အခန်း (၉၀၁-၉၀၅)
Vol. 61 Ch. 901-905
Chapter 901
"ဟွန့်...သူက ငါ့ကို တကယ်ကြီး တွန်းလွှတ်ရဲတယ်"
မိန်ရှင်းအာသည် မတ်တတ်ထာရပ်ပြီး ဒေါသတကြီးဖြင့် စားပွဲပေါ်ရှိ မာကျောက်တုံးကိုကိုင်ကာ အမှုန်အမွှားများဖြစ်သည်အထိ ခြေမွှလိုက်၏။
ဤလောကကြီးအတွင်း၌ မည်သူတစ်ဦးတစ်ယောက်ကမျှ သူမကို ဤကဲ့သို့ မဆက်ဆံဝံ့ချေ။
သူမကို လက်မထပ်လိုသော သို့မဟုတ်သူမ၏ဆွဲဆောင်မှုကို တောင့်ခံနိုင်သော ယောက်က်ျားသားသည် မည်သည့်နေရာ၌ ရှိနေနိုင်မည်နည်း။ဤလူတစ်ယောက်တည်းကသာ သူမကို ယခုကဲ့သို့ ဆက်ဆံသွားခဲ့သည်။
အချိန်အတော်ကြာသည်အထိ...
သူမ၏ခန္ဓာကိုယ်သည် ဒေါသကြောင့် တုန်ရီနေကာ ရီဖုန်းကို အစိတ်စိတ်အမွှာမွှာခုတ်ပိုင်းရန် စဥ်းစားတွေးတောနေမိသည်။
ထို့နောက် သူမသည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်ကာ အချိန်အတော်ကြာယူ၍ သူမ၏စိတ်ကို တည်ငြိမ်အောင် ပြုလုပ်ပြီးနောက် ထိုင်ချလိုက်သည်။
သူမသည် လက်ဖက်ရည်တစ်ခွက်ကို ဖျော်စပ်ကာ သူမ၏စိတ်ကို ပို၍တည်ငြိမ်သွားစေရန် ကြိုးစားလိုက်၏။
အချိန်တခဏကြာပြီးနောက် လက်ဖက်ရည်၏မွှေးရနံ့များ သင်းပျံ့လာကာ သူမသည် စားပွဲ၌ထိုင်ကာ အေးအေးလူလူဖြင့် လက်ဖက်ရည်သောက်ရင်း အစောပိုင်းက ရီဖုန်း သူမကို တွန်းလွှတ်ခဲ့သည့်မြင်ကွင်းအား ပြန်လည်တွေးတောလိုက်သည်။
ရုတ်တရက်...
မိန်ရှင်းအာသည် ရယ်မောလိုက်၏။
ဤလောကကြီးအတွင်း၌ သူမ၏ပခုံးကို တွန်းလွှတ်ခဲ့သော ယောက်ျားတစ်ယောက် အမှန်တကယ်ကို ရှိနေသည်။
"ကောင်ငယ်လေး...ငါ အစကတော့ နင့်ကို အစိတ်စိတ်အမွှာ ခြေမွှဖျက်ဆီးချင်နေတာ...ဒါပေမဲ့ ငါ သေသေချာချာ တွေးကြည့်တော့ နင်က နည်းနည်းတော့ချစ်ဖို့ကောင်းတယ်လို့ ငါ ခံစားမိတယ်"
"အဟိ...."
မိန်ရှင်းအာသည် သူမ၏ပါးစပ်ကိုဖုံးအုပ်ပြီး အဆက်မပြတ်ရယ်မောလိုက်၏။
"ကြည့်ရတာတော့ ငါက နင့်ကို ဘယ်လိုမှ မမုန်းနိုင်တဲ့ပုံပဲ.. ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ ကောင်ငယ်လေးတစ်ယောက်နဲ့တွေ့ရတာ အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်...ငါက နင့်ကို ငါအနားမှာ ခေါ်ထားချင်တယ်"
"ဒီအစ်မကြီးက နောက်ထပ်ကစားကွက်ကို ကောင်းကောင်းလေး ရွှေ့ရမယ်..ဘယ်သူက ဘယ်သူ့ကို ကစားနိုင်မလဲဆိုတာ ကြည့်ကြသေးတာပေါ့"
"လာကြစမ်း..."
မိန်ရှင်းအာက သူမ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
"အမိန့်ရှိပါ သခင်မလေး"
တာဝန်ခံသည် သူမ၏ရှေ့၌ ရိုသေလေးစားစွာ ဒူးထောက်လိုက်၏။
"ရီဖုန်းကို တတိယထပ်ဆီဖိတ်ခေါ်ပြီးတော့ သူ့အတွက် အခန်းတစ်ခု စီစဉ်ပေးလိုက်စမ်း"
မိန်ရှင်းအာက သူမ၏လက်ကိုဝှေ့ယမ်းပြီး ပြောဆိုသည်။
တာဝန်ခံသည် ခေါင်းညိတ်ပြပြီးနောက် အောက်ထပ်သို့ ဆင်းသွားတော့သည်။
ဤအချိန်အခိုက်အတန့်၌ ရီဖုန်းသည် သူ ဒုတိယထပ်၌ လမ်းလျှောက်ရင်းဆဲဆိုနေလေ၏။ထိုအချိန်မှာပင် တာဝန်ခံက သူ့အား လိုက်မှီသွားခဲ့သည်။
မိန်ရှင်းအာသည် တတိယထပ်၌နေထိုင်ရန် သူ့အားဖိတ်ခေါ်သည်ဟု တာဝန်ခံ၏ပြောစကားကိုကြားချိန်၌ ရီဖုန်းသည် စဉ်းစားတွေးတောခြင်းမပြုဘဲ သဘောတူညီလိုက်၏။
အခန်းကျယ်ကြီးတစ်ခန်းအတွင်း၌ နေထိုင်ရမည်ကို ငြင်းဆန်ရန် သူ့ထံ၌ အကြောင်းမရှိချေ။
မည်သို့ပင်ဆိုစေကာမူ သူသည် သေရတော့မည်လူတစ်ယောက်ပင်။ထို့ကြောင့် မည်သည့်ကိစ္စများ ဖြစ်လာပါစေ သူ ဆန္ဒရှိသကဲ့သို့ ပြုလုပ်နိုင်သည်။
ရှဖုန်းသည် တတိယထပ်သို့ သွားခဲ့ရုံသာမက သီးသန့်ခန်းကိုလည်း တောင်းဆိုခဲ့သည်။
"သီးသန့်ခန်းက ဘာအတွက်လဲ"
တာဝန်ခံက မေးမြန်းသည်။
ဤသီးသန့်ခန်းအတွင်း၌ နေထိုင်နိုင်သူများသည် ငွေကြေးကြောင့်သက်သက်မဟုတ်ဘဲ အခြေခံအားဖြင့် အင်အားစုကြီးများမှ ခေါင်းဆောင်ကြီးများနှင့် အရေးပါသောပုဂ္ဂိုလ်များအတွက် ဖြစ်သည်။
"ဘာလို့လဲ....ငါ နေလို့မရဘူးလား"
ရီဖုန်းက သူ၏ခေါင်းကိုမော့ပြီး မေးမြန်းလိုက်၏။
တာဝန်ခံသည် ကိုးယိုးကားရား ဖြစ်သွားသော်လည်း ရီဖုန်းအပေါ်ထားရှိသော မိန်ရှင်းအာ၏သဘောထားကို အမှတ်ရသွားသည်။သူသည် အချိန်အတော်ကြာခန့် ဂရုတစိုက်စဉ်းစားတွေးတောပြီးနောက် ဝန်လေးစွာဖြင့် သဘောတူလိုက်သည်။
ရီဖုန်းသည် သီးသန့်ခန်းအတွင်းသို့ ရွှေ့ပြောင်းနေထိုင်ပြီးနောက် တာဝန်ခံသည် သတင်းပို့ရန်အတွက် စတုတ္ထထပ်သို့ အလျှင်အမြန်ပြန်သွားလေသည်။
"သခင်မလေးကို အရိုအသေပြုပါတယ်"
သူသည် မိန်းရှင်းအာ၏ရှေ့၌ ဒူးထောက်လိုက်၏။
တာဝန်ခံ၏ စိုးရိမ်ပူပန်နေသော ပုံပန်းသွင်ပြင်ကိုကြည့်ပြီး မိန်ရှင်းအာသည် အနည်းငယ်မျှ အံ့အားသင့်သွားခြင်းမရှိဘဲ သူမ၏လက်ကို ဝှေ့ယမ်းပြီးမေးမြန်းသည်။
"နင်က ဘာလို့ စိုးရိမ်နေတာလဲ...သူက မနေချင်ဘူးလို့ ပြောတယ်မဟုတ်လား..ဒါက ငါ မျှော်လင့်ထားတဲ့အတိုင်းပဲ"
"ကောင်ငယ်လေးတစ်ယောက်အတွက် နည်းနည်းမာနကြီးတယ်ဆိုတာက ပုံမှန်ပါပဲ"
သူမသည် ထိုစကားကို ပြောဆိုပြီးနောက်လက်ဖက်ရည်ကို တစ်ငုံငုံ၍သောက်လိုက်သည်။သို့ရာတွင် တာဝန်ခံထံတွင် ခါးသည်းသောမျက်နှာအမူအယာရှိနေကာ ပို၍ပင်စိုးရိမ်ပူပန်နေပုံ ပေါက်နေကြောင်း သူမ မြင်တွေ့မိလေ၏။
"တခြားဘာကိစ္စ ရှိသေးလို့လဲ...ငါ့ကို ပြောစမ်း"
သူမက အေးအေးလူလူအသံဖြင့် ပြောဆိုသည်။
"ဒီကိစ္စက သခင်မလေးထင်သလို မဟုတ်ဘူး"
တာဝန်ခံသည် နောက်ဆုံး၌ သူ ပြောဆိုမည့်စကားကို ပြောခွင့်ရသွားသဖြင့် အလျင်စလိုသတင်းပို့လိုက်သည်။
"သူက သဘောတူရုံတင် မကဘူး...သီးသန့်ခန်းမှာနေမယ်လို့ ခေါင်းမာမာနဲ့ တောင်းဆိုခဲ့တယ်"
"အမ်..."
သူမ၏နှုတ်ခမ်း လက်ဖက်ရည်ပူလောင်သွားကာ သူမ၏လက်အတွင်းရှိခွက်ကို အလျှင်အမြန်အောက်သို့ချပြီး အံ့အားသင့်တုန်လှုပ်သောအမူအယာဖြင့် တာဝန်ခံကို ကြည့်လိုက်သည်။
"ကိစ္စတွေက တစတစ ပိုပြီးတော့ စိတ်ဝင်စားဖို့ကောင်းလာတာပါလား"
"အဲ့ဒီကောင်လေးက ဘာလို့ ငါ့ရဲ့စိတ်ထဲမှာရှိတာနဲ့ အမြဲတမ်း ဆန့်ကျင်ဘက်ဖြစ်နေတာလဲ...ဒါကငါ တကယ့်ကို မမျှော်လင့်ထားတဲ့ကိစ္စပဲ"
"ဒါပေမဲ့ နင့်ရဲ့ ဆန္ဒစောပြီးတော့ ဒေါသထွက်နေတဲ့ ပုံပန်းသွင်ပြင်ကိုကြည့်ရင် နင်က မိန်းကလေးအပေါ်မှာ စိတ်ဝင်စားတယ်ဆိုတာ သိသာတယ်"
"ဒါဆိုရင် ငါ နင်နဲ့ တိုက်ခိုက်ရလိမ့်မယ်"
"နင့်ကို ငါရဲ့ထိန်းချုပ်မှုအောက်မှာ အမြဲတမ်းထားမယ်...."
