အခန်း (၉၆၁-၉၆၅)
Vol. 65 Ch. 961-965
Chapter 961
"ဒါက ဘယ်လိုဟာသမျိုးလဲ"
ရီဖုန်းက ပြုံးလိုက်သည်။
ထို့နောက် သူ၏ဝိုင်အရက်ခွက်ကို ချင်နန်ထံသို့ မြှောက်ပြပြီး တစ်ကျိုက်တည်းဖြင့် သောက်လိုက်သည်။
နေ့ရက်များသည် သာယာလှပပေ၏။
သူ သေဆုံးရတော့မည့်အချိန်တွင် သူ၏နံဘေး၌ ချင်နန်ကဲ့သို့ လူကောင်းတစ်ယောက် ရှိနေသည်မှာ အလွန်ကောင်းမွန်သည်။
"ဒါပေမဲ့...ငါက ငါ့ရဲ့အလောင်းကို ကောက်ပေးဖို့ အစ်ကိုရီကို ဒုက္ခပေးရလိမ့်မယ်"
ချင်နန်က ခါးသည်းသောအပြုံးနှင့် ပြောဆိုသည်။
"အစောပိုင်းက ချိတ်ပိတ်လိုက်မှုကြောင့် ငါ့ရဲ့စွမ်းအားတစ်ဝက်လောက် ကုန်ဆုံးသွားတယ်...ဒါကြောင့် ငါက အစ်ကိုရီကို ခုနစ်ရက်လောက်ပဲ အဖော်ပြုပေးနိုင်လိမ့်မယ်"
ထိုသို့ပြောဆိုပြီးနောက် သူ၏ခေါင်းကို တဖန်ပြန်၍ တိမ်းစောင်းကာ သူ၏ခွက်အတွင်းသို့ ဝိုင်အရက်များ လောင်းထည့်လိုက်သည်။
ထိုတစ်ခွက်သောက်ပြီးနောက် သူသည် နောက်ထပ်ဝိုင်အရက်နှစ်ခွက်ကိုလည်း အလျင်အမြန် အဆုံးသတ်လိုက်သည်။
ဝိုင်အရက်သုံးခွက်သောက်ပြီးနောက် ချင်နန်၏မျက်နှာ နီမြန်းသွားကာ သူ၏ပိန်ပါးသောခန္ဓာကိုယ် တုန်ရီနေပြီး သူ့၏မျက်လုံးအတွင်းမှ မျက်ရည်များ ယိုစီးကျလာသည်။
"အစ်ကိုရီရဲ့ လှောင်ပြောင်ခံရမှာကို ငါ မကြောက်ဘူး...တကယ်တော့ ငါက သေရမှာကို အရမ်းကြောက်တယ်"
ချင်နန်သည် ထိုစကားကိုပြောဆိုရင်း သူ့အတွက် နောက်ထပ်ဝိုင်တစ်ခွက်ငှဲ့လိုက်ကာ အရက်မူးခြင်းဖြင့် သူ့ကိုယ်သူ ထုံကျင်နေစေလိုသည့်အလားပင်။ထို့နောက် သူက ခြောက်ကပ်ကပ်အသံဖြင့် ပြောဆိုသည်။
"ငါက အစ်ကိုရီကို ကြည်ညိုလေးစားမိတယ်....အကိုရီက သေရမှာကို မကြောက်ဘဲနဲ့ တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်တဲ့အတွက် ငါ တကယ်လေးစားမိတယ်"
"ငါက အစ်ကိုရီလို မလုပ်နိုင်ဘူး....အကြောင်းကတော့ ငါ မသေချင်လို့ပဲ"
ချင်နန်က သူ၏လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်ထားကာ သူ၏ဖြူရော်နေသောမျက်နှာပေါ်တွင် ဝမ်းနည်းကြေကွဲမှုများဖြင့် ပြည့်နှက်နေသည်။
သူသည် ချင်မိသားစု၏သခင်လေး ဖြစ်ကာ...
ထျန်းယုနယ်မြေ၏ လူငယ်မျိုးဆက်သစ်များအနက် ထိပ်သီးပါရမီရှင်တစ်ယောက်ပင်။
ထို့ပြင် သူသည် နောင်အနာဂတ်တွင် သူတော်စင်တစ်ယောက်ဖြစ်ရန် အလားအလာရှိသူ ဖြစ်ပေ၏။
သူ၏အနာဂတ်အောင်မြင်မှုများသည် အကန့်အသတ်ရှိမည် မဟုတ်ချေ။မည်သည်ကြောင့် သူသည် ဤကဲ့သို့ ဆိုးရွားသောနည်းလမ်းဖြင့် သေဆုံးသွားရန် ဆန္ဒရှိမည်နည်း။
ဟူး....
ရီဖုန်းက ညင်သာစွာ သက်ပြင်းရှိုက်လိုက်ကာ မည်ကဲ့သို့ ပြောဆိုရမည်ကို မသိတော့ချေ။ထိုကြောင့် သူသည် ချင်နန်၏ပခုံးကိုပုတ်ပြီး နှစ်သိမ့်ပေးရုံသာ တတ်နိုင်တော့သည်။
ချင်နန်၏ ယခင်နှင့်ယခု စိတ်နေသဘောထားသည် ဆန့်ကျင်ဘက်ဖြစ်နေပုံပင်။
သို့ရာတွင် ရီဖုန်း၏အမြင်အရ ဤသည်မှာ အလွန်စစ်မှန်ပေ၏။
ဤသည်မှာ လူသားတစ်ယောက် ဖြစ်ကာ...
သက်ရှိထင်ရှားလူတစ်ယောက်ပင်။
သေရေးရှင်ရေးနှင့် ထိပ်တိုက်ရင်ဆိုင်ရချိန်တွင်...
သေမျိုးနှင့်ကျင့်ကြံသူများအကြား၌ မည်သည့်ကွဲပြားခြားနားချက်မျှ ရှိမည်မဟုတ်ပေ။
ညဥ့်အချိန် ပို၍မှောင်မည်းလာသည်နှင့်အတူ သူတို့နှစ်ယောက်သား ဆက်လက်၍ ဝိုင်အရက်သောက်နေကြသည်။
နောက်ထပ်နေ့ညများတွင်....
ဤသင်္ဘောကြီးပေါ်၌ လူနှစ်ယောက်သာ ကျန်ရှိတော့ပေမည်။
ပင်လယ်လေပြည်ညှင်း ဖြတ်သန်းတိုက်ခတ်နေကာ လေထုအတွင်း၌ သင်္ဘောထိပ်ရှိ အလံနီ လူးလွန့်နေသည်။ဤသည်မှာ လှောင်ပိတ်ခံထားရသော လူများအား လောကကြီးအတွင်း၌ ရှင်သန်နေချိန်တွင် လေဒဏ်လှိုင်းဒဏ်များ ခံရသည်အား ပြောပြနေသည့် အလားပင်။
ကြည်လင်သောအသံနှင့်အတူ ဝိုင်အရက်အိုး ကကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားကာ အိုးကွဲစများက နေရာအနှံ့အပြားသို့ ပြန့်ကျဲသွားသည်။ သို့ရာတွင် မည်သူကမျှ ထိုအိုးကွဲစများကို မကြည့်ကြချေ။သူတို့နှစ်ယောက်သည် စားပွဲခုံကိုမှီ၍ လဲလျောင်းပြီး စကားစမြည်ပြောဆိုနေကြ၏။
ချင်နန်က သူ၏ဘဝဇာတ်ကြောင်းနှင့် ပတ်သက်ပြီး ရီဖုန်းကို ပြောပြခဲ့သည်။
သူ ငယ်စဉ်ကတည်းက မောက်မာထောင်လွှားပြီး မရင့်ကျက်ခဲ့ကြောင်း ပြောဆိုခဲ့ကာ...
သူ၏ဘဝအတွင်းရှိ ရန်ငြိုးများနှင့်ပျော်ရွှင်မှုများအကြောင်းကိုလည်း ပြောဆိုခဲ့သည်။
ထို့ပြင် သူငယ်ချင်းကောင်းအနည်းငယ်၏လမ်းညွှန်မှုကြောင့် သူသည်ပြန်လမ်းမရှိသောလမ်းကို လျှောက်လှမ်းခဲ့ကာ မိုးမြေကျွန်းပေါ်တွင် ဇနီးမယားအမြောက်အများရှိနေကြောင်း ပြောဆိုခဲ့ပေ၏။
ရီဖုန်းသည် စကားတစ်ခွန်းမျှမဆိုပဲ တစ်ချိန်လုံးနားထောင်နေခဲ့သည်။
သူသည် ဘဝနှစ်ခု ရှင်သန်နေထိုင်ခဲ့သူ ဖြစ်သော်လည်း ဤအချိန်အခိုက်အတန့်တွင် ချင်နန်၏ခံစားချက်များကို စာနာနိုင်ခြင်းမရှိချေ။
အကြောင်းအရင်းမှာ သူသည် သေရတော့မည်ဖြစ်သော်လည်း သူ အမှန်တကယ် သေဆုံးသွားမည်မဟုတ်သောကြောင့်ပင်။
ထိုကြောင့် သူသည် အရည်အချင်းရှိသော နားထောင်သူလုပ်ရန် ရွေးချယ်ခဲ့လေ၏။
သူတို့ မသိလိုက်ခင်မီမှာပင် အချိန်များစွာ ကုန်ဆုံးသွားလေပြီ။
အချိန်အတော်ကြာ မှုန်မှိုင်းနေသော မိုးကောင်းကင်ယံတွင် ယခုအချိန်၌ နေဝင်ချိန်အလင်းတန်းများဖြင့် ပြည့်နှက်နေကာ စားပွဲပေါ်သို့ ဖြာကျပြီး အနီရောင်သန်းနေသည်။
ရီဖုန်းသည် ဝိုင်အရက်ကို တစ်ခွက်အပြည့်ငှဲ့ကာ တစ်ကျိုက်တည်းဖြင့် သောက်လိုက်၏။
ဝိုင်အရက်သည် ကောင်းမွန်ကာ ဇာတ်ကြောင်းကိုနားထောင်ရသည်မှာ ကောင်းမွန်သော်လည်း ညနေစောင်းနေလေပြီ။
နောက်ဆုံး၌ ချင်နန်ထံတွင် ခွန်အားမကျန်ရှိတော့ချေ။သူသည် စားပွဲခုံ၏ဘေးသို့ လဲကျသွားကာ စားပွဲခုံခြေထောက်ကို တင်းတင်းကြပ်ကြပ်ပွေ့ဖက်ပြီး ခပ်တိုးတိုးဟောက်နေလေ၏။
ရီဖုန်းသည် ချင်နန်ကို လျစ်လျူရှုကာ ဝိုင်အရက်အိုးကိုကောက်ယူပြီး ဒယိမ်းဒယိုင်ဖြင့် မတ်တတ်ထရပ်လိုက်သည်။
ထို့နောက် သူသည် ခြေလှမ်းတစ်လမ်းခြင်း သင်္ဘောဦးပိုင်းထံသို့ လျှောက်လှမ်းသွားခဲ့သည်။
သူ သင်္ဘောဦးပိုင်းသို့ ရောက်ရှိချိန်၌ ဝိုင်အရက်ကုန်သွားလေပြီ။သူသည် အရက်အိုးကို ခါယမ်းကြည့်ပြီးနောက် အဝေးသို့ လွှင့်ပစ်လိုက်၏။
ထိုအရာသည် လွင့်ထွက်သွားပြီးနောက် အကန့်အသတ်မဲ့ကျယ်ဝန်းသော ပင်လယ်ရေမျက်နှာပြင်ပေါ်သို့ ကျသွားကာ ရေများအနည်းငယ် ဂယက်ထသွားသည်။
ရီဖုန်းက ခေါင်းမော့ပြီး အဝေးတစ်နေရာကိုကြည့်ကာ သူ၏လက်နှစ်ဖက်ကို နောက်ပစ်ပြီး မတ်တတ်ရပ်နေသည်။
နေဝင်ချိန်၏တောက်ပမှုကြောင့် သူ၏အရိပ်သည် ရှည်လျားနေပေ၏။
သူ့ထံ၌ ထူးဆန်းသောခံစားချက်မျိုး ရှိနေသည်။
ဤသည်မှာ တစ်စုံတစ်ခုသည် ဝေးလံသောနေရာတစ်နေရာ၌ သူ့ကို စောင့်ဆိုင်းနေသည့်အလားပင်။
ထူးဆန်းတယ်...
ဒါက အရမ်းကိုထူးဆန်းနေတယ်...
ချင်နန်သည် လွန်ခဲ့သောရက်များအတွင်းတွင် ဘဝ၏အတက်အကျကို တွေ့ကြုံခဲ့ရကာ သူ ပြောဆိုလိုသောအရာများနှင့် ပြောဆိုသင့်သောအရာရာတိုင်းကို ပြောခဲ့ပြီးနောက် သူ့ကိုကြည့်ရသည်မှာ လုံးလုံးလျားလျား လွှက်ချလိုက်ပုံပင်။
ဤရက်များအတွင်းတွင် သူကိုယ့်သူ အနည်းငယ်မျှ ဂရုမစိုက်တော့ချေ။
ဤနောက်ဆုံးအချိန်အခိုက်အတန့်တွင် သူသည် စိုးရိမ်သောကများကို မေ့ဖျောက်၍ ပျော်ရွှင်နိုင်အောင် အကောင်းဆုံးကြိုးစားရပေမည်။
သူတို့နှစ်ယောက်သည် ကုန်းပတ်ပေါ်တွင် နောက်မှီကုလားထိုင်တစ်လုံးစီပေါ်၌ ထိုင်ကာ ငါးမျှားနေကြ၏။
ငါးသည် ငါးစာကိုလာကိုက်သဖြင့် ရီဖုန်းက ငါးမျှားတံကို ချက်ချင်းဆွဲတင်လိုက်သည်။
အမျိုးအမည်မသိသည့် တစ်ပေခန့်ရှည်လျားသော အစိမ်းရောင်ငါးတစ်ကောင်ကို ဖမ်းမိပြီးနောက် ဘန်းခနဲမြည်သံနှင့်အတူ ကုန်းပတ်ပေါ်သို့ ကျလာသည်။
"သွားပြီးချက်တော့...."
ရီဖုန်း၏နှုတ်ခမ်းထောင့် မြင့်တက်သွားပြီး ပြောဆိုသည်။
"အမ်...အစ်ကိုရီ ဘယ်လိုလုပ်ပြီးတော့ မင်းပဲ ငါးတွေကို အရင်ဖမ်းမိနေတာလဲ....အနည်းဆုံးတော့ ငါ့ကို တစ်ကြိမ်လောက် အနိုင်ပေးသင့်တယ်"
ချင်နန်က မကျေမနပ် ညည်းတွားသည်။
"မင်း ကတိဖျက်လို့မရဘူး...ငါးဖမ်းတဲ့နေရာမှာ ရှုံးတဲ့သူက ဟင်းချက်ရမယ်ဆိုတာ ငါတို့ သဘောတူထားတဲ့ ကိစ္စပဲ"
ရီဖုန်းက ချင်နန်ကို လက်ညှိုးထိုးပြီး ပြောဆိုသည်။
"အခုက မင်း ဟင်းချက်ဖို့အတွက် အချိန်ကျပြီ"
"မရဘူး....ငါက ဟင်းတွေအများကြီး ချက်ခဲ့ရတယ်"
ချင်နန်သည် သုန်မှုန်နေသောမျက်နှာဖြင့် ပြောဆိုလိုက်၏။
"ငါက အကြိမ်တိုင်း ချက်ပြုတ်နေရမယ်ဆိုရင် အစ်ကိုရီချက်တာကို ငါ ဘယ်ချိန်ကျမှ မြည်းစမ်းရမှာလဲ"
"ဒါဆိုရင် မင်း အရည်အချင်းရှိအောင် လုပ်လေ"
ရီဖုန်းက အပြုံးနှင့် ပြောဆိုသည်။
"မရဘူး အခု ပြန်စမယ်...ငါးကို အရင်ဖမ်းမိတဲ့လူက ဟင်းချက်ဖို့ မလိုဘူး"
ချင်နန်က ရှင်းရှင်းလင်းလင်း ပြောဆိုသည်။
"ကောင်းပြီလေ....ဒါဆိုရင်လည်း ငါမင်းကိုအခွင့်အရေးတစ်ခုပေးမယ်။
ရီဖုန်းကပြုံးလိုက်သည်။
ချင်နန်သည် ကြက်သွေးများ ထိုးသွင်းခံရသည့်အလား စိတ်အားတက်ကြွသွားပေ၏။
သူသည်နောက်မှီကုလားထိုင်ပေါ်၌ တဖန်ပြန်၍ထိုင်ကာ ငါးမျှားဖော့ကို စူးစိုက်၍ ကြည့်လိုက်သည်။
နောက်ဆုံး၌ ငါးမျှားဖော့ လှုပ်ခတ်သွားသဖြင့်...
