အခန်း (၉၅၆-၉၆၀)
Vol. 64 Ch. 956-960
Chapter 956
အရိပ်ကျွန်း၏ မြက်ခင်းပြင်ပေါ်တွင်...
ကျူးယွမ်ရုန်သည် သုံးဘီးဆိုင်ကယ်ကိုစီးကာ သူ တတ်နိုင်သမျှ အမြန်ဆုံးမောင်းနှင်နေသည်။
သူ၏နောက်တွင်ရှိနေသော ချူးရှစ်ခွမ်း၏မျက်နှာသည် ထိတ်လန့်ကြောက်ရွံမှုကြောင့် ခရမ်းရောင်သန်းနေပေ၏။အကြောင်းအရင်းမှာ ဤသုံးဘီးဆိုင်ကယ်တွင် ရှော့ဘားများ မပါသောကြောင့် သူသည် မြေပြင်ပေါ်သို့ ပြုတ်ကျလုနီးပါး ဖြစ်နေသောကြောင့်ပင်။သူသည် ကူကယ်ရာမဲ့စွာဖြင့် ကျူးယွမ်ရုန်၏ခါးကိုဖက်ပြီး အော်ဟစ်လိုက်သည်။
"ဖြည်းဖြည်း...ဖြည်းဖြည်း...ဖြည်းဖြည်းမောင်းပါ"
သူတို့ ဦးတည်သွားနေသော နေရာသည် ရှေ့ရှိမြို့ထံသို့ပင်။
ပကတိမျက်စိဖြင့်ပင် တစ်စုံတစ်ယောက်သည် မြို့အတွင်းရှိ မြေပြင်ပေါ်တွင် အစီအစဉ်တကျတည်ဆောက်ထားသော အထပ်မြင့်အဆောက်အဦးများကို မြင်တွေ့နိုင်ပေမည်။
မြို့လယ်ခေါင်ရှိ အဆောက်အအုံအတွင်းတွင် အလုပ်လုပ်နေသော လူအမြောက်အများ ရှိနေပေ၏။ထို့ပြင် မြို့အတွင်းရှိ အလုပ်များတွင် တိကျရှင်းလင်းသော အလုပ်သမားခွဲဝေမှု ရှိသည်။
ဥပမာအနေဖြင့် ရှောင်ကျန်းတို့လူစုသည် မြို့ပြကမ္ဘာနှင့်ပတ်သက်သည့် စာအုပ်များနှင့်မှတ်တမ်းတင်ကျောက်စိမ်းပြားများကိုကြည့်ရှုပြီး မြို့ပြကမ္ဘာ၏အပြင်အဆင်များကို မှတ်တမ်းတင်ရန် တာဝန်ယူရသည်။
ဆဌမတပည့် မိုထန်ကျီးသည် ရုံးတစ်ခု၌ ရှိနေသည်။သူမသည် သင်္ချာသဘောတရားကိုကျွမ်းကျင်သော လူတစ်ယောက် ဖြစ်သဖြင့် သူမ၏မျက်လုံးအတွင်း၌ လောကကြီးအတွင်းရှိ အရာရာတိုင်း ကိန်းဂဏန်းများအဖြစ်သို့ ပြောင်းလဲသွားသည်။ထို့နောက် သူမသည် အဆောက်အဦးပုံကြမ်းများကို ရေးဆွဲကာ မြို့အတွင်းရှိ နေရာအသီးသီးသို့ ပေးပို့လေ၏။
ယဲ့ပေ ဟန်ထန်းကြွယ်နှင့်တခြားလူများသည် ထိုပုံကြမ်းများကို ရရှိပြီးနောက် တည်ဆောက်ရေးလုပ်ငန်းများကို ချက်ချင်းစတင်ခဲ့ကြသည်။
"အရှင်ကျားကျားချင် ...ဒီနေရာမှာ အုတ်တွေ သဲတွေနဲ့ ဘိလပ်မြေတွေ အများကြီးလိုနေတယ်"
ယဲ့ပေက သတင်းပို့ကျောက်စိမ်းပြားကို ထုတ်ယူပြီးပြောဆိုလိုက်သည်။
"ပြဿနာမရှိဘူး...ငါ မင်းတို့ဆီ ချက်ချင်းပို့လိုက်မယ်"
ကျောက်စိမ်းပြားမှနေ၍ ကျားကျားချင်၏တုံ့ပြန်သံကို ကြားရလေ၏။
အချိန်တခဏကြာပြီးနောက် မိုးကောင်းကင်ယံမှနေ၍ ကျယ်လောင်သောအော်သံတစ်သံ ကြားလိုက်ရခြင်းနှင့်အတူ အမြှီးရှည်မီးဖီးနစ်ငှက်များ အစီအစဥ်တကျ ပျံသန်းလာသည်။
ထိုဖီးနစ်ငှက်တစ်ကောင်ခြင်းစီ၏ နောက်ကျောပေါ်တွင် ကြီးမားသောအထုပ်အပိုးတစ်ခုကို သယ်ဆောင်ထားသည်။
"မင်းတို့ ပင်ပင်ပန်းပန်း ကြိုးစားပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်"
ယဲ့ပေက ဖီးနစ်ငှက်တစ်ကောင်၏ခေါင်းကို ပွတ်သပ်ပြီး ပြောဆိုကာ လူများအားလုံး အလုပ်လုပ်ရန်အတွက် စတင်၍ပြင်ဆင်ကြတော့သည်။
"ယဲ့ပေ...ယဲ့ပေ..."
ထိုအချိန်မှာပင် ကျောက်စိမ်းပြားမှနေ၍ အသံတစ်သံ ထွက်ပေါ်လာသည်။
"အရှင်မစုယွင်ယွင်...ငါ ဘာလုပ်ပေးရမလဲ"
ယဲ့ပေက အလျင်အမြန် မေးမြန်းသည်။
"နောက်ဆုံးရှာဖွေတွေ့ရှိချက်အရ တည်ဆောက်ရေးလုပ်သားတွေအားလုံး လုံခြုံရေးခေါင်းဆောင်းတွေကို ဆောင်းထားဖို့ လိုတယ်"
စုယွင်ယွင်က ကျောက်စိမ်းပြား၏တဖက်တွင် ရှိနေသော လူများကို ညွှန်ကြားလိုက်သည်။
"နင်တို့တွေ တည်ဆောက်ရေးလုပ်ငန်းခွင်ကို ဝင်တဲ့အချိန်မှာ ဘေးကင်းစေဖို့အတွက် ကြိုတင်ပြင်ဆင်မှုတချို့ကိုလည်း လုပ်ရလိမ့်မယ်...ငါက လုံခြုံရေးခေါင်းဆောင်းတွေနဲ့ ပတ်သက်ပြီးတော့ ဂျူနီယာဖန်းကျိုးဝူကို အကြောင်းကြားပြီးပြီ...သူ အဲ့ဒါတွေကို လုပ်ပြီးတာနဲ့ နင်တို့ဆီကို မကြာခင်ပို့လိုက်လိမ့်မယ်"
"နားလည်ပါပြီ အရှင်မ..ငါတို့က မင်းရဲ့အမိန့်အတိုင်း ဆောင်ရွက်လိုက်ပါ့မယ်"
ယဲ့ပေသည် ရိုသေလေးစားစွာ တုံ့ပြန်ပြီးနောက် အဆောက်အအုံပုံကြမ်းအသစ်ကို အလျင်အမြန်စစ်ဆေးလိုက်သည်။
စုယွင်ယွင်သည် သူမ၏နဖူးကို ပွတ်သပ်လိုက်၏။လူနေမှုအသစ်နှင့်မြို့ပြအသစ်ကို တည်ဆောက်ရသည်မှာ အလွန်ပင်ပန်းသော်လည်း သူမသည် အထပ်မြင့်အဆောက်အအုံများ တစ်လုံးပြီးတစ်လုံး ပြီးစီးသွားသည်ကိုကြည့်ပြီး အလွန်စိတ်ကျေနပ်နေသည်။
မြို့တည်ဆောက်ရေးသည် အဆင်ပြေချောမွေ့နေသဖြင့်လည်း သူမသည် အလွန်အမင်းစိတ်ကျေနပ်မှုကို ခံစားမိလေ၏။
"အဲ့ဒီနေရာမှာ လုသရှန်း ရှိလား"
သူမက ကျောက်စိမ်းပြာကိုထုတ်ယူပြီး ထပ်မံ၍ခေါ်လိုက်သည်။
"အရှင်မ..."
အချိန်တခဏကြာပြီးနောက် ကျောက်စိမ်းပြား၏ တစ်ဖက်ခြမ်းမှနေ၍ လုသရှန်း၏တုံ့ပြန်သံ ထွက်ပေါ်လာသည်။
"မြို့ရဲ့မိလ္လာကျင်း...ရေနုတ်မြောင်းနဲ့ မိလ္လာစီးဆင်းမှုပြဿနာကို ဘယ်လို ဖြေရှင်းကြမလဲ"
စုယွင်ယွင်က မေးမြန်းသည်။
"အရှင်မကို သတင်းပို့ပါတယ်...ငါတို့က မိလ္လာကန်တွေကို စပြီးတူးဖော်နေပါပြီ...တခြား ပြင်ဆင်မှုလုပ်ငန်းတွေ ပြီးပြည့်စုံသွားပေမယ့် မိလ္လာမြောင်းနဲ့ပတ်သက်တဲ့ အသေးစိတ်လမ်းကြောင်းပုံစံတွေကိုတော့ ငါတို့ လုပ်ငန်းမစခင် အရှင်မမိုထန်ကျီးက အသေးစိတ်ပုံစံ ငါတို့ကိုပေးဖို့ လိုတယ်"
"အရမ်းကောင်းတယ်...ငါက အဲ့ဒီအသေးစိတ်ပုံစံကို မြန်မြန်ရေးဆွဲဖို့ ဂျူနီယာညီမ မိုထန်ကျီးကို တိုက်တွန်းလိုက်မယ်...နင် ဘာမှမစိုးရိမ်နဲ့"
စုယွင်ယွင်က တုံ့ပြန်သည်။
"ကောင်းတယ်....ဒါက အရမ်းကောင်းတယ်"
လုသရှန်းက ပြောဆိုသည်။
"ဒါနဲ့ အရှင်မယွင်ယွင်...ငါ အကြံလေးတစ်ခုလောက် ပေးလို့ရမလား"
"နင် ပြောကြည့်လေ"
စုယွင်ယွင်က တုံ့ပြန်သည်။
"ငါ့ရဲ့အတွေးအရတော့ အစားအစာခွဲတမ်းကိုနည်းနည်းပိုပေးတာ ပိုအဆင်ပြေလိမ့်မယ်...ငါတို့အားလုံးက ပင်ပင်ပန်းပန်း အလုပ်လုပ်နေရတယ်...ဒါကြောင့် မင်း ဒီကိစ္စကို စဉ်းစားပေးပါအုံး"
လုသရှန်းက စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုလေ၏။
"ပြဿနာမရှိဘူး....စီနီယာအစ်ကိုချီက မြို့တစ်မြို့လုံးအတွက် အစားအစာဖြန့်ဝေပေးဖို့ တာဝန်ယူထားတယ်...ငါ သူ့ဆီ အမြန်ဆုံးအကြောင်းကြားလိုက်မယ်"
စုယွင်ယွင်က တုံ့ပြန်သည်။
"အရှင်မယွင်ယွင်ကို ကျေးဇူးတင်ပါတယ်...ငါ အခု ဆက်ပြီး အလုပ်လုပ်လိုက်ဦးမယ်"
လုသရှန်းက ပြောဆိုသည်။
ထို့နောက် သတင်းပို့ကျောက်စိမ်းပြားမှတဆင့် စုယွင်ယွင်သည် ချီယီထုံနှင့်မိုထန်ကျီးတို့ကို ချက်ချင်းဆက်သွယ်လိုက်၏။
သူမသည် သူတို့နှင့် စကားပြောဆိုပြီးသွားသောအချိန်မှာပင် ကျောက်စိမ်းပြားမှ အသံတစ်သံ ထပ်မံ၍ထွက်ပေါ်လာသည်။
"မြို့ရဲ့အနောက်ဘက်ခြမ်းမှာ အန္တရာယ်ရှိတဲ့အဆောက်အအုံတစ်ခု ရှိနေတယ်...ဒါကို ဖြိုချပြီးတော့ အသစ်ပြန်တည်ဆောက်ဖို့ လိုတယ်မဟုတ်လား...ကောင်းပြီလေ...ငါ သိပြီ..ငါ အခုချက်ချင်း ဂျူနီယာညီလေးဟုန်ဖုန်ခွမ်းကို အဲ့ဒီနေရာဆီသွားဖို့ အကြောင်းကြားလိုက်မယ်"
ထိုသို့ပြောဆိုပြီးနောက် သူမသည် ဟုန်ဖုန်ခွမ်းကို ချက်ချင်းအသိပေးလိုက်၏။
အချိန်တစ်ခဏကြာပြီးနောက်...
မြို့၏အနောက်ဘက်ခြမ်းမှနေ၍ ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။ထို့နောက် အန္တရာယ်ရှိသော အဆောက်အအုံသည် မြေပြင်ပေါ်သို့ ပြိုကျသွားပေ၏။
Chapter 957
အရိပ်ကျွန်းပေါ်၌ အရာအားလုံး အစီအစဥ်တကျ ဖြစ်ပွားနေသည်။
သို့ရာတွင် နောက်အနာဂတ်၌ သူတို့အတွက် ကြီးမားသောအခက်အခဲများ စောင့်ဆိုင်းနေဆဲပင်။ထို့ပြင် သူတို့ ရှာဖွေဖော်ထုတ်ပြီး ပြီးပြည့်စုံအောင်လုပ်ရန် လိုအပ်သည့် အရာများစွာ ရှိနေပေ၏။
လောကကြီးအတွင်းရှိ နေရာဒေသအသီးသီးတွင် ကြယ်နယ်မြေအမြောက်အများ ရှိနေသည်။
သို့ရာတွင် ယခုလက်တလောအချိန်၌ ထိုကြယ်နယ်မြေများအနက်မှတချို့၌ ငြိမ်းချမ်းခြင်း မရှိချေ။
လဝက်အချိန်ကာလအတွင်းတွင် နေသာသောနေ့တစ်နေ့ ဖြစ်သည့်တိုင် ယွင်ရှင်းကမ္ဘာတခွင်လုံး၌ နေရောင်ခြည်အလင်းတန်းတစ်တန်းမျှမရှိဘဲ အရာအားလုံး မှုန်မှိုင်းနေသည်။
ဤသည်မှာ ယွင်ရှင်းကမ္ဘာရှိ လူများအားလုံးကို သူတို့၏ခေါင်းများထက်၌ မမြင်နိုင်သော အတားအဆီးအလွှာတစ်လွှာ ရှိနေသည့်အလား မွန်းကြပ်မှုကို ခံစားရစေသည်။
ဤသည်မှာ မွန်းကြပ်မှုပြဿနာသက်သက် မဟုတ်ချေ။
နယ်ပယ်အသီးသီးမှ လူငယ်ပါရမီရှင်များနှင့် ထူးချွန်သောပညာရှင်များ ယခုလတ်တလောအချိန်တွင် သေဆုံးမှုများနှင့်ပျောက်ဆုံးသွားမှုများ ရှိလာသည်။
ယေဘုယျကျကျ ပြောဆိုရလျှင် ထူးချွန်သောလူငယ်ပါရမီရှင်များအားလုံးသည် ထိပ်သီးအင်အားစုကြီးများမှ နောက်အနာဂတ်အတွက် ရွေးချယ်ထားသူများ ဖြစ်သည်။
ဤကဲ့သို့လူစားများ၏ လက်အတွင်းတွင် အသက်ကယ်ဝှက်ဖဲအမြောက်အများ ရှိနေခဲ့သော်လည်း သူတို့အားလုံး သေဆုံးမှုများပျောက်ဆုံးမှုများဖြင့် ကြုံတွေ့ခဲ့ရသည်။ထိုကြောင့် လူများအားလုံးသည် တစ်စုံတစ်ခု မူမမှန်သည်ကို ခံစားမိလေ၏။
ထို့ပြင် မကြာသေးမီအချိန်က နေရာဒေသအသီးသီးနှင့် ဆက်နွယ်နေသော အနက်ရောင်မြူခိုးနယ်မြေအတွင်းတွင် ပုံမှန်မဟုတ်သောလှုပ်ရှားမှုများ ဖြစ်ပွားနေသည်။ဤသည်မှာ ထိုနယ်မြေအတွင်းရှိ အလွန်ဆိုးသွမ်းသော သက်ရှိတကောင် နိုးထလာတော့မည်လား ရံဖန်ရံခါ၌ အစွမ်းထက်သောအရှိန်အဝါများ ယိုစိမ့်ထွက်လာသည်။
ထျန်းရှာအဖွဲ့အစည်းသည် ဤကိစ္စအတွက် ချက်ချင်းတုံ့ပြန်ခဲ့သည်။ပထမဆုံးအနေဖြင့် သူတို့သည် နေရာဒေသအသီးသီးမှ ပါရမီရှင်လူငယ်များ သေဆုံးသွားမှုနှင့် ပျောက်ကွယ်သွားမှုအတွက် အကြောင်းအရင်းကို အားကြိုးမာန်တက် ရှာဖွေစုံစမ်းခဲ့သည်။ဒုတိယအနေဖြင့် သူတို့သည် ထျန်းရှာအဖွဲ့အစည်း၏ လက်အောက်ခံနေရာဒေသအသီးသီးအား အနိမ့်ရောင်မြူခိုးနယ်မြေကို ဂရုတစိုက် စောင့်ကြည့်ထားရန်နှင့် အရေးပေါ်အခြေအနေတစ်ခုခု ရှိလာပါက အချိန်မရွေးသတင်းပို့ရန် ညွှန်ကြားခဲ့လေ၏။
ထို့ပြင် နယ်မြေဒေသတစ်ခုစီအတွင်းရှိသူတော်စင်များကိုလည်း သူတို့၏သက်ဆိုင်ရာနယ်မြေများကို စောင့်ကြပ်ရန် တိုက်တွန်းထားသည်။
မိုးမြေကျွန်း၌....
