← Chapters

အခန်း (၉၂၆-၉၃၀)

Vol. 62 Ch. 926-930

အခန်း (၉၂၆-၉၃၀)

Vol. 62 Ch. 926-930

Chapter 926

"အရှင်နတ်ဘုရား..."

"ဟား ဟား ဟား ဟား..."

ရှုကျူးက ရူးသွပ်သွားသည့်အလား အော်ဟစ်ရယ်မောလိုက်သည်။

"ဘယ်လိုတည်ရှိမှုကြီးက နတ်ဘုရားတစ်ပါးမလို့လဲ...ဒါက ဒဏ္ဍာရီထဲမှာ ဒါမှမဟုတ် တည်ရှိမှာတောင်မဟုတ်တဲ့ တည်ရှိမှုကြီးတစ်ခုပဲ"

"ခြောက်လှန့်နေတဲ့စကားတွေကို ရပ်လိုက်စမ်း"

သူသည် သူ့ရှေ့ရှိ အနက်ရောင်ဝတ်ရုံဝတ်လူကို နာကြည်းမုန်းတီးစွာကြည့်ကာ အော်ဟစ်လိုက်၏။

"တကယ်လို့ မင်းက အစစ်အမှန်နတ်ဘုရားတစ်ပါးဆိုရင် ဖုန်းယွီကျွန်းတစ်ကျွန်းလုံးကို ဖျက်ဆီးနိုင်သင့်တယ်...ငါ့ကို မင်း နမူနာပြကြည့်ပါလား"

အနက်ရောင်ဝတ်ရုံဝတ်လူက အရူးတစ်ယောက်ကို မြင်နေရသည့်အလား သူ့ကို ကြည့်လိုက်သည်။

ထို့နောက် သူ၏လက်ဝါးကို ညင်သာစွာမြှောက်လိုက်ခြင်းနှင့်အတူ...

ဘုန်း....

ဖုန်းယွီကျွန်းတစ်ကျွန်းလုံးထံမှနေ၍ အလွန်အမင်းကျယ်လောင်သော အသံကြီးတစ်သံ ထွက်ပေါ်လာသည်။

ဖုန်းယွီမျှော်စင်သည် ရုတ်တရက်ပြိုလဲသွားပေ၏။ထိုမျှော်စင် ပြိုလဲသွားခြင်းနှင့်အတူ ဖုန်းယွီကျွန်းတွင် အလွန်နက်ရှိုင်းသော အက်ကွဲကြောင်းကြီးများ အလွန်လျင်မြန်သောအရှိန်ဖြင့် ပျံ့နှံ့စပြုလာသည်။

တစ်ချိန်တည်းမှာပင် မိုးကောင်းကင်ယံအတွင်းရှိ မြင့်မားသောနေရာ၌ လေဆင်နှာမောင်းများ နေရာအနှံ့အပြားတွင် ထွက်ပေါ်လာသည်။

ထို့နောက် မြေပြင်မှနေ၍ ကြီးမားသောသားရဲကြီးများ ထွက်ပေါ်လာကာ ဖုန်းယွီကျွန်းတစ်ကျွန်းလုံးကို ဝါးမြိုရန် ကြိုးပမ်းနေပေ၏။

ဖုန်းယွီကျွန်းသည် အစိတ်စိတ်အမွှာမွာဖြစ်သွားလေပြီ။

"ဒါက...."

ထိုမြင်ကွင်းကိုကြည့်ပြီး ရှုကျူး အလွန်အမင်းထိတ်လန့်သွားသည်။

ဖုန်းယွီဂိုဏ်း၏အဆင့်မြင့်အကြီးအကဲများအားလုံးသည် ဒယ်အိုးပူအတွင်းရှိ ပုရွက်ဆိတ်များအလား နံဘေးပတ်ဝန်းကျင်၌ ခုန်ပေါက်ပြေးလွှားနေသော်လည်း ​မည်ကဲ့သို့ပြုလုပ်ရမည်ကို မသိကြတော့ချေ။သူတို့၏စိတ်နှလုံးသားများအတွင်း၌ စိတ်ပျက်အားငယ်မှုများဖြင့် ပြည့်နှက်နေသည်။

"ဒါက နတ်ဘုရားတစ်ပါးပဲ...တကယ့်ကို နတ်ဘုရားတစ်ပါးပဲ"

လူများအားလုံး ငိုကြွေးမြည်တမ်းလိုက်ကြသည်။

ယခုအချိန်၌ ဖုန်းယွီကျွန်းသည် ဤကဲ့သို့ စိတ်ပျက်ဖွယ်ကောင်းသော အခြေအနေသို့ ကျရောက်သွားသည်။အကယ်၍ သူသည် နတ်ဘုရားတစ်ပါးမဟုတ်ပါက သူ၏လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် ဤကိစ္စများအားလုံးကို လုပ်ဆောင်နိုင်သောလူသည် မည်ကဲ့သို့တည်ရှိမှုကြီးဖြစ်သည်ကို သူတို့အားလုံး မတွေးနိုင်​ချေ။

အကယ်၍ သူတော်စင်တစ်ယောက်ဖြစ်နေလျှင်ပင် နယ်မြေတစ်ခုကို လွှမ်းမိုးလိုပါက ကြီးမားသောလုပ်ငန်းစဉ်တစ်ခုကို ပြုလုပ်ရန် လိုအပ်သည်။

"အရှင်...ကျေးဇူးပြုပြီးတော့ အသက်ချမ်းသာပေးပါ...ကျေးဇူးပြုပြီးတော့ ငါ့ကို အသက်ချမ်းသာပေးပါ"

ဖုန်းယွီကျွန်းပေါ်ရှိလူများအားလုံး မြေပြင်ပေါ်၌ဒူးထောက်ကာ ခါးသည်းစွာငိုကြွေးမြည်တမ်းပြီး သွေးရူးသွေးတန်းဖြင့် အသနားခံတောင်းပန်လိုက်ကြသည်။

တာအိုနှလုံးသားတစ်ခုတည်းသာ ကြွင်းကျန်တော့သော ပိုင်ကျီးကမူ ထိတ်လန့်တကြားဖြင့် ပတ်ဝန်းကျင်တွင် ပြေးလွှားနေကာ သူ၏စိတ်သည် ပြိုလဲလုဆဲဆဲအခြေအနေသို့ ရောက်ရှိနေလေပြီ။

"အဖေ...အား...ငါ့ကို ကယ်ပါ...ငါ မသေချင်ဘူး...ငါ မသေချင်သေးဘူး...ငါက ဖုန်းယွီကျွန်းရဲ့နောင်အနာဂတ်ကျွန်းအရှင်ပဲ"

မြေပြင်ပေါ်၌ ဒူးးထောက်နေသော ရှူကျူး၏မျက်လုံးများ နီမြန်းနေကာ သူ၏ခန္ဓာကိုယ် တုန်ရီနေသည်။

သူ ဤကိစ္စကို မလိုလားချေ။

သူ ဤသို့ဖြစ်လာသည်ကို မည်သို့မျှ လက်မခံလိုပေ။

ကိစ္စများသည် မည်သည်ကြောင့် ဤမျှအဆင့်ထိ ကြီးထွားလာသည်ကို သူ နားလည်သဘောပေါက်ခြင်းမရှိချေ။

ထို့ကြောင့် သူ၏သွေးနီရောင်မျက်လုံးများဖြင့် အနက်ရောင်ဝတ်ရုံဝတ်လူကို မော့ကြည့်ပြီး နာကြည်းမုန်းတီးစွာဖြင့် အော်ဟစ်လိုက်၏။

"တကယ်လို့ မင်းက နတ်ဘုရားတစ်ပါးဖြစ်နေရင်တောင် ဘာအကြောင်းပြချက်မှမရှိဘဲနဲ့ အပြစ်မဲ့တဲ့လူတွေကို သတ်လို့ရလား"

"ငါနဲ့ဖုန်းယွီကျွန်းက အရှင်နတ်ဘုရားရဲ့စိတ်ဆန္ဒကို ချိုးဖောက်ဖို့နေနေသာသာ မင်းကို ဘယ်တုန်းကမှ ရန်မစခဲ့ဖူးဘူး...ငါ့အထင်တော့ ဒါက မင်း အပြစ်မဲ့တဲ့လူတွေကို သတ်ချင်တာကြောင့် ကြုံရာကျပန်းပေးတဲ့ ဆင်ခြေတစ်ခုပဲဖြစ်မယ်"

"ဟုတ်တယ် ဟုတ်တယ်...ဒါက အမှန်ပဲ"

တာအိုနှလုံးသားတစ်ခုတည်းသာ ကြွင်းကျန်တော့သော ပိုင်ကျီးက အလျင်အမြန်ပြောဆိုသည်။

"မင်းက အပြစ်မဲ့တဲ့လူတွေကို သတ်ချင်နေတယ်...တကယ်လို့ မင်းက အပြစ်မဲ့တဲ့လူတွေကို ခုလိုမျိုးသတ်မယ်ဆိုရင် မင်းက နတ်ဘုရားတစ်ပါးဖြစ်နေရင်တောင် ကောင်းကင်ဘုံရဲ့အပြစ်ပေးတာကို ခံရလိမ့်မယ်"

သားအဖနှစ်ယောက်က သူတို့သည် တစ်ဖက်လူနှင့် ဆန့်ကျင်တိုက်ခိုက်နိုင်ခြင်းမရှိကြောင်း သိရှိထားသည်။သူတို့သည် စိတ်ပျက်ဖွယ်ကောင်းသော အခြေအနေမှ ရုန်းထွက်နိုင်မည့်နည်းလမ်းတစ်ခုကို ရှာဖွေလိုပေ၏။ထိုကြောင့် သူတို့သည် ချဲ့ကားပြောဆိုသောနည်းလမ်းကို အသုံးပြုလိုက်ကြသည်။

အနက်ရောင်ဝတ်ရုံဝတ်လူ၏မျက်နှာပေါ်၌ သရော်တော်တော်အမူအယာတစ်ရပ် ထင်ဟပ်လာသည်။

"ဒီလိုဆိုမှတော့ မင်းတို့မသေခင် နားလည်သဘောပေါက်ခွင့် ပြုလိုက်မယ်"

ထို့နောက် သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

လူများအားလုံး၏ခေါင်းထက်၌ ပုံရိပ်တစ်ခု ထွက်ပေါ်လာပေ၏။

ထိုပုံရိပ်ကိုကြည့်ပြီး လက်ရှိနေရာတွင်ရှိနေသည့် လူများအားလုံး ထိတ်လန့်တုန်လှုပ်သွားသည်။

အထူးသဖြင့် ရှုကျူးနှင့်ပိုင်ကျီးတို့ သားအဖနှစ်ယောက်သည် အလွန်အမင်းထိတ်လန့်တုန်လှုပ်သွားပေ၏။

"ဒါက သူလား..."

"အခုကြည့်ကြည့်တော့မှ သူ ဖြစ်နေတာလား...ဘယ်လိုလုပ်ပြီးတော့ သူ ဖြစ်နိုင်မှာလဲ"

သားအဖနှစ်ယောက်သည် ဖြူရော်နေသောမျက်နှာများဖြင့် တီးတိုးရေရွတ်လိုက်ကြ၏။

အကြောင်းအရင်းမှာ ရုပ်ပုံအတွင်း၌မြင်နေရသောလူသည် ရီဖုန်းမှတပါး တခြားလူမဟုတ်သောကြောင့်ပင်။

သူတို့သည် နောက်ဆုံး၌ ဤအနက်ရောင်ဝတ်ရုံဝတ်လူများ မည်သည်ကြောင့် ရောက်ရှိလာသည်ကို နားလည်သဘောပေါက်သွားလေပြီ။ယခုကြည့်ကြည့်တော့မှ အရာအားလုံးသည် ရီဖုန်းကြောင့် ဖြစ်လာခဲ့ခြင်းပင်။

"အစပထမမှာ ငါ့ရဲ့အရှင်က ဖုန်းချမ်ယွီကို နောင်အနာဂတ်ကျွန်းအရှင်ဖြစ်ရမယ်လို့ ပြောခဲ့တယ် ....ဒါဆိုရင် မင်းတို့ကို သူက စောင့်ရှောက်ပြီးတော့ ကူညီထောက်ပံ့ပေးလိမ့်မယ်"

"ဒါပေမဲ့ မင်းတို့က ငါ့အရှင်ရဲ့စကားတွေကို လျစ်လျူရှုပြီးတော့ သူ ထွက်သွားတာနဲ့ ကတိစကားကို ပြန်ရုတ်သိမ်းခဲ့တယ်...မင်းတို့ ပြောကြစမ်း...မင်းတို့ သေသင့်တယ် မဟုတ်လား"

"အရှင့်မှာ မင်းတို့နဲ့ငြင်းခုံဖို့ အချိန်မရှိပေမယ့် သူ့ရဲ့ကျေးကျွန်တစ်ယောက်ဖြစ်တဲ့ ငါက ဒီကိစ္စကို ဖြေရှင်းရလိမ့်မယ်"

ထိုအသံနှင့်အတူ လုပမ်ဝေက ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်သည်။

ထိုခြေတစ်လှမ်းဖြင့် ကျွန်းပေါ်တွင်ပြေးလွှားနေသော ဖုန်းယွီဂိုဏ်းမှ အဆင့်မြင့်အကြီးအကဲများ၏ခန္ဓာကိုယ်များ ပေါက်ကွဲသွားကာ သွေးမြူများအဖြစ်သို့ ပြောင်းလဲသွားသည်။

သူတို့၏ရုပ်ခန္ဓာကိုယ်များ ပျက်စီးသွားသဖြင့် တာအိုနှလုံးသားများသည် စူးရှနာကျင်စွာအော်ဟစ်နေကြသည်။ထိုတာအိုနှလုံးသားတစ်ခုစီတွင် ထိတ်လန့်ကြောက်ရွံနေသော မျက်နှာတစ်ခုရှိကာ အသက်ရှင်သန်ရန်အတွက် ရုန်းကန်နေသော ကျိုင်းကောင်များအလားပင်။

သို့ရာတွင် မိုးကောင်းကင်ယံအတွင်း၌ အလွန်ကြီးမားသောမီးတောက်များ ပျံ့နှံလာကာ သူတို့အား လွှမ်းခြုံသွားပေ၏။

ဤအချိန်အခိုက်အတန့်တွင်....