ချင်နန်၏မျက်လုံးများ တောက်ပသွားသည်။
"ဟား ဟား ဟား....အစ်ကိုရီ ဒီတစ်ကြိမ်တော့ မင်း ရှုံးတော့မယ်"
ချင်နန်က စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်ကာ သူ၏ငါးများတံကို အလျင်အမြန် မြှောက်လိုက်သည်။
သို့ရာတွင်....
ခေါင်းနီငါးတစ်ကောင်သည် ရေမျက်နှာပြင်မှ ထွက်လာပြီးနောက် ငါးမျှားတံမှ လွတ်ထွက်သွားကာ ရေအတွင်းသို့ ကူးခတ်သွားသည်။
"အမ်...ဒါက ..."
ချင်နန်၏မျက်နှာသည် နှင်းရိုက်ခံရသောခရမ်းသီးပုတ်တစ်လုံးအလား ရှုံမဲ့သွားပေ၏။
"ငါ မင်းကို အခွင့်အရေးမပေးဘူးလို့ မင်း ငါ့ကို အပြစ်မတင်နဲ့...မင်းရဲ့အရည်အချင်းက မလုံလောက်သေးဘူး"
ရီဖုန်းက ဖြည်းညှင်းစွာပြောဆိုသည်။ထို့နောက် သူ၏ငါမျှားတံကို အေးအေးလူလူမတင်ပြီး ပေဝက်ခန့်ရှည်လျားသော ငါးတစ်ကောင်ကို သက်တောင့်သက်သာ ဖမ်းဆီးနိုင်ခဲ့သည်။
ချင်နန်က ထိုမြင်ကွင်းကို ကြောင်စီစီဖြင့် စူးစိုက်ကြည့်နေသည်။
"မင်းက ဘာလို့ ဒီနေရာမှာ မတ်တတ်ရပ်နေတာလဲ..သွားပြီး ချက်တော့လေ"
ရီဖုန်းက အော်ဟစ်လိုက်သည်။
"ဟုတ်ကဲ့...."
ချင်နန်သည် မကျေမနပ်ဖြင့် ငါးနှစ်ကောင်ကိုကောက်ယူပြီး စိတ်ပျက်လက်ပြတ်ဖြင့် မီးဖိုချောင်ထံသို့ အပြေးသွားလိုက်သည်။
မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် ရက်ပေါင်းများစွာ ကုန်ဆုံးသွားလေပြီ။
သူတို့နှစ်ယောက်သည် ငါးဖမ်းခြင်း စစ်တုရင်ကစားခြင်း ဝိုင်အရက်သောက်ခြင်း စကားစမြည်ပြောဆိုခြင်းတို့ကို ပြုလုပ်နေကြကာ ရံဖန်ရံခါ၌ သူတို့သည် အမူးလွန်ပြီး နောက်မှီကုလားထိုင်များပေါ်၌ အိပ်မောကျသွားပေ၏။
သူတို့၏မျက်လုံးများအတွင်း၌ နေ့နှင့်ညကွဲပြားခြားနားချက် မရှိတော့သည့်အပြင် အချိန်၏အခန်းကဏ္ဍသည် အရေးမပါတော့ချေ။
ဝန်ထုပ်ဝန်ပိုးများကို ထမ်းမထားရတော့သဖြင့် ဖိအားကင်းမဲ့နေသော ချင်နန်သည် လုံးလုံးလျားလျား စိတ်လွတ်ကိုယ်လွတ် နေထိုင်ခဲ့သည်။သူသည် ရံဖန်ရံခါ၌ သင်္ဘောပေါ်တွင် ကိုယ်လုံးတီးပြေးလွှားနေသဖြင့် ရီဖုန်းသည် အလွန်ရွံရှာနေပေ၏။
"အခုက ဘယ်နှစ်ရက် ကြာသွားပြီလဲ"
ရီဖုန်းက မေးမြန်းသည်။
"ငါလည်း မသိဘူး....သုံးလေးရက်လောက်တော့ ရှိပြီမဟုတ်လား"
ချင်နန်က ငါးများရာ၌ အာရုံစူးစိုက်နေသည်။ထို့နောက် သူ၏လက်ကိုဝှေ့ယမ်းပြီး အလေးမထားသောအမူအယာဖြင့် ပြောဆိုသည်။
"ဘယ်သူက ဂရုစိုက်နေမှာလဲ"
"ဒါပေမဲ့ ငါက ဘာလို့ အခုထိ သေခြင်းတရားကို နည်းနည်းလေးတောင် မခံစားရသေးတာလဲ"
ရီဖုန်းက ထပ်မံ၍မေးမြန်းသည်။
"ဒါက မင်းအတွက် နည်းနည်းစောနေလို့ ဖြစ်မယ်...အနည်းဆုံးတော့ မင်းက ငါ သေသွားတဲ့အချိန်ထိ စောင့်သင့်တယ်"
"ငါးကလည်း ငါးစာကို လာကိုမဟပ်ဘူး"
ချင်နန်သည် ပျင်းရိငြီးငွေ့စွာဖြင့် သူ၏ခြေထောက်မွှေးများကို ဆွဲနှုတ်ပြီး ညည်းတွားလိုက်၏။
"အင်း..."
ရီဖုန်းက ခေါင်းညိတ်လိုက်သည်။
မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် နောက်ထပ်ရက်ပေါင်းများစွာ ကုန်ဆုံးသွားခဲ့သည်။
နောက်မှီကုလားထိုင်ပေါ်၌ လဲလျောင်းကာ ခရုတစ်ကောင်နှင့် ဆော့ကစားနေသော ရီဖုန်းက သူ၏နံဘေးတွင်ရှိသော ချင်နန်ကို မေးမြန်းလိုက်သည်။
"ဒါက ရက်နည်းနည်းတော့ ကြာနေပြီ...အခုက အချိန်ကျနေပြီလို့ ငါ ထင်တယ်...မင်း ဘာလို့ အခုထိ မသေသေးတာလဲ"
ဤအချိန်အခိုက်အတန့်၌ ချင်နန်သည် ရီဖုန်းမှ သူ့အတွက် ခင်းကျင်းပေးထားသော စစ်တုရင်ကစားကွက်နှင့် ပတ်သက်ပြီး ပြင်းပြင်းထန်ထန် စဉ်းစားတွေးတောနေပေ၏။ ရီဖုန်း၏မေးခွန်းကိုကြားချိန်တွင် သူ၏ခေါင်းကိုမော့ပြီး အချိန်တစ်ခဏကြာခန့် စဉ်းစားလိုက်သည်။
"ငါလည်း မမှတ်မိတော့ဘူး...ကြည့်ရတာတော့ ဒါက တစ်ရက်နှစ်ရက်ပဲရှိသေးတာ မဟုတ်လား"
"မင်း ဘယ်လို အသက်ရှင်နေခဲ့တာလဲ...အချိန်ရဲ့လှည့်ပတ်မှုကိုတောင် မင်း မသိဘူးလား"
ရီဖုန်းက သုန်မှုန်နေသောမျက်နှာဖြင့် မေးမြန်းသည်။
"အစ်ကိုရီ...မင်းလည်း မမှတ်မိဘူး မဟုတ်လား"
ချင်နန်က မကျေမနပ်ဖြင့် တုံ့ပြန်သည်။
"အခု ဘယ်လောက်ကြာသွားပြီလဲ ဆိုတာကို သိဖို့ နည်းလမ်းတစ်ခုကို မြန်မြန်စဉ်းစားစမ်း"
ရီဖုန်းက သူ၏လက်ကိုဝှေ့ယမ်းပြီး အလျင်အမြန်ပြောဆိုသည်။
"အမ်...ဒါက ကြည့်စရာ လိုသေးလို့လား....ဘယ်လိုပဲဖြစ်ဖြစ် ဒါက အချိန်ခုနစ်ရက် မပြည့်နိုင်သေးဘူး...ဘာလို့လဲဆိုတော့ အချိန်စေ့ရင် ငါက သေသွားမှာမလို့ပဲ"
ချင်နန်က မလိုလားသောအမူအယာဖြင့် ပြောဆိုသည်။
သို့ရာတွင် ရီဖုန်း၏ခေါင်းမာနေမှုကို မြင်တွေ့ချိန်၌ ချင်နန်သည် ရွေးချယ်စရာမရှိတော့သဖြင့် ပြောဆိုလိုက်၏။
"ကောင်းပြီလေ...ငါက လေးမျက်နှာဝင်္ကပါသေတ္တာရဲ့ ချိတ်ပိတ်ထားမှုကနေ စွမ်းအင်ကုန်ဆုံးသွားတာကိုကြည့်ပြီး ဘယ်နှစ်ရက်ကြာသွားပြီလဲဆိုတာကို ဖော်ထုတ်လို့ရတယ်"
ချင်နန်သည် ထိုစကားကိုပြောဆိုရင်း သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ ခပ်ဖျော့ဖျော့အလင်းတန်းများ ဖြာထွက်နေသော လေးမျက်နှာဝင်္ကပါသေတ္တာ ထွက်ပေါ်လာသည်။
"ဒါက...."
နောက်ထပ်အချိန်အခိုက်အတန့်တွင် ချင်နန်က ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
"ဘာဖြစ်တာလဲ...."
ရီဖုန်းသည် ထိတ်လန့်သွားကာ အော်ဟစ်ဆဲဆိုလိုက်၏။
"မင်းက သရဲတွေ့လို့ အော်နေတာလား"
"ရီ ရီ အစ်ကိုရီ.. ဒါက မဟုတ်သေးဘူး"
ချင်နန်၏ခန္ဓာကိုယ် တုန်ရီသွားကာ မယုံကြည်နိုင်စွာဖြင့် အော်ဟစ်သည်။
"အခုက ဆယ့်ခြောက်ရက်တောင် ကြာသွားပြီ"
"ဘာ...."
ရီဖုန်းသည် နောက်မှီကုလားထိုင်ပေါ်မှာ ပြုတ်ကျသွားလုနီးပါးပင်။သူသည် အလျင်အမြန် မတ်တတ်ထရပ်ပြီး မယုံကြည်နိုင်စွာဖြင့် ချင်နန်ကို ကြည့်လိုက်၏။
Chapter 962
"ဆယ့်ခြောက်ရက်...ဆယ့်ခြောက်ရက်တောင် ကုန်သွားပြီ"
ချင်နန်က စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။
"မင်း မမှားတာ သေချာလား"
ရီဖုန်းက မယုံကြည်နိုင်သောလေသံဖြင့် မေးမြန်းသည်။
"မင်းက ခုနစ်ရက်ပြည့်ရင် သေသွားရမှာ မဟုတ်ဘူးလား....ဘယ်လိုလုပ်ပြီးတော့ ခုနစ်ရက်ကို ကျော်သွားတာလဲ"
"အမှန်ပဲ....ငါလည်း ဇဝေဇဝါဖြစ်နေတယ်...ငါ မသေသေးဘူး...ငါ ခုထိ မသေသေးဘူး"
ချင်နန်က စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်သည်။
"ဒါပေမဲ့ လေးမျက်နှာ ဝင်္ကပါသေတ္တာကနေတဆင့် အချိန်ဆယ့်ခြောက်ရက် ကုန်သွားပြီဆိုတာကို ငါ အတည်ပြုနိုင်တယ်"
သူသည် စိတ်လှုပ်ရှားစွာဖြင့် သူ အချိန်အတော်ကြာ အာရုံစူးစိုက်ခဲ့ခြင်းမရှိသော သူ့၏စွမ်းအားများကို စတင်၍လှည့်ပတ်လိုက်သည်။
ထို့နောက် သူ၏ပါးစပ်မှ အံ့အားတသင့်အော်ဟစ်သံတစ်သံ ထပ်မံ၍ထွက်ပေါ်လာသည်။
"ဟား ဟား ဟား...အစ်ကိုရီ ဘယ်ချိန်ကစပြီးတော့ ငါ့ရဲ့ကျင့်ကြံဆင့်နဲ့အသက်စွမ်းအားတွေ လျော့နည်းမသွားတော့တာလည်းဆိုတာ ငါ မသိဘူး...ကြည့်ရတာတော့ ဒါက ပြန်ကောင်းလာပုံရတယ်"
"အစ်ကိုရီ... ငါ မသေတော့ဘူး"
ဘဝ၏အတက်အကျများစွာကို ကြုံတွေ့ခဲ့ရပြီးနောက် ချင်နန်သည် ဤအချိန်အခိုက်အတန့်၌ ဤကဲ့သို့ရလဒ်မျိုးကို ရရှိခဲ့လေပြီ။သူသည် ဝမ်းသာပျော်ရွှင်စွာဖြင့် အော်ဟစ်ပြီး ရီဖုန်းကို ပွေ့ဖက်လိုက်သည်။
သို့ရာတွင်...
ရီဖုန်းသည် သူ၏အသက်စွမ်းအားများ လျော့နည်းသွားတော့မည် မဟုတ်ဟု ကြားချိန်၌ သူ့၏မျက်နှာ ချက်ချင်းသုန်မှုန်သွားသည်။
သူသည် မည်သည့် သေဆုံးခြင်းအရိပ်အယောင်ကိုမျှ မခံစားရသည်မှာ အံ့အားသင့်ဖွယ်မရှိတော့ချေ။
အသက်စွမ်းအားကို ဝါးမြိုသော အားလှိုင်းသည် ပျောက်ကွယ်သွားခဲ့လေပြီ။
'အိုး နတ်ဘုရားတွေရေ...'
'မင်း ငါ့ကို ဘာလို့ ခုလိုမျိုး ကျီစယ်နေတာလဲ'
'မင်းက ငါ့ကို မျှော်လင့်ချက် မပေးရင်လည်း မပေးနဲ့လေ...ဒါမှမဟုတ် ငါ့ကို မျှော်လင့်ချက်ပေးပြီးရင်လည်း ငါ့ကို သေခွင့်ပြုလေ'
"အစ်ကိုရီ...မင်းကိုကြည့်ရတာ ဘာလို့ မပျော်တဲ့ပုံ ပေါက်နေတာလဲ"
ချင်နန်က စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်သည်။
"ငါတို့ မသေတော့ဘူး.. ငါတို့ မသေတော့ဘူးလေ..ငါတို့ ဆက်ပြီး အသက်ရှင်နိုင်တော့မယ် . ငါတို့ရဲ့နေ့ရက်ကောင်းလေးတွေ ရောက်လာတော့မှာ...မင်းက ပျော်ရွှင်ပြီးတော့ စိတ်လှုပ်ရှားနေသင့်တယ် မဟုတ်လား"
အင်း ပျော်တယ်ငါအရမ်းပျော်တယ်
ရီဖုန်းက ဝတ်ကြေတန်းကြေ တုံ့ပြန်လိုက်သော်လည်း သူ၏စိတ်နှလုံးသားအတွင်း၌ ဒေါသထွက်နေသည်။
"အော် အစ်ကိုရီ....အခုက ကျင့်ကြံဆင့်နဲ့အသက်စွမ်းအားကို ဝါးမြိုနေတဲ့ အားလှိုင်းကြီး ပျောက်သွားပြီဆိုမှတော့ ဒီလေဟာနယ်လှောင်အိမ်ကလည်း ကျိုးပျက်သွားလောက်ပြီ"
ချင်နန်က စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်သည်။
"ငါတို့တွေ သင်္ဘောကိုရွက်လွှင့်ပြီးတော့ ကြိုးစားကြည့်ကြရအောင်"
"အင်း... "
ရီဖုန်းက အမူအယာကင်းမဲ့စွာဖြင့် တုံ့ပြန်သည်။
သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ နတ်ဘုရားများ၏ တရားမမျှတမှုအတွက် စောဒကတက်နေကာ သူသည် ဤရလဒ်ကို လက်မခံနိုင်ဖြစ်နေဆဲပင်။
သူ သေမသွားရုံ သက်သက်ဆိုလျှင် အဆင်ပြေနိုင်သော်လည်း အဓိကသော့ချက်မှာ သူ အချိန်များစွာ ဖြုန်းတီးခဲ့မိခြင်းပင်။
အချိန်ဆယ့်ခြောက်ရက်သည် မည်ကဲ့သို့ ကုန်ဆုံးသွားခဲ့သနည်း...