မိန်းရှင်းအာ၏နှုတ်ခမ်းထောင့် မြင့်တက်သွားကာ တာဝန်ခံကို ပြန်လွှတ်လိုက်သည်။ထို့နောက်သူမသည် တခြားမိန်းကလေးတစ်ယောက်အသွင် ရုပ်ဖျက်လိုက်၏။သူမ၏ ညှို့အားပြင်းသောခန္ဓာကိုယ်နှင့် ဆွဲဆောင်မှုရှိသောကိုယ်နေဟန်ထားသည် သူမ၏ခန္ဓာကိုယ်ပေါ်တွင် ဝတ်ဆင်ထားသော မျက်နှာလွှားဇာ အနက်ရောင်ခြေအိတ်တို့နှင့် ပေါင်းစပ်လိုက်ချိန်၌ ယောက်ျားသားများကို မရပ်တန့်နိုင်လုနီးပါး ဖြစ်သွားစေခဲ့သည်။
ထို့နောက် သူမက အေးအေးလူလူဖြင့် တတိယထပ်သို့ဆင်းကာ ရီဖုန်း၏အခန်းထံသို့ သွားလိုက်သည်။
"ကယ်ပါအုံး...ဒီနေရာမှာ တစ်ယောက်ယောက်ရှိနေလား"
အခန်းအတွင်း၌ ဤတကြိမ်တွင် သူ ငွေမည်မျှရှာဖွေနိုင်ခဲ့သည်ကို တွက်နေသော ရီဖုန်းသည် ပြင်ပမှနေ၍ အမျိုးသမီးတစ်ယောက်၏ဖျော့တော့တော့အသံကို ကြားမိသည်။
သူသည် အစပထမ၌ ထိုအသံကို ဂရုမစိုက်ချေ။သို့ရာတွင် ထိုအသံသည် တစတစပို၍အလောသုံးဆယ်နိုင်လာသဖြင့် သူ၏အင်မော်တယ်သလင်းကျောက်များကိုဝှက်ကာ မတ်တတ်ထရပ်ပြီး တံခါးဖွင့်လိုက်၏။
တံခါးဝ၌...
အလွန်လှပချောမောသော အမျိုးသမီးတစ်ယောက် မတ်တတ်ရပ်နေသည်။
သူမ၏မျက်နှာသည် နီမြန်းနေပြီး သူမ၏အသက်ရှူနှုန်း ပြတ်တောင်းပြတ်တောင်းဖြစ်နေကာ တံခါးကိုခပ်လျော့လျော့မှီထားသော သူမ၏ညှို့အားပြင်းသော ပုံပန်းသွင်ပြင်ဖြင့် ရီဖုန်းကို မော့ကြည့်သည်။
"သခင်လေး...ငါက ဒုက္ခရောက်နေလို့ပါ..အထဲကို ဝင်ခွင့်ပြုနိုင်မလား"
မိန်ရှင်းအာထံမှနေ၍ တောင်းဆိုသောအရိပ်အယောင်ပါသည့် နူးညံသိမ်မွေ့သောအသံ ထွက်ပေါ်လာသည်။
သူမ၏အတွေ့အကြုံအရ...
သူမ၏ယခုလက်ရှိပုံပန်းသွင်ပြင် ခန္ဓာကိုယ် ကိုယ်နေဟန်ထားနှင့် အခြေအနေတို့သည် မည်သည့်ယောက်ျားသားကိုမဆို ကာကွယ်ပေးလိုစိတ်များ ပေါက်ဖွားစေသဖြင့် မည်သူကမျှ သူမအား ငြင်းဆန်မည်မဟုတ်ချေ။
သို့ရာတွင်...
ဘန်း...
တံခါးသည် ဆောင့်ပိတ်ခြင်းခံရပြီးနောက် သူမ၏မျက်နှာကို ရိုက်ခတ်မိသွားသည်။
မိန်ရှင်းအာသည် နေရာမှာပင် ကြက်သေသေသွားကာ ဇဝေဇဝါဖြင့် သူမ၏ရှေ့ရှိ ကြေးနီတံခါးကို စူးစိုက်၍ကြည့်လိုက်၏။
Chapter 902
ဟမ့်....
သူ၏တံခါးကိုလာခေါက်သော အမျိုးသမီးကို တစ်ချက်ကြည့်ရုံဖြင့် အလိမ်အညာဖြစ်သည်ကို သူ သိရှိသွားသည်။
မည်သည့်ကြောင့် ဤကဲ့သို့နည်းလမ်းဖြင့် သူ့ကို လှည့်စားနိုင်သနည်း
ရီဖုန်းသည် မျက်နှာထားတင်းတင်းဖြင့် အခန်းအတွင်းသို့ ပြန်ဝင်လာပြီးနောက် တဖန်ပြန်၍ထိုင်လိုက်သည်။
ထို့နောက် သူ၏အင်မော်တယ်သလင်းကျောက်များကို ဆက်လက်၍ရေတွက်လိုက်၏။
မိန်ရှင်းအာသည် အချိန်အတော်ကြာ ကြက်သေသေနေပြီးနောက် အသိပြန်ဝင်လာခဲ့သည်။
ထိုနောက် သူမ၏နူးညံသေးသွယ်သောလက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကာ အံ့တင်းတင်းကြိတ်ထားသဖြင့် သူမ၏မျက်နှာ နီမြန်းနေသည်။
"ကောင်ငယ်လေး...နင်က အရမ်းအကြင်နာမဲ့တာပဲ"
"ငါက နင့်ကို မကိုင်တွယ်နိုင်ဘူးဆိုတာ ငါ မယုံဘူး"
မိန်ရှင်းအာသည် မကျေမနပ်ဖြင့် တီးတိုးရေရွတ်ပြီးနောက် အခန်းတံခါးကို ထပ်မံ၍ခေါက်လိုက်သည်။
"သခင်လေး...ငါတို့က တစ်ယောက်နဲ့တစ်ယောက် မသိပေမယ့် အရေးပေါ်ကိစ္စတစ်ခု ရှိနေတာကြောင့် နင့်ကို အနှောက်အယှက်ပေးဖို့ကလွဲပြီးတော့ ငါ့မှာ တခြားရွေးချယ်စရာမရှိတော့ဘူး"
"ငါက ချီပါးကျွန်းမှာနေတဲ့ ယဲ့ချင်အာပါ...ငါက အခု အဆိပ်မိနေတယ်...တကယ်လို့ သခင်လေးက ငါ့ကိုကူညီပေးမယ်ဆိုရင် ငါက ကျွန်းတစ်ကျွန်းလုံးရဲ့အင်အားနဲ့ သခင်လေးကို ပြန်ပေးဆပ်မှာပါ...တကယ်လို့ သခင်လေးမှာ တောင်းဆိုချင်တာတစ်ခုခု ရှိနေရင်လည်း ချီပါးကျွန်းက သေချာပေါက် ဖြည့်ဆည်းပေးမှာပါ"
မိန့်ရှင်းအာ၏ အရေးတကြီးပြောဆိုသော စူးရှရှအသံသည် ရီဖုန်း၏နားအတွင်းသို့ ဝင်ရောက်လာပေ၏။
ဤအနောက်အယှက်ပေးမှုကြောင့် ရီဖုန်းအား စိတ်မတည်ငြိမ်ဖြစ်စေကာ သူ ငွေရေတွက်ရာ၌ ကြိမ်ဖန်များစွာ မှားယွင်းတွက်ချက်မိသည်။
"အဲ့ဒီအမျိုးသမီးက တကယ်ကြီး ဒုက္ခရောက်နေတာများလား..."
ရီဖုန်းက သူ၏နှာခေါင်းကိုပွတ်သပ်ပြီး တဖန်ပြန်၍ စဉ်းစားတွေးတောလိုက်၏။
အကယ်၍ ဤကဲ့သို့ကိစ္စမျိုးရှိနေပါက သူ့၏အခန်းတံခါစ ပိတ်ထားသဖြင့် တစ်ဖက်လူ ဆိုးဆိုးရွားရွားသေဆုံးသွားလျှင် ဤသည်မှာ မကောင်းလှချေ။
သာမန်အခြေအနေမျိုးအောက်တွင် သမိုင်းကြောင်းရှည်ကြာပြီး ကောင်းမွန်သောရှေးရိုးစဉ်လာများ၏အောက်တွင် ကြီးပြင်းလာရသည့် ဤခေတ်ကာလအတွင်းရှိ မိန်းကလေးများသည် လိမ်လည်လှည့်ဖျားမှုမျိုးကို ပြုလုပ်မည်မဟုတ်ချေ။
သူ ထပ်မံ၍တချက်ကြည့်ကြည့်ပါက ပို၍ကောင်းပေမည်။
ထိုအကြောင်းကို တွေးတောပြီးနောက် ရီဖုန်းသည် သူ၏ငွေများကို တစ်ဖန်ပြန်၍ဝှက်ကာ မတ်တတ်ထရပ်ပြီး အခန်းတံခါးကိုဖွင့်လိုက်သည်။
ရီဖုန်းသည် အခန်းတံခါးကို ဖွင့်လိုက်သည်အားကြည့်ပြီး မိန်ရှင်းအာ၏မျက်လုံးအတွင်း၌ စိတ်ကျေနပ်မှုအရိပ်အယောင်များ ထင်ဟပ်သွားသည်။
"မင်းမှာ ဘာကိစ္စရှိလို့လဲ"
ရီဖုန်းသည် တံခါးဖွင့်လိုက်သော်လည်း မိန်ရှင်းအာကို အတွင်းသို့ဝင်ခွင့်မပြုဘဲ တံခါးဝ၌ရပ်၍ မေးမြန်းလိုက်သည်။
"သခင်လေး...ကိစ္စက ဒီလိုပါ...ချင်အာက ကူးပြောင်းရေးကျွန်းနားမှာ လေ့ကျင့်နေရင်းနဲ့ သတိမပြုမိတဲ့အချိန်မှာ ငါက လူဆိုးတွေကြောင့်အဆိပ်မိသွားခဲ့တယ်"
"အခုအချိန်မှာ အဆိပ်ကထလာပြီ...ဒါကြောင့် ငါ့ရဲ့အဆိပ်ကို ဖြေဖို့အတွက် ငါက လူကောင်းတစ်ယောက်ကို ရှာနေခဲ့တာပါ..ငါက တကယ့်ကို ကူကယ်ရာမဲ့ ဖြစ်နေတယ်"
မိန်ရှင်းအာသည် အခြေအနေကို တစ်ခုပြီးတစ်ခု ရှင်းပြလိုက်၏။
သူမသည် မျက်မှောင်ကြုတ်ထားကာ သူမ၏မျက်လုံးများ ရီဝေနေသည်။သူမ၏ နူးညံပြီးသွယ်လျသော ခန္ဓာကိုယ်သည် အနည်းငယ်တုန်ရီနေသဖြင့် သူမ၏သနားစဖွယ်ကောင်းသော ပုံပန်းသွင်ပြင်သည် လူအများအား စိတ်မသက်မသာဖြစ်စေသည်။
"ဒါဆိုရင် မင်းရဲ့အခြေအနေက နည်းနည်းတော့ သနားစရာပဲ...ဒါပေမဲ့ ငါက အဆိပ်မဖြေတတ်ဘူးလေ"
ရီဖုန်းက မျက်မှောင်ကြုတ်လိုက်သည်။
"ငါက သခင်လေးကို ရှာတွေ့မှတော့...သခင်လေးက ငါ့ရဲ့အဆိပ်ကို ဖြေပေးနိုင်မှာ သေချာတယ်"
မိန်ရှင်းအာက သနားဖွယ်ကောင်းသောလေသံဖြင့် ပြောဆိုသည်။
"ငါက မင်းရဲ့အဆိပ်ကို ဖြေပေးနိုင်တာလား"
ရီဖုန်းသည် ဇဝေဇဝါဖြစ်သွားလေ၏။
"ငါက ဘယ်လိုလုပ်ပေးရမယ်ဆိုတာ ငါ မသိဘူး"
"ဒါနဲ့ မင်းက ဘယ်လိုအဆိပ်မျိုး မိထားတာလဲ"
ရီဖုန်းက ထပ်မံ၍မေးမြန်းသည်။
သူ ထိုသို့ပြောဆိုလိုက်ချိန်၌ သူ၏ရှေ့ရှိရှိ ညှို့အားပြင်းသောအမျိုးသမီးသည် ရှက်ရွံ့သောအမူအယာဖြင့် သူမ၏လှပသောမျက်နှာလေးကို အောက်သို့ငုံကာ အနည်းငယ်တွေဝေတုံ့ဆိုင်းနေပြီး သူမ၏လည်ပင်းတလျှောက် နီမြန်းနေပေ၏။
"ဒါ...ဒါက အချစ်အဆိပ်ပါ"
"ဒီအဆိပ်က အရမ်းပြင်းတယ်..ချင်အာက အဆိပ်ဖြေဖို့အတွက် ကန့်သတ်ထားတဲ့အချိန်အတွင်းမှာ ယောက်ျားတစ်ယောက်ကို ရှာဖို့လိုတယ်"
"သခင်လေးက ယောက်ျားတစ်ယောက်ဖြစ်ပြီးတော့ သာလွန်ထူးကဲတဲ့စိတ်နေသဘောထားနဲ့ ချောမောခန့်ညားတဲ့ ပုံပန်းသွင်ပြင်ရှိတယ်..ပြောရမယ်ဆိုရင် သခင်လေးရဲ့ပုံပန်းသွင်ပြင်က ချင်အာရဲ့စိတ်ကူးယဥ်ခင်ပွန်းလောင်းလည်း ဖြစ်နေတယ်...ဒါ ဒါကြောင့်....."