ချင်မိသားစု၏သူတော်စင် ချင်လန်သည် သူ့၏လက်အတွင်းရှိစာကို အောက်သို့ချပြီးနောက် သူ၏မျက်နှာပေါ်တွင် တည်ကြည်လေးနက်သော အရိပ်အယောင်များ ထင်ဟပ်လာသည်။
သူသည် ထျန်းရှာအဖွဲ့အစည်း၏ အဖွဲ့ဝင်တစ်ယောက် မဟုတ်သော်လည်း ဤကဲ့သို့ကိစ္စမျိုးအတွက် အဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်ရပေမည်။
"အခုအချိန်မှာ လောကကြီးတခွင်လုံး မငြိမ်းချမ်းတော့ဘူး"
"တကယ်လို့ ငါတို့တွေက စီနီယာကိုရှာတွေ့ရင် အရမ်းကောင်းမှာပဲ"
ထိုလူအကြောင်းကို တွေးတောမိချိန်၌ ချင်လန်သည် ကျောထောက်နောက်ခံတစ်ခုကို ရှာတွေ့သွားသကဲ့သို့ ခံစားမိလေ၏။
သူသည် သတင်းပို့ကျောက်စိမ်းပြားကို ထုတ်ယူပြီး စီနီယာအား ရှာဖွေနေသော ချင်နန်နှင့်ချင်ကျင်ယွီတို့ထံသို့ ဆက်သွယ်လိုက်သည်။
ပထမအချက်အနေဖြင့် ထိုစီနီယာကို တတ်နိုင်သမျှ အမြန်ဆုံးရှာရန်ဖြစ်ပြီး....
ဒုတိယအချက်အနေဖြင့် ဘေးကင်းရန်အတွက် အာရုံစူးစိုက်ရန် သူတို့အား သူ သတိပေးလိုသည်။တခြားနယ်မြေများမှ လူငယ်ပါရမီရှင်များ သေဆုံးသွားခြင်း ပျောက်သွားခြင်းတို့မှတဆင့် သူ တစ်စုံတစ်ခုကို ခံစားမိသည်။
သို့ရာတွင်...
အချိန်အတော်ကြာသည့်တိုင် ကျောက်စိမ်းပြားမှနေ၍ မည်သည့်တုံ့ပြန်မှုမျှ မရှိချေ။
"ဘာတွေ ဖြစ်နေတာလဲ"
ချင်လန်၏စိတ်နှလုံးသားအတွင်းတွင် နိမိတ်ဆိုးတစ်ခုကို ရရှိသဖြင့် အလျင်အမြန်မတ်တတ်ထရပ်ပြီး သူတော်စင်တစ်ယောက်၏အရှိန်အဝါကို ထုတ်လွှတ်လိုက်၏။သူ၏နတ်ဘုရားစိတ်အာရုံသည် ယွင်ရှင်းကမ္ဘာတခွင်လုံးကို ချက်ချင်းလွှမ်းခြုံသွားကာ ချင်နန်နှင့်ချင်ကျစ်ယွီတို့၏အရှိန်အဝါကို နယ်မြေတစ်ခုပြီးတစ်ခု စတင်၍ရှာဖွေခဲ့သည်။
ချင်လန် ထုတ်လွှတ်ထားသော နတ်ဘုရားစိတ်အာရုံကို အာရုံခံမိချိန်တွင် ချင်မိသားစုခေါင်းဆောင်ချင်ရီနှင့်အကြီးအကဲများ အလျင်စလို ပြေးလာကြသည်။သူတို့သည် အလေးအနက်ထားသော မျက်နှာအမူအယာများဖြင့် ချင်လန်ကို စောင့်ဆိုင်းလိုက်ကြ၏။
အချိန်တခဏကြာပြီးနောက် ချင်လန်က ခက်ထန်သောအမူအယာဖြင့် သူ၏မျက်လုံးကို ဖွင့်လိုက်သည်။
"ကျစ်ယွီနဲ့နန်အာ ပျောက်နေတယ်...."
"ဘာ..."
ထိုစကားများကိုကြားသည်နှင့် လူများအားလုံးသည် လျှပ်စီးမိုးကြိုးဖြင့် ရိုက်ခတ်ခံရသည့်အလား ခံစားလိုက်ရကာ သူတို့၏မျက်နှာများ ဖြူရော်သွားသည်။
ချင်နန်နှင့်ချင်ကျစ်ယွီတို့သည် ချင်မိသားစု၏အနာဂတ်ပင်။သူတို့နှစ်ယောက်လုံးသည် နောင်အနာဂတ်တွင် ချင်မိသားစု၏သူတော်စင်နေရာကို အောင်မြင်စွာ ဆက်ခံနိုင်ဖွယ်ရှိပေ၏။
"ဘိုးဘေး...ဘာတွေဖြစ်နေတာလဲ"
ချင်ရီက စိုးရိမ်ပူပန်တကြီး မေးမြန်းသည်။
"နန်အာနဲ့ကျစ်ယွီတို့ဆီမှာ ဘိုးဘေးပေးလိုက်တဲ့ မှော်ဓားရှိနေတယ်...သူတို့ရဲ့စွမ်းအားနဲ့ မှော်ဓားပေါင်းစပ်ဆိုရင် သူတော်စင်တစ်ယောက်မှ မဟုတ်ရင်...ခြေလှမ်းတစ်ဝက်သူတော်စင်တစ်ယောက်တောင် ခုလိုမျိုး မရှင်းလင်းတဲ့နည်းနဲ့ သူတို့ကို ပျောက်သွားစေမှာ မဟုတ်ဘူး"
ချင်လန်က မျက်မှောင်ကြုတ်ပြီး အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။
"ဒါက သူတော်စင်တစ်ယောက် လှုပ်ရှားသွားတာ ဖြစ်နိုင်တယ်....ငါက နတ်ဘုရားစိတ်အာရုံနဲ့ ယွင်ရှင်းကမ္ဘာတခွင်လုံးကို စစ်ဆေးခဲ့ပေမယ့် သူတို့ရဲ့အရိပ်အယောင်ကိုတောင် ရှာမတွေ့ခဲ့ဘူး..."
"ဘာ...သူတော်စင်တစ်ယောက်လား..."
ထိုစကားကိုကြားချိန်တွင် ချင်ရီသည် ထိတ်လန့်တကြား ထခုန်ပြီး အော်ဟစ်လိုက်၏။
"ဒါက ဘယ်လိုသူတော်စင်မျိုးလဲ...သူက ဂျူနီယာတွေကိုတောင် တိုက်ခိုက်ခဲ့တယ်...ဒါ့ပြင် ငါတို့ချင်မိသားစုက အမြဲတမ်း သိုသိုသိပ်သိပ်နေပြီးတော့ ဘယ်တုန်းကမှ တခြားသူတော်စင်တွေနဲ့ အမုန်းမပွားခဲ့ဘူး"
"ဒါက အနက်ရောင်နယ်မြေနဲ့ ဆက်စပ်နေနိုင်တယ်..."
ချင်လန်က သူ၏လက်ကိုဆန့်တန်းပြီး ထျန်းရှာအဖွဲ့အစည်းမှ ပေးပို့လိုက်သောစာကို တခြားလူများထံ လက်ကမ်းပေးလိုက်သည်။
"တခြားနယ်မြေတွေမှာလည်း လူငယ်ပါရမီရှင်တွေအများကြီး အသေအပျောက်ရှိနေတာလား"
ချင်လန်သည် ထိုစာကိုဖတ်ပြီးနောက် အလွန်အမင်း စိုးရိမ်ပူပန်သွားသော မျက်နှာအမူအယာဖြင့် အော်ဟစ်လေသည်။
"အနက်ရောင်နယ်မြေက နတ်ဆိုးတွေ စပြီးလှုပ်ရှားနေတာလား...သူတို့က ငါတို့လူသားမျိုးနွယ်ရဲ့အနာဂတ်အုတ်မြစ်တွေကို ဖြတ်တောက်ဖို့ ရည်ရွယ်ထားတယ်ဆိုတာ သိသာတယ်..."
"ဟူး...မျိုးနွယ်စုစစ်ပွဲတွေအတွင်းမှာ သူတို့သုံးတဲ့နည်းလမ်းတွေက စက်ဆုပ်ဖို့ကောင်းတယ် မကောင်းဘူးဆိုတာ ဘယ်သူကမှ ဂရုစိုက်မှာမဟုတ်ဘူး"
ချင်လန်က သက်ပြင်းတစ်ချက်ရှိုက်ပြီး ပြောဆိုသည်။
"ဘိုးဘေး...ဒါဆိုရင် ငါတို့ ဘာဆက်လုပ်ကြမလဲ...ငါတို့တွေက နန်အာနဲ့ကျစ်ယွီတို့ကို ကယ်ရမယ်"
"အမှန်ပဲ ဘိုးဘေး...အဲ့ဒီကလေးနှစ်ယောက်က အရမ်းလိမ္မာတယ်...ငါတို့တွေက သူတို့ကြီးပြင်းလာမယ့်အချိန်ကို စောင့်နေခဲ့တာ...သူတို့ကို ခုလိုမျိုး ဖြစ်သွားခွင့် ပြုလို့မရဘူး...."
"ငါတို့တွေက သူတို့ကို ကယ်တင်ရမယ်..."
"ဒါက အနက်ရောင်နယ်မြေနဲ့ တကယ်ကြီး ပတ်သက်နေတယ်ဆိုရင် လွယ်မှာမဟုတ်ဘူး"
ချင်လန်က မျက်မှောင်ကြုတ်ပြီး ပြောဆိုသည်။
"ထျန်းရှာအဖွဲ့အစည်းက ဒီကိစ္စနဲ့ပတ်သက်ပြီး ပြင်းပြင်းထန်ထန် စုံစမ်းစစ်ဆေးနေတယ်...ငါတို့တွေက အချိန်အတိုင်းအတာတစ်ခုထိ ထျန်းရှာအဖွဲ့အစည်းကလာမယ့် သတင်းကို စောင့်ရုံပဲ တတ်နိုင်လိမ့်မယ်"
"ကံကောင်းတာတစ်ခုကတော့ သူတို့ရဲ့စိတ်ဝိညာဥ်မီးအိမ်တွေ မငြိမ်းသေးတာပဲ..."
လူများအားလုံးသည် သူတို့၏လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်ပြီး တိတ်တဆိတ်ခေါင်းညိတ်လိုက်ကြ၏။
ချင်လန် ပြောဆိုသွားသော စကားများ၏အဓိပ္ပါယ်ကို သူတို့အားလုံး နားလည်သဘောပေါက်သည်။သူတော်စင်မိသားစုတစ်စု ဖြစ်သည့်တိုင် အနက်ရောင်နယ်မြေနှင့်ဆက်စပ်နေသည့် လူများကိုကယ်တင်ရန် မလွယ်ကူချေ။
တစ်ခုတည်းသော စိတ်ဖြေသိမ့်စရာမှာ ယခုချိန်ထိ ချင်နန်တို့၏စိတ်ဝိညာဥ်မီးအိမ်များ ငြိမ်းမသွားခြင်းပင်။
သို့ရာတွင် သူတို့သည် အစွမ်းအစမဲ့သကဲ့သို့ ခံစားနေရကာ အလွန်အမင်း စိတ်မသက်မသာဖြစ်နေကြသည်။
မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ရက်အနည်းငယ် ကုန်ဆုံးသွားလေပြီ။
ယွင်ရှင်းကမ္ဘာအတွင်း၌ လူငယ်ပါရမီရှင်များ၏အသေအပျောက်များ ဆက်လက်၍ဖြစ်ပွားနေသည်။ဤကိစ္စကြောင့် ယွင်ရှင်းကမ္ဘာတခွင်လုံးရှိလူများ ထိတ်လန့်တကြား ဖြစ်နေပေ၏။
တည်ငြိမ်သော ပင်လယ်ရေမျက်နှာပြင်ပေါ်၌...
အလံနီလွှင့်ထူထားသော သင်္ဘောကြီးတစ်စင်း မျောလွင့်နေသည်။
"အစ်ကိုကြီး...အစောင့်တွေအားလုံး သေသွားပြီ"
ကုန်းပတ်ပေါ်၌ ချင်ကျစ်ယွီသည် ချင်နန်ထံသို့လျှောက်လှမ်းလာပြီး အလေးအနက်ထားသောအမူအယာဖြင့် ပြောဆိုသည်။
"သင်္ဘောပေါ်မှာ အသက်ရှင်တာဆိုလို့ လူဆယ်ယောက်ပဲ ကျန်တော့တယ်... တကယ်လို့ ဒီတိုင်းဆက်သွားမယ်ဆိုရင် ငါတို့တွေက စီနီယာကို ရှာဖို့နေနေသာသာ ဒီနေရာမှာ ငါတို့အားလုံးသေသွားမှာကို ငါ စိုးရိမ်မိတယ်"
ဘုန်း...