သူသည် အလွန်ဒေါသထွက်နေသဖြင့် သူ့ကိုယ်သူ အကြိမ်ရေအနည်းငယ်ခန့် ပါးဖြတ်ရိုက်လိုသည်။သူသည် ချင်နန်၏လိမ်လည်မှုများကို ယုံကြည်ပြီး သူ သေဆုံးသွားရမည်ဟု အမှန်တကယ် တွေးထင်ခဲ့သည်။ရလဒ်အနေဖြင့် သူသည် ဤအချိန်အတောအတွင်းတွင် အလေလိုက်ခြင်းဖြင့် အချိန်ဖြုန်းခဲ့သည်။သူသည် စားလိုက်အိပ်လိုက် အိပ်လိုက်စားလိုက်လုပ်နေကာ အချိန်ကို အနည်းငယ်မျှ ဂရုမစိုက်ခဲ့ချေ။
စိတ်လှုပ်ရှားနေသော ချင်နန်သည် သူ၏စိတ်ဝိညာဉ်စွမ်းအားများကို သင်္ဘောအတွင်းသို့ ထည့်သွင်းလိုက်၏။အချိန်တခဏကြာပြီးနောက် ဤနေရာတွင် ရက်ပေါင်းများစွာကြာအောင် မလှုပ်မယှက်ပိတ်မိနေသော သင်္ဘောသည် ရေလှိုင်းများကိုတွန်းဖယ်ပြီး အဝေးတစ်နေရာရှိပ င်လယ်ရေပြင်ထံသို့ ဦးတည်၍ ရွက်လွှင့်နိုင်ခဲ့သည်။
အချိန်တခဏကြာပြီးနောက် သူတို့နှစ်ယောက်သည် အင်အားစုတစ်စု၏အပိုင်ဖြစ်သည့် အပြာရောင်အလံလွင့်ထူထားသော သင်္ဘောတစ်စီးကို မြင်တွေ့မိလေ၏။
ထိုသင်္ဘောမှလူများသည် အလံနီလွှင့်ထူထားသောသင်္ဘောကို မြင်တွေ့ချိန်၌ သူတို့၏မူလလမ်းကြောင်းမှ အလျင်အမြန် လမ်းကြောင်းပြောင်းလဲကာ လမ်းဖယ်ပေးကြသည်။
"သင်္ဘောတစ်စီး....ကြည့်လိုက်အုံး...ဒါက သင်္ဘောတစီးပဲ..."
ထိုသင်္ဘောကိုမြင်တွေ့ချိန်တွင် ချင်နန်က ခုန်ပေါက်ပြီး အော်ဟစ်လိုက်သည်။
"အစ်ကိုရီ .. ငါတို့ အပြင်ကို ထွက်နိုင်ခဲ့ပြီ...ငါတို့ အပြင်ကို တကယ်ကြီး ထွက်နိုင်ခဲ့ပြီ...ဟား ဟားဟား...."
သေခြင်းတရားနှင့် ရင်ဆိုင်ရပြီးနောက် အသက်ရှင်ခဲ့ရသော ခံစားချက်သည် ချင်နန်ကို အလွန်အမင်း စိတ်လှုပ်ရှားသွားစေသည်။သူ၏အသံသည် အလွန်အက်ရှရှဖြစ်လာသည်အထိ သူ အော်ဟစ်နေသည်။
"နားညည်းတယ်...ငါ နားညည်းလာပြီ...မင်း မြီတွန်တောက်တီးနေတာကို မရပ်နိုင်ဘူးလား"
ရီဖုန်းသည် ထပ်မံ၍ သည်းမခံနိုင်တော့သဖြင့် ဒေါသတကြီး အော်ဟစ်လိုက်၏။
"မင်းမှာ အရည်အချင်းမရှိလို့ ခုမှ ထွက်လာနိုင်တာ မဟုတ်လား...မင်း အော်ဟစ်နေတာကို ရပ်ပေးနိုင်မလား"
ယခုအချိန်၌ ရီဖုန်းသည် ချင်နန်ကို သဘောမကျတော့ချေ။
သောက်ရေးမပါလှစွာဖြင့် ချင်နန်သည် အဆက်မပြတ် အော်ဟစ်နေလေရာ သူ၏ဒဏ်ရာအပေါ် ဆားဖြူးနေသည်နှင့် တူညီနေသည် မဟုတ်လော...
ရီဖုံး၏အော်ငေါက်သံကြောင့် ချင်နန်သည် ဇက်ပုသွားသော်လည်း စိတ်ဆိုးသွားခြင်းမရှိချေ။သူသည် ရယ်မောပြီး ပြောဆိုလိုက်၏
"အစ်ကိုရီ... ငါက အရမ်းစိတ်လှုပ်ရှားသွားလို့ပါ"
"ကောင်းပြီ...ကောင်းပြီလေ. အခု ငါတို့တွေ အန္တရာယ်ထဲက လွတ်လာနိုင်မှတော့...မင်းရဲ့အိမ်ကို ပြန်တော့"
ရီဖုန်းက စိတ်ပျက်လက်ပျက်ဖြင့် ပြောဆိုသည်။
"အင်း... ဒါနဲ့ အစ်ကိုရီ....မင်း ငါနဲ့အတူလိုက်ပြီးတော့ ငါတို့ ချင်မိသားစုဆီကို အလည်လိုက်ခဲ့ပါလား"
ချင်နန်က ဖိတ်ခေါ်သည်။
"ငါ့မှာ အချိန်မရှိဘူး"
ရီဖုန်း၏မျက်နှာပေါ်၌ အမူအယာ ကင်းမဲ့နေသည်။သူသည် အလွန်စိတ်ပျက်နေသဖြင့် တခြားနေရာ၌ ဧည့်သည်သွားလုပ်လိုစိတ်မျိုး မရှိချေ။
"အဲ့ဒီလိုလား...."
ချင်နန်၏စိတ်လှုပ်ရှားမှုများ ရုတ်တရက် ငြိမ်ကျသွားကာ သူသည် အနည်းငယ်ဝမ်းနည်းသွားပေ၏။
"ရိုးရိုးသားသားပြောရရင် ငါက အစ်ကိုရီနဲ့ မခွဲချင်ဘူး"
ချင်နန်က စိတ်ခံစားချက်အပြည့်ဖြင့် ပြောဆိုသည်။
"ငါနဲ့အစ်ကိုရီ သိကျွမ်းခဲ့တာ အချိန်တိုလေးဆိုပေမယ့် ငါတို့က သေရေးရှင်ရေးကို အတူတူရင်ဆိုင်ခဲ့ကြတယ်"
"ငါ အဲ့ဒီနေရာမှာ သေလုနီးပါး ဖြစ်သွားခဲ့ပေမယ့် အကျိုးအမြတ်တွေလည်း အများကြီးရခဲ့တယ်..ဒါ့ပြင် ငါက အစ်ကိုရီဆီကနေ ကိစ္စတွေအများကြီးကို သင်ယူနိုင်ခဲ့တယ်...သေရေးရှင်ရေးနဲ့ ရင်ဆိုင်ရတဲ့အချိန်မှာ အစ်ကိုရီရဲ့တည်ငြိမ်မှုကို ငါ လေးစားမိတယ်"
"အတိုချုပ်ပြောရရင် တကယ်လို့ နောင်အနာဂတ်မှာ အစ်ကိုရီက ငါ့ရဲ့အကူအညီကို လိုအပ်တယ်ဆိုရင်...ကျေးဇူးပြုပြီးတော့ ငါ့ကို အချိန်မရွေး အသိပေးပါ"
ချင်နန်က သူ၏ရင်ဘတ်ကိုပုတ်ပြီး စိတ်ရောကိုယ်ပါ ပြောဆိုသည်။
"ရပါတယ်..."
ရီဖုန်းသည်လည်း ချင်နန်၏စိတ်ရင်းကို ခံစားမိလေ၏။သူက ချင်နန်၏ပခုံးကို ပုတ်လိုက်ကာ သူ၏စိတ်ဓာတ်ကျနေမှု အနည်းငယ်ပြေလျော့သွားသည်။
မည်သို့ပင်ဆိုစေကာမူ ဤကောင်လေးသည် လူကောင်းတစ်ယောက်ပင်။
သို့ရာတွင် နောက်ထပ်အချိန်အခိုက်အတန့်၌ ချင်နန်က စာလိပ်တစ်လိပ်ကို ဆွဲထုတ်လိုက်သည်။
"အစ်ကိုရီ... ငါတို့ ခွဲရတော့မယ့်အချိန်မှာ ငါ မင်းကိုပေးဖို့ ငါ့မှာ ဘာပစ္စည်းကောင်းမှ မရှိဘူး"
ချင်နန်က စာလိပ်ကို လက်ကမ်းပေးပြီး ခင်မင်ရင်းနှီးစွာ ပြောဆိုသည်။
"ဒီစာလိပ်က ငါ့ကို ငါ့ရဲ့မိသားစုကနေ ပေးထားတဲ့ အသက်ကယ်ရတနာပဲ...သေရေးရှင်ရေးအချိန်မျိုးမှာ ဒီစာလိပ်ကို ဆွဲထုတ်လိုက်ရင် သူတော်စင်တစ်ယောက်ရဲ့ တိုက်ခိုက်မှုကိုတောင် ခုခံနိုင်တဲ့ အကာအကွယ်ဒိုင်းတစ်ခု ထွက်ပေါ်လာလိမ့်မယ်...ကျေးဇူးပြုပြီးတော့ အစ်ကိုရီက ဒါကို လက်ခံပေးပါ"
ရီဖုန်း၏နဖူးပြင်ပေါ်၌ အနက်ရောင်အရေးအကြောင်းများ ထင်ဟပ်သွားသည်။
'တော်လိုက်တဲ့ကောင်.. '
'ခုဏလေးကတင် မင်းက အလိုက်သိတယ်လို့ ငါ ချီးမွမ်းနေခဲ့တာ.....အခု မင်းက ငါ့ကို ထိခိုက်အောင် လုပ်ချင်နေပြီလား'
'သေချာတာတစ်ခုကတော့ လူတစ်ယောက်ကို သူ့ရဲ့ပုံပန်းသွင်ပြင်နဲ့ အကဲဖြတ်လို့မရဘူး...သူ့ရဲ့စိတ်နှလုံးသားကိုပါ ကြည့်ရမယ်'
'ဒါက မင်းရဲ့မိသားစုကနေ မင်းကိုပေးထားတဲ့ အသက်ကယ်ရတနာဖြစ်နေမှတော့ မင်းအတွက်ပဲ သိမ်းထားပါ...ငါ ဒါကို မလိုချင်ဘူး'
ရီဖုန်းက ငြင်းဆန်လိုက်သည်။
"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"
ချင်နန်က စိတ်မကျေနပ်သောလေသံဖြင့် ပြောဆိုသည်။
"ဘာလို့ မဖြစ်ရမှာလဲ"
ရီဖုန်းက မျက်စောင်းထိုးပြီး ချင်နန်ကို ကြည့်လိုက်သည်။သူ၏ခန္ဓာကိုယ်ပေါ်တွင် လိပ်ခွံများ လုံလောက်ခြင်းမရှိသေးဟု ဤကောင်လေး တွေးထင်နေသည်မှာ သိသာထင်ရှားပေ၏။
ထို့နောက် ရီဖုန်းသည် သူ၏နံဘေးရှိ စားပွဲပေါ်သို့ကြည့်ပြီး ဝိုင်အရပ်အိုးတစ်အိုးကို ကောက်ယူကာ ပြောဆိုလိုက်၏။
"မင်းက ငါ့ကို လက်ဆောင်တစ်ခုပေးဖို့ ခေါင်းမာနေမှတော့...ဒီတစ်ဝက်ကျန်နေတဲ့ ဝိုင်အရက်အိုးကို ငါ ယူလိုက်မယ်"
"ဒါက...."
ချင်နန်သည် အလွန်အမင်းစိတ်လှုပ်ရှားသွားကာ ရီဖုန်းကို ယခင်ထက်ပို၍ ကြည်ညိုလေးစားသွားသည်။
အကယ်၍ ဤစာလိပ်ကို ပြင်ပလောက၌ ထုတ်ပြလိုက်ပါကာ မရေမတွက်နိုင်သောလူများသည် အသက်စွန့်၍ တိုက်ခိုက်လုယက်ကြပေမည်။အကယ်၍ ဤအရာကို တခြားတစ်စုံတစ်ခုဖြင့် လဲလှယ်မည်ဆိုလျှင်ပင် အလွန်အမင်း တန်ကြီးမားသောအရာကို ရရှိနိုင်သည်။
သို့ရာတွင် သူ့ရှေ့ရှိလူသည် ဤစာလိပ်ကို လက်ခံလိုခြင်းမရှိချေ။
ဤသည်မှာ မည်သည့်အရာကို ဆိုလိုခြင်း ဖြစ်သနည်း...
လောကီစည်းစိမ်များသည် အညစ်အကြေးဟုသာ သူ သဘောထားသလော....
"အစ်ကိုရီ...တကယ်လို့ နောင်အနာဂတ်မှာ ငါ့ရဲ့အကူအညီ လိုအပ်တဲ့ ကိစ္စတစ်ခုရှိလာရင် ငါ့ကို အချိန်မရွေးအသိပေးပါ"
ချင်နန်သည် ထပ်မံ၍ တိုက်တွန်းခြင်းမပြုတော့ဘဲ ဦးညွှတ်အရိုအသေပြုပြီး ပြောဆိုလိုက်၏။
ထိုမြင်ကွင်းကိုကြည့်ပြီး ရီဖုန်းက ခပ်ဖျော့ဖျော့ပြုံးကာ ချင်နန်၏ပခုံးကို ပုတ်လိုက်သည်။
"ငါ သွားတော့မယ်..."
ရီဖုန်းက ထိုစကားကိုပြောဆိုပြီးနောက် သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
"ငါ့အတွက် ဘာအကူအညီမှ မလိုဘူး...တကယ်လို့ မင်း ငါ့ကို ခင်တယ်ဆိုရင် နောင်တစ်ချိန် ငါတို့ ပြန်တွေ့တဲ့အချိန်ကျရင် ငါ မြည်းစမ်းဖို့အတွက် ဟင်းပွဲတွေ အများကြီးကို ပြင်ဆင်ထားပေးပါ"
"ဒါ့ပြင် ငါက မီးဖိုချောင်ထဲမှာ မင်းအတွက် သံဇွန်းကြီးတစ်ချောင်းကို ချန်ထားခဲ့တယ်.. မင်း ဒါကိုအသုံးပြုရင် ဟင်းချက်ရတာ ပိုပြီးလွယ်ကူလိမ့်မယ်...ဘယ်လိုပဲဖြစ်ဖြစ် မင်းမှာ အစတုန်းကရှိခဲ့တဲ့ သံဇွန်းကြီးက ပွင့်ပွင့်လင်းလင်းပြောရရင် သိပ်မကောင်းဘူး"
ရီဖုန်းသည် ထိုစကားကိုပြောဆိုပြီးနောက် မန်မန်၏နောက်ကျောပေါ်၌ထိုင်ပြီး ထွက်ခွာသွားတော့သည်။
"အစ်ကိုရီ....ဂရုစိုက်ပါ"
ရီဖုန်း၏ ထွက်ခွာသွားသော နောက်ကျောပြင်ကိုကြည့်ပြီး ချင်နန်က သူ၏လက်နှစ်ဖက်ကို ပူးဆုပ်ကာ အရိုအသေပြုလိုက်သည်။
"ဒီဘေးကပ်ဆိုးကနေ အသက်ရှင်သန်ရမှတော့ ငါက ချင်မိသားစုဆီ ပြန်ပြီးတော့ ငါတို့ ဘေးကင်းလုံခြုံတယ်ဆိုတာကို သတင်းပို့ရမယ်"
ချင်နန်က ခပ်ဖျော့ဖျော့ပြုံးပြီး သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။သင်္ဘောကြီးသည် ရေလှိုင်းများကို ဖြတ်ကျော်၍ ရွက်လွှင့်သွားကာ အလံနီသည် လေထုအတွင်း၌ လူးလွန့်နေပေ၏။
ရီဖုန်း၏စကားများကို တွေးတောရင်း ချင်နန်က အပြုံးဖြင့် သင်္ဘောအတွင်းခန်းထံသို့ လျှောက်လှမ်းသွားလိုက်သည်။
ဤသင်္ဘောအတွင်းခန်းကို သူတို့မောင်နှမနှစ်ယောက် ဟင်းလျာများချက်ပြုတ်ရန် အထူးသီးသန့်အသုံးပြုခြင်း ဖြစ်သည်။ထိုကြောင့် ဤနေရာတွင် မီးဖိုချောင်သုံးပစ္စည်းများနှင့် ပါဝင်ပစ္စည်းမျိုးစုံကို အသင့်ဆောင်ထားသည်။
ဤနေရာရှိ အိုးကြီးတအိုးအတွင်းတွင် သံဇွန်းအသစ်တစ်ဇွန်း ရုတ်တရက် ရှိနေပေ၏။
"အစ်ကိုရီ....ဒီသံဇွန်းကြီးက တကယ်တော့ ငါ့အတွက် အသုံးဝင်မှာ မဟုတ်ဘူး"
"ဘာလို့လဲဆိုတော့ ငါ့ရဲ့သံဇွန်းကြီးက ထျန်းယုနယ်မြေမှာ အတော်ဆုံး လက်နှစ်သန့်စင်ပညာရှင်က ထိပ်တန်းအဆင့် ပါဝင်ပစ္စည်းတွေကို သုံးပြီးတော့ လုပ်ပေးထားတာကြောင့်ပဲ.. ဒါက ငါ့ရဲ့လက်ထဲမှာရှိတဲ့ဓားထက်တောင် ငါ့အတွက် ပိုပြီးသင်လျော်တယ်....ဒါက ငါ ငယ်စဉ်ကတည်းက သုံးလာခဲ့တဲ့ ပစ္စည်းတွေထဲကတစ်ခုပဲ"
"ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ဒါက အစ်ကိုရီရဲ့စေတနာ ဖြစ်နေမှတော့.. လက်ဆောင်ကသေးငယ်ပေမယ့် စိတ်သဘောထားက အရေးကြီးတယ်...ငါ ဒါကို ကောင်းကောင်းလေး သိမ်းထားရမယ်"
Chapter 963
ချင်နန်သည် ရီဖုန်းမှ သူ့အားပေးခဲ့သော သံဇွန်းကြီးကို သာမန်ကာလျှံကာကြည့်ပြီး သိမ်းဆည်းထားရန် ဟန်ပြင်လိုက်သည်။
သို့ရာတွင် ဤအကြည့်တစ်ချက်ဖြင့် သူ့ကို နေရာမှာပင် တောင့်တင်းသွားစေသည်။
သူ၏မျက်လုံးသူငယ်အိမ်များ ပြူးကျယ်သွားကာ သူ၏မျက်လုံးများ ကျွတ်ထွက်တော့လုမတတ်ပင်။သူ၏မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံး ပြင်းပြင်းထန်ထန် တုန်ခါနေပေ၏။
"ဒါ... ဒါ....ဒါ... ဒါက...."