မိန်ရှင်းအာသည် ရှက်ရွံ့ချင်ယောင်ဆောင်ပြီးနောက် အထစ်ထစ်အငေါ့ငေါ့ဖြင့် စကားသံကို တစတစတိုးပြီး ပြောဆိုလိုက်သည်။
"ဒါကြောင့် သခင်လေးက ဒီအဆိပ်ကိုဖြေဖို့အတွက် ချင်အာနဲ့အတူ နှစ်ကိုယ်တူကျင့်ကြံပေးပါလို့ တောင်းဆိုပါ့ရစေ"
"တကယ်လို့ နောက်ပိုင်းမှာ သခင်လေးက ချင်အာကို ကောင်းတဲ့လူတစ်ယောက်လို့ စဉ်းစားမိရင် သခင်လေးရဲ့လူတစ်ယောက်ဖြစ်လာဖို့ ချင်အာက ဆန္ဒရှိပါတယ်"
"တကယ်လို့ သခင်လေးက ချင်အာကို မနှစ်သက်ဘူးဆိုရင်လည်း ချင်အာက သခင်လေးကို တာဝန်ယူခိုင်းမှာ မဟုတ်ပါဘူး....ဒါပေမဲ့ ချင်အာက သခင်လေးရဲ့အသက်ကယ်တင်ခဲ့တဲ့ကျေးဇူးကို မှတ်ထားပြီးတော့ ဆုလာလ်တွေ ချီးမြှင့်မှာပါ...ငွေကြေးပဲဖြစ်ဖြစ် ရတနာပဲဖြစ်ဖြစ် သခင်လေး လိုချင်တာမှန်သမျှကို ချင်အာက သေချာပေါက်ဖြည့်ဆည်းပေးမှာပါ"
ထိုသို့ပြောဆိုပြီးနောက်...
မိန်ရှင်းအာသည် ဝမ်းနည်းကြေကွဲနေသော ကြောင်မလေးတစ်ကောင်အလား သနားဖွယ်ကောင်းသော မျက်လုံးတစ်စုံဖြင့် ရီဖုန်းကို ကြည့်လေသည်။
သူမ၏နူးညံ့သေးသွယ်သောခန္ဓာကိုယ်သည် တုန်ခါနေကာ မသိလိုက်မသိဘာသာဖြင့် ရီဖုန်းထံဦးတည်ပြီး လဲလျောင်းလိုက်သည်။
သူမ၏စိတ်နှလုံးသားအတွင်း၌ အပျော်များဖြင့် ပြည့်နှက်နေသည်။
ရီဖုန်းသည် ဤဆွဲဆောင်မှုကို တောင့်ခံနိုင်မည်ဟု သူမ မယုံကြည်ချေ။
အမှန်တကယ်ကိုပင်...
သူမ၏ခန္ဓာကိုယ်သည် တဖြည်းဖြည်း ရီဖုန်းနှင့် ထိမိသွားလေပြီ။
သူမ၏နှုတ်ခမ်းထောင့် မသိမသာ မြင့်တက်သွားသည်။
သို့ရာတွင် သူမသည် ရီဖုန်းအပေါ် သေချာပေါက်အောင်နိုင်သွားပြီဟု တွေးတောကာ သူမ၏မျက်နှာပေါ်၌ အောင်နိုင်သူအပြုံးမျိုး ထင်ဟပ်လာစဥ်မှာပင် ပြင်းထန်သော အော်ငေါက်သံတစ်သံ ထွက်ပေါ်လာသည်။
"ထွက်သွားစမ်း..."
ထိုအသံ ကျရောက်လာသည်နှင့်အတူ ခြေထောက်တစ်ဖက်က သူမ၏ရင်ဘတ်ပေါ်သို့ ကျရောက်လာသည်။
မည်သည့်ပြင်ဆင်ထားမှုမျှမရှိသဖြင့် မိန်ရှင်းအာသည် နောက်သို့လွင့်ထွက်သွားပေ၏။
ဘန်း...
တချိန်တည်းမှာပင် အခန်းတံခါးပိတ်သွားသည်။
အခန်းအတွင်းတွေရှိနေသောကြီးဖုန်းသည်ဆဲဆိုနေလေ၏။
ဤအမျိုးသမီးသည် အမှန်တကယ်ကို ကူကယ်ရာမဲ့ဖြစ်နေသဖြင့် သူ့အား အကူအညီလာတောင်းသည်ဟု သူ မူလက တွေးထင်ခဲ့သည်။သို့ရာတွင် သူမ၏စကားများကို ပို၍နားထောင်ရလေလေ သူ ပို၍ဒေါသထွက်လာလေလေပင်။
သူမ၏ရုပ်ရည်သည် ချောမောလှပပြီး မိသားစုနောက်ခံသည်လည်း ကောင်းမွန်သည်။
သူမကိုယ်သူမ သူ့ထံသို့ ပေးအပ်လာသည့်အပြင် သူ့အား ငွေများပေးမည်ဟု ဆိုသလော...
ထို့ပြင် သူသည် ကိစ္စပြီးသွားချိန်တွင် တာဝန်ယူရန်မလိုဟု ဆိုသလော...
ဤသည်မှာ သူ၏အတိတ်ဘဝရှိ ဖုန်းများခေါ်ဆိုကာ မက်လုံးပေးပြီး လိမ်လည်သော ခွေးမသားများနှင့် မည်သည့်ကွာခြားချက် ရှိတော့မည်နည်း...
သူသည် လောဘသားများ ပြည့်နှက်နေသော ထိုခေတ်ကာလရေစီးကြောင်းများကို မေ့လျော့မည်မဟုတ်ချေ။သူ့အား ဖုန်းနံပါတ်တစ်ခုမှ ဖုန်းခေါ်ဆိုကာ တစ်ညတည်းဖြင့် သူ၏တစ်လစာငွေများအားလုံးကို လိမ်လည်သွားခဲ့သည်။
သူကဲ့သို့ လုံလောက်သောအတွေ့အကြုံရှိကာ လိမ်လည်မှုဆန့်ကျင်ရေးအဖွဲ့များတွင် ထဲထဲဝင်ဝင် ပါဝင်ပတ်သက်ခဲ့သည့် မော်ဒယ်ခေတ်လူငယ်တစ်ယောက်သည် မည်သည်ကြောင့် အဆင့်နိမ့်လူလိမ်တစ်ယောက်လက်အတွင်းသို့ ကျရောက်သွားမည်နည်း။
မဖြစ်နိုင်ချေ။
ဤသည်မှာ မည်သို့မျှ မဖြစ်နိုင်ချေ။
သို့ရာတွင် ရီဖုန်းသည် ထိုအမျိုးသမီးအား သတ်ဖြတ်ခြင်းမပြုချေ။မည်သို့ပင်ဆိုစေကာမူ သူထံတွင် ဆုံးရှုံးနစ်နာမှုတစ်ခုမျှ ရှိမနေချေ။
အကယ်၍ သူသည် သူမကို ဒချိဒချိလုပ်ပြီး သင်ခန်းစာပေးလိုက်ပါက ပို၍အဆင်ပြေသွားပေမည်။
Chapter 903
ဤအချိန်အခိုက်အတန့်တွင် အထက်တန်းလွှာမိသားစုမှလာသော လူငယ်နှစ်ယောက်သည် ကုန်းပတ်ပေါ်၌ လမ်းလျှောက်ရင်း ကိစ္စများကိုတိုင်ပင်ဆွေးနွေးနေသည်။သို့ရာတွင် သူတို့၏နံဘေးရှိ စုတ်ပြတ်နေသော အခန်းငယ်တစ်ခုအတွင်း၌ မိန်းကလေးတစ်ယောက် ရှိနေသည်ကို ရှာဖွေတွေ့ရှိမိသည်။
ဤမိန်းကလေး၏ လှပချောမောမှုနှင့်ပုံပန်းသွင်ပြင်ကြောင့် လူငယ်နှစ်ယောက်၏မျက်လုံးများ ကျွတ်ထွက်လုမတတ် သူမကို စူးစိုက်၍ကြည့်လိုက်ကြ၏။
သူတို့၏ပါးစပ်များမှ သွားရည်များ ယိုစီးကျတော့လုမတတ်ပင်။
ဤကဲ့သို့ ညှို့အားပြင်းသော မိန်းကလေးမျိုးကို သူတို့၏ဘဝတလျှောက်တွင် တစ်ကြိမ်တခါမျှ မတွေ့ခဲ့ဘူးချေ။
သူတို့နှစ်ယောက်သည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးနောက် ရုတ်တရက် အတွေးရိုင်းများ ပေါက်ဖွားလာကာ ထိုမိန်းကလေးကို ပြင်ပသို့ အလျှင်အမြန်ဆွဲထုတ်လိုက်ကြသည်။
သူတို့သည် ယဉ်ကျေးသိမ်မွေ့မှုများကို စတင်၍ပြသခဲ့ပြီးနောက် စကားလုံးမျိုးစုံဖြင့် လှည့်စားလိုက်ကြသည်။
"ထွက်သွားစမ်း"
မိန်းရှင်းအာ၏မျက်နှာ တည်ငြိမ်နေကာ သူတို့နှစ်ယောက်ကို ပိန်းပိတ်သည်အထိ နက်မှောင်နေသော ပင်လယ်ရေအတွင်းသို့ ပစ်ချလိုက်၏။
သူမသည် သူတို့နှစ်ယောက် မည်သည့်အထက်တန်းလွှာမိသားစုမှလာသည်ကို ဂရုမစိုက်ချေ။
ပင်လယ်ရေသည် ထိုလူငယ်နှစ်ယောက်ကို ချက်ချင်းလွှမ်းခြုံသွားပေ၏။ကြည့်ရသည်မှာ အနက်ရောင်ပင်လယ်ရေများအတွင်း၌ အမျိုးအမည်မသိရသော အရာတစ်ခု ပုန်းအောင်းနေသည့်အလားပင်။
သို့ရာတွင် မိုယန်ရွှယ်သည် ဤမျက်ကန်းနှစ်ယောက်ကို ပင်လယ်အတွင်းသို့ ပစ်ချပြီးသည့်တိုင် သူမ၏စိတ်နှလုံးသားအတွင်းရှိ ဒေါသများကို ဖြေဖျောက်နိုင်ခြင်း မရှိသေးချေ။
သူမ၏နူးညံသေးသွယ်သောလက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ထားပြီး သူမ၏ခန္ဓာကိုယ်သည် တုန်ရီနေပေ၏။
သူမ၏ဘဝတလျှောက်တွင် ဤကဲ့သို့ နားမလည်နိုင်သော ယောက်ျားတစ်ယောက်နှင့် တစ်ကြိမ်တစ်ခါမျှ ဆုံတွေ့ခဲ့ဖူးခြင်းမရှိချေ။
အစပထမတွင် သူသည် သူမ၏ပခုံးကို တွန်းလွှတ်ခဲ့ပြီး ယခုအချိန်၌ သူမကို ထပ်မံ၍ကန်ကျောက်ခဲ့သည်။ဤသည်မှာ ယောက်ျားတစ်ယောက် လုပ်ဆောင်သင့်သည် ကိစ္စတစ်ခု မဟုတ်ချေ။
သူမသည် အလွန်ဒေါသထွက်နေသဖြင့် တခြားမည်သည့်အရာကိုမျှ ဂရုမစိုက်တော့ချေ။သူမသည် သီးသန့်ခန်းထံသို့သွားကာ သူ့အား ဖမ်းဆီးရိုက်နှက်ပြီး သူ ယောက်ျားစစ်စစ်တစ်ယောက် ဟုတ်မဟုတ် မေးခွန်းထုတ်ရပေမည်။
သို့ရာတွင်..
