟုတ်ရင် ငါတို့ ဖုမိသားစုကို ပစ်မှတ်ထားမယ့်သူတွေ အများကြီး ရှိလာမှာ သေချာတယ်...ယင်ယင် နင်ရဲ့ ကျင့်ကြံဆင့်ကို ခိုင်မာအောင် အမြန်ဆုံး လုပ်သင့်တယ် နင်ရဲ့ စွမ်းအား လုံးဝတည်ငြိမ်သွားတာနဲ့ ကောင်းကင်ကံကြမ္မာနယ်မြေနဲ့ ဆက်သွယ်ဖို့ ကြိုးစားပါ....နင်သာ အဲ့ဒီလိုလုပ်နိုင်ရင် နင့်ရဲ့ကျင့်ကြံမှုက အကန့်အသတ်အထိ မြန်မြန် ဆန်ဆန် ရောက်ရှိသွားလိမ့်မယ်...အဲ့ဒီအချိန်ကျမှသာ ငါတို့ ဖုမိသားစုက တကယ်ကြီး စိတ်ချလက်ချနေနိုင်လိမ့်မယ်"

ဖုမိသားစုတွင် မိန်းမလှများ အလွန်များပြားပြီး အရင်းအမြစ်များ မရေမတွက်နိုင်အောင် ရှိသည်။ ဘိုးဘေး ရှိနေစဉ်က အင်အားစုများအားလုံးကို ဖိနှိပ်ထားနိုင်သဖြင့် မည်သူမျှ မဆင်မခြင် မလုပ်ရဲကြပေ။ ယခုချိန်၌ ဘိုးဘေး မရှိတော့သဖြင့် ဤကိစ္စကို မသမာသော ရည်ရွယ်ချက်ရှိသူများ သိရှိသွားပါက ပြဿနာ အမြောက်အများ ဖြစ်ပေါ်လာနိုင်သည်။

တစ်ခုတည်းသောဖြေရှင်းနည်းမှာ ဖုယင်ယင်ထံတွင် လုံလောက်သောစွမ်းအား ရှိလာရန်ပင်။

နှစ်ရက်ဆိုသည်မှာ အချိန်အများကြီး မဟုတ်သော်လည်း သူမသည် ဘိုးဘေးများ၏ကောင်းကင်ကံကြမ္မာနယ်မြေကို ဆင့်ခေါ်နိုင်ရန် လုံလောက်ပေ၏။ သူမ၏ ကံကြမ္မာ အပေါ် နားလည်မှုသည် တတိယအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ရာ ကြယ်စင်မြစ်နယ်ပယ် ဆဋ္ဌမအဆင့် အထွတ်အထိပ်သို့ မရောက်မီ အထိ လူအများ ပြောဆိုကြသော အတားအဆီးများ ရှိတော့မည် မဟုတ်ချေ။

"ကောင်းပြီလေ... နင် ဒီမှာ အေးအေးဆေးဆေး လေ့ကျင့်နေတော့... နင့်ရဲ့စွမ်းအား တည်ငြိမ်သွားတာနဲ့ မြေခွေးတစ်သောင်းကျင်းနဲ့ ဆက်သွယ်ဖို့ ကြိုးစားကြည့်ပါ... ငါ မင်းကို ဆက်ပြီး မနှောင့်ယှက်တော့ဘူး..."

ဖုမိသားစုခေါင်းဆောင်က နောက်သို့လှည့်ပြီး ထွက်ခွာသွားတော့သည်။

သူမ ထွက်သွားသည်ကို မြင်လိုက်ရသဖြင့် ဖုယင်ယင်က သိုလှောင်မှော်ရတနာတစ်ခုကို ကျန်းရွှမ်ထံသို့ ပေးလိုက်၏။

"ရှင် တောင်းထားတဲ့ ကံကြမ္မာချပ်ပြားတွေ..."

