အခန်း (၉၆၆-၉၇၀)
Vol. 65 Ch. 966-970
Chapter 966
အချိန်နှစ်ရက် ကုန်ဆုံးသွားခဲ့သည်။
ဓားသင်္ချိုင်းသည် ယခင်အတိုင်း တည်ရှိနေဆဲပင်။
အရိုးများ ပြန့်ကျဲနေသော သင်္ချိုင်းတစ်ခု၏ ထူးခြားသောတိတ်ဆိတ်မှုနှင့် ခြောက်ကပ်မှုသည် ဓားသင်္ချိုင်းတစ်ခုလုံးကို လွှမ်းခြုံထားပေ၏။
ညနေခင်း ရွှေရောင်နေရောင်ခြည်ပင်လျှင် ဤခြောက်ကပ်သောနေရာကို နွေးထွေးစေခြင်းမရှိချေ။
ဆန့်ကျင်ဘက်အားဖြင့် ညဥ့်အချိန်မရောက်မီ အချိန်အခိုက်အတန့်တွင် မှောင်မည်းမသွားမီ နောက်ဆုံးအလင်းရောင် ထိုးထွက်လာသည့်အလား ပို၍ပင် ဝမ်းနည်းဖွယ်ကြေကွဲဖွယ် ကောင်းလှသည်။
ဓားသင်္ချိုင်း၏ဝင်ပေါက်တွင် အစိမ်းရောင်တိုင်လုံးများဖြင့် တည်ဆောက်ထားသည့် မိုးမျှော်မုခ်ခုံးကြီးတစ်ခု ရှိသည်။ထိုမုခ်ခုံး၏ ဘေးနှစ်ဖက်လုံးရှိ တံစက်မြိတ်များပေါ်မှ လေခေါင်းလောင်းများသည် ညနေခင်းလေပြည် တိုက်ခတ်ချိန်တွင် တချွင်ချွင်မြည်ဟည်းနေပေ၏။ခေါင်းလောင်းသံများသည် နေဝင်ချိန်အလင်းရောင်နောက်ခံဖြင့် ညင်သာစွာ ပဲ့တင်ထပ်နေသည်။
တံစက်မြိတ်များအလယ်ရှိ အနီရောင်ကမ္ပည်းပြားပေါ်တွင် နဂါးတစ်ကောင်ပျံသန်းနေသည့်အလား လှပသောလက်ရေးဖြင့် 'ဓားသင်္ချိုင်း'ဟူသော စာလုံးကို ရေးထိုးထားသည်။
ထိုအနီရောင်ကမ္ပည်းပြား၏အောက်တွင် အနက်ရောင်ဝတ်ရုံ ခြုံထားသော ပုံရိပ်တစ်ခု ရှိနေသည်။
ထိုအနက်ရောင်ဝတ်ရုံဝတ်လူ၏လက်အတွင်း၌ ဝိုင်အရက်အိုးတစ်အိုးကို ကိုင်ထားလေ၏။
ဤအချိန်အခိုက်အတန့်တွင် အနက်ရောင်ဝတ်ရုံဝတ်လူသည် ခေါင်းမော့ပြီး သူ့၏ဟောင်းလောင်းပေါက် မျက်လုံးတစ်စုံဖြင့် ထိုစာလုံးများကို ကြည့်နေသည်။
သူ၏နောက်တွင် နေရောင်ခြည်သည် မြေပြင်တစ်ခုလုံးသို့ ပျံ့နှံ့နေကာ ခြေလှမ်းပေါင်း ထောင်သောင်းချီ၍ ကျယ်ပြန့်သည်။သာမာန်ကာလျှံကာ ကြည့်ပါက သူ့ကို နွေးထွေးသော အဝါရောင်ဝတ်ရုံတစ်ထည်မှ လွှမ်းခြုံထားသည်နှင့် တူနေသည်။
ထိုအလင်းရောင်သည် သူ့၏ခြောက်ကပ်ပြီး စိတ်ဓာတ်ကျဖွယ် အနက်ရောင်ဝတ်ရုံကိုပင် နွေးထွေးမှုဖြင့် အရောင်ခြယ်ပေးထားသည်။
“ဓားသင်္ချိုင်း”
သူ တီးတိုးရေရွတ်လိုက်ကာ ယခင်က တစ်ကြိမ်တစ်ခါမျှ မကြားဖူးသည့်အလားပင်။
တိတ်ဆိတ်ခြင်း လွှမ်းခြုံသွားကာ.....
“အချိန်ကို တွက်ကြည့်မယ်ဆိုရင် ဒါက နှစ်ပေါင်းတစ်သိန်းလောက် ရှိပြီ...”
အစိမ်းရောင်တိုင်လုံးများ၏ ဘေးတစ်ဖက်တွင် တစ်ချက်တွင် ဖြောင်မိသားစု၏ သင်္ချိုင်းစောင့်များ ရှိသည်။ သူတို့သည် သူတို့၏ရှေ့တွင် ရုတ်တရက် ထွက်ပေါ်လာသော အနက်ရောင်ဝတ်ရုံဝတ်လူကို ကြည့်လိုက်ကြသည်။ ထို့ပြင် သူ့နောက်မှ ခွေး စိတ်ဝိညာဉ်ဘုရင် ဝက်ဝံနက်နှင့် ကင်းခြေများတို့ကိုလည်း ကြည့်လိုက်ကြ၏။ သူတို့ တုံ့ပြန်နိုင်ခြင်း မရှိသေးမီမှာပင် အနက်ရောင်ဝတ်ရုံဝတ်လူသည် သူတို့ကို ကျော်လွန်သွားလေပြီ။
သူသည် ခြေလှမ်းအနည်းငယ်လှမ်း၍ ပေါ့ပါးစွာ ရှေ့သို့တိုးလိုက်သည်။
မျက်တောင်တစ်ခတ်စာ အချိန်အတွင်းတွင် သင်္ချိုင်းစောင့်များသည် ဝင်ပေါက်တွင် မတ်တတ်ရပ်လျက် ကျန်ခဲ့သည်။ သူတို့မျက်လုံးများ ရုတ်တရက် ကြောင်စီစီဖြစ်သွားပြီး တစ်စုံတစ်ရာကို မေ့သွားသည့်အလားပင်။
'ခုဏက ဘာဖြစ်သွားတာလဲ...'
'ဘာမှ မဖြစ်ခဲ့သလိုပါပဲ...'
သင်္ချိုင်းစောင့်များသည် သူတို့ မြင်ခဲ့သည့် မြင်ကွင်းကို မေ့လျော့သွားကြ၏။
ထို့ကြောင့် သူတို့သည် နောက်သို့ပြန်လှည့်ပြီး နေရာတွင် မတ်တတ်ရပ်ကာ ဤခြောက်ကပ်သော သင်္ချိုင်းဂူနေရာကို စောင့်ကြပ်လိုက်သည်။
အခြားတစ်ဖက်တွင် အနက်ရောင်ဝတ်ရုံဝတ်ထားသော လုပမ်ဝေသည် ဓားသင်္ချိုင်းအတွင်းသို့ ဝင်ရောက်သွားခဲ့လေပြီ။
သူ၏အမြင်အာရုံအတွင်းသို့ ဝင်ရောက်လာသည်မှာ သင်္ချိုင်းဂူများ၏နံဘေးတွင် ထိုးစိုက်ထားသော ဓားများပင်။
ဖြောင်မိသားစု၏ တိုက်ရိုက်မျိုးဆက်များဖြစ်သော လူတစ်ယောက်ခြင်းစီအတွက် အရိုးစုတစ်စုနှင့်ဓားတစ်ချောင်းရှိနေသည်။
နေဝင်ချိန်တွင် ဓားများမှ အလင်းရောင်များ လင်းလက်ကာ အနည်းငယ် အဝါရောင်သန်းနေပြီး ဓားတစ်ချောင်းစီတိုင်းသည် ဆောင်းဦးတွင် မားမားမတ်မတ်ပေါက်နေသော ရွှေရောင်ဂျုံပင်နှင့် တူနေသည်။
လုပမ်ဝေက ရပ်တန့်ပြီး သူ၏မျက်လုံးကို ဝေ့ဝိုက်၍ ကြည့်လိုက်သည်။
အဆုံးမဲ့သော ရွှေဝါရောင်မြင်ကွင်းမှအပ တခြားမည်သည့်အရာမျှ မရှိချေ။
ဤနေရာတွင် အေးစက်ပြီး ခြောက်ကပ်နေမှုကသာ အဆုံးအစ လွှမ်းခြုံနေသည်။
မျိုးဆက်တစ်ဆက်ပြီးတစ်ဆက်ရှိ လူများ....
လုပမ်ဝေသည် ဝိုင်အရက်အိုးကို ခါးတွင်ချိတ်လိုက်ကာ သူ၏လက်ချောင်းများ အနည်းငယ် လှုပ်ရှားသွားသည်။
ထို့နောက် သူ၏ခန္ဓာကိုယ်ကို လှုပ်ရှားပြီး ခြေလှမ်းအနည်းငယ်လှမ်းကာ ရှေ့သို့ ပေါ့ပါးစွာ ဖြတ်သန်းသွားသည်။
သူ၏ခြေသံများသည် လူသေများကို အနှောင့်အယှက်ပေးမိမည်အား စိုးရိမ်နေသည့်အလားပင်။
မကြာခင်မှာပင် သူသည် ဓားသင်္ချိုင်း၏အနက်ရှိုင်းဆုံးအပိုင်းရှိ ယဇ်ပလ္လင်ပေါ်သို့ ရောက်ရှိသွားကာ မတ်တတ်ရပ်နေသည်။
ထိုယဇ်ပလ္လင်ပေါ်တွင် အရိုးစုတစ်ခု ရှိနေပေ၏။
ထိုအရိုးစု၏နံဘေးတွင် သံချေးတက်နေသော ဓားတစ်လက် ရှိသည်။
ထိုဓားပေါ်တွင် ကြေးနီသံချေးများ ဖုံးလွှမ်းနေကာ သေခါနီး အသက်ရှစ်ဆယ်ကျော် အဘိုးကြီးတစ်ယောက်နှင့် တူညီနေကာ ပြိုလဲလုနီးပါးဖြစ်နေသော်လည်း တည်တည်ငြိမ်ငြိမ် တည်ရှိနေပေ၏။
အစက်အပြောက်ထနေသော ဓားပေါ်တွင် ယခင်က ဓားသွားပေါ်၌ စွန်းထင်းခဲ့သော သွေးကွက်များကို မသဲမကွဲမြင်တွေ့နိုင်သည်။
အရိုးစု၏နံဘေးတွင် ကျောက်စာတိုင်တစ်ခုရှိနေကာ ထိုအရာပေါ်တွင် 'ဖြောင်မိသားစု ၏ ဘိုးဘေး ဖြောင်ယွင်ချူ' ဟု ရေးထွင်းထားသည်။
ကျောက်စာတိုင်၏ လက်ဝဲဘက်အောက်ထောင့်တွင်လည်း စာကြောင်းတိုနှစ်ကြောင်းကို ရေးထွင်းထားပေ၏။
'ရေလာရင် ငါတို့ ရေထဲမှာ စောင့်မယ်...'
'မီးတောက်လာရင် ငါတို့ ပြာတွေကြားမှာ စောင့်မယ်...'
လုပမ်ဝေက ကျောက်စာတိုင်၏ရှေ့တွင် တိတ်ဆိတ်ငြိမ်သက်စွာ မတ်တတ်ရပ်နေသည်။ သူ၏အမူအယာသည် လွမ်းမောနေကာ အမှတ်ရအောက်မေ့ခြင်းများဖြင့် လွှမ်းခြုံနေသည့်အလားပင်။
နေဝင်ဆည်းဆာ၏အလင်းရောင်သည် သင်္ချိုင်းဂူ၏ကျောက်တိုင်ပေါ်သို့ ထိုးကျနေပြီး မီးတောက်အလား နွေးထွေးသော အဝါရောင်သန်းနေသည်။ ရုတ်တရက် လွန်ခဲ့သော နှစ်ပေါင်းတစ်သိန်းက မီးတောက်များကို သူ သတိရသွားသည်။
လူများအားလုံးကို ဖျက်ဆီးခဲ့သည့် ပြင်းထန်သော မီးတောက်...