သူမ သွားရန်ဟန်ပြင်လိုက်သည့် အချိန်မှာပင် ရင်းနှီးသောအသံတစ်သံက သူမ၏နောက်မှ ထွက်ပေါ်လာသည်။
"တိုက်ဆိုင်လိုက်တာ...မင်းက ဘာလို့ ဒီနေရာကို ရောက်နေတာလဲ"
ထိုအသံကိုကြားချိန်တွင် မိန်ရှင်းအာသည် ချက်ချင်းဒေါသထွက်သွားလေ၏။
အကြောင်းအရင်းမှာ ဤလူသည် တခြားတစ်ယောက်မဟုတ်ဘဲ သူမ ပြင်းပြင်းထန်ထန်ရိုက်နှက်လိုသော ရီဖုန်း ဖြစ်နေသောကြောင့်ပင်။
သူမသည် နောက်သို့ချာခနဲလှည့်ကာ စတင်၍လှုပ်ရှားရန် ဟန်ပြင်လိုက်သော်လည်း တစ်ချိန်တည်းမှာပင် ရီဖုန်းက နောက်သို့ပြန်ဆုတ်သွားခဲ့သည်။
"ငါက ငါ့ရဲ့အခန်းဝမှာ အဆင့်နိမ့်အမျိုးသမီးလူလိမ်တစ်ယောက်နဲ့တွေ့ခဲ့တယ်...မင်းက ဒီနေရာမှာ ရှိနေမှတော့ အဲ့ဒီအမျိုးသမီးလူလိမ်က မင်းတော့ မဟုတ်ဘူးမလား"
ထိုသို့ပြောဆိုပြီးနောက် ရီဖုန်းသည် သတိကြီးစွာထားပြီး မိန်ရှင်းအာကို ကြည့်လိုက်၏။
သို့ရာတွင် ထိုကိစ္စကို စဉ်းစားတွေးတောပြီးနောက် သူသည် ခေါင်းခါပြီး တီးတိုးရေရွတ်လိုက်သည်။
"မင်း ဒီနေရာကိုရောက်နေတာက တိုက်ဆိုင်လွန်းတယ်ဆိုပေမယ့် ငါ ဒါကိုသေချာတွေးကြည့်တော့ ဒီကိစ္စက မဖြစ်နိုင်ဘူး"
"အဲ့ဒီအမျိုးသမီးလူလိမ်ရဲ့နည်းလမ်းတွေက အရမ်းဆိုးရွားတယ်....သူက အဆိပ်မိနေတယ်လို့ ပြောပြီးတော့ သူနဲ့အတူ နှစ်ကိုယ်တူကျင့်ကြံပေးဖို့ ငါ့ကို တောင်းဆိုခဲ့တယ်...ကိစ္စပြီးတဲ့အချိန်ကျရင် သူက ငါ့ကို တာဝန်မယူခိုင်းရုံတင်မကဘူး အကျိုးအမြတ်တွေပါ ပေးမယ်လို့ ပြောခဲ့တယ်...ဒီလိုမျိုး အဆင့်နိမ့်လိမ်လည်မှုနည်းလမ်းကို သုံးတာကြောင့် အဲ့ဒီအမျိုးသမီးရဲ့ဥာဏ်ရည် မမြင့်မားဘူးဆိုတာ ပြနေတယ်"
"ဘယ်လိုပဲဖြစ်ဖြစ် မင်းက ဒီခရီးသည်တင်သင်္ဘောရဲ့ ရေယာဥ်မှူးတစ်ယောက်ပဲ...မင်းမှာ ဘာမှရှားပါးနေတာ မရှိတဲ့အပြင် မင်းကိုကြည့်ရတာ ဒီလောက်ထိ တုံးမယ့်ပုံမရဘူး"
"ဒါကြောင့် လူလိမ်က မင်း မဖြစ်နိုင်ဘူး...ဟုတ်တယ်မလား..."
ရီဖုန်းသည် ထိုကိစ္စကို ခွဲခြမ်းစိတ်ဖြာပြီးနောက် သူ့၏ခေါင်းကိုမော့ကာ သူ့ရှေ့တွင်ရှိနေသော မိန်ရှင်းအာကို မေးမြန်းလိုက်သည်။
သို့ရာတွင် မိန်ရှင်းအာသည် ထိုစကားများကိုကြားပြီးနောက် သူမ၏စိတ်နှလုံးသားအတွင်းရှိ ဒေါသများ အထွတ်အထိပ်အဆင့်ထိ မြင့်တက်သွားသည်ကို သူ သိရှိမည်မဟုတ်ချေ။ဝတ်ရုံအောက်ရှိ သူမ၏နူးညံ့သေးသွယ်သောလက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ထားကာ ဒေါသကြောင့် သူမ၏လက်သည်းများသည် အသားအတွင်းသို့ စိုက်ဝင်နေလေပြီ။သူမသည် ရီဖုန်းကို နေရာမှာပင်သတ်ဖြတ်ရန် ဆန္ဒရှိနေပေ၏။
သို့ရာတွင် တစ်ချိန်တည်းမှာပင် သူမကိုယ်သူမ သံသယဝင်နေမိသည်။
အစောပိုင်းက သူမ၏သရုပ်ဆောင်ခဲ့မှုများသည် မပီပြင်ဘဲ ရီဖုန်းပြောဆိုသကဲ့သို့ အမှန်တကယ်ဆိုးရွားနေသလော...
ဤသည်မှာ သူမကိုယ်သူမ အစဉ်အမြဲယုံကြည်ချက်ပြင်းထန်သော မိန်ရှင်းအာအတွက် ကြီးမားသောထိုးနှက်ချက်တစ်ခုပင်။
ရီဖုန်း၏မျက်လုံးအတွင်းရှိ အထင်အမြင်သေးသော အရိပ်အယောင်များကို ကြည့်ပြီး မိန်ရှင်းအာသည် ချက်ချင်းဆိုသလို ဆုံးဖြတ်ချက်တစ်ခုချလိုက်၏။
အစောပိုင်းက ယဲ့ချင်အာသည် သူမ ဖြစ်သည်ကို ဤကောင်စုတ်အား သိခွင့်မပြုနိုင်ချေ။
"အဲ့ဒါက ငါ မဟုတ်ဘူး"
မိန်ရှင်းအာသည် သူမ၏မျက်နှာကို တည်ငြိမ်အောင်ထိန်းသိမ်း၍ အေးစက်စက်အသွင်အပြင်ကိုဆောင်ကာ သူမ၏ခေါင်းကို အနည်းငယ်မော့ပြီး တုံ့ပြန်လိုက်သည်။
"ဟေး...မင်း မဟုတ်ဘူးဆိုတာ ငါ သိတယ်...မင်းက အဆင့်အတန်းမြင့်တဲ့ ရေယာဉ်မှူးတစ်ယောက်လေ...ဘယ်လိုလုပ်ပြီးတော့ မင်းက ဒီလိုကိစ္စမျိုးကို ခိုးကြောင်ခိုးဝှက်လုပ်မှာလဲ"
ရီဖုန်းက အပြုံးနှင့်ပြောဆိုသည်။
"သေချာတာပေါ့...ငါက ဘာလို့ အဲ့ဒီလိုကိစ္စမျိုးကို လုပ်ရမှာလဲ"
မိန်ရှင်းအာသည် သူမကို လူလိမ်ဟု ထင်မသွားစေရန်အတွက် အလျှင်အမြန်ငြင်းဆန်လိုက်သည်။
"ဒါပေမဲ့ အဲ့ဒီလူလိမ်အကြောင်းကို ပြောရမယ်ဆိုရင် သူက အဆိပ်မိနေတာကြောင့် နှစ်ကိုယ်တူကျင့်ကြံချင်တယ်ဆိုပြီး ငါ့ကို အကျိုးအမြတ်တွေ ပေးချင်ခဲ့တယ်....မင်း ပြောကြည့်စမ်း...ဘယ်လိုလုပ်ပြီးတော့ ဒီလောကကြီးထဲမှာ ခုလောက်ထိ တုံးအတဲ့လူတစ်ယောက် ရှိနိုင်မှာလဲ...လောကကြီးထဲမှာ ဒီလိုမျိုး အရူးလုပ်ခံတဲ့အထိ တုံးအတဲ့လူဆိုလို့ ရှိမှာမဟုတ်ဘူး... ငါ ပြောတာ မင်း သဘောတူလား"
ရီဖုန်းက ထပ်မံ၍ပြောဆိုသည်။
မိန်ရှင်းအာ၏အသက်ရှူနှုန်း ပြင်းထန်လာကာ ဝတ်စုံအောက်ရှိ သူမ၏လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်လိုက်သည်။
"ဘာလဲ....ရေယာဉ်မှူးက ငါ ပြောတဲ့စကားကို သဘောမတူတာလား"
ရီဖုန်းက မေးမြန်းသည်။
"သဘောတူတယ်....ငါ သဘောတူတယ်"
မိန်ရှင်းအာ၏မျက်နှာတပြင်လုံး သုန်မှုန်နေပြီး သူမ၏အင်္ကျီလက်အတွင်းရှိ လက်သီးကို ပို၍တင်းတင်းကြပ်ကြပ်ဆုပ်လိုက်သည်။
"အော် ဒါနဲ့ ခုဏက စကားစပြတ်သွားတယ်...မင်း ဘာလို့ ဒီနေရာကို ရောက်နေတာလဲ...မင်းက စတုတ္ထထပ်မှာ ရှိနေရမှာ မဟုတ်လား"
ရီဖုန်းက မေးမြန်းသည်။
"အမ် ငါက...."
