← Chapters

အခန်း (၉၁၆-၉၂၀)

Vol. 62 Ch. 916-920

အခန်း (၉၁၆-၉၂၀)

Vol. 62 Ch. 916-920

Chapter 916

"ညီအစ်ကိုဖုန်း...မင်း ခုဏက ငါ မရဏအမွေအနှစ်နယ်မြေထဲကို ဝင်သွားပြီးရင် ဘာဖြစ်မယ်လို့ ပြောလိုက်တာလဲ"

ရီဖုန်းက နားစွင့်ထားကာ အပြုံးမျက်နှာနှင့် ဖုန်းလင်းပေကို မျက်နှာချင်းဆိုင်ပြီး မျှော်လင့်တကြီး မေးမြန်းလိုက်သည်။

"သေချာပေါက် သေလိမ့်မယ်...."

ရီဖုန်း၏အပြုအမူကိုကြည့်ပြီး ဖုန်းလင်းပေသည် စိတ်မသက်မသာခံစားရသဖြင့် အနည်းငယ်ဇဝေဇဝါဖြစ်နေသောလေသံဖြင့် ပြောဆိုလိုက်သည်။

'သေချာပေါက် သေလိမ့်မယ်'ဟူသောစကားသည် သူ၏နားအတွင်းသို့ ဝင်ရောက်လာသည်နှင့် ရီဖုန်း၏မျက်နှာပေါ်ရှိကြွက်သားများ တုန်ရီသွားကာ ချက်ချင်းဆိုသလိုပင် ပျော်ရွှင်မှုအရိပ်အယောင်တစ်ရပ် ထင်ဟပ်လာသည်။

ဟူး...

ဖုန်းလင်းပေ၏စကားများသည် သူ့အတွက် အလွန်စိတ်သက်သာရာရစေသည်။

ဤသည်မှာ လူအိုကြီးကြောင့် သူ၏စိတ်အနှောက်အယှက်ဖြစ်ခဲ့ရမှုများအားလုံးကို လွင့်ပြယ်သွားစေသည်။

"ညီအစ်ကိုဖုန်း...ငါက မင်းကို ပထမဆုံးတွေ့တဲ့အချိန်မှာပဲ သဘောကျသွားပြီ....ငါတို့က နက်နက်ရှိုင်းရှိုင်း မဆက်ဆံဖူးပေမယ့် မင်းက ငါ့ရဲ့ မိတ်ဆွေကောင်းပဲ....မင်းက ဖုန်းယွီကျွန်းရဲ့လူငယ်ပါရမီရှင်လို့ ခေါ်ခံရဖို့ ထိုက်တန်တယ်...မင်းရဲ့အနာဂတ်အောင်မြင်မှုက အကန့်အသတ်ရှိမှာမဟုတ်ဘူး...."

ရီဖုန်းက ဖုန်းလင်းပေ၏လက်ကို စိတ်အားထက်သန်စွာ ဆုပ်ကိုင်ပြီး ပြောဆိုသည်။

"အမ်... "

ဖုန်းလင်းပေသည် ခြေမကိုင်မိလက်မကိုင်မိ ဖြစ်သွားလေ၏။

အထူးသဖြင့် ရီဖုန်းထံတွင် မရိုးဖြောင့်သောစိတ်ထားရှိမနေဘဲ စိတ်အားထက်သန်စွာဖြင့် သူ့အား ဆက်ဆံနေသည်ကိုကြည့်ပြီး သူ အနည်းငယ်ရှက်ရွံသွားသည်။

အကြောင်းအရင်းမှာ ဖုန်းချမ်ယွီနှင့်ပိုင်ကျီးတို့ကြားမှ အလောင်းအစားကြောင့် သူသည် ရီဖုန်း၏ခွန်အားနှင့်အဆင့်အတန်း သာမာန်မဟုတ်သည်ကို သိရှိထားသည့်တိုင် မလိုမုန်းတီးမှုဖြင့် သူ၏သဘောထားသည် ရီဖုန်းအပေါ် မကောင်းလှသောကြောင့်ပင်။

သို့ရာတွင် ဤလူသည် သူ၏မလိုမုန်းတီးမှုကို ကြင်နာမှုဖြင့် တုံ့ပြန်မည်ဟု သူ မျှော်လင့်မထားမိချေ။ဤလူသည် သူအား အပြစ်မတင်ရုံသာမက စိတ်ရင်းမှန်ဖြင့် ချီးမွမ်းစကားများကိုပင် ပြောဆိုနေခဲ့သည်။

ထို့ကြောင့် သူ့ထံ၌ အပြစ်ရှိစိတ်များ ပေါက်ဖွားလာပေ၏။

"မင်းရဲ့ချီးမွမ်းမှုအတွက် ကျေးဇူးတင်ပါတယ်...ငါက မခံယူဝံ့ပါဘူး"

ဖုန်းလင်းပေက ပျာပျာသလဲ ပြောဆိုသည်။

"အစ်ကိုဖုန်းရဲ့ချီးမွမ်းမှုနဲ့ ငါက မထိုက်တန်ပါဘူး...ခွန်အားအဆင့်အရဆိုရင် ငါက မင်းကို စီနီယာလို့ ခေါ်ရမှာ...ဒါပေမယ့် စီနီယာက သဘောထားအရမ်းကြီးတယ်....ငါက မင်းကို မလေးမစားဆက်ဆံခဲ့ပေမယ့် မင်းက ငါ့ကို အပြစ်မတင်ရုံတင် မကဘူး...ငါ့ကို ချီးမွမ်းခဲ့တယ်...ဒါက ဂျူနီယာတစ်ယောက်ဖြစ်တဲ့ ငါ့ကို ရှက်ရွံ့သွားစေခဲ့တယ်"

ဖုန်းလင်းပေသည် ထိုသို့ပြောဆိုပြီးနောက် ရှက်ကိုးရှက်ကန်းဖြင့် သူ၏ခေါင်းကို အောက်သို့ငုံလိုက်၏။

"ဟေး...မင်း ဘာစကားတွေ ပြောနေတာလဲ...ဒီအသေးအမွှားကိစ္စအတွက်နဲ့ မင်းကို ငါက ဘာလို့အပြစ်တင်ရမှာလဲ...ညီအစ်ကိုဖုန်းက အရည်အချင်းရှိရုံတင်မကဘူး ကောင်းမွန်တဲ့စိတ်ထားလည်း ရှိတယ်...မင်းရဲ့စိတ်ထားနဲ့ အနာဂတ်အောင်မြင်မှုက နိမ့်ကျမှာမဟုတ်ဘူး"

ရီဖုန်းက ချီးမွမ်းစကားပြောဆိုသည်။

ဖုန်းလင်းပေသည် အလွန်အမင်းစိတ်လှုပ်ရှားသွားပေ၏။

သူနှင့်ဖုန်းချမ်ယွီသည် အမြွှာများဖြစ်သော်လည်း သူ့အစ်မကြီး၏အရိပ်အောက်တွင် သူ အစဥ်အမြဲ လွှမ်းမိုးခံနေရသည်။

သူ ငယ်ရွယ်စဉ်ကလေးဘဝကတည်းက သူ၏ဖခင်သည် သူ့အပေါ်၌ အလွန်စည်းကမ်းတင်းကြပ်ကာ သူ၏စိတ်မြန်မှုကြောင့် နောင်အနာဂတ်တွင် အောင်မြင်မှုကြီးကြီးမားမားရရှိမည် မဟုတ်ကြောင်း ပြောဆိုခဲ့သည်။

သူသည် အစ်မဖြစ်သူနှင့်အတူ ဂိုဏ်းအတွင်းသို့ဝင်ရောက်ခဲ့စဉ်တွင်လည်း သူ့ထံ၌ အရည်အချင်းရှိသည့်တိုင် အခရာကျသည်မှာ သူ၏အစ်မပင်။အကယ်၍ ကျင့်ကြံခြင်းပါရမီအကြောင်း ပြောမည်ဆိုပါက သူသည် အရည်အချင်းပြည့်မိရုံသာရှိသည်။သာမန်အခြေအနေအောက်တွင် ဤကဲ့သို့ လူစားမျိုးသည် ဂိုဏ်းအတွင်းသို့ဝင်ရောက်နိုင်သော်လည်း ကျွန်းအရှင်၏တပည့်တစ်ယောက် ဖြစ်လာနိုင်မည်မဟုတ်ချေ။

သို့ရာတွင် သူသည် ဂိုဏ်း၏ပင်မတပည့်တစ်ယောက်အဖြစ် သတ်မှတ်ခံရသည့်တိုင် အမြဲတစေ မထင်မရှားဖြစ်ပြီး အစ်မ၏အရိပ်ကို မှီခိုရသူအဖြစ်သာ သတ်မှတ်ခံရပေ၏။

ဂိုဏ်းချုပ်သည်လည်း သူ့အား လျစ်လျူရှုထားကာ အလွန်အမင်း စိတ်ပျက်ဖွယ်ကောင်းသောအခြေအနေ၌ ရှိနေသည်။

ငယ်ရွယ်စဉ်ကလေးဘဝမှစတင်၍ သူ့အား မည်သူတစ်ဦးတစ်ယောက်​ကမျှ ချီးမွမ်းခဲ့ဖူးခြင်းမရှိချေ။

ထိုကြောင့်သူသည် အမှန်အားဖြင့် သူ့ကိုယ်သူ အနည်းငယ်သိမ်ငယ်နေမိသည်။

သို့ရာတွင် ယနေ့၌ သူသည် ရီဖုန်းထံမှ ဤကဲ့သို့ချီးမွမ်းမျိုးရရှိမည်ဟု မျှော်လင့်မထားမိချေ။

နောက်ဆုံး၌...

နောက်ဆုံး၌ သူ့အား နားလည်သဘောပေါက်ကာ သူ့၏တန်ဖိုးကိုသိရှိသော တစ်စုံတစ်ယောက် ရှိလာလေပြီ။

သူသည် အလင်းရောင်ကို မြင်တွေ့လိုက်ရသည်အလားပင်။

ရီဖုန်းသည် ထိုအလင်းရောင်ပင်။

သူ၏မျက်လုံးအတွင်း၌ မျက်ရည်စများ စိုစွတ်လာသည်။

သူ အလွန်စိတ်လှုပ်ရှားသွားကာ ဘုန်းခနဲမြည်သံနှင့်အတူ မြေပြင်ပေါ်၌ ဒူးထောက်လိုက်၏။

"စီနီယာ...ဒီဖုန်းလင်းပေက စီနီယာအတွက် ဘာမဆိုလုပ်ပေးဖို့ ဆန္ဒရှိပါတယ်...တကယ်လို့ စီနီယာမှာ အမိန့်ပေးစရာတစ်ခုခုရှိရင် ငါ့ကို ခိုင်းလို့ရပါတယ်"

ဖုန်းလင်းပေက မြေပြင်ပေါ်၌ ဒူးထောက်ပြီး သူ၏စိတ်ရင်းကို ဖော်ပြလိုက်သည်။

ဖုန်းလင်းပေ၏ရုတ်တရက်လုပ်ရပ်သည် ရီဖုန်းကို အံ့အားသင့်သွားစေပေ၏။

ဤကောင်စုတ်လေးသည် သူ စကားလုံးအနည်းငယ်ဖြင့် ချီးကျူးရုံမျှဖြင့် မည်သည်ကြောင့် ဤမျှထိ အလွန်ကြီးမားစွာ တုံ့ပြန်ခဲ့သနည်း။

နံဘေးတစ်ဖက်တွင်ရှိနေသော...

ဖုန်းချမ်ယွီ ပါးစပ်အဟောင်းသား ဖြစ်သွားကာ...

သူမ၏မျက်နှာပေါ်၌ မယုံကြည်နိုင်သောအရိပ်အယောင်တစ်ရပ် ထင်ဟပ်လာသည်။

သူမသိရှိထားသော သူမ၏မောင်ငယ်လေးသည် အစဉ်အမြဲမောက်မာကာ သူမဖခင်၏စကားများကိုပင် နားထောင်ခဲ့သူမဟုတ်ချေ။သို့ရာတွင် ယခုအချိန်၌ သူသည် ရီဖုန်း၏ရှေ့တွင် ဒူးထောက်ပြီး ရိုရိုသေသေပြောဆိုနေသည်။သူမ၏မောင်လေးသည် ယခင်က ရီဖုန်းအပေါ် မလိုမုန်းတီးနေသည် မဟုတ်လော။

သူမသည် ရုတ်တရက် သူမ၏မောင်ငယ်လေးကို ယခင်က နားလည်သဘောပေါက်ခဲ့ခြင်းမရှိဟု ခံစားမိသည်။

"ညီအကိုဖုန်း...မင်း ဘာလို့ ဒီလိုလုပ်တာလဲ...မင်း ဒီလောက်ထိ အလွန်အကျွံလုပ်ဖို့ မလိုပါဘူး"

ရီဖုန်းက ဖုန်းလင်းပေကို အလျင်အမြန်တွဲထူပေးလိုက်သည်။

သို့ရာတွင် ရီဖုန်း ပို၍ယဉ်ကျေးသိမ်မွေ့လေလေ ဖုန်းလင်းပေ၏စိတ် ပို၍လှုပ်ရှားလေလေပင်။

"စီနီယာ...စိတ်အေးအေးထားပါ..မင်း အမွေအနှစ်ဆက်ခံတဲ့နေရာမှာ အောင်မြင်ဖို့အတွက် ငါက အကောင်းဆုံးကြိုးစားပြီးတော့ ကူညီပေးမယ်"

ဖုန်းလင်းပေက ပြောဆိုသည်။

"ငါက အမွေအနှစ်နယ်မြေထဲကို တစ်ခါမှမဝင်ဘူးပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ငါက ဖုန်းယွီကျွန်းကလူတစ်ယောက်ပဲ...အမွေအနှစ်အပေါ် ငါ့ရဲ့နားလည်သဘောပေါက်မှုက သာမန်ထက်ကျော်လွန်တယ်...ငါကတခြားလူတွေဆီကနေ မှတ်တမ်းတွေစုပြီးတော့ မင်း သတိထားရမယ့်အန္တရာယ်တွေကို မှတ်သားပေးမယ်"

"အမ်..မင်း ငါ့ကိုကူညီပေးဖို့ မလိုပါဘူး"

ရီဖုန်းက သူ၏နဖူးကိုပွတ်သပ်ပြီး ရှက်ကိုးရှက်ကန်းဖြင့် ပြောဆိုသည်။

ဤကောင်လေးသည် ပါရမီအရည်အချင်းရှိသောလူလို့ သူ ခုဏကပြောဆိုခဲ့သည်။ သို့ရာတွင် ဖုန်းလင်းပေသည် မည်သည်ကြောင့် ရုတ်တရက်ကြီး အလိုက်မသိတတ်သူ ဖြစ်သွားသနည်း...