သူ၏မျက်လုံးအကြည့်သည် သူရှေ့ရှိ သံဇွန်းကြီးပေါ်၌ အခိုင်အမာကျရောက်နေကာ သူ၏ပါးစပ်မှ ဗလုံးဗထွေးစကားများ ထွက်ပေါ်လာသည်။
အကြောင်းအရင်းမှာ သူ့ရှေ့ရှိ သံဇွန်းကြီးကို အလွန်ရင်းနှီးသကဲ့သို့ ခံစားနေရကာ သူ၏အိပ်မက်များအတွင်း၌ပင် ထည့်မက်ဖူးသောကြောင့်ပင်။
ချင်မိသားစုဘိုးဘေးသည် နောက်ဆုံးတစ်ကြိမ် သူတို့အား ဆင့်ခေါ်ခဲ့စဉ်အချိန်၌ သံဇွန်းကြီးတစ်ချောင်းကို ထုတ်ပြခဲ့သည်။
ထိုအချိန်တုန်းက သူ တစ်ချက်ကြည့်ပြီးနောက် ထိုသံဇွန်းကြီး၏ ပုံပန်းသွင်ပြင်နှင့် လျှို့ဝှက်ဆန်းကြယ်သော အရှိန်အဝါသည် သူ၏စိတ်အတွင်း၌ ခတ်နှိပ်ထားသည့်အလား မှတ်မိနေပေ၏။
သူ့ရှေ့ရှိသံဇွန်းကြီးသည် ဘိုးဘေး၏သံဇွန်းကြီးနှင့် ကွဲပြားခြားနားပုံရသော်လည်း သူ ရရှိသည့်ခံစားချက် တူညီနေသည်။
သူ အလွန်အံ့အားသင့်တုန်လှုပ်သွားသည်။
"ဒါက ငါ့ကို အစ်ကိုရီက ပေးခဲ့တာ...ဘယ်လိုလုပ်ပြီးတော့ အစ်ကိုရီမှာ ခုလိုမျိုး သံဇွန်းကြီးတစ်ချောင်း ရှိနေတာလဲ"
"ဘိုးဘေး ထုတ်ပြခဲ့တဲ့ သံဇွန်းကြီးကို လျှို့ဝှက်ဆန်းကြယ်တဲ့ စီနီယာက လုပ်ထားခဲ့တာ...ဖြစ်နိုင်တာတော့ အစ်ကိုရီက အဲ့ဒီစီနီယာနဲ့ ဆက်စပ်နေတာလား"
ချင်နန်သည် ထိတ်လန့်တုန်လှုပ်ကာ ဇဝေဇဝါဖြစ်နေပေ၏။
သို့ရာတွင် နောက်ထပ်အချိန်အခိုက်အတန့်၌...
သူသည် ဖြစ်နိုင်ချေတစ်ခုကို စဉ်းစားမိသဖြင့် သူ၏ခန္ဓာကိုယ် တောင့်တင်းသွားကာ သူ၏မျက်လုံးတစ်စုံသည် နွားရိုင်းတစ်ကောင်အလား ပြူးကျယ်သွားပေ၏။
"အစ်ကိုရီ....ဖြစ်နိုင်တာတော့ အစ်ကိုရီက ဘိုးဘေးပြောခဲ့တဲ့ စီနီယာလား"
ဤဖြစ်နိုင်ချေကို တွေးတောမိသဖြင့် ချင်နန်သည် ထိတ်လန့်တကြားဖြစ်သွားကာ နောက်သို့ ဒယိမ်းဒယိုင်ဆုတ်လိုက်၏။သူသည် နောက်ရှိ သင်္ဘောအတွင်းခန်းနံရံကို တိုက်မိသည့် အချိန်မှသာ ရပ်တန့်လိုက်သည်။
ဤအချိန်အခိုက်အတန့်တွင် သူ၏အာရုံကြောများအားလုံး ထုံကျင်နေလေပြီ။
သူ၏အတွေးအပေါ် သူ မယုံကြည်နိုင်ချေ။
သို့ရာတွင် သူ ပို၍စဉ်းစားတွေးတောမိလေလေ ဤအတွေးသည် အလှမ်းကွာဟခြင်းမရှိဟု ပို၍သိရှိလာလေလေပင်။
ဆန့်ကျင်ဘက်အနေဖြင့် ဤသည်မှာ များစွာဖြစ်နိုင်ချေရှိသည်ဟု သူ တွေးထင်မိသည်။
အကြောင်းအရင်းမှာ တစ်ဖက်လူအပေါ် ချင်နန်၏ စိတ်မတင်မကျဖြစ်နေမှုများအားလုံး ဤအတွေးဖြင့် ဖြေရှင်းသွားနိုင်ပြီ ဖြစ်သောကြောင့်ပင်။
ဥပမာအနေဖြင့် ချင်နန်သည် ရီဖုန်းအား ထွင်းဖောက်မြင်နိုင်ခြင်း မရှိချေ။သူသည် ရီဖုန်းနှင့်ပတ်သက်၍ လျှို့ဝှက်ဆန်းကြယ်မှုတစ်ခု ရှိသည်ဟု အစဥ်အမြဲခံစားနေရသည်။သူသည် ရီဖုန်း၏ကျင့်ကြံဆင့်နယ်ပယ်ကို ဖော်ထုတ်နိုင်ခြင်း မရှိသည့်အပြင် မည်သည့်နေရာမှ လာသည်ကိုလည်း မသိရှိချေ။
အကယ်၍ ရီဖုန်းသည် ထိုစီနီယာဖြစ်နေပါက အရာအားလုံး အဓိပ္ပာယ်ရှိသွားလေပြီ။
ထို့ပြင် ချင်နန်သည် ရီဖုန်း မည်သည်ကြောင့် အစဉ်အမြဲတည်ငြိမ်နေသည်ကို သိချင်နေခဲ့မိသည်။ရီဖုန်းသည် အန္တရာယ်အတွင်းသို့ ရောက်ရှိနေသည်ကို သိသည့်တိုင်ထိတ်လန့်တကြား ဖြစ်နေခြင်း မရှိချေ။ထို့ပြင် သူသည် အန္တရာယ်မှ လွတ်မြောက်လာစဉ်တွင်လည်း အံ့အားသင့်သွားခြင်း မရှိပေ။
သူသည် ဤလေဟာနယ်လှောင်အိမ်ဟု ခေါ်သော နေရာအပေါ် အလေးအနက်မထားသည်မှာ သိသာထင်ရှားပေ၏။
သူသည် ဤကိစ္စကို အလေးအနက်မထားသဖြင့် အန္တရာယ်အတွင်းသို့ ကျရောက်ခြင်း လွတ်မြောက်သွားခြင်းတို့ကို မည်သည်ကြောင့် အရေးစိုက်နေမည်နည်း။
"အခု ဒါတွေအားလုံး အဓိပ္ပါယ်ရှိသွားပြီ..."
"အမှန်ပဲ...ဒါက သေချာတယ်"
ချင်နန်၏ခန္ဓာကိုယ်တုန်ရီနေကာ သူ၏မျက်လုံးအတွင်း၌ မျက်ရည်များစိုစွတ်နေပြီး တီးတိုးရေရွတ်လိုက်သည်။
"အစ်ကိုရီက ငါ့ကို ဘိုးဘေးရှာခိုင်းတဲ့ စီနီယာပဲ ဖြစ်မယ်...သူက ငါတို့ချင်မိသားစုကို အဆင့်အတန်း မြင့်မားလာအောင် ကူညီပေးခဲ့တဲ့ စီနီယာပဲ"
"သူက ငါတို့ သူ့ကို ရှာနေတဲ့အချိန်မှာ အန္တရာယ်နဲ့ တွေ့နေပြီ ဆိုတာကို သိတာကြောင့်...ငါတို့ကို လာကယ်တာပဲ ဖြစ်မယ်"
"အမှန်ပဲ....ဒီလိုပဲ ဖြစ်လိမ့်မယ်...အခု ငါ သေချာတွေးကြည့်တော့မှ ငါ့ရဲ့ကျင့်ကြံဆင့်နဲ့ အသက်စွမ်းအားကို ဝါးမြိုနေတဲ့ လျှို့ဆန်းကြယ်တဲ့စွမ်းအားက စီနီယာရောက်လာတဲ့အချိန်ကနေ စပြီးတော့ ပျောက်ကွယ်သွားတဲ့ပုံပဲ"
"ဒါဆိုရင် အရင်က ငါတို့ကို လှောင်ပိတ်ထားပြီးတော့ ငါတို့ရဲ့ကျင့်ကြံဆင့်နဲ့အသက်စွမ်းအားကို ဝါးမြိုနေတဲ့ လေဟာနယ်လှောင်အိမ်က ဘာအရိပ်အရောင်မှမရှိဘဲ ရုတ်တရက်ကြီး ပျောက်ကွယ်သွားတဲ့အကြောင်းကလည်း ရှင်းသွားပြီ"
"ကြည့်ရတာတော့ နှစ်ပေါင်းတစ်သိန်းကျော် ကြာသွားတာတောင် စီနီယာက ငါတို့ ချင်မိသားစုကို မေ့လျော့သွားတဲ့ပုံ မရဘူး...ဆန့်ကျင်ဘက်အနေနဲ့ သူက ငါတို့ ချင်မိသားစုကို တိတ်တိတ်လေး ဂရုစိုက်နေတုန်းပဲ...သူက သေရေးရှင်ရေး အချိန်အခိုက်အတန့်မှာ ငါတို့ကို အန္တရာယ်ထဲကနေ ကယ်တင်ခဲ့ပြီးတော့ သူ ထွက်မသွားခင်မှာ ငါ့ကို ခုလိုအဖိုးတန်ပစ္စည်းမျိုး ပေးခဲ့တယ်"
ထိုအကြောင်းကို တွေးတောရင်း ချင်နန်သည် တုန်တုန်ရီရီဖြင့် သံဇွန်းကြီးကို သူ၏လက်နှစ်ဖက်ဖြင့်ကိုင်ကာ ရီဖုန်းထွက်ခွာသွားသော နေရာသို့ ဦးတည်၍ ပြေးထွက်ခဲ့သည်။သူ ကုန်းပတ်ပေါ်သို့ ရောက်ရှိချိန်တွင် ရီဖုန်း ထွက်ခွာသွားသောနေရာသို့ ဦးတည်ပြီး ဒူးထောက်လိုက်၏။
သူသည် ဒူးထောက်ပြီးနောက် သုံးကြိမ်ဆက်တိုက် ဦးတိုက်အရိုအသေပြုလိုက်သည်။
ဤအချိန်အတောအတွင်းတွင် သူသည် ရီဖုန်းအပေါ် မလေးမစားလုပ်ခဲ့မိကာ 'အစ်ကိုရီ'ဟုပင် ခေါ်ဆိုခဲ့မိကြောင်း တွေးတောမိချိန်တွင် သူ စိတ်မသက်မသာ ခံစားမိသည်။
သူသည် ယခုအချိန်မှာသာ ရီဖုန်း၏သရုပ်မှန်ကို နားလည်သဘောပေါက်ခဲ့ရသည့် အတွက်လည်း နောင်တရနေမိသည်။
သူတို့ ချင်မိသားစု၏ကျေးဇူးရှင်သည် သူ့ရှေ့၌ ရောက်ရှိလာခဲ့သော်လည်း သူသည် မျက်လုံးကန်းနေကာ ထိုစီနီယာ ထွက်ခွာသွားသောအချိန်ထိ မသိရှိခဲ့ချေ။ရလဒ်အနေဖြင့် သူသည် ချင်မိသားစု၏ မျိုးဆက်သစ်လူငယ်တစ်ယောက် ထမ်းဆောင်ရမည့် တာဝန်ဝတ္တရားများကို ပျက်ကွက်ခဲ့သည်။
"စီနီယာ...."
"ကျေးဇူးပြုပြီးတော့ စိတ်အေးအေးထားပါ...ငါတို့ချင်မိသားစုက အမြဲတမ်းသစ္စာရှိပြီးတော့ ငါ ချင်နန်ကလည်း စီနီယာကို စိတ်မပျက်စေရဘူး....ငါက အချက်အပြုတ်စွမ်းရည်ကို သေချာလေ့လာမယ်...နောင်အနာဂတ်မှာ ငါတို့ ပြန်တွေ့တဲ့အချိန်ကျရင် ငါက မင်းကြိုက်နှစ်သက်မယ့် အစားအစာတွေကို ချက်ပြုတ်ပေးမယ်"
ချင်နန်က ခိုင်မာပြတ်သားပြီး အလေးအနက်ထားသော အသံဖြင့် ပြောဆိုသည်။ထို့နောက် သူ၏လက်အတွင်းရှိ သံဇွန်းကြီးကို ညင်သာစွာပွတ်သပ်ပြီး သူ၏မျက်လုံးအတွင်း၌ တောက်ပသောအလင်းရောင်များ ဖြတ်ပြေးသွားသည်။
ဘုန်း...