သူ၏နောက်ရှိ ခွေးသည် ပုံမှန်မဟုတ်သော သူ၏အစ်ကိုကြီးကို ကြည့်ရင်း အချိန်တခဏကြာသည်အထိ အသက်မရှူဝံ့ချေ။ သူသည် လုပမ်ဝေ၏နောက်သို့ နာခံရို့ကျိုးစွာ လိုက်နေပြီး သူ၏မျက်နှာပေါ်တွင် သိချင်စိတ်ပြင်းပြမှုများ ရှိနေသည်။
ခွေးသည် အရိုးစု၏အကြောင်းကို မှန်းဆနေပေ၏။
ခွေးတို့တစ်သိုက်၏ စပ်စုနေသောအကြည့်များအောက်တွင် လုပမ်ဝေသည် သူ၏အနက်ရောင်ဝတ်ရုံအတွင်းမှ အရိုးလက်ကို မြှောက်လိုက်သည်။
သူ၏လက်ဝါးရှိ လက်ချောင်းများပေါ်တွင် ဝိုင်အရက်ဘူးတစ်ဘူးကို ကိုင်ဆွဲထားသည်။
လုပမ်ဝေက သူ၏လက်ချောင်းများကို မြှောက်လိုက်ရာ ဝိုင်အရက်ဘူးအတွင်းမှ ရေလှုပ်ခတ်သံများ ထွက်ပေါ်လာသည်။
"မင်း သဘောအကျဆုံး ဗိုလ်ချုပ် ပြန်လာပြီ”
သူက တီးတိုးရေရွတ်လိုက်သည်။
ဝိုင်အရက်ဘူးမှ အဆို့ကို ဆွဲဖြုတ်လိုက်သည်နှင့် သင်းပျံ့သောဝိုင်အရက်နံ့ ချက်ချင်း ပျံ့လွင့်လာသည်။
သူ၏နောက်တွင်ရှိနေသော ခွေးတို့တစ်သိုက်သည် ထိုဝိုင်အရက်နံ့ကို ရပြီးနောက် စိတ်လှုပ်ရှားလာကြ၏။
သူသည် ဝိုင်အရက်ဘူးကို ကိုင်ထားသော အရိုးလက်ကို မြှောက်ကာ သွန်ချလိုက်သဖြင့်ကြည်လင်သော ဝိုင်အရက်များသည် အရိုးစု၏ရှေ့တွင် ဖြာကျသွားသည်။
ပြင်းရှပြီး သင်းပျံ့သော ဝိုင်အရက်နံ့က လေထုအတွင်းတွင် ချက်ချင်း ပျံ့နှံ့သွားသည်။
သင်္ချိုင်းအတွင်းတွင် လေတိုက်ခတ်လာပြီးနောက် လုပမ်ဝေ၏ ကြီးမားသော အနက်ရောင်ဝတ်ရုံကို လူးလွန့်နေစေကာ ဝတ်ရုံ၏အနားစွန်းများ လေထုအတွင်းတွင် ပျံ့လွင့်နေသည်။
ဝိုင်အရက်နံ့သည်လည်း ပျံ့လွင့်နေပေ၏။
ဝိုင်နံ့သင်းပျံ့သောလေသည် သံချေးတက်နေသော ဓားကို ဖြတ်သန်းတိုက်ခတ်သွားချိန်၌ ဓားသည် အနည်းငယ် တုန်ရီသွားပြီးနောက် သင်္ချိုင်းဂူပေါ်သို့ ဖြတ်သန်းသွားကာ ရွှံ့စိုင်များနှင့်သဲမှုန်များကို ခါချလိုက်သည်။
ထို့နောက် တောင်တန်းတစ်ခုလုံးပေါ်ရှိ ဓားသင်္ချိုင်းဂူများဆီသို့ ဆက်လက်၍ ဖြတ်သန်းတိုက်ခတ်သွားသည်။
လေသည် အားကောင်းလွန်း၍လော သို့မဟုတ် ဝိုင်အရက်နံ့ သင်းပျံ့လွန်စ၍လောဟု မသိရသော်လည်း ဓားသင်္ချိုင်းအတွင်းရှိ ဓားများသည် လေတိုက်ခတ်မှုနှင့်အတူ အနည်းငယ် စတင်၍တုန်ရီသွားသည်။
ဤတုန်ခါသံသည် ဝမ်းနည်းမှု မကျေမနပ်ဖြစ်မှုတို့ဖြင့် ပြည့်နှက်နေကာ တောင့်တစိတ်နှင့် ငိုကြွေးညည်းတွားသံနှင့် တူနေသည်။
မြေပြင်ပေါ် ဖိတ်စင်နေသော ဝိုင်များကို ကြည့်ရင်း ခွေးတို့တစ်သိုက်သည် သိချင်စိတ်ပြင်းပြလာကြ၏။
သူတို့သည် အရိုးစု ကို ကြည့်ပြီးနောက်....
မြေပြင်ပေါ်သို့ ဖိတ်စင်သွားသော ဝိုင်အရက်များကို ကြည့်လိုက်သည်။
ထို့နောက် သူတို့က သတိကြီးစွာထား၍ ပြောဆိုလိုက်ကြသည်။
“အစ်ကိုကြီး... ဒါက ဘယ်သူလဲ...”
လုပမ်ဝေ၏အတွေးများ ခွေးကြောင့် ရပ်တန့်သွားကာ လက်ရှိအခြေအနေသို့ ပြန်လည်ရောက်ရှိလာသည်။
ထို့နောက် သူ၏လက်အတွင်းရှိ ဝိုင်အရက်ဘူးကို ဆက်လက်၍ လောင်းချလိုက်၏။
ထို့နောက် ဝိုင်အရက်ဘူးကို လွှတ်ချလိုက်သည်။
ကြည်လင်သော အက်ကွဲသံတစ်သံ ထွက်ပေါ်လာကာ ဝိုင်အရက်ဘူးသည် ကွဲကြေသွားပြီး အပိုင်းအစများက အထိမ်းအမှတ်ကျောက်တိုင်ရှေ့တွင် ပြန့်ကျဲသွားသည်။
ဤသည်မှာ သူ၏မိတ်ဆွေဟောင်းထံ ပေးပို့သော ဝိုင်အရက်ပင်။
နောက်ထပ်အချိန်တစ်ခဏတွင် လုပမ်ဝေက သူ့၏လက်ကို မြှောက်လိုက်သည်။
ခွေးတို့တစ်သိုက်၏ ပတ်ဝန်းကျင်ရှိ မြင်ကွင်းများ လျင်မြန်စွာ ပြောင်းလဲသွားသည်။ သင်္ချိုင်းဂူကျောက်တိုင်နှင့် အရိုးစုတို့သည် ချက်ချင်း ပျောက်ကွယ်သွားပြီးနောက် ကမ္ဘာကြီး ချာချာလည်သွားကာ သူတို့၏မျက်လုံးများရှေ့တွင် ခပ်ဖျော့ဖျော့မီးပွားများ ထွက်ပေါ်လာသည်။
မကြာခင်မှာပင် ခြောက်သွေ့ပြီး ပူနွေးသော ခံစားမှုတစ်ခု ဝင်ရောက်လာပေ၏။
ရုတ်ချည်းဆိုသလိုပင် သူတို့၏မျက်လုံးများရှေ့တွင် ကျယ်ပြန့်ပြီး ကွဲအက်နေသည့် မြေပြင်ကြီးကို မြင်တွေ့လိုက်ရသည်။
'ကံကြမ္မာမီး၏ တားမြစ်နယ်မြေ...'
ဤနေရာတွင် အက်ကွဲကြောင်းများ ချောက်ကြီးများဖြင့်ဖြင့် ပြည့်နေသည်။
ထို့နောက် အလွန်အေးသော လေစိမ်းတစ်ချက် တိုက်ခတ်လာရာ ခွေးတို့တစ်သိုက်၏ခန္ဓာကိုယ်များ တုန်ရီသွားသည်။
ယခုကြည့်ကြည့်တော့မှ 'ကံကြမ္မာမီး တားမြစ်နယ်မြေ'၏နံဘေးတွင် တစ်နှစ်ပတ်လုံး အေးခဲနေသည့် အလွန်အေးသော မြစ်တစ်စင်း ရှိနေခြင်းပင်။
မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် ခွေးတို့တစ်သိုက်သည် လုပမ်ဝေ၏နောက်သို့ လိုက်ကာ အလွန်အေးသောမြစ်ပေါ်တွင် မတ်တတ်ရပ်ပြီး အောက်ရှိ ရေခဲလောကကြီးကို ငုံ့ကြည့်လိုက်ကြသည်။
ဤရေခဲမြစ်၏အထက်တွင် နတ်ဘုရားစစ်တပ်ရှိပြီး သန်းပေါင်းများစွာသော သစ္စာရှိစစ်သားများရှိကာ စစ်ဗိုလ်ချုပ်များအဖြစ် နတ်ဘုရားများနှင့် နတ်ဆိုးအမြောက်အများမှ ဦးဆောင်ထားသည်။
Chapter 967
တစ်နှစ်ပတ်လုံး အေးခဲနေသော ရေခဲမြစ်သည် အဆုံးအစမဲ့ ဖြူဖွေးပြီး ကြည်လင်နေသင့်သော်လည်း...
ဤအခိုက်အတန့်တွင်မူ အရာရာတိုင်း နီမြန်းနေသည်။
နံဘေးပတ်ပတ်လည်ကို ကြည့်လိုက်ပါက မိုင်ပေါင်းများစွာ အကွာအဝေးထိ အဖြူရောင် အစက်အပြောက်တစ်စက်ကိုပင် မတွေ့ရချေ။
မြစ်ဝါမြစ်၏လမ်းနံဘေးရှိ သွေးနီရောင် အမှတ်အသားသင်္ကေတများအလား အနီရောင်သည် တောင်တန်းများနှင့်မြေပြင်တပြင်လုံးကို ဖုံးလွှမ်းထားသည်။
ဤသည်မှာ ရေခဲများပေါ်သို့ သွေးများ စွန်းထင်းနေသည့်အလားပင်။
စုပုံနေသော အလောင်းများကြောင့် လေထုအတွင်းတွင် ဆိုးရွားသော အနံ့ဆိုးများ ပြည့်နှက်နေကာ အပျက်အစီးများက ရေခဲမြစ်အတွင်းတွင် ပေါလောပေါ်နေသည်။
ဤနေရာတွင် အလောင်းများ မရေမတွက်နိုင်အောင် များပြားသည်။
အကြည့်တစ်ချက်ဖြင့်ပင် ဤနေရာသည် နံဘေးရှိ ကံကြမ္မာမီးနယ်မြေနှင့် အနည်းငယ် ဆင်တူကြောင်း မြင်တွေ့နိုင်သည်။
ဤနေရာများအားလုံးကို ပြင်းရှသော အနီရောင်များက လွှမ်းခြုံထားပေ၏။
တစ်ချက်ကြည့်လိုက်ရုံဖြင့် ဤစစ်ပွဲ၏ ကြမ်းတမ်းမှုနှင့် ဝမ်းနည်းကြေကွဲဖွယ်ရာများကို ခံစားသိရှိနိုင်ပေမည်။
လူဆယ်ယောက်အနက် တစ်ယောက် နှစ်ယောက်သာ အသက်ရှင်ကျန်ရစ်သည်။
ဤစစ်မြေပြင်နှင့် မလိုက်ဖက်စွာ အသက်ရှင်ကျန်ရစ်သူတို့၏ မျက်နှာများတွင် အပြုံးများ ရှိနေသည်။
သူတို့သည် စစ်ပွဲကို အနိုင်ရခဲ့လေပြီ။
ဤသည်မှာ သေးငယ်သောအောင်ပွဲတစ်ပွဲ ဖြစ်သည့်တိုင် သူတို့ အနိုင်ရခဲ့ခြင်းပင်။
သူတို့၏ဧကရာဇ်သည် ဤစစ်ပွဲကို သူတို့ အနိုင်ရရှိပါက အိမ်သို့ ပြန်နိုင်ပြီဟု အမိန့်ပေးခဲ့သည်။
တိုက်ပွဲဝင်ဝတ်စုံဝတ်ထားသော စစ်သား အမြောက်အများသည် ရေခဲမြစ်တစ်လျှောက်၏အထက်ရှိ လေထုအတွင်းတွင် သွားလာနေကြပြီး ဧကရာဇ်၏အမိန့်ကို တစ်ယောက်နှင့်တစ်ယောက် ပြောဆိုနေကြသည်။
ရယ်သံများနှင့် အောင်ပွဲခံသံများသည် ရေခဲမြစ်တစ်လျှောက် ပျံ့နှံ့နေပေ၏။ဤနေရာ၏သွေးနီရောင် တောက်ပနေမှုသည် သူတို့၏မိသားစုများမှ သူတို့ အောင်ပွဲခံ၍ အောင်ပွဲဆင်ကာ ပြန်လာကြခြင်းကို ဂုဏ်ပြုသည့်အနေဖြင့် သူတို့၏ခန္ဓာကိုယ်ပေါ်တွင် လွှမ်းခြုံပေးသော အနီရောင် ပိုးပဝါများအလား ခံစားရစေသည်။
စစ်သားတချို့သည် စစ်တန်းလျားသို့သွားရန် အသင့်ပြင်နေကြသည်။
ထိုအအချိန်မှာပင်....
ငွေရောင်သံချပ်ကာဝတ်ထားသော လူငယ်တစ်ယောက်သည်သည် လေထုအတွင်းတွင် လျင်မြန်စွာ ပျံသန်းလာကာ မကြာမီမှာပင် ရေခဲပြင်ပေါ်သို့ ဆင်းသက်လာသည်။
အလွန်အေးသောကုန်းမြေ၏ အရိုးကွဲလုမတတ် အအေးဓာတ်ကြောင့် သူ၏မျက်နှာ နီမြန်းသွားသည်။ထိုလူငယ်လေးသည် အေးစိမ့်မှုကြောင့် သူ၏လက်များကို အဆက်မပြတ် ပွတ်သပ်နေသော်လည်း သူ၏မျက်နှာတွင် ဝမ်းမြောက်သော အပြုံးတစ်ခု ရှားရှားပါးပါး ရှိနေသည်။
သူ ဆင်းသက်လာသည်နှင့် သူ၏ဗိုလ်ချုပ်သည် သူ့ကို အပြုံးနှင့် ကြည့်လိုက်၏။
“ယွင်ချူ.... ဒီနေရာကို လာခဲ့တော့...ဝိုင်အရက်သောက်ပြီး မင်းကိုယ်မင်း နွေးသွားအောင် လုပ်လိုက်ပါ....”