"ဒါပေမဲ့ မင်းပြောခဲ့တဲ့ အန္တရာယ်ရှိတဲ့နေရာတွေ ငါ့ကို မှတ်သားပေးပါအုံး"

အမှန်အားဖြင့် ရီဖုန်းသည် ထိုအန္တရာယ်များကို ရှောင်တိမ်းလိုခြင်းမရှိချေ။သို့ရာတွင် အချိန်ကျလာပါက သူသည် ထိုအန္တရာယ်များအတွင်းသို့ တန်းတန်းမတ်မတ် တိုးဝင်နိုင်ရန်အတွက် သိရှိလိုခြင်းပင်။

"ကောင်းပြီလေ....ငါ ပြန်သွားပြီးတာနဲ့ မင်းအတွက် ချက်ချင်းရေးပေးမယ်"

"အင်း...."

ရီဖုန်းက ခေါင်းညိတ်ပြပြီးနောက် ဖုန်းလင်းပေ ပြောဆိုသော ပိုင်ကျီး၏အကြောင်းကို အမှတ်ရသွားသည်။

"ပိုင်ကျီးရဲ့အကြောင်းကို ပြောပြပါအုံး...သူက ဘယ်လို လူစားမျိုးလဲ"

ရီဖုန်းက သိချင်စိတ်ပြင်းပြစွာဖြင့် မေးမြန်းသည်။

"အဲ့ဒီလူက...."

ဖုန်းလင်းပေက မျက်မှောင်ကြုတ်ပြီး တည်ကြည်လေးနက်စွာ ပြောဆိုလိုက်၏။

"အဲ့ဒီလူက အရမ်းယုတ်မာကောက်ကျစ်ပြီးတော့ သူ့ရဲ့နည်းလမ်းတွေက ရုန့်ရင်းကြမ်းတမ်းတယ်...သူ့ရဲ့ရည်မှန်းချက်ပန်းတိုင် အောင်မြင်ဖို့အတွက် ဘယ်အရာကိုမဆို သူ လုပ်နိုင်တယ်..သူ ထိခိုက်နစ်နာအောင် လုပ်ခဲ့တဲ့လူတွေဘယ်လောက်ထိ များလဲဆိုတာ မသိနိုင်တော့ဘူး"

"သူ တန်ဖိုးအထားဆုံးအရာက နောက်အနာဂတ်ကျွန်းအရှင်နေရာပဲ....စီနီယာရဲ့အမွေအနှစ်ဆက်ခံမှုက ငါ့အစ်မနဲ့သူကြားမှာရှိတဲ့တိုက်ပွဲ အောင်မြင်မှု ဒါမှမဟုတ် ရှုံးနိမ့်မှုနဲ့ ဆက်စပ်နေတယ်"

"တကယ်လို့ မင်း အောင်မြင်သွားရင် နောင်လာမယ့် ကျွန်းအရှင်နေရာက ငါ့အစ်မရဲ့အပိုင် ဖြစ်လိမ့်မယ်..ဆန့်ကျင်ဘက်အနေနဲ့ မင်း ကျရှုံးသွားရင် အနာဂတ်ကျွန်းအရှင်ရာထူးက သူ့ရဲ့အပိုင်ဖြစ်သွားမယ်"

ဖုန်းချမ်ယွီသည် ထိုအလောင်းအစားအကြောင်း ရီဖုန်းကို မပြောလိုသည့်အား သိရှိထားသဖြင့် ဖုန်းလင်းပေသည် ရှည်ရှည်ဝေးဝေး မရှင်းပြတော့ချေ။

"ဒါကြောင့် ပြောရမယ်ဆိုရင်.. စီနီယာက အမွေအနှစ်ဆက်ခံဖို့ ကြိုးစားတဲ့အချိန်မှာ ပိုင်ကျီးက တစ်ခုခုလုပ်မှာ သေချာတယ်"

ထိုစကားကိုကြားချိန်တွင်...

ရီဖုန်း၏မျက်ခုံး မြင့်တက်သွားသည်။

ယုတ်မာကောက်ကျစ်ပြီး ရည်မှန်းချက်ပန်းတိုင် အောင်မြင်ရန်အတွက် အရာရာကို လုပ်ဆောင်မည့်သူ....

ထိုပိုင်ကျီးဟူသောနာမည်ကို ကြားရသည်မှာ အလွန်ချစ်စဖွယ်ကောင်းပေ၏။

သူ၏ကိစ္စအတွင်း၌ ပိုင်ကျီး ပါဝင်ပတ်သက်လာမည်မှာ သေချာပေါက်ပင်။ဖုန်းလင်းပေ ပြောဆိုခဲ့သော အနာဂတ်ကျွန်းအရှင်ရာထူးနှင့် ပတ်သက်နေသဖြင့် ပိုင်ကျီးသည် မလှုပ်ရှားဘဲ နေမည်မဟုတ်ချေ။

ဤကိစ္စ အဆင်ပြေသွားလေပြီ။

သူ ကျရှုံးသွားသည့်အတွက် ဖုန်းချမ်ယွီသည် အနာဂတ်ကျွန်းအရှင်ရာထူးကို လက်လွှတ်ရပေမည်။

အချိန်တိုအတွင်း၌ သူမ အနည်းငယ်ဝမ်းနည်းကြေကွဲနေပေမည်။

သို့ရာတွင် သူ နီဗားနားဖြစ်စဉ်ကို ဖြတ်ကျော်ပြီးနောင် အင်မော်တယ်တစ်ယောက် ဖြစ်လာသည်နှင့် သူမကို ကောင်းကင်ဘုံနယ်မြေတစ်ခု၏ နယ်မြေအရှင်တစ်ယောက်ဖြစ်အောင် ပြုလုပ်ပေးရပေမည်။

ထို့ပြင် စကားပြောအလွန်ကောင်းမွန်သော သူ၏မိတ်ဆွေကောင်းဖြစ်သည့် ဖုန်းလင်းပေအတွက်လည်း အချိန်ကျလာပါက လက်ထောက်ကုန်းမြေအရှင်တစ်ယောက်ဖြစ်အောင် လုပ်ဆောင်ပေးရပေမည်။

ထို့ပြင်...

တခြားလူကို ပျော်ရွှင်အောင် ကူညီပေးတတ်သည့် ချစ်စဖွယ်ကောင်းသော ကောင်လေးပိုင်ကျီးကိုလည်း အချိန်ကျလာပါက သူ ဆုချီးမြှင့်ရပေမည်။သူသည်လည်း တခြားလူများအပေါ်ကူညီရသည်ကို အလွန်သဘောကျသဖြင့် ပိုင်ကျီးအား နတ်ဆိုးနယ်မြေအတွင်းသို့ လွှတ်ကာ လူသားမျိုးနွယ်များအတွက် နတ်ဆိုးများကို အမြစ်ပြတ်သုတ်သင်ပေးရသော စစ်ဗိုလ်ချုပ်တစ်ယောက်အဖြစ် တာဝန်ပေးရပေမည်။

ရီဖုန်း၏လှပသော စိတ်ကူးယဉ်အိပ်မက်များအောက်တွင်...

အမွေအနှစ်နယ်မြေအတွင်းသို့ ဝင်ရမည့်နေ့ နောက်ဆုံး၌ ရောက်ရှိလာလေပြီ။

ဖုန်းယွီကျွန်း၏ နက်ရှိုင်းသောတောအုပ်ကြီးတစ်ခုအတွင်းတွင် ကျွန်းပေါ်မှ အဆင့်မြင့်အကြီးအကဲများအားလုံး စုဝေးနေသည်။

သူတို့၏ရှေ့၌ ကြီးကျယ်ခမ်းနားသော ယဇ်ပလ္လင်တစ်ခု ရှိနေပေ၏။

ထိုယဇ်ပလ္လင်ပေါ်တွင် အဆောင်သင်္ကေတအမြောက်အများကို ရေးထွင်းထားကာ ရှုပ်ထွေးနေသောပုံစံများကြောင့် ထိုအရာကို မြင်တွေ့မိသော မည်သူမဆို စိတ်ရှုပ်ထွေးသွားပေမည်။ ဤအရာများကို တစ်ချက်ကြည့်မိရုံဖြင့် အလွန်ရှေးကျကြောင်း သိရှိနိုင်သည်။

ယဇ်ပလ္လင်၏ရှေ့တွင် ဖုန်းယွီကျွန်းအရှင်ရှုကျူး ဦးဆောင်သော အဆင့်မြင့်အကြီးအကဲများ ရှိနေကာ သူတို့၏လက်ဝဲဘက်တွင် ဖုန်းမောင်နှမနှစ်ယောက် မတ်တတ်ရပ်နေပေ၏။

လက်ယာဘက်တွင်မူ ပိုင်ကျီးက သရော်တော်တော်အမူအယာဖြင့် မတ်တတ်ရပ်နေသည်။

"ဖုန်းချမ်ယွီ...လွန်ခဲ့တဲ့ ရက်အနည်းငယ်အကြာတုန်းက မင်း ပြောခဲ့တဲ့စကားကို မင်း မှတ်မိသေးလား"

ပိုင်ကျီးက သရော်တော်တော်ပြောဆိုသည်။

Chapter 917

ဖုန်းချမ်ယွီ၏မျက်နှာအမူအယာ သိသိသာသာ သုန်မှုန်သွားသည်။

ရီဖုန်းသည် နဂါးငါးကိုဖမ်းနိုင်ကာ သာလွန်ထူးကဲသောခွန်အားရှိသော်လည်း သူမ၏စိတ်နှလုံးသားအတွင်း၌ ဤကိစ္စအပေါ် များစွာယုံကြည်ချက်မရှိချေ။

ဤသည်မှာ သူမသည် ရီဖုန်းကို မယုံကြည်ခြင်းကြောင့်မဟုတ်ဘဲ မရဏအမွေအနှစ်သည် အလွန်နတ်ဆိုးဆန်သောကြောင့်ပင်။

ခေတ်ကာလအဆက်ဆက်အတွင်းတွင် ဤအမွေအနှစ်နယ်မြေအတွင်း၌ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူ မည်မျှထိများများ သေဆုံးသွားခဲ့ရသည်ကို မသိနိုင်​ချေ။

"ငါ ပြောခဲ့တဲ့စကားကို ငါ မှတ်မိတယ်"

သူမထံ၌ ယုံကြည်ချက်အားနည်းနေသည့်တိုင် ဖုန်းချမ်ယွီသည် ခေါင်းအနည်းငယ်မော့ပြီး တုံ့ပြန်လိုက်၏။

ပိုင်ကျီး၏မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေကာ သူ၏နံဘေးရှိ ရှုကျူးကိုကြည့်ပြီး ပြောဆိုသည်။

"ဆရာ...ကိစ္စတစ်ခုလုံးကို ဆရာ ကြားထားပြီးပြီပဲ....တကယ်လို့ ဂျူနီယာညီမလေးဖုန်းက ဒီကိစ္စကိုဝန်ခံဖို့ ငြင်းဆန်မယ်ဆိုရင် ဆရာက ကူညီပေးဖို့ ငါ မျှော်လင့်မိတယ်"

ရှုကျူးသည် ဖုန်းချမ်ယွီကိုကြည့်ကာ အချိန်တခဏကြာခန့် တိတ်ဆိတ်ငြိမ်သက်နေပြီးနောက် ခေါင်းညိတ်လိုက်သည်။

ရှူကျူး၏သဘောတူညီမှုကိုကြည့်ပြီး ဖုန်းချမ်ယွီသည် သူမ၏စိတ်နှလုံးသားအတွင်း၌ အနည်းငယ်မွန်းကြပ်သွားမှုကို ခံစားမိလေ၏။

ဤအလောင်းအစားကို သူမကိုယ်တိုင် ပြောဆိုခဲ့ခြင်းဖြစ်သော်လည်း အကယ်၍ ရှုကျူးသည် အစကတည်းက လွှတ်ပေးမထားခဲ့ပါက သူမသည် ဤ​မျှအဆင့်ထိ ရောက်ရှိလာမည် မဟုတ်ချေ။

ဤကိစ္စအတွက် သူမ၏ဆရာကို အပြစ်တင်၍မရသော်လည်း သူမ၏စိတ်နှလုံးသားအတွင်းရှိ ကြေကွဲဝမ်းနည်းမှု ပျောက်ပြယ်သွားတော့မည်မဟုတ်ချေ။

မည်သို့ပင်ဆိုစေကာမူ...

ရှုကျူးသည် ပိုင်ကျီးအပေါ် သူမထက်ပို၍ ဦးစားပေးပေ၏။

ထို့ပြင် လူအမြောက်အများရှေ့တွင် ဤအလောင်းအစားကို ပြုလုပ်ခဲ့သည်ဖြစ်ရာ အဆုံးသတ်၌ သူမ ကတိမတည်မည်ကို မည်သည်ကြောင့် ဆရာကိုယ်တိုင် သက်သေထူရန် လိုအပ်မည်နည်း။

ဤသည်မှာ သူမ၏ယုံကြည်ချက်များကို ပျက်ပြားသွားစေသည်။

သူမ၏ကွယ်လွန်သူဖခင်သည် ဖုန်းယွီကျွန်းအတွက် ကြီးမားသောအကျိုးဆောင်မှုများ ပြုလုပ်ထားခဲ့ရုံသာမက သူမကို ထောက်ပံ့ပေးနေသော အကြီးအကဲအမြောက်အများ ရှိနေသည်။​ရှုကျူးသည် သူတို့အား ဂရုစိုက်နေခြင်းကြောင့်သာမဟုတ်ပါက ပိုင်ကျီးသည် ယခင်ကတည်းက နောင်အနာဂတ်ကျွန်းအရှင်ဖြစ်နေလေပြီ။

"ဟား ဟား ဟား...စကြတာပေါ့"

ပိုင်ကျီးကိုကြည့်ရသည်မှာ အလွန်အမင်း စိတ်လှုပ်ရှားနေသည်။သူ၏အသံ ကျရောက်သွားသည်နှင့်အတူ သူသည် ယဇ်ပလ္လင်ပေါ်၌ ပလ္လင်ခွေထိုင်နေသော ရီဖုန်းကို စောင်းငဲ့၍ကြည့်လိုက်၏။

ဤအကြည့်တစ်ချက်သည်...

သေလူတစ်ယောက်ကို ကြည့်နေသည့်အလားပင်။

'ကောင်းလိုက်တာ...'