ထိုစကားကိုကြားချိန်တွင် ချင်နန်သည် သင်္ဘောနံရံကို ပြင်းပြင်းထန်ထန် ထိုးနှက်လိုက်သည်။ သူ၏မျက်နှာသည် ဖြူရော်နေကာ သူ၏မျက်လုံး နီမြန်းနေပြီး သူ၏စိတ်အခြေအနေ အလွန်အမင်း ဆိုးရွားနေပေ၏။သူ့ကိုကြည့်ရသည်မှာ ပင်ပန်းနွမ်းနယ်နေပုံရသည်။
ချင်လန်၏ညွှန်ကြားချက်အရ သူတို့သည် စီနီယာ၏တည်နေရာနှင့် ပတ်သက်သည့်သတင်းများကို ထျန်းယုနယ်မြေတခွင်လုံးအနှံ့ ရှာဖွေခဲ့ကြသည်။သို့ရာတွင် သူတို့၏သင်္ဘောကို ဤနေရာသို့ ရွက်လွှင့်ခဲ့ချိန်၌ နေရာတစ်နေရာတည်း၌ ဝိုင်းပတ်နေပုံရသည်။
သူတို့သည် မည်သည့်ဦးတည်ဘက်သို့ သွားသည်ဖြစ်စေ သူတို့၏စမှတ်နေရာသို့သာ ပြန်လည်ရောက်ရှိသွားခဲ့သည်။
ဤသည်မှာ ကြောက်မက်ဖွယ်အကောင်းဆုံးကိစ္စ မဟုတ်သေးချေ။ထို့ထက်ပို၍ ကြောက်မက်ဖွယ်ကောင်းသည့်ကိစ္စမှာ သူတို့သည် ဤပင်လယ်ရေပြင်ဧရိယာအတွင်းသို့ ဝင်ရောက်ပြီးနောက် လေဟာနယ်အတွင်းရှိ လျှို့ဝှက်ဆန်းကြယ်သော အားလှိုင်းတစ်ရပ်မှနေ၍ သူတို့၏ကျင့်ကြံဆင့်စွမ်းအားနှင့်အသက်စွမ်းအားများကို စုပ်ယူနေခြင်းပင်။
ဤခံစားချက်သည် သူတို့၏ခန္ဓာကိုယ်များအတွင်း၌ ကပ်ပါးကောင်များ ရှင်သန်နေသည်နှင့် တူညီပေ၏။သူတို့အားလုံး မည်သို့ပြုလုပ်ပါစေ ထိုအရာကို ရှင်းထုတ်နိုင်စွမ်းမရှိချေ။ထိုအရာသည် သူတို့၏သွေးများကိုစုပ်ယူပြီး သူတို့၏အသက်စွမ်းအားများ တဖြည်းဖြည်းခမ်းခြောက်သွားသည်ကို စောင့်ကြည့်ရုံသာ တတ်နိုင်သည်။
ချင်ကျစ်ယွီ ပြောဆိုခဲ့သော အစောင့်များသည်လည်း ဤပုံစံအတိုင်း တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားခဲ့သည်။
ယခုချိန်တွင် သူတို့မောင်နှစ်မနှစ်ယောက်မှလွဲ၍ အသက်ရှင်ကျန်ရစ်သူမှာ လက်နှစ်ဖက်ချိုး၍ ရေတွက်ရန်ထက်ပင် လျော့နည်းနေလေပြီ။
"ဘာကိစ္စပဲရှိနေနေ...ငါတို့ ထပ်ကြိုးစားရမယ်...ငါတို့ ဒီနေရာမှာ သေသွားလို့မဖြစ်ဘူး.."
ချင်နန်က မကျေမနပ် ပြောဆိုသည်။
ထိုသို့ပြောဆိုပြီးနောက် သူသည် သင်္ဘော၏အတွင်းခန်းသို့ အလျင်အမြန်လျှောက်လှမ်းသွားပြီး သင်္ဘော၏ပဲ့ကို သူကိုယ်တိုင်ကိုင်လိုက်၏။
အလံနီလွှင့်ထူထားသော သင်္ဘောကြီးမှ တံပိုးသံထွက်လာကာ ရွှက်လွှင့်ပြီး ရေလှိုင်းများကိုဖြတ်ကျော်၍ ရှေ့ရှိပင်လယ်ပြင်ထံ ဦးတည်ခုတ်မောင်းသွားသည်။
အမှန်အားဖြင့် ယခုလတ်တလောနေ့ရက်များအတွင်းတွင် သူတို့သည် ဤနေရာမှထွက်သွားနိုင်ရန် အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့သော်လည်း ရလဒ်သည် အကြိမ်တိုင်း ထပ်တူထပ်မျှပင်။
ဤတစ်ကြိမ်သည်လည်း ချွင်းချက်မဟုတ်ခဲ့ချေ။
သူတို့ မည်မျှထိ ကြိုးစားသည်ဖြစ်စေ ဤပင်လယ်ရေပြင်ဧရိယာအတွင်းမှ ထွက်နိုင်ခြင်းမရှိဘဲ သူတို့၏ကျင့်ကြံဆင့်စွမ်းအားနှင့် အသက်စွမ်းအားများ အချိန်နှင့်အမျှ ကုန်ဆုံးနေသည်။
"အား...."
"အားးး...."
"ဒီကိစ္စရဲ့နောက်မှာ ဘယ်သူရှိနေတာလဲ...တကယ်လို့ မင်းမှာ သတ္တိရှိရင် ထွက်လာပြီးတော့ ငါနဲ့တိုက်ခိုက်စမ်း..."
ပြိုလဲလုဆဲဆဲဖြစ်နေသော ချင်နန်သည် ဒေါသတကြီးအော်ဟစ်ကာ သူ၏လက်အတွင်းရှိဓားကို ဝှေ့ယမ်းလိုက်သဖြင့် ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။ပတ်ဝန်းကျင်ရှိ ပင်လယ်ရေလှိုင်းများသည် ဒီရေလှိုင်းများအလား မြင့်တက်လာကာ သင်္ဘောတစ်စီးလုံး အဆက်မပြတ် ယမ်းခါသွားသည်။
သို့ရာတွင် ရေလှိုင်းများ ပျောက်ကွယ်သွားပြီးနောက် ပင်လယ်ရေပြင်သည် တဖန်ပြန်၍ တည်ငြိမ်သွားကာ ချင်နန်၏စကားလုံးများအတွက် မည်သည့်တုံ့ပြန်မှုမျှ မရှိချေ။
သူ၏နောက်တွင်ရှိနေသော ချင်ကျစ်ယွီ၏မျက်နှာ ဖြူရော်နေပြီး သူမ၏လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်ထားသည်။သူမ၏ပုလဲရောင်သွားများဖြင့် သွေးရောင်ကင်းမဲ့နေသောနှုတ်ခမ်းကို ကိုက်ထားကာ သူမ၏မျက်လုံးများအတွင်း၌ စိတ်ပျက်မှုများဖြင့် ပြည့်နှက်နေပေ၏။
ဤခံစားချက်သည် အမှန်တကယ်ကို သက်တောင့်သက်သာမရှိချေ။
သူတို့သည် တစ်စုံတစ်ယောက်ဖြင့် မျက်နှာချင်းဆိုင်တိုက်ခိုက်ကာ ထိုလူ၏ဓားချက်ဖြင့် သေဆုံးသွားသည်က ဤကဲ့သို့ မထိတွေ့ရ မမြင်ရသောအရာကို ရင်ဆိုင်ရသည်ထက် ပို၍ကောင်းမွန်ပေမည်။ယခုအချိန်၌ သူတို့သည် သေဆုံးသွားချိန်ထိတိုင် စိတ်ပျက်လက်ပျက်ဖြင့် သူတို့ကိုယ်သူတို့ စောင့်ကြည့်နေရုံသာ တတ်နိုင်သည်။
သို့ရာတွင် သူတို့မောင်နှမနှစ်ယောက် စိတ်ပျက်လက်ပျက် ဖြစ်နေစဉ်မှာပင် မလှမ်းမကမ်းအကွာရှိ ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် ဝိုးတဝါးပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။
Chapter 958
ဤမြင်ကွင်းကြောင့်....
ကုန်းပတ်ပေါ်တွင် မတ်တတ်ရပ်နေသော မောင်နှမနှစ်ယောက်သား အံ့အားသင့်သွားသည်။
ထိုမြင်ကွင်းကိုကြည့်ပြီး သင်္ဘောပေါ်ရှိ တခြားအသက်ရှင်သူများသည်လည်း ကုန်းပတ်ပေါ်သို့ပြေးလာကာ အဝေးတစ်နေရာရှိ ဝိုးတဝါးပုံရိပ်ကို စိတ်လှုပ်ရှားမှု စိုးရိမ်ပူပန်မှုတို့ဖြင့် ကြည့်လိုက်ကြ၏။
ဤကဲ့သို့ ကူကယ်ရာမဲ့ကာ စိတ်ပျက်ဖွယ်ကောင်းသော အခြေအနေမျိုး၌ ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် လူသားတစ်ယောက်၏ပုံသဏ္ဍာန်အား မြင်တွေ့ရချိန်တွင် သူတို့ မည်ကဲ့သို့ ခံစားနေရသည်ကို တွေးတောကြည့်နိုင်ရန် အလွန်ခက်ခဲသည်။
သို့ရာတွင် တစ်ချိန်တည်းမှာပင် သူတို့သည် ထိုလူ မည်သူမည်ဝါဖြစ်သည်ကို တွေးတောနေကြသည်။
သူသည် ဤလေဟာနယ်အတွင်းသို့ မတော်တဆဝင်လာမိသည့် သူတို့ကဲ့သို့ ကံဆိုးသူတစ်ယောက် ဖြစ်နေသလော...
သို့မဟုတ် သူသည် ဤကိစ္စ၏နောက်ကွယ်မှ လက်သည်တရားခံ ဖြစ်နေသလော...
လူများအားလုံး စိတ်လှုပ်ရှားစွာဖြင့် မျှော်လင့်တကြီး စောင့်ကြည့်နေကြကာ....
အချိန်များ တရွေ့ရွေ့ကုန်ဆုံးလာပြီးနောက် လူများအားလုံးသည် နောက်ဆုံး၌ ထိုလူ၏ပုံရိပ်ကို ရှင်းရှင်းလင်းလင်းမြင်တွေ့မိလေ၏။
ထိုလူသည် အသက်ငယ်ရွယ်ကာ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ကြည့်ရသည်မှာ နူးညံ့သိမ်မွေ့ပြီး တင့်တယ်နေသည်။သူ့ကိုကြည့်ရသည်မှာ လောကကြီးနှင့် ထိတွေ့မှုကင်းမဲ့သော ကျောင်းတော်သားတစ်ယောက်နှင့် တူညီသည်။သူသည် သူ၏သားရဲပေါ်၌ ပျင်းရိငြီးငွေ့စွာ လဲလျောင်းနေကာ ရေမျက်နှာပြင်ကို သူ၏ခြေထောက်ဖြင့် စည်းချက်ညီညီ လှော်ခတ်နေသည်။
သူ စီးလာသောသားရဲသည် ပို၍ပင် ထူးဆန်းပေ၏။
ယခုကြည့်ကြည့်တော့မှ ထိုသားရဲသည် ဦးမှင်မွှေးနှစ်ချောင်းရှိသော ခရုကြီးတစ်ကောင် ဖြစ်နေသည်။ထိုခရုကြီးသည် ပျင်းရိသောအမူအယာရှိနေကာ မျက်လုံးစုံမှိတ်ထားသဖြင့် လူအများအား သူ အိပ်ပျော်သွားတော့မည်ဟူသော ခံစားချက်မျိုး ပေးစွမ်းနိုင်သည်။
ဤလူ၏ပုံပန်းသွင်ပြင်အရ အကဲဖြတ်ကြည့်ပါက သူကိုကြည့်ရသည်မှာ လူဆိုးတစ်ယောက်နှင့် မတူညီချေ။
ထို့ပြင် သူ၏ခွန်အား အတိမ်အနက်နှင့် ပတ်သက်ပြီး သူတို့ ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်ခြင်းမရှိချေ။
သို့ရာတွင် ဤကိစ္စကို သူတို့ အထူးတလည်အာရုံစိုက်ခြင်း မရှိချေ။ယွင်ရှင်းကမ္ဘာသည် ကျယ်ပြန့်ကာ အရင်းအမြစ်များ ပေါကြွယ်ဝသဖြင့် ကျင့်ကြံနည်းစနစ်များသည် အကန့်အသတ်မရှိသော ရေစီးကြောင်းတစ်ကြောင်းအလား ထွက်ပေါ်နေပေ၏။အကဲခတ်သူသည် တစ်ဖက်လူထက် ကျင့်ကြံဆင့်အမြောက်အများ မြင့်မားခြင်းမရှိပါက မည်သည့်လှုပ်ရှားမှုမျှမရှိဘဲ ထိုလူ၏ကျင့်ကြံဆင့်နယ်ပယ်ကို ထွင်းဖောက်မြင်နိုင်ရန် ခက်ခဲပေမည်။
"အမ်...."
"ရှေ့မှာ သင်္ဘောကြီးတစ်စီးပါလား..."
မန်မန်ပေါ်၌ ငိုက်မျဥ်းနေသော ရီဖုန်းသည် ဆူညံသံများကို ကြားမိသဖြင့် ကြည့်လိုက်ရာ ချင်နန်တို့လူစုကို မြင်တွေ့မိသည်။
သူတို့သည်လည်း သူ့အား စိုက်ကြည့်နေသည်ကို မြင်တွေ့သဖြင့် ရီဖုန်းက ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။
သူ၏ခရုကြီးသည် မည်သည့်နေရာသို့ သွားသည်ဖြစ်စေ တခြားလူများ၏စိတ်အာရုံကို ဆွဲဆောင်နိုင်ပေ၏။မည်သို့ပင်ဆိုစေကာမူ လောကကြီးအတွင်း၌ အံ့အားသင့်ဖွယ်ကောင်းပြီး တမူထူးသော သားရဲအမြောက်အများရှိသော်လည်း ဤကဲ့သို့ ထူးဆန်းသောခရုကြီးသည် ရှားပါးမည်မှာ သေချာပေါက်ပင်။
"ငါရဲ့နာမည်က ရီဖုန်းပါ...ငါက ဒီနေရာကနေ ဖြတ်သွားတာပါ...မင်းတို့အားလုံးကို တွေ့ရတာ ဝမ်းသာပါတယ်...."
ရီဖုန်းက ဦးညွှတ်ပြီး ပေါ့ပေါ့ပါးပါးနှုတ်ဆက်လိုက်သည်။
ထိုစကားများကို ကြားချိန်တွင်...
ချင်နန်တို့လူစုသည် ဤသည်မှာ သူတို့ကဲ့သို့ ကံဆိုးသူတစ်ယောက်ဖြစ်ကြောင်း နားလည်သွားသည်။ထိုလူ၏စိတ်အေးလက်အေး အမူအယာကို ကြည့်ခြင်းအားဖြင့် သူသည် ကြီးမားသောအန္တရာယ်အတွင်းသို့ ကျရောက်နေသည်ကို သိရှိသေးပုံမရပေ။
တစ်ချိန်တည်းမှာပင် သူတို့သည် ရှင်းပြရန်မစွမ်းသော စိတ်ရှုပ်ထွေးမှုနှင့်စိတ်မသက်မသာဖြစ်မှုတို့ကို ခံစားမိလေ၏။
ယေဘူယျကျကျပြောဆိုရလျှင် ဤအချိန်တွင် ဤနေရာသို့ ရောက်ရှိလာသော တစ်စုံတစ်ယောက်သည် ကံဆိုးသူ သို့မဟုတ် ဤပြဿနာ၏နောက်ကွယ်ရှိ လက်သည်တရားခံသာဖြစ်ပေမည်။
မည်ကဲ့သို့ ဖြစ်နေပါစေ သူတို့အတွက် နောက်ဆုံးရလဒ်သည် များစွာပြောင်းလဲသွားမည် မဟုတ်ချေ။
သို့ရာတွင် သူတို့ အနည်းငယ်အားတက်သွားသည်မှာ.....
လူများပို၍ရှိလာခြင်းသည် အမြဲတစေ ကိစ္စကောင်းတစ်ရပ် ဖြစ်ပြီး ဤှသည်မှာ အဖြေတစ်ခုရှာရန် တွေးတောနိုင်သော လူများပိုလာသည်ဟု ဆိုလိုခြင်းပင်။
"ငါတို့က မိုးမြေကျွန်းရဲ့ ချင်မိသားစုကပါ..."
"အစ်ကိုရီ....ငါတို့တွေ မတော်တဆ ဆုံတွေ့ခဲ့မှတော့...ကျေးဇူးပြုပြီး သင်္ဘောပေါ်ကို တက်ခဲ့ပါလား"
ချင်နန်က အော်ဟစ်လိုက်သည်။
"အိုး...ငါ့ကို သင်္ဘောပေါ် ဖိတ်ခေါ်နေတာကိုကြည့်ရင်..မင်းက တော်တော်လေး သဘောကောင်းတဲ့လူပဲ..."