ထိုလူငယ်သည် ဗိုလ်ချုပ်ဘေးရှိ သာမန်စစ်သည်တစ်ဦးသာ ဖြစ်သည်။ ဗိုလ်ချုပ်က သူ့ကို ခေါ်သည်အား ကြားချိန်တွင် သူ၏မျက်နှာ အနည်းငယ်နီမြန်းသွားပြီး ရှက်ကိုးရှက်ကန်းဖြင့် လျှောက်လှမ်းလာသည်။
“လာ.... သောက်လိုက်အုံး"
ဗိုလ်ချုပ်က ဝိုင်အရက်အိုးကို သူရဲကောင်းဆန်ဆန် လက်ကမ်းပေးသည်။
“ဒီဝိုင်အရက်ကို သောက်ပြီးရင် ငါတို့ အိမ်ပြန်ဖို့ ထွက်ခွာကြမယ်”
ဗိုလ်ချုပ်က ပြောဆိုကာ လောကဓံကိုခံခဲ့ရသော သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ထင်ဟပ်လာသည်။
ဗိုလ်ချုပ်၏စကား ဆုံးသည်နှင့် သူ၏ပတ်ဝန်းကျင်ရှိ လူများသည် ရွှင်မြူးစွာ အော်ဟစ်လိုက်ကြပြီး အရူးအမူးပျော်ရွှင်နေကြသည်။ အဆင့်မြင့် မြင်းစီးအရာရှိများသည်လည်း စိတ်လှုပ်ရှားစွာဖြင့် သူတို့၏သားရဲများကို စီးနင်းပြီး မိုးကောင်းကင်ယံသို့ ပျံသန်းကာ ပျော်ရွှင်စွာ လှည့်ပတ်နေကြ၏။
ထိုလူငယ်သည်လည်း ဝိုင်အရက်အိုးကို ယူကာ ရိုးသားဖြူစင်စွာ ရယ်မောလိုက်သည်။
ထို့နောက် သူသည် ခေါင်းမော့ပြီး ဝိုင်အရက်များကို တစ်ကျိုက်တည်းဖြင့် အကုန်အစင် သောက်လေသည်။
“ငါတို့ အိမ်ပြန်ကြမယ်"
လူငယ်၏ စိတ်လှုပ်ရှားစွာ အော်ဟစ်သံသည် မိုးကောင်းကင်ယံကို ထွင်းဖောက်သွားပေ၏။
“အိမ်ပြန်ကြမယ်”
ဗိုလ်ချုပ်၏နံဘေးရှိ တပ်ဖွဲ့များသည်လည်း ချက်ချင်းပင် လိုက်ပါအော်ဟစ်လိုက်ကြသည်။
“အိမ်ပြန်ကြမယ်"
စစ်တပ်တစ်တပ်လုံး စိတ်လှုပ်ရှားစွာဖြင့် ဟစ်ကြွေးလိုက်ကြသည်။
ထိုအော်ဟစ်သံများသည် မိုးကောင်းကင်သို့ပျံ့လွင့်သွားကာ ကြယ်စင်တန်းများကို ထွင်းဖောက်သွားတော့မည့်အလားပင်။
အလွန်အေးသောနယ်မြေ၏အထက်တွင် အတားအဆီးတစ်ခု ရှိနေသည်။
စစ်သားများ၏အသံလှိုင်းများသည် အတားအဆီး၏အပေါ်တွင် မတ်တတ်ရပ်နေသော ခွေးတို့တစ်သိုက်ကို တိုက်ရိုက်ထိခတ်သွားသည်။
သူတို့သည် ဤမြင်ကွင်းကြောင့် တုန်လှုပ်နေကာ အချိန်အတော်ကြာသာ်အထိ ပြန်လည်ကောင်းမွန်လာခြင်း မရှိပေ။
ဤမြင်ကွင်းကို မြင်ချိန်၌ ပုံမှန်ဆိုလျှင် ကပ်ဖားရပ်ဖားအမူအယာဖြင့် ပြုမူနေထိုင်သည့် ကင်းခြေများပင်လျှင် တည်ကြည်လေးနက်နေပေ၏။
မကြာမီမှာပင် စစ်တပ်ကြီးသည် ဤနေရာမှ ထွက်ခွာရန် အဆင်သင့် ပြင်ဆင်ပြီးသွားလေပြီ။
ဗိုလ်ချုပ်သည် မြင့်မားသောနေရာသို့ ပျံသန်းကာ စစ်သားများ၏စိတ်ဓာတ်ကို မြှင့်တင်ပေးရန်အတွက် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
“ဧကရာဇ်မင်းမြတ်က ဒီစစ်ပွဲပြီးရင် ငါတို့ အိမ်ပြန်နိုင်ပြီလို့ မိန့်ကြားခဲ့တယ်...”
“အခု စစ်ပွဲပြီးသွားပြီဆိုတော့ ငါတို့ ချက်ချင်း အိမ်ပြန်ကြမယ်...”
“ဒါပေမဲ့ ဒီနှစ်ထပ်တားမြစ်စကြာဝဠာထဲကနေ ထွက်သွားချင်ရင် ငါတို့ရဲ့ရှေ့မှာရှိနေတဲ့ ငရဲမီးတားမြစ်နယ်မြေကို ဖြတ်သန်းသွားရမယ်....”
နှစ်ထပ်တားမြစ်စကြာဝဠာသည် သူတို့ရှိနေသော စစ်မြေပြင်ပင်။
အလွန်အေးစက်သော နယ်မြေတစ်ခြမ်းသည် ရေခဲစကြာဝဠာဖြစ်ပြီး ပူနွေးသော နယ်မြေတစ်ခြမ်းသည် ကံကြမ္မာမီးစကြာဝဠာဖြစ်သည်။
ဗိုလ်ချုပ် ပြောခဲ့သည့် ငရဲမီးတားမြစ်နယ်မြေ သည် အခြားတစ်ဖက်ရှိ ကံကြမ္မာမီးစကြာဝဠာ ဖြစ်သည်။
ကံကြမ္မာမီးကို ငရဲမီးဟုလည်း ခေါ်ဆိုသည်။
ငရဲမီးတားမြစ်နယ်မြေ၏အောက်တွင် ပြင်းထန်သော ရောင်ခြည်တန်းများ လှိုင်းထန်နေသည့် လေထုလွှာရှိသည်။ အစွမ်းထက်သော ထိုလေထုလွှာသည် ကြယ်မြစ်တစ်ခုလုံးကိုပင် ဖျက်ဆီးနိုင်သော စွမ်းအင်ရှိသည်။
ထိုလေထုလွှာသည် နှစ်သန်းပေါင်းများစွာ တည်ငြိမ်နေပြီး တစ်ကြိမ်တစ်ခါမျှ ပေါက်ကွဲခဲ့ခြင်း မရှိချေ။
သို့ရာတွင် ထိုလေထုလွှာတွင် ပိုလျှံနေသော စွမ်းအင်များရှိပြီး တစ်ခါတစ်ရံတွင် စွမ်းအင်အချို့ကို ပြင်ပသို့ ထုတ်လွှတ်သည်။
ဤလူများအတွက်မူ ထိုအရာသည် ကမ္ဘာကြီးကို ဖျက်ဆီးနိုင်သော မီးတောက်တစ်ခုပင်။
ထိုအရာကို ကံကြမ္မာမီးဟုလည်း ခေါ်သည်။
ငရဲမီးတားမြစ်နယ်မြေ....
ငရဲမီးတားမြစ်နယ်မြေကို ဖြတ်သန်းခြင်းသည် လွယ်ကူသော အလုပ်မဟုတ်ကြောင်း လူတိုင်း သိထားကြသည်။
ကံကောင်းပါက ငရဲမီးနယ်မြေ အဆုံးထိ မီးတောက်တစ်ခုကိုမျှ ကြုံတွေ့ရမည် မဟုတ်ချေ။
ကံဆိုးပါက ကံကြမ္မာမီးတောက်တစ်ခုတည်းနှင့်ပင် သူတို့ကို ပြာဖြစ်သွားစေနိုင်သည်။
သို့သော် ဤအခိုက်အတန့်တွင် မည်သူမျှ ဂရုမစိုက်ကြတော့ချေ။
သူတို့၏ စိတ်နှလုံးသားများနှင့် မျက်လုံးများအတွင်းတွင် စကားလုံးသုံးလုံးသာ ရှိနေသည်။
'အိမ်ပြန်မယ်....'
ဤစစ်မြေပြင်တွင် သူတို့ တိုကိခိုက်ခဲ့သည်မှာ နှစ်ပေါင်းတစ်ထောင် ကြာမြင့်သွားသလော သို့မဟုတ် နှစ်ပေါင်းတစ်သောင်း ဖြစ်နေသလော....
ဤစစ်ပွဲသည် အချိန်ကြာမြင့်လွန်းနေလေပြီ။
သူတို့၏ဇာတိမြေ မည်သို့ရှိသည်ကိုပင် သူတို့ မေ့လုနီးပါး ဖြစ်နေသည်အထိ ကြာမြင့်နေလေပြီ။
သူတို့သည် စစ်ပွဲအတွင်းတွင် အသက်ရှင်ကျန်ရစ်သူ အနည်းငယ်အနက်မှ တစ်ယောက်ဖြစ်သည်။
သူတို့အတွက် သေဘေးမှ အကြိမ်ကြိမ် လွတ်မြောက်လာခဲ့ခြင်းမှာ ခက်ခဲလှသည်။
သို့သော် သူတို့ အသက်ရှင်သန်ခဲ့ပြီ။
ဤစစ်မြေပြင်တွင် သေဆုံးသွားသော စစ်သားအမြောက်အမြားနှင့် နှိုင်းယှဉ်ပါက သူတို့၏ အသက်များ ရှင်သန်ခဲ့သည်။
မမျှော်လင့်ဘဲ သူတို့သည် အသက်ရှင်ကျန်ရစ်ပြီးနောက် အိမ်ပြန်ရန် မျှော်လင့်ချက် ရှိနေလေရာ သူတို့သည် မည်သည်ကြောင့် စိတ်မလှုပ်ရှားဘဲ နေနိုင်မည်နည်း။
ကံကြမ္မာမီးကို မဆိုထားနှင့် သူတို့သည် ငရဲနယ်မြေ ဖြစ်နေလျှင်ပင် ဖြတ်သန်းသွားရပေမည်။
အကြောင်းအရင်းမှာ ဤနေရာကို ဖြတ်သန်းခြင်းသည် သူတို့၏ ဇာတိမြေသို့ အပြန်လမ်း ဖြစ်နေသောကြောင့်ပင်။
ရေခဲစကြာဝဠာရှိ အအေးဓာတ်သည် သူတို့၏ ကျင့်ကြံမှုများ
ကို တိုးတက်ရန် ခက်ခဲစေသည်။ ကျင့်ကြံမှုကို ဖိနှိပ်ခံထားရသော လူများသည် ယခုအချိန်၌ စူးရှသော မျက်လုံးများဖြင့် မိုးကောင်းကင်ယံရှိ ဗိုလ်ချုပ်ကို မော့ကြည့်နေကြသည်။
ဗိုလ်ချုပ်သည်လည်း အောက်ရှိ စစ်သားများကို ငုံကြည့်နေလေ၏။
သူတို့အားလုံး အိမ်ပြန်ရန် ဆန္ဒပြင်းပြနေသည်ကို သူ သိသည်။
သူသည်လည်း ထိုနည်းအတိုင်းပင် မဟုတ်လော...
ဗိုလ်ချုပ်သည် မျက်မှောင်ကြုတ်ကာ အောက်ရှိ စစ်တပ်ကို ကြည့်လိုက်သည်။
ဤသည်မှာ ပြိုလဲပျက်စီးနေသည့် အခြေအနေ၌ ရှိနေသော်လည်း သူတို့၏မျက်လုံးအတွင်းရှိ စူးရှသောအလင်းရောင်များကို ပိတ်ဆို့ဟန့်တားထားနိုင်ခြင်း မရှိခဲ့ပေ။
“ဧကရာဇ်မင်းမြတ်ကလည်း မိန့်ကြားထားခဲ့တယ်....”
ဗိုလ်ချုပ်က တဖြည်းဖြည်း ပြောဆိုလိုက်ရာ သူ၏ အစွမ်းထက်သောအသံသည် ကျယ်ပြန့်သော နေရာတစ်ခုလုံးတွင် ပဲ့တင်ထပ်နေသည်။
“သူက ငရဲမီးနယ်မြေ ရဲ့အဆုံးမှာ ငါတို့ကို စောင့်ကြိုနေဖို့အတွက် တစ်ယောက်ယောက်ကို စေလွှတ်လိုက်လိမ့်မယ်...”
“ပြီးရင် ငါတို့ကို အိမ်ပြန်ခေါ်သွားလိမ့်မယ်....”
ဧကရာဇ်မင်းမြတ်သည် သူတို့ သစ္စာခံထားသော အမြင့်မြတ်ဆုံးပုဂ္ဂိုလ်ပင်။ သူသည် သူတို့၏ သစ္စာရှိခြင်းနှင့်ယုံကြည်ခြင်းတို့ကို ရရှိထားသူဖြစ်ပြီး တခြားလူများ စော်ကား၍မရသော သူတို့၏ နတ်ဘုရားလည်း ဖြစ်သည်။
ဧကရာဇ်မင်းမြတ်ကိုယ်တိုင် မိန့်ကြားခဲ့သည်ကို ကြားချိန်တွင် လူတိုင်း စိတ်လှုပ်ရှားသွားသည်။
သူတို့အားလုံးသည် စိတ်လှုပ်ရှားမှုကြောင့် တုန်ရီနေကြ၏။
သူသည် သူတို့၏ အလင်းရောင်ပင် ဖြစ်ပြီး အလင်းရောင်ရှိရာသည် သူတို့၏ ဦးတည်ရာပင်။
ထို့ပြင် ဤသည်မှာ သူတို့၏ ဇာတိမြေလည်း ဖြစ်သည်။
ဗိုလ်ချုပ်၏စကား ဆုံးသည်နှင့် စစ်မြေပြင်တစ်ခုလုံးရှိ စစ်သားများအားလုံး သံပြိုင်ဟစ်ကြွေးလိုက်ကြသည်။
“ငရဲမီးနယ်မြေ ကို ဖြတ်သွားမယ်... ဧကရာဇ်မင်းမြတ်က ငါတို့ကို အိမ်ပြန်ခေါ်ပါ....”
“ငရဲမီးနယ်မြေ ကို ဖြတ်သွားမယ်... ဧကရာဇ်မင်းမြတ်က ငါတို့ကို အိမ်ပြန်ခေါ်ပါ....”
“ငရဲမီးနယ်မြေ ကို ဖြတ်သွားမယ်... ဧကရာဇ်မင်းမြတ်က ငါတို့ကို အိမ်ပြန်ခေါ်ပါ....”