ရီဖုန်းကမူ ပိုင်ကျီး၏အကြည့်ကို အလွန်သဘောကျသွားပေ၏။

ဖုန်းယွီဂိုဏ်းချုပ်နှင့်တခြားအကြီးအကဲများ၏ အသက်သွင်းမှုအောက်တွင် ယဇ်ပလ္လင်မှနေ၍ တောက်ပသောအလင်းတန်းများ ဖြာထွက်လာသည်။ထို့နောက် ယဇ်ပလ္လင်ပေါ်ရှိ ရှုပ်ထွေးသောသင်္ကေတအက္ခရာများ အသက်ဝင်လာပုံရကာ ရီဖုန်း၏ခေါင်းထက်မှ ပျံသန်းသွားသည်။

မကြာမီမှာပင်....

အလင်းတန်းတစ်တန်းသည် ရီဖုန်းကို လွှမ်းခြုံသွားပေ၏။

ရီဖုန်း၏အမြင်အာရုံ လုံးလုံးလျားလျားဝေဝါးသွားကာ မူးဝေမှုကို ခံစားလိုက်ရသည်။

သူ၏အမြင်အာရုံ တဖန်ပြန်၍ ကြည်လင်သွားချိန်တွင် နယ်မြေသစ်တစ်ခုအတွင်းသို့ ရောက်ရှိနေလေပြီ။

သူသည် သိုလှောင်လက်စွပ်ကိုဖွင့်ကာ အတွင်းရှိရိက္ခာခြောက်များကို စစ်ဆေးလိုက်၏။

သူ သေဆုံးသွားပြီးနောက် နီဗားနားဖြစ်စဉ်သည် မည်မျှထိ ကြာမြင့်မည်ကို သူ မသိရှိချေ။ထိုနီဗားနားဖြစ်စဉ် အတောအတွင်းတွင် သူသည် ယခင်က လျှို့ဝှက်နယ်မြေအတွင်း၌ ရှိနေစဉ်ကဲ့သို့ ဆာလောင်မွတ်သိပ်မှုကို မခံစားလိုပေ။

ထိုကြောင့် အမဲသားခြောက်နှင့်ရိက္ခာခြောက်များသည် အလွန်လိုအပ်ပေ၏။

အရာအားလုံးယူဆောင်လာသည်ကို စစ်ဆေးပြီးနောက် သူ၏ရှေ့ရှိနယ်မြေကို စတင်၍စူးစမ်းလိုက်သည်။

သူသည် ပေတော်တော်များများကျယ်ဝန်းသော လမ်းကြောင်းတစ်ခုအတွင်း၌ ရှိနေပေ၏။

သူ၏ရှေ့၌ တံခါးနှစ်ချပ်ရှိနေသည်။

ထိုတံခါးများအတွင်း၌ အလွန်အမင်းမှောင်မည်းနေကာ အကြည့်တစ်ချက်ဖြင့် အဆုံးသတ်ကို မမြင်တွေ့နိုင်ချေ။

တံခါးတစ်ချပ်ပေါ်၌ သေဆုံးခြင်းအက္ခရာကို ရေးထွင်းထားက တခြားတံခါးတစ်ချပ်ပေါ်၌ ရှင်သန်ခြင်းအက္ခရာ ရှိနေပေ၏။

ဤသည်မှာ မရဏတံခါးနှင့်အသက်တံခါးပင်။

ဖုန်းချမ်ယွီ၏မှတ်တမ်းများအရ ဤနေရာသည် အမွေအနှစ်ကိုဆက်ခံရန်အတွက် ဗဟိုချက်နေရာသို့ မဟုတ်ဘဲ အစွန်အဖျား၌သာရှိသေးသည်။ထို့ကြောင့် အမွေအနှစ်၏လျှို့ဝှက်ဆန်းကြယ်မှုကို နားလည်သဘောပေါက်နိုင်ရန်အလို့ငှာ ဖုန်းယွီဂိုဏ်းသည် စူးစမ်းလေ့လာရန်အတွက် တပည့်အမြောက်အများကို စေလွှတ်ခဲ့သည်။

မရဏတံခါးအတွင်းသို့ ဝင်ရောက်သွားသော တပည့်များအားလုံး အရိပ်အယောင်ပင်မကျန်ရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။

ဤသည်မှာ ဖုန်းလင်းပေမှ သူ့အားပေးအပ်သည့် သတင်းအချက်အလက်၏ပထမဆုံးအချက်ပင်။

'မင်းက အသက်တံခါးထဲကိုဝင်ရမယ်'

"ဖုန်းလင်းပေက အရမ်းချစ်ဖို့ကောင်းတာပဲ"

ရီဖုန်း၏နှုတ်ခမ်းထောင့် မြင့်တက်သွားသည်။

သူသည် မရဏတစ်ခါအတွင်းသို့ ဝင်ရောက်လို့သဖြင့် မည်သည့်တုံ့ဆိုင်းခြင်းမျှမရှိဘဲ ထိုနေရာသို့ လျှောက်လှမ်းသွားလိုက်သည်။

အချိန်များ တရွေ့ရွေ့ကုန်ဆုံးလာကာ...

မရဏတံခါး၏လမ်းကြောင်းအတွင်း၌ ရီဖုန်းသည် သူ မည်မျှဝေးကွာသောနေရာထိ လျှောက်လှမ်းခဲ့ကြောင်း မသိတော့ဘဲ လမ်းတလျှောက်၌ သူ အစားအစာဆယ်နပ်ကျော် စားခဲ့သည်ကိုသာ သိရှိတော့သည်။

သူ မျှော်လင့်ထားသော အန္တရာယ်များ တစ်ခုတစ်လေမျှ ကျရောက်လာခြင်းမရှိချေ။

"သောက်ချေးပဲ...ဘာတွေ ဖြစ်နေတာလဲ...ဒါက မရဏတံခါး မဟုတ်ဘူးလား..."

ရီဖုန်းသည် အချိန်အတော်ကြာ လမ်းလျှောက်ပြီးနောက် မောပန်းလာတာ မည်သည့်အန္တရာယ်ကိုမျှ ကြုံတွေ့ရခြင်းမရှိသဖြင့် ဆဲဆိုလိုက်၏။

"ပိုင်ကျီးက ဘာမှမလှုပ်ရှားဘူးလား..."

ရီဖုန်းကိုကြည့်ရသည်မှာ စိတ်ပျက်နေပုံပင်။

သို့ရာတွင် အကယ်၍ ပိုင်ကျီးသည် တစ်စုံတစ်ခုကို ပြုလုပ်လိုလျှင်ပင် မရဏတံခါးအတွင်းသို့ ဝင်ရောက်ဝံ့မည် မဟုတ်ကြောင်း ရီဖုန်း သိရှိမည်မဟုတ်ချေ။ထို့ကြောင့် ပိုင်ကျီးသည် သူ၏ထောင်ချောက်များအားလုံးကို အသက်တံခါးအတွင်း၌သာ ခင်းကျင်းခဲ့ပေ၏။

ပိုင်ကျီးသည် သူ ခင်းကျင်းခဲ့သောထောင်ချောက်များ အလဟဿဖြစ်သွားသည်ကို သိရှိသွားပါက မည်ကဲ့သို့အမူအယာမျိုး ဖြစ်ပျက်သွားမည်ကို မသိနိုင်ပေ။

နောက်ဆုံး၌...

စင်္ကြန်လမ်း၏အဆုံးတွင်..

အလင်းရောင်ကို တွေ့ရှိလိုက်ရသည်။

ထိုအလင်းရောင်အနီးသို့ ချဉ်းကပ်မိသည်နှင့် သူ့ထံသို့ ပြင်းထန်သောအပူလှိုင်းတစ်ရပ် လာရောက်ရိုက်ခတ်ကာ လေဟာနယ်အတွင်းရှိအပူရှိန် သိသိသာသာ မြင့်တက်သွားသည်။

ရီဖုန်းသည် လိုဏ်ခေါင်းအတွင်းမှ ထွက်လိုက်ချိန်၌ သူ၏မျက်လုံးရှေ့တွင် ကမ္ဘာလောကသစ်တစ်ခု ထွက်ပေါ်လာသည်။

ဤသည်မှာ ချော်ရည်ကမ္ဘာကြီးဖြစ်ပြီး နေရာအနှံ့အပြား၌ ပင်လယ်ရေလှိုင်းများနှင့်တူသော ပွက်ပွက်ဆူနေသည့်ချော်ရည်များရှိနေကာ အပူလှိုင်းများ ထွက်ပေါ်နေသည်။

ထိုချော်ရည်များ၏အထက်တွင် သံကြျုးနှစ်ကြိုးဖြင့် ချိတ်ဆက်ထားသော ပြုတ်ကျလုဆဲဆဲ သစ်သားတံတားတစင်းရှိနေသည်။

ဤနေရာတွင် ထိုလမ်းကြောင်းတစ်ခုတည်းသာ ရှိပေ၏။

ရီဖုန်းသည် အနည်းငယ်မျှ စဉ်းစားတွေးတောခြင်းမပြုဘဲ ထိုသစ်သားတံတားပေါ်သို့ ခြေချလိုက်သည်။

ဖုန်းလင်းပေမှ သူ့အားပေးအပ်ထားသော သတင်းအချက်အလက်များသည် ထပ်မံ၍အသုံးမဝင်တော့ချေ။မည်သို့ပင်ဆိုစေကာမူ ဖုန်းလင်းပေ၏သတင်းအချက်အလက်များတွင် အသက်တံခါးအတွင်းရှိ အရာများသာပါဝင်ပြီး မရဏတံခါးနှင့်ပတ်သက်ပြီး တစ်စုံတစ်ခုမျှ မပါဝင်​ပေ။

သို့ရာတွင် ဤသည်မှာ လုံလောက်ပေ၏။

အကြောင်းအရင်းမှာ သူရှေ့ရှိနေရာသည် အလွန်အန္တရာယ်များကြောင်း အကြည့်တချက်ဖြင့် သိနိုင်သောကြောင့်ပင်။သူ သေဆုံးရတော့မည့်အချိန်သည် အလှမ်းကွာဟတော့မည် မဟုတ်ချေ။

ရီဖုန်းသည် တံခါးတလျှောက် လျှောက်လှမ်းသွားပြီးနောက် အချိန်အနည်းငယ်အကြာတွင် တံတားပေါ်၌ အရိုးအမြောက်အများကို ရှာဖွေတွေ့ရှိမိသည်။

ထိုကြောင့် သူသည် ဆောင့်ကြောင့်ထိုင်ပြီး စူးစမ်းလေလာ့လိုက်၏။

ထိုအရိုးများ၏နံ‌ဘေးရှိ လက်နက်များပေါ်မှ အမှတ်အသားများမှတစ်ဆင့် ဖုန်းယွီဂိုဏ်း၏တပည့်များ ဖြစ်ပုံရသည်။

ကြည့်ရသည်မှာ သူတို့သည် ဖုန်းလင်းပေပြောခဲ့သည် မရဏတံခါးအတွင်းသို့ စူးစမ်းလေ့လာရန် ဝင်ရောက်သွားခဲ့သော ဖုန်းယွီဂိုဏ်း၏တပည့်များ ဖြစ်ပုံပင်။

ထိုအလောင်းများအပြင် ဖုန်းယွီဂိုဏ်း၏တပည့် ဟုတ်ပုံမရသည့် အလောင်းနှစ်လောင်း သုံးလောင်းကိုလည်း သူ မြင်တွေ့မိသည်။သူတို့သည် ယခင်က မရဏအမွေအနှစ်ကို ဆက်ခံရန် ရောက်ရှိလာသော ကျင့်ကြံသူများ ဖြစ်ပေမည်။သူတို့သည် ကံစမ်းလိုသောကြောင့် မရဏတံခါးအတွင်းသို့ ဝင်ရောက်လာခြင်း ဖြစ်နိုင်သည်။

"အလောင်းတွေ အများကြီးပါလား...ကြည့်ရတာတော့ ဒီနေရာက အရမ်းအန္တရာယ်များတဲ့ပုံပဲ"

ရီဖုန်းသည် တံတားပေါ်၌ ရဲရဲဝံ့ဝံ့လမ်းလျှောက်ရင်း အချိန်မရွေးရောက်ရှိလာနိုင်သည့် သေခြင်းတရားကို စောင့်ဆိုင်းလိုက်သည်။

ဤကဲ့သို့ တစ်ရက်​ကြာ လမ်းလျှောက်ပြီးနောက်...

ဤရက်အတွင်း၌ သူသည် တံတားပေါ်တွင် အရိုးအမြောက်အများကို မြင်တွေ့ခဲ့ရသည်။

"ဟူး...ဒီနေရာမှာ လူတွေအများကြီး သေသွားခဲ့တာပါလား"

ရီဖုန်းက စိတ်မသက်မသာခံစားရသဖြင့် သက်ပြင်းရှိုက်လိုက်သည်။

သို့ရာတွင် ရုတ်တရက် သူသည် သူ့ရှေ့တွင်ရှိနေသော အလောင်းတလောင်းကို သတိပြုမိသွားသည်။

"ဒီအလောင်းက...."

ရီဖုန်းသည် ကြက်သေသေသွားလေ၏။

အကြောင်းအရင်းမှာ သူသည် လွန်ခဲ့သောတစ်ရက်အကြာက ဤနေရာကို ဖြတ်သန်းသွားစဥ်၌ အလောင်းတိုင်းကို စစ်ဆေးခဲ့သောကြောင့်ပင်။

ထိုနေရာတွင် သူ စစ်ဆေးခဲ့သော ခြေရာလက်ရာများကိုပင် ရှာဖွေတွေ့ရှိနိုင်ပေ၏။

"ဒါက ဝင်္ကပါတစ်ခုလား"

ရီဖုန်းက သူ၏နှာခေါင်းကို ပွတ်သပ်လိုက်သည်။

သူသည် ထိတ်လန့်ကြောက်ရွံခြင်းမရှိသော်လည်း သူ သွားလာနေစဉ်တွင် မည်သည့်အန္တရာယ်ကိုမျှ မကြုံတွေ့ရသည့်အတွက် ဇဝေဇဝါဖြစ်နေမိသည်။

ထိုအကြောင်းကိုတွေးတောရင်း သူသည် နောက်တစ်ရက် ထပ်မံ၍လမ်းလျှောက်လိုက်သည်။

တစ်ရက်ကြာပြီးနောက် ရီဖုန်းသည် မူလနေရာသို့ ပြန်လည်ရောက်ရှိလာပေ၏။

"သောက်ချေးပဲ...."

"ယိ့ဝင်္ကပါ... ဘာအန္တရာယ်မှလည်း မရှိဘူး...ဒါက ဘာဖြစ်နေတာလဲ"

ရီဖုန်းက မျက်မှောင်ကြုတ်လိုက်သည်။

သူသည် ထပ်မံ၍ လမ်းမလျှောက်လိုတော့ချေ။ ဤနေရာတွင် မည်သည့်အန္တရာယ်မျှ ရှိမနေဘဲ သူသည် မူလနေရာကို ပြန်လည်ရောက်ရှိလာရုံသာရှိသည်။

"ဒါက...."