ရီဖုန်းက ရယ်မောလိုက်သည်။
ရီဖုန်းထံတွင် သူ့အား ကျီစယ်လိုစိတ်ရှိနေသည်ကိုကြည့်ပြီး ချင်နန်၏မျက်နှာ သုန်မှုန်သွားသည်။
သူ ရီဖုန်းအား သင်္ဘောပေါ်သို့ တက်လာရန် ဖိတ်ခေါ်ခဲ့သော အကြောင်းအရင်းမှာ ဤပင်လယ်ဧရိယာအတွင်းမှ ထွက်သွားနိုင်မည်မဟုတ်ဟု ပြောလိုသောကြောင့်ပင်။
သူ၏စကားများကို နားထောင်ပြီးနောက် ရီဖုန်းသည် ဤကဲ့သို့ အကောင်းမြင်သဘောထားကို ဆက်၍ထိန်းသိမ်းထားနိုင်ရန် သူ မျှော်လင့်မိသည်။
ထို့နောက် ချင်နန်သည် မသိမသာ သက်ပြင်းရှိုက်လိုက်၏။
ရီဖုန်းသည် မန်မန်ကို သိုလှောင်အိတ်အတွင်းသို့ ပြန်လည်သိမ်းဆည်းပြီး သင်္ဘောကုန်းပတ်ပေါ်သို့ တက်လိုက်၏။
သူ သင်္ဘောပေါ်သို့ ရောက်ရှိသည်နှင့် သူ၏နှာခေါင်း ပွစိပွစိဖြစ်သွားကာ အနံ့တစ်ခုကို ရှုရှိုက်မိသည်။
ဤသင်္ဘောပေါ်၌ မီးဖိုချောင်တစ်ခု ရှိနေကာ မွှေးရနံ့သည် ထိုနေရာမှ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သူ ရှာဖွေတွေ့ရှိမိလေ၏။
'ဒီအနံ့က တော်တော်လေး ကောင်းတယ်'
ရီဖုန်းသည် ထိုအရာကို သဘောကျသွားသဖြင့် အပြုံးနှင့်မေးမြန်းလိုက်သည်။
"ငါ ဒီနေရာမှာ ထမင်းစားလို့ရလား"
"အစ်ကိုရီ....တကယ်လို့ မင်း စားချင်တယ်ဆိုရင် လွတ်လွတ်လပ်လပ် သုံးဆောင်လို့ ရပါတယ်"
သူတို့သည် ဤခရီးစဉ်အတွက် ရည်ရွယ်၍ အစားအစာများကို တမင်သက်သက် ပြင်ဆင်လာခဲ့ခြင်းပင်။မည်သို့ပင်ဆိုစေကာမူ သူတို့ ဤခရီးထွက်လာရခြင်း၏ ရည်ရွယ်ချက်သည် ထိုစီနီယာအားရှာဖွေရန် ဖြစ်ပေ၏။ထိုစီနီယာသည် စားကောင်းသောက်ဖွယ်များကို ကြိုက်နှစ်သက်သည်ဟု သူတို့ ကြားသိထားရသဖြင့် အစားအစာများကို ပြင်ဆင်ထားခြင်းဖြစ်သည်။
ထို့ပြင် ထိုအစားအစာများကို အထူးသီးသန့်ပါဝင်ပစ္စည်းများဖြင့် ပြုလုပ်ထားကာ တိကျသေချာသော နည်းလမ်းများဖြင့် ထိန်းသိမ်းထားသည်။ထိုကြောင့် အချိန်အတော်ကြာသည့်တိုင် ထိုအစားအစာများသည် အကောင်းပကတိရှိနေဆဲဖြစ်ကာ အရသာနှင့်လတ်ဆတ်မှုသည် အိုးအတွင်းမှ ထုတ်ယူစဉ်အချိန်ကနှင့် တူညီနေပေမည်။
သို့ရာတွင် ဤကဲ့သို့ အခြေအနေမျိုးအတွင်း၌ ထိုအစားအစာများသည် စီနီယာအတွက် ပြင်ဆင်ထားခြင်း ဟုတ်မဟုတ်ကို သူတို့ ဂရုမစိုက်တော့ချေ။
"ဒါက အရမ်းကောင်းတယ်..."
ရီဖုန်းက အပြုံးနှင့် ပြောဆိုသည်။
"ငါ အခု ဗိုက်ဆာနေတယ်...ဒါကြောင့် ငါ ယဉ်ကျေးမနေတော့ဘူး"
"အစ်ကိုရီ....ခဏလောက် စောင့်ပါအုံး"
ချင်နန်က ဟန့်တားလေသည်။
"အစ်ကိုရီ....မင်း ကြိုက်တဲ့အချိန်မှာ ဒါတွေကို စားလို့ရတယ်...ဒါပေမယ့် အဲ့ဒီကိစ္စမတိုင်ခင် ငါ့မှာ မင်းနဲ့ဆွေးနွေးဖို့လိုတဲ့ အရေးကြီးကိစ္စတစ်ခု ရှိနေတယ်"
"အမ်...."
ရီဖုန်းသည် အနည်းငယ်အံ့အားသင့်သွားပေ၏။
သူတို့နှစ်ယောက်သည် ယခုမှ အချင်းချင်းဆုံတွေ့ကြခြင်းဖြစ်ရာ မည်သည့်တိုင်ပင်ဆွေးနွေးစရာ ရှိနေမည်နည်း။သို့ရာတွင် ချင်နန်၏မျက်နှာအမူအယာသည် တည်ကြည်လေးနက်နေသဖြင့် ရီဖုန်းက ငြင်းဆန်ခြင်း မပြုတော့ချေ။
"အစ်ကိုရီ...ဒီနေရာကို ဝင်လာတဲ့အချိန်တုန်းက ထူးခြားတဲ့ လှုပ်ခတ်မှုတစ်ခုကို ကြုံတွေ့ခဲ့ရလား"
ချင်နန်က တည်ကြည်လေးနက်သောလေသံဖြင့် မေးမြန်းသည်။
"ထူးခြားတဲ့ လှုပ်ခတ်မှုမျိုးလား"
ရီဖုန်းက သူ၏ခေါင်းကို ခါယမ်းလိုက်သည်။
ချင်နန်က မျက်မှောင်ကြုတ်ပြီး ထပ်မံ၍မေးမြန်းသည်
"အစ်ကိုရီက ထူးဆန်းတာတစ်ခုခုကို မခံစားမိဘူးလား"
ရီဖုန်းသည် ထိုကိစ္စကို စဉ်းစားတွေးတောပြီးနောက် သူ၏ခေါင်းကို ထပ်မံ၍ခါယမ်းလိုက်၏။
ရီဖုန်းသည် မည်သည့်အရာကိုမျှ မသိရှိသည်အားကြည့်ပြီး ချင်နန်သည် သူ့အား သံသယဖြင့်စောင့်ကြည့်နေခြင်းကို ရပ်တန့်လိုက်သည်။ မည်သို့ပင်ဆိုစေကာမူ သူတို့သည် ဤပင်လယ်ဧရိယာအတွင်းသို့ ဝင်စဥ်အချိန်ကလည်း မည်သည့်အရာကိုမျှ မခံစားခဲ့ရချေ။ထိုကြောင့် သူသည် ကိစ္စများကို ပွင့်ပွင့်လင်းလင်း ပြောဆိုလိုက်၏။
"အစ်ကိုရီ....မင်းကို အမှန်အတိုင်းပြောရရင် ငါတို့က အခုလက်တလောအချိန်မှာ အမျိုးအမည်မသိရတဲ့ လေဟာနယ် ဒါမှမဟုတ် အတားအတီးတစ်ခုတည်းမှာ ရှိနေတယ်....ငါတို့ ဘယ်ဘက်ကိုသွားသွား မူလနေရာကိုပဲ ပြန်ရောက်နေတယ်"
"တစ္ဆေနံရံလိုမျိုးလား..."
ရီဖုန်းက မေးမြန်းသည်။
"အရပ်စကားအရ ပြောမယ်ဆိုရင် အဲ့ဒီလို ဆိုလိုတာပဲ"
ချင်နန်က တည်ကြည်လေးနက်စွာ ပြောဆိုသည်။
"အတိုချုပ်ပြောရရင် ငါတို့က ထူးဆန်းတဲ့ နေရာတစ်ခုမှာ ပိတ်မိနေပြီးတော့ ထွက်လို့မရဘူး...ရိုးရိုးသားသားဝန်ခံရရင် ငါတို့ ဒီနေရာမှာ ပိတ်မိနေတာ ဆယ်ရက်ကျော်နေပြီ"
"လွန်ခဲ့တဲ့ ဆယ်ရက်အတွင်းမှာ အစ်ကိုရီက ငါတို့ ဆုံတွေ့ရတဲ့ တစ်ဦးတည်းသောလူပဲ"
"အော်...ဒါက တကယ်တော့ တိုက်ဆိုင်မှုတစ်ခုပါပဲ....ဟား ဟား ဟား...."
ရီဖုန်းက အပြုံးနှင့် ပြောဆိုလိုက်၏။
ချင်မောင်နှမနှစ်ယောက်သား မျက်ဖြူလန်သွားသည်။
ဤသည်ကို တိုက်ဆိုင်မှုတစ်ခုဟု ဆိုသလော...
ရီဖုန်းသည် ဤအချိန်ထိ အဓိကအချက်ကို နားမလည်သေးသည်အားကြည့်ပြီး ချင်နန်က ပြောဆိုလိုက်သည်။
ထို့ပြင် ဤအချိန်တွင် သူ၏လေသံသည် ယခင်ထက် များစွာပို၍ တည်ကြည်လေးနက်နေသည်။
"တကယ်လို့ ငါတို့ ထွက်မသွားနိုင်ရုံ သက်သက်ဆိုရင် အဆိုးဆုံးအနေနဲ့ ငါတို့ လှောင်ပိတ်မိနေရုံပဲရှိမယ်...အဲ့ဒီထက်ပိုပြီး ကြောက်ဖို့ကောင်းတဲ့အချက်က ဒီလေဟာနယ်ထဲမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ အားလှိုင်းတစ်ရပ် ရစ်သိုင်းလွှမ်းခြုံနေတာပဲ...အဲ့ဒီအားလှိုင်းက ငါတို့ရဲ့ ကျင့်ကြံဆင့်နဲ့အသက်စွမ်းအားတွေကို အချိန်တိုင်း ဝါးမြိုနေတယ်"
"ဒါက ငါတို့ရဲ့ကျင့်ကြံဆင့်စွမ်းအားနဲ့ အသက်စွမ်းအားတွေ ခမ်းခြောက်သွားတဲ့ အချိန်ထိပဲ"
ချင်နန်သည် ဤကိစ္စ၏အရေးကြီးပုံကို ထောက်ပြပြီး လုံးစေ့ပတ်စေ့ပြောဆိုလိုက်သည်။
"အဲ့ဒီတော့ လူတွေက သေသွားကြတာလား"
ရီဖုန်းက အလျှင်အမြန် မေးမြန်းသည်။
"အမှန်ပဲ"
ချင်နန်သည် အလေးအနက်ထားသော အမူအယာဖြင့် ခေါင်းညိတ်ပြလိုက်၏။
ထိုစကားကိုကြားချိန်တွင်...
ရီဖုန်း၏မျက်လုံးများ တောက်ပသွားကာ သူ့၏ခန္ဓာကိုယ်တစ်ခုလုံးကို အလျင်အမြန် စစ်ဆေးပြီးနောက် မေးမြန်းလိုက်သည်။
"ငါက ဘာလို့ ခုထိ ငါ့ရဲ့ကျင့်ကြံဆင့်စွမ်းအားနဲ့ အသက်စွမ်းအားတွေ လျော့နည်းသွားတာကို မခံစားရတာလဲ"
"ဖားကို ရေနွေးပူထဲမှာထည့်ပြုတ်တဲ့ ကိစ္စမျိုးကို မင်း သိလား"
ချင်နန်က ပြောဆိုသည်။
"အစပိုင်းမှာတော့ မင်း ဒါကို ရှင်းရှင်းလင်းလင်း ခံစားမိမှာ မဟုတ်ဘူး....ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ မင်းရဲ့ကျင့်ကြံဆင့်တွေ နိမ့်ပါးသွားပြီးတော့ အသက်စွမ်းအားတွေ တဖြည်းဖြည်း လျော့နည်းသွားတာကို မင်း ရှာတွေ့လိမ့်မယ်"
ထိုစကားကို ကြားချိန်တွင်...
ရီဖုန်း၏မျက်ခွံများ လှုပ်ခတ်သွားကာ သူ၏သေနေသောနှလုံးသား တဖန်ပြန်၍ အသက်ဝင်လာသည်။
သူ၏စိတ်နှလုံးသားအတွင်းတွင် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်သွားပေ၏။
သူသည် ကောင်းကင်အဆိပ်ကျွန်းပေါ်၌ သေဆုံးခဲ့ခြင်း မရှိသော်လည်း ဤနေရာအရောက်တွင် အန္တရာယ်တစ်ခုနှင့် ရင်ဆိုင်ရမည်ဟု မည်သူက တွေးထင်မိမည်နည်း...
'ဟား ဟား ဟား....'
သူသည် အော်ဟစ်ရယ်မောမိတော့လုမတတ်ပင်။သို့ရာတွင် ဤသည်မှာ မသင့်တော်ဟု သူ တွေးမိသဖြင့် အတင်းအကြပ် ပြန်မြိုသိပ်လိုက်သည်။
ထို့နောက် သူသည် သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့သဖြင့် ပတ်ဝန်းကျင်ရှိ ပင်လယ်ပြင်ကြီးကို ကြည့်လိုက်၏။
ဤသည်မှာ အလွန်လှပသော ရှုခင်းတစ်ခုပင်။
ပင်လယ်ရေများသည် တဖျတ်ဖျတ်တောက်ပနေကာ ရေမျက်နှာပြင်ပေါ်တွင် အေးစက်စက်လေပြည်များ ဖြတ်သန်းတိုက်ခတ်နေပေ၏။
ဤသည်မှာ အမှန်တကယ်ကို ဖုန်းရွှေရတနာမြေတစ်ခုပင်။
ထို့ထက်ပို၍ အရေးကြီးသောကိစ္စမှာ ဤသင်္ဘောပေါ်တွင် အစားအစာများစွာ ရှိနေပုံရသဖြင့် သူ ငတ်မွတ်ပြီးသေမည်ကို စိုးရိမ်ပူပန်ရန် မလိုအပ်တော့ချေ။
ထို့ပြင် ဤကဲ့သို့ တဖြည်းဖြည်းသေဆုံးသွားရခြင်းအတွက် မည်သည့်နာကျင်မှုကိုမျှ သူ ခံစားရမည်မဟုတ်ပေ။
အမှုမဲ့အမှတ်မဲ့ဖြင့် ရီဖုန်း၏အတွေးများ အဝေးသို့ မျောလွင့်သွားကာ....
သူ အင်မော်တယ်တစ်ယောက် ဖြစ်လာပြီးနောက် သူ၏ကိုယ်ပိုင် အံ့အားသင့်ဖွယ်ကောင်းသောဘဝကို မည်ကဲ့သို့ တည်ဆောက်မည်နှင့် ပတ်သက်ပြီး စဉ်းစားတွေးတောနေသည်။
"အစ်ကိုရီက ဒီကိစ္စရဲ့လေးနက်မှုကို သိသွားပြီလို့ ငါ ထင်တယ်....ဟုတ်တယ်မလား...."
ချင်နန်က တည်ကြည်လေးနက်စွာ ပြောဆိုသည်။
"ဒါကြောင့် ငါတို့တွေ ဒီနေရာက ထွက်သွားနိုင်ဖို့လမ်းကို ရှာဖွေဖို့အတွက် အတူပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်"
ထိုသို့ပြောဆိုပြီးနောက် ချင်မောင်နှမနှစ်ယောက်၏မျက်လုံးအကြည့်များသည် ရီဖုန်းထံသို့ ကျရောက်လာပေ၏။
ရီဖုန်းသည် အဝေးမှ ပင်လယ်ရေမျက်နှာပြင်ကို ကြည့်နေကာ သူသည် တန်ပြန်တိုက်ခိုက်ရန်အစီအစဉ်နှင့် ပတ်သက်ပြီး လေးလေးနက်နက် စဉ်းစားတွေးတောနေပုံရသည်ကို သူတို့ မြင်တွေ့မိသည်။
ရီဖုန်း အလွန်အလေးအနက်ထားနေသည်ကို ကြည့်ပြီး ချင်မောင်နှမနှစ်ယောက်သည် သူ့အား အနှောင့်အယှက်မပြုတော့ချေ။သူ့ထံတွင် နည်းလမ်းတချို့ အမှန်တကယ်ရှိနေနိုင်သည်ဟု စဉ်းစားတွေးတောကာ ချင်မောင်နှမ၏မျက်လုံးများအတွင်း၌ မျှော်လင့်ချက်အရိပ်အယောင်များ ထင်ဟပ်လာသည်။
နောက်ဆုံး၌...