သွေးရူးသွေးတန်းထွက်ပြေးနေသော တာအိုနှလုံးသားမျက်နှာများ ရှုံမဲ့သွားကာ မီးတောက်ပင်လယ်ကြီးအကြားမှ လွတ်မြောက်နိုင်ရန် ကြိုးပမ်းနေကြသည်။သို့ရာတွင် နေရာအနှံအပြား၌ မီးတောက်များ လွှမ်းခြုံနေသဖြင့် သူတို့၏တာအိုနှလုံးသားများအားလုံး လောင်ကျွမ်းခြင်းခံလိုက်ရတော့သည်။

ဤအချိန်အခိုက်အတန့်တွင် လေထုအတွင်း၌ စူးရှနာကျင်စွာ အော်ဟစ်သံများဖြင့် ပြည့်နှက်နေကာ လူအများ၏ဦးရေပြားများကို ထုံကျင်သွားစေနိုင်သည်။

အချိန်တိုအတွင်း၌ ဖုန်းယွီကျွန်းမှ အဆင့်မြင့်အကြီးအကဲများ၏ရုပ်ခန္ဓာကိုယ်များနှင့် တာအိုနှလုံးသားများအားလုံး အမြစ်ပြတ်သုတ်သင်ခြင်း ခံလိုက်ရလေပြီ။

ဖုန်းယွီဂိုဏ်းမှ အကြီးအကဲများအနက် ရှူကျူးနှင့်ပိုင်ကျီးတို့သာလျှင် ကြွင်းကျန်တော့သည်။

ဤအချိန်အခိုက်အတန့်တွင် ရှူကျူး၏အူများ အစိမ်းရောင်သို့ ပြောင်းလုမတတ် နောင်တရနေလေပြီ။

ရီဖုန်း ထွက်ခွာသွားပြီးနောက် သူတို့ပြုလုပ်သည့်ကိစ္စကို သူ သိရှိမည်မဟုတ်ဟု တွေးထင်ခဲ့ကြသည်။သို့ရာတွင် ဤကဲ့သို့ ဘေးကပ်ဆိုးကြီးတစ်ခု ဖြစ်လာမည်ဟု မည်သူက သိရှိနိုင်မည်နည်း။

ထို့ထက်ပို၍ မျှော်လင့်မထားမိသောကိစ္စမှာ ရီဖုန်းသည် အလွန်မြင့်မားသော တည်ရှိမှုကြီးတစ်ခုဖြစ်နေခြင်းပင်။

အံ့အားသင့်ဖွယ် မရှိတော့ချေ။

နှစ်ပေါင်းများစွာ​ကြာအောင် မည်သူတစ်ဦးတစ်ယောက်မျှ အမွေဆက်ခံနိုင်ခြင်းမရှိသော မရဏအမွေအနှစ်ကို ရီဖုန်းမှ လွယ်လင့်တကူရယူနိုင်ခဲ့သည်မှာ အံ့အားသင့်ဖွယ်မရှိတော့ပေ။

အကယ်၍ သူ ဤကိစ္စကို ကြိုသိခဲ့ပါက သူသည် အရာရာတိုင်းကို လက်လျှော့အရှုံးပေးကာ ဖုန်းချမ်ယွီကိုကူညီပြီး နောင်အနာဂတ်ကျွန်းအရှင်ဖြစ်အောင် ပြုလုပ်ပေးပေမည်။

သူ အမှန်တကယ်ကို ခြေတစ်လှမ်းမှားသွားခဲ့သည်။သူ ခြေလှမ်းမှားသွားခဲ့လေပြီ။

"အရှင် ငါ့ကိုခွင့်လွှတ်ပါ...ငါ့ကို ခွင့်လွှတ်ပေးပါ"

ထိုအချိန်မှာပင် ပိုင်ကျီးသည် ပျံသန်းလာကာ မျက်နှာချိုသွေးသောအမူအယာဖြင့် အသနားခံတောင်းပန်လေ၏။

"ဒါက ငါ့ရဲ့အပြစ် မဟုတ်ပါဘူး...ဒီတကြိမ်မှာ ငါက ဖုန်းချမ်ယွီကို နောင်အနာဂတ်ကျွန်းအရှင် ဖြစ်စေချင်ခဲ့တာပါ...ဒါတွေအားလုံးက အဲ့ဒီလူအိုကြီးရဲ့အပြစ်ပါ...အဲ့ဒီလူအိုကြီးက ငါ့ကို လှည့်စားခဲ့တယ်...တကယ်လို့ သူသာ ငါ့ကို မလှည့်စားခဲ့ဘူးဆိုရင် ငါက ခုလိုအပြစ်မျိုးကို ကျူးလွန်ခဲ့မိမှာမဟုတ်ဘူး"

ပိုင်ကျီး၏စကားများသည် ရှုကျူးအား သွေးတစ်လုတ်အန်ထွက်သွားစေသည်။

သူသည် မှားယွင်းသောလမ်းကြောင်းကို လျှောက်လှမ်းခဲ့သဖြင့် သေဆုံးရမည်ဟုဆိုသည့်တိုင် ဤကိစ္စများအားလုံးသည် သူ၏သားအတွက်ပင်။သူသည် အောင်မြင်ခဲ့ခြင်းမရှိသဖြင့် နောင်တရနေခဲ့သော်လည်း ကံဆိုးမှုအတွက် သူ့ကိုယ်သူသာ နာကြည်းမုန်းတီးခဲ့မိသည်။

သို့ရာတွင် ပိုင်ကျီး၏သစ္စာဖောက်သောစကားလုံးများသည် သူ၏စိတ်နှလုံးသားအတွင်းရှိ နောက်ဆုံးခုခံကာကွယ်လိုမှုကို ပျက်ပြားသွားစေသည်။

သူ၏တာအိုနှလုံးသား ပျက်စီးသွားလေပြီ။

သူသည် မြေပြင်ပေါ်၌ ဒူးထောက်နေကာ သူ၏အသိစိတ် ကင်းလွတ်သွားသည်။သူ၏စိတ်ဝိညာဉ်နှင့်ရုပ်ခန္ဓာကိုယ်ရှိနေဆဲဖြစ်သော်လည်း လမ်းလျှောက်နေသောဖုတ်ကောင်တစ်ကောင်နှင့် ပို၍တူညီသွားသည်။

"လူအိုကြီး...မင်း ပြောအုံးလေ...တကယ်လို့ မင်းကြောင့်သာမဟုတ်ရင် ငါက ဘာလို့ ဒီလိုမျိုး အဆုံးသတ်ရမှာလဲ"

တာအိုနှလုံးသားပေါ်တွင် ပိုင်ကျီး၏နာကျည်းမုန်းတီးမှုများ ပြည့်နှက်နေသော မျက်နှာကြီး ထင်ဟပ်နေသည်။ရှုကျူး၏အသိစိတ် ကင်းလွတ်နေသည်ကိုကြည့်ပြီး တာအိုနှလုံးသားမှ ရုတ်တရက် အလင်းတန်းတစ်တန်းပွင့်အံ့ထွက်လာကာ ရှူကျူးကို တိုက်ခိုက်လိုက်သည်။

ပိုင်ကျီးထံမှအလင်တန်းသည် ရှူကျူး၏မျက်ခုံးနှစ်ခုကြားကို ထွင်းဖောက်သွားကာ သူ၏အသက်စွမ်းအား အလျင်အမြန်လျော့ကျသွားပေ၏။

သူသည် နောက်ဆုံးအကြည့်ဖြင့် သူ့ရှေ့တွင် မျောလွင့်နေသော တာအိုနှလုံးသားကိုကြည့်လိုက်သည်။သူသည် သားဖြစ်သူ၏လက်ချက်ဖြင့် သေဆုံးရမည်ဟု တကြိမ်တစ်ခါမျှ တွေးတောထားမိခြင်းမရှိချေ။

သို့ရာတွင် ထိုတာအိုနှလုံးသားသည် ရှုကျူးအား တစ်ချက်ပင် လှည့်ကြည့်ခြင်းမပြုဘဲ သူ့၏အသက် ရှင်သန်နိုင်ရန်အတွက် ဆက်လက်၍အသနားခံတောင်းပန်လိုက်သည်။

"အရှင် ကြည့်ပါအုံး...ငါ သူ့ကို သတ်လိုက်ပြီ...ငါက အဲ့ဒီခွေးမသားအိုကြီးကို သတ်လိုက်ပြီ...ငါက သူနဲ့မတူဘူးဆိုတာ မင်း မြင်ပြီမဟုတ်လား...ကျေးဇူးပြုပြီးတော့ ငါ့ကို ခွင့်လွှတ်ပေးပါ"

သူ၏နောက်တွင်ရှိနေသော ရှုကျူး၏မျက်လုံးသူငယ်အိမ်များ ပြူးကျယ်နေကာ မြေပြင်ပေါ်သို့ လဲကျသွားသည်။

သို့ရာတွင် ပိုင်ကျီးကိုစိုက်ကြည့်နေသော ရူကျူး၏မျက်လုံးတစ်စုံသည် ပိတ်သွားခြင်းမရှိဘဲ ငြိမ်ငြိမ်းချမ်းချမ်း အနားမယူနိုင်သည့်အလားပင်။

အနက်ရောင်ဝတ်ရုံဝတ်လူသည် ဤကိစ္စများအားလုံးကို အေးစက်စက်ကြည့်နေလေ၏။

သူ့ထံတွင် လှောင်ပြောင်သရော်လိုမှုများဖြင့် ပြည့်နှက်နေသည်။

သူ၏အဖြူရောင်အရိုးလက်ကို ညင်သာစွာဆန့်တန်းလိုက်ခြင်းနှင့်အတူ လေထုအတွင်းရှိ ပိုင်ကျီးကို စုပ်ယူပြီး တင်းတင်းကြပ်ကြပ်ဖျစ်ညှစ်ထားခြင်း ခံလိုက်ရသည်။

"မင်းကို လွှတ်ပေးရမှာလား"

"ငါက အစကတည်းက ဒီလိုမျိုးအော်ဟစ်နေတာတွေကို မကြိုက်ဘူး"

"ဒါ့ပြင် မင်းက တခြားလူတွေကို အနိုင်ကျင့်ရတာ အရမ်းကြိုက်တယ်မဟုတ်လား"

အနက်ဝတ်ရုံဝတ်လူ၏မျက်နှာထက်တွင် နတ်ဆိုးဆန်သောအပြုံးတစ်ခု ထွက်ပေါ်လာသည်။

ထို့နောက် သူ၏လက်ကို ညင်သာစွာလှုပ်ခတ်လိုက်ခြင်းနှင့်အတူ မမြင်နိုင်သောနယ်မြေတစ်ခုက ပိုင်ကျီး၏တာအိုနှလုံးသားကို လွှမ်းခြုံသွားသည်။

ထိုနယ်မြေအတွင်းတွင် လျှပ်စီးမိုးကြိုးများ တဖျတ်ဖျတ်တောက်ပနေကာ လေထုအတွင်း၌ မီးပင်လယ်ကြီးဖြင့် ပြည့်နှက်နေပြီး ပြင်းထန်သောစွမ်းအားမျိုးစုံ မျောလွင့်နေသည်။

"အား အရှင်...မင်း ဘာလို့ ဒီလိုလုပ်တာလဲ...ငါက ငါ့ရဲ့အဖေကို သတ်လိုက်ပြီလေ...မင်း ငါ့ကို လွှတ်ပေးသင့်တယ် မဟုတ်လား"

ထိုနယ်မြေအတွင်းမှနေ၍ ပိုင်ကျီး၏စိတ်ပျက်လက်ပျက်ဖြင့် ထိတ်လန့်တကြားအော်ဟစ်လိုက်သောအသံကြီး ထွက်ပေါ်လာသည်။

နောက်ထပ်အချိန်အခိုက်အတန့်၌ သူသည် အမျိုးမျိုးသောအားလှိုင်းများ၏ လွှမ်းခြုံခြင်းကိုခံရကာ သွေးပျက်လုမတတ်အော်သံများ ထွက်ပေါ်လာတော့သည်။

"အား...."

"ကယ်ကြပါ...."

"ကယ်ကြပါအုံး..."

"ငါ မှားသွားပါတယ်...ငါ ဒီလိုမျိုး ထပ်မလုပ်ဝံ့တော့ပါဘူး...ငါ့ကို အပြင်ထုတ်ပေးပါ"

"ငါ့ကို အပြင်ထုတ်ပေးပါ...ငါ အမှားတွေ ထပ်မလုပ်ရဲတော့ပါဘူး"

"ဒါတွေအားလုံးက ငါ့ရဲ့အပြစ်ပါ...ငါ့ကိုလွှတ်ပေးဖို့ ငါ တောင်းပန်ပါတယ်"

သူသည် ကျယ်လောင်စွာအော်ဟစ်၍ အသနားခံတောင်းပန်လိုက်၏။

နောက်ထပ်အချိန်အခိုက်အတန့်တွင် သူသည် လှောင်အိမ်အတွင်း၌ လှောင်ပိတ်ခံရသော သနားဖွယ်ကောင်းသည့် သံကောင်တစ်ကောင်အလား မီးပင်လယ်နှင့်ရေခဲပင်လယ်အကြား၌ နှိပ်စက်ညှင်းပန်းခြင်း ခံနေရသည်။သို့ရာတွင် သူသည် မည်သို့ပင် ကြိုးစားပါစေ ထိုလှောင်အိမ်အတွင်းမှ ရုန်းထွက်နိုင်ခြင်းမရှိချေ။

ဖုန်းယွီကျွန်းတစ်ကျွန်းလုံး ပျက်စီးသွားခဲ့ကာ ပိုင်ကျီးသည်လည်း အလွန်အမင်းပြင်းထန်သော နှိပ်စက်ညှင်းပန်းခံရမှုကြောင့် နာကျင်နေပေ၏။ဖုန်းယွီကျွန်းသည် ပင်လယ်ပြင်ကြီးအတွင်း၌ ထာဝရအိပ်စက်သွားလေပြီ။

မိုးကောင်းကင်ယံအတွင်း၌ နောက်သို့လှည့်၍ထွက်ခွာသွားသော အနက်ရောင်ဝတ်ရုံဝတ်ပုံရိပ်များ၏နောက်ကျောပြင်များသာ ကြွင်းကျန်ခဲ့သည်။

Chapter 927

ဖုန်းယွီကျွန်းသည် လုံးလုံးလျားလျားပျောက်ကွယ်သွားလေပြီ။

သို့ရာတွင် ကျွန်းအသစ်တစ်ကျွန်း တဖန်ပြန်၍ထွက်ပေါ်လာကာ သက်ဝင်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။