“…”
တစ်လှိုင်းပြီးတစ်လှိုင်း ပို၍ကျယ်လောင်လာသော အသံလှိုင်းများသည် နှစ်ထပ်တားမြစ်စကြာဝဠာအတွင်းရှိ လေထုကို လှုပ်ခတ်စေပြီး နားကွဲလုမတတ်ကျယ်လောင်ကာ စိတ်လှုပ်ရှားမှု ဝမ်းသာကြည်နူးမှုတို့ဖြင့် ပြည့်နှက်နေသည်။
Chapter 968
ငရဲမီးနယ်မြေတွင် ကွဲအက်နေသော အနီရောင်မြေသားနေရာများ ရှိသည်။
ပင့်ကူမျှင်ကဲ့သို့ အက်ကွဲကြောင်းများသည် မြေပြင်တပြင်လုံးကို ဖုံးလွှမ်းထားပြီး ဤနေရာရှိ သက်ရှိအားလုံးကို ပိတ်လှောင်ထားသည့် ပိုက်ကွန်တစ်ခုကဲ့သို့ ဖြစ်နေသည်။
မိုးကောင်းကင်ယံ၏ မြင့်မားသောနေရာ၌ ရှိနေသော ခွေးတို့တစ်သိုက်သည် ထိုမြင်ကွင်းကို ကြည့်မိရုံဖြင့် အသက်ရှူမွမ်းကြပ်သကဲ့သို့ ခံစားရသည်။
သို့ရာတွင် အောက်ရှိ မြေပြင်ပေါ်၌ မရေမတွက်နိုင်သော နတ်ဘုရားများ နတ်ဆိုးများနှင့် ကျင့်ကြံသူများသည် ကွဲအက်နေသော မြေပြင်ကို ဖြတ်သန်းသွားလာနေကြသည်။
သူတို့တစ်ယောက်စီတိုင်း၏ မျက်နှာတွင် အပြုံးများ ရှိနေသည်။
ကျင့်ကြံဆင့်မြင့်မားသူများသည် မျက်စိတစ်မှိတ်စာအတွင်း ပျံသန်းကာ နေရာများ ရွှေ့ပြောင်းသွားကြသည်။
ကျင့်ကြံဆင့်နိမ့်ပါးသူများသည် ကံကြမ္မာမီးနယ်မြေ ၏ လေဟာနယ်အတွင်းတွင် ဖိနှိပ်ခံထားရသဖြင့် သူတို့၏ ကျင့်ကြံမှုစွမ်းအားများကို အသုံးမပြုနိုင်ဘဲ တစ်လှမ်းချင်းစီသာ ရှေ့သို့ ရွေ့လျားနိုင်သည်။
သို့သော် သူတို့၏ခြေလှမ်းတစ်လှမ်း အရှိန်နှုန်းသည် သာမန်လူများထက် အဆရာထောင်ချီပြီး လျှင်မြန်ပေ၏။
ပြင်းထန်သော အပူလှိုင်းသည် ကံကြမ္မာမီးနယ်မြေပေါ်ရှိ လူများအားလုံးကို ရိုက်ခတ်နေသဖြင့် သူတို့အား မခံမရပ်နိုင်အောင် ခံစားရစေသည်။
သူတို့သည် တဖြည်းဖြည်းနှင့် အသက်ရှူရန်ပင် ခက်ခဲလာသည်။
ဤ တားမြစ်နယ်မြေရှိ မီးတောက်များ၏ ပြင်းထန်သောအပူလှိုင်းသည် သူတို့
ခန္ဓာကိုယ်များမှ စွမ်းအင်များကို လောင်ကျွမ်းသွားစေသည်။ ဤတားမြစ်နယ်မြေတွင် ပို၍ကြာမြင့်စွာနေလေလေ သူတို့၏ စွမ်းအင်များ ပိုမိုမြန်ဆန်စွာကုန်ဆုံးလေလေပင်။
နေ့နှင့်ည မခွဲခြားနိုင်သော နှစ်ထပ်တားမြစ်စကြာဝဠာတွင် လူများသည် အချိန်ကုန်ဆုံးခြင်းကို တဖြည်းဖြည်း မေ့လျော့သွားကြ၏။
သူတို့သည် ခြေလှမ်းတစ်လှမ်းချင်း လျှောက်လှမ်းကာ ဆယ်ပေ ပေတစ်ရာကွာဝေးလာပြီး အချိန်ကို မေ့လျော့နေသော စစ်သားများအားလုံး ပို၍ထုံကျင်လာသည်။
ယခုချိန်၌ သူတို့ထံတွင် ရှေ့သို့ရွေ့လျားရန်ဟူသော အတွေးတစ်ခုတည်းသာ ရှိသည်။
ဤှအတွေးမှာ အိမ်ပြန်ရန်ပင်။
ဤစိတ်စွဲလမ်းမှုကြောင့် သူတို့အား သေသည်အထိ တိုက်ခိုက်စေသည်။
သို့သော် ကံကြမ္မာမီးနယ်မြေသည် အလွန်ကြီးမားကျယ်ပြန့်ကာ ဖြတ်သန်းသွားရန် အချိန်မည်မျှကြာမြင့်မည်ကို မသိနိုင်ချေ။ ဤသည်မှာ လအနည်းငယ် ကြာမြင့်နိုင်သည့်အပြင် ဆယ်စုနှစ်များစွာလည်း ကြာမြင့်သွားနိုင်သည်။
တဖြည်းဖြည်းနှင့် ကျင့်ကြံဆင့်နိမ့်ပါးသော လူသားများ နတ်ဆိုးများနှင့် နဂါးများသည် တောင့်မခံနိုင်တော့ပေ။
သူတို့၏ ခန္ဓာကိုယ်များနှင့်စိတ်ဝိညာဉ်များသည် တားမြစ်နယ်မြေပေါ်တွင် လောင်ကျွမ်းကာ သေဆုံးသွားခဲ့ကြသည်။
သူတို့သည် ရှေ့သို့ခြေတစ်လှမ်း လှမ်းလေလေ ပို၍ခက်ခဲလာလေလေပင်။
နောက်ပိုင်းတွင် သူတို့၏ခန္ဓာကိုယ်များမှ ဝိညာဥ်များ ကြည်လင်လာတော့သည်။
ဝိညာဉ်များ ကြည်လင်လာခြင်းသည် သူတို့ လုံးလုံးလျားလျား သေဆုံးသွားတော့မည်ဟု အဓိပ္ပါယ်ရပေ၏။
ဤသည်မှာ သာမန်သေဆုံးခြင်း မဟုတ်ဘဲ သူတို့သည် အခိုးအငွေ့များအဖြစ် ပျောက်ကွယ်သွားပြီး သံသရာစက်ဝန်းအတွင်းသို့ ဝင်ရောက်နိုင်တော့မည် မဟုတ်ချေ။
လက်တစ်ဖက်ပြတ်နေသော လူတစ်ယောက်၏ စိတ်ဝိညာဉ်သည် ဤကဲ့သို့ တဖြည်းဖြည်း ကြည်လင်ပြတ်သားလာသည်။
လူအုပ်ကြားတွင် လျှောက်လှမ်းနေစဉ်၌ သူ၏ခြေထောက်များ တစတစကွေးညွတ်လာပြီး သူ၏ခြေလှမ်းများ ပိုမိုနှေးကွေးလာသည်။ နောက်ဆုံးတွင် သူ လဲကျသွားပေ၏။
သူ၏နံဘေးပတ်ဝန်းကျင်ရှိ လူများသည် သူ့ကို ကြည့်လိုက်ကြကာ သူတို့၏ မျက်နှာများတွင် ဝမ်းနည်းမှုများ ပြည့်နှက်နေသော်လည်း ကူညီနိုင်ခြင်း မရှိခဲ့ချေ။
သူတို့သည် လဲကျသွားသော ရဲဘော်ရောင်းရင်းများကို ကယ်တင်နိုင်ခြင်း မရှိရုံသာမက သူတို့ကိုယ်တိုင်၏ စိတ်ဝိညာဉ်များသည် ဤတားမြစ်စကြာဝဠာအတွင်းတွင် မည်သည့်အချိန်၌ ပျက်သုဉ်းသွားမည်ကိုလည်း သူတို့ မသိပေ။
စိတ်ဝိညာဉ် ကြည်လင်လာသည့် နောက်ဆုံးအခိုက်အတန့်တွင် လက်တစ်ဖက်ပြတ်လူသည်သူ၏ နောက်ဆုံးလက်ကျန် စွမ်းအားအနည်းငယ်ဖြင့် ကျန်ရှိနေသော စိတ်ဝိညာဉ်ကို သူ၏ခန္ဓာကိုယ်ထဲမှ ဆွဲထုတ်လိုက်သည်။
“ဗိုလ်ချုပ်...ကျွန်တော့်ကို… အိမ်ပြန်ခေါ်သွားပေးပါ…”
ခြင်တစ်ကောင်ပျံဝဲသကဲ့သို့ တိုးညှင်းသောအသံ ထွက်ပေါ်လာပြီးနောက် သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ ပျောက်ကွယ်လုနီးပါးဖြစ်နေသည့် ကြည်လင်သော အကြွင်းအကျန်စိတ်ဝိညာဉ်သည် မိုးကောင်းကင်ယံ၏ မြင့်မားသောနေရာသို့ ပျံတက်သွားသည်။
အကြွင်းအကျန်စိတ်ဝိညာဉ်သည် လက်တစ်ဖက်ပြတ်လူကို စွန့်ခွာသွားသည့် အချိန်အခိုက်အတန့်၌ သူ၏ တုတ်ခိုင်သန်မာသော ခန္ဓာကိုယ်သည် ကျယ်လောင်သောအသံနှင့်အတူ လဲကျသွားသည်။
ထို့နောက် သူ၏အလောင်းသည် တဖြည်းဖြည်း ပျောက်ကွယ်သွားကာ...
နောက်ဆုံးတွင် ပြာမှုန်အဖြစ်ပင် ကြွင်းကျန်ခြင်းမရှိချေ။
စစ်တပ်ဖွဲ့၏ရှေ့ရှိ လေထုအတွင်းတွင် တောင်ပံပါသားရဲတစ်ကောင်ကို စီးနင်းပြီး ပျံသန်းနေသည့် ဗိုလ်ချုပ်သည် သူ၏လက်ဝါးအတွင်းသို့ ပျံသန်းလာသော အကြွင်းအကျန်စိတ်ဝိညာဉ်ကို ကြည့်လိုက်သည်။
ထို့နောက် သူ၏နောက်သို့ တဖန် ပြန်ကြည့်လိုက်သည်။
သူ၏နောက်တွင် စစ်သားများ ပြည့်ကျပ်နေသော စစ်တပ်တစ်တပ် ရှိနေသည်။
ပန်းလျပြီး ပင်ပန်းနွမ်းနယ်နေကာ စိတ်ဆန္ဒပြင်းပြပြီး ခိုင်မာပြတ်သားသော စစ်တပ်တစ်တပ်....
ဗိုလ်ချုပ်သည် နောက်သို့လှည့်လိုက်ပြီး သူ့လက်အတွင်းရှိ အကြွင်းအကျန်စိတ်ဝိညာဉ်ကို တဖန်ပြန်ကြည့်ကာ ကြေကွဲဝမ်းနည်းစွာ သက်ပြင်းရှိုက်လိုက်သည်။
ထို့နောက် သူ၏လက်ဝါးကို ဆုပ်လိုက်၏။
“ဆက်သွားကြမယ်”
ဗိုလ်ချုပ်က အမိန့်ပေးသည်။
အချိန်မည်မျှကြာသွားမှန်း မသိရသော အချိန်၌ အလွန်အားနည်းသော အသံတစ်သံ ထပ်မံ၍ ထွက်ပေါ်လာသည်။
“ဗိုလ်ချုပ်...ကျွန်တော့်ကို အိမ်ပြန်ခေါ်သွားပေးပါ…”
ဝိညာဉ်အမျှင်တန်းတစ်တန်းသည် ဗိုလ်ချုပ်၏ လက်ဝါးအတွင်းသို့ ထပ်မံ၍ ပျံ့လွင့်လာသည်။
“ဗိုလ်ချုပ်...ကျွန်တော့်ကို… သေချာပေါက် အိမ်ပြန်ခေါ်သွားပေးရမယ်…”
“ဗိုလ်ချုပ်… ကျွန်တော့်ကို ခေါ်သွား… ”
“ဗိုလ်ချုပ်…”
တစ်မျှင်ပြီး တစ်မျှင်....
ကြည်လင်နေသော အဖြူရောင်ဝိညာဉ်များသည် ကြယ်ပျံများ သို့မဟုတ် နံနက်ခင်းအလင်းရောင်များအလား မိုးကောင်းကင်ယံတစ်လျှောက် အလင်းတန်းတစ်တန်းပြီးတစ်တန်း ပျံသန်းလာသည်။
မရေမတွက်နိုင်သော အကြွင်းအကျန်စိတ်ဝိညာဉ်များသည် ဗိုလ်ချုပ်ထံသို့ ပျံသန်းသွားနေကြသဖြင့် အဝေးမှ ကြည့်လိုက်လျှင် ကြယ်မြစ်တစ်ခုနှင့်တူနေသည်။
ဤအရာသည် ကျယ်ပြန့်ပြီး ကြေကွဲဝမ်းနည်းဖွယ်ကောင်းသည်။
ဗိုလ်ချုပ်သည် ခေါင်းငုံ့ကာ သူ၏လက်နှစ်ကို ဖြန့်လိုက်၏။ ထို့နောက် သူ၏လက်ဝါးများအတွင်းသို့ ဆက်တိုက်ပျံ့လွင့်လာသော အကြွင်းအကျန်စိတ်ဝိညာဉ်များကို ကြည့်လိုက်သည်။ သူ၏
မျက်လုံးများ နီရဲပြီး သူ တိတ်ဆိတ်ငြိမ်သက်နေသည်။
အကယ်၍ သူတို့သည် ယခင်က အိမ်ပြန်ရန် စိတ်လှုပ်ရှားခဲ့ပါက ဤအခိုက်အတန့်တွင်မူ အိမ်ပြန်ရန်မှာ စိတ်စွဲလမ်းမှုတစ်ခုသာ ဖြစ်ပေမည်။
“တိုက်ပွဲက တစ်ဖက်ကရန်သူတွေ မသေမချင်း မပြီးဆုံးဘူး”
ဗိုလ်ချုပ်က တီးတိုးရေရွတ်လိုက်သည်။
“ငါတို့ ဒီနေရာက စစ်ပွဲကို နောက်ဆုံးတော့ အနိုင်ရခဲ့ပြီ"
“ဒါက နှစ်ထောင်ပေါင်းများစွာ ကြာသွားခဲ့တယ်”
“အခု ငါ့ရဲ့စစ်သည်တွေကို ငါ သေချာပေါက် အိမ်ပြန်ခေါ်သွားရမယ်"
ဗိုလ်ချုပ်သည် ဆုံးဖြတ်ချက်ချပြီးနောက် ခေါင်းမော့ကာ သူ၏လက်သီးကိုဆုပ်ပြီး သူ့၏မျက်လုံးများ ကြည်လင်နေသည်။
“အရှိန်မြှင့်ကြစမ်း”
သူ အမိန့်ပေးလိုက်သည်နှင့် စစ်တပ်တစ်တပ်လုံး အရှိန်မြှင့်တင်လိုက်သည်။
အချိန်အတော်ကြာပြီးနောက် သန်းပေါင်းများစွာသော စစ်သည်များ၏ တစ်ဝက်မျှသာ ကျန်ရှိတော့သည်။
ကျန်တစ်ဝက်သည် စစ်မြေပြင်တွင် မသေဆုံးခဲ့ဘဲ အိမ်အပြန်လမ်းတွင် သေဆုံးခဲ့ကြသည်။
သို့ရာတွင်...