ထိုအချိန်မှာပင် ချင်နန်၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားသည်။
သူသည် တာအိုသက်သေထူခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်ပင်။ယခုအချိန် ၌ သူ၏ခန္ဓာကိုယ်ရှိ စွမ်းအားများ ချောမွေ့စွာစီးဆင်းနေကာ ကျင့်ကြံဆင့် ချိုးဖြတ်ရတော့မည်ကို သူ သတိပြုမိလေ၏။
"ဒါက ငါ ခြေလမ်းတစ်ဝက် သူတော်စင်နယ်ပယ်ကို ချိုးဖျက်ဝင်ရောက်ရတော့မှာလား"
ချင်နန်သည် စိတ်လှုပ်ရှားစွာဖြင့် သူ၏ခေါင်းကိုမော့ကာ မိုးကောင်းကင်ယံအတွင်း၌ မျောလွှင့်နေသည့် ထူထပ်သိပ်သည်းသော တိမ်တိုက်များကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။
သူ၏ကျင့်ကြံဆင့်ချိုးဖျက်မှုကြောင့် ကောင်းကင်နှင့်မြေပြင်အကြားတွင် ထူးဆန်းသော သဘာဝလွန်ပုံရိပ်များ ဖြစ်ပေါ်လာမည်ဟု သူ တစ်ကြိမ်တစ်ခါမျှ မျှော်လင့်မထားမိချေ။
"စီနီယာကို ကျေးဇူးအများကြီး တင်ပါတယ်"
သူသည် အလွန်စိတ်လှုပ်ရှားသွားကာ ထပ်မံ၍ ကြိမ်ဖန်များစွာ ဦးတိုက်အရိုအသေပြုလိုက်၏။
သူသည် ထျန်းယုနယ်မြေရှိ လူငယ်ပါရမီရှင်များအနက် ထိပ်ဆုံးမှရပ်တည်နိုင်သော်လည်း ခြေလှမ်းတစ်ဝက် သူတော်စင်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်ရန် အလှမ်းကွာဟကြောင်း သူ နားလည်သဘောပေါက်သည်။
ဤတကြိမ် သူ၏ကျင့်ကြံဆင့်ချိုးဖျက်နိုင်မှုသည် ရီဖုန်းထွက်ပေါ်လာမှုနှင့် ဆက်စပ်နေပေမည်။
ဤသည်မှာ ကျင့်ကြံခြင်းသက်သက် မဟုတ်ဘဲ သူ၏စိတ်အခြေအနေအပေါ်ကြီးမားသောအကျိုးကျေးဇူး ရရှိစေခဲ့သည်။
အထူးသဖြင့် သူ သေဆုံးရတော့မည်ဟု တွေးတောနေချိန်တွင် ထိတ်လန့်ကြောက်ရွံမှုမှ ရုန်းထွက်ပြီး တည်ငြိမ်စွာ လက်ခံနိုင်ခဲ့သည်။ဤဖြစ်စဉ်သည် သူ၏စိတ်အခြေအနေကို အလွန်အမင်း တိုးတက်စေခဲ့ပေ၏။
ထို့ကြောင့် ဤအချိန်အခိုက်အတန့်တွင် သူ့အား ကျင်ကြံဆင့်ချိုးဖျက်နိုင်သည့် အောင်မြင်မှုကို ရရှိစေသည်။
အံ့အားသင့်ဖွယ် မရှိတော့ချေ။
စီနီယာသည် လေဟာနယ်လှောင်အိမ်ကို ချိုးဖျက်သွားခြင်းမပြုဘဲ သင်္ဘောပေါ်၌ သူနှင့် ဆယ့်ခြောက်ရက်ကြာ နေထိုင်ခဲ့သည်မှာ အံ့အားသင့်ဖွယ် မရှိတော့ပေ။
ယခုကြည့်ကြည့်တော့မှ စီနီယာသည် သူ၏စိတ်အခြေအနေကို ကျင့်ကြံပေးခဲ့ခြင်းပင်။
ထို့ပြင် သူ အလျင်အမြန် အစွမ်းထက်လာစေရန် တိုက်တွန်းနှိုးဆော်ခဲ့သည်။
ချင်နန်သည် စိတ်လှုပ်ရှားနေကာ သူ၏မျက်လုံးအတွင်းမှ မျက်ရည်များ ယိုစီးကျလာသည်။ သူ၏အသက်ကို ရီဖုန်းအတွက် ချက်ချင်းပေးအပ်ရန်ပင် သူ ဆန္ဒရှိနေသည်။
"ငါ ချင်နန်က ဘယ်လိုလုပ်ပြီးတော့ ဒီလိုဆုလာဘ်မျိုးနဲ့ ထိုက်တန်မှာလဲ"
"စီနီယာက သူ့ရဲ့အချိန်ကို ဖြုန်းပြီးတော့ ငါရဲ့စိတ်အခြေအနေကို လေ့ကျင့်ပေးခဲ့တယ်"
"ငါက စီနီယာကို ဘယ်လိုပြန်ပြီး ပေးဆပ်နိုင်မှာလဲ"
ဘုန်း....
ကောင်းကင်နှင့်မြေပြင်အကြားရှိ ထူးဆန်းသောသဘာဝလွန်ပုံရိပ်သည် တဖြည်းဖြည်းပို၍ကြီးမားလာကာ ထူထပ်သိပ်သည်းသော တိမ်တိုက်များအကြား၌ လျှပ်စီးမိုးကြိုးများ တဖျတ်ဖျတ်တောက်ပနေသည်။
ထို့ပြင် မိုးကောင်းကင်ယံအတွင်း၌ သေးငယ်သောအလင်းစက်များ ထွက်ပေါ်လာကာ မိုင်ထောင်သောင်းချီအကွာအဝေးထိ မျောလွင့်သွားပေ၏။
"ဒါက...."
"တစ်ယောက်ယောက်က သူတော်စင်နယ်ပယ်ကို ချိုးဖျက်ဝင်ရောက်တော့မှာလား"
"အိုး ဘုရားရေ ....ထျန်းယုနယ်မြေထဲမှာ ရှိနေတဲ့ တစ်ယောက်ယောက်က ကျင့်ကြံဆင့်ချိုးဖျက်ပြီးတော့ သူတော်စင်တစ်ယောက် ဖြစ်လာတော့မယ်"
"ဒါက ဘယ်မွန်းစတားအိုကြီး ဖြစ်နိုင်လဲ...."
"မြန်မြန် စစ်ဆေးကြည့်ကြစမ်း...အဲ့ဒါက ဘယ်သူလဲ"
ကောင်းကင်နှင့်မြေပြင်အကြားရှိ ကြီးမားပြီးလျှို့ဝှက်ဆန်းကြယ်သော သဘာဝလွန်ပုံရိပ်ကြောင့် ထျန်းယုနယ်မြေတခွင်လုံး ရုတ်ရုတ်သဲသဲဖြစ်သွားကာ အင်အားစုအမြောက်အများ စတင်၍လှုပ်ရှားလိုက်ကြ၏။
အကြောင်းအရင်းမှာ သူတော်စင်တစ်ယောက်၏ထွက်ပေါ်လာမှုသည် နေရာဒေသတစ်ခုတွင် ကြီးမားသော အပြောင်းအလဲများကို ဖြစ်ပွားစေသောကြောင့်ပင်။
မိုးမြေကျွန်း၏ ချင်မိသားစု၌...
ချင်လန်သည် သူ၏မိသားစုအတွင်းရှိ ခြေလှမ်းတစ်ဝက် သူတော်စင်များနှင့်အတူ မိုးမြေကျွန်း၏အထက်ရှိ မိုးကောင်းကင်ယံအတွင်း၌ ထွက်ပေါ်လာသည်။ထိုနောက် သူသည် ထူထပ်သိပ်သည်းသော တိမ်တိုက်များကို အံ့အားသင့်စွာဖြင့် ကြည့်လိုက်၏။
"ဘယ်တာအိုရောင်းရင်းက သူတော်စင်တစ်ယောက် ဖြစ်လာတော့မှာလဲ"
ချင်လန်က ကူကယ်ရာမဲ့စွာဖြင့် တီးတိုးရေရွတ်လိုက်သည်။
သူ၏မျက်လုံးအတွင်း၌ အံ့အားသင့်မှုနှင့် မနာလိုအားကျမှု အရိပ်အယောင်များ ရှိနေသည်။
သူတို့ကဲ့သို့ ကျင့်ယူရသော နည်းလမ်းများမှတဆင့် သူတော်စင်ဖြစ်လာသူများသည် သဘာဝအလျောက် မွေးဖွားလာသော သူတော်စင်များလောက် အစွမ်းထက်ခြင်း မရှိချေ။
တစ်စုံတစ်ယောက်မှ သူတော်စင်အဆင့်သို့ ချိုးဖျက်ဝင်ရောက်ချိန်တွင် ကောင်းကင်နှင့်မြေပြင်အကြား၌ ထူးဆန်းသောသဘာဝလွန်ပုံရိပ်များ ဖြစ်ပေါ်သည်။
ဤသဘာဝလွန်ပုံရိပ်၏ အရွယ်အစားမှတဆင့် ထိုသူတော်စင်သည် နောင်အနာဂတ်၌ မည်မျထိ ရှေ့သို့ဆက်သွားနိုင်မည်ကို ကိုယ်စားပြုပေ၏။
ထိုသူတော်စင်၏ သဘာဝလွန်ပုံရိပ် ပို၍သန်မာအားကောင်းလေလေ သူ၏အနာဂတ်အောင်မြင်မှုများ ပို၍မြင့်မားလေလေပင်။
ချင်လန်သည်လည်း သူတော်စင်အဆင့်သို့ ချိုးဖျက်ဝင်ရောက်ချိန်၌ ကောင်းကင်နှင့်မြေပြင်အကြားတွင် ထူးဆန်းသော သဘာဝလွန်ပုံရိပ်များ ဖြစ်ပေါ်လာခဲ့သည်။
သို့ရာတွင် သူ ဖြစ်ပွားစေခဲ့သော သဘာဝလွန်ပုံရိပ်သည် ယခု သူ့ရှေ့၌ မြင်တွေ့ရသောအရာနှင့် နှိုင်းယှဉ်ပါက အလွန်နိမ့်ကျပေ၏။
ထိုအချိန်မှာပင် ထိုထူးဆန်းသော သဘာဝလွန်ပုံရိပ်သည် သူ၏မိုးမြေကျွန်းထံ ဦးတည်၍ ရွေ့လျားလာသည်ကို ခံစားမိသဖြင့် သူ ထိတ်လန့်တုန်လှုပ်သွားသည်။
ပြောရမည်ဆိုလျှင်....
သူတော်စင်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်တော့မည့် လူသည် သူ၏မိုးမြေကျွန်းထံသို့ အလျင်အမြန်ဦးတည်၍ လာနေပေ၏။
ထိုလူသည် မည်သည့်အရာအား လုပ်ဆောင်လိုခြင်း ဖြစ်သနည်း....
ချင်လန်၏မျက်နှာအမူအယာ သုန်မှုန်သွားသည်။
'မင်းရဲ့သဘာဝလွန်ပုံရိပ်က အရမ်းအထင်ကြီးဖို့ကောင်းတာကြောင့် ငါတို့ရဲ့ရှေ့မှာ မင်းက ဟန်ရေးပြချင်နေတာလား'
ထိုအတွေးမှလွဲ၍ ချင်လန်သည် ထိုလူသည် သူတော်စင်အဆင့်သို့ ချိုးဖျက်ဝင်ရောက်ရန်အတွက် မိုးမြေကျွန်းထံ ဦးတည်ပြီး လာနေသည်ကို စဉ်းစားတွေးတောကြည့်၍ မရချေ။
'မင်းကို ငါ သတ်ပစ်မှာကို မင်း မကြောက်ဘူးလား'
တစ်ခုသိထားရမည်မှာ သဘာဝလွန်ပုံရိပ် မည်မျှထိ ကြောက်မက်ဖွယ်ကောင်းနေပါစေ ကျင့်ကြံဆင့်ချိုးဖျက်နေစဉ် အတောအတွင်းတွင်သာ ရှိနေပြီး သူတော်စင်တစ်ယောက် ချက်ချင်းဖြစ်လာမည် မဟုတ်ချေ။
ထို့ကြောင့် အတိတ်တွင် သူတော်စင်များ ကျင့်ကြံဆင့်ချိုးဖျက်ချိန်၌ တိုက်ပွဲကြီးများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။
ကျင့်ကြံဆင့်ချိုးဖျက်သောလူ၏ သရုပ်မှန်ကို သိရှိသည်နှင့် ရန်သူအင်အားစုများသည် အခွင့်ကောင်းယူကာ တန်ကြေးများစွာပေးဆပ်၍ ထိုလူအား အမြစ်ပြတ်သုတ်သင်လေ့ရှိသည်။ထိုသို့မဟုတ်ဘဲ အကယ်၍ သူတို့သည် တစ်ဖက်လူအား သူတော်စင်တစ်ယောက် အောင်မြင်စွာ ဖြစ်ခွင့်ပြုလိုက်ပါက အရာအားလုံး နောက်ပြန်လှည့်နိုင်ရန် အခွင့်အရေးရှိတော့မည် မဟုတ်ချေ။
မိတ်ဖက်အင်အားစုများကမူ ထိုသူတော်စင်ဖြစ်လာမည့်လူကို ပြင်ပြင်းထန်ထန်ကာကွယ်ပေးလေ့ရှိသည်။
တချိန်တည်းမှာပဲ ကြားနေအင်အားစုအမြောက်အများသည်လည်း ဓမ္မစောင့်ရှောက်သူများအဖြစ် ကာကွယ်ပေးရန် ထွက်ပေါ်လာကာ နောင်အနာဂတ်သူတော်စင်အား အကူအညီပေးရန် ကမ်းလှမ်းကြသည်။မည်သို့ပင်ဆိုစေကာမူ သူတော်စင်တစ်ယောက် ဖြစ်လာမည့်လူအား အချိန်မီထောက်ပံ့နိုင်ခြင်းသည် အချိုပေါ်သကာလောင်းခြင်းပင်။
ဤအချိန်အခိုက်အတန့်တွင် ချင်နန်သည် ထိုအမှန်တရားကို သိရှိသဖြင့် မိုးပြေးကျွန်းထံသို့ အပြေးပြန်လာနေသည်။
သို့ရာတွင် သူသည် ခြေလှမ်းတစ်ဝက်သူတော်စင်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်ခြင်းမဟုတ်ဘဲ သူတော်စင်အဆင့်သို့ တိုက်ရိုက်ဝင်ရောက်နိုင်မည်ဟု သူ မျှော်လင့်မထားမိချေ။
ယခုလက်ရှိအချိန်၌ သူသည် အံ့အားသင့်နေရန် အချိန်မရှိတော့ချေ။တစ်ခုတည်းသောနည်းလမ်းမှာ သူသည် မိုးမြေကျွန်းသို့ ချက်ချင်းပြန်ပြီး ချင်မိသားစု၏ အကာအကွယ်အောက်တွင် သူတော်စင်နယ်ပယ်သို့ အောင်မြင်စွာ တက်လှမ်းရပေမည်။
Chapter 964
တဖြည်းဖြည်း....
ကောင်းကင်နှင့်မြေပြင်အကြားရှိ သဘာဝလွန်ပုံရိပ်သည် မိုးမြေကျွန်းနှင့် တစတစပို၍နီးကပ်လာသည်။
ဤသည်မှာ မိုးကောင်းကင်ယံတခွင်လုံး ဤနေရာသို့ နိမ့်ဆင်းလာသည့်အလားပင်။
ချင်လန်သည် ယခင်က ဤသည်မှာ တိုက်ဆိုင်မှုတစ်ခုသက်သက် ဖြစ်မည်ဟု တွေးထင်ခဲ့သည်။
သို့ရာတွင် ယခုကြည့်ရသလောက် ထိုလူသည် မိုးမြေကျွန်းထံသို့ လာနေပုံရသည်။
မည်သည့်ကိစ္စမျိုး ရှိနေသနည်း...
ထိုလူသည် ဟန်ရေးပြရန်အတွက် ဤနေရာသို့ ရောက်လာခြင်း ဖြစ်သလော...
သူ၏သဘာဝလွန်ပုံရိပ် မည်မျှထိ အစွမ်းထက်သည်ကို ပြသလိုသဖြင့် ဤနေရာသို့ လာနေခြင်း ဖြစ်သလော....
ချင်လန်၏မျက်လုံးသည် အပ်ပေါက်အရွယ်အစားထိ ကျဉ်းမြောင်းသွားကာ အဝေးတစ်နေရာရှိ မိုးကောင်းကင်ယံသို့ စူးစိုက်ကြည့်ပြီး ရောက်ရှိလာမည့်ဧည့်သည်ကို စောင့်ဆိုင်းလိုက်၏။
နောက်ဆုံး၌....
အချိန်တစ်ခဏကြာစောင့်ဆိုင်းပြီးနောက် လူငယ်တစ်ယောက်သည် မိုးမြေကျွန်း၏အထက်ရှိ လေထုအတွင်းသို့ ရောက်ရှိလာသည်။
"အခုရောက်လာတာက ဘယ်သူလဲ...."
သူ၏ချင်မိသားစုသည် အစဉ်အမြဲ သိုသိုသိပ်သိပ် နေထိုင်ခဲ့သည်။မည်သည့်ရည်ရွယ်ချက်ရှိမှန်း မသိရသော သူတော်စင်လောင်းတယောက်နှင့် ရင်ဆိုင်ရချိန်၌ ချင်လန်သည် ပြဿနာဖြစ်ပွားလိုခြင်း မရှိချေ။သူသည် ထိုလူကို အော်ငေါက်ရန်အတွက် သူ၏ပါးစပ်ကို ဖွင့်ဟလိုက်သော်လည်း တဝက်တပျက်အရောက်တွင် သူ၏စကားများကို ပြန်၍မျိုသိပ်လိုက်သည်။
အကြောင်းအရင်းမှာ ယခုရောက်ရှိလာသူသည် ချင်နန်မှတပါး တခြားလူ မဟုတ်သောကြောင့်ပင်။
"နန်....နန်အာ....ဘယ်လိုလုပ်ပြီးတော့ မင်း ဖြစ်နေတာလဲ...."
ချင်လန်က မယုံကြည်မှုဖြင့် မေးမြန်းသည်။သူသည် မေးမြန်းပြီးနောက် ချင်နန်၏ခန္ဓာကိုယ်ပေါ်ရှိ သူတော်စင်တစ်ယောက်၏အရှိန်အဝါကို အာရုံခံမိသည်။မိုးကောင်းကင်ယံအတွင်းရှိ ထူးဆန်းသော သဘာဝလွန်ပုံရိပ်သည် သူ၏နောက်သို့ လိုက်နေပေ၏။
ချင်လန်၏မျက်လုံးများ ကျွတ်ထွက်တော့လုမတတ်ပင်။
"နန်အာ...သူတော်စင်အဆင့်ကို ချိုးဖျက်ဝင်ရောက်တော့မယ့် တစ်ယောက်က မင်းလား...."