ရီဖုန်းသည် အတွေးလွန်နေသော အခြေအနေမှ ရုန်းထွက်လိုက်၏။
ချင်မောင်နှမနှစ်ယောက်သည် ဤကိစ္စကို သတိပြုမိသွားပြီးနောက် သူတို့၏မျှော်လင့်စောင့်စားနေသော မျက်လုံးအကြည့်များသည် ရီဖုန်းထံသို့ အခိုင်အမာကျရောက်လာပေ၏။
အချိန်တခဏကြာပြီးနောက် သူတို့နှစ်ယောက်၏အကြည့်များအောက်တွင် ရီဖုန်းထံမှ စကားသံထွက်ပေါ်လာသည်။
"ဒါဆိုရင်...."
"ငါ မီးဖိုချောင်ကိုသွားပြီးတော့ တစ်ခုခု စားလို့ရပြီလား"
ချင်မောင်နှစ်မနှစ်ယောက်သည် ဤစကားများကိုကြားချိန်၌ သူတို့၏နှုတ်ခမ်းများ မဲ့ရွဲ့သွားကာ သူတို့နှစ်ယောက်သား သွေးအန်တော့လုမတတ်ပင်။
သူတို့သည် အချိန်အတော်ကြာစောင့်ဆိုင်းပြီးနောက် ရီဖုန်း၏စိတ်အတွင်းမှနေ၍ ဤစကားလုံးများ ပွင့်အံ့ထွက်လာခဲ့သည်။
သူတို့နှစ်ယောက်သည် အမှန်တကယ်ကို အံ့အားသင့်သွားပေ၏။
"မဟုတ်သေးဘူး....အစ်ကိုရီ မင်း ခုထိ ငါ ဘာပြောနေတယ်ဆိုတာကို နားမလည်သေးဘူးလား"
ချင်နန်က ကူကယ်ရာမဲ့စွာဖြင့် မေးမြန်းသည်။
"ငါ ဒါတွေကို ကြားခဲ့တယ်လေ"
ရီဖုန်းက ခေါင်းညိတ်ပြသည်။ထို့နောက် သူသည် ဖြည့်စွက်ပြောဆိုရမည်ကိုလည်း မမေ့လျော့ခဲ့ချေ။
"ဒါ့ပြင် ငါက မင်းပြောတဲ့စကားတွေကို အရမ်းရှင်းရှင်းလင်းလင်း ကြားခဲ့တယ်"
"မင်းက ခုလိုအန္တရာယ်ရှိတဲ့ အခြေအနေနဲ့ ကြုံတွေ့နေရတာတောင် စားဖို့ကို စဉ်းစားနေတုန်းပဲလား"
ချင်နန်က ဒေါသတကြီး အော်ဟစ်သည်။
"မင်းက ဒီနေရာကနေ ထွက်သွားနိုင်တဲ့ နည်းလမ်းတစ်ခုကိုရှာဖို့ ကြိုးစားသင့်တယ် မဟုတ်လား"
"မင်းတို့ ဒီနေရာမှာ လှောင်ပိတ်မိနေတာ အချိန်အတော်ကြာနေမှတော့ နည်းလမ်းတွေအားလုံးကို မင်းတို့ စဉ်းစားပြီးသွားပြီ မဟုတ်လား"
ရီဖုန်းက မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး ပြောဆိုသည်။
"မင်းတို့တောင် ဘာအဖြေကိုမှ စဉ်းစားလို့မရမှတော့ ငါကလည်း ဘာကို အဖြေထုတ်လို့ ရနိုင်မှာလဲ"
"စားတာအတွက်ကတော့..."
ရီဖုန်းက သူ၏နှာခေါင်းကိုပွတ်သပ်ပြီး မေးမြန်းလေသည်။
"ဘယ်လိုပဲဖြစ်ဖြစ် ငါတို့က သေရတော့မယ်ဆိုမှတော့ ငါတို့ ကောင်းကောင်းကြီး စားသောက်သွားသင့်တယ် မဟုတ်လား"
ရီဖုန်း၏မေးခွန်းကြောင့် ချင်မောင်နှမနှစ်ယောက်သား ကြက်သေသေသွားကာ သူတို့၏စိတ်နှလုံးသားအတွင်းရှိ စကားလုံးများကို အတင်းအကြပ် ပြန်မြိုသိပ်လိုက်သည်။
သူတို့သည် လုံးလုံးလျားလျား ဆွံ့အသွားလေပြီ။
ဤလူသည် အရေထူသလော သို့မဟုတ် သေရမည်ကို အမှန်တကယ် မကြောက်သလောကို သူတို့ ဝေခွဲမရချေ။
အတိုချုပ်ပြောဆိုရလျှင် ဤကဲ့သို့ အန္တရာယ်များသော အခြေအနေမျိုးတွင် ရီဖုန်းသည် ယခုကဲ့သို့တွေးနိုင်ရန် မည်ကဲ့သို့ စိတ်နေသဘောထားမျိုး လိုအပ်သည်အား သူတို့ တွေးတောကြည့်၍ မရနိုင်ချေ။
Chapter 959
"အစ်ကိုရီ.....မင်း စားချင်သလိုသာ စားပါတော့"
ချင်နန်သည် စိတ်ပျက်သွားသဖြင့် သူ၏လက်ကိုဝှေ့ယမ်းပြီး ပြောဆိုလိုက်သည်။
ဤကဲ့သို့အခြေအနေ၌ သူသည် အရာရာတိုင်းကို ဂရုစိုက်ရန်အတွက် စိတ်မပါတော့ချေ။သူတို့အားလုံးသည် သေဆုံးရတော့မည်ဖြစ်သောကြောင့် တစ်လှေတည်းစီးနေသူများ ဖြစ်ပေ၏။
"အစ်ကို...အဲ့ဒီလူက ခုအခြေအနေရဲ့အတိမ်အနက်ကို နားမလည်သေးဘူးလို့ ငါ ထင်တယ်"
ထိုအချိန်မှာပင် ချင်ကျစ်ယွီက လျှောက်လှမ်းလာပြီး ပြောဆိုသည်။
"ငါတို့တွေ ဒီနေရာမှာ စပြီးတော့ ပိတ်မိနေတဲ့အချိန်ကို ငါ မှတ်မိသေးတယ်...အဲ့ဒီတုန်းကတော့ ငါတို့တွေမှာလည်း အကောင်းမြင်စိတ်ရှိခဲ့ကြတာပဲ"
"သူ အခုချိန်မှာ စားသောက်ချင်စိတ် ရှိနေသေးတယ်....ဒါပေမဲ့ ရက်အနည်းငယ်အတွင်းမှာသူ့ရဲ့ကျင့်ကြံဆင့်နဲ့ အသက်စွမ်းအားတွေ လျော့နည်းသွားတာကို သူ ရှင်းရှင်းလင်းလင်းခံစားမိတဲ့အချိန်ကျရင် ဒီလိုစိတ်မျိုးကို သူ ဆက်ပြီးထိန်းသိမ်းထားနိုင်မှာ မဟုတ်ဘူးလို့ ငါ ထင်တယ်"
"ငါလည်း အဲ့ဒီလိုပဲ ထင်တယ်"
ချင်နန်က စိုးရိမ်ပူပန်သောအမူအယာဖြင့် သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။
"ဟူး...ငါတို့တွေ သူ့ကို နောက်ထပ်နှစ်ရက်လောက် လွှတ်ထားကြတာပေါ့...အချိန်ကျလာရင် သူက ငါတို့ထက်တောင် ပိုပြီးစိုးရိမ်ပူးပန်နေလိမ့်မယ်"
ချင်မောင်နှမနှစ်ယောက် စိုးရိမ်ပူပန်နေသော်လည်း ရီဖုန်းသည် သင်္ဘောအတွင်းရှိ မီးဖိုချောင်ထံသို့သွားကာ အစားအသောက်များကြား၌ ပျော်ရွှင်နေသည်။
ကျယ်ပြန့်သော အနက်ရောင်နယ်မြေအတွင်း၌...
ချောက်ချားဖွယ်အမှောင်ထုကြီးသည် အဆုံးသတ်ရှိပုံ မရချေ။ရံဖန်ရံခါ၌ မိုးကောင်းကင်ယံအတွင်းသို့ မြူခိုးများ မျောလွင့်လာကာ အလွန်အမင်းချောက်ချားဖွယ် ကောင်းသည်။
သို့ရာတွင် အကယ်၍ တစ်စုံတစ်ယောက်သည် ဂရုတစိုက်ကြည့်ပါက လေဟာနယ်အတွင်း၌ ထူးဆန်းသောစွမ်းအားလှိုင်းများ မျောလွင့်နေသည်ကို မြင်တွေ့မိပေမည်။
ဤထူးဆန်းသောစွမ်းအားသည် နေရာအနှံ့အပြား၌ အရောင်နှစ်ရောင်ရောယှက်နေသော အခိုးအငွေ့လုံးများအဖြစ် မြင်တွေ့နိုင်ပေ၏။
အရပ်မျက်နှာအဘက်ဘက်တွင်ရှိနေသော အခိုးအငွေ့လုံးများသည် အတူတကွစုဝေးကာ ပင်လယ်နက်၏တစ်နေရာထံသို့ ဦးတည်ပြီး မျောလွင့်သွားသည်။
ထိုအရာများအားလုံ တောင်ကြားတစ်ခုအတွင်း၌ ပေါင်းဆုံသွားသည်။
ထိုတောင်ကြားအတွင်းတွင်...
နေရာအနှံ့အပြား၌ အရိုးများ ပြန့်ကျဲနေကာ လေဟာနယ်အတွင်း၌ သေဆုံးခြင်းအငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။
ဤသည်မှာ သင်္ချိုင်းနေရာတနေရာပင်။
ဤနေရာတွင် ရာနှင့်ချီသော သင်္ချိုင်းဂူများ ပြည့်ကျပ်စွာ ရှိနေပေ၏။
တချိန်တည်းမှာပင် အရပ်မျက်နှာအဘက်ဘက်မှ မျောလွင့်လာသော စွမ်းအားလှိုင်းများကို ထိုရာနှင့်ချီသော သင်္ချိုင်းဂူများမှ အညီအမျှခွဲဝေ၍ စုပ်ယူသွားသည်။
ဤအဆက်မပြတ်စုတ်ယူမှုအောက်တွင် သင်္ချိုင်းဂူများမှ အစွမ်းထွက်သောအရှိန်အဝါများ ပွင့်အံ့ထွက်လာကာ တစ်စုံတစ်ခုသည် မြေပြင်အောက်မှ ချိုးဖျက်၍ ထွက်လာတော့မည့်အလားပင်။
ဤအချိန်အခိုက်အတန့်တွင် ရာနှင့်ချီသောသင်္ချိုင်းဂူများအနက်ရှိ တစ်ခုထံမှနေ၍ ရုတ်တရက် ထူးဆန်းသောပြောင်းလဲမှုတစ်ခု ဖြစ်ပွားလာသည်။
ထို့နောက် သင်္ချိုင်းဂူပေါက်ကွဲသွားကာ ခေါင်းတလားတစ်လုံး ထွက်ပေါ်လာပေ၏။
ထိုခေါင်းတလားပေါ်တွင် ထူးဆန်းသောသင်္ကေတအက္ခရာများ ရေးထွင်းထားကာ လုံးလုံးလျားလျား နက်မှောင်နေသဖြင့် လူအများအား တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော ခံစားချက်မျိုး ပေးစွမ်းနိုင်သည်။
ယခုအချိန်တွင် ထိုခေါက်တလား၏အတွင်း၌ ကြက်သွေးရောင်မျက်လုံးတစ်စုံ ရုတ်တရက် ပွင့်လာသည်။
သူ့၏မျက်လုံးဖွင့်လိုက်သော အချိန်အခိုက်အတန့်တွင် သူ၏မျက်လုံးသူငယ်အိမ်မှ တောက်ပသော အနီရောင်အလင်းတန်းနှစ်တန်း ပျံ့လွင့်လာပြီး ခေါင်းတလားအဖုံးထံသို့ ကျရောက်သွားသည်။
ဘုန်း....
ခေါင်းတလားအဖုံးသည် လွင့်ထွက်ပြီး လေထုအတွင်း၌ ပေါက်ကွဲသွားပေ၏။
"အစွမ်းထက်လိုက်တဲ့ စွမ်းအား...."
ခေါင်းတလားအတွင်း၌ လဲလျောင်းနေသော လူက တီးတိုးရေရွတ်လေသည်။သူ့၏ပိန်ပါးသောခန္ဓာကိုယ်သည် အရိုးပေါ်အရေတင်ဖြစ်နေကာ သူ၏ကြက်သွေးရောင်မျက်လုံးတစ်စုံသည် ပြူးကျယ်နေပြီး အချိန်မရွေး ထွက်ကျလာတော့မည်အလားပင်။
ထို့နောက် သူသည် ခေါင်းတလား၏ပြင်ပသို့ ထွက်လိုက်၏။
သူ၏ကြက်သွေးရောင်မျက်လုံးတစ်စုံဖြင့် ပတ်ဝန်းကျင်ကိုစူးစမ်းလေ့လာပြီးနောက် မပျက်စီးသေးသော သင်္ချိုင်းဂူများကို ကြည့်လိုက်သည်။
"ဒီတုံးအတဲ့ကောင်တွေက ခုထိ မနိုးကြသေးဘူး"
"အခုကြည့်ကြည့်တော့မှ ငါက ပထမဆုံးထွက်လာတဲ့သူ ဖြစ်နေတာပါလား"
"ဟား ဟား ဟား..."
"အမှိုက်ကောင်တွေ..."
သူ၏ရွတ်တွနေသောမျက်နှာမှပါးစပ်ကို ကျယ်လောင်စွာဖွင့်ဟပြီး ရယ်မောလိုက်ရာ မှောင်မည်းနေသော တောင်ကြားအတွင်း၌ အသံနက်ကြီးတစ်သံ ပဲ့တင်ထပ်သွားသည်။
"ဒါပေမဲ့ ငါ့ကို နိုးထလာစေတဲ့စွမ်းအားက အရမ်းအားကောင်းတယ်"
"အရေးမပါတာကတော့ ငါ နိုးထလာတဲ့အချိန်မှာ စွမ်းအားစုပ်ယူမှုက အလိုအလျောက် ပြတ်တောက်သွားခဲ့တယ်....တကယ်လို့ ငါ ဆက်ပြီးစုပ်ယူနိုင်မယ်ဆိုရင် ငါ့ရဲ့ခွန်အားက...."