သူတို့အားလုံးသည် ကံကြမ္မာမီးနယ်မြေ ၏ အဆုံးတွင်ရှိသော မီးတောင်အတားအဆီးကို မြင်ချိန်၌ သူတို့အားလုံး၏ခန္ဓာကိုယ်များ တုန်ရီသွားသည်။
သူတို့ထံတွင် ယခင်က စိတ်လှုပ်ရှားမှုများ ရှိခဲ့သော်လည်း ယခုအချိန်တွင် သူတို့သည် တိတ်တဆိတ်စိုက်ကြည့်နေခြင်း အံ့ကြိတ်နေခြင်း သို့မဟုတ် သူတို့၏မျက်နှာကို ဖုံးအုပ်ကာ ငိုကြွေးနေခြင်းတို့ကိုသာ ပြုလုပ်နေကြသည်။
ဗိုလ်ချုပ်တစ်ယောက်တည်း၏ မျက်နှာပေါ်တွင်သာ အချိန်ကြာမြင့်စွာ ပျောက်ဆုံးနေခဲ့သော စိတ်သက်သာရာရမှု ထင်ဟပ်လာသည်။
မီးတောင်အတားအဆီးသည် ငရဲမီးနယ်မြေနှင့် ဆက်စပ်သော မြေအောက်ရေသွေးကြောတစ်ခု ဖြစ်သည်။ထိုမြေအောက်ရေသွေးကြောတွင် မီးတောက်များရှိနေသော်လည်း မြေတစ်လက်မစီတိုင်းကို မီးတောက်များ ဖုံးလွှမ်းနေခြင်း မဟုတ်ပေ။ဤနေရာတွင် မီးပွားတချို့သာ ရှိသည်။
ထိုမီးပွားများကို ရှောင်ရှားပြီး မီးတောင်အတားအဆီးကို ဖြတ်သန်းလိုက်သည်နှင့် သူတို့ ဤနေရာမှ ထွက်သွားနိုင်လေပြီ။
သို့ရာတွင် မီးတောင်အတားအဆီး၏ ဝင်ပေါက်ကို ထိုနေရာနှင့် နီးကပ်မှသာ မြင်တွေ့နိုင်သည်။
ဗိုလ်ချုပ်က သူ့၏မျက်လုံးများကို ဝေ့ဝိုက်၍ကြည့်လိုက်ပြီးနောက် သူ၏အကြည့်သည် ဓားကိုသန့်ရှင်းရေးလုပ်နေသော ဖြောင်ယွင်ချူထံသို့ ကျရောက်သွားပေ၏။
“ယွင်ချူ....”
ဖြောင်ယွင်ချူကို ရုတ်တရက် ခေါ်ခံလိုက်ရသဖြင့် အစပထမတွင် သူ ဆွံ့အသွားသည်။ထို့နောက် သူသည် ချက်ချင်းမတ်တတ်ရပ်ကာ ကျယ်လောင်စွာ တုံ့ပြန်အဖြေပေးသည်။
“ရှိပါတယ်...."
“မီးတောင်အတားအဆီး ရဲ့ အဆုံးကိုသွားပြီး ဝင်ပေါက်က ဘယ်နေရာမှာလဲဆိုတာ ရှာကြည့်စမ်း”
ဗိုလ်ချုပ်က အမိန့်ပေးသည်။
“ဟုတ်ကဲ့”
ဖြောင်ယွင်ချူသည် သူ၏ဓားကို ကောက်ကိုင်ပြီး နေရာမှ ချက်ချင်းပျောက်ကွယ်သွားသည်။
ဗိုလ်ချုပ်သည် နောက်သို့ပြန်လှည့်ကြည့်လိုက်ရာ ပင်ပန်းနွမ်းနယ်နေသော စစ်သားများကို မြင်သဖြင့် သူ၏ မျက်နှာအမူအယာ ပြေလျော့သွားသည်။
“ကျန်တဲ့လူတွေကတော့ ဒီနေရာမှာပဲ အနားယူကြတော့”
ကြီးမားသောဖိအားများအောက်တွင် အချိန်ကြာမြင့်စွာ ချီတက်ခဲ့ရပြီးနောက် စစ်တပ်တစ်တပ်လုံးသည် စွမ်းအင်နှင့်စိတ်ဓာတ်များ ကျဆင်းနေလေပြီ။ စွမ်းအင်နှင့်စိတ်ဓာတ် မကျဆင်းသေးလူများသည်လည်း တားမြစ်နယ်မြေ၏ ပြင်းထန်သောအပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်နေကြသည်။
ယခုချိန်၌ ထွက်ပေါက်သည် သူတို့၏မျက်စိရှေ့ လက်တစ်ကမ်းအကွာ၌ ရှိနေသည်ကို ရုတ်တရက် မြင်လိုက်ရသဖြင့် အနားယူရန် အမိန့်ကို ရရှိပြီးနောက် လူတိုင်းနီးပါး လဲကျသွားပေ၏။
သူတို့ ကောင်းကောင်း အနားယူရပေမည်။
သူတို့ အနားယူပြီးလျှင် ထွက်သွားနိုင်ပေမည်။
ဤနေရာမှ ထွက်သွားတော့ရမည်ကို စဉ်းစားမိသဖြင့် သူတို့သည် မီးတောင်အတားအဆီးဘက်သို့ကြည့်ကာ သူတို့၏ပင်ပန်းနွမ်းနယ်နေသော မျက်နှာများပေါ်တွင် အပြုံးများ ထင်ဟပ်လာသည်။
နောက်ဆုံးတော့ သူတို့ ပြန်ရောက်လာခဲ့လေပြီ။
ရှိရင်းစွဲနေရာတွင်နားရန် အမိန့်ကြောင့် လူအများသည် အလျှင်အမြန် ပလ္လင်ခွေထိုင်လိုက်ကြကာ တချို့လူများသည် အိပ်စက်လိုက်ကြ၏။ တချို့သည် သူတို့ကိုယ်သူတို့ စစ်ဆေးနေကာ တချို့သည် ခဏတာ အနားယူနေပြီး တချို့လူများကမူ တရေးတမော အိပ်စက်နေကြသည်။
လူအုပ်ကြီးသည် ရုတ်တရက် စိတ်အပန်းဖြေလိုက်ရသဖြင့် စိတ်လွတ်ကိုယ်လွတ်အခြေအနေသို့ လျင်မြန်စွာ ဝင်ရောက်သွားကြသည်။
ဗိုလ်ချုပ်သည်လည်း ထပ်တူထပ်မျှပင်။
သူသည် ဤရက်များအတွင်းတွင် အလွန်ပင်ပန်းခဲ့သည်။
သူ အလွန်ပင်ပန်းနွမ်းနယ်နေလေပြီ။
လူတိုင်း အနားယူနေကြကာ ...
ဤငရဲမီးနယ်မြေတွင် အလွန်ကြီးမားသော အန္တရာယ်များ ရှိနေသည်ကို သူတို့ မေ့လျော့နေကြသည်။
သူတို့သည် အချိန်အကြာကြီး ချီတက်ခဲ့ကြပြီးနောက် မည်သည့်အန္တရာယ်ကိုမျှ မမြင်ခဲ့ရသဖြင့် မေ့လျော့သွားခဲ့ကြခြင်းပင်။
ထို့ကြောင့် မြေအောက်လေထုလွှာတွင် ပုံမှန်မဟုတ်သည့် အရာတစ်ခု ဖြစ်ပေါ်လာချိန်၌ မည်သူမျှ သတိမပြုမိခဲ့ကြပေ။
မီးလောင်ကျွမ်းခြင်း....
ရောင်ခြည်တန်းများ ဖြာထွက်သွားပြီးနောက် စီးဆင်းလာသော လေစီးကြောင်း အနည်းငယ်သည် လေထုလွှာကို ညင်သာစွာ ထိမှန်သွားသည်။မီးတောက်လှိုင်းများ မြေမျက်နှာပြင်ကို ဖောက်ထွက်လာသည့် အခိုက်အတန့်တွင် အလွန်ပြင်းထန်သဖြင့် မည်သူမျှ အချိန်မီ တုံ့ပြန်နိုင်ခြင်း မရှိခဲ့ပေ။
လောကကြီးကို ဖျက်ဆီးနိုင်လောက်အောင် အစွမ်းထက်သော ပြင်းထန်သည့်မီးတောက်သည် ခွေးတို့တစ်သိုက်၏ ထိတ်လန့်နေသော အကြည့်များအောက်၌ လူများအားလုံးကို ဝါးမြိုသွားခဲ့သည်။
စစ်သည်များအားလုံး အိမ်ပြန်ရန် စောင့်ဆိုင်းနေစဥ်မှာပင်.....
ရုတ်တရက် နေရာအနှံ့အပြားတွင် ငိုကြွေးသံများ ပျံ့လွင့်သွားကာ အသူရာကြေးချွတ်သန့်စင်ဘုံနှင့် တူညီနေသည်။
ဤသည်မှာ သူတို့ ရှိနေသည့်နေရာမဟုတ်ဘဲ မတူညီသော လေဟာနယ်မှ ပုံရိပ်တစ်ခုမျှသာ ဖြစ်သည်ကို သိသော်လည်း ခွေးတို့တစ်သိုက်သည် သူတို့၏မေးရိုးများ တုန်ရီလာသည်အထိ ကြောက်လန့်နေကြ၏။
စိတ်ဝိညာဥ်ဘုရင်သည် ခွေး၏ ခြေထောက်နှစ်ဖက်ကြားတွင် ကျုံ့ကျုံ့လေးနေနေပြီး ခွေး၏ နောက်ခြေထောက်များကို တင်းတင်းကြပ်ကြပ် ဖက်တွယ်ထားကာ သူ၏ဦးရေပြားများ တင်းကြပ်နေသည်။
အောက်ရှိ မြေပြင်ပေါ်တွင်မူ ကြေကွဲဖွယ်ရာဖြစ်ရပ်များ ဆက်လက်၍ ဖြစ်ပွားနေသည်။
ငရဲမီးဖြင့် လောင်ကျွမ်းခံရသူများသည် မီးတောက်နှင့် ထိတွေ့သည်နှင့် တစ်ပြိုင်နက်တည်း ပြာမှုန့်ဖြစ်သွားကြသည်။
ငရဲမီးအတွင်းတွင် မရှိသူများသည်လည်း ရောင်စင်တန်းများဖြာထွက်သော လေစီးကြောင်းကြောင့် လောင်ကျွမ်းခံရပြီး မြေပြင်ပေါ်တွင် လူးလိမ့်ငိုကြွေးနေကြကာ သူတို့၏ ဘဝသည် သေသည်ထက် ပို၍ဆိုးရွားနေသည်။
ဖြောင်ယွင်ချူ ပြန်ရောက်လာချိန်တွင် ပထမဆုံးမြင်တွေ့မိသည်မှာ ဤမြင်ကွင်းပင်။
မယုံကြည်နိုင်မှုကြောင့် သူ၏မျက်လုံးများ ပြူးကျယ်နေပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေသည်။
ဗိုလ်ချုပ်သည်လည်း လေစီးကြောင်း၏ လောင်ကျွမ်းခြင်းကို ခံစားနေရသည်။
ငရဲမီးဖြင့် လောင်ကျွမ်းခံရသူ သို့မဟုတ် ငရဲမီး ၏ လေစီးကြောင်းဖြင့် ထိမှန်ခံရသူများအနက် မည်သူမျှ အသက်ရှင်ကျန်ရစ်မည် မဟုတ်ပေ။
ကံကောင်းထောက်မစွာဖြင့် အသက်ရှင်ကျန်ရစ်ခဲ့လျှင်ပင် ငရဲမီး၏ကျိန်စာ သင့်သွားပေမည်။
“ဗိုလ်ချုပ်...."
ဖြောင်ယွင်ချူ၏ မျက်လုံးများ နီရဲလာပြီး ကျယ်လောင်စွာ အော်ဟစ်ကာ ထိုနေရာသို့ ပြေးဝင်သွားရန် ဟန်ပြင်လိုက်သည်။
ဗိုလ်ချုပ်သည် ထိုအော်သံကို ကြားချိန်၌ သူ၏ခေါင်းကို ခက်ခက်ခဲခဲ မော့ကြည့်လိုက်သည်။ဖြောင်ယွင်ချူကို မြင်သည်နှင့် တစ်ပြိုင်နက်တည်း ဗိုလ်ချုပ်သည် သူ့အား လက်ဝါးဖြင့် ရိုက်ထုတ်လိုက်၏။
“ယွင်ချူ…”
ဗိုလ်ချုပ်က တုန်ရီနေသောအသံဖြင့် ပြောဆိုသည်။ သူသည် မီးတောင်အတားအဆီးကို ကြည့်ကာ သူ့ထံတွင် မလိုလားမှုများဖြင့် ပြည့်နှက်နေသည်။
မကြာခင် သူတို့ ပြန်နိုင်တော့မည်မှာ သိသာထင်ရှားသော်လည်း...
“ဗိုလ်ချုပ်...”
ဖြောင်ယွင်ချူ သည် သူ၏ရှေ့မှ မြင်ကွင်းကြောင့် မှင်တက်သွားပြီး မျက်ရည်များ ဝဲနေကာ အချိန်တခဏကြာသည်အထိ မည်ကဲ့သို့ လုပ်ရမည်ကို မသိတော့ပေ။
ဗိုလ်ချုပ်သည် မီးတောင်အတားအဆီးမှ သူ၏အကြည့်ကို ပြန်ရုပ်သိမ်းပြီး ဖြောင်ယွင်ချူ ကို ကြည့်လိုက်သည်။
"ယွင်ချူ....ငါတို့ ထွက်လို့မရတော့ဘူး”
သူက မောဟိုက်နေသောအသံဖြင့် ခက်ခက်ခဲခဲ ပြောဆိုသည်။
“မင်းတစ်ယောက်တည်းပဲ…”
ဗိုလ်ချုပ်သည် မျက်လုံးစုံမှိတ်ကာ သူ၏လက်ဝါးနှစ်ဖက်ကို ဖြန့်လိုက်သည်။
အချိန်တခဏအတွင်းမှာပင် သူ၏လက်ဝါးအတွင်းရှိ မရေမတွက်နိုင်သော အကြွင်းအကျန်စိတ်ဝိညာဥ်များသည် မြစ်တစ်စင်းအဖြစ် ပေါင်းစပ်ပြီး ဖြောင်ယွင်ချူ၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားသည်။
“ယွင်ချူ...”