ကျွန်းပေါ်၌ တုန်လှုပ်ချောက်ချားနေသော လူအမြောက်အများ ရှိနေပေ၏။ဤအချိန်အခိုက်အတန့်၌ သူတို့သည် တစ်ယောက်နှင့်တစ်ယောက် မေးမြန်းနေကြသည်။လျှို့ဝှက်ဆန်းကျယ်သော အားလှိုင်းတစ်ရပ်မှ သူတို့အား ဤနေရာသို့ ရောက်ရှိစေခဲ့ပြီးနောက် သူတို့သည် ပတ်ဝန်းကျင်အသစ်ကိုကြည့်ပြီး မည်ကဲ့သို့ ပြုလုပ်ရမည်ကို မသိတော့ချေ။

ကျောက်တုံးကြီးတစ်တုံးထက်တွင် ဖုန်းချမ်ယွီသည် ရုပ်တရက် နိုးထလာပေ၏။

သူမသည် သူမ၏ခန္ဓာကိုယ်ကို အလျင်အမြန်စစ်ဆေးလိုက်သည်။

သူမ၏ဒန်တျန်ရှိနေရုံသာမက သူမ၏ကျင့်ကြံဆင့်အခြေခံလည်းရှိနေကာ သူမ၏ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာအနည်းငယ်မျှ ရှိမနေ​ချေ။

မတော်တဆကိစ္စမဖြစ်မီ သူမ ဝတ်ဆင်ထားသောအဝတ်အစားများသည် ပြင်းထန်သောညှင်းပန်းနှိပ်စက်ခံရမှုကြောင့် စုတ်ပြဲသွားခဲ့သည်မှာ ထင်ရှားသော်လည်း ဤအချိန်အခိုက်အတန့်၌ အကောင်းပကတိ ပြန်ဖြစ်နေလေပြီ။

ဤသည်မှာ အချိန်ကိုနောက်ပြန်ဆုတ်ပြီး သူမအား မတော်တဆကိစ္စမတိုင်မီ အခြေအနေသို့ပြန်လည်ပြောင်းရွှေ့ပြီး အကောင်းပကတိဖြစ်စေသည့်အလားပင်။

ကူရာလိုဏ်ဂူအတွင်း၌ သူမ ခံစားခဲ့ရသည့်အရာရာတိုင်းသည် အိပ်မက်တစ်ခု သို့မဟုတ် တစ်ကြိမ်တစ်ခါမျှ မတည်ရှိခဲ့သည့်အလားပင်။

"လင်းပေ...."

သူမသည် တစ်စုံတစ်ခုကို အမှတ်ရသွားသဖြင့် ရုတ်တရက် မတ်တတ်ထရပ်ပြီး ပင်လယ်ကမ်းစပ်ထံသို့ တဟုန်ထိုးအပြေးသွားလိုက်သည်။

သို့ရာတွင် သူမခြေလှမ်းနှစ်လှမ်းသာ လှမ်းရသေးသောအချိန်မှာပင် သူမ၏နံဘေးရှိ ကျောက်တုံးပေါ်၌ ဖုန်းလင်းပေ လဲလျောင်းနေကာ ညင်သာစွာဟောက်နေသည်ကို ရှာဖွေတွေ့ရှိမိသည်။

ထိုမြင်ကွင်းကိုကြည့်ပြီး ဖုန်းချမ်ယွီသည် သူမ၏နီမြန်းသောနှုတ်ခမ်းများကို ဖုံးအုပ်ကာ စိတ်လှုပ်ရှားမှုကြောင့် မျက်ရည်များ စီးကျလာသည်။

သူမသည် မိုးကောင်းကင်ယံအတွင်း၌ လုံးလုံးလျားလျား ပျောက်ကွယ်သွားခြင်းမရှိသေးသော အနက်ရောင်ဝတ်ရုံဝတ်ပုံရိပ်များကိုကြည့်ပြီး ချက်ချင်းဆိုသလိုပင် ဒူးထောက်လိုက်၏။

အသံသတင်းစကားတစ်ခုက သူမ၏နားအတွင်းသို့ ဝင်ရောက်လာသည်။

"မင်းက အလုပ်ကောင်းကောင်းလုပ်ပြီးတော့ပြင်းပြင်းထန်ထန်ကြိုးစားပါ...မင်းက ရွေးချယ်ခံတစ်ယောက် ဖြစ်နေမှတော့ သူ့ကို စိတ်မပျက်စေနဲ့"

ထိုစကား၏ပထမတစ်ဝက်အရောက်တွင် ဖုန်းချမ်ယွီသည် မည်သည့်အရာအား ဆိုလိုသည်ကို ချက်ချင်းနားလည်သဘောပေါက်သွားသည်။

သူမသည် ဤကျွန်း၏ကျွန်းအရှင်အသစ်ဖြစ်သွားလေပြီ။

သို့ရာတွင် ထိုစကား၏ဒုတိယတစ်ဝက်သည် သူမအား ဇဝေဇဝါဖြစ်သွားစေခဲ့သည်။

သူမသည် မေးမြန်းလိုသော်လည်း မိုးကောင်းကင်ယံအတွင်းရှိ အနက်ရောင်ဝတ်ရုံဝတ်ပုံရိပ်များသည် အရိပ်အရောင်ပင်မကျန်ရှိဘဲ ပျောက်ကွယ်သွားသည်ကို ရှာဖွေတွေ့ရှိမိလေ၏။

အဝေးတစ်နေရာရှိ ပင်လယ်ပြင်၌...

ရီဖုန်းသည် ကျွန်းငယ်လေးတစ်ကျွန်း၏ကမ်းစပ်၌ လဲလျောင်းနေပြီး သူ့ကိုကြည့်ရသည်မှာ ကူကယ်ရာမဲ့ဖြစ်နေပုံပင်။

ဖုန်းယွီကျွန်းမှထွက်လာပြီးနောက် သူသည် နောက်ဆုံး၌ ပင်လယ်ပြင်အတွင်းတွင် ဒဏ္ဍာရီလာပင်လယ်နတ်ဆိုးသားရဲတစ်ကောင်နှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။

သူ အလွန်ပျော်ရွှင်သွားပေ၏။

သို့သော် ထိုပင်လယ်နတ်ဆိုးသားရဲသည် သူ့အား ကိုက်လိုက်ချိန်၌ သူ၏ခန္ဓာကိုယ်ပေါ်တွင် တောက်ပသော အလင်းတန်းတစ်တန်းထွက်ပေါ်လာပြီး ရွှေရောင်အကာအကွယ်အလင်းလွှာတစ်လွှာအဖြစ် ဖွဲ့စည်းကာ သူ့အား ကာကွယ်ပေးထားသည်။

ပင်လယ်နတ်ဆိုးသားရဲသည် ပြင်းပြင်းထန်ထန်ကိုက်ဖြတ်သော်လည်း သူသည် အကာအကွယ်အလွှာ၏အတွင်း၌ ဘေးကင်းလုံခြုံနေပေ၏။

ထိုအချိန်ကျမှသာ သူသည် ဤရဲစွမ်းသတ္တိသံချပ်ကာ၏ ရွံရှာစပ်ဆုပ်ဖွယ်ကောင်းသော အခန်းကဏ္ဍကို နားလည်သဘောပေါက်သွားပေ၏။

"ဒါက ပိုင်ရှင်ကို အလိုအလျောက် ကာကွယ်တာပါလား...ဒီလောက်ထိ ကာကွယ်ပေးနေမှတော့ ငါက ဘယ်လို သေလမ်းရှာရမှာလဲ"

"လူအိုကြီး...မင်း ငါ့ကို တော်တော်လေး ဒုက္ခပေးခဲ့တာပါလား"

ရီဖုန်းက ကျယ်လောင်စွာ ငိုကြွေးမြည်တမ်းလိုက်သည်။

အချိန်အတော်ကြာပြီးနောက် သူသည် အသက်ပြင်းပြင်းတချက်ရှိုက်ကာ အနည်းငယ်စိတ်တည်ငြိမ်သွားသည်။

"ဟူး ဘယ်တတ်နိုင်ပါ့မလဲ"

သူသည် ထပ်မံ၍သက်ပြင်းတစ်ချက်လိုက်ပြီး သိုလှောင်လက်စွပ်ကိုဖွင့်ကာ အတွင်းရှိ အရိုးစုတစ်ခုကို ထုတ်ယူလိုက်သည်။

"မင်းက ငါ့ကို ကပ်စေးနှဲတဲ့လူလို့ ထင်နေပေမယ့်...ငါ ရီဖုန်းက တကယ်တော့ ကျိုးကြောင်းဆီလျော်တဲ့ လူတစ်ယောက်ပဲ"

"သိုလှောင်လက်စွပ်ထဲမှာ ဘာအလင်းရောင်မှမရှိတာကြောင့် ငါ မင်းကို ဒီနေရာဆီ ခေါ်လာခဲ့တယ်"

"ဒီကျွန်းလေး ဘယ်လောက်ထိလှလဲဆိုတာ မင်းကြည့်လိုက်အုံး...ဒါက နည်းနည်းတော့သေးငယ်ပေမယ့် ရှုခင်းတွေအရမ်းလှတယ်"

သူသည် ဂေါ်ပြားတလက်ကို ထုတ်ယူပြီး ကျင်းတစ်ကျင်းတူးကာ အရိုးစုကို မြေကြီးအတွင်းသို့မြှုပ်ပြီး သူ၏ခြေထောက်ဖြင့် မြေသားများကို ဖိသိပ်လိုက်၏။

ထို့နောက် သူသည် သဲသောင်ပြင်ပေါ်၌ ထပ်မံ၍လဲလျောင်းလိုက်သည်။

ဤတစ်ကြိမ်၌ သူ သေဆုံးခဲ့ခြင်းမရှိသဖြင့် သူ့အား အနည်းငယ်စိတ်ရှုပ်ထွေးစေကာ သေလမ်းအား မည်ကဲ့သို့ ဆက်၍ရှာဖွေရမည်ကို သူ မသိတော့ချေ။

ထိုအချိန်မှာပင် သဲများပေါ်ရှိ သူ၏လက်သည် တစ်စုံတစ်ခုကို ထိတွေ့မိသဖြင့် သူ ကောက်ကြည့်လိုက်ရာ အင်မော်တယ်သလင်းကျောက်တစ်လုံး ဖြစ်နေသည်။

"ယေး...ငါက အင်မော်တယ်သလင်းကျောက်တစ်လုံးကို ရှာတွေ့နိုင်မယ်လို့ ငါ မျှော်လင့်မထားမိဘူး"

အချိန်အတော်ကြာကြည့်ပြီးနောက် ဤနေရာတွင် အင်မော်တယ်သလင်းကျောက်တစ်လုံးသာရှိသည်ကို သိရသည့်တိုင် အနည်းဆုံးအနေဖြင့် ဤကိစ္စသည် ရီဖုန်း၏စိတ်ပျက်လက်ပျက်ဖြစ်နေမှုကို များစွာပို၍ကောင်းမွန်သွားစေသည်။

သူသည် ထိုအင်မော်တယ်သလင်းကျောက်ကို ပျော်ရွှင်စွာသိမ်းဆည်းပြီးနောက် ရုတ်တရက် တစ်စုံတစ်ခုကို အမှတ်ရသွားသဖြင့် သူ၏မျက်နှာပေါ်တွင် တည်ကြည်လေးနက်သောအရိပ်အယောင်တစ်ရပ် ထင်ဟပ်လာသည်။

သူသည် စနစ်၏မျက်နှာပြင်ကို ဖွင့်လိုက်၏။

"ခွေးကောင်...မင်း အသက်ရှင်ဖို့အတွက် အသက်တစ်နှစ်ပဲ ကျန်တော့တာပါလား"

ရီဖုန်းသည် ခေါင်းအနည်းငယ်မော့လိုက်ကာ သူ၏မျက်နှာပေါ်တွင် ကြေကွဲဝမ်းနည်းသောအမူအယာတစ်ရပ် ရှိနေသည်။

အတိတ်တွင်...

ပင်ကျင်းမြို့...

ဤသည်မှာ အေးစက်သောဆောင်းရာသီပင်။

နှင်းများပြင်းပြင်းထန်ထန်ကျနေကာ လောကကြီးတစ်ခုလုံးသည် အဖြူရောင်လောကကြီးဖြစ်နေပေ၏။

နှင်းပွင့်များ မျောလွင့်နေခြင်းမရှိသော နေရာများ၌ပင် လေအေးများတိုက်ခတ်လာချိန်တွင် ထူထပ်သိပ်သည်းသော နှင်းလွှာများ ဖြစ်ပေါ်လာပေမည်။

သေးငယ်သော သိုင်းပညာခန်းမအတွင်း၌ ပိန်ပါးပါးကောင်လေးတစ်ယောက်သည် အခန်း၏နံရံကိုမှီ၍ လဲလျောင်းနေကာ တုန်တုန်ရီရီဖြစ်နေသည်။အေးစက်နေသော လောကကြီးကိုကြည့်ပြီး ကောင်လေးသည် အခန်းအတွင်းမှ မကျက်တတ်ကျက်ပြုတ်ထားသော အာလူးတစ်လုံးကိုယူပြီး ဝါးစားလိုက်၏။

သူ၏မိဘများ ထားသွားခဲ့စဉ်အချိန်မှစ၍ ဤကဲ့သို့ဖြစ်ရပ်မျိုးသည် နေ့စဉ်နေ့တိုင်း ဖြစ်ပွားနေပေ၏။

ခြေလက်များအကောင်းပကတိရှိသော ဆယ်ကျော်သက်တစ်ယောက်အတွက် ဤကဲ့သို့ကိစ္စမျိုးသည် မဖြစ်သင့်ချေ။

သို့ရာတွင် ဤသည်မှာ အင်မော်တယ်ကျင့်ကြံခြင်းကမ္ဘာဖြစ်သဖြင့် ကျော်ထောက်နောက်ခံမရှိ ကျင့်ကြံခြင်းမရှိ ခွန်အားမရှိသော လူငယ်တစ်ယောက်အတွက် အလွန်ခက်ခဲသည်။အမှန်အားဖြင့် ယခုအချိန်၌ နေစရာနေရာတနေရာရှိနေသဖြင့်သာ ယခုအချိန်ထိ သူ အသက်ရှင်သန်နိုင်ခြင်းဖြစ်သည်။

အချိန်ခရီးသွားတစ်ယောက်ဖြစ်သော သူသည် ယခုလတ်တလောတွင် ဘဝ၏အတက်အကျများကို အမှန်တကယ် ကြုံတွေ့ခဲ့ရသည်။

နောက်ဆုံး၌ သူသည် ဒဏ္ဍာရီလာရွှေလက်ချောင်းစနစ်ကို ရရှိခဲ့ကာ သူ၏ကံကြမ္မာကိုပြောင်းလဲပြီး ဘဝ၏အထွတ်အထိပ်အခြေအနေသို့ ရောက်ရှိတော့မည်ဟု တွေးထင်ခဲ့သည်။သို့ရာတွင် ထိုရွှေလက်ချောင်းသည် သူ့အတွက် အသုံးမဝင်သည်ကို သူ ရှာဖွေတွေ့ရှိခဲ့လေ၏။

စနစ်သည် သူ့အား ဤလောကကြီးအတွင်း၌ နံပါတ်တစ်ထိပ်သီးဆရာကြီးကို ပေးမည်ဟုပြောဆိုခဲ့လေ၏။သူသည် ထိုအရာကို ပထမဆုံးအကြိမ်မြင်တွေ့စဉ်၌ သေလုမတတ်ထိတ်လန့်ကြောက်ရွံ့သွားခဲ့သည်။

ထိုအရာ၏ပုံပန်းသွင်ပြင်ကြောင့် အလွန်အစွမ်းထွက်မည်ဟု သူ တွေးထင်ခဲ့သော်လည်း သူပင်လျင် ထိုအရာကို မထနိုင်အောင် ရိုက်နှက်နိုင်ပေ၏။

ထိုအချိန်မှစ၍ ကောင်လေးသည် ထိုအရိုးစုကို တစ်ချက်လှည့်ကြည့်ခြင်းပင် မပြုတော့ချေ။

ဆောင်းရာသီရောက်လာချိန်၌...