သို့ရာတွင် ရီဖုန်းသည် ရုတ်တရက် ထိုအလောင်းများထံ၌ ထူးခြားချက်တစ်ခုရှိနေကြောင်း ရှာဖွေတွေ့ရှိမိသည်။

ကြည့်ရသည်မှာ ဤလူများသည် ချော်ရည်များအတွင်းသို့ ပြုတ်ကျမသွားလိုပုံပင်။

တချို့လူများသည် သံကြိုးများဖြင့် သူတို့ကိုယ်သူတို့ ရစ်ပတ်ထားကာ ကြည့်ရသည်မှာ သူတို့မသေဆုံးမီ ချည်နှောင်သွားခဲ့ပုံရသည်။

"သူတို့က သေလုမျောပါးဖြစ်နေတာတောင် ချော်ရည်တွေထဲကို ကျမသွားချင်ဘူး...ဒါကြောင့် ဒီချော်ရည်တွေထဲမှာ သူတို့ အရမ်းကြောက်တဲ့ အရာတစ်ခု ရှိနေလိမ့်မယ်"

ရီဖုန်း၏မျက်လုံးများ တောက်ပသွားသည်။

အမှန်တကယ်ကိုပင်...

ကြီးမားသော ချော်ရည်လှိုင်းလုံးကြီးများအတွင်းတွင် လူဘီလူးကြီးများ ကူးခတ်နေကာ တစ်ခါတရံ ခုန်ထလာပြီး သူတို့၏ပါးစပ်များကိုဖွင့်ဟ၍ ကြောက်မက်ဖွယ်အရှိန်အဝါတစ်ရပ်ကို ထုတ်လွှတ်ထားကြောင်း ဝိုးတဝါးမြင်တွေ့နိုင်သည်။

ရီဖုန်းသည် နားလည်သဘောပေါက်သွားပေ၏။

ကျင့်ကြံသူအများစုအတွက် သေဆုံးရခြင်းသည် ကြောက်ရွံ့ဖွယ်မကောင်းချေ။သို့ရာတွင် ကြောက်မက်ဖွယ်ကောင်းသောအရာမှာ သူတို့သေဆုံးသွားပြီးနောက် နတ်ဆိုးများ၏ရိက္ခာဖြစ်လာပြီး သူတို့၏ရုပ်ကြွင်းအား အကောင်းပကတိ ထိန်းသိမ်းမထားနိုင်မည်ကိုပင်။

သို့ရာတွင် ရီဖုန်းကမူ အ​ကြံတစ်ခု ရရှိသွားသည်။

သူသည် ယခင်က ချော်ရည်များအတွင်းသို့ခုန်ချရန် မစဉ်းစားခဲ့ဖူးသည် မဟုတ်ချေ။သို့ရာတွင် ချော်ရည်များသည် သူ့အား သတ်နိုင်မသတ်နိုင်ကို သူ အတိအကျမပြောနိုင်​ချေ။

ထိုချော်ရည်များအတွင်းသို့ သူ ခုန်ချပြီးနောက် သေဆုံးသွားခြင်းမရှိဘဲ လောင်ကျွမ်းခံရပြီး မထနိုင်ပါက အလွန်မသက်မသာခံစားရပေမည်။

သို့သော် ယခုအချိန်၌ ချော်ရည်များအတွင်းတွင်နတ်ဆိုးများ ရှိနေလေရာ အခြေအနေ ကွဲပြားခြားနားသွားလေပြီ။

ဤသည်မှာ သူသည် မစင်ဘဝဖြင့် အဆုံးသတ်ရမည့်ကိစ္စ ဖြစ်သော်လည်း....

အင်မော်တယ်အဆင့်ကို အောင်မြင်ပြီးမြောက်ရန်အတွက် မစင်အဖြစ် တန်ကြေးပေးဆပ်ရခြင်းသည် ထိုက်တန်ပေ၏။

ရီဖုန်းက မည်သည့်တွေဝေတုံ့ဆိုင်းမှုမျှမရှိဘဲ ခုန်ချလိုက်သည်။

ဗွမ်း...

သူသည် ချော်ရည်များအတွင်းသို့ တိုက်ရိုက်နစ်မြုပ်သွားပေ၏။

Chapter 918

ရီဖုန်း ချော်ရည်များအတွင်းသို့ ခုန်ဆင်းလိုက်သည့် အချိန်အခိုက်အတန့်တွင်....

ချော်ရည်များ၏အထက်၌ စိတ်ဝိညာဥ်ခန္ဓာကိုယ်တစ်ခု ထွက်ပေါ်လာသည်။

"လောကကြီးထဲမှာရှိတဲ့လူတွေက တုံးအတယ်...ဒီလိုမျိုး ရိုးရှင်းတဲ့အမွေအနှစ်တစ်ခုကို ဒီလောက်ထိ အချိန်ကြာလာတာတောင် ဘယ်သူမှ မရကြသေးဘူး"

"ဒီအမွေအနှစ်က ခက်ခဲတယ်လို့ ဆိုနိုင်ပေမယ့် အရမ်းရိုးရှင်းတယ်"

"ဒီလူငယ်လေးက အမွေအနှစ်ကြောင့် ချော်ရည်တွေထဲကို ပြတ်ပြတ်သားသားခုန်ချခဲ့တဲ့ ပထမဆုံးလူပဲ"

"သေခြင်းကိုရင်ဆိုင်ပြီးတော့ အသက်ပြန်ရှင်လာတာက 'ရဲရင့်ခြင်း'ဆိုတဲ့ စကားလုံးရဲ့အဓိကအချက်ပဲ"

"ဒါပေမဲ့ ဒါက မလုံလောက်သေးဘူး...တကယ်လို့ သူက နောက်ထပ်အဆင့်နည်းနည်းကို ထပ်ပြီးဖြတ်ကျော်နိုင်မှသာ အစစ်အမှန်သူရဲကောင်းတစ်ယောက် ဖြစ်လာလိမ့်မယ်"

ထို့နောက် စိတ်ဝိညာဥ်ခန္ဓာကိုယ် ပျောက်ကွယ်သွားသည်။

ရီဖုန်းသည် ချော်ရည်များအတွင်းသို့ သူ နစ်မြုပ်တော့မည်ဟု တွေးထင်ထားသောအချိန်မှာပင် အရာအားလုံး ပြောင်းလဲသွားသော ခံစားချက်မျိုး ရရှိလာမည်ဟု သူ မျှော်လင့်မထားမိချေ။

နောက်ထပ်အချိန်အခိုက်အတန့်၌...

သူ့ရှေ့ရှိမြင်ကွင်း ပြောင်းလဲသွားကာ သူသည် ကမ္ဘာလောကသစ်တစ်ခုအတွင်းသို့ ရောက်ရှိနေပေ၏။

သူသည် ကြီးကျယ်ခမ်းနားသော ခန်းမတစ်ခုအတွင်း၌ ရောက်ရှိနေသည်။

"ဒါက ဘယ်နေရာလဲ..."

"ငါက ချော်ရည်တွေထဲကို ကျသွားပြီးတော့ နတ်ဆိုးတွေရဲ့စားတာကို ခံရပြီး သေသွားရမှာမဟုတ်လား"

ရီဖုန်း၏မျက်နှာသုန်မှုန်သွားပြီး ကျယ်လောင်စွာအော်ဟစ်ဆဲဆိုလိုက်သည်။

သူသည် သေဆုံးမသွားရုံသာမက နေရာသစ်တစ်ခုသို့ ပြောင်းရွှေ့ပေးခြင်းခံလိုက်ရမည်ဟု သူ မျှော်လင့်မထားမိချေ။

"ငါက အမှားအယွင်းတစ်ခုကြောင့် နောက်တစ်ဆင့်ကို ရောက်လာတာများလား"

ရီဖုန်းက စိတ်ပျက်လက်ပျက်မျက်နှာဖြင့် ရေရွတ်လိုက်သည်။

ထို့​နောက် သူ၏ခေါင်းကိုလှည့်ပြီး နံဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်၏။

တိကျသေချာစွာပင် သူ၏နံဘေး၌ ကျောက်ပြားတစ်ချပ်ရှိနေသည်။ထိုကျောက်ပြားပေါ်တွင် ယခင်အဆင့်ကို သူ အောင်မြင်သွားပြီးဖြစ်ကြောင်း ရှင်းရှင်းလင်းလင်းဖော်ပြထားသည်။

ဤကိစ္စကြောင့်...

ရီဖုန်း၏မျက်နှာ အလွန်အမင်းသုန်မှုန်သွားသည်။

ဤအဆင့်၏ပုံစံသည် ယခုကဲ့သို့ ဖြစ်နေမည်ဟု သူ မျှော်လင့်မထားမိချေ။

ယခင်က ကျင့်ကြံသူများသည် စမ်းသပ်မှုကို ဖြတ်ကျော်နိုင်ခြင်းမရှိသည်မှာ အံ့အားသင့်ဖွယ်မရှိတော့ချေ။သူတို့သည် သစ်သားတံတားပေါ်ရှိ ဝင်္ကပါကို ​မည်ကဲ့သို့ ချိုးဖျက်ရမည်ကိုသာ စဉ်းစားတွေးတောကြပေမည်။မည်သူတစ်ဦးတစ်ယောက်ကမျှ ချော်ရည်များအတွင်းသို့ ခုန်ချရန်တွေးတောမည်မဟုတ်ပေ။

ရီဖုန်းသည် ဤဆိုးရွားသောရလဒ်ကို ​ချေဖျက်နိုင်ရန် ခန်းမအတွင်း၌ အချိန်အတော်ကြာ ထိုင်နေပြီးနောက် ဇွဲလုံလစိုက်ထုတ်၍ ကြိုးစားရန်အတွက် မတ်တတ်ထရပ်လိုက်သည်။

သူသည် ခန်းမအတွင်းသို့ကြည့်လိုက်ရာ ခန်းမအတွင်း၌ လမ်းကြောင်းလေးခုရှိနေသည်ကို မြင်တွေ့မိသည်။အရှေ့အနောက် တောင် မြောက် အရပ်လေးမျက်နှာတွင်ရှိနေသော လမ်းကြောင်းတစ်ကြောင်းစီ၏တံခါးရှေ့တွင် ရိုးရှင်းသောကျောက်ပြားတချပ်ကို စိုက်ထူထားသည်။

ရီဖုန်းသည် ထိုလမ်းကြောင်းလေးကြောင်းထံသို့ လျှောက်လှမ်းသွားပြီး တစ်ခုပြီးတစ်ခု စစ်ဆေးလိုက်၏။

အရှေ့ဘက်တံခါးကို 'ချမ်းသာကြွယ်ဝမှု'ဟုခေါ်ကာကျောက်ပြား၏လမ်းညွှန်ချက်အရ ထိုလမ်းကြောင်းအတွင်းသို့ ဝင်ရောက်သွားသူသည် အလွန်ကြီးမားသော ချမ်းသာကြွယ်ဝမှုကိုရရှိပေမည်။

ရီဖုန်းသည် ထိုလမ်းကြောင်းအတွင်းသို့ ခုန်ဝင်မိတော့လုမတတ်ပင်။

ဤသည်မှာ တောက်ပနေသော အင်မော်တယ်သလင်းကျောက်များမှ သူ့အား လက်ဝှေ့ယမ်း၍ ခေါ်နေသည့်အလားပင်။

"မဖြစ်ဘူး...ငါက သမာသမတ်ကျတဲ့လူတစ်ယောက်ပဲ"

ရီဖုန်းက သူ့ကိုယ်သူအားပေးပြီး တောင်ဘက်လမ်းကြောင်းထံသို့ လျှောက်လှမ်းသွားလိုက်သည်။

တောင်ဘက်လမ်းကြောင်းကို 'ခွန်အား'ဟု ခေါ်ဆိုသည်။ကျောက်ပြားမှ လမ်းညွှန်ချက်များအရ လမ်းကြောင်း၏အဆုံးသတ်တွင် ကောင်းကင်ဘုံဆေးလုံးရှိနေသည်။ထိုဆေးလုံးကို သောက်သုံးလိုက်ပါက တစ်စုံတစ်ယောက်သည် သူ၏ကျင့်ကြံဆင့်အခြေခံထက် အဆင့်ကြီးသုံးဆင့် မြင့်တက်သွားပေမည်။

ရီဖုန်းသည် ထိုလမ်းကြောင်းကို တစ်ချက်ပင် ထပ်မံ၍မကြည့်တော့ချေ။

သူသည် အင်မော်တယ်အဆင့်သို့ ရောက်ရှိတော့မည်ဖြစ်ရာ အဆင့်ကြီးသုံးဆင့်မြင့်တက်ရန်အတွက် မည်သည်ကြောင့် ကြိုးစားရမည်နည်း။

ထို့နောက် သူသည် 'အလှတရား'ဟု ရေးသားထားသော အနောက်ဘက်လမ်းကြောင်းထံသို့ လျှောက်လှမ်းသွားလိုက်သည်။

ထိုလမ်းကြောင်းအတွင်းသို့ ဝင်ရောက်လိုက်သည်နှင့် တစ်စုံတစ်ယောက်သည် အလွန်အမင်းဆွဲဆောင်မှုမြင့်မားသော ရုပ်ခန္ဓာကိုယ်ကို ရရှိပေမည်။သူ၏ဆွဲဆောင်နိုင်မှုသည် ဆန့်ကျင်ဘက်လိင်အပေါ်၌ အလွန်အမင်းမြင့်မားလာပေမည်။ထိုအချိန်ကျပါက ချောမောလှပသော အမျိုးသမီးကျင့်ကြံသူအမြောက်အများ သူ့ထံသို့ ရောက်ရှိလာပေမည်။

"ဒီကိစ္စက မဆိုးဘူး...တကယ်လို့ ငါ အင်မော်တယ်တစ်ယောက် ဖြစ်လာရင်တောင် ဒီရုပ်ခန္ဓာကိုယ်က အသုံးတည့်နိုင်တယ်"

ရီဖုန်းက သူ၏နှာခေါင်းကိုပွတ်သပ်ပြီး တီးတိုးရေရွတ်လိုက်သည်။

"ဒါပေမဲ့ နောက်ဆုံးလမ်းကြောင်းကို တစ်ချက်ကြည့်လိုက်အုံးမယ်"

ရီဖုန်းက မြောက်ဘက်လမ်းကြောင်းထံသို့ ဦးတည်၍လျှောက်လှမ်းသွားလိုက်၏။

ထိုမြောက်ဘက်တံခါးကို 'ထွက်ခွာခြင်း'ဟု ခေါ်ဆိုသည်။

နာမည်အတိုင်း တစ်စုံတစ်ယောက်သည် ဤလမ်းကြောင်းအတွင်းသို့ ဝင်ရောက်သွားပါက မည်သည့်အရာကိုမျှ ယူဆောင်နိုင်မည်မဟုတ်ဘဲ ထွက်ခွာသွားရပေမည်။

တံခါးလေးချပ်အကြောင်းကို သိရှိပြီးနောက် ရီဖုန်းသည် နေရာ၌မတ်တတ်ရပ်ကာ လေးလေးနက်နက်စဉ်းစားလိုက်၏။

သူသည် အရေးကြီးသောနေရာသို့ နောက်တစ်ကြိမ် ပြန်ရောက်လာပြီဖြစ်ကြောင်း သိရှိထားသည်။

အကယ်၍ သူသည် မှန်ကန်သောလမ်းကြောင်းကို ရွေးချယ်နိုင်ပါက သူ ရှေ့ဆက်သွားနိုင်နေမည်။

မှားယွင်းသောလမ်းကြောင်းကို သူ ရွေးချယ်မိပါက သေဆုံးရပေမည်။

လမ်းကြောင်းလေးခုကို အကြမ်းဖျဥ်းအားဖြင့် အခန်းကဏ္ဍနှစ်ခု ပိုင်းခြားထားသည်။

အရှေ့ တောင်နှင့် အနောက်အရပ်တွင်ရှိသော တံခါးသုံးချပ်သည် အခန်းကဏ္ဍတူညီကာ ချမ်းသာကြွယ်ဝမှု ခွန်အားနှင့် အလှတရားတို့သည် လူသားများ၏အလိုဆန္ဒများပင်။

နောက်ဆုံးတံခါးကမူ တမူထူးခြားပေ၏။

ရီဖုန်းက သူ၏မေးကိုပွတ်သပ်ပြီး စဉ်းစားလိုက်သည်။

ဤကိစ္စကို ဖြောင့်ဖြောင့်တန်းတန်း စဉ်းစားကြည့်ပါက...