ချင်လန်ထံ၌ သူတော်စင်တစ်ယောက်၏ စိတ်အခြေအနေ ရှိနေသည့်တိုင် ဤမြင်ကွင်းကိုမြင်တွေ့ချိန်၌ သူ၏စိတ်နှလုံးသားတစ်ခုလုံး လှိုင်းထန်သွားသည်။
ချင်မိသားစုသည် ချင်နန်တို့လူစု ပျောက်ကွယ်နေခြင်းနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်နေခဲ့သည်။ သို့ရာတွင် ချင်နန်သည် ဤကဲ့သို့ ပြန်ရောက်လာမည်ဟု သူတို့ မျှော်လင့်မထားမိချေ။
သူသည် ပြန်ရောက်လာရုံသာမက သူတော်စင်အဆင့်သို့ပင် ချိုးဖျက်ဝင်ရောက်တော့ပေမည်။
ချင်နန် ပြန်လည်ရောက်ရှိလာသော သတင်းသည် မိုးမြေကျွန်းတစ်ကျွန်းလုံးအနှံ့ ပျံ့နှံသွားကာ ရုတ်ရုတ်သဲသဲဖြစ်သွားသည်။ချင်မိသားစုအတွင်းရှိလူများအားလုံးသည် ပြင်ပသို့ ပြေးထွက်လာကြ၏။
ချင်နန်သည် သူတော်စင်အဆင့်သို့ ချိုးဖျက်ဝင်ရောက်တော့မည်အား မြင်တွေ့ချိန်၌ သူတို့အားလုံး၏မျက်လုံးများ ကျွတ်ထွက်လုမတတ် အံအားသင့်သွားသည်။
"နန်အာ...ဘာတွေဖြစ်နေတာလဲ"
"မင်းက ဘယ်လိုလုပ်ပြီးတော့ သူတော်စင်တစ်ယောက် ဖြစ်လာတာလဲ"
ချင်နန်သည် ပျော်ရွှင်ရမည်ကိုပင် သတိမပြုမိဘဲ သူ၏စိတ်အတွင်းရှိ သံသယများကို အလျင်စလိုမေးမြန်းလိုက်သည်။
တခြားလူများ၏ မျက်လုံးအကြည့်များသည်လည်း ချင်နန်ထံသို့ စူးစိုက်၍ကျရောက်နေသည်။
အကြောင်းအရင်းမှာ သူတို့ရှေ့၌ ဖြစ်ပျက်နေသော မြင်ကွင်းသည် အလွန်အံ့အားသင့်တုန်လှုပ်ဖွယ် ကောင်းနေသဖြင့် သူတို့ မယုံကြည်နိုင်သောကြောင့်ပင်။
ချင်နန်သည် ပါရမီအရည်အချင်းမြင့်မားကာ နောင်အနာဂတ်တွင် သူတော်စင်တစ်ယောက်ဖြစ်ရန် အရည်အချင်းရှိသည်ကို သူတို့အားလုံး သိရှိထားကြသည်။သို့ရာတွင် သူသည် သူတော်စင်တစ်ယောက်ဖြစ်လာရန် အခွင့်အရေးသာရှိပြီး အလှမ်းကွာဟနေပေ၏။
ထို့ပြင် ချင်နန်သည် ယခင်က တာအိုသက်သေထူခြင်းနယ်ပယ်တွင်သာ ရှိသည်မှာ သိသာထင်ရှားသည်။တာအိုသက်သေထူခြင်းနယ်ပယ်သည် သူတော်စင်တစ်ယောက်ဖြစ်ရန်အတွက် အလှမ်းကွာဟခြင်း မရှိပုံရသော်လည်း ထိုနယ်ပယ်နှစ်ခုကြားရှိ ကွာဟချက်သည် အလွန်ကြီးမားပေ၏။
ယွင်ရှင်းကမ္ဘာ၏ သမိုင်းစဉ်တလျှောက်တွင် တာအိုသက်သေထူခြင်းနယ်ပယ်သို့ ရောက်ရှိခဲ့သည့် ပါရမီရှင်အမြောက်အများ ရှိသည်။သို့ရာတွင် သူတို့သည် သူတော်စင်များဖြစ်လာရန် နေနေသာသာ ခြေလှမ်းတစ်ဝက်သူတော်စင်အဆင့်သို့ ရောက်ရှိသူပင်လျှင် အလွန်ရှားပါးသည်။
"ဘိုးဘေးနဲ့ အကြီးအကဲတွေအားလုံးကို အရိုအသေပြုပါတယ်"
လေထုအတွင်းမှ ပျံသန်းလာသော ချင်နန်က ရိုသေလေးစားစွာ ဦးညွှတ်အရိုအသေပြုလိုက်သည်။
"အရိုအသေပြုနေဖို့ မလိုဘူး...ဘာတွေဖြစ်ခဲ့တာလဲဆိုတာ ငါ့ကို ချက်ချင်းအဖြေပေးစမ်း"
ချင်လန်က စိုးရိမ်ပူပန်တကြီး ပြောဆိုသည်။
"အရင်က မင်းရဲ့တည်ရှိမှုကို ထျန်းယုနယ်မြေထဲမှာ ငါ ဘယ်လိုမှ အာရုံခံလို့ မရခဲ့ဘူး...ငါတို့ချင်မိသားစုတစ်စုလုံးအပြင် ထျန်းရှာအဖွဲ့အစည်းကလည်း မင်းတို့ကို ရှာနေခဲ့တာ...အခု မင်းက ရုတ်တရက်ကြီး ထွက်ပေါ်လာရုံတင်မကဘူး သူတော်စင်နယ်ပယ်ကိုတောင် ချိုးဖျက်ဝင်ရောက်တော့မယ်...ဒါက ဘယ်လိုဖြစ်သွားတာလဲ"
"ဘိုးဘေး....တကယ်တော့ ငါတို့အားလုံးက လေဟာနယ်လှောင်အိမ်တစ်ခုထဲမှာ လှောင်ပိတ်မိနေပြီးတော့ ပြန်မလာနိုင်တော့လုနီးပါးပဲ"
ချင်နန်သည် ထိုပင်လယ်ပြင်ဧရိယာအတွင်းသို့ ဝင်ရောက်ပြီးနောက် သူတို့၏ကျင့်ကြံဆင့်နှင့်အသက်စွမ်းအားများကို ဆန်းကြယ်သောအားလှိုင်းတစ်ရပ်မှ ဝါးမြိုသွားခဲ့သည့်အကြောင်းအား လူတိုင်းကို အသေးစိတ်ကျကျ ပြောပြလိုက်သည်။
ချင်မိသားစုဝင်များအားလုံးသည် ထိုစကားများကိုကြားချိန်၌ ထိတ်လန့်တုန်လှုပ်သွားပေ၏။
"ဒါဆိုရင် အဲ့ဒီလေဟာနယ်လှောင်အိမ်ထဲကနေ...မင်းက ဘယ်လို လွတ်မြောက်လာပြီးတော့ သူတော်စင်တစ်ယောက် ဖြစ်လာတာလဲ"
ချင်မိသားစုခေါင်းဆောင်ချင်ရီက မေးမြန်းသည်။
"အကြောင်းကတော့ ငါတို့ချင်မိသားစုရဲ့ ကျေးဇူးရှင်စီနီယာနဲ့ ငါ တွေ့ခဲ့ရလို့ပဲ"
ချင်နန်က တည်ကြည်လေးနက်စွာ ပြောဆိုသည်။
"ချင်မိသားစုရဲ့ကျေးဇူးရှင်စီနီယာလား"
ချင်လန်သည် အစပထမတွင် တုံ့ပြန်နိုင်ခြင်း မရှိချေ။သူ အသိပြန်ဝင်လာချိန်တွင် သူ၏ခန္ဓာကိုယ် ရုတ်တရက် တုန်ရီသွားသည်။ချင်လန်သည် ချင်နန်ထံသို့ အပြေးသွားပြီး သူ၏ပခုံးကိုဆုပ်ကိုင်ကာ ကျယ်လောင်စွာအော်ဟစ်၍ မေးမြန်းလိုက်သည်။
"မင်းက စိတ်ဝိညာဥ်မီးအိမ်ကို ကိုယ်စားပြုတဲ့ တစ်ယောက်ကို ပြောနေတာလား"
"ဟုတ်ကဲ့"
ချင်နန်က သူ စိတ်ဓာတ်ကျနေစဉ်တွင် ခရုကြီးကိုစီးလာသော ရီဖုန်းနှင့် တွေ့ဆုံခဲ့ရကြောင်း သူတို့အားလုံးကို ပြောပြလိုက်သည်။
"ဒါကြောင့် ဘိုးဘေးနဲ့အကြီးအကဲတို့...အဲ့ဒီစီနီယာက ငါတို့ချင်မိသားစုကို မေ့လျော့သွားတာ မဟုတ်ဘူး....ဆန့်ကျင်ဘက်အနေနဲ့ သူက ငါတို့ သူ့ကိုရှာတဲ့လမ်းမှာ ကြီးမားတဲ့အန္တရာယ်နဲ့ တွေ့နေတာကို သိသွားတာကြောင့် ငါတို့ကို လာကယ်ခဲ့တယ်"
"ဒါတင်မကဘူး....စီနီယာက အချိန်ဆယ်ရက်ကျော်သုံးပြီးတော့ ငါ့ရဲ့စိတ်အခြေအနေကို ကျင့်ကြံပေးခဲ့တဲ့အပြင် ငါ ပိုပြီးအစွမ်းထွက်လာအောင် တိုက်တွန်းနှိုးဆော်ပေးခဲ့တယ်"
"ဒါကြောင့် ငါက အန္တရာယ်ကနေ လွတ်မြောက်လာရုံတင် မကဘူး...သူတော်စင်တစ်ယောက်ဖြစ်ခါနီး အခြေအနေကို ရောက်လာခဲ့တာပဲ"
ချင်နန်က စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုသည်။
"ဟား ဟား ဟား...."
"ကောင်းတယ်....အရမ်းကောင်းတယ်...."
"စီနီယာက ငါတို့ချင်မိသားစုကို မေ့မသွားခဲ့ဘူး"
ချင်နန်၏စကားများကို ကြားပြီးနောက် ချင်လန်က သူ၏လက်များကို ဆန့်တန်းပြီး အော်ဟစ်ရယ်မောလိုက်သည်။သူသည် သူတော်စင်တစ်ယောက်ဖြစ်သည့်တိုင် စိတ်လှုပ်ရှားမှုကြောင့် သူ၏မျက်လုံးအတွင်းမှ မျက်ရည်များ ယိုစီးကျလာသည်။
"အဖေ....ဒီစကားတွေကို ကြားရဲ့လား "
"စီနီယာက ငါတို့ချင်မိသားစုကို မေ့မသွားခဲ့ဘူး...သူက ငါတို့ချင်မိသားစုကို သူ့ရဲ့စိတ်ထဲမှာ မှတ်ထားတုန်းပဲ...သူက နန်အာကို ကယ်တင်ခဲ့ရုံတင် မကဘူး...ငါတို့ချင်မိသားစုအတွက် အနာဂတ်သူတော်စင်တစ်ယောက်ကို မွေးဖွားပေးခဲ့တယ်"
ချင်လန်၏မျက်လုံးအတွင်းမှ မျက်ရည်များ ယိုစီးကျလာသည်။
ဤသတင်းသည် ချင်နန် သူတော်စင်တစ်ယောက်ဖြစ်လာသည်ကို မြင်ရသည်ထက်ပင် သူ့အား ပို၍စိတ်လှုပ်ရှားစေသည်။
အကြောင်းအရင်းမှာ ဤကိစ္စမှတဆင့် သူ၏ချင်မိသားစုအပေါ် စီနီယာ၏အသိအမှတ်ပြုမှုကို သူ မြင်တွေ့လိုက်ရသောကြောင့်ပင်။
ထို့ပြင် ဤသည်မှာ ချင်မိသားစု၏တည်ရှိမှုကို စီနီယာ သိရှိသည်ဟု အတည်ပြုနိုင်ခြင်းပင်။
"အားလုံးပဲ....ငါ့ရဲ့အမိန့်ကို နားထောင်ပြီးတော့ ဒူးထောက်ပြီး စီနီယာကို ကျေးဇူးတင်ကြစမ်း"
ချင်လန်က အမိန့်ထုတ်ပြန်လိုက်ပြီးနောက် အရင်ဆုံး ဒူးထောက်ပြီး မိုးကောင်းကင်ယံထံ ဦးတည်၍ ဦးတိုက်အရိုအသေပြုလိုက်သည်။
ထိုစကားကိုကြားချိန်တွင် တခြားလူများသည်လည်း မည်သည့်တွေဝေတုံ့ဆိုင်းမျှမရှိဘဲ ဒူးထောက်ကာ ရိုသေလေးစားစွာ ဦးတိုက်အရိုအသေပြုလိုက်ကြ၏။
"ဒါနဲ့ ဘိုးဘေး...စီနီယာက ငါ့ကို ဒီပစ္စည်း ပေးလိုက်တယ်"
ချင်နန်က သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ ရီဖုန်း ပေးထားသော သံဇွန်းကြီး လေထုအတွင်းသို့ မျောလွင့်သွားသည်။
ထိုသံဇွန်းကြီး ထွက်ပေါ်လာသည်နှင့် လူများအားလုံး၏စိတ်အာရုံကို ချက်ချင်းဆွဲဆောင်သွားနိုင်ခဲ့သည်။
"ဒါက..."
ချင်လန်သည် အလွန်စိတ်လှုပ်ရှားသွားကာ ထိုသံဇွန်းကြီးအနီးသို့ ချဉ်းကပ်ပြီး စစ်ဆေးလိုက်သည်။
"ဒီရတနာက အရင်တုန်းက စီနီယာ ငါ့အဖေကို ပေးခဲ့တဲ့အရာထက် ပိုပြီးကောင်းတယ်...ဒါက မီးဖိုချောင်သုံးဓားနဲ့ အရင်သံဇွန်းကြီးထက် နိမ့်ကျမနေတဲ့အပြင် လက်ရာနဲ့တခြားအခန်းကဏ္ဏတွေမှာ အဲ့ဒါတွေထက်တောင် သာလွန်တယ်"
"ဒါနဲ့ နန်အာ....စီနီယာက မင်းကို ဘာပြောလိုက်သေးလဲ"
ချင်လန်က အလျင်စလို မေးမြန်းသည်။
"စီနီယာ ထွက်မသွားခင်မှာ...နောက်တကြိမ် ငါတို့ ပြန်တွေ့ရင် သူ့အတွက် အရသာရှိတဲ့ဟင်းလျားတချို့ ချက်ပြုတ်ပေးစေချင်တယ်လို့ ပြောခဲ့တယ်"
ချင်နန်က အရာအားလုံးကို ပြောပြလေ၏။
"ကောင်းတယ်...အရမ်းကောင်းတယ်...."
ချင်လန်သည် စိတ်သက်သာရာရသွားပြီးနောက် ချင်နန်၏ပခုံးကိုပုတ်ကာ ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။
"စီနီယာက မင်းကို ဒီလိုမျိုးပြောခဲ့မှတော့ သူက မင်းကို အသိအမှတ်ပြုတယ်ဆိုတာ သိသာတယ်"
"ဒီရတနာပစ္စည်းကို မင်းကိုယ်တိုင် ထိန်းသိမ်းထားပါ"
"အကြောင်းကတော့ ဒါက မင်းကို စီနီယာကပေးတဲ့ လက်ဆောင် ဖြစ်နေမှတော့ ဒါကို အသုံးပြုဖို့က မင်းထက်ပိုပြီး သင့်လျော်တဲ့လူ မရှိလို့ပဲ"
"ဘိုးဘေးကို ကျေးဇူးတင်ပါတယ်"
ချင်နန်က အလျင်အမြန်ဒူးထောက်ပြီး ကျေးဇူးတင်စကား ပြောဆိုသည်။
"မင်းက စီနီယာကိုကျေးဇူးတင်သင့်တယ်
ချင်လန်က ချင်နန်ကို အလျင်အမြန်တွဲထူပေးကာ အပြုံးနှင့် ပြောဆိုသည်။
"မင်းက ကျင့်ကြံဆင့်ချိုးဖျက်ဖို့အတွက် မြန်မြန်ပြင်ဆင်တော့...ငါကိုယ်တိုင် မင်းကို ကာကွယ်ပေးမယ်"
"ဟုတ်ကဲ့ပါ ဘိုးဘေး...."