နေ့စဉ်နေ့တိုင်းအေးစက်နေကာ ကောင်လေးသည် ယခင်အတိုင်း ဆင်းရဲနေဆဲပင်။

သိုင်းပညာခန်းမငယ်လေးအတွင်း၌ စားပွဲများ ကုလားထိုင်များနှင့် ခုံတန်းရှည်များအပြင် မည်သည့်အပိုပစ္စည်းမျှ မရှိချေ။

ဤကဲ့သို့ ဆိုးရွားသောရာသီဥတုအောက်တွင် သူ၏နောက်ဆုံးအစာတစ်နပ်ကို စားခဲ့သည်မှာ အချိန်ကြာမြင့်သွားသောအချက်နှင့် ပေါင်းစပ်လိုက်ချိန်၌ ဆယ်ကျော်သက်ကောင်လေးသည် နောက်ဆုံး၌ ဖျားနာမှုကို ခံစားရလေ၏။

သူသည် ကုတင်ပေါ်၌ လဲလျောင်းနေကာ သူ၏မျက်ခွံများ လေးလံလာသဖြင့် တဖြည်းဖြည်းမျက်လုံးပိတ်လိုက်၏။

သူသည် မိုးကောင်းကင်ယံအတွင်းရှိ ကြယ်များ တစတစ သူနှင့်နီးကပ်လာသည်ကို မြင်တွေ့မိသည်။

မူလက အလွန်အမင်းအေးစက်နေသော သူသည် ဤအချိန်အခိုက်အတန့်၌ အေးစက်မှုကိုထပ်မံ၍မခံစားရတော့ချေ။ဆန့်ကျင်ဘက်အနေဖြင့် သူသည် အဖျားဒဏ်ကြောင့် ပူနွေးမှုကိုပင် ထင်ယောင်ထင်မှားခံစားနေရသည်။

သို့ရာတွင် ကောင်လေးသည် သူ ထပ်မံ၍ တောင့်မခံနိုင်သောကြောင်း နားလည်သဘောပေါက်သည်။

သူ၏အသိစိတ် တဖြည်းဖြည်းကင်းကွာနေကာ ပို၍ပို၍ဝေဝါးစပြုလာသည်။

သူသည် အကန့်အသတ်မရှိသော အမှောင်ထုကြီးအတွင်းသို့ ကျရောက်နေကာ သူ၏လမ်းကြောင်း သို့မဟုတ် ဦးတည်ချက်ကို ရှာမတွေ့နိုင်ဟု ခံစားမိလေ၏။

ဤကဲ့သို့အခြေအနေမျိုးဖြင့် သူ မည်မျှထိကြာကြာတောင့်ခံနိုင်မည်ကို သူ မသိရှိချေ။

ရုတ်တရက်....

ရင်းနှီးကျွမ်းဝင်သော အသံတစ်သံထွက်ပေါ်လာသည်။

သူသည် ဤအသံကို ရှင်းရှင်းလင်းလင်းမကြားရမမြင်ရကာ အလွန်ဝေဝါးနေသော်လည်း အကန့်အသတ်မဲ့သော အမှောင်ထုကြီးအတွင်း၌ အလင်းတန်းတစ်တန်း ရုတ်တရက် ထွက်ပေါ်လာသည့်အလားပင်။

ဤအရာသည် သူ့အား ဦးတည်ချက်တစ်ခုကို လမ်းညွှန်ပေးနေလေ၏။

သူသည် ထိုအရာကို နားထောင်ရန်အတွက် ခက်ခက်ခဲခဲကြိုးစားလိုက်ရသည်။

နောက်ဆုံး၌ ထိုအသံသည် သူ၏နားအတွင်း၌ ကျယ်လောင်လာပြီး အသံ၏အကြောင်းအရာကို ကြည်လင်ပြတ်သားစွာ ကြားလိုက်ရလေ၏။

"အာ့ဘား အာ့ဘား..."

မိန်းမောနေသော ကောင်လေးသည် နောက်ဆုံး၌ သူ၏မျက်လုံးများကို​ ဖြည်းညှင်းစွာဖွင့်လိုက်၏။

ထို့နောက် အဖြူရောင်အရိုးလက်တစ်ချောင်းသည် အာလူးပြုတ်တစ်လုံးကိုကိုင်ကာ သူ့ထံသို့ပေးနေသည်ကို သူ မြင်တွေ့မိသည်။

Chapter 928

"မင်း....မင်း ဘာလုပ်မလို့လဲ"

ကောင်လေးသည် သူ တစ်ကြိမ်တစ်ခါမျှ မျက်နှာသာမပေးခဲ့ဘူးသော သူရှေ့ရှိအရိုးစုကို အံ့အားတသင့်ကြည့်လိုက်၏။

"အာ့ဘား အာ့ဘား"

အရိုးစု၏အပေါ်အောက်မေးရိုးများ လှုပ်ရှားသွားကာ သူ၏လက်အတွင်းရှိအာလူးကို လက်ကမ်းပေးလေသည်။

လူငယ်လေးသည် အာလူးကိုတစ်ချက်ကြည့်ပြီးနောက် သူ့၏လက်နှစ်ဖက်ဖြင့် အလျင်အမြန်ယူပြီး လောဘတကြီးစားလိုက်သည်။ သူ၏ခန္ဓာကိုယ်အတွင်းရှိ စိတ်ဝိညာဥ်သည် အသက်သုံးဆယ်ကျော်ဖြစ်သည့်တိုင် သူ၏မျက်လုံးအတွင်း၌ တဖြည်းဖြည်း မျက်ရည်များဖြင့် ပြည့်နှက်လာပေ၏။

ဤအာလူးတစ်လုံးသည် သူ၏အခက်ခဲဆုံးအချိန်အခိုက်အတန့်၌ သူအား အသက်ဆက်ရှင်သန်ခွင့်ပြုခဲ့သော အဓိကသော့ချက်ပင်။

နွေဦးသို့ရောက်ရှိလာပြီးနောက် သူ၏နာမကျန်းဖြစ်မှု တဖြည်းဖြည်း ပြန်လည်၍ကောင်းမွန်သွားသည်။

စနစ်သည် သူအား ကျင့်ကြံသူတစ်ယောက်ဖြစ်စေမည့်အရာများကို သင်ယူခွင့်မပြုထားသော်လည်း ပန်းပုထုခြင်းစသည့် အတတ်ပညာငယ်လေးများကို သူ အသက်မွေးဝမ်းကြောင်းပြုနိုင်ရန်အတွက် သင်ကြားပေးသည်။

ဤသည်မှာ အေးစက်သော ဆောင်းရာသီအတွင်း၌ သူသည် အသားငါးများကိုစားရန် မဖြစ်နိုင်သော်လည်း အနည်းဆုံးအနေဖြင့် ကန်စွန်းဥများကို လုံလုံလောက်လောက် စားသုံးနိုင်ပေ၏။

နွေဦးကုန်ဆုံးသွားကာ ဆောင်းရာသီ တဖန်ပြန်၍ရောက်ရှိပြီး တစ်နှစ်ပြီးတစ်နှစ် ကုန်ဆုံးလာကာ...

အရှင်သခင်တစ်ယောက်နှင့်ကျွန်တစ်ယောက်သည် ဤနည်းလမ်းဖြင့် အတူတကွနေထိုင်ခဲ့ကြသည်။

မူလက ဆယ်ကျော်သက်ကောင်လေးသည် ယခုအချိန်၌ လူငယ်တစ်ယောက် ဖြစ်လာလေပြီ။မြို့အတွင်းရှိ မိသားစုအမြောက်အများ ပြောင်းရွှေ့သွားကာ ယခင်နှင့်မတူညီသော မိသားစုအသစ်များ ရောက်ရှိလာသည်။သူတို့သည် သိုင်းပညာခန်းမအတွင်းသို့ ရံဖန်ရံခါလာရောက်လည်ပတ်ကာ ခြံထွက်ဟင်းသီးဟင်းရွက်တချို့ကို ယူဆောင်လာကြသည်။

တစ်နေ့တွင်...

မြို့၏အရှေ့ခြမ်းတွင်နေထိုင်သော အဒေါ်ကြီးလီသည် တုတ်တစ်ချောင်းကိုကိုင်၍ တံခါးဝသို့ရောက်လာကာ ကျယ်လောင်စွာအော်ဟစ်လိုက်၏။

"အထဲမှာရှိတဲ့ကောင်...ဒီနေရာကို ထွက်လာခဲ့စမ်း"

"တကယ်လို့ နင်တို့ ထွက်မလာရင် ..ငါက နင်တို့ရဲ့ အစုတ်အပြတ်သိုင်းပညာခန်းမကို ဖျက်ဆီးပစ်မယ်"

တံခါး၏ရှေ့ရှိအော်ငေါက်သံကြောင့် လူငယ်လေး၏မျက်နှာပေါ်တွင် ဒေါသများဖြင့် ပြည့်နှက်သွားသည်။

"အဒေါ်ကြီး...ခင်ဗျားက ဘယ်သူလဲ"

လူငယ်လေးက ခါးထောက်ပြီး သိုင်းပညာခန်းမ၏ပြင်ပသို့ ထွက်လိုက်သည်။

"နင့်မိသားစုထဲက ခွေးမသားလေးက ငါ့ရဲ့သားကို ရိုက်လိုက်တယ်ဆိုတာ နင် သိလား"

အဒေါ်ကြီးလီသည် ရီဖုန်း၏နောက်တွင်ရှိနေသော အနက်ရောင်ဝတ်ရုံဝတ်အရိုးစုကိုလက်ညှိုးညွှန်ပြပြီး အော်ဟစ်လေသည်။ထို့နောက် သူမ၏လက်အတွင်ရှိတုတ်ချောင်းကို ဝှေ့ယမ်းလိုက်၏။

"ငါ နင့်ကို ရိုက်သတ်မယ်...ခွေးမသာလေးနင်က ငါ့သားကို ရိုက်ခဲ့တယ်...ငါ နင့်ကို သေအောင်ရိုက်မယ်"

"နံ့စော်ပြီးညစ်ပတ်နေတဲ့ မိန်းမအိုကြီး....ကျုပ်ရဲ့လူကို ခင်ဗျားးရိုက်ဖို့မလိုဘူး"

ရီဖုန်းက ထိုတုတ်ချောင်းကိုဆုပ်ကိုင်ပြီး အဒေါ်ကြီးလီကို လက်ညှိုးငေါက်ငေါက်ထိုးကာ အော်ဟစ်လိုက်သည်။

"ခင်ဗျားက ခွေးမသားလေးတစ်ကောင်ကို မွေးထားပြီးတော့ အသက်ကလည်း အိုနေပြီ..ခင်ဗျား ပညာမသင်ခဲ့ဘူးလား...ကျုပ်အထင်တော့ ခင်ဗျားတို့တစ်မိသားစုလုံးက ခွေးမျိုးတွေပဲ"

"နင်...နင်...နင်..."

အဒေါ်ကြီးလီသည် သူ့ရှေ့ရှိလူငယ်ကို မယုံကြည်နိုင်စွာဖြင့်ကြည့်ကာ ဒေါသတကြီးအော်ဟစ်လိုက်သည်။

"နင်က တော်တော်ရိုင်းတာပဲ...နင်က ငါတို့လီမိသားစုကို အနိုင်ကျင့်ချင်တာလား...နင့်ရဲ့အိမ်ကခွေးမသားလေးက ငါ့ရဲ့သားကို ရိုက်ခဲ့တယ်...နင်က ငါ့ကို အကြောင်းပြချက်တစ်ခုတောင် မပေးဘူး"

"ခင်ဗျားရဲ့သားကိုရိုက်ခဲ့တာ ဘာမှားနေလို့လဲ"

လူငယ်က ခါးထောက်ပြီး အော်ဟစ်လိုက်၏။

"ကျုပ် ခင်ဗျားကို သတိပေးလိုက်မယ်...တကယ်လို့ ကျုပ်ရဲ့လူကို ခွေးမသားလေးလို့ ထပ်ခေါ်မယ်ဆိုရင် ကျုပ်က တစ်ရက်ရက်ကျရင် ခင်ဗျားရဲ့အိမ်ကိုလာပြီးခင်ဗျားသားရဲ့ခြေထောက်ကို ရိုက်ချိုးပစ်မယ်"

"နင်...နင်...နင်..."

အဒေါ်ကြီးလီသည် ဒေါသတကြီးဖြင့် လူငယ်ကို လက်ညှိုးငေါက်ငေါက်ထိုးလိုက်သည်။

"ဘာ နင် နင် နင် ပြောနေတာလဲ...ဒီနေရာကနေ ချက်ချင်းထွက်သွားစမ်း"

ရီဖုန်းသည် သူ၏လက်အတွင်းရှိ တုတ်ကိုဆန့်တန်းကာ ဒေါသတကြီးဖြင့် အဒေါ်ကြီးလီကို အဝေးသို့မောင်းထုတ်လိုက်၏။

"အာ့ဘား အာ့ဘား"

သူ၏နောက်ရှိ အနက်ရောင်ဝတ်ရုံထံမှ စိတ်လှုပ်ရှားစွာအော်ဟစ်လိုက်သောအသံ ထွက်ပေါ်လာသည်။

"ခွေး...ခွေးကောင်...ငါ မင်းကို သေအောင်ရိုက်မယ်"

ဒေါသထွက်နေသောလူငယ်သည် ထိုအနက်ရောင်ဝတ်ရုံဝတ်အရိုးစုကို ချီမကာ အခန်းငယ်တစ်ခုအတွင်းသို့ထည့်ပြီး လှောင်ပိတ်လိုက်သည်။

နောက်ထပ် ငြိမ်းချမ်းသာယာသောနေ့တစ်နေ့ကို ဖြတ်ကျော်ပြီးနောက်...