မိန်ရှင်းအာ၏မျက်နှာ မှုန်ကုပ်နေကာ အချိန်တခဏကြာခန့် တွေဝေတုံ့ဆိုင်းနေပြီးနောက် သူမက ပြောဆိုသည်။
"အမှတ်ရှစ် ရီးသည်တင်သင်္ဘောပေါ်မှာ အမျိုးသမီးလူလိမ်တစ်ယောက် တွေ့ထားတယ်လို့ သတင်းပို့မှုကို ငါ ရထားတယ်...ဒါကြောင့် ငါက စစ်ဆေးဖို့အတွက် အောက်ထပ်ကို ဆင်းလာခဲ့တာပဲ"
"အော် အဲ့ဒီလိုလား.. အခုကြည့်ကြည့်တော့မှ ရေယာဉ်မှူး ရောက်လာတာက ဒီအကြောင်းကြောင့်ဖြစ်နေတာပဲ"
ရီဖုန်းက ချက်ချင်းနားလည်သဘောပေါက်သွားကာ ပြောဆိုလိုက်၏။
"ရေယာဉ်မှူးက အဲ့ဒီအမျိုးသမီးလူလိမ်ကို ဖမ်းပြီးတော့ တရားမျှတမှုရအောင် လုပ်ပေးပါ"
"ဘာမှမစိုးရိမ်နဲ့ ...ငါ့ရဲ့သင်္ဘောပေါ်မှာရှိနေတဲ့ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ သူ လှည့်စားဖို့ ခွင့်ပြုမှာမဟုတ်ဘူး"
မိန်ရှင်းအာသည် သူမ၏လက်ကိုမြှောက်ပြီး သူမ၏မျက်နှာပေါ်ရှိ မှုန်ကုပ်ကုပ်အမူအယာကိုဖုံးကွယ်ကာ အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။
"ရေယာဉ်မှူးကိုယ်တိုင် ဒီနေရာမှာ ရှိနေမှတော့ ငါ ဂရုမစိုက်တော့ဘူး"
"နှုတ်ဆက်ပါတယ်"
ရီဖုန်းက သူ၏နှစ်ဖက်ကိုနောက်ပစ်ပြီး ထွက်ခွာသွားတော့သည်။
သူ၏နောက်တွင်ရှိနေသော မိန်ရှင်းအာသည် အံ့တင်းတင်းကြိတ်ထားလေ၏။
မမျှော်လင့်ဘဲ ရီဖုန်းသည် ခြေလှမ်းနှစ်လှမ်းခန့် လျှောက်လှမ်းပြီးနောက် နောက်သို့ပြန်လည်ကြည့်လေ၏။
သူမသည် အလျင်စလိုဖြင့် သူမ၏ခေါင်းကို ခပ်မြင့်မြင့်မော့ပြီး နံဘေးတဖက်သို့ကြည့်ကာ မည်သည့်စကားကိုမျှ မပြောဆိုချေ။
"အင်း....မင်း ငါ့ကိုပေးတဲ့အခန်းမှာ ငါ နေရတာ အရမ်းသက်တောင့်သက်သာရှိတယ်.. ဒါကြောင့် စတုတ္ထထပ်မှာ မင်းနဲ့ဖြစ်ခဲ့တဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး ငါ ဂရုမစိုက်တော့ဘူး"
ထိုသို့ပြောဆိုပြီးနောက် ရီဖုန်းသည် ထွက်ခွာသွားလေ၏။
သို့ရာတွင် ဤနောက်ဆုံးစကားတစ်ခွန်းသည် မိန်ရှင်းအာကို ရူးသွပ်လုနီးပါး ဖြစ်သွားစေသည်။
သူမနှင့်ဖြစ်ခဲ့သောကိစ္စများကို ဂရုမစိုက်ဆိုသည်မှာ မည်သည့်အရာအား ဆိုလိုခြင်းဖြစ်သနည်း....
သူမသည် ယခုထိတိုင် သူ့အား ပြဿနာမရှာရသေးချေ။
ဘန်း....ဘန်း....ဘန်း....
သူမ၏ ပြင်းထန်သောဒေါသများအောက်တွင် သူမ၏နံဘေးရှိ ပင်လယ်ရေမျက်နှာပြင်မှ အလိုအလျောက်ပေါက်ကွဲသံများ ထွက်ပေါ်လာကာ မီတာပေါင်းများစွာအမြင့်ထိ ရေများဖြာကျသွားသည်။
သူမ မိန်ရှင်းအာသည် သူမ၏ဘဝတလျှောက်၌ မည်သည့် ယောက်ျားသားတစ်ယောက်၏လက်အတွင်းတွင်မှ ဤကဲ့သို့ ဆိုးဆိုးရွားရွား မရှုံးနိမ့်ခဲ့ဘူးချေ။
သူမသည် မလှမ်းမကမ်းအကွာရှိ ဆိုက်ကပ်ရတော့မည့် ဆိပ်ကမ်းကိုကြည့်ရင်း အစီအစဉ်တစ်ခုကို ရေးဆွဲလိုက်၏။
"ကောင်စုတ်လေး...နင်က ကစားချင်နေမှာတော့ ငါကလည်း နင်နဲ့အတူ လိုက်ကစားပေးမယ်...ငါ့ရဲ့လက်ထဲကနေ နင် ဘယ်လိုလွတ်အောင် လုပ်မလဲဆိုတာ စောင့်ကြည့်ကြသေးတာပေါ့"
မိန်ရှင်းအာက သူမ၏လက်ကိုဝှေ့ယမ်းပြီး အမိန့်တစ်ခုကို တိုက်ရိုက်ထုတ်ပြန်လိုက်သည်။
မကြာမီမှာပင် အမှတ်ရှစ်ခရီးသည်တင်သင်္ဘောသည် ဆိပ်ကမ်းသို့ ဆိုက်ကပ်သွားလေပြီ။
ဆိပ်ကမ်း၌ အချိန်အတော်ကြာ စောင့်ဆိုင်းနေသော ကျင့်ကြံသူအမြောက်အများသည် စိတ်လှုပ်ရှားစွာဖြင့် သင်္ဘောပေါ်သို့တက်ရန် ဟန်ပြင်လိုက်ကြသည်။သို့ရာတွင် အမှတ်ရှစ်ခရီးသည်တင်သင်္ဘော၏အမှူထမ်းများသည် သူတို့အား တားဆီးဟန့်တားထားမည်ဟု သူတို့ မျှော်လင့်မထားမိချေ။
ထိုမျှသာမက...
ဤအချိန်အခိုက်အတန့်တွင် မူလက သင်္ဘောပေါ်တွင်ရှိနေသော ကျင့်ကြံသူများသည်လည်း မောင်းထုတ်ခြင်းခံလိုက်ရပေ၏။
ဤရုတ်တရက်အပြောင်းအလဲကြောင့် ဆိပ်ကမ်းတစ်ခုလုံးကို အလွန်အမင်း ရုန်းရင်းဆန်ခတ်ဖြစ်သွားစေကာ မကျေမနပ်ပြောဆိုသောအသံများ ထွက်ပေါ်လာသည်။
စတုတ္ထထပ်၏ပြတင်းပေါက်၌....
မိန်ရှင်းအာ၏လက်အတွင်းတွင် လက်ဖက်ရည်တစ်ခွက်ကို ကိုင်ထားကာ ဆိပ်ကမ်းရှိ ဖရိုဖရဲဖြစ်နေများကိုကြည့်ပြီး မကြားသကဲ့သို့ပြုမှုနေသည်။
"ဟမ့် မင်းတို့က ဘာသဘောလဲ"
ထိုအချိန်မှာပင် လူအုပ်အကြားမှနေ၍ လူလတ်ပိုင်းကြီးတစ်ယောက် ခုန်ထွက်လာကာ ဒေါသတကြီးအော်ဟစ်လိုက်သည်။
"ငါက ဖုန်းထျန်းကျွန်းရဲ့ကျွန်းအရှင် ချင်ပါ့ထျန်းပဲ...မင်းတို့က ငါ့ကို ဘာလို့ သင်္ဘောပေါ်ကနေ မောင်းထုတ်တာလဲ... မင်းတို့က လင်းလုံခန်းမဆောင်ရဲ့အဖွဲ့ဝင်အဆင့်ပဲရှိတာ...ဘယ်လိုလုပ်ပြီးတော့ ဒီလောက်ထိမောက်မာပြီး ကျိုးကြောင်းမဆီလျော်တာလဲ"
"ဟုတ်တယ်...ဒါက အမှန်ပဲ"
"ဘာလို့ မင်းတို့က ငါတို့ကို သင်္ဘောပေါ်ကနေ မောင်းထုတ်တာလဲ"
ချင်ပါ့ထျန်း၏ရှေ့ထွက်လာမှုကြောင့် ဆိပ်ကမ်းရှိ လူအများ၏စိတ်ခံစားချက်များ ချက်ချင်းမြင့်တက်လာသည်။ချင်ပါ့ထျန်းသည် စတင်၍ ကျယ်လောင်စွာဆဲဆိုကာ အမှတ်ရှစ်ခရီးသည်တင်သင်္ဘောထံသို့ တဖန်ပြန်၍တိုးဝင်လိုက်သည်။
သို့ရာတွင် ထိုအချိန်အခိုက်အတန့်မှာပင်....
စတုတ္ထထပ်မှနေ၍ အနီရောင်အလင်းတန်းတစ်တန်း ပျံ့လွင့်လာကာ ဖျက်ဆီးနိုင်မှုအားလှိုင်းတစ်ရပ်သည် ချင်ပါ့ထျန်း၏ခုခံကာကွယ်မှုကို ချိုးဖျက်ပြီး သူ့အား ပင်လယ်ရေအတွင်းသို့ လွင့်ထွက်သွားစေသည်။
ကံကောင်းထောက်မစွာဖြင့် သူသည် ဆိပ်ကမ်းနှင့်နီးကပ်သောနေရာတွင် ရှိနေသဖြင့် ဤမတော်တဆကိစ္စမှ အသက်ရှင်သန်သွားခဲ့သည်။သို့ရာတွင် ဤအကြောင်းအရင်းကြောင့် သူသည် ဒဏ်ရာအပြင်းအထန်ရရှိသွားပေ၏။
လင်းလုံခန်းမဆောင်၏ လွှမ်းမိုးချုပ်ကိုင်သော အပြုအမူများကြောင့် တခြားပြဿနာရှာနေသူများ၏ပါးစပ်များ ချက်ချင်းပိတ်သွားသည်။
ပြတင်းပေါက်နံဘေး၌ လက်ဖက်ရည်သောက်နေသော မိန်ရှင်းအာသည် အစမှအဆုံးတိုင် ဆိပ်ကမ်း၌ဖြစ်နေသောကိစ္စများကို အရေးမစိုက်ချေ။ခရီးသည်သင်္ဘောသည် ဆိပ်ကမ်းနှင့်ဝေးကွာလာကာ နံဘေးပတ်ဝန်းကျင်၌ အကန့်အသတ်မရှိသော ပင်လယ်ရေများသာ ရှိသည်ကိုကြည့်ပြီး သူမ၏လက်ဖက်ရည်ခွက်ကို အောက်သို့ချလိုက်သည်။
"လာကြစမ်း...အဲ့ဒီကောင်လေးကို ငါ့ဆီ ခေါ်လာကြစမ်း"
သူမက အေးအေးလူလူလေသံဖြင့် ပြောဆိုသည်။
Chapter 904
"ဟုတ်ကဲ့"
တာဝန်ခံသည် ဦးညွှတ်အရိုအသေပြုပြီး တတိယထပ်ထံသို့ သွားလိုက်သည်။
မကြာမီမှာပင်...
ရီဖုန်းသည် တာဝန်ခံ၏ခေါ်ဆောင်လာမှုကြောင့် စတုတ္ထထပ်သို့ ရောက်ရှိလာပေ၏။
"ဘာကိစ္စရှိလို့ ငါ့ကို ထပ်ပြီးလာရှာတာလဲ"
ရီဖုန်းသည် ယဉ်ကျေးခြင်းမရှိဘဲ မိန်ရှင်းအာနှင့်မျက်နှာချင်းဆိုင်နေရာ၌ ဝင်ထိုင်လိုက်သည်
"ဖြစ်နိုင်တာတော့ မင်းက ဟိုအမျိုးသမီးလူလိမ်ကို ဖမ်းမိလို့များလား"
အမျိုးသမီးလူလိမ်ဟူသော စကားကိုကြားချိန်တွင် မိန်ရှင်းအာ၏မျက်နှာအမူအယာ ရုတ်တရက် ပျက်ယွင်းသွားပြီး သူမသည် လက်ဖက်ရည်တစ်ငုံကိုပင် သောက်လိုက်ရသည်။
ရီဖုန်းမှ သဲလွန်စတစ်ခုခု မြင်တွေ့သွားရန် သူမ ခွင့်မပြုနိုင်ချေ။
သူမသည် သူမ၏လက်အတွင်းရှိ လက်ဖက်ရည်ခွက်ကို အောက်သို့ချပြီးနောက် တည်ငြိမ်စွာပြောဆိုလိုက်၏။
"ငါက သူ့ကိုဖမ်းပြီးတော့ မောင်းထုတ်လိုက်ပြီ"
"တော်လိုက်တာ"
ရီဖုန်းသည် မိန်ရှင်းအာကို လက်မထောက်ပြပြီး ထွက်ခွာသွားရန်အတွက် မတ်တတ်ထရပ်လိုက်သည်။
ဤအမျိုးသမီး၏အပြုအမူများသည် အလွန်ထူးဆန်းပေ၏။
သူ့ကို အချိန်တခဏကြာအောင် သွေးဆောင်ပြီးနောက် ချက်ချင်းဆိုသလို နောက်ပြောင်ကျီစယ်သည်ဟု ပြောဆိုသဖြင့် သူ့အား နားလည်ရခက်မှုကို ခံစားရစေသည်။
နောက်ထပ်တစ်ခု သူ တွေးတောမိသည်မှာ...