ထိုအကြောင်းကိုတွေးတောရင်း သူ၏ရွတ်တွနေသော မျက်နှာပေါ်၌ လောဘအရိပ်အယောင်တစ်ရပ် ထင်ဟပ်လာသည်။
သူ၏ကြက်သွေးရောင်မျက်လုံးတစ်စုံ လှုပ်ခတ်သွားပြီးနောက် သူ၏ပိန်လှီလှီလက်ဝါးကို ရုတ်တရက် မြှောက်လိုက်၏။
ရုတ်ချည်းဆိုသလိုပင် သူ၏လက်အတွင်း၌ စွမ်းအားအမြောက်အများ စုဝေးသွားကာ စွမ်းအားလှိုင်းတစ်ခုချင်းစီကို စစ်ထုတ်လိုက်သည်။
သူသည် တခြားစွမ်းအားလှိုင်းများကို ထပ်မံ၍ဂရုမစိုက်တော့ချေ။သူ့အား နိုးထလာစေခဲ့သည့် စွမ်းအားလှိုင်းကို သူ ရယူလိုသည်။
အချိန်တခဏကြာပြီးနောက် သူ၏မျက်လုံးများ တောက်ပသွားကာ သူ၏လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်လိုက်၏။
"ငါ ဒါကို ရှာတွေ့ပြီ...ဒါက အဲ့ဒီစွမ်းအားပဲ"
သူ စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်သည်။
သူ့၏လက်အတွင်းရှိစွမ်းအားသည် တခြားစွမ်းအားလှိုင်းများနှင့် နှိုင်းယှဉ်ပါက အလွန်အမင်းသေးငယ်ပုံရကာ ဆန်ချည်မျှင်တစ်မျှင်စာခန့်သာ ကြီးမားသည်။သို့ရာတွင် သူသည် ထိုအရာအတွင်း၌ အလွန်ကြီးမားသောစွမ်းအားများ ပါဝင်သည်ကို ရှင်းရှင်းလင်းလင်း ခံစားမိလေ၏။
ဤသည်မှာ ကြွင်းကျန်သောစွမ်းအားလှိုင်းများအားလုံး စုပေါင်းလိုက်သည်ထက် ပို၍သာလွန်သည်။
"ငါ ဒါကို ဝါးမြိုရမယ်"
ထိုလူသည် စိတ်လှုပ်ရှားနေကာ သူ၏မျက်နှာပေါ်၌ လောဘအရိပ်အယောင်များ ထင်ဟပ်လာသည်။ထို့နောက် သူ၏လက်ကို လှုပ်ခတ်လိုက်ခြင်းနှင့်အတူ အစွမ်းထက်သော ဝါးမြိုခြင်းအားလှိုင်းတစ်ရပ်က ထိုစွမ်းအားလှိုင်း၏နံဘေးပတ်လည်ကို ရစ်ပတ်သွားပြီး စတင်၍ဝါးမြိုလိုက်၏။
ဤအချိန်အခိုက်အတန့်တွင် သူသည် သူ၏ခန္ဓာကိုယ်အတွင်းသို့ အလွန်ကြီးမားသောမြေကြီးတစင်းအလား စီးဆင်းလာသည့် စွမ်းအားများကို ခံစားမိလေ၏။
တစ်ချိန်တည်းမှာပင် သူ၏ရှုံတွနေသောခန္ဓာကိုယ်သည် သာမန်မျက်စိဖြင့် မြင်နိုင်သောအရှိန်နှုန်းဖြင့် ပြည့်ဖြိုးလာသည်။အထူးသဖြင့် သူ၏မျက်နှာပေါ်တွင် အသွေးအသားများသည် အလွန်လျင်မြန်သောအရှိန်နှုန်းဖြင့် ဖွဲ့စည်းနေပေ၏။
"ဘယ်လောက်တောင် အစွမ်းထက်တဲ့ အားလှိုင်းလဲ"
သူ၏ခန္ဓာကိုယ်အတွင်းသို့ အရူးအမူးစီးဝင်နေသော စွမ်းအားများကို ခံစားမိချိန်တွင် သူ၏မျက်နှာပေါ်ရှိ လောဘအရိပ်အယောင်များ ပို၍ပီပြင်ထင်ရှားလာသည်။သူသည် စုပ်ယူမှုအရှိန်နှုန်းကို မြှင့်တင်လိုက်၏။
ဤအချိန်အခိုက်အတန့်၌ သူ၏ကျင့်ကြံဆင့်နယ်ပယ် တဟုန်ထိုးမြင့်တက်သွားသည်။
ဤသည်မှာ မိုးထိမြင့်မားလုမတတ်ပင်။
မကြာမီမှာပင် သူ၏ကျင့်ကြံဆင့်နယ်ပယ်သည် သူ၏ ယခင်အမြင့်မားဆုံးအဆင့်ထက်ပင် ကျော်လွန်သွားခဲ့သည်။
ဤကဲ့သို့ မိုးကောင်းကင်ယံကို ပျံတက်သွားနိုင်သည့်အလား ခံစားချက်မျိုးကြောင့် သူ့အား ရူးသွပ်လုမတတ် ဖြစ်သွားစေသည်။
"ဟား ဟား ဟား...."
အေးစက်စက်ရယ်မောသံသည် တောင်ကြားတလျှောက် ထပ်မံ၍ပဲ့တင်ထပ်သွားကာ ပတ်ဝန်းကျင်ရှိ တောင်များအားလုံးအဆက်မပြတ် တုန်ခါနေသည်။
သို့ရာတွင် နောက်ထပ်အချိန်အခိုက်အတန့်၌...
သူ၏မျက်နှာအမူအယာ သိသိသာသာ ပျက်ယွင်းသွားသည်။
သူ၏ခန္ဓာကိုယ်သည် အလျင်အမြန် ဖောင်းကားလာကာ သူ၏ခန္ဓာကိုယ်အတွင်းရှိ မရီဒါန်းများအားလုံးသည် အလွန်ကြီးမားသော အားလှိုင်းကို တောင့်မခံနိုင်တော့သည်အား သူ ရှာဖွေတွေ့ရှိလေ၏။
တိုင်းဆကြည့်ပါက...
ဤသည်မှာ မြစ်ငယ်လေးအတွင်းသို့ ပင်လယ်ရေပမာဏအမြောက်အများ စီးဝင်လာသည့်အလားပင်။
သိုလောင်ရာနေရာသို့ စီးဝင်လာသော စွမ်းအားပမာဏသည် သူ ထိန်းချုပ်နိုင်သော ပမာဏထက် ကျော်လွန်နေသဖြင့် အချိန်မရွေး ကျိုးပဲ့ပျက်စီးသွားတော့မည့်ပုံရသည်။
ထို့ပြင် ပို၍ကြောက်မက်ဖွယ်ကောင်းသည်မှာ သူသည် အချိန်အတော်ကြာ ဝါးမြိုနေခဲ့သည့်တိုင် သူ၏လက်အတွင်းရှိ ဆံချည်တစ်မျှစ်စာ ပမာဏသာရှိသော စွမ်းအင်တန်းသည် အနည်းငယ်မျှ ပြောင်းလဲသွားမှု မရှိခြင်းပင်။
ဤအရာသည် သေးငယ်သွားခြင်းလည်းမရှိ အရောင်လျော့ပါးသွားခြင်းလည်း မရှိချေ။
"ဘာလို့လဲ....ဘာလို့ ဒီလိုဖြစ်တာလဲ"
"မဟုတ်ဘူး....မဟုတ်ဘူး...မဟုတ်ဘူး...."
အစောပိုင်းက အော်ဟစ်ရယ်မောနေသော လူသည် ရုတ်တရက် ထိတ်လန့်တကြား ဖြစ်သွားကာ ကယောင်ကတမ်းစကားများ စတင်၍ပြောဆိုတော့သည်။သူ၏ခန္ဓာကိုယ်အတွင်းရှိ သွေးစက်တစ်စက်စီတိုင်း၌ ကြီးမားသောစွမ်းအားပမာဏဖြင့် ပြည့်နှက်နေပေ၏။
ဤကိစ္စများအားလုံးသည် အချိန်ကြာမြင့်သည်ဟု ထင်ရသော်လည်း အမှန်အားဖြင့် အချိန်တိုအတွင်း၌ ဖြစ်ပျက်သွားခဲ့ခြင်းပင်။
သူ၏ရှုံတွနေသောခန္ဓာကိုယ်သည် တောင်ကုန်းတလုံးစာပမာဏအထိ ဖောင်းကားသွားကာ သူ၏အရိပ်သည် တောင်ကြားတစ်ခုလုံးကို လွှမ်းခြုံသွားပေ၏။
"မဟုတ်ဘူး...."
သူ့ထံမှနေ၍ မလိုလားစွာအော်ဟစ်လိုက်သော အသံတစ်သံ နောက်ဆုံးထွက်ပေါ်လာကာ ကြီးမားသောပေါက်ကွဲသံကြီးက တောင်ကြားတလျှောက် ပဲ့တင်ထပ်သွားသည်။
ခြေပြတ်လက်ပြတ်များ နေရာအနှံ့ပြန့်ကျဲသွားပြီးနောက် မိုးကောင်းကင်ယံမှနေ၍ သွေးမိုးရွာကျလာသည်။ထို့နောက် ထူးဆန်းသောသင်္ချိုင်းမြေနေရာတွင် သွေးနီရောင် လွှမ်းခြုံသွားပေ၏။
Chapter 960
မျက်တောင်တစ်ခတ်စာအတွင်းမှာပင်...
အချိန်နှစ်ရက် ကုန်ဆုံးသွားလေပြီ။
ချင်နန်တို့မောင်နှမသည် စိုးရိမ်ပူပန်နေဆဲဖြစ်သော်လည်း ကံကောင်းထောက်မစွာဖြင့် သင်္ဘောပေါ်ရှိ မည်သူတစ်ဦးတစ်ယောက်မျှ ထပ်မံ၍သေဆုံးခြင်း မရှိချေ။မည်သို့ပင်ဆိုစေကာမူ ယခုချိန်ထိ တောင့်ခံနိုင်သူများသည် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများပင်။တခြားအစောင့်များနှင့် နှိုင်းယှဥ်ပါက သူတို့သည် များစွာပို၍ ခံနိုင်ရည်ရှိပေ၏။
သို့ရာတွင် အကောင်းဆုံးအနေဖြင့် သူတို့သည် ရက်အနည်းငယ်ကြာ ပို၍တောင့်ခံထားနိုင်ရုံသာ ရှိပေမည်။အကယ်၍ အဖြေတစ်ခုကို ရှာမတွေ့ပါက သူတို့အားလုံးသည် ဆိုးရွားသောအဆုံးသတ်ကို ရှောင်လွှဲ၍ရမည် မဟုတ်ချေ။
ချင်မောင်နှမသည် နောက်မှီကုလားထိုင်ပေါ်၌ လဲလျောင်းကာ ထန်းရွက်ယပ်တောင်ဖြင့် သူ့ကိုယ်သူ ယပ်ခတ်နေသော ရီဖုန်းကိုကြည့်ပြီး သူတို့၏မျက်နှာအမူအယာများ အလွန်အမင်း ရှုံမဲ့သွားသည်။
"အစ်ကို...နှစ်ရက်တောင် ကြာသွားပြီ...အဲ့ဒီလူက ဘာလို့ ဒီလောက်ထိ စိတ်အေးလက်အေး နေနိုင်တာလဲ"
ချင်ကျစ်ယွီက သုန်မှုန်နေသောမျက်နှာဖြင့် မေးမြန်းသည်။
ချစ်နန်သည်လည်း ဇဝေဇဝါ ဖြစ်နေလေ၏။
ယေဘုယျကျကျပြောဆိုရလျှင် အချိန်နှစ်ရက်သည် ကျင့်ကြံဆင့်နှင့်အသက်စွမ်းအားများ လျော့ပါးလာသည်ကို ရှင်းရှင်းလင်းလင်းခံစားမိရန် လုံလောက်သည်။သို့ရာတွင် ရီဖုန်းသည် မည်သည့်ကြောင့် မည်သည့်ကိစ္စမျှ မဖြစ်ခဲ့သည့်အလား ပြုမှုနေသနည်း...
ချစ်နန်သည် ကူကယ်ရာမဲ့စွာဖြင့် ရီဖုန်းထံသို့ လျှောက်လှမ်းသွားလိုက်၏။
"အစ်ကိုရီ...မင်း ဘာလို့ တစ်ချိန်လုံး စိတ်အေးလက်အေး နေနိုင်တာလဲဆိုတာ ငါ တကယ်ကို နားမလည်နိုင်ဘူး"
ချင်နန်က သုန်မှုန်နေသောမျက်နှာဖြင့် ပြောဆိုသည်။
"ယေဘုယျကျကျပြောမယ်ဆိုရင်အချိန်နှစ်ရက်ကုန်သွားတဲ့အချိန်မှာ မင်းရဲ့အသက်စွမ်းအားတွေ လျော့ပါးသွားပြီးတော့ မင်းရဲ့ကျင့်ကြံဆင့် နိမ့်ကျသွားတာကို မင်း ရှင်းရှင်းလင်းလင်း ခံစားမိသင့်တယ်...မင်းက ဘာလို့ အခုထိ စိတ်အေးလက်အေး နေနေတာလဲ..မင်းက ငါတို့နဲ့အတူ ပူးပေါင်းပြီးတော့ လွတ်မြောက်နိုင်တဲ့ နည်းလမ်းကို ရှာသင့်တယ် မဟုတ်လား"
"အမ်....အချိန်နှစ်ရက်လောက်နဲ့ မင်းက အသက်စွမ်းအားတွေ လျော့ပါးသွားတာကို ရှင်းရှင်းလင်းလင်း ခံစားမိတာလား"
ရီဖုန်းသည် သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို စစ်ဆေးပြီးနောက် သူ၏ခေါင်းကိုမော့ပြီး မေးမြန်းလိုက်၏။
"ဒါဆိုရင် ငါက ဘာလို့ ဘာကိုမှ မခံစားမိတာလဲ"
ချင်မောင်နှမနှစ်ယောက်သည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ သူတို့ထံတွင် ဝေခွဲရခက်မှုများဖြင့် ပြည့်နှက်နေပေ၏။
"နင် ဘာကိုမှ တကယ်မခံစားမိဘူးလား"
ချင်ကျစ်ယွီက ပြောဆိုသည်။
"ဒါက မဖြစ်နိုင်ဘူး....အချိန်နှစ်ရက်အတွင်းမှာ ဒီလေဟာနယ်က နင့်ရဲ့အသက်စွမ်းအားနဲ့ ကျင့်ကြံဆင်တွေအများကြီးကို ဝါးမြိုဖို့ လုံလောက်တယ်"
"အဲ့ဒီလိုလား...."
ရီဖုန်းသည် သူကိုယ်သူ ငုံကြည့်ပြီး ပြောဆိုလိုက်၏။
"ဒါဆိုရင် ငါ ထပ်ပြီးတော့ စစ်ဆေးလိုက်မယ်"
အချိန်အတော်ကြာပြီးနောက် ရီဖုန်းက သူ၏ခေါင်းကို တဖန်ပြန်၍မော့ပြီး ပြောဆိုသည်။
"ဒါက နည်းနည်းတော့ လျော့သွားသလိုပဲ"
ရီဖုန်းသည် ဤကိစ္စကို အတပ်မပြောနိုင်ချေ။အကြောင်းအရင်းမှာ သူ အချိန်မည်မျှထိ ကြာကြာ အသက်ရှင်နိုင်သည်ကိုသိရန် နေနေသာသာ သူ၏အသက်စွမ်းအားများ လျော့ပါးသွားသည်နှင့် ပတ်သက်ပြီး သူ အနည်းငယ်မျှ မခံစားရသောကြောင့်ပင်။
အချိန်နှစ်ရက်အကြာတွင် အသက်စွမ်းအားများ လျော့ပါးသွားရန် လုံလောက်သည်ဟု သူတို့ ပြောဆိုသဖြင့် ဤသည်မှာ သူ၏အသက်စွမ်းအားတချို့ လျော့ပါးသွားသင့်သည် မဟုတ်လော...
ဤစကားလုံးများကြောင့် ချင်မောင်နှမနှစ်ယောက်လုံး အလွန်ဇဝေဇဝါဖြစ်သွားသည်။
"အစ်ကိုရီ... မင်းရဲ့အသက်စွမ်းအားတွေ လျော့ပါးသွားတာကို မင်း ခံစားမိမှတော့...မင်းက သေဖို့အတွက် ဒီနေရာမှာ ထိုင်စောင့်မနေသင့်ဘူးလေ"
ချင်နန်က စိတ်အားထက်သန်စွာ ပြောဆိုသည်။
"ငါတို့တွေ အဖြေတစ်ခုကိုရှာဖို့ ချက်ချင်းကြိုးစားသင့်တယ်"
"ဒါပေမဲ့....ဒါပေမဲ့ ဒါက နည်းနည်းလေးပဲလေ"
ရီဖုန်းက ပြောဆိုသည်။
ချင်နန်သည် သူ၏လက်ကိုမြှောက်ပြီး သူ၏မျက်နှာကိုအုပ်လိုက်ကာ အချိန်တစ်ခဏကြာယူ၍ သူ၏စိတ်ခံစားချက်များကို ထိန်းချုပ်နိုင်ရန် ကြိုးစားလိုက်၏။
ထိုနောက် သူက ဒေါသတကြီး ပြောဆိုသည်။
"အစ်ကိုရီ....မင်းရဲ့အသက်စွမ်းအားတွေ နည်းနည်းလေးပဲ လျော့ပါးသွားတယ်ဆိုတာက ဘာသဘောလဲ....ဒါက မလုံလောက်သေးဘူးလို့ မင်း ထင်လို့လား....မင်းရဲ့ချေးက မင်းရဲ့ဖင်ဝမှာ တစ်နေတဲ့အချိန်ကျမှ မင်းက ဘောင်းဘီချွတ်ချင်တာလား"
"ငါတို့ရဲ့အသက်စွမ်းအားတွေနဲ့ ကျင့်ကြံဆင့်တွေ ပမာဏအများကြီး လျော့နည်းသွားတဲ့အချိန်ကျမှ အဖြေတစ်ခုရှာမယ်ဆိုရင် အရမ်းနောက်ကျသွားလိမ့်မယ်"
"ဒါက အမှန်ပဲ"
ရီဖုန်းက တည်ကြည်လေးနက်သောအမူအယာဖြင့် ခေါင်းညိတ်ပြသည်။
ရီဖုန်းသည် နောက်ဆုံး၌ အမှန်တရားကို နားလည်သွားသည့်အားကြည့်ပြီး ချင်နန်သည် စိတ်သက်သာရာရသွားကာ သက်ပြင်းရှိုက်လိုက်၏။
နောက်ဆုံး၌ ဤသည်မှာ အဓိပ္ပာယ်ရှိသွားလေပြီ။
သို့ရာတွင် နောက်ထပ်အချိန်အခိုက်အတန့်၌ ရီဖုန်းသည် နောက်မှီကုလားထိုင်ပေါ်၌ တဖန်ပြန်၍ လဲလျောင်းလိုက်သည်ကို သူ မြင်တွေ့မိသည်။
ထိုမြင်ကွင်းကိုကြည့်ပြီး....