ပိုင်းခြားသိမြင်နိုင်သော အမြင်အာရုံရှိသည့် မည်သူမဆို ချမ်းသာကြွယ်ဝခြင်း ခွန်အားနှင့် အလှတရားတို့သည် အန္တရာယ်ရှိကြောင်း အကြည့်တစ်ချက်ဖြင့် ပြောဆိုနိုင်သည်။ထို့ကြောင့် သာမန်လူများသည် ထိုတံခါးများအတွင်းသို့ ဝင်ရောက်သည်အထိ ရူးသွပ်မိုက်မဲမည်မဟုတ်ချေ။

ချမ်းသာကြွယ်ဝမှု ခွန်အားနှင့်အလှတရားတို့၏ ဆွဲဆောင်မှုကို စွန့်ပယ်ပြီး နောက်ဆုံးတံခါးတစ်ချပ်မှ ထွက်သွားမှသာ နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်ပေမည်။

ထို့ကြောင့် သာမန်လူများသည် မြောက်ဘက်လမ်းကြောင်းကို ရွေးချယ်ကြပေမည်။

သို့ရာတွင် သစ်သားတံတားကို ဖြတ်ကျော်ခဲ့သော ရီဖုန်းကမူ အမွေအနှစ်ပေးသူသည် အဆင့်များကို သာမန်အသိအမြင်ဖြင့် ကစားခြင်းမဟုတ်ကြောင်း နားလည်သဘောပေါက်ထားသည်။

ဤသည်မှာရှင်သန်ခြင်းလမ်းကြောင်းဟု ရှင်းရှင်းလင်းလင်း မြင်တွေ့နေရသော်လည်း သေဆုံးခြင်းအဆုံးသတ်ဖြစ်နေသည်။ရှင်သန်ခြင်းလမ်းကြောင်းကို ရှင်းရှင်းလင်းလင်းမမြင်တွေ့ရသော အရာများမှာမူ တောက်ပသောလမ်းကြောင်းများ ဖြစ်နေပေ၏။

ထို့ကြောင့် အကယ်၍ သာမန်လူများသည် ထိုလမ်းကြောင်းကိုရွေးချယ်ခဲ့လျှင် ထိခိုက်နာကျင်မှုများကို ခံစားရပေမည်။ဆန့်ကျင်ဘက်အနေဖြင့် ချမ်းသာကြွယ်ဝမှု ခွန်အားနှင့် အလှတရားတို့သည် အစစ်အမှန်အမွေအနှစ်များ ဖြစ်နေနိုင်သည်။

သို့ရာတွင် ဤသည်မှာ ရီဖုန်း၏ဆန္ဒအတိုင်း ဖြစ်နေသည်မဟုတ်လော....

ရီဖုန်းသည် သူ့ကိုယ်သူ ဥာဏ်ကောင်းသည်ဟု ခံစားမိကာ 'ထွက်ခွာခြင်း'တံခါးကိုကြည့်ပြီး သူ၏မျက်လုံးများ တောက်ပသွားသည်။

ဤသည်မှာ သူ့အတွက် သေလမ်းပင်။

ထို့ပြင် သူ အင်မော်တယ်အဆင့်သို့ ရောက်ရှိရန်လမ်းကြောင်းလည်း ဖြစ်နေသည်။

သူသည် မည်သည့်တွေဝေတုံ့ဆိုင်းခြင်းမျှမရှိဘဲ ထိုတံခါးအတွင်းသို့ ဝင်လိုက်၏။

သူသည် သေဆုံးခြင်း ရောက်ရှိလာမည့်အချိန်ကို စောင့်ဆိုင်းနေသော်လည်း နောက်ထပ်အချိန်အခိုက်အတန့်၌...

သူ အောင်မြင်သွားလေပြီ။

အကြောင်းအရင်းမှာ သူသည် ပတ်ဝန်းကျင်အသစ်အတွင်းသို့ ရောက်ရှိသွားသောကြောင့်ပင်။

သူ၏နံဘေးရှိ ကျောက်ပြားမှတဆင့် သူသည် ဤအဆင့်ကို အောင်မြင်သွားပြီဖြစ်ကြောင်း ညွှန်ပြနေသည်။

"သောက်ချေးပဲ..."

ရီဖုန်းသည် ငိုကြွေးလိုသော်လည်း မျက်ရည်ကျမလာချေ။

"ယိ့ပါကွာ...."

သူသည် မူလက ဒုတိယအဆင့်၌ သေဆုံးရမည်ဟု တွေးထင်ထားသော်လည်း ယခုအချိန်၌ တတိယအဆင့်သို့ ရောက်ရှိလာလေပြီ။

ဤကဲ့သို့ဖြစ်လာမည်ဟု သူ တစ်ကြိမ်တခါမျှတွေးထင်ထားမိခြင်းမရှိချေ။

ဤအမွေအနှစ်၏အဆင့်များသည် သူ့အတွက် အံ့အားသင့်စရာများကို ပေးစွမ်းနိုင်ပေ၏။

အမွေအနှစ်ပေးသူသည် သရောတော်တော်လေသံဖြင့် 'စိတ်ဆန္ဒနယ်ပယ်က အရမ်းရိုးရှင်းတယ်...တကယ်လို့ မင်းက စိတ်ဆန္ဒတွေကို ငြင်းဆန်နိုင်တာနဲ့ မင်း အောင်မြင်ပြီ...ဒါက အပျော်သက်သက်ပဲ...'ဟု ပြောဆိုနေသည့်အလားပင်။

"ဟူး ငါ့ရဲ့လိမ္မာပါးနပ်လွန်းမှုက အမှားတစ်ခု ဖြစ်သွားတာပဲ"

ရီဖုန်းက စိတ်ပျက်လက်ပျက်ဖြင့် ညည်းတွားလိုက်သည်။

သူ့ထံတွင် မည်သည်ကြောင့် ဤကဲ့သို့ သောက်ရေးမပါသော ကံကောင်းမှုကြီး ရှိနေသနည်း။

လမ်းကြောင်းလေးခုရှိသဖြင့် အောင်မြင်မှုရာခိုင်နှုန်း နှစ်ဆယ့်ငါးရာခိုင်နှုန်းသာ ရှိသော်လည်း သူ မှန်ကန်အောင် ရွေးချယ်နိုင်ခဲ့သည်။

"ရီဖုန်း ရီဖုန်း...မင်းက ကလေးဘဝကတည်းကထူးချွန်တဲ့လူတစ်ယောက်ပဲ...မင်းရဲ့ဆောင်ပုဒ်က ဘယ်တော့မှ အရှုံးမပေးဘူး...ခုလိုမျိုး အဆင်မပြေမှုတွေ နည်းနည်းလောက် ကြုံတွေ့ရတာနဲ့ မင်းက အရှုံးပေးမယ့်လူစားမျိုး မဟုတ်ဘူး"

ရီဖုန်းသည် သူ့ကိုယ်သူအားပေးပြီး အသက်ပြင်းပြင်း တချက်ရှိုက်လိုက်သည်။ထို့နောက် သူ၏စိတ်ဓာတ်ကျနေသောအခြေအနေကို ချိုးနှိမ်ကာ ပတ်ဝန်းကျင်ကို ထပ်မံ၍ကြည့်လိုက်သည်။

ဤနေရာတွင် အဖြူရောင်ဖြူခိုးများ မျောလွင့်နေကာ ကောင်းကင်ဘုံနယ်မြေတစ်ခုအလားပင်။

ထို့ပြင် သူ၏ရှေ့၌ ကြယ်စင်တန်းကြီးတစ်ခုရှိနေသည့်အလား တောက်ပနေပေ၏။

မြေအောက်မြစ်သည် တည်ငြိမ်ချောမွေ့စွာစီးဆင်းနေသော်လည်း လူအများအား သတ်ဖြတ်လိုခြင်းအရှိန်အဝါတစ်ရပ်ကို ခံစားမိစေသည်။

မြူခိုးများ၏ လွှမ်းခြုံမှုအောက်တွင် ဤအရာသည် ရေနွေးငွေများ တလိမ့်လိမ့်ထနေသည့် ကြီးမားသောရေပူစမ်းတစ်ခုနှင့် တူညီနေသည်။

ရီဖုန်း၏မျက်လုံးရှေ့၌ တံတားဆယ့်ခြောက်စင်း ရှိနေသည်။

တံတားတစင်းစီ၏ရှေ့တွင် ကျောက်တိုင်တစ်တိုင်ကို စိုက်ထူထားကာ ထိုကျောက်တိုင်ပေါ်၌ တံတားတစ်စင်းစီတိုင်းသည် မည်သည့်နေရာအား ဦးတည်သွားသည်ကို ညွှန်ပြထားပေ၏။

ရီဖုန်းက သုန်မှုန်နေသောမျက်နှာဖြင့် တံတားများ၏ထိပ်၌ မတ်တတ်ရပ်လိုက်သည်။

သူ၏မျက်နှာအမူအယာသည် အလွန်အမင်းတည်ကြည်လေးနက်နေပေ၏။

သူသည် ယခင်အဆင့်နှစ်ဆင့်ကို ဖြတ်ကျော်နိုင်ပြီးဖြစ်သည်။

အကယ်၍ ဤတစ်ကြိမ်တွင် သူ နောက်ထပ်အမှားတစ်ခုကို ပြုလုပ်မိပါက ခေတ်အဆက်ဆက်မှလူများ မရရှိခဲ့သော မရဏအမွေအနှစ်၏ဆက်ခံသူ ဖြစ်သွားပေမည်။

ရီဖုန်းသည် တံတားများ၏ထိပ်၌ မတ်တတ်ရပ်နေစဉ်တွင် အထက်ရှိ မြူခိုးများအကြား၌ ယခင်က စိတ်ဝိညာဥ်ခန္ဓာကိုယ် တဖန်ပြန်၍ထွက်ပေါ်လာကာ သူ့အား ငုံကြည့်လေသည်။

"ရဲဝံ့တဲ့လူတစ်ယောက်ရဲ့စိတ်နှလုံးသားရှိပြီးတော့ ငွေကြေး ခွန်အားနဲ့ အလှတရားရဲ့ဆွဲဆောင်မှုကို ငြင်းဆန်နိုင်တယ်...သူက ဒီနေရာကိုရောက်လာဖို့ တကယ့်ကို အရည်အချင်းရှိတဲ့လူပဲ"

"ဒါပေမဲ့ ဒီအဆင့်က အရင်ကလို မလွယ်ဘူး"

သူက စိတ်ဝင်တစားဖြင့် ရီဖုန်းကိုကြည့်ပြီး တီးတိုးရေရွတ်လိုက်သည်။

ဤအဆင့်အတွက်...

သူသည် ရီဖုန်းအပေါ် အထင်ကြီးခြင်းမရှိချေ။

အကြောင်းအရင်းမှာ ဤအဆင့်ကို ဖြတ်ကျော်နိုင်ရန်အတွက် စည်းမျဉ်းများသည် အလွန်ခက်ခဲသောကြောင့်ပင်။

အမွေအနှစ် တည်ရှိနေသည်မှာ အချိန်အတော်ကြာမြင့်နေပြီး မရေမတွက်နိုင်သော ကျင့်ကြံသူများ ဆက်ခံနိုင်ရန် ရောက်ရှိလာသဖြင့် ထိုလူများအနက် ပါရမီရှိသော ကျင့်ကြံသူအမြောက်အများ ပါရှိသည်။

ဤမျှများပြားသော လူများအကြားတွင် အမှန်အားဖြင့် ရီဖုန်းသည် ဤအဆင့်သို့ရောက်ရှိလာသည့် တစ်ဦးတည်းသောလူ မဟုတ်ချေ။

သို့ရာတွင် ဤအဆင့်သို့ရောက်ရှိလာသော တခြားလူများအားလုံး ရှုံနိမ့်သွားခဲ့ကြသည်။

Chapter 919

ဤအချိန်အခိုက်အတန့်၌ မျက်စိစုံမှိတ်၍ စဉ်းစားတွေးတောနေသော ရီဖုန်းသည် သူ၏မျက်လုံးကို ဖွင့်လိုက်၏။

အကယ်၍ သူ၏ခန့်မှန်းချက်မှန်ကန်ပါက ဤတံတားဆယ့်ခြောက်စင်းအကြားတွင် တံတားတစ်စင်းကသာ အောင်မြင်မှုလမ်းကြောင်းဖြစ်ပေမည်။

တခြားတံတားဆယ့်ငါးစင်းသည် သေလမ်းများ ဖြစ်နေသင့်သည်။

မည်သို့ပင်ဆိုစေကာမူ 'မရဏအမွေအနှစ်'ဟု နာမည်ကျော်ကြားသော ရှေးဟောင်းအမွေအနှစ်တစ်ခုတွင် ဤကဲ့သို့ စည်းမျဉ်းများရှိသည်မှာ အံ့အားသင့်ဖွယ်မရှိ​ချေ။ထို့ပြင် အမွေအနှစ်သည် တစ်ခုတည်းသာရှိပေ၏။