သိုင်းပညာခန်းမအတွင်း၌....

လူငယ်လေးသည် ဝါးတုတ်တစ်ချောင်းဖြင့် အနက်ရောင်ဝတ်ရုံဝတ်အရိုးစုကို ပြင်းပြင်းထန်ထန် ရိုက်နှက်ကာ ကျယ်လောင်စွာအော်ဟစ်ဆဲဆိုနေလေ၏။

"ခွေးကောင်...မင်းက တကယ့်ကို ခွေးကောင်ပဲ....ငါ မင်းကို သေအောင်ရိုက်မယ်...မင်းကို ဆိုးဆိုးရွားရွားကစားဖို့ ငါ ခွင့်ပြုထားလို့လား"

လူငယ်လေးသည် ပင်ပန်းနွမ်းနယ်နေသဖြင့် အသက်ပြင်းပြင်းရှိုက်ပြီးနောက် ဝါးတုတ်ကိုအဝေးသို့လွှင့်ပစ်ကာ လုပမ်ဝေးကိုချီမပြီး အခန်းငယ်လေးအတွင်း၌ လှောင်ပိတ်လိုက်သည်။

"အဲ့ဒီအထဲမှာ လိမ်လိမ်မာမာနေစမ်း...ဘာအသံမှ မထွက်နဲ့...အပြင်ကို ထွက်မလာခဲ့နဲ့"

ထိုကိစ္စများအားလုံးကိုပြုလုပ်ပြီးနောက် လူငယ်လေးသည် သူ၏အဝတ်စားများကို သပ်ရပ်အောင်ပြုပြင်ကာ သိုင်းပညာခန်းမ၏တံခါးဝထံသို့ လျှောက်လှမ်းသွားလိုက်၏။

ဤအချိန်အခိုက်အတန့်၌ သိုင်းပညာခန်းမ၏တံခါးဝတွင် မိသားစုဆယ်စုကျော်ရှိနေကာ ကျယ်လောင်စွာအော်ဟစ်နေကြသည်။

"လူကို မြန်မြန်ထုတ်ပေးစမ်း...အဲ့ဒီကောင်ကို မြန်မြန်ထုတ်ပေးစမ်း..."

"အဲ့ဒီကောင်က ငါ့ရဲ့ခွေးကိုသတ်ပြီး ငါ့ရဲ့အိမ်ကို ဖျက်ဆီးသွားတယ်...တကယ်လို့ အဲ့ဒီကောင်ကို ဒီနေ့ ငါ မသတ်ရရင် ငါက ချန်းမျိုးရိုးမဟုတ်တော့ဘူး"

"ဒါက အမှန်ပဲ...အဲ့ဒီကောင်က ပင်ကျင်းမြို့ထဲမှာ အဆိုးဆုံးကောင်ပဲ...သူ့ကိုဖမ်းပြီးတော့ မြို့ပြင်မှာရှိတဲ့ သဲကန္တရာထဲကို မောင်းထုတ်လိုက်ဖို့ ငါ အကြံပြုချင်တယ်"

"တံခါးဖွင့်ပေးစမ်း...အခုချက်ချင်း တံခါးဖွင့်ပေးစမ်း"

တံခါး၏ပြင်ပရှိ ဆူပူသောင်းကျန်းနေသူများနှင့် ရင်ဆိုင်ရချိန်၌ လူငယ်လေးသည် တံခါးကိုဖွင့်ပြီး လူတစ်ယောက်ပြီးတစ်ယောက်ကို နှိမ့်ချရိုးကြိုးစွာပြုံးပြကာ တောင်းပန်လိုက်သည်။သူတို့သည် သူ့အား ဆူပူကြိမ်းမောင်းကြသည့်အပြင် သူ၏မျက်နှာကို သူတို့သည် လက်ညှိုးငေါက်ငေါက်ထိုးခဲ့သော်လည်း သူ့၏ခေါင်းကိုအောက်သို့ငုံထားကာ တောင်းပန်ပြုံးပြုံးနေဆဲပင်။

ထိုနောက် သူတို့၏ဆုံးရှုံးမှုများအရ တန်ကြေးများအလိုက် လျော်ကြေးများပေးအပ်လိုက်သည်။

လူများအားလုံး စိတ်ကျေနပ်အောင်ပြုလုပ်ပြီးနောက် လူငယ်လေးသည် သူ၏အိတ်ကပ်အတွင်း၌ ရွှေပြားတစ်ပြားသာ ကျန်တော့သော်လည်း စိတ်သက်သာရာရသွားကာ ပြုံးလိုက်၏။

အချိန်များ တရွေ့ရွေ့ကုန်ဆုံးလာကာ....

ပင်ကျင်းမြို့အတွင်းရှိမိသားစုများ တစ်သုတ်ပြီးတစ်သုတ် ပြောင်းလဲသွားခဲ့သည်။

ကြည့်ရသည်မှာ သူတို့၏ဘဝနေထိုင်မှုသည် တဖြည်းဖြည်းပို၍ကောင်းမွန်လာပုံရပြီး မိသားစုများသည် ယခင်နှင့်မတူညီတော့ဘဲ ယခင်ကဲ့သို့ ရန်ဖြစ်နေမှုများလည်း မရှိတော့ချေ။

မြို့တစ်မြို့လုံးသည် တဖြည်းဖြည်း ပျော်ရွှင်ဖွယ်ကောင်းလာကာ သဟဇာတဖြစ်လာပေ၏။

လူငယ်လေး၏ဘဝနေထိုင်မှုပုံစံသည်လည်း များစွာတိုးတက်လာခဲ့သည်။သူသည် လစဉ်လတိုင်း ငွေကြေးအမြောက်အများကို ဆုံးရှုံးရသည့်တိုင် ဆောင်းရာသီ၌ အာလူးများ ကန်စွန်းဥများအပြင် နောက်ဆုံး၌ ကြက်ဥများကို စားနိုင်ခဲ့လေပြီ။

နောက်ပိုင်း၌ လူငယ်သည် တပည့်များကိုလက်ခံကာ...

စာအုပ်တစ်အုပ်ကို စတင်၍ ရေးသားခဲ့သည်။

သိုင်းပညာခန်းမသည်လည်း အရှင်သခင်တစ်ယောက်နှင့်ကျွန်တစ်ယောက်သာရှိသောအခြေအနေမှ အရှင်သခင်တစ်ယောက် ကျွန်တစ်ယောက်နှင့် တပည့်တစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

တဖြည်းဖြည်းနှင့်....

ကမ်းစပ်တွင်လဲလျောင်းနေသော ရီဖုန်းက ပြုံးလိုက်သည်။

"ခွေးကောင်...ငါက မင်းရဲ့အချိန်အကန့်အသတ်ကို မေ့လုနီးပါးပဲ...ကံကောင်းချင်တော့ ဒီတစ်ကြိမ်မှာ ငါ မသေခဲ့ဘူး...ငါ တကယ်ကို မသေခဲ့ဘူး...ငါ အင်မော်တယ်တစ်ယောက်ဖြစ်လာရင်တော့ မင်း ဘာမှစိုးရိမ်စရာမလိုတော့ဘူး"

ရီဖုန်းက သူ၏ခေါင်းကို ခါယမ်းလိုက်ကာ အနည်းငယ် စိုးရိမ်ပူပန်နေသော်လည်း ကံကောင်းသည်ဟု ခံစားမိလေ၏။

သူ၏နောက်တွင်ရှိနေသော မြေပုံကိုကြည့်ကာ သူ အနည်းငယ်ကျေးဇူးတင်နေမိသည်။

ထိုနောက် သူသည် သိုလှောင်လက်စွပ်အတွင်းမှ သစ်သားတုံးတစ်တုံးကို ထုတ်ယူလိုက်သည်။ထိုသစ်သားတုံးပေါ်တွင် သင်္ကေတအက္ခရာတချို့ကိုရေးထွင်းထားကာ အထိမ်းအမှတ်ကမ္ပည်းတိုင်တစ်တိုင်ကိုလည်း စိုက်ထူလိုက်၏။

ထိုနောက် သူ၏စိတ်အာရုံကို စနစ်၏မျက်နှာပြင်ထံသို့ တဖန်ပြန်၍ အာရုံစူးစိုက်လိုက်သည်။

ထိုခွေးကောင်သည် ​မည်ကဲ့သို့တည်ရှိမှုကြီးဖြစ်သည်ကို ရီဖုန်း ရှာဖွေဖော်ထုတ်နိုင်ခြင်းမရှိချေ။သူသည် ကျိုးပဲ့နေသောအရိုးစုဖြစ်ကာ စားသောက်ခြင်းကိုလည်း မပြုလုပ်နိုင်​ပေ။

သို့ရာတွင် ဤသည်မှာ ပြဿနာမရှိချေ။

အရေးကြီးသောကိစ္စမှာ ဤကောင်စုတ်ထွက်လာစဉ်အချိန်၌ စနစ်မှနေ၍ ထိုကောင်စုတ်သည် ဆယ်နှစ်သာအသက်ရှင်မည်ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်းသတိပေးထားခြင်းပင်။

အစပထမတွင် ရီဖုန်းသည် ထိုဆယ်နှစ်ကို အချိန်တစ်ရက်အဖြစ်သို့ ပြောင်းလဲနိုင်ရန် ဆုတောင်းခဲ့မိသည်။

သို့ရာတွင် ယခုအချိန်၌ အချိန်ကိုးနှစ်​ပြည့်သွားလေပြီ။

အချိန်ကိုးနှစ်သည် မျက်တောင်တစ်ခတ်စာအချိန်သာ ကြာမြင့်သွားသည့်အလားပင်။

သူသည် မရင့်ကျက်သေးသောလူငယ်တစ်ယောက်ဘဝမှနေ၍ ကျင့်ကြံဆင့်စွမ်းအားများကိုပိုင်ဆိုင်ခဲ့ကာ သေလမ်းရှာလျှင်ပင် မသေဆုံးနိုင်သောလူတစ်ယောက် ဖြစ်နေပြီမဟုတ်လော...

သို့သော် ထိုကောင်စုတ်ထံတွင် အသက်ရှင်သန်ရန်အတွက် အချိန်တစ်နှစ်သာကျန်ရှိတော့သည်။

သူ အနည်းငယ်စဉ်းစားတွေးတောပြီးနောက်...

ရီဖုန်းသည် နာကျင်နေသောမျက်နှာအမူအယာဖြင့် သိုလှောင်လက်စွပ်ကိုဖွင့်လိုက်၏။

သူသည် မရေမတွက်နိုင်သော အင်မော်တယ်သလင်းကျောက်များကို သွန်ချလိုက်ရာ ကျွန်းငယ်လေးပေါ်ရှိ စတုရန်းမီတာအမြောက်အမြောက်အများကျယ်ဝန်းသော မြေကွက်လပ်အတွင်း၌ ပြည့်နှက်သွားသည်။

"ခွေးကောင်...တကယ်လို့ ငါသာ အခုလိုနေ့တစ်နေ့အတွက် ကြိုပြီးမစီစဉ်ခဲ့ဘူးဆိုရင် ...နောက်နှစ်ကျရင် မင်းသေပြီးတော့ အမှုန်အမွှားဖြစ်နေလောက်ပြီ"

"မင်း အသက်ကို ငါ ပေးထားတယ်ဆိုတာ မင်း မှတ်ထားစမ်း"

"ဝါး...ဝါး...ဝါး...ဝါး..."

"စနစ်...ဒါတွေကို ဝါးမြိုလိုက်စမ်း"

"ဟမ့် ခွေးကောင်...ငါ မင်းကို အသက်တိုးမပေးချင်ဘူး...နောက်တစ်ကြိမ် ငါ မင်းကိုတွေ့လို့ အစိတ်စိတ်အမွှာမွှာဆုတ်ဖြဲမပစ်နိုင်ရင် ငါ့ရဲ့မျိုးရိုးနာမည်က ရီ မဟုတ်တော့ဘူး"

ရီဖုန်း၏အသံ ကျရောက်သွားသည်နှင့်စနစ်၏စိတ်ဆန္ဒထွက်ပေါ်လာကာ သူ့၏ခေါင်းထွက်တွင် မမြင်နိုင်သော ကျင်းနက်ကြီးတစ်ခုအဖြစ် ဖွဲ့စည်းသွားသည်။

တောင်ကုံးများကဲ့သို့ စုပုံနေသော အင်မော်တယ်သလင်းကျောက်များသည် စီဆင်းသွားသောရေများအလား မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ပျောက်ကွယ်သွားကာ စနစ်အတွင်းသို့ ဝင်ရောက်သွားပေ၏။

လွန်ခဲ့သော အချိန်အနည်းငယ်အကြာက ရီဖုန်းသည် အကယ်၍ ဤကောင်စုတ်၏စွမ်းအားများကို ပြန်လည်ဖြည့်တင်းလိုပါက လုံလောက်သောအရှိန်အဝါစွမ်းအားများကို စတေးရန်လိုအပ်ကြောင်း သိရှိခဲ့ရသည်။

ထို့ပြင် အင်မော်တယ်သလင်းကျောက်များသည် အကောင်းဆုံးရွေးချယ်မှုဖြစ်​သည်မှာ သံသယဖြစ်ဖွယ်မရှိချေ။

"ကောင်းပြီလေ...ဘယ်နှစ်နှစ်တိုးသွားလဲဆိုတာ ကြည့်ရအောင်"

ရီဖုန်းသည် ဤကိစ္စကို နှစ်သက်ခြင်းမရှိသော်လည်း စနစ်၏မျက်နှာပြင်ကိုဖွင့်ကာ လုပမ်ဝေ၏ကြွင်းကျန်သောသက်တမ်းကို ချက်ချင်းစစ်ဆေးလိုက်၏။

သူနှစ်ပေါင်းများစွာ​ကြာအောင် စုဆောင်းထားခဲ့သော အင်မော်တယ်သလင်းကျောက်များအားလုံးကို စတေးပြီးနောက် လုပမ်ဝေ၏ကြွင်းကျန်သောသက်တမ်းသည် တစ်နှစ်မှငါးနှစ်သို့ တိုးသွားကြောင်း မြင်တွေ့မိသည်။

"ဟူး...."