ချင်နန်သည် အလွန်ဒေါသထွက်သွားကာ သူကိုယ့်သူ အကြိမ်ပေါင်းများစွာ ပြင်းပြင်းထန်ထန် ပါးဖြတ်ရိုက်လိုက်သဖြင့် ကျယ်လောင်သောအသံများ ထွက်ပေါ်လာသည်။
သူသည် အရူးတစ်ယောက်အလား ဖြစ်သွားခဲ့လေ၏။
သူသည် ရီဖုန်းအား လေးနက်သောစကားအမြောက်အများကို အမှန်တကယ် ပြောခဲ့မိသည်။
စိတ်ပျက်လက်ပျက်ဖြစ်နေသော ချင်မောင်နှမနှစ်ယောက်ကိုကြည့်ပြီး နောက်မှီကုလားထိုင်ပေါ်၌ ထိုင်နေသော ရီဖုန်းသည် မသိမသာ သက်ပြင်းရှိုက်ကာ အပြစ်ရှိစိတ်ကို ခံစားမိသည်။
'အင်း....'
'လူတွေက ဒီလိုပါပဲ....'
'အတွေးတွေက တစ်ယောက်နဲ့တစ်ယောက် မတူကြဘူး...မင်းတို့က အသက်ရှင်ချင်ပေမဲ့ ငါက သေချင်နေတယ်'
'ဒါ့ပြင် ငါ့မှာ တခြားရွေးချယ်စရာ မရှိဘူး....တကယ်လို့ ငါက အဖြေတစ်ခုကို ရှာတွေ့နိုင်ရင် မင်းတို့ ထွက်သွားနိုင်မယ့် လမ်းကြောင်းကို ရှာဖွေဖို့ ငါ တကယ်ကြီး ကူညီပေးမိမှာပါ'
'ဒါပေမဲ့ ဘာမှ မစိုးရိမ်ကြနဲ့'
'တကယ်လို့ ငါတို့အားလုံး ဒီနေရာမှာ အတူတူသေဆုံးသွားရင်တောင်...ငါ အင်မော်တယ်တစ်ယောက် ဖြစ်လာတဲ့အချိန်ကျရင် မင်းတို့ကို မေ့လျော့မှာ မဟုတ်ဘူး'
'ငါ မင်းတို့ကို သရဲဧကရာဇ်တွေဖြစ်အောင် လုပ်ပေးမယ်'
"အကိုရီ..."
ချင်နန်သည် သူ၏သန်မာသော စိတ်အခြေအနေဖြင့် သူ၏စိတ်တည်ငြိမ်စေရန် အချိန်အတော်ကြာ ယူလိုက်ရသည်။
"မင်းရဲ့အသက်စွမ်းအား ကျင့်ကြံဆင့်တို့နဲ့ပတ်သက်ပြီးတော့ မင်း ဘာလို့ ဂရုမစိုက်တဲ့ဆိုတာ ငါ မသိပေမယ့်...လူတိုင်းမှာ ကိုယ်ပိုင်သဘောဆန္ဒတွေ ရှိနေတယ်...ဒါကြောင့် ငါက မင်းကို အတင်းအကြပ် တိုက်တွန်းမှာ မဟုတ်ဘူး"
"နောက်ဆုံးအနေနဲ့ ငါက အစ်ကိုရီကို တစ်ခုလောက် မေတ္တာရပ်ခံချင်တယ်"
ချင်နန်က သူ၏လက်နှစ်ဖက်ကိုပူးဆုပ်ပြီး ပြောဆိုသည်။
"ငါ့ရဲ့တွက်ချက်မှုအရဆိုရင် အများဆုံးအနေနဲ့ ငါက အချိန်လဝက်လောက်ပဲ တောင့်ခံနိုင်တော့မယ်"
"ငါက မင်းရဲ့ကျင့်ကြံဆင့်နယ်ပယ်ကို ထွင်းဖောက်မမြင်နိုင်ပေမယ့် ငါ့ထက်ပိုပြီး မြင့်မားနေနိုင်တယ်ဆိုတာ ငါ သိတယ်....မင်းက ငါ့ရဲ့နောက် အချိန်အတော်ကြာပြီးမှ သေရလိမ့်မယ်..ဒါကြောင့် ငါ့ရဲ့အလောင်းကို ကူညီပြီးသိမ်းဆည်းထားပေးဖို့ အစ်ကိုရီကို ငါ တောင်းဆိုပါ့ရစေ"
"ဒါက ရပါတယ်..."
ရီဖုန်းက ချင်နန်၏ အလေးအနက်ထားသောမအမူအယာကိုကြည့်ပြီး ခေါင်းညိတ်ပြလိုက်သည်။
"အရမ်းကောင်းတယ်....အစ်ကိုရီကို ကျေးဇူးတင်ပါတယ်"
ချင်နန်က ကျေးဇူးတင်စကား ပြောဆိုသည်။
ဤကဲ့သို့အခြေအနေမျိုးအရောက်၌ သူသည် ရုန်းကန်ရန်အတွက် ထပ်မံ၍ မကြိုးစားလိုတော့ချေ။
သူသည် အချိန်အတော်ကြာ ရုန်းကန်ပြီးနောက် သူ တွေးတော၍ရသော နည်းလမ်းတိုင်းကို စမ်းသပ်ကြည့်ခဲ့သဖြင့် သူ ပင်ပန်းနွမ်းနယ်နေလေပြီ။သူ ဤနေရာမှ ထွက်သွားနိုင်ခြင်းမရှိသောကြောင့် ဤကိစ္စကို သူ တည်ငြိမ်စွာ လက်ခံရပေမည်။
"သင်္ဘောအတွင်းခန်းထဲကနေ ငါ့ကို ဝိုင်နှစ်အိုး ယူပေးစမ်းပါ"
ချင်နန်က အမိန့်ပေးသည်။
"အင်း..."
ချင်ကျစ်ယွီက ခေါင်းညိတ်ပြပြီးနောက် သင်္ဘောအတွင်းခန်းထံသို့ လျှောက်လှမ်းသွားလေသည်။
ချင်ကျစ်ယွီ ထွက်ခွာသွားသည်ကို ကြည့်ပြီး ချင်နန်၏မျက်လုံးအကြည့် ရွေ့လျားသွားကာ သူသည် ရီဖုန်း၏အနီးသို့ ချဉ်းကပ်ပြီး သူ၏လေသံကိုနှိမ့်၍ ပြောဆိုလိုက်၏။
"အစ်ကိုရီ...တကယ်တော့ ငါ့မှာ မင်း ကူညီဖို့လိုအပ်တဲ့ ကိစ္စတစ်ခု ထပ်ပြီးရှိနေတယ်"
"မင်း ပြောပါ..."
ရီဖုန်းက ပြောဆိုသည်။
"တကယ်တော့ ငါ့မှာ လေဟာနယ်မှော်ရတနာတစ်ခု ရှိတယ်"
"အဲ့ဒီလေဟာနယ်မှော်ရတနာမှာ ကိုယ်ပိုင်လေဟာနယ်နယ်မြေတစ်ခု ရှိတယ်...ဒါက ငါ့ရဲ့ဘိုးဘေးက ငါ့ကို ပေးထားခဲ့တဲ့အရာပဲ....တကယ်လို့ မမျှော်လင့်ထားတဲ့ကိစ္စတွေ ဖြစ်မလာဘူးဆိုရင် အဲ့ဒီလေဟာနယ်နယ်မြေထဲကို ဝင်သွားတာနဲ့ အသက်စွမ်းအားနဲ့ကျင့်ကြံဆင့်တွေကို ဝါးမြိုတဲ့ ဒီနေရာရဲ့လေဟာနယ်စွမ်းအားကနေ ရှောင်တိမ်းနိုင်လိမ့်မယ်"
"ဒါကြောင့် ငါ့ရဲ့အတွေးက ငါ့ရဲ့နောက်ဆုံးလက်ကျန် ကျင့်ကြံဆင်ပစွမ်းအားကို သုံးပြီးတော့ ကျစ်ယွီနဲ့ တခြားချင်မိသားစုဝင်တွေကို အဲ့ဒီလေဟာနယ်နယ်မြေထဲမှာ ချိတ်ပိတ်လိုက်မယ်"
"ငါ သေသွားပြီးတာနဲ့ မကြာခင်မှာ ငါ့ရဲ့ဘိုးဘေး က ဒီနေရာမှာ ဘာတွေဖြစ်သွားလဲဆိုတာ ရှာတွေ့သွားလိမ့်မယ်....ဒါကြောင့် သူက ကျစ်ယွီနဲ့တခြားလူတွေကို လာပြီးကယ်လိမ့်မယ်"
"ဒါပေမဲ့ အစ်ကိုရီ ကျေးဇူးပြုပြီးတော့ ငါ့ကို ခွင့်လွှတ်ပေးပါ....မင်းကို အဲ့ဒီလေဟာနယ်မြေထဲ ဝင်ခိုင်းဖို့ ငါ့မှာ ရည်ရွယ်ချက်မရှိဘူး ...အကြောင်းကတော့ အဲ့ဒီနေရာမှာ လူတွေ ပိုများသွားတာနဲ့ ငါရဲ့ကြွင်းကျန်တဲ့စွမ်းအားနဲ့ ချိတ်ပိတ်နိုင်တဲ့အချိန်က ပိုပြီးတိုတောင်းသွားမှာ မလို့ပဲ"
"ဒါကြောင့် အစ်ကိုရီက ကျေးဇူးပြုပြီးတော့ ငါ့ရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ ဆုံးဖြတ်ချက်အတွက် ငါ့ကို ခွင့်လွှတ်ပေးပါ...ငါ့ရဲ့မိသားစုဝင်တွေ ဘေးကင်းလုံခြုံဖို့အတွက် ငါ ဒီလိုမျိုး လုပ်ရတာပါ"
ထိုစကားကိုကြားချိန်တွင် ရီဖုန်းသည် သူရှေ့ရှိ ချင်နန်ကို မော့ကြည့်လိုက်၏။
သူသည် ချင်နန်ကို အပြစ်တင်ရမည့်အစား အနည်းငယ်လေးစားမှုကို ခံစားမိသည်။
ဤကဲ့သို့ တစ်ကိုယ်ကောင်းဆန်မှုမျိုးသည် ညစ်ညမ်းခြင်းမရှိချေ။
ချင်နန်၏ဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး မည့်သည့်အမှားအယွင်းမျှ မရှိချေ။ဤသည်မှာ သူ၏မိသားစုဝင်များ အချိန်အနည်းငယ်ကြာ ပို၍တောင့်ခံနိုင်ပြီး ဘေးကင်းလုံခြုံစေရန်အတွက် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် ရီဖုန်းနှင့်ချင်နန်တို့သည် ဆက်စပ်မှုရှိသူများမဟုတ်ဘဲ အများဆုံးအနေဖြင့် ကံကြမ္မာအရ မတော်တဆ သိကျွမ်းခဲ့ရသူများပင်။ ထို့ကြောင့် လူစိမ်းတယောက်အတွက်ဖြင့် သူ၏မိသားစုဝင်များကို ကယ်တင်နိုင်မည့်အခွင့်အရေးကို လျှော့ချရန် မလိုအပ်ချေ။
အကယ်၍ ချင်နန်သည် သူ့အား လေဟာနယ်နယ်မြေအတွင်းသို့ ဝင်ခိုင်းလျှင်ပင် ရီဖုန်းကိုယ်တိုင်ကလည်း သဘောတူမည် မဟုတ်ပေ။
သူသည် သေဆုံးနိုင်မည့် အခွင့်အရေးကိုရရန် မလွယ်ကူလေရာ မည်သည်ကြောင့် သူ အချည်းနှီးအဖြစ်ခံနိုင်မည်နည်း။
"ငါ နားလည်ပြီ"
ရီဖုန်းက ခေါင်းညိတ်ပြလိုက်သည်။
"မင်းကို ကျေးဇူးအများကြီး တင်ပါတယ်"
ချင်နန်သည် သူ၏လက်နှစ်ဖက်ကို ပူးဆုပ်ပြီး ပြောဆိုလေ၏။
"တကယ်တော့ ငါ့မှာ ပိုကောင်းတဲ့ အကြံတစ်ခုရှိတယ်"
ရီဖုန်းက အချိန်တခဏကြာခန့် စဥ်းစားတွေးတောပြီးနောက် ပြောဆိုလိုက်သည်။
"အမ်...."
ချင်နန်က ရီဖုန်းကို မော့ကြည့်သည်။
"မင်းနဲ့ မင်းရဲ့မိသားစုဝင်တွေအားလုံး အဲ့ဒီလေဟာနယ်နယ်မြေထဲကို ဝင်လိုက်ပါလား...ငါက မင်းတို့ကို ကူညီပြီးတော့ ချိတ်ပိတ်ပေးမယ်..."
ရီဖုန်းက ပြောဆိုသည်။
မည်သို့ပင်ဆိုစေကာမူ သူသည် သေရတော့မည့်လူဖြစ်သဖြင့် ဤကဲ့သို့ လေဟာနယ်နယ်မြေတစ်ခုရှိနေသောကြောင့် သူသည် ချင်နန်အား အတွင်းသို့ဝင်ခိုင်းပြီး အသက်ရှင်သန်နိုင်သောလမ်းကြောင်းကို မည်သည်ကြောင့် မပေးဘဲနေရမည်နည်း။
"ဒါက...."
"အစ်ကိုရီ....မင်း..."
ရီဖုန်း၏စကားများကို ကြားချိန်တွင် ချင်နန်က ထိတ်လန့်တကြား မတ်တတ်ထရပ်လိုက်သည်။
"အစ်ကိုရီ...ငါ တကိုယ်ကောင်းဆန်တဲ့အတွက် ငါ့ကိုအပြစ်တင်မယ့်အစား ခုလို့စကားမျိုးကိုမင်းပြောမယ်လို့ ဝါးချဉ်နန်းကတခါမှမထင်ခဲ့ဘူးဘူး
ချင်နန်သည် စိတ်လှုပ်ရှားသွားကာ ရီဖုန်းကို စိတ်ရင်းဖြင့် ဦးညွှတ်အရိုအသေပြုလိုက်၏။
"ငါ မင်းကို အရင်က မလေးမစား ဆက်ဆံခဲ့မိတယ်....ကျေးဇူးပြုပြီးတော့ ငါ့ကို ခွင့်လွှတ်ပေးပါ"
"ရပါတယ်..."
ရီဖုန်းက သူ၏လက်ကိုဝှေ့ယမ်းပြီး အပြုံးနှင့် ပြောဆိုသည်။
"မင်း ဘယ်လို သဘောရလဲ...ငါ့ရဲ့နည်းလမ်းက ကောင်းတယ် မဟုတ်လား...ဒီနည်းလမ်းနဲ့ဆိုရင် မင်းတို့မောင်နှမနှစ်ယောက်လုံး အသက်ရှင်သန်နိုင်လိမ့်မယ်"
"အစ်ကိုရီရဲ့ကြင်နာမှုကို ငါ အသိအမှတ်ပြုပါတယ်...တကယ်လို့ ဖြစ်နိုင်မယ်ဆိုရင် ငါ ဒါကို ငြင်းဆန်မှာ မဟုတ်ဘူး"
ချင်နန်က ခါးသည်းသောအပြုံးနှင့် ပြောဆိုသည်။
"ဘယ်လိုပဲဖြစ်ဖြစ် ဘယ်သူက သေချင်မှာလဲ....အဆုံးမှာတော့ ငါကလည်း တစ်ကိုယ်ကောင်းဆန်တဲ့လူတစ်ယောက်ပဲလေ..."