သူ့ကို ဤနေရာသို့ခေါ်ဆောင်ခြင်းမှာ ဤအမျိုးသမီးသည် သူမ၏ပခုံးကို သူ တွန်းလွှတ်ခဲ့ခြင်းကြောင့် လက်စားချေလိုခြင်း ဖြစ်နိုင်သည်။
ထို့ကြောင့် သူသည် ဤအမျိုးသမီးနှင့် ဆက်ဆံမှုနည်းအောင် ပြုလုပ်ရပေမည်။
သို့ရာတွင် ရီဖုန်း မတ်တတ်ထရပ်လိုက်သည်နှင့် မိန်ရှင်းအာ၏ဟန့်တားခြင်းကို ခံလိုက်ရသည်။
"သခင်လေးရီက ဘာလို့ ဒီလောက်ထိ ပြန်ဖို့အလျင်လိုနေတာလဲ"
မိန်ရှင်းအာက အေးအေးလူလူလေသံဖြင့် ပြောဆိုသည်။
"ဒီအကန့်အသတ်မရှိတဲ့ ပင်လယ်ပြင်ကြီးကို ကြည့်လိုက်အုံး...ဘယ်လောက်ထိ လှလိုက်လဲ...ဒီရှုခင်းကိုကြည့်ရင်းနဲ့ စကားစမြည်ပြောရတာ နင့်ရဲ့စိတ်ကို မလန်းဆန်းစေဘူးလား"
ရီဖုန်း၏စိုးရိမ်သောကများကို မြင်တွေ့ပုံဖြင့် သူမက ဆက်လက်၍ပြောဆိုသည်။
"သခင်လေးရီ ဘာမှမစိုးရိမ်ပါနဲ့...ဒါက ရိုးရိုးသားသား စကားပြောရုံပါပဲ"
ရီဖုန်းက သံသယအပြည့်ဖြင့် သူမကို ကြည့်လိုက်သည်။
အချိန်တစ်ခဏကြာခန့် တွေဝေတုံ့ဆိုင်းနေပြီးနောက် သူ ပြန်ထိုင်လိုက်သည်။
"သခင်လေးရီ...ဒီတစ်ကြိမ် ပင်လယ်ပြင်ထဲကိုခရီးထွက်လာတာ ဘယ်နေရာကို သွားမလို့လဲဆိုတာ ငါ သိခွင့်ရမလား"
မိန်ရှင်းအာက နူးညံ့သိမ်မွေ့သောလေသံဖြင့် မေးမြန်းသည်။
"ငါက ဖုန်းယွီကျွန်းကို သွားမလို့ပါ"
ရီဖုန်းက ကွယ်ဝှက်ထားခြင်းမရှိဘဲ အမှန်အတိုင်းပြောဆိုသည်။
အော်ဖုန်းယွီကျွန်းကိုသွားမလို့လား။
မိန်ရှင်းအာကမျက်ခုံးပင့်ပြီးပြောဆိုသည်
"ဖုန်းယွီကျွန်းက ဖုန်းယွီဂိုဏ်းရဲ့အပိုင်ပဲ....ဖြစ်နိုင်တာတော့ သခင်လေးရီက ဖုန်းယွီဂိုဏ်းရဲ့ အဖွဲ့ဝင်တစ်ယောက်လား"
"အော် ငါက ဖုန်းယွီဂိုဏ်းကလူ မဟုတ်ဘူး...ငါက ဖုန်းယွီကျွန်းကို တစ်ခါမှတောင် မရောက်ဖူးဘူး"
ရီဖုန်းက လက်ဖက်ရည်အိုးကိုကောက်ကိုင်ပြီး သူ့အတွက် လက်ဖက်ရည်တစ်ခွက်ငှဲ့သောက်ကာ စိတ်အေးလက်အေး အရသာခံလိုက်၏။
"သခင်လေးရီက ဖုန်းယွီဂိုဏ်းကလူ မဟုတ်မှတော့ ဘာလို့ ဖုန်းယွီကျွန်းကို သွားတာလဲ"
မိန်ရှင်းအာက ဇဝေဇဝါဖြင့် မေးမြန်းသည်။
"ဖုန်းယွီကျွန်းပေါ်မှာရှိတဲ့ ဖုန်းယွီဂိုဏ်းမှာ အမွေအနှစ်တစ်ခု ရှိနေတယ်မဟုတ်လား"
ရီဖုန်းက ဗြောင်ကျကျပြောဆိုသည်။
"ငါ ဖုန်းယွီကျွန်းကိုသွားတာက အဲ့ဒီအမွေအနှစ်ကို ကံစမ်းကြည့်ဖို့ပဲ"
ထိုစကားကိုကြားချိန်တွင် မိန်ရှင်းအာ၏မျက်နှာ ရုတ်တရက် တောက်ပသွားပြီး သူမ၏နှုတ်ခမ်းထောင့် မြင့်တက်သွားကာ ပြောဆိုလိုက်၏။
"သခင်လေးရီက အဲ့ဒီအမွေအနှစ်ကို နားလည်ပုံမရဘူး...အဲ့ဒီအမွေအနှစ်တည်ရှိနေတာ အချိန်အတော်ကြာနေပြီ...လူဘယ်လောက်ထိများများ ကြိုးစားခဲ့တယ်ဆိုတာ ငါ မသိဘူး..ဒါပေမဲ့ သူတို့အားလုံး ချွင်းချက်မရှိဘဲ အမွေအနှစ်နယ်မြေထဲမှာ သေဆုံးသွားရတယ်...ဒါကြောင့် အဲဒီနေရာက မရဏအမွေအနှစ်နယ်မြေလို့ နာမည်ကျော်ကြားတယ်"
"လူတွေအများကြီး သေဆုံးသွားခဲ့တာကြောင့် ထျန်းယုနယ်မြေတစ်ခုလုံးမှာရှိတဲ့ လူတွေက အဲ့ဒီအမွေအနှစ်ကို အသက်ရှင်ရက် ဆက်ခံဖို့ မဖြစ်နိုင်ဘူးလို့ ယူဆထားကြတယ်...ကျင့်ကြံသူအများစုက အဲ့ဒီအမွေအနှစ်ကို လိုချင်တပ်မက်ကြပေမယ့် ဘယ်သူကမှ မထိဝံ့ကြဘူး"
"ဒါကြောင့် အဲ့ဒီအမွေအနှစ်က နှစ်တရာကျော်ကြာလာတဲ့အထိ အရာမယွင်းပဲ ရှိနေခဲ့တယ်"
"သခင်လေးရီ သွားမယ်ဆိုရင်...နင်က ဒီဆယ်စုနှစ်အတွင်းမှာ အဲ့ဒီနေရာကို ပထမဆုံးသွားတဲ့လူပဲ"
မိန်ရှင်းအာက မျက်မှောင်ကြုတ်ပြီး ပြောဆိုသည်။
သူမ၏စကားများတွင် နားခံသာသည့်အချက် မပါဝင်ချေ။
အမှန်အားဖြင့် ဤသည်မှာ တမင်သက်သက်ပြောဆိုနေခြင်းမဟုတ်ဘဲ ဤအမွေအနှစ်၏အန္တရာယ်ကို ရီဖုန်းအား ပွင့်ပွင့်လင်းလင်း ပြောပြနေသည်ဟု ယူဆနိုင်ပေ၏။
သို့ရာတွင် မိန်ရှင်းအာ၏စကားများကို ကြားချိန်တွင် ရီဖုန်း၏နှုတ်ခမ်းထောင့် မြင့်တက်သွားသည်။
အမှတ်ရှစ်ခရီးသည်တင်သင်္ဘော၏ ရေယာဥ်မှူးသည် အရေးပါသောလူတစ်ယောက် မဟုတ်လော...
အရေးပါသောလူတစ်ယောက်မှ ဤကဲ့သို့ပြောဆိုလာသဖြင့် ထိုအမွေအနှစ်နယ်မြေ၌ သေဆုံးနိုင်ချေ အလွန်မြင့်မားပေမည်။
"အဟွတ်...ငါက ကံစမ်းကြည့်ရုံသက်သက်ပါ"
ရီဖုန်းက ချောင်းတစ်ချက်ဟန့်ကာ ရယ်မောပြီးပြောဆိုသည်။
"သေဆုံးသွားတဲ့ လူတွေကလည်း အဲ့ဒီလို တွေးခဲ့ကြတာပဲ"
မိန်ရှင်းအာက မျက်မှောင်ကြုတ်ပြီး အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။
"ငါ့အထင်တော့ သခင်လေးရီက အဲဒီမရဏနယ်မြေကိုမသွားခင် အခြေအနေကို နားလည်သဘောပေါက်အောင် အရင်ဆုံးလုပ်သင့်တယ်....ငါ အပိုပြောတာမဟုတ်ဘူး...နင် အဲ့ဒီနယ်မြေထဲမှာ သေသွားနိုင်တယ်...ငါ့ရဲ့ စကားတွေက နားဝင်မချိုဘူးဆိုပေမဲ့ အဲ့ဒါကအမှန်တရားပဲ"
ရီဖုန်း၏နှုတ်ခမ်းထောင့်ရှိအပြုံး ပို၍ပီပြင်ထင်ရှားလာသည်။
"မိန်းကလေးမိန်က ဘယ်လိုပြောလိုက်တာလဲ...ဒါက နားဝင်ချိုရုံတင် မဟုတ်ဘူး အရမ်းစိတ်ကျေနပ်ဖို့ကောင်းတယ်"
သူသည် စိတ်လှုပ်ရှားစွာဖြင့် လက်ဖက်ရည်ခွက်ကိုကောက်ကိုင်ပြီး မိန်ရှင်းအာထံသို့ မြှောက်ပြကာ ရိုးသားစွာပြောဆိုသည်။
"မိန်းကလေးမိန်ရဲ့စကားတွေအတွက် ကျေးဇူးတင်ပါတယ်...တကယ်လို့ အဲ့ဒီလိုကိစ္စမျိုး ဖြစ်လာရင် ငါက မင်းကိုသေချာပေါက် ကောင်းချီးပေးမှာပါ"
မိန်ရှင်းအာသည် နေရာမှာပင် ကြက်သေသေသွားကာ သူမ၏လှပသောမျက်နှာလေး တောင့်တင်းသွားသည်။
သူမ သူ သေဆုံးသွားမည်ဟု ယုံကြည်သည့်အတွက် ကျေးဇူးတင်သည်ဟု ဆိုသလော...
ဤလူသည် ဦးနှောက်ချောင်နေသလော...
Chapter 905
သို့ရာတွင် ထိုအကြောင်းကိုတွေးတောရင်း သူမ လှောင်ပြောင်သရော်လိုက်သည်။
သူမသည် သူ့အား လှောင်ပြောင်သရော်နေသည်ဟု သူ ခံစားမိသဖြင့် သေခြင်းအားဂရုမစိုက်ဟု သူ တမင်သက်သက် ပြောဆိုခဲ့သလော...