ဗိုလ်ချုပ်က သူ၏မျက်လုံးများကို ခက်ခက်ခဲခဲအားယူပြီး ဖွင့်လိုက်သည်
“ငါတို့ကို အိမ်ပြန်ပို့ပေးပါအုံး"
“ယွင်ချူ....ငါ့ကိုလည်း အိမ်ပြန်ပို့ပေးပါအုံး…” မီးလောင်ကျွမ်းခြင်းကြားမှ အသက်ရှင်ကျန်ရစ်သေးသူများသည် သူတို့၏ အကြွင်းအကျန်စိတ်ဝိညာဉ် များကို ဆွဲထုတ်ပြီး ဖြောင်ယွင်ချူထံသို့ ပျံသန်းလာကြသည်။
စိတ်ဝိညာဥ်အမျှင်တန်း တစ်တန်းပြီးတစ်တန်း ပျံ့လွင့်လာစဥ်မှာပင်....
ရုတ်တရက် မြေအောက်တွင် လှုပ်ရှားမှုတစ်ခု ထပ်မံ၍ ဖြစ်ပွားလာသည်…
ထို့နောက် လေထုသည် ထူထပ်သိပ်သည်းလာပေ၏။
ဗိုလ်ချုပ်သည် နောက်သို့လှည့်ပြီး သူ့ကိုယ်သူ အားတင်းကာ ပလ္လင်ခွေထိုင်လိုက်သည်။
ထို့နောက် အော်ဟစ်သံတစ်သံက မိုးကောင်းကင်ယံကို ဖြတ်သန်းပြီး ထွက်ပေါ်လာသည်။
“လေဟာနယ်ကို ဆုတ်ဖြဲပြီး သူ့ကို အဝေးပို့လိုက်ကြစမ်း"
မြေအောက်တွင် သူတို့ကို အချိန်တခဏအတွင်း ၌ ဝါးမြိုသွားနိုင်သော ဘေးကပ်ဆိုးကြီးတစ်ခု ဖြစ်ပေါ်နေသည်။သူတို့အနက်မှ တစ်ဦးတစ်ယောက်မျှ အသက်ရှင်ကျန်ရစ်မည် မဟုတ်ပေ။
သူတို့ အိမ်ပြန်ရန်အတွက် အကြွင်းအကျန်စိတ်ဝိညာဉ်များကိုပင် ချန်ထားနိုင်မည် မဟုတ်ချေ။
သူတို့သည် ဤစစ်မြေပြင်တွင် ထာဝရ အနားယူရန် ကံကြမ္မာပါခဲ့သည်။
ဤအခိုက်အတန့်တွင် သူတို့သည် သူတို့၏အကြွင်းအကျန်ဝိညာဉ် များကို ပို့ဆောင်နိုင်ရန် သူတို့၏ နောက်ဆုံးလက်ကျန်စွမ်းအားများကို အသုံးပြု၍ သူတို့၏ရဲဘော်ရောင်းရင်းတစ်ယောက်ကို အဝေးသို့ စေလွှတ်ရပေမည်။
သူတို့၏သေဆုံးသွားလျှင်ပင် သူတို့၏ အကြွင်းအကျန်စိတ်ဝိညာဉ်များကို ဤနေရာမှ ထွက်ခွာသွားနိုင်ရန် လုပ်ဆောင်ရပေမည်။
တစ်ခုတည်းသော နည်းလမ်းမှာ နှစ်ထပ်တားမြစ်စကြာဝဠာ၏ လေဟာနယ်ကို ဆုတ်ဖြဲပြီး သူ့အား ပို့ဆောင်ရန်ပင်။
သို့ရာတွင် နှစ်ထပ်တားမြစ်စကြာဝဠာ၏ လေဟာနယ်ကို ဆုတ်ဖြဲပြီးနောက် ကျပန်း စကြာဝဠာလေဟာနယ်တစ်ခု ရှိနေသည်။
ဤသည်မှာ အိမ်ပြန်လမ်း ဖြစ်ကောင်းဖြစ်နိုင်သည့်အပြင်....
နှစ်ထပ်တားမြစ်စကြာဝဠာထက် ပို၍အန္တရာယ်ရှိသော စကြာဝဠာတစ်ခုလည်း ဖြစ်နေနိုင်သည်။
ဖြစ်နိုင်ချေအများဆုံးမှာ အကန့်အသတ်မရှိသော လေဟာနယ်စီးဆင်းမှုအတွင်းတွင် ဦးတည်ရာမဲ့ လမ်းပျောက်နေခြင်းပင်။
သို့ရာတွင် အနည်းဆုံးအနေဖြင့် ဖြစ်နိုင်ချေတစ်ခု ရှိနေသည်။သန်းတစ်ထောင်ပုံလျှင် တစ်ပုံသာရှိသည့် အခွင့်အရေး ဖြစ်စေကာမူ သူတို့ အိမ်ပြန်ရန် ဖြစ်နိုင်ချေ ရှိနေပေ၏။
ယခုချိန်ထိ သေဆုံးမသွားသေးဘဲ လေစီးကြောင်းများကြောင့် သေလုမျောပါး ဖြစ်နေသူများသည် သူတို့ကိုယ်သူတို့ အားတင်းကာ ထိုင်လိုက်ကြသည်။
အပူလှိုင်း၏လောင်ကျွမ်းခြင်းကို ခံနေရသော လူများသည်လည်း ထထိုင်လိုက်ကြ၏။
ယခုချိန်ထိ မသေဆုံးသေးသော်လည်း သေလုမျောပါးဖြစ်နေသော လူအမြောက်အများ ထထိုင်လိုက်ကြသည်။
သူတို့သည် လောင်ကျွမ်းခံရခြင်းကြောင့် သေလုမျောပါး ဖြစ်နေရုံသက်သက်ပင်။ လမ်းတစ်လျှောက်တွင် ပြင်းထန်သောအပူဒဏ်မှလွဲ၍ သူတို့၏စွမ်းအားများ ဆုံးရှုံးမသွားခဲ့ပေ။ သူတို့သည် အနားယူပြီးနောက် သူတို့၏ ကျင့်ကြံဆင့်စွမ်းအားမှ ခုနစ်ဆယ်ရာခိုင်နှုန်းခန့် ကျန်ရှိနေသည်။
မရေမတွက်နိုင်သော အတွေးများနှင့် စွမ်းအားများသည် မိုးကောင်းကင်ယံသို့ မြင့်တက်လာကာ တိုက်ခိုက်ရေးစွမ်းအင်အဖြစ် စုစည်းသွားသည်။ သူတို့၏ သေဆုံးသွားခြင်းမတိုင်မီ သူတို့၏ကျင့်ကြံမှုမှ စွမ်းအားများအားလုံးကို ထုတ်လွှတ်လိုက်ရာ ထောင်ပေါင်းများစွာသော စွမ်းအားလှိုင်းများသည် ဗိုလ်ချုပ်ထံသို့ စီးဝင်သွားပေ၏။
နောက်ထပ်အော်ဟစ်သံတစ်ခုနှင့်အတူ ဗိုလ်ချုပ်သည် သူ၏စွမ်းအားများအားလုံးကို အသုံးပြုကာ နှစ်ထပ်တားမြစ်စကြာဝဠာ၏ လေဟာနယ်အတွင်းတွင် သေးငယ်သော အက်ကြောင်းလေးတစ်ခုကို ဆုတ်ဖြဲလိုက်သည်။
“ယွင်ချူ....သူတို့ကို အိမ်ပြန်ပို့ပေးပါအုံး”
ဗိုလ်ချုပ်က ဖြောင်ယွင်ချူကို စူးရှပြီး ကြေကွဲဝမ်းနည်းဖွယ် မျက်လုံးအကြည့်ဖြင့် ကြည့်လိုက်သည်။
ဖြောင်ယွင်ချူ သည် ဗိုလ်ချုပ်ကိုကြည့်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်ကာ သူ၏မျက်လုံးအတွင်း၌ မျက်ရည်များဝဲနေသည်။ ထို့နောက် ဗိုလ်ချုပ်သည် သူ့ကို လက်ဝါးဖြင့် တွန်းထုတ်လိုက်သည်အား သူ မြင်တွေ့မိလေ၏။
နောက်ထပ်အချိန်အခိုက်အတန့်တွင် မြေပြင်မှ နေ၍ မီးမြွေများအလား ပြင်းထန်သောမီးတောက်များ ထွက်ပေါ်လာသည်။
လူများအားလုံး မီးပင်လယ်ကြီးအတွင်းတွင် နစ်မြုပ်ကာ ပျောက်ကွယ်သွားခဲ့သည်။
Chapter 969
မျက်တောင်တစ်ခတ်အချိန်အတွင်းမှာပင် ယခင်က လူများပြည့်ကျပ်နေသော မြေပြင်သည် ယခုအချိန်၌ ဗလာဟင်းလင်းဖြစ်သွားလေပြီ။
မီးငြိမ်းသေသွားပြီးနောက် အရာရာတိုင်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။
ကွဲအက်နေသောမြေပြင် ပူပြင်းသောလေနှင့် အသက်မဲ့နေသော တားမြစ်နယ်မြေ....
ဤမြင်ကွင်းအတွင်းတွင် လူတစ်ဦးတစ်ယောက်မျှ မကျန်ရှိသည့်အပြင်....
ပြာမှုန်များပင် မကျန်ခဲ့ချေ။
ဤသည်မှာ ယခင်က ပြည့်ကျပ်နေခဲ့သော လူများသည် တစ်ကြိမ်တစ်ခါမျှ မတည်ရှိခဲ့ဖူးသည့်အလားပင်။
အထက်မိုးကောင်းကင်ယံတွင် မတ်တတ်ရပ်နေသော ခွေးသည် လုပမ်ဝေ၏နောက်သို့ဝင်ပြီး ပုန်းအောင်းနေပေ၏။
တတ်နိုင်လျှင် သူသည် အစ်ကိုကြီး၏ အနက်ရောင်ဝတ်ရုံအတွင်းသို့ ဝင်ပြီးနေလိုသည်။
စိတ်ဝိညာဥ်ဘုရင်နှင့် ကင်းခြေများတို့သည် ခွေး၏ခန္ဓာကိုယ်ပေါ်တွင် ပုန်းအောင်းနေကြပြီး ဝက်ဝံနက်ကြီးကမူ မလှုပ်မယှက် ကွေးကွေးလေးနေနေကာ သူ၏သွားများ တဂတ်ဂတ်ရိုက်နေသည်။
ဘယ်လောက်တောင် ကြောက်ဖို့ ကောင်းလိုက်လဲ…
ဒီမီးက အရမ်းကြောက်စရာကောင်းတယ်…
ခွေးတို့တစ်သိုက်သည် ငရဲမီး လွှမ်းမိုးသွားသောမြင်ကွင်းကြောင့် ကြောက်ရွံ့မှုအတွင်းတွင် နစ်မြုပ်နေဆဲပင်။ သို့ရာတွင် လုပမ်ဝေက သူ၏လက်ဝှေ့ယမ်းလိုက်ရာ သူတို့ရှေ့မှ မြင်ကွင်းသည် လျင်မြန်စွာ ပျောက်ကွယ်သွားပေ၏။
နှစ်ထပ်တားမြစ်စကြာဝဠာအတွင်းရှိ ပြင်းထန်သော မီးတောက်များနှင့် ရေခဲစကြာဝဠာအတွင်းရှိ သွေးများ လျင်မြန်စွာ ပျောက်ကွယ်သွားသည်။
အရာရာတိုင်း နောက်ပြန်ဆုတ်သွားကာ....
အချိန်တခဏအကြာတွင် သူတို့၏ နံဘေးပတ်ဝန်းကျင်ရှိ မြင်ကွင်း ပြောင်းလဲသွားပြီး သင်္ချိုင်းနေရာသို့ ပြန်ရောက်လာကြသည်။
သူတို့၏ရှေ့တွင် သင်္ချိုင်းကျောက်စာတိုင်သည် ယခင်အတိုင်း ရှိနေဆဲပင်။
သင်္ချိုင်းကျောက်စာတိုင်၏ နံဘေးတွင်လည်း သံချေးတက်နေသောဓားသည် ယခင်အတိုင်း ရှိနေဆဲပင်။
ဤအချိန်အခိုက်အတန့်တွင် ခွေးတို့တစ်သိုက်သည် ကျောက်စာတိုင်ကို တဖန်ပြန်၍ ကြည့်လိုက်ကြ၏။
ခွေးသည် ကျောက်စာတိုင်ပေါ်ရှိ 'ဖြောင်မိသားစုဘိုးဘေး ဖြောင်မြောင်ဟုန်'ဟူသော စာလုံးတွေကို ကြည့်လိုက်သည်။
“အစ်ကိုကြီး...ဖြောင်ယွင်ချူ က ဘာလို့ ဒီနေရာကို ရောက်နေတာလဲ”
ခွေးက သူ့၏သံသယများကို ဖွင့်ဟမေးမြန်းသည်။
ထိုလူသည် လေဟာနယ်အတွင်းသို့ ရောက်ရှိသွားသည် မဟုတ်လော....
လုပမ်ဝေသည် သူ၏လက်ကိုမြှောက်ကာ သင်္ချိုင်းကျောက်စာတိုင်ပေါ်မှ ဖုန်မှုန့်တစ်စက်ကို ဖယ်ရှားပြီး တုံ့ပြန်အဖြေပေးသည်။
“နှစ်ထပ်တားမြစ်စကြာဝဠာကို ဆုတ်ဖြဲပြီးတော့ ထွက်သွားပြီးတဲ့နောက်မှာ သူက လေဟာနယ်ရဲ့လှိုင်းထန်မှုထဲကို ကျရောက်သွားပြီးတော့....ထူးဆန်းတဲ့ ကံကြမ္မာရေစက်တစ်ခုနဲ့ ဒီနေရာကို ရောက်လာခဲ့တာပဲ”
“နှစ်ပေါင်း တစ်သိန်းကြာပြီးတဲ့နောက်မှာ သူ အိမ်ကို မပြန်နိုင်သေးဘူး....”