ဤအဆင့်ကို ဖန်တီးသူ၏စိတ်နေသဘောထားကို သူ၏လိမ္မာပါးနပ်မှုကြောင့် မှားယွင်းတွက်ချက်မိမည်ကို စိုးရိမ်သဖြင့် ရီဖုန်းသည် ဤအချိန်တွင် ကြုံရာကျပန်းတံတားတစင်းကို ရွေးချယ်ပြီးလျှောက်လှမ်းရန် ကြံရွယ်ထားပေ၏။

သူသည် သောက်ရေးမပါသော ကျောက်ပြားများကို မကြည့်တော့သည့်အပြင် မည်သည့်နေရာသို့ ဦးတည်သွားသည်ကိုလည်း ဂရုမစိုက်တော့ချေ။

မည်သို့ပင်ဆိုစေကာမူ သူ မဆင်မခြင်ရွေးချယ်သည့်တိုင် တံတားတစ်စင်းကိုသာ လျှောက်လှမ်းနိုင်ပေမည်။

ကျရှုံးနိုင်​ချေသည် ဆယ့်ခြောက်ပုံလျှင် ဆယ့်ငါးပုံရှိသော အခြေအနေအောက်၌ သူသည် တစ်ခုတည်းသော အောင်မြင်မှုလမ်းကြောင်းကို ရွေးချယ်နိုင်မည်ဟု သူ မယုံကြည်ချေ။

ထို့ကြောင့် သူ၏လက်ချောင်းများကိုမြှောက်ပြီး သူ၏ပါးစပ်မှ တီးတိုးရေရွတ်လိုက်သည်။

"တစ်ပြားနှစ်ပြား လင်ပန်းပြား ပြားလန် စက္ကူ ဖလံဖြူ....တူးတူးတဲ့တဲ့ ပိုးနောက်တဲ့ တဲရေသောက် နို့ရေသောက်...တောက်တီးတောက်တဲ့ ပဲနံ့သာ နံ့သာအိမ်ကြီး ရှေ့ကဆီး...မင်းကြီးရွှေတောင် ဖိုးရွှေတောင် ဇီးသီး နောက်နောင် ဖိုးနောင်နောင်...ဒေါင်ဒေါင် ဒင်ဒင်ဒင်...နင်တစ်ကွက် ငါတစ်ကွက် ကွက်လှည့်ဦးတော့ မောင်မင်းကြီးပါဗျာ...."

ရီဖုန်းသည် ကြုံရာတံတားတစင်းကို ရွေးချယ်ပြီးနောက် မည်သည့်တွေဝေတုံ့ဆိုင်းခြင်းမျှမရှိဘဲ လျှောက်လှမ်းသွားလိုက်သည်။

ဤမြင်ကွင်းကြောင့်....

မိုးကောင်းကင်ယံအတွင်းရှိ စိတ်ဝိညာဥ်ခန္ဓာကိုယ်သည် ကြက်သေသေသွားလေ၏။

သူ၏မျက်လုံးများ မှေးစင်းသွားကာ စိတ်လှုပ်ရှားမှုကြောင့် တုန်တုန်ရီရီဖြစ်နေသည်။

"ရဲဝံ့သူတစ်ယောက်ရဲ့နှလုံးသား...ဒီကောင်လေးမှာ ရဲဝံ့သူတစ်ယောက်ရဲ့အစစ်အမှန်နှလုံးသား ရှိနေတယ်"

ဤအဆင့်၌ အမှန်အားဖြင့် တံတားတိုင်းသည် သေလမ်းများပင်။

ရဲဝံ့သူတစ်ယောက်၏နှလုံးသားရှိမှသာ အတားအဆီးကို ချိုးဖျက်နိုင်ပေမည်။သူတို့ရှေ့ရှိလမ်းကြောင်းများကို မည်မျှထိ ရွေးချယ်မှုများ ပြုလုပ်သည်ဖြစ်စေ အရေးပါမည်မဟုတ်ချေ။လမ်းကြောင်းသည် မည်သည့်နေရာသို့ဦးတည်သွားသည်ကို ရွေးချယ်ခြင်းမရှိဘဲစိတ်နှလုံးသား၏စေရာအတိုင်း လုပ်ဆောင်ရပေမည်။ရှေ့သို့ရဲဝံ့စွာဖြင့် ရှေ့ဆက်သွားဝံ့သူသာ စိတ်ပျက်ဖွယ်ကောင်းသောအခြေအနေမှ အသက်ရှင်သန်နိုင်ပြီး အန္တရာယ်ကို ဘေးကင်းလုံခြုံမှုအဖြစ်သို့ ပြောင်းလဲနိုင်ပေမည်။

ထို့ကြောင့် တံတားဆယ့်ခြောက်စင်းလုံးသည် သေလမ်းများ ဖြစ်နေသော်လည်း တချိန်တည်းမှာပင် ရှင်သန်ခြင်းလမ်းကြောင်းများလည်း ဖြစ်နေသည်။

မူလက စိတ်ဝိညာဉ်ခန္ဓာကိုယ်သည် ရီဖုန်းထံ၌ ဤအဆင့်ကို ဖြတ်ကျော်နိုင်သော အရည်အချင်းရှိမည်ဟု များစွာယုံကြည်မထား​ချေ။မည်သို့ပင်ဆိုစေကာမူ နှစ်ပေါင်းများစွာကြာမြင့်လာကာ ဤအဆင့်ထိ ရောက်ရှိလာသော ကျင့်ကြံသူတစ်ယောက်နှစ်ယောက်ရှိခဲ့ကာ သူ့အား မျှော်လင့်ချက်များ ရရှိစေခဲ့သော်လည်း သူတို့အားလုံး ဤနေရာအရောက်၌ ရပ်တန့်သွားကြသည်။

သို့ရာတွင် ယနေ့၌ အောင်နိုင်သူကို သူ မြင်တွေ့ရမည်ဟု မျှော်လင့်မထားမိချေ။

အချိန်အနည်းငယ်ခန့် ကြာမြင့်ပြီးနောက်...

သူ၏မျက်လုံးအတွင်း၌ စိတ်လှုပ်ရှားမှုမျက်ရည်များ ရှိနေသည်။

သို့သော် ဤအချိန်အခိုက်အတန့်၌ ရီဖုန်းသည် ညည်းတွားနေလေ၏။

ဤနေရာတွင် မည်သည့်အန္တရာယ်မျှမရှိဘဲ ဖုတ်ကောင်တကောင်အလား ကြောင်တောင်တောင်ဖြင့် သူ လမ်းလျှောက်နေရသည်။

"ငါ့ရဲ့အရင်ဘဝမှာတုန်းက ငါ အရမ်းဆင်းရဲခဲ့ပြီးတော့ ကံမကောင်းခဲ့ဘူး...ထီလက်မှတ်တွေကနေ စလော့ဂိမ်းတွေအထိ ငါက ငါးယွမ်လောက်တောင် မနိုင်ခဲ့ဖူးဘူး"

"အခုချိန်မှာတော့ ငါက သောက်ရေးမပါတဲ့ ကံကောင်းမှုကြီးနဲ့ ရွေးချယ်မှုဆယ့်ခြောက်ခုထဲကနေတစ်ခုကို မှန်မှန်ကန်ကန်ရွေးချယ်နိုင်ခဲ့တယ်"

"နတ်ဘုရားတွေက ငါ့ကို ကျီစားနေတာများလား"

ဤအချိန်အခိုက်အတန့်တွင်...

ရီဖုန်းသည် နောက်ဆုံး၌ ကံကြမ္မာ၏လှည့်ကွက်ဟူသည်မှာ မည်သည့်အရာကိုဆိုလိုကြောင်း သိရှိသွားပေ၏။

သူသည် သေချင်ရုံသက်သက်ပင်။

မည်သည်ကြောင့် ဤမျှထိ အလွန်ခက်ခဲနေသနည်း....

ရီဖုန်းသည် သိုလှောင်လက်စွပ်အတွင်း၌ သိမ်းဆည်းထားသော အမဲခြောက်ကိုထုတ်ယူပြီးဝါးစားကာ ညည်းတွားလိုက်၏။

"မဟုတ်ဘူး....ငါ အရှုံးမပေးနိုင်ဘူး"

"အရင်က ငါ သောက်ရမ်းကံကောင်းခဲ့လို့ပဲ...အခုလက်ရှိ အခြေအနေကိုကြည့်ရင် အဆင့်တွေ ထပ်ပြီးတော့ ကျန်နေဦးမှာပဲ....ဒါက အရင်ထက်ပိုပြီး ခက်လာမှာ သေချာတယ်"

"ငါ့ရဲ့ကံကောင်းမှုကြီးကို ထာဝရထိန်းသိမ်းထားနိုင်မှာမဟုတ်ဘူး...ဒါကြောင့် နောက်တစ်ကြိမ်မှာ ငါ သေချာပေါက်သေနိုင်လိမ့်မယ်"

ရီဖုန်း၏မျှော်လင့်ချက်များ တဖန်ပြန်၍ ထွက်ပေါ်လာသည်။

သူ၏လိမ္မာပါးနပ်မှုများနှင့်လှည့်ကွက်များကြောင့် သူ သေဆုံးနိုင်မည့် နည်းလမ်းတစ်ခုကို ရှာဖွေနိုင်မည်ဟု ယုံကြည်သည်။

ရီဖုန်းသည် သူ့ကိုယ်သူအားပေးကာ သူ့ထံ၌ တိုက်ခိုက်လိုခြင်းစိတ်ဆန္ဒများ တဖန်ပြန်၍မြင့်တက်စဉ်မှာပင် တိုးညှင်းသောအသံတစ်သံ ထွက်ပေါ်လာသည်။

"မင်္ဂလာပါ မိတ်ဆွေလေး...."

ဤအသံကြောင့် ရီဖုန်းသည် ကြက်သေသေသွားလေ၏။

သူ့၏ခေါင်းကို ဘယ်ညာလှည့်ကြည့်လိုက်ရာ စိတ်ဝိညာဉ်ခန္ဓာကိုယ်တစ်ခုသည် သူ၏နံဘေးသို့ မည်သည့်အချိန်က ရောက်ရှိနေကြောင်း သူ မသိရှိချေ။

ထိုစိတ်ဝိညာဉ်ခန္ဓာကိုယ်သည် ဖျင်ကြမ်းဝတ်စုံကိုထဝတ်ဆင်ထားသော လူအိုကြီးတစ်ယောက်ဖြစ်သည်။သူ၏မျက်နှာပေါ်၌ သနားကြင်နာသောအမူအယာတစ်ရပ်ရှိနေကာ အစောပိုင်းက သူ စကားပြောဆိုလိုက်သော လေသံသည် အလွန်တိုးညှင်းပြီး ရီဖုန်းအား ခြောက်လှန့်မိမည်ကို စိုးရိမ်နေသည့်အလားပင်။

"မင်းက ဘယ်သူလဲ"

ရီဖုန်းက မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး မေးမြန်းသည်။

"ငါက ဒီအမွေအနှစ်ရဲ့ပိုင်ရှင် လူအိုကြီးယန်ရုန်ပါ...ငါ ဒီနေရာကိုလာတာ မင်းကို ပြောစရာရှိလို့ပဲ...ဂုဏ်ယူပါတယ်...မင်းက စမ်းသပ်မှုအားလုံးကို အောင်မြင်သွားတာကြောင့် ငါ့ရဲ့အမွေအနှစ်ကို ဆက်ခံနိုင်ပြီ"

လူအိုကြီးက သူ၏မုတ်ဆိတ်ကိုပွတ်သပ်ကာ ရယ်ပြုံးပြီး သတင်းကောင်းကို ရီဖုန်းအား ပြောဆိုလိုက်သည်။

"ဘာ....."

ရီဖုန်းသည် ထိုစကားကိုကြားချိန်တွင် ကြက်သေသေသွားပေ၏။

"မဟုတ်ဘူး...ဒါက စစ်ဆေးနေတုန်းပဲ ရှိသေးတယ်လေ...ဒါက စစ်ဆေးတဲ့အဆင့်တစ်ခု မဟုတ်လား...."

လူအိုကြီးက လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်သည်။အမှန်အတိုင်းပြောဆိုရလျှင် ရီဖုန်းသည် စမ်းသပ်မှုအတွက် အဆင့်များအားလုံးကို အောင်မြင်ခြင်း မရှိသေးသော်လည်း သူ့အတွက် အလွန်အရေးပါသည်။

ရီဖုန်းသည် အင်မော်တယ်တံတားဆယ့်ခြောက်စင်းကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့သောအချိန်မှစ၍ သူ၏အသိအမှတ်ပြုမှုကို ရရှိပြီးဖြစ်သည်။

"နောက်ထပ်အဆင့်တွေက အရေးမကြီးတော့ဘူး...မင်း အောင်မြင်သွားပြီ..."

လူအိုကြီးက သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ သူ့ရှေ့ရှိမြင်ကွင်းသည် သာမန်မျက်စိဖြင့် မြင်နိုင်သောအရှိန်နှုန်းဖြင့် ပျက်ပြယ်သွားပေ၏။

"အမ် ဒါက...."

"မလုပ်နဲ့ မလုပ်ပါနဲ့...ငါက အခုထိ အဆင့်တွေအားလုံးကို မအောင်မြင်သေးဘူးလေ...ငါက အရည်အချင်းမမှီသေးဘူး"

ရီဖုန်းက သူ၏လက်ကိုဆန့်တန်းပြီး အော်ဟစ်လိုက်သည်။သို့ရာတွင် သူရှေ့ရှိ စမ်းသပ်မှုနေရာများအားလုံး အရိပ်အယောင်မကျန်ရှိဘဲ ပျောက်ကွယ်သွားကာ တစ်ဆယ်စတုရန်းမီတာခန့် ကျယ်ဝန်းသော ကျောက်တုံးအခန်းတစ်ခန်းအဖြစ်သို့ ပြောင်းလဲသွားသည်။

ဤကျောက်တုံးအခန်းအတွင်း၌ ပင့်ကူအိမ်မြောက် လွှမ်းခြုံနေကာ ပရိဘောဂများ အလွန်ရိုးရှင်းသည်။

စားပွဲတလုံးနှင့် ထိုင်ခုံတစ်လုံး....