ဟူး...
ယောက်ျားသားတွေက နည်းနည်းတော့ မာနကြီးတယ်...
သူတို့အားလုံးသည် ဂုဏ်သိက္ခာကိုချစ်မြတ်နိုးကြသော သတ္တဝါများပင်။
သူမသည် ရီဖုန်းကို ရန်စလိုခြင်းမရှိသော်လည်း တခြားနည်းလမ်းတစ်ခုဖြင့် မေးမြန်းလိုက်သည်။
"နင် ငါ့ကို ပြောပြနိုင်မလား...အမွေအနှစ်နယ်မြေဆီကိုသွားချင်တဲ့ နင့်ရဲ့ရည်ရွယ်ချက်က ဘာလဲ"
"ထာဝရအသက်ရှည်ဖို့အတွက်ပဲ"
ရီဖုန်းက ပွင့်ပွင့်လင်းလင်း တုံ့ပြန်အဖြေပေးသည်။
"အမှန်ပဲ...ကျင့်ကြံသူတွေက မွေးဖွားလာတဲ့အချိန်ကတည်းက သူတို့ရဲ့ကိုယ်ပိုင်လမ်းကြောင်းရှိပြီးတော့ ထာဝရအသက်ရဖို့ကို ရည်မှန်းထားတယ်"
မိန်ရှင်းအာက စိတ်ခံစားချက်အပြည့်ဖြင့် ပြောဆိုသည်။
"အချိန်တွေကြာလာတာနဲ့အမျှ လူအများစုက သူတို့ရဲ့မူလရည်ရွယ်ချက်တွေ ပြောင်းလဲသွားပြီးတော့...စွမ်းအားအတွက် မိန်းကလေးတွေအတွက် အဆင့်အတန်းအတွက် ဖြစ်လာကြတယ်"
"နင့်ရဲ့မူလရည်ရွယ်ချက်ကို ထိန်းသိမ်းထားနိုင်တာက အရမ်းကောင်းတယ်"
မိန်ရှင်းအာ၏စကားလုံးများသည် အလွန်သဘောကျဖွယ် ကောင်းပေ၏။
အမှန်အားဖြင့် သူမသည် ဤကိစ္စကို ရည်ရွယ်ချက်ရှိရှိ ပြောဆိုခဲ့ခြင်းပင်။
သူမသည် ရီဖုန်းကို ပထမဆုံးအနေဖြင့် ဖိနှိပ်ပြီး ထို့နောက်မှ မြှောက်ပင့်ပြောဆိုရပေမည်။
ဤသည်မှာ လူအများ၏စိတ်နှလုံးသားကိုထိန်းချုပ်နိုင်သော နည်းလမ်းဖြစ်ပြီး လူတစ်ယောက်သည် တစ်ဖက်လူကို သူ၏ကိုယ်ပိုင်စည်းချက်နှင့်အညီ အတိုင်းအတာတစ်ခုထိ လိုက်ပါစည်းမျောစေနိုင်သည်။
ရီဖုန်းက အလေးမထားသောအမူအယာဖြင့် သူ၏နှာခေါင်းကိုပွတ်လိုက်သည်။
"ဒါပေမဲ့ နင် လမ်းကြောင်းအတိုင်း သွားနေတာ ကောင်းတယ်ဆိုပေမယ့်...နင် ရွေးချယ်လိုက်တဲ့လမ်းကြောင်းက အရမ်းခက်ခဲပြီးတော့ အန္တရာယ်များတယ်...အောင်မြင်မှုရာခိုင်နှုန်းကလည်း အရမ်းနည်းပါးလိမ့်မယ်"
ထိုစကားကိုပြောဆိုရင်း မိန်ရှင်းအာသည် ဆိုင်းငံကာ လက်ဖက်ရည်အိုးကိုကောက်ကိုင်၍ ရီဖုန်း၏ခွက်အတွင်းသို့ ဖြည့်ပေးပြီး ဆက်လက်ပြောဆိုသည်။
"အခု ငါက နင့်ကို တခြားလမ်းကြောင်းတစ်ခု လျှောက်လှမ်းနိုင်အောင် ကူညီပေးမယ်"
'အဲ့ဒီလမ်းကြောင်းက အခက်အခဲမရှိတဲ့အပြင် အန္တရာယ်လည်းမများဘူး...နင် ရှေ့ကို အများကြီးလျှောက်လှမ်းနိုင်လိမ့်မယ်"
"တကယ်လို့ နင်က မရဏအမွေအနှစ်ကို အောင်အောင်မြင်မြင် ဆက်ခံနိုင်ခဲ့မယ်ဆိုရင်တောင်...ငါ နင့်အတွက် ညွှန်ပြပေးမယ်လမ်းကြောင်းရဲ့ အနာဂတ်အောင်မြင်မှုတွေက အဲ့ဒီအမွေအနှစ်ထက် လျော့နည်းမှာမဟုတ်ဘူး"
ထိုသို့ပြောဆိုပြီးနောက်....
သူမက အဓိပ္ပာယ်အပြည့်ပါသောအကြည့်ဖြင့် ရီဖုန်းကို ကြည့်လိုက်သည်။
လူတစ်ယောက်ထံတွင် ရည်မှန်းချက်တစ်ခုရှိနေခြင်းသည် ကောင်းမွန်သောကိစ္စပင်။
ထိုလူသည် မည်သည့်အရာကို ရည်မှန်းထားသည်ဖြစ်စေ သူ အလိုရှိသောကိစ္စကို သူမသိရှိသည်နှင့် သူ စိတ်လှုပ်ရှားလာစေမည့် နည်းလမ်းတစ်လမ်း ရှိလာပေမည်။
ရီဖုန်း၏မူလရည်မှန်းချက်သည် သူမကြောင့် လျော့နည်းသွားမည်ဟု သူမ အခိုင်အမာယုံကြည်ချက်ရှိသည်။
"အဲ့ဒါက ဘာလဲ"
တိကျသေချာစွာပင် ရီဖုန်းက သံသယအပြည့်ဖြင့် မေးမြန်းသည်။
"ဒါက နင် ငါတို့လင်းလုံခန်းမဆောင်ကို ဝင်ဖို့ပဲ"
မိန်ရှင်းအာကာ ကမ်းလှမ်းလိုက်သည်။
သူမသည် ရီဖုန်းကို လင်းလုံခန်းမဆောင်အတွင်းသို့ ဝင်ရောက်စေလိုသော ရည်ရွယ်ချက်မှာ သူ့အပေါ် တန်ဖိုးထားသောကြောင့်ပင်။
ပထမအချက်အနေဖြင့် ရီဖုန်းသည် မာကျောက်ကစားရာ၌ အလွန်ကျွမ်းကျင်ပြီး အမှုဆောင်အရာရှိချုပ်ထံ၌ ထိုကဲ့သို့လူစားမျိုး လိုအပ်နေသည်။
ဒုတိယအချက်အနေဖြင့် ရီဖုန်း သူမကို ကန်ကျောက်ခဲ့သည့် ခွန်အားအရ အကဲဖြတ်ကြည့်ပါက သူသည် အားနည်းမှု မရှိခြင်းပင်။
ထို့ထက်ပို၍အရေးကြီးသောကိစ္စမှာ ရီဖုန်းကို သူမ စိတ်ဝင်စားနေပေ၏။
လူတစ်ယောက်ကို စိတ်ဝင်စားခြင်းသည် အမှန်အားဖြင့် သူမ၏စိတ်ကို ဆွဲဆောင်ထားနိုင်သဖြင့် အချိန်ကောင်းလေးများကို ဖန်တီးနိုင်ပေမည်။
သူမသည် လူအများ၏စိတ်နှလုံးသားများကို တိုက်ခိုက်သည့် နည်းလမ်းများအား နားလည်သဘောပေါက်ထားသဖြင့် ရီဖုန်း စိတ်လှုပ်ရှားသွားမည်ဟု သူမ တွေးထင်ထားပေ၏။ ထို့ကြောင့် သူမက ဆက်လက်၍ပြောဆိုလိုက်သည်။
"လင်းလုံခန်းမဆောင်ကို ဝင်ခဲ့ပါ...ဒါဆိုရင် နင်က အကောင်းဆုံးကျင့်ကြံနည်းစနစ်တွေ အရင်းအမြစ်တွေကို ရွေးချယ်နိုင်ပြီးတော့ နင့်ရဲ့ခွန်အားက မြင့်တက်လာလိမ့်မယ်...အဲ့ဒီအချိန်ကျရင် နင်က ထျန်းယုနယ်မြေတစ်ခုလုံးမှာ ထင်ရာစိုင်းနိုင်မယ့်အပြင် နယ်မြေတစ်ခုလုံးမှာ နင့်ရဲ့အသက်ကို ခြိမ်းခြောက်နိုင်တာဆိုလို့ ဘယ်အရာမှ ရှိတော့မှာမဟုတ်ဘူး"
"နင် ဘယ်လို သဘောရလဲ"
သူမက မျက်ခုံးပင့်ပြီးမေးမြန်းကာ သူမ၏အသံတွင် ဆွဲဆောင်မှုများဖြင့် ပြည့်နှက်နေသည်။
မမျှော်လင့်ဘဲ ရီဖုန်း၏မျက်နှာ ဖြူရော်သွားကာ သူသည် ကျယ်လောင်စွာအော်ဟစ်လိုက်၏။
"မင်း နေမကောင်းဘူးလား"
ရီဖုန်းသည် စားပွဲမှထ၍ ထွက်ခွာသွားလုနီးပါးပင်။
ယခုအချိန်၌ သူ့အတွက် သေလမ်းရှာရသည်မှာ အလွန်အမင်းခက်ခဲနေလေရာ မည်သည်ကြောင့် သူ လင်းလုံခန်းမဆောင်ကို သွားရမည်နည်း။
"ငါ မသွားဘူး"
ရီဖုန်းသည် ထိုအကြောင်းကို စဉ်းစားတွေးတောခြင်းပင် မပြုဘဲ တိုက်ရိုက်ငြင်းဆန်လိုက်သည်။
သူသည် သေရတော့မည့်လူတစ်ယောက်ဖြစ်ကြောင်းကို မိန်ရှင်းအာအား ရှင်းရှင်းလင်းလင်း ဖော်ပြပြီးပြီဟု သူ တွေးထင်ခဲ့သည်။
သို့ရာတွင် ဤတုံးအသောအမျိုးသမီးသည် ထိုကိစ္စကို အနည်းငယ်မျှ သဘောမပေါက်ချေ။
မည်သို့ပင်ဆိုစေကာမူ ကျင့်ကြံသူများ၏တာအိုများသည် ကွဲပြားခြားနားပေ၏။
ရီဖုန်းက မတ်တတ်ထရပ်ပြီး ထွက်ခွာသွားရန် ဟန်ပြင်လိုက်သည်။
မိန်ရှင်းအာက ရီဖုန်းသည် ပြတ်ပြတ်သားသားငြင်းဆန်မည်ဟု တွေးထင်ထားမိခြင်းမရှိချေ။
ရီဖုန်း၏ရည်မှန်းချက်သည် သူမကြောင့် လျော့ကျသွားမည်ဟု သူမ တွေးထင်ခဲ့သည်။
ထို့ပြင် သူသည် သူမ၏စကားလုံးများမှ စည်းချက်အတိုင်း အလိုက်သင့်စည်းမျောနေပေ၏။
သို့ရာတွင် အရေးကြီးသောအချိန်အခိုက်အတန့်၌ သူ ငြင်းဆန်လိုက်လေရာ ဤသည်မှာ သူမကို ပါးဖြတ်ရိုက်သည့်အလားပင်။
ဤကဲ့သို့ မထင်မှတ်ထားသောအပြောင်းအလဲကြောင့် ဤအစီအစဉ်အတိုင်း ဆက်လက်၍လှုပ်ရှားနေက ကျိုးကြောင်းဆီလျော်တော့မည်မဟုတ်ချေ။
"နင် အဲ့ဒီကိစ္စကို မစဉ်းစားတော့ဘူးလား"
သူမ၏မျက်နှာအမူအယာ အနည်းငယ်ပျက်ယွင်းသွားကာ တိုးညှင်းသောအသံဖြင့် မေးမြန်းသည်။
"ဘာမှစဉ်းစားဖို့ မလိုဘူး...ငါ သဘောမတူဘူး"
ရီဖုန်းက ညှိနှိုင်းရန် မည်သည့်အခွင့်အရေးမှမပေးဘဲ ပြောဆိုသည်။
"အကြောင်းကတော့ ငါ ဘာကိုလိုချင်တာလဲဆိုတာ မင်း မသိလို့ပဲ"
"ထာဝရအသက် မဟုတ်လား..."