“ဒါဆို… အဲ့ဒီ အကြွင်းအကျန်စိတ်ဝိညာဉ်တွေက ဘာဖြစ်သွားလဲ”
ခွေးက သိချင်စိတ်ပြင်းပြစွာ မေးမြန်းသည်။
ဤနေရာတွင် ထိုလူများ၏ သင်္ချိုင်းကျောက်စာတိုင်များ မရှိချေ။ ဖြောင်ယွင်ချူ၏ခန္ဓာကိုယ်အတွင်းသို့ အကြွင်းအကျန်စိတ်ဝိညာဉ် အမြောက်အမြား ဝင်ရောက်သွားသည်ကို သူ မှတ်မိနေပေ၏။
လုပမ်ဝေက ပတ်ဝန်းကျင်ရှိ ဓားသင်္ချိုင်းကို တစ်ချက်ကြည့်လိုက်သည်။
အကြည့်တစ်ချက်ဖြင့်ပင် ဤနေရာ၌ ဓားပေါင်းများစွာ ရှိနေသည်ကို မြင်တွေ့နိုင်ပေ၏။
“အဲ့ဒီနေရာမှာ ရှိတယ်”
လုပမ်ဝေသည် ခေါင်းမော့ကာ ဓားသင်္ချိုင်းဂူများကိုကြည့်ပြီး ပြောဆိုသည်။
“ဓားတစ်လက်စီမှာ အကြွင်းအကျန်စိတ်ဝိညာဉ်တစ်ကောင်စီ ကိန်းအောင်းနေတယ်"
ဖြောင်ယွင်ချူ ပထမဆုံး ဤနေရာသို့ ရောက်လာချိန်တွင် သူ၏ကျင့်ကြံဆင့် မလုံလောက်မှုကြောင့် ထောင်သောင်းချီသော အကြွင်းအကျန်စိတ်ဝိညာဉ်များကို ထိန်းသိမ်းမထားနိုင်ချေ။သို့ရာတွင် သူ၏ရဲဘော်ရဲဘက်များကို သူ မည်သည့်နည်းနှင့်မျှ မစွန့်ပစ်နိုင်ပေ။
ထို့ကြောင့် ဖြောင်မိသားစု၏သွေးမျိုးဆက်တိုင်း အမွေအနှစ်ကို လက်ဆင့်ကမ်းကာ ဓားကျင့်ကြံခဲ့ကြသည်။ ဖြောင်မိသားစု၏ တိုက်ရိုက်မျိုးဆက်တစ်ယောက် မွေးဖွားလာသောအချိန်တိုင်း ဓားယဇ်ပူဇော်ပွဲကို ပြုလုပ်ကြလေ၏။
ဤဓားယဇ်ပူဇော်ပွဲသည် လူတစ်ယောက်၏ခန္ဓာကိုယ်ကို မီးဖိုအဖြစ် ဓားကို အခွံအဖြစ် အသုံးပြုကာ ရဲဘော်ရဲဘက်များ၏ အကြွင်းအကျန်စိတ်ဝိညာဉ်များကို ဓားအတွင်းတွင် နှစ်မြှုပ်ခြင်း ဖြစ်သည်။
ဓားအတွင်းရှိ အကြွင်းအကျန်စိတ်ဝိညာဉ်၏ စွမ်းအားများ ကုန်ဆုံးပြီး ပျောက်ကွယ်မသွားစေရန် မီးဖိုကို အသုံးပြု၍ ဓားအတွင်းရှိ စိတ်ဝိညာဉ်ကို ထိန်းသိမ်းထားခြင်း ဖြစ်သည်။
သို့သော် ဖြောင်ယွင်ချူ၏ တိုက်ရိုက်မျိုးဆက်များသည် သွေးဆာသော ရှေးဟောင်းစစ်သားများ၏ အကြွင်းအကျန်စိတ်ဝိညာဉ်ကို တောင့်မခံနိုင်သောကြောင့် အသက်ရှည်ရှည် နေနိုင်ခြင်း မရှိခဲ့ပေ။
ဤဓားယဇ်ပူဇော်ပွဲကို ဖြောင်မိသားစုမှ အမြင့်မားဆုံးသော ဂုဏ်ယူစရာဟု မှတ်ယူထားသည်။သို့ရာတွင် ဤသည်မှာ သူတို့ အလေးစားဆုံး ဘိုးဘေးမှ သူတို့အတွက် ချန်ထားခဲ့သော သေလမ်းတစ်ခု ဖြစ်သည်ကို သူတို့ မသိခဲ့ကြချေ။
ဖြောင်ယွင်ချူ၏ စိတ်စွဲလမ်းမှုကြောင့် နှစ်ထပ်တားမြစ်စကြာဝဠာအတွင်းရှိတွင် ရဲဘော်ရဲဘက်များ၏ အကြွင်းအကျန်စိတ်ဝိညာဉ်များကို ချန်ထားနိုင်ခဲ့သည်။ သို့ရာတွင် တန်ကြေးအနေဖြင့် သူ
တိုက်ရိုက်မျိုးဆက်များကို ပေးဆပ်ခဲ့ရလေ၏။
ဤအကြောင်းများကို စဉ်းစားပြီးနောက် လုပမ်ဝေက ညင်သာစွာ သက်ပြင်းရှိုက်လိုက်သည်။
"ဟူး...ငါတို့ နောက်ကျသွားခဲ့ပေမယ့်...”
“အခု ငါ မင်းတို့ကို အိမ်ပြန်ခေါ်သွားမယ်”
လုပမ်ဝေက လေထုအတွင်းရှိ ဓားများထံသို့ လက်ညှိုးညွှန်ပြီး ပြောဆိုလိုက်သည်။
ရုတ်ချည်းဆိုသလိုပင် ဓားတစ်လက်ထံမှ ငိုကြွေးသံ ထွက်ပေါ်လာသည်။
ထိုဓားအတွင်းမှ အကြွင်းအကျန်စိတ်ဝိညာဉ် အမျှင်တန်းတစ်တန်း ပျံ့လွင့်လာပြီး လုပမ်ဝေကို ဝိုင်းရံလိုက်၏။
နောက်ထပ်အချိန်တခဏတွင် နောက်ထပ် ဓားတစ်လက်ကလည်း ဝမ်းနည်းစွာ ငိုကြွေးမြည်တမ်းကာ စိတ်ဝိညာဉ်အမျှင်တန်းတစ်တန်း ပျံ့လွင့်လာသည်။
ထို့နောက်မှနေမှ ဓားထောင်ပေါင်းများစွာ၏ ငိုကြွေးသံများ တလှည့်စီ ထွက်ပေါ်လာပြီး အသံများက သူ့၏နားအတွင်းတွင် အဆက်မပြတ် မြည်ဟီးနေသည်။
အကြွင်းအကျန်စိတ်ဝိညာဉ် အမျှင်တန်းများသည် တစ်တန်းပြီးတစ်တန်း လုပမ်ဝေထံသို့ ဦးတည်၍ ပျံ့လွင့်လာကြသည်။
မကြာခင်မှာပင် ဓားသင်္ချိုင်းတစ်ခုလုံး ဝမ်းနည်းဖွယ် ငိုကြွေးသံများဖြင့် ပြည့်နှက်နေသည်။
မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် လုပမ်ဝေ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် မရေမတွက်နိုင်သော အကြွင်းအကျန်စိတ်ဝိညာဉ်များ၏ ဝန်းရံခြင်းကို ခံလိုက်ရပြီး ကြီးမားသော ဝဲကတော့တစ်ခု ဖြစ်ပေါ်လာသည်။
လုပမ်ဝေက သူ့၏လက်ကို မြှောက်လိုက်ရာ ဝဲကတော့၏ အလယ်ဗဟိုမှနေ၍ အဖြူရောင်အလင်းတန်းတစ်တန်း ထွက်ပေါ်လာပြီး မိုးကောင်းကင်ယံထံသို့ တန်းတန်းမတ်မတ် ပျံ့လွင့်သွားသည်။ မိုးကောင်းကင်ယံသည် ဆုတ်ဖြဲခြင်း ခံလိုက်ရပေ၏။
“အိမ်ပြန်ကြတော့....”
သူက ညင်သာစွာ ပြောဆိုသည်။
ထိုအကြွင်းအကျန်စိတ်ဝိညာဉ်များသည် အဖြူရောင်အလင်းတန်းများအတွင်းတွင် နစ်မြုပ်သွားပြီး အဖြူရောင်အလင်းနှင့်အတူ ဆုတ်ဖြဲခံရသော မိုးကောင်းကင်အတွင်းသို့ ချက်ချင်းပင် စီးဝင်သွားသည်။
…
တစ်ချိန်တည်းမှာပင် ဖြောင်မြောင်ဟုန်သည်လည်း ဓားသင်္ချိုင်းအတွင်းတွင် ရှိနေသည်။
သူမသည် ဤနေရာ၌ သေဆုံးသွားရန် စောင့်ဆိုင်းနေခြင်းဖြစ်ကာ သူမ၏မျက်လုံးကို စုံမှိတ်ပြီး စိတ်တည်ငြိမ်အောင် ပြုလုပ်နေသည်။
ရုတ်တရက် သူမ၏ပတ်ဝန်းကျင်ရှိ ဓားများ၏ငိုကြွေးသံကို ကြားလိုက်ရသဖြင့် သူမ ၏မျက်လုံးများကို ဆတ်ခနဲ ဖွင့်လိုက်သည်။
သူမ မြင်လိုက်ရသည်မှာ သူမ၏နံဘေးပတ်ဝန်းကျင်ရှိ မြေပြင်တွင် စိုက်ထူထားသော ဓားပေါင်းများစွာ တုန်ရီလာခြင်းပင်။ငိုကြွေးသံမျာသည် တစတစပို၍ကျယ်လောင်လာသဖြင့် သူမ၏မျက်လုံးများ ပြူးကျယ်သွားသည်။
'ဘာတွေဖြစ်နေတာလဲ...'
ဖြောင်မြောင်ဟုန် စိတ်ရှုပ်ထွေးသွားသည်။
နောက်ထပ်အချိန်တခဏတွင် သူမသည် ဓားတစ်ချောင်းစီမှနေ၍ လေကဲ့သို့ အရာတစ်ခု ထွက်ပေါ်လာပြီး နေရာတစ်နေရာသို့ ဦးတည်သွားသည်ကို မြင်တွေ့လိုက်ရသည်။
ထိုအရာများသည် တစ်လှိုင်းပြီးတစ်လှိုင်း ထွက်ပေါ်လာကာ ဘိုးဘေး၏ ဓားသင်္ချိုင်းဂူဘက်သို့ ဦးတည်၍ ပျံ့လွင့်သွားကြသည်။
မကြာခင်မှာပင် ထိုလေလှိုင်းများသည် ကြီးကျယ်ခမ်းနားထည်ဝါတဲ့ မြစ်တစ်စင်းအလား ပေါင်းစည်းသွားသည်ကို မြင်မိသဖြင့် သူမ အံ့အားသင့်သွားပေ၏။
ထို့နောက် သူမသည် မတ်တတ်ထရပ်ပြီး ဘိုးဘေး၏ ဓားသင်္ချိုင်းဂူရှိရာဘက်သို့ ကြည့်လိုက်သည်။
ထိုလေလှိုင်းများသည် ဝဲကတော့တစ်ခုအဖြစ် ပေါင်းစည်းပြီး နေရာတစ်နေရာတွင် လျင်မြန်စွာ လည်ပတ်နေသည်ကို သူမ မြင်တွေ့မိလေ၏။
ဖြောင်မြောင်ဟုန်သည် ထိုဝဲကတော့အတွင်းတွင် မည်သည့်အရာ ရှိနေသည်ကိုမူ မမြင်တွေ့ရပေ။
သူမသည် မည်သည့်ကိစ္စများ ဖြစ်ပျက်နေသည်ကို သိလိုသဖြင့် ရှေ့သို့တိုးကြည့်ရန် ဟန်ပြင်လိုက်သည်။
သို့ရာတွင် နောက်ထပ်အချိန်အခိုက်အတန့်၌ အဖြူရောင်အလင်းတန်းတစ်တန်းသည် မိုးကောင်းကင်ယံကို အပေါက်တစ်ပေါက်ဖြစ်သည်အထိ ထွင်းဖောက်ကာ ပျံ့လွင့်သွားပေ၏။
ဖြောင်မြောင်ဟုန်သည် ထိတ်လန့်တုန်လှုပ်သွားကာ သူမ၏မျက်လုံးများ ပြူးကျယ်သွားသည်။
မိုးကောင်းကင်ယွရှိ ကျင်းနက်ကြီးအတွင်းသို့ အလင်းတန်းများ စီးဝင်သွားသည်ကို သူမ မြင်လိုက်ရသည်။
“ဟူး...”
ဖြောင်မြောင်ဟုန်သည် ထိတ်လန့်တုန်လှုပ်စွာဖြင့် အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်၏။
သူမ၏စိတ်အတွင်းတွင် အချိန်ခဏတာမျှ ဗလာဟင်းလင်း ဖြစ်သွားသည်။
သို့ရာတွင် သူမ အသိပြန်ဝင်လာခြင်း မရှိသေးမီမှာပင်...
ဤနေရာရှိ အရှိန်အဝါများအားလုံး ပျောက်ကွယ်သွားလေပြီ။
ထို့ပြင် ဓားသင်္ချိုင်းတစ်ခုလုံးသည်လည်း တိတ်ဆိတ်ငြိမ်သက်မှုကို ပြန်လည်ရရှိသွားသည်။
သူမ ဘိုးဘေးများ၏ သင်္ချိုင်းဂူများသည်လည်း ပုံမှန်အတိုင်း တိတ်ဆိတ်ငြိမ်သက်နေပေ၏။
ဤအပြောင်းအလဲများအားလုံးသည် ချက်ချင်း ဖြစ်ပျက်သွားခြင်းပင်။
ဤသည်မှာ အလွန်လျှင်မြန်သဖြင့် ဖြောင်မြောင်ဟုန်သည် သူမ ထင်ယောင်ထင်မှားဖြစ်နေသည်ဟု ခံစားမိလေ၏။
သူမသည် နံဘေးပတ်ဝန်းကို ဝေ့ဝိုက်၍ကြည့်လိုက်ရာ အရာရာတိုင်းသည် ယခင်အတိုင်း ရှိနေသည်ကို မြင်တွေ့မိသည်။
'ဒါက....'