"မင်းက တကယ်ကို ငွေတွေမီးရှို့နေတဲ့ စက်တစ်လုံးပဲ"

"ဒါပေမဲ့ ငါးနှစ်ဆိုတာက လုံလောက်တယ်...အဲ့ဒီနောက်မှာ ငါလည်း အင်မော်တယ်တစ်ယောက် ဖြစ်နေလောက်ပြီ"

ရီဖုန်းသည် စိတ်သက်သာရာရသွားပြီး သက်ပြင်းရှိုက်ကာ သဲသောင်မြေပေါ်၌ တဖန်ပြန်၍လဲလျောင်းပြီး သူ၏မျက်နှာပေါ်၌ အပြုံးတစ်ခု ထင်ဟပ်လာသည်။

အဝေးတစ်နေရာရှိ မိုးကောင်းကင်ယံ၌...

အနက်ရောင်ဝတ်ရုံဝတ်ပုံရိပ်တချို့ ဖြတ်သန်းသွားလာနေသည်။

ရုတ်တရက် ခေါင်းဆောင်လုပမ်ဝေသည် ရပ်တန့်လိုက်၏။

"အစ်ကိုကြီး ...ဘာကိစ္စရှိလို့လဲ"

သူ၏နောက်တွင်ရှိနေသောခွေးက ဇဝေဇဝါဖြင့် မေးမြန်းသည်။

အနက်ရောင်ဝတ်ရုံ၏အောက်ရှိ လုပမ်ဝေ၏ခန္ဓာကိုယ် အနည်းငယ်တုန်ရီသွားကာ မသိစိတ်မှနေ၍ သူ၏လက်ကို ဆန့်တန်းလိုက်သည်။

သူ၏အဖြူရောင်အရိုးများပေါ်တွင် ခန့်မှန်း၍မရနိုင်သော တောက်ပမှုတစ်ခု ထွက်ပေါ်လာပေ၏။

သူသည် ခေါင်းအနည်းငယ်မော့ပြီး အဝေးတစ်နေရာရှိ မိုးကောင်းကင်ယံကို ကြည့်လိုက်သည်။

သူ၏အတွေးများသည် အလွန့်အလွန်ဝေးကွာသောနေရာသို့ မျောလွင့်နေပုံရသည်။

သူ အသိပြန်ဝင်လာချိန်၌ မိုးကောင်းကင်ယံကြီး မှောင်စ​ပျိုးနေလေပြီ။

အနက်ရောင်ဝတ်ရုံဝတ်အောက်၌ မထင်မရှားအပြုံးတစ်ခုထင်ဟပ်လာပြီးနောက် သူကပြောဆိုလိုက်သည်။

"ဒါက ဘာမှမဟုတ်ပါဘူး"

ခွေးတို့တစ်စုသည် ဇဝေဇဝါဖြင့် ခေါင်းများကုတ်နေကြတာ အစ်ကိုကြီးသည် မည်သည်ကြောင့် ယနေ့တွင် အလွန်ထူးဆန်းနေသည်ကို သိချင်နေကြသည်။

"အစ်ကိုကြီး ဘာပြဿနာရှိလို့လဲ"

ကင်းခြေများက စိုးရိမ်ပူပန်တကြီးမေးမြန်းသည်။

လုပမ်ဝေသည် အသက်ပြင်းပြင်းတချက်ရှိုက်လိုက်၏။

ခွေးက သူပြောမည့်စကားကို စိတ်လှုပ်ရှားစွာဖြင့် စောင့်ဆိုင်းနေသည်။

လုပမ်ဝေသည် သူ၏ခေါင်းကို အနည်းငယ်တိမ်းစောင်းကာ တစ်စုံတစ်ခုကို ပြောဆိုတော့မည့်အချိန်မှာပင် ရုတ်တရက် သူသည် မြင်ကွင်းတစ်ခုကို မြင်တွေ့မိသဖြင့် အံ့အားသင့်သွားသည်။ထို့နောက် သူ၏မူလပုံပန်းသွင်ပြင်ကိုပြန်လည်ရရှိသွားပေ၏။ယခင်က သူ၏အတွေးလွန်နေမှုများအားလုံးကို ပြန်ရုတ်သိမ်းကာ နေရာတစ်နေရာသို့ လက်ညှိုးညွှန်ပြပြီး အော်ဟစ်လိုက်သည်။

"ကြည့်လိုက်ကြအုံး...ကမ်းစပ်မှာ မိန်းကလေးတစ်ယောက် ရှိနေတယ်"

"အမှန်ပဲ..."

"သူ့မှာ ခြေတံရှည်လေးတွေရှိတယ်"

ခွေး၏ပါးစပ်မှ သွားရည်များ ယိုစီးကျလာသည်။

"ငါ့ရဲ့နောက်ကို လိုက်ခဲ့ကြတော့..."

လုပမ်ဝေသည် ကျယ်လောင်စွာအော်ဟစ်ပြီး အလင်းတန်းတစ်တန်းအလား ထိုနေရာသို့ အပြေးသွားလိုက်၏။

Chapter 929

ရီဖုန်းသည် ကမ်းခြေပေါ်၌လဲလျောင်းရင်း အိပ်မက်တစ်ခုမက်နေသည်။

သူသည် သူ၏အတိတ်ဘဝကို အိပ်မက်မက်နေပေ၏။

လူနေမှုဘဝနိမ့်ကျသော သူသည် အသက်အိုမင်းခြင်းမရှိသော်လည်း လုပ်ငန်းစတင်လုပ်ချိန်၌ တံတားအောက်တွင်အိပ်ခဲ့ရကာ အချိန်ကောင်းများ နည်းပါးသွားခဲ့သည်။

သူသည် ဇနီးတစ်ယောက်ကို လက်ထပ်ယူပြီးနောက် ဤနေရာကိုစွန့်ခွာကာ သူ၏ဇာတိမြို့သို့ပြန်ပြီး ကြက်ကြော်ဆိုင်တစ်ဆိုင်ကို ဖွင့်ခဲ့သည်။ သူသည် ချမ်းသာကြွယ်ဝခြင်းမရှိသော်လည်း သက်သောင့်သက်သာရှိသောဘဝကို ပိုင်ဆိုင်နိုင်ခဲ့ပေ၏။

ရံဖန်ရံခါ၌ မိသားစု၏သေးငယ်သောစုဝေးပွဲများနှင့်စားသောက်ပွဲများကို ပြုလုပ်ကာ သူ့ထံတွင် မည်သည့်ဖိအားမျှ မရှိချေ။

တစ်ရက်တွင်...

သူသည် ပုံမှန်အတိုင်းအလုပ်ဆင်းကာ သူ၏ဆိုင်ကယ်ကိုစီး၍ အိမ်သို့ပြန်လာခဲ့သည်။

ဤသည်မှာ ညဆယ့်တစ်နာရီထိုးပြီဖြစ်သော်လည်း စျေးကြီးသော တုံးပေဖက်ထုပ်ဆိုင်သည် ဖွင့်ထားဆဲဖြစ်ကာ ထိုဆိုင်၏စီးပွားရေးသည် အလွန်ကောင်းမွန်ပေ၏။

ဘီအမ်ဒဗလျူတစ်စီးသည် ထိုဆိုင်၏တံခါးရှေ့၌ရပ်ထားကာ အနက်ရောင်ပိုးထည်ဝတ်စုံနှင့်အနက်ရောင်ဘွတ်ဖိနပ်များကို ဝတ်ဆင်ထားသော လူတချို့ ကားအတွင်းမှထွက်လာသည်။

ရီဖုန်းသည် ထိုနေရာသို့ နောက်တချက်ပြန်မကြည့်ဘဲ မနေနိုင်ချေ။

တုံးပေဖက်ထုပ်ဆိုင်ကို ဖြတ်ကျော်ပြီးနောက် သူသည် လမ်းသုံးခွဆုံသို့ ရောက်ရှိလာပေ၏။

ထိုလမ်းဆုံတွင် လူငယ်ဂိုဏ်းစတားတချို့သည် အမူးလွန်နေပုံရပြီး ဆူညံသံအမြောက်အ​များထွက်ပေါ်နေသည်။

ရီဖုန်းသည် ပြဿနာတက်မည်ကို ကြောက်ရွံသဖြင့် သူ၏ခေါင်းကိုငုံ့ပြီး သူတို့အား လှည့်မကြည့်ဘဲ ဖြတ်ကျော်သွားလိုက်၏။

'ခဏလေး...ငါ ဘာလို့ ဒီမြင်ကွင်းကို ရင်းနှီးနေတာလဲ'

ရီဖုန်းသည် ထိတ်လန့်တုန်လှုပ်သွားပေ၏။

ယနေ့သည် သူ ကူးပြောင်းခဲ့ရသော နေ့တစ်နေ့ဖြစ်ကြောင်း ရုတ်တရက်အမှတ်ရသွားသည်။

ထိုနောက် တဟုန်ထိုး မောင်းနှင်လာသော အမှိုက်ကားတစ်စီး ရောက်လာပေမည်။

နောက်ထပ်အချိန်အခိုက်အတန့်၌ သူ မျှော်လင့်ထားသကဲ့သို့ပင် အမှိုက်ကားတစ်စီးရောက်လာကာ သူ့အား ပြင်းပြင်းထန်ထန်ဝင်တိုက်သွားသည်

မြင်ကွင်း ပြောင်းလဲသွားပေ၏။

ရီဖုန်းသည် မိုးကောင်းကင်ယံနှင့်နေမင်းကြီးတို့ လွှမ်းခြုံထားသည့် ကမ္ဘာလောကတစ်ခုကို မြင်တွေ့လိုက်ရသည်။

တိတိကျကျပြောဆိုရလျှင် သူသည် ထိုကမ္ဘာလောကကြီးကို ငုံကြည့်နေကာ နတ်ဘုရားတစ်ပါး၏မြင်ကွင်းအလားပင်။

ထိုလောကကြီးအတွင်း၌ ဤအချိန်အခိုက်အတန့်တွင် အထီးကျန်ဆန်သောပုံရိပ်တစ်ခု မတ်တတ်ရပ်နေသည်။

ထိုလူသည် အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး လေထုအတွင်း၌ အထီးကျန်ဆန်သောအမူအယာဖြင့် မတ်တတ်ရပ်နေသည်။

သူသည် မလှုပ်မယှက်ရှိနေပြီး တစ်စုံတစ်ခုကို စောင့်ဆိုင်းနေသည့်အလားပင်။

ရုတ်တရက် ထိုလူသည် သူ၏ခေါင်းကို မော့လိုက်၏။

သူသည် မိုးကောင်းကင်ယံအတွင်း၌ စကြာဝဠာ၏စွမ်းအား ထွက်ပေါ်လာသည်ကို မြင်တွေ့ရသည့်အလားပင်။

မည်သည့်အရိပ်အယောင်မျှမရှိဘဲ မိုးကောင်းကင်ယံမှနေ၍ မိုးရွာချလာသည်။

ထိုမိုးရေစက်များနှင့်အတူ ကြယ်ပျံများအတန်းလိုက်ကျရောက်လာကာ မြေပြင်တစ်ခုလုံးသည် အသူရာကြေးချွတ်သန့်စင်ဘုံအဖြစ်သို့ပြောင်းလဲသွားပြီး တောင်များမြစ်များကို လွမ်းခြုံကာ ချိုင့်ဝှမ်းကြီးများအဖြစ်သို့ ပြောင်းလဲသွားစေသည်။

မိုးရေများအကြား၌ရှိနေသော အနက်ရောင်ဝတ်ရုံဝတ်လူသည် မရေမတွက်နိုင်သော ကြယ်ပျံများ၏စွမ်းအားကို တောင့်ခံနေလေ၏။

ဘုန်း...ဘုန်း...ဘုန်း...

သူ့အားဗဟိုပြု၍ ပေါက်ကွဲသံများထွက်ပေါ်လာကာ ကမ္ဘာလောကတစ်ခုလုံးကို လွှမ်းခြုံသွားသည်။

ထို့နောက် မိုးရွာသွန်းမှုရပ်တန့်သွားကာ ကြည်လင်မှု တဖြည်းဖြည်းပြန်ရလာသည်။အနက်ရောင်ဝတ်ရုံဝတ်လူသည် ဆိုးရွားသောအခြေအနေသို့ ရောက်ရှိသွားပေ၏။

ဘုန်း..

ထိုအချိန်မှာပင် မိုးကောင်းကင်ယံမှနေ၍ မရေမတွက်နိုင်သော နှင်းခဲများ ကျဆင်းလာသည်။

အနက်ရောင်ဝတ်ရုံဝတ်လူကိုဗဟိုပြု၍ မိုင်သုံးသောင်းအကွာအဝေးထိ အေးခဲသွားပေ၏။

အလွန်အမင်းအေးစက်မှုအောက်တွင် ပိန်ပါးပါးအနက်ရောင်ဝတ်ရုံဝတ်လူသည် အထိန်းအကွပ်မဲ့စွာ တုန်ရီနေသည်ကို ရှင်းရှင်းလင်းလင်းမြင်တွေ့နိုင်သည်။

သို့ရာတွင် သူသည် လေထုအတွင်း၌ ဖြောင့်တန်းစွာမတ်တတ်ရပ်နေဆဲဖြစ်ကာ အနည်းငယ်မျှ နောက်ဆုတ်ခြင်းမရှိချေ။

ဘုန်း....

နှင်းခဲများ အဆုံးသတ်သွားပြီးနောက် ကမ္ဘာလောကကြီးတစ်ခုလုံးသည် မီးပင်လယ်ကြီးအဖြစ်သို့ ပြောင်းလဲသွားပေ၏။

နှင်းခဲများနှင့်မီးတောက်များအောက်တွင် အနက်ရောင်ဝတ်ရုံ ပျောက်ကွယ်သွားကာ ရွှေရောင်တောက်ပနေသော ခန္ဓာကိုယ်တစ်ခု ထွက်ပေါ်လာသည်။

မိုးကောင်းကင်ယံအတွင်း၌ မိုးခြိမ်းသံတစ်သံထွက်ပေါ်လာကာ လေပြင်းတစ်ရပ်တိုက်ခတ်ခြင်းနှင့်အတူ တိမ်တိုက်များအကြား၌ မီတာထောင်ပေါင်းများစွာအချင်းရှိသော မိုးကြိုးလုံးကြီးတခုအဖြစ် သိပ်သည်းသွားသည်။

ဘုန်း...