"အင်မော်တယ်ဖြစ်ဖို့ မဟုတ်လား..."
မိန်ရှင်းအာက အလေးအနက်ထားသောအသံဖြင့် ပြောဆိုသည်။
"အမှန်ပဲ ထာဝရအသက်နဲ့အင်မော်တယ်လမ်းကြောင်းက ကျင့်ကြံသူတိုင်းရဲ့ရည်မှန်းချက်ဖြစ်ပေမယ့် အရမ်းအလှမ်းကွာဟတယ်...နင် လင်းလုံခန်းမဆောင်ကိုဝင်တာက နင့်ရဲ့ရည်မှန်းချက်ကို ပြည့်ဖို့ ရာနှုန်းပြည့်မသေချာပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် နင့်ကို ပိုပြီးနီးကပ်သွားစေနိုင်တယ်"
"နင်က တကယ်ကြီး မရဏအမွေအနှစ်နယ်မြေကို သွားပြီးတော့ အဲ့ဒီအမွေအနှစ်ကို အောင်အောင်မြင်မြင် ဆက်ခံနိုင်မယ်လို့ နင် တကယ်ကြီး ထင်နေတာလား....နင်က ထာဝရအသက်နဲ့အင်မော်တယ်လမ်းကြောင်းကို ရနိုင်မှာမလို့လား"
မိန်ရှင်းအာက သရော်တော်တော်အသံဖြင့် ပြောဆိုသည်။
သို့ရာတွင် ရီဖုန်း၏မျက်နှာပေါ်ရှိ သရော်တော်တော်အရိပ်အယောင်များသည် ပို၍ပင်ပီပြင်ထင်ရှားနေပေ၏။
"ငါ ပြောပြီးပြီ...ငါ ဘာကိုလိုချင်တာလဲဆိုတာ မင်း မသိဘူး"
ရီဖုန်းက ပြောင်ပြောင်တင်းတင်း ပြောဆိုသည်။
"မိန်းကလေးမိန်ရှင်းအာ...မင်း ငါ့ကို လင်းလုံခန်းမဆောင်ထဲ ဝင်စေချင်တဲ့အကြောင်းအရင်းက ဘာပဲဖြစ်ဖြစ် ငါ သဘောတူမှာမဟုတ်ဘူး"
"ငါတို့က တူညီတဲ့လူစားမျိုးမဟုတ်ဘူး..နောင်အနာဂတ်ကျရင် မင်းနဲ့ငါကြားမှာ ဆက်ဆံမှုနည်းရင် အကောင်းဆုံးဖြစ်လိမ့်မယ်...မင်းနဲ့ငါကြားမှာရှိတဲ့ ဆက်ဆံရေးက ငါက မင်းရဲ့သင်္ဘောပေါ်ကို တက်လာပြီးတော့ ငါ ရည်မှန်းတဲ့နေရာကို သွားချင်ရုံသက်သက်ပဲ...အများဆုံးအနေနဲ့ မင်းနဲ့ငါက မာကျောက်တစ်ပွဲလောက် ကစားဖူးတာပဲရှိတယ်"
ထိုသို့ပြောဆိုပြီးနောက်...
ရီဖုန်းက နောက်သို့ချာခနဲလှည့်ပြီး ထွက်ခွာသွားတော့သည်။
အကြောင်းအရင်းမှာ သူသည် တချို့ကိစ္စများကို မိန်ရှင်းအာအား ထပ်မံ၍ရှင်းပြရန်မလိုအပ်သောကြောင့်ပင်။
သူတို့သည် တိုက်ဆိုင်မှုတစ်ခုအရ တွေ့ဆုံရသော လူနှစ်ယောက်သက်သက်ပင်။
ရီဖုန်းသည် အခန်းအတွင်းမှထွက်ကာ စင်္ကြန်လမ်းသို့ ရောက်ရှိစဥ်မှာပင် မိန်ရှင်းအာ၏နံဘေးတွင်ရှိသော တာဝန်ခံ၏ဟန့်တားခြင်းကို ခံလိုက်ရသည်။
"သခင်လေးရီ...သဘောမတူဘူးဆိုရင်လည်း အဆင်ပြေပါတယ်...ဒါဆိုရင် ငါက သခင်လေးရီကို ထွက်သွားဖို့ တောင်းဆိုရလိမ့်မယ်"
မိန်ရှင်းအာက သူမ၏ခေါင်းကို အနည်းငယ်မော့ပြီး သူမ၏မျက်နှာပေါ်၌ ဂုဏ်ယူဝံကြားသောအပြုံးတစ်ခုရှိနေကာ အေးအေးလူလူအသံဖြင့် ပြောဆိုသည်။
"မင်း ငါ့ကို မောင်းထုတ်နေတာလား"
ရီဖုန်းက အလေးအနက်ထားသောအသံဖြင့် ပြောဆိုသည်။
"အဲ့ဒီလို မဟုတ်ပါဘူး"
မိန်ရှင်းအာက ပြောဆိုသည်။
"အမှတ်ရှစ်ခရီးသည်တင်သင်္ဘော အခုသွားနေတဲ့ ဦးတည်ချက်က လင်းလုံခန်းမဆောင်ရဲ့ဌာနချုပ်ကိုပဲ"
"မင်း ငါ့ကို နောက်နေတာလား....ဒါက ခရီးသည်တင်သင်္ဘောလေ..သင်္ဘောပေါ်မှာ လူတွေအများကြီး ရှိနေတယ်....မင်းက သူတို့အားလုံးကို ခေါ်သွားနိုင်မှာလား"
ရီဖုန်းက သူ၏ခေါင်းကို ခါယမ်းလိုက်သည်။
"သင်္ဘောပေါ်မှာရှိတဲ့ လူတွေအားလုံးကို ငါ မောင်းထုတ်လိုက်ပြီဆိုတာ သခင်လေးရီ မသိမှာကို ငါ စိုးရိမ်မိတယ်...ဒီလှေပေါ်မှာ ငါ့ရဲ့လူတွေအပြင် သခင်လေးရီတစ်ယောက်တည်းပဲ ကျန်တော့တယ်"
မိန်ရှင်းအာ၏နှုတ်ခမ်းထောင့် မြင့်တက်သွားပြီး သရော်တော်တော်ပြောဆိုသည်
ထိုစကားကိုကြားချိန်တွင်...
ရီဖုန်းသည် မျက်မှောက်ကြုတ်လိုက်၏။
"ဒါကြောင့် သခင်လေးရီ...နင် ထွက်သွားချင်တယ်ဆိုရင်လည်း သွားရမယ်...နင်ထွက်မသွားချင်ဘူးဆိုရင်လည်း သွားရမယ်"
မိန်ရှင်းအာက အေးအေးလူလူပြောဆိုကာ သူမသည် ရီဖုန်း မည်သည့်အရာကို စဉ်းစားတွေးတောနေသည်အား သိနေသည့်အလား သူ၏ဆုတ်ခွာလမ်းကြောင်းကို ပိတ်ဆို့ပြီး ပြောဆိုလိုက်၏။
"ပြောရမယ်ဆိုရင် နင်က အမှတ်ရှစ်ခရီးသည်သင်္ဘောပေါ်ကနေ ပင်လယ်ထဲကိုခုန်ချပြီး နင့်ဟာနင် ခရီးဆက်လို့ရတယ်"
"ဒါပေမဲ့ ငါ နင့်ကို သတိပေးလိုက်မယ်"
"ဒီပင်လယ်ပြင်ထဲကိုခုန်ချရင် နင် ကြုံတွေ့ရမယ့်အန္တရာယ်တွေက ဖုန်းယွီကျွန်းရဲ့မရဏအမွေအနှစ်ထက် နည်းမှာမဟုတ်ဘူး"
"ပင်လယ်နက်ထဲမှာ မရေမတွက်နိုင်တဲ့ ပင်လယ်နတ်ဆိုးသားရဲတွေရှိတယ်...တကယ်လို့ နင်က ပျံသန်းသွားချင်တယ်ဆိုရင်တော့ ပင်လယ်ရေမျက်နှာပြင်နဲ့ နီးကပ်တဲ့နေရာကနေ ပျံသန်းသွားမယ်ဆိုရင် လူတွေရဲ့စိတ်ပိုင်းဆိုင်ရာကို ထိခိုက်စေနိုင်တဲ့ အနံ့အသက်တွေရှိနေတယ်"
"ဒီပင်လယ်က ထျန်းယုနယ်မြေရဲ့ အထူးခြားဆုံးအစိတ်အပိုင်းပဲ....ဒါကြောင့် ကျင့်ကြံသူတွေအားလုံးက ပင်လယ်ပြင်မှာ ပျံသန်းသွားမယ့်အစား သင်္ဘောတွေကိုစီးဖို့ ရွေးချယ်ကြတာပဲ"
"အကြောင်းကတော့ ပင်လယ်ရေမျက်နှာပြင်ပေါ်မှာ ပျံသန်းတာက နင် သေလမ်းရှာနေရုံတင်မဟုတ်ဘူး...နင် သေချာပေါက်သေရမယ်ဆိုတာ သံသယဖြစ်စရာ မရှိလို့ပဲ"
"မင်း တကယ်ပြောနေတာလား"
ရီဖုန်းက မျက်ခုံးပင့်လိုက်ကာ မိန်ရှင်းအာကိုကြည့်ပြီး တည်ကြည်လေးနက်စွာ မေးမြန်းလိုက်၏။
"သေချာတာပေါ့"
"နင့်မှာ အသက်ဆယ်ချောင်းရှိရင်တောင် အသက်ရှင်နိုင်မှာ မဟုတ်ဘူး"
မိန်ရှင်းအာထံတွင် ဂုဏ်ယူဝံ့ကြွားသော မျက်နှာအမူအယာရှိကာ သူမ၏နှုတ်ခမ်းထောင့် မြင့်တက်သွားသည်။သူမသည် ရီဖုန်းအတွက် ဆုတ်ခွာလမ်းကြောင်းများအားလုံးကို ပိတ်ဆို့နိုင်ပြီဟု တွေးတောနေလေ၏။
အကြောင်းအရင်းမှာ သာမန်ကျင့်ကြံသူများသည် ဤပင်လယ်ပြင်ကြီးထဲ၌ နေရာတစ်နေရာနှင့်တစ်နေရာ အလွန်ဝေးကွာသဖြင့် မည်သူတစ်ဦးတစ်ယောက်မျှ သင်္ဘောပေါ်မှ ထွက်ခွာသွားမည် မဟုတ်သောကြောင့်ပင်။
စိတ်ပျက်ဖွယ်ကောင်းသည်မှာ....
သူမ၏အတည်ပြုမှုကို ရရှိချိန်တွင် ရီဖုန်းသည် နောက်သို့ချာခနဲလှည့်ပြီး ဘုန်းခနဲမြည်သံနှင့်အတူ ပင်လယ်အတွင်းသို့ ခုန်ဆင်းသွားလေ၏။
ဂုဏ်ယူဝံ့ကြွားနေသော မိန်ရှင်းအာသည် ရုတ်တရက် ကြက်သေသေသွားလေ၏။