ချင်လန်က စိတ်လှုပ်ရှားစွာဖြင့် တုံ့ပြန်သည်။
ချင်လန်၏အမိန့်ရသည်နှင့် မိုးမြေကျွန်းတစ်ကျွန်းလုံးသည် တင်းကျပ်သော စည်းမျဥ်းဥပဒေအောက်၌ ရောက်ရှိသွားပေ၏။သူတော်စင်ချင်လန်ကိုယ်တိုင် ကာကွယ်ပေးမှုနှင့်အတူ ချင်နန်သည် သူတော်စင်တစ်ယောက်ဖြစ်လာမည်မှာ သံသယဖြစ်ဖွယ် မရှိချေ။
"ဘိုးဘေး...ငါက အခု တံခါးပိတ်ကျင့်ကြံတော့မယ်....ဒါနဲ့ ကျစ်ယွီနဲ့တခြားလူတွေက အခုထိ လေးမျက်နှာဝင်္ကပါသေတ္တာထဲမှာ ချိတ်ပိတ်နေတုန်းပဲ...ကျေးဇူးပြုပြီးတော့ ဘိုးဘေးက ဒါကို ကူညီပြီး ဖွင့်ပေးပါ"
ချင်နန်က လေးမျက်နှာဝင်္ကပါသေတ္တာကို ချင်လန်ထံ လက်ကမ်းပေးပြီး ပြောဆိုသည်။
"မင်းက မြန်မြန်လေး တံခါးပိတ်ကျင့်ကြံသင့်တယ်....ဒီကိစ္စတွေကို ငါနဲ့ ထားခဲ့တော့"
ချင်လန်သည် လေးမျက်နှာဝင်္ကပါသေတ္တာကို ယူပြီးနောက် ချင်နန်အား တံခါးပိတ်ကျင့်ကြံရမည့် အခန်းအတွင်းသို့ သူကိုယ်တိုင် လိုက်ပို့ပေးခဲ့သည်။
အရာအားလုံးကို စီစဉ်ပြီးနောက် ချင်လန်သည် ခန်းမအတွင်းသို့ ပြန်လည်ရောက်ရှိလာပေ၏။
ထို့နောက် သူ့ထံမှ သူတော်စင်တစ်ယောက်၏စွမ်းအား ထွက်ပေါ်လာကာ လေးမျက်နှာဝင်္ကပါသေတ္တာကို လွှမ်းခြုံသွားသည်။
ဤလေးမျက်နှာဝင်္ကပါသေတ္တာသည် ချင်နန်ကို အရှင်သခင်အဖြစ် သတ်မှတ်ထားသဖြင့် တခြားမည်သူမျှ ဖွင့်နိုင်မည် မဟုတ်သော်လည်း သူတော်စင်များအတွက် အသေးအမွှားပင်။
ထို့ကြောင့် ချင်လန်သည် လေးမျက်နှာဝင်္ကပါသေတ္တာကို လွယ်လင့်တကူ ဖွင့်နိုင်ခဲ့လေ၏။
ချိတ်စည်းပြေလျော့သွားသော အချိန်အခိုက်အတန့်၌ မြင့်မားသောအရှိန်နှုန်းနှင့် အလင်းတန်းအမြောက်အများ တိုးထွက်လာသည်။
ဤသည်မှာ သင်္ဘောပေါ်၌ အသက်ရှင်ကျန်ရစ်သည့် ကျစ်ယွီနှင့်တခြားချင်မိသားစုဝင်များပင်။
အလင်းရောင်ကို တဖန်ပြန်၍ မြင်တွေ့ရပြီးနောက် သူတို့အားလုံးသည် ချင်လန်ကို မြင်တွေ့မိသဖြင့် သူတို့၏စိတ်ခံစားချက်များ ပွင့်အံ့ထွက်လာသည်။
ချင်ကျစ်ယွီသည် နှုတ်ဆက်အရိုအသေပေးမပြုဘဲ မျက်ရည်စများဖြင့် ချင်လန်ထံသို့ အပြေးသွားကာ မြေပြင်ပေါ်၌ ဒူးထောက်ပြီး အော်ဟစ်လိုက်သည်။
"ဘိုးဘေး...ငါ့ရဲ့အစ်ကိုကို မြန်မြန်လေးကယ်ပေးပါ...ကျေးဇူးပြုပြီးတော့ ငါ့ရဲ့အစ်ကိုကို ကယ်ပေးပါ"
"အမှန်ပဲ ဘိုးဘေး...ကျေးဇူးပြုပြီးတော့ သခင်လေးကို ကယ်ပေးပါ"
တခြားချင်မိသားစုဝင်များသည်လည်း မြေပြင်ပေါ်၌ ဒူးထောက်ပြီး အော်ဟစ်လိုက်ကြသည်။
"သခင်လေးက ငါတို့ကိုကယ်တင်ဖို့အတွက် သူ့ကိုယ်သူ စတေးခဲ့တယ်...ကျေးဇူးပြုပြီးတော့ သူ့ကို ကယ်ပေးပါ"
Chapter 965
သို့ရာတွင် ဤသည်မှာ အလွန်အရေးကြီးသောကိစ္စ ဖြစ်နေသော်လည်း ထိုသတင်းကို ကြားပြီးနောက် သူတို့၏ ဘိုးဘေးသည် ရယ်မောလိုက်မည်ဟု သူတို့ မျှော်လင့်မထားမိချေ။
“ဘိုးဘေးက ဘာလို့ရယ်နေတာလဲ....”
ချင်ကျစ်ယွီက စိုးရိမ်တကြီး ကြည့်ကာ အနည်းငယ် အပြစ်တင်လိုသည့် လေသံဖြင့် ပြောဆိုသည်။
“ကျွန်မတို့က အန္တရာယ်ကြီးကြီးမားမား ကြုံခဲ့ရပြီးတော့....ကျွန်မတို့ကို အသက်ရှင်အောင် ထားဖို့အတွက် အစ်ကိုကြီးက သူ့ရဲ့အသက်ကို စွန့်စားခဲ့တယ်....ဘိုးဘေးက စိတ်မပူဘဲနဲ့ ဘာလို့ ရယ်မောနေတာလဲ ”
ချင်ကျစ်ယွီ ဤကဲ့သို့ စိုးရိမ်ပူပန်နေခြင်းမှာ အံအားသင့်ဖွယ် မဟုတ်ပေ။
လေးမျက်နှာဝင်္ကပါသေတ္တာအတွင်းတွင် သူတို့သည် အချိန်ကို အစဥ်အမြဲ စောင့်ကြည့်နေခဲ့ကြသည်။
ထို့ပြင် သူတို့၏ချိတ်စည်းတံဆိပ်ကို ဖွင့်ပေးခဲ့သူမှာ ချင်လန် ဖြစ်သောကြောင့် သူတို့၏ အမြင်အရ ချင်နန်ထံ၌ အန္တရာယ်ကျရောက်နိုင်ချေ မြင့်မားသည်။
“ဟား ဟား ဟား ဟား....”
ချင်ကျစ်ယွီ၏ အမူအယာကို မြင်ချိန်တွင် ချင်လန်က ပို၍ပင် ကျယ်လောင်စွာ ရယ်မောပြီးနောက် ပြောဆိုသည်။
“မင်းရဲ့ အစ်ကိုကို စိတ်မပူပါနဲ့...သူ ကောင်းကောင်းမွန်မွန် ရှိပါတယ်....”
“ဘာ....”
ချင်ကျစ်ယွီက အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။
“ဘိုးဘေး....ဘိုးဘေး အတည်ပြောနေတာလား...အစ်ကိုက တကယ် အဆင်ပြေလား...”
“အဆင်ပြေရုံတင် မကဘူး... အဲ့ဒီ ကောင်လေးက မကြာခင်မှာ သူတော်စင်တစ်ယောက် ဖြစ်လာတော့မယ်”
ချင်လန် စကားပြောလိုက်စဉ်တွင် အနည်းငယ် ခါးသည်းသော အရိပ်အယောင်များ ရောယှက်နေသည်။
“ပြီးတော့ သူရဲ့ ကောင်းကင်နဲ့ မြေပြင်သဘာဝလွန်ပုံရိပ်အရ ငါ့ထက်တောင် ပိုပြီးအစွမ်းထက်တဲ့ သူတော်စင်တစ်ယောက် ဖြစ်လာလိမ့်မယ်...”
“ဘာ...သူတော်စင်..."
“ဘိုးဘေး...ဒါက အမှန်အတိုင်း ပြောနေတာလား ...”
ချင်ကျစ်ယွီနှင့်အခြားသူများသည် မယုံကြည်နိုင်သောအကြည့်ဖြင့် ချင်လန်ကို ကြည့်လိုက်ကြ၏။ချင်နန်သည် အဆင်ပြေနေရုံသာမက သူတော်စင်တစ်ယောက်ပင် ဖြစ်လာတော့မည်ကို သူတို့ နားမလည်နိုင်ချေ။
“ဘာလို့လဲဆိုတော့... မင်းတို့တွေ့ခဲ့တဲ့ ရီမျိုးရိုးနဲ့ လူငယ်လေးက ငါတို့ ချင်မျိုးနွယ်စုရဲ့ ကျေးဇူးရှင်ဖြစ်နေလို့ပဲ...သူဟာ ငါတို့ ချင်မျိုးနွယ်စုကို အစွမ်းထက်လာအောင် လုပ်ပေးခဲ့တဲ့ စီနီယာပဲ"
ချင်လန်က အလေးအနက်ထားသောလေသံဖြင့် ရှင်းပြသည်။
“ဘာ...."
ဤသတင်းသည် လူတိုင်း၏စိတ်အတွင်း၌ မိုးကြိုးပစ်ချသည့်အလား ပေါက်ကွဲသွားခဲ့သည်။
သူတို့၏စိတ်အတွင်း၌...
ခရုကြီးကိုစီး၍ ပေါ့ပေါ့ပါးပါး ရောက်လာသော အဖြူရောင်ဝတ်စုံဝတ် လူငယ်လေးကို မလွှဲမရှောင်သာ ပြန်တွေးမိကြသည်။
“သူ… သူက အဲ့ဒီ စီနီယာလား...."
ချင်ကျစ်ယွီ၏ ချောမောလှပသောမျက်နှာလေး မှိုင်းညှိုနေကာ ရီဖုန်းသည် သူမတို့ ရှာဖွေနေသည့် စီနီယာ ဖြစ်နေလိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။
ထို့နောက် ချင်လန်သည် ဖြစ်ပျက်ခဲ့သည့် အရာများကို လူတိုင်းအား ပြောပြလိုက်ရာ ချင်နန် သူတော်စင် ဖြစ်လာရခြင်း အကြောင်းကို လူတိုင်း နားလည်သွားသည်။
“ကျစ်ယွီ...”
ထိုအချိန်မှာပင် ချင်လန်၏မျက်လုံးသူငယ်အိမ် အနည်းငယ်ကျုံ့သွားပြီး ချင်ကျစ်ယွီကို ရုတ်တရက် မေးမြန်းလိုက်သည်
“မင်းရဲ့အစ်ကိုကို မင်း အပြစ်တင်မှာလား...”
“မင်း သိရမှာက မင်းရဲ့ အစ်ကိုကသာ မင်းတို့ကို လေးမျက်နှာဝင်္ကပါသေတ္တာထဲမှာ ချိတ်ပိတ်မထားခဲ့ရင် အခုချိန်မှာ မင်းက သူတော်စင်အဆင့် ကို တက်လှမ်းနိုင်တဲ့သူ ဖြစ်နေနိုင်တယ်....”
“ဘိုးဘေးက ရယ်စရာ ပြောနေပြန်ပြီ”
ချင်ကျစ်ယွီ ရိုသေလေးစားသော လေသံဖြင့် အလျင်အမြန်ပြောဆိုသည်။
"အစ်ကိုက ကျွန်မတို့ရဲ့ ဘေးကင်းရေးအတွက်....ကျွန်မတို့ကို လေးမျက်နှာဝင်္ကပါသေတ္တာထဲမှာ ချိတ်ပိတ်ခဲ့တာပါ...အဲ့ဒီအချိန်တုန်းက သူက စီနီယာရဲ့အကြောင်းကို မသိခဲ့ဘူး....ဒါကြောင့် ကျွန်မက ဘာလို့ အစ်ကို့ကို အပြစ်တင်ရမှာလဲ...”
“အစ်ကို ဘေးကင်းလုံခြုံနေပြီးတော့ သူတော်စင်ဖြစ်လာတာက သူနဲ့ ထိုက်တန်တဲ့ အရာပါ....ကျွန်မက သူ့အတွက် ပျော်ရွှင်မိရုံပါပဲ....”
"မင်းက ငါတို့ ချင်မိသားစုရဲ့ မျိုးဆက်ကောင်းတစ်ယောက်ပဲ.. ”
ချင်းကျီယွီ၏ စကားများကို ကြားချိန်၌ ချင်းလန်ထံတွင် စိတ်သက်သာရာရသွားသည့် အမူအယာတစ်ရပ် ထင်ဟပ်လာပေ၏။သူက ချင်ကျစ်ယွီ၏ခေါင်းကို ကြင်နာစွာ ပွတ်သပ်ပြီး ပြောဆိုသည်။
“ဘာမှ စိတ်မပူနဲ့...မင်းရဲ့ အစ်ကို သူတော်စင် ဖြစ်လာတာနဲ့..သူ့ရဲ့ ပိုလျှံနေတဲ့ အရင်းအမြစ်အားလုံးကို မင်းဆီ လွှဲပြောင်းပေးလိမ့်မယ်...မိသားစုကလည်း မင်းကို လေ့ကျင့်ပေးဖို့ အားထုတ်ကြိုးပမ်းမှာမလို့ နောင်တစ်ချိန်မှာ မင်းရဲ့ အစ်ကိုကြီးကို လိုက်မှီဖို့ မင်း အခွင့်အရေးရလာလိမ့်မယ်”
“ကျေးဇူးပါ ဘိုးဘေး...”
ချင်ကျစ်ယွီက အလျင်အမြန် ဒူးထောက်ပြီး ကျေးဇူးတင်စကား ပြောဆိုသည်။
“တော်လိုက်တဲ့ ကလေး...မြန်မြန် ထတော့..ဒီတစ်ကြိမ်မှာ မင်း ပင်ပန်းခဲ့ရပြီ...”
ချင်လန်က ချင်ကျစ်ယွီကို ထူပေးပြီးနောက် သူ၏လက်နှစ်ဖက်ကို နောက်ပစ်ကာ လူများအားလုံးကို ကြည့်ပြီး ကျယ်လောင်စွာ ပြောဆိုသည်။
“မိသားစုဝင်တိုင်းကို ရက်ရက်ရောရော ဆုချမယ်...သေဆုံးသွားသူတွေအတွက် လျော်ကြေးပေးမယ်...သူတို့တွေက ငါတို့ ချင်မိသားစုရဲ့ တိုက်ရိုက်မျိုးဆက် ဟုတ်ဟုတ် မဟုတ်ဟုတ် သူတို့ရဲ့မိသားစုဝင်တွေနဲ့ မျိုးဆက်တွေကို ငါတို့ ချင်မိသားစုက
မျိုးရိုးအစဥ်အဆက် ကာကွယ်ပေးသွားမယ်”
“ကျေးဇူးပါ ဘိုးဘေး”
လူများအားလုံး ဒူးထောက်ပြီး ကျေးဇူးတင်စကား ပြောဆိုလိုက်ကြသည်။
…
ချင်မိသားစုထံတွင် ပျော်ရွှင်မှုများဖြင့် နစ်မြုပ်နေစဉ်၌ စိတ်ဓာတ်ကျနေသော ရီဖုန်းသည် ဓားချိုင့်ဝှမ်းထံသို့ အလျင်အမြန် သွားရန် ပြင်ဆင်နေသည်။
ဤအချိန်အခိုက်အတန့်တွင်...
အချိန်ကြာမြင့်စွာ တိတ်ဆိတ်နေခဲ့သော သတင်းပို့ကျောက်စိမ်းပြားသည် ရုတ်တရက် တောက်ပလာပေ၏။
ရီဖုန်းက သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ သတင်းစကားက သူ၏စိတ်အတွင်းသို့ ရောက်ရှိလာသည်။
ဤသည်ကို ဖြောင်မြောင်ဟုန်မှ ပေးပို့လိုက်ခြင်းပင်။
“မင်္ဂလာပါ သခင်လေးရီ....”