ထိုမိုးကြိုးလှိုင်းကြီး ကျရောက်လာပြီးနောက် ရွှေရောင်ခန္ဓာကိုယ်ကို ရိုက်ခတ်သွားချိန်တွင် သူ၏ခန္ဓာကိုယ်မှအလင်းတန်းများ များစွာပို၍မှေးမှိန်သွားပေ၏။

မိုးကြိုးလှိုင်းများ လွမ်းခြုံသွားသည်နှင့် တစ်ချိန်တည်းမှာပင် မြေပြင်ပေါ်၌ လေဆင်နှာမောင်းတစ်ခု တိုက်ခတ်လာသည်။ထိုလေပြင်းမုန်တိုင်းသည် ပင်လယ်ပြင်ထံသို့ ရွေ့လျားသွားပြီး တောင်များနှင့်မြစ်များကို ပြားချပ်သွားစေကာ အချိန်တခဏအကြာတွင် ရွှေရောင်ခန္ဓာကိုယ်ကို လွမ်းခြုံသွားပေ၏။

ထိုမုန်တိုင်းအဆုံးသတ်သွားချိန်တွင် ရွှေရောင်ခန္ဓာကိုယ်၌ အက်ကွဲကြောင်းများ ထွက်ပေါ်နေလေပြီ။

သို့ရာတွင် သူ အသက်ရှုရန် အခွင့်အရေးတစ်ခုမရရှိဘဲ တိမ်တိုက်များ ထပ်မံ၍အက်ကွဲသွားကာ အလင်းတန်းတစ်တန်း အောက်သို့ကျရောက်လာသည်။

ရုတ်ချည်းဆိုသလိုပင် လောကကြီးတစ်ခုလုံးကို အဖြူရောင်အလင်းတန်းတစ်တန်းမှ လွှမ်းခြုံသွားကာ အရာအားလုံး အရည်ပျော်ကျသွားသည့်အလားပင်။အထူးသဖြင့် ထိုရွှေခန္ဓာကိုယ်သည် အဖြူရောင်အလင်းတန်း၏အာရုံစိုက်ရာဗဟိုချက်ဖြစ်ပုံရသည်။

ထိုအလင်းရောင် အဆုံးသတ်သွားချိန်၌...

ထာဝရညအမှောင် ရောက်ရှိလာသည်။

အကန့်အသတ်မဲ့သော အမှောင်ထုကြီးသည် လူအများအား အလင်းရောင်ကို မြင်တွေ့နိုင်စေမည်မဟုတ်ဘဲ ​ညအချိန်၌ အလွန်အမင်းအမြင်အာရုံကောင်းမွန်သော စိတ်ဝိညာဥ်များပင်လျှင် သူတို့၏လက်ချောင်းများကို သူတို့ ပြန်မြင်တွေ့နိုင်မည်မဟုတ်ချေ။

အလင်းနှင့်အမှောင်တို့ တစ်လှည့်စီထွက်ပေါ်လာပြီးနောက် ရွှေရောင်ခန္ဓာကိုယ်သည် အက်ကွဲသွားကာ အလင်းရောင်များ ချက်ချင်း ပျက်ပြယ်သွားပေ၏။မူလက မောက်မာထောင်လွှားစွာ မတ်တတ်ရပ်နေသောပုံရိပ်သည် ယခုအချိန်၌ အရိုးစုတစ်ခုအဖြစ်သို့ ပြောင်းလဲသွားလေပြီ။

သို့ရာတွင် အဖြူရောင်အရိုးခန္ဓာကိုယ်တစ်ခုသာကျန်သည့်တိုင် သူသည် လေထုအတွင်း၌ မတ်တတ်ရပ်နေကာ မောက်မာထောင်လွှားသောအမူအယာကို ဆင်မြန်းထားဆဲပင်။

ထိုအချိန်မှာပင်...

စကြာဝဠာကြီး၏ နက်ရှိုင်းသောနေရာအတွင်းမှ...

ခေါင်းလောင်းတစ်လုံး မြည်ဟီးလာသည်။

အရိုးစုလူ၏ခန္ဓာကိုယ် တောင့်တင်းသွားပေ၏။

လျှို့ဝှက်ဆန်းကြယ်သော အားလှိုင်းတရပ်သည် အဟန့်အတားများအားလုံးကို ဖြတ်ကျော်ကာ စကြာဝဠာအတွင်းသို့ ဝင်ရောက်လာပြီး အရိုးစုလူသားကို လွှမ်းခြုံသွားသည်။

အရိုးစုလူသားသည် ပြိုလဲလုဆဲဆဲအခြေအနေသို့ ရောက်ရှိသွားကာ သူ၏ခန္ဓာကိုယ်ကြုံသွားလေ၏။

သို့ရာတွင် နောက်ထပ်အချိန်အခိုက်အတန့်၌ စကြာဝဠာ၏နက်ရှိုင်းသောနေရာအတွင်းမှခေါင်းလောင်းသံများ ထပ်မံ၍ထွက်ပေါ်လာသည်။

ဒေါင်...ဒေါင်...ဒေါင်....

အရိုးစုလူ၏ခန္ဓာကိုယ်သည် ကြုံဝင်နေကာ သူ၏ခန္ဓာကိုယ်ရှိအရိုးများ တဖြည်းဖြည်းအက်ကွဲနေသော်လည်း သူ လဲကျသွားခြင်းမရှိချေ။

ဤအချိန်အခိုက်အတန့်၌ ခေါင်းလောင်းသံကိုးချက် မြည်ဟီးပြီးလေပြီ။

နောက်ထပ်ထွက်ပေါ်လာသော ခေါင်းလောင်းသံရှစ်ချက်၏စွမ်းအားများ အဆုံးသတ်သွားချိန်၌ အရိုးစုလူ၏ခန္ဓာကိုယ် မိုးကောင်းကင်ယံမှ ပြုတ်ကျလာသည်။လေထုကိုဖြတ်သန်းလာသော သူ၏အရှိန်ကြောင့် မီးပွားများ ဖြာထွက်လာကာ မိုးကောင်းကင်ယံအတွင်းတွင် မီးတောက်များဖြင့် ပြည့်နှက်သွားသည်။

အချိန်မည်မျှထိ ကြာမြင့်သွားခဲ့ကြောင်း မည်သူမျှ မသိနိုင်​ချေ။

မိုးကောင်းကင်ယံသည် ကြည်လင်မှုကိုပြန်လည်ရရှိသွားကာ အစစ်အမှန်မိုးကောင်းကင်အဖြစ်သို့ ရောက်ရှိသွားလေပြီ။

မြေပြင်သည်လည်း မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားကာ စိမ်းစိုနေသောတောင်များ ပြာလဲ့နေသောရေပြင်များရှိပြီး အသက်စွမ်းအားများဖြင့် ပြည့်နှက်နေသည်။

အရိုးစုအဖြစ်သာကျန်ခဲ့သော အနက်ရောင်ဝတ်ရုံဝတ်လူကမူ ပျောက်ကွယ်သွားပေ၏။

ကမ်းစပ်ပေါ်၌ အိပ်ပျော်နေသော ရီဖုန်း ရုတ်တရက်လန့်နိုးသွားသည်။

သူသည် သူ၏နဖူးကိုစမ်းကြည့်လိုက်ရာ ဇောချွေးများရွှဲနေသည်ကို သိလိုက်ရသည်။

"သောက်ချေးပဲ...ဘာတွေဖြစ်နေတာလဲ...ငါ ဘာလို့ ဒီလိုမျိုး ထူးဆန်းတဲ့အိပ်မက်တစ်ခုကို မက်တာလဲ"

"ပြီးတော့ ငါက ရှေ့နောက်အိပ်မက်နှစ်ခုကိုဆက်တိုက်ကြီး မက်နေခဲ့တယ်...ဒါက ထူးဆန်းတယ်"

"အဲဒီနှစ်ခုကြားမှာ ဆက်စပ်မှုမရှိရုံတင် မကဘူး....လုံးဝကို မသက်ဆိုင်ဘူး"

ရီဖုန်းက ညည်းတွားရင်း ဆဲဆိုလိုက်သည်။

အကယ်၍ သူသည် သေဆုံးသွားပြီးနောက် အင်မော်တယ်တစ်ယောက်ဖြစ်သွားကာ အတိတ်တွင် ကပ်ဘေးတစ်မျိုးမျိုးကို ဖြတ်ကျော်ရမည်ဟု အိပ်မက်မက်ပြီး နိမိတ်ပြခြင်းဖြစ်နိုင်သည်။

သို့ရာတွင် စကြာဝဠာ၏စွမ်းအားမျိုးစုံကို ခံယူနေသော အနက်ရောင်ဝတ်ရုံဝတ်လူသည် သူ မဟုတ်သည်အား ရှင်းရှင်းလင်းလင်းမှတ်မိနေဆဲပင်။

သူ သေဆုံးသွားပြီးနောက် တခြားလူတစ်ယောက်သည် ကောင်းကင်နှင့်မြေပြင်အကြားမှ အမွေအနှစ်ကိုဆက်ခံသည်မှာ မည်ကဲ့သို့ သောက်ရေးမပါသည့်ကိစ္စမျိုး ဖြစ်သနည်း။

ဤသည်မှာ အနည်းငယ်မျှ အဓိပ္ပာယ်မရှိချေ။

ဤအိပ်မက်သည် ပုံမှန်မဟုတ်သဖြင့် ရီဖုန်းသည် အချိန်တခဏကြာသည်အထိ မိန်းမောနေခဲ့သည်။

ရီဖုန်းသည် ကမ်းစပ်မှရေများဖြင့် သူ၏မျက်နှာကိုသစ်ကာ ရိက္ခာခြောက်တချို့ကို ဝါးစားပီးနောက် သူ၏ခေါင်းကိုခါယမ်းကာ မိန်းမောတွေဝေနေသောအခြေအနေမှ ရုန်းထွက်လိုက်၏။

ထို့နောက် သူသည် မြေပုံတစ်ချပ်ကို ထုတ်ယူလိုက်သည်။

သူသည် ဖြောင်မြောင်ဟုန်ရှိနေသော ဓားချိုင့်ဝှမ်း၏တည်နေရာကို ရှာဖွေလိုက်၏။

အကြောင်းအရင်းမှာ ဖြောင်မြောင်ဟုန်သည် လမ်းခွဲခဲ့သောအချိန်၌ အကယ်၍ အမွေအနှစ်ဆက်ခံမှုတွင် သူ၏အကြံအစည်မအောင်မြင်ခဲ့ပါက ဓားချိုင့်ဝှမ်းသို့လာကာ သူမအားရှာဖွေရန် မှာကြားခဲ့သောကြောင့်ပင်။သူမသည် သူ့အတွက် နောက်ဆက်တွဲသေလမ်းရှာခြင်းအစီအစဥ်များကို ပြုလုပ်ထားပေမည်။

ဤသေလမ်းရှာခြင်း အစီအစဉ်များသည် အားကိုး၍ ရသည်ဖြစ်စေ မရသည်ဖြစ်စေ ယခုအချိန်၌ မည်သည့်နေရာသို့ သွားရမှန်းမသိသော ရီဖုန်းအတွက် ထိုနေရာသို့သာ သွားနိုင်ပေမည်။

Chapter 930

ရီဖုန်းသည် မန်မန်ကိုစီး၍ ကူးပြောင်းရေးကျွန်းထံသို့သွားကာ ထိုနေရာမှတဆင့် ဓားချိုင့်ဝှမ်းသို့သွားနိုင်သော ခရီးသည်တင်သင်္ဘောကို စီးခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ ဗဟိုဆိပ်ကမ်းဖြစ်သော ကူပြောင်းရေးကျွန်းတွင် နယ်မြေအသီးသီးသို့သွားနိုင်သည့် ကူးပြောင်းရေးဝင်္ကပါများ စုဝေးနေရုံမက အဓိကခရီးသည်တင်သင်္ဘောများအားလုံး ရပ်နားရာနေရာလည်း ဖြစ်သည်။

ဓားချိုင့်ဝှမ်းသည် နာမည်နှင့် ထိုက်တန်ပေ၏။

သူသည် ထိုကျွန်းပေါ်သို့ ခြေ​ချမိသည်နှင့် ပြင်းထန်သောအအေးဓာတ်ကို ခံစားမိသည်။

ကျွန်းပေါ်ရှိလူများအားလုံး ဓားရေးလေကျင့်ကြကာ လမ်းများပေါ်တွင် ကစားနေသော ကလေးများ၏ခါးများ၌ပင် ဓားတစ်လက်ကို ချိတ်ဆွဲထားသည်။

အမှန်အားဖြင့် အမြင်အာရုံဖမ်းစားနိုင်ဆုံးကိစ္စမှာ ဓားချိုင်ဝှမ်းတည်ရှိရာကျွန်း၏ အလယ်ဗဟိုတွင်ရှိနေသည့် ဧရာမဓားကြီးပင်။

ထိုဧရာမဓားကြီးကို ကြီးမားသောသံကြိုးကြီးရှစ်ချောင်းဖြင့် ပိတ်လှောင်ထားသည်။ထိုဓားကြီးသည် မြေကြီးအတွင်းသို့ စိုက်ဝင်နေပြီး ဓားရိုးသည် မိုးကောင်းကင်ယံသို့ တန်းတန်းမတ်မတ် ညွှန်ပြနေကာ အလွန်တုန်လှုပ်ချောက်ချားဖွယ်ကောင်းသည်။

ရီဖုန်းသည် ဓားချိုင့်ဝှမ်းသို့ ရောက်ရှိလာသည်နှင့် ဖြောင်မြောင်ဟုန်သည် သူမ၏လက်အောက်ငယ်သားလော့ချန်းနှင့်အတူ သူ့အား လာရောက်ကြိုဆိုသည်။

"ဟုန်အာက ဆရာကြီးကို ကြိုဆိုပါတယ်"

ဖြောင်မြောင်ဟုန်က သူမ၏ခန္ဓာကိုယ်ကိုညွှတ်ကိုင်း၍အရိုအသေပြုပြီးနောက် အပြစ်မကင်းသောလေသံဖြင့် ပြောဆိုသည်။

"ဟုန်အာက မရဏအမွေအနှစ်အကြောင်းကို ကြားပြီးပါပြီ....ဟူး… ဆရာကြီးက မရဏအမွေအနှစ်ကို အောင်အောင်မြင်မြင် ဆက်ခံနိုင်ခဲ့မယ်လို့ ဟုန်အာက ဘယ်တုန်းကမှ ထင်မထားခဲ့ဖူးဘူး"