ကျန်းရွှမ်က ယူလိုက်ပြီး ရွှမ်ကမ္ဘာထဲတွင် သိမ်းဆည်းကာ စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။

ဤမျှထိများပြားသော ကောင်းကင်ကံကြမ္မာ စွမ်းအားများနှင့်ဆိုလျှင် ကောင်းကင်ဘုံသောကကံကြမ္မာကို ဒုတိယအဆင့်သို့ မရောက်စေနိုင်လျှင်ပင် သူ၏ကျင့်ကြံမှုကို များစွာတိုးတက်စေမည်မှာ သေချာပေါက်ပင်။

"မင်းက လေ့ကျင့်တာကိုပဲ အာရုံစိုက်လိုက်ပါ....ငါလည်း ကြယ်စင်မြစ်နယ်ပယ် ဒုတိယအဆင့်ကို ချိုးဖျက်ဝင်ရောက်ဖို့ ကြိုးစားလိုက်အုံးမယ်"

ဤအချက်ကို နားလည်သဘောပေါက်သဖြင့် ကျန်းရွှမ်သည် စကားအပို မပြောတော့ဘဲ ပလ္လင်ခွေထိုင်လိုက်သည်။

အာဏာရှိခြင်းဆိုသည်မှာ မည်သူမျှ ပြဿနာ မရှာရဲခြင်း ဖြစ်သော်လည်း စစ်မှန်သော လုံခြုံမှုသည် ကိုယ်ပိုင်စွမ်းအားအပေါ်တွင်သာ မူတည်သည်။ ထို့ကြောင့် သူ၏ကျင့်ကြံမှုကို အရင်ဆုံး အကန့်အသတ်အထိ တွန်းပို့ထားသည်က အကောင်းဆုံးပင်။

ကျန်းရွှမ်သည် ဖုအိမ်တော်တွင် လေ့ကျင့်နေစဉ်၌ အသစ်ဝယ်ယူထားသော ကျန်းအိမ်တော်၏အပြင်ဘက်တွင် လူရိပ်နှစ်ခု တိတ်တဆိတ် ထွက်ပေါ်လာပြီး အမှောင်ထုထဲတွင် ပုန်းအောင်းနေကြသည်။

"ဆရာ...ဂျူနီယာညီလေးမင်ရဲ့စကားအရဆိုရင် ဒီကျန်းရွှမ်ရဲ့ စွမ်းအားနဲ့ အဆင့်အတန်းက ရိုးရှင်းပုံ မရဘူး...ကျွန်တော်တို့က တကယ်ပဲ သူတို့ကို ပြဿနာ ရှာသင့်လို့လား"

တိုးညှင်းသော အသံတစ်သံ ထွက်ပေါ်လာသည်။

"ငါ အရင်ကတည်းက ဒါကို ခန့်မှန်းမိပါတယ်.... မဟုတ်ရင် သူက ငယ်ငယ်ရွယ်ရွယ်နဲ့ မိုတောက်ကံကြမ္မာကို ဒီလောက်ထိ နက်နဲသိမ်မွေ့အောင် နားလည်သဘောပေါက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး... ငါတောင် ဒီနေ့လို အခြေအနေထိရောက်ဖို့ နှစ်ပေါင်းလေးဆယ်ကျော် ကြိုးစားခဲ့ရတာ....မင်းအပိုစကားတွေ ပြောမနေနဲ့တော့... အစီအစဉ်အတိုင်း ဆက်လုပ်စမ်း...သူက အခု ဖုအိမ်တော်မှာ ရှိနေပြီးတော့ ထွက်လာလို့ မရဘူး... ဆိုလိုတာက ဒီအိမ်မှာ ဘာအန္တရာယ်မှ မရှိဘူး ဆိုတဲ့ သဘောပဲ.. ဒါက သူ့ရဲ့လူတွေကို ဖမ်းဆီးဖို့ အခွင့်ကောင်းတစ်ခုပဲ.. ပြီးရင် မိုတောက်ကံကြမ္မာကို စွန့်လွှတ်ဖို့ သူ့ကို ခြိမ်းခြောက်လို့ ရပြီ"

ရှေ့မှလူရိပ်က အတိုချုံး ရှင်းပြပြီးနောက် ခြံဝန်းထဲသို့ လျှင်မြန်စွာ ခုန်ဝင်သွားသည်။ ဒုတိယ လူရိပ်သည်လည်း ထပ်ချပ်မကွာ လိုက်ပါသွားပြီး နှစ်ဦးစလုံး ညအမှောင်ထုထဲတွင် ပျောက်ကွယ်သွားကြသည်။

All Chapters