“သခင်လေးရီ ကောင်းကင်အဆိပ်ကျွန်းမှာ ကောင်းကောင်းမွန်မွန် ရှိနေလားဆိုတာ ငါ မသိဘူး....နယ်မြေကြီးကိုးခုရဲ့ သူတော်စင်နဲ့ ပတ်သက်တဲ့ကိစ္စမှာ တိုးတက်မှုတွေ ရှိလာပြီ...နယ်မြေကြီးကိုးခုမှာ မကြာသေးခင်က ကောင်းကင်နဲ့ မြေပြင်ရဲ့ ထူးဆန်းတဲ့ သဘာဝလွန်ပုံရိပ်တွေ မကြာခဏ ကြုံတွေ့နေရပြီးတော့ ကပ်ဘေးတိမ်တိုက်အမျိုးမျိုးလည်း ထွက်ပေါ်ပေါက်လာတယ်....မမျှော်လင့်တာတွေ မဖြစ်ခဲ့ရင် သူတော်စင်က နိုးထလာခဲ့ပြီ...ငါတို့ ရထားတဲ့ သတင်းအချက်အလက်တွေအရ အဲ့ဒီသူတော်စင်က ပိုင်ဟွမ်လို့ခေါ်တဲ့ အမျိုးသမီးတစ်ယောက်ပဲ....သူက နယ်မြေကြီးကိုးခုကလူ ဖြစ်ပြီးတော့ အခုလက်ရှိမှာ နယ်မြေကြီးကိုးခု မဟာမိတ်အဖွဲ့အစည်းမှာ ရှိနေတယ်....”
“သခင်လေးရီက ကောင်းကင်အဆိပ်ကျွန်းမှာ အရာရာ အဆင်ပြေနေရင် အကောင်းဆုံးပဲ... အဲ့ဒီလိုမှမဟုတ်ရင် သခင်လေးရီက နယ်မြေကြီးကိုးခုကို တိုက်ရိုက်သွားနိုင်တယ်”
“ဒါ့ပြင် ငါ့ရဲ့ကျိန်စာက နောက်ဆုံးအဆင့်ကို ရောက်နေပြီ....သခင်လေးရီဆီ ဒီသတင်းစကားပို့ပြီးရင် ငါက ဓားချိုင့်ဝှမ်းရဲ့ဓားသင်္ချိုင်းထဲကို ဝင်ပြီးတော့ ငါ သေဆုံးရမယ့် အချိန်ကို စောင့်နေတော့မယ်....ဒါကြောင့် သခင်လေးရီက ငါ့ကို ဓားချိုင့်ဝှမ်းမှာ လာရှာစရာ မလိုတော့ဘူး.....”
“တကယ်လို့ နောင်တစ်ချိန်မှာ သခင်လေးရီက မှော်ပညာစွမ်းရည်တွေကို ကျွမ်းကျင်လာရင်...ဟုန်အာအတွက် ဓားချိုင့်ဝှမ်း ကို ကူညီပေးပါ...ဒါဆိုရင် ဟုန်အာက အထူးကျေးဇူးတင်မိမှာပါ...”
“ဟုန်အာက သခင်လေးရီအတွက် အောင်မြင်တဲ့ စမှတ်တစ်ခုကို ရပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်"
“နှုတ်ဆက်ပါတယ် သခင်လေးရီ...”
ကျောက်စိမ်းပြားအတွင်းမှ သတင်းစကားကို ဖတ်ပြီးနောက် ရီဖုန်းထံတွင် စိတ်ခံစားမှုများ ရောထွေးနေသည်။
သူ အလွန်အမင်း စိတ်လှုပ်ရှားနေပေ၏။
'သေချင်တဲ့သူတွေ မသေနိုင်ဘဲ...မသေချင်တဲ့သူတွေက ကျိန်စာသင့်နေတယ်... ဒါက တကယ်တော့ ကံကြမ္မာက ငါတို့ကို လှည့်စားနေတာပဲ'
ရီဖုန်းသည် ဤအချိန်အတောအတွင်း၌ သေဆုံးခဲ့ခြင်း မရှိသော်လည်း ဖြောင်မြောင်ဟုန်သည် သူ့ကို အကူအညီ အမြောက်အများပေးခဲ့သည်အား သူ ဝန်ခံရမည်။
အနည်းဆုံးတော့ သူသည် ခေါင်းမရှိသော ယင်ကောင်တစ်ကောင်အလား လျှောက်ပြေးနေရန် မလိုခဲ့ချေ။
“မိန်းကလေးဟုန်နဲ့ မိတ်ဆွေသံယောဇဉ်ကို ငါ မှတ်မိနေမှာပါ...ဓားချိုင့်ဝှမ်းမှာ တစ်ခုခုဖြစ်ခဲ့ရင် ငါ ရီဖုန်းက လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူး...”
“ဒါ့ပြင် မိန်းကလေးဟုန်က လက်မလျှော့ပါနဲ့...မင်းရဲ့စိတ်ကို တည်ငြိမ်အောင်လုပ်ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ပါ"
"မင်းကိုယ်မင်း ယုံကြည်လိုက်ပါ...မင်း အဆင်ပြေသွားမှာပါ....”
ရီဖုန်းသည် သူ့၏တုံ့ပြန်မှုကို ရောထွေးနေသော စိတ်ခံစားမှုများဖြင့် ကျောက်စိမ်းပြားမှတဆင့် ပေးပို့လိုက်သည်။
သို့ရာတွင် သူ မည်ကဲ့သို့ ပြောရမှန်း မသိသဖြင့် ဤနည်းလမ်းဖြင့်သာ နှစ်သိမ့်နိုင်ခဲ့သည်။
မူလက သူသည် ဓားချိုင့်ဝှမ်းသို့သွား၍ ဖြောင်မြောင်ဟုန်ကို ထပ်မံတွေ့ဆုံလိုခဲ့သည်။သို့ရာတွင် သူ သေချာစဉ်းစားပြီးနောက် ဤအချိန်တွင် သွားရောက်ခဲ့လျှင် ဓားချိုင့်ဝှမ်းကို ဒုက္ခပေးရုံမှတစ်ပါး အသုံးဝင်မည်မဟုတ်ဟု ခံစားမိလေ၏။
ကျောက်စိမ်းပြားကို သိမ်းဆည်းပြီးနောက် ရီဖုန်းသည် သက်ပြင်းတစ်ချက်ရှိုက်ကာ နောက်သို့လှည့်၍ ကူးပြောင်းရေးကျွန်းထံ ဦးတည်သွားပြီး နယ်မြေကြီးကိုးခုသို့ ပြန်ရန် ပြင်ဆင်လိုက်သည်။
ဤအချိန်တွင် ဓားချိုင့်ဝှမ်း၌....
ထောင်သောင်းချီသော ဓားချိုင့်ဝှမ်း၏တပည့်များသည် ရင်ပြင်တစ်ခုအတွင်း၌ ပလ္လင်ခွေထိုင်နေကြပြီး သူတို့တစ်ဦးစီတိုင်းတွင် တည်ကြည်လေးနက်သော မျက်နှာအမူအယာရှိကာ တိတ်ဆိတ်ငြိမ်သက်နေသည်။
ရင်ပြင်၏ထိပ်ဆုံးနေရာတွင် အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီးတစ်ယောက် မတ်တတ်ရပ်နေသည်။
သူမသည် ခြေဗလာဖြစ်ပြီး ဆံပင်ရှည်များ လူးလွန့်ကာ အပြစ်အနာအဆာကင်းမဲ့သော မျက်နှာ ရှိသည်။သူမ၏ခန္ဓာကိုယ်တစ်ခုလုံးမှ စိတ်ဝိညာဥ်စွမ်းအား အလင်းရောင်များ ထွက်ပေါ်နေပေ၏။အဖြူရောင် ဝတ်စုံမှလွဲ၍ သူမ၏ ခန္ဓာကိုယ်ပေါ်တွင် အခြား မည်သည့်အရာမှ မရှိဘဲ လောကကြီးနှင့် မထိတွေ့သော နတ်မိမယ်တစ်ပါးနှင့် တူနေသည်။
သူမ၏နောက်တွင် ဓားချိုင့်ဝှမ်း၏ ဓားသင်္ချိုင်း ရှိသည်။
ဤနေရာတွင် တန်ဖိုးရှိသော ဓားအမြောက်အများကို မြှုပ်နှံထားရုံသာမက ဖြောင်မိသားစု၏သင်္ချိုင်းနေရာလည်း ဖြစ်သည်။
ဖြောင်မိသားစု ၏ မျိုးဆက်တိုင်းအတွက် နောက်ဆုံးကံကြမ္မာအဆုံးသတ်ရာသည် ဤနေရာပင်။
သူမ၏နံဘေးတွင် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက် မတ်တတ်ရပ်နေသည်။
သူသည် လူလတ်ပိုင်းအရွယ်သာ ရှိသေးသော်လည်း သူ၏ဆံပင်များ ဖြူဖွေးနေပြီး သူ၏မျက်လုံးများ နီမြန်းနေကာ အလွန်ဝမ်းနည်းနေပုံရသည်။
သူသည် ဓားချိုင့်ဝှမ်း၏ လက်ရှိအရှင်သခင်ဖြစ်ပြီး ဖြောင်မြောင်ဟုန်၏ ဦးလေးပင်။သူသည် ဓားချိုင့်ဝှမ်းတွင် သက်တမ်းအရှည်ဆုံးနှင့်အတွေ့အကြုံအများဆုံး ပုဂ္ဂိုလ်လည်း ဖြစ်ပေ၏။
သူ ယနေ့ထိ အသက်ရှင်သန်နေသော အကြောင်းရင်းမှာ သူသည် ဖြောင်မိသားစု၏ တိုက်ရိုက်မျိုးဆက် မဟုတ်ဘဲ သွေးဝေးမိသားစုမှသာ ဖြစ်သောကြောင့် ကျိန်စာ၏စွမ်းအားသည် များစွာပို၍အားနည်းသောကြောင့်ပင်။
“ဓားကို စတေးမယ်"
ထိုအချိန်မှာပင် လူလတ်ပိုင်းကြီးက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
ဖြောင်မြောင်ဟုန်၏ရှေ့ရှိ စားပွဲပေါ်တွင် တင်ထားသော ဓားရှည်သည် စိတ်ဝိညာဉ်ရှိသည့်အလား တုန်ခါနေကာ မလိုလားမှုများကို ထုတ်ဖော်နေသကဲ့သို့ပင်။
ဖြောင်မြောင်ဟုန်ကလည်း မလိုလားသောအမူအယာဖြင့် သူ၏ဓားကို ပွတ်သပ်လိုက်၏။
ဤဓားသည် သူမ၏ကိုယ်ပိုင်မှော်ရတနာဖြစ်ပြီး ငယ်စဉ်ကတည်းက သူမ၏ဖခင်မှ လက်ဆင့်ကမ်းပေးခဲ့ခြင်း ဖြစ်သည်။
ဓားချိုင့်ဝှမ်း၏စည်းမျဉ်းများအရ အရှင်သခင် ကွယ်လွန်တော့မည့်အချိန်တွင် သူ၏ဓားကို သူ့နဲ့အတူ ချိတ်ပိတ်လိုက်ကာ ဘယ်သောအခါမျှ အလင်းရောင်ကို ပြန်မြင်ရတော့မည်မဟုတ်ချေ။
“သွားတော့...”
နောက်ဆုံးတွင် ဖြောင်မြောင်ဟုန်က သူမ၏ လက်ကို ဝှေ့ယမ်းလိုက်ရာ တုန်ရီနေသော ဓားသည် လေထဲသို့ ပျံ့လွင့်သွားပြီး ကြီးမားကျယ်ပြန့်သော ရင်ပြင်အတွင်းတွင် လူးလွန့်သည်။ ထို့နောက် ဓားသည် ဓားသင်္ချိုင်းအတွင်းသို့ ပျံသန်းပြီး ထိုးကျသွားလေ၏။
“နင်တို့အားလုံး ဂရုစိုက်ကြပါ”
စင်မြင့်ပေါ်တွင်ရှိနေသော ဖြောင်မြောင်ဟုန်က ဦးညွှတ်လိုက်သည်။
စင်မြင့်၏အောက်ရှိ သောင်းနှင့်ချီသောတပည့်များသည်လည်း မတ်တတ်ရပ်၍ ဦးညွှတ်အရိုအသေပြုလိုက်ကာ လူအများစုထံတွင် မျက်ရည်များ ဝဲနေကြသည်။
“ဦးလေးကျန်း...ဂရုစိုက်ပါ..."
ဖြောင်မြောင်ဟုန်သည် သူမ၏ခေါင်းကို တိမ်းစောင်းကာ နံဘေးရှိ လူလတ်ပိုင်းကြီးကို ဦးညွှတ်လိုက်သည်။
လူလတ်ပိုင်းကြီး၏မျက်လုံးများ နီမြန်းနေသည်။ဖြောင်မြောင်ဟုန် ဦးညွှတ်အရိုအသေပြုသည်ကို မြင်ချိန်၌ သူ စိတ်မထိန်းနိုင်တော့ဘဲ သူ၏မျက်ရည်များကို တိတ်တိတ်လေး သုတ်လိုက်၏။
ထိုနှစ်က ဖြောင်မြောင်ဟုန်၏အဘိုးသည် ဓားသင်္ချိုင်းအတွင်းသို့ တစ်ယောက်တည်း လမ်းလျှောက်ဝင်သွားသည်ကို သူ မျက်မြင်တွေ့ခဲ့သည်။
နောက်ပိုင်းတွင် ဖြောင်မြောင်ဟုန်၏ ဖခင်နှင့် မိခင်တို့ကိုလည်း ဤနေရာတွင် သူ နှုတ်ဆက်ခဲ့ရသည်။
ယခုချိန်၌ ဖြောင်မြောင်ဟုန်သည် ဓားသင်္ချိုင်းအတွင်းသို့ ဝင်သွားသည်ကိုလည်း သူ ကြည့်ရပြန်လေ၏။
'ဘုရားသခင်က ဘာလို့ ဒီလောက်ထိ မတရားတာလဲ'
'ငါတို့ ဖြောင်မိသားစုဝင်တွေက ဒီကျိန်စာကို ဘယ်တော့မှ ချိုးဖျက်နိုင်မှာလဲ'
ဖြောင်ကျန်းထံတွင် ဝမ်းနည်းမှု မကျေမနပ်ဖြစ်မှုများဖြင့် ပြည့်နှက်နေပြီး သူ ဤကိစ္စကို လက်မခံလိုချေ။
လူများအားလုံးသည် ဖြောင်မြောင်ဟုန်တစ်ယောက်တည်း ဓားသင်္ချိုင်းထံသို့ လျှောက်သွားသည်ကို ကြည့်နေကြသည်။
အထီးကျန် ငှက်ကလေးတစ်ကောင် မြည်တမ်းနေကာ....
သစ်ရွက်ခြောက်များ ပျံ့လွင့်နေသည်။
ဓားသင်္ချိုင်း၏ဝင်ပေါက်တွင် ဖြောင်မြောင်ဟုန်သည် သူမ၏ခန္ဓာကိုယ်ပေါ်၌ ဝှက်ထားသော ကျောက်စိမ်းပြားကို ထုတ်ယူကာ အတွင်းရှိ သတင်းစကားကို ဖတ်ပြီး အနည်းငယ် ပြုံးလိုက်သည်။
နောက်ဆုံးသတင်းစကားကို ဖော်ပြပြီးနောက် ကျောက်စိမ်းပြားသည် အမှုန့်ဖြစ်သွားလေ၏။
သူမသည် နောက်ဆုံးအမှတ်တရ အကြည့်တစ်ချက်ကို လှည့်ကြည့်ပြီးနောက် ဓားသင်္ချိုင်းအတွင်းသို့ ဝင်ရောက်သွားသည်။
ဓားသင်္ချိုင်းတွင် အရိုးစုများဖြင့် ပြည့်နှက်နေသည်။
ဓားရှည်များ နေရာအနှံ့အပြား၌ ရှိနေသည်။
ဤသည်မှာ ဖြောင်မိသားစု၏ဘိုးဘေးများ တစ်ယောက်ပြီးတစ်ယောက် ကွယ်လွန်သွားခြင်းကို ကိုယ်စားပြုနေသည်။
ဖြောင်မြောင်ဟုန် ချဉ်းကပ်လာသည်နှင့်အမျှ ဓားသင်္ချိုင်းအတွင်းမှ တုန်ခါသံများ မြည်ဟည်းလာသည်။ ဤသည်မှာ ဖြောင်မိသားစု၏ မျိုးဆက်တစ်ယောက် ထပ်မံ၍သေဆုံးခြင်းအပေါ် ဝမ်းနည်းမှုနှင့်မကျေမနပ်ဖြစ်မှုများကို ဖော်ပြနေသည့်အလားပင်။
ဖြောင်မြောင်ဟုန်သည် သူမ၏ဓားရှိရာသို့ တန်းတန်းမတ်မတ်လျှောက်လှမ်းသွားကာ မျက်လုံးစုံမှိတ်၍ ပလ္လင်ခွေထိုင်လိုက်သည်။
အချိန်အတော်ကြာပြီးနောက်....
ဓားသင်္ချိုင်းသည် နောက်ဆုံး၌ တိတ်ဆိတ်ငြိမ်သက်သွားပေ၏။