'ဘယ်လိုလုပ်ပြီးတော့ မိုးကောင်းကင်က ဆုတ်ဖြဲခံရမှာလဲ...'
ဖြောင်မြောင်ဟုန်က သူမ၏မျက်နှာကို ပုတ်ပြီး "မဖြစ်နိုင်ဘူး...လုံးဝမဖြစ်နိုင်ဘူး"ဟု အော်ဟစ်လိုက်သည်။
“ငါ သေတော့မှာမလို့ ထင်ယောင်ထင်မှား ဖြစ်နေတာ ဖြစ်ရမယ်”
သူမက သက်ပြင်းတစ်ချက်ရှိုက်ပြီး ပြန်ထိုင်လိုက်၏။
“ငါ သေဆုံးသွားဖို့ကို စောင့်နေတာက အကောင်းဆုံးပဲ”
သူမ၏စိတ်အတွင်းမှ ထိုသို့ တွေးတောပြီးနောက် သူမ၏မျက်လုံးများကို စုံမှိတ်လိုက်သည်။
Chapter 970
ဤအချိန်အခိုက်အတန့်တွင် လှည့်ပတ်သွားလာနေသော ရီဖုန်းသည် နယ်မြေကြီးကိုးခုသို့ ပြန်ရောက်လာခဲ့သည်။
လေသည် သစ်ကိုင်းများကို ဖြတ်သန်းတိုက်ခတ်သွားသဖြင့် တရှဲရှဲအသံများ ထွက်ပေါ်လာသည်။ နေ့လည်ခင်း နေရောင်ခြည်သည် သစ်ရွက်များကြားမှ ထိုးဖောက်ဝင်ရောက်လာပြီး မညီညာသော မြေပြင်ပေါ်သို့ အရိပ်များ ကျရောက်လာကာ အစက်အပြောက်ထနေသော အလင်းရောင်ကို ဖန်တီးပေးသည်။
ဤကဲ့သို့ နေ့လည်ခင်းမျိုးသည် ဆိတ်ငြိမ်နေသင့်ပြီး လေတိုက်ခတ်မှုနှင့် နေရောင်ခြည်တို့ကြောင့် ပျင်းရိဖွယ်ကောင်းသော တိတ်ဆိတ်ငြိမ်သက်မှု ပေါ်လွင်နေသင့်သည်။
သို့သော်လည်း…
ဤအချိန်အခိုက်အတန့်တွင် ပတ်ဝန်းကျင်၌ ရယ်သံများဖြင့် ပြည့်နှက်နေသည်။
ချစ်စကားသံများသည် လေထုအတွင်းတွင် မျောလွင့်နေပြီး လွန်ကဲသောမြှူဆွယ်မှုနှင့် ကျီစယ်မှုများသည် လူအများအား ပျို့အန်ချင်စိတ်ကို ဖြစ်ပွားစေသည်။
ရီဖုန်းသည် ဇဝေဇဝါဖြင့် ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ပြီး ကြည့်လိုက်သည်။
သူ နယ်မြေကြီးကိုးခုမှ ဝေးကွာနေခဲ့သည်မှာ အချိန်သိပ်မကြာသေးချေ။ သူသည် မည်သည်ကြောင့် လုံးလုံးလျားလျား ဆန်းသစ်နေသော ကမ္ဘာတစ်ခုအတွင်းသို့ ရောက်ရှိသွားသကဲ့သို့ ခံစားနေရသနည်း။
ထိုအခိုက်မှာပင် လက်ချင်းချိတ်ထားသော လူနှစ်ယောက်သည် သူ့၏နံဘေးရှိ လမ်းပေါ်မှ ဖြတ်သန်းသွားလေ၏။
အမျိုးသားသည် မုန့်တစ်ဖဲ့ကို ပါးစပ်အတွင်း၌ထည့်ကာ အမျိုးသမီးကို ခွံ့ကျွေးနေသည်။
“မုန်းလိုက်တာ...လူတွေ ကြည့်နေတယ်လေ...ငါတို့တစ်မျိုးလုံး အခု အစားရှောင်နေတယ်...”
အမျိုးသမီးက ရှက်ကိုးရှက်ကန်းဖြင့် အမျိုးသားကို ရိုက်ပုတ်ပြီး ပြောဆိုသည်။
“မင်း အစာရှောင်ချင်ရင် ရှောင်လို့ရတယ်....ဒါပေမဲ့ ဒီမုန့်မှာ မင်းအပေါ်ထားတဲ့ ငါ့ရဲ့အချစ်တွေ အပြည့်ပါနေတယ်”
အမျိုးသား၏ပါးစပ်အတွင်းတွင် မုန့်များရှိနေသဖြင့် ပီပီသသမပြောနိုင်ဘဲ အပြုံးဖြင့် အမျိုးသမီး၏အနီးသို့ ထပ်မံ၍ ချဉ်းကပ်လိုက်သည်။
အမျိုးသမီးက ရှက်ရွံ့စွာဖြင့် သူမ၏ပါးစပ်ဖွင့်ဟပြီး ထိုမုန့်ကို ယူလိုက်သည်။
ရီဖုန်းသည် သူ၏လက်များကို သူ၏အင်္ကျီလက်များအတွင်းသို့ ထည့်ကာ ဘေးချင်းကပ်လျှောက်သွားသော လူနှစ်ယောက်ကို အနီးကပ်ကြည့်ပြီး တံတွေးမြိုချလိုက်သည်။
ထို့နောက် သူသည် တိတ်တဆိတ် မျက်လုံးလှန်ကြည့်ပြီး အကြည့်လွှဲလိုက်၏။
သူ လှည့်ကြည့်လိုက်သည်နှင့် တောင်ဝှေးများကိုင်ထားသော ဆံဖြူလူအိုကြီးနှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် လိုက်ဖမ်းနေသည်ကို မြင်တွေ့လိုက်ရသည်။
သူတို့သည် တစ်ယောက်ကိုတစ်ယောက် လိုက်ဖမ်းနေရုံသာမက လွန်ကဲစွာ ကလူကျီစယ်နေကြသည်။
ရီဖုန်းက အလျင်အမြန် လမ်းဖယ်ပေးလိုက်သည်။
သူတို့ကို ကြည့်ရသည်မှာ လဲကျသွားတော့မည့်အလားပင်။
ငါ့ကို လာမထိကြနဲ့…
ရီဖုန်းသည် သူတို့၏အသံများကို ကြားပြီးနောက် သူ့ဦးရေပြားထုံကျင်လာကာ ကြက်သီးမွေးညှင်းများ ထလာသည်။
မလှမ်းမကမ်းတွင် ချစ်သူစုံတွဲများစွာသည် ချစ်ခင်မြတ်နိုးစွာ ပူးကပ်နေကြ၏။ အိမ်များ၏အပေါ်ထပ်များတွင် သူတို့သည် ချစ်စိတ်ပြင်းစွာ နေထိုင်ကြပြီး အောက်ထပ်များတွင် တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ထားကြကာ လမ်းမများပေါ်တွင်မူ လွန်ကဲစွာကလူကျီစယ်နေကြသည်။
ရီဖုန်း ထိတ်လန့်တုန်လှုပ်သွားပြီး ဤနေရာမှ ထွက်ခွာသွားရန်အတွက် ခြေလှမ်းသွက်သွက် လှမ်းလိုက်၏။
နယ်မြေကြီးကိုးခုသည် မည်သည်ကြောင့် ဆောင်ကြာမြိုင်တစ်ခုနှင့် တူညီနေသနည်း.....
သို့ရာတွင် ဤကိစ္စများကို ဂရုစိုက်နေရန် သူ့ထံတွင် အချိန်မရှိတော့ချေ။ သူ သေဆုံးနိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ ဒဏ္ဍာရီလာ သူတော်စင်ပိုင်ဟွမ်ကို အမြန်ဆုံး ရှာဖွေရန်ပင်။
သို့ရာတွင် သူ လူအများကို မေးမြန်းစုံစမ်းခဲ့သည့်တိုင် ပိုင်ဟွမ်ရှိနေသောနေရာ၏ သတင်းအစအနကို မရရှိခဲ့ပေ။
သူမသည် သူတော်စင်တစ်ယောက် ဖြစ်ကာ ဤကဲ့သို့ အခြေအနေမျိုးတွင် သူမအပေါ် အခွင့်အရေးယူလိုသူ အမြောက်အများရှိသည်။ ထို့ကြောင့် မည်သည့်နည်းဖြင့် သူမရှိနေသောနေရာကို လွယ်လင့်တကူ ပေါ်လွင်သွားစေမည်နည်း။
သူသည် ပုံမှန်နည်းလမ်းများဖြင့် လူရှာ၍မရတော့မည့်ပုံပင်။
တစ်ခုတည်းသော နည်းလမ်းမှာ အထူးသီးသန့်နည်းလမ်းကို အသုံးပြုရန်ပင်။
ကျင့်ဝတ်သိက္ခာမရှိသော နည်းလမ်းတစ်ခု....
ဥပမာအားဖြင့် ပိုင်မိသားစု၏ ဘိုးဘေးသင်္ချိုင်းကို ရှာပြီး တူးဖော်ရမည်လော....
သို့မဟုတ် ဖြောင်မြောင်ဟုန်ကို ပြန်ပေးဆွဲခဲ့သကဲ့သို့ ပိုင်ဟွမ်၏ မိသားစုဝင်တစ်ယောက်ကို ရှာပြီး ပြန်ပေးဆွဲရမည်လော....
ထိုသို့ဖြစ်လာပါက သူသည် ပိုင်ဟွမ် ကို သွားရှာရန် မလိုအပ်ဘဲ ပိုင်ဟွမ်သည် သူ့အား လာသတ်ပေလိမ့်မည်။
ဤသည်မှာ အနည်းငယ် ဆိုးရွားသော်လည်း သူ အင်မော်တယ်ဘဝသို့ ရောက်ရှိသွားသောအချိန်၌ သူတို့ကို ပြန်လျော်ပေးနိုင်ပေမည်။
ရီဖုန်းသည် သူ့၏ဥာဏ်ကောင်းမှုအတွက် သူ့ကိုယ်သူ တိတ်တိတ်လေး လက်မထောင်ပြလိုက်သည်။
…
ဤအချိန်အခိုက်အတန့်တွင် ဖြောင်မြောင်ဟုန်သည်.....
သူမ၏ ယခင်ကံကြမ္မာဟောကိန်းအရ သူမသည် သုံးရက်အတွင်း သေဆုံးသွားပေမည်။
အသက်ရှင်ရန် သုံးရက်သာ ကျန်တော့ကာ ဓားများမြှုပ်နှံထားသော ဤနေရာတွင် သေဆုံးရမည်ကို စောင့်ဆိုင်းနေရခြင်းသည် မည်သည့် ပုံမှန်လူကိုမဆို သူ၏စိတ်နှလုံးသားအတွင်းတွင် အဆုံးမဲ့ကြောက်ရွံ့မှုကို ခံစားရဖွယ်ရှိသည်။
သို့သော် ဖြောင်မြောင်ဟုန်သည် ငယ်စဉ်ကတည်းက မိသားစုဝင်များစွာ ဤနေရာမှ ထွက်ခွာသွားသည်ကို မြင်တွေ့ခဲ့ရသဖြင့် သူမထံ၌ စိတ်ခံစားချက်ကင်းမဲ့နေသည်မှာ ကြာမြင့်နေလေပြီ။
သူမ ဆန္ဒမရှိ မလိုလားသော်လည်း ဤသည်မှာ ဖြောင်မိသားစုဝင်တစ်ယောက်ဖြစ်သော သူမ၏ကံကြမ္မာပင်။
ယခုချိန်တွင်....
သူမသည် ဤကိစ္စကို မတွန်းလှန်နိုင်သဖြင့် တည်ငြိမ်စွာနေထိုင်ရပေမည်။
အချိန်များ ကုန်လွန်သွားကာ....
မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် သူမသေဆုံးရမည်ဟု ခန့်မှန်းထားသော နေ့ရက်သို့ ရောက်ရှိလာသည်။
ဖြောင်မြောင်ဟုန်သည် နံဘေးပတ်ဝန်းကျင်တွင် ရှိနေသော ဖြောင်မိသားစုဘိုးဘေးများ၏ အရိုးစုများကို ကြည့်လိုက်သည်။
နောက်ဆုံး၌ သူမအတွက် အချိန်ကျလာလေပြီ။
သို့ရာတွင် သူမ၏ကံကြမ္မာသည် ကျိန်စာကြောင့် ယနေ့အထိသာ အသက်ရှင်သန်နိုင်မည်လို့ ခန့်မှန်းထားသော်လည်း အချိန်အတိအကျကိုတော့ မသိခဲ့ရချေ။
နောက်ထပ်အချိန်တခဏတွင်လည်း ဖြစ်ကောင်းဖြစ်နိုင်သည်။
ကျိန်စာ၏ စွမ်းအား ပေါက်ကွဲထွက်လာချိန်တွင် ဓားသင်္ချိုင်းနေရာ၌ သူမ၏အရိုးစုတစ်ခု ထပ်တိုးလာပေမည်။
မျက်တောင်တစ်ခတ်စာအတွင်း၌ အချိန်နှစ်နာရီ ကုန်ဆုံးသွားသည်။
ဖြောင်မြောင်ဟုန်သည် စောင့်ဆိုင်းနေလေ၏။
မျက်တောင်တစ်ခတ်အတွင်း၌ နောက်ထပ် အချိန်နှစ်နာရီ ကုန်ဆုံးသွားသည်။
ကျိန်စာ၏စွမ်းအားသည် မပေါက်ကွဲသေးချေ။
သူမ စောင့်ဆိုင်းနေစဉ်မှာပင် အချိန်နှစ်နာရီ ထပ်မံ၍ ကုန်ဆုံးသွားသည်။
နောက်ဆုံး၌....
နေ့တစ်နေ့၏ နောက်ဆုံးနာရီအထိ သူမ စောင့်ဆိုင်းနေခဲ့သည်။