ထိုင်ခုံပေါ်၌ အရိုးစုတစ်ခု လဲလျောင်းနေသည်။

ရီဖုန်းက ဇဝေဇဝါဖြင့် ပတ်ဝန်းကျင်ကို ဝေ့ဝိုက်၍ကြည့်လိုက်၏။

ထိုအချိန်မှာပင် အစောပိုင်းက လူအိုကြီး၏အသံ ထပ်မံ၍ထွက်ပေါ်လာသည်။

"မိတ်ဆွေလေး....ဘာမှ ထပ်ပြီးကြည့်မနေနဲ့တော့...မင်းရှေ့မှာ မြင်နေရတဲ့ အရိုးစုက ဒီလူအိုကြီးပဲ"

"မင်းနဲ့စကားပြောဆိုနေတာက ငါ အသက်ရှင်နေတဲ့အချိန်တုန်းက ငါ ချန်ထားခဲ့တဲ့ အတွေးအမျှင်တန်းတစ်စပဲ"

"ရိုးရိုးသားသားဝန်ခံရရင် မင်း ဖြတ်ကျော်ဖို့လိုတဲ့ အဆင့်တွေ အများကြီးကျန်သေးတယ်"

"ဒါပေမဲ့ ငါ ထပ်ပြီးမစောင့်နိုင်တော့ဘူး....ထပ်ပြီးစောင့်လို့လည်း မရတော့ဘူး.. တကယ်လို့ ငါ ထပ်ပြီးစောင့်လိုက်မယ်ဆိုရင် ငါရဲ့မီးစာကုန်ဆီခန်းအခြေအနေနဲ့ မဖြစ်နိုင်တော့မှာကို ငါ စိုးရိမ်မိတယ်...ဒါ့ပြင် ငါ့ရဲ့စိတ်နှလုံးသားထဲမှာ မင်းက အောင်မြင်သွားခဲ့ပြီ"

"ကောင်းပြီလေ အပိုစကားတွေ ဆက်မပြောတော့ဘူး....ငါ့ကိုယ်ငါ ပြန်ပြီးမိတ်ဆက်ပေးမယ်"

"ငါက လွန်ခဲ့တဲ့နှစ်တစ်သန်းအကြာတုန်းက မွေးဖွားလာခဲ့တဲ့ သူတော်စင်တစ်ယောက်ပဲ...ငါ့ရဲ့ဥာဏ်အလင်းပွင့်မှုက ရဲစွမ်းသတ္တိဖြစ်ပြီးတော့ အဲ့ဒီတာအိုနဲ့ သူတော်စင်တစ်ယောက် ဖြစ်လာခဲ့တယ်....ငါ့ရဲ့အမွေအနှစ်ကို ရဲစွမ်းသတ္တိသံချပ်ကာတစ်စုံအဖြစ် ဖွဲ့စည်းထားတယ်"

"ဒီအချိန်မှာ ငါက မင်းကို ငါ့ရဲ့ရဲစွမ်းသတ္တိသံချပ်ကာ လက်ဆင့်ကမ်းပေးမယ်... ဒါကိုအသုံးပြုဖို့အတွက်က အရမ်းရိုးရှင်းတယ်...မင်းရဲ့စိတ်ကိုလှုပ်ရှားလိုက်တာနဲ့ အဲ့ဒီအရာက မင်းကို ချက်ချင်းကာကွယ်ပေးလိမ့်မယ်...တကယ်တော့ မင်း အန္တရာယ်နဲ့ကြုံတဲ့အချိန်မှာ သံချပ်ကာက အလိုအလျောက် ကာကွယ်ပေးမှာဖြစ်တာကြောင့် မင်းဘာမှ အတွေးများနေဖို့မလိုဘူး"

"အတိုချုပ်ပြောရရင် ဒီသံချပ်ကာက မင်းကို ဘယ်လမ်းကြောင်းကိုမဆို ရဲရဲဝံ့ဝံ့နဲ့ ရှေ့ဆက်နိုင်အောင် ကူညီပေးလိမ့်မယ်...သူတော်စင်အဆင့်ရဲ့အောက်မှာရှိတဲ့ ဘယ်သူတစ်ဦးတစ်ယောက်ကမှ မင်းကို ထိခိုက်နာကျင်အောင် လုပ်နိုင်မှာမဟုတ်ဘူး"

"ဘာ...."

ရီဖုန်းသည် စိတ်ရှုပ်ထွေးသွားကာ ခါးသည်းသောမျက်နှာအမူအယာဖြင့် ငြင်းဆန်လိုက်၏။

"မလုပ်နဲ့....အဲ့ဒီလို မလုပ်ပါနဲ့....."

သူ၏အသံ အဆုံးမသတ်သေးမီမှာပင် အရိုးစုမှနေ၍ မမြင်နိုင်သော အတားအဆီးအလွှာတစ်ခု ထွက်ပေါ်လာကာ သူ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာပြီး သူနှင့် ပေါင်းစည်းသွားပေ၏။

"မိတ်ဆွေလေး...ငါက စကားတွေအများကြီး ထပ်မပြောနိုင်တော့ဘူး...ဒီသံချပ်ကာကို မင်းဆီ လက်ဆင့်ကမ်းပေးလိုက်ပြီ...ငါရဲ့အတွေးအမျှင်တန်းက ငါ ဆက်ပြီးတည်ရှိနေဖို့ကို ထောက်ပံ့မပေးနိုင်တော့ဘူး"

"ငါက ဒီနေ့ အမွေအနှစ်ကို မင်းဆီ လက်ဆင့်ကမ်းပေးလိုက်ပြီ"

" မင်းရဲ့အနာဂတ်လမ်းကြောင်းက အရမ်းအောင်မြင်မယ်ဆိုတာ ငါ ယုံကြည်တယ်..."

ထိုသို့ပြောဆိုပြီးနောက် လူအုပ်ကြီး၏အသံ ငြိမ်အတိကျသွားသည်။

"ဟေး လူအိုကြီး...."

"မသွားနဲ့....မသွားနဲ့အုံးလေ...."

"နည်းနည်းလောက် ထပ်ပြီးတောင့်ခံလိုက်ပါအုံး....မင်း လုပ်နိုင်ပါတယ် ကြိုးစားကြည့်ပါ...."

"ဟေး မင်း ဒီလိုမလုပ်နဲ့.... ငါ့ဆီက သံချပ်ကာကို ပြန်ယူပါ...."

"ငါ ဒါကို မလိုချင်ဘူး..."

ရီဖုန်းသည် စိုးရိမ်ပူပန်တကြီးခုန်ပေါက်ကာ အော်ဟစ်လိုက်သည်။

သောက်ချေးပဲ....

ယခုအချိန်၌ သူ သေလမ်းရှာရန်အတွက် လုံလောက်သည်အထိ ခက်ခဲနေလေပြီ။

လူအိုကြီးသည် သူ့အား ရဲစွမ်းသတ္တိသံချပ်ကာကိုပေးအပ်ကာ သူတော်စင်အောက်ရှိ မည်သူတစ်ဦးတစ်ယောက်​ကမျှ သူ့အား ထိခိုက်နာကျင်အောင် လုပ်နိုင်မည်မဟုတ်ဟု ပြောဆိုသွားခဲ့သည်။

ဤသည်မှာ သောက်ရေးမပါသော လိမ်လည်လှည့်စားမှုကြီး မဟုတ်လော...

ထိုသို့ဖြစ်လာပါက သူ မည်သို့ သေလမ်းရှာရမည်နည်း...

"မသေသေးနဲ့....ထပါအုံး"

ရီဖုန်းသည် အရိုးစု၏နံဘေးသို့ အပြေးသွားကာ သူ၏လက်နှစ်ဖက်ဖြင့် လှုပ်ယမ်းလိုက်သည်။

သို့ရာတွင် အရိုးစုမှဦးခေါင်းခွံ ပြုတ်ထွက်လုမတတ် ဖြစ်လာသည့်တိုင် လူအိုကြီး၏အသံကို မကြားရတော့ဘဲ ယခင်က တစ်ကြိမ်တစ်ခါမျှ ထွက်ပေါ်လာခြင်း မရှိသည့်အလားပင်။

ရီဖုန်းသည် အချိန်အတော်ကြာသည်အထိ ရုန်းကန်ပြီးနောက် စိတ်ပျက်လက်ပျက်ဖြစ်သွားလေ၏။

သူ ထောင့်တစ်နေရာ၌ ခြေပစ်လက်ပစ်ထိုင်လိုက်သည်။

သူ့ကိုကြည့်ရသည်မှာ အသက်ကင်းမဲ့နေသည့်အလား ကြောင်တောင်တောင်ဖြစ်နေသည်။

ဤခရီးစဉ်ကို သူ သေလမ်းရှာရန်အတွက် လာခဲ့ခြင်းပင်။

သို့ရာတွင် သူ သေဆုံးသွားခြင်းမရှိဘဲ ထိုအစား ရဲစွမ်းသတ္တိသံချပ်ကာတစ်စုံကို ရရှိခဲ့သည်။

နောင်အနာဂတ်တွင် သူ မည်သို့ဆက်လုပ်ရမည်နည်း....

Chapter 920

"တစ်လကြာသွားပြီ..."

"ဖုန်းချမ်ယွီ...မင်း အရှုံးပေးလိုက်တော့"

ရီဖုန်းသည် အမွေအနှစ်နယ်မြေအတွင်းသို့ ဝင်သွားသဖြင့် ယဇ်ပလ္လင်၏နံဘေးတွင် ဖုန်းယွီဂိုဏ်းမှ လူများအားလုံး ပလ္လင်ခွေထိုင်နေကြသည်။

တစ်လပြည့်သွားသောအချိန်တွင် ပိုင်ကျီးက သူ၏မျက်လုံးကိုဖွင့်ကာ သူ၏မျက်နှာပေါ်တွင် သရော်တော်တော်အမူအယာတစ်ရပ် ထင်ဟပ်နေသည်။

ဖုန်းချမ်ယွီ၏မျက်နှာအမူအယာ သုန်မှုန်နေကာ တိတ်ဆိတ်ငြိမ်သက်နေဆဲပင်။

သူမ၏လှပသောမျက်နှာလေးသည် ရှုံမဲ့နေပေ၏။

အကယ်၍ တစ်လကြာသည်အထိ မည်သည့်လှုပ်ရှားမှုမျှ မရှိပါက ကျရှုံးနိုင်ခြေမြင့်မားကြောင်း သူမလည်း သိရှိထားသည်။

"ဟမ့်...အခုမှ တစ်လပဲ ကြာသေးတယ်....မင်း အ​ပျော်လွန်မနေနဲ့"

ဖုန်းချမ်ယွီသည် တိတ်ဆိတ်ငြိမ်သက်နေသော်လည်း နံဘေးတစ်ဖက်တွင်ရှိနေသော ဖုန်းလင်းပေသည် သည်းမခံနိုင်သဖြင့် မတ်တတ်ထရပ်ပြီး ပြောဆိုလိုက်၏။

"ပါးစပ်ပိတ်ထားစမ်း...."

ပိုင်ကျီး၏ အေးစက်စက်အကြည့်သည် ဖုန်းလင်းပေထံသို့ ကျရောက်သွားကာ တစ်ချိန်တည်းမှာပင် အစွမ်းထက်သော ဖိအားအရှိန်အဝါတစ်ရပ်ကို သက်ရောက်သွားစေသည်။

"ဒီနေရာမှာ မင်း စကားဝင်ပြောဖို့ အဆင့်မမှီဘူး...ပါးစပ်ပိတ်ထားစမ်း..."

"မင်း...."

ဖုန်းလင်းပေ၏ပါးစပ်တရွရွဖြစ်နေကာ သူက အလေးအနက်ထား၍ ပြောဆိုလိုက်၏။

"ဒါဆိုရင်လည်း နောက်ဆုံးမှာ ဘယ်သူ ရယ်နိုင်မလဲဆိုတာ စောင့်ကြည့်ကြရအောင်"

"ဟား ဟား ဟား နောက်ဆုံးမှာ ဘယ်သူက ရယ်နိုင်မလဲဆိုတာ မင်း ခုထိ မသိသေးဘူးလား"

ပိုင်ကျီးက သရော်တော်တော်ပြောဆိုသည်။

"တော်သင့်ပြီ...."

ဖုန်းလင်းပေသည် ဆက်လက်၍စကားပြောဆိုရန် ဟန်ပြင်နေသည်ကို မြင်တွေ့ချိန်၌ ဖုန်းချမ်ယွီက အချိန်မီဟန့်တားလိုက်၏။

"မင်းရဲ့အစ်မဆီကနေ ပိုပြီးသင်ယူစမ်းပါ...မဆင်မခြင် မလုပ်နဲ့...မင်းက ဘာကောင် မလို့လဲ....ဒီနေရာမှာလာပြီး ဟောင်ဖွာဟောင်ဖွာလုပ်နေတယ်...ဘယ်လောက်တောင် ရယ်ဖို့ကောင်းလိုက်လဲ"

ပိုင်ကျီးက အနည်းငယ်မျှ မျက်နှာသာမပေးဘဲ လှောင်ပြောင်သရော်လိုက်သည်။

ဖုန်းလင်းပေ၏အံ့ကြိတ်ထားမှုနှင့် နာကြည်းမုန်းတီးနေသော မျက်လုံးအကြည့်ကို လျစ်လျူရှုကာ ပိုင်ကျီးက ဖုန်းချမ်ယွီကို ကြည့်လိုက်၏။

"ဖုန်းချမ်ယွီ...မင်း ဘာပြောချင်သေးလဲ...မင်းရဲ့ကတိကို ဖြည့်ဆည်းပေးရမယ့်အချိန် ရောက်ပြီမဟုတ်လား"

သူက စိတ်လှုပ်ရှားစွာဖြင့် မေးမြန်းသည်။

ထိုစကားများကိုကြားချိန်တွင်...