"ဒါက အမွေအနှစ်တစ်ခုရတာထက် ပိုဆိုးတယ်"

ရီဖုန်းက ကူကယ်ရာမဲ့စွာဖြင့် ညည်းတွားလိုက်သည်။

"အဲ့ဒီအမွေအနှစ်ရဲ့ပိုင်ရှင်က ငါ့ကို လိပ်ခွံတစ်ခု ပေးသွားခဲ့တယ်... ပြီးတော့ သူတော်စင်အဆင့်ရဲ့အောက်မှာ ငါ့ကို နာကျင်အောင်လုပ်နိုင်တဲ့လူ ရှိမှာမဟုတ်ဘူးလို့ သူက ပြောသွားခဲ့တယ်"

ထိုစကားကိုပြောဆိုပြီးနောက် ရီဖုန်း၏အတွေး တစ်ချက်လှုပ်ရှားသွားသည်။

ရဲစွမ်းသတ္တိတာအိုမှဖွဲ့စည်းထားသော အဝါရောင်သံချပ်ကာသည် ရီဖုန်း၏ခန္ဓာကိုယ်ပေါ်၌ ထွက်ပေါ်လာပေ၏။

"ဒါက ငါ့ကို ကျီစယ်နေတာ မဟုတ်လား...အရမ်းစိတ်ပျက်ဖို့ ကောင်းတယ်"

ရီဖုန်းက ကြေကွဲဝမ်းနည်းစွာဖြင့် သူ၏ခေါင်းကို ခါယမ်းလိုက်သည်။

နံဘေးတွေရှိနေသော ဖြောင်မြောင်ဟုန်နှင့်လော့ချန်းတို့သည် သူ၏ခန္ဓာကိုယ်ပေါ်ရှိ ရဲစွမ်းသတ္တိသံချပ်ကာကိုကြည့်ပြီး ထိတ်လန့်တုန်လှုပ်နေပေ၏။

ရီဖုန်းသည် အမွေအနှစ်အတွင်းမှ မိုးကောင်းကင်ကိုပင်ဖီဆန်နေသော ရတနာတစ်ခုကို ရရှိခဲ့မည်ဟု သူတို့ မျှော်လင့်မထားမိချေ။

ဤရဲစွမ်းသတ္တိသံချပ်ကာရှိနေပါက မိုးကောင်းကင်ယံတခွင်လုံး၏အောက်တွင် ထင်ရာစိုင်းသွားလာနိုင်မည်ဟု အခြေခံအားဖြင့် ပြောဆိုနိုင်သည်။

သူတော်စင်များသည် ဂေါ်ဖီထုပ်များမဟုတ်လေရာ ကောင်းကင်ဘုံနယ်မြေတခွင်လုံးတွင် မည်မျှထိများများ ရှိနေနိုင်မည်နည်း။ သူတော်စင်များ၏အရေအတွက်ကို တစ်စုံတစ်ယောက်သည် သူ၏လက်ချောင်းများ အား ချိုး၍ရေတွက်နိုင်ပြီး သူတို့ဆန္ဒရှိတိုင်း တွေ့ဆုံခွင့်ရနိုင်မည့် တည်ရှိမှုများမဟုတ်ချေ။

သို့ရာတွင် သူတို့သည် ရီဖုန်း၏စကားများကိုကြားချိန်၌ သူတို့၏မျက်နှာများ ရှုံမဲ့သွားသည်။

ရီဖုန်းထံမှ မည်သည်ကြောင့် ဤမျှထိ ဝမ်းနည်းဖွယ်ကောင်းသောလေသံ ထွက်လာရသနည်း။

ဤရဲစွမ်းသတ္တိသံချပ်ကာအပေါ် လူမည်မျှထိများများ လိုချင်တပ်မက်ကြမည်ကို သူတို့ မသိနိုင်ချေ။

သို့ရာတွင် ထိုအရာသည် ရီဖုန်း၏လက်အတွင်းသို့ လွယ်လင့်တကူကျရောက်သွားခဲ့ပေ၏။

"ကောင်းပြီလေ.. ဆရာကြီး နင်က ဘာလို့သေလမ်းရှာချင်တယ်ဆိုတာ ငါ မသိဘူး"

ဖြောင်မြောင်ဟုန်က ကူကယ်ရာမဲ့စွာဖြင့် ပြောဆိုသည်။

"ဒါပေမဲ့ နင်ရဲ့စွမ်းအားနဲ့ပါရမီအရည်အချင်းအပြင် ဒီရဲစွမ်းသတ္တိသံချပ်ကာပါ ရှိနေတာကြောင့် နောင်အနာဂတ်မှာ မတော်တဆကိစ္စတစ်ခုဖြစ်မလာရင် နင်က သူတော်စင်တစ်ယောက်ဖြစ်လာမှာ သေချာတယ်...နင် ဘယ်လောက်ထိ ဆိုးဆိုးရွားရွားနေနေပါစေ သူတော်စင်တစ်ဝက်အဆင့်ကို ရောက်လိမ့်မယ်...နင့်ရဲ့လမ်းကြောင်းကိုပြောင်းလဲဖို့ မကြိုးစားချင်ဘူးလား"

"ဒါက အလုပ်ဖြစ်မှာ မဟုတ်ဘူး"

ရီဖုန်းက ငြင်းဆန်လိုက်သည်။

သူတော်စင်ဟူသောစကားသည် နားထောင်၍ကောင်းသော်လည်း သူ အလိုရှိသည်မှာ ထာဝရအသက်ပင်။

စနစ်မှနေ၍ နောက်နှစ်ကိုးဆယ်အတွင်းတွင် ဘေးကပ်ဆိုးကြီးတစ်ခု ကျရောက်လာမည်ဖြစ်ကြောင်း သူအား သတိပေးပြီးလေပြီ။အကယ်၍ သူသည် ထာဝရအသက်ရှင်သန်နိုင်ခြင်းမရှိပါက အန္တရာယ်အတွင်းသို့ ကျရောက်သွားပေမည်။

"စကားမစပ်....မိန်းကလေးဟုန် မင်းက ငါ့ကိုကူညီပြီးတော့ သေလမ်းရှာတဲ့ အစီအစဉ်တွေ ပြင်ဆင်ပေးမယ်လို့ ပြောခဲ့တယ် မဟုတ်လား...ကျေးဇူးပြုပြီးတော့ ငါကို မြန်မြန်ပြောပေးပါ...အဲ့ဒီလိုမှသာ ငါ့ရဲ့နာကျင်နေတဲ့နှလုံးသားလေး သက်သာရာရလိမ့်မယ်"

ရီဖုန်းက မျှော်လင့်တကြီးပြောဆိုသည်။

"အမ်..."

ထိုစကားများကိုကြားချိန်တွင် ဖြောင်မြောင်ဟုန်သည် ပြောစရာစကားများ ပျောက်ဆုံးသွားပေ၏။

ထို့နောက် သူမ၏လက်ကို တစ်ချက်ဝှေ့ယမ်းလိုက်ခြင်းနှင့်အတူ ကျောက်စိမ်းပြားတစ်ခုကိုထုတ်ယူကာ ရီဖုန်းထံသို့လက်ကမ်းပေးရန် ဟန်ပြင်လိုက်သည်။

ဤကျောက်စိမ်းပြားသည် ရီဖုန်းအတွက် သူမပြင်ဆင်ပေးထားသော သေလမ်းရှာသည့် အစီအစဉ်များပင်။

သို့ရာတွင် သူမသည် ယခုအချိန်၌ ဤအရာကိုထုတ်ပေးရန် အလွန်အမင်းရှက်ရွံ့နေသည်။

အကြောင်းအရင်းမှာ သူမ၏အစီအစဉ်များအားလုံးသည် ဤရဲစွမ်းသတ္တိသံချပ်ကာ၏ရှေ့တွင် အသုံးဝင်မည် မဟုတ်သောကြောင့်ပင်။

"ဆရာကြီး ..ရိုးရိုးသားသားဝန်ခံရရင် နင်က သူတော်စင်အဆင့်ရဲ့အောက်မှာ ပြိုင်ဘက်ကင်းတစ်ယောက် ဖြစ်နေပြီ...နင်သေအောင် ဘယ်လိုလုပ်ပေးရမယ်ဆိုတာ ငါ တကယ်မသိတော့ဘူး"

"ငါက ဒီကိစ္စကိုလုပ်ပေးဖို့အတွက် မထိုက်တန်ပါဘူး"

ဖြောင်မြောင်ဟုန်က နှုတ်ခမ်းစူကာ သူမ၏မျက်နှာပေါ်တွင် ရှက်ရွံသောအရိပ်အယောင်တစ်ရပ် ရှိနေသည်။

"ငါ့ရဲ့အစီအစဉ်တွေက နင် ရဲစွမ်းသတ္တိသံချပ်ကာကို ရမလာခဲ့ရင် အသုံးဝင်နိုင်တယ်...ဒါပေမဲ့ အခုကတော့..."

ဤပြင်းထန်သောထိုးနှက်ချက်ကြောင့် ရီဖုန်းသည် သတိလစ်မေ့မျောသွားလုနီးပါးပင်။

ရီဖုန်းက ကြေကွဲဝမ်းနည်းစွာ ပြောဆိုလိုက်သည်။

"တခြားဘာနည်းလမ်းမှ မရှိတော့ဘူးလား"

"အင်း နင်က သူတော်စင်တစ်ယောက်ကို ရှာတွေ့ရင်တော့ ဒါက ဖြစ်နိုင်လိမ့်မယ်"

ဖြောင်မြောင်ဟုန်က ပြောဆိုသည်။

"ဒါပေမဲ့ သူတော်စင်တွေက အရမ်းရှားပါးတာကြောင့် နင်က သူတို့ကို အလွယ်တကူရှာတွေ့နိုင်မှာမဟုတ်ဘူး"

ရီဖုန်းသည် ဆွံ့အသွားပေ၏။

"တကယ်တော့ ဘာနည်းလမ်းမှမရှိတာတော့ မဟုတ်ဘူး"

ဖြောင်မြောင်ဟုန်က ထပ်မံ၍ပြောဆိုသည်။

"ငါ အရင်က နယ်မြေကြီးကိုးခုထဲမှာရှိနေတုန်း ရခဲ့တဲ့သတင်းတွေအရ ဒီအချိန်အတောအတွင်းမှာ သူတော်စင်အသစ်တစ်ယောက် မွေးဖွားလာတော့မယ်"

"နယ်မြေကြီးကိုးခု..."

"သူတော်စင်အသစ်လား..."

ရီဖုန်း၏မျက်လုံးများ တောက်ပသွားသည်။ သူ၏နေရပ်ဖြစ်သော နယ်မြေကြီးကိုးခုအတွင်းတွင် သူတော်စင်တစ်ယောက် မွေးဖွားလာမည်ဟု သူ မျှော်လင့်မထားမိချေ။သူသည် ထိုသူတော်စင်၏မိသားစုဝင်တစ်ယောက်ကို ပြန်ပေးဆွဲကာ သူ့အားသတ်ဖြတ်ရန် နည်းလမ်းကို ရှာဖွေနိုင်ပေမည်။

ဖြောင်မြောင်ဟုန်သည် ရီဖုန်း၏မျက်လုံးအတွင်းမှ ဆိုးညစ်သောအရိပ်အယောင်များကိုကြည့်ပြီး သူ၏အတွေးများကို ထွင်းဖောက်မြင်သွားပုံပင်။သူမသည် ဆိုးရွားသောအတိတ်မှတ်ဥာဏ်များကို ပြန်လည်တွေးတောမိသည့်အလား သူမ၏ခန္ဓာကိုယ် အထိန်းအကွပ်မဲ့စွာ တုန်ရီသွားသည်။

"ဆရာကြီး စိတ်ရှည်ရှည်ထားပါ"

ဖြောင်မြောင်ဟုန်က အလျင်စလိုပြောဆိုသည်။

"နယ်မြေကြီးကိုးခုထဲမှာ သူတော်စင်တစ်ယောက်မွေးဖွားလာမယ်ဆိုတာ သံသယဖြစ်စရာမရှိဘူး...အခုနယ်မြေကြီးကိုးခုမှာ ဒီကိစ္စနဲ့သက်ဆိုင်တဲ့ နိမိတ်လက္ခဏာတွေ အများကြီးရှိနေတယ်...လက်တလောရထားတဲ့သတင်းတွေအရဆိုရင် သူတော်စင်က အခုအချိန်မှာ နိုးထမလာသေးဘူး...ဒါကြောင့် နင်က ကြိုသွားမယ်ဆိုရင်လည်း ဘာမှအသုံးဝင်မှမဟုတ်ဘူး"

ရီဖုန်းက သူ အလျင်စလိုဖြစ်သွားသည်ဟု ခံစားမိသဖြင့် သူ၏နှုတ်ခမ်း မဲ့ရွဲ့သွားပြီး သူ၏စိတ်နှလုံးသားအတွင်းရှိ ပြန်ပေးဆွဲလိုစိတ်ကို ချိုးနှိမ်လိုက်၏။

"တကယ်လို့ သူတော်စင်တစ်ယောက်နိုးထလာရင်တောင် နင့်မှာ အခွင့်အရေးရှိမရှိဆိုတာ မသိရသေးဘူး"

ဖြောင်မြောင်ဟုန်က ဆက်လက်၍ရှင်းပြသည်။

"ငါတို့အားလုံးသိထားကြတာကတော့ သူတော်စင်တစ်ယောက် နိုးထလာတဲ့အချိန်မှာ ကြီးမားတဲ့အနှောင့်အယှက်တွေ ရှိလာလိမ့်မယ်...အခုချိန်မှာ အဓိကအင်အားစုတွေအားလုံးက နယ်မြေကြီးကိုးခုဆီကို အပြေးသွားနေကြတယ်...သူတို့က သူတော်စင်နဲ့ နီးစပ်ဖို့အတွက် ကြိုးစားနေကြတာပဲ...အတိုချုပ်ပြောရရင် ဒီလိုမျိုး ရှုပ်ယှက်ခတ်နေတဲ့အခြေအနေအောက်မှာ နင်က အဲ့ဒီသူတော်စင်ရဲ့စိတ်အာရုံကို ဆွဲဆောင်နိုင်ဖို့ဆိုတာ မသေချာဘူး"

"အဲ့ဒီလိုလား..."

ရီဖုန်းက မျက်မှောင်ကြုတ်လိုက်သည်။

သူ သေလမ်းရှာရန်အတွက် အမှန်တကယ်ကို မလွယ်ကူချေ။

Thank For Reading.

All Chapters