"ဒါက အဲ့ဒီမှော်ရတနာက ငါ့ကို သခင်အဖြစ် အသိအမှတ်ပြုထားတာကြောင့်ပါ...ငါကလွဲပြီးတော့ တခြားဘယ်သူကမှ ဒီမှော်ရတနာကို အသက်သွင်းလို့ ရမှာမဟုတ်ဘူး...ငါက အမှတ်အသားကို ဖျက်ပြီးတော့ မင်းကို သခင်အဖြစ် အသိအမှတ်ပြုအောင် လုပ်ပေးလို့ရတယ်ဆိုပေမယ့် ဒါက အရမ်းနောက်ကျသွားလိမ့်မယ်...."
"ဒါကြောင့် တကယ်လို့ သူတို့ အသက်ရှင်သန်နိုင်မယ့် အခွင့်အရေးကို ငါ လိုချင်တယ်ဆိုရင် ငါ ချင်နန် သေရမယ်"
ဤစကားကိုပြောဆိုရင်း ချင်နန်က လွတ်လပ်ပေါ့ပါးစွာ ပြုံးလိုက်သည်။
"ပြောရမယ်ဆိုရင်....ငါက ငါနဲ့ရက်အနည်းငယ်ကြာအောင် အဖော်ပြုပေးဖို့အတွက် အစ်ကိုရီကို ဆွဲထားနိုင်တယ်...အနည်းဆုံးတော့ ငါ့ကို အလောင်းကောက်ပေးမယ့်လူ ရှိနေတာကြောင့် အရမ်းမဆိုးတော့ဘူး..."
"အစ်ကိုရီသာ ရှိမနေခဲ့ရင် ငါ သေသွားရင်တောင် ငါ့ရဲ့အလောင်းကို ကောက်ပေးမယ့်လူ ရှိမှာမဟုတ်ဘူး..."
"ဟား ဟား ဟား..."
ထိုစကားများကိုကြားချိန်တွင် ရီဖုန်းက နူးညံညင်သာစွာ ပြုံးလိုက်သည်။
ပထမအချက်အနေဖြင့် သူသည် ချင်နန်၏ တည်ငြိမ်သောစိတ်နေသဘောထားကို လေးစားမိသည်။
ဒုတိယအချက်အနေဖြင့် ဤကောင်လေး၏စကားပြောစွမ်းရည်ကို သူ ချီးကျူးမိလေ၏။
ဤသည်မှာ အလွန်နားဝင်ချိုသည်။
ဤကောင်လေးသေဆုံးသွားပါက နောင်အနာဂတ် သရဲဧကရာဇ်နေရာကို သူ့အတွက် ချန်ထားရပေမည်။
"မဟုတ်ဘူး..."
ထိုအချိန်မှာပင် နံဘေးတစ်ဖက်မှနေ၍ ချင်ကျစ်ယွီ၏အသံ ထွက်ပေါ်လာသည်။သူမသည် ဖြူရော်နေသောမျက်နှာ နီမြန်းနေသောမျက်လုံးများနှင့် အလျင်အမြန် ပြေးထွက်လာပြီး စိုးရိမ်ပူပန်တကြီး အော်ဟစ်လိုက်၏။
"အစ်ကို...ငါ့ကိုလည်း နင်နဲ့အတူ နေခွင့်ပြုပါ...ငါတို့မောင်နှမနှစ်ယောက် သေအတူရှင်မကွာ နေကြမယ်"
"ကျစ်ယွီ...မင်း..."
သူတို့၏စကားပြောဆိုနေမှုကို ချင်ကျစ်ယွီ ကြားသွားသည့်အား ကြည့်ပြီး ချင်နန်သည် ကူကယ်ရာမဲ့ဖြစ်သွားကာ အလောတကြီး ပြောဆိုလိုက်သည်။
"ငါက အဲ့ဒီမှော်ရတနာကို ချိတ်ပိတ်ဖို့အတွက် ကျန်ခဲ့ရမှာ....ဒါကြောင့် မင်း ငါနဲ့အတူနေလည်း ဘာမှအကြောင်းထူးမှာ မဟုတ်ဘူး"
"မဟုတ်ဘူး...."
ချင်ကျစ်ယွီ၏မျက်နှာပေါ်တွင် မျက်ရည်များစိုရွှဲနေကာ သူမက ခိုင်မာပြတ်သားသောလေသံဖြင့် ပြောဆိုသည်။
"ငါ ဒီစကားကိုပဲ ထပ်ပြောမယ်...ငါတို့နှစ်ယောက်က သေအတူရှင်မကွာပဲ...ငါ နင့်ကို အပြင်မှာ တစ်ယောက်တည်း ထားခဲ့မှာ မဟုတ်ဘူး"
"ကျစ်ယွီ... လိမ္မာစမ်း..."
ချင်နန်က အလေးအနက်ထားသော အမူအယာဖြင့် ပြောဆိုသည်။
"မင်းက ချင်မိသားစုရဲ့ လူငယ်မျိုးဆက်တွေထဲက အထူးချွန်ဆုံးလူတစ်ယောက်...ငါတို့ချင်မိသားစုရဲ့အမွေအနှစ်ကို ဆက်ခံဖို့အတွက် မင်း အသက်ရှင်ဖို့ လိုတယ်...ချင်မိသားစုအတွက် မင်း အသက်ရှင်သန်နေရမယ်"
"မဟုတ်ဘူး... ဒါက မဖြစ်နိုင်ဘူး"
ချင်ကျစ်ယွီက သူမ၏နီမြန်းသောနှုတ်ခမ်းကို တင်းတင်းကြပ်ကြပ်ကိုက်ပြီး သူမ၏ခေါင်းကိုခါယမ်းကာ အခိုင်အမာပြောဆိုသည်။
"ငါ နင့်ကို တစ်ယောက်တည်းနေခွင့် မပြုနိုင်ဘူး"
သို့ရာတွင် နောက်ထပ်အချိန်အခိုက်အတန့်၌ သူမ၏ခန္ဓာကိုယ် တောင့်တင်းသွားကာ မလှုပ်ရှားနိုင်တော့ချေ။သူမ ငုံကြည့်လိုက်ရာ ချင်နန်သည် သူမ၏ခန္ဓာကိုယ်ရှိ မရီဒါန်းများအားလုံးကို ချိတ်ပိတ်လိုက်သည်အား သူမ ရှာဖွေတွေ့ရှိမိလေ၏။
"အစ်ကိုပြောတာ နားထောင်ပြီးတော့ အသက်ရှင်ကျန်ရစ်ပါ"
ချင်နန်က ချစ်မြတ်နိုးသော အမူအယာဖြင့် ချင်ကျစ်ယွီ၏ခေါင်းကို ပွတ်ပြီး အပြုံးနှင့် ပြောဆိုသည်။
"ငါ သေသွားခဲ့ရင် နှစ်ပတ်လည်နေ့တွေတိုင်းငါ့ရဲ့စိတ်ဝိညာဉ်ကျောက်ပြားရှေ့မှာ ဝိုင်ကောင်းတစ်အိုးလောင်းပေးမယ့် လူတစ်ယောက်ကို ငါ လိုအပ်တယ်...အိမ်ကလူတွေက အရမ်းအလုပ်ရှုပ်တာကြောင့် သူတို့က ငါ့ကို မေ့နေကြလိမ့်မယ်...မင်းကသာ ငါ့ကို အမြဲတမ်း အမှတ်ရနေမယ့် တစ်ဦးတည်းသောလူပဲ"
ချင်ကျစ်ယွီသည် မလှုပ်ရှားနိုင် စကားမပြောနိုင်ဖြစ်နေကာ သူမ၏မျက်လုံးအတွင်း၌ မျက်ရည်များဖြင့် ပြည့်နေသည်။
သူမ၏ပါးပြင်နှင့်မျက်လုံးများ နီမြန်းနေပေ၏။
"လိမ်လိမ်မာမာနေပါ..."
ချင်နန်သည် အပြုံးနှင့် ချင်ကျစ်ယွီ၏မျက်ရည်များကို သုတ်ပေးပြီနောက် ကြမ်းပြင်ပေါ်၌ ထိုင်ချပြီး အော်ဟစ်လိုက်သည်။
"ချင်မိသားစုဝင်တွေအားလုံး လာခဲ့ကြစမ်း..."
သင်္ဘောပေါ်တွင်ရှိနေသော ချင်မိသားစုဝင်များသည် သူတို့ရှိနေသောနေရာများမှ အလျင်အမြန် ပြေးထွက်လာကာ ချင်နန်၏ရှေ့၌ ရိုသေလေးစားစွာ မတ်တတ်ရပ်လိုက်ကြသည်။
"မင်းတို့အားလုံး...လေးမျက်နှာ လေဟာနယ်ဝင်င်္ကပါထဲကိုဝင်ဖို့ အဆင်သင့်ပြင်ဆင်ထားကြတော့"
ချင်နန်က အော်ဟစ်သည်။
"ဒါက ..သခင်လေး ..."
ချင်မိသားစုဝင်များသည် ဤစကားများကို ကြားချိန်တွင် သူတို့၏မျက်နှာအမူအယာများ ပျက်ယွင်းသွားကာ ကြမ်းပြင်ပေါ်၌ ဒူးထောက်လိုက်ကြ၏။
"သခင်လေး...မင်း ဒီလိုလုပ်လို့ မရဘူး"
"အခုထိ နောက်ဆုံးအချိန်ကို မရောက်သေးပါဘူး...နည်းလမ်းတစ်ခုခု ရှိနေမှာပါ"
"အမှန်ပဲ....တကယ်လို့ ငါတို့ သေရမယ်ဆိုရင်တောင် အတူတူသေကြရအောင်"
သူတို့အားလုံးသည် ချင်နန်၏စကားမှ အဓိပ္ပါယ်ကို နားလည်သဘောပေါက်သည်မှာ သိသာထင်ရှားပေ၏။
"ဟမ့်..."
ချင်နန်က တည်ကြည်လေးနက်သော မျက်လုံးအကြည့်ဖြင့် ချင်မိသားစုဝင်များကို ဝေ့ဝိုက်ကြည့်ပြီး အသံနက်ကြီးဖြင့်ပြောဆိုသည်။
"မင်းတို့က ငါ့ရဲ့စကားကို နားမထောင်ချင်ကြတာလား"
"ဒါ့ပြင် အခု ငါက မင်းတို့နဲ့ တိုင်ပင်ဆွေးနွေးနေတာ မဟုတ်ဘူး...သခင်လေးတစ်ယောက်အနေနဲ့ ငါက မင်းတို့ကို အမိန့်ပေးနေတာပဲ"
"မဟုတ်ဘူး....အဲ့ဒီလို မဟုတ်ပါဘူး"
"အမှန်ပဲ...ငါတို့က အဲ့ဒီသဘော မဟုတ်ပါဘူး"
လူများအားလုံးသည် မြေပြင်ပေါ်၌ ဒူးထောက်ကာ သူတို့၏ခန္ဓာကိုယ်များ တုန်ရီနေပြီး သူတို့၏မျက်လုံးများအတွင်းမှ မျက်ရည်များ ယိုစီးကျနေသည်။
"တကယ်လို့ မင်းတို့က ငါ့ရဲ့အမိန့်ကို မနာခံဘူးဆိုရင်.. မင်းတို့က ငါတို့ချင်မိသားစုနဲ့ ဘိုးဘေးရဲ့သင်ပြပေးမှုကို မလေးမစားလုပ်တာပဲ"
ချင်နန်က ခိုင်မာပြတ်သားစွာ ပြောဆိုသည်။
သူ၏စကားအဆုံးသတ်သွားချိန်တွင် သူ့ထံ၌ တက်ကြွဖျတ်လတ်မှုများဖြင့် ပြည့်နှက်နေကာ သူ့၏လက်အတွင်းရှိ လေးထောင့်ပုံ ဝင်္ကပါသေတ္တာကို လေထုအတွင်းသို့ မြှောက်လိုက်သည်။
လေထုအတွင်းသို့ ရောက်ရှိသွားပြီးနောက် ဝင်္ကပါသေတ္တာထံမှနေ၍ ကျယ်လောင်သော မြည်သံကြီးနှင့်အတူ တောက်ပသောအလင်းရောင်များ ဖြာထွက်လာပြီး လမ်းကြောင်းတစ်ခု ထွက်ပေါ်လာသည်။
"ချင်မူ....ကျစ်ယွီကို လေဟာနယ်ဝင်္ကပါထဲ ခေါ်သွားလိုက်ပါ"
ချင်နန်က အမိန့်ပေးသည်။
"သခင်လေး ငါ...."
ချင်မူဟု အမည်ရသော လူလတ်ပိုင်းကြီးသည် ငိုကြွေးနေကာ ချင်နန်ကိုကြည့်ပြီး စိတ်ပျက်လက်ပျက်ဖြင့် သူ၏ခေါင်းကို ခါယမ်းလိုက်၏။
"ငါ မင်းကို အထဲဝင်ဖို့ အမိန့်ပေးတယ်"
ချင်နန်က အော်ဟစ်လိုက်သည်။
"ဟုတ်ကဲ့..."
ချင်မူသည် သူ၏လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်ပြီး အချိန်အတော်ကြာ တွေဝေနေပြီးနောက် သူ၏မျက်နှာပေါ်တွင် စိတ်ပျက်ညှိုးငယ်မှုအရိပ်အယောင်များ ထင်ဟပ်လာသည်။ထို့နောက် သူသည် ချင်ကျစ်ယွီကို ဆွဲခေါ်ပြီး လေဟာနယ်ဝင်္ကပါလမ်းကြောင်း အတွင်းသို့ ဝင်လိုက်၏။
"ချင်ယု ...အထဲကိုဝင်တော့"
"သခင်လေး ...အဲ့ဒီလို မလုပ်ပါနဲ့"
"အခုချက်ချင်း ဝင်စမ်း"
"ဟုတ်ကဲ့..."
ချင်နန်၏ တင်းကြပ်သောအမိန့်များအောက်တွင် ချင်မိသားစုဝင်များအားလုံးသည် လေးမျက်နှာ လေဟာနယ်ဝင်္ကပါအတွင်းသို့ တစ်ယောက်ပြီးတစ်ယောက် ဝင်သွားကြသည်။
"ချိတ်ပိတ်စမ်း...."
လူများအားလုံး ဝင်ရောက်သွားပြီးနောက် ချင်နန်သည် ကျယ်လောင်စွာအော်ဟစ်ကာ ဝင်္ကပါသေတ္တာအတွင်းသို့ သူ၏ကျင့်ကြံဆင့်စွမ်းအားများ ထည့်သွင်းလိုက်သည်။
လေဟာနယ်ဝင်္ကပါ၏ဝင်ပေါက် ချက်ချင်းပိတ်သွားကာ ဝင်္ကပါသေတ္တာသည် သူ၏လက်အတွင်းသို့ ပြန်လည်ရောက်ရှိလာသည်။
ထို့နောက် ချင်နန်၏ပါးစပ်မှ သွေးတစ်လုတ် အန်ထွက်လာသည်။သူ၏မျက်နှာသည် စက္ကူဖြူတစ်ရွက်ကဲ့သို့ ဖြူရော်နေကာ သူသည် အဆက်မပြတ် ချောင်းဆိုးနေပေ၏။
"ဟန်ဆောင်ရတာ မောလိုက်တာ...."
ချင်နန်က လက်ကိုင်ပဝါတစ်ထည်ဖြင့် သူ၏ပါးစပ်ထောင့်မှ သွေးများကို သုတ်လိုက်သည်။ထို့နောက် အစောပိုင်းက ချင်ကျစ်ယွီယူဆောင်လာသော ဝိုင်အရက်အိုးကို ကောက်ကိုင်ကာ ရီဖုန်း၏ခွက်အတွင်းသို့ ဖြည့်ပေးပြီးနောက် အပြုံးနှင့် ပြောဆိုသည်။
"အစ်ကိုရီ....ငါ့ရဲ့ရှက်ဖို့ကောင်းတဲ့ကိစ္စကို မင်း မြင်သွားစေခဲ့တဲ့အတွက် ငါ တောင်းပန်ပါတယ်"
Thank For Reading.