ဖုန်းချမ်ယွီ၏မျက်နှာ စက္ကူတစ်ချပ်ကဲ့သို့ ဖြူရော်သွားသည်။

သူမ၏နီမြန်းသောနှုတ်ခမ်းလေးများကို တင်းတင်းကြပ်ကြပ်ကိုက်ထားကာ သူမ၏စိတ်နှလုံးသားအတွင်း၌ မလိုလားမှုများဖြင့် ပြည့်နှက်နေသည်။

အနာဂတ်ကျွန်းအရှင်ရာထူးသည် သူမ၏ဖခင်မသေဆုံးမီအချိန်၌ အချိန်အတော်ကြာ မျှော်လင့်တောင့်တခဲ့သော ဆန္ဒတစ်ခုပင်။ဖြစ်နိုင်သည်မှာ သူမထံ၌ အခွင့်အရေးဘအမှန်တကယ်မရှိသလော။

"ဘာလဲ ဖုန်းချမ်ယွီ...မင်းက ကတိကို ချိုးဖျက်ချင်တာလား"

ဖုန်းချန်ယွီသည် အချိန်အတော်ကြာသည်အထိ တိတ်ဆိတ်ငြိမ်သက်နေသည်ကိုကြည့်ပြီး ပိုင်ကျီးက သူမကို ဖိအားပေး၍ ထပ်မံမေးမြန်းလိုက်သည်။

"မင်းအရင်က ဘာပြောခဲ့လဲဆိုတာ မင်းသိတယ် မဟုတ်လား....အဲ့ဒီအချိန်တုန်းက မင်းကို ဘယ်သူကမှ ဖိအားမပေးခဲ့ဘူး....ဖုန်းယွီဂိုဏ်းရဲ့ ဂိုဏ်းချုပ်နဲ့စီနီယာအကြီးအကဲတွေရဲ့ရှေ့မှာမင်းက ဒီကတိကို ပေးခဲ့တာပဲ"

ပိုင်ကျီး၏ထိုးနှက်ချက်ကြောင့် ဖုန်းချမ်ယွီသည် ပို၍ပင် အံတင်းတင်းကြိတ်လိုက်၏။

သို့ရာတွင် သူမ နောက်ကြောင်းပြန်လှည့်လိုလျှင်ပင် သူမ ပြောဆိုခဲ့သော စကားများသည် ရေများသွန်ခဲ့သည့်အလား ပြန်ရုတ်သိမ်း၍မရတော့ကြောင်း နားလည်သဘောပေါက်သည်။

သူမသည် အသက်ပြင်းပြင်းတချက်ရှိုက်ပြီး အနာဂတ်ကျွန်းအရှင်နေရာအတွက် တိုက်ခိုက်မှုကို လက်လျှော့ရန် ကြံရွယ်လိုက်သည်။

သို့ရာတွင် သူမ စကားမပြောသေးမီမှာပင် တစ်လကြာအောင် တိတ်ဆိတ်ငြိမ်သက်နေသော ယဇ်ပလ္လင်မှ ရုတ်တရက် လှုပ်ရှားမှုများ ထွက်ပေါ်လာသည်။

ယဇ်ပလ္လင်မှနေ၍ ရွှေရောင်အလင်းတန်းတစ်တန်းဖြာထွက်လာကာ ထူးဆန်းသော စွမ်းအားလှုပ်ခတ်မှုများ ဖြစ်ပွားလာပေ၏။

ဤလှုပ်ရှားမှုကို အာရုံခံမိသဖြင့် ဖုန်းချမ်ယွီက သူမ၏ခေါင်းကို ဆတ်ခနဲလှည့်ကြည့်လိုက်သည်။

တစ်ချိန်တည်းမှာပင် လက်ရှိနေရာတွင်ရှိနေသော လူများအားလုံးသည်လည်း သူတို့၏မျက်လုံးများကို ဖွင့်လိုက်ကြကာ အလျင်အမြန် မတ်တတ်ထရပ်ပြီး သူတို့၏မျက်နှာများပေါ်တွင် မယုံကြည်နိုင်မှုများရှိနေသည်။

ပိုင်ကျီး၏ဂုဏ်ယူဝံ့ကြွားနေသောမျက်နှာ ရုတ်တရက် သုန်မှုန်သွားကာ သူ့ထံတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်သွားသည်။

"မဖြစ်နိုင်ဘူး....မဖြစ်နိုင်ဘူး...ဒါက ဘယ်လိုမှမဖြစ်နိုင်ဘူး"

သူသည် ထိတ်လန့်တကြားရေရွတ်ကာ သူ၏မျက်လုံးအကြည့်သည် ယဇ်ပလ္လင်ထံတွင် သာ အခိုင်အမာကျရောက်နေပေ၏။

ယဇ်ပလ္လင်မှ လှုပ်ခတ်မှုများ တစတစပို၍ကြီးထွားလာကာ ရွှေရောင်အလင်းတန်းများသည် ရွှေကြာပန်းတစ်ပွင့် ပွင့်လန်းလာသည့်အလား ပို၍တောက်ပလာသည်။

လူများအားလုံးသည် ထိုရွှေရောင်အလင်းတန်းကိုမြင်ရသည်မှာ အချိန်အနည်းငယ် ကြာမြင့်ပြီးနောက် အလင်းတန်းများအကြားတွင် ပုံရိပ်တစ်ခုရှိနေသည်ကို ရှာဖွေတွေ့ရှိမိသည်။

ထိုပုံရိပ်ကိုမြင်တွေ့ချိန်၌ လက်ရှိနေရာတွင်ရှိနေသော လူများအားလုံး ပင့်သက်ရှိုက်လိုက်ကြကာ သူတို့၏မျက်နှာပေါ်တွင် ထိတ်လန့်တုန်လှုပ်သောအမူအယာများဖြင့် ပြည့်နှက်နေသည်။

ဖုန်းချမ်ယွီပင်လျှင် သူမ၏နီမြန်းသောနှုတ်ခမ်းကို သူမ၏လက်ဖြင့် ဖုံးအုပ်လိုက်၏။

အထူးသဖြင့် သူမသည် ပိုက်ကျီး၏ဖိအားပေးမှုအောက်သို့ ကျရောက်နေစဉ်၌ ဤမြင်ကွင်းကို မြင်တွေ့ရသဖြင့် သူမ၏စိတ်ခံစားချက်များကို မထိန်းချုပ်နိုင်တော့ဘဲ မျက်ရည်များယိုစီးကျလုမတတ်ပင်။

တစ်ချိန်တည်းမှာပင် ဤပုံရိပ်ထွက်ပေါ်လာခြင်းသည် ပိုင်ကျီး၏နောက်ဆုံးအခွင့်အရေးကို ချိုးဖျက်လိုက်ခြင်းလည်းဖြစ်သည်။

သူ၏နောက်ဆုံးကောက်ရိုးတစ်မျှင်ကို ဖြတ်တောက်ခြင်းခံလိုက်ရသဖြင့် သူသည် ဒယိမ်းဒယိုင်ဖြင့် ခြေလှမ်းအနည်းငယ်ခန့်နောက်သို့ဆုတ်ကာ သူ့ကိုကြည့်ရသည်မှာ ကြောင်တောင်တောင်ဖြစ်နေသည်။

ယဇ်ပလ္လင်ပေါ်၌ ထွက်ပေါ်လာသောလူသည် ရီဖုန်းမှတပါး တခြားလူမဟုတ်ချေ။

အလင်းတန်းများ ပျက်ပြယ်သွားပြီး ယဇ်ပလ္လင်ကြီး ကြည်လင်ထင်ရှားလာချိန်၌ ရီဖုန်းသည် တရွေ့ရွေ့လျှောက်လှမ်းထွက်လာသည်။

အမွှာမောင်နှမနှစ်ယောက်ဖြစ်သော ဖုန်းလင်းပပေနှင့်ဖုန်းချမ်ယွီတို့သည် သူ့အား ချက်ချင်းဆီးကြိုနှုတ်ဆက်လိုက်ကြ၏။

ယခင်က ရီဖုန်းနှင့် များစွာထိတွေ့ဆက်ဆံဖူးခြင်းမရှိသော ဖုန်းယွီဂိုဏ်းမှလူများသည်လည်း သူ့အား ချက်ချင်းဆီးကြိုနှုတ်ဆက်လိုက်ကြသည်။

သို့ရာတွင် သူတို့ စကားမပြောဆိုရသေးမီမှာပင် သူတို့အားလုံးသည် ရီဖုန်း၏မျက်နှာအမူအယာမကောင်းသည်ကို သတိပြုမိသွားသည်။

ရီဖုန်းသည် သူ၏ခေါင်းကို အောက်သို့ငုံထားကာ သူ၏မျက်နှာ သုန်မှုန်နေသည်။

သူသည် စကားတစ်ခွန်းမျှမဆိုချေ။

သူ အလွန့်အလွန်စိတ်ပျက်နေသည်မှာ သိသာထင်ရှားလှ၏။

ရီဖုန်း၏အမူအယာကို အာရုံခံမိသဖြင့် ဖုန်းချမ်ယွီ၏နှလုံးခုန်နှုန်း လျှင်မြန်သွားသည်။သူမ၏နံဘေးတွေရှိနေသော ဖုန်လင်းပေသည်လည်း အလျင်အမြန်ပါးစပ်ပိတ်လိုက်ကာ သူ၏မျက်နှာအမူအယာ ချက်ချင်းပျက်ယွင်းသွားသည်။

သို့ရာတွင် စိတ်ပျက်လက်ပျက်ဖြစ်နေသော ပိုင်ကျီးကမူ ရီဖုန်းကို စူးစိုက်၍ကြည့်လိုက်သည်။

ထို့နောက် သူ၏မျက်နှာအမူအယာ ပျက်ယွင်းနေမှု အနည်းငယ်ပြေလျော့သွားပေ၏။

"ဟား ဟား ဟား...."

အမွေအနှစ်နယ်မြေမှ ပြန်လာနိုင်သည့်တိုင် အောင်မြင်စွာဆက်ခံနိုင်ခဲ့သည်ဟု မည်သူက ပြောဆိုနိုင်မည်နည်း။

ဖြစ်နိုင်သည်မှာ ယခင်က စူးစမ်းရန်စေလွှတ်လိုက်သော တပည့်များကဲ့သို့ပင် အမွေအနှစ်နယ်မြေ၏အဖျားအနားတွင်သာ လျှောက်လှမ်းပြီး ပြန်လာခြင်းဖြစ်သလော...

အကယ်၍ ထိုသို့ဖြစ်လာပါက ရလဒ်အပေါ် မည်သည့်သက်ရောက်မှုမျှ ရှိမည်မဟုတ်ချေ။

ဖုန်းချမ်ယွီသည် အနာဂတ်ကျွန်းအရှင်ရာထူးကို သူမ၏သဘောဆန္ဒအလျောက် လက်လွှတ်ရမည့်အပြင် အကောင်းဆုံးအနေဖြင့် အမွေအနှစ်နယ်မြေအတွင်းတွင် ရီဖုန်း သေဆုံးမသွားရုံသာ ရှိပေမည်။

ပိုင်ကျီးသည် ရီဖုန်း သေသည်ရှင်သည်ကို သူ ဂရုမစိုက်ချေ။သူ အမှန်တကယ်ဂရုစိုက်သည်မှာ အနာဂတ်ကျွန်းအရှင်ရာထူးပင်။

ဖုန်းချမ်ယွီသည် အံ့တင်းတင်းကြိတ်ကာ သူမ၏လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်လိုက်သည်။

သူမ၏စိတ်အခြေအနေ အမှန်တကယ် ပြောင်းလဲသွားလေပြီ။

ရီဖုန်း၏မျက်နှာအရ အကဲဖြတ်ကြည့်ပါက သူ၏ရလဒ်မကောင်းသည်ကို သူမ မှန်းဆနိုင်သော်လည်း မည်သည့်ကိစ္စမျိုး ရှိနေပါစေ မေးမြန်းရပေမည်။

"စီနီယာ...အမွေအနှစ်က...."

ဖုန်းချမ်ယွီက တိုးညှင်းသောအသံဖြင့် မေးမြန်းသည်။

"ဟူး....."

သူမ၏မေးခွန်းကိုကြားချိန်တွင် ရီဖုန်းက သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။

အမှန်တကယ်ကို ကျရှုံးသွားသလော...

ဖုန်းချမ်ယွီသည် စိတ်ပျက်လက်ပျက်ဖြင့် သူမ၏ခေါင်းကို အောက်သို့ငုံလိုက်၏။

သို့ရာတွင် နောက်ထပ်အချိန်အခိုက်အတန့်မှာပင် ရီဖုန်း၏အသံ ထွက်ပေါ်လာသည်။

"အောင်မြင်ခဲ့တယ်..."

"အမ်....ဒါက...."

ခေါင်းငိုက်စိုက်ကျနေသော ဖုန်းချမ်ယွီသည် ဤအချိန်အခိုက်အတန့်၌ တောင့်တင်းသွားကာ သူမ၏ခေါင်းကို တဖန်ပြန်၍မော့ပြီး ဇဝေဇဝါဖြင့် ရီဖုန်းကို ကြည့်လိုက်သည်။

နံဘေးတွင်ရှိနေသော....

အစောပိုင်းကမှ စိတ်သက်သာရာရမှုကို ခံစားရသော ပိုင်ကျီး၏မျက်နှာ တဖန်ပြန်၍ ရှုံမဲ့သွားကာ လုံးလုံးလျားလျား ကြက်သေသေသွားသည်။

ရှုကျူးနှင့်တခြားလူများသည်လည်း ကြက်သေသေသွားလေ၏။

"စီနီယာ...နင်က အမွေအနစ်ကို အောင်အောင်မြင်မြင် ဆက်ခံနိုင်ခဲ့တယ်လို့ ဆိုလိုတာလား...."

ဖုန်းချမ်ယွီသည် သူမ၏စိတ်တည်ငြိမ်မှုကို ပြန်လည်ရရှိပြီးနောက် မယုံကြည်နိုင်စွာဖြင့် မေးမြန်းလိုက်၏။

"အမှန်ပဲ....ဟူး..."

ရီဖုန်းက ထပ်မံ၍ သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။

"အောင်မြင်သွားတာ...အောင်မြင်သွားတာလား..."

ဖုန်းချမ်ယွီသည် ဤအချိန်အခိုက်အတန့်၌ သူမကြားသောစကားကို မယုံကြည်နိုင်တော့သဖြင့် ခပ်တိုးတိုးရေရွတ်လေသည်။

သူမ၏မျက်နှာပေါ်တွင် အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေကာ ဝမ်းသာပျော်ရွှင်မှုကြောင့် မျက်ရည်များယိုစီးကျလာသည်။

ယနေ့အတွက် သူမ၏စိတ်အခြေအနေသည် အမှန်တကယ်ကို အတက်အ​ကျမြန်ပေ၏။

"စီနီယာ...ဂုဏ်ပြုပါတယ်...ဂုဏ်ပြုပါတယ်"

"စီနီယာက တကယ့်ကို ထူးချွန်တာပဲ...နောက်ဆုံးတော့ ဖုန်းယွီကျွန်းရဲ့မရဏအမွေအနှစ်ကို ဆက်ခံနိုင်တဲ့လူတစ်ယောက် ရှိလာခဲ့ပြီ"

ဤအချိန်အခိုက်အတန့်၌ ရှုကျူးအပါအဝင် ဖုန်းယွီကျွန်းမှ လူများအားလုံး ရီဖုန်းကို စတင်၍ ဂုဏ်ပြုစကားပြောဆိုလိုက်ကြ၏။

သို့ရာတွင် သူတို့၏စိတ်နှလုံးသားအတွင်း၌ စောဒကတက်နေသည်မှာ..'မင်းက အောင်မြင်ခဲ့တာတောင် သက်ပြင်းချနေသေးတယ်..ငါတို့က မင်း ကျရှုံးသွားတယ်လို့ ထင်နေခဲ့တာ'

ဤသည်မှာ အလွန်ကိုးရိုးကားယားဆန်သောကိစ္စပင်။

All Chapters